Pay Attention To Me [Myanmar...

By chi__285

1M 182K 12.8K

Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter sta... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71 (part 1)
Chapter - 71(part 2)
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter- 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter- 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter- 100
Chapter - 101
Chapter - 102
About manhua
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
E xtra 1 : Graduation trip (1)
Extra 1 :Graduation trip (2)

Chapter - 59

7.2K 1.5K 95
By chi__285

ကျန့်ယောင်က သူ့ကိုစိုက်ကြည့်နေတယ်၊ မျက်ဝန်းတွေထဲက လိုအင်ဆန္ဒတွေဟာတော့ အတိုင်းသားထင်ရှားလို့။ 

အချိန်ခနလောက်ထိ ရင်းချဲယ်အတွေးတွေ ဗလာဖြစ်သွားရသည်။

အဲ့နောက်က ချက်ချင်းပါလာတာက စူးစူးရှရှနာကျင်မှုဝေဒနာ။

ခေါင်းတစ်ခုလုံးကို လျှပ်စစ်ဖောက်စက်နဲ့အဖောက်ခံရသလို၊ အစိတ်အပိုင်းတွေကို သံတုတ်နဲ့ ထုရိုက်ခံရသလိုမျိုးအထိကို။

ကျန့်ယောင်က ရှေ့ဆက်တိုးမလာတော့တာတောင်မှ သူ့မှာတော့ သေတော့မလိုနာကျင်ခံစားရသည်။

“ဘာဖြစ်တာလဲ? မျက်နှာတွေ အရမ်းဖြူဖျော့သွားတယ်...”
ကျန့်ယောင်က ခြေထောက်ကိုပြန်ရုတ်ပြီး သူ့မျက်နှာကို ထိဖို့လက်လှမ်းလာတယ်။

ရင်းချဲယ် သူ့လက်ကိုပုတ်ထုတ်လိုက်သည်။
“မထိနဲ့”

သူတုံ့ပြန်တာလွန်လွန်းသလိုဖြစ်နေမှန်း သူသိတယ်၊ ဒါပေမယ့် သူကိုယ်တိုင်ကိုက သူ့ကိုယ်သူ မထိန်းချုပ်နိုင်လိုက်ပေ။ တုန်ရီလာပြီး နံရံတစ်လျှောက်လျှောကျသွားသည်။ ကြမ်းပြင်ပေါ်မှာ ကွေးကွေးလေးထိုင်နေမိပြီး မျက်နှာမှာချွေးစေးတွေ စီးကျလာသလို အမြင်အာရုံတွေကလည်း ရှုပ်ထွေးဝေဝါးလာသည်။ ကျန့်ယောင်ရဲ့ကိုယ်က ကိုယ်ခွဲတွေအများကြီးဖြစ်လာတယ်၊ မှုန်ဝါးလွန်းနေတာမို့ ဘယ်ဟာအစစ် ဘယ်ဟာမှားမြင်တာမှန်း သူမခွဲခြားနိုင်တော့။

ကျန့်ယောင်က သူ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ချသည်။
“အဆင်ပြေရဲ့လား? မင်းဒီလောက်ထိဖြစ်သွားလိမ့်မယ်မှန်းထင်မထားလို့...ငါတောင်းပန်ပါတယ်၊ နောက်နောင် ဒီလိုမျိုးထပ်မလုပ်တော့ဘူးနော်”

ဒီလိုမျိုးထပ်မလုပ်တော့ဘူးတဲ့လား? ကျန်တဲ့ဘဝတစ်လျှောက်လုံး လက်ကိုင်ရုံ ပွေ့ဖက်ရုံလေးထက် ဘာမှထပ်မကျော်တော့ဘူးလား?

ကျန့်ယောင်ဟာ အရမ်းသနားစရာကောင်းကြောင်း ရင်းချဲယ် ရုတ်တရက်သတိပြုမိသွားသည်။

သူလည်း အရွယ်ရောက်နေပြီ၊ ထူးချွန်ထက်မြက်တဲ့ alphaတစ်ယောက်၊ ကြည်နူးပျော်ရွှင်ဖွယ်ချစ်ရေးချစ်ရာခရီးလမ်းလေးကို လျှောက်လှမ်းနိုင်တဲ့လူတစ်ယောက်ဖြစ်ပါလျက်နဲ့၊ အခုတော့ ရွေးခြယ်စရာမရှိပဲ သတိကြီးကြီး စိုးရိမ်ကြီးကြီးနဲ့ မထိရက်မတို့ရက် သူနဲ့တွဲနေရတယ်။ နည်းနည်းလေးထိတာတောင် မရချင်တဲ့သူနဲ့မှလေ၊ ကျန့်ယောင်ခမျာ သူ့ကိုယ်သူ အရမ်းချိုးနှိမ်နေရရှာတယ်။

ဒီလိုချစ်ခြင်းမျိုးက, သူ့အတွက်တော့, အသက်ရှင်ဖို့ နေ့ရက်တိုင်းကို ထိုက်တန်စေပေမယ့် ကျန့်ယောင်အတွက်ကျရော တကယ် ထိုက်တန်ပါ့မလား?

ရင်းချဲယ် ထိုအတွေးတွေနဲ့ နာကျင်မှုတွေတဖြည်းဖြည်းပျောက်သွားတဲ့အထိ ငါးမိနစ်လောက် ခေါင်းကိုလက်မောင်းတွေထဲငုံ့ထားလိုက်တယ်။

ခေါင်းပြန်မော့လိုက်တော့ သူ့ကိုယ်သူအမှားလုပ်ထားသလိုတွေးနေတဲ့ ကျန့်ယောင်ရဲ့ စိုးရိမ်ပူပန်နေတဲ့ အကြည့်တွေနဲ့ဆုံတယ်။

“...နောက်တစ်ဆင့်အတွက် ခြေလှမ်းက နည်းနည်း ကြီးလွန်းသွားတယ်”
လေသံကို သက်သောင့်သက်သာအနေအထားဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစား၍ :
“လက်ကိုင်တာနဲ့ဖက်တာပြီးရင် အဲ့တာလာတာဟုတ်လို့လား? မင်းတစ်ဆင့်ကျော်သွားတယ်မလား?”

ကျန့်ယောင်က စိတ်သက်သာရာရသွားသလို သက်ပြင်းချပြီးကာမှ သူ့ကိုပြုံးလျက်ကြည့်သည်။
“ဒါမယ့် ငါတို့ကနမ်းပြီးသားလေ”

“ဘယ်တုန်းကလဲ?”

“မေ့နေတာလား? အရင်တစ်ခေါက်တုန်းက မင်းငါ့လက်ကိုခိုးနမ်းသွားတယ်လေ”

“...မနမ်းပါဘူးဆို”
ဝန်ခံမယ့်အစား ရင်းချဲယ် သေသာသေလိုက်မည်။
“အဲ့ဒါ မင်းဘာမင်းထင်ယောင်ထင်မှားဖြစ်တာ”

“ကောင်းပြီလေ ထင်ယောင်ထင်မှားဖြစ်တယ်ပဲထားပါတော့၊ မင်းပြောသလိုပဲပေါ့”
ကျန့်ယောင်က သူ့ကိုဆွဲထူပြီး ဖက်ထားသည်။
“လေ့ကျင့်ခန်းလုပ်ပြီးခါစဆိုတော့ ငါ့ pheromoneတွေက မတည်မငြိမ်ဖြစ်နေတုန်းမို့ အရမ်းလောသွားမိတယ်၊ မင်းလန့်သွားမှာပဲ၊ ငါတောင်းပန်ပါတယ်”

“ငါသိတယ်၊ တစ်ခါတောင်းပန်ရင်ရပြီလေ”

ဒီလိုအရွယ် ယောက်ျားလေးတစ်ယောက်အနေနဲ့ ရမ္မက်တွေနဲ့ပြည့်နှက်နေတာမျိုးက နားလည်ပေးနိုင်လောက်ပါတယ်။ သူသာ သာမန် omegaတစ်ယောက်ဆိုရင် သူကိုယ်တိုင်ကလည်း နစ်မျောပျော်၀င်မိပြီး ဒီ့ထက်ပိုပြီးထိတွေ့ပေးဖို့ ကျန့်ယောင်ဆီက တောင့်တမိမှာပဲ။

သို့ပေမယ့် အခုတော့ အမြဲငြင်းဆန်ပြီး အထူးတဆန်းတွေချည်း တုံ့ပြန်တယ်။

ဒီလိုတုံ့ပြန်မှုမျိုးကို ဘယ်သူကများကြိုက်မှာလဲ။
“ဖြည်းဖြည်းချင်းသွားကြရအောင်၊ ငါ ကျင့်သားမရသေးဘူး”

“ဒါဖြင့် နမ်းလို့ရမလား?”
ကျန့်ယောင်က အသံတိုးတိုးနှင့်မေးသည်။

မြင်ကွင်းကို ရင်းချဲယ် ခနလောက် ပုံဖော်ကြည့်တော့ ရင်တောင်နည်းနည်းခုန်လာတယ်။
“မရသေးဘူး”

“တခြားနေရာဆိုရင်ရော?ဥပမာ လက်လိုမျိုး?”

“လက်နမ်းတာဘာများကောင်းမှာမို့လို့လဲ....”

