တိုက်ခန်းလေးထဲမှာ အပ်ကျသံကအစကြားနိုင်တဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တာက ဂျစ်တူး ရဲ့ အေးစက်စက် အသံ
" ကျွန်တော် ပြန်တော့မယ် "
" ဟင် ချက်ချင်းကြီးလား "
" အင်း အိမ်က စောင့်နေမှာမို့လို့ "
" အခုဘယ်သူနဲ့နေတာလဲ ဂျစ်တူး "
" ကျွန်တော် ပြောပြပါ့မယ် အခုတော့မဟုတ်သေးဘူး ပြန်လိုက်ဦးမယ် "
ထိုင်ခုံက ထ ပြီး မဟာ့ခုံဘေးကဖြတ်သွားတဲ့ ဂျစ်တူး လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်မိတယ် ။
" ကိုယ့်ကို ချစ်သေးတယ်မလား "
" ကျွန်တော် ဘယ်တုန်းကမှ ကိုကိုးကို မမုန်းခဲ့တာတော့ သေချာပါတယ် "
မဟာ လက်ကိုလွှတ်ပေးလိုက်တော့ တံခါးဖွင့်သံ ၊ တံခါးပြန်ပိတ်သံ အတိုင်းသားကြားလိုက်ရပြီး ဂျစ်တူး လဲ ပျောက်ကွယ်သွားလေပြီပေါ့ ။ သူ နောက်တခါ ပြန်လာမှာပါနော် ။
မရေရာတဲ့ခံစားချက်တွေနဲ့ ကျွန်တော်အိမ်ပြန်လာလိုက်တယ် ။ အိမ်ပြန်လမ်းတစ်လျှောက်လုံးစဉ်းစားလာတာက တစ်ခုထဲ ။ ကျွန်တော့်ကို ဘယ်သူရောင်းတာလဲ ။
ခြံဝင်းထဲကားဝင်လိုက်တာနဲ့ ခြံထဲကပန်းခြံလေးမှာ အကိုက စာအုပ်ထိုင်ဖတ်နေသည် ။ ကားပေါ်ကဆင်းဆင်းချင်းပဲ အကို့ဆီ ေလျှာက်သွားလိုက်တယ် ။
" ဪ ညီ ပြန်လာပြီလား ညနေမှ ပြန်လာမယ်ဆို "
" ဟုတ် "
" တစ်ခုခုဖြစ်လာတာလား ညီ "
ညီ က မတ်တပ်ရပ် အနေအထားကနေ ကိုယ်ကိုကိုင်းလိုက်ပြီး မင်းထင်ကိုဖက်ကာ ငိုတော့သည် ။ ကလေးတစ်ယောက်လိုရှိုက်ကြီးတငင်နဲ့ သည်းသည်းထန်ထန်ငိုကြွေးခြင်းပင် ။
မငိုပါနဲ့ ညီ ။ ညီ ငိုရင် ကိုယ် ပြို ရတယ် ။
" ညီ .... ကိုယ့်ကိုပြောပါဦး ညီ ဘာဖြစ်တာလဲ "
ညီ က တော်တော်ကြာကြာ ငိုနေရာကနေ ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး မင်းထင် မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး
" ကျွန်တော့် အမျိုးသားနဲ့ ကျွန်တော် တွေ့ခဲ့တယ် "
သွားပြီ ။ တကယ်ကြီး ကျွန်တော့်ကမ္ဘာပြိုပြီ ။ ကျွန်တော့်ဆီက ညီ ထွက်သွားတော့မှာ ။ ကျွန်တော် ကျွန်တော် ညီ့ကို မလွှတ်လိုက်နိုင်ဘူး ။ ဟင့်အင်း မသွားရဘူး ဟင့်အင်း ။
အတွေးထဲမှာ စကားတွေအများကြီးပြောနေပေမယ့် လက်တွေ့မှာပြောမိတဲ့ တစ်ခွန်းထဲပါ ။
" ညီ ဘာလုပ်ချင်လဲ "
" ကျွန်တော် မသိဘူး သူကျွန်တော့်ကိုရောင်းခဲ့တာမဟုတ်ဘူး အကို သူရောင်းခဲ့တာမဟုတ်ဘူး "
" ညီ ယုံလား "
" ကျွန်တော် ယုံတယ် "
" အင်း ညီ ယုံရင် ညီ ဆုံးဖြတ်လေ သူ့ဆီပြန်သွားချင်လား "
" ကျွန်တော် သူ့ကို ချစ်တယ် အကို "
ချစ်တယ် တဲ့ ။ ညီ က ချစ်တယ်တဲ့ ။ မင်းထင်မဟုတ်တဲ့ သူ့အမျိုးသားကိုပေါ့ ။ ဒါပေါ့ ညီရယ် ချစ်သင့်တာပေါ့ ညီ ချစ်သင့်တာပေါ့ ။
မျက်လုံးစုံမှိတ်ပြီး အံကြိတ်ထားမိသည် ။ စကားတစ်ခွန်းပြောနိုင်ဖို့ကို မင်းထင် အတွက် အားယူနေရသည်လေ ။
" ညီ ထွက်သွားတော့မှာလား "
" ဟင့်အင်း ကျွန်တော်လုပ်စရာတွေရှိသေးတယ် ကျွန်တော့်ကို ကူညီပါ "
" အချိန်မရွေးပါပဲ "
" နောက်တစ်ခုက အကို့ကို ကိုကိုးနဲ့မိတ်ဆက်ပေးမယ် "
" ကိုကိုး ??? ဪ ညီ့ အမျိုးသားကို ကိုကိုး လို့ခေါ်တာပဲ "
" ဟုတ် "
" အင်း မိတ်ဆက်ပေးလေ ကိုယ်က လက်ရှိ ညီ့ရဲ့ အုပ်ထိန်းသူနေရာမှာဆိုတော့ ကိုယ် သိထားသင့်တယ် "
" ဟုတ် မနက်ဖြန် နေ့လည် အိမ်ခေါ်လာလိုက်မယ် "
" အဆင်ပြေပါတယ် "
ညီ ကျွန်တော့်နားကနေ ထွက်သွားပြီး အိမ်ထဲဝင်သွားတယ် ။ ဒါပေမယ့် ကျွန်တော့်ဘဝကြီးကနေ ထွက်သွားသလိုပဲ ညီက ဝေးဝေးသွားတာ ။ အခု ကျွန်တော်ဘာလုပ်ရမှန်းမသိဘူး ။ ဘာဖြစ်သွားမှန်းလဲမသိဘူး ။ ခင်ဗျားတို့ရော ခင်ဗျားတို့ရဲ့ ဝိဉာဉ်က ခင်ဗျားတို့ ခန္ဓာကိုယ်ကို စွန့်ခွာသွားမယ်ဆိုရင် ခင်ဗျားဘာဖြစ်သွားမယ်ထင်လဲ ????
