The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 4.6

2K 307 17
By khunsin

Nadasiha - ဇက်ခရွန်များရောက်နေတဲ့မြို့
Cassiofia - အိန်းဒရူးစခန်း Vex ရှိရာ မြို့
Fluto -  ဖလဲရာရှိရာ မြို့

ဖလဲရာက ဗိုလ်ချုပ်စတန်လေအား ပူဆာနေသည်။
"မောင်က ဒီဟာလေးတောင် မလုပ်ပေးနိုင်ဘူးလား။ ဒီနမူနာတွေမှ မရရင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့က မဖြစ်နိုင်တော့ဘူး။ သဲတို့ရဲ့ အနာဂတ်က မတွေးရဲစရာတွေ ဖြစ်ကုန်တော့မှာ"

"မောင် လုပ်ပေးချင်ပါတယ်။ ဒါပေမယ့် ဇက်ခရွန်တွေရဲ့ နျူးကလိယက်စ်ကို မပျက်မဆီးပဲ ထုတ်ဖို့ဆိုတာက စွမ်းအားရှင်တွေမှ အဆင်ပြေမှာလေ။ မောင်တို့မြို့ရဲ့လူတွေက တာဝေးလက်နက်နဲ့ဖြိုခွင်း အဝေးကပဲ သေနတ်နဲ့ပစ်လို့ အဆင်ပြေမှာ။ အနီးကပ်သွားရင်း မတော်လို့ ဇက်ခရွန်အရည်တခုခုနဲ့ထိမိရင် မြို့တော်မှာ ဇက်ခရွန်တွေကူးစက်လာမှာပေါ့"

"မရဘူးကွာ မောင်တခုခု ကြံစည်ပေး မဟုတ်ရင် လူသားတွေအတွက် အန္တရာယ်ရှိလာတော့မှာ"

"အွန်းပါ။ သဲ စိတ်မပူနဲ့။ မောင် တမျိုးမျိုးနဲ့ ကြိုးစားကြည့်ပေးပါ့မယ်။ နှုတ်ခမ်းကြီး မဆူနေနဲ့တော့ .. ဟုတ်လား"

ဗိုလ်ချုပ် စတန်လေ (Stanley) က အုပ်ချုပ်ရေးပိုင်း အကြီးအကဲ ငါးယောက်နှင့်အတူ တိုက်ခိုက်ရေးဘက်မှ ကျွမ်းကျင်သူတချို့ပါ ခေါ်ယူ၍ အရေးကြီးအစည်းအဝေးပြုလုပ်သည်။ နမူနာယူဖို့ ကိစ္စများကို ရှင်းပြ၍ မည်သို့ မည်ပုံရယူကြမည်ဆိုတာကို ဆွေးနွေးနေသည်။

"မင်းရဲ့ ဖြေဆေးအတွက် နမူနာကရော တကယ်လိုတာလား။ အဲ့လောက် လူအများကြီးသုံးစရာရော လိုလို့လား"
"လိုတယ်။ သုတေသနဌာနရဲ့ အကြီးအကဲ ဖလဲရာကိုယ်တိုင် ဦးစီးပြီး လုပ်နေတာဆိုတော့ လိုလို့ပေါ့။ မဟုတ်ပဲ ကိုယ့်လူတွေကို ဒီလို အန္တရာယ်ရှိတဲ့အလုပ်မျိုး လုပ်ခိုင်းစရာလား"

"အေးလေ ဖလဲရာက ဒီလောက်ကြိုးစားထားတာ။ နမူနာယူဖို့လောက်တော့ ကျနော်တို့က ကူညီပေးရမှာပေါ့။ အကြီးအကဲက ဖလဲရာကို အမြင်မကြည်ဘူးဆိုတာ သိပေမယ့် ခင်ဗျားစကားက ဘယ်လိုကြီးလဲ"
အတော်များများက ဖလဲရာကို စိတ်ထားလှသူလေးအဖြစ် သိထားပြီး အကြီးအကဲထဲမှ နှစ်ဦးကသာ စွမ်းအားမရှိပေမယ့် စိတ်စွမ်းရည် မြင့်မားတာကြောင့် အမှန်ကို မြင်နေပြီး အမြင်မကြည်လင်ခြင်းဖြစ်သည်။ သို့သော် အများနှင့် တယောက် ဖြစ်သည့်အပြင် ဖြေဆေးကိစ္စသည် တကယ်လည်း လိုအပ်နေတာကြောင့် ဘာမဟုတ်တဲ့ ကိစ္စဖြင့် အချင်းချင်းကြား အကျယ်အကျယ် မဖြစ်လိုပေ။

"မဟုတ်ပါဘူး ကျုပ်ကသေချာချင်လို့ပါ။ မယုံသင်္ကာ သဘောမျိုး မေးတာမဟုတ်ပါဘူး။ မင်းတို့ ဖလဲရာကို ယုံကြည်ကြတယ်ဆိုတာ သိပါတယ်။ နမူနာက ဘယ်လောက်တောင် လိုတာတဲ့လဲ"

"ဆေးတမျိုးပြီးတမျိုးနဲ့ စမ်းသပ်ရမှာမို့ အနည်းဆုံ မျိုးစိတ်တစ်ခုကို နမူနာတရာစီလောက် ယေဘုယျ လိုအပ်မယ်လို့ ပြောပါတယ်။ ရှားပါးတဲ့ မျိုးစိတ်တွေကိုတော့ လျှော့ကောက်ခိုင်းထားတယ်။ အပင် သတ္တဝါတွေ အားလုံး ပေါင်းရင်တော့ မျိုးစိတ် 300နီးပါး ရှိမယ်လို့ မှန်းတယ်"

"မျိုးစိတ်သုံးရာကို တမျိုးတရာစီတောင်လား။ ဒါ .. ဒါက .. "

"ပြီးတော့ မြန်မြန်ရဖို့ကလည်း လိုသေးတယ်.. "

"အင်း ဖြေဆေးက အရေးကြီးတာဆိုတော့ နမူနာ မယူလို့လည်း မရပြန်ဘူး။ သို့ပေမယ့် ငါတို့ သာမာန်လူတွေအနေနဲ့ မျိုးရိုးဗီဇပြောင်းတဲ့အပင်နဲ့သတ္တဝါတွေ အနားကို ကပ်ဖို့ ဆိုတာကလည်း ခက်ခဲပြန်တယ်"

"အကာအကွယ်ဝတ်စုံတွေ ဘာတွေ ဝတ်ပြီးသွားနိုင်ရင်တော့ ရနိုင်မယ်။ အဲ့တာလည်း အန္တရယ် မပြုနိုင်တဲ့ အပင်နဲ့ သတ္တဝါ တချို့အတွက်ပဲ အဆင်ပြေမယ်"

"ရန်ပြုတတ်တဲ့သူသတ္တဝါတွေအတွက်ကို အဝေးကပဲ တာဝေးပစ်နဲ့ ပစ်ပြီး ငါတို့ထဲက စွမ်းအားရှင်ဖြစ်တဲ့သူ တချို့ကို သွားကောက်ခိုင်းရင်ရော ကူးစက်မှုနှုန်းတော့ လျော့တာပေါ့"

"စွမ်းအားရှင်ချည်း လွှတ်ဖို့က ပြောတော့လွယ်ပေမယ့် ကျနော်တို့ဆီမှာ စွမ်းအားရှင်က နည်းတယ်။ ပြီးတော့ သူတို့တွေချည်းပဲ ဆက်တိုက်လွှတ်ဆိုရင် ခံနိုင်မှာ မဟုတ်သလို အချိန်လည်း အများကြီး ယူနေရမယ်။ ပြောရတာအားနာပေမယ့် အကုန်လုံးလွှတ်ရင်တောင် ကျနော်တို့မှာ အဲ့လောက် အင်အားမရှိဘူး။ မြို့တော်အတွက်ကလည်း အနည်းနဲ့ အများ ချန်ရဦးမယ်။ အချိန်နည်းနည်းနဲ့ ပြီးချင်ရင် လူအင်အားလိုတယ်။ အန္တရာယ်ကင်းချင်ရင် အချိန်လိုတယ်"

"အင်း ပြီးတော့ ထပ်စဉ်းစားစရာက ... ကျနော်တို့က ခါတိုင်းလို မြို့ တံတိုင်းပေါ်က ပစ်။ အပေါ်စီးက အန္တရာယ်ရှိမရှိ စစ်ဆေးပြီး သေချာမှ သွားရှင်းလင်းတဲ့ ပုံစံမျိုးမဟုတ်ဖူး။ အခုက တောထဲ တောင်ထဲ လွှတ်ရမှာ။ အဝေးက ကာပစ်ဖို့ဆိုတာ ကွင်းပြောင်မှာ အဆင်ပြေပေမယ့် တောထဲတောင်ထဲမှာ 100% safe ဖြစ်ဖို့ မလွယ်ဘူး"

