⛈️ကိုယ္​့ဘဝရဲ႕ နတ္​မိမယ္​⛈️💕...

By DarDar1642020

67.2K 2.4K 14

"​ေဆးလိပ္​​ေတြ အရက္​​ေတြမ​ေကာင္​း​ေတာ့​ေရာ ဘာျဖစ္​လဲ အနည္​းဆုံး​ေတာ့ အိပ္​မ​ေပ်ာ္​တဲ့ည​ေတြအ​ေဖာ္​ျပဳ​ေပးႏိုင္... More

Episode ♥ 1
Episode ♥ 2 ♥
Episode ♥ 3 ♥
Episode ♥ 4 ♥
Episode ♥ 5 ♥
Episode ♥ 6 ♥
Episode ♥ 7 ♥
Episode ♥ 8 ♥
Episode ♥ 9 ♥
Episode ♥ 10 ♥
Episode ♥ 11 ♥
Episode ♥ 12 ♥
Episode ♥ 13 ♥
Episode ♥ 15 ♥
Episode ♥ 16 ♥
Episode ♥ 17 ♥
Episode ♥ 18 ♥
Episode ♥ 19 ♥
Episode ♥ 20 ♥
Episode ♥ 21 ♥
Episode ♥ 22 ♥
Episode ♥ 23 ♥
Episode ♥ 24 ♥
Episode ♥ 25 ♥
Episode ♥ 26 ♥
Episode ♥ 27 ♥
💛readers​ေလးမ်ားထံသို႔💛
Episode ♥ 28 ♥
Episode ♥ 29 ♥
Episode ♥ 30 ♥
Episode ♥ 31 ♥
Episode ♥ 32 ♥
Episode ♥ 33 ♥
ဇာတ္​သိမ္​းပိုင္​း

Episode ♥ 14 ♥

1.4K 57 0
By DarDar1642020

⛈️⛈️ကိုယ္​့ဘဝရဲ႕ နတ္​မိမယ္​⛈️⛈️
<ÖR>
💕ဦးရဲ႕အမိန္​႔​ေတာ္​အတိုင္​း💕

Episode ♥ 14 ♥

"မယ္​ကဦးခ်ဳန္​းအတြက္​ဘာလဲ"
သူမအ​ေမး​ေၾကာင္​့ ခ်ဳန္​းခပ္​​ေတြ​ေတြ​ေလးျဖစ္​သြားရသည္​
သူ...ဘယ္​​ေတာ့မွအ​ေျဖထုတ္​မဖူးခဲ့
"​ေျဖ​ေလဦးခ်ဳန္​း"
မယ္​ ၾကားသိခ်င္​စြာျပန္​​ေမးလိုက္​မိသည္​
သို႔​ေပမယ္​့
"ငါမသိဘူး ဒါ​ေပမယ္​့ မင္​းငါ့အနားမွာအျမဲရ​ွိ​ေနရမယ္​"
မယ္​လိုခ်င္​​ေသာအ​ေျဖမဟုတ္​ခဲ့
မယ္​ ငိုခ်င္​စိတ္​ကိုအားတင္​းကာ ​ေနာက္​ဆုံး​ေမးခြန္​းတစ္​ခုကို​ေမးလိုက္​သည္​
"မယ္​က ဦးခ်ဳန္​းအနားမွာ႐ွိ​ေနရမွာဆိုတာ ဘယ္​လိုမ်ိဳးလဲ ခုအတိုင္​းလား"
"က်စ္​!!!!!!ဘာလို့စိတ္​႐ႈပ္​စရာ​ေတြလာ​ေျပာ​ေနတာလဲ"
ခ်ဳန္​း အ​ေျဖမ႐ွိ​ေသာသူမ​ေမးခြန္​း​ေတြ​ေၾကာင္​့ ဦးစြာ​ေ႐ွာင္​ထြက္​လာခဲ့သည္​
အျပင္​ထြက္​သြားသည္​့ဦးခ်ဳန္​း​ေက်ာျပင္​အားၾကည္​့ကာ ထိန္​းထားရသည္​့မ်က္​ရည္​မ်ားကပါးျပင္​​ေပၚသို႔
"မယ္​ ဦးခ်ဳန္​းအနားမွာ ​ေန​ေပးဆို​ေန​ေပးႏိုင္​ပါတယ္​ဒါ​ေပမယ္​့ မယ္​လိုခ​်င္​တာတစ္​ခုထဲပဲ အဲ့တာဦးခ်ဳန္​းႏွလုံးသား"
တိတ္​ဆိတ္​​ေသာ အခန္​းႀကီးထဲတီးတိုး​ေရရြတ္​လိုက္​မိရင္​း

💛💛𶰽°°°°°💛💛°°°°°💛💛°°°°°💛💛

ဒီ​ေန႔နဲ႔ဆို မယ္​သူ႔ကိုစကား​ေကာင္​း​ေကာင္​းမ​ေျပာတာ၃ရက္​​ေလာက္​႐ွိၿပီ
သူမဒီလိုျဖစ္​​ေနရင္​ မ​ေနတတ္​တာအမွန္​
​ေခ်ာ့ဖို႔လည္​းမ​ေတြး ​ေတာ္​ၾကာအဲ့​ေမးခြန္​းကိုထပ္​​ေမးလာလ်ွင္​ သူ႔မွာအ​ေျဖမ႐ွိ
ည​ေနပိုင္​း ​ေက်ာက္​မ်က္​ရတနာျပပြဲ႐ွိသျဖင္​့ျပင္​ဆင္​​ေနရင္​း
နံ​​ေဘးမွာ ​ေက်ာက္​႐ုပ္​သဖြပ္​ရပ္​​ေန​ေသာ သူမအားၾကည္​့ကာ
"မယ္​"
"​ေျပာ​ေလဦးခ်ဳန္​း"
အရင္​​ေန႔မ်ားကဲ့သို႔ ရႊင္​ရႊင္​ပ်ပ်မ႐ွိ
"အနားလာခဲ့"
"အဲ့က​ေန​ေျပာလည္းရတာပဲကို"
"လာဆိုလာခဲ့ လင္​းအျပင္​မွာ​ေစာင္​့​ေန"
မယ္​ သူ႔အနားကို​ေဘာက္​ဆပ္​ဆပ္​လာခဲ့ၿပီး
"​ေျပာ"
"ငါ့အက်ႌကူဝတ္​​ေပး"
"အကိုလင္​းကိုခိုင္​းလဲရ​ေနတာကို"
မယ္​ပြစိပြစိ​ေျပာကာ သူခိုင္​းတာကိုလဲမလုပ္​ပဲမ​ေနရဲ
ခုနကအကိုလင္​းျပင္​ဆင္​​ေပးသြား​ေသာ​ေၾကာင္​့ ဘာမွ​ေထြ​ေထြထူးထူးမလုပ္​​ေပးလိုက္​ရ
"ၿပီးၿပီ"
လုပ္​​ေပးၿပီးသည္​ႏွင္​့ အ​ေနာက္​သို႔ဆုတ္​သြား​ေသာ သူမ
"အဆင္​​ေျပလား ၾကည္​့​ေပး"
မယ္​ သက္​ျပင္​း​ေလးခ်ကာ သူ႔အားတစ္​ခ်က္​ၾကည္​့လိုက္​ၿပီး
"​ေျပတယ္​​ေျပတယ္​"
"မင္​းခုတ​ေလာကိုယ္​့ကိုစကားမ​ေျပာဘူး"
"​ေျပာပါတယ္​"
"ငါထင္​တာ....မင္​း!!!!!!"
"သခင္​​ေလး အခ်ိန္​နီး​ေနပါၿပီ"
လင္​း အျပင္​ကလွမ္​း​ေျပာလိုက္​သျဖင္​့ ​စကား​ေတြရပ္​တန္​႔သြားကာ
"ငါသြား​ေတာ့မယ္​"
"အင္​း"

ကား​ေပၚတြင္​ ထိုင္​ခုံကိုမွီကာ မ်က္​လုံးမွိတ္​​ေနလ်က္​
အ​ေတြး​ေတြက​ေတာ့႐ႈပ္​​ေထြး​ေနစြာ
"လင္​း"
"​ေျပာပါသခင္​​ေလး"
ခ်ဳန္​း ​ေျပာရမလားမ​ေျပာရဘူး​လား​ေတြး​ေနၿပီးမွ
"ငါနဲ႔မယ္​ကို.ဘယ္​လိုထင္​လဲ"
"ဗ်ာ...."
လင္​း​ေၾကာင္​အမ္​းအမ္​းျဖစ္​သြားရသည္​
"သခင္​​ေလး​ေမးတာက....."
"ထား​ေတာ့ စိတ္​႐ႈပ္​တယ္​ က်စ္​!!!!!!"
"သခင္​​ေလးနဲ႔ မိန္​းက​ေလးကအရမ္​းလိုက္​ဖက္​တယ္​ မိန္​းက​ေလး​ေရာက္​လာၿပီး သခင္​​ေလး​ေျပာင္​းလဲသြားတာသိရဲ႕လား"
"အင္​း သူနဲ႔ငါအဆင္​​ေျပ​ေနတာပဲ​ေလ ​ေ႐ွ႕ဆက္​ၿပီးလည္​းခုလို​ေနလို႔မရဘူးလား"
"​ေနလို႔ရ​ေပမယ္​့ ခုလို​ေပ်ာ္​ရႊင္​ရမွာ​ေတာ့မဟုတ္​ဘူး သခင္​​ေလးကသူ႔ကိုဘယ္​လိုမ်ိဳး​ေခၚထားခ်င္​တာလဲစဥ္​းစားၾကည္​့ပါ အကယ္​၍ သခင္​​ေလးကသူ့ကိုလက္​ထပ္​လိုက္​မယ္​ဆိုရင္​​ေတာင္​ မိန္​းက​ေလးကလက္​ခံမွာမဟုတ္​ပါဘူး မိန္​းက​ေလးစိတ္​ကခန္​႔မွန္​းရလြယ္​ပါတယ္​"
"ဘာလို႔လဲ"
"သခင္​​ေလး သူ႔ကို'ခ်စ္​တယ္​´လို႔မ​ေျပာဖူးဘူးမလား"
"ခ်စ္​တယ္​ဆိုတဲ့ စကားကအဲ့​ေလာက္​ထိလိုအပ္​လို႔လား"
လင္​းျပဳံးလိုက္​ၿပီး
"သခင္​​ေလး မိန္​းက​ေလးခ်စ္​တာကိုလိုခ်င္​တယ္​မလား"
"မင္​း ဘယ္​လိုသိ!!!!!!"
"႐ွင္​း႐ွင္​း​ေလးပါသခင္​​ေလး သခင္​​ေလးလိုခ်င္​သလိုမိန္​းက​ေလးလဲလိုခ်င္​မွာ​ပဲ သခင္​​ေလးၾကားခ်င္​တဲ့စကားကို သူလဲ ၾကားခ်င္​​ေနမွာပါ
ခ်စ္​တယ္​ဆိုတဲ့စကားက႐ိုး႐ွင္​း​ေပမယ္​့ ကိုယ္​ခ်စ္​တဲ့သူဆီကၾကားဖို႔ လူတိုင္​း​ေမ်ွာ္​လင္​့ၾကပါတယ္​"
"ဘာလို႔ဒီ​ေလာက္​႐ႈပ္​ယွက္​ခပ္​​ေနရတာလဲ"
"႐ႈပ္​​ေနတာက သခင္​​ေလးပါ သခင္​​ေလးရဲ႕ႏွလုံးသားကိုဖြင္​့လိုက္​ပါ အကုန္​လြယ္​ကူသြားလိမ္​့မယ္​"

ခ်ဳန္​း သတင္​း​ေထာက္​​ေထာက္​​ေတြကို ​ေက်ာ္​ျဖတ္​ကာ ခန္​းမထဲဝင္​​ေရာက္​လာခဲ့သည္​
ခ်ဳန္​း ခန္​းမထဲသို႔​ေရာက္​လ်ွင္​ ႏႈတ္​ဆက္​ၾက​ေသာ လူအမ်ားအျပား

"သခင္​​ေလးရဲ႕ ဂုဏ္​သတင္​းက​ေတာ့အရမ္​းကိူ​ေက်ာ္​​ေစာပါတယ္​"
"ခ်ီးမြမ္​းလြန္​း​ေနပါၿပီ"
ခ်ဳန္​း လုပ္​ငန္​း႐ွင္​​ေတြႏွင္​့ နွုတ္​ဆက္​လိုက္​စီးပြား​ေရအ​ေၾကာင္​း​ေဆြး​ေႏြးလိုက္လိုက္​ျဖင္​့
"သခင္​​ေလးအဆင္​​ေျပပါရဲ႕လား"
ဝိုင္​​ေသာက္​တာမ်ား​ေနၿပီျဖစ္​​ေသာ ခ်ဳန္​းအားလင္​း​အနားကပ္​ကာ​ေမးလိုက္​သည္​
"ဒီ​ေလာက္​နဲ႔​ေတာ့မမူးပါဘူး"
"ဟုတ္​"