______________________________________
ကျွန်တော်အိမ်ပေါ်ရောက်တော့ ပြတင်းပေါက်ကနေ လှမ်းကြည့်မိတယ် ။ အကို ဒီတိုင်း ထိုင်ပြီး အဝေးတစ်နေရာကို ငေးနေလေရဲ့။ လွန်ခဲ့တဲ့လေးနှစ်ကလဲဒီနေရာကနေ အကို့ကို ငေးကြည့်ဖူးတယ် ။ အခုလဲ ကျွန်တော် ထပ်ငေးနေမိတယ် ။ အကိုစိတ်ပူနေတာကို ကျွန်တော်သိတာပေါ့ ။ ကျွန်တော်ထွက်သွားမှာကို နောက်ပြီး ကျွန်တော်ထပ်ပြီးဒုက္ခရောက်မှာကိုရောပေါ့ ။
" အကို စိတ်ချပါ ကျွန်တော် အကို့နားမှာပဲ ရှိနေမှာ "
ကုတင်ပေါ်မှာ ပစ်လှဲချပြီး နားနေရင်း သတိရမိတာက ကိုကိုးဖုန်းနံပါတ်ကို ယူမလာမိခြင်းပင် ။ ထားပါတော့လေ မနက်ဖြန်ကျမှပဲ စောစော သွားလိုက်ပါတော့မယ် ။ ထပ်ပြီး လုပ်ရမှာတွေလဲ ရှိသေးတယ်မလား ။
မျက်နှာကျက်ကိုကြည့်ရင်း အရင်ကပုံရိပ်တွေကိုပြန်မြင်ယောင်မိလာတယ် ။ ဒဏ်ရာရလာတိုင်း အမြဲဆေးထည့်ပေးရင်း ဆူတတ်တဲ့ ကိုကိုး ၊ အမြဲဂရုတစိုက်နဲ့အရိပ်တကြည့်ကြည့်နဲ့နေတတ်တဲ့ ကိုကိုး ၊ ကိုကိုးနဲ့အတူရှိနေရင်လေ အလိုလို လုံခြုံမှုရစေတာမျိုးလေ ။
" ကျွန်တော် ကိုကိုး ကို ချစ်တယ် "
နောက်ထပ် တစ်နေရာမှာ တခြားတစ်ယောက်ပြောနေတာလေးတစ်ခုက " ကျွန်တော့် ညီ့ ကို ချစ်တယ် " တဲ့ ။
လေပြေလေညှင်းလေးတွေကတောင် မသယ်ဆောင်ပေးနိုင်တဲ့ စကားလေးနှစ်ခွန်းက ဆိုင်သူနှစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာပဲ တဖြေးဖြေး ပျောက်ကွယ်သွားလေရဲ့ ။
________________________________________
ပတ်ဝန်းကျင်တစ်ခုလုံး တဖြေးဖြေးနဲ့ အမှောင်ထုက ကြီးစိုးကာ တိတ်ဆိတ်ငြိမ်သက်လျက် ။ ပြတင်းပေါက်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ လေတွေကြောင့် အခန်းထဲက ခန်းစီးလိုက်ကာလေးတွေက လွင့်နေသည် ။
မင်းထင် အခန်းထဲက စာကြည့်စားပွဲမှာထိုင်ကာ စားပွဲပေါ်က Album တွေကို ထိုင်ကြည့်နေမိတယ် ။
အိမ်နေရင်းပုဆိုးအကွက်ကို ဒူးခေါင်းလောက်ထိ တိုတို ဝတ်ထားပြီး ဝေဖာတွေ ထိုင်စားကာ ကာတွန်းကားကြည့်နေတဲ့ ကောင်လေး ဓာတ်ပုံမှာ အထင်ရှားဆုံးက အပြုံးတွေ ။ ပါးချိုင့်တွေခွက်နေအောင် ရီနေတာ ။
ရေချိုးပြီးကာစ ပုဆိုးအဟောင်းလေးနဲ့ အုန်းမုတ်ခွက်ပုံဆံပင်နက်နက်ကို ရေသုတ်ရင်း စိတ်မရှည်တော့ဘဲ ဆူပုတ်နေတဲ့ ကောင်လေးကလဲ မျက်လုံးဝိုင်းတွေနဲ့ ချစ်စရာကလေးတစ်ယောက်ပုံစံ ။
မွေးနေ့တွေမှာဆောင်းလေ့ရှိတဲ့ စက္ကူဦးထုပ်လေးနဲ့ မျက်နှာမှာလဲ ကိတ်တွေပေနေပြီး ငိုနေတဲ့ ၁၉ နှစ် ကောင်လေး ။
ကစားကွင်းလိုက်ပို့တုန်းက အရာရာကို ပါးစပ်လေးဟပြီး တအံ့တဩလိုက်ကြည့်ကာ ပျော်နေတဲ့ ကောင်လေး ။
ရေခဲမုန့်စားနေတဲ့ပုံရိုက်ပေးမယ်ဆိုလို့ ကတော့နဲ့ရေခဲမုန့်လေးကို ကိုင်ပြီး လျှောပေါ်ပြေးတက်ရာကနေ ရေခဲမုန့်ရော သူရော ပြုတ်ကျပြီး ခြေထောက်ဆောင့်ကာ ငိုနေတဲ့ ကောင်လေး ။
အခုကျတော့ အရင်ကလို ပုဆိုးနဲ့မဟုတ်တော့ဘဲ ကာတွန်းရုပ်နဲ့ ဝမ်းဆက်လေးတွေ ဝတ်လာတတ်တဲ့ ကောင်လေးပေါ့ ပန်းပင်တွေကို ရေလောင်းနေတာ ။
ဟော ဒါကကျ ခြံထဲမှာ အလုပ်သမားလေးတွေနဲ့ ဘောလုံးကန်နေတဲ့ကောင်လေး ။ အုန်းမုတ်ခွက်ဆံပင်လေးမဟုတ်တော့ဘဲ အနည်းငယ် ရှည်လာတဲ့ဆံပင်လေးနဲ့ ဘော်လုံးအကျီ ၊ ဘောင်းဘီ ဝမ်းဆက် ဝတ်ထားတဲ့ ကောင်လေးပေါ့ ။
အရင်လိုမငိုတော့ဘဲ ပျော်ပျော်ရွှင်ရွှင် နဲ့ မွေးနေ့ကိတ်ကို ကိုင်ထားတဲ့ ကောင်လေးက အသက် ၂၀ ပြည့်ခဲ့ပြီ ။
နောက်ထပ် Album တစ်ခုကို လက်လှမ်းလိုက်ပြီး ဖွင့်လိုက်တော့ စစချင်း ပုံက မင်းထင် ရဲ့ လုပ်ငန်းရှင်များအစည်းအဝေးပွဲက ပုံ ။
မဟော်ဂနီရောင်ဆံပင်တွေကို မသေမသပ်ပုံစံမျိုးစည်းထားပြီး ကြက်သွေးရောင် Suit နဲ့ ရှန်ပိန်ခွက်ကို ကိုင်ထားကာ တစ်နေရာရာကို ကြည့်နေတဲ့ ကောင်လေး ။
နောက် စာချုပ်တစ်ခုပြီးမြောက်လို့ ကျင်းပတဲ့ ခြံထဲက ညစာစားပွဲမှာ ရှပ်အကျီနက်ပြာကို စတိုင်ပင် နဲ့ အကျအနဝတ်ကာ ရီနေတဲ့ ကောင်လေး ။ အပြုံးတွေ ပြောင်းလဲသွားတာလေးတစ်ခုပါပဲ ။
ရေကူးကန်ရဲ့ဘောင်ပေါ်မှာထိုင်နေပြီး ဖယောင်းတိုင် တစ်တိုင်သာထွန်းထားတဲ့ Cupcake လေးကို မြှောက်ကာ အော် နေတဲ့ အသက် ၂၁ အရွယ် ကောင်လေး ။ ကိတ်ကိုမြှောက်ထားတဲ့လက်မှာ လက်ရာမြောက်လှတဲ့ တက်တူးတွေက နေရာအပြည့် ။
ဘယ်တုန်းကမှ မကျင်းပခဲ့ဖူးတဲ့ မင်းထင်ရဲ့မွေးနေ့ပွဲကို ကျင်းပပေးမယ်ဆိုပြီး မွေးနေ့ကိတ်ကို ကိုယ်တိုင်လုပ်နေတဲ့ ကောင်လေးပုံ ။ တစ်စုံတစ်ယောက်ကဘေးကရိုက်ပေးထားတာကြောင့် မျက်နှာဝိုင်းလေးကနေ ပြောင်းလဲလာတဲ့ ဘေးတိုက်ပုံရိပ် ။ တစ်စုံတစ်ခုကို အာရုံစိုက်နေတိုင်း အံကြိတ်ထားတတ်ကြောင့် အထင်းသားမြင်နေရတဲ့ နားထင်ကြောတွေ ၊ မေးရိုးလိုင်း ၊ မျက်ခုံးပေါ်က pricing ၊ ခရင်မ်တွေထည့်နေတဲ့ လက်ချောင်းတွေပေါ်က တက်တူးတွေ ကောင်လေး ။
နောက် လ အနည်းငယ်ဆို ၂၂ နှစ် ပြည့်တော့မှာ ။ ကိုယ့်ရဲ့ Album လေးထဲမှာ ၂၂ နှစ်ပြည့်မွေးနေ့ပုံလေးတော့ ရှိစေချင်သေးတယ် ညီ ။ ညီ့ရဲ့ အရာရာကို လိုက်ကြည့်နေပြီး အမြတ်တနိုးရှိရတဲ့အချိန်ကာလတွေကို မကုန်ဆုံးစေချင်သေးဘူး ။
အခန်းထောင့်မှာရှိတဲ့ Bluespeaker လေးကနေ သီချင်းတစ်ပုဒ်ကို ဖွင့်မိတယ် ။ လေနုအေးလေးတွေက ဝေ့ဝဲလာတာကြောင့်ရော ညီ့ကိုလွမ်းတာကြောင့်ရော မဖိတ်ခေါ်ပါဘဲ မျက်ရည်တွေကို ကျဆင်းစေခဲ့မိတယ် ။ မချစ်သင့်တဲ့သူတစ်ယောက်ကိုချစ်မိခဲ့ခြင်းမှာ ကျွန်တော် ငိုခွင့်တော့ ရှိတယ်မလား ။
I'm sorry, don't leave me, I want you here with me
I know that your love is gone
I can't breathe, I'm so weak, I know this isn't easy
Don't tell me that your love is gone
That your love is gone ..........
