❄︎Completed❄︎နှင်းပွင့်လေးမျာ...

By demoncm

335K 41.3K 876

This is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42: မျက်နှာချေနီများဝယ်ယူခြင်း
Chapter 43 : အကြံဆိုးကြီးနဲ့အမျိုးသမီး
Chapter 44: မကောင်းသောအတွေးများ
Chapter 45 : အခက်အခဲနည်းနည်း
Chapter 46: ကျန်းဟူနှင့်အင်ပါရီယာတရားရုံး
Chapter 47: တိတ်တဆိတ်အစီအစဉ် (၁)
Chapter 48: တိတ်တဆိတ်အစီအစဉ် (၂)
Chapter 49: တိတ်တဆိတ်အစီအစဉ် (၃)
Chapter 50: တိတ်တဆိတ်အစီအစဉ် (၄)
Chapter 51: တိတ်တဆိတ်အစီအစဉ် (၅)
Chapter 52: တိတ်တဆိတ်အစီအစဉ် (၆)
Chapter 53: အစစ်အမှန်လော..ပုံရိပ်ယောင်ပင်လော..
Chapter 54.1 : အိပ်မက်ဆိုးမက်တာပါ
Chapter 54.2
Chapter 55.1 : တစ်ယောက်ထဲအပိုင်သိမ်းထားလို့ဘယ်ရမလဲနော့်
Chapter 55.2
Chapter 56 : အားလုံးသေကုန်ကြပြီလား
Chapter 57 : နွေဦးပွဲတော်ကာရန်ညီကဗျာများရေးဖွဲ့ကြခြင်း
Chapter 58.1 : သံသယဝင်လာခြင်း
Chapter 58.2
Chapter 59.1 : ကြောက်ဖွယ်ကောင်းသောအတွေး
Chapter 59.2
Chapter 60.1 : အထင်လွဲခြင်း
Chapter 60.2
Chapter 61.1 : လျှို့ဝှက်တိုးတက်မှု
Chapter 61.2
Chapter 62.1 : သူမလေးစိတ်ကောက်နေ၏ (၁)
Chapter 62.2
Chapter 63.1 : သူမလေးစိတ်ကောက်နေ၏ (၂)
Chapter 63.2
Chapter 64.1 : မက်မွန်စိမ်းကြောင့်မက်မွန်ဝိုင်ကိုရတယ်
Chapter 64.2
Chapter 65.1 : ဖက်ထုပ်များပြုလုပ်ကြခြင်း
Chapter 65.2
Chapter 66.1 : ယောက္ခမအိမ်သို့အလည်တစ်ခေါက်
Chapter 66.2
Chapter 67.1 : ဂုဏ်အရှိဆုံး၊ အကျော်ကြားဆုံးသော ယောက်ျား
Chapter (67.2)
Chapter 68: မားမားချောင်၏လျှို့ဝှက်အဆက်အသွယ်
Chapter 69: ယွမ်ရှန်း၏ကြမ္မာလမ်း
Important!! Plz read this part before you read Chapter (70)
Chapter 70 : Ending

Chapter 23

4.3K 575 15
By demoncm

Zawgyi

အခန္း (၂၃)
ဒီညေနခင္းက်ရင္ ကိုယ္ေျပာျပမယ္ေလ

ၿမိဳ႕ေလးက စည္ကားေနသည္။ မွန္ေပသည္၊ ႏွစ္သစ္က နီးလာၿပီျဖစ္ေသာေၾကာင့္၊ ႐ြာသားမ်ားလည္း ပိုမ်ားလာ၏။ ႐ႊယ့္တုန္ထင္းႏွင့္ စုန႔္ယြီမင္တို႔သည္ လူအုပ္ၾကားတြင္ လမ္းေလွ်ာက္လာေနသည္။ တိမ္ထြတ္စီရင္စုမွ လူမ်ားက သူတို႔ႏွစ္ေယာက္ေရာက္လာသည္ကို ေတြ႕သြားကာ ႐ႊယ့္တုန္ထင္းက လက္ထပ္ၿပီးေနာက္ အိမ္ကိုျပန္လာသည္ကို ျမင္ေသာအခါ ရယ္ေမာၾက၏။

