အထွန်း / အထြန္း ( Completed )

By laung_laung

745K 77.6K 6.5K

Comedy , Romance , Drama More

အပိုင်း ၁ / အပိုင္း ၁
အပိုင်း ၂ / အပိုင္း ၂
အပိုင်း ၃ / အပိုင္း ၃
အပိုင်း ၄ / အပိုင္း ၄
အပိုင်း ၅ / အပိုင္း ၅
အပိုင်း ၆ / အပိုင္း ၆
အပိုင်း ၇ / အပိုင္း ၇
အပိုင်း ၈ / အပိုင္း ၈
အပိုင်း ၉ / အပိုင္း ၉
အပိုင်း ၁၀ / အပိုင္း ၁၀
အပိုင်း ၁၁ / အပိုင္း ၁၁
အပိုင်း ၁၂ / အပိုင္း ၁၂
အပိုင်း ၁၃ / အပိုင္း ၁၃
အပိုင်း ၁၄ / အပိုင္း ၁၄
အပိုင်း ၁၅ / အပိုင္း ၁၅
အပိုင်း ၁၆ / အပိုင္း ၁၆
အပိုင်း ၁၇ / အပိုင္း ၁၇
အပိုင်း ၁၈ / အပိုင္း ၁၈
အပိုင်း ၁၉ / အပိုင္း ၁၉
အပိုင်း ၂၀ / အပိုင္း ၂၀
အပိုင်း ၂၁ / အပိုင္း ၂၁
အပိုင်း ၂၂ / အပိုင္း ၂၂
အပိုင်း ၂၃ / အပိုင္း ၂၃
အပိုင်း ၂၄ / အပိုင္း ၂၄
အပိုင်း ၂၅ / အပိုင္း ၂၅
အပိုင်း ၂၆ / အပိုင္း ၂၆
အပိုင်း ၂၇ / အပိုင္း ၂၇
အပိုင်း ၂၈ / အပိုင္း ၂၈
အပိုင်း ၂၉ / အပိုင္း ၂၉
အပိုင်း ၃၀ / အပိုင္း ၃၀
အပိုင်း ၃၁ / အပိုင္း ၃၁
အပိုင်း ၃၂ / အပိုင္း ၃၂
အပိုင်း ၃၃ / အပိုင္း ၃၃
အပိုင်း ၃၄ / အပိုင္း ၃၄
အပိုင်း ၃၅ / အပိုင္း ၃၅
အပိုင်း ၃၆ / အပိုင္း ၃၆
အပိုင်း ၃၇ / အပိုင္း ၃၇
အပိုင်း ၃၈ / အပိုင္း ၃၈
အပိုင်း ၃၉ / အပိုင္း ၃၉
အပိုင်း ၄၀ / အပိုင္း ၄၀
အပိုင်း ၄၁ / အပိုင္း ၄၁
အပိုင်း ၄၂ / အပိုင္း ၄၂
အပိုင်း ၄၃ / အပိုင္း ၄၃
အပိုင်း ၄၄ / အပိုင္း ၄၄
အပိုင်း ၄၆ / အပိုင္း ၄၆
အပိုင်း ၄၇ / အပိုင္း ၄၇
အပိုင်း ၄၈ / အပိုင္း ၄၈
အပိုင်း ၄၉ / အပိုင္း ၄၉
အပိုင်း ၅၀ / အပိုင္း ၅၀
အပိုင်း ၅၁ / အပိုင္း ၅၁
အပိုင်း ၅၂ / အပိုင္း ၅၂
အပိုင်း ၅၃ / အပိုင္း ၅၃
အပိုင်း ၅၄ / အပိုင္း ၅၄
အပိုင်း ၅၅ / အပိုင္း ၅၅
အပိုင်း ၅၆ / အပိုင္း ၅၆
အပိုင်း ၅၇ / အပိုင္း ၅၇
အပိုင်း ၅၈ / အပိုင္း ၅၈
အပိုင်း ၅၉ / အပိုင္း ၅၉
ဇာတ်သိမ်းပိုင်း / ဇာတ္သိမ္းပိုင္း
Extra - 1
Extra - 2
Extra - 3
Book Announcement
A Htun Pre Order Tonight
Extra - 4
Extra - 5

အပိုင်း ၄၅ / အပိုင္း ၄၅

7.6K 819 33
By laung_laung

ခြံထဲကို တိုးဝင်လာတဲ့ လေနုအေး‌အေးက ကျွန်တော်တို့နှစ်ယောက်ကြားကို မဝင်နိုင်လို့ထင်ပါရဲ့ ဘေးက အပင်လေးတွေဆီကို တိုးဝှေ့ဝင်နေကြတာ အပင်ငယ်လေးတွေ ယိမ်းလို့ ။

" ကိုကိုး "

" အင်း ပြောလေ မောင် "

" သွားနားကြမယ်လေ "

" ဟုတ် မောင် သွားမယ်လေ "

အိမ်ထဲဝင်လာပြီး အပေါ်ထပ်က ကျွန်တော့်အခန်းထဲ ကိုကိုးကိုခေါ်လာလိုက်တယ် ။

" ကိုကိုး ရေချိုးလိုက်ဦးနော် ဗီဒိုထဲမှာ ကျွန်တော့်အဝတ်အစားတွေရှိတယ် "

" အင်း မောင် က ဘယ်လဲ "

" အကို့ဆီ ခဏ သွားမလို့ "

" ဪ အင်းပါ ပြီးရော "

ကိုကိုး ရေချိုးခန်းထဲဝင်သွားတော့ ကျွန်တော် အောက်ထပ်ကိုပြန်ဆင်းလာလိုက်တယ် ။ ခြေလှမ်းတွေက အိမ်အနောက်ဘက်က ဂိုထောင်ဆီ ။ ကျွန်တော့်ကိုမြင်တော့ တံခါးပေါက်က လူတွေက တံခါးကိုဆွဲဖွင့်လိုက်တယ် ။

" ဘယ်လိုလဲ သော်ချမ်းမြေ့ရဲ့ အိပ်လို့မှ ကောင်းရဲ့လား "

" တင်မောင်ထွန်းညို မင်း မင်းငါ့ကို ဘာအချိုးချိုးတာလဲ "

" ဘာအချိုးလဲ သိချင်လား "

ထိုင်ခုံနဲ့တွဲလျက် ကြိုးတုပ်ခံထားရတဲ့သော်ချမ်းမြေ့ရှေ့မှာ ခုံတစ်လုံးကိုဆွဲယူပြီး ထိုင်လိုက်တယ် ။ ဆေးလိပ်တစ်လိပ်ကိုမီးညှိကာ ခြေထောက်တစ်ဖက်ကို ချိတ်လိုက်သည် ။

" မင်း မယုတ်မာနဲ့ ခွေးကောင် "

" ဟားးး ယုတ်မာတယ်တဲ့လား "

မင်းမောင် မျက်လုံးနှစ်ဖက် ကြားနှာတံထိပ်ကို လက်နဲ့ထောက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည် ။ လျှာကို ပါးစောင်ကိုထိုးလိုက်ပြီး သော်ချမ်းမြေ့ကို စိုက်ကြည့်နေတဲ့ပုံက တကယ်ကို ကျောချမ်းဖွယ်အတိ ။

" မင်းက ဒါကို ယုတ်မာတယ်ခေါ်တာလား မင်းငါ့ကိုပြည့်တန်ဆာအိမ်မှာရောင်းသွားတာကျတော့ရော ဟမ် မင်းကိုမင်း မဟာအာကာပါလို့ ပြောသွားတာကျတော့ရော "

" မင်း ...... "