သီချင်းသံတိုးတိုးလေးက အခန်းထဲမှာလွင့်ပျံလျက်ပေါ့
_______________________________________
မနက်စောစော အခန်းထဲက မင်းထင် ထွက်လာလိုက်တယ် ။ မနက်စောစောအိပ်ရာ ထ ခြင်းတော့မဟုတ် ။ အိပ်ကို မအိပ်ရသေးခြင်းပါ ။
အောက်ထပ်ကိုဆင်းလာပြီး မီးဖိုခန်းထဲဝင်ကာ အဒေါ်ကြီးတို့ကို နားခိုင်းပြီး ကိုယ်တိုင် နေ့လည်စာ ပြင်ဆင်နေမိသည် ။ အနည်းဆုံးတော့ ကိုယ့်ယောက်ဖဖြစ်လာမယ့်သူကို နေ့လည်စာ ကိုယ်တိုင်ချက်ကျွေးချင်မိသည်လေ ။
နေ့လည်စာချက်နေတုန်း ညီ က လှေကားက ဆင်းလာပြီး ထမင်းစားဝိုင်းမှာထိုင်ကာ
" အကို ဘာလုပ်နေတာလဲ "
" နေ့လည်စာချက်နေတာလေ ညီ "
" အင်းလေ အကိုက ဘာလို့ဟင်းချက်နေတာလဲလို့ "
" ညီ့အမျိုးသားကို ခေါ်လာမယ်ဆို "
" အင်း အဲ့တာနဲ့ ဘာဆိုင်လို့လဲ "
" ကိုယ် ကိုတိုင် နေ့လည်စာ ချက်ကျွေးမလို့လေ "
" ဘာရယ် !!!! "
" ဟုတ်တယ်လေ ညီရဲ့ ကိုယ့်ယောက်ဖ ကို နေ့လည်စာတော့ ချက်ကျွေးရမယ်လေ "
" သူ ကျွန်တော့်ကို ရောင်းစားခဲ့တာလေ "
မင်းထင် လက်ထဲက ဇွန်း ကို ခဏချကာ ညီ့ကို လှမ်းကြည့်မိသည်
" ညီ ပဲ သူ့ကို ယုံတယ်ဆို ညီ သူ့ကိုယုံရင် ကိုယ်လဲ သူ့ကို ယုံတယ် "
" အကို့ကိုကျွန်တော်နားမလည်နိုင်ဘူး "
" ညီ့ကိုညီပဲ နားလည်အောင် လုပ်ပါ "
" ကျွန်တော်တစ်ခုပြောဦးမယ် သူနဲ့ပြန်တွေ့တာမို့ ကျွန်တော်သူ့နောက်လိုက်သွားမယ်လို့ မထင်နဲ့နော် ကျွန်တော်အကိုနဲ့ပဲ နေမှာ "
ဟင်းချိုမွှေနေသော မင်းထင် လက်တို့ ခေတ္တရပ်ဆိုင်းသွားသည်။ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိခြင်းပင် ။ အခု ညီ ဘာပြောလိုက်တာ ။ ကျွန်တော်နဲ့ပဲနေမှာတဲ့လား ။
" ညီ က သူနဲ့ပြန်မနေဘူးလား "
" ကျွန်တော် ရှင်းစရာတွေရှိသေးတယ် "
" အဲ့တာတွေပြီးရင်ရော "
" ကျွန်တော် ဒီမှာပဲ နေမှာ "
" သူကရော "
" မသိဘူး "
" ညီရာ ကလေးလဲ မဟုတ်တော့ဘူး သူက ကိုယ့်အိမ်လာနေလို့ဘယ်ဖြစ်မလဲ ညီနဲ့သူနဲ့ အတူနေမှ ... ဖြစ်မှာပေါ့ "
" ဒါပေမယ့် ကျွန်တော် အကို့ကို မထားခဲ့ချင်ဘူး "
" ညီ က ကလေးဆန်နေတာပဲ ဒါဆို အကိုတစ်ခုမေးမယ် အကိုနဲ့သူ တစ်ယောက်ပဲရွေးရမယ်ဆိုရင် ဘယ်သူ့ကို ရွေးမလဲ "
" အကို "
ညီ့ကိုကျွန်တော် လှမ်းကြည့်မိတော့ ညီက ကျွန်တော့်ကို ကြည့်မနေပါ ။ ကျေးဇူးရှင် ဆိုတဲ့ခေါင်းစဉ်တစ်ခုတည်းနဲ့တော့ ကိုယ့်ကိုမရွေးပါနဲ့ ညီ ။ ကိုယ် အဆင်... ပြေ .... နေ....ပါ.....တယ် ။
တစ်နာရီလောက်နေတော့ ညီ အပြင်ထွက်သွားတယ် ။ ခဏနေဖြစ်လာမယ့်အရာအားလုံးကို ကျွန်တော် ရင်ဆိုင်နိုင်ပါစေလို့ အထပ်ထပ်အခါခါဆုတောင်းရင်း ညီ ပြန်လာတာကိုသာ စောင့်နေလိုက်တယ် ။
________________________________________
ထွက်သာလာတာ ကိုကိုး အိမ်မှာရှိ မရှိလဲမသိ ။ အလုပ်အား မအားလဲမသိ ။ မနေ့ကထဲက မေးထားလိုက်ရမှာကိုကွာ ။ ကိုကိုးတိုက်ရှေ့ရောက်တော့ အလျင်အမြန်ပဲ ၃ လွှာကိုတက်လာတော့ သော့ခတ်ထားတာတော့ မတွေ့ရ ။ တံခါးခေါက်လိုက်တော့ အိမ်မှာ ကိုကိုးရှိနေသည် ။
" ဂျစ်တူး "
" အင်း "
" ဝင်လေ "
" အင်း "
" ကိုကိုး ဒီနေ့ အားလား "
" နေ့ခင်းတော့အားတယ် ညနေ ၅ နာရီကနေ ည ဂျူတီတော့ရှိတယ် ဘာလို့လဲ "
" ကျွန်တော့်အိမ်ခေါ်သွားမလို့ "
" အိမ် ??? "
" အင်း ကျွန်တော့်အကိုက တွေ့ချင်လို့တဲ့ "
" အကို ??? "
" ဟုတ်တယ် ကျွန်တော့်ကို ကယ်ပြီး မွေးစားခဲ့တဲ့ အကို "
" အဲ့လိုရှိခဲ့တာလား "
" ဟုတ်တယ် "
