❄︎Completed❄︎နှင်းပွင့်လေးမျာ...

Autorstwa demoncm

338K 41.6K 876

This is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှ... Więcej

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42: မျက်နှာချေနီများဝယ်ယူခြင်း
Chapter 43 : အကြံဆိုးကြီးနဲ့အမျိုးသမီး
Chapter 44: မကောင်းသောအတွေးများ
Chapter 45 : အခက်အခဲနည်းနည်း
Chapter 46: ကျန်းဟူနှင့်အင်ပါရီယာတရားရုံး
Chapter 47: တိတ်တဆိတ်အစီအစဉ် (၁)
Chapter 48: တိတ်တဆိတ်အစီအစဉ် (၂)
Chapter 49: တိတ်တဆိတ်အစီအစဉ် (၃)
Chapter 50: တိတ်တဆိတ်အစီအစဉ် (၄)
Chapter 51: တိတ်တဆိတ်အစီအစဉ် (၅)
Chapter 52: တိတ်တဆိတ်အစီအစဉ် (၆)
Chapter 53: အစစ်အမှန်လော..ပုံရိပ်ယောင်ပင်လော..
Chapter 54.1 : အိပ်မက်ဆိုးမက်တာပါ
Chapter 54.2
Chapter 55.1 : တစ်ယောက်ထဲအပိုင်သိမ်းထားလို့ဘယ်ရမလဲနော့်
Chapter 55.2
Chapter 56 : အားလုံးသေကုန်ကြပြီလား
Chapter 57 : နွေဦးပွဲတော်ကာရန်ညီကဗျာများရေးဖွဲ့ကြခြင်း
Chapter 58.1 : သံသယဝင်လာခြင်း
Chapter 58.2
Chapter 59.1 : ကြောက်ဖွယ်ကောင်းသောအတွေး
Chapter 59.2
Chapter 60.1 : အထင်လွဲခြင်း
Chapter 60.2
Chapter 61.1 : လျှို့ဝှက်တိုးတက်မှု
Chapter 61.2
Chapter 62.1 : သူမလေးစိတ်ကောက်နေ၏ (၁)
Chapter 62.2
Chapter 63.1 : သူမလေးစိတ်ကောက်နေ၏ (၂)
Chapter 63.2
Chapter 64.1 : မက်မွန်စိမ်းကြောင့်မက်မွန်ဝိုင်ကိုရတယ်
Chapter 64.2
Chapter 65.1 : ဖက်ထုပ်များပြုလုပ်ကြခြင်း
Chapter 65.2
Chapter 66.1 : ယောက္ခမအိမ်သို့အလည်တစ်ခေါက်
Chapter 66.2
Chapter 67.1 : ဂုဏ်အရှိဆုံး၊ အကျော်ကြားဆုံးသော ယောက်ျား
Chapter (67.2)
Chapter 68: မားမားချောင်၏လျှို့ဝှက်အဆက်အသွယ်
Chapter 69: ယွမ်ရှန်း၏ကြမ္မာလမ်း
Important!! Plz read this part before you read Chapter (70)
Chapter 70 : Ending

Chapter 19

4.5K 609 7
Autorstwa demoncm

Zawgyi

အခန္း (၁၉)
ကိုယ္တို႔လက္ေဆာင္ေတြမေပးဘဲနဲ႕ေတာ့မေနသင့္ဘူးေလ

႐ႊယ့္တုန္ထင္းက ငါးႀကီးနဂါးနံ႕သာကို အသာခ်လိဳက္ၿပီး စုန႔္ယြီမင္၏ အ၀တ္ေဟာင္းတစ္စုံကို ေတြ႕လိုက္သည္။ ၾကမ္းတမ္းေသာခ်ည္သားအကၤ်ီသည္ သူ၏ေယာက္်ားရနံ႕ကို ရေနသည္။ ႐ႊယ္တုန္ထင္း၏ မ်က္ႏွာနီျမန္းသြားကာ အကၤ်ီ၏ အတိုင္းအတာမ်ားကို အျမန္တိုင္းလိုက္ၿပီး ပိတ္စကို အကၤ်ီခ်ဳပ္ရန္ လုပ္လိုက္သည္။