႐ႊယ့္တုန္ထင္းက သူတို႔ကို မ်က္ကြယ္ျပဳထားလိုက္သည္။ စုန႔္ယြီမင္က ေရွ႕တူ႐ူကိုၾကည့္ေနရင္းမွပင္ လက္ကိုဆန႔္၍ သူမလက္ကို တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္သည္။ "ကိုယ္တို႔ျပန္လာမွေတာ့ နည္းနည္းေလာက္ လမ္းပတ္ေလွ်ာက္ၿပီးမွပဲ အိမ္ျပန္ဖို႔ပစၥည္းတခ်ိဳ႕တေလကို ဝယ္ၾကတာေပါ့"

"အြန္း" သူမက ခပ္ျပတ္ျပတ္ေျပာသည္။ စုန႔္ယြီမင္က ႐ုတ္တရက္လွည့္၍ သူမ၏ဆံပင္ကို ၾကည့္လိုက္သည္။ "ဒီဆံထိုးက ေတာ္ေတာ္ကို ရိုးရွင္းေနတယ္။ မင္းအသစ္ဝယ္ေလ"

"ဝယ္ၿပီး ဘာလုပ္ရမွာလဲ၊ ဆံထိုးဆိုတာ ဆံပင္ကို ထုံးခ်ည္ဖို႔ပဲေလ။ ပိုက္ဆံျဖဳန္းဖို႔ မလိုပါဘူးေနာ္" သူမ ႏြေးေထြးစြာ ၿပဳံးလိုက္ကာ စိတ္ထဲတြင္ေတာ့ အနည္းငယ္ရႈပ္ေထြးေနသည္။

သူတို႔လမ္းမႀကီးကို ျဖတ္၍ လမ္းၾကားေလးတစ္ခုကို ေကြ႕လိုက္ကာ အစိမ္းေရာင္အမိုးေႂကြျပားမ်ားႏွင့္ ကာရံထားေသာ အျဖဴေရာင္တံတိုင္းရွိသည့္ အိမ္ဝင္းေရွ႕တြင္ ရပ္လိုက္ၾကသည္။ ႐ႊယ့္တုန္ထင္းက ေျခလွမ္းလွမ္းလိုက္ကာ သစ္သားတံခါးေလးကို ေခါက္လိုက္၏။ အတြင္းဘက္မွ ေျခသံမ်ားထြက္ေပၚလာၿပီး တံခါးကို တြန္းဖြင့္လိုက္ေသာအခါ တကြၽီကြၽီျမည္သံက ထြက္ေပၚလာသည္။

ထိုမိန္းကေလးက အံ့ဩသြားကာ ေပ်ာ္႐ႊင္စြာေအာ္ဟစ္လိုက္သည္။ "ဒုတိယအစ္မ၊ အစ္မျပန္လာၿပီေပါ့"

႐ႊယ့္တုန္ထင္းက ေခါင္းယမ္း၍ ရယ္သည္။ "ယြမ္ရွန္း၊ ညီမေလးက မသိတတ္ေသးဘူးေနာ္။ ဒါက ညီမေလးရဲ႕ ... ဒုတိယခဲအိုပဲ"

ယြမ္ရွန္းက သူမ၏ေတာက္ပေသာမ်က္လုံးမ်ားကို မွိတ္ထားၿပီး ႏူးညံ့ေသာအၿပဳံးတစ္ခု ၿပဳံးလိုက္သည္။ "ဒါေပါ့။ ညီမေလးက သူ႕ကို ဒုတိယခဲအိုပဲဆိုတာ သိသားပဲ။ ဝင္လာပါ။ မားမားေခ်ာင္က အထူးဧည့္သည္တစ္ေယာက္လာမယ္ဆိုတာ သိလို႔ တစ္မနက္လုံး မီးဖိုေခ်ာင္ထဲမွာ အလုပ္ရႈပ္ေနတာရယ္"

