အဆောင်အခန်း ၃၀၇ အတွင်း၌ :
ကုတင်ရဲ့အရှေ့တည့်တည့်တွင် ခေါင်းငုံ့လျက် ဒူးထောက်နေကြသည့် ခပ်ထွားထွားကောင်လေးနှစ်ယောက်။
ရင်းချဲယ်က အိပ်ယာပေါ်တွင်ထိုင်ကာ မျက်ဝန်းများက ဘယ်ကိုရွေ့လိုက် ညာကိုရွေ့လိုက်နှင့် အကဲခတ်နေသည်။
“ကိုယ်လုပ်တဲ့အမှားကိုယ် သိလား?”
ကျန့်ယောင်က နောင်တတစ်ခွဲသားနှင့် :
“သိပါတယ်”
“ဘာအမှားလဲ?”
“မနေ့ညက စိတ်လှုပ်ရှားနေတာနဲ့ပဲ တံခါးလော့ချဖို့မမေ့ခဲ့သင့်ဘူး”
“.....”
ရင်းချဲယ်က မျက်ဝန်းများကို ကျဥ်းမြောင်းရင်း :
“ငါမင်းကို နောက်ထပ်အခွင့်ရေးပေးမယ်၊ ဘာအမှားလုပ်မိတာလဲ ပြော?”
“....ဖြေပါ့မယ်၊ မနေ့ညက ချမ်းလို့ အိပ်ယာပေါ်ခိုးတက်ခဲ့မိတာပါ မလုပ်ခဲ့သင့်ဘူး”
ဟန်မုန့် : “နေပါဦး ငါကရော ဘာလို့ဒူးထောက်နေရတာတုန်း? ငါဘာအမှားလုပ်မိလို့တုန်း?”
ရင်းချဲယ် : “မင်းဘာမင်း ဝင်ထောက်နေပြီးတော့”
အိပ်မက်တစ်ခုကနေ နိုးထလာတဲ့အတိုင်း ဟန်မုန့်က ပြောသည်။
“ခုနလေးက မင်းရဲ့ကြောက်စရာပုံကြီးမြင်ပြီး ငါဒူးတွေပျော့ခွေလာလို့ ကျန့်ယောင်နဲ့အတူဒူးထောက်လိုက်တာ.....”
ခုနလေးက ရင်းချဲယ်ဟာ စက္ကန့်ပိုင်းလောက်ပဲ အိပ်ချင်မူးတူးဖြစ်နေမိပြီး ကျန့်ယောင်ခမျာလည်း စက္ကန့်ပိုင်းလေးပဲ ပျော်လိုက်ရပါတယ်၊ နောက်တော့ကျန့်ယောင်တစ်ယောက် ကြည့်နေရင်းပဲ ရင်ခွင်ထဲကကောင်လေးရဲ့ မျက်ဝန်းတွေက စူးရှသထက်စူးရှ နိုးကြားလာပြီး အမူရာကလည်း တဖြည်းဖြည်းချင်း မှောင်မဲပြီး ကြောက်စရာကောင်းလာတယ်။
အဲ့နောက်တော့ သူ့ခမျာ သနားညှာတာမှုနည်းနည်းမှမပါပဲ ကုတင်ပေါ် က ကန်ချခံလိုက်ရတော့တာပဲ။
ကြမ်းပြင်ပေါ်ကို တလှိမ့်ခေါက်ကွေးကျပြီးပြီးချင်းပဲ သူတန်းဒူးထောက်လိုက်ပြီး အပြစ်တွေကို ဝန်ခံလိုက်သည်၊ လုပ်ပုံလုပ်ဟန်တွေက သဘာဝကျလွန်းလို့ မသိရင်တော့ သူမတွေးမိပဲ လုပ်လိုက်မိပါတယ်ပေါ့။
ဟန်မုန့်လည်း ထရပ်လိုက်ပြီး နဝေတိမ်တောင်ဖြစ်နေရင်း :
“မင်းတို့နှစ်ယောက်က ဘာလို့အတူတူအိပ်တာလဲ....”
စဥ်းစားစရာတောင် မလိုပဲ ကျန့်ယောင်က တွေ့ရာဆင်ခြေတချို့ထုတ်ပြောလိုက်သည်။
“မနေ့ညက ငါတို့အိမ်စာအတူလုပ်ကြတာလေ၊ ညနက်သွားတော့ ချဲယ်ချဲယ်က အတူအိပ်ပါပြော....”
ရင်းချဲယ်က ဖြတ်ပြောသည်။
“မင်းကို နေပါလို့ ငါမပြောမိပါဘူး”
ကျန့်ယောင် ပြန်ပြင်လိုက်သည်။
“....ငါလည်း အိပ်ချင်မူးတူးဖြစ်နေတာနဲ့ အမှတ်မှားသွားတာနေမယ်၊ ငါက ကိုယ့်အခန်းကိုယ်ပြန်ရမှာပျင်းနေလို့ ချဲယ်ချဲယ်ကို ဒီမှာပေးအိပ်ဖို့ အရှက်မရှိတောင်းပန်ခဲ့ရတာပါ”
(T/n : ဒီနေရာမှာ ဘာလို့ရင်းချဲယ်အခန်းအဖြစ်ပြောနေတယ်မသိဘူး၊ မေ့နေကြတာလားမပြောတတ်)
ဟန်မုန့် : “အဲ့တော့ ပထမတော့ မင်းကြမ်းပြင်ပေါ်မှာအိပ်တယ် ဒါမယ့် ညလယ်လောက်ရောက်တော့ အေးလာတာနဲ့ ချဲယ်ကောရဲ့အိပ်ယာထဲကို အတင်းတိုးဝင်တယ်၊ နောက်တော့ ငါနဲ့ ခုလိုမတော်တဆဝင်တိုးတယ်ပေါ့လေ?”
ကျန့်ယောင်က ခေါင်းတငြိမ့်ငြိမ့်နှင့် :
“ဟုတ်တယ် ဟုတ်တယ် အဲ့လိုပဲ”
“.....”
