ညနေပိုင်း self-studyချိန်ကစတော့မည်၊ ရင်းချဲယ်တစ်ယောက်ကတော့ ထိုင်ခုံဖော်လေးပြန်အလာကို စောင့်မျှော်နေရှာတယ်။
“ဘာလို့အဲ့လောက်ကြာနေတာလဲ? ဒဏ်ရာက အရမ်းဆိုးလို့လား?”
ကျန့်ယောင်ကတော့ လက်ထဲကအထုပ်ကိုခုံပေါ်တင်ရင်း :
“စစ်တာဆေးတာကတော့ မနက်ပိုင်းကတည်းက အစောကြီးပြီးသွားတာပဲ၊ ရတောင့်ရခဲအပြင်ထွက်ရတုန်းလေးမို့လို့လေ၊ မင်းအတွက်လည်း မုန့်ဝယ်လာတယ်”
ကိတ်မုန့်တွေ၊ နွားနို့တွေ၊ ကြက်ကြော်၊ မုန့်မျိုးစုံကို အိတ်ထဲကနေ တစ်မျိုးပြီးတစ်မျိုးထုတ်နေတာ ရင်းချဲယ် ကြည့်နေလိုက်တယ်။
“ငါညစာစားခဲ့ပြီးပြီ ဒါတွေမကုန်နိုင်ဘူး”
“ရတယ်၊ ညကျမှ မင်းမကုန်ရင် ငါစားပေးမယ်၊ ခုတော့ကိတ်မုန့်လေးတစ်ကိုက်လောက်အရင်မြည်းကြည့်”
ထိုစဥ် ကြက်ကြော်ရနံ့လေးကြောင့် ရောက်လာသည့် ကျန်းခဲ့ :
“မွှေးလိုက်တာ ဘယ်ကအနံ့....ဖာ့ခ် ယောင်ကော စာသင်ခန်းထဲလာပြီး ပျော်ပွဲစားထွက်နေတာလား?”
“အကုန် ငါ့ထိုင်ခုံဖော်လေးအတွက်ချည်း၊ မင်းဖို့တစ်ခုမှမပါဘူး”
ရင်းချဲယ်ကတော့ သူ့ကိုအဖက်လုပ်မနေပဲ ကြက်ပေါင်တစ်ချောင်းကမ်းပေးကာ :
“ရော့”
ကျန်းခဲ့မှာ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်သွားပြီး လက်နှစ်ဖက်ဆန့်တန်းကာ လက်ခံယူရှာတယ်။
“ကျေးဇူးတင်ပါတယ် ချဲယ်ကော!”
ကျန့်ယောင် : “ချဲယ်ချဲယ် ငါညစာမစားရသေးဘူး”
“....”
ကြက်ပေါင်ကိုင်ထားတဲ့ ရင်းချဲယ်လက်ကလေးဟာ လေထဲတွင်ပဲ ဦးတည်ရာပြောင်းသွားပြီး ကျန့်ယောင်ပါးစပ်နားကို တဖြည်းဖြည်းချင်းထိုးပေးတယ်။
“ရော့”
ကျန်းခဲ့ : “?”
ကျန့်ယောင်ပါးစပ်ဟပြီး အကြီးကြီးကိုက်ချလိုက်သည်။ အရသာလေးက လျှာထဲမှာသင်းပျံ့လျက်ပဲ။
“ဝါး အရသာရှိလိုက်တာ”
ကျန်းခဲ့ကတော့ မျက်ရည်လည်ရွဲနဲ့ ဆဲဆိုသွားလေရဲ့ ။
“လူမဆန်တဲ့ကောင်!’’
ကြက်ကြော်ရနံ့က သင်းပျံ့လွန်းတာမို့ တစ်ခန်းလုံးပင်ပျံ့နှံ့သွားသည်။ စားပြီးသည့်တိုင်အောင် အနံ့ကစွဲနေခဲ့တာမို့ တာဝန်ကျဆရာလည်းဝင်လာရော ချက်ချင်းပဲ သတိပြုမိသွားသည်။
“စာသင်ခန်းထဲလာပီး ဘယ်သူမုန့်စားနေတာလဲ?”
ရင်းချဲယ်က ခေါင်းလေးစောင်းလို့ ကိတ်မုန့်တွေကိုစာအုပ်ပုံနောက် ပို့လိုက်သည်၊ နှုတ်ခမ်းထောင့်တွင်တော့ ခရင်မ်တချို့ ပေကျံနေဆဲ။
“မင်းကိုဆူနေတာမဟုတ်ဘူးရယ်”
ကျန့်ယောင်က လက်တစ်ဖက်ထုတ်လာပြီး နှုတ်ခမ်းထောင့်က ခရင်မ်ကို အမြန်လှမ်းသုတ်ပေးသည်။ အဲ့ဒါကို သူ့နှုတ်ခမ်းထက်သူပြန်တင်ပြီးနောက် လျှာနဲ့လျက်ယူသည်။
ရင်းချဲယ်က အလန့်တကြားနဲ့ ကြည့်တယ်။
ကျန့်ယောင်ကတော့ ဘာမှမဖြစ်သလို အိမ်စာဆက်လုပ်တယ်။
သူနည်းနည်းတော့ အနေရခက်တယ်....ဒါပေမယ့် အရင်တစ်ခေါက် spring tripတုန်းက အကြောင်းတွေးမိပြန်တော့ သည်းခံဖို့ပဲ ရင်းချဲယ်ဆုံးဖြတ်လိုက်တော့တယ်။
ထိမိရုံလေးပါ၊ ရန်ဖြစ်နေစရာမှမလိုပဲ
...
ညနေပိုင်း self-studyနားချိန် Class 1အနောက်တံခါး၌ ကောင်မလေးတချို့ရုံးစိရုံးစိနဲ့ ဆူညံနေလေသည်။ ထိုထဲကတစ်ယောက်က အနောက်တန်းမှာရှိနေတဲ့ ဟန်မုန့်ကိုလှမ်းခေါ်သည်။
“ဌာနခေါင်းဆောင် ငါ့ဟာလေးကူညီပြီးသွားပြီလားဟင်?”
ဟန်မုန့်က သူ့ခုံစောင်းထဲက စာအိတ်တစ်အိတ်ကိုထုတ်ပြီး ထိုနေရာပြန်ရောက်လာတယ်။
“ငါက နင့်ခိုင်းဘက်မဟုတ်ဘူးလို့ ပြောပြီးပြီနော်၊ ကိုယ့်ဟာကိုယ်သွားပေး၊ စိတ်ပျက်စရာကောင်းလိုက်တာ”
ထိုမြင်ကွင်းကို ကျန့်ယောင်က မတော်တဆ လှမ်းမြင်မိတော့ ဝင်ပြောလာသည်။
“လောင်ဟန် ဘာလုပ်နေတာလဲ? ကောင်မလေးတွေက မင်းကိုရည်းစားစာပေးနေကြတာလား?”
သူစကားပြောသံကြားတာနဲ့ပဲ တံခါးအပြင်ကကောင်မလေးတွေက ရှက်သွေးဖြာလို့ “အား!” ဆိုပြီး ထွက်ပြေးသွားကြတော့တယ်။
ဟန်မုန့်က စိတ်ပျက်လက်ပျက်နဲ့ ရောက်လာပြီး စာအိတ်ကို သူ့ခုံပေါ်ပစ်ပေးသည်။
“ငါ့လိုလူက ဘယ်လိုရည်းစားစာမျိုး ရမှာမို့လို့လဲ? အကုန် မင်းဟာတွေချည်းပဲ၊ သူမက ငါ့ကိုနေ့တိုင်းနေ့တိုင်းပေးခိုင်းနေတာ၊ စိတ်ပျက်စရာကောင်းလိုက်တာဆိုတာ”
ကျန့်ယောင်က စာအိတ်ကိုကောက်ကိုင်ကြည့်ကာ :
“တစ်ခုတည်းလား?”
သူ့ခုံလေးအကန်ခံလိုက်ရတယ်၊ ဘေးကလူဆီက။
“ဘယ်နှစ်ခုများရချင်သေးလို့လဲ မင်းက?”
ဟန်မုန့် : “အမှန်ပဲ မင်းလူရှေ့မှာမို့....ချဲယ်ကောမျက်နှာနဲ့ ငါရှင်းပြလိုက်ပါ့မယ်၊ တခြားသူတွေအကုန် ငါငြင်းလွှတ်လိုက်တာပဲ ဒါမယ့် ဒီကောင်မလေးကတော့ တော်တော်ဇွဲကြီးတယ်၊ ငါလည်းမတတ်နိုင်ပဲ လက်ခံလိုက်ရတာပေါ့၊ အဲ့တာကိုတော့ မင်းကြိုက်သလိုလုပ်လိုက်တော့”
“ငါက ပြောပြတာပါ၊ ငါ့ကို crushနေတဲ့လူက တစ်ယောက်တည်းဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျန့်ယောင်က ရယ်ကာပြောသည်။
“ချဲယ်ချဲယ် အန္တရာယ်ကိုခံစားမိနေပြီမလား၊ ခုတော့ ငါ့ကိုပိုပြီးကောင်းကောင်းဆက်ဆံချင်နေပြီဟုတ်?”
ရင်းချဲယ်က မျက်လုံးတွေကျဥ်းမြောင်းကာ :
“ငါ့အထင်တော့ အန္တရာယ်ကို မခံစားမိတာ မင်းလားလို့”
*Bang!*
အနောက်တန်းကနေ အသံကျယ်ကြီးတစ်သံ ထွက်လာခဲ့သည်။
ချန်ရင်းရင်းက ခုံကိုပုတ်ကာ လှည့်ကြည့်လာသည်။
“ဘယ်သူလဲဟဲ့! လူတွေကိုအေးဆေးမနားရတော့ဘူးလား!”
ရင်းချဲယ်က ကျန့်ယောင်ကို ကျောင်းယူနီဖောင်းကနေ ဆွဲထားရင်း :
“ဆောရီး အတန်းမော်နီတာ၊ သူ့ကိုအပြင်ထုတ်သွားလိုက်မယ်”
“မဟုတ်တာ၊ စိတ်ထဲမထားပါနဲ့ ချဲယ်ကောစိတ်တိုင်းကျသာဆက်လုပ်ပါ....”
...