သူမ မသိလိုက္ခင္ ေန႕လယ္ေရာက္သြားၿပီျဖစ္သည္။ သို႔ေသာ္ စုန႔္ယြီမင္မွာမူ ျပန္မေရာက္ေသးေခ်။ သူမ မီးဖိုေခ်ာင္သို႔သြားကာ ဟင္းမ်ားကို ျပန္ႏႊေးလိုက္သည္။ ဟင္းႏႊေးၿပီးေသာအခါ သူမ အကၤ်ီကို ဆက္ခ်ဳပ္ေနလိုက္သည္။

ေဆာင္းေန႕လည္ခင္းသည္ ရွည္လ်ားၿပီး ေအးစိမ့္စိမ့္နိုင္ေသာ္လည္း ငါးဖမ္းသမား၏အိမ္ေလးသည္ ႏြေးေထြးေနသည္။ ႐ႊယ့္တုန္ထင္းက အႏြေးအကၤ်ီကို ခြၽတ္ကာ မီးလင္းဖိုနားတြင္ ငုတ္တုတ္ထိုင္လိုက္သည္။

မီးလင္းဖိုထဲတြင္ မီးကအရွိန္တၿငီးၿငီးေလာင္ကြၽမ္းေနေသးေသာေၾကာင့္ သူမ၏ခ်ဳပ္လက္စအကၤ်ီကို ေဘးခနခ်ကာ မီးဖိုေခ်ာင္သို႔ သြား၍ ထမင္းအနည္းငယ္ယူလာၿပီး ထမင္းေပါင္းအိုးကို မီးလင္းဖိုေပၚတြင္တင္ကာ ျဖည္းျဖည္းခ်င္း ခ်က္ျပဳတ္လိုက္၏။ စုန႔္ယြီမင္ အိမ္ျပန္ေရာက္လာခ်ိန္ႏွင့္ ယာဂုကက်က္ၿပီး ျဖစ္ေပလိမ့္မည္။

သစ္သားအိုးအဖုံး၏ ေထာင့္စြန္းနားေလးမွ ေရႏြေးေငြ႕မ်ား တလူလူထြက္လာသည္။ ႐ႊယ့္တုန္ထင္းက ထမင္းအိုးကို ထပ္ၿပီး မဆူပြက္ေတာ့ေစရန္ အေပၚသို႔ အနည္းငယ္ျမႇောက္လိုက္သည္။ ထမင္းအိုးအဖုံးကိုဖြင့္လိုက္တိုင္း သူမႏွာေခါင္းထဲသို႔ ယာဂုနံ႕သင္းသင္းေလးက ပ်ံ့လြင့္လာတတ္သည္။ သူမ၏ စိတ္ေလးမွာ ၿငိမ္သက္ၿငိမ္းခ်မ္းေန၏။ ေန႕စဥ္ဘဝ၏ လုပ္ငန္းအစဥ္စဥ္က အမွန္ပင္ သာယာေနေပသည္။

ညေနေစာင္းခါနီးတြင္ သူမအျပင္ဘက္မွ ေလးလံကာ စည္းခ်က္ညီေသာေျခသံမ်ား ၾကားလိုက္ရသည္။ သည္အျဖစ္က သူမကို ေျပာမျပနိုင္ေအာင္ ေပ်ာ္႐ႊင္ေစ၏။ သူမ ၿခံဝင္းထဲကိုထြက္လာရန္ တံခါးဖြင့္လိုက္ရာတြင္ စုန႔္ယြီမင္က ငါးႀကီးႏွစ္ေကာင္ႏွင့္ မုန႔္အခ်ိဳမ်ားပါေသာအထုပ္တို႔ကို ဆြဲလာသည္ကို ေတြ႕လိုက္ရသည္။

"ရွင္ ငါးဖမ္းခဲ့ေသးတာလား" သူမက တအံ့တဩေမးသည္။ "ဒီေလာက္ေအးတဲ့ ေဆာင္းရာသီမွာေတာင္ ရွင္ ငါးေတြ ဖမ္းမိနိုင္ေသးတယ္ေပါ့"