ဟန်မုန့်က နဖူးပေါ်လက်တစ်ဖက်တင်ကာ အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး :
“ငါ့ကို သောက်ရူးများမှတ်နေလား? မင်းရဲ့အခန်းက ကပ်ရပ်မှာပဲလေ၊ တစ်လှမ်းနှစ်လှမ်းလျှောက်ရုံနဲတင်ရတဲ့ မင်းအခန်းပြန်အိပ်တာကမှ ဒီမှာအိပ်ယာခင်းပြင်တာထက် ပိုမြန်နေအုံးမယ်၊ တကယ်ပဲ ပျင်းနေတယ်ဆိုရင် ကြမ်းပြင်ပေါ်မှာ အိပ်ယာပြင်ဖို့ရာကို ရွေးပါ့မလား? မင်းတို့နှစ်ယောက် မနေ့ကညနက်ထိ အိမ်စာလုပ်တာလား မဟုတ်ရင် တစ်ခုခုလုပ်နေကြတာလား?”
ကျန့်ယောင် ကြမ်းပြင်ကိုရိုက်ချကာ အရှိန်ယူထတယ်။
“ဘယ်လိုဖြစ်ပြီး ဒီလောက် စိတ်ဓာတ်ညစ်ညမ်းတဲ့ကောင်ဖြစ်နေရတာလဲ? စကားများချင်ရင်လည်း မွန်မွန်မြတ်မြတ်အရာလေးတွေ ပြောလို့မရဘူးလား? ချဲယ်ချဲယ်က အသက်ပြည့်သေးတာမဟုတ်ဘူး၊ ချဲယ်ချဲယ် သူပြောတာတွေ နားမထောင်နဲ့”
ရင်းချဲယ်က မျက်လွှာပင့်ကာ :
“ငါမင်းကို ထခိုင်းလား?”
ကျန့်ယောင်ခမျာ ချက်ချင်းပဲ ပြန်ဒူးထောက်ရတယ်။
ဟန်မုန့်နည်းနည်းတော့ မျက်လုံးပြူးသွားသည်။
“ငါနောက်ဆုံးအကြိမ်ထပ်မေးမယ်၊ မင်းတို့နှစ်ယောက်က ဘာတွေလဲ?”
“ရင်းနှီးတဲ့ ရှုန်တိတွေ”
“အတွဲတွေ”
ဟန်မုန့် : “...ငါ ချဲယ်ကောကိုပဲ ယုံလိုက်မယ်”
ကျန့်ယောင် မယုံကြည်နိုင်စွာဖြင့် :
“လျှို့ဝှက်ထားဖို့ ခုလေးတင် သဘောတူထားတယ်လေ၊ မင်းခုလိုပဲ ထုတ်ပြောပစ်လိုက်ရလား? သူလျှောက်ဖြန့်ပစ်ရင် ဘယ်လိုလုပ်မလဲ?”
ရင်းချဲယ် : “သူသာလုပ်ရဲရင် ငါတို့က သူ့ကိုမရှင်းနိုင်မှာမင်းက စိုးရိမ်နေတာလား?”
“အင်း အဲ့ဒါလည်းဟုတ်သား....”
ဟန်မုန့် : “တစ်ဆိတ်လောက် မင်းတို့ ငါဒီမှာ အကောင်လိုက်ကြီးရပ်နေတာကို မမြင်ကြတာလားဟင်?”
ကျန့်ယောင်မှာ မတ်တပ်ထခွင့်မရခင်ကို နာရီဝက်လောက် ဒူးထောက်လိုက်ရသည်။
ရိုးသားဖြူစင် အားနည်းသူလေး ဟန်မုန့်ခမျာမှာတော့ တစ်လုံးမျှ မပေါက်ကြားစေရပါဘူး မဟုတ်လျှင် သူ့တစ်ဘဝစာလုံး လက်တွဲဖော်ရှာမရပါစေနဲ့ ဆိုပြီး မတန့်တဆန် ကောင်းကင်ကိုတိုင်တည် ကျိမ်ဆိုလိုက်ရသည်။
“ရက်စက်လိုက်ကြတာ မင်းတို့နှစ်ယောက် တကယ်လိုက်ဖက်ပါပေတယ်....”
သူ့မယ် ဒီခွေးစုံတွဲကိုဆဲချင်လိုက်တာမှ ပါးစပ်တွေကိုယားလို့၊ ဒါပေမယ့်လည်း မလုပ်ရဲတာမို့ ကြေကြေကွဲကွဲနဲ့ ဆိုလိုက်တယ်။
“’မင်းတို့နှစ်ယောက် တွဲနေတယ်လို့ ဘယ်သူကထင်မှာတုန်းကွ! ငါပြောတောင် ဒီလိုဟာမျိုးကို ဘယ်သူကမှယုံမှာမဟုတ်ဘူး!”
သူ စိတ်ဆိုးဆိုးနဲ့ထွက်သွားပြီးနောက်တွင်တော့ ကျန့်ယောင် အလှည့်ရောက်ပြီ။
“မနေ့က မင်းငါ့ကို ဘာကတိပေးခဲ့လဲ?”
ရင်းချဲယ်က အရမ်းကို စိတ်ထားဆိုးတဲ့အမူအရာနဲ့ :
“ငါလက်ခံပေးမယ်ဆိုရင် ဘာမှလျှောက်မလုပ်ပါဘူးဆို?”
ကျန့်ယောင်မှာ ဆင်ခြေပေးစရာမရှိဖြစ်နေသည်။
တစ်ယောက်သောသူကို သူ့အခန်းထဲမှာအိပ်ပါဆိုပြီး အတင်းခေါ်သွင်းခဲ့တာလည်း သူပဲ။ ကုတင်ပေါ်တက်မလာပါဘူးလို့ အသေကျေကတိပေးခဲ့တာလည်း သူပဲ။ သူ့ရှေ့လက်တကမ်းစာက ဆွဲဆောင်မှုလေးကို တောင့်မခံနိုင်ပဲ ကတိဖျက်မိခဲ့တဲ့သူကလည်း သူပါပဲ။
ဒါပေမယ့် သူတကယ် ဘာမှကိုမလုပ်ခဲ့ရတာပါ။ သူ့ရှေ့က သူ့ကောင်လေးကို လက်ဖျားနဲ့တောင် သူမထိခဲ့ဘူး။ တစ်ယောက်အိပ်ကုတင်က ကျဥ်းလွန်းတော့ ရင်းချဲယ်နေရာလောက်လောက် သက်သက်သာသာအိပ်ရစေဖို့အတွက် သူ့မယ်ကုတင်အစွန်းနားကို ကုပ်ကပ်အိပ်ခဲ့ရပြီး မနက်လင်းပိုင်းနားမှ အိပ်ပျော်သွားခဲ့တာဖြစ်သည်။
ဒါပေမယ့် အမှားကတော့ အမှားပဲပေါ့၊ ပြန်ငြင်းနေစရာမှမရှိတာ။
“တောင်းပန်ပါတယ် ငါနည်းနည်း ရူးမိသွားလို့...”