စုန႔္ယြီမင္က ရယ္သည္။ "မင္းက တတိယညီမေလးျဖစ္မယ္။ မဂၤလာပါ"

ယြမ္ရွန္း၏ ႏႈတ္ခမ္းကအၿပဳံးေလးေပၚလာၿပီး ႐ႊယ့္တုန္ထင္းကို ၾကည့္၏။ သူမ ရယ္လိုက္သည္။ "ညီမေလး မားမားေခ်ာင္ကို သြားေျပာလိုက္ေတာ့မယ္" ထို႔ေနာက္ သူမေျပးထြက္သြားေတာ့သည္။

႐ႊယ့္တုန္ထင္းက စုန႔္ယြီမင္ကို စူးစိုက္ၾကည့္ၿပီး ရယ္၏။ "ယြမ္ရွန္းက ဒီတိုင္းေျပာသြားတာပါ။ ေဗြမယူပါနဲ႕"

သူက ေခါင္းညိတ္သည္။ "ဒီလိုအ႐ြယ္သဘာဝအရ မိန္းကေလးတစ္ေယာက္က အပူအပင္မရွိဘဲ ေနနိုင္တာ တကယ္ကို ေကာင္းတာ!"

႐ႊယ့္တုန္ထင္းက သူ႕ကိုေဘးတေစာင္းၾကည့္ၿပီး ၿပဳံးကာ ေအာက္ကို ငုံ႕ၾကည့္လိုက္သည္။ "ဒါဆိုရွင္က ကြၽန္မမွာ စိုးရိမ္စရာေတြ အမ်ားႀကီးရွိလို႔ မသန႔္ရွင္းၿပီး အျပစ္မကင္းစင္နိုင္ေလာက္ေတာ့ဘူးလို႔ ေျပာခ်င္တာလား"

သူက မရယ္ဘဲမေနနိုင္ေခ်။ သူ သူမလက္ကို တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္သည္။ "ကိုယ္ တစ္ခုခုေျပာလိုက္တိုင္း မင္းက အျပစ္ရွာနိုင္တာခ်ည္းပဲ။ မင္းမွာ ဒီလို လွ်ာေစာင္းထက္မွန္း ကိုယ္မသိခဲ့ဘူး"

သူမက တစ္ခ်က္ရီကာ လက္ကို ဆြဲထုတ္ရန္ ႀကိဳးစားလိုက္ေသာ္လည္း သူက တင္းက်ပ္စြာ ဆုပ္ကိုင္ထားေနဆဲပင္။ သူမက "ထားပါ၊ ဒါေပမယ့္ ကြၽန္မက ယြမ္ရွန္းနဲ႕ သဝန္တိုေနတာ မဟုတ္ဘူး။ အေနာက္ဘက္က အဲ့ဒီမုဆိုးမနဲ႕ ဘာကိစၥရွိတာလဲဆိုတာ ကြၽန္မကို ဘာလို႔မေျပာလဲ။

စုန႔္ယြီမင္က ၿပဳံးကာ သူမရဲ႕နားထဲကို တိုးတိုးေလးကပ္ေျပာ၏။ "လြန္ခဲ့တဲ့ရက္ပိုင္းေလာက္ မင္းေနမေကာင္းျဖစ္တုန္းက ကိုယ္ဘာမွမလုပ္ခဲ့ဘူးေနာ္၊ ဒါေပမယ့္ ၾကည့္ရတာကေတာ့ အခုမင္းတကယ္ သက္သာလာၿပီလို႔ ထင္တာပဲ။ မင္းသိခ်င္ရင္ ကိုယ္ဒီညေျပာျပမယ္ ေလ"

သူမသည္ ေရႏြေးပူပူႏွင့္ ေလာင္းခံလိုက္ရသလို ပူထူၿပီးရွက္ေသြးျဖာသြားသည္။ သူမႏႈတ္ခမ္းကို ကိုက္ကာ သူ႕ကိုၾကည့္လိုက္၏။ မားမားေခ်ာင္ သူမတို႔ဆီကို ေရာက္လာတာကို သူမျမင္လိုက္သည့္အတြက္ သူမ ေဒါသမ်ားက ဟုန္းခနဲထေတာက္လာသည္။