ဗုဒ္ဓဟူးနေ့၊ First Highရဲ့ ခုနှစ်နှစ်ပြည့်ဘတ်စကတ်ဘောပြိုင်ပွဲအတွက် လူပေးစာရင်းသွင်းမှုများစတင်လက်ခံလေပြီ။
ကောကျစ်ရှုန်း တစ်နှစ်တာလုံး ဒီနေ့ကိုပဲ စောင့်မျှော်နေခဲ့ရတာဖြစ်သည်။ ဒီနှစ်တော့ စံချိန်တင်ရစေ့မယ်ဆိုတာ လှုံ့ဆော်မှဖြစ်မည်။ သူ့မယ် နေ့လည်စာပင်သွားမစားနိုင်။ ထို့အစား ကျောက်သင်ပုန်းပေါ်မှာ စာလုံးကြီးတွေနဲ့ ရေးနေခဲ့သည်။
“ငါတို့ဟာ alphaတွေပဲ! သန်မာထကြွရမယ်!”
နေ့လည်စာစားပြီးလို့အခန်းထဲ အရင်ဆုံးပြန်ရောက်လာသူမှာ ထိုစာလုံးကိုမြင်ချိန် ဒူးခွေကျမတတ်ပင်ထိတ်လန့်သွားတယ်။ ထို့နောက် ‘ထကြွ’ဆိုတဲ့ စာလုံးကို အဆောတလျင် ဖျက်တော့တယ်။
ကောကျစ်ရှုန်းကတော့ ဒေါသပုန်ထသွားတာပေါ့။
“မင်းဘာလုပ်တာလဲ! အဲ့လောက်ရေးဖို့ကို ငါဘယ်လောက်ကြိုးစားထားရတယ်မှတ်လဲ!”
ကျန်းခဲ့ : “ကျန်းကျောင့်ကျူးသာ အဲ့ဒါမြင်သွားလို့ကတော့ ငါတို့အတန်း ပြိုင်ပွဲကနေအထုတ်ခံရလိမ့်မယ်၊ အဲ့ထက်စာရင်တော့ ဘာပဲဖြစ်ဖြစ် တော်ပါသေးတယ်”
အဆုံးမယ်တော့ စာလုံးကို ‘ခိုင်မြဲ’ ဟုသာပြောင်းလိုက်ကြတယ်။
မဆိုသလောက်လေး ကမောက်ကမဖြစ်နေသေးတယ်ဆိုသော်ငြား ‘ထကြွတယ်’ဆိုတဲ့ ဗြောင်ဗြောင်ဘွင်းဘွင်းကြီးထက်စာရင်တော့ တော်ပါသေးတယ်။
...
စာသင်ခန်းထဲကို ကျောင်းသားတွေအားလုံး ပြန်ရောက်ပြီဆိုမှ ကောကျစ်ရှုန်းတစ်ယောက် တစ်ညလုံးကြိုးစားပမ်းစား ရေးထားတဲ့စာရွက်ကို ထုတ်လိုက်တယ်၊ သူတို့တွေအာရုံစိုက်ဖို့အရေး ခပ်ကျယ်ကျယ်လေး ချောင်းဟန့်လိုက်ပြီးမှ အားတက်သရောစတင်ကြေညာတော့တယ်။
“အတန်းဖော်တို့ ခုဆိုရင်ဖြင့် နှစ်စဥ်ဘတ်စကတ်ဘောအားကစားပွဲချိန်ကို တစ်ဖန်ပြန်ရောက်ရှိခဲ့ပြီ! မနှစ်ကတော့ နှမြောတသစရာကောင်းစွာနဲ့ပဲ ဆယ်မှတ်တည်းနဲ့ ရှုံးနိမ့်ခဲ့ရတယ် ဒီနှစ်တော့....”
ထိုစကားကိုကြားပြီးချိန် ကျန့်ယောင်တစ်ယောက် စိတ်လိုလက်ရ ချီးကျူးပြောလိုက်တယ်။
“ဆယ်မှတ်နဲ့က နှမြောစရာကောင်းအောင် ရှုံးတာလား? အဲ့လိုမျိုးနဲ့ ဒုတိယနေရာဆိုတော့ မဆိုးသေးပါဘူး”
အိပ်ချင်နေတဲ့ ရင်းချဲယ်ကတော့ လက်တစ်ဖက်ပေါ်ခေါင်းအုံးထားရင်းမှ :
“ဒုတိယနေရာမဟုတ်ဘူး၊ မနှစ်က ငါတို့အတန်းက ပထမပွဲစဥ်မှာတင်ရှုံးသွားတာ၊ နောက်ဆုံးနေရာ”
“.....”
ကောကျစ်ရှုန်းဟာ သူ့ရဲ့စာလုံး၈၀၀ဟောပြောမှုအပြီးနောက် စင်မြင့်ထက်ကနေ မျှော်လင့်ချက်အပြည့်မျက်ဝန်းတွေနဲ့ လှမ်းကြည့်ရှာတယ်။
“အခု အားလုံး စတင်စာရင်းသွင်းလို့ရပြီနော်! လူနေရာက အကန့်အသတ်နဲ့မို့ အမြန်လာမှရမယ်! Alphaတွေကို အရင်ဦးစားပေးမယ်!”
Class 1တွင် alphaနှစ်ယောက်ရှိလေရဲ့၊ ရှိတဲ့နှစ်ယောက်မှာ တစ်ယောက်ကတော့ မှန်ကြည့်ရင်း lip balmဆိုးနေပြီး ကျန်တစ်ယောက်ကတော့ ထိုင်ခုံကိုရှေ့နောက်လှုပ်ရင်း ထိုင်ခုံဖော်နဲ့ ရယ်ရယ်မောမောစကားပြောနေလေရဲ့။
ချန်ရင်းရင်းက လက်ထောင်လာသည်။
“ငါပါမယ်”
ကောကျစ်ရှုန်းက စိတ်ပျက်စွာပြောသည်။
“အတန်းမော်နီတာ၊ ယောက်ျားလေးတွေပဲ စာရင်းသွင်းလို့ရတာလေ”
“အဓိပ္ပါယ်မရှိလိုက်တာ၊ ဒါကျားမခွဲခြားဆက်ဆံတာပဲ’’
ကောကျစ်ရှုန်းတစ်ယောက် ငိုသာငိုချလိုက်ချင်သည်၊ ဒါပေမယ့်လည်း မျက်ရည်ကထွက်မလာ။
“ငါလည်း မင်းကိုပါစေချင်တာပေါ့ ငါတို့အတန်းထဲက alphaတွေကိုလည်းကြည့်လိုက်ပါဦး....အိုင်း!အတန်းမော်နီတာ သူတို့ကိုကူသိမ်းသွင်းပေးပါဦး”
“ဒါက လွယ်ပါတယ်”
ချန်ရင်းရင်းက လှည့်ကာ :
“ဟန်မုန့် နင်စာရင်းသွင်းကိုသွင်းရမယ်၊ ‘ငါတို့က alphaတွေပဲ သန်မာရမယ်’ ဆိုတာ နင်မမြင်ဘူးလား? စာရင်းမသွင်းပဲနဲ့တော့ အပြင်းစား Aဆိုတဲ့ နာမည်နဲ့ဘယ်ထိုက်တန်ပါတော့မလဲ?”
ဟန်မုန့်က မှန်လေးကို ဖျတ်ခနဲပိတ်လိုက်ကာ : “ကောင်းပြီ၊ ငါ့လိုဆိုရင်တော့ ခွန်အားတွေထပ်ပြီးထုတ်ပြနေစရာလိုတယ်လို့ မထင်ပေမယ့်လည်း မင်းက တောင်းတောင်းပန်ပန်ဆိုနေမှတော့ စိတ်မပါပေမယ့်လည်း ဝင်လိုက်ပါ့မယ်လေ ဟုတ်ပြီလား?”
ကောကျစ်ရှုန်းမှာတော့ တစ်ကိုယ်လုံး ကြက်သီးတွေတဖြန်းဖြန်း :
“အတန်းမော်နီတာက ကြံရည်ဖန်ရည်ရှိလိုက်တာ၊ ဒါမယ့် ကျန့်ယောင်ကျတော့ရော? ငါတို့အခန်းက သူရှိမှကိုဖြစ်မှာ”
“ခနနေ”
ချန်ရင်းရင်းက နောက်ကိုပြန်လှည့်ကာ :
“ချဲယ်ကော!”
ကောကျစ်ရှုန်း သူမကို အမြန်တားယူရသည်။
“အတန်းမော်နီတာ!လူမှားနေပြီလေ!”
“ရပါတယ်”
ချန်ရင်းရင်းက ဆက်အော်သည်။
“ချဲယ်ကော! ဘတ်စကတ်ဘောအသင်းက လူလိုနေလို့ ကူပြီးလူဖြည့်ပေးလို့ရမလား? နိုင်နိုင်ရှုံးရှုံးကိစ္စမရှိဘူးရယ်၊ ဝင်မပြိုင်လိုက်ရဘူးဆိုရင်သာ ရှက်စရာကောင်းလို့ နော် ကျေးဇူးပြုပြီး!”
ရင်းချဲယ် မျက်ခုံးတွေ တွန့်ချိုးသွားတယ်။
ကောကျစ်ရှုန်းကတော့ ကြောက်လို့ ဖြူဖျော့နေပြီ။
“ငါတို့တော့ သွားပြီပဲ၊ သူစိတ်ဆိုးနေပြီ....”
“အင်းပါ ဟုတ်ပြီလေ”
“.....?”
ကျန့်ယောင် : “ဒါဆို ငါလည်းစာရင်းသွင်းမယ်”
ချန်ရင်းရင်း : “ကောင်းတယ် နင်တို့နှစ်ယောက်လုံးကို ချရေးလိုက်မယ်နော်”
စာရင်းထဲတွင် ကစားသမားသုံးဦးထပ်တိုးလာသည်၊ ထိုထဲက နှစ်ယောက်ကတော့ ကျောင်းရဲ့ ဒိတ်ဒိတ်ကြဲတွေ။
ချန်ရင်းရင်းက ဆိုသည်။
”ချဲယ်ကောက အမြင်မှာသာ ခက်ထန်နေတာ အတော်လေးပေါင်းရသင်းရလွယ်ပါတယ်၊ ကျန့်ယောင်ကတော့....ဟောင်ဖွာဟောင်ဖွာနဲ့ အမြဲ သူ့ထိုင်ခုံဖော်ကိုပဲ ကပ်နေတာ”
ကောကျစ်ရှုန်းမှာတော့ မျက်ရည်လည်ရွဲနဲ့ ကျေးဇူးတင်လို့မဆုံး။
“အတန်းမော်နီတာရေ သောက်ရမ်းမိုက်တယ်!”