" ဘာလဲ ငါဘယ်လိုသိလဲမေးချင်တာလား သော်ချမ်းမြေ့ သော်ချမ်းမြေ့ မင်းရှေ့မှာထိုင်နေတဲ့ ငါဆိုတဲ့ကောင်က တင်မောင်ထွန်းညိုမဟုတ်တဲ့ ဉာဏ်မင်းမောင် ကွ သိလား ငါ့ နာ မည် ဉာဏ် မင်း မောင် "

သော့် ရဲ့ နားနားကို ကပ်ပြီး နာမည်ကို တစ်လုံးချင်းပြောပြီးနောက်မှာ တစက်တည်း သော့်ပါးပေါ်ကျလာတဲ့ အပူဒဏ် ။ ဆေးလိပ်မီးကြွေသည်အထိ ထိုးကပ်ထားတဲ့ ဆေးလိပ်ကို မီးသေသွားမှ မင်းမောင် လွှင့်ပစ်လိုက်တယ် ။

" ဘယ်လိုလဲ ပူလား နာလား ဟမ် မင်းရဲ့ ဒီမျက်နှာကိုသုံးပြီး ကိုကိုးကို လိုချင်တာလား "

" ခွေးကောင် မင်းသတ္တိရှိရင် ငါ့ကိုလွှတ်ပေး "

" လွှတ်ပေးချင်တာပေါ့ ဒါပေမယ့် တိုက်ကြခိုက်ကြတယ်ဆိုရင် အနည်းငယ်တော့ ဒဏ်ရာရစမြဲပဲလေကွာ ဟုတ်တယ်မလား ဒီည ငါက ဒဏ်ရာရလို့မဖြစ်သလို အားကုန်လို့လဲ မဖြစ်ဘူးကွ ငါ့ယောကျာ်းလေး မင်းချစ်နေတဲ့သူ နဲ့ လုပ်စရာတွေရှိ‌သေးတယ် "

" မင်း မင်း နောက်မှ ငါ့အဆိုးမဆိုနဲ့ "

" ဆိုစရာလား မင်းကို ဒီက ဘယ်သူက လွှတ်ပေးမယ်ပြောလဲ "

" မင်းသိအောင်ပြောလိုက်မယ် တင်မောင်ထွန်းညို မဟာက ငါ့ကိုအရင်ချစ်ခဲ့တာ ..... "

ဖြောင်း !!!!! ဝုန်း !!!!!!!

မင်းမောင် ရဲ့ လက်ပြန်တစ်ချက်ကြောင့် သော်ရော ထိုင်ခုံပါ လဲပြိုကျလျက် ။ သော့် ပါးစပ်ကထွက်ကျလာတဲ့ သွေးစတစ်ချို့ကို မင်းမောင်ကြည့်ပြီး

" ‌ထပ်ပြောရဲပြောကြည့် မင်းလျှာကိုဖြတ်ပစ်မယ် "

သော်ချမ်းမြေ့ရဲ့ ကြိတ်မနိုင် ခဲမရဖြစ်နေတဲ့ပုံက သိပ်ကို ရီချင်စရာကောင်းလှသည် ။ မင်းမောင်အချက်ပြလိုက်သည်မို့ စားပွဲလေးတစ်လုံးကို လူ ၂ ယောက်ကသယ်လာသည် ။ စားပွဲပေါ်မှာ ပန်းအိုးတွေအပြည့် ။

" သော်ချမ်းမြေ့ မင်းကို ငါပြောပြမယ် မင်း ငါနဲ့ကိုကိုး ကို လာခေါ်တဲ့ကားပေါ်မှာ မင်း ကိုကိုး ကို ပြောခဲ့တဲ့စကားတွေမှတ်မိလား "

သော်ချမ်းမြေ့က အံကြိတ်ကာ မျက်ထောင့်နီနဲ့သာကြည့်နေသည် ။

" မင်းက မပြောဘူးပေါ့ ရတယ် မင်းမပြောရင် ငါပြောမယ် "

" ပထမတစ်ခွန်း "

မင်းမောင် လက်က စားပွဲပေါ်က ပန်းအိုးတစ်လုံးကို လက်လှမ်းကိုင်လိုက်သည် ။ နောက် အသင့်အနေအထားရွယ်ပြီး

" မင်းရွေးချယ်ခဲ့တဲ့အရာက မင်းကိုရော သူ့ကိုရော မနာကျင်စေဖို့မျှော်လင့်တယ် တဲ့ "

ခွမ်း !!!!!!

စကားသံအဆုံးမှာထွက်လာတဲ့ အသံ ။ သော်ချမ်းမြေ့ခေါင်းကိုရိုက်လိုက်တဲ့ပန်းအိုးက အစိတ်စိတ်အမွှာမွှာ ။

" တော်တော်မာတဲ့ခေါင်းပဲ ဒုတိယတစ်ခွန်းဆက်သွားမယ် "

" မင်းပြောင်းလဲသွားတယ်တဲ့ ပြောင်းလဲသွားတတ်တဲ့သူတွေထဲမှာ မင်းမပါလောက်ဘူးထင်ခဲ့တာ တဲ့ "

ခွမ်း !!!!!!!

ဒီတစ်ခါတော့ သော်ချမ်းမြေ့နားထင်ကနေ စီးကျလာတဲ့ သွေးတွေ က ကြမ်းပြင်ထိ ကျလျက် ။ မင်းမောင် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည် ။

" နောက်တစ်ခွန်း က အခုရော မင်းပြောင်းလဲဦးမှာလား တဲ့ "

ခွမ်း !!!!!!!

" နောက်ရှိပါသေးတယ် ခဏတောင့်ထားဦး မင်းပြောခဲ့တာက ငါက ယောကျာ်းတွေကိုမကြိုက်ဘူးပြောတာလေ မဟာအာကာကို မချစ်ဘူးငြင်းတာမှ မဟုတ်တာတဲ့ "

ခွမ်း !!!!!!!!

သော်ချမ်းမြေ့ခေါင်းက သွေးတွေတောက်လျှောက်ကျနေပေမယ့် မျက်လုံးအကြည့်က လုံးဝ လျော့မသွား ။

" မင်းကါ့ကိုအဲ့လိုပဲကြည့်နေ တစ်သက်လုံးအဲ့လိုပဲကြည့်နေ သော်ချမ်းမြေ့ နောက်တစ်ခွန်းပြောမယ် မင်းတောကြိုအုံကြားကိုသွားပြီးတောသားတစ်ယောက်ကိုကောက်ယူလိုက်မယ်မထင်လို့ လွှတ်ပေးလိုက်တာတဲ့ "

ခွမ်း !!!!!!!!!

ခုံရော သော်ချမ်းမြေ့ပါ လဲကျသွားပြီး သတိလစ်သွားဟန်တူသည် ။ မျက်လုံးတွေပါ ပိတ်သွားလေရဲ့ ။

" ဟားးးး ဘယ်လိုလုပ်မလဲ သော်ချမ်းမြေ့ မင်းပြောတဲ့ အဲ့တောကြိုအုံကြားကတောသားကို မင်းရဲ့ချစ်သူက သိပ်ချစ်တာကွ "

ဟားးး !!!!!!!