“ငါနမ်းချင်တယ်”
ကျန့်ယောင်က သူ့ကိုပဲ တည့်တည့်စိုက်နေပြီး မျက်ဝန်းတွေက အသားစားသားရဲတွေရဲ့ မျက်၀န်းတွေလိုပဲ။

“...သဘောပဲ”

သူပြောပြီးတယ်ဆိုရင်ပဲ ကျန့်ယောင်က ချက်ချင်း သူ့လက်ကိုဆွဲယူပြီး လက်ဖမိုးကိုတစ်ချက်နမ်းတယ်။ နောက်မှ ပြုံးတုံ့တုံ့နှင့် :
“ခု ကျေသွားပြီ”
 
အသေချာကို ဝံပုလွေတစ်ကောင်ပဲ၊ ဒါမယ့် တစ်ခါတစ်ခါကျရင်တော့ ခပ်တုံးတုံး ရိုးတိုးအတ ဟက်စကီးတစ်ကောင်နဲ့ တူနေပြန်ရော

အဆုံးတွင်တော့ ထိုညနေမှာ သူတို့စကားမပြောဖြစ်လိုက်ကြပါ။

ကျန့်ယောင်က သူ့ကိုယ်သူစိတ်မထိန်းနိုင်မှာစိုးတာနဲ့ပဲ သူ့ကိုအတင်းပြန်လွှတ်ပြီး စေတနာနဲ့လည်း သတိပေးလိုက်ပါသေးတယ်။
“မင်းကောင်လေးအခန်းထဲကို ညလယ်ကြီး‌ ရောက်ရောက်မလာနဲ့၊ အရွယ်ရောက်ပြီးသားalphaတိုင်းက ဝံပုလွေတွေ၊ ဝံပုလွေမှ နုနယ်ပျိုမြစ်တဲ့ မင်းလိုယုန်ပေါက်လေးတွေရဲ့အသားကို အကြိုက်ဆုံးသော ဝံပုလွေဆိုးကြီးတွေ”တဲ့။

အကျိုးဆက်ကတော့ ထိုည ရင်းချဲယ်လေး အိပ်မက်ဆိုးမက်တော့တာပါပဲ။ အိပ်မက်ထဲမှာ သူ့ကိုဖမ်းခေါ်သွားကြပြီး မီးကင်မယ့်သစ်သားတိုင်မှာ အချည်ခံထားရတယ်၊ ကျန့်ယောင်ကတော့ သူ့ကို ကင်ဖို့ ဇီယာစေ့အမှုန့်တွေနဲ့ ဖြူးနေသည်တဲ့လေ။

မနက်ခင်းအိပ်ယာနိုးပြီးမျက်နှာသစ်ချိန်မှ ရုတ်တရက် လည်ပင်းကအမာရွတ်ကိုမြင်တော့ အိပ်မက်ဆိုးက တကယ်ဖြစ်သွားတာလား တွေးမိတယ်။ တော်သေးပါတယ် သိပ်မကြာလိုက်ပဲ အိပ်မက်ဆိုးက အတော်ကြာပြီဆိုတာ ပြန်သတိရသွားတယ်။

သောကြာနေ့ နေ့လည်စာစားပြီးချိန်မှာ ဘတ်စကတ်ဘောဖိုင်နယ်ပွဲစဥ်စတယ်။

ပြိုင်ပွဲကြည့်ဖို့အတွက် ဒုတိယနှစ်အခန်းတိုင်းက လူတွေအကုန် ကွင်းထဲကိုရောက်လာကြတယ်။

ကျောင်းနတ်ဘုရားနှစ်ယောက်ရဲ့ ဒုတိယအကြိမ် အကြိတ်အနယ်ပွဲစဥ်၊ ကျောင်းနတ်ဘုရားနဲ့ ကျောင်းလူဆိုးကြားက ခိုင်မာတဲ့ အသင်းအဖွဲ့စိတ်ဓာတ်၊ ကျောင်းလူဆိုးကောကောနဲ့ ကျောင်းနတ်ဘုရားတိတိကြားက ညီအကိုနှောင်ကြိုးဆက်နွယ်မှုတွေ။ ဒီလို လျှမ်းလျှမ်းတောက် plotlineတွေဟာ ကျောင်းရာဇဝင်မှာတောင် ပါသွားဦးမယ်။

Class 1နဲ့ Class 3ကျောင်းသားတွေကတော့ ဘတ်စကတ်ဘောကွင်းတစ်ဖက်တစ်ချက်မှာ ရှေ့ဆုံးကမျက်နှာချင်းဆိုင်လို့ နေရာယူပြီးကြပြီ။ အပြန်အလှန်စိုက်ကြည့်နေကြပြီး နှာခေါင်းတွေလည်းတရှုံ့ရှုံ့။

ဟန်မုန့်ကတော့ စိတ်ပျက်လက်ပျက်ထွက်လာပြီး အင်္ကျီကိုလက်သန်းဖျားချည်ကိုင်ပြကာ :
“ဒီအင်္ကျီက မနှစ်ကဝတ်ပြီးကတည်းက လျှော်ရောလျှော်ရဲ့လား? ချွေးစော်နံလိုက်တာ”

ကောကျစ်ရှုန်းကတော့ ဝတ်တောင်ပြီးနေပြီ။ စိတ်အားထက်သန်မှုတွေနဲ့ တောက်လောင်နေပြီး ပြောတယ်။
“အဲ့ဒါဘုန်းတံခိုးရဲ့ အမှတ်သင်္ကေတပဲ!”

“စိတ်ကြီးဝင်ရောဂါကတော့ ဆေးမမှီတော့ဘူးပဲ”
ဟန်မုန့် အင်္ကျီကိုရေမွှေးဖျန်းလိုက်ပြီး မဝတ်ချင့်ဝတ်ချင်နဲ့ဝတ်လိုက်တယ်။

ရင်းချဲယ်ကလည်း ထိုအင်္ကျီကိုမဝတ်ချင်ပေ၊ သို့ပေသည့် ပြိုင်ပွဲစည်းကမ်းမို့ မဝတ်မဖြစ်ဝတ်လိုက်ရသည်။

အဝတ်လဲပြီးနောက် ကောကျစ်ရှုန်းက သူတို့လေးယောက်ကိုခေါ်ပြီးလူစုသည်။
“ငါတို့အရင်ဆုံး ပလန်ဆွဲရအောင်၊ ချဲယ်ကောနဲ့ ယောင်ကော၊ ငါအရည်အချင်းကို နည်းနည်းလေးထုတ်ပြခွင့်လေးတော့ ပေးမယ်မလား? ဟိုးမှာ ငါ့ကောင်‌မလေးကြည့်နေမှာမလို့”

ကျိုးဟောက်လျန် : “ငါလည်း နည်းနည်းထုတ်ပြပါရစေ၊ ပြိုင်ပွဲပြီးသွားတဲ့အခါ ကောင်မလေးတစ်ယောက်လောက်ရအောင်လို့”

ဟန်မုန့် : “မင်းတို့နှစ်ယောက်က ထုတ်ပြစရာအရည်အချင်းရောရှိသေးလို့လား?”

ကောကျစ်ရှုန်းနဲ့ ကျိုးဟောက်လျန်နှစ်ယောက်လုံးတစ်ပြိုင်တည်း ‌အော်လာသည်။
“....ဒါတော့လွန်သွားပြီ!”

“ငါက ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပါတယ်”
ရင်းချဲယ်က တည်ငြိမ်စွာပြန်ဖြေတယ်။

“ငါလည်း ဘယ်လိုဖြစ်ဖြစ်ရတယ်”
ကျန့်ယောင်က ချက်ချင်းနောက်ကလိုက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် အဆုံးကျ ‌အောင်ပွဲက ငါတို့အတွက်ပဲလေ”

ပြိုင်ပွဲက စတင်တော့မည်ဖြစ်သည်။

ဒိုင်လူကြီးအဖြစ်ဆောင်ရွက်သည့် ကာယဆရာက ဝီစီမှုတ်ကာ နှစ်ဖက်အသင်းကကစားသမားတွေကိုမှာကြားသည်။
“အချင်းချင်းခင်မင်မှုက ပထမ၊ ယှဉ်ပြိုင်မှုက ဒုတိယပဲနော် နားလည်လား?”

“နားလည်ပါတယ်!”

“ဟုတ်ကဲ့ပါ!”

ဘောလုံးက လေထက်မြောက်သွားပြီး ဝီစီမှုတ်လိုက်သည်နှင့် ပရိသတ်ဟာလည်း အားတက်သရောဆူလောင်လာကြသည်။

တစ်ပြိုင်တည်းမှာ ကျန့်‌ယောင်နဲ့ ရင်းဇယ်က ခပ်မြင့်မြင့်လှမ်းခုန်တယ်၊ သို့ပေမယ့် ကျန့်ယောင်က လက်သွက်သွားတာမို့ ဘောလုံးကိုရသွားပြီး မြေပြင်ပေါ်ပြန်ကျတယ်။ နောက် မြန်မြန်ပဲ လက်ထဲကဘောလုံးနဲ့ ပိုက်ဆီ အရှိန်အပြည့်နဲ့ ပြေးသွားတယ်၊ မြန်လွန်းတာမို့ သူ့အသင်းသားတွေပင် လိုက်မမှီဖြစ်ရတယ်။

ကောကျစ်ရှုန်းနဲ့ ကျိုးဟောက်လျန်ကတော့ အော်ရှာတယ်။
“ငါတို့ သဘောတူထားတဲ့ပလန်လေးကရော?!”

ကျန့်ယောင် ခုံလိုက်ပြီး three-pointerအတိုင်း ဘောလုံးကိုပစ်သွင်းလိုက်တယ်။ ဘောလုံးလေးက လှလှပပလေး လေထဲမှာဝေ့ဝဲသွားပြီး ပိုက်ထဲကိုဝင်တော့မယ့်အချိန်မှာပဲ--

*Bang!*
စောစောလေးကတင် ပိုက်ရဲ့အောက်ကို ပြေးဝင်လာတဲ့ ရင်းဇယ်က ခုန်ပြီး ဘောလုံးကိုပြန်ပုတ်ထုတ်သည်။ သွက်သွက်လက်လက် တိတိကျကျ တစ်ချက်တည်းနဲ့ပဲ။ ဝင့်ကြွားစွာ ရွပ်ရွပ်ချွံချွံအရှိန်အဝါတွေနဲ့ အကြည့်တွေဟာတော့ အထင်သေးမှုတွေအပြည့်။

ဘေးက Class 3ကျောင်းသားတွေကတော့ အဆုတ်တွေကွဲထွက်မတတ်ကို အော်တော့တာပေ့ါ။

ရင်းဇယ်က ချက်ချင်းဆိုသလို မြေပေါ်ပြန်ကျလာပြီး ခြေထောက်နဲ့မြေကြီးထိတယ်ဆိုရင်ပဲ ဘောလုံးကိုယူဖို့လုပ်တယ်။ သို့ပေမယ့် မထိရသေးခင်မှာပဲ ဘောလုံးဟာ မျက်စိရှေ့ကပျောက်သွားပြီ။

အဲ့နောက် ချက်ချင်းဆိုသလို *Bang!*ဆိုပြီးနောက်တစ်ချက်ထွက်လာတယ်။ ဘောလုံးလေးက ပိုက်ထဲကနေထွက်ကျလာကာ အကြိမ်အနည်းငယ်ခုန်ပြီး သူ့ခြေရင်းဆီလိမ့်လာပြီးရပ်သွားသည်။

“ဆောရီး”
သူ့ဘေးက ဖြတ်လျှောက်ရင်းပြောသွားသည့် ရင်းချဲယ်။

ကွင်းဘေးက ရမှတ်မှတ်သည့်ကျောင်းသားတွေက scoreboardကိုလှန်လိုက်သည် ; 2:0  

ဒီတစ်ကြိမ်တော့ အဆုတ်ပွင့်ထွက်မတတ်အော်သည်မှာ Class 1 အလှည့်။

“f*ck စလာကတည်းက ကြမ်းလှချည်လားဟ?”

