ညီ ကျွန်တော့်အခန်းထဲရောက်မလာမချင်း နေ့လည်က ညီပြောတဲ့ ကျွန်တော့်ကိုပြောစရာရှိတယ်ဆိုတဲ့အကြောင်းကို အတွေးနယ်ချဲ့ရင်း အတွေးတွေထဲမှာ အခါခါသေနေတာ ဘယ်နှကြိမ်မြောက်မှန်းကို မရေတွက်နိုင် ။ ညီ ကျွန်တော့်ဆီက ထွက်သွားတော့မယ်လို့များပြောမလားပေါ့ ။ အတွေးတွေကြောင့် နှိပ်စက်ခံရတာက ပိုခံရခက်တယ် ။ ညီရယ် ပိုင်ဆိုင်ခွင့်ကိုမတောင်းပါဘူး ငေးကြည့်နေခွင့်ကိုပဲ ပေးသနားပါ ။
ညနေစောင်းလောက်ကျတော့ ညီ က အိမ်နေရင်း အညိုရောင်ချည်ဘောင်းဘီအကွက် ၊ အကျီအကွက်လေးနဲ့ ကျွန်တော့်အခန်းထဲရောက်လာသည် ။ ညီ က ဘယ်လိုပဲနေနေ အကြည့်မလွှဲချင်လောက်အောင်ကြည့်ကောင်းနေခြင်းပင် ။
" အကို အားတယ် မလား "
" အင်း ပြောလေ ညီ ဘာများပြောစရာရှိနေတာလဲ "
" အင်း ဝရန်တာဘက်သွားထိုင်ကြမယ် "
" အင်း သွားလေ "
ကျွန်တော်တို့နှစ်ယောက်စလုံး ဝရန်တာဘက်ထွက်လာလိုက်တယ် ။ ဝရန်တာရောက်တော့ ဝရန်တာမှာထားတဲ့ စားပွဲခုံလေးပေါ်မှာ Black Coffee တစ်ခွက်နဲ့သံပုရာသီးတစ်စိတ် ။ နောက် ဆန်းကစ်သီးဖျော်ရည်တစ်ခွက် ။ ကော်ဖီကို ကျွန်တော့်အကြိုက်သေချာ ပြင်ထားပေးတာ ။ ဒါတွေမြင်ရင် ကျွန်တော်ပျော်တာထက် ကြောက်သည် ။ ညီ ပြောမယ့်စကားက ကျွန်တော့်ဆီကထွက်သွားမယ့်စကားများဖြစ်နေမလားလို့ တစ်ချိန်လုံးတွေးနေခဲ့တာ ။
" ညီ ကိုယ့်ကိုပြောမှာက အရေးကြီးတယ်ထင်တယ် "
" အင်း ဒီလိုပါပဲ "
" ပြောလေ ညီ ရဲ့ ကိုယ်တို့ကြားမှာ ဒါတွေမလိုပါဘူး "
ကော်ဖီခွက်ကို မျက်လုံးနဲ့ပြတော့ ညီ က မျက်မှောင်ကျုံ့သည်။
" ကျွန်တော်က ဒါကို သောက်စေချင်လို့ ကိုယ်တိုက်ကြိတ်ပြီး ဖျော်လာပေးတာ ပြောမယ့်စကားကြောင့်မဟုတ်ပါဘူး "
" ဟင် !!!! "
" အကိုကလဲ တကယ်ပါပဲ "
" မသိဘူးလေ ကိုယ်က ဘာများအရေးကြီးလို့လဲလို့ပါ "
" အကို အိမ်ထောင်မပြုသေးဘူးလား "
" ဘာရယ် "
" အိမ်ထောင်မပြုသေးဘူးလားလို့ "
" ကိုယ် အိမ်ထောင်ပြုတာ မပြုတာ က ညီ့အတွက် ဘာတွေများသက်ရောက်နေတာလဲ ညီ "
" မဟုတ်ပါဘူး အကို့ကိုကြည့်ရင် အလုပ်လုပ် ၊ စာအုပ်ဖတ် ၊ အခန်းထဲအောင်း နဲ့ မသိရင် ပိုးဟပ်နဲ့ညားနေသလားပဲ "
" ကိုယ် အိမ်ထောင်မပြုဘဲ နေမှာ "
" ဟာ !!! ဘာလို့လဲ "
" ချစ်ခြင်းမပါတဲ့လက်ထပ်ခြင်း ကို ကိုယ်မကြိုက်ဘူး "
" ကိုယ်ချစ်တဲ့သူနဲ့ပဲ ယူပေါ့ "
မင်းထင် ညီ့ကို မကြည့်မိအောင် မနည်းကြိုးစားနေရသည်မှာ အဆင်မပြေလှ ။
" ထားပါတော့ ပြောစရာက ဒါပဲလား "
" အကို့နားက ကျွန်တော်ထွက်သွားမှာ ကြောက်တာမလား "
ကော်ဖီမွှေနေတဲ့ မင်းထင် လက်တို့ ရပ်တန့်သွားရသည် ။ သူ ဘယ်လိုဖြေရမလဲ မသိ ။ မဟုတ်သေးဘူး သိတယ် မဖြေချင်တာ ။ မဖြေသင့်တာ ။
" ကျွန်တော့်အကို့အရိပ်ထဲဝင်လာတဲ့နေ့ကစပြီး ထွက်သွားဖို့အစီအစဉ်မရှိပါဘူး "
ဟူးး .....