ဒီလိုနဲ့အဆုံးမှာ Class 1ရဲ့အဖွဲ့ဝင်ငါးဦးက ကောကျစ်ရှုန်း၊ ဟန်မုန့်၊ ရင်းချဲယ်၊ ကျန့်ယောင်နဲ့ အမှန်တော့ လူမပြည့်လို့ ဖြည့်ဖို့သက်သက်သာထည့်လိုက်ရတဲ့ ကျိုးဟောက်လျန်။
အတိတ်ကအရှက်တွေသုတ်သင်ဖို့အရေး ဒီတစ်ကြိမ်မှာတော့ ကောကျစ်ရှုန်းက အသေချာအကွက်ချထားပြီး လေ့ကျင့်ချိန်ကိုလည်း ကာယချိန်တွင်သာမက နေ့လည်စာစားချိန် ကျောင်းဆင်းချိန်နဲ့ ညနေပိုင်း self-studyချိန်တွေမှာပါ လေ့ကျင့်ဖို့ အစီစဥ်ချထားလေတယ်။ သူတစ်ယောက်တည်း လေ့ကျင့်တာလည်းမဟုတ် အသင်းဝင်တွေကိုပါ ဆွဲဆွဲခေါ်သေးတာ။
ရာသီဥတုက ပိုပိုပူပြင်းလာတာမို့ နည်းနည်းလောက် ပြေးလိုက်ခုန်လိုက်လုပ်ရတာနဲ့တင် လူက ချွေးရွှဲရွှဲစိုလျက်သား။ တစ်ကိုယ်လုံးချွေးနံ့တွေနံနေတာကိုမုန်းတဲ့ ဟန်မုန့်ကတော့ ရေမွှေးကို အိမ်သာသန့်စင်ဆေးကျလို့ မနားတမ်းဖျန်းနေတော့တယ်။ သူကတော့ အဆင်ပြေတာပေါ့၊ ဘေးလူတွေကတော့ အဲ့အနံ့ကိုမခံနိုင်ကြ။ နှာခေါင်းအုပ်လို့ ခပ်ဝေးဝေးသာနေကြတယ်၊ အနီးနားကပ်မိတိုင်း အသက်ရှူကျပ်လွန်းလို့။
ကောကျစ်ရှုန်း : “ဖာ့ခ် ဘယ့်နှယ်တောင်ဇီဝဓာတုလက်နက်မျိုးလဲ.....”
ကျိုးဟောက်လျန် : “ငါ့အထင်တော့...*အဟွတ်အဟွတ်!* ဗျူဟာကောင်းပါပဲ! ပြိုင်ပွဲကျမှ ရေမွှေးတွေဆွတ်လာလိုက်၊ သူ့ဆီက ဘယ်သူမှ ဘောလုံးလုမှာမဟုတ်ဘူး”
လေ့ကျင့်ရေးတစ်ပတ်တာလုံးလုံး ကုန်သွားတဲ့နောက် ဘတ်စကတ်ဘောကစားတာ သိပ်ပြီးတိုးတက်မလာပေမယ့်လို့ ရေမွှေးနံ့ကိုတောင့်ခံနိုင်စွမ်းကတော့ တိုးတက်လာခဲ့တယ်။
ပိတ်ရက်တွေမှာလည်း ကောကျစ်ရှုန်းဟာ အသင်းဝင်တွေဆီကို private messageတွေ တစ်ဦးချင်းသီးသန့်ပို့တတ်ပါသေးတယ်။
[အိမ်မှာလေ့ကျင့်ဖို့မမေ့နဲ့နော်!!!]
ရင်းချဲယ် [အင်း]လို့ ပြန်ပို့ပြီး ဖုန်းကိုချကာ မနက်စာဆက်စားတယ်။
ချောင်ဝမ့်ယွင်က စိုးရိမ်စိတ်နဲ့မေးလာတယ်။
“သူငယ်ချင်းဆီကလား?”
“အင်း၊ ခနနေကျ ဘတ်စကတ်ဘောသွားကစားမလို့”
သူနည်းနည်းတော့ မုသားလေးသုံးလိုက်ပါတယ်၊ ဘတ်စကတ်ဘောကစားဖို့ တစ်စုံတစ်ယောက်နဲ့ ချိန်းထားတာမှန်ပေမယ့် ထိုသူက ကောကျစ်ရှုန်းတော့ မဟုတ်ပေ။
“လိုက်ပို့ပေးဖို့ ဒရိုက်ဘာကိုပြောလိုက်ရမလား?”
“တော်ပြီ ရတယ်”
ထမင်းစားပွဲက သိပ်ပြီး သဟဇာတမဖြစ်လှဘူးထင်တာကြောင့် ချောင်ယွမ့်ဝင်က မေးသည်။
“ရှောင်ဇယ် သားကောနဲ့အတူသွားချင်လား? သားလည်း ဘတ်စကတ်ဘောကစားရတာ သဘောကျတယ်မလား?”
ထင်မှတ်မထားစွာ ရင်းဇယ်က သူမကိုမော့ကြည့်လာကာ :
“ဒီနေ့တော့ ကစားချင်စိတ်မရှိဘူး”
မျှော်လင့်ထားသလို ‘‘သူနဲ့များ ဘယ်သူကသွားချင်မှာလဲ”ဆိုတဲ့ အဖြေမျိုးမဟုတ်ပေ။
...
“အခုတလော ငါ့တိက ထူးဆန်းနေတယ်”
ကျန့်ယောင်နဲ့တွေ့ချိန် ဘာရယ်မဟုတ် ရင်းချဲယ် ထိုအကြောင်းပြောမိတယ်။
“ဒီတစ်ပတ်ငါအိမ်ပြန်လာတာကိုလည်း သူဘာမှမပြောဘူး”
‘‘သူ့ကိုပစ်သာထားလိုက်၊ အခုမင်းကောင်လေးနဲ့အတူရှိနေတယ်လေ တခြားကောင်တွေအကြောင်းမတွေးရဘူး”
အရင်တစ်ခေါက်ကလိုပဲ ကျန့်ယောင်က ခပ်မိုက်မိုက် ခပ်လန်းလန်း bad boy typeလေးပေါ့။ ဆိုင်ကယ်ကိုတော့ လမ်းတစ်ဘက်မှာရပ်ထားပြီး တက်ခွချိန်မှာ ခြေတံရှည်တွေက တစ်ဖက်တစ်ချက်နေရာယူလို့။ ဘေးက ဖြတ်သွားသူတိုင်းကတော့ သူ့ကိုသာလှည့်လှည့်ကြည့်သွားကြလေတယ်။
ချောလည်းချောတယ် မိုက်လည်းမိုက်တယ်
“မင်းတက်နိုင်လား? ဒါမှမဟုတ် ပွေ့ချီစေချင်လား?”
ရင်းချဲယ်က ခြေထောက်ကိုမြှောက်ကာ ခွလိုက်ပြီးမှ ထိုင်ချလိုက်သည်၊ နောက်မျက်ခုံးတစ်ဖက်ပင့်ကာ :
“ဘာပြောလိုက်တာ?”
ကျန့်ယောင်က ရယ်ပြီး :
“helmetဆောင်းပြီး သေချာကိုင်ထားနော်၊ ကော မင်းကို လေရဲ့အရသာခံစားစေမယ်”
တကယ်ကို လေလိုခံစားရတယ်၊ မြန်လွန်းတာကြောင့် ကောင်းကင်ကိုဆန်တက်တော့မလိုပဲ။ ရင်းချဲယ်ဖြင့်ပြုတ်ကျမလားလို့တောင် ခနခနတွေးမိတယ်။
သို့ပေမယ့် အရှေ့ကလူရဲ့ခါးကိုဖက်ထားရခြင်းကြောင့် သူထပ်မတွေးမိတော့ပါ။
ဘေးမှာ ကျန့်ယောင်ရှိနေသရွေ့ သူထွက်သွားနိုင်မှာမဟုတ်ဘူး
နာရီဝက်အကြာ လေအလျင်နဲ့မောင်းနှင်လာပြီးနောက်တော့ Dong Chengကိုရောက်လာတယ်။ ကျန့်ယောင်က သူ့ကိုသွားနေကျ ဘတ်စကတ်ဘောကွင်းဆီခေါ်သွားတယ်။ ကျောက်ချန်တဲ့တခြားသူတွေလည်း အဲ့ဒီမှာ ရှိနေကြတယ်။
သူတို့က ၀မ်ရှောင်ရို့ကို ချိုချဥ်တစ်လုံးနဲ့ စနောက်နေကြလေရဲ့။
“ရှောင်ရို့ meimei၊ ‘ကောကော’လို့ခေါ်နော် အဲ့လိုဆို မုန့်ကျွေးမယ် ဟုတ်ပြီလား?”
ခပ်ထွားထွားသန်သန်မာမာ alphaတစ်စုက omegaကောင်မလေးငယ်ငယ်လေးတစ်ယောက်နားမှာ ဝိုင်းနေကြပြီး ထူးဆန်းစွာရယ်မောနေကြလေတယ်။ ဖြတ်သွားသူတိုင်းကတော့ ဒီမြင်ကွင်းမြင်ရင် ရဲတိုင်ချင်နေတော့မှာ အသေအချာ။
ဝမ်ရှောင်ရို့က ဆူပုပ်ပုပ်နှင့် :
“ကိုလာအရသာစားချင်တာ”
ကျောက်ချန် : “meimeiက ကိုလာအရသာစားချင်တာလား? စားစား!”
“ငါသွားမယ် ငါသွားမယ်!”
“မင်းသွားမှာလား ငါသွားမှာ!”
ဆိုင်ကယ်သံကြားတော့ ဝမ်ရှောင်ရို့ကလှည့်ကာ သူ့အကိုရောက်အလာကိုကြည့်တယ်။ ချိုချဥ်အကြောင်းတွေအားလုံး ခေါင်းထဲကထုတ်ပစ်ကာ :
“ကောကော! ကောကောပြန်လာပြီ!”
ကျန့်ယောင်က ဆိုင်ကယ်ကိုရပ်လိုက်ကာ helmetကိုချွတ်သည်။
‘‘အွန်ဟွန်း၊ တခြားကောကောတစ်ယောက်လည်းခေါ်လာသေးတယ်”
ရင်းချဲယ် helmetချွတ်လိုက်တော့ ဝမ်ရှောင်ရို့ကချက်ချင်းထအော်သည်။
“အိုး! ရင်းကောကော!”