“အရမ်းမိုက်တယ် အရမ်းမိုက်တယ်လို့! ဒီသုံးယောက်က ထင်ထားတဲ့အတိုင်းပဲ!”

“ငါတို့အတန်းမှာ ယောင်ကောနဲ့ ချဲယ်ကောရှိတယ်! ပွဲသိမ်းပြီပဲ!”

ထိုအော်သံတွေကြားတော့ ရင်းချဲယ် ညီဖြစ်သူဆီလှည့်ကြည့်မိသည်။ ရင်းဇယ်က စိတ်ဆိုးနေပုံတော့မပေါ်၊ ဒါပေမယ့် မျက်ဝန်းတွေထဲက အမူရာကတော့ နည်းနည်းရှုပ်ထွေးနေဟန်။

စိတ်တော့မဆိုးလိုက်ပါနဲ့
ရင်းဇယ်စိတ်ဆိုးသွားမှာ သူသိပ်ကြောက်ပါသည်။

ဒီပြိုင်ပွဲအတွက်က အားလုံး အချိန်တွေရော အင်အားတွေရော အရမ်းမြှုပ်နှံထားကြတာ၊ ကောကျစ်ရှုန်းဆိုလည်း အားတိုင်း အားကစားကွင်းကိုပတ်ပြေးပြီးလေ့ကျင့်နေကြ။ ကျောင်းက စာသင်ခန်းထဲ ‌ဘောလုံးယူခွင့်မပေးတာတောင်မှ သူတို့လေ့ကျင့်လို့ရအောင် လောင်ဝူနဲ့ကျန်းကျောင့်ကျူးမိသွားမှာကိုမှ မကြောက် ခိုးယူလာပြီး စာသင်ခန်းနောက်ဆုံးက ဗီရိုထဲမှာဝှက်ထားသေးတာ။

ဟန်မုန့်ရောပဲ၊ ဟိတ်နဲ့ဟန်နဲ့ ကိုယ်ခံအားနည်းတဲ့ alphaလေ။ သူမကြိုက်တဲ့အရာဖြစ်နေတာတောင် တစ်ကြိမ်လေးမှ မပျက်မကွက်ပဲ လေ့ကျင့်ချိန်ကိုမှန်အောင်လာသေးတာ။ အစက ပွဲစဥ်လေးထဲဝင်တောင်မဆော့နိုင်တဲ့သူက ခုတော့ ပွဲစဥ်တစ်လျှောက်လုံးကစားပေးဖို့အထိ ခွန်အားတွေရှိလာပြီ။ သူဘယ်လောက်ချွေးတွေသွေးတွေထည့်ထားရလဲ ဘယ်သူကသိမှာလဲ။

ပြီးတော့ ကျိုးဟောက်လျန်နဲ့ ကျန့်ယောင်...
အကုန်လုံးက အကောင်းဆုံးကြိုးစာထားကြတာ။ အဲ့တော့ သူ့အနေနဲ့ ဘယ်အကြောင်းကြောင့် ရှုံးအောင်လုပ်ရက်မှာလဲ?

ပွဲစဥ်ပထမတစ်ဝက်မှာတော့ ရမှတ်ဟာ ငါးမှတ်အကွာနဲ့ အရမ်းကိုကပ်နေတယ်။ 

“မင်းတိတိက အရင်တစ်ခေါက်ထက်တော့ ပိုသန်လာတာပဲ’’
ကျန့်ယောင် အင်္ကျီကော်လံကိုဟရင်း လေဝင်အောင်ယပ်ခတ်နေတယ်။
”သူ့ကြီးထွားနှုန်းက ဘာလဲ၊ မွန်းစတားလား”

ကျိုးဟောက်လျန်ကတော့ နံရံကိုထောက်ထားရင်း မောနေတဲ့ကြားကပြောတယ်။
“ယောင်ကော....မင်းကမှ မွန်းစတား သိရဲ့လား? မင်းရဲ့အမြန်နှုန်းက ငါနည်းနည်းမှကို လိုက်မမှီနိုင်ဘူး....”

ကောကျစ်ရှုန်းကတော့ နှလုံးသားတွေ ကွဲကြေနေဟန်နဲ့ :
“ဒီနေ့တော့ alphaတစ်ဦးနဲ့ တစ်ဦးကြားက ကွာဟချက်ကို ငါနားလည်သွားပါပြီ၊ ငါက ဘတ်စကတ်ဘောကစားဖို့တောင်မထိုက်တန်တော့ဘူး...”

“ဒုတိယပိုင်းက ပေါင်းဆော့ကြရအောင်”
ရင်းချဲယ်က ကျန့်ယောင်ရင်ဘတ်ကိုထိုးကာ သတိပေးသည်။
“မင်းတစ်ယောက်တည်းချည်း မောင်ပိုင်စီးမနေနဲ့...”

ကျိုးဟောက်လျန်က အဆောတလျင်လက်ရမ်းပြကာ :
“နိုး နိုး နိုး မလုပ်ပါနဲ့ ဘောလုံးကိုငါ့ဆီမပေးနဲ့၊ ချဲယ်ကောညီက အရမ်းကြမ်းနေတာ၊ငါ သူနဲ့ရင်မဆိုင်ချင်ဘူး”

“သူ့ကိုထားလိုက်ပါ၊ သူဘောလုံးလုသွားရင် မင်းအတွက် ငါပြန်လုပေးမယ်”
ရင်းချဲယ်က ဒီအတိုင်းပြောလိုက်သည်။
“မင်းပဲ ကောင်မလေးလိုချင်တယ်ဆို?”

ချက်ချင်းဆိုသလို ကျိုးဟောက်လျန်မှာ မျက်ရည်လည်ရွဲဖြစ်သွားရသည်။
“ချဲယ်ကော!ချဲယ်ကောက ကျွန်တော့်ရဲ့နတ်ဘုရားပါ! ဒီနေ့ပြီးလို့ ကောင်မလေးရသွားရင် နောက်ကျ ချဲယ်ကောကို ကျွန်တော့်ကလေးရဲ့ ခေါင်းကိုင်ဖခင်ကြီးအဖြစ်သတ်မှတ်ပါ့မယ်!”

“....”

“ဘယ်သူကများ မင်းအိမ်ရဲ့ခေါင်းကိုင်ဖခင်ဖြစ်ချင်မှာလဲ?”
ကျန့်ယောင်က သူ့ထိုင်ခုံဖော်လေးကို ဆွဲခေါ်ကာ :
“ငါတို့ချဲယ်ချဲယ်က နောက်ဆိုသူ့ကလေးနဲ့သူဘတ်စကတ်ဘောတစ်သင်းစာ ကလေးတွေရှိတော့မှာ၊ ဟုတ်တယ်မလား?”

ရင်းချဲယ်သူ့ကို ဓားထက်ထက်လိုအကြည့်မျိူးကြည့်ပေးလိုက်သည်၊ ကျန့်ယောင်ကတော့ အရယ်ကိုမရပ်တော့။

သူထင်လို့ပဲလားမသိပေမယ့် ခုနောက်ပိုင်း ကျန့်ယောင်ပုံစံကပြောင်းလာတယ်။ အရင်ကဆို ကလေးမွေးတဲ့အကြောင်း‌ပြောရင် ရဲတက်သွားပြီး သူ့ကိုတည့်တည့်ကြည့်ဖို့ကို ရှက်နေတတ်တာ။ ခုများတော့ ဒီအကြောင်းကို သူကိုယ်တိုင်ပဲအရင်ပြောတတ်ပြီး မနေ့ညကဆိုလည်း ကြည့်လိုက်တော့။

ချစ်ရေးချစ်ရာအမှုကိစ္စမှာ အဲ့လိုမျိုးအဆင့်တွေထိ ပါတတ်စမြဲဆိုပေမယ့်လည်း သူတို့အတွက်ကတော့ မြန်လွန်းနေတယ်။

ဒါ့အပြင် အခုလက်ရှိ သူ့ရဲ့ကုသမှုရလဒ်တွေနဲ့ဆို တစ်သက်လုံးတောင် အဲ့ဒီအဆင့်သွားနိုင်ပါ့မလားမသိ။

“ပေါက်တက်ကရတွေမပြောနဲ့၊ ပြိုင်ပွဲကိုပဲ အာရုံစိုက်”

...

နားချိန်ပြီးသွားသည့်နောက် ဒုတိယပိုင်းစကာ ညနေပိုင်းအတန်းပြန်မစခင်ကို ပြိုင်ပွဲကပြီးရမည်ဖြစ်သည်။

ကျန့်ယောင်ကတော့ နာခံရှယတယ်၊ သူ့စကားအတိုင်း အသင်းနဲ့ပူးပေါင်းကစားပြီး သူ့ရဲ့ခွန်အားကို နည်းနည်းထိန်းချုပ်ထားတယ်၊ ဒီလိုနဲ့ပဲ Team 1ကအရေးမသာဖြစ်ရတော့တယ်။

Team 3မှာက ရင်းဇယ်ကို ဖယ်ထားဦးတော့ ကျန်ကစားသမားတွေရဲ့ စွမ်းရည်ကလည်း မခေလှ၊ သူတို့ရဲ့အသင်းလိုက်ဆောင်ရွက်နိုင်စွမ်းကလည်း သူတို့ထက်ကောင်းတယ်။ အမှတ်က သရေဖြစ်သွားပြီးနောက် မကြာခင်မှာ သူတို့ထက်ပင် နှစ်မှတ်သာသွားသေးသည်။

“ငါမွန်းနေပြီ၊ ဆယ်မိနစ်ပဲကျန်တော့တယ်၊ ပြန်ကျော်နိုင်ပါတော့မလား?”
ကျန်းခဲ့ အသက်ပြင်းပြင်းရှူလိုက်ချိန် ရုတ်တရက် အနံ့တစ်ခုခုရသွားဟန်နဲ့ :
“ဟမ်? ငါ့အထင်... pheromoneနံ့တွေလားလို့?”