"ခ်ဳန္​း"
​ေနာက္​ပါးမွ​ေခၚသံ​ေၾကာင္​့ ခ်ဳန္​းမ်က္​ဝန္​း​ေတြအ​ေရာင္​​ေျပာင္​းသြားရကာ တစ္​ဆက္​ထဲလက္​သီးကိုက်စ္​က်စ္​ပါ​ေအာင္​ဆုပ္​လိုက္​မိသည္​
ဒီအသံကို သူမွတ္​မိသည္​
ဒါဟိုမိန္​းမႀကီးအသံ
ခ်ဳန္​း ​ေဒါသထြက္​လာကာအသက္​႐ွဴႏႈန္​း​ေတြပင္​ျမန္​လာရသည္​
"လင္​းသြားမယ္​"
ခ်ဳန္​း ထြက္​သြားဖို႔ျပင္​လိုက္​လ်ွင္​
"ခ်ဳန္​း ခဏ​ေနပါဦး"
​ေဒၚမိုးျမင္​သဇင္​ နံ​ေဘးကသားငယ္​ကိုဆြဲကာ ခ်ဳန္​း​ေ႐ွ႕သို႔​ေျပးသြားလိုက္​ၿပီး
"မ​ေတြ႔တာၾကာၿပီ​ေနာ္​ ခ်ဳန္​း​ေလး"
ခ်ဳန္​းမ်က္​ဝန္​းစူး​ေတြျဖင္​့ၾကည္​့ကာ
"​ခင္​ဗ်ား က်ဳပ္​ကို​ေခၚစရာမလိုဘူး"
"သား...ဒီႏွစ္​​ေတြမွာ အဆင္​​ေျပတယ္​မလား သားအရမ္​း​ေတာ္​တာပဲ"
"အဟက္​"
ခ်ဳန္​း နာက်င္​စြာ ရီလိုက္​ၿပီး
"ဘယ္​သူက ခင္​ဗ်ားသားလဲ ရီရတယ္​​ေနာ္​ပစ္​သြားတုန္​းကပစ္​သြားၿပီး ခုမွသားလာ​ေတာ္​ခ်င္​​ေနတယ္​ က်ဳပ္​မွာအ​ေမမ႐ွိဘူး"
"သား...."
"မ​ေခၚနဲ႔ ခင္​ဗ်ားပါးစပ္​ကအဲ့အသံၾကားရတာရြံလြန္​းလို႔"
"မာမီ​ေတာင္​းပန္ပါတယ္​ အဲ့တုန္​းကမာမီ!!!!!!!"
"Sorryပဲ က်ဳပ္​မွာအ​ေရးမပါတဲအ​ေၾကာင္​းကိုနား​ေထာင္​ဖို႔အခ်ိန္​မ႐ွိဘူး ခင္​ဗ်ားဘာသာ​ေရြးသြားတဲ့လမ္​း ဆုံးတဲ့ထိ​ေလ်ွာက္​ လာသနားျပ​ေနစရာမလိုဘူး"
"ခ်ဳန္​းရယ္​ မာမီမရည္​ရြယ္​ခဲ့ပါဘူး"
"မရည္​ရြယ္​ခဲ့လည္​း က်ဳပ္​ဒယ္​ဒီက​ေသသြားခဲ့ရၿပီးၿပီ ျပန္​မ႐ွင္​လာႏိူင္​​ေတာ့ဘူး ခင္​ဗ်ားက်ဳပ္​ကိုတစ္​ခ်က္​​ေတာင္​လွည္​့မၾကည္​့ပဲထြက္​သြားတဲ့​ေန႔ထဲက က်ဳပ္​ဘဝထဲမွာ​ေရာ က်ဳပ္​ရင္​ထဲမွာ​ေရာ ခင္​ဗ်ားအတြက္​​ေနရာမက်န္​​ေတာ့ဘူး"
"မာမီနားလည္​ပါတယ္​"
​ေဒၚမိုးျမင္​့သဇင္​ နံ​ေဘးက​ေကာင္​​ေလးငယ္​ငယ္​အား
"သားငယ္​ သူကမင္​းအစ္​ကိုႀကီး​ေလ ႏႈတ္​ဆက္​လိုက္​ပါဦး"
ထိုဆယ္​​ေက်ာ္​သက္​အရြယ္​​ေကာင္​​ေလးကခ်ဳန္​းအားဦးၫြတ္​လိုက္​ၿပီး
"မဂၤလာပါအစ္​ကို"
"မ​ေခၚနဲ႔ မင္​းနဲ႔ငါဘာမွမပတ္​သက္​ဘူး"
ခ်ဳန္​း​ေအာ္​လိုက္​​ေတာ့ အ​ေမျဖစ္​သူအား မ​်က္​ႏွာ​ေလးမဲ့စြာၾကည္​့လိုက္​လ်ွင္​
"ခ်ဳန္​း ဘယ္​လို​ေျပာလိုက္​တာလဲကြယ္​.သူကမင္​းရဲ႕!!!!!!"
"ဒီမွာ ခင္​ဗ်ားမွတ္​ထားဖို႔က ထစ္​ခ်ဳန္​းမိုးက ဘုရင္​့နန္​း​ေတာ္​စံအိမ္​ႀကီးရဲ႕ အ႐ွင္​သခင္​ ​ေမာင္​ႏွမမ႐ွိဘူး အ​ေမမ႐ွိဘူး တစ္​ဦးတည္​း​ေသာဘုရင္​ပဲ ခင္​ဗ်ားမ႐ွိလဲ က်ဳပ္​ဘဝမွာ အကုန္​ျပည္​့စုံၿပီးသားပဲ"
ခ်ဳန္​း စကားျဖင္​့အႏိုင္​ပိုင္​းျဖတ္​လာကာ မိခင္​ျဖစ္​သူ​ေ႐ွ႕မွ ထြက္​လာခဲ့သည္​
အျပင္​မွာသာ အႏိုင္​​ေျပာခဲ့မိ​ေပမယ္​့ သူရင္​ထဲမွာ နာက်င္​​ေနစြာ
ဘာလို႔ သူ႔​ေ႐ွ႕ကိုထပ္​ခါထပ္​ခါ​ေပၚလာၿပီးဒဏ္​ရာ​ေတြလာလာ​ေပး​ေနျကတာလဲ
သူ႔ကိုတစ္​ခ်က္​​ေတာင္​လွည္​့မၾကည္​့ပဲ ​ေက်ာခိုင္​းသြား​ေပမယ္​့ အဲ့​ေကာင္​​ေလးကိုက် ​မိခင္​​ေမတၱာအျပည္​့နဲ႔
ဘာလို႔လဲ သူ႔ကိုက် ဘာလို႔ထားသြားခဲ့တာလဲ
ခ်ဳန္​း​ေမးလိုက္​ခ်င္​​ေပမယ္​့ ရင္​ထဲမွာပဲ ၿမိဳသိပ္​ထားမိသည္​
ဘယ္​သူ႔​ေ႐ွ႕မွာမွ သူ့မ​ေပ်ာ့ညံ့ခ်င္​
ခုခ်ိန္​တမ္​းတမိသည္​က သူမတစ္​​ေယာက္​ထဲ
သူမသာ အနားမွာ႐ွိ​ေနရင္​သိပ္​​ေကာင္​းမွာပဲ
ခ်ဳန္​း အနားကစားပြဲ​ေပၚမွာ႐ွိတဲ့ ခပ္​ျပင္​းျပင္​းဝိုင္​​ေတြအားတစ္​ခြက္​ၿပီးတစ္​ခြက္​​ေမာ့​ေသာက္​လိုက္​သည္​
"သခင္​​ေလး"
လင္​းတားခ်င္​​ေပမယ္​့လည္​း သခင္​​ေလးရင္​ထဲကဒဏ္​ရာကိုရိပ္​စားမိသည္​မို႔ မတားျဖစ္​ခဲ့
ခဏ​ေလာက္​​ေန​ေတာ့
"လင္​း ငါစံအိမ္​ျပန္​ခ်င္​တယ္​"
"ဟုတ္​"
လင္​း အနည္​းငယ္​ရီ​ေဝ​ေနၿပီျဖစ္​​ေသာ ခ်ဳန္​းအားတြဲကာ ကားထံသို႔သြားရင္​း

💙💙°°°°°💙💙°°°°°💙💙°°°°°💙💙

လင္​းခ်ဳန္​းအား တြဲပို႔ရင္​း
မမူးဘူးဆို​ေပမယ္​့ အနည္​းငယ္​ရီ​ေဝ​ေနစြာ
ခ်ဳန္​းအခန္​း​ေပါက္​ဝ​ေရာက္​​ေတာ့
"ရၿပီ မင္​းနား​ေတာ့"
"အဆင္​​ေျပပါ့မလား သခင္​​ေလး"
"အင္​း"
ခ်ဳန္​း အခန္​းထဲဝင္​သြား​ေတာ့ သူမ႐ွိမ​ေန
သို႔​ေပမယ္​့ ​ေအာက္​ထပ္​မွာလဲ​မ​ေတြ႔ခဲ့
​ေရခ်ိဳးခန္​းမွ ​ေရသံ​ေၾကာင္​့ သူမ​ေရခ်ိဳးခန္​းထဲမွာျဖစ္​လိမ္​့မယ္​
ခ်ဳန္​း ကုတင္​​ေပၚတြင္​လဲက်လိုက္​ကာ တဆစ္​ဆစ္​ထိုးကိုက္​​ေန​ေသာ​ေခါင္​းအားလက္​ျဖင္​့ ကိုင္​လိုက္​ၿပီး
"က်စ္​!!!!!"
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
ထိုစဥ္​ စားပြဲ​ေပၚမွ သူမဖုန္​းျမည္​လာ​ေသာ​ေၾကာင္​့ ခ်ဳန္​းယူကာၾကည္​့လိုက္​​ေတာ့ နာမည္​မွတ္​မထား
ခ်ဳန္​း 'ဘယ္​သူလဲ´ဟု​ေတြးကာဖုန္​းအား​ေကာက္​ကိုင္​ရင္​း
"ဟဲလို"
တစ္​ဖက္​မွ​ေယာက္​်ားသံ​ေၾကာင္​့ ခ်ဳန္​းမၾကည္​လင္​​ေန​ေသာစိတ္​မ်ားအစား​ေဒါသ​ေတြကဝင္​​ေရာက္​လာရသည္​
သူမ႐ွိ​ေနသည္​့​ေရခ်ိဳးခန္​းဘက္​သို႔ၾကည္​့လိုက္​ၿပီး လက္​သီးကိုက်စ္​​ေန​ေအာင္​ဆုပ္​ထားမိ၍
ဖုန္​းထဲက​ေယာက္​်ားသံကဆက္​၍
"ဟဲလို မယ္​ ကိုယ္​​ေတာင္​းပန္​ပါတယ္​​ေနာ္ တစ္​​ေန႔လုံးမအားလို႔မဆက္​ျဖစ္​လိုက္​ဘူး"
"........."
ခ်ဳန္​း ရင္​အုပ္​ႀကီးနိမ္​့ခ်ည္​ျမင္​့ခ်ည္​ျဖစ္​​ေနသည္​ထိ ​ေဒါသတို႔ကအလိပ္​လိပ္​ထြက္​​ေနလ်က္​
စိတ္​ထဲတြင္​လည္​း လုပ္​ရက္​​ေလစြဟု​ေတြးမိသည္​
"မယ္​...နား​ေထာင္​​ေနတာလား ကိုယ္​့စိတ္​ဆိုး​ေနတာလားကြာ"
"မင္​း​ေနာက္​ကို သူ႔ကိုဖုန္​းမဆက္​မိ​ေစနဲ႔"

တီ...တီ...တီ
​ေအးစက္​စက္​စကားသံႏွင့္​အတူက်သြားသည္​့ဖုန္​း​ေလး
"ဟဲလို....ဟဲလို မယ္​"
ဆက္​စိုးရိမ္​တႀကီး ​ေခၚ​ေသာ္​လည္​းဖုန္​း​ေလးကက်သြားခဲ့ၿပီ
"ခုနကဘယ္​သူလဲ"
​ေသခ်ာတာက​ေတာ့​ေယာက္​်ား​ေလးအသံဆိူတာ.မွားႏိုင္​ဖြယ္​မ႐ွိ နာရီကိုလွမ္​းၾကည္​့လိုက္​​ေတာ့ ၈နာ႐ီထိုးၿပီးၿပီ
မယ္​့ အလုပ္​႐ွင္​ပဲ​ေနမွာပါဟု ​ေျဖကာ​ေတြးရင္​း

မယ္​ ​ကိုယ္​လက္​​ေဆးၿပီးထြက္​ခဲ့​ေတာ့ ကုတင္​​ေပၚက​ေန​ေဒါသမ်က္​ဝန္​းမ်ားႏွင္​့ၾကည္​့​ေန​ေသာ.ဦးခ်ဳန္​း​ေၾကာင္​့ လန္​႔သြားရကာ
"ဦးခ်ဳန္​း ျပန္​​​ေရာက္​တာ​ေစာတယ္​​ေနာ္​"
"........"
ဘာမွျပန္​မ​ေျဖပဲစူးစိုက္​စြာ ၾကည္​့​ေနလ်က္​
မယ္​​ေခါင္​း​ေလးငုံ႔ကာ ကုတင္​နားကစားပြဲ​ေပၚတင္​ထားသည္​့​ေခါင္​စည္​းႀကိဳး​ေလးအားယူဖို႔သြားလိုက္​သည္​
မယ္​တကယ္​​ေတာ့ငိုထားသည္​ကိုသူမရိပ္မိ​ေ​စရန္​ မ်က္​ႏွာသစ္​​ေနျခင္​းပင္​
မယ္​ည​ေနကစံအိမ္​ကအလုပ္​သမား​ေတြဆီက မထင္​မွတ္​ပဲ ၾကားခဲ့ရသည္​က.....

