သေခြင်းတရား ယူနစ်ဘား [ဘာသာပြ...

By Aoiyuki01

378K 68.3K 4.4K

Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနော... More

နိဒါန္း / နိဒါန်း
|၁|
|၂|
|၃|
|၄|
|၅|
|၆|
|၇|
|၈|
|၉|
|၁၀|
|၁၁|
|၁၂|
|၁၃|
|၁၄|
|၁၅|
|၁၆|
|၁၇|
|၁၈|
|၁၉|
|၂၀|
|၂၁|
|၂၂|
|၂၃|
|၂၄|
|၂၅|
|၂၆|
|၂၇|
|၂၈|
|၂၉|
|၃၀|
|၃၁|
|၃၂|
|၃၃|
|၃၄|
|၃၅|
|၃၆|
|၃၇|
|၃၈|
|၃၉|
|၄၀|
|၄၁|
|၄၂|
|၄၃|
|၄၄|
|၄၅|
|၄၆|
|၄၇|
|၄၈|
|၅၀|
|၅၁|
|၅၂|
|၅၃|
|၅၄|
|၅၅|
|၅၆|
|၅၇|
|၅၈|
|၅၉|
|၆၀|
|၆၁|
|၆၂|
|၆၃|
|၆၄|
|၆၅|
|၆၆|
|၆၇|
|၆၈|
|၆၉|
|၇၀|
|၇၁|
|၇၂|
|၇၃|

|၄၉|

3.9K 875 74
By Aoiyuki01


အခန္​း(၄၉)အခ်စ္​မွအမုန္​း​ ေပါက္​ဖြားျခင္​း

လ်န္​ကြၽင္​းပါးစပ္​မွ“Pegasus”ဟု
ထြက္​လာသည္​ႏွင္​့ အစည္​းအ​ေ၀းခန္​းထဲ႐ွိ​
ေလထုအ​ေနအထား
ခ်က္​ခ်င္​း​ေျပာင္​းလဲသြားသည္​။
အားလုံး၏အၾကည္​့သည္​ ျပတင္​း​ေပါက္​မွ
က်ိဳယန္​​ဆီသို႔ ကူး​ေျပာင္​းသြားၿပီး
ဘဝင္​မက်ဟန္​ သံသယမကင္​းျဖစ္​လာၾကသည္​။

Pegasusသည္​ လြန္​ခဲ့​ေသာႏွစ္​​ေတြထဲ
အ​ေတာ္​​ေဇာင္​းႂကြလာခဲ့သည္​့အ​ေၾကာင္​းကို
သူတို႔ခန္​႔မွန္​းမိသြားသည္​။

၎မွာ အလယ္​လတ္​တန္​းစားအဖြဲ႔အစည္​းတစ္​ခု
ျဖစ္​ၿပီး သက္​တမ္​းအ​ေတာ္​အသင္​့႐ွိၿပီျဖစ္​ကာ
ခပ္​လွ်ိဳလွ်ိဳ​သာ​ေနသည္​။ သို႔​ေသာ္​လည္​း
လြန္​ခဲ့​ေသာ​ေလး၊ငါးႏွစ္​​ေလာက္​မွစ၍
အဖြဲ႔အစည္​းလည္​ပတ္​ပုံစနစ္​ ႐ုတ္​တရက္​
​ေျပာင္​းလဲသြားခဲ့သည္​။ အဖြဲ႔ငယ္​မ်ားကို
စတင္​ဝါးၿမိဳလာၿပီး တန္​းတူအဖြဲ႔အစည္​းမ်ားကို
တိတ္​တဆိတ္​ အတြင္​းမွလိႈက္​စားကာ
လူ​ေတြသတ္​၊ သူလွ်ိဳ​ေတြထည္​့ စသည္​ျဖင္​့
သူတို႔လုပ္​​ေဆာင္​ႏိုင္​သမ်ွလုပ္​သည္​။
၎တို႔၏အျပဳအမူမ​်ားမွာ ညစ္​ပတ္​စက္​ဆုပ္​ဖြယ္​
​ေကာင္​းလွ​ေပသည္​။

ၾကမ္​းပိုးတစ္​​ေကာင္​လိုပဲ သင္​့ရဲ႕အိမ္​အႏွံ႔
အညစ္​အ​ေၾကးစြန္​႔ၿပီး ​ေနရာတိုင္​း
နံ​ေဟာင္​​ေအာင္​လုပ္​သည္​။

အားနည္​း​ေသာရန္​ဘက္​ႏွင္​့ရင္​ဆိုင္​လ်ွင္​
ရက္​ရက္​စက္​စက္​ နင္​း​ေျခပစ္​သည္​။
ခြန္​အားမတိမ္​းမယိမ္​း​ၿပိဳင္​ဘက္​ႏွင္​့​ေတြ႔လ်ွင္​
အ​ေႏွာင္​့အယွက္​​ေပးၿပီး ဒုကၡမ်ား​ေအာင္​
လုပ္​သည္​။ အင္​အားႀကီး​ေသာအဖြဲ႔မ်ားႏွင္​့
ဆိုရင္​​ေတာ့ ​ေပၚတင္​ရန္​မစဘဲ တိတ္​တဆိတ္​
လူ​ေတြသတ္​ကာ အားနည္​းလာ​ေအာင္​
လုပ္​​ေတာ့သည္​။
ဒီ​ေနရာတြင္​ လိမ္​လည္​လွည္​ဖ်ားလ်ွင္​
ဟိုေနရာမွာ ​ေနာက္​​ေက်ာဓားႏွင္​့ထိုးသည္​။
တျခားကိစၥ​မ်ားတြင္​အသုံးမက်​ေသး​ေသာ္​​လည္​း
Pegasusသည္​ အလြန္ဒုကၡေပးတာေၾကာင့္
ယင္​းအဖြဲ႔ကိုဖ်က္​စီးပစ္​ရန္​ အသည္​းတယားယား
ျဖစ္​​ေစသည္​။

ျပႆနာက​ေတာ့ ထိုအဖြဲ႔အစည္​းကို
အျမစ္​ျဖတ္​ရန္​ မျဖစ္​ႏိုင္​​ေသာ​ေၾကာင္​့ျဖစ္​သည္​။
အင္​အားႀကီးအဖြဲ႔မ်ားသည္​ Pegasusကို
လူသိ႐ွင္​ၾကား​ေရာ ခိုး​ေၾကာင္​ခိုး၀ွက္​ပါ
ပစ္​မွတ္​ထားခဲ့​ေသာ္​လည္​း ဘယ္​သူမွ
မ​ေအာင္​ျမင္​ခဲ့​ေပ။ ပိုးဟပ္​တစ္​​ေကာင္​လိုပဲ
သတ္​ကခက္​သလို တည္​႐ွိ​ေနတာနဲ႔ပင္​
လူ​ေတြကို ရြံ႐ွာ​ေစသည္​။ အခ်ိန္​မ​ေရြး
​ေပၚလာတတ္​၍ စိတ္​​ေအးသက္​သာစြာလည္​း
မ​ေနႏိုင္​​ေပ။

ဒီႏွစ္​​ေတာ့ Pegasus​ေခါင္​း​ေဆာင္​
မ​ေရာက္​လာ၍ လူတိုင္​းစိတ္​​ေပါ့ပါး​ေနၾကသည္​။
တရားဝင္​အဖြဲ႔အစည္​းတစ္​ခု အစည္​းအ​ေဝး
မတက္​​ေရာက္​လာသည္​့အ​ေၾကာင္​းမွာ
ႏွစ္​ခ်က္​သာ႐ွိသည္​—အျပတ္​႐ွင္​းခံလိုက္​ရတာ
သို႔မဟုတ္​ ဥပ​ေဒအရ တရားဝင္​ရာထူး
ဆုံး႐ႈံးလိုက္​ရ၍ျဖစ္​သည္​။ ဘာပဲျဖစ္​​ေနပါ​ေစ
တျခား​ေခါင္​း​ေဆာင္​မ်ားက​ေတာ့ ​ေက်နပ္​သည္​။

အတိအက်​ေျပာရရင္​ လြန္​ခဲ့တဲ့ႏွစ္​လယ္​တည္​းက
Pegasusအၾကာင္​း ဘာသတင္​းမွ
မၾကားရ​ေတာ့တာျဖစ္​သည္​။
အဖြဲ႔အစည္​းႀကီးတစ္​ခုက ဖမ္​းခ်ဳပ္​ၿပီး
တိတ္​တဆိတ္​ ႐ွင္​းပစ္​လိုက္​ၿပီျဖစ္​​ေၾကာင္​း
ပါးနပ္​သူတိုင္​း နားလည္​သည္​။

အခု​ေတာ့ Nine Eagles ႏွင္​့ Pegasusဟာ
ဆက္​ႏြယ္​​ေနသည္​ဟု လ်န္​ကြၽင္​းက
တိုက္​႐ိုက္​ဖြင္​့​ေျပာလိုက္​သျဖင္​့ အားလုံးစိတ္​ထဲ
အ​ေတြးဗ်ာမ်ားကုန္​ျကသည္​။

လ်န္​ကြၽင္​းအဆိုအရ Pegasusကို႐ွင္​းပစ္​သူမွာ
သူျဖစ္​ၿပီး ၎ႏွင္​့Nine Eaglesဆက္​ႏြယ္​မႈကို
႐ွာ​ေတြ႔ခဲ့ပုံရသည္​။ Pegasusမွ
ဒီလိုမသမာမႈ​ေတြကို လုပ္​ရဲျခင္​းမွာ
​ေနာက္​ကြယ္​တြင္​ အဖြဲ႔အစည္​းႀကီးတစ္​ခု၏
အ​ေထာက္​အပံ့႐ွိလို႔ျဖစ္​​ေၾကာင္​း လူတိုင္​း
ခန္​႔မွန္​းၿပီးသားပင္​။ ထိုလမ္းစဥ္​​အတိုင္​း
ဆက္​​ေတြးလိုက္​လ်ွင္​ Pegasus၏
အျပဳအမူမ်ား ႐ုတ္​ခ်ည္​း​ေျပာင္​းလဲမႈမွာ
Nine Eaglesအဖြဲ႔ အင္​အားလ်င္​ျမန္​စြာ
စတင္​​ႀကီးထြားလာသည္​့အခ်ိန္​ႏွင္​့ တစ္​ႏွစ္​တည္​း
ျဖစ္​သည္​။

အားလုံးအာ႐ုံစိုက္​မႈအလယ္​သို႔​ေရာက္​သြား​ေသာ
က်ိဳယန္​မွာ ခုန္​ထၿပီး လ်န္​ကြၽင္​းအား
​ေအာ္​ႀကီးဟစ္​က်ယ္​ဆဲဆိုခ်င္စိတ္​ကို
မနည္​းတင္​းခံ​ေနရသည္​။

တျခားသူမ်ားလိုမဟုတ္​ဘဲ Pegasus
ဘာျဖစ္​သြားသလဲဆိုတာကို သူသိသည္​။
၎မွာ အလြန္​အသုံးဝင္​​ေသာနယ္​႐ုပ္​တစ္​ခု
ျဖစ္​၍ မႏွစ္​က လ်န္​ကြၽင္​းကိုလုပ္​ၾကံရန္​
Yနယ္​​ေျမကို ​ေစလႊတ္​ခဲ့တာျဖစ္​သည္​။
သို႔ေသာ္​ မၾကာခင္​မွာပဲ ထိုအဖြဲ႔သားမ်ားႏွင္​့
အဆက္​အသြယ္​ျပတ္​သြားခဲ့သည္​။
ၾကည္​့ရတာ အားလုံးအဖမ္​းခံရၿပီး
​ေထာင္​ထဲ​ေရာက္​သြားၿပီျဖစ္​မည္​။

အစက​ေတာ့ လ်န္​ကြြၽင္​းက
Pegasus​ေခါင္​း​ေဆာင္​ပါးစပ္​ကို
ရ​ေအာင္​ဖြင္​့ၿပီး သူတို႔ေနာက္​ကြယ္​က
ႀကိဳးကိုင္​သူက သူဆိုတာ႐ွာ​ေတြ႔သြားမည္​ကို
က်ိဳယန္​စိတ္​ပူခဲ့​ေသးသည္​။ထို႔​ေၾကာင္​့
Annihilation၏​ေနာက္​ဆက္​တြဲ
လႈပ္​႐ွားမႈမ်ားကို သတိႀကီးႀကီး​ေစာင္​့ၾကည္​့ခဲ့​ေသာ္​လည္​း
အဆုံးမွာ ဘာသဲလြန္​စမွ မ​ေတြ႔​ေပ။
ဒီလိုနဲ႔ Pegasus​ေခါင္​း​ေဆာင္​က
သူတို႔သ​ေဘာတူညီမႈကိုမခ်ိဳးဖ်က္​ဘဲ
Nine Eaglesလွ်ိဳ႕ဝွက္​ပါဝင္​သည္​ကို
ပါးစပ္​ပိတ္​ထား၍ Gua Siသည္​
သူတို႔နဲ႔​ေပါင္​းၿပီးသစၥာ​ေဖာက္​ျဖစ္​သြားသည္​ကို
လ်န္​ကြၽင္​းဆက္​စပ္​လို႔ရ​ေတာ့မည္​ မဟုတ္​ဟု
က်ိဳယန္​ ​ေတြးထားခဲ့သည္​။

လ်န္​ကြြၽင္​းမသိခဲ့တာမဟုတ္​​ေၾကာင္​းဆိုတာ
သူတကယ္​မထင္​ထားမိခဲ့။ ထို​ေယာက္​်ားသားမွာ
အ​ေတာ္​ကိုသိလြန္​း​ေနၿပီး တစ္​ႏွစ္​​ေလာက္​
ဘာမွမဟုတ္​သလို သည္​းခံ​ေနခဲ့သည္​။
ထိုကိစၥကို က်ိဳယန္​​ေခါင္​းထဲက
ထုတ္​ထားၿပီးသည္​့အခ်ိန္​မွ
အခိုက္​အတန္​႔​ေကာင္​းတြင္​ မီးစပ်ိဳး​ေပးၿပီး
အားလုံးရဲ႕အမုန္​းကိုရ​ေအာင္​လုပ္​သည္​။

​ေကာက္​က်စ္​လိုက္​တာ! စဥ္​းလဲလိုက္​တာ!
ယုတ္​မာလိုက္​တာ! ႀကိဳး​ကိုင္​တြက္​ခ်က္​တတ္​တဲ့
​ေကာင္​...အ႐ွက္​မ႐ွိခ်က္​!

