Zawgyi
အစ်ကိုက ဘာစားရတာကို ကြိုက်တာလဲ!?
ရိုးသားစမ်းပါဗျာ~
ချန်းကျင်းသည် အဘယ်ကြောင့် မိမိ၏ယဲ့မင်ကျူးက လုထောင်၏ရုံးခန်းထဲတွင် ရှိနေမှန်း နားမလည်နိုင်တော့ပါပေ။ ထို့အပြင် ယခုအချိန်၌ လုထောင်က အတိတ်မေ့နေသည်ဖြစ်ရာ ၎င်းအကြောင်းအား သူ့ဆီ မေးလျှင်တောင် ဘာမျှပြန်သိရမည် မဟုတ်။
ချန်းကျင်းက အတန်ကြာသည်အထိ ဘာမှပြန်မပြောဘဲ ငြိမ်နေသောအခါ လုထောင်သည် မျက်ခုံးတို့ကို တွန့်ကွေးလျက် အနည်းငယ် စိတ်မကျေမနပ် ဖြစ်လာရတော့၏။
"ဘာလဲ။ ကိုယ်ယူလာတာကို သဘောမကျဘူးလား"
သူ၏စကားကြောင့် ချန်းကျင်းသည် အသိစိတ်ပြန်ဝင်လာကာ အလျင်အမြန် ပြန်ဖြေလေသည်။
"မဟုတ်ပါဘူး။ သဘောကျတယ် ကျွန်တော် အရမ်းသဘောကျတယ်!"
သူသည် လုထောင်၏လက်ထဲမှ ယဲ့မင်ကျူးကို ယူ၍ အနီးကပ် သေချာကြည့်လိုက်ရာ ၎င်းမှာ အတိတ်အခါက သူ၏ပစ္စည်းနှင့် တစ်ပုံစံတည်းဖြစ်ကြောင်း တွေ့ရပေသည်။ အထဲတွင် တန်ဆာဆင်ထားသော ကြယ်ပွင့်လေးများ၏ တည်နေရာမှအစ တစ်ခုနှင့်တစ်ခုအကြားရှိ အကွာအဝေး သတ်မှတ်ချက်မှာလည်း သူကိုယ်တိုင် ဖန်တီးခဲ့သည့်အတိုင်းပင်။ ၎င်းယဲ့မင်ကျူးကို အခါခါ ကြည့်ရှုလေ သူ၏ပစ္စည်းဖြစ်ကြောင်း ပို၍သေချာလေ ဖြစ်ရကာ အတော်လေး စိတ်ရှုပ်နေမိတော့၏။
တစ်ဖက်မှ လုထောင်ကမူ ချန်းကျင်း၏ အတွင်းစိတ်ကို မမြင်နိုင်ခဲ့ပါပေ။ သူသည် ချန်းကျင်း၏တုံ့ပြန်ပုံနှင့် ပတ်သက်၍ မကျေနပ်သဖြင့် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လာကာ လက်တွဲဖော်လေး၏ မျက်နှာပြင်ကို ဖျစ်ညှစ်၍ အသာအယာ ဆွဲဆိတ်လာလေ၏။
"ဒါက သဘောကျတဲ့ မျက်နှာထားလား"
ချန်းကျင်းသည် ခဏမျှ ကြောင်သွားမိပြီးနောက် လုထောင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ခြေဖျားထောက်ရင်း သူ့နှုတ်ခမ်းလွှာအား အနမ်းတစ်ပွင့် ပေးလာသည်။
"ကျွန်တော် သဘောကျတယ်။ အရမ်း အရမ်း သဘောကျပါတယ်။ ဒါလင့်ကို ကျေးဇူးတင်တယ်နော်"
၎င်းကျောက်အား အတိတ်အခါက သူသေချာပေါက် ရောင်းထုတ်ခဲ့ပြီးပြီပင်။ ချန်းကျင်းသည်ကား အစွဲအလမ်းကြီးတတ်သူ ဖြစ်သောကြောင့် သူသည် မိမိနှစ်သက်ရာ ပစ္စည်းများကို အလွယ်တကူ စွန့်ပစ်လေ့မရှိပါပေ။ ထိုအခါက ငွေရေးကြေးရေးမှာ အရမ်းကြပ်တည်းနေလေရာ မတတ်သာသည့်အဆုံး ၎င်းကျောက်နှင့် သလင်းပြာကျောက်သေတ္တာကိုပါ ရောင်းချခဲ့ရခြင်း ဖြစ်၏။ ချန်းကျင်းသည် တလက်လက်တောက်ပနေသော အပြာရောင်အဆင်းရှိ ပစ္စည်းများကို အစဉ်အမြဲ စုဆောင်းထားလေ့ရှိပေသည်။ ၎င်းမှာ သူငယ်စဉ်ကတည်းက စွဲမြဲနေခဲ့သော ဝါသနာတစ်ခုပင်။
တစ်ဖက်၌မူ လုထောင်သည် လက်တွဲဖော်လေးထံမှ အနမ်းခြွေခံရသဖြင့် အတော်လေး ကျေနပ်သွားမိပြီ ဖြစ်၏။ သူက ချန်းကျင်း၏ နားသံသီးလေးများကို ဖျစ်ညှစ်ရင်း ဆိုလာသည်။
"ခုနကပြောတာ ကိုယ့်အတွက် အရသာရှိတာ တစ်ခုခု ချက်ကျွေးမယ်ဆို..?"