💭💭💭💭💭
မယ္​ သူထြက္​သြားၿပီး​ေအာက္​ထပ္​သို႔ဆင္​းလာခဲ့လ်ွင္​
"ဟဲ့နင္​ၾကားၿပီးၿပီလား"
"ဘာကိုလဲ"
"ဟို​ေန႔က သခင္​​ေလး ဦးဗိုလ္​ထြဋ္​ကိုထိုးလိုက္​တယ္​​ေလ"
"ဦးဗိုလ္​ထြဋ္​ဆိုတာက ဟိုတရားမဝင္​သားမလား"
"​ေအး မ​ေန႔ကသခင္​​ေလးပုံစံက သတ္​​ေတာ့ျဖတ္​​ေတာ့မယ္​့အတိုင္​းပဲ"
"ဟုတ္​လား သခင္​​ေလးကအျမဲမ်က္​ႏွာတည္​ႀကီးနဲ႔​ေနာ္​ ဦးဗိုလ္​ထြဋ္​က တရားမဝင္​သားဆို​ေတာ့ အဆင္​မ​ေျပတာမဆန္​းပါဘူး"
"သခင္​​ေလးက ​ေတာ္​႐ုံတန္​႐ုံအ​ေရးလုပ္​တာမဟုတ္​ဘူး ၿပီး​ေတာ့မ​ေန႔က....."
ထို​ေကာင္​မ​ေလးက ပတ္​ဝန္​းက်င္​ကို​ေသခ်ာၾကည္​့လိုက္​ၿပီး
"မ​ေန႔က ဦးဗိုလ္​ထြဋ္​က မိန္​းက​ေလးမယ္​ရဲ႕ လက္​ကိုဆြဲၿပီး ႀကိဳက္​တယ္​လို႔​ေျပာခဲ့တာ​ေလ"
"တကယ္​လား အရင္​​ေကာင္​မ​ေလး​ေတြကိုလဲအဲ့လိုပါပဲ"
"မတူတာကသခင္​​ေလး​ေလ သခင္​ေ​လးကိုၾကည္​့ရတာ ထသတ္​​ေတာ့မယ္​့အတိုင္​းပဲသိလား"
"ဟုတ္​​တယ္​​ေနာ္​သခင္​​ေလးက မိန္​းက​ေလးမယ္​့ကိုနည္​းနည္​း​ေတာ့ပိုတယ္​ ဟို​ေန႔ကလဲ ၾကည္​့ပါလား ​ေျခ​ေထာက္​ကိုဖန္​ကြဲစူးကာ အလုပ္​သမား​ေတြကိုအလုပ္​ထုတ္​လိုက္​တယ္​ ၾကည္​့ရတာ မိန္​းက​ေလးမယ္​ကို သဲသဲလႈပ္​ခ်စ္​ပုံပဲ"
"ခ်စ္​လဲ ဘာလုပ္​ရမွာလဲ အခ်ိန္​တန္​ရင္​ ​မမ​ေလးနန္​းကိုလက္​ထပ္​ရမွာပဲ​ေလ"
"သူကဘယ္​သူလဲ"
"နန္​းထိပ္​ထား​ေလ အမ်ိဳးႀကီးအ​ေဆြႀကီးထဲကပဲ ငယ္​ကထဲက​ေစ့စပ္​ထားတာ ႏိုင္​ငံျခားမွာ​ေက်ာင္​းတက္​​ေနတာမို႔မျမင္​ဖူးတာ​ေလ ျပန္​လာရင္​လက္​ထပ္​ၾကမွာ"
"အဲ့တာဆို မိန္​းက​ေလးမယ္​က်​ေရာ"
"သူက ဒီၾကားထဲ ဒီစံအိမ္​ႀကီးရဲ႕မ်ိဳးဆက္​ကို​ေမြး​ေပး႐ုံပဲ အခ်ိန္​တန္​ထြက္​သြားရမွာ သခင္​​ေလးသ​ေဘာက်လို႔ ​ေခၚထားခ်င္​ရင္​​ေတာင္​အငယ္​အ​ေႏွာင္​းပဲ"
'အငယ္​အ​ေႏွာင္​း´တဲ့လား
မယ္​့ရင္​​ေတြ​ေၾကကြဲမတတ္​ပါပဲ
အဆုံးသတ္​မလွတဲ့ ဇာတ္​လမ္​းတစ္​ပုဒ္​ကို ဘယ္​လိုအင္​အားမ်ိဳးနဲ႔​ေ႐ွ႕ဆက္​ရမွာလဲ
သူ႔အခ်စ္​​ေတြနဲ႔​ေ႐ွ႕ဆက္​ဖို႔ကလဲ သူ႔ႏႈတ္​ဖ်ားကခ်စ္​တယ္​လို႔​ေတာင္​တစ္​ခါမွမ​ေျပာဖူးတာ
မယ္​ဆိုတာ အခ်ိန္​တန္​ရင္​ သူ႔ဘဝထဲကကြယ္​​ေပ်ာက္​ရမွာပဲ​ေလ
​ဒီထက္​ပိုၿပီး ဆိုးမလာခင္​ သူ႔အနားက​ေနထြက္​​ေျပးခ်င္​မိတယ္​
မယ္​သူ႔ကိုခ်စ္​တယ္​ ဒါ​ေပမယ္​့ သူမ်ား​ေယာက္​်ားကိုလုယူတဲ့လူ​ေတာ့မျဖစ္​ခ်င္​ဘူး
💭💭💭💭💭

မယ္​ အ​ေတြးနဲ႔တင္​ကို ရင္​ထဲကစူးခနဲ
မယ္​အသက္​ကိုပင္​့သက္​႐ႈိက္​႐ွဴလိုက္​ၿပီး သူ႔​ေ႐ွ႕ကအထြက္​
မယ္​့လက္​​ေတြကို.ဆြဲလိုက္​သည္​့ သူ
"ငါ မင္​းကို​ေမးစရာ႐ွိတယ္​နတ္​မိမယ္​"
ငါဆို​ေသာ အသုံးအႏႈန္​း​ေၾကာင္​့ သူတစ္​စုံတစ္​ရာကိုမ​ေက်နပ္​​ေနသည္​ကိုတပ္​အပ္​သိရင္​း
"​ေမး​ေလ"
"မင္​း ဘယ္​​ေကာင္​နဲ႔အဆက္​အသြယ္​လုပ္​​ေသးလဲ"
မယ္​ ကိုဆက္​နဲ႔စကား​ေျပာတာ မိသြားၿပီလားဟူ​ေသာ အ​ေတြး​ေၾကာင္​့ ရင္​​ေတြဒိန္​းခနဲ
သို႔​ေပမယ္​့ အမူအယာကိုထိန္​းကာ
"ဟင္​့အင္​း"
သူသိရင္​ မယ္​့ကိုသတ္​လိမ္​့မယ္​
မယ္​ သူ႔​ေဒါသကို​ေၾကာက္​​ေသာ​ေၾကာင္​့ လိမ္​​ေျပာမိလိုက္​သည္​​ေလ

