မြွေသားရဲ၏ဇနီးသည် 【MM Transla...
By ShweLoon365
275K 38.8K 2.2K
Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More
(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)
(11)
4.6K 717 40
By ShweLoon365
(Unicode)
ရှုကျင်ထျန်းက ခန္ဓာကိုယ်ကိုကျုံ့ပြီး အနည်းငယ်နောက် ဆုတ်လိုက်လေသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ မြွေကြီး၏ဦးခေါင်းနှင့် နီးကပ်သည်အထိ ဆွဲခေါ်ခံခဲ့ရသည်။
သေးသွယ်ပြီး ရှည်လျားသော ခက်ရင်းခွသဏ္ဍာန်လျှာသည် ရှုကျင်ထျန်း၏နှုတ်ခမ်းကို တို့ထိနေလေရာ သူ့နှုတ်ခမ်းများထုံလာသည်ဟုပင် ခံစားလိုက်ရသည်။ မြွေကြီးသည် ရှုကျင်ထျန်း၏နှုတ်ခမ်းလွှာတွင်းသို့ တိုးဝင်လာသောအခါ သူသည်သတိလက်လွတ်ဖြင့် ပါးစပ်ကိုဖွင့်ပေးလိုက်ပြီး ဘာမှတွေးတောမနေဘဲ ကိုက်ချပစ်လိုက်သည်။
မြွေ၏ခန္ဓာကိုယ်သည် ရုတ်တရက် သူ့ခါးကိုတင်းကျပ်စွာရစ်ပတ်လိုက်ကာ ရှုကျင်ထျန်းမှာ အသည်းအသန် အသက်လုရှူနေရသည်။
သူ၏ရင်ဘတ်တစ်ဝိုက်ရှိ ကြီးမားသောဖိအားကြောင့် သူ၏သွားများကိုပင် စေ့မထားနိုင်ခဲ့ချေ။ သူသည်ပါးစပ်ကိုဖွင့်ရုံသာဖွင့်နိုင်ပြီး အသက်ရှူပင်မဝပါတော့ချေ။
မြွေလျှာသည်ချောမွေ့စွာဖြင့် ကျူးကျော်လာပြီး မိန်းမပျိုလေး၏ကိုယ်ခန္ဓာမှအရည်များနှင့် အတားအဆီးမရှိ ပေါင်းစပ်လိုက်သည်။ သူက မတင်းတိမ်မရောင့်ရဲနိုင်သလို မိန်းမပျိုလေး၏နှုတ်ခမ်းများကိုထိကပ်ကာ သူ၏ရှည်လျားသော ခက်ရင်းခွသဏ္ဍာန်လျှာကလည်း အတွင်းထဲ၌ လှည့်ပတ်ကစားနေသည်။
ရှုကျင်ထျန်း၏ပါးစပ်သည် မြွေလျှာနှင့်ပြည့်ကျပ်နေပြီး တစ်ချိန်တည်းမှာပင် ပျို့အန်ချင်စိတ်နှင့် ကြောက်ရွံ့စိတ်နှစ်ခုလုံးကို ခံစားလိုက်ရသည်။ သူသည် သားရဲတစ်ကောင်ကဲ့သို့ အသံဆိုးကြီးနှင့် ငိုကြွေးသံကိုထုတ်လွှတ်လိုက်ပြီး မျက်ရည်စက်ကြီးများပါ ကျဆင်းလာတော့သည်။
ရှုဟန်ယွီသည် သူ၏ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး  ရှုကျင်ထျန်းကို ခေါ်ဆောင်စဥ်တွင် အကြိမ်အနည်းငယ်လှိမ့်လိုက်သည်။ သူ၏ရှည်လျားပြီး ပျော့ပြောင်းသောခန္ဓာကိုယ်သည် မိန်းမပျိုလေး၏ ခန္ဓာကိုယ်တစ်ဝိုက်ကို တင်းကျပ်စွာရစ်ပတ်ထားလေသည်။
