မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

276K 38.9K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(15.2)

3.6K 623 52
By ShweLoon365

(Unicode)

ရှုကျင်ထျန်းသည် စိတ်၀င်စားစရာများကိုစိတ်ကူးယဉ်ရင်း ရှုဟန်ယွီ၏ခန္ဓာကိုယ်အားမှီကာ တံတွေးမျိုချလိုက်သည်။ သူကသူ့မှာရှိသမျှအရာအားလုံးကိုယူဆောင်လာပြီး ထွက်ပြေးဖို့အခွင့်အလမ်းရှိရင် သူ့အထုပ်အပိုးတွေကို ထားခဲ့စရာမလိုပေ။

ရှုကျင်ထျန်းမှာ စိတ်အားထက်သန်စွာစောင့်ဆိုင်းနေစဉ် အချိန်များသည် တဖြည်းဖြည်းကုန်သွားပုံရလေ၏။ ရှုဟန်ယွီသည် တစ်နေ့တာလုံးအတွက် တူညီသောအမြန်နှုန်းဖြင့်ခရီးသွားခဲ့ပေမယ့်လည်း ရှုကျင်ထျန်းမှာ အနည်းငယ်ဗိုက်ဆာနေပြီ။ ရှုဟန်ယွီပြောခဲ့တဲ့နေရာကိုမရောက်ခင်မှာ သူကအနည်းငယ်စိုးရိမ်တကြီးမေးလိုက်သည်။
"ငါတို့အခုထိမရောက်သေးဘူးလား။ တော်တော်ဝေးဝေးသေးလား"

ရှုဟန်ယွီက သူ့ကိုတိကျတဲ့အကွာအဝေး မပြောပြခဲ့တာကြောင့် ပုံမှန်ထက်ပိုဝေးနိုင်ပေမယ့် မြွေရဲ့အရှိန်နဲ့ဆို ဒီလောက်အကြာကြီး သွားရမယ်လို့မမျှော်လင့်ခဲ့ဘူး။ ဒါကသူ့ရဲ့မျှော်လင့်ချက်ထက် အများကြီးပိုနေတယ်...

ရှုဟန်ယွီက အမျိုးသမီးကိုနောက်ပြန်လှည့်ကြည့်တော့ အနည်းငယ်အားနည်းနေတာကို တွေ့လိုက်ရပြီး မိန်းမပျိုလေးရဲ့အစာစားချိန် ကုန်လွန်ခဲ့တာကိုသတိရလိုက်သည်။

သူသည် မိန်းမပျိုလေးအား အလွန်ဒုက္ခပေးသောသတ္တဝါဟု ခံစားခဲ့ရသော်လည်း အနည်းငယ်မျှပင် စိတ်မရှည်ခြင်းမရှိဘဲ လမ်းပေါ်ရှိ သားကောင်ငယ်လေးကို ဖမ်းပြီးကျွေးခဲ့သည်။

ရှုကျင်ထျန်းသည် အရသာရှိသောအစားအစာများ မစားခင်အထိ စောင့်ရန်စီစဉ်ခဲ့သည်။ ဒါပေမယ့် ရှုဟန်ယွီက သူ့ကိုတိုင်ပင်စရာတောင်မလိုဘဲ သားကောင်သေးသေးလေးတစ်ကောင် ဖမ်းမိတာကိုမြင်ရင် သူလည်းကင်ပြီးစားနိုင်သည်။

သို့သော် ရှုကျင်ကျန်းက ရှုဟန်ယွီပြောခဲ့သောနေရာသည် ဤမျှလောက်ဝေးကွာလိမ့်မည် ဟုမထင်ခဲ့ပေ။ ဤခရီးသည် ဆယ့်နှစ်ရက်ခန့်ကြာခဲ့သည်။

ရှုဟန်ယွီသည် နေ့ရောညပါဖြတ်သန်းခဲ့သည်။ သူပင်ပန်းတဲ့အခါ မိန်းမပျိုလေးကိုရစ်ပတ်ကာ အိပ်ဖို့နေရာတစ်ခုကိုရှာပေးလေ့ရှိပြီး သူနိုးလာတဲ့အခါဆက်ပြီးမြန်မြန်သွားလေ၏။

ထို့ပြင် ရှုကျင်ထျန်းသည် မြွေကြီးနှင့်နှိုင်းယှဉ်လျှင် ပို၍အိပ်လေ့ရှိသော်လည်း သူသည်မြွေပေါ်တွင် လဲလျောင်းနေရသောကြောင့် သူအလိုရှိသည့်အခါတိုင်း အိပ်ပျော်နိုင်သဖြင့် အဆင်ပြေနေလေ၏။

မြွေကြီးသည် သူ၏အလျင်လိုမှုကြောင့် အနည်းငယ်မောပန်းနေသဖြင့် သူ့(ကျင်ထျန်း)အားရစ်ပတ်လိုက်သည်။ အများအားဖြင့်သူ(ဟန်ယွီ)သည် သူ့အားရစ်ပတ်ကာ အိပ်ပျော်သွားတတ်သည်။

ထို့နောက်သူသည် လှိုင်းတံပိုးသံများကို ကြားလိုက်ရပြီး အလင်းရောင်သည် ဝေးကွာသောတောအုပ်များအတွင်းသို့ တဖြည်းဖြည်းထိုးဖောက်လာသည်။ ရှုကျင်ထျန်းသည် တစ်စုံတစ်ခုကို ယောင်ဝါးဝါးမှန်းဆမိသော်လည်း ရှေ့ကိုမမျှော်မှန်းနိုင်ခဲ့ပေ။

သူတို့ တောတွင်းမှထွက်လာသောအခါ ရှုကျင်ထျန်း၏မျက်လုံးများမှာ ရှင်းလင်းလာသည်။ သူ့ရှေ့တွင် အပြာရင့်ရောင်သမုဒ္ဒရာတစ်ခုရှိပြီး ၎င်းသည်အလွန်ကျယ်ဝန်း၍ အဆုံးသတ်ကိုပင် တစ်ချက်မျှမမြင်နိုင်ပေ။ ကမ်းရိုးတန်းသည် အဖြူရောင်တောက်ပသောမိုးကုတ်စက်ဝိုင်းနှင့် အဝေးတစ်နေရာသို့ဆက်သွယ်ခဲ့သည်။ တောက်ပသောနေရောင်သည် လှိုင်းတံပိုးမရှိသော ပင်လယ်မျက်နှာပြင်ကို ထွန်းလင်းစေပြီး အလင်းရောင်များကြောင့် ပိုမိုတောက်ပစေခဲ့သည်။

