ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (37)

5.5K 808 3
By LuciousKim

Zawgyi

ရွန္ယန္းျပန္ေရာက္တဲ့အခ်ိန္မွာ ခ်န္ယီြကို ဘယ္ေနရာမွာမွရွာမေတြ႕ေတာ့ဘူး။ ဒါေၾကာင့္ သူမရိုက္ကူးေရးအဖြဲ႕သားတခ်ိဳ႕ထံမွာေမးျမန္းၾကည့္ေတာ့ လက္ေထာက္တစ္ေယာက္က ခ်န္ယြီအျပင္ထြက္သြားေၾကာင္းနဲ႕ သူမသြားတဲ့ေနရာကိုလည္းသိေၾကာင္းေျပာလာတယ္။

အဲဒီေနာက္မွာေတာ့ ရွန္ယန္းသူမကိုလိုက္ရွာဖို႔အျပင္ကိုထြက္လာခဲ့တယ္။

ရိုက္ကူးေရးဧရိယာျပင္ပမွာေတာ့ ခ်န္ယြီ လူအုပ္စုတစ္ခုရဲ႕ေရွ႕မွာရပ္ေနခဲ့တယ္။ သူတို႔ကခ်န္ယြီကိုၾကည့္ကာ သူမထံမွတစ္စံုတစ္ခုေမးျမန္းေနတဲ့ပံုပဲ။

"နင္က ဥကၠဌေလာင္းရဲ႕ သူငယ္ခ်င္းဆို ဒါေၾကာင့္ပဲ မေန႕တုန္းကရိုက္ကူးေရးကိုအလည္လိုက္မလားဆိုျပီးေမးခဲ့တာ "

"ဟုတ္တယ္ အဲဒါေၾကာင့္ပဲ ငါတို႕ရဲ႕ပစၥည္းေတြကိုသိမ္းေပးဖို႔အကူအညီေတာင္းခဲ့တာ"

"အားလံုးက နာမည္ၾကီးတံဆိပ္ေတြခ်ည္းပဲ ပိုစတာမွာလည္လက္မွတ္ထိုးျပီးသားပဲ အယ္လဘမ္ကလည္းလက္မွတ္ထိုးျပီးသားေတြ"

ခ်န္ယြီက အေနာက္ကိုေျခတစ္လွမ္းဆုတ္ျပီး သူမရဲ႕နႈတ္ခမ္းေတြကိုဖိကိုက္လိုက္တယ္။

"ေတာင္းပန္ပါတယ္ ငါနင္တို႔အတြက္အဲဒီဘရန္းေတြကို ျပန္ဝယ္ေပးပါ့မယ္ ဒါေပမယ့္ လက္မွတ္ထိုးထားတဲ့ပိုစတာကို တကယ္မေတြ႕ေတာ့ဘူး "

မေန႔ညတုန္းက ခ်န္ယြီအေနနဲ႕ ညစာစားပြဲကိုတက္ဖို႔အလ်ွင္လိုေနခဲ့တာေၾကာင့္ အဲဒီပစၥည္းေတြကိုသိမ္းဆည္းဖို႔ေမ့ေလ်ွာ့သြားခဲ့တယ္။ ဒီေန႕မွာသာ သူတို႕က သူမကိုအဲဒီပိုစတာေတြအေၾကာင္းကိုမေမးခဲ့ရင္ သူမအေနနဲ႕သတိရဦးမွာမဟုတ္ေသးဘူး။

အနုပညာရွင္ရဲ႕ေနာက္ကိုလိုက္တတ္တဲ့ေကာင္မေလးတစ္ေယာက္က ေဒါသထြက္စြာနဲ႕ေျပာလာတယ္။

"ဒီေနရာကိုလာဖို႕အတြက္နဲ႕ သူ႕ကိုေတြ႕ဖို႔အတြက္နဲ႕ ငါအခ်ိန္တစ္လေတာင္ေစာင့္ေနခဲ့ရတာ"

ခ်န္ယြီကေတာ့ သူတို႕ကိုမၾကည့္ရဲေတာ့တာေၾကာင့္ ေတာင္းပန္စကားေတြပဲထပ္ေျပာေနခဲ့တယ္။

ရွန္ယန္းက အေဝးကေနခဏေလာက္နားေထာင္လို႔အျပီးမွာေတာ့ ဘာေတြျဖစ္ေနတာလဲဆိုတာကိုနားလည္သြားတယ္။ ခ်န္ယြီရဲ႕ ပိုစတာေတြေပ်ာက္သြားတာျဖစ္လိမ့္မယ္။

အဲဒီေနာက္မွာေတာ့ ဒီေနရာကိုလာလည္ဖို႔အဖို့အခ်ိန္တစ္လေလာက္နဲ႕ပိုက္ဆံေတြအမ်ားၾကီးသံုးခဲ့ရေၾကာင္းေျပာခဲ့တဲ့ ေကာင္မေလးက ခ်န္ယြီကိုတြန္းထုတ္လိုက္တယ္။