(ဒင္းက ေသခ်ာအကြက္ခ်ထားၿပီး ေျပာတာလို႔ ဘာလို႔ခံစားေနရတာလဲ :")

စုန႔္ယြီမင္က သူမလက္ကို လႊတ္လိုက္ကာ မားမားေခ်ာင္အား ဂါရဝျပဳလိုက္သည္။ "ဒီသမက္က ေယာကၡမကို ႏႈတ္ဆက္ပါတယ္

႐ႊယ့္တုန္ထင္းမွာ ဘာေျပာရမွန္းပင္ မသိေတာ့ေခ်။ ခုနေလးကတင္ သူမႏွင့္စကားေျပာၿပီးေနာက္ ႐ုတ္တရက္ အေလးအနက္ရွိသည့္ပုံကို မည္သို႔ျဖစ္သြားသည္ကို သူမနားမလည္ေတာ့ေခ်။

မားမားေခ်ာင္က ဝမ္းသာအားရေျပာ၏။ "လာလာ၊ လက္ဖက္ရည္လာေသာက္ေခ်"

စုန႔္ယြီမင္သည္ ေမာ့ၾကည့္လိုက္ေသာအခါ ျမဴမ်ားအုံ႕ဆိုင္းေနေသာ ေရကန္ႏွင့္ ကမ္းတစ္ေလွ်ာက္ရွိ ဝါးအိမ္ေလးမ်ားစြာကို ေတြ႕လိုက္ရသည္။ အားလုံးက သန႔္စင္ေန၏။ သူတို႔ႏွစ္ေယာက္ မားမားေခ်ာင္ႏွင့္အတူ ဧည့္ခန္းသို႔သြားၾကကာ စကားတေျပာေျပာႏွင့္ပင္။

ေန႕လည္ေရာက္ေတာ့ သူမက ေန႕လည္စာျပင္ရန္ မီးဖိုေခ်ာင္သို႔သြားလိုက္သည္။ ႐ႊယ့္တုန္ထင္းသည္လည္း သူမကိုကူရန္ ထြက္သြားၿပီး ေနာက္ စုန႔္ယြီမင္ တစ္ေယာက္တည္းသာ လက္ဖက္ရည္ေသာက္ရင္း က်န္ခဲ့သည္။

မီးဖိုေခ်ာင္ထဲတြင္ အေမနဲ႕သမီး ႏွစ္ေယာက္တည္းသာ ရွိေသာေၾကာင့္ မားမားေခ်ာင္က ေမး၏။ "သူ သမီးကိုဘယ္လိုဆက္ဆံလဲ"

႐ႊယ့္တုန္ထင္းမွာ ေစာေစာက ကိစၥေၾကာင့္ စိတ္ဆိုးေနဆဲျဖစ္ရာ သူမႏႈတ္ခမ္းကို တြန႔္လိုက္ၿပီး စူပုတ္ပုတ္ႏွင့္ ေျပာလိုက္သည္။ "အဆင္ကိုမေျပဘူး"

မားမားေခ်ာင္သည္ တစ္စက္မွမယုံဘဲ သူမမ်က္ႏွာကို ၾကည့္လိုက္သည္။ သူမက ရယ္၏။ "အဆင္မေျပဘူးဆိုရင္ေတာင္ သမီး သူ႕ကိုလက္ထပ္ၿပီးၿပီေလ။ အဲ့ေတာ့ လုပ္စရာရွိတာလုပ္ရမယ္"

(မားမားေခ်ာင္ ဘီ လိုက္ခ္ : 🌚🌚)

႐ႊယ့္တုန္ထင္းက ေျခေဆာင့္လိုက္သည္။ "သူက ဘာမွမွ လုပ္ရေသးတာ၊ သမီး အခ်ိန္မေ႐ြး ျပန္လာနိုင္သားပဲ"

မားမားေခ်ာင္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ဘာမွမလုပ္ရေသးဘူးလား"