လ်န္​ကြြၽင္​းအ​ေပၚ မထီမဲ့ျမင္​လုပ္​သည္​မ်ား
ခ်က္​ခ်င္​း​ေပ်ာက္​ကြယ္​သြားကာ က်ိဳယန္သည္​
ပုံမွန္​အတိုင္​း ဖ်စ္​ညစ္​ျပဳံးရင္​း လ်န္​ကြၽင္​းကဲ့သို႔
အ​ေမးကိုမ​ေျဖဘဲ

"ငါက ဒီတိုင္​းသာမန္​ကာလ်ွံကာ ​ေမးလိုက္​တာပါ၊
မင္​းတုံျပန္​ပုံက မဟားတရားႀကီးသြားၿပီး
​မဟုတ္တာ​ေတြ​ေတာင္​ လာစြပ္​စြဲ​ေနတယ္​...
မင္​းလူသစ္​​ေလးက ​ေတာ္​​ေတာ္​ထူးျခားတယ္​လို႔​ေတာင္​
ထင္​လာၿပီ​ေနာ္​"

"ဒါ​ေပါ့ သူကထူးျခားတယ္​...
ငါ့လူယုံတစ္​​ေယာက္​ခ်င္​းဆီကိုက ထူးျခားတယ္​"

လ်န္​ကြၽင္​းသည္​ လက္​ထဲကဖိုင္​ကိုခ်လိုက္​ၿပီး
မ်က္​ႏွာ​ေသျဖင္​့ ဆိုသည္​။

"ငါ​ေျပာမယ္​....အကယ္​၍ မင္​းက
သတင္​းႏိႈက္​ဖို႔ၾကံ​ေနရင္​​ေတာ့ အ​ေျခအ​ေနနဲ႔
အခ်ိန္​အခါကို ၾကည္​့တတ္​ဦး။ Pegasusကို
႐ွင္​းပစ္​လိုက္​တဲ့လူက ငါ၊ မင္​းမသိဘူးဆိုတာကို
ငါမယုံဘူး...အဲ့တာ​ေတာင္​ ငါ့ကို
ရန္​စရဲ​ေသးတယ္​ေနာ္...မင္​း​မွာဦး​ေႏွာက္​မ႐ွိဘူး
ထင္​တယ္​။ အကယ္​၍ မင္​းမ​ေၾကာက္​ဘူးဆိုရင္​
က်န္​တဲ့မင္​းလွ်ိဳ႕ဝွက္​လက္​ပါး​ေစ​ေတြကို
​ေဖာ္​ထုတ္​​ေပးမွာမို႔ ​ေပ်ာ္​​ေပ်ာ္​ႀကီး
ဆက္​​ေႏွာင္​့ယွက္​​ေနပါ။ Nine Eaglesရဲ႕
လွ်ိဳ႕ဝွက္ခ်က္​​ေတြ လူတိုင္​းပုိသိသြားလို႔လည္​း
ငါ့ဘက္​ကစိတ္​မ႐ွိပါဘူး။ မ​ေမ့နဲ႔ဦး—
မင္​းက ငါ့အဖြဲ႔ထဲ သူလွ်ိဳထည္​့ႏိုင္​ရင္​
ငါဘက္က​လည္​း ထပ္​တူလုပ္​ႏိုင္​တာ​ေပါ့"

က်ိဳယန္၏အမူအရာ႐ုပ္ဆိုးသြားေသာ္လည္း
Pegasusဟာ သူ႔နယ္႐ုပ္မဟုတ္သည့္ႏွယ္
ဟန္ေဆာင္ပန္ေဆာင္လုပ္ကာ
ေျပာသည္။

"လ်န္ကြၽင္း... မင္းရဲ႕မလိမ့္တပတ္အေျပာေတြကေတာ့
ေကာင္းၿမဲေကာင္းဆဲေနာ္"

"မလိမ့္တပတ္ေျပာတာ? လူတိုင္း
သူ႔ဘာသူဆုံးျဖတ္ႏိုင္တယ္"

ထို႔ေနာက္ လ်န္ကၽြင္းသည္ ဖိုင္ကိုျပန္ေကာက္ကာ
Nine Eaglesေခါင္းေဆာင္ကို
စကားမေျပာခ်င္ေတာ့ဟန္ စိတ္ပ်က္လက္ပ်က္ျဖင့္

"က်ိဳယန္ မင္း ဒီေျမေအာက္ေလာကႀကီးရဲ႕ဧကရာဇ္
ျဖစ္ဖို႔ စိတ္ကူးယဥ္ႏိုင္ေပမဲ့ ဒီမွာရွိတဲ့ဘယ္သူကမွ
အ႐ူးမဟုတ္ဘူး"

ေျမေအာက္ေလာကရဲ႕ ဧကရာဇ္?

က်န္႔က်ိဳးယြမ္သည္ က်ိဳယန္ကို
တစ္ခ်က္ေစာင္းၾကည့္လိုက္ၿပီး ဆိုသည္။

"က်ိဳယန္ အစည္းအေဝးၿပီးရင္ က်ဳပ္နဲ႔ခဏေနေပးပါ
စကားေျပာဖို႔လိုလာလို႔"

က်ိဳယန္မ်က္ႏွာမွာ မစင္စားဖို႔ တြန္းအားေပးခံရဟန္
ပ်က္ယြင္းသြားသည္။ သူ႔မ်က္ႏွာေပၚမွ အျပဳံးတုႀကီးလည္း
ေပ်ာက္ကြယ္သြားၿပီး စကားမေျပာေတာ့ေခ်။

လုရွန္းသည္ က်ိဳယန္အရွက္တကြဲျဖစ္ပုံကို
ေက်နပ္အားရစြာ ျပဳံးုျဖီးလိုက္သည္။ လက္တစ္ဖက္က
ေဘာပင္ကို စိမ္ေျပနေျပလွည့္ရင္း ေျပာသည္။

"အခုက ဘယ္ေခတ္ေရာက္ေနၿပီလဲ?
ေျမေအာက္ေလာကဘုရင္ျဖစ္ဖို႔ စိတ္ကူးယဥ္တဲ့
ေယာက္်ားေတြရွိေနေသးတာပဲလား။ လ်န္ကၽြင္း
အခ်စ္ေလး မင္းကို အဲ့ေလာက္မမုန္းဘူးလို႔
႐ုတ္တရက္ႀကီးခံစားလာရတယ္"

"ခင္ဗ်ားအမုန္းမခံရတာနဲ႔ အခ်စ္ေလးလို႔
အေခၚခံရမယ္ဆိုရင္ေတာ့
ေက်းဇူးပဲ... ေက်းဇူးျပဳၿပီး က်ဳပ္ကို ဆက္မုန္းေပးပါ"

လ်န္ကၽြင္းသည္ Tarantulaေခါင္းေဆာင္ႏွင့္
ရန္လိုေသာဆက္ဆံေရးကို ထိန္းသိမ္းရန္
ေအးတိေအးစက္ျပန္ေျပာလိုက္သည္။

လုရွန္းအမူအရာ ေတာင့္ခဲသြားၿပီး
လ်န္ကၽြင္းကို အခဲမေက်လွမ္းၾကည့္မိသည္။
သူမသည္ ေဘာပင္ကိုပစ္ခ်ၿပီး ႏွာမႈတ္လိုက္သည္။

"တန္ဖိုးမထားတတ္တဲ့ေကာင္စုတ္"

ၿပီးေနာက္ သူမလည္း ဘာစကားမွမေျပာေတာ့ေပ။

ထိပ္သီးအဖြဲ႕အစည္းေခါင္းေဆာင္မ်ားရဲ႕
တိုက္ပြဲအေသးစားေလးၿပီးသြားခ်ိန္မွာ
တိတ္ဆိတ္မႈက တဖန္ႀကီးစိုးသြားသည္။
သို႔ေသာ္ အစည္းအေဝးခန္းထဲက
ေလထုအေနအထားမွာေတာ့
ယခင္ႏွင့္မတူ ကြဲျပားေနေတာ့သည္။

အေစာပိုင္းက လူတိုင္းသည္ လ်န္ကၽြင္းကို
မရည္ရြယ္၍ျဖစ္ေစ တမင္တကာျဖစ္ေစ
ဖယ္ၾကဥ္ထားၾကသည္။
သို႔ေပမဲ့ Pegasusေနာက္ကြယ္တြင္
Nine Eaglesရွိေၾကာင္း လ်န္ကၽြင္းမွ
ဗုံးပစ္ခ်ေပးလိုက္ရာ ယခုအခ်ိန္တြင္
ဖယ္ၾကဥ္ခံရသူက က်ိဳယန္ျဖစ္သြားသည္။

ေျမေအာက္ဂိုဏ္းေခါင္းေဆာင္မ်ား လ်န္ကၽြင္းကို
သေဘာမက်သည့္အေၾကာင္းမွာ အာဏာပိုင္တို႔ႏွင့္
ရင္းႏွီးေသာဆက္ဆံေရးရွိတာေၾကာင့္ပင္။
သို႔ေသာ္ လ်န္ကၽြင္းမွာ အနည္းဆုံးေတာ့
တျခားအဖြဲ႕မ်ားကို လွ်ိဳ႕ဝွက္ၾကံစည္ရန္
နယ္႐ုပ္မ်ား တိတ္တဆိတ္မပ်ိဳးေထာင္ေပ။
က်ိဳယန္သည္ ရည္မွန္းခ်က္ႀကီးၿပီး ေကာက္က်စ္သည္။
ဒီေန႔ေဖာ္ထုတ္ပုံအရ ထိုသူမွာ အင္အားပိုရဖို႔အေရး
ဘယ္အရာကမွမရပ္တန္႔ႏိုင္ဘဲ ေခြး႐ူးတစ္ေကာင္လို
ျဖစ္ေနသည္။

အင္အားႀကီးေသာ္လည္း တျခားအဖြဲ႕အစည္းမ်ားကို
အေၾကာင္းမရွိအေႏွာင့္အယွက္မေပးဘဲ
ခပ္ၿငိမ္ၿငိမ္ေနသူႏွင့္ ေျမေအာက္ေလာကရဲ႕ဘုရင္
ျဖစ္ခ်င္ေနေသာ ရည္မွန္းခ်က္ႀကီးသူကို ယွဥ္လွ်င္
ဘယ္သူက ပိုအႏၲရာယ္မ်ားသလဲဆိုတာ
လူတိုင္းေတြးၾကည့္စရာေတာင္ လိုလို႔လား?

စည္းေဝးပြဲမွာ ညစာခ်ိန္ေရာက္သည့္အထိ
မရပ္နားခဲ့။ ေခါင္းေဆာင္မ်ား
အလ်ိဳလ်ိဳထြက္လာေသာအခါ အမူအရာမ်ား
မေကာင္းလွေပ။ ထိုထဲမွာမွ က်ိဳယန္မ်က္ႏွာက
အဆိုးဆုံးပင္—အစည္းအေဝးၿပီးသည္ႏွင့္
က်န္႔က်ိဳးယြမ္ႏွင့္ လ်ိဳက်န္႔ကၽြင္းသည္ သူ႔ကို
ဆင့္ေခၚခဲ့သည္။

ရွီက်င္းသည္ ထုံးစံအတိုင္း Gua Yiကိုေက်ာ္ၿပီး
လ်န္ကၽြင္း၏ဝွီးခ်ဲလက္ကိုင္ကို အလစ္သုတ္လိုက္သည္။

"က်ြင္းေရွာက္ကို က်ိဳယန္စကားလွမ္းေျပာတာ
ကၽြန္ေတာ္ေတြ႕လိုက္တယ္။ သူျပႆနာရွာေသးလား?"

ရွီက်င္း စိုးရိမ္စြာေမးလိုက္သည္။

"မရွာပါဘူး ၊ သူ႔ရဲ႕ပုံမွန္ဦးေႏွာက္မရွိတဲ့အတိုင္းပဲေပါ့"

လ်န္ကၽြင္းသည္ သူတို႔ရန္ေစာင္ခဲ့သည္မ်ားကို
မေျပာျပခ်င္ဟန္ သာမန္ကာလွ်ံကာ ျပန္ေျဖသည္။
သူသည္ ရွီက်င္း လူေျခနည္းေသာဒုတိယလႊာကို
တြန္းလာသည္အထိေစာင့္ၿပီးမွ ဆက္ေျပာသည္။

"ဒါေပမဲ့ သူ႔မွာတစ္ခုခုရွိေနတယ္။
သူ႔ကိုၿခိမ္းေျခာက္ႏိုင္တဲ့အခ်က္မ်ိဳး
ငါလက္ကိုင္ထားတာကိုေတာင္ ဂ႐ုမစိုက္ဘဲ
ဒီလိုေပၚတင္ရန္စရဲတယ္ဆိုေတာ့ သူ႔အကႌ်လက္ထဲ
ဖဲတစ္ခ်ပ္ မရွိဘဲမေနဘူး"

ရွီက်င္း မ်က္ေမွာင္ၾကဳတ္ကာ

"ဒါဆို လုံရွီက တကယ္ပဲ သူ႔လက္ထဲမွာေပါ့"

"အင္း၊ Nine Eaglesသေဘၤာေပၚမွာေတာင္
ရွိေနေလာက္တယ္"

လ်န္ကၽြင္းေျပာသည္။
"ဒီေန႔ ငါ က်ိဳယန္ကို အႏိုင္ယူခဲ့ေတာ့
သူေသခ်ာေပါက္ သည္းညည္းခံမွာမဟုတ္ဘူး။
အနည္းနဲ႔အျမန္ စာရင္းရွင္းဖို႔ လာမွာပဲ။
ငါတို႔က ၿငိမ္ၿငိမ္ေလးထိုင္ေစာင့္ေန႐ုံပဲေပါ့"

ရွီက်င္းလည္း ၉၀၀တြင္
မလႈပ္မယွက္ၿငိမ္သက္ေနေသာလ်န္ကၽြင္း၏
ယူနစ္ဘားကိုၾကည့္ကာ ေခါင္းညိတ္လိုက္သည္။

လ်န္ကၽြင္းထင္ျမင္ခ်က္က မွန္ပုံေထာက္သည္။
ညစာစားၿပီးေနာက္ က်ိဳယန္သည္
ေနာက္လိုက္တစ္ေယာက္ပို႔လႊတ္ကာ
လ်န္ကၽြင္းကို Nine Eaglesသေဘၤာဆီလာရန္
ဖိတ္ၾကားသည္။ အထဲတြင္ 'လုံ'ဟူေသာ
စာလုံးပါသည့္ဖိတ္စာကဒ္တစ္ခုကိုပါ ပို႔လိုက္သည္။

လ်န္ကၽြင္းသည္ က်ိဳယန္၏လူယုံေရွ႕တြင္ပဲ
ဖိတ္စာကဒ္ကို အမွိုက္ပုံးထဲလႊင့္ပစ္ကာ ေျပာသည္။

"က်ိဳယန္ကိုေျပာလိုက္ ၊ ငါက မင္းေလာက္
မမိုက္မဲဘူးလို႔"

ၿပီးသည္ႏွင့္ ထိုလူကို Gua Yiအား
ေမာင္းထုတ္ခိုင္းလိုက္သည္။

ရွီက်င္းသည္ အနည္းငယ္စိတ္မေအးစြာ
အမွိုက္ပုံးကို ၾကည့္ေနမိသည္။

လ်န္ကၽြင္းသည္ သူ႔ဘာေၾကာင့္ဖိတ္ၾကားမႈကို
လက္မခံတာလဲဆိုတာ လူငယ္ေလးနားမလည္ဘူး
အထင္ႏွင့္ ရွင္းျပသည္။

"က်ိဳယန္ရဲ႕ေျခလွမ္းအတိုင္း ငါတို႔ပါသြားလို႔
မျဖစ္ဘူး။ ဒီေလာက္ေလးက သူ႔ကိုဟန္႔တားဖို႔
မလုံေလာက္ပါဘူး စိတ္မပူနဲ႔"

ရွီက်င္း ေခါင္းခါသည္။ သူသည္ လ်န္ကၽြင္းလက္ကို
ဆြဲယူကာ အနီးကပ္ၾကည့္လိုက္သည္။ ႐ုတ္တရက္
မ်က္ေမွာင္ၾကဳတ္သြားကာ ဝွီးခ်ဲလက္ကိုင္ကို လွမ္းရန္
ပတ္ေလွ်ာက္လိုက္ၿပီး ေရခ်ိဳးခန္းဆီ တစ္ခါတည္း
တြန္းသြားသည္။ ေရာက္သည္ႏွင့္ ဆပ္ျပာကိုယူကာ
လ်န္ကၽြင္းလက္မ်ားကို ကမန္းကတန္းေဆးေပးသည္။

လ်န္ကၽြင္းသည္လည္း ငတုံးမဟုတ္။
ဘာျဖစ္သလဲကို ခ်က္ခ်င္းသေဘာေပါက္ကာ

"ကဒ္မွာ ျပႆနာရွိေနတာလား?"

"မေသခ်ာဘူး ၊ ဒါေပမဲ့ ေနာက္ဆို က်ိဳယန္ပို႔တဲ့
ဘာပစၥည္းမဆို မကိုင္တာပိုေကာင္းမယ္။
ဘာေတြလုပ္ထားမလဲ ဘယ္သူသိမွာလဲ?"