ရွန္ယန္းခ်က္ခ်င္းပဲအနားကို သြားလိုက္ကာ ခ်န္ယြီကိုအေနာက္ကေနထိန္းေပးလိုက္တယ္။

"အစ္မယန္ယန္း "

" နင္တစ္ခုခုေပ်ာက္သြားတာဆိုရင္ အတူတူလိုက္ရွာဖို႔အကူအညီေတာင္းသင့္တယ္"

" ဟုတ္ ..အာ ဒါေပမယ့္ အစ္မက အဲဒါေတြကိုသိပ္မၾကိဳက္ဘူးလားလို႔ အစ္မသိတဲ့အတိုင္း အဲဒီပိုစတာေတြက အကန္႕အသတ္နဲ႕လုပ္ထားတာေတြေလ"

" နာမည္ၾကီးဘရန္းေတြကို ငါတို႔ဘာသာျပန္ဝယ္နိုင္တယ္ အေရးၾကီးတာကအဲဒီပိုစတာပဲ"

ခ်န္ယီြက ေတာင္းပန္စကားကိုပဲထပ္ျပီးေျပာလိုက္တယ္။

"ငါတကယ္ေတာင္းပန္ပါတယ္ ငါအဲတာကိုထပ္ျပီးရွာၾကည့္ပါ့မယ္ ငါရွာေတြ႕ခ်င္ေတြ႕နိုင္ေသးတာပဲေလ "

လီလီက ထပ္ျပီးေျပာလာတယ္။

"ဘယ္သူသိမွာလဲ အဲဒါေတြကို နင့္ဘာသာနင္သိမ္းထားတာလဲျဖစ္ခ်င္ျဖစ္မွာေပါ့ "

" ငါယူထားတာမဟုတ္ဘူး ! ငါလုယြင္ခ်န္းကိုတကယ္ၾကိဳက္ေပမယ့္ ငါဘယ္ေတာ့မွ နင္တို႔ဟာေတြကိုခိုးမွာမဟုတ္ဘူး"

"ဒါဆို နင္ဘာလို႔ ငါတို့ပစၥည္းေတြကိုျပန္မေပးေသးတာလဲ လက္မွတ္ထိုးထားတဲ့အယ္လဘမ္လိုခ်င္တယ္လို႔နင္မေျပာခဲ့ဘူးလား ဒါေပမယ့္ လုယြင္ခ်န္းလက္မွတ္ထိုးထားတဲ့ဟာကိုနင္မရခဲ့ဘူးေလ အဲဒါေၾကာင့္ပဲ ငါတို႔ဟာကိုယူလိုက္တာ "

လီလီက ေျပာျပီးတာနဲ႕ သူမရဲ႕နႈတ္ခမ္းကိုတင္းတင္းဖိကိုက္လိုက္တယ္။

ခ်န္ယြီက အခုမွအနုပညာေလာကထဲကိုေရာက္ရိွလာတဲ့ အသစ္ေလးပဲရိွေသးတယ္။ ဒီေတာ့ သူမရဲ႔ဝင္ေငြကမ်ားျပားဦးမွာမဟုတ္ေပမယ့္ သူမကသြားကိုတင္းတင္းစိျပီးေျပာေနတုန္းပဲ။

"အဲဒါက အားလံုးဘယ္ေလာက္လဲဆိုတာေျပာလိုက္ ငါနင္တို႔ကိုပိုက္ဆံျပန္ေပးမယ္ အဲဒီပိုစတာနဲ့အယ္လဘမ္ကို ငါဝယ္လိုက္တယ္လို႔သေဘာထားလိုက္ေပါ့ "

"ငါက လုယြင္ခ်န္းရဲ႕ပိုစတာနဲ႕ အယ္လဘမ္ကိုလိုခ်င္တာ!"

ရွန္ယန္းက ခဏေလာက္ေတြးေတာလိုက္တယ္။ မနက္ဖန္မွာ က်ိဳးရိုက ဒီကိုေရာက္လာမွာျဖစ္ျပီး ရွန္းလုလူေရြးပြဲကိုသူမနဲ႕အတူသြားလိမ့္္မယ္။ လုယြင္ခ်န္းက သူမကို အဲဒီလူေရြးပြဲအတြက္ဒိုင္လုပ္မွာျဖစ္ေၾကာင္းေျပာခဲ့တဲ့အတြက္ သူမအေနနဲ႕ သူ႕ရဲ႕လက္မွတ္ရဖို႔ၾကိဳးစားနိုင္လိမ့္မယ္။

