Unicode
ယောက္ခမဖြစ်သူနှင့် တွေ့ဆုံခြင်း
အင်ပါယာကမ္ဘာသည်ကား မြေအနေအထားကျယ်ပြန့်၍ ပတ်ဝန်းကျင်ကလည်း ကောင်းမွန်သည်။ အဆိပ်ဖြစ်စေသော အင်းဆက်ပိုးမွှားများနှင့် ကြမ်းကြုတ်သော တောရိုင်းတိရစ္ဆာန်များလည်း မရှိလေရာ လူသားများနေထိုင်ရန်အတွက် အသင့်တော်ဆုံးသော နေရာဖြစ်ပေ၏။ ထို့အပြင် အင်ပါယာကမ္ဘာ၌ နည်းပညာတစ်ဟုန်ထိုး တိုးတက်နေသောကြောင့် သဘာဝဘေးအန္တရာယ်များကလည်း မကျရောက်နိုင်ပါပေ။ ထို့ကြောင့် ဤကမ္ဘာကို လူသားမျိုးနွယ်၏အိပ်မက်ကမ္ဘာဟု တင်စားကြခြင်း ဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ အင်ပါယာကမ္ဘာရှိ လုံခြုံရေးက အခြားနေရာများထက် ပိုတင်းကြပ်သောကြောင့် အပြင်လူများအနေဖြင့် ခိုးဝင်၍မရနိုင်ပါပေ။
ဤကမ္ဘာရှိ အသုံးအဆောင်ပစ္စည်းတိုင်းသည် ပြီးပြည့်စုံကာ အကောင်းဆုံးသော ဆေးရုံကလည်း ၎င်းနေရာတွင် တည်ရှိလေ၏။ အင်ပါယာကမ္ဘာ၌ ဆေးပညာနယ်ပယ်တွင် ထူးချွန်သော ဒေါက်တာများစွာ ရှိရုံသာမက ခေတ်မီသော စက်ပစ္စည်းများကလည်း ရှိနေသေးသည်။ သို့သည့်တိုင် ဥပဒေအရ လူနာတစ်ယောက်တွင် ဆေးအာမခံချက်မရှိလျှင် ထိုလူနာ၏ ကုသမှုက လွန်စွာမှ အဖိုးအခများလိမ့်မည်ပင်။
အစိုးရမှ ချန်းမိသားစု၏ ဆေးအာမခံချက်နှင့် လူနေမှုဘဝအာမခံချက်ကို ပိတ်ပင်ထားပြီး နောက်ပိုင်းတွင် သူတို့၏မိသားစုသည် မထင်မရှားနှင့်သာ ဆက်လက်နေထိုင်ရ၏။
ချန်းကျင်း၏အဖေဖြစ်သူ ချန်းကျန်းသည် ဆေးရုံ၏ဈေးအနိမ့်ဆုံး အခန်းတွင် နေထိုင်ခဲ့ရသည်။ ၎င်းအခန်းက ဈေးနိမ့်သည့်တိုင် သီးသန့်အခန်းတစ်ခန်းဖြစ်ကာ အခန်းပတ်ပတ်လည်မှ ပတ်ဝန်းကျင်အခြေအနေကလည်း ကောင်းမွန်ပါ၏။ ချန်းကျန်းသည် နှလုံးရောဂါ ခံစားနေရခြင်းဖြစ်၍ ၎င်းနှင့် တခြားဆက်စပ်သော ရောဂါများအတွက်လည်း ခွဲစိတ်မှုနှစ်ကြိမ်တိတိ လုပ်ပြီးသွားခဲ့ပြီပင်။ ယခုသူသည် နာလန်ထူနိုင်ရန် ဆေးရုံတက်နေဆဲဖြစ်ကာ နေ့တိုင်းလည်း ဆေးအများအပြား သောက်သုံးရလေသည်။
ချန်းကျင်းနှင့် လုထောင် ဆေးရုံသို့ရောက်ချိန်တွင် ချန်းကျန်း၏ နေ့စဉ်စစ်ဆေးမှုက ပြီးသွားခဲ့ပြီ ဖြစ်၏။ ယခင်က အင်ပါယာကမ္ဘာ၏ အချမ်းသာဆုံးဖြစ်ခဲ့ဖူးသူသည် ယခုမူ မွဲတေသော အဖိုးအိုတစ်ဦး ဖြစ်နေလေပြီ။ သူ့ဆံပင်အရောင်က တဖြည်းဖြည်း မွဲခြောက်ကာ စူးရှခဲ့ဖူးသော မျက်လုံးအစုံကလည်း မှေးမှိန်လာရသည်။
ချန်းကျင်းမွေးခါစအချိန်က သူသည် အသက်လေးဆယ်ခန့်ရှိခဲ့ခြင်း ဖြစ်ကာ ယခုဆိုလျှင် အသက် ခြောက်ဆယ်ကျော်နေပြီ ဖြစ်၏။ ထို့ကြောင့် အမှတ်တမဲ့ကြည့်လိုက်လျှင် သူနှင့်ချန်းကျင်းသည် သားအဖနှင့်မတူဘဲ မြေးအဖိုးနှင့် တူလေသည်။ ချန်းကျင်းသည် ယခင်က မိမိ၏အဖေဖြစ်သူကိုမြင်တိုင်း ဝမ်းနည်းသနားမိသည့်တိုင် ယခု အနည်းငယ်ရင့်ကျက်လာပြီး နောက်တွင်မူ သူသည် ၎င်းခံစားချက်များကို မျက်နှာပေါ်တွင် ဖော်ပြလေ့မရှိတော့ပါပေ။ ယခုအချိန်၌ ချန်းကျင်းသည် မိမိက ကောင်းမွန်စွာနေထိုင်နေရ၍ စိတ်ပူရန်မလိုအပ်ကြောင်းကို အဖေဖြစ်သူအား သိစေချင်သောကြောင့် ချန်းကျန်း၏ရှေ့ရောက်တိုင်း သူသည် အလှပဆုံးပြုံးပြလေ့ရှိသည်ပင်။
သို့သော် ဤအကြိမ်၌မူ သူသည် လုထောင်ကိုပါ အတူခေါ်လာမိခြင်းဖြစ်လေရာ စိတ်လှုပ်ရှားနေမိ၏။
ချန်းကျင်းသည် တံခါးကို ဖွဖွလေးခေါက်လိုက်၍ တွန်းဝင်လာသောအခါ ချန်းကျန်းက သူ့ဘက်သို့ ခေါင်းစောင်းကြည့်လာသည်။ သူသည် အပြုံးတစ်ခုကို ပန်ဆင်ရင်း အဖေဖြစ်သူအား နှုတ်ဆက်စကားဆို၏။
"အဖေ.."
ချန်းကျန်းကလည်း သူ့ကိုပြုံးပြလာသည်။
"လုထောင်လည်း လိုက်လာတယ်"
ချန်းကျင်းသည် အခန်းထဲသို့ ဝင်လာရင်း အနောက်မှလူကို ညွှန်ပြလာရာ သူသည် မိမိ၏သားမက်ဖြစ်သူအား တွေ့လိုက်ရလေ၏။
လုထောင်အား မြင်တွေ့လိုက်ရသည့် တစ်ခဏတွင်ပင် ချန်းကျန်း၏မျက်နှာပေါ်မှ အပြုံးသည် ပျောက်သွားရသည်။ သို့ရာတွင် သူသည် နှင်ထုတ်ခြင်းတော့ မပြုပါပေ။ သူက နှင်ထုတ်ခြင်းမပြုသည့်တိုင် လုထောင်သည် မိမိ၏ယောက္ခမဖြစ်သူက မိမိကို သဘောမကျကြောင်း အလိုလိုခံစားနေမိသည်ပင်။
ကြည့်ရတာ အရင်က ဆက်ဆံရေး သိပ်မကောင်းခဲ့ဘူးနဲ့တူတယ်...
လုထောင်သည် စိတ်ထဲတွင်သာ ဘာသာမှတ်ချက်ပေးလိုက်မိ၏။ ထိုအချိန်တွင် ဘေးနားမှ သူ၏ လက်တွဲဖော်ကလေးသည် သူ့ကို စိတ်လှုပ်ရှားစွာဖြင့် ကွက်ကြည့်ကွက်ကြည့် လုပ်လာလေသည်။ ချက်ချင်းပင် လုထောင်သည် ချန်းကျင်း၏အကြည့်ကို နားလည်သွား၍ ချန်းကျန်းကို နှုတ်ဆက်စကား ဆို၏။
"မင်္ဂလာပါ.. "
သို့သော် ၎င်းနောက်ဆက်တွဲစကားဖြစ်သော "အဖေ" ဟူသည့် စကားလုံးကမူ သူ၏နှုတ်ဖျားမှ ထွက်ကျမလာခဲ့။ ၎င်းက လည်ချောင်းဝတွင်ပင် တစ်နေသလို ခံစားရလေသည်။ ချန်းကျင်းသည် သူ၏အမူအရာကို တစ်မဟုတ်ချင်း သဘောပေါက်သွား၍ ကပျာကယာ ဆိုလာလေ၏။
"ခင်ဗျားက "အဖေ" လို့ခေါ်စရာမလိုပါဘူး..။ ဒီတိုင်း မစ္စတာ ချန်းလို့ပဲ ခေါ်ရင်ရပြီ"
ထိုအခါမှ လုထောင်သည် စိတ်ပေါ့ပါးသွားရ၏။ ထို့နောက် သူက မပြီးပြတ်သေးသော နှုတ်ဆက်စကားကို ဆက်ဆိုသည်။
"မစ္စတာချန်း"
ချန်းကျန်းသည် လုထောင်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်၍ မှတ်ချက်ပေးလာ၏။
"ကြည့်ရတာ သူတကယ်ပဲ မှတ်ဉာဏ်တွေပျောက်သွားတဲ့ပုံပဲ..ပုံမှန်အတိုင်းဆိုရင် ဒီအဖိုးအိုကြီးကို လာတွေ့မှာမှ မဟုတ်တာ"
ထို့နောက် သူသည် ချန်းကျင်းကို လက်ယက်ခေါက်လိုက်၍ ကြင်နာစွာဖြင့် စကားဆိုသည်။
"ကဲ ဒီကိုလာ အဖေ့ရဲ့ပေါင်ပေ့လေး.. အနီးကပ် သေချာကြည့်ပါရစေဦး"
ချန်းကျင်းသည် ချက်ချင်းပင် လက်ဖြန့်ကားထားသော အဖေဖြစ်သူဆီသို့ အပြေးအလွှားသွား၍ ဖတ်တွယ်လိုက်လေ၏။ သူသည် မိမိ၏လက်အစုံကို ချန်းကျန်း၏ ခါးထက်တွင် ချိတ်တွယ်ထားရင်း ညင်သာစွာ မေးလာသည်။
"ဒီနေ့ရော ဘယ်လိုနေလဲ အဖေ..ပိုပြီး နေလို့ကောင်းလာပြီလား"
"အဖေကဘာမှမဖြစ်ပါဘူး ဒါပေမဲ့ သားကိုကြည့်ပါဦး။ ပိန်လာလိုက်တာ ဒီရက်ပိုင်း အစာကောင်းကောင်းမစားဘူးလား"
ချန်းကျန်းသည် အရေတွန့်နေသော လက်တစ်စုံနှင့် ချန်းကျင်း၏ ပါးပြင်နှစ်ဖက်လုံးကို အသာအယာ ထိတွေ့လာခဲ့ပေ၏။ သူ၏မှုန်ရီနေသော မျက်ဝန်းများထဲတွင်မူ ပျော်ရွှင်မှုများက အတိ။
"ကျွန်တော် ကောင်းကောင်းစားပါတယ် အဖေရဲ့။ မပိန်ပါဘူး.."