ရင်းချဲယ် လက်ပြလိုက်ပြီး :
“ဟဲလို”
ကျောက်ချန်တစ်ယောက် စိတ်လေသွားသည်။
“meimei, ဒီကောကောကျ ဒီကိုနေ့တိုင်းလာပြီးမျက်နှာလုပ်နေတာတောင် ‘ကောကော’လို့မခေါ်သေးဘူးလား?”
ဝမ်ရှောင်ရို့ : “ရင်းကောကောက သမီးကောကောလောက် ချောတယ်လေ”
“....ငါနားလည်ပါပြီ၊ ငါကမထိုက်တန်ပါဘူး”
ရင်းချဲယ်ကတော့ ထိုalphaအဖေကြီးတွေအုပ်စုလို ကလေးလေးနဲ့ စနောက်တာတွေလုပ်မနေ။ သူ့ကုတ်အင်္ကျီကိုချွတ်လိုက်တာ :
“စတော့မလား?”
စိန်ခေါ်နေသလို။
ကျန့်ယောင် : “မစိုးရိမ်ပါနဲ့၊ ငါ့ meimeiနဲ့စကားခနပြောလိုက်ဦး၊ သူက မင်းကိုသဘောကျနေတာ”
“ငါကလေးတွေနဲ့စကားမပြောတတ်ဘူး”
“ဒါဖြင့် သင်လေ”
“ဘာလို့သင်ရမှာလဲ?”
“နောက်ကျ အသုံးချလို့ရအောင်လို့ပေါ့”
ကျန့်ယောင်က ပြုံးပြီး တိုးတိုးလေးပြောသည်။
“မင်းရောဂါကုပြီးသွားလို့ရှိရင် နောက်ကျရင် ငါတို့.....
ဘယ်လိုပဲဖြစ်ဖြစ်ပါ နောင်ကျ ရှိလာမှာပဲ”
ရင်းချဲယ် အံ့သြသွားသည်။
ကျန့်ယောင်ကလေးချစ်တာကို သူသိပေမယ့်လို့ ဒီလိုကိစ္စမျိုးကို သူ့ဘက်ကစပြီး ထုတ်ပြောလာလိမ့်မယ်လို့တော့ ထင်မထားတာ။
“အထက်တန်းပဲ ရှိသေးတာကို ဘာတွေတွေးနေတာလဲ?”
သူ့ကို warningပေးထားဖို့တော့ လိုပြီလို့ထင်တယ်။
“မနေ့က ဆရာဝန်ကပြောတယ် ဘာရလဒ်မှရှိမလာသေးဘူးတဲ့၊ ကုသမှုက အလုပ်မဖြစ်လောက်ဘူး”
“အာ...ထားပါ အလုပ်မဖြစ်တော့လည်း မဖြစ်ဘူးပေါ့”
ကျန့်ယောင်မျက်ဝန်းထဲတွင် စိတ်ပျက်မှုအရိပ်ယောင်များဖြတ်ပြေးသွားသည်။
“ငါကုလို့မရရင်ရော မင်းစိတ်ထဲထားမှာလား?”
“သေချာပေါက် ဘယ်ထားပါ့မလဲ၊ အရင်ကတည်းက ငါပြောထားပြီးသားလေ”
ကျန့်ယောင်က သူ့ပခုံးပေါ်လက်တ်ဖက်တင်ကာ :
“သွားကြစို့ ဘတ်စကတ်ဘောကစားကြမယ်၊ ငါတို့နှစ်ယောက် တစ်သင်းတည်းအတူတူနေရမှာ”
အမူအရာရတော့ ကျန့်ယောင် တကယ်ဂရုမထားဟန်ပေမယ့် စောစောလေးက မျက်ဝန်းတွေထဲဖြတ်ပြေးသွားတဲ့ စိတ်ပျက်မှုဟာလည်း အတုအယောင်တော့ ဟုတ်ဟန်မတူ။
နွေရာသီဘက်ကိုဦးစွန်းလာပြီဖြစ်တဲ့ အပူချိန်။ အချိန်တစ်ဝက်လောက်မှာပဲ အားလုံးလည်း ချွေးသံသရဲရဲနဲ့မို့ ကွင်းဘေးက ခုံတန်းတွေဆီသွားပြီး ရေသောက်ရတယ်။
ရင်းနှီးဟန်မရတဲ့ ဖြတ်သွားဖြတ်လာကျောင်းသားများစွာက ဝိုင်ယာစည်းရိုးအပြင်မှာ စုပြုံနေကြပြီး ကျန့်ယောင်လျှောက်လာတာလည်း မြင်ရော သူတို့မျက်ဝန်းထဲမှာ အသဲပုံလေးတွေနဲ့ပြည့်သွားတယ်။
ကျန့်ယောင်က သူတို့ကိုပြုံးပြလိုက်တော့ စီစီညံညံအော်သံလှိုင်းကြီးထွက်ပေါ်လာလေရဲ့။
ရုတ်တရက် ကျန့်ယောင် လက်ထဲမှ အဖုံးဖွင့်ထားတဲ့ ရေဘူးလေးက လုယူခံလိုက်ရတယ်။
ကျန့်ယောင် လန့်သွားပြီး လှည့်ကြည့်တော့ ရေနှစ်ငုံကို အကြမ်းပတမ်း သောက်ချနေတဲ့ ရင်းချဲယ်။ ပါးစပ်ကနေလျှံကျလာတဲ့ရေစက်တစ်ချို့ဟာ လည်တိုင်ဖွေးဖွေးကနေတစ်ဆင့် ရှပ်အင်္ကျီထဲသို့ စီးဝင်သွားတယ်။
ရင်ဘတ်က အင်္ကျီနေရာလေးက စိုစွတ်ပီးဖောက်ထွင်းသွားချိန် အောက်က ဖွေးဥနေတဲ့အသားရေဟာပေါ်လာတယ်။
ရေသောက်ပြီးနောက် ရင်းချဲယ်က စည်းတန်းအပြင်ကလူတွေဆီကို ခပ်စူးစူးစိုက်ကြည့်တယ်။
ထိုလူတွေကလည်း ပါးနပ်တယ်ဆိုရမယ်၊ ချက်ချင်းကိုလူကွဲသွားကြတော့တာပဲ။
ကျန့်ယောင်ကတော့ ရယ်ရင်း :
“ပိုင်ဆိုင်ကြောင်း လာကြေညာနေတာလား?”
ရင်းချဲယ်က နှုတ်ခမ်းထောင့်က ရေတွေကိုလက်နဲ့သုတ်ရင်း :
“အဲ့လိုမလုပ်လို့ မင်းမြူဆွယ်နေတာကို လက်ပိုက်ကြည့်နေရမှာလား?”
“မဟုတ်ပါဘူး ငါကယဥ်ယဥ်ကျေးကျေး ပြုံးပြလိုက်ရုံလေးကို၊ ခုတောင် ဒီလောက်သဝန်တိုနေရင် နောက်ကျ ဘယ်လိုများနေမလဲနော်....”
“တစ်ရက်ဆိုတစ်ရက်ဆို၊ တစ်ရက်ရရင် တစ်ရက်ချစ်မယ်လို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား?”
ရင်းချဲယ်က ရေဘူးကိုသူ့ဆီပစ်ပေးကာ :
“ငါ့ရောဂါကို စိတ်ထဲမထားဘူးလို့လည်း မင်းပဲပြောခဲ့ပြီးတော့”
“ငါတကယ်စိတ်ထဲမထားပါဘူး”
“ချီးကိုမထားတာလား၊ တကယ်ထားတာကြီးကို”
ကျန့်ယောင် ရှင်းပြမလို့ပဲရှိသေး ရင်းချဲယ်က ခြေထောက်တစ်ဖက်ထုတ်ပြီး ကန်လာတယ်။
“ငါမကုဘူးလို့လည်း မပြောပါဘူး”
သူ့အား မကျေနပ်သလို အချက်ပေါင်းများစွာကန်တယ်။
“ငါဆေးကုလို့ရသွားမှ”
ခနရပ်သွားပြီးမှ အံကြိတ်ရင်း :
“...ဆေးကုလို့ရသွားမှ မင်းလိုချင်သလောက်ပြော ဟုတ်ပြီလား?”
______
E tran/n : ယုန်တွေက ကလေးအများကြီးမွေးတဲ့နေရာမှာ နာမည်ကြီးတယ်ဆိုလား
T/n : ထုထုတို့များ ကလေးမချစ်ဘူးလည်းပြောသေး၊ လိုချင်သလောက်ပြောတဲ့ 🤭
_____
[Zawgyi]
ညေနပိုင္း self-studyခ်ိန္ကစေတာ့မည္၊ ရင္းခ်ဲယ္တစ္ေယာက္ကေတာ့ ထိုင္ခုံေဖာ္ေလးျပန္အလာကို ေစာင့္ေမၽွာ္ေနရွာတယ္။
“ဘာလို႔အဲ့ေလာက္ၾကာေနတာလဲ? ဒဏ္ရာက အရမ္းဆိုးလို႔လား?”
က်န႔္ေယာင္ကေတာ့ လက္ထဲကအထုပ္ကိုခုံေပၚတင္ရင္း :
“စစ္တာေဆးတာကေတာ့ မနက္ပိုင္းကတည္းက အေစာႀကီးၿပီးသြားတာပဲ၊ ရေတာင့္ရခဲအျပင္ထြက္ရတုန္းေလးမို႔လို႔ေလ၊ မင္းအတြက္လည္း မုန႔္ဝယ္လာတယ္”
ကိတ္မုန႔္ေတြ၊ ႏြားနို႔ေတြ၊ ၾကက္ေၾကာ္၊ မုန႔္မ်ိဳးစုံကို အိတ္ထဲကေန တစ္မ်ိဳးၿပီးတစ္မ်ိဳးထုတ္ေနတာ ရင္းခ်ဲယ္ ၾကည့္ေနလိုက္တယ္။
“ငါညစာစားခဲ့ၿပီးၿပီ ဒါေတြမကုန္နိုင္ဘူး”
“ရတယ္၊ ညက်မွ မင္းမကုန္ရင္ ငါစားေပးမယ္၊ ခုေတာ့ကိတ္မုန႔္ေလးတစ္ကိုက္ေလာက္အရင္ျမည္းၾကည့္”
ထိုစဥ္ ၾကက္ေၾကာ္ရနံ့ေလးေၾကာင့္ ေရာက္လာသည့္ က်န္းခဲ့ :
“ေမႊးလိုက္တာ ဘယ္ကအနံ့....ဖာ့ခ္ ေယာင္ေကာ စာသင္ခန္းထဲလာၿပီး ေပ်ာ္ပြဲစားထြက္ေနတာလား?”