ရွန္ယန္းက လုယြင္ခ်န္းကို ျကိုးစားျပီးေမးျမန္းနိုင္ေပမယ့္ အဲဒီပိုစတာနဲ႕အယ္လဘမ္ေတြက အကန္႕အသတ္နဲ႔ျဖစ္ေနခဲ့တယ္။ ေနာက္ျပီး သူမအေနနဲ႔ လုယြင္ခ်န္းကဒိုင္အျဖစ္လာမွာေသခ်ာမလားဆိုတာ မသိနိုင္ဘူး။

အဲဒီအခ်ိန္မွာပဲ သူမရဲ႕ဖုန္းကတုန္ခါလာခဲ့တယ္။ အဲဒါက လုယြင္ခ်န္းထံမွ စာတိုတစ္ေစာင္ဝင္လာခဲ့တာပဲျဖစ္တယ္။

[လုယြင္ခ်န္း : Black fanေလး မင္းအြန္လိုင္းေပၚမွာ ေဝဖန္ခ်က္ဘယ္နွစ္ခုေလာက္ေရးသားခဲ့ျပီးျပီလဲ ?]

ရွန္ယန္း : “………”

လီလီရဲ႕စကားေတြေၾကာင့္ က်န္တဲ့သူေတြကလည္းေနာက္ကလိုက္ျပီး ခ်န္ယြီကိုေအာ္ဟစ္လာၾကတယ္။

“ငါတို႔က ပိုစတာနဲ႕ အယ္လဘမ္ေတြကိုပဲလိုခ်င္တာ !"

အဲဒီေကာင္မေလးအမ်ားစုက Aျမိဳ႕ေတာ္ကလာၾကတာျဖစ္ျပီး
အနည္းငယ္ေလာက္ကသာ ပိုက္ဆံေတြစုေဆာင္းျပီး ဒီေနရာကိုလာလည္ၾကတာျဖစ္တယ္။ အဓိကကေတာ့ လုယြင္ခ်န္းေၾကာင့္ေပါ့ ။

ခ်န္ယီြက ရွန္ယန္းကိုတစ္ခါေျပာခဲ့ဖူးတယ္။ ပရိတ္သတ္အနည္းငယ္က ဒီ Aျမိဳ႕ေတာ္ကိုလာဖို႔အတြက္ဘယ္ေလာက္ထိခက္ခဲ့ျပီး သူတို႕ေတြပိုက္ဆံစုေဆာင္းခဲ့ရတယ္ဆိုတာကိုေပါ့။

ရွန္ယန္းက အဲဒီကိစၥကိုေတြးေတာျပီးေနတဲ့အခ်ိန္မွာ ေနာက္ထပ္တစ္ေယာက္က ခ်န္ယြီကိုထပ္ျပီးတြန္းလိုက္တယ္။ရွန္ယန္းသည္လည္း ခ်န္ယြီရဲ႕အေနာက္မွာရပ္ေနတာျဖစ္လို႔ေျခလွမ္းအနည္းငယ္ေလာက္ေနာက္ဆုတ္လိုက္ရတယ္။

ရွန္ယန္းက ေအးစက္စက္နဲ႕ေျပာလိုက္တယ္။

"သန္ဘက္ခါေလာက္ကို ငါမင္းတို့ကို လက္မွတ္ထိုးျပီးသားအယ္လဘမ္နဲ႕ပိုစတာေတြ ျပန္ေပးမယ္ "

လီလီက ေဒါသတၾကီးနဲ႕ေအာ္ဟစ္ရယ္ေမာလိုက္တယ္ ။

"ေပ်ာက္သြားတဲ့ပစၥည္းေတြကိုလား "

" ခ်န္ယြီက မင္းတို႕ကို ပိုစတာနဲ႔အယ္လဘမ္ေတြျပန္မေပးနိုင္ေတာ့ဘူး မင္းတို႔ငါ့ကိုဘာလို့မယံုတာလဲ မင္းတို႔သန္ဘက္ခါျပန္လာတဲ့အခ်ိန္ ငါမင္းတို႔ကိုအယ္လဘမ္နဲ႕ပိုစတာေတြျဖစ္ေအာင္ျပန္ေပးေပးမယ္  "

ရွန္ယန္းကထပ္ေျပာလိုက္တယ္ ။

"တကယ္လို႔ ငါျပန္မေပးနိုင္ဘူးဆိုရင္ေတာ့ ျပႆနာကိုေျဖရွင္းဖို႔အတြက္ ေနာက္ထပ္နည္းလမ္းထပ္ရွာၾကတာေပါ့ အဲဒီအခ်ိန္အတြင္း မင္းတို႔ Aျမိဳ႕ေတာ္မွာေနထိုင္ရတဲ့စရိတ္အတြက္ ခ်န္ယြီကေပးလိမ့္မယ္ ဒါမွမဟုတ္  မင္းတို႔မွာေနာက္ထပ္ေျဖရွင္းနည္းေတြရိွမယ္ဆိုရင္လည္း ငါတို႔ကိုေျပာနိုင္ပါတယ္"

