Worship Me, I Can Make You Ri...

By XiaoMaoMao55

506K 95.6K 4K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 3 (U+Z)

9.5K 1.5K 100
By XiaoMaoMao55

-Unicode-

အခန်း ၃: မင်းအဖေကို မေ့နေခဲ့ပြီ

ဝမ်ရှောင်းယွင်ရဲ့ ရှုပ်ထွေးနေတဲ့ အကြည့်အောက်မှာ ကျွမ်းကျိုးဟာ ခေါင်းမာမာနဲ့ပဲ "ငါက အရမ်းပုံမှန်ပဲ၊ ဒါကို ထူးဆန်းတယ်လို့ထင်ရင် ခင်ဗျားကသာ ပုံမှန်မဟုတ်တဲ့လူပဲ" ဆိုတဲ့ ပုံဖမ်းလိုက်ပြီးတော့ အမွှေးတိုင်ကို အမွှေးတိုင်ထွန်းတဲ့အိုးထဲ တိတ်တိတ်လေး စိုက်လိုက်တယ်။

ပူဇော်တဲ့အမှုကိစ္စတော့ ပြီးသွားပြီ။

ကျွမ်းကျိုးက သူနဲ့ 'အချိုရည်' ကြားမှာ ဆက်နွယ်မှုကို ရေးရေးလေး ခံစားလိုက်ရတယ်။

နောက်ဆုံးမှာ စိတ်အေးသွားသလို အသက်ရှုထုတ်လိုက်ပြီးတဲ့နောက် ဝမ်ရှောင်းယွင်ကို ပြုံးပြလိုက်တယ်။ ဒါပေမဲ့လည်း သူက နည်းနည်း ရှက်နေသေးတာမို့ သူ့အသံက ခြောက်ကပ်နေတယ်။ "ဆိုတော့... ခင်ဗျား၊ ခင်ဗျား ရောက်လာတာလား..."

ဝမ်ရှောင်းယွင်က ကျွမ်းကျိုးကို ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်။ အဲဒီနောက်မှာတော့ မြေပေါ်မှာ ချထားတဲ့ နတ်ဘုရားပုံတော်ဆီကို ထပ်ပြီး အကြည့်ရောက်သွားတယ်။

ဝမ်ရှောင်းယွင်ရဲ့ မျက်လုံးထဲမှာ ကြယ်အစုအဝေးကလူတွေဟာ ယုံကြည်ကိုးကွယ်တဲ့အရာရယ်လို့ မရှိကြဘူး။ သူတို့က လက်ရုံးရည်ကိုပဲ ကြည်ညိုကြတယ်။

ခွန်အားအကြီးဆုံးလူက သူတို့ နှလုံးသားတွေထဲမှာ စံနမူနာထားပြီး ကိုးကွယ်တဲ့လူပဲ။

အဲဒါကြောင့် သူက နတ်ဘုရားပုံတော်ကိုတွေ့တော့ သူ့စိတ်ထဲမှာ ရုပ်ထုတစ်ခုလို့ပဲ ထင်လိုက်တယ်။

မြို့တော်ဂြိုလ်က အကြီးဆုံးပလာဇာမှာ သူ့အဖေရဲ့ ရုပ်ထုတစ်ရုပ်ရှိတယ်။ နေ့တိုင်းနေ့တိုင်း အင်ပါယာမြို့သူမြို့သားတွေဟာ စစ်ပွဲနတ်ဘုရား ဝမ်ထျန်းကို လေးစားအောက်မေ့တဲ့ သင်္ကေတတစ်ခုအနေနဲ့ ပန်းတွေလာထားတပ်ကြတယ်။

နောက်ပြီး လူငယ်လေး အခုလေးတင် အချိုရည်ကပ်နေတဲ့ ရုပ်ထုက တော်တော်လေး လက်တွေ့ကျပြီး အသက်ဝင်အောင် ထွင်းထုထားတယ်။ လူငယ်လေးကိုယ်တိုင်နဲ့ ၇၀ - ၈၀ ရာခိုင်နှုန်းလောက်ကို တူနေတယ်။

အဲဒီလိုနဲ့ပဲ ဝမ်ရှောင်းယွင်က နားလည်သွားတယ်။

သူက မေးလိုက်တယ်။ "ဒါက မင်းအဖေလား"

ကျွမ်းကျိုးက တကယ်တော့ အတော်လေး စိတ်လှုပ်ရှားနေခဲ့တာပဲ။

ဝမ်ရှောင်းယွင် စကားမပြောဘဲ ရုပ်ထုကို စိုက်ကြည့်နေတာကို သူတွေ့တုန်းက ကျွမ်းကျိုးရဲ့ နှလုံးသားလေးဟာ တုန်ယင်နေပြီး လှုပ်ခါနေတယ်။

ရုပ်ထုက ငါဆိုတာ သူ သိများသွားပြီလား။

ဒီည သူ့ကို အိပ်မက်ထပ်ပေးပြီး ဒီအဖြစ်အပျက်တစ်ခုလုံးကို မေ့သွားအောင် လုပ်ရတော့မယ်နဲ့တူတယ်...

ဝမ်ရှောင်းယွင်ရဲ့အသံကို ဒီအချိန်မှာ ကြားလိုက်ရတော့ ကျွမ်းကျိုးက ပြောမပြတတ်အောင် အပြစ်ရှိသလို ခံစားလိုက်ရတယ်။ သူက တကယ်တော့ 'တစ်ဖက်လူရဲ့ ဒေသိယစကားဟောင်းကို နားမလည်တာ သူတော်တော်ကံကောင်းတာပဲ' လို့ ခံစားနေခဲ့ရတယ်။ နားမလည်တော့ သူပြန်ဖြေစရာကို မလိုတော့ဘူးလေ။

ကျွမ်းကျိုးဆီက အဖြေပြန်မရတော့ ဝမ်ရှောင်းယွင်က မျက်ခုံးတွေကို တွန့်ချိုးလိုက်တယ်။

လူငယ်လေး အများသုံးကြယ်စုဘာသာစကားကို နားမလည်တာက ကြီးမားတဲ့ ပြဿနာပဲ။

ဝမ်ရှောင်းယွင်က အရင်က သူလူငယ်လေးကို ပေးထားတဲ့ <<ကလေးများအတွက် ပြည့်ပြည့်စုံစုံရေးသားထားသော ကြယ်အစုအဝေးဆိုင်ရာ ပညာရေးလမ်းညွှန်>> စာအုပ်ကို ထုတ်လိုက်ပြီးတော့ ကျွမ်းကျိုးဘေးမှာ ထိုင်ချလိုက်တယ်။ သူက ပထမစာမျက်နှာကို လှန်လိုက်တော့ အဲဒီမှာ မိသားစု သုံးယောက်ရဲ့ ပုံတစ်ပုံ ရှိနေတယ်။

ဝမ်ရှောင်းယွင်က ရုပ်ပြစာအုပ်ပေါ်က မှတ်ချက်ရေးထားတဲ့ စကားလုံးတွေကို ညွှန်ပြပြီးတော့ ကျွမ်းကျိုးကို ပြောလိုက်တယ်။ "ငါ့နောက်က လိုက်ဆို"

အဲဒီနောက်မှာ ဖယောင်းတိုင်မီး အလင်းရောင်ပျပျရဲ့အောက်မှာ အသံဩဩဟာ ဖြည်းဖြည်းချင်း ပျံ့လွင့်လာတယ်။ "အဖေ၊ အမေ နဲ့ ကျွန်တော်"

ရုပ်ပြစာအုပ်က ရိုးရှင်းပြီး နားလည်ရလွယ်ကူတယ်။ အရင်ဆုံး မိသားစုဝင်တွေရဲ့ နာမည်တွေကို သင်ပေးတာနဲ့ စထားတယ်။ ကျွမ်းကျိုးဟာ တစ်ချက်ကြည့်လိုက်တာနဲ့ ဘာဆိုလိုချင်လဲဆိုတာ နားလည်သွားတယ်။

ဒါပေမဲ့ ကျွမ်းကျိုးက နည်းနည်းတော့ မယုံကြည်နိုင်စရာကောင်းတယ်လို့ စပြီး ခံစားလာရတယ်။

ဒါကြီးက မဟုတ်သေးဘူး။

ဒီလူက ဒေသိယစကားဟောင်း ပြောနေတာမဟုတ်ဘူးလား။

ဒေသိယစကားဟောင်းမှာ အထူးလမ်းညွှန်စာအုပ်တွေရော ရှိလို့လား။

ပုံမှန်အခြေအနေမျိုးမှာဆိုရင် ပြီးပြည့်စုံအောင်ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဘာသာစကားတစ်ခုကိုပဲ ဒီလိုမျိုး သင်ပေးလို့ရတာလေ။

ကျွမ်းကျိုးက သူနေရာမှားပြီး ရောက်လာတာဖြစ်ရမယ်ဆိုတဲ့ ခံစားချက်မျိုး ဝေတိဝေဝါး ခံစားနေရတယ်။ သူက တိတ်တိတ်လေး ဝမ်ရှောင်းယွင်ကို စေ့စေ့စပ်စပ်လေ့လာနေမိတယ်။

ဆံပင်အနက်ရောင်နဲ့ မျက်ဆံအနက်တွေ။ နောက်ပြီး အဲဒီမျက်နှာပေါက်အချိုးအစားတွေ၊ အဲဒါတွေက အာရှသားတစ်ယောက်ရဲ့ အခြေခံမျက်နှာသွင်ပြင်တွေပဲ။

ကျွမ်းကျိုးက ဂျပန်ရော တရုတ်ရောကို သိတယ်။ ဒါပေမဲ့ သူတို့က ဒီလိုမျိုးလုံးဝမဟုတ်ဘူး။

သူ...သူ အာရှတိုက်က အခြားနိုင်ငံမှာများ ရောက်နေတာလား။

ကျွမ်းကျိုးက အနည်းငယ် မူးဝေလာသလိုခံစားလိုက်ရတယ်။ အခုအချိန်မှာ သူ့ရဲ့ တည်နေရာအတိအကျကို အရေးတကြီး သိချင်စိတ်ပြင်းပြနေတယ်။ အဲဒါကြောင့် ဝမ်ရှောင်းယွင်နောက်ကနေ ရိုရိုကျိုးကျိုးလေး လိုက်ဆိုနေတယ်။ "အဖေ၊ အမေ နဲ့ ကျွန်တော်?"