ကျန့်ယောင် သူ့ဆံပင်တွေကို ရှုပ်အောင်ဆွဲဖွရင်း :
“မင်းနဲ့ နည်းနည်းလေးပိုနီးကပ်ချင်ရုံလေးပါ”
ရင်းချဲယ်က သူ့ဆီလှမ်းကြည့်နေပြီးမှ :
“နောက်ဆို မင်းအခန်းထဲ လာမအိပ်တော့ဘူး”
အံ့သြစရာမရှိပါဘူး
ကျန့်ယောင်မှာ ခါးသီးမှုကို မျိုချရင်း :
“အင်းပါ”
“မင်းအခန်းက ရှုပ်ပွနေတာ”
ရင်းချဲယ်က သူ့ကိုရှင်းရှင်းလင်းလင်းမကြားစေချင်သည့်နှယ် စကားကိုခပ်သွက်သွက်ပြောသည်။
“ငါဆေးကုပြီးသွားတဲ့ခါကျ ငါ့အခန်းပဲလာခဲ့”
ကျန့်ယောင်က ချက်ချင်းပဲ မော့ကြည့်လာသည်။
ရင်းချဲယ်က မျက်နှာသေနဲ့၊ ဘယ်ကိုကြည့်နေတယ်တော့မသိဘူး၊ နောက် ထိုမျက်နှာသေးသေးလေးကလည်း အစဥ်လာမပျက် အေးစက်တည်ငြိမ်နေဆဲပဲ။
--ဒါပေမယ့် နားရွက်ဖျားလေးတွေ၊ သူ့နားရွက်ဖျားလေးတွေမှာ ရှိပ်ပြေးလေးရဲနေတယ်။
ကျန့်ယောင်မှာ မနေနိုင်ပဲ အထပ်ထပ်ခါခါ တံတွေးမျိုချမိတယ်။
ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လို့ဆိုပြီး ငါ့သမာဓိအားကိုတော့ အပြစ်တင်လို့မရဘူးနော်၊ ဒီလိုဟာမျိုးကို ဘယ်သူကများ တောင့်ခံနိုင်မှာလဲလို့...
..
တစ်ဘဝစာပျော်ရွှင်မှုနဲ့ ဘဝလုံခြုံမှုလေးအတွက် ဟန်မုန့်မှာ တစ်ခွန်းပင် မဟရဲပေ၊ ဒါတင်မက သူတို့ကိုပါ တက်တက်ကြွကြွ လိုက်ပါဖုံးဖိပေးရင်း “မင်းတို့အကြောင်း တခြားလူတွေသိသွားတောင် ငါပြောလို့မဟုတ်ဘူး”ဆိုတာမျိုးကို လက်တွေ့ကျကျ လုပ်ပြနေလေသည်။
မျက်တောင်တစ်ခတ်အတွင်းပင် သောကြာနေ့ရောက်ရှိလာခဲ့ပြီ။
ကျောင်းဖိုရမ်ပေါ်က ကျန့်ယောင်အကြောင်း thread အရေတွက်တွေလည်း ထိုးကျလာသည်။ ပြောကြတာတော့ spamတွေများလာမှာစိုးလို့ ပို့စ်အရေအတွက်ကို ကန့်သတ်လိုက်တယ်ဆိုပဲ။ သူ့အတွက်တာ သက်သက် post threadတစ်ခုတည်းကို တည်ဆောက်လိုက်တာမျိုးပေါ့။
အမေးအများဆုံး အကြောင်းရာတစ်ခုကတော့ ကျန့်ယောင်မှာ ရည်းစားရှိမရှိဟူ၍။
တစ်ယောက်က ပြောလာတယ် :
“အရင်နှစ်တုန်းကတော့ ပိုင်ယွိဝေကို လိုက်ခဲ့တာထင်တယ်”
အခြေနေကိုပိုသိတဲ့လူတစ်ယောက်က :
“သူမကို ဆက်မလိုက်တော့တာဖြင့် ကြာလှပြီ၊ ပိုင်ယွိဝေကလည်း ရင်းဇယ်နဲ့ပြန်တွဲနေပြီနဲ့တူတယ်”
တစ်စုံတစ်ယောက်က မေးလာသည်။
“ကျန့်ယောင်ရဲ့ထိုင်ခုံဖော်က ရင်းချဲယ်မလား? သူတို့နှစ်ယောက်ဆက်ဆံရေးက တော်တော်လေးကောင်းတယ်လေ၊ ဆိုတော့ အဲ့တာများ...”
ချက်ချင်းပဲ တစ်စုံတစ်ယောက်က ဝင်ဖြတ်ပြောလေသည်။
“မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ကျောင်းလူဆိုးက alphaတစ်ယောက်နဲ့တွဲမှာတုန်း? ကျောင်းနတ်ဘုရားကရော betaတစ်ယောက်နဲ့တွဲပါ့မလား? အဲ့တာက ကြောက်စရာပဲ”
အမည်မသိအကောင့်လေးတစ်ခုဟာလည်း ကြားဖြတ်ဝင်ပြောဖို့ရာ အသည်းအသန်ကြိုးစားနေရှာသည်။
“သူတို့နှစ်ယောက်က ရှုန်တိတွေကွ! သူတို့နှစ်ယောက် ရင်းနှီးဆုံးရှုန်တိတွေ! မင်းတို့တွေ အဲ့လိုမျိုး ရန်းသမ်းထင်ကြေးပေးမနေကြနဲ့! သူတို့နှစ်ယောက်က တကယ်ကို ရင်းနှီးတဲ့ရှုန်တိတွေပါဆို!”
