ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (39)

5.7K 768 10
By LuciousKim

Zawgyi

က်ိဳးရို ကဒီတစ္ၾကိမ္မွာေတာ့ဘာမွျပန္မေျဖလိုက္ဘူး ။ ဒါမွမဟုတ္ စကားမေျပာခ်င္ေတာ့တာျဖစ္လိမ့္မယ္ ။ သူမအေနနဲ႕ ရွန္ယန္းကပထမေနရာကိုရလိမ့္မယ္လို႔ၾကြားဝါျပီးမေျပာခ်င္ေပမယ့္ ရွန္ယန္းက ပထမေနရာကိုမရနိုင္ဘူးလို႔လည္းမေျပာလိုဘူးေလ။

သူမက အခ်ိန္ခဏေလာက္ေတြးျပီးမွေျပာလိုက္တယ္။

" ဒီနယ္ပယ္မွာ လံု႔လနဲ႕အားထုတ္မႈသာရိွရင္ ပထမေနရာအတြက္ စင္ေပၚမွာအျပိဳင္အဆိုင္ေတြအမ်ားၾကီးရိွေနရင္ေတာင္ ငါတို႔အေနနဲ႕ ရနိုင္ေလာက္တာပဲေလ "

ဝမ္ဖန္းက သူ႕ရဲ႕ရယ္သံကိုထိန္းခ်ဳပ္လိုက္တယ္။

"အိုေခ တကယ္လို႔ သူမသာပထမေနရာကိုရရိွခဲ့ရင္ ငါမင္းရဲ႕ေရွ႕မွာပဲ keyboardကိုဝါးစားျပမယ္ ဟားဟားဟားဟားဟား"

က်ိဳးရိုက ဝမ္ဖန္းကိုစိုက္ၾကည့္လိုက္ကာ ေနာက္တစ္ၾကိမ္စကားျပန္ေျဖဖို႔ျငင္းဆန္လိုက္တယ္။ ရိုးရိုးသားသားေျပာရရင္ လူေတြအမ်ားအျပားပါဝင္ယွဥ္ျပိဳင္တဲ့အတြက္ က်ိဳးရိုသည္လည္း ရွန္ယန္းကေအာက္ျမင္လိမ့္မယ္ဆိုတာကိုမေသခ်ာဘူး။

အဲဒီအခ်ိန္ တျခားတစ္ဖက္မွာေတာ့ programအဖြဲ႕က အနုပညာရွင္ေတြအတြက္ အဝတ္အစားနဲ႕မိတ္ကပ္ေတြမျပင္ဆင္ေပးခဲ့ဘူး။ ဒါေပမယ့္ အဝတ္အစားခန္းစီစဥ္ေပးထားတာေၾကာင့္ ရွန္ယန္းက သူမရဲ႕အဝတ္အစားေတြနဲ႕မိတ္ကပ္ေတြကိုကိုယ္တိုင္ျပင္ဆင္ေနခဲ့တယ္။

ရွန္ယန္းကအဝတ္အစားလဲလွယ္ျပီးေနာက္မွာ အျပင္ကိုထြက္ျပီး ေစာင့္ဆိုင္းေနလိုက္တယ္။ ကံေကာင္းစြာနဲ႕ သူမက programသို႔မလာခင္ကတည္းက မိတ္ကပ္ျပင္ဆင္ျပီးခဲ့ျပီျဖစ္တယ္။ အဲ့လိုသာမဟုတ္ခဲ့ရင္ သူမအတြက္ေတာ္ေတာ္ေလးဒုကၡမ်ားသြားနိုင္တယ္။

ရွန္ယန္းက အျပင္မွာရပ္ေနရင္းနဲ႕ျပတင္းေပါက္ကိုဖြင့္လ်စ္လိုက္တယ္။ တိုက္ခတ္လာတဲ့ေလေတြကို ရွဴသြင္းလိုက္တဲ့အခ်ိန္မွာ သူမရဲ႕စိတ္ေတြ လန္းဆန္းသြားသလိုခံစားရတယ္။

ဒီတစ္ေခါက္ရိႈးမွာ လူေတြဘယ္ေလာက္မ်ားမ်ား ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ေပးထားလဲဆိုတာကို သူမ မသိဘူး ။ အဝတ္အစားခန္းနဲ႔ အျပင္ဘက္ေကာ္ရစ္တာမွာေတာ့ သြားလာေနတဲ့လူေတြနဲ႔ျပည့္ေနခဲ့တယ္။

" အခ်ိန္တစ္နာရီစာအစီအစဥ္မွာ လူေတြဒီေလာက္အမ်ားၾကီးအတြက္ ဘယ္လိုရေအာင္လုပ္မွာလဲ"

"ငါလည္းမသိဘူး"

" လူေတြက တကယ္အမ်ားၾကီးပဲ program အဖြဲ႔က လူနည္းနည္းေလာက္ကိုပဲရည္ရြယ္ထားျပီးေတာ့ တျခားလူေတြကို ေနာက္ခံအျဖစ္ ေရြးခ်ယ္မွာေတာ့မဟုတ္ပါဘူးေနာ္ "