ထို့နောက် အနီးအနားမှာ ပင်လယ်လှိုင်းတွေက ပြင်းပြင်းထန်ထန်မြင့်တက်လာပြီး ကမ်းခြေကိုတိုက်ခတ်သွားကာ လှိုင်းပုတ်သံတွေထွက်လာသည်။ သိပ်မကြာခင်မှာ ခွဲခွာရမယ့်ချစ်သူတွေလိုပဲ နောက်ဆုတ်သွားပြန်သည်။

“ပင်လယ်ကြီးက အံ့သြစရာကောင်းလိုက်တာ! တကယ့်ကို မျှော်လင့်မထားမိဘူး!”
ရှုကျင်ထျန်းသည် အလွန်အံ့သြသွားပြီး အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။

ပြာလဲ့လဲ့ပင်လယ်ကြီးသည် လောင်ကျွမ်းနေသောနေရောင်အောက်၌ တောက်ပသောရေပြင်ကို စီးဆင်းစေခဲ့သည်။ စူးရှတောက်ပသော အလင်းရောင်ကြောင့် သူဖြောင့်ဖြောင့်မကြည့်နိုင်ခဲ့ပေ။ ရှုကျင်ထျန်းသည် သူ၏မျက်လုံးများကိုအုပ်ရန် လက်တစ်ဖက်ကိုသုံးကာ သူချစ်သောသမုဒ္ဒရာကို ကြာမြင့်စွာကြည့်လိုက်သည်။

သူကလေးဘဝကတည်းက ပင်လယ်မှစိတ်ကူးယဉ်ဆန်ပြီး ခမ်းနားထည်ဝါသောခံစားမှုကိုဖော်ပြနိုင်သော တမ်းတမှုတစ်ခုရှိခဲ့သည်။ နတ်သမီးပုံပြင်များစွာသည် ကြည်လင်သောပင်လယ်၌ဖြစ်ပေါ်ခဲ့ပြီး သူသည်လည်း ၎င်းကိုကိုယ်တိုင်ကိုယ်ကျ ကြည့်ချင်ခဲ့သည်။

သူအသက်နည်းနည်းကြီးလာသောအခါ သူ့ဘာသာသူ ကမ်းခြေသို့တစ်ခါလာဖူးသည်။ သူသည်အမြှုပ်များနှင့်အမှိုက်များ သမုဒ္ဒရာမျက်နှာပြင်ပေါ်တွင် မျောပါနေသည်ကို တွေ့ခဲ့ရသည်။ ကမ်းခြေ၌စားနပ်ရိက္ခာထုပ်များနှင့် လူသားများစွန့်ပစ်ထားသောအမှိုက်များလည်း ရှိခဲ့သည်။ ထိုအချိန်မှစ၍ သူသည်ပင်လယ်သမုဒ္ဒရာသို့ ဘယ်တော့မှမသွားတော့ပေ။

မမျှော်လင့်ဘဲနောက်တစ်ကြိမ် သူပင်လယ်သမုဒ္ဒရာကိုမြင်သောအခါ လှပလွန်းလာသည်။ ၎င်းသည်သူ၏အတိတ်ကစိတ်ပျက်မှုကိုမှောက်လှန်ကာ ပင်လယ်ချစ်မြတ်နိုးမှုကို ပြန်လည်ဖြစ်ပေါ်စေခဲ့သည်။

"ကြိုက်လား?"
သူမသိလိုက်ချိန်မှာပင် ရှုဟန်ယွီသည် လူသားအသွင်သို့ပြောင်းလဲလိုက်သည်။ ရှုကျင်ထျန်းရဲ့နောက်ကျောကနေ ပွေ့ဖက်ပြီး သူ့လက်တွေကိုမသိမသာထိကာ ပွတ်သပ်နေလေ၏။

ဒါကမြွေရဲ့ အလေ့အထပင်။ ရှုဟန်ယွီ၏လူသားပုံစံသည် သူ၏မြွေပုံစံနှင့်တူသည်။ အရာအားလုံးကို ရစ်ပတ်ပွေ့ဖက်ရတာကို နှစ်သက်သည်။ အထူးသဖြင့်သူ့မိန်းမပျိုလေးကိုပေါ့...သူ့ကိုမြင်ရရင် အလိုလိုပွေ့ဖက်မိလိမ့်မယ်။

နောက်ဆုံးတွင် ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ပွေ့ဖက်မှုကို ရုန်းထွက်လိုက်သည်။ မြွေကြီးသည်သူ့အားအချိန်အကြာကြီး ပွေ့ဖက်မထားခဲ့တဲ့အတွက် အခြားသူ၏သူ့(ကျင်ထျန်း)အတွက်ထူးဆန်းသော စိတ်စွဲလမ်းမှုအား အနည်းငယ်မေ့လျော့သွားစေသည်။

ရှုကျင်ထျန်းက သူ့ခန္ဓာကိုယ်ကိုလိမ်ပြီးပင်လယ်ကမ်းနားကို ပိုလမ်းလျှောက်ချင်ဟန်ဆောင်လိုက်တယ်။

"ငါ ကြိုက်တယ်။ ဒါကအရမ်းသန့်ရှင်းပြီး အရင်တုန်းက ငါမြင်ဖူးတဲ့ပင်လယ်နဲ့နှိုင်းယှဉ်ရင် နေ့နဲ့ညလိုပဲ မတူဘူး။”

“မင်းကြိုက်ရင် ကောင်းတာပဲ။ ရေဆင်းကူးကြအောင် ဒီနေရာကအရမ်းကျယ်လို့ ကိုယ်တို့လွတ်လွတ်လပ်လပ် ရေကူးလို့ရတယ်။”