..
ကျန့်ယောင်တစ်ယောက် ကျောင်းပေါက်ဝဆီကို လမ်းလျှောက်သွားနေတယ်၊ လားရာပေါင်းစုံက အကြည့်တွေအားလုံးကို လက်ခံရင်းပေါ့။
ရင်းချဲယ်က ရှေ့ကို ခြေလှမ်းအနည်းငယ်တက်လိုက်ပြီး မတုန်မလှုပ်နဲ့ သူ့ဆီကခပ်ခွာခွာလျှောက်တယ်။
ဒါပေမယ့် ကျန့်ယောင်က ချက်ချင်းအမှီလိုက်လာပြီး :
“ဘာလို့ အမြန်ကြီးလျှောက်နေတာလဲ?”
“မင်းနဲ့ ရောပြီးအကြည့်မခံချင်လို့”
ကျန့်ယောင်က သူ့ကိုလွယ်အိတ်ကြိုးက တစ်ဆင့်ပြန်ဆွဲထားသည်။
“ကောင်စုတ်လေး အဲ့လူတွေထဲက တစ်ဝက်လောက်က မင်းကိုကြည့်နေတာမဟုတ်လို့လား ပြော? မင်းဂုဏ်သတင်းကဖြင့် ငါ့ထက်တောင် မွှေးသေးတာကို”
ထိုစဥ်မှာပဲ ကျောင်းအုပ်ရုံးခန်းဘက်ကထွက်လာသည့် ပိုင်ယွိဝေနှင့် တိုးသည်။
“ဟိတ် မတွေ့တာကြာပြီနော်”
ဟိုနေ့က သူမရေထဲကျပြီး ကျန့်ယောင်ဆယ်ပေးကတည်းက ကျန့်ယောင်ရဲ့ရုပ်ကို ရှင်းရှင်းလင်းလင်း မြင်ဖူးပြီးသားမို့ အခုနှစ်လကြာပြီးနောက် သူ့ရုပ်ကိုမြင်ရချိန်မှာ အထူးတလည် တအံ့တဩဖြစ်မနေတော့ပေ။
"အပြင်ထွက်ဖို့လုပ်နေကြတာလား? Club sessionမဟုတ်ဘူးလား?"
"ကျောင်း၀င်းအပြင်မှာ activityတစ်ခုလုပ်မလို့လေ"
ကျန့်ယောင်က ပြန်ဖြေသည်။
First Highရဲ့ club session တွေဟာ မတင်းကျပ်ပေ။ သောကြာနေ့တစ်ရက်မှာပဲ ပုံမှန်သင်ရိုးအပြင်က clubအတန်းချိန်တစ်ခုဖြစ်တာကြောင့် ကျောင်းကတော့ စာသင်ပြီးတာနဲ့ ဆင်းတာပဲ။ ကျန်းကျောင့်ကျူးကို ကြိုပြီးခွင့်တောင်းထားသရွေ့တော့ ကျောင်း၀င်းအပြင်ထွက်လို့ရတယ်။ ရန်းရီလဲ့တို့ clubလို ပန်းချီအသင်းမျိုးကတော့ မကြာခန outdoorပုံဆွဲထွက်တတ်ကြတယ်။
ဒီနေ့အတွက်ကတော့ ရင်းချဲယ်က ကျောင်းကနေ ဆေးခွင့်ယူထားတဲ့ အသင်းဥက္ကဌဆီ သူ့ကိုခေါ်သွားပေးမယ်လို့ ပြောထားခြင်းကြောင့်ဖြစ်သည်။
clubထဲဝင်ပြီး အတန်းချိန်တွေတက်တာ တစ်နှစ်ရှိပြီဖြစ်ပေမယ့်လည်း ကျန့်ယောင်မှာ ခုထိ အသင်းဥက္ကဌကိုမတွေ့ဖူးသေးတာမို့ သိတော့သိချင်နေသည်။
ပိုင်ယွိဝေက ချက်ချင်းပဲ အလိုက်သိစွာနှင့် :
“ဒါဖြင့်လည်း ဂရုစိုက်သွားကြနော်၊ ခုတလော ကျောင်းနားမှာ ဂိတ်အစောင့်က ခိုးကြောင်ခိုးဝှက်နဲ့ လူတချို့တွေ့တယ်လို့ လောင်ရှီးဆီက ပြောသံကြားတယ်၊ သူတို့ဘာလုပ်ချင်တာလဲဆိုတာတော့ မသိပါဘူး၊ ကျောင်းအုပ်ကြီးကလည်း ကျောင်းအုတ်တံတိုင်းကို မြှင့်ရကောင်းမလားတောင် တွေးနေတယ်တဲ့”
ကျန့်ယောင်နဲ့ ရင်းချဲယ် အချင်းချင်းအကြည့်ဖလှယ်လိုက်ကြပြီး :
“အင်း သိပြီ ကျေးဇူးပဲ”
သူတို့အပြင်ထွက်ပြီး ညာဘက်ချိုးလိုက်သည်ဆိုရင်ပဲ မြို့တော်ကဆေးရုံဆီကို တပြေးတည်းပြေးဆွဲတဲ့ ဘတ်စ်ကားမှတ်တိုင်ဆီကိုရောက်သည်။
ဘတ်စ်ကားပေါ်တက်ချိန်တွင်တော့ နေရာလွတ်များစွာရှိတာမို့ ဘေးချင်းကပ်နှစ်ယောက်ထိုင်နေရာတစ်ခုကို ယူလိုက်သည်။
ကျောင်းကနေ စောထွက်လာတာမို့ ပုံမှန်ရုံးဝန်ထမ်းတွေက အလုပ်မဆင်းသေးပေ၊ ထို့ကြောင့် အသက်ကြီးပိုင်းလူတချို့နှင့် အနီးနားကျောင်းက ကျောင်းသားတချို့ကိုသာ ကားပေါ်တွင်တွေ့ရသည်။
သူတို့ရှေ့က ထိုင်တဲ့ ကောင်မလေးနှစ်ယောက်ကတည်း သူတို့ကားပေါ်စတက်လာကတည်းက ခေါင်းချင်းဆိုင်ပြီး အသံတိုးတိုး တိုးတိုးနဲ့ပြောနေကြပြီး တစ်ချက်တစ်ချက်လည်း ခိုးခိုးခစ်ခစ် ထရယ်တတ်သေးသည်။