“အကုန္ ငါ့ထိုင္ခုံေဖာ္ေလးအတြက္ခ်ည္း၊ မင္းဖို႔တစ္ခုမွမပါဘူး”
ရင္းခ်ဲယ္ကေတာ့ သူ႔ကိုအဖက္လုပ္မေနပဲ ၾကက္ေပါင္တစ္ေခ်ာင္းကမ္းေပးကာ :
“ေရာ့”
က်န္းခဲ့မွာ လွိုက္လွိုက္လွဲလွဲကို ေက်းဇူးတင္သြားၿပီး လက္ႏွစ္ဖက္ဆန႔္တန္းကာ လက္ခံယူရွာတယ္။
“ေက်းဇူးတင္ပါတယ္ ခ်ဲယ္ေကာ!”
က်န႔္ေယာင္ : “ခ်ဲယ္ခ်ဲယ္ ငါညစာမစားရေသးဘူး”
“....”
ၾကက္ေပါင္ကိုင္ထားတဲ့ ရင္းခ်ဲယ္လက္ကေလးဟာ ေလထဲတြင္ပဲ ဦးတည္ရာေျပာင္းသြားၿပီး က်န႔္ေယာင္ပါးစပ္နားကို တျဖည္းျဖည္းခ်င္းထိုးေပးတယ္။
“ေရာ့”
က်န္းခဲ့ : “?”
က်န႔္ေယာင္ပါးစပ္ဟၿပီး အႀကီးႀကီးကိုက္ခ်လိုက္သည္။ အရသာေလးက လၽွာထဲမွာသင္းပ်ံ႕လ်က္ပဲ။
“ဝါး အရသာရွိလိုက္တာ”
က်န္းခဲ့ကေတာ့ မ်က္ရည္လည္ရြဲနဲ႔ ဆဲဆိုသြားေလရဲ့ ။
“လူမဆန္တဲ့ေကာင္!’’
ၾကက္ေၾကာ္ရနံ့က သင္းပ်ံ႕လြန္းတာမို႔ တစ္ခန္းလုံးပင္ပ်ံ႕ႏွံ့သြားသည္။ စားၿပီးသည့္တိုင္ေအာင္ အနံ့ကစြဲေနခဲ့တာမို႔ တာဝန္က်ဆရာလည္းဝင္လာေရာ ခ်က္ခ်င္းပဲ သတိျပဳမိသြားသည္။
“စာသင္ခန္းထဲလာပီး ဘယ္သူမုန႔္စားေနတာလဲ?”
ရင္းခ်ဲယ္က ေခါင္းေလးေစာင္းလို႔ ကိတ္မုန႔္ေတြကိုစာအုပ္ပုံေနာက္ ပို႔လိုက္သည္၊ ႏွုတ္ခမ္းေထာင့္တြင္ေတာ့ ခရင္မ္တခ်ိဳ႕ ေပက်ံေနဆဲ။
“မင္းကိုဆူေနတာမဟုတ္ဘူးရယ္”
က်န႔္ေယာင္က လက္တစ္ဖက္ထုတ္လာၿပီး ႏွုတ္ခမ္းေထာင့္က ခရင္မ္ကို အျမန္လွမ္းသုတ္ေပးသည္။ အဲ့ဒါကို သူ႔ႏွုတ္ခမ္းထက္သူျပန္တင္ၿပီးေနာက္ လၽွာနဲ႔လ်က္ယူသည္။
ရင္းခ်ဲယ္က အလန႔္တၾကားနဲ႔ ၾကည့္တယ္။
က်န႔္ေယာင္ကေတာ့ ဘာမွမျဖစ္သလို အိမ္စာဆက္လုပ္တယ္။
သူနည္းနည္းေတာ့ အေနရခက္တယ္....ဒါေပမယ့္ အရင္တစ္ေခါက္ spring tripတုန္းက အေၾကာင္းေတြးမိျပန္ေတာ့ သည္းခံဖို႔ပဲ ရင္းခ်ဲယ္ဆုံးျဖတ္လိုက္ေတာ့တယ္။
ထိမိ႐ုံေလးပါ၊ ရန္ျဖစ္ေနစရာမွမလိုပဲ
...
ညေနပိုင္း self-studyနားခ်ိန္ Class 1အေနာက္တံခါး၌ ေကာင္မေလးတခ်ိဳ႕႐ုံးစိ႐ုံးစိနဲ႔ ဆူညံေနေလသည္။ ထိုထဲကတစ္ေယာက္က အေနာက္တန္းမွာရွိေနတဲ့ ဟန္မုန႔္ကိုလွမ္းေခၚသည္။
“ဌာနေခါင္းေဆာင္ ငါ့ဟာေလးကူညီၿပီးသြားၿပီလားဟင္?”
ဟန္မုန႔္က သူ႔ခုံေစာင္းထဲက စာအိတ္တစ္အိတ္ကိုထုတ္ၿပီး ထိုေနရာျပန္ေရာက္လာတယ္။
“ငါက နင့္ခိုင္းဘက္မဟုတ္ဘူးလို႔ ေျပာၿပီးၿပီေနာ္၊ ကိုယ့္ဟာကိုယ္သြားေပး၊ စိတ္ပ်က္စရာေကာင္းလိုက္တာ”
ထိုျမင္ကြင္းကို က်န႔္ေယာင္က မေတာ္တဆ လွမ္းျမင္မိေတာ့ ဝင္ေျပာလာသည္။
“ေလာင္ဟန္ ဘာလုပ္ေနတာလဲ? ေကာင္မေလးေတြက မင္းကိုရည္းစားစာေပးေနၾကတာလား?”
သူစကားေျပာသံၾကားတာနဲ႔ပဲ တံခါးအျပင္ကေကာင္မေလးေတြက ရွက္ေသြးျဖာလို႔ “အား!” ဆိုၿပီး ထြက္ေျပးသြားၾကေတာ့တယ္။
ဟန္မုန႔္က စိတ္ပ်က္လက္ပ်က္နဲ႔ ေရာက္လာၿပီး စာအိတ္ကို သူ႔ခုံေပၚပစ္ေပးသည္။
“ငါ့လိုလူက ဘယ္လိုရည္းစားစာမ်ိဳး ရမွာမို႔လို႔လဲ? အကုန္ မင္းဟာေတြခ်ည္းပဲ၊ သူမက ငါ့ကိုေန႔တိုင္းေန႔တိုင္းေပးခိုင္းေနတာ၊ စိတ္ပ်က္စရာေကာင္းလိုက္တာဆိုတာ”
က်န႔္ေယာင္က စာအိတ္ကိုေကာက္ကိုင္ၾကည့္ကာ :
“တစ္ခုတည္းလား?”
သူ႔ခုံေလးအကန္ခံလိုက္ရတယ္၊ ေဘးကလူဆီက။
“ဘယ္ႏွစ္ခုမ်ားရခ်င္ေသးလို႔လဲ မင္းက?”
ဟန္မုန႔္ : “အမွန္ပဲ မင္းလူေရွ႕မွာမို႔....ခ်ဲယ္ေကာမ်က္ႏွာနဲ႔ ငါရွင္းျပလိုက္ပါ့မယ္၊ တျခားသူေတြအကုန္ ငါျငင္းလႊတ္လိုက္တာပဲ ဒါမယ့္ ဒီေကာင္မေလးကေတာ့ ေတာ္ေတာ္ဇြဲႀကီးတယ္၊ ငါလည္းမတတ္နိုင္ပဲ လက္ခံလိုက္ရတာေပါ့၊ အဲ့တာကိုေတာ့ မင္းႀကိဳက္သလိုလုပ္လိုက္ေတာ့”
“ငါက ေျပာျပတာပါ၊ ငါ့ကို crushေနတဲ့လူက တစ္ေယာက္တည္းဆိုတာ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ”
က်န႔္ေယာင္က ရယ္ကာေျပာသည္။
“ခ်ဲယ္ခ်ဲယ္ အႏၲရာယ္ကိုခံစားမိေနၿပီမလား၊ ခုေတာ့ ငါ့ကိုပိုၿပီးေကာင္းေကာင္းဆက္ဆံခ်င္ေနၿပီဟုတ္?”
ရင္းခ်ဲယ္က မ်က္လုံးေတြက်ဥ္းေျမာင္းကာ :
“ငါ့အထင္ေတာ့ အႏၲရာယ္ကို မခံစားမိတာ မင္းလားလို႔”
*Bang!*
အေနာက္တန္းကေန အသံက်ယ္ႀကီးတစ္သံ ထြက္လာခဲ့သည္။
ခ်န္ရင္းရင္းက ခုံကိုပုတ္ကာ လွည့္ၾကည့္လာသည္။
“ဘယ္သူလဲဟဲ့! လူေတြကိုေအးေဆးမနားရေတာ့ဘူးလား!”
ရင္းခ်ဲယ္က က်န႔္ေယာင္ကို ေက်ာင္းယူနီေဖာင္းကေန ဆြဲထားရင္း :
“ေဆာရီး အတန္းေမာ္နီတာ၊ သူ႔ကိုအျပင္ထုတ္သြားလိုက္မယ္”
“မဟုတ္တာ၊ စိတ္ထဲမထားပါနဲ႔ ခ်ဲယ္ေကာစိတ္တိုင္းက်သာဆက္လုပ္ပါ....”
...
ဗုဒၶဟူးေန႔၊ First Highရဲ့ ခုႏွစ္ႏွစ္ျပည့္ဘတ္စကတ္ေဘာၿပိဳင္ပြဲအတြက္ လူေပးစာရင္းသြင္းမွုမ်ားစတင္လက္ခံေလၿပီ။
ေကာက်စ္ရွုန္း တစ္ႏွစ္တာလုံး ဒီေန႔ကိုပဲ ေစာင့္ေမၽွာ္ေနခဲ့ရတာျဖစ္သည္။ ဒီႏွစ္ေတာ့ စံခ်ိန္တင္ရေစ့မယ္ဆိုတာ လွုံ႔ေဆာ္မွျဖစ္မည္။ သူ႔မယ္ ေန႔လည္စာပင္သြားမစားနိုင္။ ထို႔အစား ေက်ာက္သင္ပုန္းေပၚမွာ စာလုံးႀကီးေတြနဲ႔ ေရးေနခဲ့သည္။
“ငါတို႔ဟာ alphaေတြပဲ! သန္မာထႂကြရမယ္!”