ခ်ဳန္​း.နာက်င္​စြာရီလိုက္​ရင္​း
ဘာလို႔ သူ႔ကိုနာက်င္​​ေအာင္​လုပ္​​ေနၾကတာလဲ
သူ႔အနားမွာ​ေခၚထားခ်င္​တဲ့တစ္​ဦးတည္​း​ေသာ.မိန္​းက​ေလးကဘာလို႔သစၥာမ႐ွိရတာလဲ
ဘာ​ေၾကာင္​့လဲ
ဘာလို႔ကံတရားႀကီးက သူ႔အ​ေပၚရက္​စက္​​ေနရတာလဲ
ခ်ဳန္​း လက္​ထဲကဖုန္​းကို​ေျမာက္ျပကာ
"ခုနက လူတစ္​​ေယာက္​ဖုန္​းဆက္​တယ္​"
"ဟင္​"
"မင္​းမသိဘူး​ေပါ့ ရတယ္​ အာ့ဆိုဘယ္​သူလဲဆိုတာစစ္​​ေဆးၿပီးသတ္​ပစ္​မယ္​ ငါပိုင္​တဲ့မိန္​းက​ေလးကိုပတ္​သက္​ရဲတဲ့အတြက္​အျပစ္​ဒဏ္​ပဲ"
"ဦးခ်ဳန္​း !!!!!!"
ခ်ဳန္​း သူ႔အား​ေအာ္​လိုက္​​ေသာမယ္​​ေၾကာင္​့ ​ေဒါသ​ေတြကပိုထြက္​လာရကာ
သူမပါးအားလက္​ျဖင္​့ ညစ္​လိုက္​ၿပီး
"မင္​းငါ့ကို​ေအာ္​တယ္​​ေပါ့မယ္​"
မယ္​ သူ႔လက္​​ေတြအားျဖဳတ္​ခ်လိုက္​၍
"အ႐ူးထမ​ေနပါနဲ႔​ေတာ့"
"နတ္​မိမယ္​ မင္​းငါ့ကိုအဲ့​ေကာင္​​ေၾကာင္​့ျပန္​ခံ​ေျပာ​ေနတာ​ေပါ့"
"........"
"အဲ့​ေကာင္​ကမင္​းနဲ႔ဘာ​ေတြလဲ ဘယ္​လိုပတ္​သက္​​ေနတာလဲ"
ဝိုင္​အ႐ွိန္​​ေၾကာင္​့​ေရာလားမသိ ​ေဒါသ​ေတြကမထိန္​းႏိုင္​စြာ
"မယ္​နဲ႔ ကိုဆက္​နဲ႔က ဘာဆိုဘာမွမပတ္​သက္​ဘူး ဟုတ္​ၿပီလား"
သူမ​ေျပာ​ေတာ့စိတ္​​ေအးသြား​ေသာ္​လည္​း မရပ္​တန္​႔​ေသး​ေသာ​ေဒါသမ်ားက
"ငါ မင္​းအလိမ္​အညာ​ေတြကိုယုံမယ္​ထင္​​ေနလား"
မယ္​ ရင္​ထဲဝမ္​းနည္​းသြားရသည္​
အစထဲကဝမ္​းနည္​းစိတ္​မ်ားႏွင္​့အတူ ငိုခ်င္​စိတ္​ကိုထိန္​းရင္​း
မယ္​က ဦးခ်ဳန္​းအတြက္​ကစားစရါအ႐ုပ္​သာသာပဲ
တစ္​ခ်ိန္​ခ်ိန္​ဦးခ်ဳန္​းရဲ႕လက္​တြဲ​ေဖာ္​အစစ္​ျပန္​လာရင္​ မယ္​ကအစြန္​႔ပစ္​ခံရမွာပဲ​ေလ
မယ္​ သူ႔အတြက္​ခံစားရတာမလုံ​ေလာက္​​ေသးလို႔လား
"ယုံတာမယုံတာဦးခ်ဳန္​းအပိုင္​းပါ"
"နတ္​မိမယ္​ မင္​းကိုငါဘာ​ေျပာထားလဲ ဘယ္​​ေကာင္​နဲ႔မွမပတ္​သက္​ဖို႔အတန္​တန္​မွာထားတယ္​ဒါကိုမင္​းက....​ေတာက္​"
ခ်ဳန္​း​ေတာက္​တစ္​ခ်က္​ကို ခပ္​ျပင္​းျပင္​း​ေခါက္​လိုက္​မိသည္​
"မယ္​့ကိုဦးခ်ဳန္​းမပိုင္​ဘူး မယ္​သတ္​မွတ္​ထားတဲ့အခ်ိန္​ျပည္​့ရင္​ထြက္​သြားရမွာပဲ​ေလ ဒီအ​ေတာအတြင္​း မယ္​ဘယ္​​ေယာက္​်ား​ေလးနဲ႔မွမပတ္​သက္​ရင္​ၿပီး​ေရာမလား မယ္​စကားမယ္​တည္​တယ္​"
"မဟုတ္​ဘူး ငါကမင္​းကိုထြက္​သြားခြင္​့​ေပးမယ္​ထင္​လားနတ္​မိမယ္​ မင္​းတစ္​ဘဝလုံးငါ့အနားမွာပဲ​ေနရမယ္​"
အတၱကိုဦးစား​ေပး​ေနသည္​့ သူ႔စကားမ​်ား​ေၾကာင္​့ မယ္​မ်က္​ရည္​မ်ားၾကားမွျပဳံးလိုက္​ၿပီး
"မယ္​မ​ေနႏိုင္​ဘူးဦးခ်ဳန္​း"
"ဘာ!!!!!ဘာလဲ အဲ့​ေကာင္​​ေၾကာင္​့လား မင္​းကအဲ့​ေကာင္​နဲ႔ႀကိဳက္​​ေနတာ​ေၾကာင္​့လား ဟမ္​"
မယ္​ ရင္​ခုန္​သံကိဳလိမ္​ညာလိုက္​ၿပီး
"ဟုတ္​တယ္​ဆိုရင္​​ေရာ"
"နတ္​မိမယ္​!!!!!!"
ခ်ဳန္​း သူမပုခုံးအားၾကမ္​းတမ္​းစြာ ကိုင္​လႈပ္​၍
သူမစကား​ေတြက ခ်ဳန္​းရင္​ကိုခြၽတ္​ထက္​​ေသာ အရာျဖင္​့ထိုး​ေနသည္​့အလား
ပထမဆုံးအ​ေနနဲ႔ မိန္​းက​ေလးတစ္​​ေယာက္​ကိုယုံၾကည္​မိခဲ့တယ္​
ဒီခံစားမႈ.....ဟုတ္​တယ္​ ဒယ္​ဒီလဲဒီလိုခံစားခဲ့ရမွာပဲဒါ​ေၾကာင္​့ သူ႔ကိုယ္​သူသတ္​​ေသသြားခဲ့တာ
မိန္​းမ​ေတြအကုန္​ သစၥာမ႐ွိဘူး
သို႔​ေပမယ္​့ သူမကိုလက္​မလြတ္​ႏိုင္​
"မယ္​ နာတယ္​ဦးခ်ဳန္​း မယ္​့ကိုလြတ္​"
"မင္​းငါ့ကြယ္​ရာမွာ အဲ့​ေကာင္​နဲ႔ဘယ္​ကထဲကဆက္​သြယ္​​ေနခဲ့တာလဲ "
"​ေန႔တိုင္​းပဲ"
"​ေတာက္​!!!!!!မင္​းကြာ ငါ​ေျပာတဲ့စကားကိုဘာလို႔အ​ေလးအနက္​မထားခဲ့တာလဲ"
"ဦးခ်ဳန္​းသိဖို႔က မယ္​ဦးခ်ဳန္​းစကားကို နား​ေထာင္​ခဲ့တယ္​ ကိုဆက္​နဲ႔မယ္​က ဦးခ်ဳန္​းထင္​သလိုမဟုတ္​ဘူး"
"အဲ့တာဆို မင္​းနဲ႔သူက ဘယ္​လိုပတ္​သက္​တာလဲ"
"သူကမယ္​့အ​ေဖရဲ႕ ဆရာဝန္​ ခုထိသူနဲ႔မယ္​က႐ိုး႐ိုးသားသားပဲ"
သူမစကားၾကားမွပဲ စိတ္​​ေအးသြားရသည္​ခ်ဳန္​း​ေဒါသကို​ေလ်ာ့ခ်လိုက္​၍
"မင္​းအဲ့​ေကာင္​နဲ႔ထပ္​မဆက္​သြယ္​နဲ႔"
"ဘာလို႔လဲ ဦးခ်ဳန္​းက မယ္​့သခင္​​ေလးအ​ေနနဲ႔အမိန္​႔​ေပး​ေနတာလား"
မယ္​ သူ႔ထံမွၾကားခ်င္​​ေသာစကားၾကားရမလားဟု​ေတြးကာတမင္​​ေမးလိုက္​​ေပမယ္​့
"ဘာ​ေၾကာင္​့ပဲ ျဖစ္​ျဖစ္​ငါတားျမစ္​တယ္​"
မယ္​ မ်က္​ရည္​​ေတြကိုဖိသုတ္​ပစ္​ကာ
"စိတ္​ခ်ပါဦးခ်ဳန္​း တစ္​လအတြင္​းဦးခ်ဳန္​းစကားကိုနား​ေထာင္​ပါ့မယ္​"
"တစ္​လ.....အဲ့တာမင္​းဘာကိုဆိုလိုတာလဲ"
"မယ္​ ဒီတစ္​လၿပီးရင္​ မယ္​့တာဝန္​ၿပီးသြားၿပီ အဲ့က်မယ္​နဲ႔ဦးခ်ဳန္​းၾကား ဘာဆက္​ဆံ​ေရးမွမ႐ွိ​ေတာ့ဘူး"
"ဘယ္​သူ႔သ​ေဘာနဲ႔လဲ"
"မယ္​ ကိုဆက္​နဲ႔ဒီၾကားထဲအဆက္​အသြယ္​မလုပ္​ပဲ​ေနမယ္​ မယ္​တာဝန္​ၿပီးသြားရင္​​ေတာ့ မယ္​့သ​ေဘာပါ"
ခ်ဳန္​း​ေဆာက္​တည္​ရာမရျဖစ္​သြားကာ
"မရဘူး မင္​းတစ္​ဘဝလုံးကို ငါပိုင္​တယ္​မယ္​"
"​ေတာ္​ပါ​ေတာ့ဦးခ်ဳန္​းရယ္​ မယ္​ဦးခ်ဳန္းအနားမွာ ႐ွိမ​ေနခ်င္​​ေတာ့ဘူး မယ္​မ​ေနခ်င္​ဘူး"
ခ်ဳန္​းနာက်င္​စြာ ရီလိုက္​၍
"အဟက္​ဘာလဲ အဲ့​ေကာင္​အနားမွာမွ​ေနခ်င္​တာလား"
မယ္​ စိတ္​ထဲကမပါ​ေပမယ္​့လည္​း ဦးခ်ဳန္​းကိုအႏိုင္​လိုခ်င္​စြာ
"ဟုတ္​တယ္​ ကိုဆက္​ကမယ္​ကို ခ်စ္​တယ္​ ဒါ​ေၾကာင္​့ မယ္​သူ႔အနားမွာ​ေနခ်င္​တယ္​ ဦးခ်ဳန္​းက်​ေရာ မယ္​ကိုအနားမွာသာ႐ွိ​ေစခ်င္​တာ ခ်စ္​မွမခ်စ္​တာ မယ္​ကိုမခ်စ္​တဲ့သူအနားမွာ မယ္​မ​ေနခ်င္​ဘူး ကိုဆက္​ကမယ္​့ကို​ေပ်ာ္​ရႊင္​​ေစမွာ ၿပီး​ေတာ့ဦးခ်ဳန္​းမွာလဲလက္​ထပ္​ရမယ္​့သူ႐ွိ​ေနတာပဲ မဟုတ္​ဘူးလား"
ခ်ဳန္​း သူမစကား​ေတြ​ေၾကာင္​့ မခံႏိုင္​စြာ
"နတ္​မိမယ္​ မင္​းကိုငါပဲပိုင္​တယ္​ မင္​း​ေသတဲ့ထိ ငါ့အနားမွာပဲ​ေနရမယ္​ မင္​းစိတ္​နဲ႔ခနၶာကငါ့အတြက္​ပဲ"
ခ်ဳန္​း စိတ္​​ေတြကိုလြတ္​ခ်လိုက္​ၿပီး ဒီည​ေတာ့သူမကို သူအလြတ္​​ေပးမည္​မဟုတ္​
သူမက သူ႔အတြက္​သာျဖစ္​ရမည္​
ခ်ဳန္​း သူမအားကုတင္​​ေပၚတြန္​းလွဲလိုက္​ေတာ့ သူမက​​ေၾကာက္​​ေၾကာက္​လန္​႔လန္​႔ျဖင္​့
"ဦး....ဦးခ်ဳန္​း"
ခ်ဳန္​း ဝိုင္​​ေၾကာင္​့​ေရာ​ေဒါသ​ေတြ​ေၾကာင္​့​ေရာစိတ္​​ေတြကအ႐ိုင္​းဆန္​​ေနကာသူမအ​ေပၚပုံခ​်မိ​ေလသည္​
ခ်ဳန္​း သူမအ​ေပၚ အုပ္​မိုးလိုက္​ၿပီး သူမႏႈတ္​ခမ္​း​ေတြကိုအၾကမ္​းပတမ္​းနမ္​း႐ႈိက္​ပစ္​သည္​
သူ႔ရင္​ဘတ္​အားတြန္​းဖယ္​​ေနသည္​့ သူမလက္​မ်ားအားလက္​တစ္​ဖက္​ျဖင္​့ စုကိုင္​လိုက္​ၿပီး
Necktieကိုခြၽတ္​ကာ သူမလက္​ႏွစ္​ဖက္​ကိုပူးကပ္​ခ်ည္​လိုက္​​ေလသည္​
ခ်ဳန္​း အက်ႌ​ေတြအားခြၽတ္​လိုက္​​ၿပီး သူမႏႈတ္​ခမ္​း​ေတြကိုထပ္​နမ္​းလိုက္​ၿပီး
ႏႈတ္​ခမ္​းမွတစ္​​ဆင္​့ လည္​တိုင္​တစ္​​ေလ်ွာက္​တို႔​ေဝွ့နမ္​း႐ႈိက္​လိုက္​၏
"အဟင္​့ မ...မလုပ္​ပါနဲ႔"
မယ္​တားလိုက္​​ေသာ္​လည္​း သူကဂ႐ုမစိုက္​စြာ
"ဟင္​့ ဦးခ်ဳန္​း....မလုပ္​ပါနဲ႔ အာ့!!!!!"
ခ်ဳန္​း သူမလည္​တိုင္​အားနမ္​း​ေနရင္​းမွ ဖိကိုက္​လိုက္​၍
သူမညဝတ္​အက်ႌရဲ႕ ၾကယ္​သီး​ေတြအားျဖဳတ္​​ေနရာမွ စိတ္​မ႐ွည္​စြာ ဆြဲျဖဲပစ္​လိုက္​ရင္​း
ၿဗိ💢💢💢
"ဟင္​့ ဦးခ်ဳန္​း"
"မရ​ေတာ့ဘူးမယ္​ ကိုယ္​​ေနာက္​ဆုတ္​မွာမဟုတ္​ဘူး မင္​းကိုကိုယ္​ပိုင္​တယ္​မင္​းကိုယ္​့အနားကထြက္​သြားခြင္​့မ႐ွိဘူး မင္​းငါ့အနားမွာပဲ​ေနရမယ္​"
ခ်ဳန္​း ​ေျပာလိုက္​ၿပီး သူမႏႈတ္​ခမ္​း​ေတြအားၾကမ္​းတမ္​းစြာနမ္​း႐ႈိက္​လိုက္​ၿပီး
သူ႔လက္​​ေတြက သူမရဲ႕က်န္​႐ွိ​ေန​ေသာ အက်ႌခ်ိတ္​မ်ားအားျဖဳတ္​ပစ္​​ေနလ်က္​
မယ္​ကို 'ခ်စ္​တယ္​´လို႔တစ္​ခြန္​း​ေတာင္​မ​ေျပာပါပဲ မယ္​့အ​ေသြးအသားကို သူသိမ္​းပိုက္​လိုက္​သည္​
ထိုညက ​မယ္​ ဝမ္​းနည္​းစြာက်ခဲ့​ေသာ မ်က္​ရည္​မ်ားကို.​ေခါင္​းအုံး​ေလးသာအသိဆုံးျဖစ္​လိမ္​့မယ္​ထင္​တယ္​
မယ္​ဦးခ်ဳန္​းကို မုန္​းခ်င္​​ေပမယ္​့ ႏွလုံးသား​ေလးကျငင္​းဆန္​​ေနတယ္​
ဘာ​ေၾကာင္​့လဲ မယ္​့ကိုလဲမခ်စ္​ပဲနဲ႔မယ္​့ဘဝကိုဘာလို႔သိမ္​းပိုက္​လိုက္​ရတာလဲ