ခ်န္ယြီက ဘာမွဝင္မေျပာေပမယ့္ ရွန္ယန္းအတြက္စိတ္ပူေနခဲ့တယ္။ အကန္႕အသတ္နဲ႕ထုတ္တဲ့ အယ္လဘမ္နဲ႕ပိုစတာေတြကရရိွဖို႔က အရမ္းကိုခက္ခဲျပီးသူတို႔ေတာင္နည္းနည္းေလးသာရရိွခဲ့တာေလ။

ခ်န္ယြီက ရွန္ယန္းသူနဲ႕အတူေပ်ာက္ဆံုးသြားတဲ့ပိုစတာနဲ႕အယ္လဘမ္ကိုလိုက္ရွာေပးမယ္လို႔ထင္လိုက္တယ္။

မိန္းကေလးေတြက တစ္ေယာက္နဲ့တစ္ေယာက္ျပန္ၾကည့္လိုက္ၾကျပီး အခုခ်ိန္မွာ ရွန္ယန္းတစ္ေယာက္သာေျဖရွင္းေပးနိုင္လိမ့္မယ္လို႔ေတြးလိုက္ၾကတယ္။

" ေကာင္းျပီေလ နင္တို႔ေျပာတဲ့အတိုင္းပဲေပါ့ နင္တို႕ေတြအယ္လဘမ္နဲ႔ပိုစတာကိုျပန္ေပးနိုင္လိမ့္မယ္လို႔မထင္ေပမယ့္ နင္ေျပာတဲ့အခ်ိန္အထိငါတို႕ေစာင့္ေနေပးမယ္ တကယ္လို႔အဲဒီေန႔အထိမေပးနိုင္ဘူးဆိုရင္ေတာ့ ငါတို႔ေတြ weiboမွာလူေတြသိေအာင္တင္ပစ္လိုက္မယ္လို႔ သိထားလိုက္"

ေကာင္မေလးေတြ ျပန္သြားတဲ့အခ်ိန္မွာေတာ့ ခ်န္ယြီက ရွန္ယန္းကိုေျပာလာတယ္။

"အစ္မယန္ယန္း ကြၽန္မပိုစတာနဲ႕အယ္လဘမ္သြားရွာလိုက္မယ္ "

ရွန္ယန္းကျပန္ေမးလိုက္တယ္။
"ပိုစတာနဲ႕အယ္လဘမ္ေတြကဘယ္ေလာက္မ်ားတာလဲ"

" ပိုစတာသံုးခုနဲ႕ အယ္လဘမ္တစ္ခု ၊ ေနာက္ျပီး bannerတစ္ခုပါေသးတယ္"

ခ်န္ယီြကဆက္ေျပာလာတယ္။
"အမွန္ဆို သူတို႔ဘာသာသယ္လို႔ရတယ္ ဒါေပမယ့္ လုယြင္ခ်န္းက က်ြန္မတို႔ကို ေရဝင္ေသာက္ခိုင္းျပီး group photoပါရိုက္ေပးတယ္ေလ အဲဒီေနာက္ေတာ့ က်ြန္မက ဒုဥကၠဌနဲ႕ရင္းနီးတယ္ဆိုတာကိုသိသြားျပီး သူတို႕နဲ႕အတူလိုက္ခိုင္းတယ္ ေနာက္ျပီးသူတို႔ပစၥည္းေတြကိုပါသိမ္းခိုင္းေတာ့တာ"

"နင္အရင္ျပန္ျပီး ပစၥည္းေတြသြားရွာထားလိုက္ တကယ္လို႔မေတြ႕ရင္ေတာ့ ငါေနာက္ထပ္နည္းလမ္းရွာလိုက္မယ္ "

ရွန္ယန္းက ေျပာျပီးတဲ့ေနာက္မွာ ရိုက္ကြင္းဆီကိုျပန္လာခဲ့တယ္။ သူမက လုယြင္ခ်န္းနဲ႕မေတြ႕လိုတာေၾကာင့္ ခ်န္ယြီပစၥည္းေတြကိုျပန္ရွာေတြ႕ဖို႔ ဆုေတာင္းေနခဲ့တယ္။

ခ်န္ယြီက ရွန္ယန္းအေဝးသို႕မေရာက္ခင္မွာဘဲ အလ်ွင္အျမန္လွမ္းေအာ္လိုက္တယ္။

"အစ္မယန္ယန္း ေက်းဇူးတင္ပါတယ္ .. တကယ္လို႔က်ြန္မွရွာမေတြ႕ခဲ့ရင္ က်ြန္မဘာသာပဲ ေျဖရွင္းလိုက္ပါ့မယ္ အစ္မက ကြ်န္မကိုကူညီေပးခဲ့တာပဲ "