နေပါဦး ။ မင်းထင် ဘယ်လောက်တောင်မိုက်မဲလိုက်လဲ ။ သက်ပြင်းချလိုက်မိတာလား ။
" ကျွန်တော်ပြောမှာ တစ်ခုပါ "
" အင်း ညီ ပြောလေ "
" တကယ်တော့ ကျွန်တော် အကို့ကိုမပြောဖူးတဲ့ဟာတစ်ခုပါ ကျွန်တော်အကို့ကို ကျေးဇူးတင်ပါတယ် "
" ဟင် "
" ဟုတ်တယ် အကိုကျွန်တော့်ကိုခေါ်လာပြီး မတော်မတရားလုပ်လို့ရတယ် ပြီးရင် ပြန်လွှတ်လိုက်လို့ရတယ် အဲ့လိဆို ကျွန်တော်အခုချိန် မကောင်းတဲ့သူတစ်ယောက်အဖြစ် ခွေးလို ရှင်သန်နေရမှာ အကိုက ကျွန်တော့်ကို လက်ဖျားနဲ့တောင် မထိတဲ့အပြင် ညီ ဆိုတဲ့ နေရာကိုပါ ပေးခဲ့တာ ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိတယ် ကျွန်တော်အကို့အပေါ် အရမ်းအခွင့်အရေးယူနေသလားလို့လေ "
ကျွန်တော့်ရှေ့မှာထိုင်ပြီး လေးလေးနက်နက် ပြောနေတဲ့ ညီ ။
" ညီ ဘာလို့အဲ့တာတွေပြောနေတာလဲ "
" ကျေးဇူးတင်ချင်လို့ ကျွန်တော့်အကို့ခြေရာကိုနင်းပြီး အကို့လိုဖြစ်အောင်လုပ်ခဲ့တာ အကို့ကိုကျွန်တော်အကိုတစ်ယောက်လိုစောင့်ရှောက်ချင်တယ် ဂရုစိုက်ချင်တယ် ယုံကြည်စေချင်တယ် "
အကိုတစ်ယောက်လိုတဲ့လား ။ အင်းပေါ့ ကိုယ်က ညီ့အကို ပါပဲ ။
" အဲ့တာတွေက ကိုယ်တို့ကြားမှာ ပြောစရာလိုလို့လား ညီ "
" ကျွန်တော် ပြောချင်လို့ပါဆို "
" မလိုပါဘူးဆို ကွာ "
" ကျွန်တော် လိုတယ် "
" လိုရင်လဲ ပြော သဘောပဲ "
" အဲ့တာကို မကြိုက်တာ အကို ကျွန်တော့်စကားဆို တစ်ခါမှ မငြင်းဖူးဘူး တစ်ခါတစ်လေ အော်လိုက် ဆူလိုက်ပါလား "
" ဘာအတွက်လဲ "
" ကျွန်တော် အခုလို ပြန်ပြောနေတာတွေကိုလေ "
" မလိုပါဘူး "
" ဒါတွေပဲထပ်ခါထပ်ခါပြောမှာလား သိတယ် ၊ မလိုဘူး ဒါပဲပြောနေမှာလား "
" ညီ ဘာဖြစ်နေတာလဲ "
" ကျွန်တော်က တစ်ခါတစ်လေ အကို စိတ်တိုစေချင်လို့ တကယ်စိတ်ထဲကမပါဘဲ ပြောခဲ့တာတွေရှိတယ်လေ "
" ညီ မပြောလဲ ကိုယ် ညီ့မျက်ဝန်းထဲကနေ ဒီ လေးနှစ်လုံးတွေ့ခဲ့ရပြီးသားပါ "
" ကျွန်တော် မပြောခဲ့တဲ့တခြားစကားတစ်ခုကိုရော အကို တွေ့ခဲ့လား "
" ကိုယ် သိပါတယ် "
နှစ်ယောက်သားမျက်နှာလွှဲလိုက်ကြပြီး အရှေ့တည့်တည့်ကိုသာ မျက်နှာမူထားမိသည် ။ ကျွန်တော်တို့နှစ်ယောက်အတွေးတွေကတော့ မတူညီတဲ့အကြောင်းအရာနှစ်ခုဆီကိုခုတ်မောင်းလျက် ။
ညီ က တစ်ခါတစ်လေ ပဟေဠိ ဆန်လွန်းတယ် ။ ကျွန်တော်မဖြေရှင်းတတ်ဘူး ။ တစ်ခါတစ်လေ ကျွန်တော်ပြောတဲ့စကားနဲ့သူပြောနေတဲ့စကားက ဦးတည်ချက်အတူတူပဲရော ဟုတ်ရဲ့လားလို့ ပြန်တွေးမိတဲ့အထိပဲ ။
ကျွန်တော့်မှာ ကြယ်လေးကို ခူးဆွတ်ခွင့်မရှိပေမယ့် မော်ကြည့်နေဖို့အခွင့်အရေးတော့ ရှိသေးတာပဲ ။ ကျွန်တော် ကျေနပ်ရမှာပေါ့ ။
တော်တော်ကြာသည်အထိ စကားသံတွေတိတ်နေရာမှ
" အကို "
" အင်း ပြောလေ ညီ "
" ကျွန်တော်အပြင်ခဏသွားဦးမယ် "
" ဘယ်ကိုလဲ ညီ "
" ဒီတိုင်းပါပဲ "
" အင်း အရမ်းနောက်မကျစေနဲ့ "
" ဟုတ် "
ညီ ကျွန်တော့်နားကထွက်သွားပြီး သူ့အခန်းဆီ ဝင်သွားပေလိမ့်မည် ။ အခုဆို သူ အကျီလဲနေလောက်ပြီ ။ သူ ခဏနေ ထွက်လာတော့မှာ ။
မင်းထင် စိတ်ထဲက စက္ကန့်တွေကို တွက်ပြီး ရေရွတ်နေသလိုပါပဲ ။ ညီ ခဏနေတော့ အခန်းထဲကထွက်လာပြီး အောက်ကိုဆင်းသွားသည် ။ ကားသံကြားရပြီး အိမ်ခြံဝင်းထဲကနေ ကားထွက်သွားတာကို မင်းထင် ဝရန်တာကနေ ကြည့်နေမိသည် ။ အပြင်ခဏသွားတာတောင် ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားအောင် ခံစားနေရသည် ။ တကယ်သာ အပြီးအပိုင် ထွက်သွားခဲ့ရင် .......