ရင်းချဲယ်မှာတော့ သူတို့ဆံပင်တွေ ရမ်းခါနေတာကိုကြည့်ရင်း စိတ်တောင်ညစ်လာတာမို့ မျက်မှောင်ကြုတ်ကာ ပြတင်းအပြင်ကိုလှမ်းကြည့်နေလိုက်သည်။
ကျန့်ယောင်ကတော့ ခုနက ပိုင်ယွိဝေပြောလိုက်တာကြောင့် သူ စိုးရိမ်နေတယ်မှတ်ပြီး :
“မစိုးရိမ်ပါနဲ့၊ လောလောဆယ်တော့ အဲ့ကောင်တွေ ကျောင်းဝင်းထဲ ဝင်ရဲမှာမဟုတ်ဘူး၊ ဝင်ရဲတယ်ဆိုရင်တောင် အရင်ကတည်းက ငါသူတို့ကိုတီးလာတာပဲ ခုလည်း တီးနိုင်တာပေါ့”
“အဲ့အကြောင်း စိုးရိမ်နေတာမဟုတ်ပါဘူး”
ရင်းချဲယ်က ပြန်လှည့်လာသည်။
‘’ခနနေ ဆေးရုံရောက်လို့ရင် ငါ့နောက်ကပဲ လိုက်ခဲ့နော်၊ မမေးသင့်တာတွေ ဘာမှလျှောက်မမေးနဲ့”
ကျန့်ယောင် : ‘‘အဲ့လိုကိစ္စမျိုးဆိုရင်တော့ မင်းစိုးရိမ်မနေနဲ့တော့၊ ငါက နာနာခံခံနဲ့ မင်းရဲ့အချစ်တော်ဥက္ကဌရှေ့မှာ အမြင်ကောင်းရသွားစေရမယ်ဆိုတာ ကတိပေးတယ်”
ဆေးရုံကိုရောက်ချိန်မှာ ရင်းချဲယ်က လူနာအတွင်းဆောင်ဆီကို လျောလျောလျူလျူတန်းဝင်သွားသည်မှာ မကြာခနလာလည်သူလိုပင်။
ကျန့်ယောင်ကတော့ စိတ်ထဲပြင်ဆင်ထားလိူက်သည်၊ ကျောင်းကနေ ခွင့်ယူပြီး ဆေးရုံမှာခုလိုအချိန်အကြာကြီး နေနေရမှတော့ အရမ်းဆိုးရွားတဲ့အခြေနေပဲဖြစ်ရမယ်၊ ဥက္ကဌက ထူထူထောင်ထောင်မဖြစ်တန်ရာ၊ အိပ်ယာထဲမှာတောင် ဗုန်းဗုန်းလဲနေလောက်တယ်ဟု တွေး၍။
သို့သော်ငြားလည်း အခန်းတစ်ခန်းလေးထဲဝင်လိုက်ချိန်မှာတော့ ကုလားထိုင်လေးတစ်လုံးပေါ်မှာ ထိုင်ပြီးစာဖတ်နေတဲ့ လူရွယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ဆေးရုံအဝတ်အစားဝတ်ထားတာကလွဲရင် သာမန်လူနဲ့ဘာမှမကွာခြားပေ။ ဆောင်းရာသီနှောင်းချိန်ရဲ့ နေခြည်နွေးနွေးက ပြတင်းကတစ်ဆင့် ထိုသူ့အပေါ် ဖြာကျနေပြီး မြင်ရသူအဖို့ ဆိတ်ငြိမ်အေးချမ်းလွန်းတယ်။
တံခါးဖွင့်သံကြား၍ ထိုလူရွယ်က မော့ကြည့်လာပြီး မျက်နှာတွင်အပြုံးတစ်ပွင့်လည်း ဖြစ်ထွန်းလာသည်။
“ခုလေးတင်ပဲ မင်းမက်ဆေ့ကိုမြင်လိုက်တာ ချက်ချင်းပဲရောက်လာပြီပေါ့....အာ ဒါက မင်းပြောတဲ့ အဖွဲ့ဝင်အသစ်ဆိုတာလား?”
“ဟဲလို ဥက္ကဌ”
ကျန့်ယောင် ဦးညွှတ်လိုက်သည်။
“ဟဲလို မင်းနာမည်က ကျန့်ယောင် ဟုတ်တယ်နော်? ရှောင်ချဲယ်ဆီက ကြားဖူးပါတယ်၊ ကိုယ့်နာမည်က ရွှီရှို့၊ အထူးတလည်ယဥ်ကျေးနေစရာမလိုပါဘူး ဝင်ပြီးလာထိုင်”
ရွှီရှို့ရဲ့ ဆေးရုံအခန်းက ဆေးသွင်းတဲ့ဆေးအိတ်တွေချိတ်ဆွဲထားတာမျိုးမရှိ၊ ဆေးပုလင်းတွေမြင်ရတာမျိုးလည်း မရှိပေ။ ထင်မှတ်မထားစွာ ရှင်းလင်းသပ်ရပ်နေတယ်။
ကျန့်ယောင် နည်းနည်းတော့ ရှုပ်ထွေးသွားတယ်၊ ဒါပေမယ့်လည်း မရောက်ခင်တုန်းက ကတိပေးထားတာကို အမှတ်ရပြီး ဘာမှမေးမနေတော့ပဲ ဝင်ထိုင်လိုက်သည်။
ရင်းချဲယ်က ခါတိုင်း clubအချိန်မှာ လုပ်ထားတဲ့ ပစ္စည်းလေးတွေကို အိတ်ထဲကထုတ်ကာ ဗိုလ်မှူးတစ်ယောက်ကို လက်နက်ခဲယမ်းတွေ စစ်ဆေးပြသနေတဲ့အတိုင်း ရွှီရှို့ကိုပြသည်။
ရွှီရှို့က လက်မှုပညာမှာ အတော်လေးတတ်ပုံပင်၊ အမှားအသေးလေးတွေကစ ထောက်ပြသည်။ နှစ်ယောက်စလုံးက အပျင်းပြေ အပျော်တမ်းလုပ်နေတာမျိုးနဲ့မတူပဲ အမှားကိုပြန်ပြင်လိုက်နဲ့ အဆက်မပြတ်လက်ရည်သွေးနေခြင်းဖြင့် လုံးလုံးပျော်ဝင်နေတော့သည်။
“ဒီအပိုင်းလေးက လွဲနေတယ်....”