ချန်းကျင်းသည် သူ့ကိုပြုံးပြရင်း ပြန်ဖြေ၏။
"ကျွန်တော် အခုပဲ သွားချက်လိုက်မယ်"
သူသည် မီးသီးအားလုံးကို ပြန်ဖွင့်လိုက်၍ ယဲ့မင်ကျူးကို အတိတ်က မူလနေရာဆီ ပြန်ထားလိုက်တော့သည်။ တစ်ဖက်မှ လုထောင်မှာမူ ၎င်းပုံစံခွက်လေးနှင့် ယဲ့မင်ကျူးတို့က လိုက်ဖက်သည်ဟု ခံစားမိ၍ အနည်းငယ် အံ့ဩသွားမိလေ၏။
"ကြည့်ရတာ ဒီကျောက်က အဲ့ဒီလို ပစ္စည်းမျိုးနဲ့ ထည့်လေ့ရှိတယ်နဲ့တူတယ်နော် ..သူတို့ကြည့်ရတာ အံ့ဝင်ခွင်ကျပဲ"
ချန်းကျင်းသည် ပြုံးရုံသာပြုံးခဲ့လေ၏။ ၎င်းယဲ့မင်ကျူးက မိမိ၏ပစ္စည်းဖြစ်၍ ၎င်းအထားအသို အနေအထားမှာလည်း အတိတ်က သူ၏မူရင်းပုံစံဖြစ်ကြောင်းကိုမူ လုထောင်အား ပြောမပြနိုင်ခဲ့ပါပေ။ သူသည် အခန်းအပြင်သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းမိပြီးခါမှ တစ်ခုခုကို သတိရသွား၍ အနောက်သို့လှည့်၍ စကားဆိုလာသည်။
"ဒါနဲ့လေ မနက်ဖြန်ကျရင် ကျွန်တော့်ကိုကြီး ဒီကိုလာလိမ့်မယ်။ ခင်ဗျား အပြင်သွားဦးမှာလား"
လုထောင်က သူ၏စကားကို အနည်းငယ် နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလာသည်။
"မင်းရဲ့ကိုကြီးလာမှာကို ကိုယ်က ဘာလို့ အပြင်သွားရမှာလဲ"
ချန်းကျင်းသည် လုထောင်၏မေးခွန်း၌ အနည်းငယ် မကျေနပ်သည့် အငွေ့အသက်များ စွန်းထင်းနေကြောင်းကို ချက်ချင်းရိပ်မိသွား၍ ကပျာကယာ ရှင်းပြလာရ၏။
"အ..အဲ့ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်က ဒီတိုင်း မေးကြည့်တာ။ တကယ်လို့ ခင်ဗျားအပြင်မသွားဘူးဆိုရင် ပိုကောင်းတာပေါ့။ အတူတူ စကားပြောကြမယ်လေ"
"ကိုယ် မနက်ဖြန် ဘယ်မှမသွားဘူး"
"ဟုတ်လား ကောင်းတာပေါ့"
ချန်းကျင်းသည် စကားစကို အမြန်ဖြတ်၍ အပြင်ဘက်သို့ ဆက်လျှောက်လာခဲ့သည်။ သူသည် မီးဖိုချောင်ထဲ မရောက်ခင် တစ်လမ်းလုံး မိမိအစ်ကိုဖြစ်သူ ခံတွင်းတွေ့တတ်သော အစားအသောက်အမည်များကို စဉ်းစားနေခဲ့ပေ၏။ သို့နှင့် နောက်ဆုံး မီးဖိုချောင်ထဲ ရောက်လာသောအခါတွင်မူ သူသည် မိမိကိုယ်ကိုယ် ရှက်မိသွားရသည်။
အစ်ကိုဖြစ်သူ သဘောကျတတ်သည့် အစားအစာတစ်ခုမျှ သူမမှတ်မိတော့ပါပေ။
အမှန်မှာမူ မမှတ်မိခြင်း မဟုတ်။ သူသည် ဘယ်တုန်းကမှ ၎င်းအရာကို သတိမထားမိခဲ့ခြင်းပင်။
ချန်းကျင်း ငယ်စဉ်ကတည်းမှစ အမေဖြစ်သူက ဆုံးပါးသွားရခြင်းဖြစ်လေရာ သူသည် အဖေနှင့်အစ်ကိုတို့၏ ဖူးဖူးမှုတ် အလိုလိုက်ခြင်းကို ခံရ၍ ကြီးပြင်းလာခဲ့ရပေ၏။ ထို့အပြင် သူတို့တစ်မိသားစုလုံး၌ သူက အငယ်ဆုံးဖြစ်လေရာ သူ့ကို အားလုံးက အဖိုးတန်အသည်းမြွှာလေးကဲ့သို့ အရေးပေးထားကြခြင်းပင်။ ချမ်းသာသောမိသားစု၌ မွေးဖွားလာရခြင်းဖြစ်လေရာ သူလိုချင်သည့်အရာမှန်သမျှ ရနိုင်ခဲ့၍ ကောင်းကောင်း ဆိုးဆိုး ဘာမဆိုကိုလည်း လုပ်ခွင့်ရှိခဲ့ပေသည်။ သူသည်ကား အခြားလူများ၏ ဂရုစိုက်အရေးပေးမှုများကိုသာ လက်ခံရခဲ့၍ မိမိကိုယ်တိုင်ကမူ ကျန်သောလူများကို စိတ်ဝင်စားခြင်း ရှိမနေခဲ့ပါပေ။
