ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...
By LuciousKim
554K 72.3K 1.9K
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More
Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)
Chapter (42)
5.1K 823 24
By LuciousKim
Zawgyi
190, 130, 100!
[ လှလိုက်တာ ..]
[ အရမ်းတည်ငြိမ်တာပဲ ]
[ လူတိုင်းလာကြပါ !!! ]
***
Unicode
ရှန်ယန်း၏အဆင့်က၂၃၀တွင်ရှိနေပြီးမှ လျင်မြန်သောနှုန်းများနှင့် သူမရှေ့ကလူများကို ကျော်တက်သွားခဲ့ပြီ ။
လူအုပ်ကြီးက ယှဉ်ပြိုင်သူတွေရဲ့နာမည်တွေ တစ်ဦးကိုတစ်ဦးကျော်တက်ပြီးလှုပ်ရှားနေတာကိုကြည့်ရင်း အသက်ရှူဖို့တောင်မေ့လျှော့နေကြတယ် ။
190, 130, 100!
သူမရဲ့အဆင့်က လျင်မြန်စွာနှင့် မြင့်တက်နေဆဲပဲ!!!
ရှန်ယန်းရဲ့အဆင့်က ၁၀၀ သို့ရောက်ရှိနေသော်လည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အနည်းငယ်နှေးသွားပေမဲ့ ရပ်တန့်သွားခြင်းတော့မရှိသေးဘူး။
စီစဉ်တင်ဆက်သူက စိတ်လှုပ်ရှားစွာအော်လိုက်တယ်။
" ဒါကတော့ ဂိမ်းရဲ့ရိုးရှင်းတဲ့ကံတရားပါပဲ ...ဆယ်မိနစ်...ရှန်ယန်းက အချိန်ဆယ်မိနစ်တည်းနဲ့ (98)အထိရောက်ရှိသွားပါပြီ ...မဟုတ်ဘူး (95)!!!"
ရှန်ယန်းက ဒီနေ့တွင်အဝါနုရောင်ဝတ်စုံကိုဝတ်ဆင်လာကာသူမအတွက်သတ်မှတ်ထားတဲ့ထိုင်ခုံမှာထိုင်နေခဲ့တယ်။ သူမရဲ့ရှည်လျားတဲ့ခြေထောက်များကိုကွေးထားပြီး တံတောင်ဆစ်တွေက ဒူးဆစ်ပေါ်မှာထောက်ထားကာ ဖန်သားပြင်ကြီးကိုကြည့်နေလေတယ် ။
သူမမျက်လုံးများကတောက်ပနေသော်လည်းပဲ စိတ်လှုပ်ရှားခြင်းတွေ တုန်လှုပ်ခြင်းတွေရှိမနေဘဲ သူမမျက်လုံးတွေပေါ်မှာ အရည်ကြည်တွေနှင့်တောက်ပနေသလိုပဲ။
နောက်ကျတဲ့ပြိုင်ပွဲဝင်များရဲ့ မဲအရေအတွက်က အရမ်းကိုနည်းသွားပြီး ကွာခြားခြင်းသိပ်မရှိကြဘူး ။ ဒါပေမဲ့ ပထမဆံးယှဉ်ပြိုင်သူ အတွက်ကတော့ ယခင်သူတို့တွေတွေးထားတဲ့ မဲအများကြီးရရှိလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်နှင့် အရမ်းကိုကွာခြားသွားပြီ။