လူငယ်လေးရဲ့ လေသံက နူးညံ့ပြီး ညင်သာတယ်။ အသံလေးက လူတွေကို တည်ငြိမ်အေးချမ်းစေတယ်။ သူ့ရဲ့ အသံထွက်ကလည်း အလွန်တိကျတယ်။ သူအသံထွက်တာ မှားသွားမှာကို စိုးရိမ်နေသလိုမျိုး မသေချာတဲ့ အရိပ်ယောင်လေးပဲ စွက်နေတယ်။

ဝမ်ရှောင်းယွင်က တည်ငြိမ်စွာနဲ့ ချီးကျုးလိုက်တယ်။ "အရမ်းတော်တယ်"

ခဏလောက် စဉ်းစားကြည့်လိုက်ပြီးတော့ သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်တယ်။ "ငါ၊ ဝမ်ရှောင်းယွင်" အဲဒီနောက် ကျွမ်းကျိုးကို ညွှန်ပြလိုက်တယ်။ "မင်းကရော"

သူ့နာမည်မေးနေတာမှန်း ကျွမ်းကျိုးက နားလည်လိုက်တယ်။

သူက အလောတကြီး ပြောလိုက်တယ်။ "ကျွမ်းကျိုး"

သူ မန်ဒရင်း အသံထွက်ကို သုံးလိုက်တယ်။

ဝမ်ရှောင်းယွင် နောက်က လိုက်ဆိုတယ်။ "ကျွမ်းကျိုး"

ကျွမ်းကျိုးလည်း တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ဝမ်ရှောင်းယွင် သူ့ကို ခဏလောက်ကြည့်နေပြီးမှ အကြည့်ရုတ်လိုက်ပြီး စာဆက်သင်ပေးတယ်။

အလွန်မြန်မြန်ဆန်ဆန်ပဲ ဝမ်ရှောင်းယွင်ဟာ ဒီလူငယ်လေးက ဘာသာစကားနယ်ပယ်မှာ အလွန်ကျွမ်းကျင်လိမ်မာတယ်ဆိုတာ သိလိုက်ရတယ်။ သူက စကားလုံးကို တစ်ကြိမ်ပဲ အသံထွက်ပြစရာလိုတယ်။ တစ်ဖက်လူက အဲဒါကို တော်တော်လေး မှတ်မိနေပြီ။ သူက ရိုးရှင်းတဲ့ နေ့စဉ်သုံး စကားစုလေးတွေကိုတောင် စပြီး သုံးနေနိုင်ပြီ။

ဝမ်ရှောင်းယွင်က ပြောတယ်။ "အရမ်း အထင်ကြီးစရာပဲ"

ကျွမ်းကျိုးက ဒါကိုတောင် နားလည်နေပြီ။

သူကိုယ့်သူ သေးသေးလေး ဂုဏ်ယူမိသွားတယ်။ ဟုတ်တာပေါ့ သူက အထင်ကြီးစရာပဲ။ သူက ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားတွေ အားလုံးထဲမှာ သင်ယူနိုင်စွမ်းအမြန်ဆုံးသူပဲလေ။

ပြောပြရမယ်ဆိုရင် သက်မွေးပညာပေါင်း ၃၆၀ ရှိတဲ့အထဲမှာ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားတွေက အရည်အချင်းပြည့်မီဖို့ဆိုရင် အနည်းဆုံး ၃၀၀ လောက် တတ်ထားရတယ်။

သူတို့သာ အရာရာကို အရမ်းနှေးနှေးကွေးကွေး လေ့လာနေရင် ဘယ်လိုလုပ်ပြီး အလုပ်ရပါတော့မလဲ။

အခုခေတ်မှာ နတ်ဘုရားတစ်ပါးဖြစ်ဖို့က တကယ်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။

အထူးသဖြင့် ၂၁ ရာစုခေတ်မှာ ရုပ်ဝါဒက အင်မတန်အားကောင်းတယ်။ လူအနည်းအကျဉ်းလောက်ကသာ နတ်ဘုရားတွေကို ယုံကြည်နေဆဲဖြစ်တယ်။

လူတိုင်းက ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားဖြစ်ရတာက အလွယ်ဆုံးပဲလို့ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေးခေတ်ကာလတွေကတည်းက ငွေမကြိုက်တဲ့လူဆိုလို့ လူအနည်းအကျဉ်းလောက်ပဲ ရှိကြတယ်။

လူတိုင်းက ချမ်းသာချင်ကြပြီး ချမ်းသာအောင် ခယတောင်းဆိုကြတယ်။ သူတို့က ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားကို ဆုတောင်းကြတာပဲ မဟုတ်ဘူးလား။

အဲဒါကြောင့်ပဲ နတ်ဘုရားတွေအားလုံးက ပြောကြတယ်: အခြားနတ်ဘုရားတွေက ရှင်သန်ဖို့အတွက် တစ်ယောက်ထက်တစ်ယောက် သာလွန်ဖို့ကို အားကိုးအားထားပြုဖို့ လိုအပ်တယ်။ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားတွေကသာ အောင်မြင်မှုတွေအတွက် ယှဉ်ပြိုင်စရာမလိုအပ်ကြဘူး။

ဒါပေမဲ့ သူတို့က တွေးရော တွေးဖူးကြရဲ့လား... ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားအမျိုးအစားတွေ အများကြီး ရှိတယ်လေဗျာ။

ပညာရှင်ဆန်တဲ့ ကြွယ်ဝခြင်းနတ်ဘုရားတွေသာမက ကိုယ်ခံပညာပိုင်းဆိုင်ရာ ကြွယ်ဝခြင်းနတ်ဘုရားတွေလည်း ရှိတယ်။ အသေးစိတ် ထပ်ရေတွက်သွားမယ်ဆိုရင် ဒေသဆိုင်ရာ အရပ်မျက်နှာ ငါးခုဖြစ်တဲ့ - မြောက်၊ တောင်၊ အရှေ့၊ အနောက်နဲ့ အလယ်ပိုင်း - အတွက် မတူညီတဲ့ ကြွယ်ဝခြင်းနတ်ဘုရားတွေလည်း ရှိတယ်။

ကျွမ်းကျိုးကိုယ်တိုင်က အရှေ့အရပ်ကြွယ်ဝခြင်းနတ်ဘုရားများ အုပ်စုမှာ ပါဝင်တယ်။

လူသားတစ်ယောက်ချင်းဆီတိုင်းက မတူညီတဲ့ ကြွယ်ဝခြင်းနတ်ဘုရားတွေကို ယုံကြည်ကိုးကွယ်ကြတယ်။ ဒီသက်ဝင်ယုံကြည်မှုတွေအကုန်လုံးကို ဝေခြမ်းရေးလုပ်လိုက်တဲ့နောက်မှာတော့ အခြားနတ်ဘုရားတွေလောက်တောင်မှပဲ အရေအတွက် မကျန်တော့ဘူးလေ။

ပိုပြီးကြောက်စရာကောင်းတာက ဖီရှိုး (Pixiu) တို့ လာဘ်ခေါ်ကြောင်တို့လိုမျိုး သူတို့နဲ့ယှဉ်ပြီး သက်ဝင်ယုံကြည်သူတွေကို လုတဲ့ အခြားအရာတွေလည်း ရှိသေးတယ်။ (T/N Pixiu က တရုတ်ဒဏ္ဍာရီလာ မျိုးစပ်သတ္တဝါကိုခေါ်တယ်။ ကံကောင်းခြင်းတွေသယ်လာပြီး မိစ္ဆာအငွေ့အသက်တွေကို ဖယ်ရှားပေးတယ်လို့ အယူရှိတယ်။ လာဘ်ခေါ်ကြောင်ကတော့ သိမှာပါ ညာလက်မြှောက်ထားတဲ့ ကြောင်ရုပ်လေးကို ပြောတာ)

ခိုအီငါးတွေကို ယုံတဲ့လူက အရှေ့အရပ်ကြွယ်ဝခြင်းနတ်ဘုရားတွေကို ယုံကြည်တဲ့လူတွေထက်တောင် ပိုများသေးတယ်။ (T/N ခိုအီငါးတွေက ဂျပန်လို ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပြီး ကံကောင်းတယ်လို့ ယူဆပြီး မွေးကြတယ်)

အဲဒီတော့ သူတို့သာ သက်မွေးပညာ ၃၆၀ မှာ အနည်းဆုံး ၃၀၀ လောက် မသင်ထားဘူးဆိုရင် အခြားအရပ်ကနတ်ဘုရားတွေနဲ့့ သက်ဝင်ယုံကြည်သူတွေကို ဘယ်လိုဖက်ပြိုင်လုရတော့မှာလဲ။

ဒါကို တွေးမိသွားတဲ့အခါ ကျွမ်းကျိုးက ဝမ်ရှောင်းယွင် မန်ဒရင်းဘာသာစကား နားမလည်ဘူးဆိုတဲ့အချက်ကို အခွင့်ကောင်းယူပြီးတော့ ခါးသီးစွာနဲ့ စတင်ပြီး မကျေမနပ်ပြောတော့တယ်။ "ကျွန်တော်တို့ရဲ့ မဟာနတ်မင်းကြီးကပြောဖူးတယ်။ တစ်ခါက ဖုန်းမိုင်ခရိုချပ်စ်တွေ ရောင်းတဲ့ အလွန်ကံဆိုးတဲ့လူတစ်ယောက်ရှိတယ်တဲ့။ ဒေဝါလီခံရတော့မယ့်ဆဲဆဲမှာ သူတို့က ကံကောင်းပြီး ရင်းနှီးမြှုပ်နှံမှုတစ်ခုတလေလောက်များ ရမလားလို့ မျှော်လင့်ပြီး နတ်ဘုရားတွေဆီကို လှည့်ပတ်အကူအညီတောင်းတယ်။ သူတို့ကုမ္ပဏီကို ကယ်တင်ဖို့ ဖုန်းမိုင်ခရိုချပ်စ်ကို အဆင့်မြှင့်နိုင်စွမ်းရှိတဲ့သူတစ်ယောက်လည်း ရှာတွေ့ချင်ခဲ့ကြတယ်... အဲဒီလူက ကျွန်တော်တို့ အရှေ့ပိုင်းကလူဖြစ်နေတယ်..."

"ဒါပေမဲ့ ကျွန်တော်တို့အရှေ့အရပ်ကြွယ်ဝခြင်းနတ်ဘုရားတွေထဲမှာ ဒီနည်းပညာကို တတ်ကျွမ်းတဲ့လူ တစ်ယောက်မှ မရှိဘူး... အဲဒါနဲ့ အဲဒီလူကို တောင်အရပ်က ကြွယ်ဝခြင်းနတ်ဘုရားက ခိုးသွားတယ်..."

"ဘာဖြစ်လို့လဲဆိုတော့ တောင်ပိုင်းဒေသမှာ အစောပိုင်းတုန်းက လူ့ပြည်ကိုဆင်းသက်ဖူးပြီး အထင်ကြီးစရာကောင်းတဲ့ ကောလိပ်ကနေ ဘွဲ့ရထားတဲ့ ကြွယ်ဝခြင်းနတ်ဘုရားဆိုတာ ရှိတယ်။ သူက အဲဒီလူရဲ့ အခက်အခဲကို ဖြေရှင်းပေးလိုက်တယ်။ အဲဒီလူက သူ့ကို အလွန့်အလွန် ယုံကြည်ကိုးစားသွားပြီး သူ့ရဲ့သက်ဝင်ယုံကြည်သူဖြစ်လာတယ်... အဲဒီလူလိုမျိုး သူဌေးမင်းတစ်ယောက်က လူတွေအများကြီးကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့အတွက် သက်ဝင်ယုံကြည်မှုတွေအများအပြား ထုတ်ပေးနိုင်တယ်။ သူ့ရဲ့သက်ဝင်ယုံကြည်မှုက အရမ်းအားကောင်းတဲ့အတွက်... တောင်အရပ်ရဲ့ တန်ခိုးအာဏာက ကျွန်တော်တို့အရှေ့အရပ်ထက် ချက်ချင်းသာသွားပါရော။"

"ဒါပေမဲ့လည်း တောင်ပိုင်းက အားအကြီးဆုံးတော့ မဟုတ်သေးဘူး။ အားအကြီးဆုံးက အနောက်ပိုင်းပဲ...သူတို့က အရမ်းကြည့်ကောင်းတဲ့ ကြွယ်ဝခြင်းနတ်ဘုရားတစ်ယောက်ကို လူ့ပြည်ကိုလွှတ်ပြီး ပင်ကိုစွမ်းရည်ပြသရှိုးပွဲတို့ ဘာတို့မှာ ဝင်ပြိုင်ခိုင်းတယ်။ သူက နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်လာပြီး လူတွေက သူ့ကို ချစ်ကြတယ်။ သူက အရပ်မျက်နှာ ငါးခုက ကြွယ်ဝခြင်းနတ်ဘုရားတွေအားလုံးထဲမှာ သက်ဝင်ယုံကြည်သူအများဆုံးသူတစ်ယောက် ဖြစ်လာတာပဲ"

ပြောနေရင်းနဲ့ ကျွမ်းကျိုးဟာ လေးစားအားကျတဲ့အရိပ်အယောင်တွေ သူ့လေသံမှာ ထုံမွှန်းနေတော့တယ်။

"အဲဒီကနေစပြီး မဟာနတ်မင်းကြီးက ကျွန်တော်တို့ကို အသက်မွေးပညာ ၃၆၀ မှာ အနည်းဆုံး ၃၀၀ တတ်မြောက်ရမယ်လို့ သတ်မှတ်လိုက်တယ်။ ဒီလိုမှ ကျွန်တော်တို့က အနာဂတ်မှာ အသက်မွေးဝမ်းကြောင်းနယ်ပယ်မျိုးစုံက လူတွေရဲ့ ဆန္ဒတွေကို ဖြည့်စည်းပေးနိုင်မှာ။ ဒါပေမဲ့ ဒါတွေအကုန်လုံးကို တတ်မြောက်ဖို့ဆိုတာ တကယ်မလွယ်လှဘူး။ ဒီလိုအပ်ချက်ကို ကြေညာလိုက်တာနဲ့ ကျွန်တော်တို့အရှေ့အရပ်ကကြွယ်ဝခြင်းနတ်ဘုရားထဲက ၉ ယောက် နှုတ်ထွက်သွားတယ်၊ ၂ ယောက်က စိတ်ကျရောဂါရသွားတယ်၊ ၁ ယောက်က စရိုက်မျိုးစုံနဲ့ စိတ်ကစဉ့်ကလျားရောဂါ ရသွားတယ်... အိုင်း ငါတို့အရှေ့အရပ်ကြွယ်ဝခြင်းနတ်ဘုရားတွေအတွက် ဖိအားတွေက လွန်လွန်းတယ်။ ကျွန်တော်တို့မှာ အရာရှိအင်အားကလည်း မရှိ..."