ဥပမာဆိုရလျှင် ဖခင်ဖြစ်သူ ချန်းကျန်း၌ နှလုံးရောဂါရှိကြောင်းကို သူသည် အတိတ်အခါက သတိမထားမိခဲ့။ ထို့အပြင် အစ်ကိုဖြစ်သူ ချန်းရွှီက မည်သည့်အစားအစာကို နှစ်ခြိုက်တတ်မှန်းကိုလည်း မသိနိုင်ခဲ့။
ချန်းကျင်းသည် ၎င်းအကြောင်းကို တွေးမိရင်းနှင့်ပင် မိမိမှာ အစ်ကိုဖြစ်သူ သဘောကျတတ်သော အစားအစာကို မသိရှိရုံမက ချန်းရွှီက မည်ကဲ့သို့ အဝတ်အစားမျိုးကို နှစ်ခြိုက်တတ်ကြောင်းနှင့် မည်သို့သော အရောင်မျိုးကို ကြိုက်တတ်မှန်းလည်း မသိကြောင်း သတိထားမိသွားတော့၏။
သူသည် မိမိကိုယ်ကို အတော်လေး အသုံးမကျသလို ခံစားလိုက်ရသည်။ မိမိသည်ကား အတိတ်ကာလတစ်လျှောက်လုံး ထိုလူသားနှစ်ယောက်၏ အရိပ်အာဝါသအောက်တွင်သာ အေးအေးလူလူ နေခဲ့ရ၍ အကယ်၍ သူတို့သာ မရှိခဲ့လျှင် မိမိဟာ ဆန်ကုန်မြေလေး တစ်ယောက်သာ ဖြစ်လာလိမ့်မည်ဟု စဉ်းစားမိလေတော့၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူနောင်တရသည်မှာ အချိန်မီသေးသည်ဟု ဆိုရမည်ပင်။ အဖေနှင့်အစ်ကိုဖြစ်သူ နှစ်ယောက်လုံးက သက်ရှိထင်ရှား ရှိနေသေးသောကြောင့် မိမိကိုယ်တိုင် သူတို့ကို ပြုစုပေးနိုင်သေးသည် မဟုတ်ပါလား။
ထိုကဲ့သို့ တွေးလိုက်ရင်း ချန်းကျင်းသည် တစ်ဖက်၌ စွပ်ပြုတ်အိုးတည်ထား၍ အချိန်ပိုနေသည်ကို အခွင့်ကောင်းယူကာ ချန်းရွှီထံသို့ ဖုန်းခေါ်လိုက်တော့၏။
ဤအချိန်၌ သူသည် သေချာပေါက် အစ်ကိုဖြစ်သူ၏ အကြိုက်ကို ရှင်းရှင်းလင်းလင်း မေးရမည်ပင်။ သို့မှသာ မနက်ဖြန်မနက်စောစော၌ သူသေချာ ပြင်ဆင်နိုင်လိမ့်လေမည်..။
~~~
ကိုယ်ထည်နှစ်ခုသည်ကား ကျယ်ပြန့်သော ကုတင်ကြီးထက်တွင် ယှက်တွယ်လျက် ရှိကြ၏။
အောက်ဘက်တွင် လဲလျောင်းနေရသော ကိုယ်ထည်မှာ ပျော့ပျောင်းသွယ်လျနေ၍ ဖြူဖွေးဖွေး အသားအရေ ထက်၌လည်း အမှတ်အသားအရာများနှင့် ဖုံးလွှမ်းလို့ နေပေ၏။ အချို့မှာ ယခုမှ လတ်လတ်ဆတ်ဆတ် ကိုက်ထားသော သွားရာများဖြစ်ကာ တချို့မှာ သက်တမ်းအနည်းငယ် ကြာရင့်၍ ခရမ်းရင့်ရောင် သန်းနေသော စုပ်ရာ ကိုက်ရာ များပင်။
သူ၏ ကိုယ်ပေါ်တွင် အဝတ်တစ်စမျှ စွဲကပ်မနေခဲ့ပါပေ။ ထို့အပြင် တစ်ကိုယ်လုံးနီးပါးလည်း ချွေးထွက်နေ၍ ဆံသားများမှာလည်း အနည်းငယ် စိုစွတ်လျက် ရှိ၏။ ပန်းနုရောင် နှုတ်ခမ်းလွှာများက ဖူးယောင်နေကာ ရှည်သွယ်သော မျက်ဝန်းများ၏ ထောင့်စွန်းများကလည်း နီမြန်းနေပေသည်။ ထို့နောက် သူ၏အနောက်ဘက်ရှိ ပြည့်တင်းနေသော တင်ပါးဆုံနှစ်ခုအကြားတွင်မူ ရှည်လျား တုတ်ခိုင်သည့် ပစ္စည်းကြီးတစ်ခုက ခိုအောင်းလျက်။