ရှုဟန်ယွီသည် သမုဒ္ဒရာ၌ရေကူးခြင်းကို အလွန်နှစ်သက်ပြီး သူ၏တစ်နှစ်တာလုံးနီးပါးကို ဤနေရာတွင်သာ ကုန်ဆုံးစေခဲ့သည်။

တောင်ပေါ်တော၌အမျိုးသမီးကိုသူတွေ့သောအခါသူသည်မကြာသေးမီကပင်ကမ်းခြေမှပြန်လာခဲ့သည်။ အမျိုးသမီးနှင့်သူ၏တွေ့ဆုံမှုသည်ရှားပါးသောကံကြမ္မာတစ်ခုလည်းဖြစ်သည်။

သူပင်လယ်မှပြန်လာပြီးသိပ်မကြာခင် တောတွင်း၌မိန်းမပျိုတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ ဒါဟာ သူနှင့်မိန်းမပျိုလေး၏ ရှားပါးဆန်းကြယ်သော ကံကြမ္မာတစ်ခုလည်းဖြစ်သည်။

"မှန်တယ်...ပူလွန်းလို့ ငါသေတော့မယ်ထင်တယ်။ အေးသွားအောင် လုပ်လိုက်ကြစို့"

ရှုကျင်ထျန်းသည် သူ၏ဘောင်းဘီရှည်ကို အမြန်ချွတ်လိုက်ပြီး သူ့ဂျာကင်အင်္ကျီကိုလည်း လုံးဝမဝတ်ပေ။ ထို့ကြောင့်သူသည် အနက်ရောင်အတွင်းခံ ဘောင်းဘီတစ်ထည်သာချန်ထားပြီး ပင်လယ်ထဲသို့သာပြေးဝင်လိုက်သည်။

ပင်လယ်ရေသည် နေရောင်ကြောင့်ပူနွေးပြီး ရေထဲသို့ဆင်းသောအခါ အလွန်မအေးပါ။ ပြီးတော့ ရေထဲစိမ်ရတာ အရမ်းအဆင်ပြေတယ်လို့တောင် ခံစားရသေးတယ်။

ရှုဟန်ယွီသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်ပြည့်နေသော မိန်းမပျိုလေးကိုတွေ့ပြီးနောက် ပင်လယ်ထဲသို့ထိုးဆင်းလိုက်သည်။ သူသည် မိန်းမပျိုလေး၏ဝတ်စလစ်ခန္ဓာကိုယ်ကို မပွေ့ဖက်မီ မိန်းမပျိုလေးအားလှည့်ပတ်ပြီး အကြိမ်ကြိမ်ရေကူးခဲ့သည်။

ပင်လယ်ထဲတွင်သူ၏ခန္ဓာကိုယ်အား ရုတ်တရက် ပွေ့ဖက်ခံလိုက်ရသည်နှင့် ရှုကျင်ထျန်းမှာ အလွန်ထိတ်လန့်သွားခဲ့သည်။ သူလှည့်ကြည့်လိုက်သောအခါ ရှုဟန်ယွီဖြစ်နေခဲ့လေ၏။

ရေထဲတွင် ရှုဟန်ယွီသည် အလွန်နူးညံ့သိမ်မွေ့သောအပြုံးလေးနှင့် သူ့ကိုကြည့်နေလေ၏။

စီးဆင်းနေသောရေကိုဖြတ်ကာ လှိုင်းထနေသောရေမျက်နှာပြင်မှတဆင့် ရှုဟန်ယွီ၏ နူးညံ့သိမ်မွေ့သောမျက်နှာသည် လှိုင်းများ၏လွှမ်းမိုးမှုအောက်၌ တကယ်ကိုအတော်လေးအထင်ကြီးစရာပင်။ ရှုကျင်ထျန်းသည် ရေသူမပုံပြင်ကို မတွေးမိဘဲမနေနိုင်တော့ချေ။

ရှုဟန်ယွီသည် အလွန်နိမ့်သော ရေအတိမ်အနက်ကို အနည်းငယ်မကျေမနပ်ဖြစ်ခဲ့သည်။ သူသည် မိန်းမပျိုလေး၏ကိုယ်ကိုထိန်းကာ ပိုမိုနက်ရှိုင်းသောဧရိယာဆီသို့ကူးခတ်လိုက်သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီအား ဦးဆောင်ခွင့်ပြုလိုက်သဖြင့် သူ၏ကိုယ်ပေါ်မှစီးဆင်းလာသော ရေစီးအားကိုခံစားလိုက်ရသည်။ ကမ်းစပ်မှရှုခင်းများသည် ကမ်းခြေနှင့်ဝေးလွန်းသည်ကို သူသတိပြုမိမှသာ ရုတ်တရက်ရပ်တန့်လိုက်သည်။

"မြန်မြန်ရပ်! ငါတို့အဝေးကြီး ကူးလာခဲ့မိပြီ။ အဲ့ဒါက အရမ်းအန္တရာယ်များတယ်!"

ရှုကျင်ထျန်းသည် ကြောက်လန့်ကာခုန်လိုက်ပြီး ရှုဟန်ယွီ၏ အားအင်အပြည့်နဲ့ခန္ဓာကိုယ်ကို လက်တစ်ဖက်ကိုသုံး၍ အနည်းငယ်တွန်းလိုက်သည်။

ရှုဟန်ယွီက နာခံစွာရပ်ဖို့ဆုံးဖြတ်လိုက်ပြီး မိန်းမပျိုလေးကို ပွေ့ဖက်ထိတွေ့လိုက်သည်။

ရှုကျင်ထျန်းသည် ပင်လယ်၏နက်ရှိုင်းသောဒေသများတွင်နေရန် အနည်းငယ်ကြောက်ရွံ့နေပြီး အကူအညီမဲ့ကာ စိတ်ရှုပ်ထွေးနေလေ၏။

"နည်းနည်းပြန်သွားရအောင်။ ဒီနေရာက အရမ်းနက်လွန်းတယ်"