ရှန်ယန်းရဲ့နာမည်က အဆင့်တက်နေဆဲဖြစ်ပေမဲ့လည်း ပို၍နှေးလာခဲ့တယ် ။
ရှန်ယန်းအတွက်ကတော့ သူမအနေနဲ့ လူရွေးပွဲရဲ့ပထမအဆင့် ကိုအောင်မြင်ပြီးသားဖြစ်သွားပြီ ။ သူမရဲ့ရှေ့ကပြီးခဲ့တဲ့ တင်ဆက်သူတွေကိုကျော်တက်သွားပြီးကတည်းက သူမအတွက်အရွေးခံရဖို့လုံလောက်သွားပြီပဲဖြစ်တယ်။
ရှန်ယန်းအနေနဲ့ သူမအဆင့်နဲ့ပက်သက်ပြီး စိတ်ဝင်စားမှုမရှိတော့ပေ ။
ပြိုင်ပွဲပြီးဆုံးရန်နှင့်မဲပေးဖို့ နာရီဝက်ပဲကျန်တော့တဲ့အချိန်မှာတော့ ရှန်ယန်းရဲ့နာမည်က ၁၅နေရာတွင်ရပ်တည်နေပြီ။
ဒါပေမဲ့ ရှန်ယန်းရဲ့နာမည်က အရှေ့သို့တက်နေတုန်းပဲ ! ။
ကျန်းရုံက ရှန်ယန်းအား ရှုပ်ထွေးတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်။ သူမက ပထမအဆင့်မှာ ရှန်ယန်းဖယ်ထုတ်မခံရရင်တော့ ကောင်းလိမ့်မယ်လို့တွေးထားခဲ့တာ။
ဒါပေမဲ့ ရှန်ယန်းက ဒီအဆင့်ထိရောက်နိုင်လိမ့်မယ်လို့ တော့သူမ မမျှော်လင့်ခဲ့မိဘူး ။ သူမမှာ ကောင်းမွန်တဲ့ fanbaseတွေရှိနေတာတောင့် အဆင့်(30)မှာဘဲရှိသေးတယ်။
ပြီးတော့ နောက်ဆုံးမှပေါ်လာတဲ့ ရှန်ယန်းက အံ့သြစရာကောင်းစွာနှင့် အချိန်တိုအတွင်းမှာ အဆင့် ၁၅နေရာကို ရရှိခဲ့တယ် ။ နောက်ပြီး အချိန်ကနာရီဝက်တောင်ကျန်သေးတယ်လေ ။ သူမက ဘယ်လောက်ထိတောင်ဆက်သွားဦးမှာလဲ ။
အစီအစဉ်တင်ဆက်သူက မိုက်ခရိုဖုန်းကိုယူပြီးမေးလာခဲ့တယ် ။
" ရှန်ယန်း မင်းအခုဘယ်လိုခံစားရလဲ ? "
ကင်မရာက ရှန်ယန်းဘက်သို့လှည့်လာတာကြောင့် သူမကမျက်လုံးများကိုအနည်းငယ် ပင့်တင်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
" ပြိုင်ပွဲဝင်အယောက်၁၀၀အတွင်း ရှိနေသရွေ့ ကျွန်မထပ်ပြီးတိုးတက်နိုင်တယ် "
တိုက်ရိုက်ထုတ်လွှင့်မှု့စတာနဲ့ ထင်မြင်ချက်ပေးတဲ့ပေးတာတွေက ပြန်လည်အသက်ဝင်လာတယ်။
[ Ah. ..ah ah. .ah. .... ငါက ဒီရှန်ယန်းလို့ခေါ်တဲ့မိန်းမပျိုလေးရဲ့ fan ပဲ !!! ]
[ လှလိုက်တာ ..]