" အိုး~~ အမ်း~~"
မြွေ၏ခန္ဓာကိုယ်သည် အလွန်အေးပြီး သေးငယ်သောအကြေးခွံများနှင့် ချောမွေ့နေသဖြင့် ၎င်းနှင့်ထိတွေ့မိသော အရေပြားကိုလည်းအေးလာစေသည် ။
အထူးသဖြင့် သူ့ပတ်ပတ်လည်၌ ပြောင်လက်နေသောအသားအရည်ဖြင့် ထိတွေ့ခြင်းခံနေရသည့် ခံစားချက်က တကယ်ကို အသည်းယား စေသည်။
ရှုကျင်ထျန်းသည် သူ့ကျောပေါ်တွင် ကြမ်းတမ်းသောအရာဝတ္ထုတခုဖြင့် ကုတ်ခြစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာက သူ့ခန္ဓာကိုယ်တစ်ဝိုက်ရွေ့လားနေပြီး အပ်များဖြင့်ထိုးဆွနေသကဲ့သို့ ခပ်စူးစူးခံစားချက်ကိုလည်း ခံစားရပေသည်။
ရှုကျင်ထျန်းမှာ အဲ့ဒါကဘာလဲမသိပေ။ သို့သော်လည်း ကြောက်ရွံ့စိတ်များ ထွက်ပေါ်လာပြီး မျက်လုံးများပြူးကျယ်လာလေသည်။ ထို့ပြင်ပြင်းပြင်းထန်ထန်ရုန်းကန်ရင်း ပါးစပ်ကလည်းအဆက်မပြတ် အော်ဟစ်နေပေသည်။
"ဝူး ! အွန်း ! ... "
ရှုဟန်ယွီသည် မိန်းမပျိုလေး၏ အနီရောင်နှုတ်ခမ်းများဆီမှ ဆုတ်ခွာလိုက်သည်။ သို့သော် သူ၏လျှာဖျားသည် ထိုနှုတ်ခမ်းများနှင့်ခွာလိုစိတ်မရှိဘဲ ထိုတစ်ဝိုက်၌သာ အဆက်မပြတ် ရစ်ဝဲနေလေတော့သည်။ သူသည် ရုတ်တရပ်ဆိုသလို မိန်းမပျိုလေး၏ ကြောက်လန့်နေသောမျက်ဝန်းများဆီမှ ရေများအဆက်မပြတ်စီးဆင်းလာပြီး မိန်းမပျိုလေး၏ သွေးရောင်ကင်းမဲ့နေသောမျက်နှာမှာ စိုစွတ်နေတာကို တွေ့လိုက်ရသည်။
ရှုဟန်ယွီသည် အလွန်ထိတ်လန့်သွားသည်။ သူက မိန်းမပျိုလေးမှာ အနည်းငယ်ဖျားနာနေသည်ဟု ယူဆလိုက်ပြီး မိန်းမပျိုလေး၏တစ်ဝိုက်တွင် သူရစ်ပတ်ထားတာကို ဖြေလျော့ပေးလိုက်ပြီး လူသားပုံစံသို့ ပြန်ပြောင်းလိုက်လေ၏။
"မင်း ... နာနေလား"
ရှုဟန်ယွီမှာ မိန်းမပျိုလေး၏မျက်နှာပေါ်ရှိ ရေအစအနများကို သုတ်ပေးလိုက်သော်လည်း မိန်းမပျိုလေး၏မျက်လုံးများက ရေများကိုပို၍ပင် ထုတ်ပေးနေလေသည်။ အချိန်အတန်ကြာထိ သူ့နှလုံးသားကထုံကျင်လာပြီး ရှုပ်ထွေးနေလေ၏။
"ဖီ! "
ရှုကျင်ထျန်းက သူ့ခေါင်းကိုလှည့်ကာ တံတွေးထွေးလိုက်ပြီး ရှုဟန်ယွီရဲ့ထိတွေ့မှုကိုရှောင်ဖို့ အခွင့်ကောင်းယူလိုက်သည်။
"ငါ-ိုး!"