၎င်းပစ္စည်းကြီး၌ ချွဲကျိသည့် အရည်များစွာကလည်း ငြိတွယ်နေရာ ကိုယ်ထည်နှစ်ခု၏ ဆက်နွယ်မှုကို ပို၍ လွယ်ကူချောမွေ့စေသည်ပင်။ တစ်ဖက်လူ၏ပစ္စည်းက အနက်ဆုံးအပိုင်းအထိ ထိုးသွင်းလာသောအခါ အောက်ဘက်မှလူသည် သည်းမခံနိုင်စွာဖြင့် အော်ညည်းလာပေ၏။ သို့သော် ထိုလူသည် သူ၏ရှက်ရွံ့ဖွယ် ညည်းသံတို့ကို အပြင်သို့ ထွက်အံမကျစေချင်သောကြောင့် ကပျာကယာနှင့် နှုတ်ခမ်းအလွှာတို့ကို ကိုက်ကာ တင်းခံလာခဲ့သည်။
သူ၏ထိုကဲ့သို့သော ပုံစံကိုမြင်ရသောအခါ အထက်မှ ခန့်ညားသော ယောကျ်ားပျိုသည် တိုးဖွဖွ ရယ်လာ၍ သူ့အနားသို့ကပ်ကာ စနောက်မည်ပြု၏။ ထိုအချိန်မှာပင် တစ်ဖက်မှ ဆက်သွယ်ရေးစက်က မြည်လာလေရာ နှစ်ဦးသားအကြားရှိ ယစ်မူးဖွယ်အခြေအနေလေးသည် တမဟုတ်ချင်းပင် ပျောက်ပျက်သွားရတော့သည်။
ချန်းရွှီက မကြည့်နိုင်သေးခင်မှာပင် သူ၏အထက်မှလူငယ်လေးသည် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာ၍ ခေါ်ဆိုသူကို ကြည့်လိုက်လေ၏။ ထို့နောက် ထိုလူငယ်သည် နှုတ်ခမ်းထောင့်စွန်းက ကွေးရုံမျှ တစ်ချက်ပြုံးလိုက်ရင်း သူ့ကို သတိပေးစကားဆိုလာသည်။
"ထပ်ပြီး အစ်ကို့ရဲ့ချစ်လှစွာသော ညီလေးပါပဲလား"
ချန်းရွှီ၏ ရီဝေနေသော မျက်ဝန်းအစုံသည် ချက်ချင်းလက်ငင်းပင် ကြည်လင်သွားရတော့၏။ သူသည် တစ်ဖက်လူ၏ လက်ကိုပုတ်ထုတ်လိုက်၍ တိုးလျစွာဖြင့် ဆိုသည်။
"မင်း..ထုတ်လိုက်တော့"
"မထုတ်ပါဘူး"
ထိုလူငယ်သည် ပြောရင်းဆိုရင်း ချန်းရွှီ၏ခါးကို ဆုပ်ကိုင်လာကာ အထဲသို့ ပို၍နက်အောင် ထိုးသွင်းလိုက်တော့၏။ ထို့အပြင် သူ၏အရှေ့ဘက်မှ တုန်ရီနေသော ပစ္စည်းကိုလည်း ပွတ်သပ်လာသေးလေသည်။
ကြီးမားသော သာယာမှုဒဏ်ကို ခံစားရသောကြောင့် ချန်းရွှီ၏မျက်ဝန်းများမှာ တစ်ဖန်ပြန်၍ မှုန်ရီသွားရပြန်၏။ သူသည် နှုတ်ခမ်းအလွှာများကို မလွတ်တမ်း ကိုက်ကာ ညည်းညူသံများ ထွက်မကျလာအောင် ထိန်းချုပ်ထားရတော့သည်။
တစ်ဖက်မှ ဆက်သွယ်ရေးစက်ကမူ ယခုအချိန်ထိ မြည်နေဆဲဖြစ်လေရာ ချန်းရွှီသည် အသံလက်ခံခလုတ်ကို နှိပ်ရန် ဟန်ပြင်လိုက်လေ၏။ သို့သော် သူက မလုပ်နိုင်သေးခင်မှာပင် အထက်မှ လူငယ်လေးသည် သူ့နား,နားသို့ ကပ်လာ၍ ခြိမ်းခြောက်စကားတစ်ခွန်းကို ဆိုပေသည်။
"အစ်ကို သူ့ကို ပေါင်ပေ့လို့ ထပ်ခေါ်ရဲရင်ခေါ်ကြည့်နော်။ ဒီနေ့တစ်နေ့လုံး အစ်ကို့ကို အိပ်ရာပေါ်ကမဆင်းနိုင်အောင် ကျွန်တော်က အနိုင်ကျင့်ပစ်မှာ.."