" သူက ကိုယ့်ကိုသိလား "
" ကျွန်တော့်အမျိုးသားလို့ သိထားတယ် "
ဂျစ်တူး အဖြေမှာ ကျွန်တော့်စိတ်ပူပန်မှုတွေအကုန် ပျောက်သွားတယ် ။
" အင်း ကိုယ်လိုက်ခဲ့မယ်လေ "
" အင်း "
ခဏနေတော့ ကိုကိုး အခန်းထဲက ထွက်လာတယ် ။ ကိုကိုးက အရင်လိုပဲ ကြည့်ကောင်းတုန်း ။ မဟုတ်ဘူး အရင်ကထက်အများကြီးကြည့်ကောင်းလာတယ် ။ ရှပ်အကျီအဖြူကို ဘောင်းဘီအနက် နဲ့ တွဲဝတ်ထားပြီး မျက်မှန်လေးနဲ့ ချစ်စရာကောင်လေးလို ဖြစ်နေတာ ။ အသက် ၃၀ လို့ နည်းနည်းမှ ထင်ချင်စရာမရှိ ။ ကျွန်တော်နဲ့ရွယ်တူလိုပဲ ။
" သွားမယ်လေ "
" ဪ အင်းအင်း သွားမယ် "
ကားပေါ်ရောက်ပြီး ခဏ ကြာတဲ့အထိ ကိုကိုးရော ကျွန်တော်ရော စကားမပြောဖြစ် ။ ကျွန်တော် အရင်လို သူ့ရင်ခွင်ထဲဝင်ပြီး ချွဲရမှာလား မဖြစ်သေးပါဘူး ဒါဆို ဘာပြောရမှာလဲ ။
" ဟို ဂျစ်တူးပြောတဲ့ အကို ဆိုတာ ဘယ်လိုမျိုးလဲ "
" အကိုကလား အကိုက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါပဲ အသက်က ကိုကိုးထက် ၆ နှစ်လောက်ပဲကြီးတာ အကို့နာမည်က ဉာဏ်မင်းထင် တဲ့ "
" ဉာဏ်မင်းထင် "
" အင်း ဟုတ်တယ် ပြီးတော့ ကျွန်တော့်နာမည် က ဉာဏ်မင်းမောင် တဲ့ အကိုပေးထားတာ "
" အင်း "
" ဒါပဲလား တစ်ခုခုထပ်မေးမယ်ထင်နေတာ "
" ကိုယ့်အတွက် မလိုပါဘူး ကိုယ့်အတွက် တစ်ခုတည်းသော လိုအပ်တဲ့အရာက ဂျစ်တူး ပဲ "
ထပ်ပြီးတိတ်ဆိတ်စွာနဲ့နေခဲ့တာ အိမ်ခြံဝင်းထဲရောက်တဲ့အထိပဲ ။
ကားပေါ်ကဆင်းဆင်းချင်း သတိထားမိတာက ကိုကိုး အရမ်းအံ့ဩနေပုံပင် ။
" လာလေ ကိုကိုး "
အိမ်ထဲဝင်လာတဲ့လမ်းတစ်လျှောက်မှာ အလုပ်သမားတွေအကုန်လုံးက ခေါင်းငုံ့ကာကြိုနေသည် ။ ဉာဏ်မင်းထင် ဆိုတာ ဘယ်လိုလူမျိုးလဲ နောက်ပြီး ဉာဏ်မင်းမောင် ဆိုတဲ့ ဂျစ်တူးကရော ဘာတွေလုပ်တာလဲ ။
" ရောက်ပြီလား "
ဧည့်ခန်းထဲ ဝင်ဝင်ချင်းပင် ကြားလိုက်ရတဲ့ အသံဩဇာအပြည့် ။ မဟာ လှမ်းကြည့်တော့ ဧည့်ခန်းထဲမှာ ခြေထောက်ချိတ်ကာထိုင်နေတဲ့ လူတစ်ယောက် ။ ဟိုတလောက ဟိုတယ်မှာ တွေ့ခဲ့တဲ့ လူပါပဲ ။ ကျက်သရေအပြည့် ၊ ခက်ထန်မှုအပြည့် နဲ့ အပြုံးတစ်ခုပါအတူတွဲလျက် မဟာ တို့ကို ကြည့်နေတာ ။
" ထိုင်လေ ကိုကိုး "
မဟာ ဝင်ထိုင်လိုက်တဲ့ နေရာနဲ့မျက်နှာချင်းဆိုင်တည့်တည့်ကာ ပန်းချီကို ကြည့်မိတော့ ကျွန်းခုံအကြီးကြီးတစ်ခုပေါ်မှာ ထိုင်နေတဲ့ ဉာဏ်မင်းထင် နဲ့ သူ့နောက်မှာ မတ်တပ်ရပ်နေတဲ့ ဂျစ်တူး ။ ပန်းချီက လက်ရာမြောက်လွန်း၍ ဓာတ်ပုံဟုပင် ထင်ရလောက်တာမျိုး ။
" အကို ဒါက ကျွန်တော့်အမျိုးသား မဟာအာကာ "
" ကိုကိုး ဒါက ကျွန်တော့် အကို ဉာဏ်မင်းထင် "
ထိုင်နေရာကနေ ထ ကာ လက်ကို ဆန့်တန်းလျက်
" ကျွန်တော်က ဉာဏ်မင်းထင် ပါ တွေ့ရတာ ဝမ်းသာပါတယ် "
မဟာ လဲ မတ်တပ်ရပ်ပြီး ကမ်းပေးလာတဲ့ လက်ကို ဆုပ်ကိုင်ပြီး
" မဟာအာကာ ပါ တွေ့ရတာ ဝမ်းသာပါတယ် "
၁၀ စက္ကန့်လောက်ပဲ ကြည့်မိတဲ့ မျက်ဝန်းနှစ်စုံက စကားပေါင်း သိန်းချီကာ ပြောဖြစ်ခဲ့တာကိုတော့ ကာယကံရှင်တို့ကိုယ်တိုင်သာ သိမည်လေ ။
( မန့်တွေကြောင့်အရမ်းကို အားတက်ရပါတယ်ရှင် အာ့ကြောင့် မန့်လေးတွေရေးပေးခဲ့ကြဦးနော် နောက်ပြီး ဈေးဗန်းလေးလဲ ကူခင်းပေးရင် စိတ်မဆိုးပါဘူးနော် )
Please Vote 💚
(Zawgyi)
တိုက္ခန္းေလးထဲမွာ အပ္က်သံကအစၾကားႏိုင္တဲ့ တိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္တာက ဂ်စ္တူး ရဲ႕ ေအးစက္စက္ အသံ
" ကြၽန္ေတာ္ ျပန္ေတာ့မယ္ "