Unicode

အခန်း (၂၃)
ဒီညနေခင်းကျရင် ကိုယ်ပြောပြမယ်လေ

မြို့လေးက စည်ကားနေသည်။ မှန်ပေသည်၊ နှစ်သစ်က နီးလာပြီဖြစ်‌သောကြောင့်၊ ရွာသားများလည်း ပိုများလာ၏။ ရွှယ့်တုန်ထင်းနှင့် စုန့်ယွီမင်တို့သည် လူအုပ်ကြားတွင် လမ်းလျှောက်လာနေသည်။ တိမ်ထွတ်စီရင်စုမှ လူများက သူတို့နှစ်ယောက်ရောက်လာသည်ကို တွေ့သွားကာ ရွှယ့်တုန်ထင်းက လက်ထပ်ပြီးနောက် အိမ်ကိုပြန်လာသည်ကို မြင်သောအခါ ရယ်မောကြ၏။

ရွှယ့်တုန်ထင်းက သူတို့ကို မျက်ကွယ်ပြုထားလိုက်သည်။ စုန့်ယွီမင်က ရှေ့တူရူကိုကြည့်နေရင်းမှပင် လက်ကိုဆန့်၍ သူမလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ကိုယ်တို့ပြန်လာမှ‌တော့ နည်းနည်းလောက် လမ်းပတ်လျှောက်ပြီးမှပဲ အိမ်ပြန်ဖို့ပစ္စည်းတချို့တလေကို ဝယ်ကြတာပေါ့"

"အွန်း" သူမက ခပ်ပြတ်ပြတ်ပြောသည်။ စုန့်ယွီမင်က ရုတ်တရက်လှည့်၍ သူမ၏ဆံပင်ကို ကြည့်လိုက်သည်။ "ဒီဆံထိုးက တော်တော်ကို ရိုးရှင်းနေတယ်။ မင်းအသစ်ဝယ်လေ"

"ဝယ်ပြီး ဘာလုပ်ရမှာလဲ၊ ဆံထိုးဆိုတာ ဆံပင်ကို ထုံးချည်ဖို့ပဲလေ။ ပိုက်ဆံဖြုန်းဖို့ မလိုပါဘူးနော်" သူမ နွေးထွေးစွာ ပြုံးလိုက်ကာ စိတ်ထဲတွင်တော့ အနည်းငယ်ရှုပ်ထွေးနေသည်။

သူတို့လမ်းမကြီးကို ဖြတ်၍ လမ်းကြား‌လေးတစ်ခုကို ကွေ့လိုက်ကာ အစိမ်းရောင်အမိုးကြွေပြားများနှင့် ကာရံထားသော အဖြူရောင်တံတိုင်းရှိသည့် အိမ်ဝင်းရှေ့တွင် ရပ်လိုက်ကြသည်။ ရွှယ့်တုန်ထင်းက ခြေလှမ်းလှမ်းလိုက်ကာ သစ်သားတံခါးလေးကို ခေါက်လိုက်၏။ အတွင်းဘက်မှ ခြေသံများထွက်ပေါ်လာပြီး တံခါးကို တွန်းဖွင့်လိုက်သောအခါ တကျွီကျွီမြည်သံက ထွက်ပေါ်လာသည်။

ထိုမိန်းကလေးက အံ့ဩသွားကာ ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။ "ဒုတိယအစ်မ၊ အစ်မပြန်လာပြီပေါ့"

ရွှယ့်တုန်ထင်းက ခေါင်းယမ်း၍ ရယ်သည်။ "ယွမ်ရှန်း၊ ညီမလေးက မသိတတ်သေးဘူးနော်။ ဒါက ညီမလေးရဲ့ ... ဒုတိယခဲအိုပဲ"