သူမက ရွန္ယန္းအေနနဲ႕ အကန္႕အသတ္ထုတ္ပိုစတာနဲ႕အယ္လဘမ္ေတြကိုရရိွနိုင္လိမ့္မယ္လို႔ မယံုၾကည္ခဲ့ဘူး။

ရွန္ယန္းကဘာမွျပန္မေျဖေတာ့ပဲရိုက္ကူးေရးထံသို႔တည့္တည့္မတ္မတ္ျပန္လာခဲ့တယ္။

ခ်န္ယြီက ရွန္ယန္းကိုေက်းဇူးတင္စြာၾကည့္ျပီး ပိုစတာနဲ႕အယ္လဘမ္ေတြရွာဖို႔အတြက္ ခ်က္ခ်က္ပဲေျပးထြက္သြားခဲ့တယ္။

***

Unicode

ရှန်ယန်းပြန်ရောက်တဲ့အချိန်မှာ ချန်ယွီကို ဘယ်နေရာမှာမှရှာမတွေ့တော့ဘူး။ ဒါကြောင့် သူမရိုက်ကူးရေးအဖွဲ့သားတချို့ထံမှာမေးမြန်းကြည့်တော့ လက်ထောက်တစ်ယောက်က ချန်ယွီအပြင်ထွက်သွားကြောင်းနဲ့ သူမသွားတဲ့နေရာကိုလည်းသိကြောင်းပြောလာတယ်။

အဲဒီနောက်မှာတော့ ရှန်ယန်းသူမကိုလိုက်ရှာဖို့အပြင်ကိုထွက်လာခဲ့တယ်။

ရိုက်ကူးရေးဧရိယာပြင်ပမှာတော့ ချန်ယွီ လူအုပ်စုတစ်ခုရဲ့ရှေ့မှာရပ်နေခဲ့တယ်။ သူတို့ကချန်ယွီကိုကြည့်ကာ သူမထံမှတစ်စုံတစ်ခုမေးမြန်းနေတဲ့ပုံပဲ။

"နင်က ဥက္ကဌလောင်းရဲ့ သူငယ်ချင်းဆို ဒါကြောင့်ပဲ မနေ့တုန်းကရိုက်ကူးရေးကိုအလည်လိုက်မလားဆိုပြီးမေးခဲ့တာ "

"ဟုတ်တယ် အဲဒါကြောင့်ပဲ ငါတို့ရဲ့ပစ္စည်းတွေကိုသိမ်းပေးဖို့အကူအညီတောင်းခဲ့တာ"

"အားလုံးက နာမည်ကြီးတံဆိပ်တွေချည်းပဲ ပိုစတာမှာလည်လက်မှတ်ထိုးပြီးသားပဲ အယ်လဘမ်ကလည်းလက်မှတ်ထိုးပြီးသားတွေ"

ချန်ယွီက အနောက်ကိုခြေတစ်လှမ်းဆုတ်ပြီး သူမရဲ့နှုတ်ခမ်းတွေကိုဖိကိုက်လိုက်တယ်။

"တောင်းပန်ပါတယ် ငါနင်တို့အတွက်အဲဒီဘရန်းတွေကို ပြန်ဝယ်ပေးပါ့မယ် ဒါပေမယ့် လက်မှတ်ထိုးထားတဲ့ပိုစတာကို တကယ်မတွေ့တော့ဘူး "

မနေ့ညတုန်းက ချန်ယွီအနေနဲ့ ညစာစားပွဲကိုတက်ဖို့အလျှင်လိုနေခဲ့တာကြောင့် အဲဒီပစ္စည်းတွေကိုသိမ်းဆည်းဖို့မေ့လျှော့သွားခဲ့တယ်။ ဒီနေ့မှာသာ သူတို့က သူမကိုအဲဒီပိုစတာတွေအကြောင်းကိုမမေးခဲ့ရင် သူမအနေနဲ့သတိရဦးမှာမဟုတ်သေးဘူး။

အနုပညာရှင်ရဲ့နောက်ကိုလိုက်တတ်တဲ့ကောင်မလေးတစ်ယောက်က ဒေါသထွက်စွာနဲ့ပြောလာတယ်။

"ဒီနေရာကိုလာဖို့အတွက်နဲ့ သူ့ကိုတွေ့ဖို့အတွက်နဲ့ ငါအချိန်တစ်လတောင်စောင့်နေခဲ့ရတာ"

ချန်ယွီကတော့ သူတို့ကိုမကြည့်ရဲတော့တာကြောင့် တောင်းပန်စကားတွေပဲထပ်ပြောနေခဲ့တယ်။

ရှန်ယန်းက အဝေးကနေခဏလောက်နားထောင်လို့အပြီးမှာတော့ ဘာတွေဖြစ်နေတာလဲဆိုတာကိုနားလည်သွားတယ်။ ချန်ယွီရဲ့ ပိုစတာတွေပျောက်သွားတာဖြစ်လိမ့်မယ်။

