⛈️ကိုယ္​့ဘဝရဲ႕ နတ္​မိမယ္​⛈️💕...

Від DarDar1642020

67.2K 2.4K 14

"​ေဆးလိပ္​​ေတြ အရက္​​ေတြမ​ေကာင္​း​ေတာ့​ေရာ ဘာျဖစ္​လဲ အနည္​းဆုံး​ေတာ့ အိပ္​မ​ေပ်ာ္​တဲ့ည​ေတြအ​ေဖာ္​ျပဳ​ေပးႏိုင္... Більше

Episode ♥ 1
Episode ♥ 2 ♥
Episode ♥ 3 ♥
Episode ♥ 4 ♥
Episode ♥ 5 ♥
Episode ♥ 7 ♥
Episode ♥ 8 ♥
Episode ♥ 9 ♥
Episode ♥ 10 ♥
Episode ♥ 11 ♥
Episode ♥ 12 ♥
Episode ♥ 13 ♥
Episode ♥ 14 ♥
Episode ♥ 15 ♥
Episode ♥ 16 ♥
Episode ♥ 17 ♥
Episode ♥ 18 ♥
Episode ♥ 19 ♥
Episode ♥ 20 ♥
Episode ♥ 21 ♥
Episode ♥ 22 ♥
Episode ♥ 23 ♥
Episode ♥ 24 ♥
Episode ♥ 25 ♥
Episode ♥ 26 ♥
Episode ♥ 27 ♥
💛readers​ေလးမ်ားထံသို႔💛
Episode ♥ 28 ♥
Episode ♥ 29 ♥
Episode ♥ 30 ♥
Episode ♥ 31 ♥
Episode ♥ 32 ♥
Episode ♥ 33 ♥
ဇာတ္​သိမ္​းပိုင္​း

Episode ♥ 6 ♥

1.6K 86 0
Від DarDar1642020

⛈️⛈️ကိုယ္​့ဘဝရဲ႕ နတ္​မိမယ္​⛈️⛈️
<ÖR>
💕ဦးရဲ႕အမိန္​႔​ေတာ္​အတိုင္​း💕

Episode ♥ 6 ♥

"အသုံးကို မက်ဘူး"
​ေဒၚအမရာ​ေ႐ွ႕ဒူးတုပ္​လ်က္​ထိုင္​​ေနသည္​့ ပြဲစားမ​ေဒၚ​ေအးၾကည္​
"နင္​​ေခၚလာတဲ့​ေကာင္​မ​ေလး​ေတြ ခုတစ္​​ေယာက္​မွမက်န္​​ေတာ့ဘူး အကုန္​ထြက္​​ေျပးသြားၿပီး"
"​ေတာင္း​...​ေတာင္​းပန္​ပါတယ္​ သခင္​မႀကီး"
​ေဒၚအမရာ မ်က္​ႏွာထားမာမာျဖင္​့
"​ေနာက္​တစ္​ပတ္​အတြင္​း ခိုင္​းထားတာမ​ေအာင္​ျမင္​ရင္​ တျခားတစ္​​ေယာက္​ကိုအလုပ္​​ေပးလိုက္​​ေတာ့မယ္​"
​ေဒၚ​ေအးၾကည္​ ပ်ာပ်ာသလဲျဖင္​့
"သခင္​မႀကီးရယ္​ ​ေနာက္​ ထပ္​မျဖစ္​​ေစရပါဘူး ​သခင္​​ေလးက အရမ္​းရက္​စက္​တာပါတဲ့ အဲ့တာမို႔!!!!!!!"
"တိတ္​စမ္​း ဘုရင္​့နန္​း​ေတာ္​ စံအိမ္​ရဲ႕ ဆက္​ခံသူကို ​ေျပာပိုင္​ခြင္​့မ႐ွိဘူး အဲ့မိန္​းက​ေလး​ေတြကို ငါ့​ေျမးပိုင္​တယ္​ သူသတ္​ခ်င္​​ေတာင္​သတ္​ခြင္​့႐ွိတယ္​ နင္​႐ွာခဲ့တဲ့ မိန္​းက​ေလး​ေတြက ငါ့​ေျမးအလိုဆနၵကို​ျဖည္​့ဆည္​း​ေပးဖို႔ပဲ ငါ့​ေျမးဘာလုပ္​လုပ္​သူတို႔သည္​းခံရမယ္​"
"ကြၽန္​မမွားသြားပါတယ္​"
"​ေနာက္​တစ္​ပတ္​ အခ်ိန္​ထပ္​​ေပးလိုက္​မယ္​ ငါ​ေျပာတဲ့အခ်က္​​ေတြနဲ႔ကိုက္​ညီတဲ့ မိန္​းက​ေလးကို႐ွာမ​ေတြ႔လို႔က​ေတာ့ ငါ့အ​ေၾကာင္​းသိတယ္​မလား"
"ဟ...ဟုတ္​"
"သြား​ေတာ့"