ရှုကျင်ထျန်းက အကူအညီမဲ့စွာဖြင့် ရှုဟန်ယွီကို အတင်းတွန်းထုတ်လိုက်သည်။
"မင်း မတရားမလုပ်နဲ့ ငါ့ကိုလွှတ်၊ ငါ့အနားကိုမလာပါနဲ့။ "
ရှုဟန်ယွီ၏ စိုးရိမ်သောအမူအရာသည် ရုတ်တရတ်ရပ်တန့်သွားပြီး သူ၏တောက်ပသောမျက်လုံးများကလည်း ကျဉ်းမြောင်းသွားလေသည်။
ထို့နောက် "ကောင်းတယ်၊ ရန်မဖြစ်ချင်နဲ့" ဟုပင် အေးစက်စွာပြောလာလေ၏။
ရှုဟန်ယွီ၏စကားများကို နားထောင်ပြီးနောက် ရှုကျင်ထျန်းသည် တုန်ယင်သွားပြီး အဝတ်အစားများကို မြေပြင်ပေါ်မှ ရှက်ရွံ့စွာဖြင့် ကောက်ယူလိုက်ပြီး လျင်မြန်စွာ ဝတ်လိုက်သည်။
"မင်း ရေတွေစီးကျနေတယ်"
မိန်းမပျိုလေး သွက်လက်နေဆဲဖြစ်သည်ကို မြင်ရသောအခါ ရှုဟန်ယွီသည် မိန်းမပျိုလေး အဆင်ပြေသည်ဟု သိလိုက်သည်။ သို့သော်လည်း မိန်းမပျိုလေး၏ မျက်နှာပေါ်ရှိရေသည် သူ့ကိုရှုပ်ထွေးစေတာကြောင့် မိန်းမပျိုလေး၏မျက်နှာကိုညွှန်ပြပြီး ပြောလိုက်ခြင်းဖြစ်သည်။
ထိုစကားကိုကြားတော့ ရှုကျင်ထျန်းက သူ့မျက်နှာကိုသုတ်လိုက်ရာ သူတကယ်မျက်ရည်ကျနေသည်ကို သိလိုက်ရသည်။
ရှုကျင်ထျန်းက သူ့ကိုယ်သူစိတ်အေးအေးထားပြီး အေးအေးဆေးဆေးပြောဖို့ အကောင်းဆုံးကြိုးစားလိုက်သည်။
"မင်းငါ့ကိုတကယ်စိတ်ပူရင် ငါ့ကိုလွှတ်ပေးပါ"
တစ်စက္ကန့်တောင် တွေဝေခြင်းမရှိဘဲ ရှုဟန်ယွီက "မလွှတ်ဘူး" ဟုပြတ်ပြတ်သားသားပြောခဲ့သည်။
"ဘာလို့လဲ?မင်းက ငါ့ရဲ့ဘယ်ဟာကို ကြိုက်တာလဲ။ ငါအဲ့ဒါကို ပြောင်းလဲပစ်လိုက်မယ်။ ဟုတ်ပြီလား"
ရှုဟန်ယွီသည် အေးခဲနေသောမျက်လုံးများဖြင့် မိန်းမပျိုလေးကိုကြည့်လိုက်ပြီး သူ့အနားသို့တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
"မင်း- မလာနဲ့!"
ရှုကျင်ထျန်းသည် သတိကြီးစွာနောက်ဆုတ်လိုက်သော်လည်း သူ၏နောက်ဘက်ရှိဂူနံရံသည် သူ၏လွတ်လမ်းကို ပိတ်ပစ်လိုက်သည်။
ထိုစဥ် လက်တစ်ဖက်က ရှုကျင်ထျန်း၏မျက်လုံးမှ စီးကျနေသောမျက်ရည်များကို ကြင်နာစွာသုတ်ပေးပြီး သူ၏မျက်ခုံးများကို နူးညံ့စွာတို့ထိလာလေ၏။
ရှုကျင်ထျန်းသည် သူ၏ဦးခေါင်းကိုတတ်နိုင်သမျှ နောက်သို့ဆုတ်ထားပြီး သူ၏ဦးခေါင်းနောက်ဘက်ကိုဂူနံရံနှင့် ထိကပ်ထားလိုက်သည်။