ထို့နောက် သူက တိုးဖွဖွရယ်လျက် ထပ်ဆိုလာသည်။
"စပီကာဖွင့်လိုက် ကျွန်တော်လည်း အစ်ကိုတို့ စကားပြောတာကို နားထောင်ချင်တယ်"
ချန်းရွှီသည် မတတ်သာသည့်အဆုံး မျက်လုံးစုံမှိတ်၍ စပီကာကို ဖွင့်လိုက်ကာ ဖုန်းလက်ခံဖြေလိုက်ရ၏။ ချက်ချင်းပင် တစ်ဖက်မှ ချန်းကျင်း၏ ပျော်ရွှင်ဖွယ် အသံလေးက ပေါ်ထွက်လို့ လာရတော့သည်။
"ကိုကြီး"
လှပသည့်မျက်ဝန်းတစ်စုံနှင့် လူငယ်လေးသည် ချန်းရွှီ၏ လက်မောင်းထက်သို့ မှီလာခဲ့ပေ၏။ သူ၏ပုံစံက သူတို့၏စကားဝိုင်းကို အတော်လေး စိတ်ဝင်စားနေသည့်ပုံပင်။ ချန်းရွှီသည် မူလအစက "ပေါင်ပေ့" ဟု ပြန်လည်ခေါ်လိုက်ရန် နှုတ်ဟန်ပြင်နေမိပြီး ဖြစ်၏။ သို့သော် ချက်ချင်းပင် သူသည် ၎င်းစကားလုံးတို့ကို မျိုသိပ်လျက် တခြားအခေါ်အဝေါ်ကို သုံးလာတော့သည်။
"ဘာဖြစ်လို့လဲ ရှောင်ကျင်း"
"ကိုကြီးက မနက်ဖြန်လာမှာမို့ ကျွန်တော်က အရသာရှိတာတွေ ချက်ကျွေးဖို့ ပြင်ဆင်နေတာလေ။ အဲ့ဒါ ကိုကြီးက ဘာကိုကြိုက်တတ်မှန်း မသိလို့ လာမေးတာ"
ချန်းကျင်းသည် အနည်းငယ် ရှက်ရွံ့သွားရ၍ တိုးတိုးလေး ထပ်ဆိုလာပေ၏။
"တောင်းပန်ပါတယ်။ ကျွန်တော်က ကိုကြီး ဘာစားရတာ သဘောကျတတ်မှန်းတောင် သေချာမသိဘူး"
တစ်ဖက်မှ ခန့်ညားသော လူငယ်၏မျက်ဝန်းထဲတွင်မူ အလိုမကျဟန်များက အပြည့်။ ချန်းရွှီသည် သူ၏အကြည့်များကို ဂရုထားမနေပါဘဲ တစ်ဖက်သို့ မျက်နှာလွှဲလိုက်ကာ ဖွဖွလေး ပြန်ဖြေသည်။
"ရပါတယ် မင်းကြိုက်တာသာချက်။ .. ကိုကြီးက အစားမရွေးဘူး ဟုတ်ပြီလား"
ပြန်ဖြေလာသော သူ၏အသံမှာ အနည်းငယ် အက်ကွဲနေ၍ ၎င်းက တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ရှိနေသည်ပင်။ ထိုလူငယ်လေးသည် ချန်းရွှီ၏ လည်တိုင်ထက်ကို ခဏမျှ စိုက်ကြည့်နေရင်း နောက်ဆုံးတွင် မနေနိုင်တော့သဖြင့် ၎င်းလည်တိုင်ထက်သို့ မှီချလာကာ သူ၏လျှာဖျားနှင့် တစ်ဖက်လူ၏ အရေပြားပေါ် ညင်သာစွာ စုပ်ယူလျက် ကိုက်လာခဲ့လေသည်။
၎င်းကြောင့် ချန်းရွှီသည် အတော်လေး နာကျင်သွားမိရာ အော်သံတစ်ခုကို အလိုအလျောက် ထုတ်လွှင့်မိသွားတော့၏။ တစ်ဖက်မှ ချန်းကျင်းကလည်း ၎င်းအသံကို သေချာပေါက် ကြားလိုက်ရသည်ပင်။
"ကိုကြီး ဘာဖြစ်လို့လဲ"
"ဘာ..ဘာမှမဟုတ်ဘူး။ ဒီတိုင်း လမ်းလျှောက်ရင်း ခုံနဲ့ ခြေမကိုတိုက်မိသွားလို့.."