ချန်းကျင်းသည် ခဏကြာမျှ စကားတတွတ်တွတ် ပြောနေခဲ့ပြီးနောက်မှ လက်ဆောင်ယူလာကြောင်းကို ရုတ်တရက် သတိရသွားမိကာ ၎င်းလက်ဆောင်ဘူးကို အလျင်အမြန် ဖြည်လိုက်လေသည်။
"ဒီမှာကြည့်လိုက် အဖေ့အတွက် ဘာယူလာတာလဲလို့"
သူသည် ဘူးထဲမှ ခရမ်းရင့်ရောင် စပျစ်သီးတစ်လုံးကို ထုတ်ယူရင်း အဖေဖြစ်သူထံသို့ ပြုံးလျက်ဆိုလာသည်။
ချန်းကျန်းသည် သူ၏လက်ထဲမှ စပျစ်သီးကို ခဏကြာမျှ ကြောင်ကြည့်နေမိ၍ ထို့နောက် သဘောကျစွာ တခစ်ခစ်ရယ်ရင်း ပြန်ဖြေလာ၏။
"ဒါက ပျားစပျစ်မဟုတ်လား"
"အင်း အင်း ဟုတ်တယ်။ အဖေ ဒီအသီးကို အရမ်းကြိုက်တာလေ။ ကျွန်တော်နွှာပေးမယ်နော် ဒါအရမ်းလတ်ဆတ်ပြီး အရသာလည်းသိပ်ရှိတာ"
သားအဖနှစ်ယောက်ကြားမှ ချစ်ခြင်းမေတ္တာကို မြင်ရသောအခါ လုထောင်သည် အနည်းငယ် မသက်မသာ ဖြစ်ရလေ၏။ ချန်းကျင်းက သူ့အတွက်မဟုတ်ဘဲ တခြားလူအတွက် ပြုံးပေးနေသမျှ သူသည် အနည်းနှင့်အများ သဝန်တိုမိသည်ပင်။ ၎င်းခံစားချက်က ယခုမှ ပထမဆုံးကြုံတွေ့ဖူးသလို ဖြစ်ရာ အနည်းငယ် ထူးဆန်းသလိုလည်း ခံစားရပေ၏။
ချန်းကျန်းသည် မိမိ၏သားဖြစ်သူ နွှာပေးလာသော စပျစ်သီးတစ်လုံးကို စားလျက် လုထောင်ဘက်သို့ လှည့်ကြည့်လာသည်။ သူသည် အေးစက်သော မျက်ဝန်းတစ်စုံဖြင့် စကားဆို၏။
"အားနာပါတယ် ဧည့်သည်ကိုတည်ခင်းဖို့ လက်ဖက်ရည်ကလည်း ရှိမနေဘူး။ တကယ်လို့ တစ်ခုခုသောက်ချင်ရင် ရေနွေးတစ်ခွက်ပဲ သောက်လိုက်တော့။ ရှောင်ကျင်း..သားရဲ့အမျိုးသားအတွက် ရေနွေးတစ်ခွက်လောက် ယူပေးလိုက်ပါဦး"
ချန်းကျင်းကမူ ဤအခန်းထဲတွင် ရေပူစက်ကို မမြင်မိပါပေ။ ထို့ကြောင့် သူသည် ရေယူရန် အပြင်သို့ထွက်သွားရလေ၏။
ချန်းကျင်းထွက်သွားသည်နှင့် တစ်ပြိုင်နက် လုထောင်သည် မိမိအရှေ့မှ ယောက္ခမဖြစ်သူကို စူးစမ်းလိုစိတ်ဖြင့် တစ်ချက်ကြည့်လာသည်။
"ဦးလေးမှာ ကျွန်တော်တစ်ယောက်တည်းကိုပဲ ပြောချင်တဲ့စကားမျိုး ရှိလို့လား"
ချန်းကျန်းက မိမိ၏သားဖြစ်သူကို တမင်တကာ ပထုတ်လိုက်ကြောင်းက သိသာလေ၏။
သူသည် ဖျော့တော့စွာ ပြုံးလိုက်၍ ခနဲ့လာသည်။
"အိုမင်းနေပြီဖြစ်တဲ့ အဖေဖြစ်သူက သူ့သားရဲ့လက်တွဲဖော်ကို ဘာများပြောနိုင်မှာမို့လို့လဲ? မင်းအနေနဲ့ သူ့ကိုကောင်းကောင်းစောင့်ရှောက်ပေးပါလို့ တောင်းဆိုရုံကလွဲပြီး တခြားဘာမှပြောစရာမရှိတာ"
သူက လုထောင်၏အဖြေကို မစောင့်ဘဲ ဆက်ပြော၏။
"ငါတို့တွေ မတွေ့ဖြစ်တာ ၇ နှစ်တောင်ကြာပြီးသွားပြီ။ အမှန်အတိုင်းပြောရရင် မတော်တဆမှုဖြစ်တုန်းက မင်းကိုရှာပြီး အကူအညီတောင်းဖို့လုပ်ခဲ့သေးတယ်။ မင်းသာဆိုရင် ချန်းမိသားစုကို ကူညီနိုင်မှာ..ဒါပေမဲ့ မင်းက လျစ်လျူရှုခဲ့တယ်"
"ကျွန်တော် ကူညီလို့ မရခဲ့ဘူးမဟုတ်လား"
လုထောင်က အေးအေးဆေးဆေးပင် ပြန်ဖြေလာ၏။
"ဦးလေးကျူးလွန်ခဲ့တဲ့ ကိစ္စကို ကျွန်တော် အကြမ်းဖျင်းရှာကြည့်ပြီးသွားပြီ။ အဲ့ဒါက တကယ့်ကိစ္စအကြီးကြီးပဲ။ ကံကောင်းစွာနဲ့ ထိခိုက်သေဆုံးသူမရှိတာမို့ လျော်ကြေးပဲပေးရပြီး အဆင့်နိမ့်ကမ္ဘာဆီလည်း အပို့မခံရတော့ဘူး။ ဘာပဲပြောပြော အဲ့ဒီကိစ္စကြောင့် ထိခိုက်နစ်နာသူ မရှိခဲ့တာက တကယ်ကို ကံကောင်းတာပဲ မဟုတ်လား"
"ဪ.."
ချန်းကျန်းသည် သဘောကျစွာ ရယ်လိုက်မိ၍ သက်ပြင်းတစ်ချက်ချရင်း ဆိုလာခဲ့သည်။
"ထားပါတော့ ပြီးတာတွေကပြီးခဲ့ပြီပဲ။ ငါလည်း ဘယ်အချိန်ထိ အသက်ရှင်နိုင်မယ် မသိဘူး။ ငါ့ရဲ့ဆန္ဒကတော့ မင်းအနေနဲ့ ရှောင်ကျင်းကို ရှေ့လျှောက် ကောင်းကောင်းဆက်ဆံပေးဖို့ပါပဲ..သူက မင်းကိုဆို သိပ်ချစ်ရှာတာ.."
သူ့စကားဆုံးသောအခါ လုထောင်သည် အနည်းငယ် ထူးဆန်းသလို မခံစားမိဘဲ မနေနိုင်တော့ပါပေ။ သူက ပြန်ဖြေလာခဲ့သည်။
"ဒါပေါ့ ကျွန်တော်သေချာပေါက် သူ့အပေါ် ကောင်းပေးမှာပါ"
"အခုအတွက် ပြောတာမဟုတ်ဘူး။ နောက် မင်းမှတ်ဉာဏ်တွေပြန်ရလာပြီးတဲ့ အချိန်အတွက် ပြောချင်တာ.."