"အဲဒါက ပါဝင္ေရြးခ်ယ္ခံရမွာထက္ေတာင္ပိုေကာင္းေသးတယ္"

" ရိႈးပြဲစတဲ့အခ်ိန္ေရာက္ရင္ေတာ့ ငါေတာ့သိရမွာပၚ"

ရွန္ယန္းသည္လည္းပဲ သံသယတခ်ိဳ႔ရိွေနခဲ့တယ္။ လူေတြအမ်ားၾကီးနဲ႕ဆိုတာ့ ပရိုဂရမ္အဖြဲ႕က ကင္မရာေတြလံုလံုေလာက္ေလာက္ေထာက္ပံ့ေပးနိုင္ပါ့မလား ။

သူမနာရီကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ အစီအစဥ္စတင္ဖို႔ဆယ္မိနစ္ခန္႕က်န္ေနေသးတာကိုေတြ႕လိုက္ရတယ္။ သူမသိထားသေလာက္ကေတာ့ သူမအေနနဲ႕ဒီဇာတ္ေကာင္ကိုလြဲေခ်ာ္သြားခဲ့မယ္ဆိုရင္ေတာင္ ေနာက္ထပ္ဇာတ္ေကာင္တစ္ခုကိုရရိွနိုင္လိမ့္မယ္။

ထပ္ေပါင္းေျပာရရင္ ဒီလိုယွဥ္ျပိဳင္မႈစနစ္ကို အဆံုးအျဖတ္ေပးဖို႔အတြက္  ဒိုင္လူၾကီးေတြကလည္း တခ်ိန္တည္းမွာပဲ တိုင္ပင္ေဆြးေႏြးလ်က္ရိွေနတယ္။  အမ်ားစုေသာ အမ်ိဳးသမီးငယ္ေလးေတြကေတာ့ လုယြင္ခ်န္းရဲ႕အေၾကာင္းကိုပဲပိုမိုစိတ္ဝင္တစားေဆြးေႏြးလ်က္ရိွေနျကတယ္။

ဆယ္မိနစ္ၾကာျပီးေနာက္မွာေတာ့ ပရိုဂရမ္အတြက္တာဝန္ရိွသူကေျပာလာတယ္။

" လူတိုင္းပဲ .. မင္းတို႔ရဲ႕နံပါတ္ကတ္ျပားကိုယူထားၾကပါ host ကမင္းတို႕ရဲ႕နံပါတ္ေတြေခၚတဲ့အခ်ိန္မွာ တစ္ေယာက္ခ်င္းထြက္မယ္ မင္းတို႕ဝင္ေပါက္ကိုေရာက္တာနဲ႕ ကိုယ့္ကိုကိုယ္မိတ္ဆက္ဖို႕အခ်ိန္တစ္မိနစ္ပဲရမယ္... အိုေခ... ဒီေတာ့ အခုမင္းတို႕ဘယ္လိုမိတ္ဆက္မလဲဆိုတာေတြးထားေတာ့ "

ခဏအတြင္းမွာပဲ ဆူညံပြတ္ေလာရိုက္သံေတြက ေလထုအတြင္းမွာျပည့္နွက္သြားတယ္။

"တစ္မိနစ္တည္း..?"

"ဘယ္လိုလုပ္ရမွာလဲ အာ .. ဘာလို႔အစကတည္းကမေျပာထားတာလဲ တစ္မိနစ္တည္းနဲ႕ .. ငါတို႕အတြက္္စင္ေပၚမွာရပ္ဖို႔တစ္မိနစ္ပဲအခ်ိန္ရိွတာေပါ့ ?'

"ဟုတ္တယ္ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ"

ပရိုဂရမ္ရဲ႕ဝန္ထမ္ျဖစ္သူက သူတို႕ရဲ႕ေမးခြန္းေတြကိုျပန္မေျဖပဲေအာ္ဟစ္လိုက္တယ္။

" နံပါတ္ေတြက အစဥ္လိုက္ေအာ္မွာမဟုတ္ဘူး မင္းတို႔ေတြျမန္ျမန္ေလးစဥ္းစားထားတာပိုေကာင္းမယ္ေနာ္ !'