ချန်ရင်းရင်းကတော့ omegaမို့သူ့ထက်ပိုပြီး ခံစားလွယ်သည်။
“ငါလည်း ခုလေးတင် အနံ့ရတယ်၊ ဒီalphaကောင်တွေကတော့ ဘတ်စကတ်ဘောကစားရာကနေ နေရာတစ်ခုလုံး pheromoneတွေ ထုတ်နေတော့တာပဲ”

“အဲ့လိုက အဆင်ပြေပါ့မလား? တောင့်မခံနိုင်တဲ့ omega တွေရှိနေရင်ရော...”

“ငါလည်းနည်းနည်းတော့ စိုးရိမ်သား၊ ဒါမယ့် မိနစ်ပိုင်းလောက်ပဲကျန်တော့တာဆိုတော့ အဆင်ပြေသွားလောက်မှာပါ”

လေထဲက pheromoneထုထည်မှာ ပိုပိုသိပ်သည်းလာတယ်။ ထိုအရာကို ကွင်းဘေးက ကျောင်းသားအတော်များများ ခံစားမိကြသည်၊ အထူးသဖြင့် omegaတွေ။ pheromoneအပေါ် တုံ့ပြန်မှုတွေမှာလည်း တအားပြင်းထန်လာသည်၊ တချို့ဆို မျက်နှာတွေ ရဲရဲတောက်လို့။ သို့ပေသည့် ပြိုင်ပွဲကြည့်နေတဲ့တခြားသူအတော်များများကလည်း စိတ်လှုပ်ရှားမှုကြောင့် ရဲတက်နေကြတာမို့ မူမမှန်မှုကိုသတိပြုမိဖို့ရာက ခဲယဥ်းပြန်တယ်။  

“pheromoneတွေအများကြီး ဘယ်သူ့ဆီကများ ထွက်နေတာလဲ...”
ချန်ရင်းရင်း ကိုယ်ကလည်း အနည်းငယ် ရှက်ရဲရဲနေတယ်။ မျက်မှောင်ကြုတ်ပြီး ကွင်းထဲက alphaတိုင်းကိုလိုက်ကြည့်ကြည့်တယ်။
“ရင်းဇယ်ကစားတာ ငါခနတိုင်းကြည့်ဖူးပါတယ် သူက pheromone ကို တော်တော်လေးထိန်းချုပ်နိုင်တာပါ၊ တာ့ရှုန်းနဲ့ လောင်ဟန့်‌ pheromoneတွေကလည်း ဒီလောက်မပြင်းနိုင်ဘူး၊ အဲ့ဒါ...မဖြစ်နိုင်လောက်ဘူးမလား....”

alphaတစ်ယောက်ရဲ့ pheromoneကအားပြင်းလေ လွတ်မထွက်အောင် ထိန်းချုပ်ရလွယ်ကူလေဆိုတဲ့ အကြောင်းရင်းတစ်ရပ်တည်ရှိတယ်၊ မဟုတ်ရင် လောကကြီးက ဗရမ်းဗတာတွေဖြစ်ကုန်တော့မပေါ့။ အလွန်ဆုံးမှ လေ့ကျင့်ခန်းလုပ်မိတဲ့အခါမျိုးမှာ နည်းနည်းလွတ်ထွက်သွားရင် အနီးနားကပ်မှခံစားမိမှာဖြစ်တယ်။ ဘေးကကြည့်တဲ့ပရိသတ်တောင် ဒီအတိုင်းတာထိခံစားနေမိမှတော့ ထုတ်လွှတ်တဲ့လူကိုယ်တိုင်ကမသိဘူးဆိုတာ မဖြစ်နိုင်ရာ။

ကွင်းအတွင်းမှာတော့ ရင်းချဲယ်က ဘောလုံးကိုလုကာ ကောကျစ်ရှုံးထံပစ်ပေးသည်။ သူလှည့်လိုက်ချိန် ရင်းဇယ်နဲ့ဝင်တိုက်မိမလိုတောင် ဖြစ်သွားသည်။

“ကောအကောင်ကို pheromone တွေထိန်းချုပ်ခိုင်းလိုက်!”
ရင်းဇယ်က ဒေါသတကြီးပြောတယ်။
“မင်းမှာရောဂါရှိတာသိရက်နဲ့ သူက ဒီအတိုင်းတာထိထုတ်လွှတ်ပြီး ဘယ်သူ့ကိုများပြချင်နေမှန်းမသိ!”

ရင်းချဲယ်ကတော့ နားမလည်နိုင်တဲ့ အမူအရာနဲ့ :
“ဘာကြီး?”

“ဖာ့ခ် မင်းခံစားလို့မရဘူး‌ဆိုတာမေ့သွားတယ်”
ရင်းဇယ်က ခနလောက်ငြိမ်သွားပြီး :
“ထားတော့ ငါ့ဟာငါပဲသွားပြောလိုက်မယ်”

ရင်းချဲယ်က‌တော့ ကျန့်ယောင်ဆီ ပြေးသွားတဲ့သူ့ကို ကြောင်လို့ပဲကြည့်နေတယ်။ ကျန့်ယောင်ကလက်ထဲမှာဘောလုံးရှိနေတော့ တစ်ဖက်အသင်းဆီက သုံးဘက်သုံးလန်အဝိုင်းခံနေရတယ်။ ဝိုင်းတဲ့လူတွေဆီကလွတ်အောင် ရှောင်မယောင်နဲ့ ကွင်းဘေးနားဆီကိုပြေးသွားတယ်။

ကွင်းဘေးကနေ ရုတ်တရက် “အား!’’ဆိုသည့် အော်သံတွေထွက်လာတယ်၊ စိတ်လှုပ်ရှားတာမျိုးကြောင့်မဟုတ်ပဲ ထိတ်လန့်သည့်အနေအထားမျိုး။

မိန်းကလေးတစ်ယောက် မူးလဲသွားသည်။

ထိုအချိန် ကျန့်ယောင်ကဖြတ်သွားတာမို့ ထိုမိန်းကလေးကို ပွေ့ဖမ်းလိုက်သည်။ ကောင်မလေးကမဟန်နိုင်တော့ ကျန့်ယောင် ရင်ခွင်ထဲခွေကျသည်။ သူမမျက်ဝန်းတွေကို အားယူဖွင့်ကြည့်ပြီး နှစ်ယောက်သားရဲ့မျက်ဝန်းတွေဆုံသွားချိန် နှစ်ယောက်လုံးမျက်နှာတွေ ရဲတက်သွားကြသည်။

ရင်းနှီးသယောင်ရှိနေတဲ့ ဒီမြင်ကွင်း။

လေထုထဲက pheromoneတွေဟာ ဒီရေလိုပဲ ချက်ချင်းပြန်ရုတ်ကျသွားသည်။ ချန်ရင်းရင်းက သက်သာရာရသွားသလိုသက်ပြင်းချလိုက်ပြီး :
“နောက်ဆုံးတော့ သိပြီးပြန်သိမ်းသွားပြီပဲ...မူးလဲတာဘယ်သူလဲ?”

ကျန်းခဲ့ မျက်လုံးတွေကတော့ စူးရှတာမို့ ကျန့်ယောင်ရင်ခွင်ထဲကလူကို လှမ်းမြင်လိုက်ရတယ်။
“ဖာ့ခ်! ဇာတ်ရှိန်ကတော့ မြင့်လာပြီဟေ့!”

“ဟမ်?”

“ကျန့်ယောင်ပွေ့လိုက်တာ ဘယ်သူလဲမသိဘူးလား!”

“ဘယ်သူလဲ?”

ကျန်းခဲ့က စိတ်လှုပ်တရှားပြောတယ်။
“ရင်းဇယ်ရဲ့ exပိုင်ယွိဝေဟ!”

_______

[Zawgyi]

က်န႔္ေယာင္က သူ႔ကိုစိုက္ၾကည့္ေနတယ္၊ မ်က္ဝန္းေတြထဲက လိုအင္ဆႏၵေတြဟာေတာ့ အတိုင္းသားထင္ရွားလို႔။

အခ်ိန္ခနေလာက္ထိ ရင္းခ်ဲယ္အေတြးေတြ ဗလာျဖစ္သြားရသည္။

အဲ့ေနာက္က ခ်က္ခ်င္းပါလာတာက စူးစူးရွရွနာက်င္မွုေဝဒနာ။

ေခါင္းတစ္ခုလုံးကို လၽွပ္စစ္ေဖာက္စက္နဲ႔အေဖာက္ခံရသလို၊ အစိတ္အပိုင္းေတြကို သံတုတ္နဲ႔ ထုရိုက္ခံရသလိုမ်ိဳးအထိကို။

က်န႔္ေယာင္က ေရွ႕ဆက္တိုးမလာေတာ့တာေတာင္မွ သူ႔မွာေတာ့ ေသေတာ့မလိုနာက်င္ခံစားရသည္။

“ဘာျဖစ္တာလဲ? မ်က္ႏွာေတြ အရမ္းျဖဴေဖ်ာ့သြားတယ္...”
က်န႔္ေယာင္က ေျခေထာက္ကိုျပန္႐ုတ္ၿပီး သူ႔မ်က္ႏွာကို ထိဖို႔လက္လွမ္းလာတယ္။

ရင္းခ်ဲယ္ သူ႔လက္ကိုပုတ္ထုတ္လိုက္သည္။
“မထိနဲ႔”