Song Yuming သည္ ငါးႏွစ္ေကာင္ကို ပုံးထဲသို႔ ထည့္လိုက္ၿပီး ၿပဳံးလိုက္၏။ "ကိုယ္ကံေကာင္းလို႔ ဒီေန႕ႏွစ္ေကာင္ေတာင္ဖမ္းမိတယ္။ ေျပာရမယ္ဆို ေဆာင္းရာသီငါးေတြက အသားမ်ားတယ္ေလ" သူက မုန႔္အခ်ိဳထုပ္မ်ားကို ျမႇောက္ျပလ်က္ ဆိုသည္။ "မနက္ျဖန္က်ရင္ ဒီအထုပ္ေတြကို ၿမိဳ႕ကို လမ္းႀကဳံယူသြားမယ့္ သူတစ္ေယာက္ ရွိတယ္။ မနက္ျဖန္မင္းရဲ႕အိမ္ကို ကိုယ္တို႔ျပန္တဲ့အခါ ဒါေတြကို ကိုယ္တို႔ ယူသြားလို႔ရတာပဲ။ အန္တီေခ်ာင္က ဒီငါးေတြ ယူလာတာျဖစ္ျဖစ္ ယူမလာတာျဖစ္ျဖစ္ သိပ္ဂ႐ုစိုက္မွာေတာ့ မဟုတ္ပါဘူး၊ ဒါေပမယ့္ ကိုယ္တို႔လက္ေဆာင္ေတြကို မေပးဘဲနဲ႕ေတာ့ မေနသင့္ဘူးေလ"

႐ႊယ့္တုန္ထင္းက "အြန္း" ဟုေျပာလိုက္ကာ အထုပ္မ်ားကို သြားယူလိုက္သည္။ သူမ တကယ္ကို ေက်းဇူးတင္ေနသည္။ သူ ဤမွ်ထိ အလိုက္သိတတ္မည္ဟာလည္း သူမ မေမွ်ာ္လင့္ထားခဲ့ေပ။

စုန႔္ယြီမင္က သူ၏ *ေကာက္ရိုးမိုးကာအကၤ်ီကို ခြၽတ္ကာ အိမ္ျပင္ဘက္နံရံတြင္ ခ်ိတ္ထားလိုက္ၿပီး ႐ႊယ့္တုန္ထင္းႏွင့္အတူ အိမ္ထဲသို႔ ဝင္သြားသည္။

(T/N : *Straw raincoat တဲ့။ ေကာက္ရိုးမိုးကာအကၤ်ီလို႔ထင္တာပဲ)

သူသည္ မီးလင္းဖိုေပၚရွိ ယာဂုအိုးကိုၾကည့္ကာ ေခါင္းညိတ္ၿပီး ၿပဳံးသည္။ "ဒါ အႀကံေကာင္းပဲ"

"ရွင္ ေန႕လည္စာစားၿပီးၿပီလား" သူမက ေမးလာသည္။

ကိုယ္က ပဲ့ထိန္းကိုင္တဲ့ လူအိုႀကီးေက်ာက္နဲ႕ အတူစားခဲ့ၿပီးၿပီ။ ႏြေးေထြးသြားေအာင္လို႔လည္း ဝိုင္နည္းနည္းေလာက္ ေသာက္ခဲ့ေသးတယ္။ စိတ္မပူပါနဲ႕။

႐ႊယ္တုန္ထင္းက ေခါင္းညိတ္ကာ ဘာမွဆက္မေျပာေတာ့ေပ။

စုန႔္ယြီမင္က သူ႕ဇနီးေလး၏ ျဖဴေဖ်ာ့ေနေသာမ်က္ႏွာကို ၾကည့္လိုက္သည္။ "မင္း ဒီေန႕ အဖ်ားသက္သာလာၿပီလား?"

"အဖ်ားကျဖင့္ က်သြားတာၾကာေပါ့။ လာပါ၊ ကြၽန္မ ပူပူႏြေးႏြေးေလး ခ်က္ေပးမယ္ေလ"

စုန႔္ယြီမင္က သူမကို အျမန္တား၏။ "မီးဖိုေခ်ာင္ထဲမွာ ေအးတယ္၊ ကိုယ္လုပ္လိုက္မယ္"

႐ႊယ့္တုန္ထင္း ၿပဳံးလိုက္သည္။ "ကြၽန္မ ေနေကာင္းေနပါၿပီ၊ ကြၽန္မက ရွင္ထင္ေနသေလာက္ အားနည္းခ်ဴခ်ာမေနပါဘူးေနာ္" ထို႔ေနာက္ သူမ ထြက္သြားေလသည္။