ဒီတစ္ေခါက္မွာေတာ့ လူစုလူေဝးၾကီးကျငိမ္က်သြားျပီး သူတို႕ရဲ႕နံပတ္ကိုလွမ္းေခၚတဲ့အခ်ိန္မွာဘယ္လိုမိတ္ဆက္ရမလဲဆိုတာကိုစတင္စဥ္းစားလာၾကတယ္။

အဲဒီအခ်ိန္မွာပဲ အစီအစဥ္မွဴးဆီက နံပါတ္စဥ္ေရတြက္သံနဲ႕အတူ Liveကိုစတင္လိုက္ဖြင့္လွစ္လိုက္တယ္။

လုယြင္ခ်န္းရဲ႕ပရိသတ္ေတြက live လႊင့္မယ့္အခ်ိန္ကို အခ်ိန္ၾကာျမင့္စြာေစာင့္ဆိုင္းေနခဲ့တာျဖစ္ျပီး စခရမ္မ်က္နွာျပင္ကို စူးစိုက္ျပီးၾကည့္ရႈေနခဲ့ဲကတယ္။

သူတို႕က တိုက္ရိုက္ထုတ္လႊင့္ဖို႔စတင္မယ့္အခ်ိန္ကိုေစာင့္ေနခဲ့ၾကျပီး ၾကည့္ရႈရန္ဆိုတဲ့ ေနရာကိုဖိနိွပ္ဖို႔အတြက္အသင့္ျဖစ္ေနၾကတယ္။

ေနာက္ျပီးဒီေန႕က အားလပ္ရက္ျဖစ္ေနတာေၾကာင့္ ပရိတ္သတ္ေတြအတြက္ ထုတ္လႊင့္မႈကိုျကည့္ရႈဖို႔ အားလပ္လ်က္ရိွေနတယ္ေလ ။

ေရတြက္မႈသံုးစကၠန္႔ျပီးသြားခ်ိန္မွာေတာ့ ရွန္းလုဒရမ္မာရဲ႕လူေရြးပြဲက အမွန္တကယ္စတင္လာခဲ့ျပီ!

"ဟယ္လို အားလံုးပဲမဂၤလာပါ ရွန္းလုရဲ႕ Talent show ျဖစ္တဲ့ "အနာဂတ္ရဲ႕ၾကယ္ပြင့္မ်ား " အစီအစဥ္က စတင္ျပီး ထုတ္လႊင့္ေနျပီျဖစ္ပါတယ္ ! "

Host နွစ္ေယာက္က စတိတ္စင္ေပၚသို႕ေလ်ွာက္လာျပီးေနာက္ တျပိဳင္တည္းနႈတ္ဆက္စကားဆိုလာၾကတယ္။

ျပီးတဲ့ေနာက္မွာေတာ့ သူတို႕က ရွန္းလုနိုဗယ္အေၾကာင္းကိုမိတ္ဆက္ေျပာဆိုျပီး အစီအစဥ္အေၾကာင္းကိုအက်ယ္တဝင့္ရွင္းျပခဲ့တယ္။ TV seriesထဲမွာ နိုဗယ္ကိုဘယ္လိုပိုျပီးေကာင္းေကာင္းရိုက္နိုင္ေအာင္ၾကိဳးစားမယ္ဆိုတဲ့အေၾကာင္းေတြကိုေရာေပါ့။

ရွန္ယန္း က သူမရဲ႕ဖုန္းနဲ႕ ထုတ္လႊင့္မႈကိုဖြင့္ၾကည့္လိုက္တယ္။

က်န္းရံုက ရွန္ယန္းအနီးကိုတိုးကပ္လာျပီး ျပံဳးလိုက္တယ္။ အဲဒီေနာက္ တိုက္ရိုက္ထုတ္လႊင့္မႈကိုအတူလာၾကည့္ျပီးတီးတိုးေျပာလာတယ္။

" ခဏေနရင္ နင္ ကိုယ့္ကိုကိုယ္ဘယ္လိုမိတ္ဆက္မွာလဲ?"

"တိုက္ရိုက္ပဲမိတ္ဆက္မွာေပါ့ ah"

က်န္းရံုက ရွန္ယန္း သူမကိုစိတ္မပါစြာျပန္ေျဖတာလို႔ေတြးလိုက္တာေၾကာင့္ ထပ္မံျပီးေမးခြန္းမထုတ္ေတာ့ဘူး ။ ေနာက္ဆံုးေတာ့ အခုခ်ိန္မွာ သူတို႕ေတြက ျပိဳင္ဘက္ေတြပဲေလ။

Host ေတြက ဒိုင္လူၾကီးေတြကိုစင္ေပၚကိုေဖာ္ေခၚလိုက္တယ္ ။ ဒီတစ္ေခါက္မွာေတာ့ ဒိုင္လူၾကီးေလးေယာက္စီစဥ္ထားတဲ့ပံုပဲ။ ရွန္းလုရဲ႕ဒါရိုက္တာ ၊ ဇာတ္ညႊန္းဆရာ နဲ႕ အျမင့္မားဆံုးေသာ အတားအဆီးျဖစ္တဲ့ လုယြင္ခ်န္း ။

ေနာက္ထပ္ဒိုင္တစ္ေယာက္ကေတာ့ ဘယ္လိုပုဂၢိဳလ္လဲဆိုတာ မသိေလဘူး။

လုယြင္ခ်န္းကေတာ့ ေနာက္ဆံုးမွထြက္ေပၚလာခဲ့တယ္။

လုယြင္ခ်န္းက မိတ္ကပ္ဆြယ္တာကိုဂ်င္းေဘာင္းဘီနဲ႕တြဲဖက္ဝတ္ထားျပီး မိုက္ခရိုဖုန္းကို လက္မွာကိုင္ထားတယ္။ သူက စကားတစ္ခြန္းမွမေျပာရေသးေပမယ့္လည္း လူေရြးပြဲက စတိတ္စင္ေအာက္မွသည္ စခရမ္ေပၚသို႕ေရာက္ရိွလာခဲ့ျပီ။