သူတို့လာခဲ့တဲ့နေရာက သေးငယ်နေပြီ။ မထင်မှတ်ဘဲ အလွန်ကြီးမားသောသစ်ပင်များသည် တိုတောင်းသေးငယ်လာပြီး ကမ်းခြေပတ်၀န်းကျင်ကို စိမ်းလန်းသောအလွှာတစ်ခုအဖြစ် ရောနှောသွားသည်။ ရှုဟန်ယွီ၏ခေါင်းသည် ရေထဲမှထွက်လာပြီး သူ့ပခုံးကိုပွတ်လိုက်သည်။

“မဟုတ်ဘူး ပင်လယ်ကအရမ်းအဆင်ပြေတယ်။ ထျန်းထျန်းကြောက်ရင် ကိုယ်မင်းကိုဖက်ထားမယ်"

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ စိုရွှဲနေသောဆံပင်များကိုတို့ထိလိုက်ပြီး သူ့နဖူးကိုနှိမ့်ကာ ရှုကျင်ထျန်း၏နဖူးဖြင့် နီးကပ်စွာထိထားလိုက်၏။

ရှုကျင်ထျန်းသည် ရေကူးနည်းကိုသိသော်လည်း ကျယ်ပြန့်ပြီးအန္တရာယ်ရှိသောပင်လယ်ကို အနည်းငယ်ကြောက်ရွံ့နေဆဲဖြစ်သည်။ သူ့တစ်ကိုယ်လုံးကို ရေများကဝန်းရံထားပြီး အန္တရာယ်တစ်ခုခု အောက်ကရုတ်တရပ် ပေါ်လာမလားဆိုတာ ဘယ်သူသိမှာလဲ။

"မဟုတ်ဘူး...ငါပြန်ချင်တယ်"
ရှုကျင်ထျန်းက ပြတ်ပြတ်သားသားနှင့် သူ့လေသံကို အနည်းငယ်ဖိပြောလိုက်သည်။

ရှုဟန်ယွီ၏ မျက်ခုံးများတွန့်ကွေးသွားပြီး မိန်းမပျိုလေးအား အနည်းငယ်တင်းတင်းကျပ်ကျပ် ကိုင်ထားကာ မျက်နှာကအေးစက်သွားလေ၏။

“မပြန်နဲ့”

ရှုကျင်ထျန်းမှာ အလွန်စိတ်မသက်မသာဖြစ်သွားပြီး ရှုဟန်ယွီကိုတွန်းဖယ်ကာ ကမ်းစပ်ကိုကူးဖို့လုပ်လိုက်သည်။

ရှုဟန်ယွီ၏မျက်နှာသည် လုံးဝမဲမှောင်သွားပြီး မိန်းမပျိုလေး၏လက်မောင်းအား တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။

"ငါပြောနေတယ် မပြန်နဲ့!"

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏အေးစက်သောအသံကြောင့် အလွန်ထိတ်လန့်သွားသည်။ သူသည်ရေနက်ကိုသာ အလွန်ကြောက်ရွံ့နေပြီး ရှုဟန်ယွီ၏ အန္တရာယ်များသည့်တည်ရှိမှုကို မေ့သွားခဲ့သည်။

သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာဆွဲထုတ်ခံလိုက်ရသည်။ ရှုကျင်ထျန်းမော့ကြည့်လိုက်တော့ ရှုဟန်ယွီ၏ မှိုင်းညို့သောမျက်နှာထားကို မြင်လိုက်ရကာ အနည်းငယ်စိတ်မကောင်းသလို ခံစားလိုက်ရသည်။ သူကအခြေအနေကို ကုစားဖို့စကားပြောမယ့်ဆဲဆဲတွင် ရုတ်တရက်ရေထဲကိုဆွဲချခံလိုက်ရသည်။

"ဝူး ~"

ရှုကျင်ထျန်းသည် ဖမ်းချုပ်ခံလိုက်ရပြီး ရေထဲတွင် ပူစီဖောင်းလေးများကို ထွေးထုတ်ပစ်လိုက်သည်။