" သူ့ကို ဆေးကုပေးလိုက် မနက်ဖြန် ထပ်တွေ့ရဦးမှာ "

မင်းမောင် အပြင်ပြန်ထွက်လာပြီး အခန်းထဲက ကိုကိုးဆီအပြေးလေးသွားလိုက်သည် ။

အခန်းအဝရောက်တော့ ဘေးအခန်းကို တစ်ချက်လှမ်းကြည့်မိတယ် ။ သွားဖို့စဉ်းစားပေမယ့် အကို အိပ်နေပြီထင်ပါရဲ့ ။ မနက်မှပဲ တွေ့တော့မယ် ။

အခန်းထဲရောက်တော့ ကိုကိုးက ချည်ဝမ်းဆက်အကွက်လေးနဲ့ ခေါင်းရေသုတ်နေသည် ။

" မောင့် အချစ်က ရေတောင်ချိုးပြီးပြီပဲ "

" အင်း မောင် က ကြာလိုက်တာ "

" မောင် ကြာတာ ဘယ်လိုသိလဲ "

" မောင်သွားတာ နာရီဝက်ကျော် အာ ..... မောင်  ဘာဖြစ်နေလဲ "

စကားပြောနေရင်း ကျွန်တော်ပြောတာကိုသဘောပေါက်သွား ကိုကိုး က ထ အော်ပါလေရော ။

" ကိုကိုးကလဲ စ တာပါ လာ ခေါင်းသုတ်ပေးမယ် "

ကိုကိုးလက်ထဲက သဘတ်ကို ဆွဲယူပြီး ခေါင်းသုတ်ပေးနေလိုက်တယ် ။ ကျွန်တော်တို့နှစ်ယောက်ရှေ့က ကိုယ်လုံးပေါ်မှန်ကြီးထဲမှာ ကျွန်တော်တို့နှစ်ယောက်ပုံကိုပြန်မြင်‌နေရတာက တကယ် မြတ်နိုးဖွယ်အတိ ။

" ကိုကိုး "

" အင်း ပြောလေ မောင် "

" အခုလုပ်နေတဲ့အစိုးရဆေးရုံမှာပဲ ဆက်လုပ်မှာလား ပင်ပန်းတယ်မလား "

" အလုပ်ကတော့ ဘယ်မှာပဲဖြစ်ဖြစ် ပင်ပန်းတာပါပဲ မောင်ရယ် ဟိုဟို ဒီဒီရယ်လို့မရွေးပါဘူး "

‌ရေသုတ်ပေးနေရာကနေ နောက်ကနေ မောင် က သိုင်းဖက်လာတယ် ။

" မောင် က မောင်တို့လက်ထပ်ပြီးရင် အိမ်မှာပဲနေစေချင်တာ မောင်စိတ်မချဘူး ပြီးတော့ မောင်ကလဲလိုက်မကြည့်နိုင်ဘူးလေ "

" မောင် ကိုယ်က မောင့်ထက် ၈ နှစ်တောင်ကြီးတာနော် စိတ်မချစရာဘာရှိလဲ "

" ကိုကိုးကလဲ အသက်ကြီးတာက ကြီးတာပဲ ဒါပေမယ့် မောင် စိတ်မချဘူးရယ် "

" မောင်ရယ် အရင်လို နယ်ဘက်တွေသွားနေရတာလဲမဟုတ်ဘူးလေ ရန်ကုန်မှာပဲကို "

" အင်းပါ ဒါ့ထက် မောင့်ကို ဖုန်းခဏခဏဆက်ရမယ်နော် "

" အင်း ဆက်မယ် "

မဟာ ကိုယ်လေးကို ရှေ့တိုးလိုက်ပြီး မောင့် ပေါ်ပေါ်ခေါင်းအုံးကာ လှဲချလိုက်တယ် ။

" မောင် "

" ဗျာ "

" ကိုယ်တို့ ဒီတစ်ခါ မခွဲဘူးနော် "

" လုံးဝပဲ အရင်က မောင့်မှာ ဘာအင်အားမှမရှိလို့ ခွဲခဲ့ရတာ အခုတော့ လုံးဝပဲ "

" အင်းပါ "

မဟာလဲ မောင့်လက်လေးကို ဆွဲယူပြီး ပါးပြင်ပေါ်မှာ ကပ်ထားလိုက်တယ် ။

" မောင့်ကိုလေ တစ်ခါတစ်လေကျရင် အထွန်း ပုံစံလေးအတိုင်း ပြန်မြင်ချင်တယ် တကယ့်ကို ဂျစ်တူးဆိုးပေလေး ပုဆိုးကိုစွန်တောင်စွဲပြီး အမြဲလေးခွတစ်ခုနဲ့ ကွမ်းတွေလဲစားထားသေး တစ်ခါတစ်လေ ထန်းရည်ကမူးပြီး သီချင်းတွေလျှောက်ဆိုနဲ့ ဖုန်တွေပေကျံနေတဲ့ဆံပင်တွေနဲ့ "

" အင်း မောင်အရင်က အရမ်းဆိုးတာနော် "

" ဒါပေမယ့် ချစ်တယ် "

" သိပါတယ် ဒီငမူးလေးကိုပဲအိပ်မက်ထဲထည့်မက်ခဲ့တာမလား "

" ဒါပေါ့ ပြီးတော့ မောင်လူလည်ကျတာလေ ကိုယ့်ကိုမေးတာ ကျောက်ပန်းတောင်းကိုလဲ ချစ်တယ် အေးရွာကိုလဲချစ်တယ်ဆိုတဲ့ မဟာအာကာက ကျုပ်ကိုရော ချစ်လား တဲ့ "

" ဟားး လွယ်တော့မလွယ်ဘူး မေးတတ်ရတာပေါ့ "

" အညာသားလူလည် "

" ဖလမ စပကြီး !!!!!! ကိုကိုးမလုပ်နဲ့ "

မဟာက ခါးကိုတို့တော့ ထ ပြီး ယောင်ပါလေရော ။

" ဟားးးး ကိုရွှေအညာသားက ယောင်တာတော့‌မပြောင်းလဲသေးဘူးပဲ "

" ကိုကိုးအရင် စ တာနော် "

ပေါင်ပေါ်ခေါင်းအုံးလှဲနေတဲ့ ကိုကိုး ကို ကလိလိုက်ထျုးတော့ ကိုကိုးက ထ ပြေးပါလေရော ။

" မညစ်နဲ့‌ မောင် တော်တော့ "

" ကိုကိုးအရင် စ တာ လေ လွတ်အောင် သာ ပြေး "

အခန်းထဲမှာပတ်ပြေးနေရင်း ဂျောင်ပိတ်အဖမ်းခံလိုက်ရတဲ့ မဟာ့ကို ပွေ့ချီပြီး ကုတင်ပေါ်ပစ်တင်ကာ အပေါ်ကနေ အုပ်မိုးပြီး ကြည့်နေလိုက်တယ် ။

" ဟက် ဟက် မောနေပြီ မောင်ရဲ့ "

" ဘာလို့ အားကုန်အောင်လုပ်လဲ "

" မောင့်ကို ခဏပဲ စ တာလေ "

" မောင် လဲ ပြန် စ ချင်တာလေ "

" ခဏပဲရမယ် "

" အိုကေ ရတယ် ခဏပဲ "

မောင် က အကျီအဖျားနားကို ဆွဲတင်ကာ ခါးနားကို လက်ချောင်းလေးတွေနဲ့ တို့ထိနေပြီး ရုတ်တရက်

" အ့ မောင် ခဏ "

ဆွဲယူစုပ်ခံလိုက်ရတဲ့ မဟာ့နှုတ်ခမ်း ။ မျက်လုံးလေးမှိတ်ပြီး မောင့်အနမ်းတွေကိုပြန်တုန့်ပြန်လိုက်တယ် ။ မောင့်လက်ချောင်းတွေက ခါးကနေ ရင်ဘတ်ဆီသို့ရွေ့လာတာနဲ့အမျှ အမျိုးအမည်မသိတဲ့ခံစားမှုတစ်ခု ရင်ထဲ လှိုက်တက်လာတယ် ။

" မောင် "