လုယြင္ခ်န္းက မသိမသာေလးျပံဳးလိုက္ျပီး ေျပာလာခဲ့တယ္။

" ဒီအစီအစဥ္မွာပါဝင္ခြင့္ရရိွတဲ့အတြက္ ကြၽန္ေတာ္အရမ္းပဲဂုဏ္ယူဝမ္းသာရပါတယ္ ေနာက္ျပီး ရွန္းလုဒရမ္မာရဲ႕ အမ်ိဳးသားဇာတ္လိုက္ေနရာမွာပါဝင္သရုပ္ေဆာင္ခြင့္ရတဲ့အတြက္လည္း အတိုင္းမသိေပ်ာ္ရႊင္ရပါတယ္ "

လုယြင္ခ်န္းက ေျပာျပီးျပီးခ်င္းပဲ ဒိုင္လူၾကီးေတြရဲ႕စားပြဲမွာသြားထိုင္လိုက္တယ္။

တိုက္ရိုက္ထုတ္လႊင္မႈရဲ႕ေကာမန္႕ေတြမွာေတာ့ လုယြင္ခ်န္းကိုအၾကီးအက်ယ္အားေပးေထာက္ခံလ်က္ရိွေနခဲ့တယ္။ ရွန္ယန္းက ေကာမန္႔ေနရာကိုပိတ္လိုက္ျပီး ထုတ္လႊင့္မႈကိုဆက္ၾကည့္ေနလိုက္တယ္။

ဒိုင္လူျကီးေတြထြက္ေပၚလာျပီးေနာက္မွာေတာ့ hostက ျပိဳင္ပြဲရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကိုဆက္ျပီးေျပာေနခဲ့တယ္။

"ရွန္းလုက အရမ္းကိုေကာင္းမြန္တဲ့နိုဗယ္တစ္ပုဒ္ပဲ ဒါေၾကာင့္ လူေတြအမ်ားျကီးက လူေရြးပြဲကိုလာေလ်ွာက္ၾကတယ္ က်ြန္ေတာ္တို႕ကလူေတြအမ်ားၾကီးဖယ္ထုတ္ျပီးတဲ့ေနာက္မွာေတာင္ လူေပါင္းသံုးရာခုနစ္ေယာက္က်န္ရိွေနေသးတယ္ "

307ေယာက္ ...ဒီ talent show ကဘယ္လိုပံုစံေတြဆက္လုပ္သြားမွာလဲ။

Hostကဆက္ေျပာလာတယ္။

" အစတုန္းကေတာ့ ဒီရိႈးကိုဘယ္လိုဆက္သြားရမလဲဆိုတဲ့ကိစၥနဲ႕ပတ္သက္ျပီး ကြၽန္ေတာ္တို႕လည္းေတာ္ေတာ္ဦးေနွာက္ေျခာက္ခဲ့ရတယ္.. ဒါေပမယ့္ က်ြန္ေတာ္တို႕ရဲ႕ ပရိုဂရမ္အဖြဲ႕က ပထမျပိဳင္ပြဲအတြက္စည္းမ်ဥ္းကို ေဆြးေႏြးခဲ့တယ္ မင္းတို႕မွာေရြးစရာအခြင့္အေရးရိွတယ္ ဒါေပါ့ မင္းမွာရိွတယ္ လူေရြးပြဲမွာ vote ရတဲ့သူက ေနာက္တစ္ခ်ီကိုတက္ေရာက္ခြင့္ရမယ္"

Host က အဲဒီကိစၥကိုေၾကာ္ျငာျပီးေနာက္ ပထမျပိဳင္ပြဲရဲ႕စည္းမ်ဥ္းေတြကိုဆက္ေျပာလာတယ္။

" ပရိုဂရမ္အဖြဲ႕အစည္းက က်ရာနံပါတ္ေတြကိုေရြးခ်ယ္သြားမယ္ ေနာက္ျပီး အေရြးခံရတဲ့အနုပညာရွင္ေတာ္ေတာ္မ်ားမ်ားက သူတို႔ကိုယ္တိုင္မိတ္ဆက္ရလိမ့္မယ္ သူတို႕အတြက္အခ်ိန္ကေတာ့ တစ္မိနစ္ပဲေပးထားမွာျဖစ္တယ္ ကြၽန္ေတာ္တို႕ရဲ႕ appကိုအသံုးျပဳျပီး log inဝင္ထားတဲ့သူေတြက ၾကိဳက္နွစ္သက္သူကိုေရြးခ်ယ္နိုင္ပါတယ္ ကြၽန္ေတာ္တို႕က ဒီျပိဳင္ပြဲမွာပါဝင္ယွဥ္ျပိဳင္သူအေယာက္တစ္ရာကိုပဲ ခ်န္ထားခဲ့မွာျဖစ္ပါတယ္ ! "