ချန်းကျန်းသည် လုထောင်ကို မှုန်မှိုင်းနေသော မျက်ဝန်းတစ်စုံဖြင့် တွေဝေစွာ ကြည့်လာခဲ့၏။ သူ၏အကြည့်များထဲတွင် တောင်းဆိုမှုများကလည်း ပါဝင်နေသည်။ သူသည်ကား အချိန်ကြာမြင့်စွာ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရပြီးဖြစ်ကာ ယခုအချိန်၌မူ ရောဂါဒဏ်ကို ခံစားရင်းအချိန်ဖြုန်းနေရ၏။ သူ၏တစ်ခုတည်းသောဆန္ဒမှာ မိမိ၏သားငယ်လေးကို ပျော်ရွှင်စေလိုခြင်းပင်။
သူသည် လုထောင်၏အဖြေကို မစောင့်ဘဲ ခါးသီးစွာ တစ်ချက်ပြုံးလိုက်ရင်း ဆိုလာပြန်သည်။
"တကယ်တော့ ငါဒီလိုတောင်းဆိုတာက..မင်းအတွက် မတရားပါဘူးလေ..ထားပါတော့"
ထို့နောက် သူတို့နှစ်ယောက်လုံးသည် ကိုယ်စီအတွေးများနှင့်အတူ တိတ်ဆိတ်နေရင်း ချန်းကျင်း ပြန်လာမည့်အချိန်ကို စောင့်နေလိုက်ကြပေ၏။
လုထောင်သည် ချန်းကျင်းကပေးလာသော ရေခွက်ကို ကိုင်ရင်း မိမိဟာ ဘာကြောင့်များ အစောပိုင်းက တောင်းဆိုချက်ကို ချက်ချင်းသဘောမတူခဲ့မိကြောင်း နားမလည်နိုင်ဖြစ်နေရ၏။ သူသည်ကား မှတ်ဉာဏ်များပျောက်ဆုံးနေခဲ့သည့်တိုင် ငတုံးတစ်ယောက်တော့ မဟုတ်ရပါပေ။ သူနှင့်ချန်းကျင်း၏ လက်ထပ်မှုတွင် ပြဿနာကြီးကြီးမားမား ရှိခဲ့ဖူးကြောင်း ရိပ်မိလေသည်။
သို့သည့်တိုင် သူသည် ဘာကြောင့်မှန်းမသိ ၎င်းကိစ္စကို ဖော်ထုတ်ချင်စိတ် မရှိပါပေ။
၎င်းပြဿနာကို သိသွားမိပါက သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်ဟု မသိစိတ်ထဲမှ ခံစားနေမိသောကြောင့်လည်း ဖြစ်နိုင်သည်။
ချန်းကျင်း ရေယူရန်ထွက်သွားသည့် နေရာက ငွေပေးချေသည့်နေရာနှင့် နီးလေရာ သူသည် တစ်ခါတည်း ဖခင်ဖြစ်သူ၏ဆေးဖိုးဝါးခကို ပေးချေခဲ့လေ၏။ မိမိအကောင့်ထဲမှ ငွေပမာဏက တဖြည်းဖြည်း လျော့နည်းလာကြောင်း မြင်ရသောအခါ သူသည် အနည်းငယ် စိုးရိမ်လာရသည်။
ထို့ကြောင့် ဖခင်ဖြစ်သူကို အတန်ကြာအဖော်ပြုပြီးနောက် အိမ်ပြန်ရောက်သောအခါ ချန်းကျင်းသည် အလုပ်ကို သေချာကြိုးစား၍ လုပ်တော့လေ၏။ ကျိန်းသေပေါက် သူသည် လုထောင်အား ၎င်းက သူ၏အလုပ်ဟု မပြောရဲပါပေ။ ဒီအတိုင်း ဝါသနာသက်သက်ဟုသာ မုသားဆိုထားခဲ့၏။
လုထောင်ကမူ သူ၏မုသားစကားကို အကြွင်းမဲ့ ယုံကြည်ခြင်း မရှိသည့်တိုင် သူသည် တစ်ဖက်လူ၏ဆန္ဒအတိုင်း ယုံကြည်ချင်ယောင်သာ ဆောင်ပေးလိုက်လေသည်။
"မင်းက အမျိုးသမီးအဝတ်အစားတွေကို ချုပ်ရတာ ဝါသနာပါတာလား"
ချန်းကျင်းသည် သူ၏အမေးစကားကြောင့် ရှက်သွေးဖြာသွား၍ တိုးတိုးလေး ရှင်းပြလာခဲ့၏။
"အဲ့ဒီလိုမျိုးပေါ့..ဝါသနာပါရာလုပ်ရင်း အပိုဝင်ငွေလည်း နည်းနည်းရအောင်လို့.."
သူသည် တောင်းဆိုသည့်သဘောဖြင့် အနည်းငယ် အားနာစွာ ဆိုသည်။
"ဒါက သိပ်မကြာခင် ပြီးတော့မှာပါ။ ပြီးတာနဲ့ ကျွန်တော် ခင်ဗျားကို အဖော်ပြုပေးမယ်နော် ဟုတ်ပြီလား"
"တကယ်လို့ ငွေလိုတယ်ဆိုရင် ကိုယ့်ဆီကယူလေ"
လုထောင်က သူ့အဖြေကိုမစောင့်ဘဲ ဆက်ပြောလာ၏။
"ကိုယ်မင်းကို ပေးနိုင်ပါတယ်။ ဟိုတစ်နေ့က ကိုယ့်အကောင့်ကို ကြည့်လိုက်တာ အထဲမှာ ငွေပမာဏ အများကြီးရှိတာပဲ"
ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် လုထောင်တွင် ငွေပမာဏအများအပြားရှိခြင်းမှာ မဆန်းလှပါပေ။ သူသည် စစ်မြေပြင်များထံသို့ မရေမတွက်နိုင်အောင် သွားရောက်စွန့်စားခဲ့ဖူး၍ အခေါက်တိုင်းတွင်လည်း ဘောနပ်စ်ချီးမြှင့်ခံ ရခြင်းကြောင့်ပင်။
ချန်းကျင်းသည် ကပျာကယာနှင့် ခေါင်းကိုခါယမ်းရင်း ဆိုလာသည်။
"မယူတော့ပါဘူး"
လုထောင်သည် သူ၏ငြင်းဆိုမှုကြောင့် မျက်မှောင်ကြုတ်လျက် အနည်းငယ် မပျော်မရွှင် ဖြစ်လာရ၏။
"ဘာလို့မယူတာလဲ!? ကိုယ်တို့က လက်ထပ်ပြီးသားပဲကို။ တစ်ယောက်ငွေတစ်ယောက် မျှသုံးရမယ်လေ"
"ဒီတိုင်း...မလိုသေးလို့ပါ"
ချန်းကျင်းသည် လုထောင်ပို၍ မကျေမနပ်ဖြစ်လာမည်စိုးသောကြောင့် စကားတစ်ခွန်းစီတိုင်းကို ထိန်း၍ပြောလာရ၏။
"ကျွန်တော်..တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်"
သူသည် လုထောင်ကို ကြည့်ရင်း ဆက်ဆိုလာသည်။
"ဒါလင် ကျွန်တော့်ကိုယုံပါ နော်။ ကျွန်တော်လုပ်နိုင်ပါတယ်။ တကယ်လို့ မဖြစ်မနေ အရမ်းခက်ခဲလာမှသာ ကျွန်တော် အကူအညီတောင်းမယ်လေ။ ဒါကြောင့် အခုတော့ ကိုယ့်အစွမ်းအစနဲ့ကို ဖြေရှင်းခွင့်ပြုပါနော်..ရတယ်မလား.."
ချန်းကျင်း၏ပုံစံသည် အတော်လေး စိတ်အားထက်သန်လျက်ရှိကာ အနည်းငယ်လည်း သနားချင့်စဖွယ် ကောင်းနေသေးသည်။ လုထောင်၏နှလုံးသားတစ်ခုလုံးသည် တမဟုတ်ချင်းပင် မပျော့ပျောင်းဘဲ မနေနိုင်တော့ပါပေ။ သို့သည့်တိုင် သူသည် ထွက်သွားဖို့ကို ငြင်းဆန်လျက် ချန်းကျင်း၏အနားတွင် ဝေ့ဝဲနေဆဲဖြစ်၏။ လုထောင်က သူ၏ဘေးနားတွင် ထိုင်ရင်း ဆိုလာလေသည်။
"ကိုယ်မင်းကို အဖော်ပြုပေးမယ်"
သူသည် လက်ကောက်ဝတ်ကို ယမ်းပြလာရင်း ထပ်ဆိုသည်။
"အချက်အလက်တွေကို စစ်ဆေးရင်း မင်းကို စောင့်နေမယ်"
ချန်းကျင်းသည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းဖွဖွချလိုက်ရင်း ပြုံးလျက် ပြန်ဖြေ၏။
"ဟုတ်ပါပြီ"