💜💜°°°°°💜💜°°°°°💜💜°°°°°💜💜

☀☀☀☀☀
ခ်ဳန္​း အိပ္​ယာကထ​ေတာ့ နံ​ေဘးကိုစမ္​းၾကည္​့မိ​ေလသည္​
​​​ေအးစက္​စက္​အထိအ​ေတြ႔​ေၾကာင္​့ သူမ႐ွိမ​ေန​ေတာ့သည္​ကို သိလ်က္​
ခ်ဳန္​း တဆစ္​ဆစ္​ထိုးကိုက္​​ေန​ေသာ​ေခါင္​းအားလက္​ျဖင္​့ကိုင္​ရင္​း
​​​စားပြဲ​ေပၚတင္​ထားသည္​့ တဘက္​ကိုယူကာပတ္​လိုက္​သည္​
"အျပင္​မွာ ဘယ္​သူ႐ွိလဲ"
ခ်ဳန္​း​ေျပာလိုက္​လ်ွင္​ အထဲသို႔ဝင္​လာ​ေသာ ​ေမခင္​နဲ႔ လင္​း
"သခင္​​ေလးသံပုရာရည္​​ေလး​ေသာက္​လိုက္​ပါဦး"
"မယ္​​ေရာ"
​ေမခင္​က မ်က္​ႏွာမ​ေကာင္​းစြာ
"မိန္​းက​ေလး​ေနမ​ေကာင္​းလို႔အနားယူ​ေနပါတယ္​သခင္​​ေလးခိုင္​းစရာ႐ွိရင္​ ​ေမခင္​သြား​ေခၚလိုက္​ပါ့မယ္​"
"မလိုဘူး သူနားပါ​ေစ"
"ဟုတ္​"
ခ်ဳန္​း ​ေရခ်ိဳးခန္​းထဲသို႔ဝင္​သြားၿပီး အလုပ္​သြားရန္​ျပင္​ဆင္​လ်က္​

💚💚°°°°°💚💚°°°°°💚💚°°°°°💚💚

"​ေျမး ​ေန​ေရာ​ေကာင္​းရဲ႕လား​ေျမးကိုၾကည္​့ရတာပိန္​သြားသလိုပဲ"
Computer​ေပၚတြင္​​ေပၚ​ေန​ေသာ.ဖြားဖြားနဲ႔ဖြား​ေလး
"အလုပ္​မ်ားလို႔ျဖစ္​မွာပါ"
"အလုပ္​လုပ္​တာလဲ လုပ္​​ေပါ့​ေျမးရယ္​ က်န္​းမာ​ေရးလဲဂ႐ုစိုက္​ဦး"
"ဟုတ္​ကဲ့ ဒါနဲ႔ က​ေလးက​ေရာ"
"အမ​ေလးခုမွ​ေမး​ေဖာ္​ရ​ေတာ့တယ္​"
ခ်ဳန္​း​ေမး​ေတာ့သဲသစၥာအသံက်ယ္​ႀကီးႏွင္​့​ေအာ္​​ေန​ေသာ​ေၾကာင္​့
"အသံနား​ေထာင္​ရတာ​ေတာ့ အဆင္​​ေျပ​ေနတဲ့ပုံပါ"
"ဒီ​ေမာင္​ႏွမႏွစ္​​ေယာက္​က​ေတာ့​ေလ ​ေျပာရင္​းဆိုရင္​းနဲ႔ က​ေလး​ေတာင္​ႏိုးလာၿပီ လာပါဦးဖြားဖြားဆီကို"
ဖြားဖြားတို႔က က​ေလးအားခ်ီကာ
"​ေျမး ဒီမွာ မင္​းတူမ​ေလး ခ်စ္​စရာအရမ္​း​ေကာင္​းတယ္​​ေနာ္​"
ခ်ဳန္​း Screen​ေပၚက က​ေလး​ေလးအားၾကည္​့ကာ.ျပဳံးၿပီး
"နင္​့မတူလို႔ပိုလွတယ္​သိလားမိသစ္​"
"​ေကာင္​စုတ္​ ငါ့သမီးကငါ့တူလို႔လွတာဟဲ့"
Ph​ေျပာရင္​းကို ထသတ္​​ေန​ေသာ ​ေမာင္​ႏွမႏွစ္​​ေယာက္​
"အဲ...အူဝဲ"
"ငါ့ျမစ္​​ေလးက ႏို႔ဆာတယ္​ထင္​တယ္​ ႏို႔တိုက္​လိုက္​ဦး"
"ဟုတ္​ဖြားဖြား"

"​ေျမး"
"​ေျပာ​ေလဖြားဖြား"
"ဖြားဖြားတို႔လဲ ဘယ္​​ေတာ့မွျမစ္​ခ်ီရမွာလဲ"
"ခုခ်ီ​ေနရၿပီမဟုတ္​လား"
"ဘယ္​တူပါ့မလဲ ဖြားဖြား​ေျပာတာ မင္​း​ေမြးတဲ့က​ေလးကို​ေျပာတာ"
"..........."
ခ်ဳန္​း ဘာမွျပန္​မ​ေျဖမိ
"စံအိမ္​မွာ ဘာမွ​ေထြ​ေထြထူးထူးမ႐ွိဘူးမလား"
"ဟုတ္​"
"ဒါနဲ႔ သမီးနန္​းဒီလကုန္​ျပန္​လာမယ္​တဲ့ မင္​းတို႔ႏွစ္​​ေယာက္​ရင္​းႏွီးမႈရ​ေအာင္​စံအိမ္​မွာဖို႔​ေနဖို႔​ေျပာထားတယ္​"
ဖြားဖြားစကား​ေၾကာင္​့ ခ်ဳန္​းအလိုမက်စြာ
"က်စ္​!!!!!ကြၽန္​​ေတာ္​့ကိုအသိ​ေပးတာလား"
"ဆိုပါ​ေတာ့ သမီးနန္​းကသူစိမ္​းမွမဟုတ္​တာ မင္​းရဲ႕သတိူ႔သမီး​ေလာင္​းပဲ​ေလ"
".........."
"ဖြားဖြားတို႔က ​ေနာက္​လမွ ျပန္​​ေရာက္​မွာဆို​ေတာ့ သမီးနန္​းကအရင္​​ေရာက္​​ေလာက္​တယ္​ နန္​း​ေလးကို ဂ႐ုစိုက္​လိုက္​​ေနာ္​ဖြားဖြားဖုန္​းခ်ၿပီ"
ဖြားဖြားတို႔Phခ်သြား​ေတာ့ ခ်ဳန္​း ဝရန္​တာသို့ထြက္​ကာ
​​ေဆးလိပ္​တိုကို ႏႈတ္​ခမ္​း​တြင္​​ေတ့ကာ မီးညႇိလိုက္​ၿပီး ႐ႈိက္​ဖြာလိုက္​သည္​
ဒီ​ေန႔လည္​း သူ႔အနားသူမမ႐ွိ​
သူကိုယ္​တိုင္​ကလဲ ​ေအာက္​က်​ေနာက္​က်ခံကာ သြား​ေခၚမည္​မဟုတ္​
ကိုယ္​မွားခဲ့တာဆို​ေပမယ္​့ ​ေနာင္​တမရ
သူမရဲ႕အရာရာကိုပိုင္​ဆိုင္​ခ်င္​တဲ့စိတ္​​ေၾကာင္​့ အမွား​ေတြက်ဴးလြန္​မိခဲ့သည္​မလား
မာန​ေတြတင္​းခံ​ေန​ေပမယ္​့ ႏွလုံးသား​ေလးက​ေတာ့ လြမ္​းဖ်ါးဖ်ား​ေနခဲ့ၿပီမဟုတ္​လား

နန္​းျပန္​လာ​ေတာ့မယ္​တဲ့​ေနာ္​
ဘယ္​လို​ေတြဖ်က္​ဦးမလဲ မသိဘူး

#ဖန္​ဆင္​းရွင္​

Unicode👇👇👇

⛈️⛈️ကိုယ့်ဘဝရဲ့ နတ်မိမယ်⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်တော်အတိုင်း💕

Episode ♥ 14 ♥

"မယ်ကဦးချုန်းအတွက်ဘာလဲ"
သူမအမေးကြောင့် ချုန်းခပ်တွေတွေလေးဖြစ်သွားရသည်
သူ...ဘယ်တော့မှအဖြေထုတ်မဖူးခဲ့
"ဖြေလေဦးချုန်း"
မယ် ကြားသိချင်စွာပြန်မေးလိုက်မိသည်
သို့ပေမယ့်
"ငါမသိဘူး ဒါပေမယ့် မင်းငါ့အနားမှာအမြဲရှိနေရမယ်"
မယ်လိုချင်သောအဖြေမဟုတ်ခဲ့
မယ် ငိုချင်စိတ်ကိုအားတင်းကာ နောက်ဆုံးမေးခွန်းတစ်ခုကိုမေးလိုက်သည်
"မယ်က ဦးချုန်းအနားမှာရှိနေရမှာဆိုတာ ဘယ်လိုမျိုးလဲ ခုအတိုင်းလား"
"ကျစ်!!!!!!ဘာလို့စိတ်ရှုပ်စရာတွေလာပြောနေတာလဲ"
ချုန်း အဖြေမရှိသောသူမမေးခွန်းတွေကြောင့် ဦးစွာရှောင်ထွက်လာခဲ့သည်
အပြင်ထွက်သွားသည့်ဦးချုန်းကျောပြင်အားကြည့်ကာ ထိန်းထားရသည့်မျက်ရည်များကပါးပြင်ပေါ်သို့
"မယ် ဦးချုန်းအနားမှာ နေပေးဆိုနေပေးနိုင်ပါတယ်ဒါပေမယ့် မယ်လိုချင်တာတစ်ခုထဲပဲ အဲ့တာဦးချုန်းနှလုံးသား"
တိတ်ဆိတ်သော အခန်းကြီးထဲတီးတိုးရေရွတ်လိုက်မိရင်း

💛💛𶰽°°°°°💛💛°°°°°💛💛°°°°°💛💛

ဒီနေ့နဲ့ဆို မယ်သူ့ကိုစကားကောင်းကောင်းမပြောတာ၃ရက်လောက်ရှိပြီ
သူမဒီလိုဖြစ်နေရင် မနေတတ်တာအမှန်
ချော့ဖို့လည်းမတွေး တော်ကြာအဲ့မေးခွန်းကိုထပ်မေးလာလျှင် သူ့မှာအဖြေမရှိ
ညနေပိုင်း ကျောက်မျက်ရတနာပြပွဲရှိသဖြင့်ပြင်ဆင်နေရင်း
နံဘေးမှာ ကျောက်ရုပ်သဖွပ်ရပ်နေသော သူမအားကြည့်ကာ
"မယ်"
"ပြောလေဦးချုန်း"
အရင်နေ့များကဲ့သို့ ရွှင်ရွှင်ပျပျမရှိ
"အနားလာခဲ့"
"အဲ့ကနေပြောလည်းရတာပဲကို"
"လာဆိုလာခဲ့ လင်းအပြင်မှာစောင့်နေ"
မယ် သူ့အနားကိုဘောက်ဆပ်ဆပ်လာခဲ့ပြီး
"ပြော"
"ငါ့အကျႌကူဝတ်ပေး"
"အကိုလင်းကိုခိုင်းလဲရနေတာကို"
မယ်ပွစိပွစိပြောကာ သူခိုင်းတာကိုလဲမလုပ်ပဲမနေရဲ
ခုနကအကိုလင်းပြင်ဆင်ပေးသွားသောကြောင့် ဘာမှထွေထွေထူးထူးမလုပ်ပေးလိုက်ရ
"ပြီးပြီ"
လုပ်ပေးပြီးသည်နှင့် အနောက်သို့ဆုတ်သွားသော သူမ
"အဆင်ပြေလား ကြည့်ပေး"
မယ် သက်ပြင်းလေးချကာ သူ့အားတစ်ချက်ကြည့်လိုက်ပြီး
"ပြေတယ်ပြေတယ်"
"မင်းခုတလောကိုယ့်ကိုစကားမပြောဘူး"
"ပြောပါတယ်"
"ငါထင်တာ....မင်း!!!!!!"
"သခင်လေး အချိန်နီးနေပါပြီ"
လင်း အပြင်ကလှမ်းပြောလိုက်သဖြင့် စကားတွေရပ်တန့်သွားကာ
"ငါသွားတော့မယ်"
"အင်း"