________________________________________
အိမ်ကထွက်လာပေမယ့် စိတ်ထဲလေးနေသလိုပင် ။ ထွက်သာထွက်လာတာ သွားစရာနေရာရယ်လို့မရှိ ။ အကို့ကိုကြည့်ရတာ မွန်းကြပ်လို့သာထွက်လာတာ ။ သူ ဘာကိစ္စပဲရှိရှိ အကို့ကို စွန့်ခွာသွားမှာတော့မဟုတ်ပေမယ့် အကို တွေးနေတာတွေက ဘာလဲ ဆိုတာ သူသိချင်တယ် ။ တစ်ခါတစ်လေ သူ့အပေါ်ဆက်ဆံတာ အကို မဟုတ်သလိုဖြစ်နေတာလဲ သိတယ် ။ သိချင်ပေမယ့် မသိရဲတာလား ။ သိစရာမလိုတာလား ။
" သခင်လေး ဘယ်ကိုသွားမှာလဲ "
" ဘား တစ်ခုခုကို မောင်းကွာ "
" ဟုတ်ကဲ့ "
အပြင်လောက က လေ အေးအေး ကို ကားထဲဝင်ခွင့်ပြုရန် ကားမှန်ကို ချထားလိုက်သည် ။ စီးကရက်တစ်လိပ်ကို မီးညှိကာ နှုတ်ခမ်းနှစ်ခုကြား နေရာပေးပြီး ရန်ကုန်မြို့ရဲ့ ည အချိန် ရှုပ်ယှက်ခတ်နေမှုကို လှမ်းကြည့်နေလိုက်တယ် ။ မီးပွိုင့်တစ်နေရာကိုရောက်တော့ ကားနောက်ကိုမှီထားတဲ့ ကျွန်တော် က မတ်မတ်ထိုင်လိုက်မိတယ် ။
" ကိုကိုး "
နှုတ်ဖျားက ထွက်ကျလာတဲ့ နာမ်စားတစ်ခု ။ နှုတ်ခမ်းပါးတို့ တဆတ်ဆတ် တုန်ရီပြီးမှ ထွက်ကျလာတဲ့ နာမ်စား ။
အနည်းငယ်ပိန်သွားသလိုရှိပြီး ဆံပင်ကို သပ်ရပ်စွာ လှန်ဖီးထားပြီး ရှပ်အကျီလက်ရှည်နက်ပြာကို တံတောင်ဆစ်ထိလက်ခေါက်ထားသည် ။ ဂျင်းပင်နက်ပြာရောင် နဲ့ လက်ထဲမှာ အိတ်အဖြူရောင်တစ်ခုကိုဆွဲလျက် ။ တစ်ခုထူးခြားတာ ကိုကိုးမျက်နှာပေါ်မှာနေရာယူထားတဲ့ လေးထောင့်ကျကျ မျက်မှန်တစ်ခု ။ ကားလမ်းကို သတိထားကူးနေပြီး ကျွန်တော့်ကားရှေ့ကနေ ဖြတ်သွားလေရဲ့ ။ တစ်ဖက် ပလက်ဖောင်းပေါ်ခြေလှမ်းလိုက်တဲ့အချိန် လွတ်နေတဲ့ညာဘက်လက်နဲ့ ဆံပင်တွေကို သပ်တင်လိုက်သေးသည်။
ရုပ်ရှင်တစ်ခုလိုမြင်လိုက်ရတဲ့ လှုပ်ရှားမှု ။
ကျွန်တော့်ကို အေးခဲသွားစေတဲ့ မြင်ကွင်း ။
" ကွေ့လိုက် "
" ဗျာ "
" ကားကိုကွေ့လိုက် "
" ဟုတ် "
ဒရိုင်ဘာလေးက ကားကိုကွေ့လိုက်ပြီး ဘယ်သွားရမလဲ ဆိုတဲ့ပုံစံမျိုးနဲ့ Back မှန်ထဲကကြည့်နေတာမို့
" ဟိုမှာ အကျီနက်ပြာနဲ့လူတွေ့လား လက်ထဲမှာ အိတ်အဖြူနဲ့ "
" ဟုတ် တွေ့ပါတယ် "
" သူ့နောက်လိုက်ပေး "
" ဟုတ် "
တဖြေးဖြေးနဲ့လိုက်လာခဲ့ချိန် ကျွန်တော့်ရင်ထဲမှာ ဗြောင်းဆန်နေသည် ။ *** မြို့နယ်ဆေးရုံ ဆိုတဲ့ ဝန်း ထဲ ကိုကိုးဝင်သွားတော့ ကျွန်တော့်ကားလဲ ဆေးရုံရှေ့မှာပင် ရပ်တန့်သွားသည်။
ကျွန်တော်ဘာလုပ်ရမလဲ ။ ဆင်းပြီးသွားတွေ့ရမလား ။ ဟင့်အင်း ဒီပုံစံကို ကိုကိုးကြိုက်မှာမဟုတ်ဘူး ။ ရုတ်တရက်သတိရပြီး လက်ထဲကစီးကရက်ကို လွှင့်ပစ်မိသည် ။ မဟုတ်သေးဘူး ငါ့ကိုမကြိုက်လို့ ရောင်းစားခဲ့တာပဲ အဲ့ကိစ္စကိုရှင်းရမည် ။
ဟင့်အင်း ကိုကိုးက ငါ့ကိုသိပ်ချစ်ခဲ့တာ အမှန်ပါ ငါလဲချစ်တာပဲလေ ။ လက်သူကြွယ်က လက်စွပ်မောင်းကွင်းလေးကို ကြည့်ရင်း အမြင်အာရုံတွေဝေဝါးလာသည် ။ မဟုတ်ဘူး သူငါ့ကိုမုန်းလို့ ငရဲမှာ ရောင်းစားပစ်ခဲ့ရက်တာ ။ သူငါ့ကိုမလိုချင်လို့ ။ သူငါ့ကို မလိုအပ်တော့လို့ ။ သူ .... သူ .....