ရွှီရှို့ကတော့ လိုအပ်တဲ့နေရာလေးတွေ အသေချာထောက်ပြပြီး တိုးတက်လာတဲ့နေရာတွေမှာလည်း ချီးကျူးပြန်တယ်။
“ဒီတစ်ခေါက်သစ်သားအိမ်လေးက ကောင်းကောင်းလုပ်ထားတာပဲ၊ မနှစ်က တစ်ခုထက်ပိုသပ်ရပ်တယ်”
ရုတ်တရက် ကျန့်ယောင်က တစ်စုံတစ်ခုကို သတိရမိပြီး ဖြတ်ပြောလာသည်။
“မင်းရဲ့တိကိုပေးတဲ့ တစ်ခုလား? ဥက္ကဌ သူ့ကိုသင်ပေးတာလား?”
ရွှီရှို့ : “ကိုယ်သင်ပေးတာမဟုတ်ဘူး၊ ရှောင်ချဲယ်က သူ့ဟာသူ online tutorialsတွေကြည့်ပြီးလုပ်တာလေ၊ ပြီးရင် ယူလာပြီးကိုယ့်ကိုပြတယ် အဲ့လောက်ပါပဲ၊ အဲ့ဒါက သူသစ်သားနဲ့ လုပ်တာမျိုး ပထမဆုံးအကြိမ်ပဲလေ ဒါတောင် ကောင်းကောင်းလုပ်နိုင်တယ်၊ သူက တကယ်အံ့ဖွယ်ပဲ”
ကျန့်ယောင်က ငြူစူသည့်လေသံနှင့် :
“င့ါအတွက်ကျရော ဘယ်တော့များမှ လုပ်ပေးမှာလဲ?”
ရင်းချဲယ်အကြည့်က သူ့လက်ကောက်ဝတ်ဆီရောက်သွားပြီး :
“မင်းလက်ကောက်ဝတ်ပေါ်က ဟာကရော”
ရုတ်ခြည်း ကျေနပ်ပျော်ရွှင်သွားပြီး ကျန့်ယောင်က အပြုံးလေးနဲ့ :
“မင်းခြေထောက်မှာရောပဲလေ”
ရွှီရှို့ကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း အဓိပ္ပါယ်ပါပါနဲ့ “အို~” လို့သာ ဆိုသည်။
ရင်းချဲယ်က ခေါင်းငုံ့ကာ ပစ္စည်းလေးတွေကို တစ်ခုပြီးတစ်ခုပြန်ကောက်သိမ်းသည်။ ဘာဖြေရှင်းချက်မှ မပေးပုံထောက်တော့ သူ့ထင်မြင်ချက်မှန်ကန်ကြောင်း လက်ခံလိုက်တာလို့ ယူဆနိုင်သည်။
ရွှီရှို့က ရယ်ကာ :
“ဟုတ်ပါပြီ ရှောင်ချဲယ်ကတော့ ပြလို့ပြီးသွားပြီ၊ ရှောင်ကျန့်ကရော ဘာပစ္စည်းတွေတုန်း?”
“.....”
ကျန့်ယောင်မှာ ဒီလိုစကားမျိုးကို လုံးဝမမျှော်လင့်ထားမိပေ။
“ကျွန်တော်က ကောင်းကောင်းမလုပ်တတ်တော့ မယူလာမိ....”
ရင်းချဲယ်က ဖြတ်ပြောသည်။
“သူက ဘာမှမလုပ်ဘူးရယ်”
ရွှီရှို့က ချက်ချင်းဆိုသလို သုန်မှုန်သွားပြီး :
“မင်းက အခြေနေမကောင်းတာကို အခွင့်ကောင်းယူဖို့ ငါတို့ clubကိုဝင်လာတာလား?”
ကျန့်ယောင် နည်းနည်းတော့ လန့်သွားပြီး သူ့ကောင်လေးဆီကို မျက်လုံးနဲ့ အချက်လှမ်းပြလိုက်သည်။
“ဟုတ်တယ် အခြေနေမဟန်တာကို အခွင့်ကောင်းယူချင်လို့ သူက အဖွဲ့ဝင်တာ”
သူ့ကောင်လေးကတော့ နည်းနည်းမှ တုံ့ဆိုင်းမှုမရှိပဲ သူ့ကိုရောင်းထုတ်လေရဲ့။
“.....”
ရွှီရှိ့ : “ပျင်းတာနဲ့အခွင့်ကောင်းယူချင်တဲ့ လူတွေကို ငါတို့ clubက မလိုဘူး၊ နောက်တစ်ခေါက်တွေ့လို့မှ ပြသာလောက်တဲ့တစ်ခုခုယူမလာနိုင်လို့ကတော့ မင်းကို clubထဲကနေ ကန်ထုတ်တော့မှာ”
Omegaတစ်ယောက်ဖြစ်ကာ အသွင်မှာ ပိန်ပါး နူးညံ့နေသော်ငြားလည်း သူများကိုခြောက်လှန့်ရမယ်ဆိုရင်တော့ ခန့်ညားဟန်ရှိတယ်။
ကျန့်ယောင်လည်း အမြန်လက်ခံလိုက်ရတယ်။
“ဟုတ်ကဲ့ နောက်တစ်ခေါက် သေချာစေရပါမယ်!”
..