" ရှူးးးး မောင့်နောက်ကိုပဲ လိုက်ခဲ့လိုက်နော် "

လည်ပင်းသားတွေကို စုပ်ယူကာ နမ်းရှိုက်နေတဲ့မောင် ။ မောင့်ရဲ့အာငွေ့နွေးနွေးက တကယ်ကို တပ်မက်စေတယ် ။ မောင့်ရဲ့ အထိအတွေ့နုနုတွေက အသိစိတ်တစ်ခုလုံးဗြောင်းဆန်သွားဖို့ လုံလောက်တယ် ။ မောင့်ခါးလေးကို ကိုင်ထားမိတော့ မောင် က တစ်ချက်ပြုံးပြတယ် ။ မောင့်အပြုံးက လင်းလက်လိုက်တာ မောင့်အကြည့်တွေကရော စွဲမက်စရာအတိ ။

" အပေါ်မှာနေချင်လား ကိုကိုး "

" မောင့်သဘော "

" အဲ့တာဆို မောင့်နောက်ပဲလိုက်ခဲ့တော့ "

မောင် က ဘောင်းဘီအိတ်ထဲက တစ်ခုခုကိုထုတ်ယူနေပုံပဲ ။ ဒါပေမယ့် နှုတ်ခမ်းတွေကတော့ အလုပ်မပြတ် ။ မဟာ့လည်ပင်းမှာ အလုပ်ရှုပ်နေသည် ။ မောင် က ရုတ်တရက် ဆွဲထူလိုက်တာကြောင့် ထ လိုက်တော့ အကျီကို ဆွဲယူချွတ်လိုက်တဲ့မောင် ။ မဟာ့လက်တွေကို ကိုင်ကာ သူ့အကျီပေါ် တင်ပေးလာတယ် ။

မဟာလဲ အလိုက်တသိ အကျီကို ဆွဲချွတ်ပေးလိုက်တယ် ။ မဟာ့ဂုတ်ကို ခပ်ဖွဖွပွတ်ကာ နှုတ်ခမ်းကို အဆက်မပြတ်နမ်းရင်း ဖြေးဖြေးချင်းကုတင်ပေါ်ပြန်လှဲစေတယ် ။

" ကိုကိုး မောင် ရေမချိုးရသေးဘူး ရတယ်မလား "

" အင်း "

" ပြီးရော "

စကားပြန်ရတာနဲ့ ထပ်ပြီး နှုတ်ခမ်းတွေကို စုပ်နမ်းရင်း လက်ချောင်းတွေက မဟာ့ချယ်ရီသီးလေးတွေပေါ် ပြေးလွှားဖိချေနေလျက် ။

" အ့ မောင် "

မောင့်လက်တွေက တဖြေးဖြေး ချည်ဘောင်းဘီသားရေကြိုးလေးကို ကျော်ဖြတ်ပြီး တအိအိ ဝင်ရောက်လာတော့ မဟာ့ ကျောရိုးတစ်လျှောက်စိမ့်ပြီး ကျောပါမတ်သွားသလို ။ ဒါကိုသိတဲ့ မောင်က

" ကိုကိုး စိတ်လျော့နော် "

မဟာ ခေါင်းသာငြိမ့်ပြလိုက်သည် ။ ခြေချောင်းတွေကို ကုတ်ထားပြီး မောင့် ခါးကို ဖက်ထားလိုက်တယ် ။ ခဏအကြာမှာ တစ်ခါမှ တစ်ပါးသူမထိတွေ့ဘူးတဲ့နေရာကို မောင့်လက်ချောင်းတွေရောက်လာတယ် ။ မျက်လုံးကိုစုံမှိတ်ပြီး အံကြိတ်ထားလိုက်မိတယ် ။ မောင် က သူ့လက်တွေကို လှုပ်ရှားနေသလို နှုတ်ခမ်းနွေးနွေးကလဲ မဟာ့ရင်ဘတ်ပေါ်မှာ ။

ဘဝရဲ့ပထမဆုံးဆိုတဲ့အရာရာတွေကို မောင့်ကိုပေးအပ်ခဲ့ပြီ ။ မောင် ဟာ သိပ်ကိုညင်သာတဲ့သူတစ်ယောက်ပဲ ။ ကိုကိုးနာမှာဆိုးလို့ဆိုပြီး သူ့ကိုပဲ ဦးစားပေးခဲ့တယ် ။ အရေးကြီးတဲ့အချိန်မှာတောင် ကျွန်တော် ညည်းနေတာကြောင့် ရေချိုးခန်းထဲပြေးဝင်သွားတာ ။ ကျွန်တော့်ဘဝမှာ မောင် က လွဲပြီး တခြားသူ မလိုတော့ဘူးဆိုတာ သေချာပါတယ် ။

မောင် ရေချိုးခန်းထဲက သဘတ်လေးပတ်ပြီး ထွက်လာတော့ ကျွန်တော်ကိုင်ထားတဲ့ဝတ်စုံလေးကို ယူပြီး ဝတ်နေတယ် ။ ကျွန်တော်လဲရေချိုးခန်းထဲဝင်ပြီး ဒုတိယတစ်ခေါက်ရေချိုးလိုက်တယ် ။ မောင် ကရေအတူတူချိုးဖို့ပြောပေမယ့် ကျွန်တော်အဆင်မပြေဘူးပြောလို့ ဘာမှထပ်မပြောဘဲ နဖူးလေးငုံ့နမ်းပေးခဲ့တာ ။ ကျွန်တော်အရမ်းကြောက်ခဲ့တဲ့ နာကျင်မှုက မရှိသလောက်ပါပဲ ။ မထင်ထားလောက်အောင် အဆင်ပြေနေတယ် ။

" ကိုကိုး ကြာလိုက်တာ အအေးပတ်နေမယ် "

" မပတ်ပါဘူး မောင်ကလဲ "

" လာ မောင် နွားနို့ ပူပူလေး လုပ်ထားတယ် "

" နွားနို့လား "

" အင်း ကော်ဖီဆို အိပ်မပျော်မှာဆိုးလို့လေ "

မောင် ထိုင်နေတဲ့ ခုံနားမှာ သွားထိုင်ဖို့ပြင်တော့

" ထိုင်လို့ရလား ကိုကိုး "

" ကိုယ် ဘာမှမဖြစ်ပါဘူး မောင် "

" အင်းပါ ဒါပေမယ့် ဒီမှာ ထိုင်ပါလား "

မောင် က သူ့ပေါင်ကို ပုတ်ပြတာကြောင့် မောင့်ပေါင်ပေါ်ပဲ ထိုင်လိုက်မိတယ် ။ မောင် က ခါးကို လက်တစ်ဖက်နဲ့ သိုင်းဖက်ထားတယ် ။

" မွှေးနေတာပဲ "

ကျွန်တော့်ပခုံးပေါ်မေးတင်ပြီး ချွဲနေတဲ့ မောင် ။

" အင်း မောင်ရောပဲ "

" ကျေးဇူးပါ ကိုကိုး မောင့်ကို ယုံကြည်ပေးလို့ "

" ကိုယ် အယုံကြည်ဆုံးနဲ့အလိုအပ်ဆုံးက မောင် ပါပဲ "

" မောင် ကိုကိုး ကို အရမ်းချစ်တယ် "

" ကိုယ်လဲ မောင့်ကို အရမ်းချစ်တယ် "

" ကိုကိုး မောင့်ကို သီချင်းဆိုပြ "

" အင်း အတူတူဆိုမယ်လေ မောင် "

" အိုကေ တစ် နှစ် သုံး "