[ အရမ်းတည်ငြိမ်တာပဲ ]
[ ဒီမိန်းကလေးကအရမ်းမိုက်တယ်.. လူတိုင်း ဒီမိန်းကလေးကိုပဲ မဲပေးကြပါ .. ဒီမိန်းကလေးရဲ့ အင့်(10)ထိတက်သွားတာမြင်ချင်တယ် Ah...........!! ]
[ novel fan တစ်ယောက်အနေနဲ့ နံပါတ်တစ်အမျိုးသမီးဇာတ်ဆောင်ရဲ့နေရာက ရှန်ယန်းနဲ့အရမ်းသင့်တော်တယ်လို့ ငါထင်တယ် ]
[ လူတိုင်းလာကြပါ !!! ]
ယခင်တုန်းက လုယွင်ချန်းပါရှိနေတဲ့အတွက်ကြောင့်သာ ဒီအစီအစဉ်ထုတ်လွှင့်မှုက ရှာဖွေမှုမြင့်မားနေခဲ့တာဖြစ်တယ် ။ဒါပေမဲ့ ရှာဖွေမှုအမြင့်ဆုံးနေရာမှာဝင်နေတဲ့ ခေါင်းစဉ်ကတော့ လူရွေးပွဲအကြောင်းမဟုတ်ဘဲ " ရှန်းလုရဲ့ လုယွင်ချန်း " လို့ဖြစ်နေခဲ့တယ်။
ဒါပေမဲ့အခုတော့ ရှန်ယန်းရဲ့ ဖျော်ဖြေမှုကြောင့် လုယွင်ချန်းရဲ့ရေပန်းစားတဲ့ရှာဖွေမှုအောက်မှာ နောက်ထပ်ရေပန်းစားတဲ့ရှာဖွေမှုရှိလာခဲ့တယ်။ရှန်ယန်းရဲ့နာမည်ကို mentionထားတာမျိုးမရှိပေမယ့် သူမက ရှာဖွေမှုအမြင့်ဆုံးနေရာမှာရှိနေဆဲပဲ။
တဖြည်းဖြည်းနှေးသွားခဲ့တဲ့နာမည်က ထိုခဏအတွင်းမှာဘဲ နောက်တဖန်ထပ်ပြီး တဟုန်ထိုးတက်လာခဲ့ပြန်တယ် ။
ဝမ်ဖန်းက ရှန်ယန်းရဲ့အဆင့်ကိုကြည့်ပြီး အေးခဲနေခဲ့တယ်။သူ့ဆီကဘာစကားမှတောင်မကြားရတော့သလို သူ့ပုံစံကလည်းအနည်းငယ် ရယ်စရာဖြစ်နေခဲ့တယ်။
ရှန်ယန်းက အံ့အားသင့်စရာကောင်းလောက်အောင် အလားအလာတွေအများကြီးရှိနေတာလား ?
ah...ရှန်ယန်းက နောက်ထပ်နေရာတစ်ခုကို ထပ်ပြီးထပ်သွားပြန်ပြီပေါ့ ။
ရှန်ယန်းက ကျန်းရုံရဲ့ အင့်(30)ကိုလည်း ကျော်ဖြတ်သွားခဲ့တယ်။
"ဒါဆို...ရှန်ယန်းကအနုပညာလောကထဲမှာ နာမည်ရနေပြီလို့သတ်မှတ်လို့ရနေပြီပေါ့...ah"
ဝမ်ဖန်းကအလွန်အံ့အားသင့်နေခဲ့တယ် ။
ထိုစကားကိုပြောချိန်မှာ ဝမ်ဖန်း သူ့ကိုသူဝေဝေဝါးဝါးနှင့်ပြောနေတာဖြစ်တယ်။
ခဏလေး ....သူအခုဘာပြောလိုက်တာလဲ?
ရှန်ယန်းသာ ဒီပြိုင်ပွဲကြီးမှာပထမနေရာကိုရရင် သူကီးဘုတ်တစ်ခု စားပြမယ်လို့များပြောခဲ့မိသေးလား?
အဲ့ဒီအချိန်မှာပဲ လူအုပ်ထဲက လူတစ်ယောက်ကအော်ပြောလိုက်တယ် ။
" တတိယနေရာ... ရှန်ယန်းက တတိယနေရာကိုရောက်သွားပြီ !!! "
ကီးဘုတ်စားရတော့မှာလား ????