​ေဒၚ​ေအးၾကည္​ စံအိမ္​အျပင္​​ေရာက္​​ေတာ့
စံအိမ္​ႀကီးကိုျပန္​လွည္​့ၾကည္​့ကာ
"အရမ္​းကို​ေထာင္​လႊား​ေနၾကတာပဲ သူတို႔​ေျမးက ဒီ​ေလာက္​မိန္​းက​ေလး​ေတြျမဴဆြယ္ဖို႔ခက္​​ေနတာ ​ေဂးမ်ား​ေဂး​ေနလားမသိဘူး"
မဲ့ရြာကာ ​ေျပာ​ေနခဲ့လ်က္​

•••••••💛💛💛•••••••

ခ်ဳန္​း လက္​မွတ္​ထိုးရမည္​့စာရြက္​မ်ားအားလက္​မွတ္​ထိုး​ေနရင္​း
"ဒါပဲမလား"
လင္​းအားၾကည္​့ကာ ​ေမးလိုက္​​ေတာ့ ျပဳံးစစျဖစ္​​ေနသျဖင္​့
"မင္​း တစ္​ခုခု​ေျပာစရာ႐ွိလို႔လား"
"ကြၽန္​​ေတာ္​သိခ်င္​​ေနတာ သခင္​​ေလးမိန္​းက​ေလး​ေတြအမ်ားႀကီးကို ဘယ္​လိုမ်ား႐ွင္​းထုတ္​လိုက္​တာလဲ"
"မင္​းအပူပါလို႔လား"
"မပါပါဘူး သခင္​​ေလး ဒါ​ေပမယ္​့ စံအိမ္​ကလူ​ေတြ​ေျပာ​ေနၾကတာ သခင္​​ေလးက...."
ခ်ဳန္​း မ်က္​လုံးကိုလွန္​ၾကည္​့လိုက္​ၿပီး
"ဆက္​​ေျပာ​ေလ"
"သခင္​​ေလးက​ေဂး​ေနတာလား မသိဘူးတဲ့"
လင္​း ရီခ်င္​စိတ္​ကိုထိန္​းကာ​ေျပာလိုက္​ရသည္​
ခ်ဳန္​း မ်က္​ႏွာႀကီးတစ္​ခုလုံးနီရဲသြားစြာ
"ဘာ!!!!!!"
"က်ြန္​​ေတာ္​​ေတာင္​းပန္​ပါတယ္​သခင္​​ေလး"
"ငါ့ဘာသာငါ ​ေနတာကို ​ေဂး​ေနတယ္​​ေပါ့ အဟြန္​႔ ရီစရာပဲ အဲ့မိန္​းမ​ေတြက ဘာမ်ားစြဲမက္​ဖြယ္​​ေကာင္​းလို႔လဲ"
"သခင္မႀကီး​ေတြ​ေရြးခ်ယ္​​ေပးထားတဲ့ မိန္​းက​ေလး​ေတြက လုံးဝအျပစ္​အနာအဆာကင္​းပါတယ္​ ႐ုပ္​ရည္​​ေရာ အရာရာၿပီးျပည္​့စုံ​ေနတဲ့ မိန္​းက​ေလး​ေတြကို သခင္​​ေလးကစိတ္​မဝင္​စားဘူးဆို​ေတာ့....."
"မိန္​းမ​ေတြရဲ႕ မာယာ​ေတြက အရမ္​း​ေၾကာက္​ဖို႔​ေကာင္​းတယ္​"
"သခင္​​ေလးရင္​ထဲမွာ သခင္​​ေလးအ​ေမကိုမုန္​း​ေနတဲ့စိတ္​ကစိုးမိုး​ေနလို႔ပါ မိန္​းက​ေလးတိုင္​း အဲ့လိုမ်ိဳးမဟုတ္​ပါဘူး"
"အဲ့မိန္​းမက ငါ့အ​ေမမဟုတ္​ဘူး ငါ့​ေမြး​ေန႔ကိုအရမ္​းမုန္​းတာ အဲ့မိန္​းမႀကီး​ေၾကာင္​့"
"ကြၽန္​​ေတာ္​စကား​ေျပာမွားသြားပါတယ္​ သခင္​​ေလး"
"ခ်စ္​ျခင္​း​ေမတၱာဆိုတာဘာလဲ ျမင္​မွမျမင္​ႏိုင္​တာ ဟန္​​ေဆာင္​​ေနတာလား တကယ္​့စိတ္​ရင္​းလားဆိုတာ ဘယ္​လိုသိႏိုင္​မွာလဲ
မဟုတ္​ဘူး အခ်စ္​စစ္​အခ်စ္​မွန္​ဆိုတာ တကယ္​မ႐ွိဘူး"
နာၾကည္​းမႈမ်ားစြာႏွင္​့ ​ေျပာ​ေန​ေသာ သခင္​​ေလးအားၾကည္​့ကာ လင္​းဘာမွမ​ေျပာျဖစ္​
သခင္​​ေလးက တျခားသူ​ေတြမ်က္​လုံးထဲမွာ အရာရာျပည္​့စုံ​ေနသည္​့လူျဖစ္​​ေကာင္​းျဖစ္​မယ္​ သို႔​ေပမယ္​့ သခင္​​ေလးဟာ တကယ္​​ေတာ့​ေမတၱာငတ္​​ေနတဲ့လူတစ္​​ေယာက္​
သူ႔ရဲ႕ခံစားခ်က္​အစစ္​အမွန္​​ေတြကို တစ္​ျခားသူကို​ေဖာ္​ျပ​ေလ့မ႐ွိ
သခင္​​ေလးကို ​ေမတၱာစစ္​​ေမတၱာမွန္​​ေပးႏိုင္​သည္​့ မိန္​းက​ေလးမ်ိဳးနဲ႔​ေတာ့ဆုံဆည္​း​ေစခ်င္​မိသည္​