T/ N __ မနက္ဖန္ wifiေတြပါလိုင္းျဖတ္မယ္လို႔ေျပာသံၾကားေနလို႔ ဒီေန႔ပဲတင္ေပးလိုက္တယ္ေနာ္

အရင္တစ္ပတ္ Sunday တုန္းက အဖိုးဆံုးသြားတဲ့အတြက္ update မလုပ္ေပးနိုင္လို႔ နွစ္ပတ္စာ4ပိုင္းတင္ေပးလိုက္ပါတယ္❤

***

Unicode

ကျိုးရို ကဒီတစ်ကြိမ်မှာတော့ဘာမှပြန်မဖြေလိုက်ဘူး ။ ဒါမှမဟုတ် စကားမပြောချင်တော့တာဖြစ်လိမ့်မယ် ။ သူမအနေနဲ့ ရှန်ယန်းကပထမနေရာကိုရလိမ့်မယ်လို့ကြွားဝါပြီးမပြောချင်ပေမယ့် ရှန်ယန်းက ပထမနေရာကိုမရနိုင်ဘူးလို့လည်းမပြောလိုဘူးလေ။

သူမက အချိန်ခဏလောက်တွေးပြီးမှပြောလိုက်တယ်။

" ဒီနယ်ပယ်မှာ လုံ့လနဲ့အားထုတ်မှုသာရှိရင် ပထမနေရာအတွက် စင်ပေါ်မှာအပြိုင်အဆိုင်တွေအများကြီးရှိနေရင်တောင် ငါတို့အနေနဲ့ ရနိုင်လောက်တာပဲလေ "

ဝမ်ဖန်းက သူ့ရဲ့ရယ်သံကိုထိန်းချုပ်လိုက်တယ်။

"အိုခေ တကယ်လို့ သူမသာပထမနေရာကိုရရှိခဲ့ရင် ငါမင်းရဲ့ရှေ့မှာပဲ keyboardကိုဝါးစားပြမယ် ဟားဟားဟားဟားဟား"

ကျိုးရိုက ဝမ်ဖန်းကိုစိုက်ကြည့်လိုက်ကာ နောက်တစ်ကြိမ်စကားပြန်ဖြေဖို့ငြင်းဆန်လိုက်တယ်။ ရိုးရိုးသားသားပြောရရင် လူတွေအများအပြားပါဝင်ယှဉ်ပြိုင်တဲ့အတွက် ကျိုးရိုသည်လည်း ရှန်ယန်းကအောက်မြင်လိမ့်မယ်ဆိုတာကိုမသေချာဘူး။

အဲဒီအချိန် တခြားတစ်ဖက်မှာတော့ programအဖွဲ့က အနုပညာရှင်တွေအတွက် အဝတ်အစားနဲ့မိတ်ကပ်တွေမပြင်ဆင်ပေးခဲ့ဘူး။ ဒါပေမယ့် အဝတ်အစားခန်းစီစဉ်ပေးထားတာကြောင့် ရှန်ယန်းက သူမရဲ့အဝတ်အစားတွေနဲ့မိတ်ကပ်တွေကိုကိုယ်တိုင်ပြင်ဆင်နေခဲ့တယ်။

ရှန်ယန်းကအဝတ်အစားလဲလှယ်ပြီးနောက်မှာ အပြင်ကိုထွက်ပြီး စောင့်ဆိုင်းနေလိုက်တယ်။ ကံကောင်းစွာနဲ့ သူမက programသို့မလာခင်ကတည်းက မိတ်ကပ်ပြင်ဆင်ပြီးခဲ့ပြီဖြစ်တယ်။ အဲ့လိုသာမဟုတ်ခဲ့ရင် သူမအတွက်တော်တော်လေးဒုက္ခများသွားနိုင်တယ်။

ရှန်ယန်းက အပြင်မှာရပ်နေရင်းနဲ့ပြတင်းပေါက်ကိုဖွင့်လျစ်လိုက်တယ်။ တိုက်ခတ်လာတဲ့လေတွေကို ရှူသွင်းလိုက်တဲ့အချိန်မှာ သူမရဲ့စိတ်တွေ လန်းဆန်းသွားသလိုခံစားရတယ်။

ဒီတစ်ခေါက်ရှိုးမှာ လူတွေဘယ်လောက်များများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးထားလဲဆိုတာကို သူမ မသိဘူး ။ အဝတ်အစားခန်းနဲ့ အပြင်ဘက်ကော်ရစ်တာမှာတော့ သွားလာနေတဲ့လူတွေနဲ့ပြည့်နေခဲ့တယ်။