" ဟင္ ခ်က္ခ်င္းႀကီးလား "
" အင္း အိမ္က ေစာင့္ေနမွာမို႔လို႔ "
" အခုဘယ္သူနဲ႔ေနတာလဲ ဂ်စ္တူး "
" ကြၽန္ေတာ္ ေျပာျပပါ႔မယ္ အခုေတာ့မဟုတ္ေသးဘူး ျပန္လိုက္ဦးမယ္ "
ထိုင္ခုံက ထ ၿပီး မဟာ့ခုံေဘးကျဖတ္သြားတဲ့ ဂ်စ္တူး လက္ေကာက္ဝတ္ကို လွမ္းဆြဲထားလိုက္မိတယ္ ။
" ကိုယ့္ကို ခ်စ္ေသးတယ္မလား "
" ကြၽန္ေတာ္ ဘယ္တုန္းကမွ ကိုကိုးကို မမုန္းခဲ့တာေတာ့ ေသခ်ာပါတယ္ "
မဟာ လက္ကိုလႊတ္ေပးလိုက္ေတာ့ တံခါးဖြင့္သံ ၊ တံခါးျပန္ပိတ္သံ အတိုင္းသားၾကားလိုက္ရၿပီး ဂ်စ္တူး လဲ ေပ်ာက္ကြယ္သြားေလၿပီေပါ႔ ။ သူ ေနာက္တခါ ျပန္လာမွာပါေနာ္ ။
မေရရာတဲ့ခံစားခ်က္ေတြနဲ႔ ကြၽန္ေတာ္အိမ္ျပန္လာလိုက္တယ္ ။ အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံးစဉ္းစားလာတာက တစ္ခုထဲ ။ ကြၽန္ေတာ့္ကို ဘယ္သူေရာင္းတာလဲ ။
ၿခံဝင္းထဲကားဝင္လိုက္တာနဲ႔ ၿခံထဲကပန္းၿခံေလးမွာ အကိုက စာအုပ္ထိုင္ဖတ္ေနသည္ ။ ကားေပၚကဆင္းဆင္းခ်င္းပဲ အကို႔ဆီ ေလွ်ာက္သြားလိုက္တယ္ ။
" ဪ ညီ ျပန္လာၿပီလား ညေနမွ ျပန္လာမယ္ဆို "
" ဟုတ္ "
" တစ္ခုခုျဖစ္လာတာလား ညီ "
ညီ က မတ္တပ္ရပ္ အေနအထားကေန ကိုယ္ကိုကိုင္းလိုက္ၿပီး မင္းထင္ကိုဖက္ကာ ငိုေတာ့သည္ ။ ကေလးတစ္ေယာက္လိုရႈိက္ႀကီးတငင္နဲ႔ သည္းသည္းထန္ထန္ငိုေႂကြးျခင္းပင္ ။
မငိုပါနဲ႔ ညီ ။ ညီ ငိုရင္ ကိုယ္ ၿပိဳ ရတယ္ ။
" ညီ .... ကိုယ့္ကိုေျပာပါဦး ညီ ဘာျဖစ္တာလဲ "
ညီ က ေတာ္ေတာ္ၾကာၾကာ ငိုေနရာကေန ေဘးက ထိုင္ခုံမွာ ဝင္ထိုင္လိုက္ၿပီး မင္းထင္ မ်က္လုံးေတြကို တည့္တည့္ၾကည့္ၿပီး
" ကြၽန္ေတာ့္ အမ်ိဳးသားနဲ႔ ကြၽန္ေတာ္ ေတြ႕ခဲ့တယ္ "
သြားၿပီ ။ တကယ္ႀကီး ကြၽန္ေတာ့္ကမၻာၿပိဳၿပီ ။ ကြၽန္ေတာ့္ဆီက ညီ ထြက္သြားေတာ့မွာ ။ ကြၽန္ေတာ္ ကြၽန္ေတာ္ ညီ့ကို မလႊတ္လိုက္ႏိုင္ဘူး ။ ဟင့္အင္း မသြားရဘူး ဟင့္အင္း ။
အေတြးထဲမွာ စကားေတြအမ်ားႀကီးေျပာေနေပမယ့္ လက္ေတြ႕မွာေျပာမိတဲ့ တစ္ခြန္းထဲပါ ။
" ညီ ဘာလုပ္ခ်င္လဲ "
" ကြၽန္ေတာ္ မသိဘူး သူကြၽန္ေတာ့္ကိုေရာင္းခဲ့တာမဟုတ္ဘူး အကို သူေရာင္းခဲ့တာမဟုတ္ဘူး "
" ညီ ယုံလား "
" ကြၽန္ေတာ္ ယုံတယ္ "
" အင္း ညီ ယုံရင္ ညီ ဆုံးျဖတ္ေလ သူ့ဆီျပန္သြားခ်င္လား "
" ကြၽန္ေတာ္ သူ့ကို ခ်စ္တယ္ အကို "
ခ်စ္တယ္ တဲ့ ။ ညီ က ခ်စ္တယ္တဲ့ ။ မင္းထင္မဟုတ္တဲ့ သူ့အမ်ိဳးသားကိုေပါ႔ ။ ဒါေပါ႔ ညီရယ္ ခ်စ္သင့္တာေပါ႔ ညီ ခ်စ္သင့္တာေပါ႔ ။
မ်က္လုံးစုံမွိတ္ၿပီး အံႀကိတ္ထားမိသည္ ။ စကားတစ္ခြန္းေျပာႏိုင္ဖို႔ကို မင္းထင္ အတြက္ အားယူေနရသည္ေလ ။
" ညီ ထြက္သြားေတာ့မွာလား "
" ဟင့္အင္း ကြၽန္ေတာ္လုပ္စရာေတြရွိေသးတယ္ ကြၽန္ေတာ့္ကို ကူညီပါ "
" အခ်ိန္မေရြးပါပဲ "
" ေနာက္တစ္ခုက အကို႔ကို ကိုကိုးနဲ႔မိတ္ဆက္ေပးမယ္ "
" ကိုကိုး ??? ဪ ညီ့ အမ်ိဳးသားကို ကိုကိုး လို႔ေခၚတာပဲ "
" ဟုတ္ "
" အင္း မိတ္ဆက္ေပးေလ ကိုယ္က လက္ရွိ ညီ့ရဲ႕ အုပ္ထိန္းသူေနရာမွာဆိုေတာ့ ကိုယ္ သိထားသင့္တယ္ "
" ဟုတ္ မနက္ျဖန္ ေန႔လည္ အိမ္ေခၚလာလိုက္မယ္ "
" အဆင္ေျပပါတယ္ "
ညီ ကြၽန္ေတာ့္နားကေန ထြက္သြားၿပီး အိမ္ထဲဝင္သြားတယ္ ။ ဒါေပမယ့္ ကြၽန္ေတာ့္ဘဝႀကီးကေန ထြက္သြားသလိုပဲ ညီက ေဝးေဝးသြားတာ ။ အခု ကြၽန္ေတာ္ဘာလုပ္ရမွန္းမသိဘူး ။ ဘာျဖစ္သြားမွန္းလဲမသိဘူး ။ ခင္ဗ်ားတို႔ေရာ ခင္ဗ်ားတို႔ရဲ႕ ဝိဉာဉ္က ခင္ဗ်ားတို႔ ခႏၶာကိုယ္ကို စြန္႔ခြာသြားမယ္ဆိုရင္ ခင္ဗ်ားဘာျဖစ္သြားမယ္ထင္လဲ ????