" အား........ "
စိတ်ရှိလက်ရှိအော်ပြီး ကားဆိုဖာကို အခါခါ ထိုးမိတယ် ။ မဖိတ်ခေါ်ဘဲ ကျလာတဲ့မျက်ရည်တွေကြောင့် ပါးပြင်တစ်လျောက် စိုစွတ်လာတယ် ။ အံကိုကြိတ်ကာ ကားပေါ်က ဆင်းမည်ပြုစဉ် ဆေးရုံရှေ့မှာ မြင်လိုက်ရတဲ့ နောက်ထပ် ပုံရိပ်တစ်ခု ။
" သော်ချမ်းမြေ့ "
________________________________________
မင်းထင် တစ်ယောက် ဧည့်ခန်းထဲမှာ လမ်းလျှောက်နေတာ နာရီဝက်ကျော်ပြီလေ ။ နံရံပေါ်က နာရီကို လှမ်းကြည့်တော့ ည ၉ နာရီ ။ အခုထိ ညီ ပြန်မလာသေး ။ ဆက်သွယ်လို့လဲမရ ။ ဒရိုင်ဘာကိုဖုန်းဆက်တော့လဲ မကိုင် ။
ထိုအချိန်မှာပဲ ခြံထဲဝင်လာတဲ့ ကားသံ ။
မင်းထင် အပြင်ကို ပြေးထွက်လိုက်တော့ ကားပေါ်က ဆင်းလာတဲ့ ညီ ။ ပုံမှန်ပါပဲ မူးလာတာလဲမရှိ ။ သောက်တောင်မသောက်လာတဲ့ပုံပါပဲ ။
" ဆောရီး အကို ကျွန်တော် နောက်ကျသွားတယ် "
သေချာပြီ ညီ အရက်မသောက်ထားဘူး ။
" ကိုယ် ဖုန်းတွေဆက်နေတာ ညီ ရယ် "
" အင်း ကျွန်တော်သိတယ် ကျွန်တော် တစ်ယောက်ထဲနေချင်လို့ "
" အဆင်ပြေရဲ့လား ညီ "
" ပြေတယ် အကို ကျွန်တော် နားတော့မယ် "
" အင်းအင်း "
ညီ က ကိုယ့်လက်ကိုယ့်ခြေတောင် အပင်တပန်းသယ်နေရတဲ့ပုံစံမျိုးနဲ့အပေါ်ကို တက်သွားတော့ မင်းထင် စိတ်မချ ။
ညီ့အခန်းထဲဝင်လာတော့ ညီ က ရေချိုးဖို့ပြင်နေသည် ။
" ညီ အဆင်ပြေရဲ့လား "
" ကျွန်တော် ဘာမှမဖြစ်တော့ဘူး အကို စိတ်မပူပါနဲ့ "
" ကိုယ် စိတ်ပူတယ် "
" ဘာမှမဖြစ်ပါဘူး "
မင်းထင် ဘေးက ဖြတ်သွားတဲ့ ညီ့လက်ကောက်ဝတ်ကို မင်းထင် လှမ်းဆွဲထားလိုက်သည် ။ ညီ က မင်းထင်ကို လှည့်ကြည့်တော့ မင်းထင်လဲ ညီ့မျက်လုံးတွေကို လှမ်းကြည့်ရင်း
" ညီ ငိုချင်ရင် ကိုယ့် ပုခုံးက အဆင်သင့်ရှိနေမှာ သိတယ်မလား "
ညီ က အံကြိတ်ထားပြီး ခေါင်းညိမ့်ပြသည် ။ မင်းထင် လက်ကိုလွှတ်ပေးလိုက်တော့ ရေချိုးခန်းဆီ လျှောက်သွားတဲ့ခြေသံကိုကြားနေရသည် ။
" အကိုအမြဲတမ်းရှိနေပေးတာ ကျွန်တော် အတိအကျကို သိပါတယ် "
စကားသံလေးတစ်ခုကြားလိုက်ရပြီး နောက်မှာ အတူကပ်ပါလာတဲ့ ရေချိုးခန်းတံခါးပိတ်သံ ။ ချက်ချင်းပဲ ရေပန်းက ရေကျတဲ့အသံ ။
တစ်စုံတစ်ခုကို ဖြတ်ပြီး ကျလာတဲ့ရေသံမဟုတ်တာကြောင့် ညီ ငိုနေတာ ကျွန်တော် ကောင်းကောင်းကြီးသိပါသည် ။ ညီ့အတွက် ကျွန်တော့်ပုခုံးက မလိုအပ်မှန်းလဲ အတိအကျသိသည်မို့ အခန်းထဲကနေသာ ထွက်လာခဲ့လိုက်တယ် ။
ညီ ရယ် ........