"ဆိုးတာပဲ။ ကိုကြီး အတော်နာသွားမှာနော်။ တောင်းပန်ပါတယ် ကျွန်တော် အနှောင့်အယှက် ပေးမိသလို ဖြစ်သွားပြီ"
ညီဖြစ်သူက မိမိကိုယ်ကို အပြစ်တင်နေကြောင်း ကြားရသောအခါ ချန်းရွှီသည် အမြန်ပြန်၍ နှစ်သိမ့်ပေးချင်မိ၏။ သို့သည့်တိုင် သူ၏စိတ်အစဉ်ကမူ ဤနေရာ၌ မရှိတော့ပါဘဲ အဝေးတစ်နေရာသို့ လွင့်ပျယ်သွားသလို ခံစားလိုက်ရလေသည်။
ထိုလူငယ်လေးသည် သူ၏ရင်ဘက်ထက်မှ နီမြန်းဖောင်းပွနေပြီးဖြစ်သော အမှတ်အသားနှစ်ခုကို ပွတ်သပ်လို့လာ၏။ ထို့နောက် မကြာခင်မှာပင် သူ၏အတွင်းသားများထဲ၌ တည်ငြိမ်သည့် ပစ္စည်းကြီးကလည်း တဖြည်းဖြည်း စတင်၍ လှုပ်ရှားလာတော့သည်။
၎င်းက အရမ်းသာယာလွန်းသည့် ခံစားချက်မျိုး မဟုတ်ရသည့်တိုင် အချိန်ကြာမြင့်စွာ အနိုင်ကျင့်ခံခဲ့ရပြီးနောက်တွင်မူ ချန်းရွှီသည် ၎င်းလှုပ်ရှားမှုမျိုးနှင့် နေသားကျနေပြီ ဖြစ်၏။ ထိုလူငယ်က သူ၏ပစ္စည်းကို အပြင်သို့ လက်မအနည်းငယ် ထုတ်လိုက်၍ ထို့နောက် အတွင်းသားများထဲသို့ တစ်ချက်တည်း ဆောင့်သွင်းလိုက်ရာ ချန်းရွှီသည် တမဟုတ်ချင်းပင် အော်ညည်းချင်စိတ်များ ပေါ်ပေါက်လာရတော့သည်။
"အာ ကိုကြီးက ဝက်အူချောင်း ကြိုက်တယ်မလား? အရင်က ကိုကြီး အဲ့ဒါတွေ ခဏခဏစားတာ တွေ့ဖူးလို့လေ ဪ နောက်ပြီးတော့ ကျွန်တော့်ဆီမှာ ပျားစပျစ်သီးတွေလည်း ရှိသေးတယ် သိလား"
ချန်းကျင်း၏ ပျော်ရွှင်နေသော အသံစာစာလေးက သူ့နားထဲတွင် မြည်ဟီးနေခဲ့သည်။ သို့သော် ချန်းရွှီသည် မိမိတစ်ကိုယ်လုံး ချိုးဖျက်ခံနေရသကဲ့သို့သာ ခံစားနိုင်ပေ၏။ သူက မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားသည့်တိုင် ၎င်းက အရာမထင်ခဲ့။ ထို့အပြင် နှုတ်ခမ်းဟလိုက်သည်နှင့် ရှက်ရွံ့ဖွယ်ညည်းသံတို့က ပေါ်ထွက်လာမည်စိုးသောကြောင့် သူသည် စကားလည်း ပြန်မပြောရဲခဲ့ပါပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် တစ်ဖက်မှ ချန်းကျင်းသည် ယခုအခေါက်၌ တစ်ယောက်တည်းသာ စကားများနေခြင်း ဖြစ်၏။ သူက မိမိ၏ထင်မြင်ချက်များကို တွေးရင်း ပြောပြရင်းဖြင့် အလုပ်ရှုပ်နေခဲ့ရာ နောက်ဆုံးတွင် ချန်းရွှီသည် လေသံတိုးတိုးလေးနှင့် ပြန်ဖြေလာရတော့သည်။
"ကောင်းပါပြီ"
သူက ခဏနားလိုက်ပြီးမှ တိုးညင်းစွာ ထပ်ဆို၏။
"ကိုကြီးမှာ အခုအလုပ်ရှိသေးလို့.. မနက်ဖြန်မှ ဆက်ပြောရအောင်နော်.."