စုန႔္ယြီမင္က ရယ္ေမာကာ ႐ႊယ့္တုန္ထင္းႏွင့္တူတူ မီးဖိုေခ်ာင္ထဲ ဝင္သြားသည္။ သူက ထင္းမ်ားကို မီးဖိုကမီး ပိုေတာက္ေအာင္ ထပ္ထည့္ေနစဥ္ သူမက ဟင္းခ်က္သည္။

႐ႊယ့္တုန္ထင္းမွာ သူ႕ကို ၾကည့္လိုက္ေသာအခါ အရွိန္တၿငီးၿငီးမီးလွ်ံမ်ားက သူ႕ပါးျပင္ေပၚ ေရာင္ျပန္ဟပ္ကာ မ်က္ႏွာအနားသတ္မ်ဥ္းေၾကာင္းမ်ားက သိသိသာသာကို ထင္းထြက္ေနသည္။ မီးထဲသို႔စူးစိုက္ၾကည့္ေနေသာ သူ႕မ်က္ဝန္းနက္မ်ားက အလွ်ံပယ္ ေတာက္ပေန၏။

သူမက သူ႕အား ေမးသည္။ "ရွင္ အဲ့ဒီကြၽန္းငယ္ေလးေပၚမွာ ငါးႀကီးနဂါးနံ႕သာကို ေတြ႕ခဲ့တာလား"

စုန႔္ယြီမင္က ေခါင္းညိတ္သည္။ "ဟုတ္တယ္ေလ။ မႏွစ္က ကိုယ္ပင္လယ္ထဲကို သြားေတာ့ အဲ့ဒီကြၽန္းငယ္ေလးထဲက ငါးႀကီးနဂါးနံ႕သာကို ေတြ႕လို႔ ယူလာခဲ့တာ။"

သူေျပာတာကို သူမနားေထာင္တာ ဘာမွမျဖစ္ပါေခ်။ သို႔ေသာ္ျငား ပင္လယ္ထဲကို တစ္ေယာက္တည္းထြက္သြားတာက သူ႕အတြက္အႏၱရာယ္မ်ားစြာႏွင့္ ရင္ဆိုင္ခဲ့ရမည္က ေျမႀကီးလက္ခတ္မလြဲေပ။ ႐ႊယ့္တုန္ထင္းက အိပ္ခန္းထဲကနံ႕သာအိုးကို သတိရသြားကာ"ဒါဆို အိပ္ခန္းထဲက ဆီမီးခြက္ကေရာ အဲ့ဒီေဝလငါးဆီကို သုံးထားတာပဲလား"

"အြန္း" သူက ဆိုသည္။ "ကိုယ္ ပင္လယ္ထဲကိုသြားတုန္းက ကြၽန္းေပၚမွာ ကမ္းေျခေဝလငါးတစ္ေကာင္ ေသာင္တင္ေနခဲ့တာ။ ကိုယ္သာ အဲ့ဒီေဝလငါးအသားကို မစားခဲ့ဘူးဆိုရင္ အဲ့ဒီမွာ ရွင္သန္နိုင္မယ္ မထင္ဘူး။

ကိုယ္ အဲ့ကြၽန္းက ထြက္မသြားခင္ ေဝလငါးအဆီကို အိုးတစ္လုံးစာေလာက္ျဖည့္ၿပီး အိမ္ကေျမေအာက္ခန္းထဲမွာ ထည့္ထားတယ္။ ကိုယ္ အဲဒီဆီကို မီးရွို႔ၿပီး သုံးေနခဲ့တာတစ္ႏွစ္ေတာင္ ေက်ာ္ေပါ့၊ ဒါေတာင္အကုန္မသုံးရေသးဘူး။ အဲ့ဒီဆီက ပုံမွန္ဆီေတြထက္ အမ်ားႀကီးပိုၾကာၾကာ ေလာင္တာကိုး"

----

T/N :
အဟြတ္ဟြတ္အမေလးကြယ္။ cr ေတြ ထိေနၾကလို႔ သူမ်ား fic ေတြလည္း နာမည္ေတြ မီယမ္မာလို ျပန္ေျပာင္းေနၾကတယ္ၾကားတယ္။ ကိုယ္မသိလိုက္လို႔ ဘယ္လိုျဖစ္သြားတာလဲ လင္းပါဦး။