ယွမ်ရှန်းက သူမ၏တောက်ပသောမျက်လုံးများကို မှိတ်ထားပြီး နူးညံ့သောအပြုံးတစ်ခု ပြုံးလိုက်သည်။ "ဒါပေါ့။ ညီမလေးက သူ့ကို ဒုတိယခဲအိုပဲဆိုတာ သိသားပဲ‌။ ဝင်လာပါ။ မားမားချောင်က အထူးဧည့်သည်တစ်ယောက်လာမယ်ဆိုတာ သိလို့ တစ်မနက်လုံး မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတာရယ်"

စုန့်ယွီမင်က ရယ်သည်။ "မင်းက တတိယညီမလေးဖြစ်မယ်။ မင်္ဂလာပါ"

ယွမ်ရှန်း၏ နှုတ်ခမ်းကအပြုံးလေးပေါ်လာပြီး ရွှယ့်တုန်ထင်းကို ကြည့်၏။ သူမ ရယ်လိုက်သည်။ "ညီမလေး မားမားချောင်ကို သွားပြောလိုက်တော့မယ်" ထို့နောက် သူမပြေးထွက်သွားတော့သည်။

ရွှယ့်တုန်ထင်းက စုန့်ယွီမင်ကို စူးစိုက်ကြည့်ပြီး ရယ်၏။ "ယွမ်ရှန်းက ဒီတိုင်းပြောသွားတာပါ။ ဗွေမယူပါနဲ့"

သူက ခေါင်းညိတ်သည်။ "ဒီလိုအရွယ်သဘာဝအရ မိန်းကလေးတစ်ယောက်က အပူအပင်မရှိဘဲ နေနိုင်တာ တကယ်ကို ကောင်းတာ!"

ရွှယ့်တုန်ထင်းက သူ့ကိုဘေးတစောင်းကြည့်ပြီး ပြုံးကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ "ဒါဆိုရှင်က ကျွန်မမှာ စိုးရိမ်စရာတွေ အများကြီးရှိလို့ မသန့်ရှင်းပြီး အပြစ်မကင်းစင်နိုင်လောက်တော့ဘူးလို့ ‌ပြောချင်တာလား"

သူက မရယ်ဘဲမနေနိုင်ချေ။ သူ သူမလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ကိုယ် တစ်ခုခုပြောလိုက်တိုင်း မင်းက အပြစ်ရှာနိုင်တာချည်းပဲ။ မင်းမှာ ဒီလို လျှာစောင်းထက်မှန်း ကိုယ်မသိခဲ့ဘူး"

သူမက တစ်ချက်ရီကာ လက်ကို ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း သူက တင်းကျပ်စွာ ဆုပ်ကိုင်ထား‌နေဆဲပင်။ သူမက "ထားပါ၊ ဒါပေမယ့် ကျွန်မက ယွမ်ရှန်းနဲ့ သဝန်တိုနေတာ မဟုတ်ဘူး။ အနောက်ဘက်က အဲ့ဒီမုဆိုးမနဲ့ ဘာကိစ္စရှိတာလဲဆိုတာ ကျွန်မကို ဘာလို့မပြောလဲ။ ”

စုန့်ယွီမင်က ပြုံးကာ သူမရဲ့နားထဲကို တိုးတိုးလေးကပ်‌ပြော၏။ "လွန်ခဲ့တဲ့ရက်ပိုင်း‌လောက် မင်းနေမကောင်းဖြစ်တုန်းက ကိုယ်ဘာမှမလုပ်ခဲ့ဘူးနော်၊ ဒါပေမယ့် ကြည့်ရတာကတော့ အခုမင်းတကယ် သက်သာလာပြီလို့ ထင်တာပဲ။ မင်းသိချင်ရင် ကိုယ်ဒီညပြောပြမယ် လေ"

သူမသည် ရေနွေးပူပူနှင့် လောင်းခံလိုက်ရသလို ပူထူပြီးရှက်သွေးဖြာသွားသည်။ သူမနှုတ်ခမ်းကို ကိုက်ကာ သူ့ကိုကြည့်လိုက်၏။ မားမားချောင် သူမတို့ဆီကို ရောက်လာတာကို သူမမြင်လိုက်သည့်အတွက် သူမ ဒေါသများက ဟုန်းခနဲထတောက်လာသည်။