"ဟုတ် ကိုကြီး။ ဒါဆို မနက်ဖြန်မှ တွေ့မယ်နော်"
"အင်း"
ဖုန်းချလိုက်ပြီးနောက်တွင် ချန်းရွှီသည် မိမိ၏တင်းခံထားရသော အင်အားအလုံးစုံမှာ ပျောက်ရှသွားသကဲ့သို့ ခံစားလိုက်ရပေ၏။ တစ်ဖက်မှ လူငယ်လေးကမူ သူ၏ပုံစံကို ကြည့်၍ ၎င်းက အတော်လေး ရယ်စရာကောင်းသည်ဟု တွေးထင်နေမိတော့သည်။ သူသည် ချန်းရွှီ၏ နှုတ်ခမ်းလွှာများကို နမ်းရှိုက်လာရင်း ပြုံးလျက်ဆိုသည်။
"အစ်ကိုရွှီက တကယ်ကြီး ကောင်းကောင်း သည်းခံထားနိုင်တာပဲနော်..။ ဒါနဲ့လေ အစ်ကို့ညီလေးက ဘာစားရတာကြိုက်လဲလို့ မေးတုန်းက ဘာလို့ အမှန်အတိုင်း မဖြေလိုက်တာလဲဗျာ..ဟင်?"
ချန်းရွှီသည် ထိုလူငယ်၏မေးခွန်းကို ပြန်မဖြေပါဘဲ မျက်လုံးကိုသာ စုံမှိတ်ထားလေ၏။ သူ၏မျက်ခွံများကမူ ခပ်ဖွဖွ တုန်ရီနေလျက်။ ထိုလူငယ်က ပြုံးရယ်လာရင်း ထပ်ဆိုပြန်သည်။
"တကယ်တမ်းကလေ အစ်ကိုသဘောကျတဲ့ အစားအစာက ဝက်အူချောင်းမဟုတ်ဘဲ ကျွန်တော့်ရဲ့အသားချောင်းကြီးလို့ ဖြေလိုက်သင့်တာ.."
ထိုလူငယ်သည် ပြောရင်းဆိုရင်း သူ၏ပစ္စည်းကို အတွင်းသားများထဲမှ ဆွဲနှုတ်လိုက်ကာ နောက်တစ်ကြိမ် ထပ်၍ သွင်းလာပြန်၏။ ဤအကြိမ်၌မူ ချန်းရွှီသည် ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပါဘဲ ညည်းညူသံခပ်တိမ်တိမ်ကို ထုတ်လွှင့်သွားမိလေသည်။ ထိုလူငယ်က သဘောကျစွာ ပြုံးရယ်လျက် သူ့အနားကပ်၍ ဆိုလာသည်။
"ကြည့်ပါ့လား အစ်ကို့ရဲ့အတွင်းသားတွေက ကျွန်တော့်ပစ္စည်းကို ဘယ်လောက်တောင် သဘောကျနေလဲလို့လေ.."
ချန်းရွှီသည် တစ်ဖက်လူ၏စကားများကို သည်းမခံနိုင်တော့သဖြင့် အံကြိတ်လျက် အော်ပြောလာတော့၏။
"ရန်းချီ မင်း ပါးစပ်ကို ပိတ်ထားစမ်း!"
ရန်းချီ ဟူသော လူငယ်လေးက ပျော်ရွှင်စွာ ရယ်မောလာပေသည်။
"အစ်ကိုက အရင်ကချန်းရွှီ မဟုတ်တော့သလိုပဲဗျာ။ အစ်ကိုလည်း သိသားနဲ့ ကျွန်တော့်ကို ပါးစပ်ပိတ်စေချင်ရင် တစ်နည်းပဲရှိတယ်လေ"
သူသည် မိမိ၏ပစ္စည်းကို ဆွဲထုတ်လိုက်၍ သူ့ဆီမှ သေမတတ် အနိုင်ကျင့်ခံထားရသော အောက်ဘက်မှ ချန်းရွှီကို ကြည့်လာခဲ့လေ၏။ ယခုလေးတင်မှ သူထွက်ခွာလာခဲ့သော တစ်ဖက်လူ၏အပေါက်ဝလေးသည် နီရဲနေ၍ ၎င်းက ရီဝေနေသည့် သူ့မျက်ဝန်းများကို ပို၍နက်မှောင်လာစေကာ ရန်းချီ၏ပစ္စည်းသည် တမဟုတ်ချင်းပင် နောက်တစ်ကြိမ် ပြန်လည်ထောင်မတ်လာရတော့သည်။
ချန်းရွှီ၏ ကိုယ်ထည်မှာ အလွန်ကောင်းမွန်၍ ၎င်းက အမျိုးသမီးအများစု နှစ်ခြိုက်ကြသည့် ပုံစံမျိုးပင်။ သူ့ကြွက်သားများမှာ အတန်အသင့် တောင့်တင်းသည်။ သို့သော် မြင်သာထင်သာအောင် ကြီးမားနေခြင်းမျိုးလည်း မဟုတ်ရ။ ပုံမှန် အရွယ်အစားမျှပင်။ အသားအရေကလည်း ဖြူဖွေး၍ နူးညံ့ပျော့ပျောင်းကာ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်ပါက သားနားသည့် လူကြီးလူကောင်းတစ်ဦးကို မြင်တွေ့ရလိမ့်လေမည်။ မည်သည့်ရှုထောင့်က ကြည့်ပါစေ ချန်းရွှီမှာ အသက် လေးဆယ်ကျော်နေသည့် ပုံမပေါက်ပါပေ။
ထို့အပြင် သူ၏ပေါင်ကြားရှိ ပစ္စည်းအရွယ်အစားကလည်း ကိုယ်ထည် အသွင်အပြင်နှင့် သင့်တော်သည်။ ၎င်းသည် ချစ်စဖွယ်ကောင်းသော ပန်းနုရောင်လေးဖြစ်၍ ပိုင်ရှင်ဖြစ်သူ ချန်းရွှီက မည်မျှအထိ ဖြူစင်သန့်ရှင်း၍ အတွေ့အကြုံ နုနယ်ကြောင်းကို ဖော်ပြလို့နေပေ၏။
ရန်းချီသည် ချန်းရွှီကို ဒူးထောက်ချလာစေ၍ တစ်ဖက်လူ၏ တင်ပါးကောက်ကြောင်းကို အပေါ်သို့မြှင့်တင်စေကာ နီမြန်းသော အပေါက်ဝလေးကို ပို၍ထင်ပေါ်လာစေခဲ့သည်။ ထို့နောက် သူသည် ချန်းရွှီ၏ ကပ်ပယ်လ်အိတ်များကို အသာအယာပွတ်သပ်လာ၍ အတွင်းသားများထဲသို့ တစ်ဖန်နယ်ချဲ့လာလေ၏။
"အားး.."