"ဆန္ဒနတ်ဘုရားတွေကလည်း ကျွန်တော်တို့အကြောင်းကို ဆက်တိုက် မကျေမနပ်ညည်းညူနေတယ် ကျွန်တော်တို့က သူတို့ရဲ့ သက်ဝင်ယုံကြည်သူတွေကို ခိုးနေတယ်ဆိုပြီးတော့..."

ကျွမ်းကျိုးဟာ မန်ဒရင်းဘာသာစကား ပြောနေတာဖြစ်လို့ ဝမ်ရှောင်းယွင်က သူဘာတွေပြောနေလဲဆိုတာ တစ်လုံးမှနားမလည်ဘူး။ သူက လူငယ်လေး ပွစိပွစိနဲ့ အမျှင်မပြတ် ပြောနေတာကိုပဲ ကြားနေရတယ်။ တစ်မိနစ်မှာ ဂူဏ်ယူဝင့်ကြွားနေပြီး နောက်တစ်မိနစ်ကျ အားကျတဲ့အသံဖြစ်သွားတယ်။ ဒီလိုနဲ့ နောက်ဆုံးကျတော့ စပြီး ဝမ်းနည်းပူဆွေးနေတော့တယ်။

တကယ့်ကို ကလေးသေးသေးလေးလိုပဲ။

ဝမ်ရှောင်းယွင်က ကျွမ်းကျိုးရဲ့ခေါင်းပေါ်မှာ တုံးအတဲ့ပုံစံနဲ့ ထောင်နေတဲ့ ဆံပင်လေးကို ဖိချပေးလိုက်တယ်။

"ဟမ်" ကျွမ်းကျိုးက သူ့ခေါင်းကို ကာလိုက်ပြီးတော့ ဝမ်ရှောင်းယွင်ကို မော့ကြည့်လိုက်တယ်။

ဝမ်ရှောင်းယွင်က သူ့လက်ကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ရုတ်လိုက်ကာ နောက်စာမျက်နှာကို လှန်လိုက်တယ်။ "ဆက်သွားမယ်"

"အင်း အင်း" ကျွမ်းကျိုးဟာ ကြက်ပေါက်လေး ဆန်စေ့ကောက်နေသလိုမျိုး အလွန်အမင်း ရိုကျိုးနာခံတတ်တဲ့ပုံလေးနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ဝမ်ရှောင်းယွင်က စာရွတ်တော့မယ့်ဆဲဆဲမှာ ရုတ်တရက် မှောင်ကျသွားတယ်။

ကျွမ်းကျိုး အခုလေးတင် ထွန်းထားတဲ့ ဖယောင်းတိုင်ဟာ လုံးဝ မီးစာကုန်သွားလေပြီ။ ပတ်ဝန်းကျင်မှာ နောက်တစ်ခါထပ်ပြီး အမှောင်အတိကျသွားတယ်။

အမှောင်ထဲမှာ စာဆက်သင်ဖို့က မဖြစ်နိုင်ဘူး။ ဝမ်ရှောင်းယွင်က ကျွမ်းကျိုးကို ရုပ်ပြစာအုပ် ပြန်ပေးလိုက်ပြီး ပြောတယ်။ "အထဲပြန်ဝင်ပြီး အနားယူကြမယ်"

"အိုကေ" ကျွမ်းကျိုးက 'ဒေသိယစကားဟောင်း' ပြောတဲ့နေရာမှာ သိပ်မကျွမ်းကျင်သေးတဲ့အတွက် နည်းနည်း ရှက်နေတယ်။

ရုပ်ပြစာအုပ်ကို ပိုက်ပြီးတော့ မတ်တပ်ရပ်နေရင်းနဲ့ အာဟာရဖြည့်စွက်စာကို သူ့အိတ်ကပ်ထဲကို ထည့်လိုက်တယ်။ အဲဒီနောက်မှာ သူက မြေပေါ်ချထားတဲ့ အမွှေးတိုင်ထွန်းတဲ့အိုးနဲ့ နတ်ဘုရားပုံတော်ကို ကြည့်လိုက်ပြီး နည်းနည်း ဒွိဟဖြစ်နေတယ်။

အဲဒါတွေကို ချက်ချင်း သူ့ရဲ့ ချန်ခွင်းအိတ်ထဲ ထည့်လိုက်ဖို့ဆိုတာက သေချာပေါက် မဖြစ်နိုင်ဘူး။ တကယ်လို့ ဝမ်ရှောင်းယွင်းသာ သတိထားမိသွားရင် ရှင်းပြဖို့ လွယ်မှာမဟုတ်ဘူး... ခဏလောက် စောင့်ပြီးမှ တိတ်တိတ်လေးပြန်လာပြီး သိမ်းတာက ကောင်းလိမ့်မယ်။

အာရုံစိုက်ကြည့်နေရာမှ ကျွမ်းကျိုးဟာ ဝမ်ရှောင်းယွင်နောက်ကို တိတ်တိတ်လေး လိုက်သွားတော့တယ်။

ဝမ်ရှောင်းယွင်မှာ မြင့်မားတဲ့ စိတ်စွမ်းအားအဆင့်ရှိတယ်။ အမှောင်က သူ့ရဲ့အမြင်အာရုံကို လုံးဝသက်ရောက်မှုမရှိဘူး။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်မှာ သူ့ရဲ့ သူငယ်ချင်းလေးက မြေပေါ်က ပစ္စည်းတွေကို မသိမ်းတာ သတိထားမိသွားတယ်။

သူက ရပ်တန့်လိုက်ပြီး တစ်ဖက်လှည့်လာတယ်။

ကျွမ်းကျိုးက ခေါင်းငိုက်စိုက်ကျကာ အချိန်ယူပြီး စဉ်းစားနေတယ်။ ခဏနေ သူ့ရဲ့နတ်ဘုရားပုံတော်ကို လာသိမ်းလို့ရအောင် အကြောင်းပြချက်ရှာဖို့ ကြိုးစားနေတယ်။ သူက သူ့ရှေ့ကလူ ရုတ်တရက် ရပ်သွားတာကို သတိမထားမိလိုက်ဘူး။

ကျွမ်းကျိုးဟာ ဝမ်ရှောင်းယွင်ရဲ့ ရင်ဘတ်ကို တည့်တည့်ကြီး ခေါင်းနဲ့ ဝင်တိုးမိသွားတယ်။

"တောင်း... တောင်းပန်ပါတယ်..."

ဝမ်ရှောင်းယွင်က "အင်း" ဆိုပြီး အသိအမှတ်ပြုလိုက်တယ်။ "လမ်းကို အာရုံစိုက်"

ကျွမ်းကျိုးရဲ့ ပါးနှစ်ဖက်က နည်းနည်းလေး ရှက်သွေးဖြာနေတယ်။ "ဘာလို့ ဘာလို့ရပ်လိုက်တာလဲ"

သူက ကြယ်စုဘာသာစကားပြောရတာ သိပ်နေသားမကျသေးတော့ အနည်းငယ် ထစ်နေတယ်။

ကံကောင်းလို့ သူဘာပြောချင်တာလဲကိုတော့ သေသေချာချာ ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်တယ်။

ဝမ်ရှောင်းယွင်က သူ့ကို ခပ်တည်တည်နဲ့ သတိပေးလိုက်တယ် "မင်းအဖေကို မေ့နေခဲ့ပြီ"

ကျွမ်းကျိုးက အနည်းငယ် စိတ်ရှုပ်ထွေးသွားတယ်။ ".... အမ်၊ ကျွန်တော့်.. ကျွန်တော့်အဖေလား"

ဝမ်ရှောင်းယွင် လက်ကို ဆန့်လိုက်ကာ သူ့နောက်ကို ညွှန်ပြလိုက်တယ်။

ကျွမ်းကျိုးဟာ ခေါင်းလှည့်ပြီး သူ့လက်ချောင်းသွားတဲ့နောက်ကို လှမ်းကြည့်လိုက်တယ်။ သူ့ရဲ့ မြေကြီးပေါ်မှာ ချထားတဲ့ နတ်ဘုရားပုံတော်လေးကို အထီးကျန်ဆန်လှစွာ ချက်ချင်းတွေ့လိုက်ရတယ်။ အမွှေးတိုင်လည်း အကုန်ပြာကျသွားလုနီးပါးပဲ။

ကျွမ်းကျိုး: "......?"

အဲဒါက....

ငါ့အဖေလား?

ကျွမ်းကျိုးရဲ့ မျက်နှာမှာ အလွန်အံ့အားသင့်ပြီး မယုံကြည်နိုင်တဲ့ဟန်တွေ အများကြီးတွေ့လိုက်ရသောကြောင့်လား မသိ။ ဝမ်ရှောင်းယွင်ဟာ သူ့ရဲ့ ဘာကိုမှ ကွယ်ဝှက်မထားနိုင်လောက်အောင် ပွင့်လင်းပြီး ခံစားမှုမျိုးစုံထင်ဟပ်နေတဲ့ မျက်နှာလေးကို ကြည့်ပြီး မေးလိုက်တယ်။ "မင်းအဖေမဟုတ်ဘူးလား"

ဒါက ကျွမ်းကျိုးရဲ့ အစ်ကိုလား။

ကျွမ်းကျိုးက အနေခက်စွာနဲ့ သူ့နှာခေါင်းကို တို့ထိလိုက်တယ်။ "အင်း... ကျွန်တော့် ကျွန်တော့်အဖေလို့ ယူဆလိုက်လို့ရပါတယ်"

ဝမ်ရှောင်းယွင်: "?"

ယူဆရမယ်?