သူတုံ႔ျပန္တာလြန္လြန္းသလိုျဖစ္ေနမွန္း သူသိတယ္၊ ဒါေပမယ့္ သူကိုယ္တိုင္ကိုက သူ႔ကိုယ္သူ မထိန္းခ်ဳပ္နိုင္လိုက္ေပ။ တုန္ရီလာၿပီး နံရံတစ္ေလၽွာက္ေလၽွာက်သြားသည္။ ၾကမ္းျပင္ေပၚမွာ ေကြးေကြးေလးထိုင္ေနမိၿပီး မ်က္ႏွာမွာေခၽြးေစးေတြ စီးက်လာသလို အျမင္အာ႐ုံေတြကလည္း ရွုပ္ေထြးေဝဝါးလာသည္။ က်န႔္ေယာင္ရဲ့ကိုယ္က ကိုယ္ခြဲေတြအမ်ားႀကီးျဖစ္လာတယ္၊ မွုန္ဝါးလြန္းေနတာမို႔ ဘယ္ဟာအစစ္ ဘယ္ဟာမွားျမင္တာမွန္း သူမခြဲျခားနိုင္ေတာ့။

က်န႔္ေယာင္က သူ႔ေရွ႕မွာ ဒူးတစ္ဖက္ေထာက္ထိုင္ခ်သည္။
“အဆင္ေျပရဲ့လား? မင္းဒီေလာက္ထိျဖစ္သြားလိမ့္မယ္မွန္းထင္မထားလို႔...ငါေတာင္းပန္ပါတယ္၊ ေနာက္ေနာင္ ဒီလိုမ်ိဳးထပ္မလုပ္ေတာ့ဘူးေနာ္”

ဒီလိုမ်ိဳးထပ္မလုပ္ေတာ့ဘူးတဲ့လား? က်န္တဲ့ဘဝတစ္ေလၽွာက္လုံး လက္ကိုင္႐ုံ ေပြ႕ဖက္႐ုံေလးထက္ ဘာမွထပ္မေက်ာ္ေတာ့ဘူးလား?

က်န႔္ေယာင္ဟာ အရမ္းသနားစရာေကာင္းေၾကာင္း ရင္းခ်ဲယ္ ႐ုတ္တရက္သတိျပဳမိသြားသည္။

သူလည္း အရြယ္ေရာက္ေနၿပီ၊ ထူးခၽြန္ထက္ျမက္တဲ့ alphaတစ္ေယာက္၊ ၾကည္ႏူးေပ်ာ္ရႊင္ဖြယ္ခ်စ္ေရးခ်စ္ရာခရီးလမ္းေလးကို ေလၽွာက္လွမ္းနိုင္တဲ့လူတစ္ေယာက္ျဖစ္ပါလ်က္နဲ႔၊ အခုေတာ့ ေရြးျခယ္စရာမရွိပဲ သတိႀကီးႀကီး စိုးရိမ္ႀကီးႀကီးနဲ႔ မထိရက္မတို႔ရက္ သူနဲ႔တြဲေနရတယ္။ နည္းနည္းေလးထိတာေတာင္ မရခ်င္တဲ့သူနဲ႔မွေလ၊ က်န႔္ေယာင္ခမ်ာ သူ႔ကိုယ္သူ အရမ္းခ်ိဳးႏွိမ္ေနရရွာတယ္။

ဒီလိုခ်စ္ျခင္းမ်ိဳးက, သူ႔အတြက္ေတာ့, အသက္ရွင္ဖို႔ ေန႔ရက္တိုင္းကို ထိုက္တန္ေစေပမယ့္ က်န႔္ေယာင္အတြက္က်ေရာ တကယ္ ထိုက္တန္ပါ့မလား?

ရင္းခ်ဲယ္ ထိုအေတြးေတြနဲ႔ နာက်င္မွုေတြတျဖည္းျဖည္းေပ်ာက္သြားတဲ့အထိ ငါးမိနစ္ေလာက္ ေခါင္းကိုလက္ေမာင္းေတြထဲငုံ႔ထားလိုက္တယ္။

ေခါင္းျပန္ေမာ့လိုက္ေတာ့ သူ႔ကိုယ္သူအမွားလုပ္ထားသလိုေတြးေနတဲ့ က်န႔္ေယာင္ရဲ့ စိုးရိမ္ပူပန္ေနတဲ့ အၾကည့္ေတြနဲ႔ဆုံတယ္။

“...ေနာက္တစ္ဆင့္အတြက္ ေျခလွမ္းက နည္းနည္း ႀကီးလြန္းသြားတယ္”
ေလသံကို သက္ေသာင့္သက္သာအေနအထားျဖစ္ေအာင္ အတတ္နိုင္ဆုံးႀကိဳးစား၍ :
“လက္ကိုင္တာနဲ႔ဖက္တာၿပီးရင္ အဲ့တာလာတာဟုတ္လို႔လား? မင္းတစ္ဆင့္ေက်ာ္သြားတယ္မလား?”

က်န႔္ေယာင္က စိတ္သက္သာရာရသြားသလို သက္ျပင္းခ်ၿပီးကာမွ သူ႔ကိုျပဳံးလ်က္ၾကည့္သည္။
“ဒါမယ့္ ငါတို႔ကနမ္းၿပီးသားေလ”

“ဘယ္တုန္းကလဲ?”

“ေမ့ေနတာလား? အရင္တစ္ေခါက္တုန္းက မင္းငါ့လက္ကိုခိုးနမ္းသြားတယ္ေလ”

“...မနမ္းပါဘူးဆို”
ဝန္ခံမယ့္အစား ရင္းခ်ဲယ္ ေသသာေသလိုက္မည္။
“အဲ့ဒါ မင္းဘာမင္းထင္ေယာင္ထင္မွားျဖစ္တာ”

“ေကာင္းၿပီေလ ထင္ေယာင္ထင္မွားျဖစ္တယ္ပဲထားပါေတာ့၊ မင္းေျပာသလိုပဲေပါ့”
က်န႔္ေယာင္က သူ႔ကိုဆြဲထူၿပီး ဖက္ထားသည္။
“ေလ့က်င့္ခန္းလုပ္ၿပီးခါစဆိုေတာ့ ငါ့ pheromoneေတြက မတည္မၿငိမ္ျဖစ္ေနတုန္းမို႔ အရမ္းေလာသြားမိတယ္၊ မင္းလန႔္သြားမွာပဲ၊ ငါေတာင္းပန္ပါတယ္”

“ငါသိတယ္၊ တစ္ခါေတာင္းပန္ရင္ရၿပီေလ”

ဒီလိုအရြယ္ ေယာက္်ားေလးတစ္ေယာက္အေနနဲ႔ ရမၼက္ေတြနဲ႔ျပည့္ႏွက္ေနတာမ်ိဳးက နားလည္ေပးနိုင္ေလာက္ပါတယ္။ သူသာ သာမန္ omegaတစ္ေယာက္ဆိုရင္ သူကိုယ္တိုင္ကလည္း နစ္ေမ်ာေပ်ာ္၀င္မိၿပီး ဒီ့ထက္ပိုၿပီးထိေတြ႕ေပးဖို႔ က်န႔္ေယာင္ဆီက ေတာင့္တမိမွာပဲ။

သို႔ေပမယ့္ အခုေတာ့ အျမဲျငင္းဆန္ၿပီး အထူးတဆန္းေတြခ်ည္း တုံ႔ျပန္တယ္။

ဒီလိုတုံ႔ျပန္မွုမ်ိဳးကို ဘယ္သူကမ်ားႀကိဳက္မွာလဲ။
“ျဖည္းျဖည္းခ်င္းသြားၾကရေအာင္၊ ငါ က်င့္သားမရေသးဘူး”

“ဒါျဖင့္ နမ္းလို႔ရမလား?”
က်န႔္ေယာင္က အသံတိုးတိုးႏွင့္ေမးသည္။

ျမင္ကြင္းကို ရင္းခ်ဲယ္ ခနေလာက္ ပုံေဖာ္ၾကည့္ေတာ့ ရင္ေတာင္နည္းနည္းခုန္လာတယ္။
“မရေသးဘူး”

“တျခားေနရာဆိုရင္ေရာ?ဥပမာ လက္လိုမ်ိဳး?”

“လက္နမ္းတာဘာမ်ားေကာင္းမွာမို႔လို႔လဲ....”

“ငါနမ္းခ်င္တယ္”
က်န႔္ေယာင္က သူ႔ကိုပဲ တည့္တည့္စိုက္ေနၿပီး မ်က္ဝန္းေတြက အသားစားသားရဲေတြရဲ့ မ်က္၀န္းေတြလိုပဲ။

“...သေဘာပဲ”

သူေျပာၿပီးတယ္ဆိုရင္ပဲ က်န႔္ေယာင္က ခ်က္ခ်င္း သူ႔လက္ကိုဆြဲယူၿပီး လက္ဖမိုးကိုတစ္ခ်က္နမ္းတယ္။ ေနာက္မွ ျပဳံးတုံ႔တုံ႔ႏွင့္ :
“ခု ေက်သြားၿပီ”
 
အေသခ်ာကို ဝံပုေလြတစ္ေကာင္ပဲ၊ ဒါမယ့္ တစ္ခါတစ္ခါက်ရင္ေတာ့ ခပ္တုံးတုံး ရိုးတိုးအတ ဟက္စကီးတစ္ေကာင္နဲ႔ တူေနျပန္ေရာ

အဆုံးတြင္ေတာ့ ထိုညေနမွာ သူတို႔စကားမေျပာျဖစ္လိုက္ၾကပါ။

က်န႔္ေယာင္က သူ႔ကိုယ္သူစိတ္မထိန္းနိုင္မွာစိုးတာနဲ႔ပဲ သူ႔ကိုအတင္းျပန္လႊတ္ၿပီး ေစတနာနဲ႔လည္း သတိေပးလိုက္ပါေသးတယ္။
“မင္းေကာင္ေလးအခန္းထဲကို ညလယ္ႀကီး‌ ေရာက္ေရာက္မလာနဲ႔၊ အရြယ္ေရာက္ၿပီးသားalphaတိုင္းက ဝံပုေလြေတြ၊ ဝံပုေလြမွ ႏုနယ္ပ်ိဳျမစ္တဲ့ မင္းလိုယုန္ေပါက္ေလးေတြရဲ့အသားကို အႀကိဳက္ဆုံးေသာ ဝံပုေလြဆိုးႀကီးေတြ”တဲ့။