" အချိန်တစ်နာရီစာအစီအစဉ်မှာ လူတွေဒီလောက်အများကြီးအတွက် ဘယ်လိုရအောင်လုပ်မှာလဲ"

"ငါလည်းမသိဘူး"

" လူတွေက တကယ်အများကြီးပဲ program အဖွဲ့က လူနည်းနည်းလောက်ကိုပဲရည်ရွယ်ထားပြီးတော့ တခြားလူတွေကို နောက်ခံအဖြစ် ရွေးချယ်မှာတော့မဟုတ်ပါဘူးနော် "

"အဲဒါက ပါဝင်ရွေးချယ်ခံရမှာထက်တောင်ပိုကောင်းသေးတယ်"

" ရှိုးပွဲစတဲ့အချိန်ရောက်ရင်တော့ ငါတော့သိရမှာပါ်"

ရှန်ယန်းသည်လည်းပဲ သံသယတချို့ရှိနေခဲ့တယ်။ လူတွေအများကြီးနဲ့ဆိုတာ့ ပရိုဂရမ်အဖွဲ့က ကင်မရာတွေလုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်ပါ့မလား ။

သူမနာရီကိုတစ်ချက်ကြည့်လိုက်တော့ အစီအစဉ်စတင်ဖို့ဆယ်မိနစ်ခန့်ကျန်နေသေးတာကိုတွေ့လိုက်ရတယ်။ သူမသိထားသလောက်ကတော့ သူမအနေနဲ့ဒီဇာတ်ကောင်ကိုလွဲချော်သွားခဲ့မယ်ဆိုရင်တောင် နောက်ထပ်ဇာတ်ကောင်တစ်ခုကိုရရှိနိုင်လိမ့်မယ်။

ထပ်ပေါင်းပြောရရင် ဒီလိုယှဉ်ပြိုင်မှုစနစ်ကို အဆုံးအဖြတ်ပေးဖို့အတွက်  ဒိုင်လူကြီးတွေကလည်း တချိန်တည်းမှာပဲ တိုင်ပင်ဆွေးနွေးလျက်ရှိနေတယ်။  အများစုသော အမျိုးသမီးငယ်လေးတွေကတော့ လုယွင်ချန်းရဲ့အကြောင်းကိုပဲပိုမိုစိတ်ဝင်တစားဆွေးနွေးလျက်ရှိနေကြတယ်။

ဆယ်မိနစ်ကြာပြီးနောက်မှာတော့ ပရိုဂရမ်အတွက်တာဝန်ရှိသူကပြောလာတယ်။

" လူတိုင်းပဲ .. မင်းတို့ရဲ့နံပါတ်ကတ်ပြားကိုယူထားကြပါ host ကမင်းတို့ရဲ့နံပါတ်တွေခေါ်တဲ့အချိန်မှာ တစ်ယောက်ချင်းထွက်မယ် မင်းတို့ဝင်ပေါက်ကိုရောက်တာနဲ့ ကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့အချိန်တစ်မိနစ်ပဲရမယ်... အိုခေ... ဒီတော့ အခုမင်းတို့ဘယ်လိုမိတ်ဆက်မလဲဆိုတာတွေးထားတော့ "

ခဏအတွင်းမှာပဲ ဆူညံပွတ်လောရိုက်သံတွေက လေထုအတွင်းမှာပြည့်နှက်သွားတယ်။

"တစ်မိနစ်တည်း..?"

"ဘယ်လိုလုပ်ရမှာလဲ အာ .. ဘာလို့အစကတည်းကမပြောထားတာလဲ တစ်မိနစ်တည်းနဲ့ .. ငါတို့အတွက်စင်ပေါ်မှာရပ်ဖို့တစ်မိနစ်ပဲအချိန်ရှိတာပေါ့ ?'

"ဟုတ်တယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ပရိုဂရမ်ရဲ့ဝန်ထမ်ဖြစ်သူက သူတို့ရဲ့မေးခွန်းတွေကိုပြန်မဖြေပဲအော်ဟစ်လိုက်တယ်။

" နံပါတ်တွေက အစဉ်လိုက်အော်မှာမဟုတ်ဘူး မင်းတို့တွေမြန်မြန်လေးစဉ်းစားထားတာပိုကောင်းမယ်နော် !'

ဒီတစ်ခေါက်မှာတော့ လူစုလူဝေးကြီးကငြိမ်ကျသွားပြီး သူတို့ရဲ့နံပတ်ကိုလှမ်းခေါ်တဲ့အချိန်မှာဘယ်လိုမိတ်ဆက်ရမလဲဆိုတာကိုစတင်စဉ်းစားလာကြတယ်။

အဲဒီအချိန်မှာပဲ အစီအစဉ်မှူးဆီက နံပါတ်စဉ်ရေတွက်သံနဲ့အတူ Liveကိုစတင်လိုက်ဖွင့်လှစ်လိုက်တယ်။