ကားပေါ်တွင် ထိုင်ခုံကိုမှီကာ မျက်လုံးမှိတ်နေလျက်
အတွေးတွေကတော့ရှုပ်ထွေးနေစွာ
"လင်း"
"ပြောပါသခင်လေး"
ချုန်း ပြောရမလားမပြောရဘူးလားတွေးနေပြီးမှ
"ငါနဲ့မယ်ကို.ဘယ်လိုထင်လဲ"
"ဗျာ...."
လင်းကြောင်အမ်းအမ်းဖြစ်သွားရသည်
"သခင်လေးမေးတာက....."
"ထားတော့ စိတ်ရှုပ်တယ် ကျစ်!!!!!!"
"သခင်လေးနဲ့ မိန်းကလေးကအရမ်းလိုက်ဖက်တယ် မိန်းကလေးရောက်လာပြီး သခင်လေးပြောင်းလဲသွားတာသိရဲ့လား"
"အင်း သူနဲ့ငါအဆင်ပြေနေတာပဲလေ ရှေ့ဆက်ပြီးလည်းခုလိုနေလို့မရဘူးလား"
"နေလို့ရပေမယ့် ခုလိုပျော်ရွှင်ရမှာတော့မဟုတ်ဘူး သခင်လေးကသူ့ကိုဘယ်လိုမျိုးခေါ်ထားချင်တာလဲစဉ်းစားကြည့်ပါ အကယ်၍ သခင်လေးကသူ့ကိုလက်ထပ်လိုက်မယ်ဆိုရင်တောင် မိန်းကလေးကလက်ခံမှာမဟုတ်ပါဘူး မိန်းကလေးစိတ်ကခန့်မှန်းရလွယ်ပါတယ်"
"ဘာလို့လဲ"
"သခင်လေး သူ့ကို'ချစ်တယ်´လို့မပြောဖူးဘူးမလား"
"ချစ်တယ်ဆိုတဲ့ စကားကအဲ့လောက်ထိလိုအပ်လို့လား"
လင်းပြုံးလိုက်ပြီး
"သခင်လေး မိန်းကလေးချစ်တာကိုလိုချင်တယ်မလား"
"မင်း ဘယ်လိုသိ!!!!!!"
"ရှင်းရှင်းလေးပါသခင်လေး သခင်လေးလိုချင်သလိုမိန်းကလေးလဲလိုချင်မှာပဲ သခင်လေးကြားချင်တဲ့စကားကို သူလဲ ကြားချင်နေမှာပါ
ချစ်တယ်ဆိုတဲ့စကားကရိုးရှင်းပေမယ့် ကိုယ်ချစ်တဲ့သူဆီကကြားဖို့ လူတိုင်းမျှော်လင့်ကြပါတယ်"
"ဘာလို့ဒီလောက်ရှုပ်ယှက်ခပ်နေရတာလဲ"
"ရှုပ်နေတာက သခင်လေးပါ သခင်လေးရဲ့နှလုံးသားကိုဖွင့်လိုက်ပါ အကုန်လွယ်ကူသွားလိမ့်မယ်"

ချုန်း သတင်းထောက်ထောက်တွေကို ကျော်ဖြတ်ကာ ခန်းမထဲဝင်ရောက်လာခဲ့သည်
ချုန်း ခန်းမထဲသို့ရောက်လျှင် နှုတ်ဆက်ကြသော လူအများအပြား

"သခင်လေးရဲ့ ဂုဏ်သတင်းကတော့အရမ်းကိူကျော်စောပါတယ်"
"ချီးမွမ်းလွန်းနေပါပြီ"
ချုန်း လုပ်ငန်းရှင်တွေနှင့် နှုတ်ဆက်လိုက်စီးပွားရေအကြောင်းဆွေးနွေးလိုက်လိုက်ဖြင့်
"သခင်လေးအဆင်ပြေပါရဲ့လား"
ဝိုင်သောက်တာများနေပြီဖြစ်သော ချုန်းအားလင်းအနားကပ်ကာမေးလိုက်သည်
"ဒီလောက်နဲ့တော့မမူးပါဘူး"
"ဟုတ်"

"ချုန်း"
နောက်ပါးမှခေါ်သံကြောင့် ချုန်းမျက်ဝန်းတွေအရောင်ပြောင်းသွားရကာ တစ်ဆက်ထဲလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်
ဒီအသံကို သူမှတ်မိသည်
ဒါဟိုမိန်းမကြီးအသံ
ချုန်း ဒေါသထွက်လာကာအသက်ရှူနှုန်းတွေပင်မြန်လာရသည်
"လင်းသွားမယ်"
ချုန်း ထွက်သွားဖို့ပြင်လိုက်လျှင်
"ချုန်း ခဏနေပါဦး"
ဒေါ်မိုးမြင်သဇင် နံဘေးကသားငယ်ကိုဆွဲကာ ချုန်းရှေ့သို့ပြေးသွားလိုက်ပြီး
"မတွေ့တာကြာပြီနော် ချုန်းလေး"
ချုန်းမျက်ဝန်းစူးတွေဖြင့်ကြည့်ကာ
"ခင်ဗျား ကျုပ်ကိုခေါ်စရာမလိုဘူး"
"သား...ဒီနှစ်တွေမှာ အဆင်ပြေတယ်မလား သားအရမ်းတော်တာပဲ"
"အဟက်"
ချုန်း နာကျင်စွာ ရီလိုက်ပြီး
"ဘယ်သူက ခင်ဗျားသားလဲ ရီရတယ်နော်ပစ်သွားတုန်းကပစ်သွားပြီး ခုမှသားလာတော်ချင်နေတယ် ကျုပ်မှာအမေမရှိဘူး"
"သား...."
"မခေါ်နဲ့ ခင်ဗျားပါးစပ်ကအဲ့အသံကြားရတာရွံလွန်းလို့"
"မာမီတောင်းပန်ပါတယ် အဲ့တုန်းကမာမီ!!!!!!!"
"Sorryပဲ ကျုပ်မှာအရေးမပါတဲအကြောင်းကိုနားထောင်ဖို့အချိန်မရှိဘူး ခင်ဗျားဘာသာရွေးသွားတဲ့လမ်း ဆုံးတဲ့ထိလျှောက် လာသနားပြနေစရာမလိုဘူး"
"ချုန်းရယ် မာမီမရည်ရွယ်ခဲ့ပါဘူး"
"မရည်ရွယ်ခဲ့လည်း ကျုပ်ဒယ်ဒီကသေသွားခဲ့ရပြီးပြီ ပြန်မရှင်လာနိူင်တော့ဘူး ခင်ဗျားကျုပ်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲထွက်သွားတဲ့နေ့ထဲက ကျုပ်ဘဝထဲမှာရော ကျုပ်ရင်ထဲမှာရော ခင်ဗျားအတွက်နေရာမကျန်တော့ဘူး"
"မာမီနားလည်ပါတယ်"
ဒေါ်မိုးမြင့်သဇင် နံဘေးကကောင်လေးငယ်ငယ်အား
"သားငယ် သူကမင်းအစ်ကိုကြီးလေ နှုတ်ဆက်လိုက်ပါဦး"
ထိုဆယ်ကျော်သက်အရွယ်ကောင်လေးကချုန်းအားဦးညွတ်လိုက်ပြီး
"မင်္ဂလာပါအစ်ကို"
"မခေါ်နဲ့ မင်းနဲ့ငါဘာမှမပတ်သက်ဘူး"
ချုန်းအော်လိုက်တော့ အမေဖြစ်သူအား မျက်နှာလေးမဲ့စွာကြည့်လိုက်လျှင်
"ချုန်း ဘယ်လိုပြောလိုက်တာလဲကွယ်.သူကမင်းရဲ့!!!!!!"
"ဒီမှာ ခင်ဗျားမှတ်ထားဖို့က ထစ်ချုန်းမိုးက ဘုရင့်နန်းတော်စံအိမ်ကြီးရဲ့ အရှင်သခင် မောင်နှမမရှိဘူး အမေမရှိဘူး တစ်ဦးတည်းသောဘုရင်ပဲ ခင်ဗျားမရှိလဲ ကျုပ်ဘဝမှာ အကုန်ပြည့်စုံပြီးသားပဲ"
ချုန်း စကားဖြင့်အနိုင်ပိုင်းဖြတ်လာကာ မိခင်ဖြစ်သူရှေ့မှ ထွက်လာခဲ့သည်
အပြင်မှာသာ အနိုင်ပြောခဲ့မိပေမယ့် သူရင်ထဲမှာ နာကျင်နေစွာ
ဘာလို့ သူ့ရှေ့ကိုထပ်ခါထပ်ခါပေါ်လာပြီးဒဏ်ရာတွေလာလာပေးနေကြတာလဲ
သူ့ကိုတစ်ချက်တောင်လှည့်မကြည့်ပဲ ကျောခိုင်းသွားပေမယ့် အဲ့ကောင်လေးကိုကျ မိခင်မေတ္တာအပြည့်နဲ့
ဘာလို့လဲ သူ့ကိုကျ ဘာလို့ထားသွားခဲ့တာလဲ
ချုန်းမေးလိုက်ချင်ပေမယ့် ရင်ထဲမှာပဲ မြိုသိပ်ထားမိသည်
ဘယ်သူ့ရှေ့မှာမှ သူ့မပျော့ညံ့ချင်
ခုချိန်တမ်းတမိသည်က သူမတစ်ယောက်ထဲ
သူမသာ အနားမှာရှိနေရင်သိပ်ကောင်းမှာပဲ
ချုန်း အနားကစားပွဲပေါ်မှာရှိတဲ့ ခပ်ပြင်းပြင်းဝိုင်တွေအားတစ်ခွက်ပြီးတစ်ခွက်မော့သောက်လိုက်သည်
"သခင်လေး"
လင်းတားချင်ပေမယ့်လည်း သခင်လေးရင်ထဲကဒဏ်ရာကိုရိပ်စားမိသည်မို့ မတားဖြစ်ခဲ့
ခဏလောက်နေတော့
"လင်း ငါစံအိမ်ပြန်ချင်တယ်"
"ဟုတ်"
လင်း အနည်းငယ်ရီဝေနေပြီဖြစ်သော ချုန်းအားတွဲကာ ကားထံသို့သွားရင်း

💙💙°°°°°💙💙°°°°°💙💙°°°°°💙💙

လင်းချုန်းအား တွဲပို့ရင်း
မမူးဘူးဆိုပေမယ့် အနည်းငယ်ရီဝေနေစွာ
ချုန်းအခန်းပေါက်ဝရောက်တော့
"ရပြီ မင်းနားတော့"
"အဆင်ပြေပါ့မလား သခင်လေး"
"အင်း"
ချုန်း အခန်းထဲဝင်သွားတော့ သူမရှိမနေ
သို့ပေမယ့် အောက်ထပ်မှာလဲမတွေ့ခဲ့
ရေချိုးခန်းမှ ရေသံကြောင့် သူမရေချိုးခန်းထဲမှာဖြစ်လိမ့်မယ်
ချုန်း ကုတင်ပေါ်တွင်လဲကျလိုက်ကာ တဆစ်ဆစ်ထိုးကိုက်နေသောခေါင်းအားလက်ဖြင့် ကိုင်လိုက်ပြီး
"ကျစ်!!!!!"
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
ထိုစဉ် စားပွဲပေါ်မှ သူမဖုန်းမြည်လာသောကြောင့် ချုန်းယူကာကြည့်လိုက်တော့ နာမည်မှတ်မထား
ချုန်း 'ဘယ်သူလဲ´ဟုတွေးကာဖုန်းအားကောက်ကိုင်ရင်း
"ဟဲလို"
တစ်ဖက်မှယောက်ျားသံကြောင့် ချုန်းမကြည်လင်နေသောစိတ်များအစားဒေါသတွေကဝင်ရောက်လာရသည်
သူမရှိနေသည့်ရေချိုးခန်းဘက်သို့ကြည့်လိုက်ပြီး လက်သီးကိုကျစ်နေအောင်ဆုပ်ထားမိ၍
ဖုန်းထဲကယောက်ျားသံကဆက်၍
"ဟဲလို မယ် ကိုယ်တောင်းပန်ပါတယ်နော် တစ်နေ့လုံးမအားလို့မဆက်ဖြစ်လိုက်ဘူး"
"........."
ချုန်း ရင်အုပ်ကြီးနိမ့်ချည်မြင့်ချည်ဖြစ်နေသည်ထိ ဒေါသတို့ကအလိပ်လိပ်ထွက်နေလျက်
စိတ်ထဲတွင်လည်း လုပ်ရက်လေစွဟုတွေးမိသည်
"မယ်...နားထောင်နေတာလား ကိုယ့်စိတ်ဆိုးနေတာလားကွာ"
"မင်းနောက်ကို သူ့ကိုဖုန်းမဆက်မိစေနဲ့"

တီ...တီ...တီ
အေးစက်စက်စကားသံနှင့်အတူကျသွားသည့်ဖုန်းလေး
"ဟဲလို....ဟဲလို မယ်"
ဆက်စိုးရိမ်တကြီး ခေါ်သော်လည်းဖုန်းလေးကကျသွားခဲ့ပြီ
"ခုနကဘယ်သူလဲ"
သေချာတာကတော့ယောက်ျားလေးအသံဆိူတာ.မှားနိုင်ဖွယ်မရှိ နာရီကိုလှမ်းကြည့်လိုက်တော့ ၈နာရီထိုးပြီးပြီ
မယ့် အလုပ်ရှင်ပဲနေမှာပါဟု ဖြေကာတွေးရင်း

မယ် ကိုယ်လက်ဆေးပြီးထွက်ခဲ့တော့ ကုတင်ပေါ်ကနေဒေါသမျက်ဝန်းများနှင့်ကြည့်နေသော.ဦးချုန်းကြောင့် လန့်သွားရကာ
"ဦးချုန်း ပြန်ရောက်တာစောတယ်နော်"
"........"
ဘာမှပြန်မဖြေပဲစူးစိုက်စွာ ကြည့်နေလျက်
မယ်ခေါင်းလေးငုံ့ကာ ကုတင်နားကစားပွဲပေါ်တင်ထားသည့်ခေါင်စည်းကြိုးလေးအားယူဖို့သွားလိုက်သည်
မယ်တကယ်တော့ငိုထားသည်ကိုသူမရိပ်မိစေရန် မျက်နှာသစ်နေခြင်းပင်
မယ်ညနေကစံအိမ်ကအလုပ်သမားတွေဆီက မထင်မှတ်ပဲ ကြားခဲ့ရသည်က.....