"ဒဏ်ရာမရပဲ အကောင်းတိုင်း ပြန်လာရင် ပြသနာမရှိပေမယ့် ဒဏ်ရာရပြီး ကူးစက်လာခဲ့ရင်ဆိုတဲ့ ကိစ္စအတွက် စဉ်းစားထားဖို့ လိုတယ်။ ခရီးသွားပြီးပြန်လာတဲ့သူတို့ တခြားက လာခိုလှုံတဲ့သူတို့ကို အဆင်မပြေရင် ပြန်လွှတ်တယ်ဆိုတာ သူဖြစ်သူခံ ကိုယ့်မြို့သားတွေ အကာအကွယ်ရဖို့ လိုတယ် ဆိုပြီး တင်းခံလို့ရတယ်။ ဒါပေမယ့် ကိုယ့်မြို့သား .. အသက်စွန့်ပြီး လုပ်ပေးခဲ့တဲ့ရဲဘော်ရဲဘက်ကို ကျနော်တို့က ကူးစက်လာတာနဲ့ မျက်ကွယ်ပြုဖို့ဆိုတာကျတော့ လွယ်တဲ့ကိစ္စမဟုတ်ဖူး။ အတူသွားတဲ့သူတွေရဲ့ စိတ်အခြေအနေဆိုတာ ရှိသေးတယ်"

"ကျနော်တို့ ကာစီအိုဖီးယားက Vex ကို အကူအညီတောင်းကြည့်ရင်ရော"

"ရနိုင်တယ်။ သူတို့က ပရမ်းပတာနိုင်တယ်ဆိုပေမယ့် စွမ်းအားရှင်များတယ်။ ကြားတာက သူတို့ စွမ်းအားရှင်တွေက သေချာလေ့ကျင့်ထားလို့ တော်ကြတယ်လို့ ပြောတယ်။ သူတို့က ရိက္ခာလိုတယ်။ ကျနော်တို့က စိုက်နိုင် ပျိုးနိုင်သေးတော့ အနည်းငယ် အပိုအလျှံရှိတယ်။ ဖြေဆေးရတဲ့အခါ အခြားမြို့တွေကလည်း ရံပုံငွေ ပြန်ကောက်လို့ရနိုင်ဦးမယ်။ ကိုယ့်လူတွေထည့်မှာထက်စာရင် ရိက္ခာနည်းနည်းရင်းရတာက ကိစ္စမရှိဘူး။ ဒီလောက်တော့ ရင်းသင့်ပါတယ်။

"ဒီအကြံမဆိုးဘူး။ အန္တရာယ်ရှိတဲ့ ဇက်ခရွန်နဲ့ သတ္တဝါတွေကို သူတို့ကို အပ်လိုက်ပြီး အပင်နဲ့ အကောင်ငယ်လေးတွေကို သူတို့အဖွဲ့ခြံရံပြီး ကျနော်တို့ပူးပေါင်းဆောင်ရွက်ကြမယ်ဆို အဖိတ်အစင် နည်းမှာပဲ"

"ဖြေဆေးအတွက် နမူနာကောက်ခိုင်းတယ်ဆိုတာ အနည်းနဲ့ အများ သိလာမှာပဲ။ Vex က စိတ်ချရပါ့မလား"

"Vex က ကြေးစားဆန်တယ်။ စွမ်းအားရှင်တွေဆိုတော့ ဖြေဆေးကို စိတ်ဝင်စားချင်မှ ဝင်စားမယ်။ ဒါပေမယ့် မျက်စောင်းမထိုးဘူးလို့တော့ ပြောလို့မရဘူး"

"Vex ခေါင်းဆောင်နဲ့ စကားပြောကြည့်မယ်။ ဖြေဆေးစိတ်ဝင်စားပုံရရင် ဖြေဆေးအတွက် အရင်းထက် နည်းနည်းပဲပိုတဲ့ သတ်မှတ်စျေးတခုနဲ့ ရောင်းပေးမယ်လို့ ညှိရင်ရော။ သူကိုယ်တိုင်လည်း ထုတ်လုပ်စရာမလိုဘူး။ ငါတို့လည်း သူ့ကို ဖော်မြူလာပေးစရာမလိုဘူး"

"ကောင်းတယ်။ အဲ့လိုပဲ ညှိလိုက်ကြတာပေါ့"
__________

ဖလူတိုမှ အကြီးအကဲများနှင့် Vex မှ ခေါင်းဆောင်တို့ Terminal ချင်း ချိတ်ဆက်၍ စကားပြောလိုက်သည်။
xxxxxxx
"ဘယ်လို? Vex ဒုအဖွဲ့ခေါင်းဆောင်က ငါတို့မြို့မှာ ဟုတ်လား"

xxxxxxx
"အန် .. ငါ့ကို မြို့တော်လုံခြုံရေးက အကြောင်းကြားထားတာလည်း မရှိပါဘူး မင်းတို့က သေချာရဲ့လား"

xxxxxxx
"ဟုတ်ပြီ အဲ့ဆို မင်းတို့ကပဲ သူ့ကို ငါတို့ခေါင်းဆောင်တွေနဲ့ လာတွေ့ဖို့ အကြောင်းကြားပေးပါ"

xxxxxxx
"Okay"

"တောက် ❗️"

"လုံခြုံရေးတွေ ဘာလုပ်နေလဲ။ လူတယောက်လုံး မြို့ထဲ ရောက်နေတာကို မသိကြဘူးလား"

ဗိုလ်ချုပ် စတန်လေ မျက်နှာကြီး နီရဲလျှက် ဒေါသထွက်နေသည်။ မြို့တော်လုံခြုံရေးခေါင်ဆောင် တစ်ယောက်အနေနဲ့ လုံခြုံရေး ကျိုးပေါက်နေမှုက သူ့အတွက် အရှက်ရစရာဖြစ်သည်။
___________

အိန်းဒရူး အစောင့်နှစ်ယောက် နိုးလာတော့မည်မို့ CCTV ခန်းထဲမှထွက်၍ ဓာတ်ခွဲခန်းထဲသို့ ဝင်ဖို့ အပေါက်လိုက်ရှာသည်။ အချိန်အတော်ကြာ ကြိုးစားကြည့်သော်လည်း ဝင်ရောက်ရန် အဆင်ချောတာ မတွေ့ပေ။ ဖျက်ဆီးပြီးဝင်လျှင်တော့ ရနိုင်ပေမယ့် နောက်ဆက်တွဲတွေက ရှင်းစရာဖြစ်လာနိုင်သည်။

ဓာတ်ခွဲခန်းတံခါးမကြီးက Terminal Access Control ဖြင့် ကန့်သတ်ထားပြီး အခွင့်ရှိသူသာ ဝင်ရောက်နိုင်သည်။ စမ်းသပ်ရင်း ရောဂါကူးစက်မည်စိုး၍ ဓာတ်ခွဲခန်းကိုလည်း အလုံပိတ်လုပ်ထားသည် ထင်သည်။ အစားအသောက်နှင့် စွန့်ပစ်ပစ္စည်းများကိုလည်း ပိုက်လိုင်းများမှသာ အသွင်းအထုတ်လုပ်သည်မို့ အိန်းဒရူး အထဲဝင်ရန် အခက်တွေ့နေသည်။ ထိုစဉ် သူ၏ terminal မှ စာတိုရောက်ကြောင်း တုန်ခါ၍ သတင်းပေးလာသည်။ အိန်းဒရူးက ဖွင့်ဖတ်လိုက်သည်။

"အလုပ်တစ်ခု ရှိတယ်။ ဖလူဆိုမြို့က ခေါင်းဆောင်တွေကို သွားတွေ့ပါ။ ဇက်ခရွန် နဲ့ အခြားအသွင်ပြောင်းအကောင်တွေ နမူနာကောက်ဖို့ ကူညီပေးပါတဲ့။ ခေါင်းဆောင်နဲ့ အပေးအယူကိစ္စ ဆွေးနွေးထားပြီးသား။ ဒီဘက်က အကူ 30 လွှတ်ပေးလိုက်မယ်။ မင်းနေသန့်နောက် လိုက်သွားတာမလား။ မင်တောင် မနိုင်တဲ့ နေသန့်ကို သူတို့က ဘာတွေနဲ့ဆွဲဆောင်ထားတာလဲ ငါသိချင်မိတယ်။ ဖြေဆေးဖော်မယ်လို့ ယူဆတယ်။ အသေးစိတ် စုံစမ်းပြီး သတင်းပြန်ပို့ပါ"

ဟက် ..
ကိိုကို တွေ့လား .. ကံကြမ္မာက ကျနော့ဘက်မှာဗျ။

အိန်းဒရူးက အဝတ်အစားကို ဆန့်လိုက်ပြီး အကြီးဆုံး အဆောက်အဦးရှိရာသို့ ဦးတည်ပြေးလွှားသွားသည်။

အိန်းဒရူးဝင်လာသည်နှင့် မျက်လုံးပေါင်းများစွာက အကဲခတ်နေကြသည်။ Vex ရဲ့ ဒုခေါင်းဆောင်ရောက်လာမည်ဟု သိထားပြီး ဝင်လာတာက ငယ်ရွယ်ချောမောသော လူငယ်လေး ဖြစ်နေသည်။ ဒီလူငယ်လေးတယောက်က အစွမ်းရှိရင်တောင် ခေါင်းဆောင်မှုပိုင်းက အဆင်ပြေပါ့မလားဟု သံသယရှိကြသည်။

"Vex ရဲ့ အိန်းဒရူး ဝို့သ်ပါ။ ကျနော် ဘာကူညီပေးရမလဲ"
နှုတ်ဆက်ပုံက ရိုးရှင်းသည်။ နှိမ့်ချခြင်း မရှိသလို ဂုဏ်မောက်နေခြင်းမျိုးမရှိ။ အသက်အရွယ်နှင့် ကွာခြားလှစွာ အသံက တည်ငြိမ်သည်။

"ဒီလိုပါ.."
အကြီးအကဲတစ်ဦးက စကားစစဉ် ...