အဖေဆိုတာ အဲဒီလို ယူဆလို့ရတဲ့ဟာမျိုးလား။

သူဟာ သူသံသယဖြစ်နေတဲ့အကြောင်းကို ထုတ်ပြောချင်ပေမဲ့ ရုတ်တရက် လူငယ်လေးက အခုမှ ကြယ်စုဘာသာစကားကို လေ့လာထားတာဆိုတာကို သတိရသွားတယ်။ ကြည့်ရတာ သူက စကားလုံးကို ဖော်ပြတဲ့နေရာမှာ နည်းနည်း မသဲမကွဲဖြစ်နေတာ ဖြစ်နိုင်တယ်။ ဒါက ထူးဆန်းတာတော့လည်း မဟုတ်ပါဘူး။

ကျွမ်းကျိုးမှာ ရွေးချယ်စရာမရှိတော့ဘူး။ သူက ပြန်လာပြီး တိတ်တိတ်လေး နတ်ဘုရားပုံတော်ကို ကောက်လိုက်တယ်။ လက်တစ်ဖက်မှာ အမွှေးတိုင်အိုးကို ကိုင်ပြီး နောက်တစ်ဖက်မှာ နတ်ဘုရားပုံတော်ကို ကိုင်ထားတယ်။

သူဘယ်လိုလုပ်ရမလဲ။ သူအခု ဒါကို နေ့တိုင်း ဒီအတိုင်းကြီး ကိုင်ထားရတော့မှာလား။

ကျွမ်းကျိုးက ပစ္စည်းတွေကို သူ့ရဲ့ အာကာသအိတ်ကပ်ထဲမှာ မသိမ်းဘဲနေတာကို တွေ့တော့ ဝမ်ရှောင်းယွင်က ဒါလည်း နည်းနည်းထူးဆန်းနေတယ်လို့ တွေးနေမိတယ်။

သူက မခွဲချင်သေးလို့များလား။

ဝမ်ရှောင်းယွင်က ထပ်မမေးတော့ဘဲနဲ့ ကျွမ်းကျိုးကို တဲပုံစံ ကယ်တင်ရေးယာဉ်လေးထဲကို ပြန်ခေါ်လာခဲ့တယ်။

ဝမ်ရှောင်းယွင်က ပြောတယ်။ "အာဟာရဖြည့်စွက်စာ ၃ ပုလင်းကျန်သေးတယ်။ အခြားစားစရာတော့ မရှိဘူး။ ငါတို့ ဒီကနေ မြန်နိုင်သမျှမြန်မြန် ထွက်သွားရမယ်။ ဒီစွမ်းအင်အရင်းအမြစ် ဓာတ်ရောင်ခြည်တွေအောက်မှာ လုံးဝ ထိတွေ့နေရတာ ငါတို့..."

သူက 'ငါတို့ ခန္ဓာကိုယ်က ကြာကြာခံနိုင်ရည်ရှိမှာမဟုတ်ဘူး' လို့ ပြောချင်ခဲ့တယ်။ သို့ပေမဲ့ လူငယ်လေးရဲ့ကိုယ်မှာ ဓာတ်ရောင်ခြည်သင့်ထားတဲ့ လက္ခဏာ တစ်ခုမှ မတွေ့တာကို သူရုတ်တရက် သတိရသွားတယ်။ သူ ဒီမှာ ရုတ်တရက် ပေါ်လာတာကိုက ထူးဆန်းလွန်းနေပြီ။ သူ့ခန္ဓာကိုယ်က ဓာတ်ရောင်ခြည်ရဲ့ သက်ရောက်မှု လုံးဝမခံရဘူးဆိုတာကလည်း အံ့အားသင့်စရာကောင်းလှတယ်။

လူငယ်လေးက သူ့ခံစားချက်တွေကို ဖုံးဖိမထားနိုင်ဘဲ တစ်ချက်ကြည့်လိုက်ရုံနဲ့ ရှင်းရှင်းလင်းလင်းကြီး ဖတ်လို့ရနေတယ်ဆိုတဲ့အချက်နဲ့ အပြစ်ကင်းစင်ပြီး ရိုးရှင်းတဲ့လူမျိုးသာမဟုတ်ရင်၊ ဝမ်ရှောင်းယွင်က သူ့ကို ဘယ်လိုမှ နေခွင့်ပေးမှာ မဟုတ်ဘူး။

သူနဲ့ ဆန့်ကျင်ဘက်ပဲ၊ သူ့ခန္ဓာကိုယ်ကတော့ ဓာတ်ရောင်ခြည်ကြောင့် အတော်ပြင်းပြင်းထန်ထန်ကို ပျက်စီးနေခဲ့တာဖြစ်တယ်။

အဲဒါနဲ့ သူက စကားလုံးကို ပြန်ပြင်လိုက်ပြီး ပြောလိုက်တယ်။ "ငါ့ခန္ဓာကိုယ်က စွမ်းအင်အရင်းအမြစ်တွေရဲ့ ဓာတ်ရောင်ခြည်အောက်မှာ ကြာကြာခံမှာ မဟုတ်ဘူး။ အခုချက်ချင်း ဆက်သွယ်ရေးကွန်ရက်ကို ပြင်ဆင်ဖို့လိုတယ်။ မင်းက ဒီမှာနေပြီး နားလိုက်ပါ"

တကယ်တော့ သူ့မက်ခါရဲ့အတွင်းခန်းက ဓာတ်ရောင်ခြည်ကို ကာကွယ်ပေးထားနိုင်တယ်။ ဒါပေမဲ့ သူ့မက်ခါ ဝေါ့စီး က အင်းဆက်ဂြိုလ်သားဘုရင်မနဲ့ နောက်ဆုံးစစ်ပွဲမှာ အပြင်းအထန် ထိခိုက်သွားတယ်၊ ပြောရမယ်ဆိုရင် အစိတ်စိတ်အမြွာမြွှာ ကွဲထွက်သွားတာပဲ။

ဝေါ့စီးကို အင်ပါယာမှာအတော်ဆုံး မက်ခါဖန်တီးသူ ကယ်လုအန်း တီထွင်ထားတာဖြစ်တယ်။ သူ့ရဲ့ အစိတ်အပိုင်းတိုင်းကို တန်ဖိုးအကြီးဆုံး အရာဝတ္ထုတွေကနေ တည်ဆောက်ထားတဲ့အတွက် ဝေါ့စီးကို ပြန်ပြင်ဖို့ သိပ်မလွယ်ကူဘူး။

ဒါ့အပြင် ကယ်တင်ရေးယာဉ်ထဲမှာ ပါလာတဲ့ အာဟာရဖြည့်စွက်စာကလည်း သူ့ကို ကြာကြာထောက်ပံ့ထားနိုင်မှာ မဟုတ်ဘူး။

အဲဒါကြောင့် ဝမ်ရှောင်းယွင်က ဓာတ်ရောင်ခြည်အပြည့်အဝထိတွေ့နိုင်တဲ့ အန္တရာယ်အောက်မှာပဲ အရင်ဆုံး ဆက်သွယ်ရေးကွန်ရက်ကို ပြင်ဖို့ရာအပြင် ရွေးချယ်စရာမရှိခဲ့ဘူး။ ဆက်သွယ်ရေးကွန်ရက်သာ အချက်ပြချက်တွေ ထုတ်လွှင့်နိုင်မယ်ဆိုရင် သူက လာကယ်တာကို စောင့်နေရင်းနဲ့ သူ့ရဲ့ မက်ခါကို ကြိုးစားပြီး ပြင်လို့ရဦးမယ်။

ကျွမ်းကျိုးက သူကြားလိုက်ရတဲ့စကားကို ဝေတိဝေဝါးလောက်ပဲ နားလည်လိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဝမ်ရှောင်းယွင်က လမ်းညွှန်စာအုပ်ထဲက သူမလေ့လာရသေးတဲ့ စကားတွေအများကြီး ပြောလိုက်လို့ပဲ။ သူက ဝမ်ရှောင်းယွင်က တစ်ခုခု ပြင်မှာမို့လို့ သူ့ကို ဒီမှာနေပြီး အိပ်စေချင်တယ်ဆိုတာကိုပဲ ကြားလိုက်ရတယ်။

ကျွမ်းကျိုးက နည်းနည်း တွန့်ဆုတ်နေတယ်။ "ဒါက..."

သူက ဝမ်ရှောင်းယွင် ဘာပြင်နေတာလဲလို့ မေးချင်ခဲ့တယ်။ သူလည်း ဘယ်လိုလုပ်ရလဲဆိုတာ သိချင်သိနေမှာလေ။

ပြောရမယ်ဆိုရင် သူက သက်မွေးပညာ ၃၀၀ လောက် တတ်မြောက်ထားတဲ့ ကြွယ်ဝခြင်းနတ်ဘုရားပဲလေ။

ဝမ်ရှောင်းယွင်ဟာ ကျွမ်းကျိုး သူတစ်ယောက်တည်းနေရတာ ကြောက်နေတာများလားလို့ တွေးနေရင်းနဲ့ မျက်ခုံးတစ်ဖက်ပင့်ကြည့်လိုက်တယ်။ ဖြစ်နိုင်ပါတယ်လေ။ တစ်ဖက်လူက တကယ်ကို အရမ်းငယ်သေးတယ်။

သူက ကျွမ်းကျိုးလေး နံရံမှာမှီထားတဲ့ နတ်ဘုရားပုံတော်ကို ညွှန်ပြလိုက်ပြီး ရှားပါးတဲ့ နှစ်သိမ့်ပေးတဲ့လေသံနဲ့ ပြောလိုက်တယ်။ "မကြောက်ပါနဲ့၊ မင်းအဖေက အနားမှာရှိပါတယ်"

ကျွမ်းကျိုး: ".........."

...................xxx.................

Author has something to say.... P.s.

ကျွမ်းကျိုး : တကယ်လို့ ငါက ငါ့အဖေဆိုရင်၊ ငါ့အဖေကရော ငါ့အဖေဟုတ်သေးရဲ့လား။ (ಥ﹏ಥ)

ဖီရှိုး

လာဘ်ခေါ်ကြောင်

ခိုအီငါး (Koi)

-Zawgyi-

အခန္း ၃: မင္းအေဖကို ေမ့ေနခဲ့ၿပီ

ဝမ္ေ႐ွာင္းယြင္ရဲ႕ ႐ႈပ္ေထြးေနတဲ့ အၾကည့္ေအာက္မွာ ကၽြမ္းက်ိဳးဟာ ေခါင္းမာမာနဲ႔ပဲ "ငါက အရမ္းပံုမွန္ပဲ၊ ဒါကို ထူးဆန္းတယ္လို႔ထင္ရင္ ခင္ဗ်ားကသာ ပံုမွန္မဟုတ္တဲ့လူပဲ" ဆိုတဲ့ ပံုဖမ္းလုိက္ၿပီးေတာ့ အေမႊးတိုင္ကို အေမႊးတိုင္ထြန္းတဲ့အိုးထဲ တိတ္တိတ္ေလး စိုက္လုိက္တယ္။

ပူေဇာ္တဲ့အမႈကိစၥေတာ့ ၿပီးသြားၿပီ။

ကၽြမ္းက်ိဳးက သူနဲ႔ 'အခ်ိဳရည္' ၾကားမွာ ဆက္ႏြယ္မႈကို ေရးေရးေလး ခံစားလုိက္ရတယ္။

ေနာက္ဆံုးမွာ စိတ္ေအးသြားသလို အသက္႐ႈထုတ္လိုက္ၿပီးတဲ့ေနာက္ ဝမ္ေ႐ွာင္းယြင္ကို ၿပံဳးျပလုိက္တယ္။ ဒါေပမဲ့လည္း သူက နည္းနည္း ႐ွက္ေနေသးတာမို႔ သူ႔အသံက ေျခာက္ကပ္ေနတယ္။ "ဆိုေတာ့... ခင္ဗ်ား၊ ခင္ဗ်ား ေရာက္လာတာလား..."