နံပါတ်စဉ်ရေတွက်လို့အပြီးမှာ နှစ်ယောက်သားဆီက ပြိုင်တူထွက်လာတဲ့ သီချင်းက

" ရောင်စုံဘောလုံး ရောင်စုံဘောလုံး တစ်လုံး ငါးပြား တစ်လုံး ငါးပြား ဟားးး ....... "

အခန်းတစ်ခုလုံး ရယ်သံလွင်လွင်လေးတွေ ပျံ့နှံ့လျက် ။

( စပရိုက်တိုက်လိုက်ပါတယ် အဆင်ပြေကြရဲ့လား )

Please Vote 💚

( Zawgyi )

ၿခံထဲကို တိုးဝင္လာတဲ့ ေလႏုေအး‌ေအးက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားကို မဝင္ႏိုင္လို႔ထင္ပါရဲ႕ ေဘးက အပင္ေလးေတြဆီကို တိုးေဝွ႔ဝင္ေနၾကတာ အပင္ငယ္ေလးေတြ ယိမ္းလို႔ ။

" ကိုကိုး "

" အင္း ေျပာေလ ေမာင္ "

" သြားနားၾကမယ္ေလ "

" ဟုတ္ ေမာင္ သြားမယ္ေလ "

အိမ္ထဲဝင္လာၿပီး အေပၚထပ္က ကြၽန္ေတာ့္အခန္းထဲ ကိုကိုးကိုေခၚလာလိုက္တယ္ ။

" ကိုကိုး ေရခ်ိဳးလိုက္ဦးေနာ္ ဗီဒိုထဲမွာ ကြၽန္ေတာ့္အဝတ္အစားေတြရွိတယ္ "

" အင္း ေမာင္ က ဘယ္လဲ "

" အကို႔ဆီ ခဏ သြားမလို႔ "

" ဪ အင္းပါ ၿပီးေရာ "

ကိုကိုး ေရခ်ိဳးခန္းထဲဝင္သြားေတာ့ ကြၽန္ေတာ္ ေအာက္ထပ္ကိုျပန္ဆင္းလာလိုက္တယ္ ။ ေျခလွမ္းေတြက အိမ္အေနာက္ဘက္က ဂိုေထာင္ဆီ ။ ကြၽန္ေတာ့္ကိုျမင္ေတာ့ တံခါးေပါက္က လူေတြက တံခါးကိုဆြဲဖြင့္လိုက္တယ္ ။

" ဘယ္လိုလဲ ေသာ္ခ်မ္းေျမ့ရဲ႕ အိပ္လို႔မွ ေကာင္းရဲ႕လား "

" တင္ေမာင္ထြန္းညိဳ မင္း မင္းငါ႔ကို ဘာအခ်ိဳးခ်ိဳးတာလဲ "

" ဘာအခ်ိဳးလဲ သိခ်င္လား "

ထိုင္ခုံနဲ႔တြဲလ်က္ ႀကိဳးတုပ္ခံထားရတဲ့ေသာ္ခ်မ္းေျမ့ေရွ႕မွာ ခုံတစ္လုံးကိုဆြဲယူၿပီး ထိုင္လိုက္တယ္ ။ ေဆးလိပ္တစ္လိပ္ကိုမီးညႇိကာ ေျခေထာက္တစ္ဖက္ကို ခ်ိတ္လိုက္သည္ ။

" မင္း မယုတ္မာနဲ႔ ေခြးေကာင္ "

" ဟားးး ယုတ္မာတယ္တဲ့လား "

မင္းေမာင္ မ်က္လုံးႏွစ္ဖက္ ၾကားႏွာတံထိပ္ကို လက္နဲ႔ေထာက္ၿပီး မဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္မိသည္ ။ လွ်ာကို ပါးေစာင္ကိုထိုးလိုက္ၿပီး ေသာ္ခ်မ္းေျမ့ကို စိုက္ၾကည့္ေနတဲ့ပုံက တကယ္ႀကိ ေက်ာခ်မ္းဖြယ္အတိ ။

" မင္းက ဒါကို ယုတ္မာတယ္ေခၚတာလား မင္းငါ႔ကိုျပည့္တန္ဆာအိမ္မွာေရာင္းသြားတာက်ေတာ့ေရာ ဟမ္ မင္းကိုမင္း မဟာအာကာပါလို႔ ေျပာသြားတာက်ေတာ့ေရာ "

" မင္း ...... "

" ဘာလဲ ငါဘယ္လိုသိလဲေမးခ်င္တာလား ေသာ္ခ်မ္းေျမ့ ေသာ္ခ်မ္းေျမ့ မင္းေရွ႕မွာထိုင္ေနတဲ့ ငါဆိုတဲ့ေကာင္က တင္ေမာင္ထြန္းညိဳမဟုတ္တဲ့ ဉာဏ္မင္းေမာင္ ကြ သိလား ငါ႔ နာ မည္ ဉာဏ္ မင္း ေမာင္ "

ေသာ့္ ရဲ႕ နားနားကို ကပ္ၿပီး နာမည္ကို တစ္လုံးခ်င္းေျပာၿပီးေနာက္မွာ တစက္တည္း ေသာ့္ပါးေပၚက်လာတဲ့ အပူဒဏ္ ။ ေဆးလိပ္မီးေႂကြသည္အထိ ထိုးကပ္ထားတဲ့ ေဆးလိပ္ကို မီးေသသြားမွ မင္းေမာင္ လႊင့္ပစ္လိုက္တယ္ ။

" ဘယ္လိုလဲ ပူလား နာလား ဟမ္ မင္းရဲ႕ ဒီမ်က္ႏွာကိုသုံးၿပီး ကိုကိုးကို လိုခ်င္တာလား "

" ေခြးေကာင္ မင္းသတၱိရွိရင္ ငါ႔ကိုလႊတ္ေပး "

" လႊတ္ေပးခ်င္တာေပါ႔ ဒါေပမယ့္ တိုက္ၾကခိုက္ၾကတယ္ဆိုရင္ အနည္းငယ္ေတာ့ ဒဏ္ရာရစၿမဲပဲေလကြာ ဟုတ္တယ္မလား ဒီည ငါက ဒဏ္ရာရလို႔မျဖစ္သလို အားကုန္လို႔လဲ မျဖစ္ဘူးကြ ငါ႔ေယာက်ာ္းေလး မင္းခ်စ္ေနတဲ့သူ နဲ႔ လုပ္စရာေတြရွိ‌ေသးတယ္ "

" မင္း မင္း ေနာက္မွ ငါ႔အဆိုးမဆိုနဲ႔ "

" ဆိုစရာလား မင္းကို ဒီက ဘယ္သူက လႊတ္ေပးမယ္ေျပာလဲ "

" မင္းသိေအာင္ေျပာလိုက္မယ္ တင္ေမာင္ထြန္းညိဳ မဟာက ငါ႔ကိုအရင္ခ်စ္ခဲ့တာ ..... "

ေျဖာင္း !!!!! ဝုန္း !!!!!!!