"ခဏ"

ဗိုလ်ချုပ် စတန်လေက ထရပ်၍ အိန်းဒရူးနားကို ရောက်လာပြီး ရုတ်တရက် တိုက်ခိုက်လိုက်သည်။ အိန်းဒရူးက ရှောင်တိမ်းခြင်းမရှိပဲ တွန့်ဆုတ်ခြင်းမရှိပဲ။ လက်သီးနှင့် ခြေကန်ချက်များကို အေးဆေးစွာ လက်ခံသည်။ အများက တိုက်ပွဲတပွဲ ကြည့်ရမည်ဟု မျှော်လင့်ထားပေမယ့် စတန်လေ၍ ထိုးနှက်ချက်များက အိန်းဒရူးကို လုံးဝမထိ။ တွန်းကန်အားတခုသာ ခံစားရပြီး တယောက်တည်း လေကို တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်။

အိန်းဒရူးက တည်ငြိမ်စွာပဲ စတန်လေကို တည့်တည့်ကြည့်၍ "ကျနော်တို့ စကားပြောလို့ရပြီလား" ဟု ပြောလိုက်သည်။ စတန်လေက တိုက်ခိုပ်မှုကို ရပ်လိုက်ပြီး အံ့ဩအားနာစွာဖြင့် ထိုင်ရန် နေရာပြပေးသည်။ စိတ်ထဲမှာလည်း ရိုးရိုးလူတွေ ဘယ်လောက်ပဲ အင်အားကြီးပြီး အတိုက်အခိုက် တော်ပါစေ စွမ်းအားရှင်တကယ်တော်ရင် ဘယ်လိုမှ တိုက်ခိုက်ဖို့ မလွယ်ဘူးဆိုတာကို တုန်လှုပ်စွာ လက်ခံလိုက်ရသည်။

"လူငယ်လေးရဲ့ စွမ်းအားက အံ့ဩစရာပဲ။ ကိုယ်တို့လည်း စွမ်းအားရှင် တချို့ တွေ့ဖူးပေမယ့် Mr. Woth လို စွမ်းအားမျိုး တခါမှ မတွေ့ဖူးဘူး။ ဘယ်အရာမှ မင်းကို ထိလို့မရဘူးလား"
"ယေဘုယျအားဖြင့်တော့ ဟုတ်တယ်ဆိုပါတော့။ ထားပါ။ နမူနာကောက်ပေးရမယ် ပြောတယ်။ ဘယ်လို နမူနာတွေလဲ"

စတန်လေနှင့် အကြီးအကဲတချို့က အိန်းဒရူးကို အသေးစိတ် ရှင်းပြကြသည်။

"ဆိုတော့ အချုပ်က အပင်နဲ့ သတ္တဝါအငယ်တွေ နမူနာယူတဲ့အခါ ကျနော်တို့က လိုက်စောင့်ရှောက်ပေးရမယ်။ အန္တရာယ်ရှိတဲ့အကောင်တွေဆီကကျတော့ မျိုးရိုဗီဇနမူနာ ယူပေးရပြီး ဇက်ခရွန်တွေဆီကတော့ နျူးကလိယက်စ် ယူပေးရမယ်။ ဒါပဲလား"
"ဟုတ်တယ်"

"အိုကေ ခင်ဗျားတို့ဘက်က တောင်းဆိုတာ သိရပြီဆိုတော့ ကျနော့ဘက်က လိုချင်တာ ပြန်ပြောမယ်။ ကျနော်အပါအဝင် စွမ်းအားရှင် 30 အတွက် နေဖို့စားဖို့ စီစဉ်ပေးရမယ်။ သီးသန့်နေမယ်။ စောင့်ကြည့်ခြင်း မရှိစေရဘူး"

စတန်လေတို့ ဘက်မှ အချင်းချင်း တီးတိုးဆွေးနွေးလိုက်ပြီး တွန့်ဆုတ်စွာဖြင့်
"လက်ခံတယ်"

"လိုအပ်တာတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဓာတ်ခွဲခန်းဝင်ထွက်ခွင့် ပေးထားရမယ်"
"ဝင်ထွက်ခွင့်တော့မပေးနိုင်ဘူး။ ဒါပေမယ့် တာဝန်ရှိသူနဲ့ ဆွေးနွေးလို့ရအောင် ကူညီပေးမယ်"

"ရတယ်။ ဆက်ဆံရ အဆင်ပြေလောက်မယ့်သူကိုတော့ ကျနော်က ရွေးမယ်"
"လက်ခံတယ်"
အိန်းဒရူး မသိမသာလေးပြုံးသွားသည်။

"ဘယ်တော့ လုပ်ငန်းစ မလဲ"
"အခုပဲ"
"မိုးတော့ ချုပ်နေပြီ"
"ကျနော် ယူရမယ့် နမူနာတွေ စာရင်း သိချင်သေးတယ်။ အချိန်က သိပ်မရဘူးဆိုလို့"
"ဒါဆို ဓာတ်ခွဲခန်းဘက်က ခေါင်းဆောင်နဲ့ မိတ်ဆက်ပေးမယ်။ သွားစို့"

ထို့နောက် စတန်လေက ဖလဲရာနှင့် တွေ့ဆုံစေသည်။ ဖလဲရာက အိန်းဒရူးကို မြင်ကတည်းက မျက်လုံးများ အရောင်တောက်လာသည်။ စကားအနည်းငယ် ပြောပြီးသည်နှင့် အိန်းဒရူး၏ တည်ကြည်ခန့်ညားမှုကို ဖလဲရာ သဘောကျလေသည်။ အသက်အားဖြင့်ငယ်သေးသော်လည်း ယောကျာ်းတစ်ယောက် ရှိသင့်သည့် အရပ်အမောင်း၊ ရင်အုပ်ကျယ်ကျယ်၊ နက်ရှိုင်းသော မျက်ဝန်းများနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့က အိန်းဒရူး၏ စရိုက်ကို လှစ်ဟပြသနေသည်။

"ဒါဆို ကိုယ်တို့နမူနာယူရမယ့် စာရင်းနဲ့ နမူနာတွေ အပ်ပေးရမယ့်နေရာ သိရပြီဆိုတော့ ဒီနေ့ဒီလောက်ပဲ တော်ကြမလား" မူပျက်နေသော ဖလဲရာ၏ အရိပ်အကဲကို သဘောပေါက်စွာ စတန်လေက စကားဖြတ်သည်။

သို့သော် အိန်းဒရူးက နေသန်နှင့် ခဏပဲ ဖြစ်ဖြစ် တွေ့ချင်သည်မို့ ...
"ကျနော် ဓာတ်ခွဲခန်းဘက်က ထိတွေ့ဆက်ဆံရမယ့် ကျွမ်းကျင်သူနဲ့လည်း စကားပြောချင်သေးတယ်"

သို့သော် ဖလဲရာကြားဖြတ်ပြောလိုက်သည့်စကားက အိန်းဒရူးကို စိတ်ပျက်သွားစေသည်။
"ကျမနဲ့ပဲ ပြောရမှာပါ"

အိန်းဒရူးက မျက်ခုံးတချက်ပင့်တက်သွားရင်းက
"အိုး ဟုတ်လား" ဟု ခပ်တည်တည်ပြန်ထောက်သည်။ တည်နေပေမယ့် မျက်လုံးက လှောင်ရယ်နေသကဲ့သို့။

"ကျနော်က တခါတည်း ပြီးပြတ်အောင် ပြောနိုင်တဲ့သူနဲ့ပဲ အလုပ်လုပ်ချင်တာ .. Miss မယ်လ်ဆင်က အဲ့ဒီအတွက် အဆင်ပြေပါ့လား"
"ပြေတာပေါ့ ကျမက သုတေသနရဲ့ တစိတ်တပိုင်းပဲလေ။ အစက အဆုံး ကျမပဲ ထူထောင်ခဲ့တာ။ ဘာပဲလိုချင်ချင် သိချင်ချင် ကျမနဲ့သာ လာပြော။ အားလုံးပြီးပြတ်စေရမယ်"

စတန်လေက မျက်နှာမည်းမှောင်လာပြီဖြစ်သည်။ လူအများနှင့် ဆက်ဆံလာရသော အိန်းဒရူးသည်လည်း စတန်လေ၏ အပြောင်းအလဲကို ရိပ်မိလေသည်။