အဲဒီနောက်မှာတော့ ဒီနေရာကိုလာလည်ဖို့အဖို့အချိန်တစ်လလောက်နဲ့ပိုက်ဆံတွေအများကြီးသုံးခဲ့ရကြောင်းပြောခဲ့တဲ့ ကောင်မလေးက ချန်ယွီကိုတွန်းထုတ်လိုက်တယ်။

ရှန်ယန်းချက်ချင်းပဲအနားကို သွားလိုက်ကာ ချန်ယွီကိုအနောက်ကနေထိန်းပေးလိုက်တယ်။

"အစ်မယန်ယန်း "

" နင်တစ်ခုခုပျောက်သွားတာဆိုရင် အတူတူလိုက်ရှာဖို့အကူအညီတောင်းသင့်တယ်"

" ဟုတ် ..အာ ဒါပေမယ့် အစ်မက အဲဒါတွေကိုသိပ်မကြိုက်ဘူးလားလို့ အစ်မသိတဲ့အတိုင်း အဲဒီပိုစတာတွေက အကန့်အသတ်နဲ့လုပ်ထားတာတွေလေ"

" နာမည်ကြီးဘရန်းတွေကို ငါတို့ဘာသာပြန်ဝယ်နိုင်တယ် အရေးကြီးတာကအဲဒီပိုစတာပဲ"

ချန်ယွီက တောင်းပန်စကားကိုပဲထပ်ပြီးပြောလိုက်တယ်။

"ငါတကယ်တောင်းပန်ပါတယ် ငါအဲတာကိုထပ်ပြီးရှာကြည့်ပါ့မယ် ငါရှာတွေ့ချင်တွေ့နိုင်သေးတာပဲလေ "

လီလီက ထပ်ပြီးပြောလာတယ်။

"ဘယ်သူသိမှာလဲ အဲဒါတွေကို နင့်ဘာသာနင်သိမ်းထားတာလဲဖြစ်ချင်ဖြစ်မှာပေါ့ "

" ငါယူထားတာမဟုတ်ဘူး ! ငါလုယွင်ချန်းကိုတကယ်ကြိုက်ပေမယ့် ငါဘယ်တော့မှ နင်တို့ဟာတွေကိုခိုးမှာမဟုတ်ဘူး"

"ဒါဆို နင်ဘာလို့ ငါတို့ပစ္စည်းတွေကိုပြန်မပေးသေးတာလဲ လက်မှတ်ထိုးထားတဲ့အယ်လဘမ်လိုချင်တယ်လို့နင်မပြောခဲ့ဘူးလား ဒါပေမယ့် လုယွင်ချန်းလက်မှတ်ထိုးထားတဲ့ဟာကိုနင်မရခဲ့ဘူးလေ အဲဒါကြောင့်ပဲ ငါတို့ဟာကိုယူလိုက်တာ "

လီလီက ပြောပြီးတာနဲ့ သူမရဲ့နှုတ်ခမ်းကိုတင်းတင်းဖိကိုက်လိုက်တယ်။

ချန်ယွီက အခုမှအနုပညာလောကထဲကိုရောက်ရှိလာတဲ့ အသစ်လေးပဲရှိသေးတယ်။ ဒီတော့ သူမရဲ့ဝင်ငွေကများပြားဦးမှာမဟုတ်ပေမယ့် သူမကသွားကိုတင်းတင်းစိပြီးပြောနေတုန်းပဲ။

"အဲဒါက အားလုံးဘယ်လောက်လဲဆိုတာပြောလိုက် ငါနင်တို့ကိုပိုက်ဆံပြန်ပေးမယ် အဲဒီပိုစတာနဲ့အယ်လဘမ်ကို ငါဝယ်လိုက်တယ်လို့သဘောထားလိုက်ပေါ့ "

"ငါက လုယွင်ချန်းရဲ့ပိုစတာနဲ့ အယ်လဘမ်ကိုလိုချင်တာ!"

ရှန်ယန်းက ခဏလောက်တွေးတောလိုက်တယ်။ မနက်ဖန်မှာ ကျိုးရိုက ဒီကိုရောက်လာမှာဖြစ်ပြီး ရှန်းလုလူရွေးပွဲကိုသူမနဲ့အတူသွားလိမ့်မယ်။ လုယွင်ချန်းက သူမကို အဲဒီလူရွေးပွဲအတွက်ဒိုင်လုပ်မှာဖြစ်ကြောင်းပြောခဲ့တဲ့အတွက် သူမအနေနဲ့ သူ့ရဲ့လက်မှတ်ရဖို့ကြိုးစားနိုင်လိမ့်မယ်။