______________________________________
ကြၽန္ေတာ္အိမ္ေပၚေရာက္ေတာ့ ျပတင္းေပါက္ကေန လွမ္းၾကည့္မိတယ္ ။ အကို ဒီတိုင္း ထိုင္ၿပီး အေဝးတစ္ေနရာကို ေငးေနေလရဲ႕။ လြန္ခဲ့တဲ့ေလးႏွစ္ကလဲဒီေနရာကေန အကို႔ကို ေငးၾကည့္ဖူးတယ္ ။ အခုလဲ ကြၽန္ေတာ္ ထပ္ေငးေနမိတယ္ ။ အကိုစိတ္ပူေနတာကို ကြၽန္ေတာ္သိတာေပါ႔ ။ ကြၽန္ေတာ္ထြက္သြားမွာကို ေနာက္ၿပီး ကြၽန္ေတာ္ထပ္ၿပီးဒုကၡေရာက္မွာကိုေရာေပါ႔ ။
" အကို စိတ္ခ်ပါ ကြၽန္ေတာ္ အကို႔နားမွာပဲ ရွိေနမွာ "
ကုတင္ေပၚမွာ ပစ္လွဲခ်ၿပီး နားေနရင္း သတိရမိတာက ကိုကိုးဖုန္းနံပါတ္ကို ယူမလာမိျခင္းပင္ ။ ထားပါေတာ့ေလ မနက္ျဖန္က်မွပဲ ေစာေစာ သြားလိုက္ပါေတာ့မယ္ ။ ထပ္ၿပီး လုပ္ရမွာေတြလဲ ရွိေသးတယ္မလား ။
မ်က္ႏွာက်က္ကိုၾကည့္ရင္း အရင္ကပုံရိပ္ေတြကိုျပန္ျမင္ေယာင္မိလာတယ္ ။ ဒဏ္ရာရလာတိုင္း အၿမဲေဆးထည့္ေပးရင္း ဆူတတ္တဲ့ ကိုကိုး ၊ အၿမဲဂ႐ုတစိုက္နဲ႔အရိပ္တၾကည့္ၾကည့္နဲ႔ေနတတ္တဲ့ ကိုကိုး ၊ ကိုကိုးနဲ႔အတူရွိေနရင္ေလ အလိုလို လုံၿခဳံမႈရေစတာမ်ိဳးေလ ။
" ကြၽန္ေတာ္ ကိုကိုး ကို ခ်စ္တယ္ "
ေနာက္ထပ္ တစ္ေနရာမွာ တျခားတစ္ေယာက္ေျပာေနတာေလးတစ္ခုက " ကြၽန္ေတာ့္ ညီ့ ကို ခ်စ္တယ္ " တဲ့ ။
ေလေျပေလညႇင္းေလးေတြကေတာင္ မသယ္ေဆာင္ေပးႏိုင္တဲ့ စကားေလးႏွစ္ခြန္းက ဆိုင္သူႏွစ္ေယာက္ရဲ႕ ပတ္ဝန္းက်င္မွာပဲ တေျဖးေျဖး ေပ်ာက္ကြယ္သြားေလရဲ႕ ။
________________________________________
ပတ္ဝန္းက်င္တစ္ခုလုံး တေျဖးေျဖးနဲ႔ အေမွာင္ထုက ႀကီးစိုးကာ တိတ္ဆိတ္ၿငိမ္သက္လ်က္ ။ ျပတင္းေပါက္ကို ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ ေလေတြေၾကာင့္ အခန္းထဲက ခန္းစီးလိုက္ကာေလးေတြက လြင့္ေနသည္ ။
မင္းထင္ အခန္းထဲက စာၾကည့္စားပြဲမွာထိုင္ကာ စားပြဲေပၚက Album ေတြကို ထိုင္ၾကည့္ေနမိတယ္ ။
အိမ္ေနရင္းပုဆိုးအကြက္ကို ဒူးေခါင္းေလာက္ထိ တိုတို ဝတ္ထားၿပီး ေဝဖာေတြ ထိုင္စားကာ ကာတြန္းကားၾကည့္ေနတဲ့ ေကာင္ေလး ဓာတ္ပုံမွာ အထင္ရွားဆုံးက အၿပဳံးေတြ ။ ပါးခ်ိဳင့္ေတြခြက္ေနေအာင္ ရီေနတာ ။
ေရခ်ိဳးၿပီးကာစ ပုဆိုးအေဟာင္းေလးနဲ႔ အုန္းမုတ္ခြက္ပုံဆံပင္နက္နက္ကို ေရသုတ္ရင္း စိတ္မရွည္ေတာ့ဘဲ ဆူပုတ္ေနတဲ့ ေကာင္ေလးကလဲ မ်က္လုံးဝိုင္းေတြနဲ႔ ခ်စ္စရာကေလးတစ္ေယာက္ပုံစံ ။
ေမြးေန႔ေတြမွာေဆာင္းေလ့ရွိတဲ့ စကၠဴဦးထုပ္ေလးနဲ႔ မ်က္ႏွာမွာလဲ ကိတ္ေတြေပေနၿပီး ငိုေနတဲ့ ၁၉ ႏွစ္ ေကာင္ေလး ။
ကစားကြင္းလိုက္ပို႔တုန္းက အရာရာကို ပါးစပ္ေလးဟၿပီး တအံ့တဩလိုက္ၾကည့္ကာ ေပ်ာ္ေနတဲ့ ေကာင္ေလး ။
ေရခဲမုန္႔စားေနတဲ့ပုံ႐ိုက္ေပးမယ္ဆိုလို႔ ကေတာ့နဲ႔ေရခဲမုန္႔ေလးကို ကိုင္ၿပီး ေလွ်ာေပၚေျပးတက္ရာကေန ေရခဲမုန္႔ေရာ သူေရာ ျပဳတ္က်ၿပီး ေျခေထာက္ေဆာင့္ကာ ငိုေနတဲ့ ေကာင္ေလး ။
အခုက်ေတာ့ အရင္ကလို ပုဆိုးနဲ႔မဟုတ္ေတာ့ဘဲ ကာတြန္း႐ုပ္နဲ႔ ဝမ္းဆက္ေလးေတြ ဝတ္လာတတ္တဲ့ ေကာင္ေလးေပါ႔ ပန္းပင္ေတြကို ေရေလာင္းေနတာ ။
ေဟာ ဒါကက် ၿခံထဲမွာ အလုပ္သမားေလးေတြနဲ႔ ေဘာလုံးကန္ေနတဲ့ေကာင္ေလး ။ အုန္းမုတ္ခြက္ဆံပင္ေလးမဟုတ္ေတာ့ဘဲ အနည္းငယ္ ရွည္လာတဲ့ဆံပင္ေလးနဲ႔ ေဘာ္လုံးအက်ီ ၊ ေဘာင္းဘီ ဝမ္းဆက္ ဝတ္ထားတဲ့ ေကာင္ေလးေပါ႔ ။
အရင္လိုမငိုေတာ့ဘဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ နဲ႔ ေမြးေန႔ကိတ္ကို ကိုင္ထားတဲ့ ေကာင္ေလးက အသက္ ၂၀ ျပည့္ခဲ့ၿပီ ။
ေနာက္ထပ္ Album တစ္ခုကို လက္လွမ္းလိုက္ၿပီး ဖြင့္လိုက္ေတာ့ စစခ်င္း ပုံက မင္းထင္ ရဲ႕ လုပ္ငန္းရွင္မ်ားအစည္းအေဝးပြဲက ပုံ ။
မေဟာ္ဂနီေရာင္ဆံပင္ေတြကို မေသမသပ္ပုံစံမ်ိဳးစည္းထားၿပီး ၾကက္ေသြးေရာင္ Suit နဲ႔ ရွန္ပိန္ခြက္ကို ကိုင္ထားကာ တစ္ေနရာရာကို ၾကည့္ေနတဲ့ ေကာင္ေလး ။
ေနာက္ စာခ်ဳပ္တစ္ခုၿပီးေျမာက္လို႔ က်င္းပတဲ့ ၿခံထဲက ညစာစားပြဲမွာ ရွပ္အက်ီနက္ျပာကို စတိုင္ပင္ နဲ႔ အက်အနဝတ္ကာ ရီေနတဲ့ ေကာင္ေလး ။ အၿပဳံးေတြ ေျပာင္းလဲသြားတာေလးတစ္ခုပါပဲ ။
ေရကူးကန္ရဲ႕ေဘာင္ေပၚမွာထိုင္ေနၿပီး ဖေယာင္းတိုင္ တစ္တိုင္သာထြန္းထားတဲ့ Cupcake ေလးကို ေျမႇာက္ကာ ေအာ္ ေနတဲ့ အသက္ ၂၁ အရြယ္ ေကာင္ေလး ။ ကိတ္ကိုေျမႇာက္ထားတဲ့လက္မွာ လက္ရာေျမာက္လွတဲ့ တက္တူးေတြက ေနရာအျပည့္ ။
ဘယ္တုန္းကမွ မက်င္းပခဲ့ဖူးတဲ့ မင္းထင္ရဲ႕ေမြးေန႔ပြဲကို က်င္းပေပးမယ္ဆိုၿပီး ေမြးေန႔ကိတ္ကို ကိုယ္တိုင္လုပ္ေနတဲ့ ေကာင္ေလးပုံ ။ တစ္စုံတစ္ေယာက္ကေဘးက႐ိုက္ေပးထားတာေၾကာင့္ မ်က္ႏွာဝိုင္းေလးကေန ေျပာင္းလဲလာတဲ့ ေဘးတိုက္ပုံရိပ္ ။ တစ္စုံတစ္ခုကို အာ႐ုံစိုက္ေနတိုင္း အံႀကိတ္ထားတတ္ေၾကာင့္ အထင္းသားျမင္ေနရတဲ့ နားထင္ေၾကာေတြ ၊ ေမး႐ိုးလိုင္း ၊ မ်က္ခုံးေပၚက pricing ၊ ခရင္မ္ေတြထည့္ေနတဲ့ လက္ေခ်ာင္းေတြေပၚက တက္တူးေတြ ေကာင္ေလး ။
ေနာက္ လ အနည္းငယ္ဆို ၂၂ ႏွစ္ ျပည့္ေတာ့မွာ ။ ကိုယ့္ရဲ႕ Album ေလးထဲမွာ ၂၂ ႏွစ္ျပည့္ေမြးေန႔ပုံေလးေတာ့ ရွိေစခ်င္ေသးတယ္ ညီ ။ ညီ့ရဲ႕ အရာရာကို လိုက္ၾကည့္ေနၿပီး အျမတ္တႏိုးရွိရတဲ့အခ်ိန္ကာလေတြကို မကုန္ဆုံးေစခ်င္ေသးဘူး ။
အခန္းေထာင့္မွာရွိတဲ့ Bluespeaker ေလးကေန သီခ်င္းတစ္ပုဒ္ကို ဖြင့္မိတယ္ ။ ေလႏုေအးေလးေတြက ေဝ့ဝဲလာတာေၾကာင့္ေရာ ညီ့ကိုလြမ္းတာေၾကာင့္ေရာ မဖိတ္ေခၚပါဘဲ မ်က္ရည္ေတြကို က်ဆင္းေစခဲ့မိတယ္ ။ မခ်စ္သင့္တဲ့သူတစ္ေယာက္ကိုခ်စ္မိခဲ့ျခင္းမွာ ကြၽန္ေတာ္ ငိုခြင့္ေတာ့ ရွိတယ္မလား ။
I'm sorry, don't leave me, I want you here with me
I know that your love is gone
I can't breathe, I'm so weak, I know this isn't easy
Don't tell me that your love is gone
That your love is gone ..........