"ဩော ဟုတ်လား" အိန်ဒရူးရဲ့ မပွင့်တပွင့်ရယ်သံစွက်ပြီး မေးလိုက်သည်။ စတန်လေကလည်း ဖလဲရာကို အကဲခတ်နေသည်။

သို့ပေမယ့် ဖလဲရာက စတန်လေကို မကြောက်မရွံ အားနာခြင်း အလျဉ်းမရှိပဲ မျက်လုံးချင်းဆုံ၍ တချက်ကြည့်ပြီး
"မောင် .. အလုပ်တွေ ရှိသေးတယ်မလား.. သွားနှင့်တော့နော်။ Mr ဝို့သ်အတွက် အနားယူရမယ့် နေရာကို ကျမလိုက်ပြပေးလိုက်မယ်လေ"
"ဟုတ် အဲ့ဆို မောင်သွားတော့မယ်"

မကျေမနပ်ဖြစ်ရာက ချက်ချင်းကြီး နာခံသွားသော စတန်လေကို အိန်းဒရူးက အံ့ဩနေစဉ်မှာပင် စွမ်းအင်တချို့ကို ခံစားမိလိုက်သည်။ ဖလဲရာမယ်လ်ဆင်က ရိုးစင်းနေသူမဟုတ်ဘူးပဲ။ အိန်းဒရူးက သူရိပ်မိမှန်း အရမ်းသိသာမနေအောင် အနားမှာရှိတဲ့ ကျောက်ခဲတလုံးကို ကောက်ကိုင်ပြီး အပေါ်ပစ်မြှောက်၍ ဆော့နေသည်။

"နာမည်က အိန်းဒရူးဝို့သ် နော်"
"အင်း ဟုတ်တယ်"
"အိန်းဒရူး ကျမကို ကြည့်"
အိန်းဒရူး ထိတ်ခနဲဖြစ်သွားပြီး စွမ်းအင်ကို အမြင့်ဆုံးထိ တင်လိုက်ရင်း သတိအနေအထားနဲ့ ကာလိုက်သည်။

ဟက် .. ဖလဲရာမယ်လ်ဆင်က psycho စွမ်းအားရှင်ပဲ။ အိန်းဒရူးခေါင်းကို အလုပ်များစွာပေးနေသည်။ နားမလည်သည့်ကိစ္စတော်တော်များများလည်း ရှင်းသွားသည်။ သို့ပေမယ့် ပျော့ညံ့ချင်ယောင်ဆောင်လိုက်ပြီး
"မမ အရမ်းလှတယ်" ဟုသော စကားကို တမင်ပြောလေသည်။

ဖလဲရာက ကျေနပ်ဟန်ဖြင့် ပြုံးလိုက်ပြီး
"မောင်လေး ဒီကို ဘာလာလုပ်တာလဲ"

အိန်းဒရူးက သွားစွယ်လေးများ ပေါ်တဲ့ထိ ဟန်ဆောင်ရယ်လိုက်ပြီး

"ဒီလိုပဲ အလုပ်မလုပ်ချင်လို့ ထွက်လာတာ။ ဒီရောက်တော့ မမကိုတွေ့တာနဲ့ စိတ်ဝင်စားသွားလို့ မပြန်ဖြစ်သေးတာ"
"ဟားဟား တကယ်လားကောင်လေး"
"အွန်း တကယ်ပေါ့ မမရဲ့"
"ဒါဖြင့် ခုနက ဘာလို့ တည်နေတာလဲ"
"ဗိုလ်ချုပ် ရှိလို့လေ။ သူမမကို သဘောကျနေတယ်"
"အယ် ရိပ်မိတယ်လား။ အဲ့တော့ မောင်လေး ဘယ်လိုလုပ်မလဲ"

"သူ့ကို ထည့်တွက်စရာလား။ ဒါပေမယ့် မမက ဒီလိုကြီးနေ့တိုင်းလာတွေ့ဖို့ အတင်းလုပ်နေရင် သူကျနော့ကို သံသယဝင်တော့မယ်။ ကျနော် အလုပ်လုပ်ရင်း ရန်သူတယောက် မတိုးချင်ဘူး။ တိတ်တိတ်လေးပဲ လာတွေ့လို့ မရဘူးလား .. နော် .. နော်"

"ဟွန့် လူလည်လေး။ အင်းပါ ဒါဆို မမ အောက်က တယောက်နဲ့ပဲ စီစဉ်ပေးလိုက်မယ်"
"မမ ယောကျာ်းလေးပဲ စီစဉ်ပေးလိုက်နော်။ ကျနော် မမ အထင်လွဲတာ မခံချင်ဘူး"
"အမလေး အတတ်လေး။ ဟုတ်ပါပြီတဲ့ရှင်။ ဒီနေ့တော့ နားလိုက်တော့လေ ဟုတ်ပြီလား"
"ဟုတ်"

ဖလဲရာ မြင်ကွင်းက ပျောက်သွားတော့မှ ပြုံးရယ်နေတဲ့ ပါးစပ်ကို တင်းတင်းစေ့လိုက်ပြီး နှုတ်ခမ်းလေးတွန့်ရုံ မဲ့လိုက်သည်။ "ဟွန့် .. ငါ့များ အချဉ်မှတ်လို့"

အိန်းဒရုးက ဖလဲရာ ပြပေးသည့် အိပ်ခန်းထဲ တချက်သာ ဝေ့ကြည့်ပြီး ပြတင်းပေါက်မှ ပြန်ထွက်လာသည်။ သူ့ဦးတည်ချက်က စောင့်ကြည့်ကင်မရာ ထိန်းချုပ်ခန်းသို့။ ထုံးစံအတိုင်း အစောင့်နှစ်ယောက်ကို အိပ်ပျော်စေပြီး အဖြူရောင် ပုံရိပ်လေးကိုသာ စောင့်ကြည့်နေတော့သည်။
________

နေသန် စမ်းသပ်ရမည့် ဆေးရည်များကို Bio-Chemistry ဘက်က ပညာရှင်များ အကူအညီနှင့် ပြင်ဆင်နေသည်။
တဖြည်းဖြည်း သန်းခေါင်ယံကျော်၍ တယောက်ပြီးတယောက် အိပ်သွားသည့်တိုင်အောင် နေသန်မအိပ်သေး။ နေသန်၏ အနေအစား မမျှတမှုများက အိန်းဒရူးကို စိတ်ပူစေသည်။ တရက်တည်း နှစ်ခေါက်အိပ်လိုက်ရတဲ့ အစောင့်များကတော့ ဟောက်သံပင် ထွက်နေသေးသည်။

ကိုကို အနားမယူသေးဘူးလား။ ကိုကို .. မင်းအနားယူသင့်နေပြီ။ ကျနော့ဘေးမှာ ဘာလို့အေးဆေးမနေချင်တာလဲ။ ကိုကို ကယ်တင်ချင်တဲ့ လောကကြီးကရော ကိုကို့စေတနာနဲ့ ထိုက်တန်လို့လား။

🟥🟥🟥🟥🟥

Nadasiha - ဇက္ခ႐ြန္မ်ားေရာက္ေနတဲ့ၿမိဳ႕
Cassiofia - အိန္းဒ႐ူးစခန္း Vex ရွိရာ ၿမိဳ႕
Fluto -  ဖလဲရာရွိရာ ၿမိဳ႕

ဖလဲရာက ဗိုလ္ခ်ဳပ္စတန္ေလအား ပူဆာေနသည္။
"ေမာင္က ဒီဟာေလးေတာင္ မလုပ္ေပးႏိုင္ဘူးလား။ ဒီနမူနာေတြမွ မရရင္ လူသားမ်ိဳးႏြယ္ကို ကယ္တင္ဖို႔က မျဖစ္ႏိုင္ေတာ့ဘူး။ သဲတို႔ရဲ႕ အနာဂတ္က မေတြးရဲစရာေတြ ျဖစ္ကုန္ေတာ့မွာ"

"ေမာင္ လုပ္ေပးခ်င္ပါတယ္။ ဒါေပမယ့္ ဇက္ခ႐ြန္ေတြရဲ႕ န်ဴးကလိယက္စ္ကို မပ်က္မဆီးပဲ ထုတ္ဖို႔ဆိုတာက စြမ္းအားရွင္ေတြမွ အဆင္ေျပမွာေလ။ ေမာင္တို႔ၿမိဳ႕ရဲ႕လူေတြက တာေဝးလက္နက္နဲ႔ၿဖိဳခြင္း အေဝးကပဲ ေသနတ္နဲ႔ပစ္လို႔ အဆင္ေျပမွာ။ အနီးကပ္သြားရင္း မေတာ္လို႔ ဇက္ခ႐ြန္အရည္တခုခုနဲ႔ထိမိရင္ ၿမိဳ႕ေတာ္မွာ ဇက္ခ႐ြန္ေတြကူးစက္လာမွာေပါ့"

"မရဘူးကြာ ေမာင္တခုခု ႀကံစည္ေပး မဟုတ္ရင္ လူသားေတြအတြက္ အႏၲရာယ္ရွိလာေတာ့မွာ"

"အြန္းပါ။ သဲ စိတ္မပူနဲ႔။ ေမာင္ တမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားၾကည့္ေပးပါ့မယ္။ ႏႈတ္ခမ္းႀကီး မဆူေနနဲ႔ေတာ့ .. ဟုတ္လား"

