Unicode
လူထူးလူဆန်းတစ်ဦးနှင့် တွေ့ဆုံခြင်း
အင်ပါယာကမ္ဘာ၏ မူလဥပဒေအရ တည်ထောင်သူမျိုးနွယ်များသည် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဤကမ္ဘာ၌ ဘဝတစ်သက်တာလုံး နေထိုင်ခွင့်ရှိ၍ အကောင်းဆုံးသော လူမှုအထောက်အပံ့များကို ရရှိနိုင်၏။ ၎င်းအထောက်အပံ့များမှာ လွန်စွာမှ ပြည့်စုံကောင်းမွန်သောကြောင့် တစ်သက်တာနေထိုင်နိုင်ခွင့်ကို ရရှိပြီးလျှင် မည်သည့် အသက်မွေးဝမ်းကျောင်းမျှ လုပ်စရာမလိုပါဘဲ မိမိဘဝကို အပူအပင်ကင်းကင်း ဖြတ်သန်းလို့ရပေသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းမျိုးနွယ်ဝင်လူဦးရေက များပြားလာကာ အစိုးရအတွက် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ ဖြစ်တည်လာရတော့၏။ ထို့ကြောင့် အထက်လူကြီးများသည် တည်ထောင်သူမျိုးနွယ်များမှ အမျိုးသမီးတစ်ဦးအနေဖြင့် မိမိမျိုးနွယ်ဝင်မဟုတ်သော ပြင်ပလူတစ်ဦးနှင့် လက်ထပ်ခြင်းအမှုပြုပါက သူမ၏ အင်ပါယာကမ္ဘာ၌ တစ်သက်တာခိုလှုံနိုင်ခွင့်အား ဖျက်သိမ်းကာ တခြားလူများနည်းတူ ပျမ်းမျှဝင်ငွေနှင့် ရာထူးအဆင့်အတန်းပေါ် မူတည်၍ ခိုလှုံနိုင်ခွင့်ကို ဆုံးဖြတ်မည် ဟူသော ဥပဒေအသစ်တစ်ရပ်ကိုလည်း ကြေညာခဲ့လေသည်။
သို့ဖြစ်၍ အင်ပါယာကမ္ဘာ၌ တစ်သက်တာနေထိုင်ခွင့် ရရှိရန်အတွက် တည်ထောင်သူမျိုးနွယ်ဝင် အမျိုးသမီးများသည် မိမိတို့မိသားစုဝင်ထဲမှ အမျိုးသားများနှင့်သော်လည်းကောင်း မျိုးနွယ်ဝင်အချင်းချင်းမှ အမျိုးသားများနှင့်သော်လည်းကောင်း လက်ထပ်လေ့ရှိကြပေ၏။ ဥပမာအားဖြင့် ရန်းချီ၏အမေနှင့် သူမ၏အစ်မတို့ ဖြစ်ကြသည်။ တစ်ယောက်မှာ မိမိတို့မိသားစုဝင်အချင်းချင်း လက်ဆက်လိုက်ခြင်းဖြစ်၍ ကျန်တစ်ယောက်မှာမူ မျိုးနွယ်တူသော ရိုင်ဂျယ်မိသားစုမှလူနှင့် လက်ထပ်လိုက်ခြင်းမျိုးပင်။
အမှန်မှာမူ လုထောင်၏အဖွားသည် ယွိမျိုးနွယ်ဝင်ဖြစ်ခဲ့၍ ပြင်ပလူနှင့် လက်ထပ်ခဲ့သောကြောင့် တစ်သက်တာ နေထိုင်ခွင့်ကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်လေ၏။ မည်သို့ပင်ဆိုစေကာမူ သူမနှင့် စီကွေးမှာ ယခုအချိန်ထိ ဝမ်းကွဲညီအစ်မများအဖြစ် ဆက်နွယ်မှုက ရှိနေဆဲပါပင်။
အဖွားဖြစ်သူ၏ အသွင်အပြင်စရိုက်သည်ကား အရမ်းကြီး မနူးညံ့လှပါချေ။ လက်ထပ်ပြီးချိန်မှစ၍ သူမသည် အမေဖြစ်သူ၏ဘက်မှ မိသားစုနှင့် အဆက်အသွယ် လုပ်လေ့လုပ်ထမရှိခဲ့လေရာ ချန်းကျင်းသည် သူမနှင့် ယွိမိသားစုကြား၌ ထိုကဲ့သို့ ဆက်နွယ်မှုရှိကြောင်းကို အချိန်အတန်ကြာ မေ့နေခဲ့မိခြင်း ဖြစ်၏။ ထို့ကြောင့် ယခုအချိန်မျိုး၌ အဖွားဖြစ်သူနှင့် တွေ့ဆုံရလိမ့်မည်ဟုလည်း ထင်မှတ်မထားခဲ့မိပါပေ။
ချန်းကျင်းသည် တစ်ဖက်လူ၏ ရေခဲတမျှ အေးစက်နေသော အကြည့်များကို လက်ခံယူလျက် ၎င်းအကြည့်များမှာ အစောပိုင်းက လူပေါင်းများစွာ၏ အထင်အမြင်သေးသော အကြည့်များထက် အဆပေါင်းရာချီ ပို၍ရှက်စရာကောင်းလေကြောင်း ခံစားမိတော့၏။ အဖွားဖြစ်သူ၏ အကြည့်များက ခက်ထန်စူးရှနေဆဲပါပင်။ သူမက ဝှီးချဲလ်ကိုတွန်းကာ ချန်းကျင်း၏အနားသို့ လျှောက်လာခဲ့၍ မေးသည်။
"ဘာလို့ ဒီလိုပုံစံဝတ်ထားတာလဲ။ ဒါက ဘာနဲ့တူနေပြီလဲ!!?"
ချန်းကျင်းသည် ရှက်ရွံ့လွန်းသဖြင့် သူမအား ပြန်လည်းမဖြေရဲသကဲ့သို့ မျက်နှာချင်းလည်းမဆိုင်ရဲပါချေ။ ထို့ကြောင့် တစ်ချိန်လုံး ခေါင်းငုံ့ထားမိလေရာ တစ်ဖက်မှ အဖွားဖြစ်သူ၏ ခြေထောက်ထက်၌ လွှမ်းထားသော သူ၏ခြုံထည်လေးကိုသာ မြင်တွေ့လိုက်ရပေသည်။ သို့ဖြစ်၍ သူ၏စိတ်အစဉ်မှာ ပို၍ ရှုပ်ထွေးသွားရတော့၏။
ယခုကဲ့သို့ ရှက်စရာကောင်းသော အခြေအနေမျိုးနှင့်သာ မဟုတ်ပါလျှင် ကောင်းကောင်းမွန်မွန်လေး နှုတ်ဆက်လို့ ရနိုင်ဦးမည် မဟုတ်ပါလား?
ယွိစီကွေးက ရယ်မောလျက် နူးညံ့စွာဆိုလေသည်။
"ဒါက အဲ့ဒီ ရှောင်ချန်းကျင်းလား? ဒီလိုဝတ်ထားတော့လည်း ချစ်စရာလေးပဲ"
"ဘာကို ချစ်စရာကောင်းရမှာလဲ!? ယောကျ်ားတစ်ယောက်လုံး ရှိရက်နဲ့ ဒီလိုမျိုးဝတ်စရာလား ..ရှက်ရကောင်းမှန်းကို မသိဘူး"
အဖွားဖြစ်သူ၏ အပြောအဆိုမှာ ယခုထိ ကြမ်းတမ်းနေဆဲပါပင်။
"အခုချက်ချင်း သွားမလဲသေးဘူးလား?
ချန်းကျင်းသည် မူလအစကတည်းက ၎င်းဝတ်စုံအား လဲပစ်ရန် ဆန္ဒရှိပြီးသား ဖြစ်သည့်တိုင် လျန်ဝူနှင့် ကတိကဝတ်ပြုထားခဲ့သည်အား ပြန်လည်အမှတ်ရမိသဖြင့် အသာအယာ ခေါင်းယမ်းပြလျက်သာ ဆိုလာလေ၏။
"ကျွန်တော်.. လဲလို့မရဘူး"
သူက အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းရင်း ထပ်ရှင်းပြသည်။
"သခင်လေးလျန်အတွက် ဒီနေ့တစ်နေ့တာ သူ့အစေခံအဖြစ်နေပေးမယ်လို့ ကတိပြုထားပြီးသားမို့..ကျွန်တော် ကတိမဖျက်နိုင်ပါဘူး"
ချန်းကျင်း၏ရှင်းပြချက်ကို ကြားရသည့်တိုင် အဖွားဖြစ်သူမှာ ယခုထိ စိတ်မကြည်မလင် ဖြစ်နေဆဲပါပင်။ သူမအနားမှ စီကွေးက ပြုံးလျက် ဆိုလေ၏။
"ဒီကလေးက အများကြီး ပြောင်းလဲသွားပါပြီ အစ်မရယ်။ အရမ်းဒေါသမထွက်ပါနဲ့တော့။ ဒါက လူငယ်တွေကြားက အလောင်းကစားလေးတစ်ခုပဲကို အရမ်းစိတ်ထဲမထားပါနဲ့ ရှောင်ချန်းက သူ့အစ်ကို,ကို မတော်တဆရှုံးသွားလို့ တစ်ရက်တာ အစေခံလုပ်ပေးတာလေ။ နောက်ပြီး ကျွန်မအမြင် ဒီဝတ်စုံလေးနဲ့လည်း ချစ်ဖို့ကောင်းပါတယ် အရမ်းအဆိုးကြီးမှမဟုတ်တာ"
[TN : အမျိုးဆက်ကြည့်ရင် လျန်ဝူရဲ့အမျိုးသားနဲ့ စီကွေးနဲ့က မြေးအဖွား ဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ စီကွေးအတွက် လျန်ဝူရော ချန်းကျင်းရော နှစ်ယောက်လုံးက မြေးချွေးမလေးတွေပေါ့~ အသက်ကတော့ လျန်ဝူက ချန်းကျင်းထက် နည်းနည်းကြီးတာမို့ "အစ်ကို" လို့သုံးပေးထားတာ]
သို့နှင့် အဖွားဖြစ်သူသည် ဘာမျှထပ်မဆူတော့ပါဘဲ တစ်ဖက်သို့လှည့်၍ နှုတ်ခမ်းမဲ့ကာ အသံတိတ် မကျေမနပ်ဖြစ်နေလေတော့၏။ နောက်ဆုံး၌ ဘေးနားတွင်ရပ်နေသော လျန်ဝူသည် အကြောင်းစုံကို နားလည်သွားရလေပြီ။ သူသည် ချက်ချင်းပင် ရှော့ခ်ရသွားမိ၍ ကပျာကယာ ဝင်ပြောလာသည်။
"ဒါက တကယ် အပျော်သဘော သက်သက်ပါ။ သခင်လေးချန်းက လဲချင်တယ်ဆိုရင် လဲလို့ရ.."