"ငါ့ကိုသာ တိုက်ရိုက် သတ်သွားလိုက်ပါတော့။ မင်း ငါ့ကို ဒီလိုလှောင်ပြောင်ရတာ ပျော်နေလား? "
"မသတ်ဘူး! အသက်ရှင်နေပေးပါ"
ရှုကျင်ထျန်းမှာ ဒေါသထွက်လွန်းလို့ လှောင်ရယ်ပစ်လိုက်သည်။ သူဘာပဲပြောပြော ရှုဟန်ယွီက သူ့ကိုလွှတ်မှာမဟုတ်ဘူးဆိုတာသိတာနဲ့ သူကအဲ့ဒီခေါင်းစဉ်ကို ဆက်မပြောတော့ပေ။
"ဒါဆိုငါ့ကိုရေချိုးဖို့ ခေါ်သွားပေး။ မဟုတ်ရင် ငါပျို့အန်ပြီးသေသွားလိမ့်မယ် အဲ့ကျမှအပြစ်မတင်နဲ့"
ရှုဟန်ယွီ၏နူးညံ့သိမ်မွေ့သော မျက်ခုံးများမှာတွန့်ချိုးသွားပြီး သူ၏လက်ဖြင့် ရှုကျင်ထျန်း၏ဆံပင်များကို  ညင်ညင်သာသာဆွဲလိုက်ပြီး သူနှင့်ပိုမိုနီးကပ်စေခဲ့သည်။
【 ကောင်းကောင်း နေ, မိန်းမပျိုလေးရေ, ကိုယ့်ကို စိတ်မဆိုးပါနဲ့ 】
ရှုဟန်ယွီက ဒီဝါကျကို သားရဲဘာသာစကားနဲ့ ပြောခဲ့ခြင်းဖြစ်သည်။ ရှုကျင်ထျန်းသည် အချိန်ကြာမြင့်စွာတုံ့ပြန်မှုမရှိပဲ ရှုဟန်ယွီ၏အေးစက်သည့်မျက်နှာကိုသာ ငေးမောကြည့်နေပြီး သူထင်ယောင်ထင်မှား  ဖြစ်ခဲ့သည်ဟု သံသယဝင်မိသည်။
"သွားကြရအောင်"
ရှုကျင်ထျန်းရဲ့ဆံပင်ကိုဆွဲလိုက်ပြီး ရှုဟန်ယွီကသူ့ကို ဂူထဲမှဆွဲထုတ်လိုက်သည်။ နာကျင်နေသော ရှုကျင်ထျန်းသည် သူ့ဆွဲထားသောဆံပင်များပေါ်ရှိ ဝန်ကိုလျှော့ချရန်အတွက် တွားသွားသွားရန်သာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။
အပြင်ကိုရောက်တာနဲ့ ရှုဟန်ယွီက မိန်းမပျိုလေးကို  အသက်ရှူဖို့အချိန်မပေးဘဲ မြစ်ထဲသို့ပစ်ချလိုက်သည်။
ရှုကျင်ထျန်း၏ခန္ဓာကိုယ်သည် arcတစ်ခုထဲသို့ လွှင့်ပစ်ခံလိုက်ပြီး ရေထဲသို့အကြီးအကျယ် လဲကျသွားသည်။
ထိတိုက်မှုတစ်ခုနှင့်အတူ ကြီးမားသောရေစက်များ ရေမျက်နှာပြင်ပေါ်တွင် ဖန်တီးခံလိုက်သည်။ ရှုကျင်ထျန်းသည် ရေအောက်သို့နစ်သွားပြီး ချက်ချင်းပင်သူ၏ခြေလက်များဖြင့် ရေမျက်နှာပြင်သို့ကူးခတ်လိုက်သည်။ သူသည်ပါးစပ်ထဲမှမြစ်ရေများကိုထွေးလိုက်ပြီး ရှုဟန်ယွီ၏မျက်လုံးများကို မကျေမနပ်ကြည့်လိုက်သည်။
"လူကို အနိုင်မကျင့်နဲ့! အဲ့တာတွေကြောင့် သည်းမခံနိုင်တာ!"