ဗိုလ္ခ်ဳပ္ စတန္ေလ (Stanley) က အုပ္ခ်ဳပ္ေရးပိုင္း အႀကီးအကဲ ငါးေယာက္ႏွင့္အတူ တိုက္ခိုက္ေရးဘက္မွ ကြၽမ္းက်င္သူတခ်ိဳ႕ပါ ေခၚယူ၍ အေရးႀကီးအစည္းအေဝးျပဳလုပ္သည္။ နမူနာယူဖို႔ ကိစၥမ်ားကို ရွင္းျပ၍ မည္သို႔ မည္ပုံရယူၾကမည္ဆိုတာကို ေဆြးေႏြးေနသည္။

"မင္းရဲ႕ ေျဖေဆးအတြက္ နမူနာကေရာ တကယ္လိုတာလား။ အဲ့ေလာက္ လူအမ်ားႀကီးသုံးစရာေရာ လိုလို႔လား"
"လိုတယ္။ သုေတသနဌာနရဲ႕ အႀကီးအကဲ ဖလဲရာကိုယ္တိုင္ ဦးစီးၿပီး လုပ္ေနတာဆိုေတာ့ လိုလို႔ေပါ့။ မဟုတ္ပဲ ကိုယ့္လူေတြကို ဒီလို အႏၲရာယ္ရွိတဲ့အလုပ္မ်ိဳး လုပ္ခိုင္းစရာလား"

"ေအးေလ ဖလဲရာက ဒီေလာက္ႀကိဳးစားထားတာ။ နမူနာယူဖို႔ေလာက္ေတာ့ က်ေနာ္တို႔က ကူညီေပးရမွာေပါ့။ အႀကီးအကဲက ဖလဲရာကို အျမင္မၾကည္ဘူးဆိုတာ သိေပမယ့္ ခင္ဗ်ားစကားက ဘယ္လိုႀကီးလဲ"
အေတာ္မ်ားမ်ားက ဖလဲရာကို စိတ္ထားလွသူေလးအျဖစ္ သိထားၿပီး အႀကီးအကဲထဲမွ ႏွစ္ဦးကသာ စြမ္းအားမရွိေပမယ့္ စိတ္စြမ္းရည္ ျမင့္မားတာေၾကာင့္ အမွန္ကို ျမင္ေနၿပီး အျမင္မၾကည္လင္ျခင္းျဖစ္သည္။ သို႔ေသာ္ အမ်ားႏွင့္ တေယာက္ ျဖစ္သည့္အျပင္ ေျဖေဆးကိစၥသည္ တကယ္လည္း လိုအပ္ေနတာေၾကာင့္ ဘာမဟုတ္တဲ့ ကိစၥျဖင့္ အခ်င္းခ်င္းၾကား အက်ယ္အက်ယ္ မျဖစ္လိုေပ။

"မဟုတ္ပါဘူး က်ဳပ္ကေသခ်ာခ်င္လို႔ပါ။ မယုံသကၤာ သေဘာမ်ိဳး ေမးတာမဟုတ္ပါဘူး။ မင္းတို႔ ဖလဲရာကို ယုံၾကည္ၾကတယ္ဆိုတာ သိပါတယ္။ နမူနာက ဘယ္ေလာက္ေတာင္ လိုတာတဲ့လဲ"

"ေဆးတမ်ိဳးၿပီးတမ်ိဳးနဲ႔ စမ္းသပ္ရမွာမို႔ အနည္းဆုံ မ်ိဳးစိတ္တစ္ခုကို နမူနာတရာစီေလာက္ ေယဘုယ် လိုအပ္မယ္လို႔ ေျပာပါတယ္။ ရွားပါးတဲ့ မ်ိဳးစိတ္ေတြကိုေတာ့ ေလွ်ာ့ေကာက္ခိုင္းထားတယ္။ အပင္ သတၱဝါေတြ အားလုံး ေပါင္းရင္ေတာ့ မ်ိဳးစိတ္ 300နီးပါး ရွိမယ္လို႔ မွန္းတယ္"

"မ်ိဳးစိတ္သုံးရာကို တမ်ိဳးတရာစီေတာင္လား။ ဒါ .. ဒါက .. "

"ၿပီးေတာ့ ျမန္ျမန္ရဖို႔ကလည္း လိုေသးတယ္.. "

"အင္း ေျဖေဆးက အေရးႀကီးတာဆိုေတာ့ နမူနာ မယူလို႔လည္း မရျပန္ဘူး။ သို႔ေပမယ့္ ငါတို႔ သာမာန္လူေတြအေနနဲ႔ မ်ိဳး႐ိုးဗီဇေျပာင္းတဲ့အပင္နဲ႔သတၱဝါေတြ အနားကို ကပ္ဖို႔ ဆိုတာကလည္း ခက္ခဲျပန္တယ္"

"အကာအကြယ္ဝတ္စုံေတြ ဘာေတြ ဝတ္ၿပီးသြားႏိုင္ရင္ေတာ့ ရႏိုင္မယ္။ အဲ့တာလည္း အႏၲရယ္ မျပဳႏိုင္တဲ့ အပင္နဲ႔ သတၱဝါ တခ်ိဳ႕အတြက္ပဲ အဆင္ေျပမယ္"

"ရန္ျပဳတတ္တဲ့သူသတၱဝါေတြအတြက္ကို အေဝးကပဲ တာေဝးပစ္နဲ႔ ပစ္ၿပီး ငါတို႔ထဲက စြမ္းအားရွင္ျဖစ္တဲ့သူ တခ်ိဳ႕ကို သြားေကာက္ခိုင္းရင္ေရာ ကူးစက္မႈႏႈန္းေတာ့ ေလ်ာ့တာေပါ့"

"စြမ္းအားရွင္ခ်ည္း လႊတ္ဖို႔က ေျပာေတာ့လြယ္ေပမယ့္ က်ေနာ္တို႔ဆီမွာ စြမ္းအားရွင္က နည္းတယ္။ ၿပီးေတာ့ သူတို႔ေတြခ်ည္းပဲ ဆက္တိုက္လႊတ္ဆိုရင္ ခံႏိုင္မွာ မဟုတ္သလို အခ်ိန္လည္း အမ်ားႀကီး ယူေနရမယ္။ ေျပာရတာအားနာေပမယ့္ အကုန္လုံးလႊတ္ရင္ေတာင္ က်ေနာ္တို႔မွာ အဲ့ေလာက္ အင္အားမရွိဘူး။ ၿမိဳ႕ေတာ္အတြက္ကလည္း အနည္းနဲ႔ အမ်ား ခ်န္ရဦးမယ္။ အခ်ိန္နည္းနည္းနဲ႔ ၿပီးခ်င္ရင္ လူအင္အားလိုတယ္။ အႏၲရာယ္ကင္းခ်င္ရင္ အခ်ိန္လိုတယ္"

"အင္း ၿပီးေတာ့ ထပ္စဥ္းစားစရာက ... က်ေနာ္တို႔က ခါတိုင္းလို ၿမိဳ႕ တံတိုင္းေပၚက ပစ္။ အေပၚစီးက အႏၲရာယ္ရွိမရွိ စစ္ေဆးၿပီး ေသခ်ာမွ သြားရွင္းလင္းတဲ့ ပုံစံမ်ိဳးမဟုတ္ဖူး။ အခုက ေတာထဲ ေတာင္ထဲ လႊတ္ရမွာ။ အေဝးက ကာပစ္ဖို႔ဆိုတာ ကြင္းေျပာင္မွာ အဆင္ေျပေပမယ့္ ေတာထဲေတာင္ထဲမွာ 100% safe ျဖစ္ဖို႔ မလြယ္ဘူး"

"ဒဏ္ရာမရပဲ အေကာင္းတိုင္း ျပန္လာရင္ ျပသနာမရွိေပမယ့္ ဒဏ္ရာရၿပီး ကူးစက္လာခဲ့ရင္ဆိုတဲ့ ကိစၥအတြက္ စဥ္းစားထားဖို႔ လိုတယ္။ ခရီးသြားၿပီးျပန္လာတဲ့သူတို႔ တျခားက လာခိုလႈံတဲ့သူတို႔ကို အဆင္မေျပရင္ ျပန္လႊတ္တယ္ဆိုတာ သူျဖစ္သူခံ ကိုယ့္ၿမိဳ႕သားေတြ အကာအကြယ္ရဖို႔ လိုတယ္ ဆိုၿပီး တင္းခံလို႔ရတယ္။ ဒါေပမယ့္ ကိုယ့္ၿမိဳ႕သား .. အသက္စြန္႔ၿပီး လုပ္ေပးခဲ့တဲ့ရဲေဘာ္ရဲဘက္ကို က်ေနာ္တို႔က ကူးစက္လာတာနဲ႔ မ်က္ကြယ္ျပဳဖို႔ဆိုတာက်ေတာ့ လြယ္တဲ့ကိစၥမဟုတ္ဖူး။ အတူသြားတဲ့သူေတြရဲ႕ စိတ္အေျခအေနဆိုတာ ရွိေသးတယ္"