ရှုဟန်ယွီသည် မိန်းမပျိုလေးကိုခေါ် ၍ အောက်သို့ရေကူးစေပြီး သူ့ကမ္ဘာလေးဆီခေါ်ဆောင်လာခဲ့သည်။ ပင်လယ်ကြမ်းပြင်မှာ မိန်းမပျိုလေးတစ်ခါမှမမြင်ဖူးတဲ့ လှပတဲ့ရှုခင်းတွေအများကြီးရှိတာမို့ သူသေချာပေါက်ကြိုက်လိမ့်မယ်...

~~~~~~
20/09/21(7:40PM)

အားယွီစကားပြောတဲ့နေရာမှာ 'ကိုယ်' နဲ့ 'ငါ'အသုံးအနှုန်းကွဲသွားတာက သူ့စိတ်နဲ့လိုက်ပြီး သုံးလိုက်တာပါ မှားရေးမိတာမဟုတ်ပါဘူးနော်

(Zawgyi)

ရႈက်င္ထ်န္းသည္ စိတ္၀င္စားစရာမ်ားကိုစိတ္ကူးယဥ္ရင္း ရႈဟန္ယြီ၏ခႏၶာကိုယ္အားမွီကာ တံေတြးမ်ိဳခ်လိဳက္သည္။ သူကသူ႕မွာရွိသမွ်အရာအားလုံးကိုယူေဆာင္လာၿပီး ထြက္ေျပးဖို႔အခြင့္အလမ္းရွိရင္ သူ႕အထုပ္အပိုးေတြကို ထားခဲ့စရာမလိုေပ။

ရႈက်င္ထ်န္းမွာ စိတ္အားထက္သန္စြာေစာင့္ဆိုင္းေနစဥ္ အခ်ိန္မ်ားသည္ တျဖည္းျဖည္းကုန္သြားပုံရေလ၏။ ရႈဟန္ယြီသည္ တစ္ေန႕တာလုံးအတြက္ တူညီေသာအျမန္ႏႈန္းျဖင့္ခရီးသြားခဲ့ေပမယ့္လည္း ရႈက်င္ထ်န္းမွာ အနည္းငယ္ဗိုက္ဆာေနၿပီ။ ရႈဟန္ယြီေျပာခဲ့တဲ့ေနရာကိုမေရာက္ခင္မွာ သူကအနည္းငယ္စိုးရိမ္တႀကီးေမးလိုက္သည္။
"ငါတို႔အခုထိမေရာက္ေသးဘူးလား။ ေတာ္ေတာ္ေဝးေဝးေသးလား"

ရႈဟန္ယြီက သူ႕ကိုတိက်တဲ့အကြာအေဝး မေျပာျပခဲ့တာေၾကာင့္ ပုံမွန္ထက္ပိုေဝးနိုင္ေပမယ့္ ေႁမြရဲ႕အရွိန္နဲ႕ဆို ဒီေလာက္အၾကာႀကီး သြားရမယ္လို႔မေမွ်ာ္လင့္ခဲ့ဘူး။ ဒါကသူ႕ရဲ႕ေမွ်ာ္လင့္ခ်က္ထက္ အမ်ားႀကီးပိုေနတယ္...

ရႈဟန္ယြီက အမ်ိဳးသမီးကိုေနာက္ျပန္လွည့္ၾကည့္ေတာ့ အနည္းငယ္အားနည္းေနတာကို ေတြ႕လိုက္ရၿပီး မိန္းမပ်ိဳေလးရဲ႕အစာစားခ်ိန္ ကုန္လြန္ခဲ့တာကိုသတိရလိုက္သည္။

သူသည္ မိန္းမပ်ိဳေလးအား အလြန္ဒုကၡေပးေသာသတၱဝါဟု ခံစားခဲ့ရေသာ္လည္း အနည္းငယ္မွ်ပင္ စိတ္မရွည္ျခင္းမရွိဘဲ လမ္းေပၚရွိ သားေကာင္ငယ္ေလးကို ဖမ္းၿပီးေကြၽးခဲ့သည္။

ရႈက်င္ထ်န္းသည္ အရသာရွိေသာအစားအစာမ်ား မစားခင္အထိ ေစာင့္ရန္စီစဥ္ခဲ့သည္။ ဒါေပမယ့္ ရႈဟန္ယြီက သူ႕ကိုတိုင္ပင္စရာေတာင္မလိုဘဲ သားေကာင္ေသးေသးေလးတစ္ေကာင္ ဖမ္းမိတာကိုျမင္ရင္ သူလည္းကင္ၿပီးစားနိုင္သည္။

သို႔ေသာ္ ရႈက်င္က်န္းက ရႈဟန္ယြီေျပာခဲ့ေသာေနရာသည္ ဤမွ်ေလာက္ေဝးကြာလိမ့္မည္ ဟုမထင္ခဲ့ေပ။ ဤခရီးသည္ ဆယ့္ႏွစ္ရက္ခန့္ၾကာခဲ့သည္။

ရႈဟန္ယြီသည္ ေန႕ေရာညပါျဖတ္သန္းခဲ့သည္။ သူပင္ပန္းတဲ့အခါ မိန္းမပ်ိဳေလးကိုရစ္ပတ္ကာ အိပ္ဖို႔ေနရာတစ္ခုကိုရွာေပးေလ့ရွိၿပီး သူနိုးလာတဲ့အခါဆက္ၿပီးျမန္ျမန္သြားေလ၏။

ထို႔ျပင္ ရႈက်င္ထ်န္းသည္ ေႁမြႀကီးႏွင့္ႏွိုင္းယွဥ္လွ်င္ ပို၍အိပ္ေလ့ရွိေသာ္လည္း သူသည္ေႁမြေပၚတြင္ လဲေလ်ာင္းေနရေသာေၾကာင့္ သူအလိုရွိသည့္အခါတိုင္း အိပ္ေပ်ာ္နိုင္သျဖင့္ အဆင္ေျပေနေလ၏။

ေႁမြႀကီးသည္ သူ၏အလ်င္လိုမႈေၾကာင့္ အနည္းငယ္ေမာပန္းေနသျဖင့္ သူ႕(က်င္ထ်န္း)အားရစ္ပတ္လိုက္သည္။ အမ်ားအားျဖင့္သူ(ဟန္ယြီ)သည္ သူ႕အားရစ္ပတ္ကာ အိပ္ေပ်ာ္သြားတတ္သည္။

ထို႔ေနာက္သူသည္ လွိုင္းတံပိုးသံမ်ားကို ၾကားလိုက္ရၿပီး အလင္းေရာင္သည္ ေဝးကြာေသာေတာအုပ္မ်ားအတြင္းသို႔ တျဖည္းျဖည္းထိုးေဖာက္လာသည္။ ရႈက်င္ထ်န္းသည္ တစ္စုံတစ္ခုကို ေယာင္ဝါးဝါးမွန္းဆမိေသာ္လည္း ေရွ႕ကိုမေမွ်ာ္မွန္းနိုင္ခဲ့ေပ။