ရှန်ယန်းက လုယွင်ချန်းကို ကြိုးစားပြီးမေးမြန်းနိုင်ပေမယ့် အဲဒီပိုစတာနဲ့အယ်လဘမ်တွေက အကန့်အသတ်နဲ့ဖြစ်နေခဲ့တယ်။ နောက်ပြီး သူမအနေနဲ့ လုယွင်ချန်းကဒိုင်အဖြစ်လာမှာသေချာမလားဆိုတာ မသိနိုင်ဘူး။

အဲဒီအချိန်မှာပဲ သူမရဲ့ဖုန်းကတုန်ခါလာခဲ့တယ်။ အဲဒါက လုယွင်ချန်းထံမှ စာတိုတစ်စောင်ဝင်လာခဲ့တာပဲဖြစ်တယ်။

[လုယွင်ချန်း : Black fanလေး မင်းအွန်လိုင်းပေါ်မှာ ဝေဖန်ချက်ဘယ်နှစ်ခုလောက်ရေးသားခဲ့ပြီးပြီလဲ ?]

ရှန်ယန်း : “………”

လီလီရဲ့စကားတွေကြောင့် ကျန်တဲ့သူတွေကလည်းနောက်ကလိုက်ပြီး ချန်ယွီကိုအော်ဟစ်လာကြတယ်။

“ငါတို့က ပိုစတာနဲ့ အယ်လဘမ်တွေကိုပဲလိုချင်တာ !"

အဲဒီကောင်မလေးအများစုက Aမြို့တော်ကလာကြတာဖြစ်ပြီး
အနည်းငယ်လောက်ကသာ ပိုက်ဆံတွေစုဆောင်းပြီး ဒီနေရာကိုလာလည်ကြတာဖြစ်တယ်။ အဓိကကတော့ လုယွင်ချန်းကြောင့်ပေါ့ ။

ချန်ယွီက ရှန်ယန်းကိုတစ်ခါပြောခဲ့ဖူးတယ်။ ပရိတ်သတ်အနည်းငယ်က ဒီ Aမြို့တော်ကိုလာဖို့အတွက်ဘယ်လောက်ထိခက်ခဲ့ပြီး သူတို့တွေပိုက်ဆံစုဆောင်းခဲ့ရတယ်ဆိုတာကိုပေါ့။

ရှန်ယန်းက အဲဒီကိစ္စကိုတွေးတောပြီးနေတဲ့အချိန်မှာ နောက်ထပ်တစ်ယောက်က ချန်ယွီကိုထပ်ပြီးတွန်းလိုက်တယ်။ရှန်ယန်းသည်လည်း ချန်ယွီရဲ့အနောက်မှာရပ်နေတာဖြစ်လို့ခြေလှမ်းအနည်းငယ်လောက်နောက်ဆုတ်လိုက်ရတယ်။

ရှန်ယန်းက အေးစက်စက်နဲ့ပြောလိုက်တယ်။

"သန်ဘက်ခါလောက်ကို ငါမင်းတို့ကို လက်မှတ်ထိုးပြီးသားအယ်လဘမ်နဲ့ပိုစတာတွေ ပြန်ပေးမယ် "

လီလီက ဒေါသတကြီးနဲ့အော်ဟစ်ရယ်မောလိုက်တယ် ။

"ပျောက်သွားတဲ့ပစ္စည်းတွေကိုလား "

" ချန်ယွီက မင်းတို့ကို ပိုစတာနဲ့အယ်လဘမ်တွေပြန်မပေးနိုင်တော့ဘူး မင်းတို့ငါ့ကိုဘာလို့မယုံတာလဲ မင်းတို့သန်ဘက်ခါပြန်လာတဲ့အချိန် ငါမင်းတို့ကိုအယ်လဘမ်နဲ့ပိုစတာတွေဖြစ်အောင်ပြန်ပေးပေးမယ်  "

ရှန်ယန်းကထပ်ပြောလိုက်တယ် ။

"တကယ်လို့ ငါပြန်မပေးနိုင်ဘူးဆိုရင်တော့ ပြဿနာကိုဖြေရှင်းဖို့အတွက် နောက်ထပ်နည်းလမ်းထပ်ရှာကြတာပေါ့ အဲဒီအချိန်အတွင်း မင်းတို့ Aမြို့တော်မှာနေထိုင်ရတဲ့စရိတ်အတွက် ချန်ယွီကပေးလိမ့်မယ် ဒါမှမဟုတ်  မင်းတို့မှာနောက်ထပ်ဖြေရှင်းနည်းတွေရှိမယ်ဆိုရင်လည်း ငါတို့ကိုပြောနိုင်ပါတယ်"

ချန်ယွီက ဘာမှဝင်မပြောပေမယ့် ရှန်ယန်းအတွက်စိတ်ပူနေခဲ့တယ်။ အကန့်အသတ်နဲ့ထုတ်တဲ့ အယ်လဘမ်နဲ့ပိုစတာတွေကရရှိဖို့က အရမ်းကိုခက်ခဲပြီးသူတို့တောင်နည်းနည်းလေးသာရရှိခဲ့တာလေ။