Unicode

အခန်း (၁၉)
ကိုယ်တို့လက်ဆောင်တွေမပေးဘဲနဲ့တော့မနေသင့်ဘူးလေ

ရွှယ့်တုန်ထင်းက ငါးကြီးနဂါးနံ့သာကို အသာချလိုက်ပြီး စုန့်ယွီမင်၏ အ၀တ်ဟောင်းတစ်စုံကို တွေ့လိုက်သည်။ ကြမ်းတမ်းသောချည်သားအင်္ကျီသည် သူ၏ယောက်ျားရနံ့ကို ရနေသည်။ ရွှယ်တုန်ထင်း၏ မျက်နှာနီမြန်းသွားကာ အင်္ကျီ၏ အတိုင်းအတာများကို အမြန်တိုင်းလိုက်ပြီး ပိတ်စကို အင်္ကျီချုပ်ရန် လုပ်လိုက်သည်။

သူမ မသိလိုက်ခင် နေ့လယ်ရောက်သွားပြီဖြစ်သည်။ သို့သော် စုန့်ယွီမင်မှာမူ ပြန်မရောက်သေးချေ။ သူမ မီးဖိုချောင်သို့သွားကာ ဟင်းများကို ပြန်နွှေးလိုက်သည်။ ဟင်းနွှေးပြီးသောအခါ သူမ အင်္ကျီကို ဆက်ချုပ်နေလိုက်သည်။

ဆောင်းနေ့လည်ခင်းသည် ရှည်လျားပြီး အေးစိမ့်စိမ့်နိုင်သော်လည်း ငါးဖမ်းသမား၏အိမ်လေးသည် နွေးထွေးနေသည်။ ရွှယ့်တုန်ထင်းက အနွေးအင်္ကျီကို ချွတ်ကာ မီးလင်းဖိုနားတွင် ငုတ်တုတ်ထိုင်လိုက်သည်။

မီးလင်းဖိုထဲတွင် မီးကအရှိန်တငြီးငြီးလောင်ကျွမ်းနေသေးသောကြောင့် သူမ၏ချုပ်လက်စအင်္ကျီကို ဘေးခနချကာ မီးဖိုချောင်သို့ သွား၍ ထမင်းအနည်းငယ်ယူလာပြီး ထမင်းပေါင်းအိုးကို မီးလင်းဖိုပေါ်တွင်တင်ကာ ဖြည်းဖြည်းချင်း ချက်ပြုတ်လိုက်၏။ စုန့်ယွီမင် အိမ်ပြန်ရောက်လာချိန်နှင့် ယာဂုကကျက်ပြီး ဖြစ်ပေလိမ့်မည်။

သစ်သားအိုးအဖုံး၏ ထောင့်စွန်းနားလေးမှ ရေနွေးငွေ့များ တလူလူထွက်လာသည်။ ရွှယ့်တုန်ထင်းက ထမင်းအိုးကို ထပ်ပြီး မဆူပွက်တော့စေရန် အပေါ်သို့ အနည်းငယ်မြှောက်လိုက်သည်။ ထမင်းအိုးအဖုံးကိုဖွင့်လိုက်တိုင်း သူမနှာခေါင်းထဲသို့ ယာဂုနံ့သင်းသင်းလေးက ပျံ့လွင့်လာတတ်သည်။ သူမ၏ စိတ်လေးမှာ ငြိမ်သက်‌ငြိမ်းချမ်းနေ၏။ နေ့စဉ်ဘဝ၏ လုပ်ငန်းအစဉ်စဉ်က အမှန်ပင် သာယာနေပေသည်။

ညနေစောင်းခါနီးတွင် သူမအပြင်ဘက်မှ လေးလံကာ စည်းချက်ညီသောခြေသံများ ကြားလိုက်ရသည်။ သည်အဖြစ်က သူမကို ပြောမပြနိုင်အောင် ပျော်ရွှင်စေ၏။ သူမ ခြံဝင်းထဲကိုထွက်လာရန် တံခါးဖွင့်လိုက်ရာတွင် စုန့်ယွီမင်က ငါးကြီးနှစ်ကောင်နှင့် မုန့်အချိုများပါ‌သောအထုပ်တို့ကို ဆွဲလာသည်ကို တွေ့လိုက်ရသည်။