"က်ေနာ္တို႔ ကာစီအိုဖီးယားက Vex ကို အကူအညီေတာင္းၾကည့္ရင္ေရာ"

"ရႏိုင္တယ္။ သူတို႔က ပရမ္းပတာႏိုင္တယ္ဆိုေပမယ့္ စြမ္းအားရွင္မ်ားတယ္။ ၾကားတာက သူတို႔ စြမ္းအားရွင္ေတြက ေသခ်ာေလ့က်င့္ထားလို႔ ေတာ္ၾကတယ္လို႔ ေျပာတယ္။ သူတို႔က ရိကၡာလိုတယ္။ က်ေနာ္တို႔က စိုက္ႏိုင္ ပ်ိဳးႏိုင္ေသးေတာ့ အနည္းငယ္ အပိုအလွ်ံရွိတယ္။ ေျဖေဆးရတဲ့အခါ အျခားၿမိဳ႕ေတြကလည္း ရံပုံေငြ ျပန္ေကာက္လို႔ရႏိုင္ဦးမယ္။ ကိုယ့္လူေတြထည့္မွာထက္စာရင္ ရိကၡာနည္းနည္းရင္းရတာက ကိစၥမရွိဘူး။ ဒီေလာက္ေတာ့ ရင္းသင့္ပါတယ္။

"ဒီအႀကံမဆိုးဘူး။ အႏၲရာယ္ရွိတဲ့ ဇက္ခ႐ြန္နဲ႔ သတၱဝါေတြကို သူတို႔ကို အပ္လိုက္ၿပီး အပင္နဲ႔ အေကာင္ငယ္ေလးေတြကို သူတို႔အဖြဲ႕ၿခံရံၿပီး က်ေနာ္တို႔ပူးေပါင္းေဆာင္႐ြက္ၾကမယ္ဆို အဖိတ္အစင္ နည္းမွာပဲ"

"ေျဖေဆးအတြက္ နမူနာေကာက္ခိုင္းတယ္ဆိုတာ အနည္းနဲ႔ အမ်ား သိလာမွာပဲ။ Vex က စိတ္ခ်ရပါ့မလား"

"Vex က ေၾကးစားဆန္တယ္။ စြမ္းအားရွင္ေတြဆိုေတာ့ ေျဖေဆးကို စိတ္ဝင္စားခ်င္မွ ဝင္စားမယ္။ ဒါေပမယ့္ မ်က္ေစာင္းမထိုးဘူးလို႔ေတာ့ ေျပာလို႔မရဘူး"

"Vex ေခါင္းေဆာင္နဲ႔ စကားေျပာၾကည့္မယ္။ ေျဖေဆးစိတ္ဝင္စားပုံရရင္ ေျဖေဆးအတြက္ အရင္းထက္ နည္းနည္းပဲပိုတဲ့ သတ္မွတ္ေစ်းတခုနဲ႔ ေရာင္းေပးမယ္လို႔ ညႇိရင္ေရာ။ သူကိုယ္တိုင္လည္း ထုတ္လုပ္စရာမလိုဘူး။ ငါတို႔လည္း သူ႔ကို ေဖာ္ျမဴလာေပးစရာမလိုဘူး"

"ေကာင္းတယ္။ အဲ့လိုပဲ ညႇိလိုက္ၾကတာေပါ့"
__________

ဖလူတိုမွ အႀကီးအကဲမ်ားႏွင့္ Vex မွ ေခါင္းေဆာင္တို႔ Terminal ခ်င္း ခ်ိတ္ဆက္၍ စကားေျပာလိုက္သည္။
xxxxxxx
"ဘယ္လို? Vex ဒုအဖြဲ႕ေခါင္းေဆာင္က ငါတို႔ၿမိဳ႕မွာ ဟုတ္လား"

xxxxxxx
"အန္ .. ငါ့ကို ၿမိဳ႕ေတာ္လုံၿခဳံေရးက အေၾကာင္းၾကားထားတာလည္း မရွိပါဘူး မင္းတို႔က ေသခ်ာရဲ႕လား"

xxxxxxx
"ဟုတ္ၿပီ အဲ့ဆို မင္းတို႔ကပဲ သူ႔ကို ငါတို႔ေခါင္းေဆာင္ေတြနဲ႔ လာေတြ႕ဖို႔ အေၾကာင္းၾကားေပးပါ"

xxxxxxx
"Okay"

"ေတာက္ ❗️"

"လုံၿခဳံေရးေတြ ဘာလုပ္ေနလဲ။ လူတေယာက္လုံး ၿမိဳ႕ထဲ ေရာက္ေနတာကို မသိၾကဘူးလား"

ဗိုလ္ခ်ဳပ္ စတန္ေလ မ်က္ႏွာႀကီး နီရဲလွ်က္ ေဒါသထြက္ေနသည္။ ၿမိဳ႕ေတာ္လုံၿခဳံေရးေခါင္ေဆာင္ တစ္ေယာက္အေနနဲ႔ လုံၿခဳံေရး က်ိဳးေပါက္ေနမႈက သူ႔အတြက္ အရွက္ရစရာျဖစ္သည္။
___________

အိန္းဒ႐ူး အေစာင့္ႏွစ္ေယာက္ ႏိုးလာေတာ့မည္မို႔ CCTV ခန္းထဲမွထြက္၍ ဓာတ္ခြဲခန္းထဲသို႔ ဝင္ဖို႔ အေပါက္လိုက္ရွာသည္။ အခ်ိန္အေတာ္ၾကာ ႀကိဳးစားၾကည့္ေသာ္လည္း ဝင္ေရာက္ရန္ အဆင္ေခ်ာတာ မေတြ႕ေပ။ ဖ်က္ဆီးၿပီးဝင္လွ်င္ေတာ့ ရႏိုင္ေပမယ့္ ေနာက္ဆက္တြဲေတြက ရွင္းစရာျဖစ္လာႏိုင္သည္။

ဓာတ္ခြဲခန္းတံခါးမႀကီးက Terminal Access Control ျဖင့္ ကန္႔သတ္ထားၿပီး အခြင့္ရွိသူသာ ဝင္ေရာက္ႏိုင္သည္။ စမ္းသပ္ရင္း ေရာဂါကူးစက္မည္စိုး၍ ဓာတ္ခြဲခန္းကိုလည္း အလုံပိတ္လုပ္ထားသည္ ထင္သည္။ အစားအေသာက္ႏွင့္ စြန္႔ပစ္ပစၥည္းမ်ားကိုလည္း ပိုက္လိုင္းမ်ားမွသာ အသြင္းအထုတ္လုပ္သည္မို႔ အိန္းဒ႐ူး အထဲဝင္ရန္ အခက္ေတြ႕ေနသည္။ ထိုစဥ္ သူ၏ terminal မွ စာတိုေရာက္ေၾကာင္း တုန္ခါ၍ သတင္းေပးလာသည္။ အိန္းဒ႐ူးက ဖြင့္ဖတ္လိုက္သည္။

"အလုပ္တစ္ခု ရွိတယ္။ ဖလူဆိုၿမိဳ႕က ေခါင္းေဆာင္ေတြကို သြားေတြ႕ပါ။ ဇက္ခ႐ြန္ နဲ႔ အျခားအသြင္ေျပာင္းအေကာင္ေတြ နမူနာေကာက္ဖို႔ ကူညီေပးပါတဲ့။ ေခါင္းေဆာင္နဲ႔ အေပးအယူကိစၥ ေဆြးေႏြးထားၿပီးသား။ ဒီဘက္က အကူ 30 လႊတ္ေပးလိုက္မယ္။ မင္းေနသန္႔ေနာက္ လိုက္သြားတာမလား။ မင္ေတာင္ မႏိုင္တဲ့ ေနသန္႔ကို သူတို႔က ဘာေတြနဲ႔ဆြဲေဆာင္ထားတာလဲ ငါသိခ်င္မိတယ္။ ေျဖေဆးေဖာ္မယ္လို႔ ယူဆတယ္။ အေသးစိတ္ စုံစမ္းၿပီး သတင္းျပန္ပို႔ပါ"

ဟက္ ..
ကိိုကို ေတြ႕လား .. ကံၾကမၼာက က်ေနာ့ဘက္မွာဗ်။

အိန္းဒ႐ူးက အဝတ္အစားကို ဆန္႔လိုက္ၿပီး အႀကီးဆုံး အေဆာက္အဦးရွိရာသို႔ ဦးတည္ေျပးလႊားသြားသည္။

အိန္းဒ႐ူးဝင္လာသည္ႏွင့္ မ်က္လုံးေပါင္းမ်ားစြာက အကဲခတ္ေနၾကသည္။ Vex ရဲ႕ ဒုေခါင္းေဆာင္ေရာက္လာမည္ဟု သိထားၿပီး ဝင္လာတာက ငယ္႐ြယ္ေခ်ာေမာေသာ လူငယ္ေလး ျဖစ္ေနသည္။ ဒီလူငယ္ေလးတေယာက္က အစြမ္းရွိရင္ေတာင္ ေခါင္းေဆာင္မႈပိုင္းက အဆင္ေျပပါ့မလားဟု သံသယရွိၾကသည္။

"Vex ရဲ႕ အိန္းဒ႐ူး ဝို႔သ္ပါ။ က်ေနာ္ ဘာကူညီေပးရမလဲ"
ႏႈတ္ဆက္ပုံက ႐ိုးရွင္းသည္။ ႏွိမ့္ခ်ျခင္း မရွိသလို ဂုဏ္ေမာက္ေနျခင္းမ်ိဳးမရွိ။ အသက္အ႐ြယ္ႏွင့္ ကြာျခားလွစြာ အသံက တည္ၿငိမ္သည္။

"ဒီလိုပါ.."
အႀကီးအကဲတစ္ဦးက စကားစစဥ္ ...