အက်ိဳးဆက္ကေတာ့ ထိုည ရင္းခ်ဲယ္ေလး အိပ္မက္ဆိုးမက္ေတာ့တာပါပဲ။ အိပ္မက္ထဲမွာ သူ႔ကိုဖမ္းေခၚသြားၾကၿပီး မီးကင္မယ့္သစ္သားတိုင္မွာ အခ်ည္ခံထားရတယ္၊ က်န႔္ေယာင္ကေတာ့ သူ႔ကို ကင္ဖို႔ ဇီယာေစ့အမွုန္႔ေတြနဲ႔ ျဖဴးေနသည္တဲ့ေလ။

မနက္ခင္းအိပ္ယာနိုးၿပီးမ်က္ႏွာသစ္ခ်ိန္မွ ႐ုတ္တရက္ လည္ပင္းကအမာရြတ္ကိုျမင္ေတာ့ အိပ္မက္ဆိုးက တကယ္ျဖစ္သြားတာလား ေတြးမိတယ္။ ေတာ္ေသးပါတယ္ သိပ္မၾကာလိုက္ပဲ အိပ္မက္ဆိုးက အေတာ္ၾကာၿပီဆိုတာ ျပန္သတိရသြားတယ္။

ေသာၾကာေန႔ ေန႔လည္စာစားၿပီးခ်ိန္မွာ ဘတ္စကတ္ေဘာဖိုင္နယ္ပြဲစဥ္စတယ္။

ၿပိဳင္ပြဲၾကည့္ဖို႔အတြက္ ဒုတိယႏွစ္အခန္းတိုင္းက လူေတြအကုန္ ကြင္းထဲကိုေရာက္လာၾကတယ္။

ေက်ာင္းနတ္ဘုရားႏွစ္ေယာက္ရဲ့ ဒုတိယအႀကိမ္ အႀကိတ္အနယ္ပြဲစဥ္၊ ေက်ာင္းနတ္ဘုရားနဲ႔ ေက်ာင္းလူဆိုးၾကားက ခိုင္မာတဲ့ အသင္းအဖြဲ႕စိတ္ဓာတ္၊ ေက်ာင္းလူဆိုးေကာေကာနဲ႔ ေက်ာင္းနတ္ဘုရားတိတိၾကားက ညီအကိုေႏွာင္ႀကိဳးဆက္ႏြယ္မွုေတြ။ ဒီလို လၽွမ္းလၽွမ္းေတာက္ plotlineေတြဟာ ေက်ာင္းရာဇဝင္မွာေတာင္ ပါသြားဦးမယ္။

Class 1နဲ႔ Class 3ေက်ာင္းသားေတြကေတာ့ ဘတ္စကတ္ေဘာကြင္းတစ္ဖက္တစ္ခ်က္မွာ ေရွ႕ဆုံးကမ်က္ႏွာခ်င္းဆိုင္လို႔ ေနရာယူၿပီးၾကၿပီ။ အျပန္အလွန္စိုက္ၾကည့္ေနၾကၿပီး ႏွာေခါင္းေတြလည္းတရွုံ႔ရွုံ႔။

ဟန္မုန႔္ကေတာ့ စိတ္ပ်က္လက္ပ်က္ထြက္လာၿပီး အကၤ်ီကိုလက္သန္းဖ်ားခ်ည္ကိုင္ျပကာ :
“ဒီအကၤ်ီက မႏွစ္ကဝတ္ၿပီးကတည္းက ေလၽွာ္ေရာေလၽွာ္ရဲ့လား? ေခၽြးေစာ္နံလိုက္တာ”

ေကာက်စ္ရွုန္းကေတာ့ ဝတ္ေတာင္ၿပီးေနၿပီ။ စိတ္အားထက္သန္မွုေတြနဲ႔ ေတာက္ေလာင္ေနၿပီး ေျပာတယ္။
“အဲ့ဒါဘုန္းတံခိုးရဲ့ အမွတ္သေကၤတပဲ!”

“စိတ္ႀကီးဝင္ေရာဂါကေတာ့ ေဆးမမွီေတာ့ဘူးပဲ”
ဟန္မုန႔္ အကၤ်ီကိုေရေမႊးဖ်န္းလိုက္ၿပီး မဝတ္ခ်င့္ဝတ္ခ်င္နဲ႔ဝတ္လိုက္တယ္။

ရင္းခ်ဲယ္ကလည္း ထိုအကၤ်ီကိုမဝတ္ခ်င္ေပ၊ သို႔ေပသည့္ ၿပိဳင္ပြဲစည္းကမ္းမို႔ မဝတ္မျဖစ္ဝတ္လိုက္ရသည္။

အဝတ္လဲၿပီးေနာက္ ေကာက်စ္ရွုန္းက သူတို႔ေလးေယာက္ကိုေခၚၿပီးလူစုသည္။
“ငါတို႔အရင္ဆုံး ပလန္ဆြဲရေအာင္၊ ခ်ဲယ္ေကာနဲ႔ ေယာင္ေကာ၊ ငါအရည္အခ်င္းကို နည္းနည္းေလးထုတ္ျပခြင့္ေလးေတာ့ ေပးမယ္မလား? ဟိုးမွာ ငါ့ေကာင္‌မေလးၾကည့္ေနမွာမလို႔”

က်ိဳးေဟာက္လ်န္ : “ငါလည္း နည္းနည္းထုတ္ျပပါရေစ၊ ၿပိဳင္ပြဲၿပီးသြားတဲ့အခါ ေကာင္မေလးတစ္ေယာက္ေလာက္ရေအာင္လို႔”

ဟန္မုန႔္ : “မင္းတို႔ႏွစ္ေယာက္က ထုတ္ျပစရာအရည္အခ်င္းေရာရွိေသးလို႔လား?”

ေကာက်စ္ရွုန္းနဲ႔ က်ိဳးေဟာက္လ်န္ႏွစ္ေယာက္လုံးတစ္ၿပိဳင္တည္း ‌ေအာ္လာသည္။
“....ဒါေတာ့လြန္သြားၿပီ!”

“ငါက ဘယ္လိုျဖစ္ျဖစ္အဆင္ေျပပါတယ္”
ရင္းခ်ဲယ္က တည္ၿငိမ္စြာျပန္ေျဖတယ္။

“ငါလည္း ဘယ္လိုျဖစ္ျဖစ္ရတယ္”
က်န႔္ေယာင္က ခ်က္ခ်င္းေနာက္ကလိုက္ေျပာသည္။
“ဘာပဲျဖစ္ျဖစ္ အဆုံးက် ‌ေအာင္ပြဲက ငါတို႔အတြက္ပဲေလ”

ၿပိဳင္ပြဲက စတင္ေတာ့မည္ျဖစ္သည္။

ဒိုင္လူႀကီးအျဖစ္ေဆာင္ရြက္သည့္ ကာယဆရာက ဝီစီမွုတ္ကာ ႏွစ္ဖက္အသင္းကကစားသမားေတြကိုမွာၾကားသည္။
“အခ်င္းခ်င္းခင္မင္မွုက ပထမ၊ ယွဥ္ၿပိဳင္မွုက ဒုတိယပဲေနာ္ နားလည္လား?”

“နားလည္ပါတယ္!”

“ဟုတ္ကဲ့ပါ!”

ေဘာလုံးက ေလထက္ေျမာက္သြားၿပီး ဝီစီမွုတ္လိုက္သည္ႏွင့္ ပရိသတ္ဟာလည္း အားတက္သေရာဆူေလာင္လာၾကသည္။

တစ္ၿပိဳင္တည္းမွာ က်န႔္‌ေယာင္နဲ႔ ရင္းဇယ္က ခပ္ျမင့္ျမင့္လွမ္းခုန္တယ္၊ သို႔ေပမယ့္ က်န႔္ေယာင္က လက္သြက္သြားတာမို႔ ေဘာလုံးကိုရသြားၿပီး ေျမျပင္ေပၚျပန္က်တယ္။ ေနာက္ ျမန္ျမန္ပဲ လက္ထဲကေဘာလုံးနဲ႔ ပိုက္ဆီ အရွိန္အျပည့္နဲ႔ ေျပးသြားတယ္၊ ျမန္လြန္းတာမို႔ သူ႔အသင္းသားေတြပင္ လိုက္မမွီျဖစ္ရတယ္။

ေကာက်စ္ရွုန္းနဲ႔ က်ိဳးေဟာက္လ်န္ကေတာ့ ေအာ္ရွာတယ္။
“ငါတို႔ သေဘာတူထားတဲ့ပလန္ေလးကေရာ?!”

က်န႔္ေယာင္ ခုံလိုက္ၿပီး three-pointerအတိုင္း ေဘာလုံးကိုပစ္သြင္းလိုက္တယ္။ ေဘာလုံးေလးက လွလွပပေလး ေလထဲမွာေဝ့ဝဲသြားၿပီး ပိုက္ထဲကိုဝင္ေတာ့မယ့္အခ်ိန္မွာပဲ--

*Bang!*
ေစာေစာေလးကတင္ ပိုက္ရဲ့ေအာက္ကို ေျပးဝင္လာတဲ့ ရင္းဇယ္က ခုန္ၿပီး ေဘာလုံးကိုျပန္ပုတ္ထုတ္သည္။ သြက္သြက္လက္လက္ တိတိက်က် တစ္ခ်က္တည္းနဲ႔ပဲ။ ဝင့္ႂကြားစြာ ရြပ္ရြပ္ခၽြံခၽြံအရွိန္အဝါေတြနဲ႔ အၾကည့္ေတြဟာေတာ့ အထင္ေသးမွုေတြအျပည့္။

ေဘးက Class 3ေက်ာင္းသားေတြကေတာ့ အဆုတ္ေတြကြဲထြက္မတတ္ကို ေအာ္ေတာ့တာေပ့ါ။

ရင္းဇယ္က ခ်က္ခ်င္းဆိုသလို ေျမေပၚျပန္က်လာၿပီး ေျခေထာက္နဲ႔ေျမႀကီးထိတယ္ဆိုရင္ပဲ ေဘာလုံးကိုယူဖို႔လုပ္တယ္။ သို႔ေပမယ့္ မထိရေသးခင္မွာပဲ ေဘာလုံးဟာ မ်က္စိေရွ႕ကေပ်ာက္သြားၿပီ။

အဲ့ေနာက္ ခ်က္ခ်င္းဆိုသလို *Bang!*ဆိုၿပီးေနာက္တစ္ခ်က္ထြက္လာတယ္။ ေဘာလုံးေလးက ပိုက္ထဲကေနထြက္က်လာကာ အႀကိမ္အနည္းငယ္ခုန္ၿပီး သူ႔ေျခရင္းဆီလိမ့္လာၿပီးရပ္သြားသည္။

“ေဆာရီး”
သူ႔ေဘးက ျဖတ္ေလၽွာက္ရင္းေျပာသြားသည့္ ရင္းခ်ဲယ္။

ကြင္းေဘးက ရမွတ္မွတ္သည့္ေက်ာင္းသားေတြက scoreboardကိုလွန္လိုက္သည္ ; 2:0  

ဒီတစ္ႀကိမ္ေတာ့ အဆုတ္ပြင့္ထြက္မတတ္ေအာ္သည္မွာ Class 1 အလွည့္။

“f*ck စလာကတည္းက ၾကမ္းလွခ်ည္လားဟ?”