သူတို႔ ေတာတြင္းမွထြက္လာေသာအခါ ရႈက်င္ထ်န္း၏မ်က္လုံးမ်ားမွာ ရွင္းလင္းလာသည္။ သူ႕ေရွ႕တြင္ အျပာရင့္ေရာင္သမုဒၵရာတစ္ခုရွိၿပီး ၎သည္အလြန္က်ယ္ဝန္း၍ အဆုံးသတ္ကိုပင္ တစ္ခ်က္မွ်မျမင္နိုင္ေပ။ ကမ္းရိုးတန္းသည္ အျဖဴေရာင္ေတာက္ပေသာမိုးကုတ္စက္ဝိုင္းႏွင့္ အေဝးတစ္ေနရာသို႔ဆက္သြယ္ခဲ့သည္။ ေတာက္ပေသာေနေရာင္သည္ လွိုင္းတံပိုးမရွိေသာ ပင္လယ္မ်က္ႏွာျပင္ကို ထြန္းလင္းေစၿပီး အလင္းေရာင္မ်ားေၾကာင့္ ပိုမိုေတာက္ပေစခဲ့သည္။

ထို႔ေနာက္ အနီးအနားမွာ ပင္လယ္လွိုင္းေတြက ျပင္းျပင္းထန္ထန္ျမင့္တက္လာၿပီး ကမ္းေျခကိုတိုက္ခတ္သြားကာ လွိုင္းပုတ္သံေတြထြက္လာသည္။ သိပ္မၾကာခင္မွာ ခြဲခြာရမယ့္ခ်စ္သူေတြလိုပဲ ေနာက္ဆုတ္သြားျပန္သည္။

ပင္လယ္ႀကီးက အံ့ၾသစရာေကာင္းလိုက္တာ! တကယ့္ကို ေမွ်ာ္လင့္မထားမိဘူး!
ရႈက်င္ထ်န္းသည္ အလြန္အံ့ၾသသြားၿပီး အသက္ျပင္းျပင္းရႉရွိုက္လိုက္သည္။

ျပာလဲ့လဲ့ပင္လယ္ႀကီးသည္ ေလာင္ကြၽမ္းေနေသာေနေရာင္ေအာက္၌ ေတာက္ပေသာေရျပင္ကို စီးဆင္းေစခဲ့သည္။ စူးရွေတာက္ပေသာ အလင္းေရာင္ေၾကာင့္ သူေျဖာင့္ေျဖာင့္မၾကည့္နိုင္ခဲ့ေပ။ ရႈက်င္ထ်န္းသည္ သူ၏မ်က္လုံးမ်ားကိုအုပ္ရန္ လက္တစ္ဖက္ကိုသုံးကာ သူခ်စ္ေသာသမုဒၵရာကို ၾကာျမင့္စြာၾကည့္လိုက္သည္။

သူကေလးဘဝကတည္းက ပင္လယ္မွစိတ္ကူးယဥ္ဆန္ၿပီး ခမ္းနားထည္ဝါေသာခံစားမႈကိုေဖာ္ျပနိုင္ေသာ တမ္းတမႈတစ္ခုရွိခဲ့သည္။ နတ္သမီးပုံျပင္မ်ားစြာသည္ ၾကည္လင္ေသာပင္လယ္၌ျဖစ္ေပၚခဲ့ၿပီး သူသည္လည္း ၎ကိုကိုယ္တိုင္ကိုယ္က် ၾကည့္ခ်င္ခဲ့သည္။

သူအသက္နည္းနည္းႀကီးလာေသာအခါ သူ႕ဘာသာသူ ကမ္းေျခသို႔တစ္ခါလာဖူးသည္။ သူသည္အျမႇုပ္မ်ားႏွင့္အမွိုက္မ်ား သမုဒၵရာမ်က္ႏွာျပင္ေပၚတြင္ ေမ်ာပါေနသည္ကို ေတြ႕ခဲ့ရသည္။ ကမ္းေျခ၌စားနပ္ရိကၡာထုပ္မ်ားႏွင့္ လူသားမ်ားစြန႔္ပစ္ထားေသာအမွိုက္မ်ားလည္း ရွိခဲ့သည္။ ထိုအခ်ိန္မွစ၍ သူသည္ပင္လယ္သမုဒၵရာသို႔ ဘယ္ေတာ့မွမသြားေတာ့ေပ။

မေမွ်ာ္လင့္ဘဲေနာက္တစ္ႀကိမ္ သူပင္လယ္သမုဒၵရာကိုျမင္ေသာအခါ လွပလြန္းလာသည္။ ၎သည္သူ၏အတိတ္ကစိတ္ပ်က္မႈကိုေမွာက္လွန္ကာ ပင္လယ္ခ်စ္ျမတ္နိုးမႈကို ျပန္လည္ျဖစ္ေပၚေစခဲ့သည္။

"ႀကိဳက္လား?"
သူမသိလိုက္ခ်ိန္မွာပင္ ရႈဟန္ယြီသည္ လူသားအသြင္သို႔ေျပာင္းလဲလိုက္သည္။ ရႈက်င္ထ်န္းရဲ႕ေနာက္ေက်ာကေန ေပြ႕ဖက္ၿပီး သူ႕လက္ေတြကိုမသိမသာထိကာ ပြတ္သပ္ေနေလ၏။

ဒါကေႁမြရဲ႕ အေလ့အထပင္။ ရႈဟန္ယြီ၏လူသားပုံစံသည္ သူ၏ေႁမြပုံစံႏွင့္တူသည္။ အရာအားလုံးကို ရစ္ပတ္ေပြ႕ဖက္ရတာကို ႏွစ္သက္သည္။ အထူးသျဖင့္သူ႕မိန္းမပ်ိဳေလးကိုေပါ့...သူ႕ကိုျမင္ရရင္ အလိုလိုေပြ႕ဖက္မိလိမ့္မယ္။

ေနာက္ဆုံးတြင္ ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ေပြ႕ဖက္မႈကို ႐ုန္းထြက္လိုက္သည္။ ေႁမြႀကီးသည္သူ႕အားအခ်ိန္အၾကာႀကီး ေပြ႕ဖက္မထားခဲ့တဲ့အတြက္ အျခားသူ၏သူ႕(က်င္ထ်န္း)အတြက္ထူးဆန္းေသာ စိတ္စြဲလမ္းမႈအား အနည္းငယ္ေမ့ေလ်ာ့သြားေစသည္။

ရႈက်င္ထ်န္းက သူ႕ခႏၶာကိုယ္ကိုလိမ္ၿပီးပင္လယ္ကမ္းနားကို ပိုလမ္းေလွ်ာက္ခ်င္ဟန္ေဆာင္လိုက္တယ္။

"ငါ ႀကိဳက္တယ္။ ဒါကအရမ္းသန႔္ရွင္းၿပီး အရင္တုန္းက ငါျမင္ဖူးတဲ့ပင္လယ္နဲ႕ႏွိုင္းယွဥ္ရင္ ေန႕နဲ႕ညလိုပဲ မတူဘူး။