ချန်ယွီက ရှန်ယန်းသူနဲ့အတူပျောက်ဆုံးသွားတဲ့ပိုစတာနဲ့အယ်လဘမ်ကိုလိုက်ရှာပေးမယ်လို့ထင်လိုက်တယ်။

မိန်းကလေးတွေက တစ်ယောက်နဲ့တစ်ယောက်ပြန်ကြည့်လိုက်ကြပြီး အခုချိန်မှာ ရှန်ယန်းတစ်ယောက်သာဖြေရှင်းပေးနိုင်လိမ့်မယ်လို့တွေးလိုက်ကြတယ်။

" ကောင်းပြီလေ နင်တို့ပြောတဲ့အတိုင်းပဲပေါ့ နင်တို့တွေအယ်လဘမ်နဲ့ပိုစတာကိုပြန်ပေးနိုင်လိမ့်မယ်လို့မထင်ပေမယ့် နင်ပြောတဲ့အချိန်အထိငါတို့စောင့်နေပေးမယ် တကယ်လို့အဲဒီနေ့အထိမပေးနိုင်ဘူးဆိုရင်တော့ ငါတို့တွေ weiboမှာလူတွေသိအောင်တင်ပစ်လိုက်မယ်လို့ သိထားလိုက်"

ကောင်မလေးတွေ ပြန်သွားတဲ့အချိန်မှာတော့ ချန်ယွီက ရှန်ယန်းကိုပြောလာတယ်။

"အစ်မယန်ယန်း ကျွန်မပိုစတာနဲ့အယ်လဘမ်သွားရှာလိုက်မယ် "

ရှန်ယန်းကပြန်မေးလိုက်တယ်။
"ပိုစတာနဲ့အယ်လဘမ်တွေကဘယ်လောက်များတာလဲ"

" ပိုစတာသုံးခုနဲ့ အယ်လဘမ်တစ်ခု ၊ နောက်ပြီး bannerတစ်ခုပါသေးတယ်"

ချန်ယွီကဆက်ပြောလာတယ်။
"အမှန်ဆို သူတို့ဘာသာသယ်လို့ရတယ် ဒါပေမယ့် လုယွင်ချန်းက ကျွန်မတို့ကို ရေဝင်သောက်ခိုင်းပြီး group photoပါရိုက်ပေးတယ်လေ အဲဒီနောက်တော့ ကျွန်မက ဒုဥက္ကဌနဲ့ရင်းနီးတယ်ဆိုတာကိုသိသွားပြီး သူတို့နဲ့အတူလိုက်ခိုင်းတယ် နောက်ပြီးသူတို့ပစ္စည်းတွေကိုပါသိမ်းခိုင်းတော့တာ"

"နင်အရင်ပြန်ပြီး ပစ္စည်းတွေသွားရှာထားလိုက် တကယ်လို့မတွေ့ရင်တော့ ငါနောက်ထပ်နည်းလမ်းရှာလိုက်မယ် "

ရှန်ယန်းက ပြောပြီးတဲ့နောက်မှာ ရိုက်ကွင်းဆီကိုပြန်လာခဲ့တယ်။ သူမက လုယွင်ချန်းနဲ့မတွေ့လိုတာကြောင့် ချန်ယွီပစ္စည်းတွေကိုပြန်ရှာတွေ့ဖို့ ဆုတောင်းနေခဲ့တယ်။

ချန်ယွီက ရှန်ယန်းအဝေးသို့မရောက်ခင်မှာဘဲ အလျှင်အမြန်လှမ်းအော်လိုက်တယ်။

"အစ်မယန်ယန်း ကျေးဇူးတင်ပါတယ် .. တကယ်လို့ကျွန်မှရှာမတွေ့ခဲ့ရင် ကျွန်မဘာသာပဲ ဖြေရှင်းလိုက်ပါ့မယ် အစ်မက ကျွန်မကိုကူညီပေးခဲ့တာပဲ "

သူမက ရှန်ယန်းအနေနဲ့ အကန့်အသတ်ထုတ်ပိုစတာနဲ့အယ်လဘမ်တွေကိုရရှိနိုင်လိမ့်မယ်လို့ မယုံကြည်ခဲ့ဘူး။

ရှန်ယန်းကဘာမှပြန်မဖြေတော့ပဲရိုက်ကူးရေးထံသို့တည့်တည့်မတ်မတ်ပြန်လာခဲ့တယ်။

ချန်ယွီက ရှန်ယန်းကိုကျေးဇူးတင်စွာကြည့်ပြီး ပိုစတာနဲ့အယ်လဘမ်တွေရှာဖို့အတွက် ချက်ချက်ပဲပြေးထွက်သွားခဲ့တယ်။

***

Continue Reading

You'll Also Like

14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
132K 18.2K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
388K 60.3K 70
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...