(ဒင်းက သေချာအကွက်ချထားပြီး ပြောတာလို့ ဘာလို့ခံစားနေရတာလဲ :")

စုန့်ယွီမင်က သူမလက်ကို လွှတ်လိုက်ကာ မားမားချောင်အား ဂါရဝပြုလိုက်သည်။ "ဒီသမက်က ယောက္ခမကို နှုတ်ဆက်ပါတယ်”

ရွှယ့်တုန်ထင်းမှာ ဘာပြောရမှန်းပင် မသိတော့ချေ။ ခုနလေးကတင် သူမနှင့်စကားပြောပြီးနောက် ရုတ်တရက် အလေးအနက်ရှိသည့်ပုံကို မည်သို့ဖြစ်သွားသည်ကို သူမနားမလည်တော့ချေ။

မားမားချောင်က ဝမ်းသာအားရပြော၏။ "လာလာ၊ လက်ဖက်ရည်လာသောက်ချေ"

စုန့်ယွီမင်သည် မော့ကြည့်လိုက်သောအခါ မြူများအုံ့ဆိုင်းနေသော ရေကန်နှင့် ကမ်းတစ်လျှောက်ရှိ ဝါးအိမ်‌လေးများစွာကို တွေ့လိုက်ရသည်။ အားလုံးက သန့်စင်နေ၏။ သူတို့နှစ်ယောက် မားမားချောင်နှင့်အတူ ဧည့်ခန်းသို့သွားကြကာ စကားတပြောပြောနှင့်ပင်။

နေ့လည်ရောက်တော့ သူမက နေ့လည်စာပြင်ရန် မီးဖိုချောင်သို့သွားလိုက်သည်။ ရွှယ့်တုန်ထင်းသည်လည်း သူမကိုကူရန် ထွက်သွားပြီး‌ နောက် စုန့်ယွီမင် တစ်ယောက်တည်းသာ လက်ဖက်ရည်သောက်ရင်း ကျန်ခဲ့သည်။

မီးဖိုချောင်ထဲတွင် အမေနဲ့သမီး နှစ်ယောက်တည်းသာ ရှိ‌သောကြောင့် မားမားချောင်က မေး၏။ "သူ သမီးကိုဘယ်လိုဆက်ဆံလဲ"

ရွှယ့်တုန်ထင်းမှာ စောစောက ကိစ္စကြောင့် စိတ်ဆိုးနေဆဲဖြစ်ရာ သူမနှုတ်ခမ်းကို တွန့်လိုက်ပြီး စူပုတ်ပုတ်နှင့် ပြောလိုက်သည်။ "အဆင်ကိုမပြေဘူး"

မားမားချောင်သည် တစ်စက်မှမယုံဘဲ သူမမျက်နှာကို ကြည့်လိုက်သည်။ သူမက ရယ်၏။ "အဆင်မပြေဘူးဆိုရင်တောင် သမီး သူ့ကိုလက်ထပ်ပြီးပြီလေ။ အဲ့တော့ လုပ်စရာရှိတာလုပ်ရမယ်"

(မားမားချောင် ဘီ လိုက်ခ် : 🌚🌚)

ရွှယ့်တုန်ထင်းက ခြေဆောင့်လိုက်သည်။ "သူက ဘာမှမှ လုပ်ရသေးတာ၊ သမီး အချိန်မရွေး ပြန်လာနိုင်သားပဲ"

မားမားချောင် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာမှမလုပ်ရသေးဘူးလား"

Continue Reading

You'll Also Like

162K 20.6K 135
လမင်းကြီးဝိုင်းသည်ဖြစ်​စေ မဝိုင်း​တော့ဘူးဖြစ်​စေ ဘာဟာကမှ အ​ရေးမကြီးဘူး ကိုယ်တစ်​ယောက်လုံး မင်း​ဘေးနားမှာရှိ​နေ​ပေးမယ်~~~~
151K 11.6K 140
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Tags[ ] Alternate World A...
40.6M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
26.6K 2.6K 90
credit to original owner Guan Xin Ze Luan