လုထောင်အနားမှာရှိနေခြင်းက သူ့ကို အနှောင့်အယှက် မဖြစ်စေပါ။ ချန်းကျင်းသည် အချုပ်အလုပ်နှင့်ပတ်သက်၍ အတော်အတန် ကျွမ်းကျင်နေပြီ ဖြစ်၏။ သူသည် ယခင်ကထက်ပို၍ လက်ရည်တက်လာကာ ပို၍လည်း စိတ်ရှည်တတ်လာသည်။ ထို့အပြင် အလုပ်ထဲသို့ လုံးဝစိတ်နှစ်ထားမိချိန်တွင် သူသည် အနီးအနားမှ အရာများကိုလည်း ဂရုမထားမိတော့ပါပေ။
သူ့လက်ထဲရှိ ဂါဝန်သည် အစကတည်းက လှပနေပြီးသားဖြစ်၏။ ယခုသူသည် နောက်ဆုံးအနေအဖြင့် မိုးပြာရောင်သလင်းကျောက် ပုတီးစေ့များကို ၎င်းအပေါ်တွင် အလှဆင်နေခြင်းဖြစ်သည်။ ၉၉ ခုမျှကို ဂါဝန်အတွက်သုံး၍ ကျန်သောပုတီးစေ့များကို အနားငါးခုနှင့်ကြယ်ပုံ ရင်ထိုးလုပ်ရာတွင် သုံးလေ၏။ ထိုသို့ဆိုလျှင် ဂါဝန်တစ်ထည်လုံးသည် မိုးပြာရောင် သလင်းကျောက်များနှင့် တလက်လက်ထနေမည်ဖြစ်၍ ဝတ်ဆင်သူကိုလည်း မြင်သူတိုင်း မျက်စိကျိန်းမတတ် တောက်ပစေလိမ့်မည်။
နောက်ဆုံးသော သလင်းပုတီးစေ့ကို အလှဆင်ပြီးနောက်တွင် ချန်းကျင်းသည် မတ်တပ်ရပ်လိုက်၏။ ချုပ်လုပ်ရာတွင် အတန်ကြာသည်အထိ အာရုံစိုက်ထားမိခြင်းဖြစ်လေရာ သူ၏မျက်လုံးများကလည်း ကျိန်းစက်နေပြီး လက်မောင်းများကလည်း ထုံထိုင်းနေကာ နောက်ကျောဘက်က အနည်းငယ် နာသလိုပင် ခံစားရသေး၏။ သူသည် မိမိကိုယ်ကို နှိပ်နယ်ရန် ဟန်ပြင်လိုက်ချိန်တွင် ကြီးမားသည့်လက်ဖဝါးတစ်ဖက်က သူ့ခါးသွယ်သွယ်ကို စတင်ထိတွေ့လာရင်း ကျောဘက်တစ်လျှောက် ညင်သာစွာ နှိပ်နယ်ပေးလာလေသည်။ ထို့အပြင် သူ့အရှေ့၌ ရေတစ်ခွက်ကလည်း အဆင့်သင့်ခပ်ထားပေးပြီးသား ဖြစ်၏။ ချန်းကျင်းသည် ခဏမျှ ကြောင်သွားမိပြီးနောက် အနားမှလူကို မော်ကြည့်လိုက်သည်။
"မင်းအရမ်း အာရုံစိုက်ထားတာ"
လုထောင်က သူ့ကို ချီးကျူးသည့် မျက်ဝန်းများဖြင့် ပြန်ကြည့်လာ၏။
"နှစ်နာရီတိတိ..ကိုယ့်ကို တစ်ချက်လေးတောင် မော့မကြည့်ခဲ့ဘူး"
ချန်းကျင်း၏ပါးပြင်နှစ်ဖက်လုံးသည် ရှက်ရွံ့မှုကြောင့် နီမြန်းသွားရ၏။ သူသည် ရေခွက်ကိုယူလိုက်ရင်း ကျေးဇူးတင်စကား တိုးတိုးလေး ဆိုသည်။ ရေခွက်ထဲမှရေသည်ကား သင့်တော်သည့်အပူချိန်ရှိပြီး အထဲတွင်လည်း တခြားဘာအရသာမှ ပါမနေဘဲ ရိုးရိုးရှင်းရှင်းဖြစ်သည့်တိုင် ချန်းကျင်းကမူ ၎င်းရေက ချိုသည်ဟု ခံစားမိလေ၏။ သူသည် ဘယ်တုန်းကမျှ လုထောင်ဆီမှ ထိုကဲ့သို့ ဂရုစိုက်မှုမျိုး နှင့် ချီးမွမ်းမှုမျိုး ရလာလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့သောကြောင့်ပင်။
ချန်းကျင်းသည် တစ်ဖက်လူ၏ အပြုအမူသေးသေးလေးကြောင့် ဖြစ်တည်လာသော စိတ်လှုပ်ရှားမှုနှင့်အတူ သူ့ကိုမေးလာခဲ့၏။
"ခင်ဗျားရော..စစ်စရာရှိတာတွေ စစ်ပြီးသွားပြီလား"
"ဟင့်အင်း"
လုထောင်က ချန်းကျင်း၏ခါးကို နှိပ်နယ်ပေးရုံသာမက သူ၏ပုခုံးထက်ကိုပါ ဖျစ်ညှစ်လာရင်း ဆိုသည်။
"တကယ်တော့ အားလုံးကိုပြီးအောင် စစ်မလို့ပဲ။ ဒါပေမဲ့ အချိန်အကြာကြီး အဲ့ဒီထဲကို အာရုံစိုက်မရဘူး ဖြစ်လာလို့.."
"ဒါပေါ့။ အရမ်းကြီး အလျင်လိုမနေပါနဲ့ ဦးနှောက်ထဲက အဆိပ်ရည်တွေအားလုံး ပျောက်သွားရင် မကြာခင်အတွင်း အကုန်လုံး ပြန်မှတ်မိလာမှာပဲကို.."
ချန်းကျင်းသည် ကိုယ်တိုင်က မသိလိုက်ဘာသာနှင့် ၎င်းစကားကို ပြောလိုက်မိချိန်တွင် မျက်ဝန်းထဲ၌ ဝမ်းနည်းသည့် အငွေ့အသက်တို့က ဖြတ်ပြေးသွားရ၏။ သို့ရာတွင် လုထောင်ကမူ သတိမထားမိခဲ့ပါပေ။
နောက်လအနည်းငယ်အတွင်း ဖြစ်လာမည့် ကိစ္စနှင့်ပတ်သက်၍ တွေးလိုက်မိသောအခါ ချန်းကျင်း၏ ပျော်ရွှင်ခြင်းမီးတောက်လေးသည် ချက်ချင်းပင် ငြိမ်းသက်လို့သွားရ၏။ သူသည် ၎င်းအကြောင်းကို ဆက်၍မစဉ်းစားချင်တော့သောကြောင့် ထိုအတွေးစကိုဖြတ်လိုက်ကာ လက်ထဲမှ ကိုင်ထားသော ရေခွက်ကို ခုံပေါ်ပြန်ချလိုက်ပြီး ဂါဝန်ကို ယူကြည့်လိုက်လေသည်။
"ကျွန်တော် ဒါကို တစ်ခေါက်ပြန်စစ်လိုက်ဦးမယ်။ အားလုံးအဆင်ပြေတယ်ဆိုရင် မနက်ဖြန်ချက်ချင်း လွှဲပေးလို့ရအောင်.."
ချန်းကျင်းသည် ၎င်းဂါဝန်ကို ဂရုတစိုက်မ,ယူလိုက်၍ လုထောင်၏ရှေ့တွင် တစ်ပတ်လှည့်ပြလာခဲ့သည်။
"ဘယ်လိုလဲ လှလား"
လုထောင်က သဘောကျစွာ တစ်ချက်ပြုံးလိုက်ရင်း ပြန်ဖြေ၏။
"အင်း လှတယ်။ မင်းနဲ့ဆို အရမ်းလိုက်မှာ"
"ကျွန်တော်ဝတ်လို့ မရဘူးလေ"
ချန်းကျင်းသည် သူ၏စကားကြောင့် ရှက်သွေးဖြာသွားမိ၍ တလက်လက်တောက်ပနေသော ဂါဝန်ဆီကိုသာ အကြည့်လွှဲလာခဲ့၏။
"ဒါပေမဲ့ ဒီပေါ်မှာ အလှဆင်ထားတဲ့ မိုးပြာရောင်သလင်းကျောက်တွေကိုတော့ အရမ်းသဘောကျတယ်။ ဘာလို့ဆို ကျွန်တော့်အကြိုက်ဆုံးအရောင်က အပြာဖျော့တို့ မိုးပြာရောင်မျိုးတို့ မို့လေ။ ပင်လယ်ပြာရောင်တို့ နောက်ပြီး ကြည်တောက်နေတဲ့ ရေခဲပြာရောင်လိုမျိုး ဘာပဲပြောပြောပါ အပြာနဲ့ပတ်သက်တာ အကုန်ကြိုက်တာပါပဲ"
သူသည် ဂါဝန်အတွင်းအပြင်ကို စေ့စေ့စပ်စပ် လိုက်စစ်နေရင်းကပင် သူနှစ်သက်သောအရောင်အကြောင်းကို တတွတ်တွတ် ပြောနေလေသည်။
"အိုကေ အရွယ်အစားလည်း အဆင်ပြေတယ်။ သလင်းကျောက် အရေအတွက်ကလည်း ကွက်တိပဲ။ နောက်ဆုံးတော့ အားလုံးပြီးသွားပြီ!"