"ငါမလဲဘူး!"
အဆုံး၌မူ ချန်းကျင်းသည် ရှိရှိသမျှ သတ္တိအလုံးစုံကို ထုတ်၍ ခေါင်းမော့လာနိုင်ပြီ ဖြစ်၏။ သူ့အသံက ထိတ်လန့်စေသည်အထိ ကျယ်လောင်ခြင်းမရှိသည့်တိုင် တစ်နည်းတစ်ဖုံ ဩဇာညောင်းနေလေသည်။
"ဒါက အပေးအယူတစ်ခုပဲ။ ငါ ကတိပေးထားခဲ့ပြီးသားမို့ တစ်ဝက်တစ်ပျက်နဲ့ ဖျက်လိုက်မှာ မဟုတ်ဘူး"
အတိတ်အခါမှ သူသည်ကား သူ၏လုပ်ရပ်နှင့် ပတ်သက်၍ တစ်ခါမျှ တာဝန်ယူခြင်းမျိုး မရှိခဲ့ဖူးပါချေ။
အခန်းအတွင်း၌ တိတ်ဆိတ်ခြင်းက အတန်ကြာမျှ ကြီးစိုးနေခဲ့ကာ အခြားဧည့်သည်တော်များလည်း အနည်းငယ် အနေခက်လာရတော့၏။ ချန်းကျင်း၏စကားကြောင့် အဖွားဖြစ်သူမှာ အံ့ဩသွားမိ၍ သူ့အား ကြည့်သည့်အကြည့်မှာလည်း အေးစက်မှုတို့ လျော့နည်းသွားရသည်။ အဆုံး၌မူ စီကွေးကသာ ဖြန်ဖြေပေးလာရပေ၏။
"ကဲပါ အဲ့ဒါကိုထားပါတော့။ စကားမစပ် ဝူလေးလည်း အားတဲ့အချိန်ကျရင် အဖွားကို မစ္စရီလာရဲ့နံပါတ် ပေးဦးနော်။ အဖွားလည်း သူ့ကို ဝတ်စုံလှလှလေး အပ်ရဦးမယ်။ ကဲ ကဲ သွား။ အပြင်ထွက်ပြီး ပြိုင်ပွဲတွေဝင်ပြိုင်ရင်း ပျော်ကြဦးလေ"
လျန်ဝူသည် မိမိ၌ မစ္စရီလာ၏နံပါတ် အတိအကျမရှိပါကြောင်း စီကွေးအား ထပ်၍ရှင်းပြရန်ပင် စကားမဟနိုင်တော့ပါချေ။ ဤအခန်းအတွင်းရှိ လေထုက အနည်းငယ် မွန်းကြပ်နေသကဲ့သို့ ခံစားရလေသည်။ ထို့ကြောင့် အချိန်သေးသေးလေးမျှ ဆက်မနေရဲတော့ပါသဖြင့် လူကြီးသူမများအား ခြောက်ကပ်ကပ်အပြုံးတစ်ပွင့်နှင့် နှုတ်ဆက်ပြီးနောက် အလျင်အမြန်နှင့် အခန်းအပြင်ဘက်သို့ ထွက်လာခဲ့ပေ၏။
လူရှင်းသည့်တစ်နေရာသို့ ရောက်သောအခါ လျန်ဝူသည် ဆွေ့ဆွေ့ခုန်မတတ် အံ့ဩသွားဟန်ဖြင့် ချန်းကျင်းအား ရုတ်တရက် မေးလေသည်။
"မင်း..မင်း..မင်းက တကယ်ကြီး လုထောင်ရဲ့ လက်တွဲဖော်လား?! ဗိုလ်ချုပ် လုထောင်နဲ့လေ!? ဘာလို့ ငါ့ကို စောစောက မပြောတာလဲ"
ချန်းကျင်းက သူ့မေးခွန်းအား ပြန်မဖြေပါဘဲ ထိုအစား ရိုကျိုးသည့် အသွင်ဖြင့် သူ့အား အမေးစကားဆိုလာခဲ့သည်။
"တစ်ခုခု လိုချင်တာ ရှိလို့ပါလား သခင်လေး လျန်"
"ချီး..တော်တော့! ငါတို့သဘောတူညီချက်က ဒီမှာတင်ပြီးပြီ။ မင်း အခုကစပြီး ငါ့အစေခံ လုပ်ဖို့မလိုတော့ဘူး။ ငါနဲ့ဝေးဝေးနေပေးစမ်းပါ"
"ဒါပေမဲ့ ငါတို့ကတိပြုထားတာက တစ်ရက်လေ။ ငါက မင်းကို ပိုက်ဆံနဲ့မှပြန်မဆပ်နိုင်တာ။ မင်း တစ်ခုခုလိုရင် ငါ့ကိုခိုင်းလို့ရပါတယ်။ ငါ မင်းရဲ့အစေခံလုပ်ပေးမယ်"
ချန်းကျင်းက ခန်းမတစ်လျှောက် ဝေ့ဝဲကြည့်ရင်း ဆက်၍ပြောလာခဲ့သည်။
"ရှန်ပိန်သောက်ချင်တာလား ? ဒါမှမဟုတ် သစ်သီးဖျော်ရည်လား"
လျန်ဝူသည် မတ်မတ်ရပ်လျက်နှင့်ပင် ခေါင်းထက်မှ သူ၏ဆံပင်များ ထောင်လာသကဲ့သို့ ခံစားလိုက်ရကာ အလန့်တကြား မမေးဘဲ မနေနိုင်တော့ပါပေ။
"မင်းရူးသွားတာလား!? ဒီကိုလာတုန်း ကားထဲက ဆင်းရဖို့အရေးကိုတောင် မင်းက အင်တင်တင် ဖြစ်နေခဲ့တာလေ။ အခုမှ ဘာစောက်ရူးထနေတာလဲ!?"
ချန်းကျင်းကမူ သူ့စကားအား စိတ်ထဲထားမနေခဲ့ပါချေ။
"ငါ မင်းအတွက် ရှန်ပိန်ယူပေးခဲ့မယ်"
ထို့နောက် သူသည် လူအုပ်ကြားထဲသို့ တဖြည်းဖြည်း တိုးဝင်သွားခဲ့လေတော့၏။ ယခုအခေါက်၌မူ ချန်းကျင်းသည် အစောပိုင်းကဲ့သို့ ခေါင်းငုံ့ထားခြင်း မရှိတော့ပါဘဲ ပုံမှန်အတိုင်း တည်ငြိမ်စွာဖြင့် လမ်းလျှောက်နိုင်ပြီ ဖြစ်၏။ ယနေ့တစ်နေ့လုံး မမျှော်လင့်ထားသော ကိစ္စရပ်များစွာနှင့် အရှက်ရဖွယ်ကိစ္စများကို ကြုံတွေ့ခဲ့ရပြီး ဖြစ်လေရာ နောက်ဆုံး၌ နေသားကျ သွားရလေပြီ။
ချန်းကျင်းသည် မည်သူ့အပေါ်မျှ အငြှိုးအတေး ထားမနေခဲ့ပါချေ။ သူသည်ကား ဒီ့ထက်ပို၍ သည်းခံတတ်ရန် ကိုယ့်ကိုယ်ကို သင်ယူနေခြင်းပင်။
ပါတီပွဲရှိ စားသောက်ဖွယ်ရာ အားလုံးမှာ ဘူဖေးစတိုင်အတိုင်း ဝန်ဆောင်မှုပေးထားခြင်း ဖြစ်၍ သောက်သုံးဖွယ်ရာများနှင့် ဧည့်ခံပေးမည့် အစေခံများလည်း သက်သက် ရှိနေပြီးသားပင်။ ထိုအခါမှသာ ချန်းကျင်းသည် ယခုကဲ့သို့ ဝတ်ဆင်ထားသည်မှာ မိမိတစ်ယောက်တည်း မဟုတ်ပါဘဲ တခြားလူများလည်း ရှိသေးကြောင်း သတိထားမိသွားရလေ၏။
ထိုလူများအထဲမှ ကြည့်ရအဆိုးဆုံးလူမှာ ရိုင်ဂျယ်မိသားစုဝင် ဖြစ်ဟန်တူသော ယောကျ်ားကြီးတစ်ဦး ဖြစ်သည်။ ထိုသူသည် ခြေကြီး လက်ကြီး ခေါင်းကြီး၍ ကိုယ်ထည်ကြီးမားရုံမက ခြေချောင်းလက်ချောင်းများကလည်း ကြီးမားသေး၏။ ထို့အပြင် အရပ်အမောင်းမှာလည်း ၁.၉ မီတာကျော်မျှ ရှိကာ မျက်နှာပြင်၌လည်း မုတ်ဆိတ်မွှေးတစ်ခုက ရှိသေးသည်။ သို့သော် ထိုကဲ့သို့သော အသွင်အပြင်များနှင့် လိုက်ဖက်မညီရာ အမျိုးသမီး အစေခံဝတ်စုံတစ်စုံကလည်း ထိုလူ၏ကိုယ်ထည်ထက်တွင် တည်ရှိနေခြင်း ဖြစ်လေ၏။
အမျိုးသမီး အစေခံဝတ်စုံသည်ကား အရွယ်အစား သေးငယ်လှသည်ဖြစ်ရာ ယခုကဲ့သို့ လူကောင်ကြီးမားသော အမျိုးသားတစ်ယောက်က ဝတ်ဆင်လိုက်ချိန်တွင် ဝတ်ဆင်သူ၏ခန္ဓာကိုယ်အား တင်းကြပ်သကဲ့သို့ ဖြစ်သွားစေ၍ ချုပ်ရိုးကြောင်းများမှာလည်း အချိန်မရွေး ပြဲထွက်သွားနိုင်သကဲ့သို့ ခံစားနေရလေသည်။ သို့သော် ထိုလူသည်ကား အတော်လေးတည်ငြိမ်လျက် တခြားလူများ၏ အထူးအဆန်းသဖွယ် အကြည့်များကိုလည်း ဂရုမစိုက်ပါချေ။ သို့သော် ဧည့်သည်တစ်ယောက်က သူ့အား အနည်းငယ် အရိုင်းဆန်သော အကြည့်မျိုးနှင့် ကြည့်လာသောအခါ သူသည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လျက် တဖြန်းဖြန်းမြည်အောင် ရိုက်ဟန်ပြပြီးနောက် ခက်ထန်စွာနှင့် မေးလေသည်။
"ဟေး ဘာကြည့်တာလဲ။ ဒီပုံစံကို သဘောကျလို့လား? သေချင်နေပြီလား!?"