ဝမ္ေ႐ွာင္းယြင္က ကၽြမ္းက်ိဳးကို ဖ်တ္ခနဲ လွမ္းၾကည့္လိုက္တယ္။ အဲဒီေနာက္မွာေတာ့ ေျမေပၚမွာ ခ်ထားတဲ့ နတ္ဘုရားပံုေတာ္ဆီကို ထပ္ၿပီး အၾကည့္ေရာက္သြားတယ္။

ဝမ္ေ႐ွာင္းယြင္ရဲ႕ မ်က္လံုးထဲမွာ ၾကယ္အစုအေဝးကလူေတြဟာ ယံုၾကည္ကိုးကြယ္တဲ့အရာရယ္လို႔ မ႐ွိၾကဘူး။ သူတို႔က လက္႐ံုးရည္ကိုပဲ ၾကည္ညိဳၾကတယ္။

ခြန္အားအႀကီးဆံုးလူက သူတို႔ ႏွလံုးသားေတြထဲမွာ စံနမူနာထားၿပီး ကိုးကြယ္တဲ့လူပဲ။

အဲဒါေၾကာင့္ သူက နတ္ဘုရားပံုေတာ္ကိုေတြ႕ေတာ့ သူ႔စိတ္ထဲမွာ ႐ုပ္ထုတစ္ခုလို႔ပဲ ထင္လိုက္တယ္။

ၿမိဳ႕ေတာ္ၿဂိဳလ္က အႀကီးဆံုးပလာဇာမွာ သူ႔အေဖရဲ႕ ႐ုပ္ထုတစ္႐ုပ္႐ွိတယ္။ ေန႔တိုင္းေန႔တိုင္း အင္ပါယာၿမိဳ႕သူၿမိဳ႕သားေတြဟာ စစ္ပြဲနတ္ဘုရား ဝမ္ထ်န္းကို ေလးစားေအာက္ေမ့တဲ့ သေကၤတတစ္ခုအေနနဲ႔ ပန္းေတြလာထားတပ္ၾကတယ္။

ေနာက္ၿပီး လူငယ္ေလး အခုေလးတင္ အခ်ိဳရည္ကပ္ေနတဲ့ ႐ုပ္ထုက ေတာ္ေတာ္ေလး လက္ေတြ႕က်ၿပီး အသက္ဝင္ေအာင္ ထြင္းထုထားတယ္။ လူငယ္ေလးကိုယ္တိုင္နဲ႔ ၇၀ - ၈၀ ရာခိုင္ႏႈန္းေလာက္ကို တူေနတယ္။

အဲဒီလုိနဲ႔ပဲ ဝမ္ေ႐ွာင္းယြင္က နားလည္သြားတယ္။

သူက ေမးလုိက္တယ္။ "ဒါက မင္းအေဖလား"

ကၽြမ္းက်ိဳးက တကယ္ေတာ့ အေတာ္ေလး စိတ္လႈပ္႐ွားေနခဲ့တာပဲ။

ဝမ္ေ႐ွာင္းယြင္ စကားမေျပာဘဲ ႐ုပ္ထုကို စိုက္ၾကည့္ေနတာကို သူေတြ႕တုန္းက ကၽြမ္းက်ိဳးရဲ႕ ႏွလံုးသားေလးဟာ တုန္ယင္ေနၿပီး လႈပ္ခါေနတယ္။

႐ုပ္ထုက ငါဆိုတာ သူ သိမ်ားသြားၿပီလား။

ဒီည သူ႔ကို အိပ္မက္ထပ္ေပးၿပီး ဒီအျဖစ္အပ်က္တစ္ခုလံုးကို ေမ့သြားေအာင္ လုပ္ရေတာ့မယ္နဲ႔တူတယ္...

ဝမ္ေ႐ွာင္းယြင္ရဲ႕အသံကို ဒီအခ်ိန္မွာ ၾကားလိုက္ရေတာ့ ကၽြမ္းက်ိဳးက ေျပာမျပတတ္ေအာင္ အျပစ္႐ွိသလို ခံစားလိုက္ရတယ္။ သူက တကယ္ေတာ့ 'တစ္ဖက္လူရဲ႕ ေဒသိယစကားေဟာင္းကို နားမလည္တာ သူေတာ္ေတာ္ကံေကာင္းတာပဲ' လို႔ ခံစားေနခဲ့ရတယ္။ နားမလည္ေတာ့ သူျပန္ေျဖစရာကို မလိုေတာ့ဘူးေလ။

ကၽြမ္းက်ိဳးဆီက အေျဖျပန္မရေတာ့ ဝမ္ေ႐ွာင္းယြင္က မ်က္ခံုးေတြကို တြန္႔ခ်ိဳးလိုက္တယ္။

လူငယ္ေလး အမ်ားသံုးၾကယ္စုဘာသာစကားကို နားမလည္တာက ႀကီးမားတဲ့ ျပႆနာပဲ။

ဝမ္ေ႐ွာင္းယြင္က အရင္က သူလူငယ္ေလးကို ေပးထားတဲ့ <<ကေလးမ်ားအတြက္ ျပည့္ျပည့္စံုစံုေရးသားထားေသာ ၾကယ္အစုအေဝးဆိုင္ရာ ပညာေရးလမ္းညႊန္>> စာအုပ္ကို ထုတ္လိုက္ၿပီးေတာ့ ကၽြမ္းက်ိဳးေဘးမွာ ထုိင္ခ်လိုက္တယ္။ သူက ပထမစာမ်က္ႏွာကို လွန္လိုက္ေတာ့ အဲဒီမွာ မိသားစု သံုးေယာက္ရဲ႕ ပံုတစ္ပံု ႐ွိေနတယ္။

ဝမ္ေ႐ွာင္းယြင္က ႐ုပ္ျပစာအုပ္ေပၚက မွတ္ခ်က္ေရးထားတဲ့ စကားလံုးေတြကို ညႊန္ျပၿပီးေတာ့ ကၽြမ္းက်ိဳးကို ေျပာလုိက္တယ္။ "ငါ့ေနာက္က လုိက္ဆို"

အဲဒီေနာက္မွာ ဖေယာင္းတိုင္မီး အလင္းေရာင္ပ်ပ်ရဲ႕ေအာက္မွာ အသံဩဩဟာ ျဖည္းျဖည္းခ်င္း ပ်ံ႕လြင့္လာတယ္။ "အေဖ၊ အေမ နဲ႔ ကၽြန္ေတာ္"

႐ုပ္ျပစာအုပ္က ႐ိုး႐ွင္းၿပီး နားလည္ရလြယ္ကူတယ္။ အရင္ဆံုး မိသားစုဝင္ေတြရဲ႕ နာမည္ေတြကို သင္ေပးတာနဲ႔ စထားတယ္။ ကၽြမ္းက်ိဳးဟာ တစ္ခ်က္ၾကည့္လုိက္တာနဲ႔ ဘာဆိုလုိခ်င္လဲဆိုတာ နားလည္သြားတယ္။

ဒါေပမဲ့ ကၽြမ္းက်ိဳးက နည္းနည္းေတာ့ မယံုၾကည္ႏိုင္စရာေကာင္းတယ္လို႔ စၿပီး ခံစားလာရတယ္။

ဒါႀကီးက မဟုတ္ေသးဘူး။

ဒီလူက ေဒသိယစကားေဟာင္း ေျပာေနတာမဟုတ္ဘူးလား။

ေဒသိယစကားေဟာင္းမွာ အထူးလမ္းညႊန္စာအုပ္ေတြေရာ ႐ွိလုိ႔လား။

ပံုမွန္အေျခအေနမ်ိဳးမွာဆိုရင္ ၿပီးျပည့္စံုေအာင္ဖြဲ႔စည္းတည္ေဆာက္ထားတဲ့ ဘာသာစကားတစ္ခုကိုပဲ ဒီလုိမ်ိဳး သင္ေပးလို႔ရတာေလ။

ကၽြမ္းက်ိဳးက သူေနရာမွားၿပီး ေရာက္လာတာျဖစ္ရမယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ေဝတိေဝဝါး ခံစားေနရတယ္။ သူက တိတ္တိတ္ေလး ဝမ္ေ႐ွာင္းယြင္ကို ေစ့ေစ့စပ္စပ္ေလ့လာေနမိတယ္။

ဆံပင္အနက္ေရာင္နဲ႔ မ်က္ဆံအနက္ေတြ။ ေနာက္ၿပီး အဲဒီမ်က္ႏွာေပါက္အခ်ိဳးအစားေတြ၊ အဲဒါေတြက အာ႐ွသားတစ္ေယာက္ရဲ႕ အေျခခံမ်က္ႏွာသြင္ျပင္ေတြပဲ။

ကၽြမ္းက်ိဳးက ဂ်ပန္ေရာ တ႐ုတ္ေရာကို သိတယ္။ ဒါေပမဲ့ သူတို႔က ဒီလုိမ်ိဳးလံုးဝမဟုတ္ဘူး။

သူ...သူ အာ႐ွတိုက္က အျခားႏိုင္ငံမွာမ်ား ေရာက္ေနတာလား။

ကၽြမ္းက်ိဳးက အနည္းငယ္ မူးေဝလာသလိုခံစားလုိက္ရတယ္။ အခုအခ်ိန္မွာ သူ႔ရဲ႕ တည္ေနရာအတိအက်ကို အေရးတႀကီး သိခ်င္စိတ္ျပင္းျပေနတယ္။ အဲဒါေၾကာင့္ ဝမ္ေ႐ွာင္းယြင္ေနာက္ကေန ႐ို႐ိုက်ိဳးက်ိဳးေလး လိုက္ဆိုေနတယ္။ "အေဖ၊ အေမ နဲ႔ ကၽြန္ေတာ္?"

လူငယ္ေလးရဲ႕ ေလသံက ႏူးညံ့ၿပီး ညင္သာတယ္။ အသံေလးက လူေတြကို တည္ၿငိမ္ေအးခ်မ္းေစတယ္။ သူ႔ရဲ႕ အသံထြက္ကလည္း အလြန္တိက်တယ္။ သူအသံထြက္တာ မွားသြားမွာကို စိုးရိမ္ေနသလုိမ်ိဳး မေသခ်ာတဲ့ အရိပ္ေယာင္ေလးပဲ စြက္ေနတယ္။

ဝမ္ေ႐ွာင္းယြင္က တည္ၿငိမ္စြာနဲ႔ ခ်ီးက်ဳးလုိက္တယ္။ "အရမ္းေတာ္တယ္"

ခဏေလာက္ စဥ္းစားၾကည့္လိုက္ၿပီးေတာ့ သူ႔ကိုယ္သူ လက္ညွိဳးထုိးျပလုိက္တယ္။ "ငါ၊ ဝမ္ေ႐ွာင္းယြင္" အဲဒီေနာက္ ကၽြမ္းက်ိဳးကို ညႊန္ျပလုိက္တယ္။ "မင္းကေရာ"

သူ႔နာမည္ေမးေနတာမွန္း ကၽြမ္းက်ိဳးက နားလည္လုိက္တယ္။

သူက အေလာတႀကီး ေျပာလုိက္တယ္။ "ကၽြမ္းက်ိဳး"

သူ မန္ဒရင္း အသံထြက္ကို သံုးလုိက္တယ္။

ဝမ္ေ႐ွာင္းယြင္ ေနာက္က လုိက္ဆိုတယ္။ "ကၽြမ္းက်ိဳး"

ကၽြမ္းက်ိဳးလည္း ေတာက္ပေနတဲ့ မ်က္လံုးေတြနဲ႔ ေခါင္းညိတ္ျပလုိက္တယ္။

ဝမ္ေ႐ွာင္းယြင္ သူ႔ကို ခဏေလာက္ၾကည့္ေနၿပီးမွ အၾကည့္႐ုတ္လုိက္ၿပီး စာဆက္သင္ေပးတယ္။

အလြန္ျမန္ျမန္ဆန္ဆန္ပဲ ဝမ္ေ႐ွာင္းယြင္ဟာ ဒီလူငယ္ေလးက ဘာသာစကားနယ္ပယ္မွာ အလြန္ကၽြမ္းက်င္လိမ္မာတယ္ဆိုတာ သိလုိက္ရတယ္။ သူက စကားလံုးကို တစ္ႀကိမ္ပဲ အသံထြက္ျပစရာလိုတယ္။ တစ္ဖက္လူက အဲဒါကို ေတာ္ေတာ္ေလး မွတ္မိေနၿပီ။ သူက ႐ိုး႐ွင္းတဲ့ ေန႔စဥ္သံုး စကားစုေလးေတြကိုေတာင္ စၿပီး သံုးေနႏိုင္ၿပီ။

ဝမ္ေ႐ွာင္းယြင္က ေျပာတယ္။ "အရမ္း အထင္ႀကီးစရာပဲ"

ကၽြမ္းက်ိဳးက ဒါကိုေတာင္ နားလည္ေနၿပီ။

သူကိုယ့္သူ ေသးေသးေလး ဂုဏ္ယူမိသြားတယ္။ ဟုတ္တာေပါ့ သူက အထင္ႀကီးစရာပဲ။ သူက ခ်မ္းသာႂကြယ္ဝျခင္းနတ္ဘုရားေတြ အားလံုးထဲမွာ သင္ယူႏိုင္စြမ္းအျမန္ဆံုးသူပဲေလ။