ရွီက်င္းမ်က္လုံးမ်ားသည္ လ်န္ကၽြင္း ကဒ္ကို
ကိုင္လိုက္ၿပီးေနာက္ အမွတ္အခ်ိဳ႕တက္သြားေသာ
ထိုသူ႔ယူနစ္ဘားဆီ ေကာ္လိုကပ္ေနသည္။
အမွတ္မက်မခ်င္း လက္ကိုဆက္တိုက္ေဆးေပးၿပီးမွ
ဘံုဘိုင္ေခါင္းကိုပိတ္ကာ ပဝါလွမ္းယူသည္။

လ်န္ကၽြင္းလည္း ရွီက်င္း သူ႔လက္ကို
သုတ္ေပးၿပီးသည္အထိ ၿငိမ္ခံၿပီးမွ
Gua Erကို ေခၚလိုက္သည္။ ထိုကဒ္ကို
ပလတ္စတစ္အိတ္ျဖင့္ ခ်ိတ္ပိတ္ကာ
ဦးေလးလုံစစ္ေဆးရန္ Annihilationသေဘၤာဆီ
ပို႔ဖို႔ ေျပာသည္။

ထိုအခါ Gua Erမ်က္ႏွာ မဲသည္းသြားေလသည္။
က်ိဳယန္အား ေအာက္တန္းက်ေသာလူယုတ္မာဟု
ဆဲဆိုရင္း အိတ္တစ္လုံးႏွင့္ မီးၫွပ္ကိုရွာသည္။
ထို႔ေနာက္ ကဒ္ကို ဂ႐ုတစိုက္ထည့္ကာ
အမွိုက္ပုံးကိုလည္း ဖ်က္ဆီးပစ္ရန္
သယ္သြားလိုက္သည္။

Gua Yiသည္လည္း မေက်မနပ္ျဖစ္ေနကာ
ေနာင္တႀကီးစြာေျပာသည္။

"ကၽြန္ေတာ့္ေပါ့ဆမႈပါ ၊ အဲ့လူက လက္ဗလာနဲ႔
ကိုင္လာေတာ့ ေသခ်ာမစစ္မိလိုက္ဘူး"

"မင္းအမွားမဟုတ္ပါဘူး"

ရွီက်င္းမွ တရင္းတႏွီးကိုင္ကြယ္ေဆးေၾကာေပးခဲ့သည့္
အရသာကိုခံစားရင္း လ်န္ကၽြင္းသည္
လက္ေခ်ာင္းေလးမ်ားကို လႈပ္ၾကည့္သည္။

"ငါက အစိုးရသေဘၤာေပၚရွိေနတဲ့အခ်ိန္မွာေတာင္
ထိခိုက္ေအာင္လုပ္ရဲတဲ့အထိ က်ိဳယန္႐ူးႏွမ္းမယ္လို႔
ဘယ္သူကထင္မွာလဲ? ၾကည့္ရတာ
အမႈေဆာင္ေတြကို ေခါင္းထဲေတာင္မထည့္ပုံပဲ။
ၿပီးေတာ့ ဒီကဒ္က လုံးဝမူမမွန္တာမ်ိဳးလည္း
မဟုတ္ပါဘူး...လိုလိုမယ္မယ္ပါပဲ"

ထိုသို႔သာေျပာေသာ္လည္း ဤကဒ္ႏွင့္နီးနီးကပ္ကပ္
ေနမိသူတိုင္းကို မ်က္ႏွာႏွင့္လက္မ်ား
ေသေသခ်ာခ်ာေဆးေၾကာရန္ အမိန္႔ေပးဆဲပင္။
ရွီက်င္းလည္း ခၽြင္းခ်က္မရွိေပါ့။

ေရခ်ိဳးခန္းထဲတြင္ ရွီက်င္းသည္
သူ႔စိတ္ထဲမွ ေရွာင္စစ္ကို ေမးလိုက္သည္။
"လုံရွီရဲ႕တည္ေနရာကို ရွာေပးႏိုင္လား?
သူ တကယ္Nine Eaglesသေဘၤာမွာ
ရွိ မရွိ အတည္ျပဳခ်င္လို႔"

ထိုအခါ ေရွာင္စစ္ မလုံမလဲေျပာသည္။
< အဲ့လိုလုပ္ဖို႔က ရွာမဲ့လူရဲ႕
ပတ္သတ္တဲ့အရာတစ္ခုကို ၾကားခံအျဖစ္
သုံးဖို႔လိုတယ္။ အဲ့တာမရွိရင္ ဘယ္သူကိုမွ
ေထာက္လွမ္းလို႔မရဘူး...က်င္းက်င္းနဲ႔ဒါလင္ကေတာ့
ခၽြင္းခ်က္>

ရွီက်င္း မ်က္ေမွာင္ၾကဳတ္သြားသည္။
တစ္ေအာင့္မွ် စဥ္းစားၿပီးမွ

"ေကာင္းၿပီေလ...ၾကားခံပစၥည္းနဲ႔ပတ္သတ္ၿပီး
ငါၾကည့္ၾကပ္လုပ္လိုက္မယ္။ အနည္းဆုံးေတာ့
Nine Eaglesသေဘၤာအတြင္းပိုင္းကို
scanဖတ္ႏိုင္တယ္မလား? လူျဖန္႔က်က္ထားပုံတို႔
ဘာတို႔ေပါ့"

<အဲ့တာေတာ့ ေရွာင္စစ္ လုပ္ႏိုင္တယ္>
ေရွာင္စစ္လည္း ဝမ္းသာအားရျပန္ေျဖသည္။

<ဒီညစလုပ္လိုက္မယ္။ သူတို႔သေဘၤာက
ေတာ္ေတာ္ႀကီးေပမဲ့ ေရွာင္စစ္အေကာင္းဆုံးလုပ္ရင္
မနက္ျဖန္မနက္က် အေျဖသိရႏိုင္တယ္>

ထိုအခါ ရွီက်င္းလည္း ေက်နပ္သြားကာ
စစ္စတန္ကို ခ်ီးက်ဴးေပးလိုက္သည္။
ၿပီးေနာက္မွာေတာ့ လုံရွီနဲ႔ပတ္သတ္ေသာအရာမ်ိဳး
ဘယ္မွာရႏိုင္မလဲဆိုတာ စစဥ္းစားေတာ့သည္။

ေနာက္ဆုံးမွာ Gua Erကေန စဖို႔
ဆုံးျဖတ္လိုက္သည္။

ရွီက်င္းသည္ မိုႏိုပိုလီဂိမ္းကို ယူကာ
Gua Erအခန္းထဲသို႔ အလစ္ဝင္ၿပီး
ထိုသူႏွင့္ အလြန္ ့အလြန္ ကစားခ်င္ေနသလို
ဟန္ေဆာင္လိုက္သည္။ ထို႔ေနာက္
လုံရွီႏွင့္ပတ္သတ္ေသာ စကားလမ္းေၾကာင္းေပၚသို႔
ဆြဲေခၚသြားေလသည္။

Gua Erသည္ တိုကင္ျပားကို မ်က္ႏွာမဲ့ရႈပ္ကာ
ေကာက္လိုက္သည္။ ရွီက်င္းေမးလာေသာအခါ
ေမာ့ၾကည့္ၿပီး ျပန္ေျဖသည္။

" အဲ့ႏွစ္တုန္းက လုံရွီကို ငါတို႔က ရည္ရြယ္ခ်က္ရွိရွိ
လႊတ္ေပးခဲ့တာမ်ိဳးမဟုတ္ဘူး၊ အဲ့လူက
ကလိမ္က်လြန္းတယ္။ ကၽြင္းေရွာက္ကို
သစၥာေဖာက္ၿပီးတာနဲ႔ သူ႔ရဲ႕သုေသသနနဲ႔
သက္ဆိုင္ရာပစၥည္းေတြအကုန္ မီးရႈိ ့ပစ္ၿပီး
သရဲတစ္ေကာင္လိုေပ်ာက္သြားတာ...
ဘာအစအနမွမက်န္ခဲ့ဘူး။ အဲ့အခ်ိန္တုန္းက
အားလုံးက ကၽြင္းေရွာက္အသက္ကိုကယ္ဖို႔
ဒုန္းစိုင္းေနၾကေတာ့ ဒီလိုဗ႐ုတ္သုတ္ခအေျခအေနကို
အခြင့္ေကာင္းယူၿပီး ထြက္ေျပးႏိုင္ခဲ့တယ္။
အဲ့လူကိုရွာဖို႔ ငါတို႔ဘယ္တုန္းကမွ
လက္မေလွ်ာ့ခဲ့ေပမဲ့ ဘာသဲလြန္စမွရွာမေတြ႕ခဲ့ဘူး။
လုံရွီက Annihilationရဲ႕နည္းလမ္းေတြ
စီမံပုံေတြကို တအားရင္းႏွီးေတာ့ ငါတို႔
ေနာက္ေယာင္ခံလိုက္တာေတြကို လြယ္လြယ္နဲ႔
ေရွာင္ႏိုင္ေနတာ..."

ရွီက်င္းသည္လည္း လက္မေလွ်ာ့ႏိုင္စြာ
"သူတကယ္ႀကီး ဘာမွမခ်န္ခဲ့ဘူးေပါ့?"

"တကယ္ႀကီး—ဦးေလးလုံသိမ္းထားတဲ့
ေမြးစားစာခ်ဳပ္ကိုေတာင္ ရွာၿပီးမီးရႈိ ့ပစ္လိုက္တာ...
ႏွလုံးသားမရွိ ေက်းဇူးမသိတတ္တဲ့ေခြး။
ဒါေၾကာင့္ သူ႔ကိုဖမ္းေပးတဲ့Nine Eaglesကိုေတာင္
ေက်းဇူးတင္ခ်င္သြားတယ္။ အဲ့ခ်ီးထုပ္သစၥာေဖာက္ကို
အေစာႀကီးတည္းက သတ္ပစ္လိုက္သင့္တာ"

Gua Erထုတ္ေျပာေတာ့သည္။
အဆုံးမွာေတာ့ ဒီလိုကေလးကလားဂိမ္းကို
ဆက္မေဆာ့ႏိုင္ေတာ့ဟန္ ဘုတ္ျပားကို
ရွီက်င္းဆီ တြန္းပို႔ရင္း လက္ေဝ့ယမ္းျပသည္။

"ဂိမ္းေဆာ့ရေအာင္ အခ်ိန္ကမေစာေတာ့ဘူး။
ငါအိပ္ခ်င္ေနၿပီ"

အဲ့ေလာက္မေနာက္က်ေသးေၾကာင္း ရွီက်င္း
ျပန္ခံေျပာလိုက္ေသာ္လည္း ပစၥည္းမ်ား
ေကာက္သိမ္းကာ ထရပ္လိုက္ေတာ့သည္။

ရွီက်င္းတံခါးမဖြင့္ခင္မွာ Gua Erက
အေနာက္မွ သတိလွမ္းေပးသည္။

"ဦးေလးလုံကို အဲ့အေၾကာင္းသြားမေမးနဲ႔ေနာ္၊
သူကအသည္းမာပုံေပၚေပမဲ့ တကယ္တမ္းက်
ငါတို႔အားလုံးထဲမွာ စိတ္ထားအေကာင္းဆုံးပဲ။
လုံရွီရဲ႕လုပ္ရပ္က သူ႔ရင္ထဲကဓားတစ္ေခ်ာင္းလိုပဲ။
လုံရွီအေၾကာင္းေျပာတာၾကားတိုင္း အခ်ိန္အၾကာႀကီး
စိတ္ဓာတ္က်ေနေရာ...ငါတို႔ လုံရွီကိုျပန္ေခၚၿပီး
ကၽြင္းေရွာက္ခႏၶာကိုယ္လည္း ျပန္ေကာင္းလာမယ္။
ဒါေၾကာင့္ စိုးရိမ္မေနဘဲ စိတ္ေအးေအးသာေန"

ရွီက်င္းတန္႔သြားကာ အေနာက္ကို
ျပန္လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္
အိတ္ကပ္ထဲက lollipopတစ္လုံးထုတ္ကာ
လွမ္းပစ္ေပးၿပီးမွ ထြက္သြားေတာ့သည္။

ေလွ်ာက္လမ္းေပၚေရာက္ေသာအခါ
သူ႔အခန္းေရွ႕တြင္ေစာင့္ေနေသာ လ်န္ကၽြင္းကို
ေတြ႕လိုက္ရသည္။ ရွီက်င္းေၾကာင္အကာ
မ်က္ေတာင္ခတ္မိၿပီးမွ အေျပးသြားလိုက္သည္။

"ဘာလို႔ အနားမယူေသးတာလဲ ကၽြင္းေရွာက္?
ကၽြန္ေတာ့္ကိုခိုင္းစရာမ်ား ရွိလို႔လားဟင္?"

လ်န္ကၽြင္းသည္ ရွီက်င္းလက္ထဲမွ မိုႏိုပိုလီဂိမ္းကို
တစ္ခ်က္ၾကည့္ၿပီး Gua Er၏အခန္းတံခါးကို
လွမ္းၾကည့္သည္။

"ဟင့္အင္း ဘာအေရးႀကီးကိစၥမွမရွိပါဘူး။
မင္း Gua Erနဲ႔ အတူရွိေနတာလား?"

"အြန္း သူနဲ႔ေဆာ့ခ်င္လို႔ ဒါေပမဲ့ သူကေတာ့
အိပ္ခ်င္ေနၿပီဆိုၿပီး ကၽြန္ေတာ့္ကို
ကန္ထုတ္ပလိုက္တယ္"

"အဲ့တာဆိုလည္း ဘာလို႔ ငါ့ကိုလာမရွာလိုက္တာလဲ?"

"အမ္..."
ရွီက်င္းလည္း တစ္ေအာင့္မွ် စိတ္ရႈပ္သြားသည္။
ေရေရရာရာအေၾကာင္းျပခ်က္မ်ိဳးရွာရန္
ကသုတ္က႐ိုက္ေတြးလိုက္သည္။

" မိုႏိုပိုလီပြဲတစ္ပြဲက ေတာ္ေတာ္ၾကာလို႔
ကၽြင္းေရွာက္ အခ်ိန္ေနာက္က်တဲ့အထိ
ေနရမွာဆိုးလို႔ပါ..."

လ်န္ကၽြင္းသည္ သူ႔အား နက္နက္နဲနဲၾကည့္ၿပီးမွ
ဂိမ္းဘူးကို လွမ္းယူကာ ေပါင္ေပၚတင္လိုက္သည္။
ထို႔ေနာက္ ဝွီးခ်ဲကိုလွည့္ကာ ေျပာသည္။

"ငါ့ခႏၶာကိုယ္က အဲ့ေလာက္အသုံးမက်မျဖစ္ေသးဘူး။
တခါတေလေတာ့ ေနာက္က်မွအိပ္လည္းရတယ္။
လာ...ငါ မင္းနဲ႔ကစားေပးမယ္"

ရွီက်င္းလည္း ဗလာျဖစ္သြားေသာလက္ကိုၾကည့္ၿပီး
သူ႔ၿငင္းလို႔မရေၾကာင္းေျပာေနေသာ လ်န္ကၽြင္း၏
ေနာက္ေက်ာကိုၾကည့္လိုက္သည္။ ကိုယ့္ေသတြင္း
ကိုယ္တူးမိပုံေထာက္သျဖင့္ သက္ျပင္းခ်ကာ
လ်န္ကၽြင္းေနာက္မွလိုက္သြားေတာ့သည္။

ကစားပြဲစၿပီးေနာက္မွာ သာမန္ကာလွ်ံကာသာ
ကစားမည္ဟု ရွီက်င္းၾကံထားရာ ယေန႔ညကစားပြဲမွာ
အင္မတန္ေႏွးေကြးေနၿပီး
စိတ္လႈပ္ရွားစရာပင္မေကာင္းဘဲ
အိပ္ေငြ႕ခ်ေနသလိုျဖစ္ေနသည္။
တစ္ဝက္တစ္ျပတ္မွာပဲ ရွီက်င္းသန္းေဝကာ
ေခါင္းမွာ စတင္ငိုက္က်လာေလသည္။

"အိပ္ငိုက္ေနၿပီလား?"