လုယွင်ချန်းရဲ့ပရိသတ်တွေက live လွှင့်မယ့်အချိန်ကို အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့တာဖြစ်ပြီး စခရမ်မျက်နှာပြင်ကို စူးစိုက်ပြီးကြည့်ရှုနေခဲဲ့ကတယ်။

သူတို့က တိုက်ရိုက်ထုတ်လွှင့်ဖို့စတင်မယ့်အချိန်ကိုစောင့်နေခဲ့ကြပြီး ကြည့်ရှုရန်ဆိုတဲ့ နေရာကိုဖိနှိပ်ဖို့အတွက်အသင့်ဖြစ်နေကြတယ်။

နောက်ပြီးဒီနေ့က အားလပ်ရက်ဖြစ်နေတာကြောင့် ပရိတ်သတ်တွေအတွက် ထုတ်လွှင့်မှုကိုကြည့်ရှုဖို့ အားလပ်လျက်ရှိနေတယ်လေ ။

ရေတွက်မှုသုံးစက္ကန့်ပြီးသွားချိန်မှာတော့ ရှန်းလုဒရမ်မာရဲ့လူရွေးပွဲက အမှန်တကယ်စတင်လာခဲ့ပြီ!

"ဟယ်လို အားလုံးပဲမင်္ဂလာပါ ရှန်းလုရဲ့ Talent show ဖြစ်တဲ့ "အနာဂတ်ရဲ့ကြယ်ပွင့်များ " အစီအစဉ်က စတင်ပြီး ထုတ်လွှင့်နေပြီဖြစ်ပါတယ် ! "

Host နှစ်ယောက်က စတိတ်စင်ပေါ်သို့လျှောက်လာပြီးနောက် တပြိုင်တည်းနှုတ်ဆက်စကားဆိုလာကြတယ်။

ပြီးတဲ့နောက်မှာတော့ သူတို့က ရှန်းလုနိုဗယ်အကြောင်းကိုမိတ်ဆက်ပြောဆိုပြီး အစီအစဉ်အကြောင်းကိုအကျယ်တဝင့်ရှင်းပြခဲ့တယ်။ TV seriesထဲမှာ နိုဗယ်ကိုဘယ်လိုပိုပြီးကောင်းကောင်းရိုက်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့အကြောင်းတွေကိုရောပေါ့။

ရှန်ယန်း က သူမရဲ့ဖုန်းနဲ့ ထုတ်လွှင့်မှုကိုဖွင့်ကြည့်လိုက်တယ်။

ကျန်းရုံက ရှန်ယန်းအနီးကိုတိုးကပ်လာပြီး ပြုံးလိုက်တယ်။ အဲဒီနောက် တိုက်ရိုက်ထုတ်လွှင့်မှုကိုအတူလာကြည့်ပြီးတီးတိုးပြောလာတယ်။

" ခဏနေရင် နင် ကိုယ့်ကိုကိုယ်ဘယ်လိုမိတ်ဆက်မှာလဲ?"

"တိုက်ရိုက်ပဲမိတ်ဆက်မှာပေါ့ ah"

ကျန်းရုံက ရှန်ယန်း သူမကိုစိတ်မပါစွာပြန်ဖြေတာလို့တွေးလိုက်တာကြောင့် ထပ်မံပြီးမေးခွန်းမထုတ်တော့ဘူး ။ နောက်ဆုံးတော့ အခုချိန်မှာ သူတို့တွေက ပြိုင်ဘက်တွေပဲလေ။

Host တွေက ဒိုင်လူကြီးတွေကိုစင်ပေါ်ကိုဖော်ခေါ်လိုက်တယ် ။ ဒီတစ်ခေါက်မှာတော့ ဒိုင်လူကြီးလေးယောက်စီစဉ်ထားတဲ့ပုံပဲ။ ရှန်းလုရဲ့ဒါရိုက်တာ ၊ ဇာတ်ညွှန်းဆရာ နဲ့ အမြင့်မားဆုံးသော အတားအဆီးဖြစ်တဲ့ လုယွင်ချန်း ။

နောက်ထပ်ဒိုင်တစ်ယောက်ကတော့ ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာ မသိလေဘူး။

လုယွင်ချန်းကတော့ နောက်ဆုံးမှထွက်ပေါ်လာခဲ့တယ်။

လုယွင်ချန်းက မိတ်ကပ်ဆွယ်တာကိုဂျင်းဘောင်းဘီနဲ့တွဲဖက်ဝတ်ထားပြီး မိုက်ခရိုဖုန်းကို လက်မှာကိုင်ထားတယ်။ သူက စကားတစ်ခွန်းမှမပြောရသေးပေမယ့်လည်း လူရွေးပွဲက စတိတ်စင်အောက်မှသည် စခရမ်ပေါ်သို့ရောက်ရှိလာခဲ့ပြီ။