သူ့စကားဆုံးသောအခါ ဘေးနားမှ လုထောင်ကလည်း ရယ်မောလျက် ဆိုလာပေ၏။
"အင်း နောက်ဆုံးတော့ မင်းကိုယ့်ကို အဖော်ပြုပေးလို့ ရပြီပေါ့"
Zawgyi
ေယာကၡမျဖစ္သူႏွင့္ ေတြ႔ဆံုျခင္း
အင္ပါယာကမာၻသည္ကား ေျမအေနအထားက်ယ္ျပန္႔၍ ပတ္ဝန္းက်င္ကလည္း ေကာင္းမြန္သည္။ အဆိပ္ျဖစ္ေစေသာ အင္းဆက္ပိုးမႊားမ်ားႏွင့္ ၾကမ္းၾကဳတ္ေသာ ေတာ႐ိုင္းတိရစၧာန္မ်ားလည္း မ႐ွိေလရာ လူသားမ်ားေနထိုင္ရန္အတြက္ အသင့္ေတာ္ဆံုးေသာ ေနရာျဖစ္ေပ၏။ ထို႔အျပင္ အင္ပါယာကမာၻ၌ နည္းပညာတစ္ဟုန္ထိုး တိုးတက္ေနေသာေၾကာင့္ သဘာဝေဘးအႏၱရာယ္မ်ားကလည္း မက်ေရာက္ႏိုင္ပါေပ။ ထို႔ေၾကာင့္ ဤကမာၻကို လူသားမ်ိဳးႏြယ္၏အိပ္မက္ကမာၻဟု တင္စားၾကျခင္း ျဖစ္ေလသည္။ မည္သို႔ပင္ဆိုေစကာမူ အင္ပါယာကမာၻ႐ွိ လံုျခံဳေရးက အျခားေနရာမ်ားထက္ ပိုတင္းၾကပ္ေသာေၾကာင့္ အျပင္လူမ်ားအေနျဖင့္ ခိုးဝင္၍မရႏိုင္ပါေပ။
ဤကမာၻရွိ အသံုးအေဆာင္ပစၥည္းတိုင္းသည္ ၿပီးျပည့္စံုကာ အေကာင္းဆံုးေသာ ေဆးရံုကလည္း ၎ေနရာတြင္ တည္႐ွိေလ၏။ အင္ပါယာကမာၻ၌ ေဆးပညာနယ္ပယ္တြင္ ထူးခြၽန္ေသာ ေဒါက္တာမ်ားစြာ ႐ွိရံုသာမက ေခတ္မီေသာ စက္ပစၥည္းမ်ားကလည္း ႐ွိေနေသးသည္။ သို႔သည့္တိုင္ ဥပေဒအရ လူနာတစ္ေယာက္တြင္ ေဆးအာမခံခ်က္မ႐ွိလွ်င္ ထိုလူနာ၏ ကုသမႈက လြန္စြာမွ အဖိုးအခမ်ားလိမ့္မည္ပင္။
အစိုးရမွ ခ်န္းမိသားစု၏ ေဆးအာမခံခ်က္ႏွင့္ လူေနမႈဘဝအာမခံခ်က္ကို ပိတ္ပင္ထားၿပီး ေနာက္ပိုင္းတြင္ သူတို႔၏မိသားစုသည္ မထင္မ႐ွားႏွင့္သာ ဆက္လက္ေနထိုင္ရ၏။
ခ်န္းက်င္း၏အေဖျဖစ္သူ ခ်န္းက်န္းသည္ ေဆးရံု၏ေစ်းအနိမ့္ဆံုး အခန္းတြင္ ေနထိုင္ခဲ့ရသည္။ ၎အခန္းက ေစ်းနိမ့္သည့္တိုင္ သီးသန္႔အခန္းတစ္ခန္းျဖစ္ကာ အခန္းပတ္ပတ္လည္မွ ပတ္ဝန္းက်င္အေျခအေနကလည္း ေကာင္းမြန္ပါ၏။ ခ်န္းက်န္းသည္ ႏွလံုးေရာဂါ ခံစားေနရျခင္းျဖစ္၍ ၎ႏွင့္ တျခားဆက္စပ္ေသာ ေရာဂါမ်ားအတြက္လည္း ခြဲစိတ္မႈႏွစ္ႀကိမ္တိတိ လုပ္ၿပီးသြားခဲ့ၿပီပင္။ ယခုသူသည္ နာလန္ထူႏိုင္ရန္ ေဆးရံုတက္ေနဆဲျဖစ္ကာ ေန႔တိုင္းလည္း ေဆးအမ်ားအျပား ေသာက္သံုးရေလသည္။
ခ်န္းက်င္းႏွင့္ လုေထာင္ ေဆးရံုသို႔ေရာက္ခ်ိန္တြင္ ခ်န္းက်န္း၏ ေန႔စဥ္စစ္ေဆးမႈက ၿပီးသြားခဲ့ၿပီ ျဖစ္၏။ ယခင္က အင္ပါယာကမာၻ၏ အခ်မ္းသာဆံုးျဖစ္ခဲ့ဖူးသူသည္ ယခုမူ မြဲေတေသာ အဖိုးအိုတစ္ဦး ျဖစ္ေနေလၿပီ။ သူ႔ဆံပင္အေရာင္က တျဖည္းျဖည္း မြဲေျခာက္ကာ စူး႐ွခဲ့ဖူးေသာ မ်က္လံုးအစံုကလည္း ေမွးမွိန္လာရသည္။
ခ်န္းက်င္းေမြးခါစအခ်ိန္က သူသည္ အသက္ေလးဆယ္ခန္႔႐ွိခဲ့ျခင္း ျဖစ္ကာ ယခုဆိုလွ်င္ အသက္ ေျခာက္ဆယ္ေက်ာ္ေနၿပီ ျဖစ္၏။ ထို႔ေၾကာင့္ အမွတ္တမဲ့ၾကည့္လိုက္လွ်င္ သူႏွင့္ခ်န္းက်င္းသည္ သားအဖႏွင့္မတူဘဲ ေျမးအဖိုးႏွင့္ တူေလသည္။ ခ်န္းက်င္းသည္ ယခင္က မိမိ၏အေဖျဖစ္သူကိုျမင္တိုင္း ဝမ္းနည္းသနားမိသည့္တိုင္ ယခု အနည္းငယ္ရင့္က်က္လာၿပီး ေနာက္တြင္မူ သူသည္ ၎ခံစားခ်က္မ်ားကို မ်က္ႏွာေပၚတြင္ ေဖာ္ျပေလ့မ႐ွိေတာ့ပါေပ။ ယခုအခ်ိန္၌ ခ်န္းက်င္းသည္ မိမိက ေကာင္းမြန္စြာေနထိုင္ေနရ၍ စိတ္ပူရန္မလိုအပ္ေၾကာင္းကို အေဖျဖစ္သူအား သိေစခ်င္ေသာေၾကာင့္ ခ်န္းက်န္း၏ေ႐ွ႕ေရာက္တိုင္း သူသည္ အလွပဆံုးျပံဳးျပေလ့႐ွိသည္ပင္။
သို႔ေသာ္ ဤအႀကိမ္၌မူ သူသည္ လုေထာင္ကိုပါ အတူေခၚလာမိျခင္းျဖစ္ေလရာ စိတ္လႈပ္႐ွားေနမိ၏။
ခ်န္းက်င္းသည္ တံခါးကို ဖြဖြေလးေခါက္လိုက္၍ တြန္းဝင္လာေသာအခါ ခ်န္းက်န္းက သူ႔ဘက္သို႔ ေခါင္းေစာင္းၾကည့္လာသည္။ သူသည္ အျပံဳးတစ္ခုကို ပန္ဆင္ရင္း အေဖျဖစ္သူအား ႏႈတ္ဆက္စကားဆို၏။
"အေဖ.."
ခ်န္းက်န္းကလည္း သူ႔ကိုျပံဳးျပလာသည္။
"လုေထာင္လည္း လိုက္လာတယ္"
ခ်န္းက်င္းသည္ အခန္းထဲသို႔ ဝင္လာရင္း အေနာက္မွလူကို ၫႊန္ျပလာရာ သူသည္ မိမိ၏သားမက္ျဖစ္သူအား ေတြ႔လိုက္ရေလ၏။
လုေထာင္အား ျမင္ေတြ႔လို္က္ရသည့္ တစ္ခဏတြင္ပင္ ခ်န္းက်န္း၏မ်က္ႏွာေပၚမွ အျပံဳးသည္ ေပ်ာက္သြားရသည္။ သို႔ရာတြင္ သူသည္ ႏွင္ထုတ္ျခင္းေတာ့ မျပဳပါေပ။ သူက ႏွင္ထုတ္ျခင္းမျပဳသည့္တိုင္ လုေထာင္သည္ မိမိ၏ေယာကၡမျဖစ္သူက မိမိကို သေဘာမက်ေၾကာင္း အလိုလိုခံစားေနမိသည္ပင္။
ၾကည့္ရတာ အရင္က ဆက္ဆံေရး သိပ္မေကာင္းခဲ့ဘူးနဲ႔တူတယ္...
လုေထာင္သည္ စိတ္ထဲတြင္သာ ဘာသာမွတ္ခ်က္ေပးလိုက္မိ၏။ ထိုအခ်ိန္တြင္ ေဘးနားမွ သူ၏ လက္တြဲေဖာ္ကေလးသည္ သူ႔ကို စိတ္လႈပ္႐ွားစြာျဖင့္ ကြက္ၾကည့္ကြက္ၾကည့္ လုပ္လာေလသည္။ ခ်က္ခ်င္းပင္ လုေထာင္သည္ ခ်န္းက်င္း၏အၾကည့္ကို နားလည္သြား၍ ခ်န္းက်န္းကို ႏႈတ္ဆက္စကား ဆို၏။
"မဂၤလာပါ.. "
သို႔ေသာ္ ၎ေနာက္ဆက္တြဲစကားျဖစ္ေသာ "အေဖ" ဟူသည့္ စကားလံုးကမူ သူ၏ႏႈတ္ဖ်ားမွ ထြက္က်မလာခဲ့။ ၎က လည္ေခ်ာင္းဝတြင္ပင္ တစ္ေနသလို ခံစားရေလသည္။ ခ်န္းက်င္းသည္ သူ၏အမူအရာကို တစ္မဟုတ္ခ်င္း သေဘာေပါက္သြား၍ ကပ်ာကယာ ဆိုလာေလ၏။
"ခင္ဗ်ားက "အေဖ" လို႔ေခၚစရာမလိုပါဘူး..။ ဒီတိုင္း မစၥတာ ခ်န္းလို႔ပဲ ေခၚရင္ရၿပီ"
ထိုအခါမွ လုေထာင္သည္ စိတ္ေပါ့ပါးသြားရ၏။ ထို႔ေနာက္ သူက မၿပီးျပတ္ေသးေသာ ႏႈတ္ဆက္စကားကို ဆက္ဆိုသည္။
"မစၥတာခ်န္း"
ခ်န္းက်န္းသည္ လုေထာင္ကို ေခါင္းအစေျခအဆံုး ၾကည့္လိုက္၍ မွတ္ခ်က္ေပးလာ၏။
"ၾကည့္ရတာ သူတကယ္ပဲ မွတ္ဉာဏ္ေတြေပ်ာက္သြားတဲ့ပံုပဲ..ပံုမွန္အတိုင္းဆိုရင္ ဒီအဖိုးအိုႀကီးကို လာေတြ႔မွာမွ မဟုတ္တာ"
ထို႔ေနာက္ သူသည္ ခ်န္းက်င္းကို လက္ယက္ေခါက္လိုက္၍ ၾကင္နာစြာျဖင့္ စကားဆိုသည္။
"ကဲ ဒီကိုလာ အေဖ့ရဲ႕ေပါင္ေပ့ေလး.. အနီးကပ္ ေသခ်ာၾကည့္ပါရေစဦး"
ခ်န္းက်င္းသည္ ခ်က္ခ်င္းပင္ လက္ျဖန္႔ကားထားေသာ အေဖျဖစ္သူဆီသို႔ အေျပးအလႊားသြား၍ ဖတ္တြယ္လိုက္ေလ၏။ သူသည္ မိမိ၏လက္အစံုကို ခ်န္းက်န္း၏ ခါးထက္တြင္ ခ်ိတ္တြယ္ထားရင္း ညင္သာစြာ ေမးလာသည္။
"ဒီေန႔ေရာ ဘယ္လိုေနလဲ အေဖ..ပိုၿပီး ေနလို႔ေကာင္းလာၿပီလား"
"အေဖကဘာမွမျဖစ္ပါဘူး ဒါေပမဲ့ သားကိုၾကည့္ပါဦး။ ပိန္လာလိုက္တာ ဒီရက္ပိုင္း အစာေကာင္းေကာင္းမစားဘူးလား"
ခ်န္းက်န္းသည္ အေရတြန္႔ေနေသာ လက္တစ္စံုႏွင့္ ခ်န္းက်င္း၏ ပါးျပင္ႏွစ္ဖက္လံုးကို အသာအယာ ထိေတြ႔လာခဲ့ေပ၏။ သူ၏မႈန္ရီေနေသာ မ်က္ဝန္းမ်ားထဲတြင္မူ ေပ်ာ္ရႊင္မႈမ်ားက အတိ။
"ကြၽန္ေတာ္ ေကာင္းေကာင္းစားပါတယ္ အေဖရဲ႕။ မပိန္ပါဘူး.."