"ရှင် ငါးဖမ်းခဲ့သေးတာလား" သူမက တအံ့တဩမေးသည်။ "ဒီလောက်အေးတဲ့ ဆောင်းရာသီမှာ‌တောင် ရှင် ငါးတွေ ဖမ်းမိနိုင်သေးတယ်ပေါ့"

Song Yuming သည် ငါးနှစ်‌ကောင်ကို ပုံးထဲသို့ ထည့်လိုက်ပြီး ပြုံးလိုက်၏။ "ကိုယ်ကံကောင်းလို့ ဒီနေ့နှစ်ကောင်တောင်ဖမ်းမိတယ်။ ပြောရမယ်ဆို ဆောင်းရာသီငါး‌တွေက အသားများတယ်လေ" သူက မုန့်အချိုထုပ်များကို မြှောက်ပြလျက် ဆိုသည်။ "မနက်ဖြန်ကျရင် ဒီအထုပ်တွေကို မြို့ကို လမ်းကြုံယူသွားမယ့် သူတစ်ယောက် ရှိတယ်။ မနက်ဖြန်မင်းရဲ့အိမ်ကို ကိုယ်တို့ပြန်တဲ့အခါ ဒါတွေကို ကိုယ်တို့ ယူသွားလို့ရတာပဲ။ အန်တီချောင်က ဒီငါးတွေ ယူလာတာဖြစ်ဖြစ် ယူမလာတာဖြစ်ဖြစ် သိပ်ဂရုစိုက်မှာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကိုယ်တို့လက်ဆောင်တွေကို မပေးဘဲနဲ့တော့ မနေသင့်ဘူးလေ"

ရွှယ့်တုန်ထင်းက "အွန်း" ဟုပြောလိုက်ကာ အထုပ်များကို သွားယူလိုက်သည်။ သူမ တကယ်ကို ကျေးဇူးတင်နေသည်။ သူ ဤမျှထိ အလိုက်သိတတ်မည်ဟာလည်း သူမ မမျှော်လင့်ထားခဲ့ပေ။

စုန့်ယွီမင်က သူ၏‌ *ကောက်ရိုးမိုးကာအင်္ကျီကို ချွတ်ကာ အိမ်ပြင်ဘက်နံရံတွင် ချိတ်ထားလိုက်ပြီး ရွှယ့်တုန်ထင်းနှင့်အတူ အိမ်ထဲသို့ ဝင်သွားသည်။

(T/N : *Straw raincoat တဲ့။ ကောက်ရိုးမိုးကာအင်္ကျီလို့ထင်တာပဲ)

သူသည် မီးလင်းဖိုပေါ်ရှိ ယာဂုအိုးကိုကြည့်ကာ ခေါင်းညိတ်ပြီး ပြုံးသည်။ "ဒါ အကြံကောင်းပဲ"

"ရှင် နေ့လည်စာစားပြီးပြီလား" သူမက မေးလာသည်။

“ ကိုယ်က ပဲ့ထိန်းကိုင်တဲ့ လူအိုကြီးကျောက်နဲ့ အတူစားခဲ့ပြီးပြီ။ နွေး‌ထွေးသွားအောင်လို့လည်း ဝိုင်နည်းနည်းလောက် သောက်ခဲ့‌သေးတယ်။ စိတ်မပူပါနဲ့။ ”

ရွှယ်တုန်ထင်းက ခေါင်းညိတ်ကာ ဘာမှဆက်မပြောတော့‌ပေ။

စုန့်ယွီမင်က သူ့ဇနီးလေး၏ ဖြူဖျော့နေသောမျက်နှာကို ကြည့်လိုက်သည်။ "မင်း ဒီနေ့ အဖျားသက်သာလာပြီလား?"

"အဖျားကဖြင့် ကျသွားတာကြာပေါ့။ လာပါ၊ ကျွန်မ ပူပူနွေးနွေးလေး ချက်ပေးမယ်လေ"

စုန့်ယွီမင်က သူမကို အမြန်တား၏။ "မီးဖိုချောင်ထဲမှာ အေးတယ်၊ ကိုယ်လုပ်လိုက်မယ်"

ရွှယ့်တုန်ထင်း ပြုံးလိုက်သည်။ "ကျွန်မ နေကောင်းနေပါပြီ၊ ကျွန်မက ရှင်ထင်နေသလောက် အားနည်းချူချာမနေပါဘူးနော်" ထို့နောက် သူမ ထွက်သွားလေသည်။