( မနေ့က မတင်ပေးမိလို့ နောက်တစ်ပိုင်း ထပ်တင်လိုက်ပါတယ် နောက်တစ်ခုကလေ ဉာဏ်မင်းထင်အတွက်ကို ချစ်သောတို့ကပဲ တာဝန်ယူပေးလိုက်ပါ )
Please Vote 💚
(Zawgyi)
ညီ ကြၽန္ေတာ့္အခန္းထဲေရာက္မလာမခ်င္း ေန႔လည္က ညီေျပာတဲ့ ကြၽန္ေတာ့္ကိုေျပာစရာရွိတယ္ဆိုတဲ့အေၾကာင္းကို အေတြးနယ္ခ်ဲ႕ရင္း အေတြးေတြထဲမွာ အခါခါေသေနတာ ဘယ္ႏွႀကိမ္ေျမာက္မွန္းကို မေရတြက္ႏိုင္ ။ ညီ ကြၽန္ေတာ့္ဆီက ထြက္သြားေတာ့မယ္လို႔မ်ားေျပာမလားေပါ႔ ။ အေတြးေတြေၾကာင့္ ႏွိပ္စက္ခံရတာက ပိုခံရခက္တယ္ ။ ညီရယ္ ပိုင္ဆိုင္ခြင့္ကိုမေတာင္းပါဘူး ေငးၾကည့္ေနခြင့္ကိုပဲ ေပးသနားပါ ။
ညေနေစာင္းေလာက္က်ေတာ့ ညီ က အိမ္ေနရင္း အညိဳေရာင္ခ်ည္ေဘာင္းဘီအကြက္ ၊ အက်ီအကြက္ေလးနဲ႔ ကြၽန္ေတာ့္အခန္းထဲေရာက္လာသည္ ။ ညီ က ဘယ္လိုပဲေနေန အၾကည့္မလႊဲခ်င္ေလာက္ေအာင္ၾကည့္ေကာင္းေနျခင္းပင္ ။
" အကို အားတယ္ မလား "
" အင္း ေျပာေလ ညီ ဘာမ်ားေျပာစရာရွိေနတာလဲ "
" အင္း ဝရန္တာဘက္သြားထိုင္ၾကမယ္ "
" အင္း သြားေလ "
ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံး ဝရန္တာဘက္ထြက္လာလိုက္တယ္ ။ ဝရန္တာေရာက္ေတာ့ ဝရန္တာမွာထားတဲ့ စားပြဲခုံေလးေပၚမွာ Black Coffee တစ္ခြက္နဲ႔သံပုရာသီးတစ္စိတ္ ။ ေနာက္ ဆန္းကစ္သီးေဖ်ာ္ရည္တစ္ခြက္ ။ ေကာ္ဖီကို ကြၽန္ေတာ့္အႀကိဳက္ေသခ်ာ ျပင္ထားေပးတာ ။ ဒါေတြျမင္ရင္ ကြၽန္ေတာ္ေပ်ာ္တာထက္ ေၾကာက္သည္ ။ ညီ ေျပာမယ့္စကားက ကြၽန္ေတာ့္ဆီကထြက္သြားမယ့္စကားမ်ားျဖစ္ေနမလားလို႔ တစ္ခ်ိန္လုံးေတြးေနခဲ့တာ ။
" ညီ ကိုယ့္ကိုေျပာမွာက အေရးႀကီးတယ္ထင္တယ္ "
" အင္း ဒီလိုပါပဲ "
" ေျပာေလ ညီ ရဲ႕ ကိုယ္တို႔ၾကားမွာ ဒါေတြမလိုပါဘူး "
ေကာ္ဖီခြက္ကို မ်က္လုံးနဲ႔ျပေတာ့ ညီ က မ်က္ေမွာင္က်ဳံ႕သည္။
" ကြၽန္ေတာ္က ဒါကို ေသာက္ေစခ်င္လို႔ ကိုယ္တိုက္ႀကိတ္ၿပီး ေဖ်ာ္လာေပးတာ ေျပာမယ့္စကားေၾကာင့္မဟုတ္ပါဘူး "
" ဟင္ !!!! "
" အကိုကလဲ တကယ္ပါပဲ "
" မသိဘူးေလ ကိုယ္က ဘာမ်ားအေရးႀကီးလို႔လဲလို႔ပါ "
" အကို အိမ္ေထာင္မျပဳေသးဘူးလား "
" ဘာရယ္ "
" အိမ္ေထာင္မျပဳေသးဘူးလားလို႔ "
" ကိုယ္ အိမ္ေထာင္ျပဳတာ မျပဳတာ က ညီ့အတြက္ ဘာေတြမ်ားသက္ေရာက္ေနတာလဲ ညီ "
" မဟုတ္ပါဘူး အကို႔ကိုၾကည့္ရင္ အလုပ္လုပ္ ၊ စာအုပ္ဖတ္ ၊ အခန္းထဲေအာင္း နဲ႔ မသိရင္ ပိုးဟပ္နဲ႔ညားေနသလားပဲ "
" ကိုယ္ အိမ္ေထာင္မျပဳဘဲ ေနမွာ "
" ဟာ !!! ဘာလို႔လဲ "
" ခ်စ္ျခင္းမပါတဲ့လက္ထပ္ျခင္း ကို ကိုယ္မႀကိဳက္ဘူး "
" ကိုယ္ခ်စ္တဲ့သူနဲ႔ပဲ ယူေပါ႔ "
မင္းထင္ ညီ့ကို မၾကည့္မိေအာင္ မနည္းႀကိဳးစားေနရသည္မွာ အဆင္မေျပလွ ။
" ထားပါေတာ့ ေျပာစရာက ဒါပဲလား "
" အကို႔နားက ကြၽန္ေတာ္ထြက္သြားမွာ ေၾကာက္တာမလား "
ေကာ္ဖီေမႊေနတဲ့ မင္းထင္ လက္တို႔ ရပ္တန္႔သြားရသည္ ။ သူ ဘယ္လိုေျဖရမလဲ မသိ ။ မဟုတ္ေသးဘူး သိတယ္ မေျဖခ်င္တာ ။ မေျဖသင့္တာ ။
" ကြၽန္ေတာ့္အကို႔အရိပ္ထဲဝင္လာတဲ့ေန႔ကစၿပီး ထြက္သြားဖို႔အစီအစဉ္မရွိပါဘူး "
ဟူးး .....