ခ်န္းက်င္းသည္ ခဏၾကာမွ် စကားတတြတ္တြတ္ ေျပာေနခဲ့ၿပီးေနာက္မွ လက္ေဆာင္ယူလာေၾကာင္းကို ႐ုတ္တရက္ သတိရသြားမိကာ ၎လက္ေဆာင္ဘူးကို အလ်င္အျမန္ ျဖည္လိုက္ေလသည္။
"ဒီမွာၾကည့္လိုက္ အေဖ့အတြက္ ဘာယူလာတာလဲလို႔"
သူသည္ ဘူးထဲမွ ခရမ္းရင့္ေရာင္ စပ်စ္သီးတစ္လံုးကို ထုတ္ယူရင္း အေဖျဖစ္သူထံသို႔ ျပံဳးလ်က္ဆိုလာသည္။
ခ်န္းက်န္းသည္ သူ၏လက္ထဲမွ စပ်စ္သီးကို ခဏၾကာမွ် ေၾကာင္ၾကည့္ေနမိ၍ ထို႔ေနာက္ သေဘာက်စြာ တခစ္ခစ္ရယ္ရင္း ျပန္ေျဖလာ၏။
"ဒါက ပ်ားစပ်စ္မဟုတ္လား"
"အင္း အင္း ဟုတ္တယ္။ အေဖ ဒီအသီးကို အရမ္းႀကိဳက္တာေလ။ ကြၽန္ေတာ္ႏႊာေပးမယ္ေနာ္ ဒါအရမ္းလတ္ဆတ္ၿပီး အရသာလည္းသိပ္႐ွိတာ"
သားအဖႏွစ္ေယာက္ၾကားမွ ခ်စ္ျခင္းေမတၱာကို ျမင္ရေသာအခါ လုေထာင္သည္ အနည္းငယ္ မသက္မသာ ျဖစ္ရေလ၏။ ခ်န္းက်င္းက သူ႔အတြက္မဟုတ္ဘဲ တျခားလူအတြက္ ျပံဳးေပးေနသမွ် သူသည္ အနည္းႏွင့္အမ်ား သဝန္တိုမိသည္ပင္။ ၎ခံစားခ်က္က ယခုမွ ပထမဆံုးၾကံဳေတြ႔ဖူးသလို ျဖစ္ရာ အနည္းငယ္ ထူးဆန္းသလိုလည္း ခံစားရေပ၏။
ခ်န္းက်န္းသည္ မိမိ၏သားျဖစ္သူ ႏႊာေပးလာေသာ စပ်စ္သီးတစ္လံုးကို စားလ်က္ လုေထာင္ဘက္သို႔ လွည့္ၾကည့္လာသည္။ သူသည္ ေအးစက္ေသာ မ်က္ဝန္းတစ္စံုျဖင့္ စကားဆို၏။
"အားနာပါတယ္ ဧည့္သည္ကိုတည္ခင္းဖို႔ လက္ဖက္ရည္ကလည္း ႐ွိမေနဘူး။ တကယ္လို႔ တစ္ခုခုေသာက္ခ်င္ရင္ ေရေႏြးတစ္ခြက္ပဲ ေသာက္လိုက္ေတာ့။ ေ႐ွာင္က်င္း..သားရဲ႕အမ်ိဳးသားအတြက္ ေရေႏြးတစ္ခြက္ေလာက္ ယူေပးလိုက္ပါဦး"
ခ်န္းက်င္းကမူ ဤအခန္းထဲတြင္ ေရပူစက္ကို မျမင္မိပါေပ။ ထို႔ေၾကာင့္ သူသည္ ေရယူရန္ အျပင္သို႔ထြက္သြားရေလ၏။
ခ်န္းက်င္းထြက္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ လုေထာင္သည္ မိမိအေ႐ွ႕မွ ေယာကၡမျဖစ္သူကို စူးစမ္းလိုစိတ္ျဖင့္ တစ္ခ်က္ၾကည့္လာသည္။
"ဦးေလးမွာ ကြၽန္ေတာ္တစ္ေယာက္တည္းကိုပဲ ေျပာခ်င္တဲ့စကားမ်ိဳး ႐ွိလို႔လား"
ခ်န္းက်န္းက မိမိ၏သားျဖစ္သူကို တမင္တကာ ပထုတ္လိုက္ေၾကာင္းက သိသာေလ၏။
သူသည္ ေဖ်ာ့ေတာ့စြာ ျပံဳးလိုက္၍ ခနဲ႔လာသည္။
"အိုမင္းေနၿပီျဖစ္တဲ့ အေဖျဖစ္သူက သူ႔သားရဲ႕လက္တြဲေဖာ္ကို ဘာမ်ားေျပာႏိုင္မွာမို႔လို႔လဲ? မင္းအေနနဲ႔ သူ႔ကိုေကာင္းေကာင္းေစာင့္ေ႐ွာက္ေပးပါလို႔ ေတာင္းဆိုရံုကလြဲၿပီး တျခားဘာမွေျပာစရာမ႐ွိတာ"
သူက လုေထာင္၏အေျဖကို မေစာင့္ဘဲ ဆက္ေျပာ၏။
"ငါတို႔ေတြ မေတြ႔ျဖစ္တာ ၇ ႏွစ္ေတာင္ၾကာၿပီးသြားၿပီ။ အမွန္အတိုင္းေျပာရရင္ မေတာ္တဆမႈျဖစ္တုန္းက မင္းကို႐ွာၿပီး အကူအညီေတာင္းဖို႔လုပ္ခဲ့ေသးတယ္။ မင္းသာဆိုရင္ ခ်န္းမိသားစုကို ကူညီႏိုင္မွာ..ဒါေပမဲ့ မင္းက လ်စ္လ်ဴရႈခဲ့တယ္"
"ကြၽန္ေတာ္ ကူညီလို႔ မရခဲ့ဘူးမဟုတ္လား"
လုေထာင္က ေအးေအးေဆးေဆးပင္ ျပန္ေျဖလာ၏။
"ဦးေလးက်ဴးလြန္ခဲ့တဲ့ ကိစၥကို ကြၽန္ေတာ္ အၾကမ္းဖ်င္း႐ွာၾကည့္ၿပီးသြားၿပီ။ အဲ့ဒါက တကယ့္ကိစၥအႀကီးႀကီးပဲ။ ကံေကာင္းစြာနဲ႔ ထိခိုက္ေသဆံုးသူမ႐ွိတာမို႔ ေလ်ာ္ေၾကးပဲေပးရၿပီး အဆင့္နိမ့္ကမာၻဆီလည္း အပို႔မခံရေတာ့ဘူး။ ဘာပဲေျပာေျပာ အဲ့ဒီကိစၥေၾကာင့္ ထိခိုက္နစ္နာသူ မ႐ွိခဲ့တာက တကယ္ကို ကံေကာင္းတာပဲ မဟုတ္လား"
"ဪ.."
ခ်န္းက်န္းသည္ သေဘာက်စြာ ရယ္လိုက္မိ၍ သက္ျပင္းတစ္ခ်က္ခ်ရင္း ဆိုလာခဲ့သည္။
"ထားပါေတာ့ ၿပီးတာေတြကၿပီးခဲ့ၿပီပဲ။ ငါလည္း ဘယ္အခ်ိန္ထိ အသက္႐ွင္ႏိုင္မယ္ မသိဘူး။ ငါ့ရဲ႕ဆႏၵကေတာ့ မင္းအေနနဲ႔ ေ႐ွာင္က်င္းကို ေ႐ွ႕ေလွ်ာက္ ေကာင္းေကာင္းဆက္ဆံေပးဖို႔ပါပဲ..သူက မင္းကိုဆို သိပ္ခ်စ္႐ွာတာ.."
သူ႔စကားဆံုးေသာအခါ လုေထာင္သည္ အနည္းငယ္ ထူးဆန္းသလို မခံစားမိဘဲ မေနႏိုင္ေတာ့ပါေပ။ သူက ျပန္ေျဖလာခဲ့သည္။
"ဒါေပါ့ ကြၽန္ေတာ္ေသခ်ာေပါက္ သူ႔အေပၚ ေကာင္းေပးမွာပါ"
"အခုအတြက္ ေျပာတာမဟုတ္ဘူး။ ေနာက္ မင္းမွတ္ဉာဏ္ေတြျပန္ရလာၿပီးတဲ့ အခ်ိန္အတြက္ ေျပာခ်င္တာ.."