စုန့်ယွီမင်က ရယ်‌မောကာ ရွှယ့်တုန်ထင်းနှင့်တူတူ မီးဖိုချောင်ထဲ ဝင်သွားသည်။ သူက ထင်းများကို မီးဖိုကမီး ပို‌တောက်အောင် ထပ်ထည့်‌နေစဉ် သူမက ဟင်းချက်သည်။

ရွှယ့်တုန်ထင်းမှာ သူ့ကို ကြည့်လိုက်သောအခါ အရှိန်တငြီးငြီးမီးလျှံများက သူ့ပါးပြင်ပေါ် ရောင်ပြန်ဟပ်ကာ မျက်နှာအနားသတ်မျဉ်းကြောင်းများက သိသိသာသာကို ထင်းထွက်နေသည်။ မီးထဲသို့စူးစိုက်ကြည့်နေသော သူ့မျက်ဝန်းနက်များက အလျှံပယ် တောက်ပနေ၏။

သူမက သူ့အား မေးသည်။ "ရှင် အဲ့ဒီကျွန်းငယ်လေးပေါ်မှာ ငါးကြီးနဂါးနံ့သာကို တွေ့ခဲ့တာလား"

စုန့်ယွီမင်က ခေါင်းညိတ်သည်။ "ဟုတ်တယ်လေ။ မနှစ်က ကိုယ်ပင်လယ်ထဲကို သွား‌တော့ အဲ့ဒီကျွန်းငယ်လေးထဲက ငါးကြီးနဂါးနံ့သာကို တွေ့လို့ ယူလာခဲ့တာ။"

သူပြောတာကို သူမနားထောင်တာ ဘာမှမဖြစ်ပါချေ။ သို့သော်ငြား ပင်လယ်ထဲကို တစ်ယောက်တည်းထွက်သွားတာက သူ့အတွက်အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရမည်က မြေကြီးလက်ခတ်မလွဲပေ။ ရွှယ့်တုန်ထင်းက အိပ်ခန်းထဲကနံ့သာအိုးကို သတိရသွားကာ…"ဒါဆို အိပ်ခန်းထဲက ဆီမီးခွက်ကရော အဲ့ဒီဝေလငါးဆီကို သုံးထားတာပဲလား"

"အွန်း" သူက ဆိုသည်။ "ကိုယ် ပင်လယ်ထဲကိုသွားတုန်းက ကျွန်းပေါ်မှာ ကမ်းခြေဝေလငါးတစ်ကောင် သောင်တင်နေခဲ့တာ။ ကိုယ်သာ အဲ့ဒီဝေလငါးအသားကို မစားခဲ့ဘူးဆိုရင် အဲ့ဒီမှာ ရှင်သန်နိုင်မယ် မထင်ဘူး။

ကိုယ် အဲ့ကျွန်းက ထွက်မသွားခင် ဝေလငါးအဆီကို အိုးတစ်လုံးစာ‌လောက်ဖြည့်ပြီး အိမ်ကမြေအောက်ခန်းထဲမှာ ထည့်ထားတယ်။ ကိုယ် အဲဒီဆီကို မီးရှို့ပြီး သုံးနေခဲ့တာတစ်နှစ်တောင် ကျော်ပေါ့၊ ဒါတောင်အကုန်မသုံးရသေးဘူး။ အဲ့ဒီဆီက ပုံမှန်ဆီတွေထက် အများကြီးပိုကြာကြာ လောင်တာကိုး"

----

T/N :
အဟွတ်ဟွတ်…အမလေးကွယ်။ cr တွေ ထိနေကြလို့ သူများ fic တွေလည်း နာမည်တွေ မီယမ်မာလို ပြန်ပြောင်းနေကြတယ်ကြားတယ်။ ကိုယ်မသိလိုက်လို့ ဘယ်လိုဖြစ်သွားတာလဲ လင်းပါဦး။

Czytaj Dalej

To Też Polubisz

355K 16.9K 67
Everyone was afraid of him, people shivered at his name, and police peed their pants. Just a sight of him, in those aviator glasses, undercut, dirty...
12.3K 228 21
So Muzan left to buy milk and now Kokushibo is in charge. Now we can see daily file of uppermoons. And the lowers will be added to this book soon sen...
1.1M 29.3K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
40.7M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...