ေနပါဦး ။ မင္းထင္ ဘယ္ေလာက္ေတာင္မိုက္မဲလိုက္လဲ ။ သက္ျပင္းခ်လိုက္မိတာလား ။
" ကြၽန္ေတာ္ေျပာမွာ တစ္ခုပါ "
" အင္း ညီ ေျပာေလ "
" တကယ္ေတာ့ ကြၽန္ေတာ္ အကို႔ကိုမေျပာဖူးတဲ့ဟာတစ္ခုပါ ကြၽန္ေတာ္အကို႔ကို ေက်းဇူးတင္ပါတယ္ "
" ဟင္ "
" ဟုတ္တယ္ အကိုကြၽန္ေတာ့္ကိုေခၚလာၿပီး မေတာ္မတရားလုပ္လို႔ရတယ္ ၿပီးရင္ ျပန္လႊတ္လိုက္လို႔ရတယ္ အဲ့လိဆို ကြၽန္ေတာ္အခုခ်ိန္ မေကာင္းတဲ့သူတစ္ေယာက္အျဖစ္ ေခြးလို ရွင္သန္ေနရမွာ အကိုက ကြၽန္ေတာ့္ကို လက္ဖ်ားနဲ႔ေတာင္ မထိတဲ့အျပင္ ညီ ဆိုတဲ့ ေနရာကိုပါ ေပးခဲ့တာ ကြၽန္ေတာ္ တစ္ခါတစ္ေလ စဉ္းစားမိတယ္ ကြၽန္ေတာ္အကို႔အေပၚ အရမ္းအခြင့္အေရးယူေနသလားလို႔ေလ "
ကြၽန္ေတာ့္ေရွ႕မွာထိုင္ၿပီး ေလးေလးနက္နက္ ေျပာေနတဲ့ ညီ ။
" ညီ ဘာလို႔အဲ့တာေတြေျပာေနတာလဲ "
" ေက်းဇူးတင္ခ်င္လို႔ ကြၽန္ေတာ့္အကို႔ေျခရာကိုနင္းၿပီး အကို႔လိုျဖစ္ေအာင္လုပ္ခဲ့တာ အကို႔ကိုကြၽန္ေတာ္အကိုတစ္ေယာက္လိုေစာင့္ေရွာက္ခ်င္တယ္ ဂ႐ုစိုက္ခ်င္တယ္ ယုံၾကည္ေစခ်င္တယ္ "
အကိုတစ္ေယာက္လိုတဲ့လား ။ အင္းေပါ႔ ကိုယ္က ညီ့အကို ပါပဲ ။
" အဲ့တာေတြက ကိုယ္တို႔ၾကားမွာ ေျပာစရာလိုလို႔လား ညီ "
" ကြၽန္ေတာ္ ေျပာခ်င္လို႔ပါဆို "
" မလိုပါဘူးဆို ကြာ "
" ကြၽန္ေတာ္ လိုတယ္ "
" လိုရင္လဲ ေျပာ သေဘာပဲ "
" အဲ့တာကို မႀကိဳက္တာ အကို ကြၽန္ေတာ့္စကားဆို တစ္ခါမွ မျငင္းဖူးဘူး တစ္ခါတစ္ေလ ေအာ္လိုက္ ဆူလိုက္ပါလား "
" ဘာအတြက္လဲ "
" ကြၽန္ေတာ္ အခုလို ျပန္ေျပာေနတာေတြကိုေလ "
" မလိုပါဘူး "
" ဒါေတြပဲထပ္ခါထပ္ခါေျပာမွာလား သိတယ္ ၊ မလိုဘူး ဒါပဲေျပာေနမွာလား "
" ညီ ဘာျဖစ္ေနတာလဲ "
" ကြၽန္ေတာ္က တစ္ခါတစ္ေလ အကို စိတ္တိုေစခ်င္လို႔ တကယ္စိတ္ထဲကမပါဘဲ ေျပာခဲ့တာေတြရွိတယ္ေလ "
" ညီ မေျပာလဲ ကိုယ္ ညီ့မ်က္ဝန္းထဲကေန ဒီ ေလးႏွစ္လုံးေတြ႕ခဲ့ရၿပီးသားပါ "
" ကြၽန္ေတာ္ မေျပာခဲ့တဲ့တျခားစကားတစ္ခုကိုေရာ အကို ေတြ႕ခဲ့လား "
" ကိုယ္ သိပါတယ္ "
ႏွစ္ေယာက္သားမ်က္ႏွာလႊဲလိုက္ၾကၿပီး အေရွ႕တည့္တည့္ကိုသာ မ်က္ႏွာမူထားမိသည္ ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အေတြးေတြကေတာ့ မတူညီတဲ့အေၾကာင္းအရာႏွစ္ခုဆီကိုခုတ္ေမာင္းလ်က္ ။
ညီ က တစ္ခါတစ္ေလ ပေဟဠိ ဆန္လြန္းတယ္ ။ ကြၽန္ေတာ္မေျဖရွင္းတတ္ဘူး ။ တစ္ခါတစ္ေလ ကြၽန္ေတာ္ေျပာတဲ့စကားနဲ႔သူေျပာေနတဲ့စကားက ဦးတည္ခ်က္အတူတူပဲေရာ ဟုတ္ရဲ႕လားလို႔ ျပန္ေတြးမိတဲ့အထိပဲ ။
ကြၽန္ေတာ့္မွာ ၾကယ္ေလးကို ခူးဆြတ္ခြင့္မရွိေပမယ့္ ေမာ္ၾကည့္ေနဖို႔အခြင့္အေရးေတာ့ ရွိေသးတာပဲ ။ ကြၽန္ေတာ္ ေက်နပ္ရမွာေပါ႔ ။
ေတာ္ေတာ္ၾကာသည္အထိ စကားသံေတြတိတ္ေနရာမွ
" အကို "
" အင္း ေျပာေလ ညီ "
" ကြၽန္ေတာ္အျပင္ခဏသြားဦးမယ္ "
" ဘယ္ကိုလဲ ညီ "
" ဒီတိုင္းပါပဲ "
" အင္း အရမ္းေနာက္မက်ေစနဲ႔ "
" ဟုတ္ "
ညီ ကြၽန္ေတာ့္နားကထြက္သြားၿပီး သူ့အခန္းဆီ ဝင္သြားေပလိမ့္မည္ ။ အခုဆို သူ အက်ီလဲေနေလာက္ၿပီ ။ သူ ခဏေန ထြက္လာေတာ့မွာ ။
မင္းထင္ စိတ္ထဲက စကၠန္႔ေတြကို တြက္ၿပီး ေရရြတ္ေနသလိုပါပဲ ။ ညီ ခဏေနေတာ့ အခန္းထဲကထြက္လာၿပီး ေအာက္ကိုဆင္းသြားသည္ ။ ကားသံၾကားရၿပီး အိမ္ၿခံဝင္းထဲကေန ကားထြက္သြားတာကို မင္းထင္ ဝရန္တာကေန ၾကည့္ေနမိသည္ ။ အျပင္ခဏသြားတာေတာင္ ရင္ဘတ္တစ္ခုလုံး စုတ္ျပတ္သြားေအာင္ ခံစားေနရသည္ ။ တကယ္သာ အၿပီးအပိုင္ ထြက္သြားခဲ့ရင္ .......