ခ်န္းက်န္းသည္ လုေထာင္ကို မႈန္မိႈင္းေနေသာ မ်က္ဝန္းတစ္စံုျဖင့္ ေတြေဝစြာ ၾကည့္လာခဲ့၏။ သူ၏အၾကည့္မ်ားထဲတြင္ ေတာင္းဆိုမႈမ်ားကလည္း ပါဝင္ေနသည္။ သူသည္ကား အခ်ိန္ၾကာျမင့္စြာ ေကာင္းေကာင္းမြန္မြန္ ေနထိုင္ခဲ့ရၿပီးျဖစ္ကာ ယခုအခ်ိန္၌မူ ေရာဂါဒဏ္ကို ခံစားရင္းအခ်ိန္ျဖဳန္းေနရ၏။ သူ၏တစ္ခုတည္းေသာဆႏၵမွာ မိမိ၏သားငယ္ေလးကို ေပ်ာ္ရႊင္ေစလိုျခင္းပင္။
သူသည္ လုေထာင္၏အေျဖကို မေစာင့္ဘဲ ခါးသီးစြာ တစ္ခ်က္ျပံဳးလိုက္ရင္း ဆိုလာျပန္သည္။
"တကယ္ေတာ့ ငါဒီလိုေတာင္းဆိုတာက..မင္းအတြက္ မတရားပါဘူးေလ..ထားပါေတာ့"
ထို႔ေနာက္ သူတို႔ႏွစ္ေယာက္လံုးသည္ ကိုယ္စီအေတြးမ်ားႏွင့္အတူ တိတ္ဆိတ္ေနရင္း ခ်န္းက်င္း ျပန္လာမည့္အခ်ိန္ကို ေစာင့္ေနလိုက္ၾကေပ၏။
လုေထာင္သည္ ခ်န္းက်င္းကေပးလာေသာ ေရခြက္ကို ကိုင္ရင္း မိမိဟာ ဘာေၾကာင့္မ်ား အေစာပိုင္းက ေတာင္းဆိုခ်က္ကို ခ်က္ခ်င္းသေဘာမတူခဲ့မိေၾကာင္း နားမလည္ႏိုင္ျဖစ္ေနရ၏။ သူသည္ကား မွတ္ဉာဏ္မ်ားေပ်ာက္ဆံုးေနခဲ့သည့္တိုင္ ငတံုးတစ္ေယာက္ေတာ့ မဟုတ္ရပါေပ။ သူႏွင့္ခ်န္းက်င္း၏ လက္ထပ္မႈတြင္ ျပႆနာႀကီးႀကီးမားမား ႐ွိခဲ့ဖူးေၾကာင္း ရိပ္မိေလသည္။
သို႔သည့္တိုင္ သူသည္ ဘာေၾကာင့္မွန္းမသိ ၎ကိစၥကို ေဖာ္ထုတ္ခ်င္စိတ္ မ႐ွိပါေပ။
၎ျပႆနာကို သိသြားမိပါက သူတို႔ႏွစ္ေယာက္ၾကား႐ွိ ဆက္ဆံေရးက တစ္မ်ိဳးတစ္ဖံု ေျပာင္းလဲသြားႏိုင္သည္ဟု မသိစိတ္ထဲမွ ခံစားေနမိေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။
ခ်န္းက်င္း ေရယူရန္ထြက္သြားသည့္ ေနရာက ေငြေပးေခ်သည့္ေနရာႏွင့္ နီးေလရာ သူသည္ တစ္ခါတည္း ဖခင္ျဖစ္သူ၏ေဆးဖိုးဝါးခကို ေပးေခ်ခဲ့ေလ၏။ မိမိအေကာင့္ထဲမွ ေငြပမာဏက တျဖည္းျဖည္း ေလ်ာ့နည္းလာေၾကာင္း ျမင္ရေသာအခါ သူသည္ အနည္းငယ္ စိုးရိမ္လာရသည္။
ထို႔ေၾကာင့္ ဖခင္ျဖစ္သူကို အတန္ၾကာအေဖာ္ျပဳၿပီးေနာက္ အိမ္ျပန္ေရာက္ေသာအခါ ခ်န္းက်င္းသည္ အလုပ္ကို ေသခ်ာႀကိဳးစား၍ လုပ္ေတာ့ေလ၏။ က်ိန္းေသေပါက္ သူသည္ လုေထာင္အား ၎က သူ၏အလုပ္ဟု မေျပာရဲပါေပ။ ဒီအတိုင္း ဝါသနာသက္သက္ဟုသာ မုသားဆိုထားခဲ့၏။
လုေထာင္ကမူ သူ၏မုသားစကားကို အႂကြင္းမဲ့ ယံုၾကည္ျခင္း မ႐ွိသည့္တိုင္ သူသည္ တစ္ဖက္လူ၏ဆႏၵအတိုင္း ယံုၾကည္ခ်င္ေယာင္သာ ေဆာင္ေပးလိုက္ေလသည္။
"မင္းက အမ်ိဳးသမီးအဝတ္အစားေတြကို ခ်ဳပ္ရတာ ဝါသနာပါတာလား"
ခ်န္းက်င္းသည္ သူ၏အေမးစကားေၾကာင့္ ႐ွက္ေသြးျဖာသြား၍ တိုးတိုးေလး ႐ွင္းျပလာခဲ့၏။
"အဲ့ဒီလိုမ်ိဳးေပါ့..ဝါသနာပါရာလုပ္ရင္း အပိုဝင္ေငြလည္း နည္းနည္းရေအာင္လို႔.."
သူသည္ ေတာင္းဆိုသည့္သေဘာျဖင့္ အနည္းငယ္ အားနာစြာ ဆိုသည္။
"ဒါက သိပ္မၾကာခင္ ၿပီးေတာ့မွာပါ။ ၿပီးတာနဲ႔ ကြၽန္ေတာ္ ခင္ဗ်ားကို အေဖာ္ျပဳေပးမယ္ေနာ္ ဟုတ္ၿပီလား"
"တကယ္လို႔ ေငြလိုတယ္ဆိုရင္ ကိုယ့္ဆီကယူေလ"
လုေထာင္က သူ႔အေျဖကိုမေစာင့္ဘဲ ဆက္ေျပာလာ၏။
"ကိုယ္မင္းကို ေပးႏိုင္ပါတယ္။ ဟိုတစ္ေန႔က ကိုယ့္အေကာင့္ကို ၾကည့္လိုက္တာ အထဲမွာ ေငြပမာဏ အမ်ားႀကီး႐ွိတာပဲ"
ဗိုလ္ခ်ဳပ္တစ္ေယာက္အေနျဖင့္ လုေထာင္တြင္ ေငြပမာဏအမ်ားအျပား႐ွိျခင္းမွာ မဆန္းလွပါေပ။ သူသည္ စစ္ေျမျပင္မ်ားထံသို႔ မေရမတြက္ႏိုင္ေအာင္ သြားေရာက္စြန္႔စားခဲ့ဖူး၍ အေခါက္တိုင္းတြင္လည္း ေဘာနပ္စ္ခ်ီးျမႇင့္ခံ ရျခင္းေၾကာင့္ပင္။
ခ်န္းက်င္းသည္ ကပ်ာကယာႏွင့္ ေခါင္းကိုခါယမ္းရင္း ဆိုလာသည္။
"မယူေတာ့ပါဘူး"
လုေထာင္သည္ သူ၏ျငင္းဆိုမႈေၾကာင့္ မ်က္ေမွာင္ၾကဳတ္လ်က္ အနည္းငယ္ မေပ်ာ္မရႊင္ ျဖစ္လာရ၏။
"ဘာလို႔မယူတာလဲ!? ကိုယ္တို႔က လက္ထပ္ၿပီးသားပဲကို။ တစ္ေယာက္ေငြတစ္ေယာက္ မွ်သံုးရမယ္ေလ"
"ဒီတိုင္း...မလိုေသးလို႔ပါ"
ခ်န္းက်င္းသည္ လုေထာင္ပို၍ မေက်မနပ္ျဖစ္လာမည္စိုးေသာေၾကာင့္ စကားတစ္ခြန္းစီတိုင္းကို ထိန္း၍ေျပာလာရ၏။
"ကြၽန္ေတာ္..တစ္ေယာက္တည္း ကိုင္တြယ္ႏိုင္ပါတယ္"
သူသည္ လုေထာင္ကို ၾကည့္ရင္း ဆက္ဆိုလာသည္။
"ဒါလင္ ကြၽန္ေတာ့္ကိုယံုပါ ေနာ္။ ကြၽန္ေတာ္လုပ္ႏိုင္ပါတယ္။ တကယ္လို႔ မျဖစ္မေန အရမ္းခက္ခဲလာမွသာ ကြၽန္ေတာ္ အကူအညီေတာင္းမယ္ေလ။ ဒါေၾကာင့္ အခုေတာ့ ကိုယ့္အစြမ္းအစနဲ႔ကို ေျဖ႐ွင္းခြင့္ျပဳပါေနာ္..ရတယ္မလား.."