ရှုဟန်ယွီက မိန်းမပျိုလေး၏ဒေါသကို လျစ်လျူရှုပြီး စိတ်မပါစွာ ပြောလိုက်သည်။
"ရေချိုးပြီးရင် လာခဲ့"
သူက မြစ်ကမ်းဘေးမှာ ထိုင်နေလိုက်သည်။ သူ၏အဆင်းလှသောအသားအရည်နှင့် အချိုးကျသောကြွက်သားများသည် ရှင်းသန့်နေပြီး တောက်ပသောနေရောင်အောက်၌ ပထမအဆင့် ထွင်းထားသောကျောက်စိမ်းကဲ့သို့ ဖြစ်နေလေ၏။ သူ၏အေးစက်သောအကြည့်များသည် မြစ်ထဲ၌ရေချိုးနေသော မိန်းမပျိုလေးဆီတွင်သာ ရှိနေလေ၏။
ရှုကျင်ထျန်းမှာ သူ့နှုတ်ခမ်းသူပွတ်သပ်ပစ်သည့်အပြင် သူ့ခန္ဓာကိုယ်ကိုလည်း ခါးခါးသီးသီးပွတ်တိုက်လိုက်သည်။
သူ့တစ်ကိုယ်လုံးတွင် စိုစွတ်နေသောအ၀တ်များက အလွန်မသက်မသာ ခံစားရစေသောကြောင့် ရှုကျင်ထျန်းသည် ၎င်းတို့အားလျင်မြန်စွာ ချွတ်လိုက်သည်။
လက်တစ်ဖက်က ဘောင်းဘီနှင့်အတွင်းခံကို ဆုပ်ကိုင်ထားပြီး အခြားတစ်ဖက်က ရှပ်အင်္ကျီကိုကိုင်ကာ သူ၏ခန္ဓာကိုယ်ကို သုတ်လိုက်သည်။
သူ၏ပါးစပ်နှင့်ပတ်သက်၍လည်း မမေ့ခဲ့ပေ။ မြစ်ကမ်းနံဘေးရှိ အပင်များကို ဆွဲယူကာ သူပါးစပ်ကိုသန့်ရှင်းစေရန်အတွက် ဝါးစားလိုက်သည်။ သို့ရာတွင် ရှုကျင်ထျန်းမှာ မြွေကြီး၏အနံ့အသက်များသာ စွဲထင်နေလေ၏။ သူက အစိမ်းရောင်အပင်များကိုဝါးကာ အစိမ်းရောင်ပူဖောင်းများကို ထွေးထုတ်လိုက်သည်။
သူရေချိုးပြီးသည်နှင့် သူ၏စိုနေသောအ၀တ်များကိုလျှော်လိုက်သည်။ သူကအဝတ်စလစ်ဖြင့် သွားလာလှုပ်ရှားနေပြီး ရှုဟန်ယွီဘယ်လိုလုပ်သလဲဆိုတာလေ့လာရင်း သူတို့ကိုချုံပုတ်တစ်ခု၏ ထိပ်တစ်လျှောက် ဖြန့်လှန်းလိုက်သည်။
ရှုဟန်ယွီ၏မျက်လုံးများသည် မိန်းမပျိုလေး၏ပုံရိပ်နောက်တွင် အနီးကပ်လိုက်ပါနေပြီး သူ့ရှေ့တွင် အဝတ်စလစ်ဖြင့် ယိမ်းနွဲ့လှုပ်ရှားနေသည်ကို ကြည့်နေလိုက်သည်။ သူသည်ရံဖန်ရံခါ သူ၏assကြားတွင်ဝှက်ထားသော အနီရောင်ဂန္ဓမာပန်းငယ်ကိုပင် ထုတ်ဖော်ပြသနေလေ၏။
သူအလွန်အမင်းနှိမ်နင်းခဲ့ရသော တပ်မက်မှုသည် ပြန်လည်ပေါ်ပေါက်လာရန် အရိပ်အမြွက်ပြလာကြသည်။ ရှုဟန်ယွီမှာ သူ့နှာခေါင်းက အနည်းငယ်ပူလာသည်ဟု ခံစားလိုက်ရပြီး မသိမသာ အသက်ပြင်းပြင်းရှူလိုက်ရသည်။
သူက သူ့(ကျင်ထျန်း)ကိုထပ်ပြီး ရစ်ပတ်ချင်ခဲ့တာအမှန်ပင်။ သူ့ကိုတင်းကျပ်စွာပတ်ပြီး သူ(ဟန်ယွီ)နှင့်ရင်းနှီးစေချင်သည်။