မင္းေမာင္ ရဲ႕ လက္ျပန္တစ္ခ်က္ေၾကာင့္ ေသာ္ေရာ ထိုင္ခုံပါ လဲၿပိဳက်လ်က္ ။ ေသာ့္ ပါးစပ္ကထြက္က်လာတဲ့ ေသြးစတစ္ခ်ိဳ႕ကို မင္းေမာင္ၾကည့္ၿပီး

" ‌ထပ္ေျပာရဲေျပာၾကည့္ မင္းလွ်ာကိုျဖတ္ပစ္မယ္ "

ေသာ္ခ်မ္းေျမ့ရဲ႕ ႀကိတ္မႏိုင္ ခဲမရျဖစ္ေနတဲ့ပုံက သိပ္ကို ရီခ်င္စရာေကာင္းလွသည္ ။ မင္းေမာင္အခ်က္ျပလိုက္သည္မို႔ စားပြဲေလးတစ္လုံးကို လူ ၂ ေယာက္ကသယ္လာသည္ ။ စားပြဲေပၚမွာ ပန္းအိုးေတြအျပည့္ ။

" ေသာ္ခ်မ္းေျမ့ မင္းကို ငါေျပာျပမယ္ မင္း ငါနဲ႔ကိုကိုး ကို လာေခၚတဲ့ကားေပၚမွာ မင္း ကိုကိုး ကို ေျပာခဲ့တဲ့စကားေတြမွတ္မိလား "

ေသာ္ခ်မ္းေျမ့က အံႀကိတ္ကာ မ်က္ေထာင့္နီနဲ႔သာၾကည့္ေနသည္ ။

" မင္းက မေျပာဘူးေပါ႔ ရတယ္ မင္းမေျပာရင္ ငါေျပာမယ္ "

" ပထမတစ္ခြန္း "

မင္းေမာင္ လက္က စားပြဲေပၚက ပန္းအိုးတစ္လုံးကို လက္လွမ္းကိုင္လိုက္သည္ ။ ေနာက္ အသင့္အေနအထားရြယ္ၿပီး

" မင္းေရြးခ်ယ္ခဲ့တဲ့အရာက မင္းကိုေရာ သူ့ကိုေရာ မနာက်င္ေစဖို႔ေမွ်ာ္လင့္တယ္ တဲ့ "

ခြမ္း !!!!!!

စကားသံအဆုံးမွာထြက္လာတဲ့ အသံ ။ ေသာ္ခ်မ္းေျမ့ေခါင္းကို႐ိုက္လိုက္တဲ့ပန္းအိုးက အစိတ္စိတ္အမႊာမႊာ ။

" ေတာ္ေတာ္မာတဲ့ေခါင္းပဲ ဒုတိယတစ္ခြန္းဆက္သြားမယ္ "

" မင္းေျပာင္းလဲသြားတယ္တဲ့ ေျပာင္းလဲသြားတတ္တဲ့သူေတြထဲမွာ မင္းမပါေလာက္ဘူးထင္ခဲ့တာ တဲ့ "

ခြမ္း !!!!!!!

ဒီတစ္ခါေတာ့ ေသာ္ခ်မ္းေျမ့နားထင္ကေန စီးက်လာတဲ့ ေသြးေတြ က ၾကမ္းျပင္ထိ က်လ်က္ ။ မင္းေမာင္ မဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္သည္ ။

" ေနာက္တစ္ခြန္း က အခုေရာ မင္းေျပာင္းလဲဦးမွာလား တဲ့ "

ခြမ္း !!!!!!!

" ေနာက္ရွိပါေသးတယ္ ခဏေတာင့္ထားဦး မင္းေျပာခဲ့တာက ငါက ေယာက်ာ္းေတြကိုမႀကိဳက္ဘူးေျပာတာေလ မဟာအာကာကို မခ်စ္ဘူးျငင္းတာမွ မဟုတ္တာတဲ့ "

ခြမ္း !!!!!!!!

ေသာ္ခ်မ္းေျမ့ေခါင္းက ေသြးေတြေတာက္ေလွ်ာက္က်ေနေပမယ့္ မ်က္လုံးအၾကည့္က လုံးဝ ေလ်ာ့မသြား ။

" မင္းကါ႔ကိုအဲ့လိုပဲၾကည့္ေန တစ္သက္လုံးအဲ့လိုပဲၾကည့္ေန ေသာ္ခ်မ္းေျမ့ ေနာက္တစ္ခြန္းေျပာမယ္ မင္းေတာႀကိဳအုံၾကားကိုသြားၿပီးေတာသားတစ္ေယာက္ကိုေကာက္ယူလိုက္မယ္မထင္လို႔ လႊတ္ေပးလိုက္တာတဲ့ "

ခြမ္း !!!!!!!!!

ခုံေရာ ေသာ္ခ်မ္းေျမ့ပါ လဲက်သြားၿပီး သတိလစ္သြားဟန္တူသည္ ။ မ်က္လုံးေတြပါ ပိတ္သြားေလရဲ႕ ။

" ဟားးးး ဘယ္လိုလုပ္မလဲ ေသာ္ခ်မ္းေျမ့ မင္းေျပာတဲ့ အဲ့ေတာႀကိဳအုံၾကားကေတာသားကို မင္းရဲ႕ခ်စ္သူက သိပ္ခ်စ္တာကြ "

ဟားးး !!!!!!!

" သူ့ကို ေဆးကုေပးလိုက္ မနက္ျဖန္ ထပ္ေတြ႕ရဦးမွာ "

မင္းေမာင္ အျပင္ျပန္ထြက္လာၿပီး အခန္းထဲက ကိုကိုးဆီအေျပးေလးသြားလိုက္သည္ ။

အခန္းအဝေရာက္ေတာ့ ေဘးအခန္းကို တစ္ခ်က္လွမ္းၾကည့္မိတယ္ ။ သြားဖို႔စဉ္းစားေပမယ့္ အကို အိပ္ေနၿပီထင္ပါရဲ႕ ။ မနက္မွပဲ ေတြ႕ေတာ့မယ္ ။

အခန္းထဲေရာက္ေတာ့ ကိုကိုးက ခ်ည္ဝမ္းဆက္အကြက္ေလးနဲ႔ ေခါင္းေရသုတ္ေနသည္ ။

" ေမာင့္ အခ်စ္က ေရေတာင္ခ်ိဳးၿပီးၿပီပဲ "

" အင္း ေမာင္ က ၾကာလိုက္တာ "

" ေမာင္ ၾကာတာ ဘယ္လိုသိလဲ "

" ေမာင္သြားတာ နာရီဝက္ေက်ာ္ အာ ..... ေမာင္  ဘာျဖစ္ေနလဲ "

စကားေျပာေနရင္း ကြၽန္ေတာ္ေျပာတာကိုသေဘာေပါက္သြား ကိုကိုး က ထ ေအာ္ပါေလေရာ ။

" ကိုကိုးကလဲ စ တာပါ လာ ေခါင္းသုတ္ေပးမယ္ "

ကိုကိုးလက္ထဲက သဘတ္ကို ဆြဲယူၿပီး ေခါင္းသုတ္ေပးေနလိုက္တယ္ ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေရွ႕က ကိုယ္လုံးေပၚမွန္ႀကီးထဲမွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပုံကိုျပန္ျမင္‌ေနရတာက တကယ္ ျမတ္ႏိုးဖြယ္အတိ ။

" ကိုကိုး "

" အင္း ေျပာေလ ေမာင္ "

" အခုလုပ္ေနတဲ့အစိုးရေဆး႐ုံမွာပဲ ဆက္လုပ္မွာလား ပင္ပန္းတယ္မလား "

" အလုပ္ကေတာ့ ဘယ္မွာပဲျဖစ္ျဖစ္ ပင္ပန္းတာပါပဲ ေမာင္ရယ္ ဟိုဟို ဒီဒီရယ္လို႔မေရြးပါဘူး "

‌ေရသုတ္ေပးေနရာကေန ေနာက္ကေန ေမာင္ က သိုင္းဖက္လာတယ္ ။

" ေမာင္ က ေမာင္တို႔လက္ထပ္ၿပီးရင္ အိမ္မွာပဲေနေစခ်င္တာ ေမာင္စိတ္မခ်ဘူး ၿပီးေတာ့ ေမာင္ကလဲလိုက္မၾကည့္ႏိုင္ဘူးေလ "