ခ်န္းက်င္း၏ပံုစံသည္ အေတာ္ေလး စိတ္အားထက္သန္လ်က္႐ွိကာ အနည္းငယ္လည္း သနားခ်င့္စဖြယ္ ေကာင္းေနေသးသည္။ လုေထာင္၏ႏွလံုးသားတစ္ခုလံုးသည္ တမဟုတ္ခ်င္းပင္ မေပ်ာ့ေပ်ာင္းဘဲ မေနႏိုင္ေတာ့ပါေပ။ သို႔သည့္တိုင္ သူသည္ ထြက္သြားဖို႔ကို ျငင္းဆန္လ်က္ ခ်န္းက်င္း၏အနားတြင္ ေဝ့ဝဲေနဆဲျဖစ္၏။ လုေထာင္က သူ၏ေဘးနားတြင္ ထိုင္ရင္း ဆိုလာေလသည္။
"ကိုယ္မင္းကို အေဖာ္ျပဳေပးမယ္"
သူသည္ လက္ေကာက္ဝတ္ကို ယမ္းျပလာရင္း ထပ္ဆိုသည္။
"အခ်က္အလက္ေတြကို စစ္ေဆးရင္း မင္းကို ေစာင့္ေနမယ္"
ခ်န္းက်င္းသည္ စိတ္သက္သာရာရသြားဟန္ျဖင့္ သက္ျပင္းဖြဖြခ်လိုက္ရင္း ျပံဳးလ်က္ ျပန္ေျဖ၏။
"ဟုတ္ပါၿပီ"
လုေထာင္အနားမွာ႐ွိေနျခင္းက သူ႔ကို အေႏွာင့္အယွက္ မျဖစ္ေစပါ။ ခ်န္းက်င္းသည္ အခ်ဳပ္အလုပ္ႏွင့္ပတ္သက္၍ အေတာ္အတန္ ကြၽမ္းက်င္ေနၿပီ ျဖစ္၏။ သူသည္ ယခင္ကထက္ပို၍ လက္ရည္တက္လာကာ ပို၍လည္း စိတ္႐ွည္တတ္လာသည္။ ထို႔အျပင္ အလုပ္ထဲသို႔ လံုးဝစိတ္ႏွစ္ထားမိခ်ိန္တြင္ သူသည္ အနီးအနားမွ အရာမ်ားကိုလည္း ဂ႐ုမထားမိေတာ့ပါေပ။
သူ႔လက္ထဲ႐ွိ ဂါဝန္သည္ အစကတည္းက လွပေနၿပီးသားျဖစ္၏။ ယခုသူသည္ ေနာက္ဆံုးအေနအျဖင့္ မိုးျပာေရာင္သလင္းေက်ာက္ ပုတီးေစ့မ်ားကို ၎အေပၚတြင္ အလွဆင္ေနျခင္းျဖစ္သည္။ ၉၉ ခုမွ်ကို ဂါဝန္အတြက္သံုး၍ က်န္ေသာပုတီးေစ့မ်ားကို အနားငါးခုႏွင့္ၾကယ္ပံု ရင္ထိုးလုပ္ရာတြင္ သံုးေလ၏။ ထိုသို႔ဆိုလွ်င္ ဂါဝန္တစ္ထည္လံုးသည္ မိုးျပာေရာင္ သလင္းေက်ာက္မ်ားႏွင့္ တလက္လက္ထေနမည္ျဖစ္၍ ဝတ္ဆင္သူကိုလည္း ျမင္သူတိုင္း မ်က္စိက်ိန္းမတတ္ ေတာက္ပေစလိမ့္မည္။
ေနာက္ဆံုးေသာ သလင္းပုတီးေစ့ကို အလွဆင္ၿပီးေနာက္တြင္ ခ်န္းက်င္းသည္ မတ္တပ္ရပ္လိုက္၏။ ခ်ဳပ္လုပ္ရာတြင္ အတန္ၾကာသည္အထိ အာရံုစိုက္ထားမိျခင္းျဖစ္ေလရာ သူ၏မ်က္လံုးမ်ားကလည္း က်ိန္းစက္ေနၿပီး လက္ေမာင္းမ်ားကလည္း ထံုထိုင္းေနကာ ေနာက္ေက်ာဘက္က အနည္းငယ္ နာသလိုပင္ ခံစားရေသး၏။ သူသည္ မိမိကိုယ္ကို ႏွိပ္နယ္ရန္ ဟန္ျပင္လိုက္ခ်ိန္တြင္ ႀကီးမားသည့္လက္ဖဝါးတစ္ဖက္က သူ႔ခါးသြယ္သြယ္ကို စတင္ထိေတြ႔လာရင္း ေက်ာဘက္တစ္ေလွ်ာက္ ညင္သာစြာ ႏွိပ္နယ္ေပးလာေလသည္။ ထို႔အျပင္ သူ႔အေ႐ွ႕၌ ေရတစ္ခြက္ကလည္း အဆင့္သင့္ခပ္ထားေပးၿပီးသား ျဖစ္၏။ ခ်န္းက်င္းသည္ ခဏမွ် ေၾကာင္သြားမိၿပီးေနာက္ အနားမွလူကို ေမာ္ၾကည့္လိုက္သည္။
"မင္းအရမ္း အာရံုစိုက္ထားတာ"
လုေထာင္က သူ႔ကို ခ်ီးက်ဴးသည့္ မ်က္ဝန္းမ်ားျဖင့္ ျပန္ၾကည့္လာ၏။
"ႏွစ္နာရီတိတိ..ကိုယ့္ကို တစ္ခ်က္ေလးေတာင္ ေမာ့မၾကည့္ခဲ့ဘူး"
ခ်န္းက်င္း၏ပါးျပင္ႏွစ္ဖက္လံုးသည္ ႐ွက္ရြံ႔မႈေၾကာင့္ နီျမန္းသြားရ၏။ သူသည္ ေရခြက္ကိုယူလိုက္ရင္း ေက်းဇူးတင္စကား တိုးတိုးေလး ဆိုသည္။ ေရခြက္ထဲမွေရသည္ကား သင့္ေတာ္သည့္အပူခ်ိန္႐ွိၿပီး အထဲတြင္လည္း တျခားဘာအရသာမွ ပါမေနဘဲ ႐ိုး႐ိုး႐ွင္း႐ွင္းျဖစ္သည့္တိုင္ ခ်န္းက်င္းကမူ ၎ေရက ခ်ိဳသည္ဟု ခံစားမိေလ၏။ သူသည္ ဘယ္တုန္းကမွ် လုေထာင္ဆီမွ ထိုကဲ့သို႔ ဂ႐ုစိုက္မႈမ်ိဳး ႏွင့္ ခ်ီးမြမ္းမႈမ်ိဳး ရလာလိမ့္မည္ဟု ေမွ်ာ္လင့္မထားမိခဲ့ေသာေၾကာင့္ပင္။
ခ်န္းက်င္းသည္ တစ္ဖက္လူ၏ အျပဳအမူေသးေသးေလးေၾကာင့္ ျဖစ္တည္လာေသာ စိတ္လႈပ္႐ွားမႈႏွင့္အတူ သူ႔ကိုေမးလာခဲ့၏။
"ခင္ဗ်ားေရာ..စစ္စရာ႐ွိတာေတြ စစ္ၿပီးသြားၿပီလား"
"ဟင့္အင္း"
လုေထာင္က ခ်န္းက်င္း၏ခါးကို ႏွိပ္နယ္ေပးရံုသာမက သူ၏ပုခံုးထက္ကိုပါ ဖ်စ္ညႇစ္လာရင္း ဆိုသည္။
"တကယ္ေတာ့ အားလံုးကိုၿပီးေအာင္ စစ္မလို႔ပဲ။ ဒါေပမဲ့ အခ်ိန္အၾကာႀကီး အဲ့ဒီထဲကို အာရံုစိုက္မရဘူး ျဖစ္လာလို႔.."
"ဒါေပါ့။ အရမ္းႀကီး အလ်င္လိုမေနပါနဲ႔ ဦးေႏွာက္ထဲက အဆိပ္ရည္ေတြအားလံုး ေပ်ာက္သြားရင္ မၾကာခင္အတြင္း အကုန္လံုး ျပန္မွတ္မိလာမွာပဲကို.."
ခ်န္းက်င္းသည္ ကိုယ္တိုင္က မသိလိုက္ဘာသာႏွင့္ ၎စကားကို ေျပာလိုက္မိခ်ိန္တြင္ မ်က္ဝန္းထဲ၌ ဝမ္းနည္းသည့္ အေငြ႔အသက္တို႔က ျဖတ္ေျပးသြားရ၏။ သို႔ရာတြင္ လုေထာင္ကမူ သတိမထားမိခဲ့ပါေပ။
ေနာက္လအနည္းငယ္အတြင္း ျဖစ္လာမည့္ ကိစၥႏွင့္ပတ္သက္၍ ေတြးလိုက္မိေသာအခါ ခ်န္းက်င္း၏ ေပ်ာ္ရႊင္ျခင္းမီးေတာက္ေလးသည္ ခ်က္ခ်င္းပင္ ၿငိမ္းသက္လို႔သြားရ၏။ သူသည္ ၎အေၾကာင္းကို ဆက္၍မစဥ္းစားခ်င္ေတာ့ေသာေၾကာင့္ ထိုအေတြးစကိုျဖတ္လိုက္ကာ လက္ထဲမွ ကိုင္ထားေသာ ေရခြက္ကို ခံုေပၚျပန္ခ်လိုက္ၿပီး ဂါဝန္ကို ယူၾကည့္လိုက္ေလသည္။
"ကြၽန္ေတာ္ ဒါကို တစ္ေခါက္ျပန္စစ္လိုက္ဦးမယ္။ အားလံုးအဆင္ေျပတယ္ဆိုရင္ မနက္ျဖန္ခ်က္ခ်င္း လႊဲေပးလို႔ရေအာင္.."
ခ်န္းက်င္းသည္ ၎ဂါဝန္ကို ဂ႐ုတစိုက္မ,ယူလိုက္၍ လုေထာင္၏ေ႐ွ႕တြင္ တစ္ပတ္လွည့္ျပလာခဲ့သည္။
"ဘယ္လိုလဲ လွလား"
လုေထာင္က သေဘာက်စြာ တစ္ခ်က္ျပံဳးလိုက္ရင္း ျပန္ေျဖ၏။
"အင္း လွတယ္။ မင္းနဲ႔ဆို အရမ္းလိုက္မွာ"
"ကြၽန္ေတာ္ဝတ္လို႔ မရဘူးေလ"
ခ်န္းက်င္းသည္ သူ၏စကားေၾကာင့္ ႐ွက္ေသြးျဖာသြားမိ၍ တလက္လက္ေတာက္ပေနေသာ ဂါဝန္ဆီကိုသာ အၾကည့္လႊဲလာခဲ့၏။
"ဒါေပမဲ့ ဒီေပၚမွာ အလွဆင္ထားတဲ့ မိုးျပာေရာင္သလင္းေက်ာက္ေတြကိုေတာ့ အရမ္းသေဘာက်တယ္။ ဘာလို႔ဆို ကြၽန္ေတာ့္အႀကိဳက္ဆံုးအေရာင္က အျပာေဖ်ာ့တို႔ မိုးျပာေရာင္မ်ိဳးတို႔ မို႔ေလ။ ပင္လယ္ျပာေရာင္တို႔ ေနာက္ၿပီး ၾကည္ေတာက္ေနတဲ့ ေရခဲျပာေရာင္လိုမ်ိဳး ဘာပဲေျပာေျပာပါ အျပာနဲ႔ပတ္သက္တာ အကုန္ႀကိဳက္တာပါပဲ"
သူသည္ ဂါဝန္အတြင္းအျပင္ကို ေစ့ေစ့စပ္စပ္ လိုက္စစ္ေနရင္းကပင္ သူႏွစ္သက္ေသာအေရာင္အေၾကာင္းကို တတြတ္တြတ္ ေျပာေနေလသည္။
"အိုေက အရြယ္အစားလည္း အဆင္ေျပတယ္။ သလင္းေက်ာက္ အေရအတြက္ကလည္း ကြက္တိပဲ။ ေနာက္ဆံုးေတာ့ အားလံုးၿပီးသြားၿပီ!"
သူ႔စကားဆံုးေသာအခါ ေဘးနားမွ လုေထာင္ကလည္း ရယ္ေမာလ်က္ ဆိုလာေပ၏။
"အင္း ေနာက္ဆံုးေတာ့ မင္းကိုယ့္ကို အေဖာ္ျပဳေပးလို႔ ရၿပီေပါ့"