နာရီဝက်လောက် စကားပြောနေကြပြီးချိန်မှာ အခန်းတံခါးက နောက်တစ်ခါပွင့်လာသည်။
First Highယူနီဖောင်းဝတ်ဆင်ထားတဲ့ အရပ်ခပ်မြင့်မြင့်လူငယ်တစ်ယောက်က ဖြူဆွတ်နေတဲ့ လီလီပန်းတစ်စည်းကိုကိုင်ကာ ဝင်လာသည်။
ရွှီရှို့က ပြုံးသည်၊ သို့ပေသည့် ထိုအပြုံးက သူတို့ဝင်လာတုန်းက နှုတ်ဆက်သည့်အပြုံးနှင့် မတူ၊ အခုဟာက ရှက်ပြုံးလို့ဆိုရမလားပဲ။ လေသံကလည်း ပျော့သွားသည်။
“မင်းရောက်ပြီလား”
လူငယ်က ‘’အွန်း’’ဟု ဆိုလို့ လျှောက်လာရင်း ရင်းချဲယ်ကို တစ်ချက်နှုတ်ဆက်သည်။
သူ့ကို ကြည့်နေတာတွေ့တော့ ကျန့်ယောင်က အရင်နှုတ်ဆက်လိုက်သည်။
“ဟဲလို ကျွန်တော်က ရင်းချဲယ်နဲ့ clubထဲက အတန်းဖော်ပါ၊ ကျန့်ယောင်ပါ”
“တုရှန်း”
တကယ်ကို စကားနည်းတဲ့ လူပါပဲ။
ရင်းချဲယ် ထရပ်လိုက်သည်။
“ကျွန်တော်တို့ အရင်ပြန်လိုက်ဦးမယ်၊ အေးဆေးစကားပြောကြပါ”
ရွှီရှို့ : “ချက်ချင်းကြီးပြန်တော့မလို့လား နည်းနည်းလောက်တော့ထပ်မထိုင်ပဲနဲ့”
“တော်ပါပြီ နောက်တစ်ခေါက်မှ ထပ်လာခဲ့ပါ့မယ်”
“အင်းပါ....”
ရွှီရှို့ကတော့ အနည်းငယ်ဆက်နေစေချင်ဟန်နဲ့၊ သူတို့ကိုတော့ အခန်းပြင်ထိ အပြုံးနဲ့လိုက်ပို့ရှာပါတယ်။
ဓာတ်လှေကားထဲက ထွက်လာပြီး ဆေးရုံကော်ရစ်တာဘက်ရောက်မှပဲ ကျန့်ယောင်တစ်ယောက် သက်ပြင်းချနိုင်တော့တယ်။
“ခုနလေးက ဝင်လာတဲ့သူက ငါတို့ဥက္ကဌရဲ့ကောင်လေးလား?”
“အင်း သူတို့နှစ်ယောက်က ငယ်ချစ်တွေလေ၊ နှစ်ယောက်စလုံး တတိယနှစ်တွေ”
“အော်...လိုက်ဖက်လိုက်တာ”
ကျန့်ယောင်က ပစ္စည်းထည့်ထားတဲ့အိတ်ကိုသယ်လို့လိုက်ပါလာရင်း ဘာရယ်မဟုတ်မေးမိသည်။
“သူက ဘာရောဂါဖြစ်တာတုန်း? ကြည့်ရတာတော့ သိပ်မဆိူးပုံပဲ”
ရင်းချဲယ်က ကြမ်းပြင်ကိုကြည့်နေတာ မဟုတ်ပေမယ့်လည်း အကြည့်ကို အောက်သာအာရုံစိုက်ပို့ထားသည်။
“မွေးရာပါ အကျိတ်သိမ်ရောဂါနဲ့ pheromone ချို့တဲ့ရောဂါ”
“pheromoneချို့တဲ့တာလား? မင်းနဲ့တူတူပဲပေါ့”
“အွန်း ငါတို့ပြနေတဲ့ ဆရာဝန်ကလည်း တူတူပဲလေ၊ အမှန်တော့ ငါသူ့ကို အဲ့ဆရာဝန်ကနေတစ်ဆင့်သိတာ”
“အဲ့လိုလား...သူ့မှာကျ ပိုဆိုးမှာပေါ့နော် omegaဆိုတော့လေ...”
ကျန့်ယောင်က တစ်စုံတစ်ခုကိုအမှတ်ရသွားဟန်နဲ့ :
“သူက ငါတို့ထက်တစ်နှစ်ကြီးတယ်မလား? ဒါဆို ဒီနှစ်အရွယ်ရောက်မှာပေါ့?”
Omegaတစ်ယောက်ရဲ့ အရွယ်ရောက်ချိန်က သူတို့ကိုယ်ထဲမှာရှိတဲ့ pheromoneတွေရဲ့ပေါက်ကွဲချိန်ဖြစ်တဲ့ heatကာလနဲ့တွဲရက်ဆိုသလိုပင်။
“သူ့မှာ pheromoneမရှိရင်.... heatမဖြစ်ဘူးမလား?”
“မဖြစ်နိုင်ဖို့များတယ်”
“ဒါဆို....”
betaတစ်ယောက်နဲ့ ဘာကွာဦးမှာလဲ?
သူက beta တစ်ယောက်နဲ့တောင် တူလို့ရချင်မှရတော့မှာ
ရက်စက်လွန်းတယ်
ကျန့်ယောင် သူ့အတွေးကို မပြောတော့ပဲ လမ်းသာဆက်လျှောက်ဖြစ်သည်။
ဆေးရုံအပေါက်ကနေ ထွက်လာချိန်မှာတော့ နေရောင်စူးစူးက မျက်လုံးကိုလာထောက်သည်။
ရုတ်တရက် တစ်ခုခုတော့ လွဲနေတယ်ဆိုတာ ကျန့်ယောင် သတိထားလိုက်မိသည်။
“...မွေးရာပါရောဂါလည်းပြောသေး ဘာလို့ခုမှ ဆေးရုံတက်နေရတာလဲ? ပြီးတော့ pheromoneချို့တဲ့တာက သူ့ရဲ့နေ့စဥ်အမှုတွေကို ထိခိုက်မှာမှမဟုတ်တာကို ဘာဖြစ်လို့ ခွင့်ယူထားရတာလဲ?”