သီခ်င္းသံတိုးတိုးေလးက အခန္းထဲမွာလြင့္ပ်ံလ်က္ေပါ႔
_______________________________________
မနက္ေစာေစာ အခန္းထဲက မင္းထင္ ထြက္လာလိုက္တယ္ ။ မနက္ေစာေစာအိပ္ရာ ထ ျခင္းေတာ့မဟုတ္ ။ အိပ္ကို မအိပ္ရေသးျခင္းပါ ။
ေအာက္ထပ္ကိုဆင္းလာၿပီး မီးဖိုခန္းထဲဝင္ကာ အေဒၚႀကီးတို႔ကို နားခိုင္းၿပီး ကိုယ္တိုင္ ေန႔လည္စာ ျပင္ဆင္ေနမိသည္ ။ အနည္းဆုံးေတာ့ ကိုယ့္ေယာက္ဖျဖစ္လာမယ့္သူကို ေန႔လည္စာ ကိုယ္တိုင္ခ်က္ေကြၽးခ်င္မိသည္ေလ ။
ေန႔လည္စာခ်က္ေနတုန္း ညီ က ေလွကားက ဆင္းလာၿပီး ထမင္းစားဝိုင္းမွာထိုင္ကာ
" အကို ဘာလုပ္ေနတာလဲ "
" ေန႔လည္စာခ်က္ေနတာေလ ညီ "
" အင္းေလ အကိုက ဘာလို႔ဟင္းခ်က္ေနတာလဲလို႔ "
" ညီ့အမ်ိဳးသားကို ေခၚလာမယ္ဆို "
" အင္း အဲ့တာနဲ႔ ဘာဆိုင္လို႔လဲ "
" ကိုယ္ ကိုတိုင္ ေန႔လည္စာ ခ်က္ေကြၽးမလို႔ေလ "
" ဘာရယ္ !!!! "
" ဟုတ္တယ္ေလ ညီရဲ႕ ကိုယ့္ေယာက္ဖ ကို ေန႔လည္စာေတာ့ ခ်က္ေကြၽးရမယ္ေလ "
" သူ ကြၽန္ေတာ့္ကို ေရာင္းစားခဲ့တာေလ "
မင္းထင္ လက္ထဲက ဇြန္း ကို ခဏခ်ကာ ညီ့ကို လွမ္းၾကည့္မိသည္
" ညီ ပဲ သူ့ကို ယုံတယ္ဆို ညီ သူ့ကိုယုံရင္ ကိုယ္လဲ သူ့ကို ယုံတယ္ "
" အကို႔ကိုကြၽန္ေတာ္နားမလည္ႏိုင္ဘူး "
" ညီ့ကိုညီပဲ နားလည္ေအာင္ လုပ္ပါ "
" ကြၽန္ေတာ္တစ္ခုေျပာဦးမယ္ သူနဲ႔ျပန္ေတြ႕တာမို႔ ကြၽန္ေတာ္သူ့ေနာက္လိုက္သြားမယ္လို႔ မထင္နဲ႔ေနာ္ ကြၽန္ေတာ္အကိုနဲ႔ပဲ ေနမွာ "
ဟင္းခ်ိဳေမႊေနေသာ မင္းထင္ လက္တို႔ ေခတၱရပ္ဆိုင္းသြားသည္။ ေက်ာက္႐ုပ္တစ္႐ုပ္လို ရပ္ေနမိျခင္းပင္ ။ အခု ညီ ဘာေျပာလိုက္တာ ။ ကြၽန္ေတာ္နဲ႔ပဲေနမွာတဲ့လား ။
" ညီ က သူနဲ႔ျပန္မေနဘူးလား "
" ကြၽန္ေတာ္ ရွင္းစရာေတြရွိေသးတယ္ "
" အဲ့တာေတြၿပီးရင္ေရာ "
" ကြၽန္ေတာ္ ဒီမွာပဲ ေနမွာ "
" သူကေရာ "
" မသိဘူး "
" ညီရာ ကေလးလဲ မဟုတ္ေတာ့ဘူး သူက ကိုယ့္အိမ္လာေနလို႔ဘယ္ျဖစ္မလဲ ညီနဲ႔သူနဲ႔ အတူေနမွ ... ျဖစ္မွာေပါ႔ "
" ဒါေပမယ့္ ကြၽန္ေတာ္ အကို႔ကို မထားခဲ့ခ်င္ဘူး "
" ညီ က ကေလးဆန္ေနတာပဲ ဒါဆို အကိုတစ္ခုေမးမယ္ အကိုနဲ႔သူ တစ္ေယာက္ပဲေရြးရမယ္ဆိုရင္ ဘယ္သူ့ကို ေရြးမလဲ "
" အကို "
ညီ့ကိုကြၽန္ေတာ္ လွမ္းၾကည့္မိေတာ့ ညီက ကြၽန္ေတာ့္ကို ၾကည့္မေနပါ ။ ေက်းဇူးရွင္ ဆိုတဲ့ေခါင္းစဉ္တစ္ခုတည္းနဲ႔ေတာ့ ကိုယ့္ကိုမေရြးပါနဲ႔ ညီ ။ ကိုယ္ အဆင္... ေျပ .... ေန....ပါ.....တယ္ ။
တစ္နာရီေလာက္ေနေတာ့ ညီ အျပင္ထြက္သြားတယ္ ။ ခဏေနျဖစ္လာမယ့္အရာအားလုံးကို ကြၽန္ေတာ္ ရင္ဆိုင္ႏိုင္ပါေစလို႔ အထပ္ထပ္အခါခါဆုေတာင္းရင္း ညီ ျပန္လာတာကိုသာ ေစာင့္ေနလိုက္တယ္ ။
________________________________________
ထြက္သာလာတာ ကိုကိုး အိမ္မွာရွိ မရွိလဲမသိ ။ အလုပ္အား မအားလဲမသိ ။ မေန႔ကထဲက ေမးထားလိုက္ရမွာကိုကြာ ။ ကိုကိုးတိုက္ေရွ႕ေရာက္ေတာ့ အလ်င္အျမန္ပဲ ၃ လႊာကိုတက္လာေတာ့ ေသာ့ခတ္ထားတာေတာ့ မေတြ႕ရ ။ တံခါးေခါက္လိုက္ေတာ့ အိမ္မွာ ကိုကိုးရွိေနသည္ ။
" ဂ်စ္တူး "
" အင္း "
" ဝင္ေလ "
" အင္း "
" ကိုကိုး ဒီေန႔ အားလား "
" ေန႔ခင္းေတာ့အားတယ္ ညေန ၅ နာရီကေန ည ဂ်ဴတီေတာ့ရွိတယ္ ဘာလို႔လဲ "
" ကြၽန္ေတာ့္အိမ္ေခၚသြားမလို႔ "
" အိမ္ ??? "
" အင္း ကြၽန္ေတာ့္အကိုက ေတြ႕ခ်င္လို႔တဲ့ "
" အကို ??? "