ေန႔လည္စာစားၿပီးလို႔အခန္းထဲ အရင္ဆုံးျပန္ေရာက္လာသူမွာ ထိုစာလုံးကိုျမင္ခ်ိန္ ဒူးေခြက်မတတ္ပင္ထိတ္လန႔္သြားတယ္။ ထို႔ေနာက္ ‘ထႂကြ’ဆိုတဲ့ စာလုံးကို အေဆာတလ်င္ ဖ်က္ေတာ့တယ္။
ေကာက်စ္ရွုန္းကေတာ့ ေဒါသပုန္ထသြားတာေပါ့။
“မင္းဘာလုပ္တာလဲ! အဲ့ေလာက္ေရးဖို႔ကို ငါဘယ္ေလာက္ႀကိဳးစားထားရတယ္မွတ္လဲ!”
က်န္းခဲ့ : “က်န္းေက်ာင့္က်ဴးသာ အဲ့ဒါျမင္သြားလို႔ကေတာ့ ငါတို႔အတန္း ၿပိဳင္ပြဲကေနအထုတ္ခံရလိမ့္မယ္၊ အဲ့ထက္စာရင္ေတာ့ ဘာပဲျဖစ္ျဖစ္ ေတာ္ပါေသးတယ္”
အဆုံးမယ္ေတာ့ စာလုံးကို ‘ခိုင္ျမဲ’ ဟုသာေျပာင္းလိုက္ၾကတယ္။
မဆိုသေလာက္ေလး ကေမာက္ကမျဖစ္ေနေသးတယ္ဆိုေသာ္ျငား ‘ထႂကြတယ္’ဆိုတဲ့ ေျဗာင္ေျဗာင္ဘြင္းဘြင္းႀကီးထက္စာရင္ေတာ့ ေတာ္ပါေသးတယ္။
...
စာသင္ခန္းထဲကို ေက်ာင္းသားေတြအားလုံး ျပန္ေရာက္ၿပီဆိုမွ ေကာက်စ္ရွုန္းတစ္ေယာက္ တစ္ညလုံးႀကိဳးစားပမ္းစား ေရးထားတဲ့စာရြက္ကို ထုတ္လိုက္တယ္၊ သူတို႔ေတြအာ႐ုံစိုက္ဖို႔အေရး ခပ္က်ယ္က်ယ္ေလး ေခ်ာင္းဟန႔္လိုက္ၿပီးမွ အားတက္သေရာစတင္ေၾကညာေတာ့တယ္။
“အတန္းေဖာ္တို႔ ခုဆိုရင္ျဖင့္ ႏွစ္စဥ္ဘတ္စကတ္ေဘာအားကစားပြဲခ်ိန္ကို တစ္ဖန္ျပန္ေရာက္ရွိခဲ့ၿပီ! မႏွစ္ကေတာ့ ႏွေျမာတသစရာေကာင္းစြာနဲ႔ပဲ ဆယ္မွတ္တည္းနဲ႔ ရွုံးနိမ့္ခဲ့ရတယ္ ဒီႏွစ္ေတာ့....”
ထိုစကားကိုၾကားၿပီးခ်ိန္ က်န႔္ေယာင္တစ္ေယာက္ စိတ္လိုလက္ရ ခ်ီးက်ဴးေျပာလိုက္တယ္။
“ဆယ္မွတ္နဲ႔က ႏွေျမာစရာေကာင္းေအာင္ ရွုံးတာလား? အဲ့လိုမ်ိဳးနဲ႔ ဒုတိယေနရာဆိုေတာ့ မဆိုးေသးပါဘူး”
အိပ္ခ်င္ေနတဲ့ ရင္းခ်ဲယ္ကေတာ့ လက္တစ္ဖက္ေပၚေခါင္းအုံးထားရင္းမွ :
“ဒုတိယေနရာမဟုတ္ဘူး၊ မႏွစ္က ငါတို႔အတန္းက ပထမပြဲစဥ္မွာတင္ရွုံးသြားတာ၊ ေနာက္ဆုံးေနရာ”
“.....”
ေကာက်စ္ရွုန္းဟာ သူ႔ရဲ့စာလုံး၈၀၀ေဟာေျပာမွုအၿပီးေနာက္ စင္ျမင့္ထက္ကေန ေမၽွာ္လင့္ခ်က္အျပည့္မ်က္ဝန္းေတြနဲ႔ လွမ္းၾကည့္ရွာတယ္။
“အခု အားလုံး စတင္စာရင္းသြင္းလို႔ရၿပီေနာ္! လူေနရာက အကန႔္အသတ္နဲ႔မို႔ အျမန္လာမွရမယ္! Alphaေတြကို အရင္ဦးစားေပးမယ္!”
Class 1တြင္ alphaႏွစ္ေယာက္ရွိေလရဲ့၊ ရွိတဲ့ႏွစ္ေယာက္မွာ တစ္ေယာက္ကေတာ့ မွန္ၾကည့္ရင္း lip balmဆိုးေနၿပီး က်န္တစ္ေယာက္ကေတာ့ ထိုင္ခုံကိုေရွ႕ေနာက္လွုပ္ရင္း ထိုင္ခုံေဖာ္နဲ႔ ရယ္ရယ္ေမာေမာစကားေျပာေနေလရဲ့။
ခ်န္ရင္းရင္းက လက္ေထာင္လာသည္။
“ငါပါမယ္”
ေကာက်စ္ရွုန္းက စိတ္ပ်က္စြာေျပာသည္။
“အတန္းေမာ္နီတာ၊ ေယာက္်ားေလးေတြပဲ စာရင္းသြင္းလို႔ရတာေလ”
“အဓိပၸါယ္မရွိလိုက္တာ၊ ဒါက်ားမခြဲျခားဆက္ဆံတာပဲ’’
ေကာက်စ္ရွုန္းတစ္ေယာက္ ငိုသာငိုခ်လိုက္ခ်င္သည္၊ ဒါေပမယ့္လည္း မ်က္ရည္ကထြက္မလာ။
“ငါလည္း မင္းကိုပါေစခ်င္တာေပါ့ ငါတို႔အတန္းထဲက alphaေတြကိုလည္းၾကည့္လိုက္ပါဦး....အိုင္း!အတန္းေမာ္နီတာ သူတို႔ကိုကူသိမ္းသြင္းေပးပါဦး”
“ဒါက လြယ္ပါတယ္”
ခ်န္ရင္းရင္းက လွည့္ကာ :
“ဟန္မုန႔္ နင္စာရင္းသြင္းကိုသြင္းရမယ္၊ ‘ငါတို႔က alphaေတြပဲ သန္မာရမယ္’ ဆိုတာ နင္မျမင္ဘူးလား? စာရင္းမသြင္းပဲနဲ႔ေတာ့ အျပင္းစား Aဆိုတဲ့ နာမည္နဲ႔ဘယ္ထိုက္တန္ပါေတာ့မလဲ?”
ဟန္မုန႔္က မွန္ေလးကို ဖ်တ္ခနဲပိတ္လိုက္ကာ : “ေကာင္းၿပီ၊ ငါ့လိုဆိုရင္ေတာ့ ခြန္အားေတြထပ္ၿပီးထုတ္ျပေနစရာလိုတယ္လို႔ မထင္ေပမယ့္လည္း မင္းက ေတာင္းေတာင္းပန္ပန္ဆိုေနမွေတာ့ စိတ္မပါေပမယ့္လည္း ဝင္လိုက္ပါ့မယ္ေလ ဟုတ္ၿပီလား?”
ေကာက်စ္ရွုန္းမွာေတာ့ တစ္ကိုယ္လုံး ၾကက္သီးေတြတျဖန္းျဖန္း :
“အတန္းေမာ္နီတာက ႀကံရည္ဖန္ရည္ရွိလိုက္တာ၊ ဒါမယ့္ က်န႔္ေယာင္က်ေတာ့ေရာ? ငါတို႔အခန္းက သူရွိမွကိုျဖစ္မွာ”
“ခနေန”
ခ်န္ရင္းရင္းက ေနာက္ကိုျပန္လွည့္ကာ :
“ခ်ဲယ္ေကာ!”
ေကာက်စ္ရွုန္း သူမကို အျမန္တားယူရသည္။
“အတန္းေမာ္နီတာ!လူမွားေနၿပီေလ!”
“ရပါတယ္”
ခ်န္ရင္းရင္းက ဆက္ေအာ္သည္။
“ခ်ဲယ္ေကာ! ဘတ္စကတ္ေဘာအသင္းက လူလိုေနလို႔ ကူၿပီးလူျဖည့္ေပးလို႔ရမလား? နိုင္နိုင္ရွုံးရွုံးကိစၥမရွိဘူးရယ္၊ ဝင္မၿပိဳင္လိုက္ရဘူးဆိုရင္သာ ရွက္စရာေကာင္းလို႔ ေနာ္ ေက်းဇူးျပဳၿပီး!”
ရင္းခ်ဲယ္ မ်က္ခုံးေတြ တြန႔္ခ်ိဳးသြားတယ္။
ေကာက်စ္ရွုန္းကေတာ့ ေၾကာက္လို႔ ျဖဴေဖ်ာ့ေနၿပီ။
“ငါတို႔ေတာ့ သြားၿပီပဲ၊ သူစိတ္ဆိုးေနၿပီ....”
“အင္းပါ ဟုတ္ၿပီေလ”
“.....?”
က်န႔္ေယာင္ : “ဒါဆို ငါလည္းစာရင္းသြင္းမယ္”
ခ်န္ရင္းရင္း : “ေကာင္းတယ္ နင္တို႔ႏွစ္ေယာက္လုံးကို ခ်ေရးလိုက္မယ္ေနာ္”
စာရင္းထဲတြင္ ကစားသမားသုံးဦးထပ္တိုးလာသည္၊ ထိုထဲက ႏွစ္ေယာက္ကေတာ့ ေက်ာင္းရဲ့ ဒိတ္ဒိတ္ၾကဲေတြ။
ခ်န္ရင္းရင္းက ဆိုသည္။
”ခ်ဲယ္ေကာက အျမင္မွာသာ ခက္ထန္ေနတာ အေတာ္ေလးေပါင္းရသင္းရလြယ္ပါတယ္၊ က်န႔္ေယာင္ကေတာ့....ေဟာင္ဖြာေဟာင္ဖြာနဲ႔ အျမဲ သူ႔ထိုင္ခုံေဖာ္ကိုပဲ ကပ္ေနတာ”
ေကာက်စ္ရွုန္းမွာေတာ့ မ်က္ရည္လည္ရြဲနဲ႔ ေက်းဇူးတင္လို႔မဆုံး။
“အတန္းေမာ္နီတာေရ ေသာက္ရမ္းမိုက္တယ္!”