ရင်းချဲယ် ရပ်တန့်သွားသည်။ သူ့ဘက်ကိုလှည့်လို့ မျက်နှာချင်းဆိုင်လာသည့် ရင်းချဲယ်မျက်နှာမှာ ဘာအမူအရာမှ မတွေ့ရပေ။
ရုတ်တရက် ကျန့်ယောင်ရင်ထဲမှာ စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
“heatကာလမရောက်ခင်တော့ အဲ့တာက မဆိုးသေးဘူး”
ရင်းချဲယ်က ပြောသည်။
“ဒါပေမယ့် omegaတိုင်းက heatကာလကိုဖြတ်သန်းရမှာ၊ အဲ့ဒါက သဘာ၀ကသတ်မှတ်ထားတဲ့ကိစ္စ
“heatကာလဆိုတာ ရုတ်တရက်ဆာလောင်လာတဲ့ သားရဲတစ်ကောင်လိုပဲ၊ ဖြေသိမ့်ဖို့အတွက်ဆို alpha pheromoneတွေကို စားသုံးလိုက်ဖို့လိုတယ်၊ ငါမင်းကို အရင်ကပြောဖူးသလိုပဲ pheromoneမရှိရင် alphaရဲ့ pheromoneတွေကိုလည်း မစုပ်ယူနိုင်ဘူး
“ဒ့ါကြောင့်မို့ omegaတစ်ယောက် heatကာလရောက်လာလို့မှ အဲ့ဒီသားရဲအတွက် alpha pheromoneမရဘူးဆိုရင် ဘာဖြစ်သွားမလဲမင်းသိလား?”
ကျန့်ယောင်က ခေါင်းရမ်းပြသည်။
“တခြားတစ်နေရာရာက အစာကို ရှာလိမ့်မယ် အသားတို့ အသွေးတို့လိုပေါ့
“pheromoneချို့တဲ့ရောဂါနဲ့ omegaတစ်ယောက်က heatကာလပြီးချိန်မှာ ကိုယ်တွင်းအင်္ဂါတွေသေသွားနိုင်တယ် ....’’
ရင်းချဲယ်က ဆက်မပြောပေ။ ဒါပေမယ့် ကျန့်ယောင် အပြည့်အဝနားလည်နိုင်တယ်။
သူပြောလိုက်ချိန်မှာ အသံကတောင် နည်းနည်းတုန်နေတာ သတိထားမိတယ်။
“ဒါဆို ဥက္ကဌက.....ဘယ်တော့....?’’
“သုံးလလောက်ကြာရင်
“heatကာလရောက်လို့ pheromoneတွေရှိမလာသေးဘူးဆိုရင် သူ....သေလိမ့်မယ်”
______
The author has something to say ;
Omegaတွေမှာက အကျိတ်တွေရယ် သားအိမ်တစ်ခုရယ် ပါတယ်၊ heatကာလရှိတယ် pheromoneတွေပေါများတယ်၊ omegaတစ်ယောက်က pheromoneမရှိရင် alphaရဲ့ pheromoneတွေကိုလည်း မစုပ်ယူနိုင်ဘူး အဲ့လိုဆို heatကာလကိုလည်း ကျော်လွှားနိုင်မှာမဟုတ်ပဲ အသက်အန္တရာယ်ဖြစ်လိမ့်မယ် (အခြေခံအားဖြင့်တော့ ShaoWangနဲ့က အကြမ်းအားဖြင့် တူတူလောက်ပါပဲ၊ pheromone deficiencyက shouကိုပြောင်းသွားတာတစ်ခုပဲ၊ အကျိုးဆက်တွေကတော့ အတူတူပါပဲ) betaတွေမှာလည်း pheromoneရှိတယ် သူတို့ pheromoneတွေက အရမ်းအားနည်းတာပဲရှိတာ၊ heatကာလမရှိဘူး ဒါ့ကြောင့် pheromoneချို့တဲ့မှုက betaတွေအပေါ်မှာသက်ရောက်မှုသိပ်မရှိတာပါ၊ ကျန့်ယောင်နဲ့ ချဲယ်ချဲယ်မိသားစုသိထားသလိုဆိုရင်တော့ ဥက္ကဌက အပေါ်ကပြောခဲ့သလို omega case ချဲယ်ချဲယ်ကတော့ နောက်က beta caseလို့တွက်ထားတာပေါ့။
________
T/n : ရှုပ်နေမလားတော့မသိဘူး၊ heatကာလဆိုတာ ဖြစ်ရမယ့်အချိန်ပါ၊ heatဖြစ်တာကတော့ pheromoneတွေပေါက်ကွဲလာတာမျိုးပေါ့၊
နားမလည်တာရှိရင် မေးလို့ရပါတယ်၊
_______
[Zawgyi]
“သိပါတယ်”
“ဘာအမှားလဲ?”
“.....”
“.....”
“ငါမင်းကို ထခိုင်းလား?”
“အတွဲတွေ”
အံ့သြစရာမရှိပါဘူး
“အင်းပါ”
..
တစ်ယောက်က ပြောလာတယ် :
..
“အင်း သိပြီ ကျေးဇူးပဲ”
ကျန့်ယောင်ကတော့ စိတ်ထဲပြင်ဆင်ထားလိုက်သည်၊ ကျောင်းကနေ ခွင့်ယူပြီး ဆေးရုံမှာခုလိုအချိန်အကြာကြီး နေနေရမှတော့ အရမ်းဆိုးရွားတဲ့အခြေနေပဲဖြစ်ရမယ်၊ ဥက္ကဌက ထူထူထောင်ထောင်မဖြစ်တန်ရာ၊ အိပ်ယာထဲမှာတောင် ဗုန်းဗုန်းလဲနေလောက်တယ်ဟု တွေး၍။
“ဟဲလို ဥက္ကဌ”
ရွှီရှို့က ရယ်ကာ :
“.....”
“သူက ဘာမှမလုပ်ဘူးရယ်”
“.....”
..
“မင်းရောက်ပြီလား”
“တုရှန်း”
“အင်းပါ....”
“အော်...လိုက်ဖက်လိုက်တာ”
“သူက ဘာရောဂါဖြစ်တာတုန်း? ကြည့်ရတာတော့ သိပ်မဆိုးပုံပဲ”
“ဒါဆို....”
ရက်စက်လွန်းတယ်
ရင်းချဲယ်က ပြောသည်။
“ဒါဆို ဥက္ကဌက.....ဘယ်တော့....?’’
“သုံးလလောက်ကြာရင်
______
________
_______