" ဟုတ္တယ္ ကြၽန္ေတာ့္ကို ကယ္ၿပီး ေမြးစားခဲ့တဲ့ အကို "
" အဲ့လိုရွိခဲ့တာလား "
" ဟုတ္တယ္ "
" သူက ကိုယ့္ကိုသိလား "
" ကြၽန္ေတာ့္အမ်ိဳးသားလို႔ သိထားတယ္ "
ဂ်စ္တူး အေျဖမွာ ကြၽန္ေတာ့္စိတ္ပူပန္မႈေတြအကုန္ ေပ်ာက္သြားတယ္ ။
" အင္း ကိုယ္လိုက္ခဲ့မယ္ေလ "
" အင္း "
ခဏေနေတာ့ ကိုကိုး အခန္းထဲက ထြက္လာတယ္ ။ ကိုကိုးက အရင္လိုပဲ ၾကည့္ေကာင္းတုန္း ။ မဟုတ္ဘူး အရင္ကထက္အမ်ားႀကီးၾကည့္ေကာင္းလာတယ္ ။ ရွပ္အက်ီအျဖဴကို ေဘာင္းဘီအနက္ နဲ႔ တြဲဝတ္ထားၿပီး မ်က္မွန္ေလးနဲ႔ ခ်စ္စရာေကာင္ေလးလို ျဖစ္ေနတာ ။ အသက္ ၃၀ လို႔ နည္းနည္းမွ ထင္ခ်င္စရာမရွိ ။ ကြၽန္ေတာ္နဲ႔ရြယ္တူလိုပဲ ။
" သြားမယ္ေလ "
" ဪ အင္းအင္း သြားမယ္ "
ကားေပၚေရာက္ၿပီး ခဏ ၾကာတဲ့အထိ ကိုကိုးေရာ ကြၽန္ေတာ္ေရာ စကားမေျပာျဖစ္ ။ ကြၽန္ေတာ္ အရင္လို သူ့ရင္ခြင္ထဲဝင္ၿပီး ခြၽဲရမွာလား မျဖစ္ေသးပါဘူး ဒါဆို ဘာေျပာရမွာလဲ ။
" ဟို ဂ်စ္တူးေျပာတဲ့ အကို ဆိုတာ ဘယ္လိုမ်ိဳးလဲ "
" အကိုကလား အကိုက စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ပါပဲ အသက္က ကိုကိုးထက္ ၆ ႏွစ္ေလာက္ပဲႀကီးတာ အကို႔နာမည္က ဉာဏ္မင္းထင္ တဲ့ "
" ဉာဏ္မင္းထင္ "
" အင္း ဟုတ္တယ္ ၿပီးေတာ့ ကြၽန္ေတာ့္နာမည္ က ဉာဏ္မင္းေမာင္ တဲ့ အကိုေပးထားတာ "
" အင္း "
" ဒါပဲလား တစ္ခုခုထပ္ေမးမယ္ထင္ေနတာ "
" ကိုယ့္အတြက္ မလိုပါဘူး ကိုယ့္အတြက္ တစ္ခုတည္းေသာ လိုအပ္တဲ့အရာက ဂ်စ္တူး ပဲ "
ထပ္ၿပီးတိတ္ဆိတ္စြာနဲ႔ေနခဲ့တာ အိမ္ၿခံဝင္းထဲေရာက္တဲ့အထိပဲ ။
ကားေပၚကဆင္းဆင္းခ်င္း သတိထားမိတာက ကိုကိုး အရမ္းအံ့ဩေနပုံပင္ ။
" လာေလ ကိုကိုး "
အိမ္ထဲဝင္လာတဲ့လမ္းတစ္ေလွ်ာက္မွာ အလုပ္သမားေတြအကုန္လုံးက ေခါင္းငုံ႔ကာႀကိဳေနသည္ ။ ဉာဏ္မင္းထင္ ဆိုတာ ဘယ္လိုလူမ်ိဳးလဲ ေနာက္ၿပီး ဉာဏ္မင္းေမာင္ ဆိုတဲ့ ဂ်စ္တူးကေရာ ဘာေတြလုပ္တာလဲ ။
" ေရာက္ၿပီလား "
ဧည့္ခန္းထဲ ဝင္ဝင္ခ်င္းပင္ ၾကားလိုက္ရတဲ့ အသံဩဇာအျပည့္ ။ မဟာ လွမ္းၾကည့္ေတာ့ ဧည့္ခန္းထဲမွာ ေျခေထာက္ခ်ိတ္ကာထိုင္ေနတဲ့ လူတစ္ေယာက္ ။ ဟိုတေလာက ဟိုတယ္မွာ ေတြ႕ခဲ့တဲ့ လူပါပဲ ။ က်က္သေရအျပည့္ ၊ ခက္ထန္မႈအျပည့္ နဲ႔ အၿပဳံးတစ္ခုပါအတူတြဲလ်က္ မဟာ တို႔ကို ၾကည့္ေနတာ ။
" ထိုင္ေလ ကိုကိုး "
မဟာ ဝင္ထိုင္လိုက္တဲ့ ေနရာနဲ႔မ်က္ႏွာခ်င္းဆိုင္တည့္တည့္ကာ ပန္းခ်ီကို ၾကည့္မိေတာ့ ကြၽန္းခုံအႀကီးႀကီးတစ္ခုေပၚမွာ ထိုင္ေနတဲ့ ဉာဏ္မင္းထင္ နဲ႔ သူ့ေနာက္မွာ မတ္တပ္ရပ္ေနတဲ့ ဂ်စ္တူး ။ ပန္းခ်ီက လက္ရာေျမာက္လြန္း၍ ဓာတ္ပုံဟုပင္ ထင္ရေလာက္တာမ်ိဳး ။
" အကို ဒါက ကြၽန္ေတာ့္အမ်ိဳးသား မဟာအာကာ "
" ကိုကိုး ဒါက ကြၽန္ေတာ့္ အကို ဉာဏ္မင္းထင္ "
ထိုင္ေနရာကေန ထ ကာ လက္ကို ဆန္႔တန္းလ်က္
" ကြၽန္ေတာ္က ဉာဏ္မင္းထင္ ပါ ေတြ႕ရတာ ဝမ္းသာပါတယ္ "
မဟာ လဲ မတ္တပ္ရပ္ၿပီး ကမ္းေပးလာတဲ့ လက္ကို ဆုပ္ကိုင္ၿပီး
" မဟာအာကာ ပါ ေတြ႕ရတာ ဝမ္းသာပါတယ္ "
၁၀ စကၠန္႔ေလာက္ပဲ ၾကည့္မိတဲ့ မ်က္ဝန္းႏွစ္စုံက စကားေပါင္း သိန္းခ်ီကာ ေျပာျဖစ္ခဲ့တာကိုေတာ့ ကာယကံရွင္တို႔ကိုယ္တိုင္သာ သိမည္ေလ ။
( မန္႔ေတြေၾကာင့္အရမ္းကို အားတက္ရပါတယ္ရွင္ အာ့ေၾကာင့္ မန္႔ေလးေတြေရးေပးခဲ့ၾကဦးေနာ္ ေနာက္ၿပီး ေဈးဗန္းေလးလဲ ကူခင္းေပးရင္ စိတ္မဆိုးပါဘူးေနာ္ )
Please Vote 💚