ချန်းရွှီသည် တစ်ဆက်တည်း လိမ့်တက်လာသော သာယာမှုလှိုင်းစဉ်များကြောင့် မအော်ဘဲ မနေနိုင်ခဲ့ပါပေ။ တစ်ဖက်မှ ရန်းချီကမူ မိမိ၏ပစ္စည်းကို သူ၏အနက်ဆုံးအပိုင်းထဲထိ အဆက်မပြတ် ထိုးသွင်းလာခဲ့၍ ပြုံးလျက် ဆိုလေသည်။
"ဒီလိုအနေအထားနဲ့ လုပ်ရတာ ပိုမိုက်တယ် မထင်ဘူးလား။ အစ်ကို ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ်နော်။ အစောနက ကျွန်တော်သာ မညင်သာပေးခဲ့ရင် အစ်ကို့ရဲ့ချစ်လှစွာသော ညီလေးက ထူးဆန်းတဲ့အသံတွေ ကြားသွားမှာ.."
သူက ရယ်ရင်း ထပ်ဆို၏။
"သူလေးစားရတဲ့ ကိုကြီးရဲ့ ဒီလိုသနားဖွယ် အော်သံလေးကိုသာ ကြားလိုက်ရရင်လေ သခင်လေးချန်း ဘယ်လောက်တောင် အံ့ဩသွားမလဲနော်။ အစ်ကိုပြောကြည့် သူအလန့်လွန်ပြီး တစ်နေရာရာမှာ သွားငိုနေလောက်မလား? ဘာပဲပြောပြောပါလေ အစ်ကိုက သူ့ရဲ့ စံပြပုဂ္ဂိုလ်ကြီး ဖြစ်နေတာကိုး။ နောက်ပြီး စကားမစပ် အဲ့ဒီစံပြပုဂ္ဂိုလ်ကြီးက အဖေဖြစ်သူရဲ့ဆေးဖိုးအတွက် GV (လိင်တူညစ်ညမ်းဗီဒီယို) မှာ ပါဖို့လိုလာတာကိုလည်း ကြားထဲက ကျွန်တော်က ကူညီပေးခဲ့ရတာနော်။ မဟုတ်ရင်လေ အစ်ကို့ရဲ့ညီလေးက အခုလိုမျိုး ပုံရိပ်ကို screen ပေါ်မှာ မြင်နေရ.."
ချန်းရွှီသည် တစ်ဖက်လူ၏စကားများကို ထပ်၍သည်းမခံနိုင်တော့ပါသဖြင့် ရန်းချီစကားမဆုံးသေးခင်မှာပင် သူ၏လည်တိုင်ကို ဆွဲကိုင်လိုက်၍ နှုတ်ခမ်းလွှာကို နမ်းရှိုက်လာပေ၏။
ထိုလူအား ပါးစပ်ပိတ်သွားစေသည့် နည်းလမ်းက ဤတစ်နည်းတည်းသာ ရှိသောကြောင့်ပင်။
TN : Suprise !? အရမ်းမကြမ်းဘူးထင်လို့ warning မတပ်လိုက်တာ
Btw ကိုကြီးက မထင်ရဘူးနော် ဟွန့် ◑_◑
Zawgyi
အစ္ကိုက ဘာစားရတာကို ႀကိဳက္တာလဲ!?
ရိုးသားစမ်းပါဗျာ~
"ဟုတ်လား ကောင်းတာပေါ့"
~~~
"မင်း..ထုတ်လိုက်တော့"
"မထုတ်ပါဘူး"
"ကိုကြီး"
"ကိုကြီး ဘာဖြစ်လို့လဲ"
"ကောင်းပါပြီ"
"အင်း"
"အားး.."
သူက ရယ်ရင်း ထပ်ဆို၏။