________________________________________
အိမ္ကထြက္လာေပမယ့္ စိတ္ထဲေလးေနသလိုပင္ ။ ထြက္သာထြက္လာတာ သြားစရာေနရာရယ္လို႔မရွိ ။ အကို႔ကိုၾကည့္ရတာ မြန္းၾကပ္လို႔သာထြက္လာတာ ။ သူ ဘာကိစၥပဲရွိရွိ အကို႔ကို စြန္႔ခြာသြားမွာေတာ့မဟုတ္ေပမယ့္ အကို ေတြးေနတာေတြက ဘာလဲ ဆိုတာ သူသိခ်င္တယ္ ။ တစ္ခါတစ္ေလ သူ့အေပၚဆက္ဆံတာ အကို မဟုတ္သလိုျဖစ္ေနတာလဲ သိတယ္ ။ သိခ်င္ေပမယ့္ မသိရဲတာလား ။ သိစရာမလိုတာလား ။
" သခင္ေလး ဘယ္ကိုသြားမွာလဲ "
" ဘား တစ္ခုခုကို ေမာင္းကြာ "
" ဟုတ္ကဲ့ "
အျပင္ေလာက က ေလ ေအးေအး ကို ကားထဲဝင္ခြင့္ျပဳရန္ ကားမွန္ကို ခ်ထားလိုက္သည္ ။ စီးကရက္တစ္လိပ္ကို မီးညႇိကာ ႏႈတ္ခမ္းႏွစ္ခုၾကား ေနရာေပးၿပီး ရန္ကုန္ၿမိဳ႕ရဲ႕ ည အခ်ိန္ ရႈပ္ယွက္ခတ္ေနမႈကို လွမ္းၾကည့္ေနလိုက္တယ္ ။ မီးပြိဳင့္တစ္ေနရာကိုေရာက္ေတာ့ ကားေနာက္ကိုမွီထားတဲ့ ကြၽန္ေတာ္ က မတ္မတ္ထိုင္လိုက္မိတယ္ ။
" ကိုကိုး "
ႏႈတ္ဖ်ားက ထြက္က်လာတဲ့ နာမ္စားတစ္ခု ။ ႏႈတ္ခမ္းပါးတို႔ တဆတ္ဆတ္ တုန္ရီၿပီးမွ ထြက္က်လာတဲ့ နာမ္စား ။
အနည္းငယ္ပိန္သြားသလိုရွိၿပီး ဆံပင္ကို သပ္ရပ္စြာ လွန္ဖီးထားၿပီး ရွပ္အက်ီလက္ရွည္နက္ျပာကို တံေတာင္ဆစ္ထိလက္ေခါက္ထားသည္ ။ ဂ်င္းပင္နက္ျပာေရာင္ နဲ႔ လက္ထဲမွာ အိတ္အျဖဴေရာင္တစ္ခုကိုဆြဲလ်က္ ။ တစ္ခုထူးျခားတာ ကိုကိုးမ်က္ႏွာေပၚမွာေနရာယူထားတဲ့ ေလးေထာင့္က်က် မ်က္မွန္တစ္ခု ။ ကားလမ္းကို သတိထားကူးေနၿပီး ကြၽန္ေတာ့္ကားေရွ႕ကေန ျဖတ္သြားေလရဲ႕ ။ တစ္ဖက္ ပလက္ေဖာင္းေပၚေျခလွမ္းလိုက္တဲ့အခ်ိန္ လြတ္ေနတဲ့ညာဘက္လက္နဲ႔ ဆံပင္ေတြကို သပ္တင္လိုက္ေသးသည္။
႐ုပ္ရွင္တစ္ခုလိုျမင္လိုက္ရတဲ့ လႈပ္ရွားမႈ ။
ကြၽန္ေတာ့္ကို ေအးခဲသြားေစတဲ့ ျမင္ကြင္း ။
" ေကြ႕လိုက္ "
" ဗ်ာ "
" ကားကိုေကြ႕လိုက္ "
" ဟုတ္ "
ဒ႐ိုင္ဘာေလးက ကားကိုေကြ႕လိုက္ၿပီး ဘယ္သြားရမလဲ ဆိုတဲ့ပုံစံမ်ိဳးနဲ႔ Back မွန္ထဲကၾကည့္ေနတာမို႔
" ဟိုမွာ အက်ီနက္ျပာနဲ႔လူေတြ႕လား လက္ထဲမွာ အိတ္အျဖဴနဲ႔ "
" ဟုတ္ ေတြ႕ပါတယ္ "
" သူ့ေနာက္လိုက္ေပး "
" ဟုတ္ "
တေျဖးေျဖးနဲ႔လိုက္လာခဲ့ခ်ိန္ ကြၽန္ေတာ့္ရင္ထဲမွာ ေျဗာင္းဆန္ေနသည္ ။ *** ၿမိဳ႕နယ္ေဆး႐ုံ ဆိုတဲ့ ဝန္း ထဲ ကိုကိုးဝင္သြားေတာ့ ကြၽန္ေတာ့္ကားလဲ ေဆး႐ုံေရွ႕မွာပင္ ရပ္တန္႔သြားသည္။
ကြၽန္ေတာ္ဘာလုပ္ရမလဲ ။ ဆင္းၿပီးသြားေတြ႕ရမလား ။ ဟင့္အင္း ဒီပုံစံကို ကိုကိုးႀကိဳက္မွာမဟုတ္ဘူး ။ ႐ုတ္တရက္သတိရၿပီး လက္ထဲကစီးကရက္ကို လႊင့္ပစ္မိသည္ ။ မဟုတ္ေသးဘူး ငါ႔ကိုမႀကိဳက္လို႔ ေရာင္းစားခဲ့တာပဲ အဲ့ကိစၥကိုရွင္းရမည္ ။
ဟင့္အင္း ကိုကိုးက ငါ႔ကိုသိပ္ခ်စ္ခဲ့တာ အမွန္ပါ ငါလဲခ်စ္တာပဲေလ ။ လက္သူႂကြယ္က လက္စြပ္ေမာင္းကြင္းေလးကို ၾကည့္ရင္း အျမင္အာ႐ုံေတြေဝဝါးလာသည္ ။ မဟုတ္ဘူး သူငါ႔ကိုမုန္းလို႔ ငရဲမွာ ေရာင္းစားပစ္ခဲ့ရက္တာ ။ သူငါ႔ကိုမလိုခ်င္လို႔ ။ သူငါ႔ကို မလိုအပ္ေတာ့လို႔ ။ သူ .... သူ .....