မင္းႀကိဳက္ရင္ ေကာင္းတာပဲ။ ေရဆင္းကူးၾကေအာင္ ဒီေနရာကအရမ္းက်ယ္လို႔ ကိုယ္တို႔လြတ္လြတ္လပ္လပ္ ေရကူးလို႔ရတယ္။

ရႈဟန္ယြီသည္ သမုဒၵရာ၌ေရကူးျခင္းကို အလြန္ႏွစ္သက္ၿပီး သူ၏တစ္ႏွစ္တာလုံးနီးပါးကို ဤေနရာတြင္သာ ကုန္ဆုံးေစခဲ့သည္။

ေတာင္ေပၚေတာ၌အမ်ိဳးသမီးကိုသူေတြ႕ေသာအခါသူသည္မၾကာေသးမီကပင္ကမ္းေျခမွျပန္လာခဲ့သည္။ အမ်ိဳးသမီးႏွင့္သူ၏ေတြ႕ဆုံမႈသည္ရွားပါးေသာကံၾကမၼာတစ္ခုလည္းျဖစ္သည္။

သူပင္လယ္မွျပန္လာၿပီးသိပ္မၾကာခင္ ေတာတြင္း၌မိန္းမပ်ိဳတစ္ဦးႏွင့္ ေတြ႕ဆုံခဲ့ရသည္။ ဒါဟာ သူႏွင့္မိန္းမပ်ိဳေလး၏ ရွားပါးဆန္းၾကယ္ေသာ ကံၾကမၼာတစ္ခုလည္းျဖစ္သည္။

"မွန္တယ္...ပူလြန္းလို႔ ငါေသေတာ့မယ္ထင္တယ္။ ေအးသြားေအာင္ လုပ္လိုက္ၾကစို႔"

ရႈက်င္ထ်န္းသည္ သူ၏ေဘာင္းဘီရွည္ကို အျမန္ခြၽတ္လိုက္ၿပီး သူ႕ဂ်ာကင္အကၤ်ီကိုလည္း လုံးဝမဝတ္ေပ။ ထို႔ေၾကာင့္သူသည္ အနက္ေရာင္အတြင္းခံ ေဘာင္းဘီတစ္ထည္သာခ်န္ထားၿပီး ပင္လယ္ထဲသို႔သာေျပးဝင္လိုက္သည္။

ပင္လယ္ေရသည္ ေနေရာင္ေၾကာင့္ပူႏြေးၿပီး ေရထဲသို႔ဆင္းေသာအခါ အလြန္မေအးပါ။ ၿပီးေတာ့ ေရထဲစိမ္ရတာ အရမ္းအဆင္ေျပတယ္လို႔ေတာင္ ခံစားရေသးတယ္။

ရႈဟန္ယြီသည္ မ်က္ႏွာေပၚတြင္ အၿပဳံးတစ္ခုႏွင့္ျပည့္ေနေသာ မိန္းမပ်ိဳေလးကိုေတြ႕ၿပီးေနာက္ ပင္လယ္ထဲသို႔ထိုးဆင္းလိုက္သည္။ သူသည္ မိန္းမပ်ိဳေလး၏ဝတ္စလစ္ခႏၶာကိုယ္ကို မေပြ႕ဖက္မီ မိန္းမပ်ိဳေလးအားလွည့္ပတ္ၿပီး အႀကိမ္ႀကိမ္ေရကူးခဲ့သည္။

ပင္လယ္ထဲတြင္သူ၏ခႏၶာကိုယ္အား ႐ုတ္တရက္ ေပြ႕ဖက္ခံလိုက္ရသည္ႏွင့္ ရႈက်င္ထ်န္းမွာ အလြန္ထိတ္လန႔္သြားခဲ့သည္။ သူလွည့္ၾကည့္လိုက္ေသာအခါ ရႈဟန္ယြီျဖစ္ေနခဲ့ေလ၏။

ေရထဲတြင္ ရႈဟန္ယြီသည္ အလြန္ႏူးညံ့သိမ္ေမြ႕ေသာအၿပဳံးေလးႏွင့္ သူ႕ကိုၾကည့္ေနေလ၏။

စီးဆင္းေနေသာေရကိုျဖတ္ကာ လွိုင္းထေနေသာေရမ်က္ႏွာျပင္မွတဆင့္ ရႈဟန္ယြီ၏ ႏူးညံ့သိမ္ေမြ႕ေသာမ်က္ႏွာသည္ လွိုင္းမ်ား၏လႊမ္းမိုးမႈေအာက္၌ တကယ္ကိုအေတာ္ေလးအထင္ႀကီးစရာပင္။ ရႈက်င္ထ်န္းသည္ ေရသူမပုံျပင္ကို မေတြးမိဘဲမေနနိုင္ေတာ့ေခ်။

ရႈဟန္ယြီသည္ အလြန္နိမ့္ေသာ ေရအတိမ္အနက္ကို အနည္းငယ္မေက်မနပ္ျဖစ္ခဲ့သည္။ သူသည္ မိန္းမပ်ိဳေလး၏ကိုယ္ကိုထိန္းကာ ပိုမိုနက္ရွိုင္းေသာဧရိယာဆီသို႔ကူးခတ္လိုက္သည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီအား ဦးေဆာင္ခြင့္ျပဳလိုက္သျဖင့္ သူ၏ကိုယ္ေပၚမွစီးဆင္းလာေသာ ေရစီးအားကိုခံစားလိုက္ရသည္။ ကမ္းစပ္မွရႈခင္းမ်ားသည္ ကမ္းေျခႏွင့္ေဝးလြန္းသည္ကို သူသတိျပဳမိမွသာ ႐ုတ္တရက္ရပ္တန့္လိုက္သည္။

"ျမန္ျမန္ရပ္! ငါတို႔အေဝးႀကီး ကူးလာခဲ့မိၿပီ။ အဲ့ဒါက အရမ္းအႏၱရာယ္မ်ားတယ္!"

ရႈက်င္ထ်န္းသည္ ေၾကာက္လန႔္ကာခုန္လိုက္ၿပီး ရႈဟန္ယြီ၏ အားအင္အျပည့္နဲ႕ခႏၶာကိုယ္ကို လက္တစ္ဖက္ကိုသုံး၍ အနည္းငယ္တြန္းလိုက္သည္။

ရႈဟန္ယြီက နာခံစြာရပ္ဖို႔ဆုံးျဖတ္လိုက္ၿပီး မိန္းမပ်ိဳေလးကို ေပြ႕ဖက္ထိေတြ႕လိုက္သည္။

ရႈက်င္ထ်န္းသည္ ပင္လယ္၏နက္ရွိုင္းေသာေဒသမ်ားတြင္ေနရန္ အနည္းငယ္ေၾကာက္႐ြံ႕ေနၿပီး အကူအညီမဲ့ကာ စိတ္ရႈပ္ေထြးေနေလ၏။

"နည္းနည္းျပန္သြားရေအာင္။ ဒီေနရာက အရမ္းနက္လြန္းတယ္"