ေျပာျပရမယ္ဆိုရင္ သက္ေမြးပညာေပါင္း ၃၆၀ ႐ွိတဲ့အထဲမွာ ခ်မ္းသာႂကြယ္ဝျခင္းနတ္ဘုရားေတြက အရည္အခ်င္းျပည့္မီဖို႔ဆိုရင္ အနည္းဆံုး ၃၀၀ ေလာက္ တတ္ထားရတယ္။

သူတို႔သာ အရာရာကို အရမ္းေႏွးေႏွးေကြးေကြး ေလ့လာေနရင္ ဘယ္လုိလုပ္ၿပီး အလုပ္ရပါေတာ့မလဲ။

အခုေခတ္မွာ နတ္ဘုရားတစ္ပါးျဖစ္ဖို႔က တကယ္လြယ္တဲ့ကိစၥေတာ့မဟုတ္ဘူး။

အထူးသျဖင့္ ၂၁ ရာစုေခတ္မွာ ႐ုပ္ဝါဒက အင္မတန္အားေကာင္းတယ္။ လူအနည္းအက်ဥ္းေလာက္ကသာ နတ္ဘုရားေတြကို ယံုၾကည္ေနဆဲျဖစ္တယ္။

လူတိုင္းက ခ်မ္းသာႂကြယ္ဝျခင္းနတ္ဘုရားျဖစ္ရတာက အလြယ္ဆံုးပဲလို႔ ေျပာၾကတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေ႐ွးေခတ္ကာလေတြကတည္းက ေငြမႀကိဳက္တဲ့လူဆိုလို႔ လူအနည္းအက်ဥ္းေလာက္ပဲ ႐ွိၾကတယ္။

လူတိုင္းက ခ်မ္းသာခ်င္ၾကၿပီး ခ်မ္းသာေအာင္ ခယေတာင္းဆိုၾကတယ္။ သူတို႔က ခ်မ္းသာႂကြယ္ဝျခင္းနတ္ဘုရားကို ဆုေတာင္းၾကတာပဲ မဟုတ္ဘူးလား။

အဲဒါေၾကာင့္ပဲ နတ္ဘုရားေတြအားလံုးက ေျပာၾကတယ္: အျခားနတ္ဘုရားေတြက ႐ွင္သန္ဖို႔အတြက္ တစ္ေယာက္ထက္တစ္ေယာက္ သာလြန္ဖို႔ကို အားကိုးအားထားျပဳဖို႔ လိုအပ္တယ္။ ခ်မ္းသာႂကြယ္ဝျခင္းနတ္ဘုရားေတြကသာ ေအာင္ျမင္မႈေတြအတြက္ ယွဥ္ၿပိဳင္စရာမလိုအပ္ၾကဘူး။

ဒါေပမဲ့ သူတို႔က ေတြးေရာ ေတြးဖူးၾကရဲ႕လား... ခ်မ္းသာႂကြယ္ဝျခင္းနတ္ဘုရားအမ်ိဳးအစားေတြ အမ်ားႀကီး ႐ွိတယ္ေလဗ်ာ။

ပညာ႐ွင္ဆန္တဲ့ ႂကြယ္ဝျခင္းနတ္ဘုရားေတြသာမက ကိုယ္ခံပညာပိုင္းဆိုင္ရာ ႂကြယ္ဝျခင္းနတ္ဘုရားေတြလည္း ႐ွိတယ္။ အေသးစိတ္ ထပ္ေရတြက္သြားမယ္ဆိုရင္ ေဒသဆိုင္ရာ အရပ္မ်က္ႏွာ ငါးခုျဖစ္တဲ့ - ေျမာက္၊ ေတာင္၊ အေ႐ွ႕၊ အေနာက္နဲ႔ အလယ္ပိုင္း - အတြက္ မတူညီတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားေတြလည္း ႐ွိတယ္။

ကၽြမ္းက်ိဳးကိုယ္တိုင္က အေရွ႕အရပ္ႂကြယ္ဝျခင္းနတ္ဘုရားမ်ား အုပ္စုမွာ ပါဝင္တယ္။

လူသားတစ္ေယာက္ခ်င္းဆီတုိင္းက မတူညီတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားေတြကို ယံုၾကည္ကိုးကြယ္ၾကတယ္။ ဒီသက္ဝင္ယံုၾကည္မႈေတြအကုန္လံုးကို ေဝျခမ္းေရးလုပ္လုိက္တဲ့ေနာက္မွာေတာ့ အျခားနတ္ဘုရားေတြေလာက္ေတာင္မွပဲ အေရအတြက္ မက်န္ေတာ့ဘူးေလ။

ပိုၿပီးေၾကာက္စရာေကာင္းတာက ဖီ႐ႈိး (Pixiu) တို႔ လာဘ္ေခၚေၾကာင္တို႔လိုမ်ိဳး သူတို႔နဲ႕ယွဥ္ၿပီး သက္ဝင္ယံုၾကည္သူေတြကို လုတဲ့ အျခားအရာေတြလည္း ႐ွိေသးတယ္။ (T/N Pixiu က တ႐ုတ္ဒ႑ာရီလာ မ်ိဳးစပ္သတၱဝါကိုေခၚတယ္။ ကံေကာင္းျခင္းေတြသယ္လာၿပီး မိစာၦအေငြ႔အသက္ေတြကို ဖယ္႐ွားေပးတယ္လို႔ အယူ႐ွိတယ္။ လာဘ္ေခၚေၾကာင္ကေတာ့ သိမွာပါ ညာလက္ေျမွာက္ထားတဲ့ ေၾကာင္႐ုပ္ေလးကို ေျပာတာ)

ုခိုအီငါးေတြကို ယံုတဲ့လူက အေရွ႕အရပ္ႂကြယ္ဝျခင္းနတ္ဘုရားေတြကို ယံုၾကည္တဲ့လူေတြထက္ေတာင္ ပိုမ်ားေသးတယ္။ (T/N ခုိအီငါးေတြက ဂ်ပန္လို ခ်စ္ျခင္းေမတၱာကို ကိုယ္စားျပဳၿပီး ကံေကာင္းတယ္လုိ႔ ယူဆၿပီး ေမြးၾကတယ္)

အဲဒီေတာ့ သူတို႔သာ သက္ေမြးပညာ ၃၆၀ မွာ အနည္းဆံုး ၃၀၀ ေလာက္ မသင္ထားဘူးဆိုရင္ အျခားအရပ္ကနတ္ဘုရားေတြနဲ႔႔ သက္ဝင္ယံုၾကည္သူေတြကို ဘယ္လိုဖက္ၿပိဳင္လုရေတာ့မွာလဲ။

ဒါကို ေတြးမိသြားတဲ့အခါ ကၽြမ္းက်ိဳးက ဝမ္ေ႐ွာင္းယြင္ မန္ဒရင္းဘာသာစကား နားမလည္ဘူးဆိုတဲ့အခ်က္ကို အခြင့္ေကာင္းယူၿပီးေတာ့ ခါးသီးစြာနဲ႔ စတင္ၿပီး မေက်မနပ္ေျပာေတာ့တယ္။ "ကၽြန္ေတာ္တို႔ရဲ႕ မဟာနတ္မင္းႀကီးကေျပာဖူးတယ္။ တစ္ခါက ဖုန္းမိုင္ခ႐ိုခ်ပ္စ္ေတြ ေရာင္းတဲ့ အလြန္ကံဆိုးတဲ့လူတစ္ေယာက္႐ွိတယ္တဲ့။ ေဒဝါလီခံရေတာ့မယ့္ဆဲဆဲမွာ သူတို႔က ကံေကာင္းၿပီး ရင္းႏွီးျမွဳပ္ႏွံမႈတစ္ခုတေလေလာက္မ်ား ရမလားလို႔ ေမွ်ာ္လင့္ၿပီး နတ္ဘုရားေတြဆီကို လွည့္ပတ္အကူအညီေတာင္းတယ္။ သူတို႔ကုမၸဏီကို ကယ္တင္ဖို႔ ဖုန္းမိုင္ခ႐ိုခ်ပ္စ္ကို အဆင့္ျမွင့္ႏိုင္စြမ္း႐ွိတဲ့သူတစ္ေယာက္လည္း ႐ွာေတြ႕ခ်င္ခဲ့ၾကတယ္... အဲဒီလူက ကၽြန္ေတာ္တို႔ အေ႐ွ႕ပိုင္းကလူျဖစ္ေနတယ္..."

"ဒါေပမဲ့ ကၽြန္ေတာ္တို႔အေ႐ွ႕အရပ္ႂကြယ္ဝျခင္းနတ္ဘုရားေတြထဲမွာာ ဒီနည္းပညာကို တတ္ကၽြမ္းတဲ့လူ တစ္ေယာက္မွ မ႐ွိဘူး... အဲဒါနဲ႔ အဲဒီလူကို ေတာင္အရပ္က ႂကြယ္ဝျခင္းနတ္ဘုရားက ခိုးသြားတယ္..."

"ဘာျဖစ္လို႔လဲဆိုေတာ့ ေတာင္ပိုင္းေဒသမွာ အေစာပိုင္းတုန္းက လူ႔ျပည္ကိုဆင္းသက္ဖူးၿပီး အထင္ႀကီးစရာေကာင္းတဲ့ ေကာလိပ္ကေန ဘြဲ႕ရထားတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားဆိုတာ ႐ွိတယ္။ သူက အဲဒီလူရဲ႕ အခက္အခဲကို ေျဖ႐ွင္းေပးလုိက္တယ္။ အဲဒီလူက သူ႔ကို အလြန္႔အလြန္ ယံုၾကည္ကိုးစားသြားၿပီး သူ႔ရဲ႕သက္ဝင္ယံုၾကည္သူျဖစ္လာတယ္... အဲဒီလူလိုမ်ိဳး သူေဌးမင္းတစ္ေယာက္က လူေတြအမ်ားႀကီးကို အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးတဲ့အတြက္ သက္ဝင္ယံုၾကည္မႈေတြအမ်ားအျပား ထုတ္ေပးႏိုင္တယ္။ သူ႔ရဲ႕သက္ဝင္ယံုၾကည္မႈက အရမ္းအားေကာင္းတဲ့အတြက္... ေတာင္အရပ္ရဲ႕ တန္ခိုးအာဏာက ကၽြန္ေတာ္တို႔အေ႐ွ႕အရပ္ထက္ ခ်က္ခ်င္းသာသြားပါေရာ။"

"ဒါေပမဲ့လည္း ေတာင္ပိုင္းက အားအႀကီးဆံုးေတာ့ မဟုတ္ေသးဘူး။ အားအႀကီးဆံုးက အေနာက္ပိုင္းပဲ...သူတို႔က အရမ္းၾကည့္ေကာင္းတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားတစ္ေယာက္ကို လူ႔ျပည္ကိုလႊတ္ၿပီး ပင္ကိုစြမ္းရည္ျပသ႐ႈိးပြဲတို႔ ဘာတို႔မွာ ဝင္ၿပိဳင္ခိုင္းတယ္။ သူက နာမည္ႀကီးအႏုပညာ႐ွင္တစ္ေယာက္ျဖစ္လာၿပီး လူေတြက သူ႔ကို ခ်စ္ၾကတယ္။ သူက အရပ္မ်က္ႏွာ ငါးခုက ႂကြယ္ဝျခင္းနတ္ဘုရားေတြအားလံုးထဲမွာ သက္ဝင္ယံုၾကည္သူအမ်ားဆံုးသူတစ္ေယာက္ ျဖစ္လာတာပဲ"

ေျပာေနရင္းနဲ႔ ကၽြမ္းက်ိဳးဟာ ေလးစားအားက်တဲ့အရိပ္အေယာင္ေတြ သူ႔ေလသံမွာ ထံုမႊန္းေနေတာ့တယ္။