လုယွင်ချန်းက မသိမသာလေးပြုံးလိုက်ပြီး ပြောလာခဲ့တယ်။

" ဒီအစီအစဉ်မှာပါဝင်ခွင့်ရရှိတဲ့အတွက် ကျွန်တော်အရမ်းပဲဂုဏ်ယူဝမ်းသာရပါတယ် နောက်ပြီး ရှန်းလုဒရမ်မာရဲ့ အမျိုးသားဇာတ်လိုက်နေရာမှာပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက်လည်း အတိုင်းမသိပျော်ရွှင်ရပါတယ် "

လုယွင်ချန်းက ပြောပြီးပြီးချင်းပဲ ဒိုင်လူကြီးတွေရဲ့စားပွဲမှာသွားထိုင်လိုက်တယ်။

တိုက်ရိုက်ထုတ်လွှင်မှုရဲ့ကောမန့်တွေမှာတော့ လုယွင်ချန်းကိုအကြီးအကျယ်အားပေးထောက်ခံလျက်ရှိနေခဲ့တယ်။ ရှန်ယန်းက ကောမန့်နေရာကိုပိတ်လိုက်ပြီး ထုတ်လွှင့်မှုကိုဆက်ကြည့်နေလိုက်တယ်။

ဒိုင်လူကြီးတွေထွက်ပေါ်လာပြီးနောက်မှာတော့ hostက ပြိုင်ပွဲရဲ့စည်းမျဉ်းစည်းကမ်းတွေကိုဆက်ပြီးပြောနေခဲ့တယ်။

"ရှန်းလုက အရမ်းကိုကောင်းမွန်တဲ့နိုဗယ်တစ်ပုဒ်ပဲ ဒါကြောင့် လူတွေအများကြီးက လူရွေးပွဲကိုလာလျှောက်ကြတယ် ကျွန်တော်တို့ကလူတွေအများကြီးဖယ်ထုတ်ပြီးတဲ့နောက်မှာတောင် လူပေါင်းသုံးရာခုနစ်ယောက်ကျန်ရှိနေသေးတယ် "

307ယောက် ...ဒီ talent show ကဘယ်လိုပုံစံတွေဆက်လုပ်သွားမှာလဲ။

Hostကဆက်ပြောလာတယ်။

" အစတုန်းကတော့ ဒီရှိုးကိုဘယ်လိုဆက်သွားရမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်းတော်တော်ဦးနှောက်ခြောက်ခဲ့ရတယ်.. ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပရိုဂရမ်အဖွဲ့က ပထမပြိုင်ပွဲအတွက်စည်းမျဉ်းကို ဆွေးနွေးခဲ့တယ် မင်းတို့မှာရွေးစရာအခွင့်အရေးရှိတယ် ဒါပေါ့ မင်းမှာရှိတယ် လူရွေးပွဲမှာ vote ရတဲ့သူက နောက်တစ်ချီကိုတက်ရောက်ခွင့်ရမယ်"

Host က အဲဒီကိစ္စကိုကြော်ငြာပြီးနောက် ပထမပြိုင်ပွဲရဲ့စည်းမျဉ်းတွေကိုဆက်ပြောလာတယ်။

" ပရိုဂရမ်အဖွဲ့အစည်းက ကျရာနံပါတ်တွေကိုရွေးချယ်သွားမယ် နောက်ပြီး အရွေးခံရတဲ့အနုပညာရှင်တော်တော်များများက သူတို့ကိုယ်တိုင်မိတ်ဆက်ရလိမ့်မယ် သူတို့အတွက်အချိန်ကတော့ တစ်မိနစ်ပဲပေးထားမှာဖြစ်တယ် ကျွန်တော်တို့ရဲ့ appကိုအသုံးပြုပြီး log inဝင်ထားတဲ့သူတွေက ကြိုက်နှစ်သက်သူကိုရွေးချယ်နိုင်ပါတယ် ကျွန်တော်တို့က ဒီပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်သူအယောက်တစ်ရာကိုပဲ ချန်ထားခဲ့မှာဖြစ်ပါတယ် ! "

T/ N __ မနက်ဖန် wifiတွေပါလိုင်းဖြတ်မယ်လို့ပြောသံကြားနေလို့ ဒီနေ့ပဲတင်ပေးလိုက်တယ်နော်

အရင်တစ်ပတ် Sunday တုန်းက အဖိုးဆုံးသွားတဲ့အတွက် update မလုပ်ပေးနိုင်လို့ နှစ်ပတ်စာ4ပိုင်းတင်ပေးလိုက်ပါတယ်❤

***

Continue Reading

You'll Also Like

244K 6.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
1.1M 161K 154
စစ္သူႀကီးမ်ိဳးရိုး၏ ပဏာမသမီးေတာ္၊ ျဖဴစင္၊ ရိုးသား၍ အလိမ္အညာခံရလြယ္ေသာ၊ မင္းသားသင္းအား ရူးရူးမိုက္မိုက္ခ်စ္ႀကိဳက္မိသူ သူမ သူ႔ဇနီးမယားအရာရေအာင္ ႀကိဳးပမ...
123K 18.9K 70
ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်​ထွေးသွားစေခဲ့မိသည်​။ ထို့က...