အထွန်း / အထြန္း ( Completed )
By laung_laung
731K 77K 6.5K
Comedy , Romance , Drama More
အပိုင်း ၁ / အပိုင္း ၁
အပိုင်း ၂ / အပိုင္း ၂
အပိုင်း ၃ / အပိုင္း ၃
အပိုင်း ၄ / အပိုင္း ၄
အပိုင်း ၅ / အပိုင္း ၅
အပိုင်း ၆ / အပိုင္း ၆
အပိုင်း ၇ / အပိုင္း ၇
အပိုင်း ၈ / အပိုင္း ၈
အပိုင်း ၉ / အပိုင္း ၉
အပိုင်း ၁၀ / အပိုင္း ၁၀
အပိုင်း ၁၁ / အပိုင္း ၁၁
အပိုင်း ၁၂ / အပိုင္း ၁၂
အပိုင်း ၁၃ / အပိုင္း ၁၃
အပိုင်း ၁၄ / အပိုင္း ၁၄
အပိုင်း ၁၅ / အပိုင္း ၁၅
အပိုင်း ၁၆ / အပိုင္း ၁၆
အပိုင်း ၁၇ / အပိုင္း ၁၇
အပိုင်း ၁၈ / အပိုင္း ၁၈
အပိုင်း ၁၉ / အပိုင္း ၁၉
အပိုင်း ၂၀ / အပိုင္း ၂၀
အပိုင်း ၂၁ / အပိုင္း ၂၁
အပိုင်း ၂၂ / အပိုင္း ၂၂
အပိုင်း ၂၃ / အပိုင္း ၂၃
အပိုင်း ၂၄ / အပိုင္း ၂၄
အပိုင်း ၂၅ / အပိုင္း ၂၅
အပိုင်း ၂၆ / အပိုင္း ၂၆
အပိုင်း ၂၇ / အပိုင္း ၂၇
အပိုင်း ၂၈ / အပိုင္း ၂၈
အပိုင်း ၂၉ / အပိုင္း ၂၉
အပိုင်း ၃၀ / အပိုင္း ၃၀
အပိုင်း ၃၁ / အပိုင္း ၃၁
အပိုင်း ၃၂ / အပိုင္း ၃၂
အပိုင်း ၃၃ / အပိုင္း ၃၃
အပိုင်း ၃၄ / အပိုင္း ၃၄
အပိုင်း ၃၅ / အပိုင္း ၃၅
အပိုင်း ၃၆ / အပိုင္း ၃၆
အပိုင်း ၃၇ / အပိုင္း ၃၇
အပိုင်း ၃၈ / အပိုင္း ၃၈
အပိုင်း ၄၀ / အပိုင္း ၄၀
အပိုင်း ၄၁ / အပိုင္း ၄၁
အပိုင်း ၄၂ / အပိုင္း ၄၂
အပိုင်း ၄၃ / အပိုင္း ၄၃
အပိုင်း ၄၄ / အပိုင္း ၄၄
အပိုင်း ၄၅ / အပိုင္း ၄၅
အပိုင်း ၄၆ / အပိုင္း ၄၆
အပိုင်း ၄၇ / အပိုင္း ၄၇
အပိုင်း ၄၈ / အပိုင္း ၄၈
အပိုင်း ၄၉ / အပိုင္း ၄၉
အပိုင်း ၅၀ / အပိုင္း ၅၀
အပိုင်း ၅၁ / အပိုင္း ၅၁
အပိုင်း ၅၂ / အပိုင္း ၅၂
အပိုင်း ၅၃ / အပိုင္း ၅၃
အပိုင်း ၅၄ / အပိုင္း ၅၄
အပိုင်း ၅၅ / အပိုင္း ၅၅
အပိုင်း ၅၆ / အပိုင္း ၅၆
အပိုင်း ၅၇ / အပိုင္း ၅၇
အပိုင်း ၅၈ / အပိုင္း ၅၈
အပိုင်း ၅၉ / အပိုင္း ၅၉
ဇာတ်သိမ်းပိုင်း / ဇာတ္သိမ္းပိုင္း
Extra - 1
Extra - 2
Extra - 3
Book Announcement
A Htun Pre Order Tonight
Extra - 4
Extra - 5
အပိုင်း ၃၉ / အပိုင္း ၃၉
7.5K 862 46
By laung_laung
" ကိုကိုးရေ ခေါက်ဆွဲရပါပြီ "
" အားးး မွှေးနေတာပဲ ဂျစ်တူးက ဘယ်ဆိုးလို့လဲ "
မဟာ ထိုင်မယ့်ခုံလေးကို နောက်ကိုရွှေ့ပေးပြီးမှ သူလဲ တခြားခုံတစ်ခုမှ ဝင်ထိုင်လိုက်တယ် ။ မဟာကတော့ ဂျစ်တူးအပြူအမူမှန်သမျှကို သဘောကျနေလေရဲ့ ။