သူတို႔လာခဲ့တဲ့ေနရာက ေသးငယ္ေနၿပီ။ မထင္မွတ္ဘဲ အလြန္ႀကီးမားေသာသစ္ပင္မ်ားသည္ တိုေတာင္းေသးငယ္လာၿပီး ကမ္းေျခပတ္၀န္းက်င္ကို စိမ္းလန္းေသာအလႊာတစ္ခုအျဖစ္ ေရာႏွောသြားသည္။ ရႈဟန္ယြီ၏ေခါင္းသည္ ေရထဲမွထြက္လာၿပီး သူ႕ပခုံးကိုပြတ္လိုက္သည္။

မဟုတ္ဘူး ပင္လယ္ကအရမ္းအဆင္ေျပတယ္။ ထ်န္းထ်န္းေၾကာက္ရင္ ကိုယ္မင္းကိုဖက္ထားမယ္"

ရႈဟန္ယြီသည္ ရႈက်င္ထ်န္း၏ စို႐ႊဲေနေသာဆံပင္မ်ားကိုတို႔ထိလိုက္ၿပီး သူ႕နဖူးကိုႏွိမ့္ကာ ရႈက်င္ထ်န္း၏နဖူးျဖင့္ နီးကပ္စြာထိထားလိုက္၏။

ရႈက်င္ထ်န္းသည္ ေရကူးနည္းကိုသိေသာ္လည္း က်ယ္ျပန႔္ၿပီးအႏၱရာယ္ရွိေသာပင္လယ္ကို အနည္းငယ္ေၾကာက္႐ြံ႕ေနဆဲျဖစ္သည္။ သူ႕တစ္ကိုယ္လုံးကို ေရမ်ားကဝန္းရံထားၿပီး အႏၱရာယ္တစ္ခုခု ေအာက္က႐ုတ္တရပ္ ေပၚလာမလားဆိုတာ ဘယ္သူသိမွာလဲ။

"မဟုတ္ဘူး...ငါျပန္ခ်င္တယ္"
ရႈက်င္ထ်န္းက ျပတ္ျပတ္သားသားႏွင့္ သူ႕ေလသံကို အနည္းငယ္ဖိေျပာလိုက္သည္။

ရႈဟန္ယြီ၏ မ်က္ခုံးမ်ားတြန႔္ေကြးသြားၿပီး မိန္းမပ်ိဳေလးအား အနည္းငယ္တင္းတင္းက်ပ္က်ပ္ ကိုင္ထားကာ မ်က္ႏွာကေအးစက္သြားေလ၏။

မျပန္နဲ႕

ရႈက်င္ထ်န္းမွာ အလြန္စိတ္မသက္မသာျဖစ္သြားၿပီး ရႈဟန္ယြီကိုတြန္းဖယ္ကာ ကမ္းစပ္ကိုကူးဖို႔လုပ္လိုက္သည္။

ရႈဟန္ယြီ၏မ်က္ႏွာသည္ လုံးဝမဲေမွာင္သြားၿပီး မိန္းမပ်ိဳေလး၏လက္ေမာင္းအား တင္းက်ပ္စြာဆုပ္ကိုင္ထားလိုက္သည္။

"ငါေျပာေနတယ္ မျပန္နဲ႕!"

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ေအးစက္ေသာအသံေၾကာင့္ အလြန္ထိတ္လန႔္သြားသည္။ သူသည္ေရနက္ကိုသာ အလြန္ေၾကာက္႐ြံ႕ေနၿပီး ရႈဟန္ယြီ၏ အႏၱရာယ္မ်ားသည့္တည္ရွိမႈကို ေမ့သြားခဲ့သည္။

သူ၏ခႏၶာကိုယ္သည္ ျပင္းထန္စြာဆြဲထုတ္ခံလိုက္ရသည္။ ရႈက်င္ထ်န္းေမာ့ၾကည့္လိုက္ေတာ့ ရႈဟန္ယြီ၏ မွိုင္းညို႔ေသာမ်က္ႏွာထားကို ျမင္လိုက္ရကာ အနည္းငယ္စိတ္မေကာင္းသလို ခံစားလိုက္ရသည္။ သူကအေျခအေနကို ကုစားဖို႔စကားေျပာမယ့္ဆဲဆဲတြင္ ႐ုတ္တရက္ေရထဲကိုဆြဲခ်ခံလိုက္ရသည္။

"ဝူး ~"

ရႈက်င္ထ်န္းသည္ ဖမ္းခ်ဳပ္ခံလိုက္ရၿပီး ေရထဲတြင္ ပူစီေဖာင္းေလးမ်ားကို ေထြးထုတ္ပစ္လိုက္သည္။

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးကိုေခၚ ၍ ေအာက္သို႔ေရကူးေစၿပီး သူ႕ကမၻာေလးဆီေခၚေဆာင္လာခဲ့သည္။ ပင္လယ္ၾကမ္းျပင္မွာ မိန္းမပ်ိဳေလးတစ္ခါမွမျမင္ဖူးတဲ့ လွပတဲ့ရႈခင္းေတြအမ်ားႀကီးရွိတာမို႔ သူေသခ်ာေပါက္ႀကိဳက္လိမ့္မယ္...

~~~~~~
20/09/21(7:40PM)

အားယြီစကားေျပာတဲ့ေနရာမွာ 'ကိုယ္' နဲ႕ 'ငါ'အသုံးအႏႈန္းကြဲသြားတာက သူ႕စိတ္နဲ႕လိုက္ၿပီး သုံးလိုက္တာပါ မွားေရးမိတာမဟုတ္ပါဘူးေနာ္

Continue Reading

You'll Also Like

891K 30.6K 109
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
467K 18.8K 124
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...
185K 4.4K 106
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
90.1K 7.8K 50
What if Arnav gets a chance to rectify all his mistakes? What if he gets a chance to avoid such situations? What if he gets to know Khushi is his wou...