ရှန်ယန်းတတိယနေရာကိုရောက်နေသော်လည်း ပထမနှစ်ယောက်နဲ့ကွာဟချက်တွေများနေသေးပေမယ့် သူမအမှီလိုက်ဖို့မလိုအပ်သေးဘူး။
သူမ တတိယနေရာကိုရောက်သွားချိန်မှာတော့ ရှန်ယန်းအနည်းငယ်အံ့သြသင့်သွားခဲ့တယ်။
အစီအစဉ်အဖွဲ့က ပြိုင်ပွဲဝင်တွေအတွက် စပွန်ဆာပေးထားတဲ့အချိုရည်တွေကို လုံလုံလောက်လောက်ပြင်ဆင်ပေးခဲ့တယ်။ရှန်ယန်းကပုလင်းကိုဖွင့်ပြီးတစ်ငုံသောက်လိုက်ကာ ပရိသတ်တွေကြားထဲမှ ကျိုးရိုကိုကြည့်ပြီးနောက် တစ်ဖန်ဖန်သားပြင်ကိုသာဆက်စောင့်ကြည့်လိုက်တယ်။
ပထမနေရာ... ချန်ရှင်းကသူမစကပ်ကိုတအားဆွဲဆုပ်လိုက်မိတယ်။ ပထမနေရာကသေချာပေါက်သူမပဲလို့ တွေးထားခဲ့ပေမယ့် ရှန်ယန်းက...
ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ရှန်းယန်းရဲ့မဲအရေအတွက် ပိုပိုပြီးတိုးလာတာကိုကြည့်ရင်း ချန်ရှင်းက ရှန်ယန်းအနေနဲ့ မိတ်ဆက်တုန်းက ဇာတ်ညွှန်းစာသားတွေကိုဖတ်ပြခဲ့တာကြောင့် ကံကောင်းသွားခဲ့ရုံပဲလို့ ထင်ထားခဲ့တာဖြစ်တယ် ။
ဒီလိုမှမဟုတ်ရင် သူမအမှီလိုက်နိုင်လိမ့်မှာမဟုတ်ဘူး။ ဒီတော့ ဝတ္ထုရဲ့ပရိသတ်တွေက နံပါတ်တစ်အမျိုးသမီးဇာတ်ဆောင်ရဲ့ စကားလုံးတွေကိုပြောပြတဲ့သူကိုပဲလိုချင်နေကြတာလား ?
ချန်ရှင်းက မုရင်းဝတ္ထုကိုမဖတ်ခဲ့ဖူးတာကြောင့် ရှန်ယန်းက ဇာတ်ညွှန်းထဲမှာပါတဲ့ စာသားကိုရွတ်ပြသွားတာမဟုတ်ဘဲ မူရင်းနိုဗယ်ထဲထဲမှ စကားလုံးတွေကိုပြောပြီး သရုပ်ဆောင်ထားမှန်း မသိခဲ့ဘူး။
သူမက ရှန်းလုထဲမှ ဇာတ်လိုက်မရဲ့နေရာကိုသရုပ်ဆောင်ပြသွားခဲ့တာ ။
စီစဉ်တင်ဆက်သူက မိုက်ခရိုဖုန်းကိုယူလိုက်တယ်။
" ကဲ အခုမဲပေးတာပြီးဆုံးဖို့ ၁၀စက္ကန့်ပဲလိုပါတော့တယ်ဗျ အတူတူရေတွက်လိုက်ရအောင် !! "
***
Continue Reading
You'll Also Like
838K 90K 167
summary အချိန်​ခရီးသွားပုံပြင်​တစ်​ပုဒ်​ ဉာဏ်​နီဉာဏ်​နက်​များပြီး ​ကောက်​ကျစ်​တဲ့သူမဟာ အဆင့်​အတန်းမြင့်​မျိုးရိုးမှ လူမမာသည်​မမ​လေး လာဖြစ်​တယ်​ ​စေ့...
14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
552K 64.4K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...