"ခဏ"

ဗိုလ္ခ်ဳပ္ စတန္ေလက ထရပ္၍ အိန္းဒ႐ူးနားကို ေရာက္လာၿပီး ႐ုတ္တရက္ တိုက္ခိုက္လိုက္သည္။ အိန္းဒ႐ူးက ေရွာင္တိမ္းျခင္းမရွိပဲ တြန္႔ဆုတ္ျခင္းမရွိပဲ။ လက္သီးႏွင့္ ေျခကန္ခ်က္မ်ားကို ေအးေဆးစြာ လက္ခံသည္။ အမ်ားက တိုက္ပြဲတပြဲ ၾကည့္ရမည္ဟု ေမွ်ာ္လင့္ထားေပမယ့္ စတန္ေလ၍ ထိုးႏွက္ခ်က္မ်ားက အိန္းဒ႐ူးကို လုံးဝမထိ။ တြန္းကန္အားတခုသာ ခံစားရၿပီး တေယာက္တည္း ေလကို တိုက္ခိုက္ေနသကဲ့သို႔ ျဖစ္ေနသည္။

အိန္းဒ႐ူးက တည္ၿငိမ္စြာပဲ စတန္ေလကို တည့္တည့္ၾကည့္၍ "က်ေနာ္တို႔ စကားေျပာလို႔ရၿပီလား" ဟု ေျပာလိုက္သည္။ စတန္ေလက တိုက္ခိုပ္မႈကို ရပ္လိုက္ၿပီး အံ့ဩအားနာစြာျဖင့္ ထိုင္ရန္ ေနရာျပေပးသည္။ စိတ္ထဲမွာလည္း ႐ိုး႐ိုးလူေတြ ဘယ္ေလာက္ပဲ အင္အားႀကီးၿပီး အတိုက္အခိုက္ ေတာ္ပါေစ စြမ္းအားရွင္တကယ္ေတာ္ရင္ ဘယ္လိုမွ တိုက္ခိုက္ဖို႔ မလြယ္ဘူးဆိုတာကို တုန္လႈပ္စြာ လက္ခံလိုက္ရသည္။

"လူငယ္ေလးရဲ႕ စြမ္းအားက အံ့ဩစရာပဲ။ ကိုယ္တို႔လည္း စြမ္းအားရွင္ တခ်ိဳ႕ ေတြ႕ဖူးေပမယ့္ Mr. Woth လို စြမ္းအားမ်ိဳး တခါမွ မေတြ႕ဖူးဘူး။ ဘယ္အရာမွ မင္းကို ထိလို႔မရဘူးလား"
"ေယဘုယ်အားျဖင့္ေတာ့ ဟုတ္တယ္ဆိုပါေတာ့။ ထားပါ။ နမူနာေကာက္ေပးရမယ္ ေျပာတယ္။ ဘယ္လို နမူနာေတြလဲ"

စတန္ေလႏွင့္ အႀကီးအကဲတခ်ိဳ႕က အိန္းဒ႐ူးကို အေသးစိတ္ ရွင္းျပၾကသည္။

"ဆိုေတာ့ အခ်ဳပ္က အပင္နဲ႔ သတၱဝါအငယ္ေတြ နမူနာယူတဲ့အခါ က်ေနာ္တို႔က လိုက္ေစာင့္ေရွာက္ေပးရမယ္။ အႏၲရာယ္ရွိတဲ့အေကာင္ေတြဆီကက်ေတာ့ မ်ိဳး႐ိုဗီဇနမူနာ ယူေပးရၿပီး ဇက္ခ႐ြန္ေတြဆီကေတာ့ န်ဴးကလိယက္စ္ ယူေပးရမယ္။ ဒါပဲလား"
"ဟုတ္တယ္"

"အိုေက ခင္ဗ်ားတို႔ဘက္က ေတာင္းဆိုတာ သိရၿပီဆိုေတာ့ က်ေနာ့ဘက္က လိုခ်င္တာ ျပန္ေျပာမယ္။ က်ေနာ္အပါအဝင္ စြမ္းအားရွင္ 30 အတြက္ ေနဖို႔စားဖို႔ စီစဥ္ေပးရမယ္။ သီးသန္႔ေနမယ္။ ေစာင့္ၾကည့္ျခင္း မရွိေစရဘူး"

စတန္ေလတို႔ ဘက္မွ အခ်င္းခ်င္း တီးတိုးေဆြးေႏြးလိုက္ၿပီး တြန္႔ဆုတ္စြာျဖင့္
"လက္ခံတယ္"

"လိုအပ္တာေတြ ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ ဓာတ္ခြဲခန္းဝင္ထြက္ခြင့္ ေပးထားရမယ္"
"ဝင္ထြက္ခြင့္ေတာ့မေပးႏိုင္ဘူး။ ဒါေပမယ့္ တာဝန္ရွိသူနဲ႔ ေဆြးေႏြးလို႔ရေအာင္ ကူညီေပးမယ္"

"ရတယ္။ ဆက္ဆံရ အဆင္ေျပေလာက္မယ့္သူကိုေတာ့ က်ေနာ္က ေ႐ြးမယ္"
"လက္ခံတယ္"
အိန္းဒ႐ူး မသိမသာေလးၿပဳံးသြားသည္။

"ဘယ္ေတာ့ လုပ္ငန္းစ မလဲ"
"အခုပဲ"
"မိုးေတာ့ ခ်ဳပ္ေနၿပီ"
"က်ေနာ္ ယူရမယ့္ နမူနာေတြ စာရင္း သိခ်င္ေသးတယ္။ အခ်ိန္က သိပ္မရဘူးဆိုလို႔"
"ဒါဆို ဓာတ္ခြဲခန္းဘက္က ေခါင္းေဆာင္နဲ႔ မိတ္ဆက္ေပးမယ္။ သြားစို႔"

ထို႔ေနာက္ စတန္ေလက ဖလဲရာႏွင့္ ေတြ႕ဆုံေစသည္။ ဖလဲရာက အိန္းဒ႐ူးကို ျမင္ကတည္းက မ်က္လုံးမ်ား အေရာင္ေတာက္လာသည္။ စကားအနည္းငယ္ ေျပာၿပီးသည္ႏွင့္ အိန္းဒ႐ူး၏ တည္ၾကည္ခန္႔ညားမႈကို ဖလဲရာ သေဘာက်ေလသည္။ အသက္အားျဖင့္ငယ္ေသးေသာ္လည္း ေယာက်ာ္းတစ္ေယာက္ ရွိသင့္သည့္ အရပ္အေမာင္း၊ ရင္အုပ္က်ယ္က်ယ္၊ နက္ရႈိင္းေသာ မ်က္ဝန္းမ်ားႏွင့္ တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းတို႔က အိန္းဒ႐ူး၏ စ႐ိုက္ကို လွစ္ဟျပသေနသည္။

"ဒါဆို ကိုယ္တို႔နမူနာယူရမယ့္ စာရင္းနဲ႔ နမူနာေတြ အပ္ေပးရမယ့္ေနရာ သိရၿပီဆိုေတာ့ ဒီေန႔ဒီေလာက္ပဲ ေတာ္ၾကမလား" မူပ်က္ေနေသာ ဖလဲရာ၏ အရိပ္အကဲကို သေဘာေပါက္စြာ စတန္ေလက စကားျဖတ္သည္။

သို႔ေသာ္ အိန္းဒ႐ူးက ေနသန္ႏွင့္ ခဏပဲ ျဖစ္ျဖစ္ ေတြ႕ခ်င္သည္မို႔ ...
"က်ေနာ္ ဓာတ္ခြဲခန္းဘက္က ထိေတြ႕ဆက္ဆံရမယ့္ ကြၽမ္းက်င္သူနဲ႔လည္း စကားေျပာခ်င္ေသးတယ္"

သို႔ေသာ္ ဖလဲရာၾကားျဖတ္ေျပာလိုက္သည့္စကားက အိန္းဒ႐ူးကို စိတ္ပ်က္သြားေစသည္။
"က်မနဲ႔ပဲ ေျပာရမွာပါ"

အိန္းဒ႐ူးက မ်က္ခုံးတခ်က္ပင့္တက္သြားရင္းက
"အိုး ဟုတ္လား" ဟု ခပ္တည္တည္ျပန္ေထာက္သည္။ တည္ေနေပမယ့္ မ်က္လုံးက ေလွာင္ရယ္ေနသကဲ့သို႔။