ဒီလိုနဲ႔အဆုံးမွာ Class 1ရဲ့အဖြဲ႕ဝင္ငါးဦးက ေကာက်စ္ရွုန္း၊ ဟန္မုန႔္၊ ရင္းခ်ဲယ္၊ က်န႔္ေယာင္နဲ႔ အမွန္ေတာ့ လူမျပည့္လို႔ ျဖည့္ဖို႔သက္သက္သာထည့္လိုက္ရတဲ့ က်ိဳးေဟာက္လ်န္။
အတိတ္ကအရွက္ေတြသုတ္သင္ဖို႔အေရး ဒီတစ္ႀကိမ္မွာေတာ့ ေကာက်စ္ရွုန္းက အေသခ်ာအကြက္ခ်ထားၿပီး ေလ့က်င့္ခ်ိန္ကိုလည္း ကာယခ်ိန္တြင္သာမက ေန႔လည္စာစားခ်ိန္ ေက်ာင္းဆင္းခ်ိန္နဲ႔ ညေနပိုင္း self-studyခ်ိန္ေတြမွာပါ ေလ့က်င့္ဖို႔ အစီစဥ္ခ်ထားေလတယ္။ သူတစ္ေယာက္တည္း ေလ့က်င့္တာလည္းမဟုတ္ အသင္းဝင္ေတြကိုပါ ဆြဲဆြဲေခၚေသးတာ။
ရာသီဥတုက ပိုပိုပူျပင္းလာတာမို႔ နည္းနည္းေလာက္ ေျပးလိုက္ခုန္လိုက္လုပ္ရတာနဲ႔တင္ လူက ေခၽြးရႊဲရႊဲစိုလ်က္သား။ တစ္ကိုယ္လုံးေခၽြးနံ့ေတြနံေနတာကိုမုန္းတဲ့ ဟန္မုန႔္ကေတာ့ ေရေမႊးကို အိမ္သာသန႔္စင္ေဆးက်လို႔ မနားတမ္းဖ်န္းေနေတာ့တယ္။ သူကေတာ့ အဆင္ေျပတာေပါ့၊ ေဘးလူေတြကေတာ့ အဲ့အနံ့ကိုမခံနိုင္ၾက။ ႏွာေခါင္းအုပ္လို႔ ခပ္ေဝးေဝးသာေနၾကတယ္၊ အနီးနားကပ္မိတိုင္း အသက္ရွူက်ပ္လြန္းလို႔။
ေကာက်စ္ရွုန္း : “ဖာ့ခ္ ဘယ့္ႏွယ္ေတာင္ဇီဝဓာတုလက္နက္မ်ိဳးလဲ.....”
က်ိဳးေဟာက္လ်န္ : “ငါ့အထင္ေတာ့...*အဟြတ္အဟြတ္!* ဗ်ဴဟာေကာင္းပါပဲ! ၿပိဳင္ပြဲက်မွ ေရေမႊးေတြဆြတ္လာလိုက္၊ သူ႔ဆီက ဘယ္သူမွ ေဘာလုံးလုမွာမဟုတ္ဘူး”
ေလ့က်င့္ေရးတစ္ပတ္တာလုံးလုံး ကုန္သြားတဲ့ေနာက္ ဘတ္စကတ္ေဘာကစားတာ သိပ္ၿပီးတိုးတက္မလာေပမယ့္လို႔ ေရေမႊးနံ့ကိုေတာင့္ခံနိုင္စြမ္းကေတာ့ တိုးတက္လာခဲ့တယ္။
ပိတ္ရက္ေတြမွာလည္း ေကာက်စ္ရွုန္းဟာ အသင္းဝင္ေတြဆီကို private messageေတြ တစ္ဦးခ်င္းသီးသန႔္ပို႔တတ္ပါေသးတယ္။
[အိမ္မွာေလ့က်င့္ဖို႔မေမ့နဲ႔ေနာ္!!!]
ရင္းခ်ဲယ္ [အင္း]လို႔ ျပန္ပို႔ၿပီး ဖုန္းကိုခ်ကာ မနက္စာဆက္စားတယ္။
ေခ်ာင္ဝမ့္ယြင္က စိုးရိမ္စိတ္နဲ႔ေမးလာတယ္။
“သူငယ္ခ်င္းဆီကလား?”
“အင္း၊ ခနေနက် ဘတ္စကတ္ေဘာသြားကစားမလို႔”
သူနည္းနည္းေတာ့ မုသားေလးသုံးလိုက္ပါတယ္၊ ဘတ္စကတ္ေဘာကစားဖို႔ တစ္စုံတစ္ေယာက္နဲ႔ ခ်ိန္းထားတာမွန္ေပမယ့္ ထိုသူက ေကာက်စ္ရွုန္းေတာ့ မဟုတ္ေပ။
“လိုက္ပို႔ေပးဖို႔ ဒရိုက္ဘာကိုေျပာလိုက္ရမလား?”
“ေတာ္ၿပီ ရတယ္”
ထမင္းစားပြဲက သိပ္ၿပီး သဟဇာတမျဖစ္လွဘူးထင္တာေၾကာင့္ ေခ်ာင္ယြမ့္ဝင္က ေမးသည္။
“ေရွာင္ဇယ္ သားေကာနဲ႔အတူသြားခ်င္လား? သားလည္း ဘတ္စကတ္ေဘာကစားရတာ သေဘာက်တယ္မလား?”
ထင္မွတ္မထားစြာ ရင္းဇယ္က သူမကိုေမာ့ၾကည့္လာကာ :
“ဒီေန႔ေတာ့ ကစားခ်င္စိတ္မရွိဘူး”
ေမၽွာ္လင့္ထားသလို ‘‘သူနဲ႔မ်ား ဘယ္သူကသြားခ်င္မွာလဲ”ဆိုတဲ့ အေျဖမ်ိဳးမဟုတ္ေပ။
...
“အခုတေလာ ငါ့တိက ထူးဆန္းေနတယ္”
က်န႔္ေယာင္နဲ႔ေတြ႕ခ်ိန္ ဘာရယ္မဟုတ္ ရင္းခ်ဲယ္ ထိုအေၾကာင္းေျပာမိတယ္။
“ဒီတစ္ပတ္ငါအိမ္ျပန္လာတာကိုလည္း သူဘာမွမေျပာဘူး”
‘‘သူ႔ကိုပစ္သာထားလိုက္၊ အခုမင္းေကာင္ေလးနဲ႔အတူရွိေနတယ္ေလ တျခားေကာင္ေတြအေၾကာင္းမေတြးရဘူး”
အရင္တစ္ေခါက္ကလိုပဲ က်န႔္ေယာင္က ခပ္မိုက္မိုက္ ခပ္လန္းလန္း bad boy typeေလးေပါ့။ ဆိုင္ကယ္ကိုေတာ့ လမ္းတစ္ဘက္မွာရပ္ထားၿပီး တက္ခြခ်ိန္မွာ ေျခတံရွည္ေတြက တစ္ဖက္တစ္ခ်က္ေနရာယူလို႔။ ေဘးက ျဖတ္သြားသူတိုင္းကေတာ့ သူ႔ကိုသာလွည့္လွည့္ၾကည့္သြားၾကေလတယ္။
ေခ်ာလည္းေခ်ာတယ္ မိုက္လည္းမိုက္တယ္
“မင္းတက္နိုင္လား? ဒါမွမဟုတ္ ေပြ႕ခ်ီေစခ်င္လား?”
ရင္းခ်ဲယ္က ေျခေထာက္ကိုေျမႇာက္ကာ ခြလိုက္ၿပီးမွ ထိုင္ခ်လိုက္သည္၊ ေနာက္မ်က္ခုံးတစ္ဖက္ပင့္ကာ :
“ဘာေျပာလိုက္တာ?”
က်န႔္ေယာင္က ရယ္ၿပီး :
“helmetေဆာင္းၿပီး ေသခ်ာကိုင္ထားေနာ္၊ ေကာ မင္းကို ေလရဲ့အရသာခံစားေစမယ္”
တကယ္ကို ေလလိုခံစားရတယ္၊ ျမန္လြန္းတာေၾကာင့္ ေကာင္းကင္ကိုဆန္တက္ေတာ့မလိုပဲ။ ရင္းခ်ဲယ္ျဖင့္ျပဳတ္က်မလားလို႔ေတာင္ ခနခနေတြးမိတယ္။
သို႔ေပမယ့္ အေရွ႕ကလူရဲ့ခါးကိုဖက္ထားရျခင္းေၾကာင့္ သူထပ္မေတြးမိေတာ့ပါ။
ေဘးမွာ က်န႔္ေယာင္ရွိေနသေရြ႕ သူထြက္သြားနိုင္မွာမဟုတ္ဘူး
နာရီဝက္အၾကာ ေလအလ်င္နဲ႔ေမာင္းႏွင္လာၿပီးေနာက္ေတာ့ Dong Chengကိုေရာက္လာတယ္။ က်န႔္ေယာင္က သူ႔ကိုသြားေနက် ဘတ္စကတ္ေဘာကြင္းဆီေခၚသြားတယ္။ ေက်ာက္ခ်န္တဲ့တျခားသူေတြလည္း အဲ့ဒီမွာ ရွိေနၾကတယ္။
သူတို႔က ၀မ္ေရွာင္ရို႔ကို ခ်ိဳခ်ဥ္တစ္လုံးနဲ႔ စေနာက္ေနၾကေလရဲ့။
“ေရွာင္ရို႔ meimei၊ ‘ေကာေကာ’လို႔ေခၚေနာ္ အဲ့လိုဆို မုန႔္ေကၽြးမယ္ ဟုတ္ၿပီလား?”
ခပ္ထြားထြားသန္သန္မာမာ alphaတစ္စုက omegaေကာင္မေလးငယ္ငယ္ေလးတစ္ေယာက္နားမွာ ဝိုင္းေနၾကၿပီး ထူးဆန္းစြာရယ္ေမာေနၾကေလတယ္။ ျဖတ္သြားသူတိုင္းကေတာ့ ဒီျမင္ကြင္းျမင္ရင္ ရဲတိုင္ခ်င္ေနေတာ့မွာ အေသအခ်ာ။
ဝမ္ေရွာင္ရို႔က ဆူပုပ္ပုပ္ႏွင့္ :
“ကိုလာအရသာစားခ်င္တာ”
ေက်ာက္ခ်န္ : “meimeiက ကိုလာအရသာစားခ်င္တာလား? စားစား!”