ဒါပေမယ့် သူမလုပ်ခဲ့ပေ။ မိန်းမပျိုလေးက သူ့အပေါ်လုံးဝခံနိုင်ရည်မရှိသေးပေ။ သူ၏ဘိုးဘေးများကဲ့သို့ တူညီသောအမှားမျိုး မကျူးလွန်မိစေရန် သူ၏ဆန္ဒကို တိတ်တဆိတ်နှိမ်နင်းလိုက်သည်။
ရှုကျင်ထျန်းက ဂူထဲမှာသူ့ကိုတမင်တကာ နာခံခဲ့တာကြောင့် ရှုဟန်ယွီမှာ မိန်းမပျိုလေးက သူ့ကိုလက်ခံနေပြီဟု နားလည်မှုလွဲမှားခဲ့သည်။
ရှုကျင်ထျန်းသည်လည်း ဒုက္ခများကို တောင်းခံနေသည်ဟု ဆိုနိုင်ပါသည်။
သူသည် မိန်းမပျိုလေး၏ မျက်လုံးထဲတွင် ခွင့်မလွှတ်နိုင်သောအမှားကို ကျူးလွန်မိမှာကြောက်ရွံ့နေမိသည်။ ထို့ကြောင့် ရှုဟန်ယွီသည် မိန်းမပျိုလေး၏ ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကို ဆက်လက်မကြည့်ဝံ့တော့ဘဲ သူ၏အကြည့်ကိုလွှဲကာ မြေပြင်ပေါ်ရှိ မိန်းမပျိုလေး၏ အရိပ်ကိုသာကြည့်နေလိုက်တော့သည်။
မြေပြင်ပေါ်ရှိအရိပ်များသည် ရှုပ်ထွေးစွာလှည့်လည်နေပြီး တစ်ခါတစ်ရံတိုပြီး တစ်ခါတစ်ရံရှည်လာသည်။
ရှုကျင်ထျန်းသည် အဝတ်များကိုဖြန့်ပြီး သူ၏ဆံပင်ရှိရေများကိုခါလိုက်သည်။ သူ၏ဆံပင်များကို သပ်ရပ်သပ်ရပ်စွာညှပ်ထားပြီး ၎င်း၏အရှည်သည် သူ့ကိုအလွန်တောက်ပပြီး ကြည့်ကောင်းစေသည်။ ယခုသူ၏ဆံပင်များသည် စိုစွတ်နေပြီး သူ၏ခေါင်းကို အတင်းခါယမ်းလိုက်သောအခါ မမျှော်လင့်ဘဲမတ်တတ်ရပ်နေသည့် အနက်ရောင်ခွေးတစ်ကောင်နှင့်ပင် တူနေပေသည်။
"ဟေ့! မင်းဘာကြည့်နေတာလဲ။ မြေကြီးပေါ်မှာတစ်ခုခုရှိလို့လား"
"အင်း၊ မင်းရှိတယ်"
ရှုဟန်ယွီကခေါင်းမော့ပြီး ပြန်ပြောလိုက်သည်။
ခဏအကြာတွင် မိန်းမပျိုလေးသည် သူ့ရှေ့တွင်ရှိနေသည်ကို သူသဘောပေါက်သွားသည်။ သူခေါင်းကိုမော့ကြည့်လိုက်သောအခါ မိန်းမပျိုလေး၏ ကွဲပြားသည့်အသွင်အပြင်ကိုတွေ့လိုက်ရပြီး အနည်းငယ်အံ့သြသွားသည်။
ရှုဟန်ယွီသည် သတိပြန်ဝင်သွားပြီး မတ်တပ်ရပ်ကာ ရှုကျင်ထျန်းအား ရိုင်းပြစွာဆွဲပြီး ဂူအ၀င်ဝသို့ပြန်လာစေသည်။
"ဟေး ဟေး! မင်းပြောချင်တာတစ်ခုခုရှိရင်ပြော အမြဲတမ်း မင်းရဲ့လက်တွေနဲ့ စမ်းသပ်မနေနဲ့! "
ရှုဟန်ယွီသည် ရုန်းကန်နေသောမိန်းမပျိုလေးကို လျစ်လျူရှုပြီး ဂူထဲသို့တွန်းပို့လိုက်သည်။
"အ့ ~~!"