ခက်ရင်းနဲ့ခေါက်ဆွဲမျှင်တွေကိုယူပြီး စားနေတဲ့ မဟာ့ကို လက်ထောက်ပြီးကြည့်ကာ ဘယ်လိုလဲ လို့ မေးနေတဲ့မျက်လုံးလေးတွေ ။
" ဂျစ်တူး "
" ဗျာ မကောင်းဘူးလား "
" ဒီပုံစံမျိုးနဲ့ တခြားသူကို ချက်မကျွေးမိစေနဲ့ဦး "
" ဟင် !!!! ဘာလို့လဲ "
" ဂျစ်တူးကို ခိုးသွားမှာဆိုးလို့ "
" အာ ..... လန့်သွားတာပဲ ကိုကိုးရဲ့ "
မျက်စောင်းလေးတစ်ချက် မဟာ့ဆီလွင့်လာပြီး မဟာ့လက်ချောင်းတွေကလဲ ဂျစ်တူး ဆံပင်တွေကြားထဲ ထိုးဖွလျက် ။
" ဂျစ်တူး "
" ဗျာ "
" ချစ်တယ် "
" ပို ချစ်တာပေါ့ "
" ကိုကိုး အိမ်မှာ သောက်စရာမရှိဘူးလား "
" သောက်စရာ ???? အအေးလား "
" အအေးသောက်ရမယ့်အရွယ်လားဗျ "
" ဘုရားရေ ဘာများသောက်ချင်လို့လဲ "
" ကိုကိုးကလဲ တစ်ခုခု .... "
" ကိုယ်ပြောမယ် ဂျစ်တူး ဟော ဟိုအရှေ့က တံခါးတွေ့လား "
" အင်း တွေ့တယ်လေ "
" အဲ့တံခါးဝကိုဖြတ်ပြီး ဒီအိမ်ပိုင်ရှင် မဟာအာကာ ဆီကို လာတဲ့သူက တင်မောင်ထွန်းညို ပဲ ဖြစ်စေချင်တယ် ရမလား "
ကိုကိုးပြောတာကို ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်ပါသည် ။
" ဟုတ် အအေးသောက်ကြမလား "
" အင်း ကိုယ် သွားယူပေးမယ် "
ခဏကြာတော့ Shark နှစ်ဗူးကိုင်ကာ ကိုကိုးပြန်ရောက်လာပြီး ညစားစားချိန်ကို အမြန်ပင် ကုန်ဆုံးစေလိုက်သည် ။ စားသောက်ပြီးစီးလို့ ကျွန်တော်ပန်းကန်တွေဆေးနေတုန်း ကိုကိုးက နောက်‌က‌နေ ကျွန်တော့်ခါးလေးကိုဖက်ပြီး ပခုံးပေါ်မေးတင်ကာ ရပ်နေလေရဲ့ ။
" ဂျစ်တူး "
" ဗျာ "
" ခုနကိုယ်ပြောတာကို စိတ် မ ခု ဘူးမလား "
" ဘာကိုလဲ ကိုကိုးရဲ့ "
" တင်မောင်ထွန်းညိုပဲ‌ဖြစ်စေချင်တယ်ဆိုတာလေ "
မဟာ ပြောပြီးတာနဲ့ ခေါင်းတွေထောင်ကာ ဂျစ်တူးနားရွက်ကို ခပ်ဖွဖွလေး ငုံခဲမိသည် ။
" ကိုကိုး ကျွန်တော်ပန်းကန်ဆေးနေတုန်းနော် အစာမခြေရသေးခင် ခန္ဓာကိုယ်ကို အလုပ်မပေးချင်သေးဘူး "
" ဘာကိုလဲ ဂျစ်တူးရဲ့ "
" ခန္ဓာကိုယ်ကို အလုပ်ပေးတာလေ မသိဘူးလား "
" အာ.... ညစ်ပတ်ကောင် အစုတ်ပလုပ် "
ကိုကိုးကအော်ပြီး အရှေ့ကို ထွက်သွားပါလေရော ။ ကျွန်တော့်ကိုကိုးက အရင်ထဲက ရှက်တတ်တာလား အခုမှ ရှက်တတ်တာလားမသိတော့ပေ ။
အိမ်ရှေ့ဧည့်ခန်းမီးတွေသေချာစစ်ပြီး အခန်းထဲဝင်လာတော့ ကိုကိုးက စာကြည့်စားပွဲမှာ စာအုပ်အထူကြီးတစ်အုပ်နဲ့အလုပ်ရှုပ်နေလေရဲ့ ။ ကျွန်တော်လဲဘာမှမပြောဘဲ ‌ကုတင်ပေါ်တက်ပြီး ကုတင်ခေါင်းရင်းဘက်ကိုမှီကာ ခြေထောက်ဆင်းပြီး ထိုင်နေလိုက်တယ် ။ ကိုကိုးက ကျွန်တော့်ကိုတစ်ချက်လေးတောင် လှမ်းမကြည့်တာကြောင့် ကိုကိုးအိပ်ရာပေါ်က အရုပ်ဖြူဖြူလေးကို ဖက်ပြီး မွေ့ယာပေါ် မတ်တပ်ရပ်ပြီး ခုန်ဆွ ခုန်ဆွလုပ်နေလိုက်တော့မှ
" ဂျစ်တူး ဘာလုပ်နေတာလဲ "
" ကိုကိုးက ကျွန်တော့်ကိုမှ မကြည့်တာ "
" ဪ ခဏလေးပါ ခုန ဂျူနီယာတစ်ယောက်က စာလာမေးနေတာနဲ့ note လေးလုပ်ပေးမလို့ "
" ဒီတိုင်း ဆက် ခုန်နေရမှာလား "
" ခုန်နေပေါ့ အရင်ကလဲ အဲ့လိုခုန်နေတာပဲမလား မွေ့ယာကိုသဘောကျတယ်ဆိုပြီးတော့ "
" ဟုတ်တယ်နော် "
မခုန်တော့ဘဲ ကုတင်ပေါ်မှာ ပြန်မှီပြီးထိုင်ကာ ကိုကိုးအရုပ်လေးကို ကြည့်နေမိသည် ။
" ကိုကိုး ကျွန်တော်အရင်တုန်းကဆို ရန်ကုန်မှာတွေ့သမျှက အထူးအဆန်းကြီးပဲ "
" အင်းပေါ့ ကိုယ်လဲ ကိုယ်မရောက်ဖူးတဲ့‌နေရာရောက်ပြီး အသစ်အဆန်းတွေတွေ့ရရင် အဲ့လိုဖြစ်မှာပဲ "
" ဒါနဲ့ ကိုကိုး အသက်က အခုပဲ ၃၀ ဖြစ်နေပြီ ဒီအရုပ်ကဘာလုပ်တာလဲ "
ကျွန်တော်ကိုင်ထားတဲ့အရုပ်ကို မြှောက်ပြီးမေးတော့ ကိုကိုးကတစ်ချက်လှမ်းကြည့်ပြီး
" အဲ့အရုပ်လေးကို ကိုယ် ဂျစ်တူး အဖြစ်နဲ့ အတူတူရှိစေခဲ့တာ "
" အာ !!!!! အဲ့လောက်တောင် ချစ်တယ်ပေါ့ "
" အဲ့ထက်ပိုပါတယ် "
" ဟုတ်ပါပြီဗျာ "
အသံတွေ ခဏတိတ်သွားပြီး ကိုကိုးကလဲစာရေးနေသလို ကျွန်တော်လဲ ကုတင်ပေါ်မှာပဲ အရုပ်လေးကိုင်ပြီး ထိုင်စောင့်နေရတယ် ။
" သီချင်းဖွင့်လို့ရလား ကိုကိုး "
" အင်း ရတယ် ဖွင့်လေ "
" ကျွန်တော်အခုတစ်လော ဒီသီချင်းကို နားထောင်ဖြစ်နေတာ ကိုကိုရော သိလား ဒီသီချင်း "
ဂျစ်တူးဖုန်းထဲက ပျံ့လွင့်လာတဲ့သီချင်းသံက
Don't go tonight
Stay here one more time
Remind me what it's like, oh
And let's fall in love one more time
I need you now by my side
It tears me up when you turn me down
I'm begging please, just stick around
ကိုကိုးက ကျွန်တော့်မျက်နှာနဲ့တည့်တည့်သို့ လှည့်လိုက်ပြီးမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကာ အသံတိုးတိုးလေးနဲ့
I'm sorry, don't leave me, I want you here with me
I know that your love is gone
I can't breathe, I'm so weak, I know this isn't easy
Don't tell me that your love is gone
That your love is gone
" ဝိုး ဂျစ်တူးအသံက မိုက်လိုက်တာ "
" မြှောက်ပြောနေလဲ ကျွန်တော်က အပေါ်ကနော် "
" ဒီကလေးကတော့ .... "
ကိုကိုးက လက်ထဲက ဘောလ်ပင်နဲ့ ပစ်ပေါက်ပါလာရော ။
" ဟုတ်တယ်လေ လာမြှောက်နေတာကို "
" တကယ်ပြောနေတာ ဂျစ်တူး သီချင်းဆိုတာ ရွာထဲမှာ မူးပြီး လမ်းလျှောက်လာတဲ့အချိန်ရယ် ကလောသွားတုန်းက လမ်းမှာ တောသီချင်းဆိုတာရယ် ပဲကြားဖူးတာလေ "
မဟာ ပြောပြီးမှ ဂျစ်တူးကို ကြည့်မိတော့ မျက်နှာလေးညှိုးသွားသည် ။ ရွာအကြောင်းပြောလိုက်တော့ သူ စိတ်ထိခိုက်သွားတယ်ထင် ။ ဂျစ်တူးရယ် ဘာတွေလုပ်နေမှန်းမသိပေမယ့် အဘနဲ့အမ ကိုတော့ သွားတွေ့သင့်တာမဟုတ်ဘူးလား ။
" အားး နားတော့မယ် ပင်ပန်းလိုက်တာ "
စာအုပ်ကိုပိတ်ပြီး ကုတင်ပေါ်တင်ကာ ဂျစ်တူး ခါးလေးကိုဖက်ပြီး ဝင်လှဲလိုက်တော့မှ မျက်နှာလေးပြန်ကြည်လာပြီး ကျွန်တော့်ဆံပင်လေးတွေကို သပ်တင်ပေးနေသည် ။
" ကိုကိုး "
" ဗျာ "
" ကျွန်တော့်ဘက်မှာ အမြဲရှိပေးမလား "
" ရှိတာပေါ့ "
" ဘယ်သူနဲ့ပဲ ယှဉ်ရွေးရ ရွေးရ ကျွန်တော့်ကိုပဲ ရွေးပေးမလား "
" ဒါပေါ့ "
" သေချာပြော ကိုကိုး "
မဟာ ထ ထိုင်လိုက်ပြီး ဂျစ်တူး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်လုံးကို တည့်တည့်ကြည့်ပြီး
" ကိုယ် ဘယ်သူနဲ့ပဲ ယှဉ်ပြီး ရွေးရ ရွေးရ ဂျစ်တူး ကိုပဲ ရွေးမှာ "
" အင်းပါ "
အဲ့စကားတည်ပါစေ ကိုကိုး ။
" ကိုကိုး "
" အင်း "
" အိပ်မယ်လေ လို့ "
" အိပ်ပေါ့ "
" ကိုကိုးကရော "
" Note ပြီးအောင် ဆက်ရေးလိုက်ဦးမယ် "
ပြောပြောဆိုဆို ကုတင်ပေါ်က ထ ဖို့ပြင်နေတဲ့ကိုကိုးကို လက်ကောက်ဝတ်ကနေ ဆွဲပြီး ကုတင်ပေါ် လှဲချကာ အပေါ်ကနေ အုပ်မိုးထားလိုက်တယ် ။
" ဘာဖြစ်တယ် Note ပြီးအောင် ရေးမယ်ပေါ့ ဟုတ်လား ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ ဟမ် ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ "
ပြောနေရင်းနဲ့ ဂျစ်တူးရဲ့လက်တွေက ခါးပေါ်မှာ ဖြတ်ပြေးနေတာကြောင့် မဟာ ထွန့်ထွန့်လူးနေလေရဲ့ ။
" အားး တော်တော့ ဂျစ် ဂျစ်တူး အ့ မလုပ်နဲ့ ကလေးစုတ် ယားတယ်ဟ ဟားးး တော်ပြီလို့ မော တယ် ဖယ် ဖယ် ဖယ်လို့ ဟားး တော်ပြီ "
အချိန်တော်တော်ကြာမှာ ဂျစ်တူး လက်တွေရပ်တန့်သွားတယ်
" ဟူး မောလိုက်တာ ဘယ့်နှယ် ကလိထထိုးတာတုန်း မောတယ် ဂျစ် .... "
နှုတ်ခမ်းလေးကို ဖိကပ်လာတဲ့ ဂျစ်တူးရဲ့ နှုတ်ခမ်းတစ်စုံ ။
စုပ်ယူနမ်းတာမျိုးမဟုတ်ဘဲ ထိလိုက် ခွာလိုက် နဲ့ ခဏခဏလုပ်ပြီး ပြွတ်စ် ပြွတ်စ် ဆိုတဲ့အသံပါမြည်အောင် လုပ်နေသေးသည် ။ ပြီးမှ ကျွန်တော့်ပါးနှစ်ဖက်ပေါ်က တစ်လှည့်ဆီကျလာတဲ့ အနမ်းတွေ ၊ နောက် နဖူး ၊ နောက် မျက်လုံးပေါ်ကို ၊ နောက် မေးစေ့ဖျားလေး ၊ နှာခေါင်းထိပ်လေး ။
ပြီးတော့ ကျွန်တော့်မျက်နှာလေးကို ကြည့်ပြီး ဆံပင်တွေကိုသပ်တင်ပေးနေရာကနေ တဖြေးဖြေးနဲ့ ခေါင်းလေးငုံ့ကာ ကျွန်တော့်နှုတ်ခမ်းတွေကို ငုံ့ထွေးဆွဲယူနမ်းရှိုက်နေလေရဲ့ ။ ကျွန်တော့်လက်တွေက ဂျစ်တူးရဲ့ ကျောပြင်ပေါ်မှာ ပွတ်တိုက်လျက် ။
အချိန်တော်တော်ကြာကြာနမ်းပြီးနောက်မှ
" ကောင်းသောညပါ ကိုကိုး "
" ကောင်းသောညပါ ဂျစ်တူး "
ဂျစ်တူးရဲ့ ရင်ခွင်ထဲမျက်နှာအပ်ကာ ဂျစ်တူးရဲ့ လက်တွေကြားမှာ တစ်ညတာအချိန်ကို ကုန်ဆုံးနိုင်ခဲ့ပါတယ် ။ ချစ်ရတဲ့သူရဲ့ အငွေ့အသက်တွေနဲ့ဖြတ်သန်းခွင့်ရတဲ့ တစ်ညတာဟာ တကယ့်ကို အဖိုးတန် ည ပါပဲ ။
_______________________________________________
တစ်ဖက်က နေရာတစ်ခုမှာတော့ ........
ကုတင်ခြေရင်းမှာ ထိုင်နေရင်း အခန်းထောင့်က ဂစ်တာလေးကို မြင်တော့ ဂစ်တာတီးရန် ယူမိသည် ။ သီချင်းတွေတော်တော်များများသူသိတယ် ။ တီးနိုင်တယ် ။ တီးတတ်တယ် ဒါပေမယ့် ဘယ်သီချင်းလဲ သူ့အခြေအနေနဲ့ လိုက်မယ့်သီချင်းတစ်ပုဒ်က ဘယ်မှာလဲ ။ သူတစ်ချိန်လုံး ဒီနှစ်တွေထဲနားထောင်ခဲ့သည်က အချစ်သီချင်းတွေချည်းပဲ ။ တစ်စုံတစ်ယောက်ကိုချစ်နေတာမျိုးကိုရေးဖွဲ့ထားတဲ့သီချင်းတွေချည်းပဲလေ ။
ရုတ်တရက် မသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် ဂစ်တာကြိုးတွေပေါ် လက်တွေဖြတ်သန်းမိတော့ ထွက်လာတဲ့သံစဉ်တစ်ခု ။ မဲ့ပြုံး ပြုံးမိပြီး တီးတိုဆိုမိတာက
ကလေးရယ် ဘာကြောင့်မင်းလေးနဲ့တွေ့မှ
ငါ့စိတ်တွေယိုင်ခဲ့
ကလေးရယ် အချိန်ရှိတိုင်းပဲပေါ့ မျက်စိထဲ မင်းအရိပ်တွေပါပဲ
ကလေးရယ် ငါဟာပျော့ညံ့တဲ့စိတ်နဲ့ ရူးလို့နေရမှာလား
အတွေးလေးထဲလဲ မင်းက ကလေးပါပဲ
ကလေး မြင်တတ်ရင် တွေ့မှာပဲ ရင်ထဲကသံယောဇဉ်
မင်းနဲ့ကျမှ ချစ်တတ်ပြီ ကလေးရယ်
အသဲလေးထဲကချစ်မိပြီ
မင်းနဲ့ကျမှ ရူးရပြီ ကလေးရယ်
မစဉ်းစားဘဲနဲ့ ချစ်လိုက်တာ
ငါမှားယွင်းနေလား ..........
" အားးး ..... ဘာတွေလဲ ဘာလို့လဲ ဘာခံစားချက်လဲ ဘာအတွက်လဲ လို့ "
လက်ထဲက အမြတ်တနိုးထားရတဲ့ ဂစ်တာလေးကို ကြမ်းပြင်ပေါ်ခပ်ကြမ်းကြမ်းရိုက်ခွဲမိနေတယ် ။ ကိုင်ထားတဲ့နေရာက အရင် ကျိုးပဲ့သွားတာမို့ လက်ကိုစိုက်လာတဲ့ ဂစ်တာအစ ၊ ဂစ်တာကျိုးကြောင့် ပြတ်ရှသွားတဲ့ လက်ချောင်းလေးတွေ ။ ဂစ်တာအပိုင်းအစတွေရော သွေးစတစ်ချို့ရော ကြမ်းပြင်မှာ ပြန့်ကျဲလျက် ။
လက်ထဲမှာကျန်နေတဲ့ဂစ်တာအပိုင်းတစ်ခုကိုပစ်ချလိုက်ပေမယ့် စိတ်ထဲက မကျေနပ်မှုတွေက လွတ်ကျမသွား ။
မျက်စိထဲအရင်ဆုံးမြင်မိတဲ့ အခန်းထဲက အလှဆင်ထားတဲ့ ပန်းအိုးတွေ ။ ကိုယ့်လက်တစ်ချက်လှုပ်လိုက်တာနဲ့ တစစီဖြစ်သွားတဲ့ပန်းအိုးအကွဲတွေကိုကြည့်ရင်း ရီမိတယ် ။
" ဟားးးး မင်းတို့က ငါ့ကိုချစ်သားပဲကွ ငါခိုင်းလိုက်တဲ့အတိုင်းအစိတ်စိတ်အမွှာမွှာဖြစ်ပေးကြတာပဲ ဟားးးး သွားစမ်း နောက်တစ်လုံး ဟားးးးး "
ပြန့်ကျဲနေတဲ့ ဂစ်တာအပိုင်းအစတွေနဲ့ပန်းအိုးအကွဲအစတွေကြားမှာ ဝင်လှဲချလိုက်မိတယ် ။ တစ်ချို့အပိုင်းအစတွေကြောင့် ကျောကုန်းဘက်က နာနာသွားတာ သိပေမယ့် လျစ်လျှူရှုလိုက်မိတယ် ။ ဟုတ်တယ်လေ နှလုံးသားတစ်ခုလုံး အစိမ်းသက်သက် ခွဲပြီး ဆွဲထုတ်ခံထားရတာတောင် ပြုံးနိုင်ခဲ့သေးတာပဲ ။ ဒီလောက်ကတော့ ပမွှားပါပဲ ။
ညာဘက်လက်ကို မျက်လုံးနဲ့တန်းတန်း မြှောက်ကြည့်မိတော့ လက်ဖဝါးကနေ ကျနေတဲ့သွေးတွေက လက်ကောက်ဝတ်ကိုဖြတ်ကာ တဖြေးဖြေးစီးနေကြသေးသည် ။
" သွေးတွေလား ဟားးး ငါ့ခန္ဓာကိုယ်က သွေးတွေကလဲ ငါ့ကိုချစ်ကြသားပဲကွ ဒီလိုသုတ်လိုက်ရင် တွေ့လား သွေးကျတာ ရပ်သွားပြီ နောက် ဒီလို လုပ်လိုက်ရင် ပြန်ကျလာပြန်ပြီ လိမ္မာလိုက်ကြတာ ဟားးးးး "
ကျနေတဲ့သွေးတစ်ချို့ကို ဘယ်ဘက်လက်နဲ့သုတ်ပစ်လိုက်သလို ဘေးနားက ပန်းအိုးကွဲစ တစ်ခုကို ကိုင်ကာ လက်ကောက်ဝတ်ကို တည့်တည့်မတ်မတ် ဆွဲခြစ်လိုက်မိသေးသည် ။
မျက်နှာကျက်ကို တွေတွေကြီး ငေးကြည့်ရင်း နှုတ်ခမ်းပါးတို့ကို အနည်းငယ်ဖွင့်ကာသီချင်းတစ်ပုဒ်ညည်းမိသည် ။
I'm sorry, don't leave me, I want you here with me
I know that my love is wrong
I can't breathe, I'm so weak, I know this isn't easy
Don't tell me that my love is wrong
That my love is wrong
( A/N . သီချင်းစာသားကိုပြင်ထားတာပါနော် that my love is wrong လို့ပြင်ထားတာပါ လောင်လဲ အမြဲတမ်းအဲ့လိုပြောင်းဆိုလေ့ရှိတယ် ခံစားချက်ကြောင့်ပေါ့ )
_______________________________________________
မဟာ နိုးလာတော့ သူ့ကိုတင်းတင်းဖက်ထားတဲ့ ဂျစ်တူးကြောင့် မနက်စောစောစီးစီးပြုံးမိသည် ။ တကယ့်ကိုသာယာစရာပိတ်ရက်တစ်ခုကို ရလိုက်ရသလိုပဲ ။ ပိတ်ရက်ပဲဆိုပါတော့ မနေ့က ဂျူတီမသွားဘဲနေခဲ့တာ ဒီနေ့တော့ တစ်နေကုန် ဂျူတီပဲ ။
" ဂျစ်တူး ထ တော့ နော် ကိုယ် ဆေးရုံသွားရဦးမှာ "
" အင်း ..... ထ မယ် "
" ထ တော့နော် ကိုယ် ရေသွားချိုးပြီ "
" အင်း ..... "
တင်မောင်ထွန်းညိုရဲ့ ဘယ်တော့မှမပြောင်းလဲမယ့် အကျင့်တစ်ခုပါ ။ အခုလဲ မဟာရေချိုးပြီး ပြင်ဆင်ပြီးသည်အထိ စောင်ထဲမှာ ကွေးနေတုန်း ။
" ကဲ ဂျစ်တူး ကိုယ်သွားတော့မှာနော် "
" ကိုကိုးကလဲ အစောကြီး "
" မနေ့က ခင်ဗျားလေးကြောင့် ဂျူတီမသွားခဲ့ရဘူးလေ သူများကအစားဝင်ပေးထားတာ အဲ့တာကြောင့် ဒီနေ့ပြန်ဝင်ပေးရမယ်လေ "
" အင်းပါ အင်းပါ "
" ပြန်ရင် သော့ယူသွားနော် ကိုယ့်မှာ အပိုတစ်စုံရှိသေးတယ် "
" အင်း ဒီတိုင်းသွားမလို့လား "
မဟာ အခန်းဝ ရောက်နေပြီးမှ ကုတင်ဘေးကို ပြန်လျှောက်လာပြီး မျက်လုံးမဖွင့်သေးတဲ့ဂျစ်တူးရဲ့ နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်တော့မှ မျက်စိမှိတ်လျက်ပင်ရီပြသေးသည် ။
" သွားပြီ "
" အရမ်းချစ်တယ် "
" ကိုယ်လဲ ချစ်တယ် "
မဟာ လှေကားကဆင်းလာပြီး ကားထဲဝင်သည်အထိ ပြုံးနေမိသည် ။ နေ့တိုင်း ဒီလိုလေးသာဖြတ်သန်းရရင် ဘယ်လောက်တောင်ပြည့်စုံနေလိုက်မလဲ ။
မနေ့ကအလုပ်တွေရော ဒီနေ့ဂျူတီရောကြောင့် တစ်ချက်မှကြိ မထိုင်ရ‌သေးပေ ။ နာရီကြည့်တော့ နေ့လည် ၁၂ ခွဲ ။ ဂျစ်တူးရောပြန်ပြီလားမသိဘူး ။ ဖုန်းဆက်ကြည့်ဦးမှပါ ။
" ဟယ်လို "
" ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးရင် ဖုန်းချပေးဖို့မျှော်လင့်ပါတယ် ကျွန်တော် အိပ်နေလို့ "
ပြောနေတဲ့ပုံကိုက ရိုက်သတ်ချင်စရာ ။ နေ့လည် ၁၂ ကျော်နေပြီ အခုထိ မ ထ သေး ။ ကိုယ့်မှာတော့ သူ့ကြောင့်အလုပ်တွေ ဇယ်ဆက်သလိုပင် ။ မဟာစိတ်တိုတိုနဲ့ပင်
" ဂျစ်တူးလေး အိပ်တုန်းလား ကိုယ်ပါ ပြန်ပြီလားမေးမလို့ "
" ဪ ကိုကိုး ကျွန်တော့်ဖုန်းကိုဘယ်လိုရတာလဲ "
" ပေးမှမပေးတာ ကိုယ့်ဘာသာယူလာတာပေါ့ "
" မဟုတ်ပါဘူးဗျာ ကိုကိုးရှိနေတော့ ကျွန်တော်ကတခြားအရာတွေ သတိမရတော့တာ "
" ပိုပြန်ပြီ ထ တော့နော် လိမ္မာတယ် "
" ဟုတ် ကျွန်တော်ရေချိုးပြီး ပြန်မှာ အိမ်ရောက်မှ ဖုန်းဆက်လိုက်မယ် "
" အိုကေပါ ဒါပဲနော် ချစ်တယ် "
" ချစ်တယ် "
ဖုန်းချပြီးတာနဲ့ ရေထချိုးပြီး အောက်ကိုဆင်းလာတော့ ကားရှိနေသေးတာပဲ ။ အိမ်ပြန်ခိုင်းဖို့မေ့သွားတယ် ။
" သခင်လေး လာပြီလား အိမ်ပြန်မှာမလား "
" City Mart ခဏသွားမယ် "
" ဟုတ် "
City Mart သွားပြီး ကြက်သားနဲ့ဝက်သားဝယ်ပြီး ကိုကိုးအတွက် အဖြူထည်ကြော်ပေးပြီး ထားခဲ့လိုက်သည် ။ တခြားဝယ်လာတဲ့ မုန့်တွေနဲ့အအေးတွေလဲ နေရာတကျထားခဲ့ပြီး တံခါးလက်ကိုင်မှာ စာလေးကပ်ခဲ့ပေးပြီးမှ အိမ်ပြန်လာလိုက်တယ် ။
" ကိုယ့်မိန်းမလေးအတွက် တာဝန်ကျေတဲ့ ယောကျာ်းလေး ဖြစ်ခဲ့ပါတယ်ဗျ "
_______________________________________________
အိမ်ထဲပြန်ရောက်တာနဲ့ အိမ်ပေါ်ကို တန်းတက်ဖို့ပြင်လိုက်တဲ့ ကျွန်တော့်ခြေလှမ်းတွေရပ်သွားတယ် ။ ဧည့်ခန်းထဲမှာစာထိုင်ဖတ်နေတဲ့ အကို့ကြောင့်ပေါ့ ။
" အကို ကျွန်တော်ပြန်ရောက်ပြီ "
အကိုက ဖတ်လက်စစာအုပ်ကို ဘေးချပြီး
" ညီပြန်လာပြီလား နေ့လည်စာရော "
" မစားရသေးဘူး ခဏနေ စားမယ် ရေချိုးချင်လို့ "
" အင်းအင်း ချိုးလေ အကြာကြီးမချိုးနဲ့ဦး ပြီးတော့ ခဏနေမှချိုးဦး "
" ဟုတ် အကို "
အိမ်ပေါ်ထပ်ကို တက်သွားတဲ့ ညီ့ကျောပြင်ပျောက်သွားတဲ့အထိ လိုက်ကြည့်နေမိသည် ။
" အကိုရော စားပြီးပြီလား " လို့ မေးဖို့က သိပ်ကို ခက်ခဲတဲ့အရာများလား ညီ ။ ဒါမှမဟုတ် မေးဖို့ကို မေ့သွားတာလား ညီ ။
ညီ့အပြုံးတွေသိပ်ကိုတောက်ပလွန်းတယ် ။ ပုံမှန်ထက်ကို တောက်ပလွန်းတယ် ။ ကျေးဇူးတင်ပါတယ် မဟာအာကာ ကိုယ့်ထက် ညီ့ကို ပြည့်စုံစေလို့ ။
( ဒီနေ့ နောက်ကျသွားတယ်ရယ် လောင် အပြင်သွားနေလို့ပါ သီချင်းစာသားတွေပါနေလို့ အရင်ထက်ပိုများအောင်ရေးထားပါတယ် )
Please Vote 💚
(Zawgyi)
" ဂျစ်တူး "
" ဗျာ မကောင်းဘူးလား "
" ဟင် !!!! ဘာလို့လဲ "
" ဂျစ်တူး "
" ဗျာ "
" ချစ်တယ် "
" ပို ချစ်တာပေါ့ "
" သောက်စရာ ???? အအေးလား "
" ကိုကိုးကလဲ တစ်ခုခု .... "
" အင်း တွေ့တယ်လေ "
" ဟုတ် အအေးသောက်ကြမလား "
" ဂျစ်တူး "
" ဗျာ "
" ဘာကိုလဲ ကိုကိုးရဲ့ "
" ဘာကိုလဲ ဂျစ်တူးရဲ့ "
" ဂျစ်တူး ဘာလုပ်နေတာလဲ "
" ဟုတ်တယ်နော် "
" အဲ့ထက်ပိုပါတယ် "
" ဟုတ်ပါပြီဗျာ "
" အင်း ရတယ် ဖွင့်လေ "
Don't go tonight
Stay here one more time
I need you now by my side
That your love is gone
" ဒီကလေးကတော့ .... "
" ကိုကိုး "
" ဗျာ "
" ရှိတာပေါ့ "
" ဒါပေါ့ "
" သေချာပြော ကိုကိုး "
" အင်းပါ "
" ကိုကိုး "
" အင်း "
" အိပ်မယ်လေ လို့ "
" အိပ်ပေါ့ "
" ကိုကိုးကရော "
" ကောင်းသောညပါ ကိုကိုး "
" ကောင်းသောညပါ ဂျစ်တူး "
_______________________________________________
ငါ့စိတ်တွေယိုင်ခဲ့
အသဲလေးထဲကချစ်မိပြီ
ငါမှားယွင်းနေလား ..........
That my love is wrong
_______________________________________________
" အင်း ..... ထ မယ် "
" အင်း ..... "
" ကိုကိုးကလဲ အစောကြီး "
" အင်းပါ အင်းပါ "
" သွားပြီ "
" အရမ်းချစ်တယ် "
" ကိုယ်လဲ ချစ်တယ် "
" ဟယ်လို "
" ချစ်တယ် "
" City Mart ခဏသွားမယ် "
" ဟုတ် "
_______________________________________________
" ဟုတ် အကို "
Please Vote 💚
Continue Reading
You'll Also Like
967K 40.3K 52
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
6.6M 431K 94
Hanary Victor + Loon Tar Nay San
144K 11K 40
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...