“ငါသြားမယ္ ငါသြားမယ္!”
“မင္းသြားမွာလား ငါသြားမွာ!”
ဆိုင္ကယ္သံၾကားေတာ့ ဝမ္ေရွာင္ရို႔ကလွည့္ကာ သူ႔အကိုေရာက္အလာကိုၾကည့္တယ္။ ခ်ိဳခ်ဥ္အေၾကာင္းေတြအားလုံး ေခါင္းထဲကထုတ္ပစ္ကာ :
“ေကာေကာ! ေကာေကာျပန္လာၿပီ!”
က်န႔္ေယာင္က ဆိုင္ကယ္ကိုရပ္လိုက္ကာ helmetကိုခၽြတ္သည္။
‘‘အြန္ဟြန္း၊ တျခားေကာေကာတစ္ေယာက္လည္းေခၚလာေသးတယ္”
ရင္းခ်ဲယ္ helmetခၽြတ္လိုက္ေတာ့ ဝမ္ေရွာင္ရို႔ကခ်က္ခ်င္းထေအာ္သည္။
“အိုး! ရင္းေကာေကာ!”
ရင္းခ်ဲယ္ လက္ျပလိုက္ၿပီး :
“ဟဲလို”
ေက်ာက္ခ်န္တစ္ေယာက္ စိတ္ေလသြားသည္။
“meimei, ဒီေကာေကာက် ဒီကိုေန႔တိုင္းလာၿပီးမ်က္ႏွာလုပ္ေနတာေတာင္ ‘ေကာေကာ’လို႔မေခၚေသးဘူးလား?”
ဝမ္ေရွာင္ရို႔ : “ရင္းေကာေကာက သမီးေကာေကာေလာက္ ေခ်ာတယ္ေလ”
“....ငါနားလည္ပါၿပီ၊ ငါကမထိုက္တန္ပါဘူး”
ရင္းခ်ဲယ္ကေတာ့ ထိုalphaအေဖႀကီးေတြအုပ္စုလို ကေလးေလးနဲ႔ စေနာက္တာေတြလုပ္မေန။ သူ႔ကုတ္အကၤ်ီကိုခၽြတ္လိုက္တာ :
“စေတာ့မလား?”
စိန္ေခၚေနသလို။
က်န႔္ေယာင္ : “မစိုးရိမ္ပါနဲ႔၊ ငါ့ meimeiနဲ႔စကားခနေျပာလိုက္ဦး၊ သူက မင္းကိုသေဘာက်ေနတာ”
“ငါကေလးေတြနဲ႔စကားမေျပာတတ္ဘူး”
“ဒါျဖင့္ သင္ေလ”
“ဘာလို႔သင္ရမွာလဲ?”
“ေနာက္က် အသုံးခ်လို႔ရေအာင္လို႔ေပါ့”
က်န႔္ေယာင္က ျပဳံးၿပီး တိုးတိုးေလးေျပာသည္။
“မင္းေရာဂါကုၿပီးသြားလို႔ရွိရင္ ေနာက္က်ရင္ ငါတို႔.....
ဘယ္လိုပဲျဖစ္ျဖစ္ပါ ေနာင္က် ရွိလာမွာပဲ”
ရင္းခ်ဲယ္ အံ့ၾသသြားသည္။
က်န႔္ေယာင္ကေလးခ်စ္တာကို သူသိေပမယ့္လို႔ ဒီလိုကိစၥမ်ိဳးကို သူ႔ဘက္ကစၿပီး ထုတ္ေျပာလာလိမ့္မယ္လို႔ေတာ့ ထင္မထားတာ။
“အထက္တန္းပဲ ရွိေသးတာကို ဘာေတြေတြးေနတာလဲ?”
သူ႔ကို warningေပးထားဖို႔ေတာ့ လိုၿပီလို႔ထင္တယ္။
“မေန႔က ဆရာဝန္ကေျပာတယ္ ဘာရလဒ္မွရွိမလာေသးဘူးတဲ့၊ ကုသမွုက အလုပ္မျဖစ္ေလာက္ဘူး”
“အာ...ထားပါ အလုပ္မျဖစ္ေတာ့လည္း မျဖစ္ဘူးေပါ့”
က်န႔္ေယာင္မ်က္ဝန္းထဲတြင္ စိတ္ပ်က္မွုအရိပ္ေယာင္မ်ားျဖတ္ေျပးသြားသည္။
“ငါကုလို႔မရရင္ေရာ မင္းစိတ္ထဲထားမွာလား?”
“ေသခ်ာေပါက္ ဘယ္ထားပါ့မလဲ၊ အရင္ကတည္းက ငါေျပာထားၿပီးသားေလ”
က်န႔္ေယာင္က သူ႔ပခုံးေပၚလက္တ္ဖက္တင္ကာ :
“သြားၾကစို႔ ဘတ္စကတ္ေဘာကစားၾကမယ္၊ ငါတို႔ႏွစ္ေယာက္ တစ္သင္းတည္းအတူတူေနရမွာ”
အမူအရာရေတာ့ က်န႔္ေယာင္ တကယ္ဂ႐ုမထားဟန္ေပမယ့္ ေစာေစာေလးက မ်က္ဝန္းေတြထဲျဖတ္ေျပးသြားတဲ့ စိတ္ပ်က္မွုဟာလည္း အတုအေယာင္ေတာ့ ဟုတ္ဟန္မတူ။
ေႏြရာသီဘက္ကိုဦးစြန္းလာၿပီျဖစ္တဲ့ အပူခ်ိန္။ အခ်ိန္တစ္ဝက္ေလာက္မွာပဲ အားလုံးလည္း ေခၽြးသံသရဲရဲနဲ႔မို႔ ကြင္းေဘးက ခုံတန္းေတြဆီသြားၿပီး ေရေသာက္ရတယ္။
ရင္းႏွီးဟန္မရတဲ့ ျဖတ္သြားျဖတ္လာေက်ာင္းသားမ်ားစြာက ဝိုင္ယာစည္းရိုးအျပင္မွာ စုျပဳံေနၾကၿပီး က်န႔္ေယာင္ေလၽွာက္လာတာလည္း ျမင္ေရာ သူတို႔မ်က္ဝန္းထဲမွာ အသဲပုံေလးေတြနဲ႔ျပည့္သြားတယ္။
က်န႔္ေယာင္က သူတို႔ကိုျပဳံးျပလိုက္ေတာ့ စီစီညံညံေအာ္သံလွိုင္းႀကီးထြက္ေပၚလာေလရဲ့။
႐ုတ္တရက္ က်န႔္ေယာင္ လက္ထဲမွ အဖုံးဖြင့္ထားတဲ့ ေရဘူးေလးက လုယူခံလိုက္ရတယ္။
က်န႔္ေယာင္ လန႔္သြားၿပီး လွည့္ၾကည့္ေတာ့ ေရႏွစ္ငုံကို အၾကမ္းပတမ္း ေသာက္ခ်ေနတဲ့ ရင္းခ်ဲယ္။ ပါးစပ္ကေနလၽွံက်လာတဲ့ေရစက္တစ္ခ်ိဳ႕ဟာ လည္တိုင္ေဖြးေဖြးကေနတစ္ဆင့္ ရွပ္အကၤ်ီထဲသို႔ စီးဝင္သြားတယ္။
ရင္ဘတ္က အကၤ်ီေနရာေလးက စိုစြတ္ပီးေဖာက္ထြင္းသြားခ်ိန္ ေအာက္က ေဖြးဥေနတဲ့အသားေရဟာေပၚလာတယ္။
ေရေသာက္ၿပီးေနာက္ ရင္းခ်ဲယ္က စည္းတန္းအျပင္ကလူေတြဆီကို ခပ္စူးစူးစိုက္ၾကည့္တယ္။
ထိုလူေတြကလည္း ပါးနပ္တယ္ဆိုရမယ္၊ ခ်က္ခ်င္းကိုလူကြဲသြားၾကေတာ့တာပဲ။
က်န႔္ေယာင္ကေတာ့ ရယ္ရင္း :
“ပိုင္ဆိုင္ေၾကာင္း လာေၾကညာေနတာလား?”
ရင္းခ်ဲယ္က ႏွုတ္ခမ္းေထာင့္က ေရေတြကိုလက္နဲ႔သုတ္ရင္း :
“အဲ့လိုမလုပ္လို႔ မင္းျမဴဆြယ္ေနတာကို လက္ပိုက္ၾကည့္ေနရမွာလား?”
“မဟုတ္ပါဘူး ငါကယဥ္ယဥ္ေက်းေက်း ျပဳံးျပလိုက္႐ုံေလးကို၊ ခုေတာင္ ဒီေလာက္သဝန္တိုေနရင္ ေနာက္က် ဘယ္လိုမ်ားေနမလဲေနာ္....”
“တစ္ရက္ဆိုတစ္ရက္ဆို၊ တစ္ရက္ရရင္ တစ္ရက္ခ်စ္မယ္လို႔ မင္းပဲေျပာခဲ့တာမဟုတ္ဘူးလား?”
ရင္းခ်ဲယ္က ေရဘူးကိုသူ႔ဆီပစ္ေပးကာ :
“ငါ့ေရာဂါကို စိတ္ထဲမထားဘူးလို႔လည္း မင္းပဲေျပာခဲ့ၿပီးေတာ့”
“ငါတကယ္စိတ္ထဲမထားပါဘူး”
“ခ်ီးကိုမထားတာလား၊ တကယ္ထားတာႀကီးကို”
က်န႔္ေယာင္ ရွင္းျပမလို႔ပဲရွိေသး ရင္းခ်ဲယ္က ေျခေထာက္တစ္ဖက္ထုတ္ၿပီး ကန္လာတယ္။
“ငါမကုဘူးလို႔လည္း မေျပာပါဘူး”
သူ႔အား မေက်နပ္သလို အခ်က္ေပါင္းမ်ားစြာကန္တယ္။
“ငါေဆးကုလို႔ရသြားမွ”
ခနရပ္သြားၿပီးမွ အံႀကိတ္ရင္း :
“...ေဆးကုလို႔ရသြားမွ မင္းလိုခ်င္သေလာက္ေျပာ ဟုတ္ၿပီလား?”
______
E tran/n : ယုန္ေတြက ကေလးအမ်ားႀကီးေမြးတဲ့ေနရာမွာ နာမည္ႀကီးတယ္ဆိုလား
T/n : ထုထုတို႔မ်ား ကေလးမခ်စ္ဘူးလည္းေျပာေသး၊ လိုခ်င္သေလာက္ေျပာတဲ့ 🤭