"အဲဒီကေနစၿပီး မဟာနတ္မင္းႀကီးက ကၽြန္ေတာ္တို႔ကို အသက္ေမြးပညာ ၃၆၀ မွာ အနည္းဆံုး ၃၀၀ တတ္ေျမာက္ရမယ္လို႔ သတ္မွတ္လိုက္တယ္။ ဒီလိုမွ ကၽြန္ေတာ္တို႔က အနာဂတ္မွာ အသက္ေမြးဝမ္းေၾကာင္းနယ္ပယ္မ်ိဳးစံုက လူေတြရဲ႕ ဆႏၵေတြကို ျဖည့္စည္းေပးႏိုင္မွာ။ ဒါေပမဲ့ ဒါေတြအကုန္လံုးကို တတ္ေျမာက္ဖို႔ဆိုတာ တကယ္မလြယ္လွဘူး။ ဒီလိုအပ္ခ်က္ကို ေၾကညာလုိက္တာနဲ႔ ကၽြန္ေတာ္တို႔အေ႐ွ႕အရပ္ကႂကြယ္ဝျခင္းနတ္ဘုရားထဲက ၉ ေယာက္ ႏႈတ္ထြက္သြားတယ္၊ ၂ ေယာက္က စိတ္က်ေရာဂါရသြားတယ္၊ ၁ ေယာက္က စ႐ိုက္မ်ိဳးစံုနဲ႔ စိတ္ကစဥ့္ကလ်ားေရာဂါ ရသြားတယ္... အိုင္း ကၽြန္ေတာ္တို႔အေ႐ွ႕အရပ္ႂကြယ္ဝျခင္းနတ္ဘုရားေတြအတြက္ ဖိအားေတြက လြန္လြန္းတယ္။ ကၽြန္ေတာ္တို႔မွာ အရာ႐ွိအင္အားကလည္း မ႐ွိ..."

"ဆႏၵနတ္ဘုရားေတြကလည္း ကၽြန္ေတာ္တို႔အေၾကာင္းကို ဆက္တိုက္ မေက်မနပ္ညည္းညဴေနတယ္ ကၽြန္ေတာ္တို႔က သူတို႔ရဲ႕ သက္ဝင္ယံုၾကည္သူေတြကို ခိုးေနတယ္ဆုိၿပီးေတာ့..."

ကၽြမ္းက်ိဳးဟာ မန္ဒရင္းဘာသာစကား ေျပာေနတာျဖစ္လို႔ ဝမ္ေ႐ွာင္းယြင္က သူဘာေတြေျပာေနလဲဆိုတာ တစ္လံုးမွနားမလည္ဘူး။ သူက လူငယ္ေလး ပြစိပြစိနဲ႔ အမွ်င္မျပတ္ ေျပာေနတာကိုပဲ ၾကားေနရတယ္။ တစ္မိနစ္မွာ ဂူဏ္ယူဝင့္ႂကြားေနၿပီး ေနာက္တစ္မိနစ္က် အားက်တဲ့အသံျဖစ္သြားတယ္။ ဒီလိုနဲ႔ ေနာက္ဆံုးက်ေတာ့ စၿပီး ဝမ္းနည္းပူေဆြးေနေတာ့တယ္။

တကယ့္ကို ကေလးေသးေသးေလးလိုပဲ။

ဝမ္ေ႐ွာင္းယြင္က ကၽြမ္းက်ိဳးရဲ႕ေခါင္းေပၚမွာ တံုးအတဲ့ပံုစံနဲ႔ ေထာင္ေနတဲ့ ဆံပင္ေလးကို ဖိခ်ေပးလုိက္တယ္။

"ဟမ္" ကၽြမ္းက်ိဳးက သူ႔ေခါင္းကို ကာလိုက္ၿပီးေတာ့ ဝမ္ေ႐ွာင္းယြင္ကို ေမာ့ၾကည့္လုိက္တယ္။

ဝမ္ေ႐ွာင္းယြင္က သူ႔လက္ကို တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္႐ုတ္လုိက္ကာ ေနာက္စာမ်က္ႏွာကို လွန္လိုက္တယ္။ "ဆက္သြားမယ္"

"အင္း အင္း" ကၽြမ္းက်ိဳးဟာ ၾကက္ေပါက္ေလး ဆန္ေစ့ေကာက္ေနသလိုမ်ိဳး အလြန္အမင္း ႐ိုက်ိဳးနာခံတတ္တဲ့ပံုေလးနဲ႔ ေခါင္းညိတ္ျပလုိက္တယ္။

ဝမ္ေ႐ွာင္းယြင္က စာရြတ္ေတာ့မယ့္ဆဲဆဲမွာ ႐ုတ္တရက္ ေမွာင္က်သြားတယ္။

ကၽြမ္းက်ိဳး အခုေလးတင္ ထြန္းထားတဲ့ ဖေယာင္းတိုင္ဟာ လံုးဝ မီးစာကုန္သြားေလၿပီ။ ပတ္ဝန္းက်င္မွာ ေနာက္တစ္ခါထပ္ၿပီး အေမွာင္အတိက်သြားတယ္။

အေမွာင္ထဲမွာ စာဆက္သင္ဖို႔က မျဖစ္ႏိုင္ဘူး။ ဝမ္ေ႐ွာင္းယြင္က ကၽြမ္းက်ိဳးကို ႐ုပ္ျပစာအုပ္ ျပန္ေပးလုိက္ၿပီး ေျပာတယ္။ "အထဲျပန္ဝင္ၿပီး အနားယူၾကမယ္"

"အိုေက" ကၽြမ္းက်ိဳးက 'ေဒသိယစကားေဟာင္း' ေျပာတဲ့ေနရာမွာ သိပ္မကၽြမ္းက်င္ေသးတဲ့အတြက္ နည္းနည္း ႐ွက္ေနတယ္။

႐ုပ္ျပစာအုပ္ကို ပိုက္ၿပီးေတာ့ မတ္တပ္ရပ္ေနရင္းနဲ႔ အာဟာရျဖည့္စြက္စာကို သူ႔အိတ္ကပ္ထဲကို ထည့္လုိက္တယ္။ အဲဒီေနာက္မွာ သူက ေျမေပၚခ်ထားတဲ့ အေမႊးတိုင္ထြန္းတဲ့အိုးနဲ႔ နတ္ဘုရားပံုေတာ္ကို ၾကည့္လိုက္ၿပီး နည္းနည္း ဒြိဟျဖစ္ေနတယ္။

အဲဒါေတြကို ခ်က္ခ်င္း သူ႔ရဲ႕ ခ်န္ခြင္းအိတ္ထဲ ထည့္လုိက္ဖို႔ဆိုတာက ေသခ်ာေပါက္ မျဖစ္ႏိုင္ဘူး။ တကယ္လို႔ ဝမ္ေ႐ွာင္းယြင္းသာ သတိထားမိသြားရင္ ႐ွင္းျပဖို႔ လြယ္မွာမဟုတ္ဘူး... ခဏေလာက္ ေစာင့္ၿပီးမွ တိတ္တိတ္ေလးျပန္လာၿပီး သိမ္းတာက ေကာင္းလိမ့္မယ္။

အာ႐ံုစိုက္ၾကည့္ေနရာမွ ကၽြမ္းက်ိဳးဟာ ဝမ္ေ႐ွာင္းယြင္ေနာက္ကို တိတ္တိတ္ေလး လုိက္သြားေတာ့တယ္။

ဝမ္ေ႐ွာင္းယြင္မွာ ျမင့္မားတဲ့ စိတ္စြမ္းအားအဆင့္႐ွိတယ္။ အေမွာင္က သူ႔ရဲ႕အျမင္အာ႐ံုကို လံုးဝသက္ေရာက္မႈမ႐ွိဘူး။ ေျခလွမ္းအနည္းငယ္ ေလွ်ာက္ၿပီးေနာက္မွာ သူ႔ရဲ႕ သူငယ္ခ်င္းေလးက ေျမေပၚက ပစၥည္းေတြကို မသိမ္းတာ သတိထားမိသြားတယ္။

သူက ရပ္တန္႔လုိက္ၿပီး တစ္ဖက္လွည့္လာတယ္။

ကၽြမ္းက်ိဳးက ေခါင္းငိုက္စိုက္က်ကာ အခ်ိန္ယူၿပီး စဥ္းစားေနတယ္။ ခဏေန သူ႔ရဲ႕နတ္ဘုရားပံုေတာ္ကို လာသိမ္းလို႔ရေအာင္ အေၾကာင္းျပခ်က္႐ွာဖို႔ ႀကိဳးစားေနတယ္။ သူက သူ႔ေ႐ွ႕ကလူ ႐ုတ္တရက္ ရပ္သြားတာကို သတိမထားမိလိုက္ဘူး။

ကၽြမ္းက်ိဳးဟာ ဝမ္ေ႐ွာင္းယြင္ရဲ႕ ရင္ဘတ္ကို တည့္တည့္ႀကီး ေခါင္းနဲ႔ ဝင္တိုးမိသြားတယ္။

"ေတာင္း... ေတာင္းပန္ပါတယ္..."

ဝမ္ေ႐ွာင္းယြင္က "အင္း" ဆိုၿပီး အသိအမွတ္ျပဳလုိက္တယ္။ "လမ္းကို အာ႐ံုစုိက္"

ကၽြမ္းက်ိဳးရဲ႕ ပါးႏွစ္ဖက္က နည္းနည္းေလး ႐ွက္ေသြးျဖာေနတယ္။ "ဘာလို႔ ဘာလို႔ရပ္လုိက္တာလဲ"

သူက ၾကယ္စုဘာသာစကားေျပာရတာ သိပ္ေနသားမက်ေသးေတာ့ အနည္းငယ္ ထစ္ေနတယ္။

ကံေကာင္းလုိ႔ သူဘာေျပာခ်င္တာလဲကိုေတာ့ ေသေသခ်ာခ်ာ ႐ွင္း႐ွင္းလင္းလင္း ေဖာ္ျပႏုိင္တယ္။

ဝမ္ေ႐ွာင္းယြင္က သူ႕ကို ခပ္တည္တည္နဲ႔ သတိေပးလုိက္တယ္ "မင္းအေဖကို ေမ့ေနခဲ့ၿပီ"

ကၽြမ္းက်ိဳးက အနည္းငယ္ စိတ္႐ႈပ္ေထြးသြားတယ္။ ".... အမ္၊ ကၽြန္ေတာ့္.. ကၽြန္ေတာ့္အေဖလား"

ဝမ္ေ႐ွာင္းယြင္ လက္ကို ဆန္႔လုိက္ကာ သူ႔ေနာက္ကို ညႊန္ျပလုိက္တယ္။

ကၽြမ္းက်ိဳးဟာ ေခါင္းလွည့္ၿပီး သူ႔လက္ေခ်ာင္းသြားတဲ့ေနာက္ကို လွမ္းၾကည့္လုိက္တယ္။ သူ႕ရဲ႕ ေျမႀကီးေပၚမွာ ခ်ထားတဲ့ နတ္ဘုရားပံုေတာ္ေလးကို အထီးက်န္ဆန္လွစြာ ခ်က္ခ်င္းေတြ႕လုိက္ရတယ္။ အေမႊးတိုင္လည္း အကုန္ျပာက်သြားလုနီးပါးပဲ။

ကၽြမ္းက်ိဳး: "......?"

အဲဒါက....

ငါ့အေဖလား?