ဘန်း!
ရှုကျင်ထျန်းသည် မြေကြီးပေါ်သို့ မှောက်ယက်လဲကျသွားလေ၏။ ဂူပေါက်သည်နှစ်မီတာခန့်မြင့်ပြီး ထူထပ်ခြောက်သွေ့သောမြက်များ အောက်၌ပြန့်ကျဲနေသဖြင့် သူလဲကျသောအခါ မထိခိုက်ခဲ့ပေ။ သူသည် ဖုန်မှုန့်တစ်လုတ်စားလိုက်ရပြီး သူ၏အနည်းငယ်စိုစွတ်သော ခန္ဓာကိုယ်သည်လည်း မြက်ခြောက်အချို့နှင့် ကပ်လျက်ရှိသည်။
ရှုဟန်ယွီသည် ဂူအ၀င်ဝတွင်ရပ်ကာ မိန်းမပျိုလေး၏ ခန္ဓာကိုယ်အားငုံ့ကြည့်လိုက်ပြီး "အေးအေးဆေးဆေးနား၊ မင်းအတွက် စားစရာသွားရှာလိုက်ဦးမယ်" ဟုအေးစက်စွာပြောခဲ့သည်။
အဲဒါနဲ့သူကခေါင်းမော့ပြီးထွက်သွားတယ်။
"ဖူး! " ရှုကျင်ထျန်းသည် သူ၏ခံတွင်းမှ မြက်ခြောက်အနည်းငယ်ကို ထွေးထုတ်လိုက်ပြီး ဂူအဝင်ဝဆီသို့ အော်ဟစ်လိုက်သည်။
"ဒီရက်စက်တဲ့စပါးအုံးကတော့ !!! "
ရှုကျင်ထျန်းသည် ထရပ်လိုက်ပြီး ဂူထောင့်စွန်းတွင် ခေါက်ထားသောစောင်ကို ကောက်ယူရန် ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာခဲ့လေ၏။
သူသည် သာမန်လူတစ်ယောက်ကဲ့သို့ အ၀တ်များ၀တ်လေ့ရှိသဖြင့် အဝတ်မပါတာက အနည်းငယ်မသက်မသာ ခံစားခဲ့နေရသည်။
ထို့ပြင် အပြင်ဘက်တွင် မည်မျှပူလောင်နေစေကာမူ ဤဂူသည်အမြဲလိုလိုအရိပ်ရနေပြီး အေးမြစေသည်။ ထို့ပြင် ပိုပူသောရာသီဥတုတွင် တစ်စုံတစ်ယောက်ကို လျင်မြန်စွာအေးစေနိုင်သည်။ ဂူပိုင်ရှင်နှင့်လည်း အလွန်တူပေသည်။
ရှုကျင်ထျန်းသည် သူယူလာသောစောင်နှင့် သူ့ကိုယ်သူထုပ်ပိုးလိုက်ပြီး ထိုအရာကိုပစ်ချခဲ့သောကံဆိုးသူအား ရိုးသားစွာကျေးဇူးတင်မိသည်။ တကယ်လို့ သူထွက်ပြေးခဲ့ရင် ကမ္ဘာကူးပြောင်းခံရသည့် တခြားသူတစ်ယောက်နဲ့ ဝင်တိုက်မိရင်ကောင်းမှာပဲ။ ဒီစောင်က သူတို့ရဲ့တည်ရှိမှုကို သက်သေပြနေတာဖြစ်ပြီး အဲ့ဒါကို ကောင်းစွာထိန်းသိမ်းထားရမည်။
~~~~~~
22/08/21(8:15PM)
(Zawgyi)
" အိုး~~ အမ်း~~"
"ဝူး ! အွန်း ! ... "
"မင်း ... နာနေလား"
"ဖီ! "
"ငါ-ိုး!"
"မင်း ရေတွေစီးကျနေတယ်"
"မင်း- မလာနဲ့!"
"သွားကြရအောင်"
"ရေချိုးပြီးရင် လာခဲ့"
"အင်း၊ မင်းရှိတယ်"
"အ့ ~~!"
ဘန်း!
~~~~~~
22/08/21(8:15PM)
Continue Reading
You'll Also Like
281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...