" ေမာင္ ကိုယ္က ေမာင့္ထက္ ၈ ႏွစ္ေတာင္ႀကီးတာေနာ္ စိတ္မခ်စရာဘာရွိလဲ "

" ကိုကိုးကလဲ အသက္ႀကီးတာက ႀကီးတာပဲ ဒါေပမယ့္ ေမာင္ စိတ္မခ်ဘူးရယ္ "

" ေမာင္ရယ္ အရင္လို နယ္ဘက္ေတြသြားေနရတာလဲမဟုတ္ဘူးေလ ရန္ကုန္မွာပဲကို "

" အင္းပါ ဒါ႔ထက္ ေမာင့္ကို ဖုန္းခဏခဏဆက္ရမယ္ေနာ္ "

" အင္း ဆက္မယ္ "

မဟာ ကိုယ္ေလးကို ေရွ႕တိုးလိုက္ၿပီး ေမာင့္ ေပၚေပၚေခါင္းအုံးကာ လွဲခ်လိုက္တယ္ ။

" ေမာင္ "

" ဗ်ာ "

" ကိုယ္တို႔ ဒီတစ္ခါ မခြဲဘူးေနာ္ "

" လုံးဝပဲ အရင္က ေမာင့္မွာ ဘာအင္အားမွမရွိလို႔ ခြဲခဲ့ရတာ အခုေတာ့ လုံးဝပဲ "

" အင္းပါ "

မဟာလဲ ေမာင့္လက္ေလးကို ဆြဲယူၿပီး ပါးျပင္ေပၚမွာ ကပ္ထားလိုက္တယ္ ။

" ေမာင့္ကိုေလ တစ္ခါတစ္ေလက်ရင္ အထြန္း ပုံစံေလးအတိုင္း ျပန္ျမင္ခ်င္တယ္ တကယ့္ကို ဂ်စ္တူးဆိုးေပေလး ပုဆိုးကိုစြန္ေတာင္စြဲၿပီး အၿမဲေလးခြတစ္ခုနဲ႔ ကြမ္းေတြလဲစားထားေသး တစ္ခါတစ္ေလ ထန္းရည္ကမူးၿပီး သီခ်င္းေတြေလွ်ာက္ဆိုနဲ႔ ဖုန္ေတြေပက်ံေနတဲ့ဆံပင္ေတြနဲ႔ "

" အင္း ေမာင္အရင္က အရမ္းဆိုးတာေနာ္ "

" ဒါေပမယ့္ ခ်စ္တယ္ "

" သိပါတယ္ ဒီငမူးေလးကိုပဲအိပ္မက္ထဲထည့္မက္ခဲ့တာမလား "

" ဒါေပါ႔ ၿပီးေတာ့ ေမာင္လူလည္က်တာေလ ကိုယ့္ကိုေမးတာ ေက်ာက္ပန္းေတာင္းကိုလဲ ခ်စ္တယ္ ေအးရြာကိုလဲခ်စ္တယ္ဆိုတဲ့ မဟာအာကာက က်ဳပ္ကိုေရာ ခ်စ္လား တဲ့ "

" ဟားး လြယ္ေတာ့မလြယ္ဘူး ေမးတတ္ရတာေပါ႔ "

" အညာသားလူလည္ "

" ဖလမ စပႀကီး !!!!!! ကိုကိုးမလုပ္နဲ႔ "

မဟာက ခါးကိုတို႔ေတာ့ ထ ၿပီး ေယာင္ပါေလေရာ ။

" ဟားးးး ကိုေရႊအညာသားက ေယာင္တာေတာ့‌မေျပာင္းလဲေသးဘူးပဲ "

" ကိုကိုးအရင္ စ တာေနာ္ "

ေပါင္ေပၚေခါင္းအုံးလွဲေနတဲ့ ကိုကိုး ကို ကလိလိုက္ထ်ဳးေတာ့ ကိုကိုးက ထ ေျပးပါေလေရာ ။

" မညစ္နဲ႔‌ ေမာင္ ေတာ္ေတာ့ "

" ကိုကိုးအရင္ စ တာ ေလ လြတ္ေအာင္ သာ ေျပး "

အခန္းထဲမွာပတ္ေျပးေနရင္း ေဂ်ာင္ပိတ္အဖမ္းခံလိုက္ရတဲ့ မဟာ့ကို ေပြ႕ခ်ီၿပီး ကုတင္ေပၚပစ္တင္ကာ အေပၚကေန အုပ္မိုးၿပီး ၾကည့္ေနလိုက္တယ္ ။

" ဟက္ ဟက္ ေမာေနၿပီ ေမာင္ရဲ႕ "

" ဘာလို႔ အားကုန္ေအာင္လုပ္လဲ "

" ေမာင့္ကို ခဏပဲ စ တာေလ "

" ေမာင္ လဲ ျပန္ စ ခ်င္တာေလ "

" ခဏပဲရမယ္ "

" အိုေက ရတယ္ ခဏပဲ "

ေမာင္ က အက်ီအဖ်ားနားကို ဆြဲတင္ကာ ခါးနားကို လက္ေခ်ာင္းေလးေတြနဲ႔ တို႔ထိေနၿပီး ႐ုတ္တရက္

" အ့ ေမာင္ ခဏ "

ဆြဲယူစုပ္ခံလိုက္ရတဲ့ မဟာ့ႏႈတ္ခမ္း ။ မ်က္လုံးေလးမွိတ္ၿပီး ေမာင့္အနမ္းေတြကိုျပန္တုန္႔ျပန္လိုက္တယ္ ။ ေမာင့္လက္ေခ်ာင္းေတြက ခါးကေန ရင္ဘတ္ဆီသို႔ေရြ႕လာတာနဲ႔အမွ် အမ်ိဳးအမည္မသိတဲ့ခံစားမႈတစ္ခု ရင္ထဲ လႈိက္တက္လာတယ္ ။

" ေမာင္ "

" ႐ွဴးးးး ေမာင့္ေနာက္ကိုပဲ လိုက္ခဲ့လိုက္ေနာ္ "

လည္ပင္းသားေတြကို စုပ္ယူကာ နမ္းရႈိက္ေနတဲ့ေမာင္ ။ ေမာင့္ရဲ႕အာေငြ႕ေႏြးေႏြးက တကယ္ကို တပ္မက္ေစတယ္ ။ ေမာင့္ရဲ႕ အထိအေတြ႕ႏုႏုေတြက အသိစိတ္တစ္ခုလုံးေျဗာင္းဆန္သြားဖို႔ လုံေလာက္တယ္ ။ ေမာင့္ခါးေလးကို ကိုင္ထားမိေတာ့ ေမာင္ က တစ္ခ်က္ၿပဳံးျပတယ္ ။ ေမာင့္အၿပဳံးက လင္းလက္လိုက္တာ ေမာင့္အၾကည့္ေတြကေရာ စြဲမက္စရာအတိ ။

" အေပၚမွာေနခ်င္လား ကိုကိုး "

" ေမာင့္သေဘာ "

" အဲ့တာဆို ေမာင့္ေနာက္ပဲလိုက္ခဲ့ေတာ့ "

ေမာင္ က ေဘာင္းဘီအိတ္ထဲက တစ္ခုခုကိုထုတ္ယူေနပုံပဲ ။ ဒါေပမယ့္ ႏႈတ္ခမ္းေတြကေတာ့ အလုပ္မျပတ္ ။ မဟာ့လည္ပင္းမွာ အလုပ္ရႈပ္ေနသည္ ။ ေမာင္ က ႐ုတ္တရက္ ဆြဲထူလိုက္တာေၾကာင့္ ထ လိုက္ေတာ့ အက်ီကို ဆြဲယူခြၽတ္လိုက္တဲ့ေမာင္ ။ မဟာ့လက္ေတြကို ကိုင္ကာ သူ့အက်ီေပၚ တင္ေပးလာတယ္ ။