“အရမ္းမိုက္တယ္ အရမ္းမိုက္တယ္လို႔! ဒီသုံးေယာက္က ထင္ထားတဲ့အတိုင္းပဲ!”

“ငါတို႔အတန္းမွာ ေယာင္ေကာနဲ႔ ခ်ဲယ္ေကာရွိတယ္! ပြဲသိမ္းၿပီပဲ!”

ထိုေအာ္သံေတြၾကားေတာ့ ရင္းခ်ဲယ္ ညီျဖစ္သူဆီလွည့္ၾကည့္မိသည္။ ရင္းဇယ္က စိတ္ဆိုးေနပုံေတာ့မေပၚ၊ ဒါေပမယ့္ မ်က္ဝန္းေတြထဲက အမူရာကေတာ့ နည္းနည္းရွုပ္ေထြးေနဟန္။

စိတ္ေတာ့မဆိုးလိုက္ပါနဲ႔
ရင္းဇယ္စိတ္ဆိုးသြားမွာ သူသိပ္ေၾကာက္ပါသည္။

ဒီၿပိဳင္ပြဲအတြက္က အားလုံး အခ်ိန္ေတြေရာ အင္အားေတြေရာ အရမ္းျမႇုပ္ႏွံထားၾကတာ၊ ေကာက်စ္ရွုန္းဆိုလည္း အားတိုင္း အားကစားကြင္းကိုပတ္ေျပးၿပီးေလ့က်င့္ေနၾက။ ေက်ာင္းက စာသင္ခန္းထဲ ‌ေဘာလုံးယူခြင့္မေပးတာေတာင္မွ သူတို႔ေလ့က်င့္လို႔ရေအာင္ ေလာင္ဝူနဲ႔က်န္းေက်ာင့္က်ဴးမိသြားမွာကိုမွ မေၾကာက္ ခိုးယူလာၿပီး စာသင္ခန္းေနာက္ဆုံးက ဗီရိုထဲမွာဝွက္ထားေသးတာ။

ဟန္မုန႔္ေရာပဲ၊ ဟိတ္နဲ႔ဟန္နဲ႔ ကိုယ္ခံအားနည္းတဲ့ alphaေလ။ သူမႀကိဳက္တဲ့အရာျဖစ္ေနတာေတာင္ တစ္ႀကိမ္ေလးမွ မပ်က္မကြက္ပဲ ေလ့က်င့္ခ်ိန္ကိုမွန္ေအာင္လာေသးတာ။ အစက ပြဲစဥ္ေလးထဲဝင္ေတာင္မေဆာ့နိုင္တဲ့သူက ခုေတာ့ ပြဲစဥ္တစ္ေလၽွာက္လုံးကစားေပးဖို႔အထိ ခြန္အားေတြရွိလာၿပီ။ သူဘယ္ေလာက္ေခၽြးေတြေသြးေတြထည့္ထားရလဲ ဘယ္သူကသိမွာလဲ။

ၿပီးေတာ့ က်ိဳးေဟာက္လ်န္နဲ႔ က်န႔္ေယာင္...
အကုန္လုံးက အေကာင္းဆုံးႀကိဳးစာထားၾကတာ။ အဲ့ေတာ့ သူ႔အေနနဲ႔ ဘယ္အေၾကာင္းေၾကာင့္ ရွုံးေအာင္လုပ္ရက္မွာလဲ?

ပြဲစဥ္ပထမတစ္ဝက္မွာေတာ့ ရမွတ္ဟာ ငါးမွတ္အကြာနဲ႔ အရမ္းကိုကပ္ေနတယ္။ 

“မင္းတိတိက အရင္တစ္ေခါက္ထက္ေတာ့ ပိုသန္လာတာပဲ’’
က်န႔္ေယာင္ အကၤ်ီေကာ္လံကိုဟရင္း ေလဝင္ေအာင္ယပ္ခတ္ေနတယ္။
”သူ႔ႀကီးထြားႏွုန္းက ဘာလဲ၊ မြန္းစတားလား”

က်ိဳးေဟာက္လ်န္ကေတာ့ နံရံကိုေထာက္ထားရင္း ေမာေနတဲ့ၾကားကေျပာတယ္။
“ေယာင္ေကာ....မင္းကမွ မြန္းစတား သိရဲ့လား? မင္းရဲ့အျမန္ႏွုန္းက ငါနည္းနည္းမွကို လိုက္မမွီနိုင္ဘူး....”

ေကာက်စ္ရွုန္းကေတာ့ ႏွလုံးသားေတြ ကြဲေၾကေနဟန္နဲ႔ :
“ဒီေန႔ေတာ့ alphaတစ္ဦးနဲ႔ တစ္ဦးၾကားက ကြာဟခ်က္ကို ငါနားလည္သြားပါၿပီ၊ ငါက ဘတ္စကတ္ေဘာကစားဖို႔ေတာင္မထိုက္တန္ေတာ့ဘူး...”

“ဒုတိယပိုင္းက ေပါင္းေဆာ့ၾကရေအာင္”
ရင္းခ်ဲယ္က က်န႔္ေယာင္ရင္ဘတ္ကိုထိုးကာ သတိေပးသည္။
“မင္းတစ္ေယာက္တည္းခ်ည္း ေမာင္ပိုင္စီးမေနနဲ႔...”

က်ိဳးေဟာက္လ်န္က အေဆာတလ်င္လက္ရမ္းျပကာ :
“နိုး နိုး နိုး မလုပ္ပါနဲ႔ ေဘာလုံးကိုငါ့ဆီမေပးနဲ႔၊ ခ်ဲယ္ေကာညီက အရမ္းၾကမ္းေနတာ၊ငါ သူနဲ႔ရင္မဆိုင္ခ်င္ဘူး”

“သူ႔ကိုထားလိုက္ပါ၊ သူေဘာလုံးလုသြားရင္ မင္းအတြက္ ငါျပန္လုေပးမယ္”
ရင္းခ်ဲယ္က ဒီအတိုင္းေျပာလိုက္သည္။
“မင္းပဲ ေကာင္မေလးလိုခ်င္တယ္ဆို?”

ခ်က္ခ်င္းဆိုသလို က်ိဳးေဟာက္လ်န္မွာ မ်က္ရည္လည္ရြဲျဖစ္သြားရသည္။
“ခ်ဲယ္ေကာ!ခ်ဲယ္ေကာက ကၽြန္ေတာ့္ရဲ့နတ္ဘုရားပါ! ဒီေန႔ၿပီးလို႔ ေကာင္မေလးရသြားရင္ ေနာက္က် ခ်ဲယ္ေကာကို ကၽြန္ေတာ့္ကေလးရဲ့ ေခါင္းကိုင္ဖခင္ႀကီးအျဖစ္သတ္မွတ္ပါ့မယ္!”

“....”

“ဘယ္သူကမ်ား မင္းအိမ္ရဲ့ေခါင္းကိုင္ဖခင္ျဖစ္ခ်င္မွာလဲ?”
က်န႔္ေယာင္က သူ႔ထိုင္ခုံေဖာ္ေလးကို ဆြဲေခၚကာ :
“ငါတို႔ခ်ဲယ္ခ်ဲယ္က ေနာက္ဆိုသူ႔ကေလးနဲ႔သူဘတ္စကတ္ေဘာတစ္သင္းစာ ကေလးေတြရွိေတာ့မွာ၊ ဟုတ္တယ္မလား?”

ရင္းခ်ဲယ္သူ႔ကို ဓားထက္ထက္လိုအၾကည့္မ်ိဴးၾကည့္ေပးလိုက္သည္၊ က်န႔္ေယာင္ကေတာ့ အရယ္ကိုမရပ္ေတာ့။

သူထင္လို႔ပဲလားမသိေပမယ့္ ခုေနာက္ပိုင္း က်န႔္ေယာင္ပုံစံကေျပာင္းလာတယ္။ အရင္ကဆို ကေလးေမြးတဲ့အေၾကာင္း‌ေျပာရင္ ရဲတက္သြားၿပီး သူ႔ကိုတည့္တည့္ၾကည့္ဖို႔ကို ရွက္ေနတတ္တာ။ ခုမ်ားေတာ့ ဒီအေၾကာင္းကို သူကိုယ္တိုင္ပဲအရင္ေျပာတတ္ၿပီး မေန႔ညကဆိုလည္း ၾကည့္လိုက္ေတာ့။

ခ်စ္ေရးခ်စ္ရာအမွုကိစၥမွာ အဲ့လိုမ်ိဳးအဆင့္ေတြထိ ပါတတ္စျမဲဆိုေပမယ့္လည္း သူတို႔အတြက္ကေတာ့ ျမန္လြန္းေနတယ္။

ဒါ့အျပင္ အခုလက္ရွိ သူ႔ရဲ့ကုသမွုရလဒ္ေတြနဲ႔ဆို တစ္သက္လုံးေတာင္ အဲ့ဒီအဆင့္သြားနိုင္ပါ့မလားမသိ။

“ေပါက္တက္ကရေတြမေျပာနဲ႔၊ ၿပိဳင္ပြဲကိုပဲ အာ႐ုံစိုက္”

...