လ်န္ကၽြင္းသည္ အံစာတုံးကိုခ်ကာ
အသံတိမ္တိမ္ေမးလိုက္သည္။

ထိုအခါ ရွီက်င္းလည္း မ်က္ႏွာကို
ခပ္ၾကမ္းၾကမ္းပြတ္ကာ

"ရတယ္...ၿပီးေအာင္ေဆာ့ရေအာင္"

"ဟင့္အင္း"

လ်န္ကၽြင္းသည္ အေဆာက္အဦးႏွင့္တိုကင္ျပားမ်ားကို
သိမ္းက်ဳံးကာ ကစားပြဲကိုဖ်က္ဆီးလိုက္သည္။
ၿပီးေနာက္ ဝွီးခ်ဲကို ရွီက်င္းေဘးသို႔ ေရြ႕ကာ
လူငယ္ေလးဆံပင္ကို ပြတ္သပ္ေပးသည္။

"ရွီက်င္း...သေဘၤာေပၚမွာေနရတာ
ပ်င္းဖို႔ေကာင္းလား?"

သူ႔ဆံပင္ကိုထိေတြ႕ေနေသာ အထိအေတြ႕က
ခံစားလို႔ေကာင္းသျဖင့္ ဆိုဖာခုံေနာက္ကို
ပ်င္းရိစြာ မွီတြယ္လိုက္သည္။
ဂိမ္းပြဲကလည္း လုံးလုံးပ်က္စီးသြားၿပီျဖစ္သျဖင့္
က်န္ရွိေနေသာေတာင့္ခံမႈမ်ားပင္
ကုန္ခမ္းသြားေတာ့သည္။ ရွီက်င္း ထပ္မံသန္းေဝကာ
ႏိုးႏိုးၾကားၾကားျဖစ္ရန္ ေခါင္းကိုခါယမ္းလိုက္သည္။

လ်န္ကၽြင္း ဘာမွမဆိုဘဲ သန္းလိုက္တာေၾကာင့္
မ်က္လုံးေထာင့္မွေဝ့တက္လာေသာ
မ်က္ရည္ေလးမ်ားကို ကူသုတ္ေပးလိုက္သည္။

ထိုထိေတြ႕မႈက ရွီက်င္းကို ယားက်ိက်ိျဖစ္ေစ၍
ေခါင္းလွည့္ကာ လ်န္ကၽြင္းလက္ကို
ေရွာင္လိုက္သည္။ ထိုအခိုက္အတန္႔၏
ေႏြးေထြးေသာေလထုေၾကာင့္လား သို႔မဟုတ္
အိပ္ခ်င္ေန၍လားမသိ ကိုယ့္ကိုယ္ကိုယ္
ထိန္းခ်ဳပ္မႈမရွိစြာ တစ္ဖက္လူ၏လက္ကို
႐ုတ္တရက္ဆုပ္ကိုင္လိုက္မိၿပီး

"ခင္ဗ်ားကို ကယ္ခ်င္တယ္ လ်န္ကၽြင္း၊
လုံရွီကိုဖမ္းၿပီး သူ႔ဆီက အဆိပ္ေဖာ္ျမဴလာကို
ယူမယ္ ၿပီးရင္ ခင္ဗ်ားျပန္က်န္းမာလာေအာင္
လုပ္ေပးခ်င္တယ္"

"ငါသိတယ္"
လ်န္ကၽြင္းသည္ ရွီက်င္းလက္ကိုလႊတ္မည့္အစား
ပိုမိုတင္းက်ပ္ေအာင္ ဆုပ္ေထြးလိုက္သည္။
လူငယ္ေလးမ်က္ႏွာကို စိုက္ၾကည့္ရင္း
ျပန္ေျပာသည္။

"ငါသိပါတယ္...မင္းရဲ႕ခံစားခ်က္ေတြကို
ငါ ေလးေလးနက္နက္တန္ဖိုးထားပါတယ္"

ရွီက်င္းစိတ္ထဲ နည္းနည္းပ်ာယာခတ္သြားေသာ္လည္း
ဘာရယ္ေၾကာင့္မွန္းမသိေခ်။

"လုံရွီကိုျပန္ရဖို႔ အစီအစဥ္ဆြဲၿပီးၿပီလား?"
ရွီက်င္းေမးလိုက္သည္။

လ်န္ကၽြင္းသည္ ရွီက်င္းအနီး ပိုကပ္ကာ
"အင္း...Nine Eaglesဒီအေျခအေနထိ
ေရာက္လာတာက ငါနဲ႔အစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႔
ေထာက္ခံမႈေၾကာင့္ ၿပီးေနာက္ သူတို႔အတြင္းထဲမွာ
ငါ့လူေတြရွိတယ္။ ဘာပဲျဖစ္ျဖစ္ သူတို႔
ဘာသဲလြန္စမွ ရွာမေတြ႕တည္းက လုံရွီကိစၥကို
က်ိဳယန္သတိရွိမွာပဲ"

"အဆုံးမွာေတာ့ သူက အေရးပါတဲ့ဝွက္ဖဲတစ္ခုပဲေလ"

ရွီက်င္းသည္ လ်န္ကၽြင္းမ်က္ႏွာကိုေငးၾကည့္ကာ
တစ္ဖက္လူ၏ေတာက္ပေသာမ်က္ဝန္းမ်ားဆီ
အၾကည့္ေက်ာက္ခ်ေနမိသည္။
ထိုမ်က္ဝန္းမ်ားထဲတြင္ ေမွာ္စြမ္းအင္မ်ား
ပါဝင္ေနသလားဟု မသိစိတ္တဝက္ျဖင့္
ေတြးမိသည္။ ၎တို႔ကိုၾကည့္႐ုံနဲ႔ပင္
စိတ္သက္သာရာရသလိုခံစားလာရသည္။
ရွီက်င္းမွဆက္၍

"ဒီေန႔ ကၽြင္းေရွာက္က က်ိဳယန္လိုခ်င္သလို
မတုံ ့ျပန္ခဲ့ေတာ့ ေနာက္တစ္ႀကိမ္ဆို
ဘာလုပ္မလဲ ဘယ္သူသိမွာလဲ..."

"အျဖစ္ႏိုင္ဆုံးက လုံရွီ သူ႔လက္ထဲမွာ
တကယ္ရွိေၾကာင္းကို သက္ေသျပဖို႔
သက္ေသခံတစ္ခ်ိဳ႕ ဒါမွမဟုတ္
သတင္းနည္းနည္းျဖစ္ျဖစ္ လႊင့္မွာေပါ့။
ၿပီးေတာ့ ငါ့ဘက္က မတည္မၿငိမ္ျဖစ္တဲ့အခါ
ေတာင္းဆိုတာေတြ စလာလိမ့္မယ္"

လ်န္ကၽြင္းျပန္ေျပာသည္။ ထို႔ေနာက္
ညွိဳ႕ယူဖမ္းစားခံရသလို ေငးၾကည့္ေနေသာ
ရွီက်င္းကို ၾကည့္ၿပီး သူ႔သူငယ္အိမ္မ်ား
မဲနက္သြားသည္။ သူ႔လက္ေခ်ာင္းမ်ားႏွင့္
ရွီက်င္းလက္ေခ်ာင္းမ်ားကို ရစ္ပတ္လိုက္ၿပီး
လ်န္ကၽြင္းအသံမွာ ေလသံေလးပဲ
ၾကားရသည္အထိ ႏူးညံ့သြားသည္။

"ရွီက်င္း...မင္း ငါ့ကို အဲ့လိုမ်ိဳးၾကည့္ေနတာက...
ငါ့ကိုၾကည့္ရတာကို မင္းသေဘာက်လား?"

ရွီက်င္းျပန္မေျဖေပ။ ႐ုတ္တရက္ဆိုသလို
ရွီက်င္းခႏၶာကိုယ္သည္ ေဘးသို႔ေလွ်ာက်သြားၿပီး
မ်က္လုံးမ်ားပိတ္ကာ အိပ္ေပ်ာ္သြားသည္။

လ်န္ကၽြင္း: “……”

ေရွာင္စစ္: <……>

ရွီက်င္းသည္ ညဘက္တစ္ခ်ိဳးတည္း
အိပ္ေပ်ာ္သြားၿပီး အခန္းထဲေနထိုးမွ
အိပ္ယာေပၚတြင္ႏိုုးလာခဲ့သည္။
သူသည္ မေနႏိုင္စြာ စိတ္ေက်နပ္မႈအျပည့္ျဖင့္
သက္ျပင္းခ်လိုက္သည္။

"အို.....ဝါး ငါေကာင္းေကာင္းအိပ္ေမာက်သြားတာပဲ
ၿပီးေတာ့ ေတာ္ေတာ္ဆန္းက်ယ္တဲ့အိပ္မက္မ်ိဳး
မက္ခဲ့ပုံရတယ္။ အိပ္မက္ထဲမွာ ငါေတြ႕ဖူးခဲ့သမွ်ထဲ
အလွဆုံးမိန္းကေလးတစ္ေယာက္က သူလက္နဲ႔
ငါ့လက္ကိုရစ္ပတ္ၿပီး ၾကင္ၾကင္နာနာ
ၾကည့္ေနခဲ့တာ...ၿပီးေတာ့ ငါ့ကို
ေစာင္ေတာင္ျခဳံေပးလိုက္ေသးတယ္။
ဒါ သူမကို ေတာ္ေတာ္သက္ၫွာရာ ေရာက္တာပဲေလ"

ေရွာင္စစ္သည္ အသက္မပါေသာစက္႐ုပ္သံျဖင့္
<ေအာ္....ေကာင္းတာေပါ့၊ Nine Eaglesသေဘၤာကို
စစ္ေဆးတာၿပီးသြားၿပီ။ ေဒတာေတြ လက္ခံဖို႔
စိတ္ရွိလား?>

ရွီက်င္း ကုတင္ေပၚမွဆင္းလိုက္သည္။
သူသည္ 'အင္း'ဟုေျပာမည္ၾကံေသာ္လည္း
ရပ္တန္႔သြားကာ ေမးၾကည့္သည္။

"အရင္တစ္ေခါက္ကလို အဖ်ားဝင္အုံးမွာလား?"

ဒီလိုအေရးေပၚအေျခအေနမ်ိဳးမွာ
ေနမေကာင္းမျဖစ္သင့္ေပ။

စစ္စတန္လည္း ခဏေလာက္တိတ္သြားၿပီးမွ
ျပန္ေျဖသည္။
<မျဖစ္ပါဘူး၊ နည္းနည္းမူး႐ုံေလာက္ပဲ။
ဒီတစ္ေခါက္က အဲ့ေလာက္အခ်က္အလက္
မမ်ားဘူး>

"အဲ့တာဆို လုပ္လိုက္ေတာ့"
ရွီက်င္းသည္ ေက်နပ္စြာ ကုတင္ေပၚျပန္တြယ္တက္ၿပီး
မ်က္လုံးမွိတ္ထားသည္။

ဆယ္မိနစ္ေလာက္ၾကာေသာအခါ
ရွီက်င္းသည္ ကမ႓ာႀကီးဝိုင္းႀကီးပတ္ပတ္ျဖစ္ေနသလို
ေရခ်ိဳးခန္းဆီ ဒယိမ္းဒယိုင္ေလွ်ာက္သြားသည္။
မ်က္ႏွာကို ေရေအးနဲ႔ေဆးလိုက္မွ
နည္းနည္းသက္သာသြားၿပီး နံရံကိုအားျပဳရပ္ကာ
အားနည္းစြာ ဖြင့္ေျပာသည္။

"ဒါက 'နည္းနည္းမူး႐ုံေလာက္' မွမဟုတ္တာ...
မင္းသိရဲ႕လား..."

ေရွာင္စစ္သည္ စက္႐ုပ္သံျဖင့္
<လကၡဏာက တျဖည္းျဖည္းအားနည္းသြားမွာပါ။
ႏွစ္နာရီၾကာၿပီးတာနဲ႔ လုံးဝသက္သာသြားမွာ
ျဖစ္တာေၾကာင့္ ေက်းဇူးျပဳၿပီး သည္းခံေပးပါ>

ရွီက်င္းသည္ တစ္ခုခုမူမမွန္ေၾကာင္း
သတိျပဳမိသြားရာ စိတ္ရႈပ္စြာ ေမးလိုက္သည္။

"မင္းဘာျဖစ္ေနတာလဲ? မင္းၾကည့္ရတာ
နည္းနည္းထူးဆန္းေနတယ္ေနာ္"

စစ္စတန္သည္ အခ်ိန္တစ္ခုၾကာသည္အထိ
တိတ္က်သြားသည္။ ထို႔ေနာက္မွာေတာ့
ဘာမေျပာညာမေျပာျဖင့္ ဝါးလုံးကြဲငိုေတာ့သည္။
ငိုသံမွာ သူမတူစြာ ႏွလုံးနာစရာေကာင္းလွေပသည္။

ရွီက်င္းသည္ ထိတ္လန္႔မႈနဲ႔အတူ စိုးရိမ္တႀကီး
ျဖစ္သြားမိကာ
"ေရွာင္စစ္?"

ေရွာင္စစ္သည္ ႀကိဳ႕ထိုးလ်က္
အလြန္အမင္းစိတ္မခ်မ္းေျမ႕ေနသည္မွာ
သိသာေသာ္လည္း စိတ္ဆုံးျဖတ္စြာ
ေျပာဆဲပင္။
<ေရွာင္စစ္ အဆင္ေျပပါတယ္ က်င္းက်င္း..
ေရွာင္စစ္အသားက်ေနပါၿပီ၊ သန္မာေနၿပီ...
ဒါလင့္နည္းတူ သန္မာေနပါၿပီ....ဝါး...ဝါး...
က်င္းက်င္း အ႐ူး! >

ရွီက်င္း: “……”

မနက္စာစားခ်ိန္တြင္ လ်န္ကၽြင္းသည္
စားခ်င္စိတ္သိပ္မရွိသလို ပုံမွန္ထက္အစားနည္းသည္ကို
ေတြ႕လိုက္ရ၍ ရွီက်င္းစိတ္ပူသြားသည္။

လ်န္ကၽြင္းကေတာ့ သေဘၤာေပၚရွိ
စားစရာမ်ားက ခံတြင္းမေတြ႕ေစဘဲ
ျငီးေငြ႕ေနလို႔ဟုသာ ျပန္ေျပာသည္။

ထိုအခါ ရွီက်င္းလည္း ဘာမွမဆိုေတာ့ဘဲ
ဆယ္မ်က္ႏွာစာေလာက္ထိရွည္ေသာမီႏူးကို
ၾကည့္ကာ လ်န္ကၽြင္း၏အစားဂ်ီးမ်ားေသာ
အက်င့္ေဟာင္းက တဖန္ေခါင္းျပန္ေထာင္လာၿပီလို႔
ခံစားေနရသည္။

မနက္ခင္းအစည္းအေဝးသည္ မေန႔ကထက္
တစ္နာရီေစာကာ ၉နာရီတြင္ စတင္သည္။

ယေန႔အစည္းအေဝးကေတာ့ တရားမဝင္
ေမွာင္ခိုအဖြဲ႕အစည္းမ်ားေပၚ အာ႐ုံစိုက္ေလသည္။
ပါဝင္ေသာကိုယ္စားလွယ္အဖြဲ႕မ်ားက သူတို႔ႏွင့္
တိုက္႐ိုက္မဆက္ႏြယ္သျဖင့္ ဂိုဏ္းေခါင္းေဆာင္မ်ားလည္း
မေန႔ကထက္ ပိုစိတ္ေအးေနၾကသည္။

က်ိဳယန္သည္ မေန႔ကလိုပဲ အစိုးသေဘၤာေပၚသို႔
ေဆာင့္ႂကြားႂကြားတက္လာခဲ့သည္။
သို႔ေသာ္လည္း ဒီတစ္ခါေတာ့ လ်န္ကၽြင္းကို
ရန္စဖို႔မႀကိဳးစားေတာ့။ သူသည္ ခပ္ေဝးေဝးက
ရပ္ေနက်ေနရာတြင္ရပ္ေနေသာရွီက်င္းကို
တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး ထူးဆန္းေသာ
အျပဳံးတစ္ခုခ်ိတ္ဆြဲကာ အစည္းအေဝးခန္းမထဲ
လွမ္းဝင္သြားသည္။