"က်ေနာ္က တခါတည္း ၿပီးျပတ္ေအာင္ ေျပာႏိုင္တဲ့သူနဲ႔ပဲ အလုပ္လုပ္ခ်င္တာ .. Miss မယ္လ္ဆင္က အဲ့ဒီအတြက္ အဆင္ေျပပါ့လား"
"ေျပတာေပါ့ က်မက သုေတသနရဲ႕ တစိတ္တပိုင္းပဲေလ။ အစက အဆုံး က်မပဲ ထူေထာင္ခဲ့တာ။ ဘာပဲလိုခ်င္ခ်င္ သိခ်င္ခ်င္ က်မနဲ႔သာ လာေျပာ။ အားလုံးၿပီးျပတ္ေစရမယ္"

စတန္ေလက မ်က္ႏွာမည္းေမွာင္လာၿပီျဖစ္သည္။ လူအမ်ားႏွင့္ ဆက္ဆံလာရေသာ အိန္းဒ႐ူးသည္လည္း စတန္ေလ၏ အေျပာင္းအလဲကို ရိပ္မိေလသည္။

"ေဩာ ဟုတ္လား" အိန္ဒ႐ူးရဲ႕ မပြင့္တပြင့္ရယ္သံစြက္ၿပီး ေမးလိုက္သည္။ စတန္ေလကလည္း ဖလဲရာကို အကဲခတ္ေနသည္။

သို႔ေပမယ့္ ဖလဲရာက စတန္ေလကို မေၾကာက္မ႐ြံ အားနာျခင္း အလ်ဥ္းမရွိပဲ မ်က္လုံးခ်င္းဆုံ၍ တခ်က္ၾကည့္ၿပီး
"ေမာင္ .. အလုပ္ေတြ ရွိေသးတယ္မလား.. သြားႏွင့္ေတာ့ေနာ္။ Mr ဝို႔သ္အတြက္ အနားယူရမယ့္ ေနရာကို က်မလိုက္ျပေပးလိုက္မယ္ေလ"
"ဟုတ္ အဲ့ဆို ေမာင္သြားေတာ့မယ္"

မေက်မနပ္ျဖစ္ရာက ခ်က္ခ်င္းႀကီး နာခံသြားေသာ စတန္ေလကို အိန္းဒ႐ူးက အံ့ဩေနစဥ္မွာပင္ စြမ္းအင္တခ်ိဳ႕ကို ခံစားမိလိုက္သည္။ ဖလဲရာမယ္လ္ဆင္က ႐ိုးစင္းေနသူမဟုတ္ဘူးပဲ။ အိန္းဒ႐ူးက သူရိပ္မိမွန္း အရမ္းသိသာမေနေအာင္ အနားမွာရွိတဲ့ ေက်ာက္ခဲတလုံးကို ေကာက္ကိုင္ၿပီး အေပၚပစ္ေျမႇာက္၍ ေဆာ့ေနသည္။

"နာမည္က အိန္းဒ႐ူးဝို႔သ္ ေနာ္"
"အင္း ဟုတ္တယ္"
"အိန္းဒ႐ူး က်မကို ၾကည့္"
အိန္းဒ႐ူး ထိတ္ခနဲျဖစ္သြားၿပီး စြမ္းအင္ကို အျမင့္ဆုံးထိ တင္လိုက္ရင္း သတိအေနအထားနဲ႔ ကာလိုက္သည္။

ဟက္ .. ဖလဲရာမယ္လ္ဆင္က psycho စြမ္းအားရွင္ပဲ။ အိန္းဒ႐ူးေခါင္းကို အလုပ္မ်ားစြာေပးေနသည္။ နားမလည္သည့္ကိစၥေတာ္ေတာ္မ်ားမ်ားလည္း ရွင္းသြားသည္။ သို႔ေပမယ့္ ေပ်ာ့ညံ့ခ်င္ေယာင္ေဆာင္လိုက္ၿပီး
"မမ အရမ္းလွတယ္" ဟုေသာ စကားကို တမင္ေျပာေလသည္။

ဖလဲရာက ေက်နပ္ဟန္ျဖင့္ ၿပဳံးလိုက္ၿပီး
"ေမာင္ေလး ဒီကို ဘာလာလုပ္တာလဲ"

အိန္းဒ႐ူးက သြားစြယ္ေလးမ်ား ေပၚတဲ့ထိ ဟန္ေဆာင္ရယ္လိုက္ၿပီး

"ဒီလိုပဲ အလုပ္မလုပ္ခ်င္လို႔ ထြက္လာတာ။ ဒီေရာက္ေတာ့ မမကိုေတြ႕တာနဲ႔ စိတ္ဝင္စားသြားလို႔ မျပန္ျဖစ္ေသးတာ"
"ဟားဟား တကယ္လားေကာင္ေလး"
"အြန္း တကယ္ေပါ့ မမရဲ႕"
"ဒါျဖင့္ ခုနက ဘာလို႔ တည္ေနတာလဲ"
"ဗိုလ္ခ်ဳပ္ ရွိလို႔ေလ။ သူမမကို သေဘာက်ေနတယ္"
"အယ္ ရိပ္မိတယ္လား။ အဲ့ေတာ့ ေမာင္ေလး ဘယ္လိုလုပ္မလဲ"

"သူ႔ကို ထည့္တြက္စရာလား။ ဒါေပမယ့္ မမက ဒီလိုႀကီးေန႔တိုင္းလာေတြ႕ဖို႔ အတင္းလုပ္ေနရင္ သူက်ေနာ့ကို သံသယဝင္ေတာ့မယ္။ က်ေနာ္ အလုပ္လုပ္ရင္း ရန္သူတေယာက္ မတိုးခ်င္ဘူး။ တိတ္တိတ္ေလးပဲ လာေတြ႕လို႔ မရဘူးလား .. ေနာ္ .. ေနာ္"

"ဟြန္႔ လူလည္ေလး။ အင္းပါ ဒါဆို မမ ေအာက္က တေယာက္နဲ႔ပဲ စီစဥ္ေပးလိုက္မယ္"
"မမ ေယာက်ာ္းေလးပဲ စီစဥ္ေပးလိုက္ေနာ္။ က်ေနာ္ မမ အထင္လြဲတာ မခံခ်င္ဘူး"
"အမေလး အတတ္ေလး။ ဟုတ္ပါၿပီတဲ့ရွင္။ ဒီေန႔ေတာ့ နားလိုက္ေတာ့ေလ ဟုတ္ၿပီလား"
"ဟုတ္"

ဖလဲရာ ျမင္ကြင္းက ေပ်ာက္သြားေတာ့မွ ၿပဳံးရယ္ေနတဲ့ ပါးစပ္ကို တင္းတင္းေစ့လိုက္ၿပီး ႏႈတ္ခမ္းေလးတြန္႔႐ုံ မဲ့လိုက္သည္။ "ဟြန္႔ .. ငါ့မ်ား အခ်ဥ္မွတ္လို႔"

အိန္းဒ႐ုးက ဖလဲရာ ျပေပးသည့္ အိပ္ခန္းထဲ တခ်က္သာ ေဝ့ၾကည့္ၿပီး ျပတင္းေပါက္မွ ျပန္ထြက္လာသည္။ သူ႔ဦးတည္ခ်က္က ေစာင့္ၾကည့္ကင္မရာ ထိန္းခ်ဳပ္ခန္းသို႔။ ထုံးစံအတိုင္း အေစာင့္ႏွစ္ေယာက္ကို အိပ္ေပ်ာ္ေစၿပီး အျဖဴေရာင္ ပုံရိပ္ေလးကိုသာ ေစာင့္ၾကည့္ေနေတာ့သည္။
________

ေနသန္ စမ္းသပ္ရမည့္ ေဆးရည္မ်ားကို Bio-Chemistry ဘက္က ပညာရွင္မ်ား အကူအညီႏွင့္ ျပင္ဆင္ေနသည္။
တျဖည္းျဖည္း သန္းေခါင္ယံေက်ာ္၍ တေယာက္ၿပီးတေယာက္ အိပ္သြားသည့္တိုင္ေအာင္ ေနသန္မအိပ္ေသး။ ေနသန္၏ အေနအစား မမွ်တမႈမ်ားက အိန္းဒ႐ူးကို စိတ္ပူေစသည္။ တရက္တည္း ႏွစ္ေခါက္အိပ္လိုက္ရတဲ့ အေစာင့္မ်ားကေတာ့ ေဟာက္သံပင္ ထြက္ေနေသးသည္။

ကိုကို အနားမယူေသးဘူးလား။ ကိုကို .. မင္းအနားယူသင့္ေနၿပီ။ က်ေနာ့ေဘးမွာ ဘာလို႔ေအးေဆးမေနခ်င္တာလဲ။ ကိုကို ကယ္တင္ခ်င္တဲ့ ေလာကႀကီးကေရာ ကိုကို႔ေစတနာနဲ႔ ထိုက္တန္လို႔လား။

Continue Reading

You'll Also Like

1.3M 35.7K 60
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
201K 3.4K 24
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
58.6K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...
625K 21.7K 52
Story ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖ...