Pay Attention To Me [Myanmar...

By chi__285

1M 182K 12.8K

Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter sta... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71 (part 1)
Chapter - 71(part 2)
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter- 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter- 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter- 100
Chapter - 101
Chapter - 102
About manhua
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
E xtra 1 : Graduation trip (1)
Extra 1 :Graduation trip (2)

Chapter - 46

7.6K 1.7K 149
By chi__285

ကျန့်ယောင်လေသံမှာတင့်စီးလွန်းတယ်၊ တင့်စီးလွန်းလို့ ဘယ်နားကစပြီး ဘ၀င်မကျဖြစ်ရမှန်းကို မသိတော့ပေ။

“ဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ?”

“မင်းရဲ့တုံ့ပြန်ပုံကြီးကလည်းကွာ ငါ့လုပ်‌ဆောင်ချက်တွေကို သတ်ပစ်လိုက်သလိုပဲ”
ကျန့်ယောင်က helmetကို အောက်ချလိုက်သည်။
“Dong Cheng ကနေ Xi Chengထိ ကီလိုမီတာသုံးဆယ်လုံးလုံးကို တစ်နာရီအတွင်း လေအလျင်နဲ့ လာခဲ့ရတာလေ၊ နှစ်သစ်ကူးကို မင်းနဲ့အတူတူဆင်နွှဲဖို့အတွက်လေးနဲ့၊ မင်းအနေနဲ့က ‘Wow!အချစ်ရယ်! ငါတော့ အရမ်းရင်ခုန်သွားတာပဲ! လွမ်းတယ်ဆိုတာလေးနဲ့ ချက်ချင်းကြီး ပေါ်လာတော့တာပဲ! ငါတော့ မင်းကို သေလောက်အောင်ချစ်သွားပြီ!’ အဲ့လိုမျိုးဖြစ်သင့်တာမဟုတ်ဘူးလား?”

ရင်းချဲယ် : “အဲ့လိုမျိုးက ဖြစ်နိုင်မယ်လို့ ထင်လို့လား?”

ကျန့်ယောင် : “ငါလည်း ဖြစ်နိုင်မယ်လို့လုံးဝမထင်ထားပါဘူး”

ရင်းချဲယ် : “ဒါဖြင့် ဘာသောက်ကိစ္စကြောင့် ပြောနေသေးလဲ”

ကျန့်ယောင်က ရယ်တယ်။
“မင်းကို စကြည့်ချင်လို့....”

သူ့စကားမဆုံးခင်မှာပဲ ဘေးမှာချထားတဲ့ သူ့လက်ဖမိုးလေးတစ်ဖက်မှာ ပွတ်တိုက်ခံလိုက်ရတယ်။

ငြင်ငြင်သာသာ‌လေး၊ သူ့နှလုံးသားလေးဟာလည်း လက်သည်းလေးနဲ့ အကုပ်ခံလိုက်ရသလို။

ကျန့်ယောင်ဟာ အလန့်တကြားနဲ့ တောင့်ခဲနေမိတယ်။

“ငါရင်ခုန်ပါတယ်”
ရင်းချဲယ်ရဲ့ မျက်ဝန်းနက်နက်တွေက အလင်းရောင်‌လေးတွေထွက်နေသလိုကို တောက်ပနေတယ်။
“အရမ်းလည်းလွမ်းနေခဲ့တာ”

ကျန့်ယောင်တစ်ယောက် ဘယ်လိုမှမထိန်းချုပ်နိုင်တော့တဲ့အဆုံး သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တယ်။

လမ်းမဟာတော့ ပုံမှန်အတိုင်းပဲ ပိတ်ဆို့မြဲ၊ လမ်းရဲ့တစ်နေရာက လမ်းဖြတ်ကူးသူ‌တွေနဲ့ ပိတ်နေတာမို့ ကားတွေဟာ ရဲသားရဲ့လမ်းရှင်းပေးတာကို စောင့်ရင်း တရွှေ့ရွှေ့နဲ့သာသွားနေရတယ်။ တစ်ချက်တစ်ချက်‌တွင်တော့ စောင့်ရတာပျင်းနေတဲ့ကားသမားတွေအနေနဲ့ လမ်းကိုဝေ့ဝဲ ကြည့်လိုက်ရင် လမ်းတစ်ဖက်မှာ ပွေ့ဖက်နေကြတဲ့ စုံတွဲလေးတစ်တွဲကိုမြင်ကြရမှာပါ၊ သူတို့ သက်ပြင်းချမိကြတယ် : အော်..ငယ်ရွယ်ရတာဘယ်လောက်ကောင်းလိုက်လဲ....

ဘေးလူတွေရဲ့ အကြည့်ကို ဂရုမစိုက်၊ မျက်လုံးထဲမှာ သူတို့အချင်းချင်းပဲ ရှိကြတယ်။

.
ကျန့်ယောင် လက်မောင်းတွေကို ပိုပြီးတင်းကျပ်လိုက်တယ်။

ရင်းချဲယ်မှာ အလောတကြီးထွက်လာရတာမို့ အပေါ်ကနေ ဂျာကင်အရှည်အထူကြီးတစ်ထည်ပဲ ထပ်ဝတ်လာခဲ့တယ်၊ ထို့ကြောင့် သူ့ကိုဖက်ရသည်မှာ အရမ်းကိုနွေးထွေးနူးညံ့နေတယ်၊ ကောင်းကင်က လောလောလတ်လတ်နေပူဆာလှုံထားတဲ့ တိမ်စိုင်လေးတစ်ခုကို ဖက်ရတဲ့အတိုင်း။

လေးငါးစက္ကန့်ကြာလောက် အနီးကပ်ပွေ့ဖက်ပြီးချိန်မှာ ရင်ခွင်ထဲကလူရဲ့ကိုယ်လေးဟာ တဖြည်းဖြည်းနဲ့ တောင့်တင်းသယောင်ဖြစ်လာတာ ခံစားမိတာမို့ ကျန့်ယောင် လွှတ်ပေးလိုက်ရတယ်။

“‌ဆောရီး ငါမင်းရဲ့သဘောထားကိုမမေးလိုက်မိဘူး မင်းအဆင်ပြေရဲ့လား?”

ရင်းချဲယ် အမူအရာက အနည်းငယ်ဖြူဖျော့နေတယ်၊ ဒါပေမယ့် နားရွက်လေးတစ်စုံကတော့ ရဲရဲလေး။ ပြီးတော့ အကြည့်ကလည်း ကျန့်ယောင်ဆီကနေ ရှောင်ဖယ်ရှောင်ဖယ်။
“....အဆင်ပြေပါတယ်”

“ဒါဆို နောက်တစ်ခေါက်လောက်?”
ကျန့်ယောင်က သူ့လက်မောင်းတွေကို ဖြန့်ကားပေးတယ်။

ရင်းချဲယ်က နောက်ကို သေးသေးလေးတစ်လှမ်းဆုတ်လိုက်ပြီး :
‘‘တစ်နေ့ကို တစ်ခါပဲ”

ဒီလို ဖက်လဲတကင်းထိတွေ့မှုမျိုးကို သူကျင့်သားမရသေးဘူး။

“အဲ့ဒါဘာသဘောလဲ ဟမ် ကောင်စုတ်လေး?”
ကျန့်ယောင်နှုတ်ခမ်းတွေက အပြုံးတစ်ပွင့်အဖြစ် ကော့တက်လာလေသည်။
“မင်းက ငါ့ကိုမင်းဆီနေ့တိုင်းလာပြီး ဖက်စေချင်နေတာပေါ့လေ? တွယ်ကပ်လိုက်တာကွာ”

“......”

alpha လေးကတော့ မဆိုးပါဘူး၊ ဒါပေမယ့် လေလုံးကတော့ ထွားသလားမမေးနဲ့

ကျန့်ယောင်က သူ့နောက်ကဆိုင်ကယ်ကြီးကိုပုတ်ပြကာ :
“ကောင်းပြီ ဘာပဲဖြစ်ဖြစ်ပါ ငါ့မှာ ဒီကိရိယာကြီးရှိနေပြီပဲ၊ ညတိုင်းနှစ်နာရီလောက်ပဲဆိုတော့၊ ဖြစ်နိုင်သမျှ အမြန်ဆုံး ငါ့ကောင်လေးကို ငါ့ရင်ခွင်ထဲသူ့အလိုလို ဝင်လာအောင်လုပ်နိုင်မယ်ဆိုရင်တော့ တန်ပါတယ်”

“ဘယ်သူက မင်းကိုနေ့တိုင်းလာစေချင်နေလို့လဲ၊ အရူးလိုလျှောက်ပြောမနေနဲ့”
ရင်းချဲယ် အကြောင်းအရာကိုပြောင်းလိုက်သည်။
“ဒါက ဘယ်သူ့ဟာကြီးလဲ? မင်းမှာ လိုင်စင်ရောရှိလို့လား?”

“ငါမင်းကို အရင်က ပြောပြဖူးတဲ့ ငါ့ပါပါးဆီက မွေးနေ့လက်ဆောင်ဆိုတာလေ၊ လိုင်စင်လည်းရှိတာပေါ့၊ မဟုတ်ရင် ခုချိန်လောက်မှာ ငါတို့စကားပြောရမယ့်နေရာက ရဲစခန်းဖြစ်နေလောက်ပြီ”

ကျန့်ယောင်က ဆိုင်ကယ်ကို သူကောင်းကောင်းမြင်ရဖို့အတွက် ဘေးကိုတစ်ချက်ရှောင်‌ပေးတယ်။
‘’မိုက်တယ်ဟုတ်? မင်းစီးကြည့်မလား?”

ဆယ်ကျော်သက်ကောင်လေးအများစုကတော့ ဒီလိုမျိုးအမိုက်စားယာဥ်တွေကို ငြင်းဆန်ခြင်းရှိလိမ့်မည်မဟုတ်ပေ။ ရင်းချဲယ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ်။
“အင်း”

ကျန့်ယောင်အနေနဲ့ သူ့ကိုရပ်ကွက်တစ်ပတ်လောက်တော့ ခေါ်သွားလိမ့်မယ်လို့ သူထင်လိုက်ပေမယ့် ကျန့်ယောင်ကတော့ ရယ်နေပြီး ပြောလာတယ်။
‘’နောက်နေ့မှ စီးတာပါ့၊ ခုက တော်တော်လေးညဥ့်နက်နေပြီ၊ အန္တရာယ်များတယ်”

“အန္တရာယ်များတယ်ဆိုပြီး မင်းကျညလယ်ခေါင်းကြီး စီးနေပြီးတော့”

“ငါက ငါ့ဘာငါတစ်ယောက်တည်းစီးဖို့ သတ္တိရှိတယ်လေ၊ ငါ့ကိုယ်ငါလည်း ကောင်းကောင်းကိုင်တွယ်နိုင်တယ်၊ ဒါမယ့် တခြားလူတွေကိုတော့ မခေါ်နိုင်ဘူး င့ါပေါင်ပေ့လေးကို ခေါ်ဖို့ဆို ပြောမနေနဲ့တော့”

ကျန့်ယောင်က လက်တစ်ဖက်ထုတ်လာပြီး ရင်းချဲယ်ရဲ့ကုတ်အင်္ကျီကိုဇစ်ဆွဲတပ်ပေးရင်း :
“ပြီးတော့ ဒီနေ့က တော်တော်လေးလည်း အေးတယ်၊ အအေးမိလိမ့်မယ်”

သူ့ရဲ့ မျက်တောင်ငိုက်ငိုက်လေးတွေကို ရင်းချဲယ် မက်မက်မောမောကြည့်မိရင်း တစ်ချိန်တည်းမှာလည်း သူအရမ်းကံကောင်းတယ်လို့ ခံစားမိတယ်။

တော်ပါသေးရဲ့ ငါလက်ခံမိခဲ့လို့

ဒီလိုအချစ်မျိုးဟာ တစ်ရက်တာပဲဆိုဦးတော့ ထိုက်တန်နေပါပြီ

..

သန်းခေါင်ယံနီးကပ်လာတာနဲ့အမျှ public squareက လူဦးရေမှာလည်း တဖြည်းဖြည်းထူထပ်လာသလို အော်ဟစ်ဆူညံသံတွေနဲ့ အဆမတန်သောသောညံနေတော့သည်။

သူတို့နှစ်ဦးသားလည်း ဘေးချင်းကပ်ရပ်နဲ့ ဆိုင်ကယ်ကိုမှီထားရင်း စခရင်ကြီးကိုကြည့်နေလိုက်ကြတယ်။ Spring Festival Galaရဲ့ hostကတော့ စကားစုတစ်ခုနဲ့တစ်ခုလည်းမထပ်စေပဲ စကားလုံးတွေစီရင်း အကောင်းဆုံးကြိုးစား အချိန်ဆွဲပြောနေလေရဲ့။

“ငါ ဆံပင်ကေအသစ်နဲ့ ကြည့်ကောင်းတယ်ဟုတ်?”
ကျန့်ယောင်က ဆံပင်အစလေးကို လက်ညှိုးလေးနဲ့ဆော့ကစားရင်း :
“ရုတ်တရက်ကြီး မြင်ကွင်းက ရှင်းလင်းသွားတာဆိုတော့ သိပ်တော့ကျင့်သားမရသလိုပဲ”

ရင်းချဲယ်ကတော့ သူ့ကိုမျက်လုံးထောင့်ကနေ တစ်ချက်လှမ်းကြည့်သည်။

အမှန်တော့ သူဝေဖန်ပေးစရာကိုမလိုပေ။ သူတို့ရှေ့က ဖြတ်သွားသူတိုင်းရဲ့အကြည့်တွေက ဒီဘက်ဆီကိုပဲ ရောက်ရောက်လာတယ်။

အမှန်ဝန်ခံရရင် ရင်းချဲယ် အဲ့ဒါကို သိပ်မကြိုက်ချင်ဘူး။

“‌ကျောင်းပြန်ဖွင့်ရင် မင်းဘယ်လိုဆက်လုပ်မှာလဲ? ဆံပင်ကိုပြန်ပြင်မှာလား?”

ကျန့်ယောင်က ခေါင်းရမ်းပြကာ
“မလိုတော့ဘူး၊ အရင်တစ်ခေါက်က ဟိုဖန့်ဟွေဆိုတဲ့ကောင်က သတင်းတွေဖြန့်ပစ်လိုက်ပြီ၊ အခုဆို ငါFirst Highမှာဆိုတာ Dong Chengကလူတွေအားလုံးသိပြီးနေကြပြီ၊ ငါ့ကိုယ်ငါ စိတ်ပျက်စရာကောင်းအောင်နေနေလို့လည်း အကျိုးမရှိတော့ဘူး”

ရင်းချဲယ် ခနလောက် တွေးတောကြည့်ပြီးနောက် သူတစ်ချိန်လုံးဒွိဟဖြစ်နေရတဲ့ မေးခွန်းတစ်ခုကိုမေးလိုက်သည်။
“ကျန့်ယောင် မင်းဘာလို့ကျောင်းပြောင်းရတာလဲ?”

ကျန့်ယောင်ရဲ့ လက်တွေ တုံ့ခဲသွားသည်။

“ဘယ်လိုပြောရပါ့မလဲ၊ အဲ့ဒါက အရမ်းကိုရှုပ်‌ထွေးတယ်....”
သူဟာ ကောင်းကင်ကိုမော့ကြည့်ရင်း စက္ကန့်ပိုင်းမျှ ငြိမ်သက်နေပြီးမှ သက်ပြင်းချသည်။
“အင်း.. အမှန်တော့ အဲ့လောက်လည်းမရှုပ်ထွေးပါဘူး”

သူက အမြဲ သူသာ အသန်မာဆုံး၊ သူ့အနေနဲ့ အရာရာကိုကိုင်တွယ်နိုင်တယ်ဆိုပြီး အမြဲ ကိုယ့်ကိုယ်ကို အထင်ကြီးနေတတ်တယ်။ ပြိုင်ဘက်တွေအပေါ် နည်းနည်းမှ အလေးမထားတတ်သည့်အပြင် သူတို့ကိုရိုက်လိုက်ပုတ်လိုက်နဲ့ လှောင်ပြောင်နေတတ်သေးတာ။

နောက်တော့ ရန်ပွဲတွေ ပိုပိုစိပ်လာတယ်၊ ဒါပေမယ့် အဲ့လူတွေက သူနဲ့ယှဥ်လို့မရတာကြောင့် သူကတော့ သိပ်ပြီးစိတ်ထဲမထားခဲ့မိဘူး။

တစ်နေ့ထိပေါ့၊ သူ့လက်မှာခံလိုက်ရတဲ့ လူတစ်စုက သူ့ညီမ‌လေးတက်နေတဲ့ မူလတန်းကျောင်းကို ရှာတွေ့သွားကြတယ်။ မူကြိုကျောင်းက ပွဲတော်တစ်ခုအတွက် လူတွေအားလုံးဝင်ခွင့်ပေးသည့်နေ့ကို အခွင့်ကောင်းယူကာ ကျောင်းယူနီဖောင်းတွေငှားပြီး မိသားစုဝင်ယောင်ဆောင်တယ်။ သူတို့ဝင်ခွင့်ရသွားတယ်။

သူတို့က အကိုကြီးဖြစ်သူရဲ့ သူငယ်ချင်းတွေလို့ ဝမ်ရှောင်ရို့လေးကြားရချိန်မှာ Eighth High ယူနီဖောင်းတွေ ဝတ်ထားတာလည်း တွေ့တာမို့ သံသယကင်ကင်းနဲ့ လိုက်သွားလေရဲ့။

အဲ့အချိန်လေးတုန်းက ပွဲ‌သွားတက်တဲ့ သူ့ပါပါးက ကျောင်းပေါက်ဝကိုအချိန်မှီ ရောက်သွားလို့သာပေါ့ မဟုတ်ရင် ဘယ်လိုဘေးဒုက္ခမျိုးတွေဖြစ်လိမ့်မလဲ ဘယ်သူမှမသိနိုင်ပေ။

“ငါ့ပါပါးကတော့ အသေဆူတော့တာပဲ”
ကျန့်ယောင်က သူ့အကြောင်းကုန်စင်ကိုပြောပြပြီး သူ့ကိုယ်သူလှောင်ရယ်ရယ်တယ်။
“ငါလည်း ငါ့ကိုယ်ငါ အဆူခံရတာတောင် နည်းသေးတယ်လို့ထင်ပါတယ်၊ နေ့တိုင်းနေ့တိုင်း အရူးကြီးတစ်ယောက်လို လျှောက်သွားအချိန်ဖြုန်း၊ ငါ့ပတ်ဝန်းကျင်က လူတွေကိုကာကွယ်ဖို့ ကြံခိုင်တယ်လို့ထင်နေခဲ့တာ၊ နောက်ဆုံးကျတော့လည်း ငါ့နားကလူတွေက ငါ့ကြောင့်ပဲ ထိခိုက်လုနီးပါးဖြစ်ခဲ့တယ်

“ငါ့ meiတစ်ယောက်တည်းတင်မဟုတ်ဘူး၊ ကျောက်ချန်ဆိုလည်း ငါ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တာကြောင့် လမ်းမှာခနခနပိတ်တားခံရတယ်၊ ငါကကိုယ့်ကိုယ်ကို သူ့အတွက် လက်စားပြန်ချေပေးတဲ့ ဟီးရိုးတစ်ယောက်လို့ထင်‌နေတာ၊ ဒါမယ့် အဲ့အဖြစ်ပျက်ပြီးနောက်တော့ ငါသဘောပေါက်လိုက်တယ် င့ါကြောင့်သာမဟုတ်ရင် သူလည်းအစကတည်းက အဲ့လိုမျိုးအတားဆီးခံခဲ့ရမှာမဟုတ်ဘူး

“Dong Chengဆိုတာ အစတုန်းက အဲ့လောက်ဗရုတ်မဆန်ဘူးရယ်၊အလွန်ဆုံးမှ မူလတန်းကလေးတွေဆီက မုန့်ဖိုးညှစ်တောင်းတဲ့ လူဆိုးကောင်တချို့ပဲ ရှိခဲ့တာ၊ ဒါပေမယ့် ငါ့ကြောင့်သာ င့ါရဲ့ငါကိုယ်တော်တစ်ဝါကြီးဝါဒတွေကြောင့် ငါ့ရဲ့ အလွန်ကျွံဖိနှိပ်မှုတွေကြောင့် မခံမရပ်နိုင်တွေဖြစ်ပြီး ရန်ပွဲတွေ ပိုပိုဖြစ်လာရတာ၊ တချို့‌ကောင်တွေဆို ရာဇဝတ်မှု ကျူးလွန်မိတော့မယ့်အထိပဲ”

ကျန့်ယောင်က သက်ပြင်းထပ်ချသည်။

“ဘာကို ‘Dong Chengရဲ့ ကျောင်းလူဆိုးလဲ’? ငါက Dong Chengရဲ့ကပ်ဆိုးပဲ၊ ငါရှိနေသရွေ့ င့ါအနီးနားကလူတွေလည်း အန္တရာယ်ကျရောက်ကျလိမ့်မယ် ဒါ့ကြောင့်ပဲ ငါထွက်ပြေးလာခဲ့တာ”

သူ့စကားကို အလုံးစုံနားထောင်ပြီးချိန်ထိ ရင်းချဲယ်ကတော့ ငြိမ်ငြိမ်ဆိတ်ဆိတ်ပဲ၊ ထိုကိစ္စအပေါ် ဘာအမြင်မှ မပြချေ။

ကျန့်ယောင်ကတော့ ချေတုံချတုံနဲ့ ခေါင်းကိုကုတ်နေတယ်။
“ငါ မင်းကိုအကုန်မပြောလိုက်သင့်ဘူး.... အဲ့ဒါကြီးပြောပြီးတော့ ငါက ကြောက်စရာကောင်းသွားမှာပဲ၊ နည်းနည်းမှ ချောတော့မှာမဟုတ်ဘူး”

“မဟုတ်တာ”
ရင်းချဲယ် အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်ချိန် မြူမှုန်တွေဟာလွင့်ပြယ်သွားသည်။ နှုတ်ခမ်းထောင့်လေးတွေက ကွေးတက်သွားရင်း ပြောသည်။
“ငါ့အထင်တော့ မင်းကတကယ်ချောပါတယ်”

ကျန့်ယောင်ကတော့ သူ့ဆီကို အကြာကြီးပြန်ကြည့်နေပြီးမှ :
“င့ါကို ဝရန်းပြေးလိုမျိုးတော့ မထင်ဘူးမလား?”

ရင်းချဲယ် : “ဘယ်လိုလုပ် ဝရန်းပြေးဖြစ်ပါ့မလဲ? အမှားကို ဝန်ခံရဲတယ် တာဝန်ယူရဲတယ်၊ မင်းက တခြားလူတွေအားလုံးထက်ပိုပြီးရဲရင့်ပါတယ်”

ကျန့်ယောင်က ရယ်ပြီးပြောတယ်။
“မင်းကောင်လေးဖြစ်နေတယ်ဆိုတိုင်း ငါ့ကို ဒီလိုကြီး မြှောက်ပြောစရာမလိုပါဘူးကွာ”

“ငါနောက်နေတာမဟုတ်ဘူး၊ ဝမ်ဖုန့်ဟွေတို့ ချန်းလောင်ရှီးတို့ကိုပဲတွေးကြည့် ရုန့်ဝေရောပဲ၊ လူတိုင်းက ကိုယ့်အမှားကို ဝန်ခံနိုင်ကြတာမဟုတ်ဘူး တချို့ဆို ကိုယ့်ကိုယ်ကိုအမှားလုပ်ထားလို့လုပ်ထားမှန်းတောင် မတွေးမိကြဘူး”

ကျန့်ယောင်က နှာခေါင်းကိုကုတ်ရင်း ကောင်းကင်ဆီကိုမော့ကြည့်သည်။

“တကယ်ကြီး တစ်ရက်ကိုတစ်ခါတည်းလား?”

“......ဘာကို?”

“ခုချက်ချင်းပဲ မင်းကိုထွေးပွေ့ပစ်လိုက်ချင်တယ်”
ကျန့်ယောင်က သူ့အင်္ကျီလက်ကိုဆွဲကာ :
“မနက်ဖြန်အတွက်ကို ကြိုချေးသုံးလို့ရလားဟင်?”

Countdownဆုံးသွားချိန် public squareက လူတွေရဲ့အသံတွေဟာ အထွတ်ထိပ်ကိုရောက်ပြီး ဆူညံနေတော့တယ်။ အချင်းချင်းအပြန်အလှန်ဂုဏ်ပြုဖက်တွယ်ကြပြီး လမ်းတစ်ဖက်က ပွေ့ဖက်နေတဲ့လူငယ်အတွဲကိုတော့ ဘယ်သူမှ အရေးစိုက်မနေကြပေ။

“Happy New Year”
ကျန့်ယောင် ရင်ခွင်ထဲကလူအား မဝံ့မရဲဖျစ်ညှစ်ဖက်လိုက်ပြီး နားထဲကို ခပ်တိုးတိုးပြောမိတယ်။
“င့ါရဲ့ပထမဆုံး ဆုတောင်းစကားက မင်းတစ်‌ယောက်တည်းအတွက်ပဲ”

“Happy New Year”
ရင်းချဲယ်မျက်နှာကမူ သူ့ပုခုံးဆီအပ်ထားကာ လေသံပျော့ပျော့လေးနဲ့ :
“ငါလည်း ခုလေးတင် မင်းကိုပဲ ပြောရသေးတာ”

...

ဆောင်းရာသီ အားလပ်ရက်ရဲ့ သုံးပတ်တာကာလဟာ မျက်စိတစ်မှိတ်စာအတွင်းပင် ကုန်ဆုံးသွားသည်။

သူတို့မှာ နားလို့ပင်မဝသေးခင်မှာ ကျောင်းသွားပြီး check inဝင်ရမယ့်နေ့ကိုရောက်နေလေပြီ။

အားလပ်ရက်ပိတ်ရက် တစ်ဝက်မှာတုန်းက သူတို့အနေနဲ့ ကျောင်းလာပြီး အဆင့်တွေပြန်ကြည့်ရတယ်၊ အဲ့ဒီမှာပဲ ဒီနှစ်ကျတဲ့သူအတော်များများမှာ မိဘတွေဆီက စာတွေ အတင်းထိုးသွပ်ရိုက်သွင်းခံရတော့တာပဲ။ ပိတ်ရက်အတွက် အိမ်စာတွေတစ်ပုံတစ်ပင်နဲ့ ပေါင်းတော့ သူတို့အားလပ်ရက်မှာ နားရက်နဲ့ပင်မတူတော့ပေ။

“ရင်းချဲယ် သင်္ချာအိမ်စာ....”
ရန်းရီလဲ့က မနက်စောစောစီးစီး အိမ်စာတွေ လိုက်ကောက်နေတယ်။

ရင်းချဲယ်က ရှေ့မှာ လက်ကိုစက်တပ်သလို အမြန်ဆုံးကူးချနေတဲ့ ကျန်းခဲ့ဆီကို ညွှန်ပြကာ :
“သူများငှားသွားတယ်”

ရွေးချယ်စရာမရှိတာမို့ ရန်းရီလဲ့မေးလိုက်သည်။
“ကျန့်ယောင်ကရော? သူ မရောက်သေးဘူးလား?”

“မရောက်သေးဘူး၊ မနေ့ကတော့ ပျက်ကွက်ခွင့်တောင်းထားတယ် နောက်ကျမှ ရောက်လာမယ်ထင်တယ်”

Xi Chengထိ သူ့ကိုတစ်ခါလာတွေ့ပြီးနောက်‌ ကျန့်ယောင်က group chatထဲမှာပဲ ပေါ်လာတတ်တယ်။ သူတို့ကျောင်းကို check inဝင်တဲ့နေ့တုန်းကလည်း လေဆိပ်သွားပြီး သူ့ညီမကိုသွားကြိုတာကြောင့် တွေ့ဆုံပွဲကိုလည်း မတက်ခဲ့ဘူး။ မနေ့ညက ပြန်လာတဲ့ အဆောင်နေကျောင်းသားတွေကလည်း သူ့အရိပ်ယောင်လေးပင်မမြင်ရသေးပေ။

ကျန်းခဲ့က နားမလည်ဖြစ်သွားသည်။
“ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားလောက်ရတဲ့အထိ ကျန့်ယောင်က စာမေးပွဲမှာ ဆိုးဆိုးရွားရွားများ လုပ်ခဲ့လို့လား?”

ချန်ရင်းရင်း : “အားလုံးကို နင့်လိုများထင်နေလား? သူအိမ်မှာ စာအသေပြန်လေ့လာနေလို့နေမှာပေါ့”

ကျန်းခဲ့ ထိုမြင်ကွင်းကို ကြိုးစားပုံဖော်ကြည့်တယ်။
“မဖြစ်နိုင်ဘူး၊ ယောင်ကောလည်း ငါ့လိုပဲ ကိုယ့်အခြေနေကို ကောင်းကောင်းသိတဲ့လူပဲနေမှာ၊ တစ်သက်လုံး ဘယ်လောက်ကြိုးစားကြိုးစား အသုံးမကျပဲဖြစ်နေမှာ”

ချန်ရင်းရင်း : “သူများနောက်ကွယ်မှာ မကောင်းမပြောနဲ့၊ ကိုယ့်အိမ်စာကိုယ်ကူးစမ်းပါ”

“ငါကအမှန်ကိုပြောနေတာ....F*ck!”

ချန်ရင်းရင်းကတော့ အလန့်တကြားထခုန်မိပြီး သူ့ကိုစာအုပ်နဲ့ရိုက်တော့သည်။
“ဘာလုပ်တာတုန်း! လန့်သွားတာပဲ”

ကျန်းခဲ့ကတော့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ တံခါးပေါက်‌ကနေ စာသင်ခန်းအပြင်ကို လှမ်းကြည့်နေရင်းနဲ့ :
“အပြင်မှာ သောက်ရမ်းချောတဲ့ကောင်တစ်ကောင်ရောက်နေတယ်!”

သူတင်မဟုတ် တခြားအတန်းဖော်တွေနဲ့ ကော်ရစ်တာအပြင်ဘက်ကဖြတ်သွားတဲ့ ကျောင်းသားတွေကပါ သတိပြုမိတာမို့ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

“အဲ့ဒါ ဘယ်သူတုန်း? ဘယ်အတန်းကလဲ? အရင်က ငါတစ်ခါမှ မမြင်ဖူးပါဘူး!”
ကျန်ခဲ့မှာ မယုံနိုင်ဖြစ်နေတယ်။ ဘောပင်ကိုပစ်ချခဲ့ပြီး လည်တိုင်ကိုဆန့်ကာ စပ်စုတော့တယ်။
“ငါတို့ကျောင်းမှာ ဒီလောက်ချောတဲ့ alphaရှိတယ်လား? ဒါဆို ငါကဘယ်လိုလုပ်မသိပဲနေမှာလဲ?”

ကြည့်လေလေ တစ်ခုခုတော့လွဲနေပြီဆိုတာ သူခံစားမိတယ်။ အဲ့ဒီမျက်နှာ အဲ့ဒီအရပ်.....ဘာလို့အရမ်းတူနေရတာလဲ?

အာရုံစိုက်ခံနေရတဲ့ ကာယကံရှင်ကတော့ အရှေ့တံခါးကနေ အနောက်တံခါးဆီကိုလျှောက်သွားတယ်။ စလိုက်မီးမောင်းထိုးထားသလိုပဲ အားလုံးရဲ့အာရုံကတော့ တစ်လျှောက်လုံး သူ့ဆီမှာ။

နောက်တော့ သူက အနောက်တံခါးကတစ်ဆင့် အခန်းထဲကို ဝင်လာတယ်။

ဟန်မုန့်လက်ထဲက အိတ်ဆောင်မှန်လေးဟာတော့ *ဂွက်*ဆိုပြီး ကျကွဲသွားလေရဲ့။
“ငါလူး......”

ရင်းချဲယ်တစ်ယောက်ကပဲ အစဉ်လာမပျက် တည်ငြိမ်အေးဆေးစွာနဲ့ သူ့ဘေးမှာ လွယ်အိတ်ကိုချ၊ ခုံကိုဆွဲထိုင်တဲ့သူကို ကြည့်နေတယ်။

“မောနီး”
ကျန့်ယောင်က သူ့ကိုပြုံးပြတယ်၊ နောက် ခေါင်းကိုလှည့်ပြီး အတန်းဖော်တွေအားလုံးနဲ့ အပြင်ကလှမ်းကြည့်နေကြတဲ့ ကျောင်းသားတွေကို တစ်ချက်ပြုံးပြလိုက်ပြီး :
“ဘာကြည့်နေကြတာလဲ? မင်းတို့တွေ ဒီလိုချောမောတဲ့သူကို တစ်ခါမှမတွေ့ဖူးကြဘူးလား?”

______

[Zawgyi]

က်န႔္ေယာင္ေလသံမွာတင့္စီးလြန္းတယ္၊ တင့္စီးလြန္းလို႔ ဘယ္နားကစၿပီး ဘ၀င္မက်ျဖစ္ရမွန္းကို မသိေတာ့ေပ။

“ဘယ္လိုလုပ္ၿပီးဒီကိုေရာက္ေနတာလဲ?”

“မင္းရဲ့တုံ႔ျပန္ပုံႀကီးကလည္းကြာ ငါ့လုပ္‌ေဆာင္ခ်က္ေတြကို သတ္ပစ္လိုက္သလိုပဲ”
က်န႔္ေယာင္က helmetကို ေအာက္ခ်လိုက္သည္။
“Dong Cheng ကေန Xi Chengထိ ကီလိုမီတာသုံးဆယ္လုံးလုံးကို တစ္နာရီအတြင္း ေလအလ်င္နဲ႔ လာခဲ့ရတာေလ၊ ႏွစ္သစ္ကူးကို မင္းနဲ႔အတူတူဆင္ႏႊဲဖို႔အတြက္ေလးနဲ႔၊ မင္းအေနနဲ႔က ‘Wow!အခ်စ္ရယ္! ငါေတာ့ အရမ္းရင္ခုန္သြားတာပဲ! လြမ္းတယ္ဆိုတာေလးနဲ႔ ခ်က္ခ်င္းႀကီး ေပၚလာေတာ့တာပဲ! ငါေတာ့ မင္းကို ေသေလာက္ေအာင္ခ်စ္သြားၿပီ!’ အဲ့လိုမ်ိဳးျဖစ္သင့္တာမဟုတ္ဘူးလား?”

ရင္းခ်ဲယ္ : “အဲ့လိုမ်ိဳးက ျဖစ္နိုင္မယ္လို႔ ထင္လို႔လား?”

က်န႔္ေယာင္ : “ငါလည္း ျဖစ္နိုင္မယ္လို႔လုံးဝမထင္ထားပါဘူး”

ရင္းခ်ဲယ္ : “ဒါျဖင့္ ဘာေသာက္ကိစၥေၾကာင့္ ေျပာေနေသးလဲ”

က်န႔္ေယာင္က ရယ္တယ္။
“မင္းကို စၾကည့္ခ်င္လို႔....”

သူ႔စကားမဆုံးခင္မွာပဲ ေဘးမွာခ်ထားတဲ့ သူ႔လက္ဖမိုးေလးတစ္ဖက္မွာ ပြတ္တိုက္ခံလိုက္ရတယ္။

ျငင္ျငင္သာသာ‌ေလး၊ သူ႔ႏွလုံးသားေလးဟာလည္း လက္သည္းေလးနဲ႔ အကုပ္ခံလိုက္ရသလို။

က်န႔္ေယာင္ဟာ အလန႔္တၾကားနဲ႔ ေတာင့္ခဲေနမိတယ္။

“ငါရင္ခုန္ပါတယ္”
ရင္းခ်ဲယ္ရဲ့ မ်က္ဝန္းနက္နက္ေတြက အလင္းေရာင္‌ေလးေတြထြက္ေနသလိုကို ေတာက္ပေနတယ္။
“အရမ္းလည္းလြမ္းေနခဲ့တာ”

က်န႔္ေယာင္တစ္ေယာက္ ဘယ္လိုမွမထိန္းခ်ဳပ္နိုင္ေတာ့တဲ့အဆုံး သူ႔လက္ေကာက္ဝတ္ကို လွမ္းဆြဲလိုက္တယ္။

လမ္းမဟာေတာ့ ပုံမွန္အတိုင္းပဲ ပိတ္ဆို႔ျမဲ၊ လမ္းရဲ့တစ္ေနရာက လမ္းျဖတ္ကူးသူ‌ေတြနဲ႔ ပိတ္ေနတာမို႔ ကားေတြဟာ ရဲသားရဲ့လမ္းရွင္းေပးတာကို ေစာင့္ရင္း တေရႊ႕ေရႊ႕နဲ႔သာသြားေနရတယ္။ တစ္ခ်က္တစ္ခ်က္‌တြင္ေတာ့ ေစာင့္ရတာပ်င္းေနတဲ့ကားသမားေတြအေနနဲ႔ လမ္းကိုေဝ့ဝဲ ၾကည့္လိုက္ရင္ လမ္းတစ္ဖက္မွာ ေပြ႕ဖက္ေနၾကတဲ့ စုံတြဲေလးတစ္တြဲကိုျမင္ၾကရမွာပါ၊ သူတို႔ သက္ျပင္းခ်မိၾကတယ္ : ေအာ္..ငယ္ရြယ္ရတာဘယ္ေလာက္ေကာင္းလိုက္လဲ....

ေဘးလူေတြရဲ့ အၾကည့္ကို ဂ႐ုမစိုက္၊ မ်က္လုံးထဲမွာ သူတို႔အခ်င္းခ်င္းပဲ ရွိၾကတယ္။

.
က်န႔္ေယာင္ လက္ေမာင္းေတြကို ပိုၿပီးတင္းက်ပ္လိုက္တယ္။

ရင္းခ်ဲယ္မွာ အေလာတႀကီးထြက္လာရတာမို႔ အေပၚကေန ဂ်ာကင္အရွည္အထူႀကီးတစ္ထည္ပဲ ထပ္ဝတ္လာခဲ့တယ္၊ ထို႔ေၾကာင့္ သူ႔ကိုဖက္ရသည္မွာ အရမ္းကိုေႏြးေထြးႏူးညံ့ေနတယ္၊ ေကာင္းကင္က ေလာေလာလတ္လတ္ေနပူဆာလွုံထားတဲ့ တိမ္စိုင္ေလးတစ္ခုကို ဖက္ရတဲ့အတိုင္း။

ေလးငါးစကၠန႔္ၾကာေလာက္ အနီးကပ္ေပြ႕ဖက္ၿပီးခ်ိန္မွာ ရင္ခြင္ထဲကလူရဲ့ကိုယ္ေလးဟာ တျဖည္းျဖည္းနဲ႔ ေတာင့္တင္းသေယာင္ျဖစ္လာတာ ခံစားမိတာမို႔ က်န႔္ေယာင္ လႊတ္ေပးလိုက္ရတယ္။

“‌ေဆာရီး ငါမင္းရဲ့သေဘာထားကိုမေမးလိုက္မိဘူး မင္းအဆင္ေျပရဲ့လား?”

ရင္းခ်ဲယ္ အမူအရာက အနည္းငယ္ျဖဴေဖ်ာ့ေနတယ္၊ ဒါေပမယ့္ နားရြက္ေလးတစ္စုံကေတာ့ ရဲရဲေလး။ ၿပီးေတာ့ အၾကည့္ကလည္း က်န႔္ေယာင္ဆီကေန ေရွာင္ဖယ္ေရွာင္ဖယ္။
“....အဆင္ေျပပါတယ္”

“ဒါဆို ေနာက္တစ္ေခါက္ေလာက္?”
က်န႔္ေယာင္က သူ႔လက္ေမာင္းေတြကို ျဖန႔္ကားေပးတယ္။

ရင္းခ်ဲယ္က ေနာက္ကို ေသးေသးေလးတစ္လွမ္းဆုတ္လိုက္ၿပီး :
‘‘တစ္ေန႔ကို တစ္ခါပဲ”

ဒီလို ဖက္လဲတကင္းထိေတြ႕မွုမ်ိဳးကို သူက်င့္သားမရေသးဘူး။

“အဲ့ဒါဘာသေဘာလဲ ဟမ္ ေကာင္စုတ္ေလး?”
က်န႔္ေယာင္ႏွုတ္ခမ္းေတြက အျပဳံးတစ္ပြင့္အျဖစ္ ေကာ့တက္လာေလသည္။
“မင္းက ငါ့ကိုမင္းဆီေန႔တိုင္းလာၿပီး ဖက္ေစခ်င္ေနတာေပါ့ေလ? တြယ္ကပ္လိုက္တာကြာ”

“......”

alpha ေလးကေတာ့ မဆိုးပါဘူး၊ ဒါေပမယ့္ ေလလုံးကေတာ့ ထြားသလားမေမးနဲ႔

က်န႔္ေယာင္က သူ႔ေနာက္ကဆိုင္ကယ္ႀကီးကိုပုတ္ျပကာ :
“ေကာင္းၿပီ ဘာပဲျဖစ္ျဖစ္ပါ ငါ့မွာ ဒီကိရိယာႀကီးရွိေနၿပီပဲ၊ ညတိုင္းႏွစ္နာရီေလာက္ပဲဆိုေတာ့၊ ျဖစ္နိုင္သမၽွ အျမန္ဆုံး ငါ့ေကာင္ေလးကို ငါ့ရင္ခြင္ထဲသူ႔အလိုလို ဝင္လာေအာင္လုပ္နိုင္မယ္ဆိုရင္ေတာ့ တန္ပါတယ္”

“ဘယ္သူက မင္းကိုေန႔တိုင္းလာေစခ်င္ေနလို႔လဲ၊ အ႐ူးလိုေလၽွာက္ေျပာမေနနဲ႔”
ရင္းခ်ဲယ္ အေၾကာင္းအရာကိုေျပာင္းလိုက္သည္။
“ဒါက ဘယ္သူ႔ဟာႀကီးလဲ? မင္းမွာ လိုင္စင္ေရာရွိလို႔လား?”

“ငါမင္းကို အရင္က ေျပာျပဖူးတဲ့ ငါ့ပါပါးဆီက ေမြးေန႔လက္ေဆာင္ဆိုတာေလ၊ လိုင္စင္လည္းရွိတာေပါ့၊ မဟုတ္ရင္ ခုခ်ိန္ေလာက္မွာ ငါတို႔စကားေျပာရမယ့္ေနရာက ရဲစခန္းျဖစ္ေနေလာက္ၿပီ”

က်န႔္ေယာင္က ဆိုင္ကယ္ကို သူေကာင္းေကာင္းျမင္ရဖို႔အတြက္ ေဘးကိုတစ္ခ်က္ေရွာင္‌ေပးတယ္။
‘’မိုက္တယ္ဟုတ္? မင္းစီးၾကည့္မလား?”

ဆယ္ေက်ာ္သက္ေကာင္ေလးအမ်ားစုကေတာ့ ဒီလိုမ်ိဳးအမိုက္စားယာဥ္ေတြကို ျငင္းဆန္ျခင္းရွိလိမ့္မည္မဟုတ္ေပ။ ရင္းခ်ဲယ္လည္း ပြင့္ပြင့္လင္းလင္းပဲ ျပန္ေျပာလိုက္တယ္။
“အင္း”

က်န႔္ေယာင္အေနနဲ႔ သူ႔ကိုရပ္ကြက္တစ္ပတ္ေလာက္ေတာ့ ေခၚသြားလိမ့္မယ္လို႔ သူထင္လိုက္ေပမယ့္ က်န႔္ေယာင္ကေတာ့ ရယ္ေနၿပီး ေျပာလာတယ္။
‘’ေနာက္ေန႔မွ စီးတာပါ့၊ ခုက ေတာ္ေတာ္ေလးညဥ့္နက္ေနၿပီ၊ အႏၲရာယ္မ်ားတယ္”

“အႏၲရာယ္မ်ားတယ္ဆိုၿပီး မင္းက်ညလယ္ေခါင္းႀကီး စီးေနၿပီးေတာ့”

“ငါက ငါ့ဘာငါတစ္ေယာက္တည္းစီးဖို႔ သတၱိရွိတယ္ေလ၊ ငါ့ကိုယ္ငါလည္း ေကာင္းေကာင္းကိုင္တြယ္နိုင္တယ္၊ ဒါမယ့္ တျခားလူေတြကိုေတာ့ မေခၚနိုင္ဘူး င့ါေပါင္ေပ့ေလးကို ေခၚဖို႔ဆို ေျပာမေနနဲ႔ေတာ့”

က်န႔္ေယာင္က လက္တစ္ဖက္ထုတ္လာၿပီး ရင္းခ်ဲယ္ရဲ့ကုတ္အကၤ်ီကိုဇစ္ဆြဲတပ္ေပးရင္း :
“ၿပီးေတာ့ ဒီေန႔က ေတာ္ေတာ္ေလးလည္း ေအးတယ္၊ အေအးမိလိမ့္မယ္”

သူ႔ရဲ့ မ်က္ေတာင္ငိုက္ငိုက္ေလးေတြကို ရင္းခ်ဲယ္ မက္မက္ေမာေမာၾကည့္မိရင္း တစ္ခ်ိန္တည္းမွာလည္း သူအရမ္းကံေကာင္းတယ္လို႔ ခံစားမိတယ္။

ေတာ္ပါေသးရဲ့ ငါလက္ခံမိခဲ့လို႔

ဒီလိုအခ်စ္မ်ိဳးဟာ တစ္ရက္တာပဲဆိုဦးေတာ့ ထိုက္တန္ေနပါၿပီ

..

သန္းေခါင္ယံနီးကပ္လာတာနဲ႔အမၽွ public squareက လူဦးေရမွာလည္း တျဖည္းျဖည္းထူထပ္လာသလို ေအာ္ဟစ္ဆူညံသံေတြနဲ႔ အဆမတန္ေသာေသာညံေနေတာ့သည္။

သူတို႔ႏွစ္ဦးသားလည္း ေဘးခ်င္းကပ္ရပ္နဲ႔ ဆိုင္ကယ္ကိုမွီထားရင္း စခရင္ႀကီးကိုၾကည့္ေနလိုက္ၾကတယ္။ Spring Festival Galaရဲ့ hostကေတာ့ စကားစုတစ္ခုနဲ႔တစ္ခုလည္းမထပ္ေစပဲ စကားလုံးေတြစီရင္း အေကာင္းဆုံးႀကိဳးစား အခ်ိန္ဆြဲေျပာေနေလရဲ့။

“ငါ ဆံပင္ေကအသစ္နဲ႔ ၾကည့္ေကာင္းတယ္ဟုတ္?”
က်န႔္ေယာင္က ဆံပင္အစေလးကို လက္ညႇိုးေလးနဲ႔ေဆာ့ကစားရင္း :
“႐ုတ္တရက္ႀကီး ျမင္ကြင္းက ရွင္းလင္းသြားတာဆိုေတာ့ သိပ္ေတာ့က်င့္သားမရသလိုပဲ”

ရင္းခ်ဲယ္ကေတာ့ သူ႔ကိုမ်က္လုံးေထာင့္ကေန တစ္ခ်က္လွမ္းၾကည့္သည္။

အမွန္ေတာ့ သူေဝဖန္ေပးစရာကိုမလိုေပ။ သူတို႔ေရွ႕က ျဖတ္သြားသူတိုင္းရဲ့အၾကည့္ေတြက ဒီဘက္ဆီကိုပဲ ေရာက္ေရာက္လာတယ္။

အမွန္ဝန္ခံရရင္ ရင္းခ်ဲယ္ အဲ့ဒါကို သိပ္မႀကိဳက္ခ်င္ဘူး။

“‌ေက်ာင္းျပန္ဖြင့္ရင္ မင္းဘယ္လိုဆက္လုပ္မွာလဲ? ဆံပင္ကိုျပန္ျပင္မွာလား?”

က်န႔္ေယာင္က ေခါင္းရမ္းျပကာ
“မလိုေတာ့ဘူး၊ အရင္တစ္ေခါက္က ဟိုဖန႔္ေဟြဆိုတဲ့ေကာင္က သတင္းေတြျဖန႔္ပစ္လိုက္ၿပီ၊ အခုဆို ငါFirst Highမွာဆိုတာ Dong Chengကလူေတြအားလုံးသိၿပီးေနၾကၿပီ၊ ငါ့ကိုယ္ငါ စိတ္ပ်က္စရာေကာင္းေအာင္ေနေနလို႔လည္း အက်ိဳးမရွိေတာ့ဘူး”

ရင္းခ်ဲယ္ ခနေလာက္ ေတြးေတာၾကည့္ၿပီးေနာက္ သူတစ္ခ်ိန္လုံးဒြိဟျဖစ္ေနရတဲ့ ေမးခြန္းတစ္ခုကိုေမးလိုက္သည္။
“က်န႔္ေယာင္ မင္းဘာလို႔ေက်ာင္းေျပာင္းရတာလဲ?”

က်န႔္ေယာင္ရဲ့ လက္ေတြ တုံ႔ခဲသြားသည္။

“ဘယ္လိုေျပာရပါ့မလဲ၊ အဲ့ဒါက အရမ္းကိုရွုပ္‌ေထြးတယ္....”
သူဟာ ေကာင္းကင္ကိုေမာ့ၾကည့္ရင္း စကၠန႔္ပိုင္းမၽွ ၿငိမ္သက္ေနၿပီးမွ သက္ျပင္းခ်သည္။
“အင္း.. အမွန္ေတာ့ အဲ့ေလာက္လည္းမရွုပ္ေထြးပါဘူး”

သူက အျမဲ သူသာ အသန္မာဆုံး၊ သူ႔အေနနဲ႔ အရာရာကိုကိုင္တြယ္နိုင္တယ္ဆိုၿပီး အျမဲ ကိုယ့္ကိုယ္ကို အထင္ႀကီးေနတတ္တယ္။ ၿပိဳင္ဘက္ေတြအေပၚ နည္းနည္းမွ အေလးမထားတတ္သည့္အျပင္ သူတို႔ကိုရိုက္လိုက္ပုတ္လိုက္နဲ႔ ေလွာင္ေျပာင္ေနတတ္ေသးတာ။

ေနာက္ေတာ့ ရန္ပြဲေတြ ပိုပိုစိပ္လာတယ္၊ ဒါေပမယ့္ အဲ့လူေတြက သူနဲ႔ယွဥ္လို႔မရတာေၾကာင့္ သူကေတာ့ သိပ္ၿပီးစိတ္ထဲမထားခဲ့မိဘူး။

တစ္ေန႔ထိေပါ့၊ သူ႔လက္မွာခံလိုက္ရတဲ့ လူတစ္စုက သူ႔ညီမ‌ေလးတက္ေနတဲ့ မူလတန္းေက်ာင္းကို ရွာေတြ႕သြားၾကတယ္။ မူႀကိဳေက်ာင္းက ပြဲေတာ္တစ္ခုအတြက္ လူေတြအားလုံးဝင္ခြင့္ေပးသည့္ေန႔ကို အခြင့္ေကာင္းယူကာ ေက်ာင္းယူနီေဖာင္းေတြငွားၿပီး မိသားစုဝင္ေယာင္ေဆာင္တယ္။ သူတို႔ဝင္ခြင့္ရသြားတယ္။

သူတို႔က အကိုႀကီးျဖစ္သူရဲ့ သူငယ္ခ်င္းေတြလို႔ ဝမ္ေရွာင္ရို႔ေလးၾကားရခ်ိန္မွာ Eighth High ယူနီေဖာင္းေတြ ဝတ္ထားတာလည္း ေတြ႕တာမို႔ သံသယကင္ကင္းနဲ႔ လိုက္သြားေလရဲ့။

အဲ့အခ်ိန္ေလးတုန္းက ပြဲ‌သြားတက္တဲ့ သူ႔ပါပါးက ေက်ာင္းေပါက္ဝကိုအခ်ိန္မွီ ေရာက္သြားလို႔သာေပါ့ မဟုတ္ရင္ ဘယ္လိုေဘးဒုကၡမ်ိဳးေတြျဖစ္လိမ့္မလဲ ဘယ္သူမွမသိနိုင္ေပ။

“ငါ့ပါပါးကေတာ့ အေသဆူေတာ့တာပဲ”
က်န႔္ေယာင္က သူ႔အေၾကာင္းကုန္စင္ကိုေျပာျပၿပီး သူ႔ကိုယ္သူေလွာင္ရယ္ရယ္တယ္။
“ငါလည္း ငါ့ကိုယ္ငါ အဆူခံရတာေတာင္ နည္းေသးတယ္လို႔ထင္ပါတယ္၊ ေန႔တိုင္းေန႔တိုင္း အ႐ူးႀကီးတစ္ေယာက္လို ေလၽွာက္သြားအခ်ိန္ျဖဳန္း၊ ငါ့ပတ္ဝန္းက်င္က လူေတြကိုကာကြယ္ဖို႔ ႀကံခိုင္တယ္လို႔ထင္ေနခဲ့တာ၊ ေနာက္ဆုံးက်ေတာ့လည္း ငါ့နားကလူေတြက ငါ့ေၾကာင့္ပဲ ထိခိုက္လုနီးပါးျဖစ္ခဲ့တယ္

“ငါ့ meiတစ္ေယာက္တည္းတင္မဟုတ္ဘူး၊ ေက်ာက္ခ်န္ဆိုလည္း ငါ့ရဲ့အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တာေၾကာင့္ လမ္းမွာခနခနပိတ္တားခံရတယ္၊ ငါကကိုယ့္ကိုယ္ကို သူ႔အတြက္ လက္စားျပန္ေခ်ေပးတဲ့ ဟီးရိုးတစ္ေယာက္လို႔ထင္‌ေနတာ၊ ဒါမယ့္ အဲ့အျဖစ္ပ်က္ၿပီးေနာက္ေတာ့ ငါသေဘာေပါက္လိုက္တယ္ င့ါေၾကာင့္သာမဟုတ္ရင္ သူလည္းအစကတည္းက အဲ့လိုမ်ိဳးအတားဆီးခံခဲ့ရမွာမဟုတ္ဘူး

“Dong Chengဆိုတာ အစတုန္းက အဲ့ေလာက္ဗ႐ုတ္မဆန္ဘူးရယ္၊အလြန္ဆုံးမွ မူလတန္းကေလးေတြဆီက မုန္႔ဖိုးညႇစ္ေတာင္းတဲ့ လူဆိုးေကာင္တခ်ိဳ႕ပဲ ရွိခဲ့တာ၊ ဒါေပမယ့္ ငါ့ေၾကာင့္သာ င့ါရဲ့ငါကိုယ္ေတာ္တစ္ဝါႀကီးဝါဒေတြေၾကာင့္ ငါ့ရဲ့ အလြန္ကၽြံဖိႏွိပ္မွုေတြေၾကာင့္ မခံမရပ္နိုင္ေတြျဖစ္ၿပီး ရန္ပြဲေတြ ပိုပိုျဖစ္လာရတာ၊ တခ်ိဳ႕‌ေကာင္ေတြဆို ရာဇဝတ္မွု က်ဴးလြန္မိေတာ့မယ့္အထိပဲ”

က်န႔္ေယာင္က သက္ျပင္းထပ္ခ်သည္။

“ဘာကို ‘Dong Chengရဲ့ ေက်ာင္းလူဆိုးလဲ’? ငါက Dong Chengရဲ့ကပ္ဆိုးပဲ၊ ငါရွိေနသေရြ႕ င့ါအနီးနားကလူေတြလည္း အႏၲရာယ္က်ေရာက္က်လိမ့္မယ္ ဒါ့ေၾကာင့္ပဲ ငါထြက္ေျပးလာခဲ့တာ”

သူ႔စကားကို အလုံးစုံနားေထာင္ၿပီးခ်ိန္ထိ ရင္းခ်ဲယ္ကေတာ့ ၿငိမ္ၿငိမ္ဆိတ္ဆိတ္ပဲ၊ ထိုကိစၥအေပၚ ဘာအျမင္မွ မျပေခ်။

က်န႔္ေယာင္ကေတာ့ ေခ်တုံခ်တုံနဲ႔ ေခါင္းကိုကုတ္ေနတယ္။
“ငါ မင္းကိုအကုန္မေျပာလိုက္သင့္ဘူး.... အဲ့ဒါႀကီးေျပာၿပီးေတာ့ ငါက ေၾကာက္စရာေကာင္းသြားမွာပဲ၊ နည္းနည္းမွ ေခ်ာေတာ့မွာမဟုတ္ဘူး”

“မဟုတ္တာ”
ရင္းခ်ဲယ္ အသက္ကို ခပ္ျပင္းျပင္းရွူထုတ္လိုက္ခ်ိန္ ျမဴမွုန္ေတြဟာလြင့္ျပယ္သြားသည္။ ႏွုတ္ခမ္းေထာင့္ေလးေတြက ေကြးတက္သြားရင္း ေျပာသည္။
“ငါ့အထင္ေတာ့ မင္းကတကယ္ေခ်ာပါတယ္”

က်န႔္ေယာင္ကေတာ့ သူ႔ဆီကို အၾကာႀကီးျပန္ၾကည့္ေနၿပီးမွ :
“င့ါကို ဝရန္းေျပးလိုမ်ိဳးေတာ့ မထင္ဘူးမလား?”

ရင္းခ်ဲယ္ : “ဘယ္လိုလုပ္ ဝရန္းေျပးျဖစ္ပါ့မလဲ? အမွားကို ဝန္ခံရဲတယ္ တာဝန္ယူရဲတယ္၊ မင္းက တျခားလူေတြအားလုံးထက္ပိုၿပီးရဲရင့္ပါတယ္”

က်န႔္ေယာင္က ရယ္ၿပီးေျပာတယ္။
“မင္းေကာင္ေလးျဖစ္ေနတယ္ဆိုတိုင္း ငါ့ကို ဒီလိုႀကီး ေျမႇာက္ေျပာစရာမလိုပါဘူးကြာ”

“ငါေနာက္ေနတာမဟုတ္ဘူး၊ ဝမ္ဖုန႔္ေဟြတို႔ ခ်န္းေလာင္ရွီးတို႔ကိုပဲေတြးၾကည့္ ႐ုန႔္ေဝေရာပဲ၊ လူတိုင္းက ကိုယ့္အမွားကို ဝန္ခံနိုင္ၾကတာမဟုတ္ဘူး တခ်ိဳ႕ဆို ကိုယ့္ကိုယ္ကိုအမွားလုပ္ထားလို႔လုပ္ထားမွန္းေတာင္ မေတြးမိၾကဘူး”

က်န႔္ေယာင္က ႏွာေခါင္းကိုကုတ္ရင္း ေကာင္းကင္ဆီကိုေမာ့ၾကည့္သည္။

“တကယ္ႀကီး တစ္ရက္ကိုတစ္ခါတည္းလား?”

“......ဘာကို?”

“ခုခ်က္ခ်င္းပဲ မင္းကိုေထြးေပြ႕ပစ္လိုက္ခ်င္တယ္”
က်န႔္ေယာင္က သူ႔အကၤ်ီလက္ကိုဆြဲကာ :
“မနက္ျဖန္အတြက္ကို ႀကိဳေခ်းသုံးလို႔ရလားဟင္?”

Countdownဆုံးသြားခ်ိန္ public squareက လူေတြရဲ့အသံေတြဟာ အထြတ္ထိပ္ကိုေရာက္ၿပီး ဆူညံေနေတာ့တယ္။ အခ်င္းခ်င္းအျပန္အလွန္ဂုဏ္ျပဳဖက္တြယ္ၾကၿပီး လမ္းတစ္ဖက္က ေပြ႕ဖက္ေနတဲ့လူငယ္အတြဲကိုေတာ့ ဘယ္သူမွ အေရးစိုက္မေနၾကေပ။

“Happy New Year”
က်န႔္ေယာင္ ရင္ခြင္ထဲကလူအား မဝံ့မရဲဖ်စ္ညႇစ္ဖက္လိုက္ၿပီး နားထဲကို ခပ္တိုးတိုးေျပာမိတယ္။
“င့ါရဲ့ပထမဆုံး ဆုေတာင္းစကားက မင္းတစ္‌ေယာက္တည္းအတြက္ပဲ”

“Happy New Year”
ရင္းခ်ဲယ္မ်က္ႏွာကမူ သူ႔ပုခုံးဆီအပ္ထားကာ ေလသံေပ်ာ့ေပ်ာ့ေလးနဲ႔ :
“ငါလည္း ခုေလးတင္ မင္းကိုပဲ ေျပာရေသးတာ”

...

ေဆာင္းရာသီ အားလပ္ရက္ရဲ့ သုံးပတ္တာကာလဟာ မ်က္စိတစ္မွိတ္စာအတြင္းပင္ ကုန္ဆုံးသြားသည္။

သူတို႔မွာ နားလို႔ပင္မဝေသးခင္မွာ ေက်ာင္းသြားၿပီး check inဝင္ရမယ့္ေန႔ကိုေရာက္ေနေလၿပီ။

အားလပ္ရက္ပိတ္ရက္ တစ္ဝက္မွာတုန္းက သူတို႔အေနနဲ႔ ေက်ာင္းလာၿပီး အဆင့္ေတြျပန္ၾကည့္ရတယ္၊ အဲ့ဒီမွာပဲ ဒီႏွစ္က်တဲ့သူအေတာ္မ်ားမ်ားမွာ မိဘေတြဆီက စာေတြ အတင္းထိုးသြပ္ရိုက္သြင္းခံရေတာ့တာပဲ။ ပိတ္ရက္အတြက္ အိမ္စာေတြတစ္ပုံတစ္ပင္နဲ႔ ေပါင္းေတာ့ သူတို႔အားလပ္ရက္မွာ နားရက္နဲ႔ပင္မတူေတာ့ေပ။

“ရင္းခ်ဲယ္ သခၤ်ာအိမ္စာ....”
ရန္းရီလဲ့က မနက္ေစာေစာစီးစီး အိမ္စာေတြ လိုက္ေကာက္ေနတယ္။

ရင္းခ်ဲယ္က ေရွ႕မွာ လက္ကိုစက္တပ္သလို အျမန္ဆုံးကူးခ်ေနတဲ့ က်န္းခဲ့ဆီကို ညႊန္ျပကာ :
“သူမ်ားငွားသြားတယ္”

ေရြးခ်ယ္စရာမရွိတာမို႔ ရန္းရီလဲ့ေမးလိုက္သည္။
“က်န႔္ေယာင္ကေရာ? သူ မေရာက္ေသးဘူးလား?”

“မေရာက္ေသးဘူး၊ မေန႔ကေတာ့ ပ်က္ကြက္ခြင့္ေတာင္းထားတယ္ ေနာက္က်မွ ေရာက္လာမယ္ထင္တယ္”

Xi Chengထိ သူ႔ကိုတစ္ခါလာေတြ႕ၿပီးေနာက္‌ က်န္႔ေယာင္က group chatထဲမွာပဲ ေပၚလာတတ္တယ္။ သူတို႔ေက်ာင္းကို check inဝင္တဲ့ေန႔တုန္းကလည္း ေလဆိပ္သြားၿပီး သူ႔ညီမကိုသြားႀကိဳတာေၾကာင့္ ေတြ႕ဆုံပြဲကိုလည္း မတက္ခဲ့ဘူး။ မေန႔ညက ျပန္လာတဲ့ အေဆာင္ေနေက်ာင္းသားေတြကလည္း သူ႔အရိပ္ေယာင္ေလးပင္မျမင္ရေသးေပ။

က်န္းခဲ့က နားမလည္ျဖစ္သြားသည္။
“ကမၻာေျမႀကီးေပၚကေန ေပ်ာက္ကြယ္သြားေလာက္ရတဲ့အထိ က်န႔္ေယာင္က စာေမးပြဲမွာ ဆိုးဆိုးရြားရြားမ်ား လုပ္ခဲ့လို႔လား?”

ခ်န္ရင္းရင္း : “အားလုံးကို နင့္လိုမ်ားထင္ေနလား? သူအိမ္မွာ စာအေသျပန္ေလ့လာေနလို႔ေနမွာေပါ့”

က်န္းခဲ့ ထိုျမင္ကြင္းကို ႀကိဳးစားပုံေဖာ္ၾကည့္တယ္။
“မျဖစ္နိုင္ဘူး၊ ေယာင္ေကာလည္း ငါ့လိုပဲ ကိုယ့္အေျခေနကို ေကာင္းေကာင္းသိတဲ့လူပဲေနမွာ၊ တစ္သက္လုံး ဘယ္ေလာက္ႀကိဳးစားႀကိဳးစား အသုံးမက်ပဲျဖစ္ေနမွာ”

ခ်န္ရင္းရင္း : “သူမ်ားေနာက္ကြယ္မွာ မေကာင္းမေျပာနဲ႔၊ ကိုယ့္အိမ္စာကိုယ္ကူးစမ္းပါ”

“ငါကအမွန္ကိုေျပာေနတာ....F*ck!”

ခ်န္ရင္းရင္းကေတာ့ အလန႔္တၾကားထခုန္မိၿပီး သူ႔ကိုစာအုပ္နဲ႔ရိုက္ေတာ့သည္။
“ဘာလုပ္တာတုန္း! လန႔္သြားတာပဲ”

က်န္းခဲ့ကေတာ့ မ်က္လုံးျပဴးမ်က္ဆန္ျပဴးနဲ႔ တံခါးေပါက္‌ကေန စာသင္ခန္းအျပင္ကို လွမ္းၾကည့္ေနရင္းနဲ႔ :
“အျပင္မွာ ေသာက္ရမ္းေခ်ာတဲ့ေကာင္တစ္ေကာင္ေရာက္ေနတယ္!”

သူတင္မဟုတ္ တျခားအတန္းေဖာ္ေတြနဲ႔ ေကာ္ရစ္တာအျပင္ဘက္ကျဖတ္သြားတဲ့ ေက်ာင္းသားေတြကပါ သတိျပဳမိတာမို႔ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကသည္။

“အဲ့ဒါ ဘယ္သူတုန္း? ဘယ္အတန္းကလဲ? အရင္က ငါတစ္ခါမွ မျမင္ဖူးပါဘူး!”
က်န္ခဲ့မွာ မယုံနိုင္ျဖစ္ေနတယ္။ ေဘာပင္ကိုပစ္ခ်ခဲ့ၿပီး လည္တိုင္ကိုဆန႔္ကာ စပ္စုေတာ့တယ္။
“ငါတို႔ေက်ာင္းမွာ ဒီေလာက္ေခ်ာတဲ့ alphaရွိတယ္လား? ဒါဆို ငါကဘယ္လိုလုပ္မသိပဲေနမွာလဲ?”

ၾကည့္ေလေလ တစ္ခုခုေတာ့လြဲေနၿပီဆိုတာ သူခံစားမိတယ္။ အဲ့ဒီမ်က္ႏွာ အဲ့ဒီအရပ္.....ဘာလို႔အရမ္းတူေနရတာလဲ?

အာ႐ုံစိုက္ခံေနရတဲ့ ကာယကံရွင္ကေတာ့ အေရွ႕တံခါးကေန အေနာက္တံခါးဆီကိုေလၽွာက္သြားတယ္။ စလိုက္မီးေမာင္းထိုးထားသလိုပဲ အားလုံးရဲ့အာ႐ုံကေတာ့ တစ္ေလၽွာက္လုံး သူ႔ဆီမွာ။

ေနာက္ေတာ့ သူက အေနာက္တံခါးကတစ္ဆင့္ အခန္းထဲကို ဝင္လာတယ္။

ဟန္မုန႔္လက္ထဲက အိတ္ေဆာင္မွန္ေလးဟာေတာ့ *ဂြက္*ဆိုၿပီး က်ကြဲသြားေလရဲ့။
“ငါလူး......”

ရင္းခ်ဲယ္တစ္ေယာက္ကပဲ အစဥ္လာမပ်က္ တည္ၿငိမ္ေအးေဆးစြာနဲ႔ သူ႔ေဘးမွာ လြယ္အိတ္ကိုခ်၊ ခုံကိုဆြဲထိုင္တဲ့သူကို ၾကည့္ေနတယ္။

“ေမာနီး”
က်န႔္ေယာင္က သူ႔ကိုျပဳံးျပတယ္၊ ေနာက္ ေခါင္းကိုလွည့္ၿပီး အတန္းေဖာ္ေတြအားလုံးနဲ႔ အျပင္ကလွမ္းၾကည့္ေနၾကတဲ့ ေက်ာင္းသားေတြကို တစ္ခ်က္ျပဳံးျပလိုက္ၿပီး :
“ဘာၾကည့္ေနၾကတာလဲ? မင္းတို႔ေတြ ဒီလိုေခ်ာေမာတဲ့သူကို တစ္ခါမွမေတြ႕ဖူးၾကဘူးလား?”

______

Continue Reading

You'll Also Like

96.9K 12.1K 104
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
1.3M 52.4K 25
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
1.4M 188K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
214K 30.2K 96
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...