" အား........ "
စိတ္ရွိလက္ရွိေအာ္ၿပီး ကားဆိုဖာကို အခါခါ ထိုးမိတယ္ ။ မဖိတ္ေခၚဘဲ က်လာတဲ့မ်က္ရည္ေတြေၾကာင့္ ပါးျပင္တစ္ေလ်ာက္ စိုစြတ္လာတယ္ ။ အံကိုႀကိတ္ကာ ကားေပၚက ဆင္းမည္ျပဳစဉ္ ေဆး႐ုံေရွ႕မွာ ျမင္လိုက္ရတဲ့ ေနာက္ထပ္ ပုံရိပ္တစ္ခု ။
" ေသာ္ခ်မ္းေျမ့ "
________________________________________
မင္းထင္ တစ္ေယာက္ ဧည့္ခန္းထဲမွာ လမ္းေလွ်ာက္ေနတာ နာရီဝက္ေက်ာ္ၿပီေလ ။ နံရံေပၚက နာရီကို လွမ္းၾကည့္ေတာ့ ည ၉ နာရီ ။ အခုထိ ညီ ျပန္မလာေသး ။ ဆက္သြယ္လို႔လဲမရ ။ ဒ႐ိုင္ဘာကိုဖုန္းဆက္ေတာ့လဲ မကိုင္ ။
ထိုအခ်ိန္မွာပဲ ၿခံထဲဝင္လာတဲ့ ကားသံ ။
မင္းထင္ အျပင္ကို ေျပးထြက္လိုက္ေတာ့ ကားေပၚက ဆင္းလာတဲ့ ညီ ။ ပုံမွန္ပါပဲ မူးလာတာလဲမရွိ ။ ေသာက္ေတာင္မေသာက္လာတဲ့ပုံပါပဲ ။
" ေဆာရီး အကို ကြၽန္ေတာ္ ေနာက္က်သြားတယ္ "
ေသခ်ာၿပီ ညီ အရက္မေသာက္ထားဘူး ။
" ကိုယ္ ဖုန္းေတြဆက္ေနတာ ညီ ရယ္ "
" အင္း ကြၽန္ေတာ္သိတယ္ ကြၽန္ေတာ္ တစ္ေယာက္ထဲေနခ်င္လို႔ "
" အဆင္ေျပရဲ႕လား ညီ "
" ေျပတယ္ အကို ကြၽန္ေတာ္ နားေတာ့မယ္ "
" အင္းအင္း "
ညီ က ကိုယ့္လက္ကိုယ့္ေျခေတာင္ အပင္တပန္းသယ္ေနရတဲ့ပုံစံမ်ိဳးနဲ႔အေပၚကို တက္သြားေတာ့ မင္းထင္ စိတ္မခ် ။
ညီ့အခန္းထဲဝင္လာေတာ့ ညီ က ေရခ်ိဳးဖို႔ျပင္ေနသည္ ။
" ညီ အဆင္ေျပရဲ႕လား "
" ကြၽန္ေတာ္ ဘာမွမျဖစ္ေတာ့ဘူး အကို စိတ္မပူပါနဲ႔ "
" ကိုယ္ စိတ္ပူတယ္ "
" ဘာမွမျဖစ္ပါဘူး "
မင္းထင္ ေဘးက ျဖတ္သြားတဲ့ ညီ့လက္ေကာက္ဝတ္ကို မင္းထင္ လွမ္းဆြဲထားလိုက္သည္ ။ ညီ က မင္းထင္ကို လွည့္ၾကည့္ေတာ့ မင္းထင္လဲ ညီ့မ်က္လုံးေတြကို လွမ္းၾကည့္ရင္း
" ညီ ငိုခ်င္ရင္ ကိုယ့္ ပုခုံးက အဆင္သင့္ရွိေနမွာ သိတယ္မလား "
ညီ က အံႀကိတ္ထားၿပီး ေခါင္းညိမ့္ျပသည္ ။ မင္းထင္ လက္ကိုလႊတ္ေပးလိုက္ေတာ့ ေရခ်ိဳးခန္းဆီ ေလွ်ာက္သြားတဲ့ေျခသံကိုၾကားေနရသည္ ။
" အကိုအၿမဲတမ္းရွိေနေပးတာ ကြၽန္ေတာ္ အတိအက်ကို သိပါတယ္ "
စကားသံေလးတစ္ခုၾကားလိုက္ရၿပီး ေနာက္မွာ အတူကပ္ပါလာတဲ့ ေရခ်ိဳးခန္းတံခါးပိတ္သံ ။ ခ်က္ခ်င္းပဲ ေရပန္းက ေရက်တဲ့အသံ ။
တစ္စုံတစ္ခုကို ျဖတ္ၿပီး က်လာတဲ့ေရသံမဟုတ္တာေၾကာင့္ ညီ ငိုေနတာ ကြၽန္ေတာ္ ေကာင္းေကာင္းႀကီးသိပါသည္ ။ ညီ့အတြက္ ကြၽန္ေတာ့္ပုခုံးက မလိုအပ္မွန္းလဲ အတိအက်သိသည္မို႔ အခန္းထဲကေနသာ ထြက္လာခဲ့လိုက္တယ္ ။
ညီ ရယ္ ........
( မေန႔က မတင္ေပးမိလို႔ ေနာက္တစ္ပိုင္း ထပ္တင္လိုက္ပါတယ္ ေနာက္တစ္ခုကေလ ဉာဏ္မင္းထင္အတြက္ကို ခ်စ္ေသာတို႔ကပဲ တာဝန္ယူေပးလိုက္ပါ )
Please Vote 💚