ရွီက်င္းလည္း ထိုသူ၏ေၾကာင္ေတာင္ေတာင္
အျပဳအမူကို ေဝခြဲမရျဖစ္စြာ မ်က္ေတာင္ခတ္လိုက္ၿပီး
တိတ္တဆိတ္ လက္ခလယ္ေထာင္ျပလိုက္သည္။

အစည္းအေဝးက ေခ်ာေခ်ာေမြ႕ေမြ႕ပဲ
ၿပီးစီးသြားသည္။ ထို႔ေနာက္မွာ တမနက္လုံး
လိမ္လိမ္မာမာရွိေနေသာက်ိဳယန္က လ်န္ကၽြင္းနား
ခ်ဥ္းကပ္လာသည္။ ဝွီးခ်ဲတြန္းလာေပးေသာရွီက်င္းကို
လွမ္းၾကည့္ၿပီး ေျပာသည္။

"လ်န္ကၽြင္း...မင္းကို ပထမဆုံးအႀကိမ္
႐ုပ္ပိုင္းဆိုင္ရာစစ္ေဆးေပးေတာ့ သူက ၁၉ႏွစ္ပဲ
ရွိေသးတယ္လို႔ လုံရွီက ငါ့ကိုေျပာျပတယ္။
အဲ့အခ်ိန္တည္းက သူက မင္းေဘးမွာ
ေတာက္ေလွ်ာက္ရွိေနခဲ့တယ္...အခုလည္းက်
မင္းမွာ ေနာက္ထပ္လူယုံငယ္ေလးတစ္ေယာက္
ရွိေနျပန္ၿပီ—တူညီတဲ့အမွားမ်ိဳး ထပ္လုပ္မိမွာ
မင္းမေၾကာက္ဖူးလား? ဒီေကာင္ေလးကလည္း
အဲ့အရြယ္ေလာက္ပဲ မဟုတ္လား? လူငယ္ေတြရဲ႕
အခ်စ္က အမုန္းေတြေပါက္ဖြားေစတယ္ေနာ္
အဲ့တာက ဘယ္ေလာက္ေၾကာက္စရာေကာင္းမွန္း
မင္းသိထားၿပီးသားပါ"

Gua Yiမ်က္ႏွာမွာ မဲေမွာင္သြားၿပီး
ေသနတ္ကိုဆြဲထုတ္ကာ က်ိဳယန္၏ရင္ဝကို
ခ်ိန္ရြယ္လိုက္သည္။

က်ိဳယန္ေနာက္လိုက္မ်ားကလည္း ေသနတ္မ်ား
ထုတ္ကာ လ်န္ကၽြင္းကို ခ်ိန္လိုက္ၾကသည္။

ရွီက်င္းမ်က္ေမွာင္ၾကဳတ္ကာ လ်န္ကၽြင္းေရွ႕မွ
ဝင္ကာလိုက္ၿပီး က်ိဳယန္ကို ၿခိမ္းေျခာက္ဟန္
စူးစိုက္ၾကည့္လိုက္သည္။

က်ိဳယန္မ်က္ခုံးတစ္ဖက္ပင့္တက္သြားကာ
'အဆံုးက် အဲ့လိုသေဘာပဲကိုး'ဟူေသာ
အမူအရာမ်ိဳးခ်ိတ္ဆြဲလိုက္ကာ မ႐ိုးေျဖာင့္စြာ
ေျပာေလသည္။

"ဝါး... ၾကည့္ရတာ ငါ့ဘက္က
အဓိပၸါယ္မရွိတဲ့ေမးခြန္းမ်ိဳး ေမးမိၿပီထင္တယ္။
မင္းက ထပ္တူညီတဲ့အမွားမ်ိဳးကို လုပ္ေတာင္
လုပ္ၿပီးေနၿပီပဲ။ အဲ့ကေလးကို ျဖစ္ႏိုင္သမွ်
ေဝးေဝးကို ျမန္ျမန္ေမာင္းထုတ္လိုက္ဖို႔
ငါအၾကံေပးတယ္ေနာ္...မဟုတ္ရင္ သူလည္း
ဒုတိယလုံရွီ ျဖစ္လာလိမ့္မယ္"

==============================

အခန်း(၄၉)အချစ်​မှအမုန်း​ပေါက်​ဖွားခြင်း


လျန်​ကျွင်းပါးစပ်​မှ“Pegasus”ဟု
ထွက်​လာသည်​နှင့်​အစည်းအ​ဝေးခန်းထဲရှိ​
လေထုအ​နေအထား
ချက်​ချင်း​ပြောင်းလဲသွားသည်​။
အားလုံး၏အကြည့်​သည်​ပြတင်း​ပေါက်​မှ
ကျိုယန်​ဆီသို့ ကူး​ပြောင်းသွားပြီး
ဘဝင်​မကျဟန်​သံသယမကင်းဖြစ်​လာကြသည်​။

Pegasusသည်​လွန်​ခဲ့​သောနှစ်​တွေထဲ
အ​တော်​ဇောင်းကြွလာခဲ့သည့်​အ​ကြောင်းကို
သူတို့ခန့်​မှန်းမိသွားသည်​။

၎င်းမှာ အလယ်​လတ်​တန်းစား
အဖွဲ့အစည်းတစ်​ခု
ဖြစ်​ပြီး သက်​တမ်းအ​တော်​အသင့်​ရှိပြီဖြစ်​ကာ
ခပ်​လျှိုလျှို​သာ​နေသည်​။ သို့​သော်​လည်း
လွန်​ခဲ့​သော​လေး၊ငါးနှစ်​လောက်​မှစ၍
အဖွဲ့အစည်းလည်​ပတ်​ပုံစနစ်​ရုတ်​တရက်​
​ပြောင်းလဲသွားခဲ့သည်​။ အဖွဲ့ငယ်​များကို
စတင်​ဝါးမြိုလာပြီး
တန်းတူအဖွဲ့အစည်းများကို
တိတ်​တဆိတ်​အတွင်းမှလှိုက်​စားကာ
လူ​တွေသတ်​၊ သူလျှို​တွေထည့်​စသည်​ဖြင့်​
သူတို့လုပ်​ဆောင်​နိုင်​သမျှလုပ်​သည်​။
၎င်းတို့၏အပြုအမူများမှာ
ညစ်​ပတ်​စက်​ဆုပ်​ဖွယ်​
​ကောင်းလှ​ပေသည်​။

ကြမ်းပိုးတစ်​ကောင်​လိုပဲ သင့်​ရဲ့အိမ်​အနှံ့
အညစ်​အ​ကြေးစွန့်​ပြီး​နေရာတိုင်း
နံ​ဟောင်​အောင်​လုပ်​သည်​။

အားနည်း​သောရန်​ဘက်​နှင့်​ရင်​ဆိုင်​လျှင်​
ရက်​ရက်​စက်​စက်​နင်း​ခြေပစ်​သည်​။
ခွန်​အားမတိမ်းမယိမ်း​ပြိုင်​ဘက်​နှင့်​တွေ့လျှင်​
အ​နှောင့်​အယှက်​ပေးပြီး ဒုက္ခများ​အောင်​
လုပ်​သည်​။ အင်​အားကြီး​သောအဖွဲ့များနှင့်​
ဆိုရင်​တော့​ပေါ်တင်​ရန်​မစဘဲ တိတ်​တဆိတ်​
လူ​တွေသတ်​ကာ အားနည်းလာ​အောင်​
လုပ်​တော့သည်​။
ဒီ​နေရာတွင်​လိမ်​လည်​လှည်​ဖျားလျှင်​
ဟိုနေရာမှာ​နောက်​ကျောဓားနှင့်​ထိုးသည်​။
တခြားကိစ္စ​များတွင်​
အသုံးမကျ​သေး​သော်​လည်း
Pegasusသည်​အလွန်ဒုက္ခပေးတာကြောင့်
ယင်းအဖွဲ့ကိုဖျက်​စီးပစ်​ရန်​
အသည်းတယားယားဖြစ်​စေသည်​။

ပြဿနာက​တော့ ထိုအဖွဲ့အစည်းကို
အမြစ်​ဖြတ်​ရန်​မဖြစ်​နိုင်​သော​ကြောင့်​
ဖြစ်​သည်​။
အင်​အားကြီးအဖွဲ့များသည်​Pegasusကို
လူသိရှင်​ကြား​ရော ခိုး​ကြောင်​ခိုးဝှက်​ပါ
ပစ်​မှတ်​ထားခဲ့​သော်​လည်း ဘယ်​သူမှ
မ​အောင်​မြင်​ခဲ့​ပေ။ ပိုးဟပ်​တစ်​ကောင်​လိုပဲ
သတ်​ကခက်​သလို တည်​ရှိ​နေတာနဲ့ပင်​
လူ​တွေကို ရွံရှာ​စေသည်​။ အချိန်​မ​ရွေး
​ပေါ်လာတတ်​၍ စိတ်​အေးသက်​သာစွာလည်း
မ​နေနိုင်​ပေ။

ဒီနှစ်​တော့ Pegasus​ခေါင်း​ဆောင်​
မ​ရောက်​လာ၍ လူတိုင်းစိတ်​ပေါ့ပါး​နေကြသည်​။
တရားဝင်​အဖွဲ့အစည်းတစ်​ခု အစည်းအ​ဝေး
မတက်​ရောက်​လာသည့်​အ​ကြောင်းမှာ
နှစ်​ချက်​သာရှိသည်​—
အပြတ်​ရှင်းခံလိုက်​ရတာ
သို့မဟုတ်​ဥပ​ဒေအရ တရားဝင်​ရာထူး
ဆုံးရှုံးလိုက်​ရ၍ဖြစ်​သည်​။ ဘာပဲဖြစ်​နေပါ​စေ
တခြား​ခေါင်း​ဆောင်​များက​တော့​ကျေနပ်​သည်​။

အတိအကျ​ပြောရရင်​
လွန်​ခဲ့တဲ့နှစ်​လယ်​တည်းက
Pegasusအကြာင်း ဘာသတင်းမှ
မကြားရ​တော့တာဖြစ်​သည်​။
အဖွဲ့အစည်းကြီးတစ်​ခုက ဖမ်းချုပ်​ပြီး
တိတ်​တဆိတ်​ရှင်းပစ်​လိုက်​ပြီဖြစ်​ကြောင်း
ပါးနပ်​သူတိုင်း နားလည်​သည်​။

အခု​တော့ Nine Eagles နှင့်​Pegasusဟာ
ဆက်​နွယ်​နေသည်​ဟု လျန်​ကျွင်းက
တိုက်​ရိုက်​ဖွင့်​ပြောလိုက်​သဖြင့်​
အားလုံးစိတ်​ထဲ
အ​တွေးဗျာများကုန်​ကြသည်​။

လျန်​ကျွင်းအဆိုအရ Pegasusကို
ရှင်းပစ်​သူမှာသူဖြစ်​ပြီး ၎င်းနှင့်​
Nine Eaglesဆက်​နွယ်​မှုကို
ရှာ​တွေ့ခဲ့ပုံရသည်​။ Pegasusမှ
ဒီလိုမသမာမှု​တွေကို လုပ်​ရဲခြင်းမှာ
​နောက်​ကွယ်​တွင်​အဖွဲ့အစည်းကြီးတစ်​ခု၏
အ​ထောက်​အပံ့ရှိလို့ဖြစ်​ကြောင်း လူတိုင်း
ခန့်​မှန်းပြီးသားပင်​။ ထိုလမ်းစဉ်​အတိုင်း
ဆက်​တွေးလိုက်​လျှင်​Pegasus၏
အပြုအမူများ ရုတ်​ချည်း​ပြောင်းလဲမှုမှာ
Nine Eaglesအဖွဲ့ အင်​အားလျင်​မြန်​စွာ
စတင်​ကြီးထွားလာသည့်​အချိန်​နှင့်​
တစ်​နှစ်​တည်းဖြစ်​သည်​။

အားလုံးအာရုံစိုက်​မှုအလယ်​သို့​
ရောက်​သွား​သော
ကျိုယန်​မှာ ခုန်​ထပြီး လျန်​ကျွင်းအား
​အော်​ကြီးဟစ်​ကျယ်​ဆဲဆိုချင်စိတ်​ကို
မနည်းတင်းခံ​နေရသည်​။

တခြားသူများလိုမဟုတ်​ဘဲ Pegasus
ဘာဖြစ်​သွားသလဲဆိုတာကို သူသိသည်​။
၎င်းမှာ အလွန်​အသုံးဝင်​သောနယ်​ရုပ်​တစ်​ခု
ဖြစ်​၍ မနှစ်​က လျန်​ကျွင်းကိုလုပ်​ကြံရန်​
Yနယ်​မြေကို​စေလွှတ်​ခဲ့တာဖြစ်​သည်​။
သို့သော်​မကြာခင်​မှာပဲ ထိုအဖွဲ့သားများနှင့်​
အဆက်​အသွယ်​ပြတ်​သွားခဲ့သည်​။
ကြည့်​ရတာ အားလုံးအဖမ်းခံရပြီး
​ထောင်​ထဲ​ရောက်​သွားပြီဖြစ်​မည်​။

အစက​တော့ လျန်​ကျွင်းက
Pegasus​ခေါင်း​ဆောင်​ပါးစပ်​ကို
ရ​အောင်​ဖွင့်​ပြီး သူတို့နောက်​ကွယ်​က
ကြိုးကိုင်​သူက သူဆိုတာရှာ​တွေ့သွားမည်​ကို
ကျိုယန်​စိတ်​ပူခဲ့​သေးသည်​။ထို့​ကြောင့်​
Annihilation၏​နောက်​ဆက်​တွဲ
လှုပ်​ရှားမှုများကို သတိကြီးကြီး​
စောင့်​ကြည့်​ခဲ့​သော်​လည်း
အဆုံးမှာ ဘာသဲလွန်​စမှ မ​တွေ့​ပေ။
ဒီလိုနဲ့ Pegasus​ခေါင်း​ဆောင်​က
သူတို့သ​ဘောတူညီမှုကိုမချိုးဖျက်​ဘဲ
Nine Eaglesလျှို့ဝှက်​ပါဝင်​သည်​ကို
ပါးစပ်​ပိတ်​ထား၍ Gua Siသည်​
သူတို့နဲ့​ပေါင်းပြီး
သစ္စာ​ဖောက်​ဖြစ်​သွားသည်​ကို
လျန်​ကျွင်းဆက်​စပ်​လို့ရ​တော့မည်​မဟုတ်​ဟု
ကျိုယန်​တွေးထားခဲ့သည်​။

လျန်​ကျွင်းမသိခဲ့တာမဟုတ်​ကြောင်းဆိုတာ
သူတကယ်​မထင်​ထားမိခဲ့။
ထို​ယောက်ျားသားမှာ
အ​တော်​ကိုသိလွန်း​နေပြီး တစ်​နှစ်​လောက်​
ဘာမှမဟုတ်​သလို သည်းခံ​နေခဲ့သည်​။
ထိုကိစ္စကို ကျိုယန်​ခေါင်းထဲက
ထုတ်​ထားပြီးသည့်​အချိန်​မှ
အခိုက်​အတန့်​ကောင်းတွင်​မီးစပျိုး​ပေးပြီး
အားလုံးရဲ့အမုန်းကိုရ​အောင်​လုပ်​သည်​။

​ကောက်​ကျစ်​လိုက်​တာ! စဉ်းလဲလိုက်​တာ!
ယုတ်​မာလိုက်​တာ!
ကြိုး​ကိုင်​တွက်​ချက်​တတ်​တဲ့
​ကောင်​...အရှက်​မရှိချက်​!