ရိုင်ဂျယ်မိသားစုဝင်များသည် တိုက်ခိုက်နိုင်စွမ်းရှိ၍ အားကောင်းမောင်းသန်သော လူမျိုးများ ဖြစ်ကြသည်။ သို့သော်ငြား ယခုပါတီပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်အများစုမှာ ဖူးဖူးမှုတ်ခံထားရသော သခင်လေး သခင်မလေးများ ဖြစ်ကြသဖြင့် ထိုလူ့အား အကြောက်အလန့်မရှိ ရန်စနိုင်စွမ်းရှိဟန် တူ၏။ မည်သို့ပင်ဆိုစေကာမူ ထိုလူသည် တခြားလူများနှင့် ရန်ဖြစ်ရင်း အချိန်ဖြုန်းဖို့အရေး စိတ်ဝင်စားမနေခဲ့ပါချေ။ သူသည် အတတ်နိုင်ဆုံး တခြားလူများအား လျစ်လျူရှု၍ အချိုပွဲရွေးယူရန်အတွက် ချန်းကျင်း၏ဘေးနားသို့ တဖြည်းဖြည်း ရောက်လာခဲ့ပေ၏။ သူက ချန်းကျင်းအား မြင်သောအခါ သဘောကျစွာ ပြုံးမိ၍ မှတ်ချက်ဆန်သော စကားတစ်ခွန်းကို ဆိုလေသည်။
"ဟေ့ ဒီဝတ်စုံက မင်းနဲ့အတော်လေး လိုက်တယ်"
၎င်းစကားအား အခြားဧည့်သည်တစ်ယောက်ယောက်ဆီမှသာ ကြားရလျှင် ချန်းကျင်းသည် ကျိန်းသေပေါက် ရှက်ရွံ့သွားမိပေလိမ့်မည်။ သို့သော် ယခု သူ့ကို ပြောလာသည့်သူသည်ကား သူနှင့်ပုံစံတူ ဝတ်ဆင်ထားသော လူအကြီးကြီးတစ်ယောက်ဖြစ်နေသဖြင့် သူသည် အနည်းငယ် စိတ်သက်သာရာ ရသွားမိလေ၏။ သို့သော် သူသည်ကား တခြားလူများနှင့် စကားစမြည်ပြောဆိုရာ၌ သိပ်မတော်သဖြင့် ယဉ်ကျေးမှုအရ တစ်ဖက်လူအား "မင်းနဲ့လည်း လိုက်ပါတယ်" ဟု တူသောစကားဖြင့် ပြန်လည်ချီးမွမ်းရန် တွေးလိုက်မိသည့်တိုင် တကယ့်လက်တွေ့မှာ လုံးဝလိုက်ဖက်ခြင်း ရှိမနေခဲ့သဖြင့် ၎င်းစကားအား ပြန်မပြောနိုင်ခဲ့ပါချေ။
ထို့ကြောင့် ချန်းကျင်းသည် မသဲမကွဲ အသံပြု၍သာ ထိုလူ့အား ပြန်လည်တုံ့ပြန်မိလေ၏။ သူ့ဘက်မှ တုံ့ပြန်မှုက ဟက်ဟက်ပက်ပက် မရှိသော်ငြား ထိုလူသည်ကား စိတ်ဆိုးပုံမပေါ်ပါဘဲ ဆက်မေးလာသည်။
"ဘယ်သူနဲ့အတူလာတာလဲ"
"လျန်ဝူ သခင်လေးလျန်ဝူနဲ့"
"ဪ ငါသိတယ်။ အဲ့ဒါ ရှီမာရဲ့ ချွေးမလေးမလား"
"ဟုတ်လား.."
ထိုကဲ့သို့ စကားအနည်းငယ် ပြောဆိုပြီးနောက် ချန်းကျင်းသည် ရှန်ပိန်တစ်ခွက် ယူသွား၍ ခန်းမထဲသို့ ပြန်သွားကာ လျန်ဝူအား ရှာဖွေလေ၏။ သို့သော် အတန်ကြာ ရှာဖွေခဲ့ပြီးသည့်တိုင် တစ်ဖက်လူ၏ အရိပ်အယောင်အား သေးသေးမျှပင် မတွေ့ခဲ့လေရာ နောက်ဆုံး သူသည် ယခင်က စားပွဲထံသို့သာ ပြန်ရောက်လာရတော့သည်။ အားကောင်းမောင်းသန် လူကြီးသည်လည်း ၎င်းခုံထက်၌ ရှိနေဆဲဖြစ်ကာ ထိုလူသည် ကိတ်မုန့်အချိုပွဲအား စတင်၍ တစ်ပန်းကန်ပြီး တစ်ပန်းကန် သုံးဆောင်နေခဲ့ပေ၏။ သူက ချန်းကျင်းအား မြင်သောအခါ ပုံမှန်အတိုင်း မေးလေသည်။
"ကိတ်မုန့်စားဦးမလား"
ချန်းကျင်းက ခေါင်းအသာအယာယမ်းပြရင်း ပြုံးလျက် ဆိုသည်။
"ကျေးဇူးပါပဲ ဒါပေမဲ့ မစားတော့ပါဘူး"
"ဒီကိတ်က တအားအရသာရှိတာ"
ထိုလူသည် ပြောရင်းဆိုရင်း ကိတ်မုန့်တစ်ဖဲ့အား စားလိုက်၍ ထို့နောက် တစ်ခုခုအား သတိရသွားဟန်ဖြင့် အလန့်တကြား အော်ပြောလာပေ၏။
"ဪ .. စကားမစပ် ငါ့နာမည်က ယူရိခါ! ယူရိခါ ရိုင်ဂျယ်"
ချန်းကျင်းကလည်း ကပျာကယာနှင့် ပြန်ဖြေမိသည်။
"ငါက ချန်းကျင်း"
ယူရိခါသည်ကား ချန်းကျင်းအား လုံးဝ သိခဲ့ဖူးပုံမရပါချေ။ သို့သော် သူက အတော်လေး စကားများသူဖြစ်လေရာ ချန်းကျင်းနှင့်သူသည် ယခုမှတွေ့ဖူးသည့် သူစိမ်းနှင့်မတူပါဘဲ အချိန်ကြာရင်းနှီးခဲ့ဖူးသော မိတ်ဆွေနှင့် တူနေရပေတော့၏။
"ခဏနေရင် ပြိုင်ပွဲတွေစတော့မှာ။ မင်း ဘယ်ဟာဝင်ပြိုင်ဖို့ စဉ်းစားထားလဲ? ငါကြားတာ ဒီနှစ်ပေးမယ့်ဆုတွေက တန်ဖိုးကြီးတွေတဲ့။ ငါက Sunny ကိတ်အရောင်းဆိုင်ရဲ့ တစ်နှစ်စာ အလကားစားခွင့်ရ ကူပွန်ကို လိုချင်တာ။ အာ အဲ့ဒီကူပွန်က မောင်ကျီထက်တောင် ပိုကောင်းသေးတယ်။ ငါ ဒီတစ်ပတ်လုံး အိမ်မှာ အဲ့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး လေ့ကျင့်ထားတာပဲ ..နိုင်ဖို့ အခွင့်အရေး ရှိလောက်ပါတယ်!"
ချန်းကျင်းကမူ တစ်ဖက်လူ၏စကားကြောင့် အနည်းငယ် နားရှုပ်သွားခဲ့ရပေ၏။ သူသည် ပြိုင်ပွဲများနှင့် ချီးမြှင့်သည့် ဆုများအကြောင်း လုံးစေ့ပတ်စေ့ နားလည်ခြင်းမရှိသည့်တိုင် တစ်ခုခုက မူမမှန်သလို ခံစားလိုက်မိလေသည်။
"ဘာလို့မောင်ကျီထက်တောင် ပိုကောင်းတာလဲ? ပုံမှန်ဆို အဲ့ဒါက အနုပညာလက်ရာတွေနဲ့ ကဗျာစာပေတွေထက်တောင် တန်ဖိုးကြီးခဲ့တာမလား။ ဘာလို့လဲ"
"မသိဘူးလေ"
ယူရိခါက ပုခုံးတစ်ချက် တွန့်ပြရင်း တခြားအကြောင်းကို စကားစသည်။
"အခုနောက်ပိုင်း လက်မှုပညာတွေလည်း အတော်ရေပန်းစားလာတယ်နော်။ မစ္စရီလာ ဆိုတဲ့တစ်ယောက်က ဒီလောကထဲမှာ အတော်နာမည်ကြီးတာပဲ။ ပြောခါမှ မစ္စချီရဲ့ ဂါဝန်ကလည်း တကယ်လှပါတယ်လေ ... သူ့ဒေါသနဲ့တော့ သိပ်မလိုက်ဖက်ပေမဲ့ပေါ့"
ယခုအချိန်၌ ချန်းကျင်းသည် ထိုလူများ ပြောပြောနေကြသည့် မစ္စရီလာ ဟူသည်မှာ မိမိပင်ဖြစ်ကြောင်း အသေအချာ သိရှိသွားရပြီ ဖြစ်၏။ သူ၏လက်ရာများမှာ ဤလောက၌ လူကြိုက်များ နာမည်ရနေပြီပင်။
ထိုသို့ဆိုလျှင် သူ ငွေပိုရှာနိုင်တော့မည် မဟုတ်ပါလား?
ချန်းကျင်းက တွေး၍မဆုံးသေးခင်မှာပင် ဘေးနားမှ ယူရိခါက သူ့ပုခုံးတစ်ဖက်အား ပုတ်၍ စကားစလာပြန်သည်။
"ငါနဲ့အတူ ဝင်မပြိုင်ချင်ဘူးလား? ငါ့အမြင်မှာ မင်းက ချည်မွှေးထိုးတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မယ့်ပုံပေါက် နေတယ်"
"ငါ..ငါက သခင်လေးလျန်အတွက် အလုပ်လုပ်ပေးဖို့ လိုသေးတယ်"
"သူက ထွက်ပြေးသွားပြီ မဟုတ်ဘူးလား။ သွားရအောင်ပါ လာ အတူတူ စာရင်းသွားပေးရအောင်။ ဒီလိုလုပ် မင်းနိုင်ရင် ငါ့ကို အဲ့ဒီကူပွန်ပြန်ရောင်း။ တစ်သိန်းနဲ့ဝယ်မယ်"
ချန်းကျင်းသည် မူလအစက ငြင်းဆိုရန် စဉ်းစားထားပြီး ဖြစ်သည့်တိုင် ထိုငွေပမာဏအား ကြားသည့်အခါ လက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်မိ၏။ ယခုအချိန်၌ သူသည်လည်း ငွေလိုနေသည် မဟုတ်ပါလား? ထို့အပြင် ၎င်းပြိုင်ပွဲက အချိန်လည်း အရမ်းကြာလိမ့်မည် မဟုတ်ပါချေ။ သို့ဖြစ်၍ လျန်ဝူအား ပြိုင်ပွဲပြီးမှ လိုက်ရှာလည်း အဆင်ပြေနိုင်လောက်လေသည်။
ယူရိခါသည် ချည်ထိုးပြိုင်ပွဲကျင်းပရာ နေရာအား အချိန်တိုအတွင်းပင် ရှာတွေ့သွားလေ၏။ သူတို့ရောက်ရှိသွားချိန်တွင် ကြိုတင်ပြင်ဆင်မှုများလည်း ပြီးလုနီးပါးဖြစ်ကာ စာရင်းသွင်းရမည့်နေရာမှာလည်း ပြိုင်ပွဲဝင်များအား လက်ခံနေပြီဖြစ်သည်။ ထိုနေရာ၌စုပြုံနေသည့် လူအများစုမှာ အမျိုးသမီးများနှင့် ရှားပါးမျိုးစိတ်များသာဖြစ်၍ အမျိုးသားအချို့ကမူ ဘေးနားမှ အားပေးကြည့်ရှုနေကြခြင်း ဖြစ်ပေ၏။ ယူရိခါနှင့်ချန်းကျင်းသည်ကား လူအကြည့်ခံရဆုံးပင်။ ယူရိခါကမူ တခြားလူများ၏အကြည့်များအား ဂရုထားမနေခဲ့ပါချေ။ သူသည် စာရင်းသွင်းကောင်တာဆီသို့ သွား၍ စားပွဲမျက်နှာပြင်ထက်ကို သူ့လက်ဖဝါးပြင်ကြီးဖြင့် ပုတ်ချလိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလေသည်။
"ငါနဲ့ချန်းကျင်းလည်း စာရင်းသွင်းမယ်"
သူ့စကားကြောင့် အနီးအနားတစ်ဝိုက်မှ လှောင်ရယ်သံအချို့ ထွက်ပေါ်လာခဲ့ရာ ကျန်သောလူအချို့ပင် သူတို့ရှိရာနေရာအား ပို၍ စိတ်ဝင်တစားနှင့် ကြည့်လာလေတော့၏။ ထို့အပြင် သတင်းထောက်များကလည်း ဓာတ်ပုံရိုက်နေဆဲဖြစ်သဖြင့် ချန်းကျင်းသည် မျက်နှာကို လက်ဖြင့် အလျင်အမြန် ဖုံးကွယ်လိုက်ရပေသည်။
အတန်ကြာသောအခါ စီစဉ်တင်ဆက်သူသည် ချည်ထိုးရန်လိုအပ်သည့် အပ်အမျိုးအစားပေါင်းစုံနှင့် ချည်လုံးများကို ပြိုင်ပွဲဝင်တစ်ဦးချင်းစီအား ပေးအပ်ကာ စည်းမျဉ်းစည်းကမ်းများအား ကြေညာလေတော့၏။
"အလုပ်(လက်ရာ)တစ်ခုကို ပြီးမြောက်ဖို့အတွက် အချိန် ၂ နာရီ ရပါတယ်။ ဒီဇိုင်းအနေနဲ့ကတော့ ကန့်သတ်ထားခြင်း မရှိပါဘူး။ မိမိနှစ်သက်ရာကို ပုံဖော်နိုင်ပါတယ်ခင်ဗျ။ လည်စည်းဖြစ်ဖြစ် လက်အိတ်ဖြစ်ဖြစ် တခြားပစ္စည်းဖြစ်ဖြစ်ပါ။ ပြီးသွားတဲ့လက်ရာတိုင်းကို ကျွန်တော်က အရည်အချင်းစစ်ပေးမှာဖြစ်ပြီး အနိုင်ရရှိသူကတော့ Sunny ကိတ်အရောင်းဆိုင်ရဲ့ တစ်နှစ်စာ အလကားစားခွင့်ရ ကူပွန်ကို ရရှိမှာပဲဖြစ်ပါတယ်။ အဲ့ဒါဆို အခုပဲ ပြိုင်ပွဲကိုစတင်လိုက်ပါပြီ!"
Zawgyi
လူထူးလူဆန္းတစ္ဦးႏွင့္ ေတြ႔ဆံုျခင္း
အင္ပါယာကမာၻ၏ မူလဥပေဒအရ တည္ေထာင္သူမ်ိဳးႏြယ္မ်ားသည္ ဆင္းရဲသည္ျဖစ္ေစ ခ်မ္းသာသည္ျဖစ္ေစ ဤကမာၻ၌ ဘဝတစ္သက္တာလံုး ေနထိုင္ခြင့္႐ွိ၍ အေကာင္းဆံုးေသာ လူမႈအေထာက္အပံ့မ်ားကို ရ႐ွိႏိုင္၏။ ၎အေထာက္အပံ့မ်ားမွာ လြန္စြာမွ ျပည့္စံုေကာင္းမြန္ေသာေၾကာင့္ တစ္သက္တာေနထိုင္ႏိုင္ခြင့္ကို ရ႐ွိၿပီးလွ်င္ မည္သည့္ အသက္ေမြး၀မ္းေက်ာင္းမွ် လုပ္စရာမလိုပါဘဲ မိမိဘဝကို အပူအပင္ကင္းကင္း ျဖတ္သန္းလို႔ရေပသည္။
သို႔ေသာ္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ၎မ်ိဳးႏြယ္ဝင္လူဦးေရက မ်ားျပားလာကာ အစိုးရအတြက္ ႀကီးေလးေသာ ဝန္ထုပ္ဝန္ပိုးတစ္ခုကဲ့သို႔ ျဖစ္တည္လာရေတာ့၏။ ထို႔ေၾကာင့္ အထက္လူႀကီးမ်ားသည္ တည္ေထာင္သူမ်ိဳးႏြယ္မ်ားမွ အမ်ိဳးသမီးတစ္ဦးအေနျဖင့္ မိမိမ်ိဳးႏြယ္ဝင္မဟုတ္ေသာ ျပင္ပလူတစ္ဦးႏွင့္ လက္ထပ္ျခင္းအမႈျပဳပါက သူမ၏ အင္ပါယာကမာၻ၌ တစ္သက္တာခိုလံႈႏိုင္ခြင့္အား ဖ်က္သိမ္းကာ တျခားလူမ်ားနည္းတူ ပ်မ္းမွ်ဝင္ေငြႏွင့္ ရာထူးအဆင့္အတန္းေပၚ မူတည္၍ ခိုလႈံႏိုင္ခြင့္ကို ဆံုးျဖတ္မည္ ဟူေသာ ဥပေဒအသစ္တစ္ရပ္ကိုလည္း ေၾကညာခဲ့ေလသည္။
သို႔ျဖစ္၍ အင္ပါယာကမာၻ၌ တစ္သက္တာေနထိုင္ခြင့္ ရ႐ွိရန္အတြက္ တည္ေထာင္သူမ်ိဳးႏြယ္ဝင္ အမ်ိဳးသမီးမ်ားသည္ မိမိတို႔မိသားစုဝင္ထဲမွ အမ်ိဳးသားမ်ားႏွင့္ေသာ္လည္းေကာင္း မ်ိဳးႏြယ္ဝင္အခ်င္းခ်င္းမွ အမ်ိဳးသားမ်ားႏွင့္ေသာ္လည္းေကာင္း လက္ထပ္ေလ့႐ွိၾကေပ၏။ ဥပမာအားျဖင့္ ရန္းခ်ီ၏အေမႏွင့္ သူမ၏အစ္မတို႔ ျဖစ္ၾကသည္။ တစ္ေယာက္မွာ မိမိတို႔မိသားစုဝင္အခ်င္းခ်င္း လက္ဆက္လိုက္ျခင္းျဖစ္၍ က်န္တစ္ေယာက္မွာမူ မ်ိဳးႏြယ္တူေသာ ႐ိုင္ဂ်ယ္မိသားစုမွလူႏွင့္ လက္ထပ္လိုက္ျခင္းမ်ိဳးပင္။
အမွန္မွာမူ လုေထာင္၏အဖြားသည္ ယြိမ်ိဳးႏြယ္ဝင္ျဖစ္ခဲ့၍ ျပင္ပလူႏွင့္ လက္ထပ္ခဲ့ေသာေၾကာင့္ တစ္သက္တာ ေနထိုင္ခြင့္ကို ဆံုး႐ွံုးလိုက္ရျခင္း ျဖစ္ေလ၏။ မည္သို႔ပင္ဆိုေစကာမူ သူမႏွင့္ စီေကြးမွာ ယခုအခ်ိန္ထိ ဝမ္းကြဲညီအစ္မမ်ားအျဖစ္ ဆက္ႏြယ္မႈက ႐ွိေနဆဲပါပင္။
အဖြားျဖစ္သူ၏ အသြင္အျပင္စ႐ိုက္သည္ကား အရမ္းႀကီး မႏူးညံ့လွပါေခ်။ လက္ထပ္ၿပီးခ်ိန္မွစ၍ သူမသည္ အေမျဖစ္သူ၏ဘက္မွ မိသားစုႏွင့္ အဆက္အသြယ္ လုပ္ေလ့လုပ္ထမ႐ွိခ့ဲေလရာ ခ်န္းက်င္းသည္ သူမႏွင့္ ယြိမိသားစုၾကား၌ ထိုကဲ့သို႔ ဆက္ႏြယ္မႈ႐ွိေၾကာင္းကို အခ်ိန္အတန္ၾကာ ေမ့ေနခဲ့မိျခင္း ျဖစ္၏။ ထို႔ေၾကာင့္ ယခုအခ်ိန္မ်ိဳး၌ အဖြားျဖစ္သူႏွင့္ ေတြ႔ဆံုရလိမ့္မည္ဟုလည္း ထင္မွတ္မထားခဲ့မိပါေပ။
ခ်န္းက်င္းသည္ တစ္ဖက္လူ၏ ေရခဲတမွ် ေအးစက္ေနေသာ အၾကည့္မ်ားကို လက္ခံယူလ်က္ ၎အၾကည့္မ်ားမွာ အေစာပိုင္းက လူေပါင္းမ်ားစြာ၏ အထင္အျမင္ေသးေသာ အၾကည့္မ်ားထက္ အဆေပါင္းရာခ်ီ ပို၍႐ွက္စရာေကာင္းေလေၾကာင္း ခံစားမိေတာ့၏။ အဖြားျဖစ္သူ၏ အၾကည့္မ်ားက ခက္ထန္စူး႐ွေနဆဲပါပင္။ သူမက ဝွီးခ်ဲလ္ကိုတြန္းကာ ခ်န္းက်င္း၏အနားသို႔ ေလွ်ာက္လာခဲ့၍ ေမးသည္။
"ဘာလို႔ ဒီလိုပံုစံဝတ္ထားတာလဲ။ ဒါက ဘာနဲ႔တူေနၿပီလဲ!!?"
ခ်န္းက်င္းသည္ ႐ွက္ရြံ႔လြန္းသျဖင့္ သူမအား ျပန္လည္းမေျဖရဲသကဲ့သို႔ မ်က္ႏွာခ်င္းလည္းမဆိုင္ရဲပါေခ်။ ထို႔ေၾကာင့္ တစ္ခ်ိန္လံုး ေခါင္းငံု႔ထားမိေလရာ တစ္ဖက္မွ အဖြားျဖစ္သူ၏ ေျခေထာက္ထက္၌ လႊမ္းထားေသာ သူ၏ျခံဳထည္ေလးကိုသာ ျမင္ေတြ႔လိုက္ရေပသည္။ သို႔ျဖစ္၍ သူ၏စိတ္အစဥ္မွာ ပို၍ ႐ႈပ္ေထြးသြားရေတာ့၏။
ယခုကဲ့သို႔ ႐ွက္စရာေကာင္းေသာ အေျခအေနမ်ိဳးႏွင့္သာ မဟုတ္ပါလွ်င္ ေကာင္းေကာင္းမြန္မြန္ေလး ႏႈတ္ဆက္လို႔ ရႏိုင္ဦးမည္ မဟုတ္ပါလား?
ယြိစီေကြးက ရယ္ေမာလ်က္ ႏူးညံ့စြာဆိုေလသည္။
"ဒါက အဲ့ဒီ ေ႐ွာင္ခ်န္းက်င္းလား? ဒီလိုဝတ္ထားေတာ့လည္း ခ်စ္စရာေလးပဲ"
"ဘာကို ခ်စ္စရာေကာင္းရမွာလဲ!? ေယာက်္ားတစ္ေယာက္လံုး ႐ွိရက္နဲ႔ ဒီလိုမ်ိဳးဝတ္စရာလား ..႐ွက္ရေကာင္းမွန္းကို မသိဘူး"
အဖြားျဖစ္သူ၏ အေျပာအဆိုမွာ ယခုထိ ၾကမ္းတမ္းေနဆဲပါပင္။
"အခုခ်က္ခ်င္း သြားမလဲေသးဘူးလား?
ခ်န္းက်င္းသည္ မူလအစကတည္းက ၎ဝတ္စံုအား လဲပစ္ရန္ ဆႏၵ႐ွိၿပီးသား ျဖစ္သည့္တိုင္ လ်န္ဝူႏွင့္ ကတိကဝတ္ျပဳထားခဲ့သည္အား ျပန္လည္အမွတ္ရမိသျဖင့္ အသာအယာ ေခါင္းယမ္းျပလ်က္သာ ဆိုလာေလ၏။
"ကြၽန္ေတာ္.. လဲလို႔မရဘူး"
သူက အသက္ျပင္းျပင္း တစ္ခ်က္႐ႈသြင္းရင္း ထပ္႐ွင္းျပသည္။
"သခင္ေလးလ်န္အတြက္ ဒီေန႔တစ္ေန႔တာ သူ႔အေစခံအျဖစ္ေနေပးမယ္လို႔ ကတိျပဳထားၿပီးသားမို႔..ကြၽန္ေတာ္ ကတိမဖ်က္ႏိုင္ပါဘူး"
ခ်န္းက်င္း၏႐ွင္းျပခ်က္ကို ၾကားရသည့္တိုင္ အဖြားျဖစ္သူမွာ ယခုထိ စိတ္မၾကည္မလင္ ျဖစ္ေနဆဲပါပင္။ သူမအနားမွ စီေကြးက ျပံဳးလ်က္ ဆိုေလ၏။
"ဒီကေလးက အမ်ားႀကီး ေျပာင္းလဲသြားပါၿပီ အစ္မရယ္။ အရမ္းေဒါသမထြက္ပါနဲ႔ေတာ့။ ဒါက လူငယ္ေတြၾကားက အေလာင္းကစားေလးတစ္ခုပဲကို အရမ္းစိတ္ထဲမထားပါနဲ႔ ေ႐ွာင္ခ်န္းက သူ႔အစ္ကို,ကို မေတာ္တဆ႐ွံုးသြားလို႔ တစ္ရက္တာ အေစခံလုပ္ေပးတာေလ။ ေနာက္ၿပီး ကြၽန္မအျမင္ ဒီဝတ္စံုေလးနဲ႔လည္း ခ်စ္ဖို႔ေကာင္းပါတယ္ အရမ္းအဆိုးႀကီးမွမဟုတ္တာ"
[TN : အမ်ိဳးဆက္ၾကည့္ရင္ လ်န္ဝူရဲ႕အမ်ိဳးသားနဲ႔ စီေကြးနဲ႔က ေျမးအဖြား ျဖစ္ႏိုင္ပါတယ္။ အဲ့ဒီေတာ့ စီေကြးအတြက္ လ်န္ဝူေရာ ခ်န္းက်င္းေရာ ႏွစ္ေယာက္လံုးက ေျမးေခြၽးမေလးေတြေပါ့~ အသက္ကေတာ့ လ်န္ဝူက ခ်န္းက်င္းထက္ နည္းနည္းႀကီးတာမို႔ "အစ္ကို" လို႔သံုးေပးထားတာ]
သို႔ႏွင့္ အဖြားျဖစ္သူသည္ ဘာမွ်ထပ္မဆူေတာ့ပါဘဲ တစ္ဖက္သို႔လွည့္၍ ႏႈတ္ခမ္းမဲ့ကာ အသံတိတ္ မေက်မနပ္ျဖစ္ေနေလေတာ့၏။ ေနာက္ဆံုး၌ ေဘးနားတြင္ရပ္ေနေသာ လ်န္ဝူသည္ အေၾကာင္းစံုကို နားလည္သြားရေလၿပီ။ သူသည္ ခ်က္ခ်င္းပင္ ေ႐ွာ့ခ္ရသြားမိ၍ ကပ်ာကယာ ဝင္ေျပာလာသည္။
"ဒါက တကယ္ အေပ်ာ္သေဘာ သက္သက္ပါ။ သခင္ေလးခ်န္းက လဲခ်င္တယ္ဆိုရင္ လဲလို႔ရ.."