💭💭💭💭💭
မယ် သူထွက်သွားပြီးအောက်ထပ်သို့ဆင်းလာခဲ့လျှင်
"ဟဲ့နင်ကြားပြီးပြီလား"
"ဘာကိုလဲ"
"ဟိုနေ့က သခင်လေး ဦးဗိုလ်ထွဋ်ကိုထိုးလိုက်တယ်လေ"
"ဦးဗိုလ်ထွဋ်ဆိုတာက ဟိုတရားမဝင်သားမလား"
"အေး မနေ့ကသခင်လေးပုံစံက သတ်တော့ဖြတ်တော့မယ့်အတိုင်းပဲ"
"ဟုတ်လား သခင်လေးကအမြဲမျက်နှာတည်ကြီးနဲ့နော် ဦးဗိုလ်ထွဋ်က တရားမဝင်သားဆိုတော့ အဆင်မပြေတာမဆန်းပါဘူး"
"သခင်လေးက တော်ရုံတန်ရုံအရေးလုပ်တာမဟုတ်ဘူး ပြီးတော့မနေ့က....."
ထိုကောင်မလေးက ပတ်ဝန်းကျင်ကိုသေချာကြည့်လိုက်ပြီး
"မနေ့က ဦးဗိုလ်ထွဋ်က မိန်းကလေးမယ်ရဲ့ လက်ကိုဆွဲပြီး ကြိုက်တယ်လို့ပြောခဲ့တာလေ"
"တကယ်လား အရင်ကောင်မလေးတွေကိုလဲအဲ့လိုပါပဲ"
"မတူတာကသခင်လေးလေ သခင်လေးကိုကြည့်ရတာ ထသတ်တော့မယ့်အတိုင်းပဲသိလား"
"ဟုတ်တယ်နော်သခင်လေးက မိန်းကလေးမယ့်ကိုနည်းနည်းတော့ပိုတယ် ဟိုနေ့ကလဲ ကြည့်ပါလား ခြေထောက်ကိုဖန်ကွဲစူးကာ အလုပ်သမားတွေကိုအလုပ်ထုတ်လိုက်တယ် ကြည့်ရတာ မိန်းကလေးမယ်ကို သဲသဲလှုပ်ချစ်ပုံပဲ"
"ချစ်လဲ ဘာလုပ်ရမှာလဲ အချိန်တန်ရင် မမလေးနန်းကိုလက်ထပ်ရမှာပဲလေ"
"သူကဘယ်သူလဲ"
"နန်းထိပ်ထားလေ အမျိုးကြီးအဆွေကြီးထဲကပဲ ငယ်ကထဲကစေ့စပ်ထားတာ နိုင်ငံခြားမှာကျောင်းတက်နေတာမို့မမြင်ဖူးတာလေ ပြန်လာရင်လက်ထပ်ကြမှာ"
"အဲ့တာဆို မိန်းကလေးမယ်ကျရော"
"သူက ဒီကြားထဲ ဒီစံအိမ်ကြီးရဲ့မျိုးဆက်ကိုမွေးပေးရုံပဲ အချိန်တန်ထွက်သွားရမှာ သခင်လေးသဘောကျလို့ ခေါ်ထားချင်ရင်တောင်အငယ်အနှောင်းပဲ"
'အငယ်အနှောင်း´တဲ့လား
မယ့်ရင်တွေကြေကွဲမတတ်ပါပဲ
အဆုံးသတ်မလှတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဘယ်လိုအင်အားမျိုးနဲ့ရှေ့ဆက်ရမှာလဲ
သူ့အချစ်တွေနဲ့ရှေ့ဆက်ဖို့ကလဲ သူ့နှုတ်ဖျားကချစ်တယ်လို့တောင်တစ်ခါမှမပြောဖူးတာ
မယ်ဆိုတာ အချိန်တန်ရင် သူ့ဘဝထဲကကွယ်ပျောက်ရမှာပဲလေ
ဒီထက်ပိုပြီး ဆိုးမလာခင် သူ့အနားကနေထွက်ပြေးချင်မိတယ်
မယ်သူ့ကိုချစ်တယ် ဒါပေမယ့် သူများယောက်ျားကိုလုယူတဲ့လူတော့မဖြစ်ချင်ဘူး
💭💭💭💭💭

မယ် အတွေးနဲ့တင်ကို ရင်ထဲကစူးခနဲ
မယ်အသက်ကိုပင့်သက်ရှိုက်ရှူလိုက်ပြီး သူ့ရှေ့ကအထွက်
မယ့်လက်တွေကို.ဆွဲလိုက်သည့် သူ
"ငါ မင်းကိုမေးစရာရှိတယ်နတ်မိမယ်"
ငါဆိုသော အသုံးအနှုန်းကြောင့် သူတစ်စုံတစ်ရာကိုမကျေနပ်နေသည်ကိုတပ်အပ်သိရင်း
"မေးလေ"
"မင်း ဘယ်ကောင်နဲ့အဆက်အသွယ်လုပ်သေးလဲ"
မယ် ကိုဆက်နဲ့စကားပြောတာ မိသွားပြီလားဟူသော အတွေးကြောင့် ရင်တွေဒိန်းခနဲ
သို့ပေမယ့် အမူအယာကိုထိန်းကာ
"ဟင့်အင်း"
သူသိရင် မယ့်ကိုသတ်လိမ့်မယ်
မယ် သူ့ဒေါသကိုကြောက်သောကြောင့် လိမ်ပြောမိလိုက်သည်လေ

ချုန်း.နာကျင်စွာရီလိုက်ရင်း
ဘာလို့ သူ့ကိုနာကျင်အောင်လုပ်နေကြတာလဲ
သူ့အနားမှာခေါ်ထားချင်တဲ့တစ်ဦးတည်းသော.မိန်းကလေးကဘာလို့သစ္စာမရှိရတာလဲ
ဘာကြောင့်လဲ
ဘာလို့ကံတရားကြီးက သူ့အပေါ်ရက်စက်နေရတာလဲ
ချုန်း လက်ထဲကဖုန်းကိုမြောက်ပြကာ
"ခုနက လူတစ်ယောက်ဖုန်းဆက်တယ်"
"ဟင်"
"မင်းမသိဘူးပေါ့ ရတယ် အာ့ဆိုဘယ်သူလဲဆိုတာစစ်ဆေးပြီးသတ်ပစ်မယ် ငါပိုင်တဲ့မိန်းကလေးကိုပတ်သက်ရဲတဲ့အတွက်အပြစ်ဒဏ်ပဲ"
"ဦးချုန်း !!!!!!"
ချုန်း သူ့အားအော်လိုက်သောမယ်ကြောင့် ဒေါသတွေကပိုထွက်လာရကာ
သူမပါးအားလက်ဖြင့် ညစ်လိုက်ပြီး
"မင်းငါ့ကိုအော်တယ်ပေါ့မယ်"
မယ် သူ့လက်တွေအားဖြုတ်ချလိုက်၍
"အရူးထမနေပါနဲ့တော့"
"နတ်မိမယ် မင်းငါ့ကိုအဲ့ကောင်ကြောင့်ပြန်ခံပြောနေတာပေါ့"
"........"
"အဲ့ကောင်ကမင်းနဲ့ဘာတွေလဲ ဘယ်လိုပတ်သက်နေတာလဲ"
ဝိုင်အရှိန်ကြောင့်ရောလားမသိ ဒေါသတွေကမထိန်းနိုင်စွာ
"မယ်နဲ့ ကိုဆက်နဲ့က ဘာဆိုဘာမှမပတ်သက်ဘူး ဟုတ်ပြီလား"
သူမပြောတော့စိတ်အေးသွားသော်လည်း မရပ်တန့်သေးသောဒေါသများက
"ငါ မင်းအလိမ်အညာတွေကိုယုံမယ်ထင်နေလား"
မယ် ရင်ထဲဝမ်းနည်းသွားရသည်
အစထဲကဝမ်းနည်းစိတ်များနှင့်အတူ ငိုချင်စိတ်ကိုထိန်းရင်း
မယ်က ဦးချုန်းအတွက်ကစားစရါအရုပ်သာသာပဲ
တစ်ချိန်ချိန်ဦးချုန်းရဲ့လက်တွဲဖော်အစစ်ပြန်လာရင် မယ်ကအစွန့်ပစ်ခံရမှာပဲလေ
မယ် သူ့အတွက်ခံစားရတာမလုံလောက်သေးလို့လား
"ယုံတာမယုံတာဦးချုန်းအပိုင်းပါ"
"နတ်မိမယ် မင်းကိုငါဘာပြောထားလဲ ဘယ်ကောင်နဲ့မှမပတ်သက်ဖို့အတန်တန်မှာထားတယ်ဒါကိုမင်းက....တောက်"
ချုန်းတောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်မိသည်
"မယ့်ကိုဦးချုန်းမပိုင်ဘူး မယ်သတ်မှတ်ထားတဲ့အချိန်ပြည့်ရင်ထွက်သွားရမှာပဲလေ ဒီအတောအတွင်း မယ်ဘယ်ယောက်ျားလေးနဲ့မှမပတ်သက်ရင်ပြီးရောမလား မယ်စကားမယ်တည်တယ်"
"မဟုတ်ဘူး ငါကမင်းကိုထွက်သွားခွင့်ပေးမယ်ထင်လားနတ်မိမယ် မင်းတစ်ဘဝလုံးငါ့အနားမှာပဲနေရမယ်"
အတ္တကိုဦးစားပေးနေသည့် သူ့စကားများကြောင့် မယ်မျက်ရည်များကြားမှပြုံးလိုက်ပြီး
"မယ်မနေနိုင်ဘူးဦးချုန်း"
"ဘာ!!!!!ဘာလဲ အဲ့ကောင်ကြောင့်လား မင်းကအဲ့ကောင်နဲ့ကြိုက်နေတာကြောင့်လား ဟမ်"
မယ် ရင်ခုန်သံကိုလိမ်ညာလိုက်ပြီး
"ဟုတ်တယ်ဆိုရင်ရော"
"နတ်မိမယ်!!!!!!"
ချုန်း သူမပုခုံးအားကြမ်းတမ်းစွာ ကိုင်လှုပ်၍
သူမစကားတွေက ချုန်းရင်ကိုချွတ်ထက်သော အရာဖြင့်ထိုးနေသည့်အလား
ပထမဆုံးအနေနဲ့ မိန်းကလေးတစ်ယောက်ကိုယုံကြည်မိခဲ့တယ်
ဒီခံစားမှု.....ဟုတ်တယ် ဒယ်ဒီလဲဒီလိုခံစားခဲ့ရမှာပဲဒါကြောင့် သူ့ကိုယ်သူသတ်သေသွားခဲ့တာ
မိန်းမတွေအကုန် သစ္စာမရှိဘူး
သို့ပေမယ့် သူမကိုလက်မလွတ်နိုင်
"မယ် နာတယ်ဦးချုန်း မယ့်ကိုလွတ်"
"မင်းငါ့ကွယ်ရာမှာ အဲ့ကောင်နဲ့ဘယ်ကထဲကဆက်သွယ်နေခဲ့တာလဲ "
"နေ့တိုင်းပဲ"
"တောက်!!!!!!မင်းကွာ ငါပြောတဲ့စကားကိုဘာလို့အလေးအနက်မထားခဲ့တာလဲ"
"ဦးချုန်းသိဖို့က မယ်ဦးချုန်းစကားကို နားထောင်ခဲ့တယ် ကိုဆက်နဲ့မယ်က ဦးချုန်းထင်သလိုမဟုတ်ဘူး"
"အဲ့တာဆို မင်းနဲ့သူက ဘယ်လိုပတ်သက်တာလဲ"
"သူကမယ့်အဖေရဲ့ ဆရာဝန် ခုထိသူနဲ့မယ်ကရိုးရိုးသားသားပဲ"
သူမစကားကြားမှပဲ စိတ်အေးသွားရသည်ချုန်းဒေါသကိုလျော့ချလိုက်၍
"မင်းအဲ့ကောင်နဲ့ထပ်မဆက်သွယ်နဲ့"
"ဘာလို့လဲ ဦးချုန်းက မယ့်သခင်လေးအနေနဲ့အမိန့်ပေးနေတာလား"
မယ် သူ့ထံမှကြားချင်သောစကားကြားရမလားဟုတွေးကာတမင်မေးလိုက်ပေမယ့်
"ဘာကြောင့်ပဲ ဖြစ်ဖြစ်ငါတားမြစ်တယ်"
မယ် မျက်ရည်တွေကိုဖိသုတ်ပစ်ကာ
"စိတ်ချပါဦးချုန်း တစ်လအတွင်းဦးချုန်းစကားကိုနားထောင်ပါ့မယ်"
"တစ်လ.....အဲ့တာမင်းဘာကိုဆိုလိုတာလဲ"
"မယ် ဒီတစ်လပြီးရင် မယ့်တာဝန်ပြီးသွားပြီ အဲ့ကျမယ်နဲ့ဦးချုန်းကြား ဘာဆက်ဆံရေးမှမရှိတော့ဘူး"
"ဘယ်သူ့သဘောနဲ့လဲ"
"မယ် ကိုဆက်နဲ့ဒီကြားထဲအဆက်အသွယ်မလုပ်ပဲနေမယ် မယ်တာဝန်ပြီးသွားရင်တော့ မယ့်သဘောပါ"
ချုန်းဆောက်တည်ရာမရဖြစ်သွားကာ
"မရဘူး မင်းတစ်ဘဝလုံးကို ငါပိုင်တယ်မယ်"
"တော်ပါတော့ဦးချုန်းရယ် မယ်ဦးချုန်းအနားမှာ ရှိမနေချင်တော့ဘူး မယ်မနေချင်ဘူး"
ချုန်းနာကျင်စွာ ရီလိုက်၍
"အဟက်ဘာလဲ အဲ့ကောင်အနားမှာမှနေချင်တာလား"
မယ် စိတ်ထဲကမပါပေမယ့်လည်း ဦးချုန်းကိုအနိုင်လိုချင်စွာ
"ဟုတ်တယ် ကိုဆက်ကမယ်ကို ချစ်တယ် ဒါကြောင့် မယ်သူ့အနားမှာနေချင်တယ် ဦးချုန်းကျရော မယ်ကိုအနားမှာသာရှိစေချင်တာ ချစ်မှမချစ်တာ မယ်ကိုမချစ်တဲ့သူအနားမှာ မယ်မနေချင်ဘူး ကိုဆက်ကမယ့်ကိုပျော်ရွှင်စေမှာ ပြီးတော့ဦးချုန်းမှာလဲလက်ထပ်ရမယ့်သူရှိနေတာပဲ မဟုတ်ဘူးလား"
ချုန်း သူမစကားတွေကြောင့် မခံနိုင်စွာ
"နတ်မိမယ် မင်းကိုငါပဲပိုင်တယ် မင်းသေတဲ့ထိ ငါ့အနားမှာပဲနေရမယ် မင်းစိတ်နဲ့ခန္ဓာကငါ့အတွက်ပဲ"
ချုန်း စိတ်တွေကိုလွတ်ချလိုက်ပြီး ဒီညတော့သူမကို သူအလွတ်ပေးမည်မဟုတ်
သူမက သူ့အတွက်သာဖြစ်ရမည်
ချုန်း သူမအားကုတင်ပေါ်တွန်းလှဲလိုက်တော့ သူမကကြောက်ကြောက်လန့်လန့်ဖြင့်
"ဦး....ဦးချုန်း"
ချုန်း ဝိုင်ကြောင့်ရောဒေါသတွေကြောင့်ရောစိတ်တွေကအရိုင်းဆန်နေကာသူမအပေါ်ပုံချမိလေသည်
ချုန်း သူမအပေါ် အုပ်မိုးလိုက်ပြီး သူမနှုတ်ခမ်းတွေကိုအကြမ်းပတမ်းနမ်းရှိုက်ပစ်သည်
သူ့ရင်ဘတ်အားတွန်းဖယ်နေသည့် သူမလက်များအားလက်တစ်ဖက်ဖြင့် စုကိုင်လိုက်ပြီး
Necktieကိုချွတ်ကာ သူမလက်နှစ်ဖက်ကိုပူးကပ်ချည်လိုက်လေသည်
ချုန်း အကျႌတွေအားချွတ်လိုက်ပြီး သူမနှုတ်ခမ်းတွေကိုထပ်နမ်းလိုက်ပြီး
နှုတ်ခမ်းမှတစ်ဆင့် လည်တိုင်တစ်လျှောက်တို့ဝှေ့နမ်းရှိုက်လိုက်၏
"အဟင့် မ...မလုပ်ပါနဲ့"
မယ်တားလိုက်သော်လည်း သူကဂရုမစိုက်စွာ
"ဟင့် ဦးချုန်း....မလုပ်ပါနဲ့ အာ့!!!!!"
ချုန်း သူမလည်တိုင်အားနမ်းနေရင်းမှ ဖိကိုက်လိုက်၍
သူမညဝတ်အကျႌရဲ့ ကြယ်သီးတွေအားဖြုတ်နေရာမှ စိတ်မရှည်စွာ ဆွဲဖြဲပစ်လိုက်ရင်း
ဗြိ💢💢💢
"ဟင့် ဦးချုန်း"
"မရတော့ဘူးမယ် ကိုယ်နောက်ဆုတ်မှာမဟုတ်ဘူး မင်းကိုကိုယ်ပိုင်တယ်မင်းကိုယ့်အနားကထွက်သွားခွင့်မရှိဘူး မင်းငါ့အနားမှာပဲနေရမယ်"
ချုန်း ပြောလိုက်ပြီး သူမနှုတ်ခမ်းတွေအားကြမ်းတမ်းစွာနမ်းရှိုက်လိုက်ပြီး
သူ့လက်တွေက သူမရဲ့ကျန်ရှိနေသော အကျႌချိတ်များအားဖြုတ်ပစ်နေလျက်
မယ်ကို 'ချစ်တယ်´လို့တစ်ခွန်းတောင်မပြောပါပဲ မယ့်အသွေးအသားကို သူသိမ်းပိုက်လိုက်သည်
ထိုညက မယ် ဝမ်းနည်းစွာကျခဲ့သော မျက်ရည်များကို.ခေါင်းအုံးလေးသာအသိဆုံးဖြစ်လိမ့်မယ်ထင်တယ်
မယ်ဦးချုန်းကို မုန်းချင်ပေမယ့် နှလုံးသားလေးကငြင်းဆန်နေတယ်
ဘာကြောင့်လဲ မယ့်ကိုလဲမချစ်ပဲနဲ့မယ့်ဘဝကိုဘာလို့သိမ်းပိုက်လိုက်ရတာလဲ