လျန်​ကျွင်းအ​ပေါ် မထီမဲ့မြင်​လုပ်​သည်​များ
ချက်​ချင်း​ပျောက်​ကွယ်​သွားကာ
ကျိုယန်သည်​ ပုံမှန်​အတိုင်း ဖျစ်​ညစ်​ပြုံးရင်း လျန်​ကျွင်းကဲ့သို့ အ​မေးကိုမ​ဖြေဘဲ

"ငါက ဒီတိုင်းသာမန်​ကာလျှံကာ​
မေးလိုက်​တာပါ၊
မင်းတုံပြန်​ပုံက မဟားတရားကြီးသွားပြီး
​မဟုတ်တာ​တွေ​တောင်​လာစွပ်​စွဲ​နေတယ်​...
မင်းလူသစ်​လေးက​တော်​တော်​ထူးခြားတယ်​လို့​တောင်​ ထင်​လာပြီ​နော်​"

"ဒါ​ပေါ့ သူကထူးခြားတယ်​...
ငါ့လူယုံတစ်​ယောက်​ချင်းဆီကိုက
ထူးခြားတယ်​"

လျန်​ကျွင်းသည်​လက်​ထဲကဖိုင်​ကိုချလိုက်​ပြီး
မျက်​နှာ​သေဖြင့်​ဆိုသည်​။

"ငါ​ပြောမယ်​....အကယ်​၍ မင်းက
သတင်းနှိုက်​ဖို့ကြံ​နေရင်​တော့ အ​ခြေအ​နေနဲ့
အချိန်​အခါကို ကြည့်​တတ်​ဦး။ Pegasusကို
ရှင်းပစ်​လိုက်​တဲ့လူက ငါ၊ မင်းမသိဘူးဆိုတာကို ငါမယုံဘူး...အဲ့တာ​တောင်​ငါ့ကို
ရန်​စရဲ​သေးတယ်​နော်...
မင်း​မှာဦး​နှောက်​မရှိဘူးထင်​တယ်​။
အကယ်​၍ မင်းမ​ကြောက်​ဘူးဆိုရင်​
ကျန်​တဲ့မင်းလျှို့ဝှက်​လက်​ပါး​စေ​တွေကို
​ဖော်​ထုတ်​ပေးမှာမို့​ ပျော်​ပျော်​ကြီး
ဆက်​နှောင့်​ယှက်​နေပါ။ Nine Eaglesရဲ့
လျှို့ဝှက်ချက်​တွေ လူတိုင်းပိုသိသွားလို့လည်း ငါ့ဘက်​ကစိတ်​မရှိပါဘူး။ မ​မေ့နဲ့ဦး—
မင်းက ငါ့အဖွဲ့ထဲ သူလျှိုထည့်​နိုင်​ရင်​
ငါဘက်က​လည်း ထပ်​တူလုပ်​နိုင်​တာ​ပေါ့"

ကျိုယန်၏အမူအရာရုပ်ဆိုးသွားသော်လည်း
Pegasusဟာ သူ့နယ်ရုပ်မဟုတ်သည့်နှယ်
ဟန်ဆောင်ပန်ဆောင်လုပ်ကာ
ပြောသည်။

"လျန်ကျွင်း... မင်းရဲ့မလိမ့်တပတ်အပြောတွေကတော့ ကောင်းမြဲကောင်းဆဲနော်"

"မလိမ့်တပတ်ပြောတာ? လူတိုင်း
သူ့ဘာသူဆုံးဖြတ်နိုင်တယ်"

ထို့နောက် လျန်ကျွင်းသည်
ဖိုင်ကိုပြန်ကောက်ကာ
Nine Eaglesခေါင်းဆောင်ကို
စကားမပြောချင်တော့ဟန်
စိတ်ပျက်လက်ပျက်ဖြင့်

"ကျိုယန် မင်း ဒီမြေအောက်လောကကြီးရဲ့ဧကရာဇ်ဖြစ်ဖို့ စိတ်ကူးယဉ်နိုင်ပေမဲ့
ဒီမှာရှိတဲ့ဘယ်သူကမှ
အရူးမဟုတ်ဘူး"

မြေအောက်လောကရဲ့ ဧကရာဇ်?

ကျန့်ကျိုးယွမ်သည် ကျိုယန်ကို
တစ်ချက်စောင်းကြည့်လိုက်ပြီး ဆိုသည်။

"ကျိုယန် အစည်းအဝေးပြီးရင်
ကျုပ်နဲ့ခဏနေပေးပါ
စကားပြောဖို့လိုလာလို့"

ကျိုယန်မျက်နှာမှာ မစင်စားဖို့
တွန်းအားပေးခံရဟန်
ပျက်ယွင်းသွားသည်။ သူ့မျက်နှာပေါ်မှ အပြုံးတုကြီးလည်းပျောက်ကွယ်သွားပြီး စကားမပြောတော့ချေ။

လုရှန်းသည် ကျိုယန်အရှက်တကွဲဖြစ်ပုံကို
ကျေနပ်အားရစွာ ပြုံုးဖြီးလိုက်သည်။
လက်တစ်ဖက်က
ဘောပင်ကို စိမ်ပြေနပြေလှည့်ရင်း ပြောသည်။

"အခုက ဘယ်ခေတ်ရောက်နေပြီလဲ?
မြေအောက်လောကဘုရင်ဖြစ်ဖို့
စိတ်ကူးယဉ်တဲ့ယောက်ျားတွေ
ရှိနေသေးတာပဲလား။ လျန်ကျွင်း
အချစ်လေး မင်းကို အဲ့လောက်မမုန်းဘူးလို့
ရုတ်တရက်ကြီးခံစားလာရတယ်"

"ခင်ဗျားအမုန်းမခံရတာနဲ့ အချစ်လေးလို့
အခေါ်ခံရမယ်ဆိုရင်တော့
ကျေးဇူးပဲ... ကျေးဇူးပြုပြီး ကျုပ်ကို
ဆက်မုန်းပေးပါ"

လျန်ကျွင်းသည် Tarantulaခေါင်းဆောင်နှင့်
ရန်လိုသောဆက်ဆံရေးကို ထိန်းသိမ်းရန်
အေးတိအေးစက်ပြန်ပြောလိုက်သည်။

လုရှန်းအမူအရာ တောင့်ခဲသွားပြီး
လျန်ကျွင်းကို အခဲမကျေလှမ်းကြည့်မိသည်။
သူမသည် ဘောပင်ကိုပစ်ချပြီး နှာမှုတ်လိုက်သည်။

"တန်ဖိုးမထားတတ်တဲ့ကောင်စုတ်"

ပြီးနောက် သူမလည်း ဘာစကားမှမပြောတော့ပေ။

ထိပ်သီးအဖွဲ့အစည်းခေါင်းဆောင်များရဲ့
တိုက်ပွဲအသေးစားလေးပြီးသွားချိန်မှာ
တိတ်ဆိတ်မှုက တဖန်ကြီးစိုးသွားသည်။
သို့သော် အစည်းအဝေးခန်းထဲက
လေထုအနေအထားမှာတော့
ယခင်နှင့်မတူ ကွဲပြားနေတော့သည်။

အစောပိုင်းက လူတိုင်းသည် လျန်ကျွင်းကို
မရည်ရွယ်၍ဖြစ်စေ တမင်တကာဖြစ်စေ
ဖယ်ကြဉ်ထားကြသည်။
သို့ပေမဲ့ Pegasusနောက်ကွယ်တွင်
Nine Eaglesရှိကြောင်း လျန်ကျွင်းမှ
ဗုံးပစ်ချပေးလိုက်ရာ ယခုအချိန်တွင်
ဖယ်ကြဉ်ခံရသူက ကျိုယန်ဖြစ်သွားသည်။

မြေအောက်ဂိုဏ်းခေါင်းဆောင်များ
လျန်ကျွင်းကိုသဘောမကျသည့်
အကြောင်းမှာ အာဏာပိုင်တို့နှင့်
ရင်းနှီးသောဆက်ဆံရေးရှိတာကြောင့်ပင်။
သို့သော် လျန်ကျွင်းမှာ အနည်းဆုံးတော့
တခြားအဖွဲ့များကို လျှို့ဝှက်ကြံစည်ရန်
နယ်ရုပ်များ တိတ်တဆိတ်မပျိုးထောင်ပေ။
ကျိုယန်သည် ရည်မှန်းချက်ကြီးပြီး ကောက်ကျစ်သည်။
ဒီနေ့ဖော်ထုတ်ပုံအရ ထိုသူမှာ
အင်အားပိုရဖို့အရေး
ဘယ်အရာကမှမရပ်တန့်နိုင်ဘဲ
ခွေးရူးတစ်ကောင်လိုဖြစ်နေသည်။

အင်အားကြီးသော်လည်း
တခြားအဖွဲ့အစည်းများကို
အကြောင်းမရှိအနှောင့်အယှက်မပေးဘဲ
ခပ်ငြိမ်ငြိမ်နေသူနှင့် မြေအောက်လောကရဲ့ဘုရင်ဖြစ်ချင်နေသော
ရည်မှန်းချက်ကြီးသူကို ယှဉ်လျှင်
ဘယ်သူက ပိုအန္တရာယ်များသလဲဆိုတာ
လူတိုင်းတွေးကြည့်စရာတောင် လိုလို့လား?

စည်းဝေးပွဲမှာ ညစာချိန်ရောက်သည့်အထိ
မရပ်နားခဲ့။ ခေါင်းဆောင်များ
အလျိုလျိုထွက်လာသောအခါ
အမူအရာများမကောင်းလှပေ။
ထိုထဲမှာမှ ကျိုယန်မျက်နှာက
အဆိုးဆုံးပင်—အစည်းအဝေးပြီးသည်နှင့်
ကျန့်ကျိုးယွမ်နှင့် လျိုကျန့်ကျွင်းသည် သူ့ကို
ဆင့်ခေါ်ခဲ့သည်။

ရှီကျင်းသည် ထုံးစံအတိုင်း Gua Yiကို
ကျော်ပြီး လျန်ကျွင်း၏ဝှီးချဲလက်ကိုင်ကို အလစ်သုတ်လိုက်သည်။

"ကျွင်းရှောက်ကို ကျိုယန်စကားလှမ်းပြောတာ ကျွန်တော်တွေ့လိုက်တယ်။
သူပြဿနာရှာသေးလား?"

ရှီကျင်း စိုးရိမ်စွာမေးလိုက်သည်။

"မရှာပါဘူး ၊ သူ့ရဲ့ပုံမှန်ဦးနှောက်မရှိတဲ့အတိုင်းပဲပေါ့"

လျန်ကျွင်းသည် သူတို့ရန်စောင်ခဲ့သည်များကိုမပြောပြချင်ဟန် သာမန်ကာလျှံကာ
ပြန်ဖြေသည်။
သူသည် ရှီကျင်း လူခြေနည်းသော
ဒုတိယလွှာကိုတွန်းလာသည်အထိစောင့်ပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ သူ့မှာတစ်ခုခုရှိနေတယ်။
သူ့ကိုခြိမ်းခြောက်နိုင်တဲ့အချက်မျိုး
ငါလက်ကိုင်ထားတာကိုတောင် ဂရုမစိုက်ဘဲ
ဒီလိုပေါ်တင်ရန်စရဲတယ်ဆိုတော့
သူ့အင်္ကျီလက်ထဲ
ဖဲတစ်ချပ် မရှိဘဲမနေဘူး"

ရှီကျင်း မျက်မှောင်ကြုတ်ကာ

"ဒါဆို လုံရှီက တကယ်ပဲ သူ့လက်ထဲမှာပေါ့"

"အင်း၊ Nine Eaglesသင်္ဘောပေါ်မှာတောင်
ရှိနေလောက်တယ်"

လျန်ကျွင်းပြောသည်။
"ဒီနေ့ ငါ ကျိုယန်ကို အနိုင်ယူခဲ့တော့
သူသေချာပေါက် သည်းညည်းခံမှာ
မဟုတ်ဘူး။
အနည်းနဲ့အမြန် စာရင်းရှင်းဖို့ လာမှာပဲ။
ငါတို့က ငြိမ်ငြိမ်လေးထိုင်စောင့်နေရုံပဲပေါ့"

ရှီကျင်းလည်း ၉၀၀တွင်
မလှုပ်မယှက်ငြိမ်သက်နေသောလျန်ကျွင်း၏
ယူနစ်ဘားကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

လျန်ကျွင်းထင်မြင်ချက်က မှန်ပုံထောက်သည်။
ညစာစားပြီးနောက် ကျိုယန်သည်
နောက်လိုက်တစ်ယောက်ပို့လွှတ်ကာ
လျန်ကျွင်းကို Nine Eaglesသင်္ဘောဆီ
လာရန်ဖိတ်ကြားသည်။ အထဲတွင် 'လုံ'ဟူသောစာလုံးပါသည့်ဖိတ်စာကဒ်တစ်ခုကိုပါ ပို့လိုက်သည်။

လျန်ကျွင်းသည် ကျိုယန်၏လူယုံရှေ့တွင်ပဲ
ဖိတ်စာကဒ်ကို အမှိုက်ပုံးထဲလွှင့်ပစ်ကာ ပြောသည်။

"ကျိုယန်ကိုပြောလိုက် ၊ ငါက မင်းလောက်
မမိုက်မဲဘူးလို့"

ပြီးသည်နှင့် ထိုလူကို Gua Yiအား
မောင်းထုတ်ခိုင်းလိုက်သည်။

ရှီကျင်းသည် အနည်းငယ်စိတ်မအေးစွာ
အမှိုက်ပုံးကို ကြည့်နေမိသည်။

လျန်ကျွင်းသည် သူ့ဘာကြောင့်ဖိတ်ကြားမှုကိုလက်မခံတာလဲဆိုတာ လူငယ်လေး
နားမလည်ဘူးအထင်နှင့် ရှင်းပြသည်။

"ကျိုယန်ရဲ့ခြေလှမ်းအတိုင်း ငါတို့ပါသွားလို့
မဖြစ်ဘူး။ ဒီလောက်လေးက
သူ့ကိုဟန့်တားဖို့မလုံလောက်ပါဘူး
စိတ်မပူနဲ့"

ရှီကျင်း ခေါင်းခါသည်။ သူသည်
လျန်ကျွင်းလက်ကို
ဆွဲယူကာ အနီးကပ်ကြည့်လိုက်သည်။ ရုတ်တရက်မျက်မှောင်ကြုတ်သွားကာ
ဝှီးချဲလက်ကိုင်ကို လှမ်းရန်
ပတ်လျှောက်လိုက်ပြီး ရေချိုးခန်းဆီ တစ်ခါတည်းတွန်းသွားသည်။
ရောက်သည်နှင့် ဆပ်ပြာကိုယူကာ
လျန်ကျွင်းလက်များကို
ကမန်းကတန်းဆေးပေးသည်။

လျန်ကျွင်းသည်လည်း ငတုံးမဟုတ်။
ဘာဖြစ်သလဲကို ချက်ချင်းသဘောပေါက်ကာ

"ကဒ်မှာ ပြဿနာရှိနေတာလား?"

"မသေချာဘူး ၊ ဒါပေမဲ့ နောက်ဆို
ကျိုယန်ပို့တဲ့ဘာပစ္စည်းမဆို
မကိုင်တာပိုကောင်းမယ်။
ဘာတွေလုပ်ထားမလဲ ဘယ်သူသိမှာလဲ?"

ရှီကျင်းမျက်လုံးများသည် လျန်ကျွင်း ကဒ်ကို
ကိုင်လိုက်ပြီးနောက် အမှတ်အချို့တက်သွားသော ထိုသူ့ယူနစ်ဘားဆီ
ကော်လိုကပ်နေသည်။
အမှတ်မကျမချင်း လက်ကို
ဆက်တိုက်ဆေးပေးပြီးမှ
ဘုံဘိုင်ခေါင်းကိုပိတ်ကာ ပဝါလှမ်းယူသည်။

လျန်ကျွင်းလည်း ရှီကျင်း သူ့လက်ကို
သုတ်ပေးပြီးသည်အထိ ငြိမ်ခံပြီးမှ
Gua Erကို ခေါ်လိုက်သည်။ ထိုကဒ်ကို
ပလတ်စတစ်အိတ်ဖြင့် ချိတ်ပိတ်ကာ
ဦးလေးလုံစစ်ဆေးရန် Annihilationသင်္ဘောဆီ
ပို့ဖို့ ပြောသည်။

ထိုအခါ Gua Erမျက်နှာ
မဲသည်းသွားလေသည်။
ကျိုယန်အား အောက်တန်းကျသောလူယုတ်မာဟုဆဲဆိုရင်း အိတ်တစ်လုံးနှင့် မီးညှပ်ကိုရှာသည်။
ထို့နောက် ကဒ်ကို ဂရုတစိုက်ထည့်ကာ
အမှိုက်ပုံးကိုလည်း ဖျက်ဆီးပစ်ရန်
သယ်သွားလိုက်သည်။

Gua Yiသည်လည်း မကျေမနပ်ဖြစ်နေကာ
နောင်တကြီးစွာပြောသည်။

"ကျွန်တော့်ပေါ့ဆမှုပါ ၊ အဲ့လူက
လက်ဗလာနဲ့ကိုင်လာတော့
သေချာမစစ်မိလိုက်ဘူး"

"မင်းအမှားမဟုတ်ပါဘူး"

ရှီကျင်းမှ တရင်းတနှီးကိုင်ကွယ်ဆေးကြောပေးခဲ့သည့်အရသာကိုခံစားရင်း
လျန်ကျွင်းသည်
လက်ချောင်းလေးများကို လှုပ်ကြည့်သည်။

"ငါက အစိုးရသင်္ဘောပေါ်ရှိနေတဲ့အချိန်မှာတောင် ထိခိုက်အောင်လုပ်ရဲတဲ့အထိ
ကျိုယန်ရူးနှမ်းမယ်လို့
ဘယ်သူကထင်မှာလဲ? ကြည့်ရတာ
အမှုဆောင်တွေကို
ခေါင်းထဲတောင်မထည့်ပုံပဲ။
ပြီးတော့ ဒီကဒ်က လုံးဝမူမမှန်တာမျိုးလည်း
မဟုတ်ပါဘူး...လိုလိုမယ်မယ်ပါပဲ"

ထိုသို့သာပြောသော်လည်း ဤကဒ်နှင့်
နီးနီးကပ်ကပ်နေမိသူတိုင်းကို မျက်နှာနှင့်လက်များသေသေချာချာဆေးကြောရန် အမိန့်ပေးဆဲပင်။
ရှီကျင်းလည်း ချွင်းချက်မရှိပေါ့။

ရေချိုးခန်းထဲတွင် ရှီကျင်းသည်
သူ့စိတ်ထဲမှ ရှောင်စစ်ကို မေးလိုက်သည်။
"လုံရှီရဲ့တည်နေရာကို ရှာပေးနိုင်လား?
သူ တကယ်Nine Eaglesသင်္ဘောမှာ
ရှိ မရှိ အတည်ပြုချင်လို့"

ထိုအခါ ရှောင်စစ် မလုံမလဲပြောသည်။
< အဲ့လိုလုပ်ဖို့က ရှာမဲ့လူရဲ့
ပတ်သတ်တဲ့အရာတစ်ခုကို ကြားခံအဖြစ်
သုံးဖို့လိုတယ်။ အဲ့တာမရှိရင် ဘယ်သူကိုမှ
ထောက်လှမ်းလို့မရဘူး...ကျင်းကျင်းနဲ့ဒါလင်ကတော့ ချွင်းချက်>

ရှီကျင်း မျက်မှောင်ကြုတ်သွားသည်။
တစ်အောင့်မျှ စဉ်းစားပြီးမှ

"ကောင်းပြီလေ...ကြားခံပစ္စည်းနဲ့
ပတ်သတ်ပြီး ငါကြည့်ကြပ်လုပ်လိုက်မယ်။ အနည်းဆုံးတော့
Nine Eaglesသင်္ဘောအတွင်းပိုင်းကို
scanဖတ်နိုင်တယ်မလား?
လူဖြန့်ကျက်ထားပုံတို့
ဘာတို့ပေါ့"

<အဲ့တာတော့ ရှောင်စစ် လုပ်နိုင်တယ်>
ရှောင်စစ်လည်း ဝမ်းသာအားရပြန်ဖြေသည်။

<ဒီညစလုပ်လိုက်မယ်။ သူတို့သင်္ဘောက
တော်တော်ကြီးပေမဲ့ ရှောင်စစ်အကောင်းဆုံးလုပ်ရင်
မနက်ဖြန်မနက်ကျ အဖြေသိရနိုင်တယ်>

ထိုအခါ ရှီကျင်းလည်း ကျေနပ်သွားကာ
စစ်စတန်ကို ချီးကျူးပေးလိုက်သည်။
ပြီးနောက်မှာတော့ လုံရှီနဲ့ပတ်သတ်သောအရာမျိုး ဘယ်မှာရနိုင်မလဲဆိုတာ
စစဉ်းစားတော့သည်။

နောက်ဆုံးမှာ Gua Erကနေ စဖို့
ဆုံးဖြတ်လိုက်သည်။

ရှီကျင်းသည် မိုနိုပိုလီဂိမ်းကို ယူကာ
Gua Erအခန်းထဲသို့ အလစ်ဝင်ပြီး
ထိုသူနှင့် အလွန့် အလွန် ကစားချင်နေသလို
ဟန်ဆောင်လိုက်သည်။ ထို့နောက်
လုံရှီနှင့်ပတ်သတ်သော စကားလမ်းကြောင်းပေါ်သို့ ဆွဲခေါ်သွားလေသည်။

Gua Erသည် တိုကင်ပြားကို
မျက်နှာမဲ့ရှုပ်ကာကောက်လိုက်သည်။
ရှီကျင်းမေးလာသောအခါ
မော့ကြည့်ပြီး ပြန်ဖြေသည်။

" အဲ့နှစ်တုန်းက လုံရှီကို ငါတို့က ရည်ရွယ်ချက်ရှိရှိ
လွှတ်ပေးခဲ့တာမျိုးမဟုတ်ဘူး၊ အဲ့လူက
ကလိမ်ကျလွန်းတယ်။ ကျွင်းရှောက်ကို
သစ္စာဖောက်ပြီးတာနဲ့ သူ့ရဲ့သုသေသနနဲ့
သက်ဆိုင်ရာပစ္စည်းတွေအကုန် မီးရှို့ ပစ်ပြီး
သရဲတစ်ကောင်လိုပျောက်သွားတာ...
ဘာအစအနမှမကျန်ခဲ့ဘူး။ အဲ့အချိန်တုန်းက
အားလုံးက ကျွင်းရှောက်အသက်ကိုကယ်ဖို့
ဒုန်းစိုင်းနေကြတော့ ဒီလိုဗရုတ်သုတ်ခအခြေအနေကို
အခွင့်ကောင်းယူပြီး ထွက်ပြေးနိုင်ခဲ့တယ်။
အဲ့လူကိုရှာဖို့ ငါတို့ဘယ်တုန်းကမှ
လက်မလျှော့ခဲ့ပေမဲ့
ဘာသဲလွန်စမှရှာမတွေ့ခဲ့ဘူး။
လုံရှီက Annihilationရဲ့နည်းလမ်းတွေ
စီမံပုံတွေကို တအားရင်းနှီးတော့ ငါတို့
နောက်ယောင်ခံလိုက်တာတွေကို
လွယ်လွယ်နဲ့ရှောင်နိုင်နေတာ..."

ရှီကျင်းသည်လည်း လက်မလျှော့နိုင်စွာ
"သူတကယ်ကြီး ဘာမှမချန်ခဲ့ဘူးပေါ့?"

"တကယ်ကြီး—ဦးလေးလုံသိမ်းထားတဲ့
မွေးစားစာချုပ်ကိုတောင် ရှာပြီးမီးရှို့ ပစ်လိုက်တာ...
နှလုံးသားမရှိ ကျေးဇူးမသိတတ်တဲ့ခွေး။
ဒါကြောင့် သူ့ကိုဖမ်းပေးတဲ့Nine Eaglesကိုတောင်ကျေးဇူးတင်ချင်သွားတယ်။
အဲ့ချီးထုပ်သစ္စာဖောက်ကို
အစောကြီးတည်းက သတ်ပစ်လိုက်သင့်တာ"

Gua Erထုတ်ပြောတော့သည်။
အဆုံးမှာတော့ ဒီလိုကလေးကလားဂိမ်းကို
ဆက်မဆော့နိုင်တော့ဟန် ဘုတ်ပြားကို
ရှီကျင်းဆီ တွန်းပို့ရင်း လက်ဝေ့ယမ်းပြသည်။

"ဂိမ်းဆော့ရအောင် အချိန်ကမစောတော့ဘူး။
ငါအိပ်ချင်နေပြီ"

အဲ့လောက်မနောက်ကျသေးကြောင်း ရှီကျင်း
ပြန်ခံပြောလိုက်သော်လည်း ပစ္စည်းများ
ကောက်သိမ်းကာ ထရပ်လိုက်တော့သည်။

ရှီကျင်းတံခါးမဖွင့်ခင်မှာ Gua Erက
အနောက်မှ သတိလှမ်းပေးသည်။

"ဦးလေးလုံကို အဲ့အကြောင်းသွားမမေးနဲ့နော်၊ သူကအသည်းမာပုံပေါ်ပေမဲ့ တကယ်တမ်းကျ ငါတို့အားလုံးထဲမှာ စိတ်ထားအကောင်းဆုံးပဲ။
လုံရှီရဲ့လုပ်ရပ်က သူ့ရင်ထဲကဓားတစ်ချောင်းလိုပဲ။ လုံရှီအကြောင်းပြောတာကြားတိုင်း အချိန်အကြာကြီးစိတ်ဓာတ်ကျနေရော...
ငါတို့ လုံရှီကိုပြန်ခေါ်ပြီး
ကျွင်းရှောက်ခန္ဓာကိုယ်လည်း ပြန်ကောင်းလာမယ်။ ဒါကြောင့် စိုးရိမ်မနေဘဲ
စိတ်အေးအေးသာနေ"

ရှီကျင်းတန့်သွားကာ အနောက်ကို
ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက်
အိတ်ကပ်ထဲက lollipopတစ်လုံးထုတ်ကာ
လှမ်းပစ်ပေးပြီးမှ ထွက်သွားတော့သည်။

လျှောက်လမ်းပေါ်ရောက်သောအခါ
သူ့အခန်းရှေ့တွင်စောင့်နေသော
လျန်ကျွင်းကိုတွေ့လိုက်ရသည်။ ရှီကျင်းကြောင်အကာ မျက်တောင်ခတ်မိပြီးမှ အပြေးသွားလိုက်သည်။

"ဘာလို့ အနားမယူသေးတာလဲ
ကျွင်းရှောက်?
ကျွန်တော့်ကိုခိုင်းစရာများ ရှိလို့လားဟင်?"

လျန်ကျွင်းသည် ရှီကျင်းလက်ထဲမှ
မိုနိုပိုလီဂိမ်းကို တစ်ချက်ကြည့်ပြီး
Gua Er၏အခန်းတံခါးကို
လှမ်းကြည့်သည်။

"ဟင့်အင်း ဘာအရေးကြီးကိစ္စမှမရှိပါဘူး။
မင်း Gua Erနဲ့ အတူရှိနေတာလား?"

"အွန်း သူနဲ့ဆော့ချင်လို့ ဒါပေမဲ့ သူကတော့
အိပ်ချင်နေပြီဆိုပြီး ကျွန်တော့်ကို
ကန်ထုတ်ပလိုက်တယ်"

"အဲ့တာဆိုလည်း ဘာလို့ ငါ့ကိုလာမရှာလိုက်တာလဲ?"

"အမ်..."
ရှီကျင်းလည်း တစ်အောင့်မျှ စိတ်ရှုပ်သွားသည်။
ရေရေရာရာအကြောင်းပြချက်မျိုးရှာရန်
ကသုတ်ကရိုက်တွေးလိုက်သည်။

" မိုနိုပိုလီပွဲတစ်ပွဲက တော်တော်ကြာလို့
ကျွင်းရှောက် အချိန်နောက်ကျတဲ့အထိ
နေရမှာဆိုးလို့ပါ..."

လျန်ကျွင်းသည် သူ့အား
နက်နက်နဲနဲကြည့်ပြီးမှ
ဂိမ်းဘူးကို လှမ်းယူကာ ပေါင်ပေါ်တင်လိုက်သည်။
ထို့နောက် ဝှီးချဲကိုလှည့်ကာ ပြောသည်။

"ငါ့ခန္ဓာကိုယ်က အဲ့လောက်အသုံးမကျမဖြစ်သေးဘူး။တခါတလေတော့
နောက်ကျမှအိပ်လည်းရတယ်။
လာ...ငါ မင်းနဲ့ကစားပေးမယ်"

ရှီကျင်းလည်း ဗလာဖြစ်သွားသောလက်ကိုကြည့်ပြီး သူ့ငြင်းလို့မရကြောင်း
ပြောနေသော လျန်ကျွင်း၏
နောက်ကျောကိုကြည့်လိုက်သည်။
ကိုယ့်သေတွင်း
ကိုယ်တူးမိပုံထောက်သဖြင့် သက်ပြင်းချကာ
လျန်ကျွင်းနောက်မှလိုက်သွားတော့သည်။

ကစားပွဲစပြီးနောက်မှာ
သာမန်ကာလျှံကာသာ
ကစားမည်ဟု ရှီကျင်းကြံထားရာ
ယနေ့ညကစားပွဲမှာ
အင်မတန်နှေးကွေးနေပြီး
စိတ်လှုပ်ရှားစရာပင်မကောင်းဘဲ
အိပ်ငွေ့ချနေသလိုဖြစ်နေသည်။
တစ်ဝက်တစ်ပြတ်မှာပဲ ရှီကျင်းသန်းဝေကာ
ခေါင်းမှာ စတင်ငိုက်ကျလာလေသည်။

"အိပ်ငိုက်နေပြီလား?"

လျန်ကျွင်းသည် အံစာတုံးကိုချကာ
အသံတိမ်တိမ်မေးလိုက်သည်။

ထိုအခါ ရှီကျင်းလည်း မျက်နှာကို
ခပ်ကြမ်းကြမ်းပွတ်ကာ

"ရတယ်...ပြီးအောင်ဆော့ရအောင်"

"ဟင့်အင်း"

လျန်ကျွင်းသည် အဆောက်အဦးနှင့်
တိုကင်ပြားများကိုသိမ်းကျုံးကာ ကစားပွဲကိုဖျက်ဆီးလိုက်သည်။
ပြီးနောက် ဝှီးချဲကို ရှီကျင်းဘေးသို့ ရွေ့ကာ
လူငယ်လေးဆံပင်ကို ပွတ်သပ်ပေးသည်။

"ရှီကျင်း...သင်္ဘောပေါ်မှာနေရတာ
ပျင်းဖို့ကောင်းလား?"

သူ့ဆံပင်ကိုထိတွေ့နေသော အထိအတွေ့က
ခံစားလို့ကောင်းသဖြင့် ဆိုဖာခုံနောက်ကို
ပျင်းရိစွာ မှီတွယ်လိုက်သည်။
ဂိမ်းပွဲကလည်း လုံးလုံးပျက်စီးသွားပြီ
ဖြစ်သဖြင့် ကျန်ရှိနေသောတောင့်ခံမှုများပင်
ကုန်ခမ်းသွားတော့သည်။ ရှီကျင်း ထပ်မံသန်းဝေကာ နိုးနိုးကြားကြားဖြစ်ရန် ခေါင်းကိုခါယမ်းလိုက်သည်။

လျန်ကျွင်း ဘာမှမဆိုဘဲ သန်းလိုက်တာကြောင့် မျက်လုံးထောင့်မှဝေ့တက်လာသော
မျက်ရည်လေးများကို ကူသုတ်ပေးလိုက်သည်။

ထိုထိတွေ့မှုက ရှီကျင်းကို ယားကျိကျိဖြစ်စေ၍ ခေါင်းလှည့်ကာ လျန်ကျွင်းလက်ကို
ရှောင်လိုက်သည်။ ထိုအခိုက်အတန့်၏
နွေးထွေးသောလေထုကြောင့်လား သို့မဟုတ်
အိပ်ချင်နေ၍လားမသိ ကိုယ့်ကိုယ်ကိုယ်
ထိန်းချုပ်မှုမရှိစွာ တစ်ဖက်လူ၏လက်ကို
ရုတ်တရက်ဆုပ်ကိုင်လိုက်မိပြီး

"ခင်ဗျားကို ကယ်ချင်တယ် လျန်ကျွင်း၊
လုံရှီကိုဖမ်းပြီး သူ့ဆီက
အဆိပ်ဖော်မြူလာကိုယူမယ် ပြီးရင်
ခင်ဗျားပြန်ကျန်းမာလာအောင်
လုပ်ပေးချင်တယ်"

"ငါသိတယ်"
လျန်ကျွင်းသည် ရှီကျင်းလက်ကိုလွှတ်မည့်အစား ပိုမိုတင်းကျပ်အောင် ဆုပ်ထွေးလိုက်သည်။
လူငယ်လေးမျက်နှာကို စိုက်ကြည့်ရင်း
ပြန်ပြောသည်။

"ငါသိပါတယ်...မင်းရဲ့ခံစားချက်တွေကို
ငါ လေးလေးနက်နက်တန်ဖိုးထားပါတယ်"

ရှီကျင်းစိတ်ထဲ နည်းနည်းပျာယာခတ်သွားသော်လည်း
ဘာရယ်ကြောင့်မှန်းမသိချေ။

"လုံရှီကိုပြန်ရဖို့ အစီအစဉ်ဆွဲပြီးပြီလား?"
ရှီကျင်းမေးလိုက်သည်။

လျန်ကျွင်းသည် ရှီကျင်းအနီး ပိုကပ်ကာ
"အင်း...Nine Eaglesဒီအခြေအနေထိ
ရောက်လာတာက ငါနဲ့အစိုးရရဲ့ ခွင့်ပြုချက်နဲ့
ထောက်ခံမှုကြောင့် ပြီးနောက်
သူတို့အတွင်းထဲမှာ
ငါ့လူတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့
ဘာသဲလွန်စမှ ရှာမတွေ့တည်းက လုံရှီကိစ္စကို
ကျိုယန်သတိရှိမှာပဲ"

"အဆုံးမှာတော့ သူက
အရေးပါတဲ့ဝှက်ဖဲတစ်ခုပဲလေ"

ရှီကျင်းသည် လျန်ကျွင်းမျက်နှာကို
ငေးကြည့်ကာ တစ်ဖက်လူ၏တောက်ပသောမျက်ဝန်းများဆီ
အကြည့်ကျောက်ချနေမိသည်။
ထိုမျက်ဝန်းများထဲတွင် မှော်စွမ်းအင်များ
ပါဝင်နေသလားဟု မသိစိတ်တဝက်ဖြင့်
တွေးမိသည်။ ၎င်းတို့ကိုကြည့်ရုံနဲ့ပင်
စိတ်သက်သာရာရသလိုခံစားလာရသည်။
ရှီကျင်းမှဆက်၍

"ဒီနေ့ ကျွင်းရှောက်က ကျိုယန်လိုချင်သလို
မတုံ့ ပြန်ခဲ့တော့ နောက်တစ်ကြိမ်ဆို
ဘာလုပ်မလဲ ဘယ်သူသိမှာလဲ..."

"အဖြစ်နိုင်ဆုံးက လုံရှီ သူ့လက်ထဲမှာ
တကယ်ရှိကြောင်းကို သက်သေပြဖို့
သက်သေခံတစ်ချို့ ဒါမှမဟုတ်
သတင်းနည်းနည်းဖြစ်ဖြစ် လွှင့်မှာပေါ့။
ပြီးတော့ ငါ့ဘက်က မတည်မငြိမ်ဖြစ်တဲ့အခါ
တောင်းဆိုတာတွေ စလာလိမ့်မယ်"

လျန်ကျွင်းပြန်ပြောသည်။ ထို့နောက်
ညှို့ယူဖမ်းစားခံရသလို ငေးကြည့်နေသော
ရှီကျင်းကို ကြည့်ပြီး သူ့သူငယ်အိမ်များ
မဲနက်သွားသည်။ သူ့လက်ချောင်းများနှင့်
ရှီကျင်းလက်ချောင်းများကို ရစ်ပတ်လိုက်ပြီး
လျန်ကျွင်းအသံမှာ လေသံလေးပဲ
ကြားရသည်အထိ နူးညံ့သွားသည်။

"ရှီကျင်း...မင်း ငါ့ကို အဲ့လိုမျိုး
ကြည့်နေတာက...
ငါ့ကိုကြည့်ရတာကို မင်းသဘောကျလား?"

ရှီကျင်းပြန်မဖြေပေ။ ရုတ်တရက်ဆိုသလို
ရှီကျင်းခန္ဓာကိုယ်သည်
ဘေးသို့လျှောကျသွားပြီး
မျက်လုံးများပိတ်ကာ အိပ်ပျော်သွားသည်။

လျန်ကျွင်း: “……”

ရှောင်စစ်: <……>

ရှီကျင်းသည် ညဘက်တစ်ချိုးတည်း
အိပ်ပျော်သွားပြီး အခန်းထဲနေထိုးမှ
အိပ်ယာပေါ်တွင်နိုးလာခဲ့သည်။
သူသည် မနေနိုင်စွာ
စိတ်ကျေနပ်မှုအပြည့်ဖြင့်
သက်ပြင်းချလိုက်သည်။

"အို.....ဝါး
ငါကောင်းကောင်းအိပ်မောကျသွားတာပဲ
ပြီးတော့ တော်တော်ဆန်းကျယ်တဲ့အိပ်မက်မျိုးမက်ခဲ့ပုံရတယ်။ အိပ်မက်ထဲမှာ
ငါတွေ့ဖူးခဲ့သမျှထဲ
အလှဆုံးမိန်းကလေးတစ်ယောက်က
သူလက်နဲ့ငါ့လက်ကိုရစ်ပတ်ပြီး
ကြင်ကြင်နာနာကြည့်နေခဲ့တာ...ပြီးတော့
ငါ့ကို စောင်တောင်ခြုံပေးလိုက်သေးတယ်။
ဒါ သူမကို တော်တော်သက်ညှာရာ
ရောက်တာပဲလေ"

ရှောင်စစ်သည် အသက်မပါသော
စက်ရုပ်သံဖြင့်
<အော်....ကောင်းတာပေါ့၊
Nine Eaglesသင်္ဘောကို
စစ်ဆေးတာပြီးသွားပြီ။ ဒေတာတွေ လက်ခံဖို့
စိတ်ရှိလား?>

ရှီကျင်း ကုတင်ပေါ်မှဆင်းလိုက်သည်။
သူသည် 'အင်း'ဟုပြောမည်ကြံသော်လည်း
ရပ်တန့်သွားကာ မေးကြည့်သည်။

"အရင်တစ်ခေါက်ကလို အဖျားဝင်အုံးမှာလား?"

ဒီလိုအရေးပေါ်အခြေအနေမျိုးမှာ
နေမကောင်းမဖြစ်သင့်ပေ။

စစ်စတန်လည်း ခဏလောက်တိတ်သွားပြီးမှ
ပြန်ဖြေသည်။
<မဖြစ်ပါဘူး၊ နည်းနည်းမူးရုံလောက်ပဲ။
ဒီတစ်ခေါက်က အဲ့လောက်အချက်အလက်
မများဘူး>

"အဲ့တာဆို လုပ်လိုက်တော့"
ရှီကျင်းသည် ကျေနပ်စွာ ကုတင်ပေါ်
ပြန်တွယ်တက်ပြီး
မျက်လုံးမှိတ်ထားသည်။

ဆယ်မိနစ်လောက်ကြာသောအခါ
ရှီကျင်းသည် ကမ္ဘာကြီးဝိုင်းကြီးပတ်ပတ်ဖြစ်နေသလို ရေချိုးခန်းဆီ ဒယိမ်းဒယိုင်လျှောက်သွားသည်။
မျက်နှာကို ရေအေးနဲ့ဆေးလိုက်မှ
နည်းနည်းသက်သာသွားပြီး နံရံကို
အားပြုရပ်ကာ
အားနည်းစွာ ဖွင့်ပြောသည်။

"ဒါက 'နည်းနည်းမူးရုံလောက်' မှ
မဟုတ်တာ...မင်းသိရဲ့လား..."

ရှောင်စစ်သည် စက်ရုပ်သံဖြင့်
<လက္ခဏာက တဖြည်းဖြည်း
အားနည်းသွားမှာပါ။
နှစ်နာရီကြာပြီးတာနဲ့ လုံးဝသက်သာသွားမှာ
ဖြစ်တာကြောင့် ကျေးဇူးပြုပြီး သည်းခံပေးပါ>

ရှီကျင်းသည် တစ်ခုခုမူမမှန်ကြောင်း
သတိပြုမိသွားရာ စိတ်ရှုပ်စွာ မေးလိုက်သည်။

"မင်းဘာဖြစ်နေတာလဲ? မင်းကြည့်ရတာ
နည်းနည်းထူးဆန်းနေတယ်နော်"

စစ်စတန်သည် အချိန်တစ်ခုကြာသည်အထိ
တိတ်ကျသွားသည်။ ထို့နောက်မှာတော့
ဘာမပြောညာမပြောဖြင့် ဝါးလုံးကွဲငိုတော့သည်။ငိုသံမှာ သူမတူစွာ နှလုံးနာစရာကောင်းလှပေသည်။

ရှီကျင်းသည် ထိတ်လန့်မှုနဲ့အတူ စိုးရိမ်တကြီးဖြစ်သွားမိကာ
"ရှောင်စစ်?"

ရှောင်စစ်သည် ကြို့ထိုးလျက်
အလွန်အမင်းစိတ်မချမ်းမြေ့နေသည်မှာ
သိသာသော်လည်း စိတ်ဆုံးဖြတ်စွာ
ပြောဆဲပင်။
<ရှောင်စစ် အဆင်ပြေပါတယ် ကျင်းကျင်း..
ရှောင်စစ်အသားကျနေပါပြီ၊ သန်မာနေပြီ...
ဒါလင့်နည်းတူ သန်မာနေပါပြီ....ဝါး...ဝါး...
ကျင်းကျင်း အရူး! >

ရှီကျင်း: “……”

မနက်စာစားချိန်တွင် လျန်ကျွင်းသည်
စားချင်စိတ်သိပ်မရှိသလို ပုံမှန်ထက်
အစားနည်းသည်ကို
တွေ့လိုက်ရ၍ ရှီကျင်းစိတ်ပူသွားသည်။

လျန်ကျွင်းကတော့ သင်္ဘောပေါ်ရှိ
စားစရာများက ခံတွင်းမတွေ့စေဘဲ
ငြီးငွေ့နေလို့ဟုသာ ပြန်ပြောသည်။

ထိုအခါ ရှီကျင်းလည်း ဘာမှမဆိုတော့ဘဲ
ဆယ်မျက်နှာစာလောက်ထိရှည်သောမီနူးကို
ကြည့်ကာ လျန်ကျွင်း၏အစားဂျီးများသော
အကျင့်ဟောင်းက တဖန်ခေါင်းပြန်ထောင်လာပြီလို့ ခံစားနေရသည်။

မနက်ခင်းအစည်းအဝေးသည် မနေ့ကထက်
တစ်နာရီစောကာ ၉နာရီတွင် စတင်သည်။

ယနေ့အစည်းအဝေးကတော့ တရားမဝင်
မှောင်ခိုအဖွဲ့အစည်းများပေါ် အာရုံစိုက်လေသည်။ပါဝင်သောကိုယ်စားလှယ်အဖွဲ့များက သူတို့နှင့်တိုက်ရိုက်မဆက်နွယ်သဖြင့်
ဂိုဏ်းခေါင်းဆောင်များလည်း
မနေ့ကထက် ပိုစိတ်အေးနေကြသည်။

ကျိုယန်သည် မနေ့ကလိုပဲ
အစိုးသင်္ဘောပေါ်သို့
ဆောင့်ကြွားကြွားတက်လာခဲ့သည်။
သို့သော်လည်း ဒီတစ်ခါတော့ လျန်ကျွင်းကို
ရန်စဖို့မကြိုးစားတော့။
သူသည် ခပ်ဝေးဝေးက
ရပ်နေကျနေရာတွင်ရပ်နေသောရှီကျင်းကို
တစ်ချက်လှမ်းကြည့်လိုက်ပြီး ထူးဆန်းသော
အပြုံးတစ်ခုချိတ်ဆွဲကာ
အစည်းအဝေးခန်းမထဲလှမ်းဝင်သွားသည်။

ရှီကျင်းလည်း ထိုသူ၏ကြောင်တောင်တောင်
အပြုအမူကို ဝေခွဲမရဖြစ်စွာ
မျက်တောင်ခတ်လိုက်ပြီး
တိတ်တဆိတ် လက်ခလယ်ထောင်ပြလိုက်သည်။

အစည်းအဝေးက ချောချောမွေ့မွေ့ပဲ
ပြီးစီးသွားသည်။ ထို့နောက်မှာ တမနက်လုံး
လိမ်လိမ်မာမာရှိနေသောကျိုယန်က
လျန်ကျွင်းနားချဉ်းကပ်လာသည်။
ဝှီးချဲတွန်းလာပေးသောရှီကျင်းကို
လှမ်းကြည့်ပြီး ပြောသည်။

"လျန်ကျွင်း...မင်းကို ပထမဆုံးအကြိမ်
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးပေးတော့ သူက ၁၉နှစ်ပဲရှိသေးတယ်လို့ လုံရှီက
ငါ့ကိုပြောပြတယ်။
အဲ့အချိန်တည်းက သူက မင်းဘေးမှာ
တောက်လျှောက်ရှိနေခဲ့တယ်...အခုလည်းကျ
မင်းမှာ နောက်ထပ်လူယုံငယ်လေး
တစ်ယောက်ရှိနေပြန်ပြီ—တူညီတဲ့အမှားမျိုး ထပ်လုပ်မိမှာမင်းမကြောက်ဖူးလား?
ဒီကောင်လေးကလည်း
အဲ့အရွယ်လောက်ပဲ မဟုတ်လား?
လူငယ်တွေရဲ့အချစ်က အမုန်းတွေပေါက်ဖွားစေတယ်နော်...အဲ့တာက  ဘယ်လောက်ကြောက်စရာကောင်းမှန်း
မင်းသိထားပြီးသားပါ"

Gua Yiမျက်နှာမှာ မဲမှောင်သွားပြီး
သေနတ်ကိုဆွဲထုတ်ကာ ကျိုယန်၏ရင်ဝကို
ချိန်ရွယ်လိုက်သည်။

ကျိုယန်နောက်လိုက်များကလည်း
သေနတ်များထုတ်ကာ လျန်ကျွင်းကို
ချိန်လိုက်ကြသည်။

ရှီကျင်းမျက်မှောင်ကြုတ်ကာ
လျန်ကျွင်းရှေ့မှဝင်ကာလိုက်ပြီး ကျိုယန်ကို ခြိမ်းခြောက်ဟန်စူးစိုက်ကြည့်လိုက်သည်။

ကျိုယန်မျက်ခုံးတစ်ဖက်ပင့်တက်သွားကာ
'အဆုံးကျ အဲ့လိုသဘောပဲကိုး'ဟူသော
အမူအရာမျိုးချိတ်ဆွဲလိုက်ကာ မရိုးဖြောင့်စွာ
ပြောလေသည်။

"ဝါး... ကြည့်ရတာ ငါ့ဘက်က
အဓိပ္ပါယ်မရှိတဲ့မေးခွန်းမျိုး
မေးမိပြီထင်တယ်။
မင်းက ထပ်တူညီတဲ့အမှားမျိုးကို လုပ်တောင်
လုပ်ပြီးနေပြီပဲ။ အဲ့ကလေးကို ဖြစ်နိုင်သမျှ
ဝေးဝေးကို မြန်မြန်မောင်းထုတ်လိုက်ဖို့
ငါအကြံပေးတယ်နော်...မဟုတ်ရင် သူလည်း
ဒုတိယလုံရှီ ဖြစ်လာလိမ့်မယ်"


Continue Reading

You'll Also Like

122K 13K 200
အပိုင်း ၁ မှ ၁၉၆ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်...
75.7K 10.4K 76
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...