ကၽြမ္းက်ိဳးရဲ႕ မ်က္ႏွာမွာ အလြန္အံ့အားသင့္ၿပီး မယံုၾကည္ႏိုင္တဲ့ဟန္ေတြ အမ်ားႀကီးေတြ႕လုိက္ရေသာေၾကာင့္လား မသိ။ ဝမ္ေ႐ွာင္းယြင္ဟာ သူ႔ရဲ႕ ဘာကုိမွ ကြယ္ဝွက္မထားႏိုင္ေလာက္ေအာင္ ပြင့္လင္းၿပီး ခံစားမႈမ်ိဳးစံုထင္ဟပ္ေနတဲ့ မ်က္ႏွာေလးကို ၾကည့္ၿပီး ေမးလုိက္တယ္။ "မင္းအေဖမဟုတ္ဘူးလား"

ဒါက ကၽြမ္းက်ိဳးရဲ႕ အစ္ကိုလား။

ကၽြမ္းက်ိဳးက အေနခက္စြာနဲ႔ သူ႔ႏွာေခါင္းကို တို႔ထိလုိက္တယ္။ "အင္း... ကၽြန္ေတာ့္ ကၽြန္ေတာ့္အေဖလို႔ ယူဆလိုက္လို႔ရပါတယ္"

ဝမ္ေ႐ွာင္းယြင္: "?"

ယူဆရမယ္?

အေဖဆုိတာ အဲဒီလို ယူဆလုိ႔ရတဲ့ဟာမ်ိဳးလား။

သူဟာ သူသံသယျဖစ္ေနတဲ့အေၾကာင္းကို ထုတ္ေျပာခ်င္ေပမဲ့ ႐ုတ္တရက္ လူငယ္ေလးက အခုမွ ၾကယ္စုဘာသာစကားကို ေလ့လာထားတာဆိုတာကို သတိရသြားတယ္။ ၾကည့္ရတာ သူက စကားလံုးကို ေဖာ္ျပတဲ့ေနရာမွာ နည္းနည္း မသဲမကြဲျဖစ္ေနတာ ျဖစ္ႏိုင္တယ္။ ဒါက ထူးဆန္းတာေတာ့လည္း မဟုတ္ပါဘူး။

ကၽြမ္းက်ိဳးမွာ ေ႐ြးခ်ယ္စရာမ႐ွိေတာ့ဘူး။ သူက ျပန္လာၿပီး တိတ္တိတ္ေလး နတ္ဘုရားပံုေတာ္ကို ေကာက္လိုက္တယ္။ လက္တစ္ဖက္မွာ အေမႊးတိုင္အိုးကို ကိုင္ၿပီး ေနာက္တစ္ဖက္မွာ နတ္ဘုရားပံုေတာ္ကုိ ကိုင္ထားတယ္။

သူဘယ္လုိလုပ္ရမလဲ။ သူအခု ဒါကို ေန႔တိုင္း ဒီအတိုင္းႀကီး ကိုင္ထားရေတာ့မွာလား။

ကၽြမ္းက်ိဳးက ပစၥည္းေတြကို သူ႔ရဲ႕ အာကာသအိတ္ကပ္ထဲမွာ မသိမ္းဘဲေနတာကို ေတြ႕ေတာ့ ဝမ္ေ႐ွာင္းယြင္က ဒါလည္း နည္းနည္းထူးဆန္းေနတယ္လို႔ ေတြးေနမိတယ္။

သူက မခြဲခ်င္ေသးလို႔မ်ားလား။

ဝမ္ေ႐ွာင္းယြင္က ထပ္မေမးေတာ့ဘဲနဲ႔ ကၽြမ္းက်ိဳးကို တဲပံုစံ ကယ္တင္ေရးယာဥ္ေလးထဲကို ျပန္ေခၚလာခဲ့တယ္။

ဝမ္ေ႐ွာင္းယြင္က ေျပာတယ္။ "အာဟာရျဖည့္စြက္စာ ၃ ပုလင္းက်န္ေသးတယ္။ အျခားစားစရာေတာ့ မ႐ွိဘူး။ ငါတို႔ ဒီကေန ျမန္ႏိုင္သမွ်ျမန္ျမန္ ထြက္သြားရမယ္။ ဒီစြမ္းအင္အရင္းအျမစ္ ဓာတ္ေရာင္ျခည္ေတြေအာက္မွာ လံုးဝ ထိေတြ႕ေနရတာ ငါတို႔..."

သူက 'ငါတို႔ ခႏၶာကိုယ္က ၾကာၾကာခံႏိုင္ရည္႐ွိမွာမဟုတ္ဘူး' လို႔ ေျပာခ်င္ခဲ့တယ္။ သို႔ေပမဲ့ လူငယ္ေလးရဲ႕ကိုယ္မွာ ဓာတ္ေရာင္ျခည္သင့္ထားတဲ့ လကၡဏာ တစ္ခုမွ မေတြ႕တာကို သူ႐ုတ္တရက္ သတိရသြားတယ္။ သူ ဒီမွာ ႐ုတ္တရက္ ေပၚလာတာကိုက ထူးဆန္းလြန္းေနၿပီ။ သူ႔ခႏၶာကိုယ္က ဓာတ္ေရာင္ျခည္ရဲ႕ သက္ေရာက္မႈ လံုးဝမခံရဘူးဆိုတာကလည္း အံ့အားသင့္စရာေကာင္းလွတယ္။

လူငယ္ေလးက သူ႔ခံစားခ်က္ေတြကို ဖံုးဖိမထားႏိုင္ဘဲ တစ္ခ်က္ၾကည့္လိုက္႐ံုနဲ႔ ႐ွင္း႐ွင္းလင္းလင္းႀကီး ဖတ္လို႔ရေနတယ္ဆိုတဲ့အခ်က္နဲ႔ အျပစ္ကင္းစင္ၿပီး ႐ိုး႐ွင္းတဲ့လူမ်ိဳးသာမဟုတ္ရင္၊ ဝမ္ေ႐ွာင္းယြင္က သူ႔ကို ဘယ္လိုမွ ေနခြင့္ေပးမွာ မဟုတ္ဘူး။

သူနဲ႔ ဆန္႔က်င္ဘက္ပဲ၊ သူ႔ခႏၶာကိုယ္ကေတာ့ ဓာတ္ေရာင္ျခည္ေၾကာင့္ အေတာ္ျပင္းျပင္းထန္ထန္ကို ပ်က္စီးေနခဲ့တာျဖစ္တယ္။

အဲဒါနဲ႔ သူက စကားလံုးကို ျပန္ျပင္လိုက္ၿပီး ေျပာလုိက္တယ္။ "ငါ့ခႏၶာကိုယ္က စြမ္းအင္အရင္းအျမစ္ေတြရဲ႕ ဓာတ္ေရာင္ျခည္ေအာက္မွာ ၾကာၾကာခံမွာ မဟုတ္ဘူး။ အခုခ်က္ခ်င္း ဆက္သြယ္ေရးကြန္ရက္ကို ျပင္ဆင္ဖို႔လိုတယ္။ မင္းက ဒီမွာေနၿပီး နားလုိက္ပါ"

တကယ္ေတာ့ သူ႔မက္ခါရဲ႕အတြင္းခန္းက ဓာတ္ေရာင္ျခည္ကို ကာကြယ္ေပးထားႏိုင္တယ္။ ဒါေပမဲ့ သူ႔မက္ခါ ေဝါ့စီး က အင္းဆက္ၿဂိဳလ္သားဘုရင္မနဲ႔ ေနာက္ဆံုးစစ္ပြဲမွာ အျပင္းအထန္ ထိခိုက္သြားတယ္၊ ေျပာရမယ္ဆိုရင္ အစိတ္စိတ္အႁမြာႁမႊာ ကြဲထြက္သြားတာပဲ။

ေဝါ့စီးကို အင္ပါယာမွာအေတာ္ဆံုး မက္ခါဖန္တီးသူ ကယ္လုအန္း တီထြင္ထားတာျဖစ္တယ္။ သူ႔ရဲ႕ အစိတ္အပိုင္းတိုင္းကို တန္ဖိုးအႀကီးဆံုး အရာဝတၳဳေတြကေန တည္ေဆာက္ထားတဲ့အတြက္ ေဝါ့စီးကို ျပန္ျပင္ဖို႔ သိပ္မလြယ္ကူဘူး။

ဒါ့အျပင္ ကယ္တင္ေရးယာဥ္ထဲမွာ ပါလာတဲ့ အာဟာရျဖည့္စြက္စာကလည္း သူ႔ကို ၾကာၾကာေထာက္ပံ့ထားႏိုင္မွာ မဟုတ္ဘူး။

အဲဒါေၾကာင့္ ဝမ္ေ႐ွာင္းယြင္က ဓာတ္ေရာင္ျခည္အျပည့္အဝထိေတြ႕ႏုိင္တဲ့ အႏၱရာယ္ေအာက္မွာပဲ အရင္ဆံုး ဆက္သြယ္ေရးကြန္ရက္ကို ျပင္ဖို႔ရာအျပင္ ေရြးခ်ယ္စရာမ႐ွိခဲ့ဘူး။ ဆက္သြယ္ေရးကြန္ရက္သာ အခ်က္ျပခ်က္ေတြ ထုတ္လႊင့္ႏိုင္မယ္ဆိုရင္ သူက လာကယ္တာကို ေစာင့္ေနရင္းနဲ႔ သူ႔ရဲ႕ မက္ခါကို ႀကိဳးစားၿပီး ျပင္လို႔ရဦးမယ္။

ကၽြမ္းက်ိဳးက သူၾကားလုိက္ရတဲ့စကားကို ေဝတိေဝဝါးေလာက္ပဲ နားလည္လုိက္တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ဝမ္ေ႐ွာင္းယြင္က လမ္းညႊန္စာအုပ္ထဲက သူမေလ့လာရေသးတဲ့ စကားေတြအမ်ားႀကီး ေျပာလိုက္လို႔ပဲ။ သူက ဝမ္ေ႐ွာင္းယြင္က တစ္ခုခု ျပင္မွာမို႔လို႔ သူ႔ကို ဒီမွာေနၿပီး အိပ္ေစခ်င္တယ္ဆိုတာကိုပဲ ၾကားလုိက္ရတယ္။

ကၽြမ္းက်ိဳးက နည္းနည္း တြန္႔ဆုတ္ေနတယ္။ "ဒါက..."

သူက ဝမ္ေ႐ွာင္းယြင္ ဘာျပင္ေနတာလဲလို႔ ေမးခ်င္ခဲ့တယ္။ သူလည္း ဘယ္လိုလုပ္ရလဲဆိုတာ သိခ်င္သိေနမွာေလ။

ေျပာရမယ္ဆိုရင္ သူက သက္ေမြးပညာ ၃၀၀ ေလာက္ တတ္ေျမာက္ထားတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားပဲေလ။

ဝမ္ေ႐ွာင္းယြင္ဟာ ကၽြမ္းက်ိဳး သူတစ္ေယာက္တည္းေနရတာ ေၾကာက္ေနတာမ်ားလားလို႔ ေတြးေနရင္းနဲ႔ မ်က္ခံုးတစ္ဖက္ပင့္ၾကည့္လုိက္တယ္။ ျဖစ္ႏိုင္ပါတယ္ေလ။ တစ္ဖက္လူက တကယ္ကို အရမ္းငယ္ေသးတယ္။

သူက ကၽြမ္းက်ိဳးေလး နံရံမွာမွီထားတဲ့ နတ္ဘုရားပံုေတာ္ကို ညႊန္ျပလုိက္ၿပီး ႐ွားပါးတဲ့ ႏွစ္သိမ့္ေပးတဲ့ေလသံနဲ႔ ေျပာလုိက္တယ္။ "မေၾကာက္ပါနဲ႔၊ မင္းအေဖက အနားမွာ႐ွိပါတယ္"

ကၽြမ္းက်ိဳး: ".........."

...................xxx.................

Author has something to say.... P.s.

ကၽြမ္းက်ိဳး : တကယ္လို႔ ငါက ငါ့အေဖဆိုရင္၊ ငါ့အေဖကေရာ ငါ့အေဖဟုတ္ေသးရဲ႕လား။ (ಥ﹏ಥ)

ဖီ႐ႈိး

လာဘ္ေခၚေၾကာင္

ခိုအီငါး (Koi)

Continue Reading

You'll Also Like

149K 15.7K 38
About gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm n...
183K 27.1K 68
It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Total Chapters: 119
268K 42.4K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
305K 54.8K 74
Associated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Y...