💜💜°°°°°💜💜°°°°°💜💜°°°°°💜💜

☀☀☀☀☀
ချုန်း အိပ်ယာကထတော့ နံဘေးကိုစမ်းကြည့်မိလေသည်
အေးစက်စက်အထိအတွေ့ကြောင့် သူမရှိမနေတော့သည်ကို သိလျက်
ချုန်း တဆစ်ဆစ်ထိုးကိုက်နေသောခေါင်းအားလက်ဖြင့်ကိုင်ရင်း
စားပွဲပေါ်တင်ထားသည့် တဘက်ကိုယူကာပတ်လိုက်သည်
"အပြင်မှာ ဘယ်သူရှိလဲ"
ချုန်းပြောလိုက်လျှင် အထဲသို့ဝင်လာသော မေခင်နဲ့ လင်း
"သခင်လေးသံပုရာရည်လေးသောက်လိုက်ပါဦး"
"မယ်ရော"
မေခင်က မျက်နှာမကောင်းစွာ
"မိန်းကလေးနေမကောင်းလို့အနားယူနေပါတယ်သခင်လေးခိုင်းစရာရှိရင် မေခင်သွားခေါ်လိုက်ပါ့မယ်"
"မလိုဘူး သူနားပါစေ"
"ဟုတ်"
ချုန်း ရေချိုးခန်းထဲသို့ဝင်သွားပြီး အလုပ်သွားရန်ပြင်ဆင်လျက်

💚💚°°°°°💚💚°°°°°💚💚°°°°°💚💚

"မြေး နေရောကောင်းရဲ့လားမြေးကိုကြည့်ရတာပိန်သွားသလိုပဲ"
Computerပေါ်တွင်ပေါ်နေသော.ဖွားဖွားနဲ့ဖွားလေး
"အလုပ်များလို့ဖြစ်မှာပါ"
"အလုပ်လုပ်တာလဲ လုပ်ပေါ့မြေးရယ် ကျန်းမာရေးလဲဂရုစိုက်ဦး"
"ဟုတ်ကဲ့ ဒါနဲ့ ကလေးကရော"
"အမလေးခုမှမေးဖော်ရတော့တယ်"
ချုန်းမေးတော့သဲသစ္စာအသံကျယ်ကြီးနှင့်အော်နေသောကြောင့်
"အသံနားထောင်ရတာတော့ အဆင်ပြေနေတဲ့ပုံပါ"
"ဒီမောင်နှမနှစ်ယောက်ကတော့လေ ပြောရင်းဆိုရင်းနဲ့ ကလေးတောင်နိုးလာပြီ လာပါဦးဖွားဖွားဆီကို"
ဖွားဖွားတို့က ကလေးအားချီကာ
"မြေး ဒီမှာ မင်းတူမလေး ချစ်စရာအရမ်းကောင်းတယ်နော်"
ချုန်း Screenပေါ်က ကလေးလေးအားကြည့်ကာ.ပြုံးပြီး
"နင့်မတူလို့ပိုလှတယ်သိလားမိသစ်"
"ကောင်စုတ် ငါ့သမီးကငါ့တူလို့လှတာဟဲ့"
Phပြောရင်းကို ထသတ်နေသော မောင်နှမနှစ်ယောက်
"အဲ...အူဝဲ"
"ငါ့မြစ်လေးက နို့ဆာတယ်ထင်တယ် နို့တိုက်လိုက်ဦး"
"ဟုတ်ဖွားဖွား"

"မြေး"
"ပြောလေဖွားဖွား"
"ဖွားဖွားတို့လဲ ဘယ်တော့မှမြစ်ချီရမှာလဲ"
"ခုချီနေရပြီမဟုတ်လား"
"ဘယ်တူပါ့မလဲ ဖွားဖွားပြောတာ မင်းမွေးတဲ့ကလေးကိုပြောတာ"
"..........."
ချုန်း ဘာမှပြန်မဖြေမိ
"စံအိမ်မှာ ဘာမှထွေထွေထူးထူးမရှိဘူးမလား"
"ဟုတ်"
"ဒါနဲ့ သမီးနန်းဒီလကုန်ပြန်လာမယ်တဲ့ မင်းတို့နှစ်ယောက်ရင်းနှီးမှုရအောင်စံအိမ်မှာဖို့နေဖို့ပြောထားတယ်"
ဖွားဖွားစကားကြောင့် ချုန်းအလိုမကျစွာ
"ကျစ်!!!!!ကျွန်တော့်ကိုအသိပေးတာလား"
"ဆိုပါတော့ သမီးနန်းကသူစိမ်းမှမဟုတ်တာ မင်းရဲ့သတိူ့သမီးလောင်းပဲလေ"
".........."
"ဖွားဖွားတို့က နောက်လမှ ပြန်ရောက်မှာဆိုတော့ သမီးနန်းကအရင်ရောက်လောက်တယ် နန်းလေးကို ဂရုစိုက်လိုက်နော်ဖွားဖွားဖုန်းချပြီ"
ဖွားဖွားတို့Phချသွားတော့ ချုန်း ဝရန်တာသို့ထွက်ကာ
ဆေးလိပ်တိုကို နှုတ်ခမ်းတွင်တေ့ကာ မီးညှိလိုက်ပြီး ရှိုက်ဖွာလိုက်သည်
ဒီနေ့လည်း သူ့အနားသူမမရှိ
သူကိုယ်တိုင်ကလဲ အောက်ကျနောက်ကျခံကာ သွားခေါ်မည်မဟုတ်
ကိုယ်မှားခဲ့တာဆိုပေမယ့် နောင်တမရ
သူမရဲ့အရာရာကိုပိုင်ဆိုင်ချင်တဲ့စိတ်ကြောင့် အမှားတွေကျူးလွန်မိခဲ့သည်မလား
မာနတွေတင်းခံနေပေမယ့် နှလုံးသားလေးကတော့ လွမ်းဖျါးဖျားနေခဲ့ပြီမဟုတ်လား

နန်းပြန်လာတော့မယ်တဲ့နော်
ဘယ်လိုတွေဖျက်ဦးမလဲ မသိဘူး

#ဖန်ဆင်းရှင်

Continue Reading

You'll Also Like

1.3M 56.9K 68
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
238K 6.9K 70
"ငါ့ဆန္ဒ မင်းဖြည့်ဆည်းပေးနိုင်တယ်မင်းပြောတယ်နော် ဒါဆိုအရင်ဆုံး ငါနှလုံးခုန်နှုန်းက မင်းအတွက်ဖြစ်အောင်အရင်လုပ်လိုက်ဦး" ❤️နေမင်းလက်ရာ...
591K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
28.4K 657 17
ဒါလေးက ဦးဖန်တီးသောအချစ်သင်္ကေတ(Season 3)မှာပါမဲ့ စက်သွေးသျှန်ရဲ့ ဖေဖေ၊မေမေဇာတ်လမ်းပါ❤️ S3မတင်ခင် ဒါအရင်တင်ပေးမယ်နော် ဒါေလးက ဦးဖန္တီးေသာအခ်စ္သေကၤတ(Sea...