"ငါမလဲဘူး!"
အဆံုး၌မူ ခ်န္းက်င္းသည္ ႐ွိ႐ွိသမွ် သတၱိအလံုးစံုကို ထုတ္၍ ေခါင္းေမာ့လာႏိုင္ၿပီ ျဖစ္၏။ သူ႔အသံက ထိတ္လန္႔ေစသည္အထိ က်ယ္ေလာင္ျခင္းမ႐ွိသည့္တိုင္ တစ္နည္းတစ္ဖံု ဩဇာေညာင္းေနေလသည္။
"ဒါက အေပးအယူတစ္ခုပဲ။ ငါ ကတိေပးထားခဲ့ၿပီးသားမို႔ တစ္ဝက္တစ္ပ်က္နဲ႔ ဖ်က္လိုက္မွာ မဟုတ္ဘူး"
အတိတ္အခါမွ သူသည္ကား သူ၏လုပ္ရပ္ႏွင့္ ပတ္သက္၍ တစ္ခါမွ် တာဝန္ယူျခင္းမ်ိဳး မ႐ွိခဲ့ဖူးပါေခ်။
အခန္းအတြင္း၌ တိတ္ဆိတ္ျခင္းက အတန္ၾကာမွ် ႀကီးစိုးေနခဲ့ကာ အျခားဧည့္သည္ေတာ္မ်ားလည္း အနည္းငယ္ အေနခက္လာရေတာ့၏။ ခ်န္းက်င္း၏စကားေၾကာင့္ အဖြားျဖစ္သူမွာ အံ့ဩသြားမိ၍ သူ႔အား ၾကည့္သည့္အၾကည့္မွာလည္း ေအးစက္မႈတို႔ ေလ်ာ့နည္းသြားရသည္။ အဆံုး၌မူ စီေကြးကသာ ျဖန္ေျဖေပးလာရေပ၏။
"ကဲပါ အဲ့ဒါကိုထားပါေတာ့။ စကားမစပ္ ဝူေလးလည္း အားတဲ့အခ်ိန္က်ရင္ အဖြားကို မစၥရီလာရဲ႕နံပါတ္ ေပးဦးေနာ္။ အဖြားလည္း သူ႔ကို ဝတ္စံုလွလွေလး အပ္ရဦးမယ္။ ကဲ ကဲ သြား။ အျပင္ထြက္ၿပီး ၿပိဳင္ပြဲေတြဝင္ၿပိဳင္ရင္း ေပ်ာ္ၾကဦးေလ"
လ်န္ဝူသည္ မိမိ၌ မစၥရီလာ၏နံပါတ္ အတိအက်မ႐ွိပါေၾကာင္း စီေကြးအား ထပ္၍႐ွင္းျပရန္ပင္ စကားမဟႏိုင္ေတာ့ပါေခ်။ ဤအခန္းအတြင္း႐ွိ ေလထုက အနည္းငယ္ မြန္းၾကပ္ေနသကဲ့သို႔ ခံစားရေလသည္။ ထို႔ေၾကာင့္ အခ်ိန္ေသးေသးေလးမွ် ဆက္မေနရဲေတာ့ပါသျဖင့္ လူႀကီးသူမမ်ားအား ေျခာက္ကပ္ကပ္အျပံဳးတစ္ပြင့္ႏွင့္ ႏႈတ္ဆက္ၿပီးေနာက္ အလ်င္အျမန္ႏွင့္ အခန္းအျပင္ဘက္သို႔ ထြက္လာခဲ့ေပ၏။
လူ႐ွင္းသည့္တစ္ေနရာသို႔ ေရာက္ေသာအခါ လ်န္ဝူသည္ ေဆြ႔ေဆြ႔ခုန္မတတ္ အံ့ဩသြားဟန္ျဖင့္ ခ်န္းက်င္းအား ႐ုတ္တရက္ ေမးေလသည္။
"မင္း..မင္း..မင္းက တကယ္ႀကီး လုေထာင္ရဲ႕ လက္တြဲေဖာ္လား?! ဗိုလ္ခ်ဳပ္ လုေထာင္နဲ႔ေလ!? ဘာလို႔ ငါ့ကို ေစာေစာက မေျပာတာလဲ"
ခ်န္းက်င္းက သူ႔ေမးခြန္းအား ျပန္မေျဖပါဘဲ ထိုအစား ႐ိုက်ိဳးသည့္ အသြင္ျဖင့္ သူ႔အား အေမးစကားဆိုလာခဲ့သည္။
"တစ္ခုခု လိုခ်င္တာ ႐ွိလို႔ပါလား သခင္ေလး လ်န္"
"ခ်ီး..ေတာ္ေတာ့! ငါတို႔သေဘာတူညီခ်က္က ဒီမွာတင္ၿပီးၿပီ။ မင္း အခုကစၿပီး ငါ့အေစခံ လုပ္ဖို႔မလိုေတာ့ဘူး။ ငါနဲ႔ေဝးေဝးေနေပးစမ္းပါ"
"ဒါေပမဲ့ ငါတို႔ကတိျပဳထားတာက တစ္ရက္ေလ။ ငါက မင္းကို ပိုက္ဆံနဲ႔မွျပန္မဆပ္ႏိုင္တာ။ မင္း တစ္ခုခုလိုရင္ ငါ့ကိုခိုင္းလို႔ရပါတယ္။ ငါ မင္းရဲ႕အေစခံလုပ္ေပးမယ္"
ခ်န္းက်င္းက ခန္းမတစ္ေလွ်ာက္ ေဝ့ဝဲၾကည့္ရင္း ဆက္၍ေျပာလာခဲ့သည္။
"႐ွန္ပိန္ေသာက္ခ်င္တာလား ? ဒါမွမဟုတ္ သစ္သီးေဖ်ာ္ရည္လား"
လ်န္ဝူသည္ မတ္မတ္ရပ္လ်က္ႏွင့္ပင္ ေခါင္းထက္မွ သူ၏ဆံပင္မ်ား ေထာင္လာသကဲ့သို႔ ခံစားလိုက္ရကာ အလန္႔တၾကား မေမးဘဲ မေနႏိုင္ေတာ့ပါေပ။
"မင္း႐ူးသြားတာလား!? ဒီကိုလာတုန္း ကားထဲက ဆင္းရဖို႔အေရးကိုေတာင္ မင္းက အင္တင္တင္ ျဖစ္ေနခဲ့တာေလ။ အခုမွ ဘာေစာက္႐ူးထေနတာလဲ!?"
ခ်န္းက်င္းကမူ သူ႔စကားအား စိတ္ထဲထားမေနခဲ့ပါေခ်။
"ငါ မင္းအတြက္ ႐ွန္ပိန္ယူေပးခဲ့မယ္"
ထို႔ေနာက္ သူသည္ လူအုပ္ၾကားထဲသို႔ တျဖည္းျဖည္း တိုးဝင္သြားခဲ့ေလေတာ့၏။ ယခုအေခါက္၌မူ ခ်န္းက်င္းသည္ အေစာပိုင္းကဲ့သို႔ ေခါင္းငံု႔ထားျခင္း မ႐ွိေတာ့ပါဘဲ ပံုမွန္အတိုင္း တည္ၿငိမ္စြာျဖင့္ လမ္းေလွ်ာက္ႏိုင္ၿပီ ျဖစ္၏။ ယေန႔တစ္ေန႔လံုး မေမွ်ာ္လင့္ထားေသာ ကိစၥရပ္မ်ားစြာႏွင့္ အ႐ွက္ရဖြယ္ကိစၥမ်ားကို ၾကံဳေတြ႔ခဲ့ရၿပီး ျဖစ္ေလရာ ေနာက္ဆံုး၌ ေနသားက် သြားရေလၿပီ။
ခ်န္းက်င္းသည္ မည္သူ႔အေပၚမွ် အျငႇိဳးအေတး ထားမေနခဲ့ပါေခ်။ သူသည္ကား ဒီ့ထက္ပို၍ သည္းခံတတ္ရန္ ကိုယ့္ကိုယ္ကို သင္ယူေနျခင္းပင္။
ပါတီပြဲ႐ွိ စားေသာက္ဖြယ္ရာ အားလံုးမွာ ဘူေဖးစတိုင္အတိုင္း ဝန္ေဆာင္မႈေပးထားျခင္း ျဖစ္၍ ေသာက္သံုးဖြယ္ရာမ်ားႏွင့္ ဧည့္ခံေပးမည့္ အေစခံမ်ားလည္း သက္သက္ ႐ွိေနၿပီးသားပင္။ ထိုအခါမွသာ ခ်န္းက်င္းသည္ ယခုကဲ့သို႔ ဝတ္ဆင္ထားသည္မွာ မိမိတစ္ေယာက္တည္း မဟုတ္ပါဘဲ တျခားလူမ်ားလည္း ႐ွိေသးေၾကာင္း သတိထားမိသြားရေလ၏။
ထိုလူမ်ားအထဲမွ ၾကည့္ရအဆိုးဆံုးလူမွာ ႐ိုင္ဂ်ယ္မိသားစုဝင္ ျဖစ္ဟန္တူေသာ ေယာက်္ားႀကီးတစ္ဦး ျဖစ္သည္။ ထိုသူသည္ ေျခႀကီး လက္ႀကီး ေခါင္းႀကီး၍ ကိုယ္ထည္ႀကီးမားရံုမက ေျခေခ်ာင္းလက္ေခ်ာင္းမ်ားကလည္း ႀကီးမားေသး၏။ ထို႔အျပင္ အရပ္အေမာင္းမွာလည္း ၁.၉ မီတာေက်ာ္မွ် ႐ွိကာ မ်က္ႏွာျပင္၌လည္း မုတ္ဆိတ္ေမႊးတစ္ခုက ႐ွိေသးသည္။ သို႔ေသာ္ ထိုကဲ့သို႔ေသာ အသြင္အျပင္မ်ားႏွင့္ လိုက္ဖက္မညီရာ အမ်ိဳးသမီး အေစခံဝတ္စံုတစ္စံုကလည္း ထိုလူ၏ကိုယ္ထည္ထက္တြင္ တည္႐ွိေနျခင္း ျဖစ္ေလ၏။
အမ်ိဳးသမီး အေစခံဝတ္စံုသည္ကား အရြယ္အစား ေသးငယ္လွသည္ျဖစ္ရာ ယခုကဲ့သို႔ လူေကာင္ႀကီးမားေသာ အမ်ိဳးသားတစ္ေယာက္က ဝတ္ဆင္လိုက္ခ်ိန္တြင္ ဝတ္ဆင္သူ၏ခႏၶာကိုယ္အား တင္းၾကပ္သကဲ့သို႔ ျဖစ္သြားေစ၍ ခ်ဳပ္႐ိုးေၾကာင္းမ်ားမွာလည္း အခ်ိန္မေရြး ျပဲထြက္သြားနိုင္သကဲ့သို႔ ခံစားေနရေလသည္။ သို႔ေသာ္ ထိုလူသည္ကား အေတာ္ေလးတည္ၿငိမ္လ်က္ တျခားလူမ်ား၏ အထူးအဆန္းသဖြယ္ အၾကည့္မ်ားကိုလည္း ဂ႐ုမစိုက္ပါေခ်။ သို႔ေသာ္ ဧည့္သည္တစ္ေယာက္က သူ႔အား အနည္းငယ္ အ႐ိုင္းဆန္ေသာ အၾကည့္မ်ိဳးႏွင့္ ၾကည့္လာေသာအခါ သူသည္ လက္ႏွစ္ဖက္လံုးကို ဆန္႔ထုတ္လ်က္ တျဖန္းျဖန္းျမည္ေအာင္ ရိုက္ဟန္ျပၿပီးေနာက္ ခက္ထန္စြာႏွင့္ ေမးေလသည္။
"ေဟး ဘာၾကည့္တာလဲ။ ဒီပံုစံကို သေဘာက်လို႔လား? ေသခ်င္ေနၿပီလား!?"
႐ိုင္ဂ်ယ္မိသားစုဝင္မ်ားသည္ တိုက္ခိုက္ႏိုင္စြမ္း႐ွိ၍ အားေကာင္းေမာင္းသန္ေသာ လူမ်ိဳးမ်ား ျဖစ္ၾကသည္။ သို႔ေသာ္ျငား ယခုပါတီပြဲသို႔ တက္ေရာက္လာၾကသည့္ ဧည့္သည္အမ်ားစုမွာ ဖူးဖူးမႈတ္ခံထားရေသာ သခင္ေလး သခင္မေလးမ်ား ျဖစ္ၾကသျဖင့္ ထိုလူ႔အား အေၾကာက္အလန္႔မ႐ွိ ရန္စႏိုင္စြမ္း႐ွိဟန္ တူ၏။ မည္သို႔ပင္ဆိုေစကာမူ ထိုလူသည္ တျခားလူမ်ားႏွင့္ ရန္ျဖစ္ရင္း အခ်ိန္ျဖဳန္းဖို႔အေရး စိတ္ဝင္စားမေနခဲ့ပါေခ်။ သူသည္ အတတ္ႏိုင္ဆံုး တျခားလူမ်ားအား လ်စ္လ်ဴရႈ၍ အခ်ိဳပြဲေရြးယူရန္အတြက္ ခ်န္းက်င္း၏ေဘးနားသို႔ တျဖည္းျဖည္း ေရာက္လာခဲ့ေပ၏။ သူက ခ်န္းက်င္းအား ျမင္ေသာအခါ သေဘာက်စြာ ျပံဳးမိ၍ မွတ္ခ်က္ဆန္ေသာ စကားတစ္ခြန္းကို ဆိုေလသည္။
"ေဟ့ ဒီဝတ္စံုက မင္းနဲ႔အေတာ္ေလး လိုက္တယ္"
၎စကားအား အျခားဧည့္သည္တစ္ေယာက္ေယာက္ဆီမွသာ ၾကားရလွ်င္ ခ်န္းက်င္းသည္ က်ိန္းေသေပါက္ ႐ွက္ရြံ႔သြားမိေပလိမ့္မည္။ သို႔ေသာ္ ယခု သူ႔ကို ေျပာလာသည့့္သူသည္ကား သူႏွင့္ပံုစံတူ ဝတ္ဆင္ထားေသာ လူအႀကီးႀကီးတစ္ေယာက္ျဖစ္ေနသျဖင့္ သူသည္ အနည္းငယ္ စိတ္သက္သာရာ ရသြားမိေလ၏။ သို႔ေသာ္ သူသည္ကား တျခားလူမ်ားႏွင့္ စကားစျမည္ေျပာဆိုရာ၌ သိပ္မေတာ္သျဖင့္ ယဥ္ေက်းမႈအရ တစ္ဖက္လူအား "မင္းနဲ႔လည္း လိုက္ပါတယ္" ဟု တူေသာစကားျဖင့္ ျပန္လည္ခ်ီးမြမ္းရန္ ေတြးလိုက္မိသည့္တိုင္ တကယ့္လက္ေတြ႔မွာ လံုးဝလိုက္ဖက္ျခင္း ႐ွိမေနခဲ့သျဖင့္ ၎စကားအား ျပန္မေျပာႏိုင္ခဲ့ပါေခ်။
ထို႔ေၾကာင့္ ခ်န္းက်င္းသည္ မသဲမကြဲ အသံျပဳ၍သာ ထိုလူ႔အား ျပန္လည္တံု႔ျပန္မိေလ၏။ သူ႔ဘက္မွ တံု႔ျပန္မႈက ဟက္ဟက္ပက္ပက္ မ႐ွိေသာ္ျငား ထိုလူသည္ကား စိတ္ဆိုးပံုမေပၚပါဘဲ ဆက္ေမးလာသည္။
"ဘယ္သူနဲ႔အတူလာတာလဲ"
"လ်န္ဝူ သခင္ေလးလ်န္ဝူနဲ႔"
"ဪ ငါသိတယ္။ အဲ့ဒါ ႐ွီမာရဲ႕ ေခြၽးမေလးမလား"
"ဟုတ္လား.."
ထိုကဲ့သို႔ စကားအနည္းငယ္ ေျပာဆိုၿပီးေနာက္ ခ်န္းက်င္းသည္ ႐ွန္ပိန္တစ္ခြက္ ယူသြား၍ ခန္းမထဲသို႔ ျပန္သြားကာ လ်န္ဝူအား ႐ွာေဖြေလ၏။ သို႔ေသာ္ အတန္ၾကာ ႐ွာေဖြခဲ့ၿပီးသည့္တိုင္ တစ္ဖက္လူ၏ အရိပ္အေယာင္အား ေသးေသးမွ်ပင္ မေတြ႔ခဲ့ေလရာ ေနာက္ဆံုး သူသည္ ယခင္က စားပြဲထံသို႔သာ ျပန္ေရာက္လာရေတာ့သည္။ အားေကာင္းေမာင္းသန္ လူႀကီးသည္လည္း ၎ခံုထက္၌ ႐ွိေနဆဲျဖစ္ကာ ထိုလူသည္ ကိတ္မုန္႔အခ်ိဳပြဲအား စတင္၍ တစ္ပန္းကန္ၿပီး တစ္ပန္းကန္ သံုးေဆာင္ေနခဲ့ေပ၏။ သူက ခ်န္းက်င္းအား ျမင္ေသာအခါ ပံုမွန္အတိုင္း ေမးေလသည္။
"ကိတ္မုန္႔စားဦးမလား"
ခ်န္းက်င္းက ေခါင္းအသာအယာယမ္းျပရင္း ျပံဳးလ်က္ ဆိုသည္။
"ေက်းဇူးပါပဲ ဒါေပမဲ့ မစားေတာ့ပါဘူး"
"ဒီကိတ္က တအားအရသာ႐ွိတာ"
ထိုလူသည္ ေျပာရင္းဆိုရင္း ကိတ္မုန္႔တစ္ဖဲ့အား စားလိုက္၍ ထို႔ေနာက္ တစ္ခုခုအား သတိရသြားဟန္ျဖင့္ အလန္႔တၾကား ေအာ္ေျပာလာေပ၏။
"ဪ .. စကားမစပ္ ငါ့နာမည္က ယူရိခါ! ယူရိခါ ႐ိုင္ဂ်ယ္"
ခ်န္းက်င္းကလည္း ကပ်ာကယာႏွင့္ ျပန္ေျဖမိသည္။
"ငါက ခ်န္းက်င္း"
ယူရိခါသည္ကား ခ်န္းက်င္းအား လံုးဝ သိခဲ့ဖူးပံုမရပါေခ်။ သို႔ေသာ္ သူက အေတာ္ေလး စကားမ်ားသူျဖစ္ေလရာ ခ်န္းက်င္းႏွင့္သူသည္ ယခုမွေတြ႔ဖူးသည့္ သူစိမ္းႏွင့္မတူပါဘဲ အခ်ိန္ၾကာရင္းႏွီးခဲ့ဖူးေသာ မိတ္ေဆြႏွင့္ တူေနရေပေတာ့၏။
"ခဏေနရင္ ၿပိဳင္ပြဲေတြစေတာ့မွာ။ မင္း ဘယ္ဟာဝင္ၿပိဳင္ဖို႔ စဥ္းစားထားလဲ? ငါၾကားတာ ဒီႏွစ္ေပးမယ့္ဆုေတြက တန္ဖိုးႀကီးေတြတဲ့။ ငါက Sunny ကိတ္အေရာင္းဆိုင္ရဲ႕ တစ္ႏွစ္စာ အလကားစားခြင့္ရ ကူပြန္ကို လိုခ်င္တာ။ အာ အဲ့ဒီကူပြန္က ေမာင္က်ီထက္ေတာင္ ပိုေကာင္းေသးတယ္။ ငါ ဒီတစ္ပတ္လံုး အိမ္မွာ အဲ့ဒီၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး ေလ့က်င့္ထားတာပဲ ..ႏိုင္ဖို႔ အခြင့္အေရး ႐ွိေလာက္ပါတယ္!"