နားခ်ိန္ၿပီးသြားသည့္ေနာက္ ဒုတိယပိုင္းစကာ ညေနပိုင္းအတန္းျပန္မစခင္ကို ၿပိဳင္ပြဲကၿပီးရမည္ျဖစ္သည္။

က်န႔္ေယာင္ကေတာ့ နာခံရွယတယ္၊ သူ႔စကားအတိုင္း အသင္းနဲ႔ပူးေပါင္းကစားၿပီး သူ႔ရဲ့ခြန္အားကို နည္းနည္းထိန္းခ်ဳပ္ထားတယ္၊ ဒီလိုနဲ႔ပဲ Team 1ကအေရးမသာျဖစ္ရေတာ့တယ္။

Team 3မွာက ရင္းဇယ္ကို ဖယ္ထားဦးေတာ့ က်န္ကစားသမားေတြရဲ့ စြမ္းရည္ကလည္း မေခလွ၊ သူတို႔ရဲ့အသင္းလိုက္ေဆာင္ရြက္နိုင္စြမ္းကလည္း သူတို႔ထက္ေကာင္းတယ္။ အမွတ္က သေရျဖစ္သြားၿပီးေနာက္ မၾကာခင္မွာ သူတို႔ထက္ပင္ ႏွစ္မွတ္သာသြားေသးသည္။

“ငါမြန္းေနၿပီ၊ ဆယ္မိနစ္ပဲက်န္ေတာ့တယ္၊ ျပန္ေက်ာ္နိုင္ပါေတာ့မလား?”
က်န္းခဲ့ အသက္ျပင္းျပင္းရွူလိုက္ခ်ိန္ ႐ုတ္တရက္ အနံ့တစ္ခုခုရသြားဟန္နဲ႔ :
“ဟမ္? ငါ့အထင္... pheromoneနံ့ေတြလားလို႔?”

ခ်န္ရင္းရင္းကေတာ့ omegaမို႔သူ႔ထက္ပိုၿပီး ခံစားလြယ္သည္။
“ငါလည္း ခုေလးတင္ အနံ့ရတယ္၊ ဒီalphaေကာင္ေတြကေတာ့ ဘတ္စကတ္ေဘာကစားရာကေန ေနရာတစ္ခုလုံး pheromoneေတြ ထုတ္ေနေတာ့တာပဲ”

“အဲ့လိုက အဆင္ေျပပါ့မလား? ေတာင့္မခံနိုင္တဲ့ omega ေတြရွိေနရင္ေရာ...”

“ငါလည္းနည္းနည္းေတာ့ စိုးရိမ္သား၊ ဒါမယ့္ မိနစ္ပိုင္းေလာက္ပဲက်န္ေတာ့တာဆိုေတာ့ အဆင္ေျပသြားေလာက္မွာပါ”

ေလထဲက pheromoneထုထည္မွာ ပိုပိုသိပ္သည္းလာတယ္။ ထိုအရာကို ကြင္းေဘးက ေက်ာင္းသားအေတာ္မ်ားမ်ား ခံစားမိၾကသည္၊ အထူးသျဖင့္ omegaေတြ။ pheromoneအေပၚ တုံ႔ျပန္မွုေတြမွာလည္း တအားျပင္းထန္လာသည္၊ တခ်ိဳ႕ဆို မ်က္ႏွာေတြ ရဲရဲေတာက္လို႔။ သို႔ေပသည့္ ၿပိဳင္ပြဲၾကည့္ေနတဲ့တျခားသူအေတာ္မ်ားမ်ားကလည္း စိတ္လွုပ္ရွားမွုေၾကာင့္ ရဲတက္ေနၾကတာမို႔ မူမမွန္မွုကိုသတိျပဳမိဖို႔ရာက ခဲယဥ္းျပန္တယ္။  

“pheromoneေတြအမ်ားႀကီး ဘယ္သူ႔ဆီကမ်ား ထြက္ေနတာလဲ...”
ခ်န္ရင္းရင္း ကိုယ္ကလည္း အနည္းငယ္ ရွက္ရဲရဲေနတယ္။ မ်က္ေမွာင္ၾကဳတ္ၿပီး ကြင္းထဲက alphaတိုင္းကိုလိုက္ၾကည့္ၾကည့္တယ္။
“ရင္းဇယ္ကစားတာ ငါခနတိုင္းၾကည့္ဖူးပါတယ္ သူက pheromone ကို ေတာ္ေတာ္ေလးထိန္းခ်ဳပ္နိုင္တာပါ၊ တာ့ရွုန္းနဲ႔ ေလာင္ဟန္႔‌ pheromoneေတြကလည္း ဒီေလာက္မျပင္းနိုင္ဘူး၊ အဲ့ဒါ...မျဖစ္နိုင္ေလာက္ဘူးမလား....”

alphaတစ္ေယာက္ရဲ့ pheromoneကအားျပင္းေလ လြတ္မထြက္ေအာင္ ထိန္းခ်ဳပ္ရလြယ္ကူေလဆိုတဲ့ အေၾကာင္းရင္းတစ္ရပ္တည္ရွိတယ္၊ မဟုတ္ရင္ ေလာကႀကီးက ဗရမ္းဗတာေတြျဖစ္ကုန္ေတာ့မေပါ့။ အလြန္ဆုံးမွ ေလ့က်င့္ခန္းလုပ္မိတဲ့အခါမ်ိဳးမွာ နည္းနည္းလြတ္ထြက္သြားရင္ အနီးနားကပ္မွခံစားမိမွာျဖစ္တယ္။ ေဘးကၾကည့္တဲ့ပရိသတ္ေတာင္ ဒီအတိုင္းတာထိခံစားေနမိမွေတာ့ ထုတ္လႊတ္တဲ့လူကိုယ္တိုင္ကမသိဘူးဆိုတာ မျဖစ္နိုင္ရာ။

ကြင္းအတြင္းမွာေတာ့ ရင္းခ်ဲယ္က ေဘာလုံးကိုလုကာ ေကာက်စ္ရွုံးထံပစ္ေပးသည္။ သူလွည့္လိုက္ခ်ိန္ ရင္းဇယ္နဲ႔ဝင္တိုက္မိမလိုေတာင္ ျဖစ္သြားသည္။

“ေကာအေကာင္ကို pheromone ေတြထိန္းခ်ဳပ္ခိုင္းလိုက္!”
ရင္းဇယ္က ေဒါသတႀကီးေျပာတယ္။
“မင္းမွာေရာဂါရွိတာသိရက္နဲ႔ သူက ဒီအတိုင္းတာထိထုတ္လႊတ္ၿပီး ဘယ္သူ႔ကိုမ်ားျပခ်င္ေနမွန္းမသိ!”

ရင္းခ်ဲယ္ကေတာ့ နားမလည္နိုင္တဲ့ အမူအရာနဲ႔ :
“ဘာႀကီး?”

“ဖာ့ခ္ မင္းခံစားလို႔မရဘူး‌ဆိုတာေမ့သြားတယ္”
ရင္းဇယ္က ခနေလာက္ၿငိမ္သြားၿပီး :
“ထားေတာ့ ငါ့ဟာငါပဲသြားေျပာလိုက္မယ္”

ရင္းခ်ဲယ္က‌ေတာ့ က်န႔္ေယာင္ဆီ ေျပးသြားတဲ့သူ႔ကို ေၾကာင္လို႔ပဲၾကည့္ေနတယ္။ က်န႔္ေယာင္ကလက္ထဲမွာေဘာလုံးရွိေနေတာ့ တစ္ဖက္အသင္းဆီက သုံးဘက္သုံးလန္အဝိုင္းခံေနရတယ္။ ဝိုင္းတဲ့လူေတြဆီကလြတ္ေအာင္ ေရွာင္မေယာင္နဲ႔ ကြင္းေဘးနားဆီကိုေျပးသြားတယ္။

ကြင္းေဘးကေန ႐ုတ္တရက္ “အား!’’ဆိုသည့္ ေအာ္သံေတြထြက္လာတယ္၊ စိတ္လွုပ္ရွားတာမ်ိဳးေၾကာင့္မဟုတ္ပဲ ထိတ္လန႔္သည့္အေနအထားမ်ိဳး။

မိန္းကေလးတစ္ေယာက္ မူးလဲသြားသည္။

ထိုအခ်ိန္ က်န႔္ေယာင္ကျဖတ္သြားတာမို႔ ထိုမိန္းကေလးကို ေပြ႕ဖမ္းလိုက္သည္။ ေကာင္မေလးကမဟန္နိုင္ေတာ့ က်န႔္ေယာင္ ရင္ခြင္ထဲေခြက်သည္။ သူမမ်က္ဝန္းေတြကို အားယူဖြင့္ၾကည့္ၿပီး ႏွစ္ေယာက္သားရဲ့မ်က္ဝန္းေတြဆုံသြားခ်ိန္ ႏွစ္ေယာက္လုံးမ်က္ႏွာေတြ ရဲတက္သြားၾကသည္။

ရင္းႏွီးသေယာင္ရွိေနတဲ့ ဒီျမင္ကြင္း။

ေလထုထဲက pheromoneေတြဟာ ဒီေရလိုပဲ ခ်က္ခ်င္းျပန္႐ုတ္က်သြားသည္။ ခ်န္ရင္းရင္းက သက္သာရာရသြားသလိုသက္ျပင္းခ်လိုက္ၿပီး :
“ေနာက္ဆုံးေတာ့ သိၿပီးျပန္သိမ္းသြားၿပီပဲ...မူးလဲတာဘယ္သူလဲ?”

က်န္းခဲ့ မ်က္လုံးေတြကေတာ့ စူးရွတာမို႔ က်န႔္ေယာင္ရင္ခြင္ထဲကလူကို လွမ္းျမင္လိုက္ရတယ္။
“ဖာ့ခ္! ဇာတ္ရွိန္ကေတာ့ ျမင့္လာၿပီေဟ့!”

“ဟမ္?”

“က်န႔္ေယာင္ေပြ႕လိုက္တာ ဘယ္သူလဲမသိဘူးလား!”

“ဘယ္သူလဲ?”

က်န္းခဲ့က စိတ္လွုပ္တရွားေျပာတယ္။
“ရင္းဇယ္ရဲ့ exပိုင္ယြိေဝဟ!”

_______

Continue Reading

You'll Also Like

184K 24.9K 66
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
213K 13.3K 38
My priority /property/privacy
332K 67.8K 127
🍁බිදී මිය ගිය පැතුම් අභියස...... . . . . . Start - 2023 / 05 / 05 End - 2024 / / .....? 18 + 🔞 Mature
242K 28.1K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။