မဟာလဲ အလိုက္တသိ အက်ီကို ဆြဲခြၽတ္ေပးလိုက္တယ္ ။ မဟာ့ဂုတ္ကို ခပ္ဖြဖြပြတ္ကာ ႏႈတ္ခမ္းကို အဆက္မျပတ္နမ္းရင္း ေျဖးေျဖးခ်င္းကုတင္ေပၚျပန္လွဲေစတယ္ ။

" ကိုကိုး ေမာင္ ေရမခ်ိဳးရေသးဘူး ရတယ္မလား "

" အင္း "

" ၿပီးေရာ "

စကားျပန္ရတာနဲ႔ ထပ္ၿပီး ႏႈတ္ခမ္းေတြကို စုပ္နမ္းရင္း လက္ေခ်ာင္းေတြက မဟာ့ခ်ယ္ရီသီးေလးေတြေပၚ ေျပးလႊားဖိေခ်ေနလ်က္ ။

" အ့ ေမာင္ "

ေမာင့္လက္ေတြက တေျဖးေျဖး ခ်ည္ေဘာင္းဘီသားေရႀကိဳးေလးကို ေက်ာ္ျဖတ္ၿပီး တအိအိ ဝင္ေရာက္လာေတာ့ မဟာ့ ေက်ာ႐ိုးတစ္ေလွ်ာက္စိမ့္ၿပီး ေက်ာပါမတ္သြားသလို ။ ဒါကိုသိတဲ့ ေမာင္က

" ကိုကိုး စိတ္ေလ်ာ့ေနာ္ "

မဟာ ေခါင္းသာၿငိမ့္ျပလိုက္သည္ ။ ေျခေခ်ာင္းေတြကို ကုတ္ထားၿပီး ေမာင့္ ခါးကို ဖက္ထားလိုက္တယ္ ။ ခဏအၾကာမွာ တစ္ခါမွ တစ္ပါးသူမထိေတြ႕ဘူးတဲ့ေနရာကို ေမာင့္လက္ေခ်ာင္းေတြေရာက္လာတယ္ ။ မ်က္လုံးကိုစုံမွိတ္ၿပီး အံႀကိတ္ထားလိုက္မိတယ္ ။ ေမာင္ က သူ့လက္ေတြကို လႈပ္ရွားေနသလို ႏႈတ္ခမ္းေႏြးေႏြးကလဲ မဟာ့ရင္ဘတ္ေပၚမွာ ။

ဘဝရဲ႕ပထမဆုံးဆိုတဲ့အရာရာေတြကို ေမာင့္ကိုေပးအပ္ခဲ့ၿပီ ။ ေမာင္ ဟာ သိပ္ကိုညင္သာတဲ့သူတစ္ေယာက္ပဲ ။ ကိုကိုးနာမွာဆိုးလို႔ဆိုၿပီး သူ့ကိုပဲ ဦးစားေပးခဲ့တယ္ ။ အေရးႀကီးတဲ့အခ်ိန္မွာေတာင္ ကြၽန္ေတာ္ ညည္းေနတာေၾကာင့္ ေရခ်ိဳးခန္းထဲေျပးဝင္သြားတာ ။ ကြၽန္ေတာ့္ဘဝမွာ ေမာင္ က လြဲၿပီး တျခားသူ မလိုေတာ့ဘူးဆိုတာ ေသခ်ာပါတယ္ ။

ေမာင္ ေရခ်ိဳးခန္းထဲက သဘတ္ေလးပတ္ၿပီး ထြက္လာေတာ့ ကြၽန္ေတာ္ကိုင္ထားတဲ့ဝတ္စုံေလးကို ယူၿပီး ဝတ္ေနတယ္ ။ ကြၽန္ေတာ္လဲေရခ်ိဳးခန္းထဲဝင္ၿပီး ဒုတိယတစ္ေခါက္ေရခ်ိဳးလိုက္တယ္ ။ ေမာင္ ကေရအတူတူခ်ိဳးဖို႔ေျပာေပမယ့္ ကြၽန္ေတာ္အဆင္မေျပဘူးေျပာလို႔ ဘာမွထပ္မေျပာဘဲ နဖူးေလးငုံ႔နမ္းေပးခဲ့တာ ။ ကြၽန္ေတာ္အရမ္းေၾကာက္ခဲ့တဲ့ နာက်င္မႈက မရွိသေလာက္ပါပဲ ။ မထင္ထားေလာက္ေအာင္ အဆင္ေျပေနတယ္ ။

" ကိုကိုး ၾကာလိုက္တာ အေအးပတ္ေနမယ္ "

" မပတ္ပါဘူး ေမာင္ကလဲ "

" လာ ေမာင္ ႏြားႏို႔ ပူပူေလး လုပ္ထားတယ္ "

" ႏြားႏို႔လား "

" အင္း ေကာ္ဖီဆို အိပ္မေပ်ာ္မွာဆိုးလို႔ေလ "

ေမာင္ ထိုင္ေနတဲ့ ခုံနားမွာ သြားထိုင္ဖို႔ျပင္ေတာ့

" ထိုင္လို႔ရလား ကိုကိုး "

" ကိုယ္ ဘာမွမျဖစ္ပါဘူး ေမာင္ "

" အင္းပါ ဒါေပမယ့္ ဒီမွာ ထိုင္ပါလား "

ေမာင္ က သူ့ေပါင္ကို ပုတ္ျပတာေၾကာင့္ ေမာင့္ေပါင္ေပၚပဲ ထိုင္လိုက္မိတယ္ ။ ေမာင္ က ခါးကို လက္တစ္ဖက္နဲ႔ သိုင္းဖက္ထားတယ္ ။

" ေမႊးေနတာပဲ "

ကြၽန္ေတာ့္ပခုံးေပၚေမးတင္ၿပီး ခြၽဲေနတဲ့ ေမာင္ ။

" အင္း ေမာင္ေရာပဲ "

" ေက်းဇူးပါ ကိုကိုး ေမာင့္ကို ယုံၾကည္ေပးလို႔ "

" ကိုယ္ အယုံၾကည္ဆုံးနဲ႔အလိုအပ္ဆုံးက ေမာင္ ပါပဲ "

" ေမာင္ ကိုကိုး ကို အရမ္းခ်စ္တယ္ "

" ကိုယ္လဲ ေမာင့္ကို အရမ္းခ်စ္တယ္ "

" ကိုကိုး ေမာင့္ကို သီခ်င္းဆိုျပ "

" အင္း အတူတူဆိုမယ္ေလ ေမာင္ "

" အိုေက တစ္ ႏွစ္ သုံး "

နံပါတ္စဉ္ေရတြက္လို႔အၿပီးမွာ ႏွစ္ေယာက္သားဆီက ၿပိဳင္တူထြက္လာတဲ့ သီခ်င္းက

" ေရာင္စုံေဘာလုံး ေရာင္စုံေဘာလုံး တစ္လုံး ငါးျပား တစ္လုံး ငါးျပား ဟားးး ....... "

အခန္းတစ္ခုလုံး ရယ္သံလြင္လြင္ေလးေတြ ပ်ံ႕ႏွံ႔လ်က္ ။

( စပ႐ိုက္တိုက္လိုက္ပါတယ္ အဆင္ေျပၾကရဲ႕လား )

Please Vote 💚









Continue Reading

You'll Also Like

738K 61.9K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
269K 9.7K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
195K 23.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
800K 25.4K 31
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...