ခ်န္းက်င္းကမူ တစ္ဖက္လူ၏စကားေၾကာင့္ အနည္းငယ္ နား႐ႈပ္သြားခဲ့ရေပ၏။ သူသည္ ၿပိဳင္ပြဲမ်ားႏွင့္ ခ်ီးျမႇင့္သည့္ ဆုမ်ားအေၾကာင္း လံုးေစ့ပတ္ေစ့ နားလည္ျခင္းမ႐ွိသည့္တိုင္ တစ္ခုခုက မူမမွန္သလို ခံစားလိုက္မိေလသည္။
"ဘာလို႔ေမာင္က်ီထက္ေတာင္ ပိုေကာင္းတာလဲ? ပံုမွန္ဆို အဲ့ဒါက အႏုပညာလက္ရာေတြနဲ႔ ကဗ်ာစာေပေတြထက္ေတာင္ တန္ဖိုးႀကီးခဲ့တာမလား။ ဘာလို႔လဲ"
"မသိဘူးေလ"
ယူရိခါက ပုခံုးတစ္ခ်က္ တြန္႔ျပရင္း တျခားအေၾကာင္းကို စကားစသည္။
"အခုေနာက္ပိုင္း လက္မႈပညာေတြလည္း အေတာ္ေရပန္းစားလာတယ္ေနာ္။ မစၥရီလာ ဆိုတဲ့တစ္ေယာက္က ဒီေလာကထဲမွာ အေတာ္နာမည္ႀကီးတာပဲ။ ေျပာခါမွ မစၥခ်ီရဲ႕ ဂါဝန္ကလည္း တကယ္လွပါတယ္ေလ ... သူ႔ေဒါသနဲ႔ေတာ့ သိပ္မလိုက္ဖက္ေပမဲ့ေပါ့"
ယခုအခ်ိန္၌ ခ်န္းက်င္းသည္ ထိုလူမ်ား ေျပာေျပာေနၾကသည့္ မစၥရီလာ ဟူသည္မွာ မိမိပင္ျဖစ္ေၾကာင္း အေသအခ်ာ သိ႐ွိသြားရၿပီ ျဖစ္၏။ သူ၏လက္ရာမ်ားမွာ ဤေလာက၌ လူႀကိဳက္မ်ား နာမည္ရေနၿပီပင္။
ထိုသို႔ဆိုလွ်င္ သူ ေငြပို႐ွာႏိုင္ေတာ့မည္ မဟုတ္ပါလား?
ခ်န္းက်င္းက ေတြး၍မဆံုးေသးခင္မွာပင္ ေဘးနားမွ ယူရိခါက သူ႔ပုခံုးတစ္ဖက္အား ပုတ္၍ စကားစလာျပန္သည္။
"ငါနဲ႔အတူ ဝင္မၿပိဳင္ခ်င္ဘူးလား? ငါ့အျမင္မွာ မင္းက ခ်ည္ေမႊးထိုးတာနဲ႔ ပတ္သက္ၿပီး ကြၽမ္းက်င္မယ့္ပံုေပါက္ ေနတယ္"
"ငါ..ငါက သခင္ေလးလ်န္အတြက္ အလုပ္လုပ္ေပးဖို႔ လိုေသးတယ္"
"သူက ထြက္ေျပးသြားၿပီ မဟုတ္ဘူးလား။ သြားရေအာင္ပါ လာ အတူတူ စာရင္းသြားေပးရေအာင္။ ဒီလိုလုပ္ မင္းႏိုင္ရင္ ငါ့ကို အဲ့ဒီကူပြန္ျပန္ေရာင္း။ တစ္သိန္းနဲ႔ဝယ္မယ္"
ခ်န္းက်င္းသည္ မူလအစက ျငင္းဆိုရန္ စဥ္းစားထားၿပီး ျဖစ္သည့္တိုင္ ထိုေငြပမာဏအား ၾကားသည့္အခါ လက္ခံလိုက္ဖို႔ ဆံုးျဖတ္လိုက္မိ၏။ ယခုအခ်ိန္၌ သူသည္လည္း ေငြလိုေနသည္ မဟုတ္ပါလား? ထို႔အျပင္ ၎ၿပိဳင္ပြဲက အခ်ိန္လည္း အရမ္းၾကာလိမ့္မည္ မဟုတ္ပါေခ်။ သို႔ျဖစ္၍ လ်န္ဝူအား ၿပိဳင္ပြဲၿပီးမွ လိုက္႐ွာလည္း အဆင္ေျပႏိုင္ေလာက္ေလသည္။
ယူရိခါသည္ ခ်ည္ထိုးၿပိဳင္ပြဲက်င္းပရာ ေနရာအား အခ်ိန္တိုအတြင္းပင္ ႐ွာေတြ႔သြားေလ၏။ သူတို႔ေရာက္႐ွိသြားခ်ိန္တြင္ ႀကိဳတင္ျပင္ဆင္မႈမ်ားလည္း ၿပီးလုနီးပါးျဖစ္ကာ စာရင္းသြင္းရမည့္ေနရာမွာလည္း ၿပိဳင္ပြဲဝင္မ်ားအား လက္ခံေနၿပီျဖစ္သည္။ ထိုေနရာ၌စုျပံဳေနသည့္ လူအမ်ားစုမွာ အမ်ိဳးသမီးမ်ားႏွင့္ ႐ွားပါးမ်ိဳးစိတ္မ်ားသာျဖစ္၍ အမ်ိဳးသားအခ်ိဳ႕ကမူ ေဘးနားမွ အားေပးၾကည့္႐ႈေနၾကျခင္း ျဖစ္ေပ၏။ ယူရိခါႏွင့္ခ်န္းက်င္းသည္ကား လူအၾကည့္ခံရဆံုးပင္။ ယူရိခါကမူ တျခားလူမ်ား၏အၾကည့္မ်ားအား ဂ႐ုထားမေနခဲ့ပါေခ်။ သူသည္ စာရင္းသြင္းေကာင္တာဆီသို႔ သြား၍ စားပြဲမ်က္ႏွာျပင္ထက္ကို သူ႔လက္ဖဝါးျပင္ႀကီးျဖင့္ ပုတ္ခ်လိုက္ကာ အသံက်ယ္က်ယ္ျဖင့္ ေျပာေလသည္။
"ငါနဲ႔ခ်န္းက်င္းလည္း စာရင္းသြင္းမယ္"
သူ႔စကားေၾကာင့္ အနီးအနားတစ္ဝိုက္မွ ေလွာင္ရယ္သံအခ်ိဳ႕ ထြက္ေပၚလာခဲ့ရာ က်န္ေသာလူအခ်ိဳ႕ပင္ သူတို႔႐ွိရာေနရာအား ပို၍ စိတ္ဝင္တစားႏွင့္ ၾကည့္လာေလေတာ့၏။ ထို႔အျပင္ သတင္းေထာက္မ်ားကလည္း ဓာတ္ပံု႐ိုက္ေနဆဲျဖစ္သျဖင့္ ခ်န္းက်င္းသည္ မ်က္ႏွာကို လက္ျဖင့္ အလ်င္အျမန္ ဖံုးကြယ္လိုက္ရေပသည္။
အတန္ၾကာေသာအခါ စီစဥ္တင္ဆက္သူသည္ ခ်ည္ထိုးရန္လိုအပ္သည့္ အပ္အမ်ိဳးအစားေပါင္းစံုႏွင့္ ခ်ည္လံုးမ်ားကို ၿပိဳင္ပြဲဝင္တစ္ဦးခ်င္းစီအား ေပးအပ္ကာ စည္းမ်ဥ္းစည္းကမ္းမ်ားအား ေၾကညာေလေတာ့၏။
"အလုပ္(လက္ရာ)တစ္ခုကို ၿပီးေျမာက္ဖို႔အတြက္ အခ်ိန္ ၂ နာရီ ရပါတယ္။ ဒီဇိုင္းအေနနဲ႔ကေတာ့ ကန္႔သတ္ထားျခင္း မ႐ွိပါဘူး။ မိမိႏွစ္သက္ရာကို ပံုေဖာ္ႏိုင္ပါတယ္ခင္ဗ်။ လည္စည္းျဖစ္ျဖစ္ လက္အိတ္ျဖစ္ျဖစ္ တျခားပစၥည္းျဖစ္ျဖစ္ပါ။ ၿပီးသြားတဲ့လက္ရာတိုင္းကို ကြၽန္ေတာ္က အရည္အခ်င္းစစ္ေပးမွာျဖစ္ၿပီး အႏိုင္ရ႐ွိသူကေတာ့ Sunny ကိတ္အေရာင္းဆိုင္ရဲ႕ တစ္ႏွစ္စာ အလကားစားခြင့္ရ ကူပြန္ကို ရ႐ွိမွာပဲျဖစ္ပါတယ္။ အဲ့ဒါဆို အခုပဲ ၿပိဳင္ပြဲကိုစတင္လိုက္ပါၿပီ!"