•••••••💙💙💙•••••••

"ကြၽန္​မတကယ္​ အလုပ္​ႀကိဳးစားမွာပါ သူ​ေဌး"
အသံ​ေၾကာင္​့ ​ေဒၚ​ေအးၾကည္​ စား​ေသာက္​​ေနရင္​းမွ​ေမာ့ၾကည္​့မိလိုက္​သည္​
မိန္​းမငယ္​​ေလးတစ္​​ေယာက္​ အရမ္​းလွသည္​
ဘာမွမျပင္​ဆင္​ထားပဲနဲ႔​ေတာင္​ သူမအလွက​​ေပၚလြင္​​ေနလ်က္​
အနည္​းငယ္​ႏြမ္​း​ေနၿပီျဖစ္​​ေသာ ဂါဝန္​​ေလးဝတ္​ထား​ပုံအရ ၾကည္​့ရတာ​​ေငြ​ေရး​ေၾကး​ေရးအဆင္​မ​ေျပသည္​့ပုံ
အသက္​ကလဲ ၂၀ဝန္​းက်င္​​ေလာက္​သာ
.​ေဒၚ​ေအးၾကည္​ မိမိအၾကံနဲ႔မိမိျပဳံးလိုက္​မိသည္​

"တကယ္​အလုပ္​​ႀကိဳးစားမွာပါ ဒါ​ေၾကာင္​့ကြၽန္​မကိုအလုပ္​ခန္​႔​ေပးပါ​ေနာ္​"
မယ္​ စား​ေသာက္​ဆိုင္​တစ္​ခုတြင္​အလုပ္​လာ​ေလ်ွာက္​ျခင္​းပင္​
သို႔​ေပမယ္​့ ဘြဲ႔မရ​ေသးတာ​ေၾကာင္​့ အလုပ္​မခန္​႔ခ်င္​ၾက
လက္​႐ွိမွာ မယ္​ကလည္​းဘာအလုပ္​မွမ႐ွိသျဖင္​့ အလုပ္​သစ္​ရဖို့လို​ေနသည္​​ေလ
"ငါတို႔​ေရးထားတာမျမင္​ဘူးလား ဘြဲ႔ရမွလို႔ နင္​ကအခုမွဒုတိယႏွစ္​႐ွိ​​ေသးတာ"
"ဒါ​ေပမယ္​့ တကယ္​အလုပ္​ႀကိဳးစားပါ့မယ္​ လစာအျပည္​့မ​ေပးလည္​းရပါတယ​္​​ေနာ္​"
"မလိုဘူး ထြက္​သြား​ေတာ့"
​ေျပာမရသည္​့အဆုံးမယ္​ စိတ္​ပ်က္​လက္​ပ်က္​ျဖင္​့ ဆိုင္​ထဲမွထြက္​လာခဲ့သည္​
"ဟင္​းးး ဘာလို႔အလုပ္​႐ွာရတာခက္​​ေနတာလဲ"
"ဒီမွာ မိန္​းက​ေလး"
အ​ေနာက္​​ေခၚသံ​ေၾကာင္​့ မယ္​​ေနာက္​လွည္​့ၾကည္​့လိုက္​ၿပီး
"ကြၽန္​မကို​ေခၚတာလား"
"အင္​း မင္​းကို​ေခၚတာ"
ထိုအ​ေဒၚႀကီးက မယ္​့တစ္​ကိုယ္​လုံးအားသ​ေဘာက်စြာ ၾကည္​့​ေနခဲ့၏
"မင္​းအလုပ္​လိုတယ္​မလား"
"႐ွင္​!!!!!"

•••••••💜💜💜•••••••

မယ္ အခန္​းထဲတြင္​ထိုင္​​ေနကာ ​
"ခုထိအလုပ္​သစ္​ကလည္​း႐ွာမရ​ေသးဘူး ​ေက်ာင္​းတက္​ဖို႔စုထားတဲ့ပိုက္​ဆံကလဲ မမယူသြားၿပီ ဟူးးး ​အလုပ္​ကလဲမရစိတ္​ညစ္​လိုက္​တာ"

"နတ္​မိမယ္​ နင္​ဘယ္​မွာလဲ"
ဧည္​့ခန္​းက ​ေအာ္​သံ​ေၾကာင္​့မယ္​အ​ေျပးအလႊားအျပင္​ထြက္​သြားသည္​
ထမင္​းစားခန္​းတြင္​ မတ္​တပ္​ရပ္​​ေနသည္​့ ​ေဒၚနနၵာ
အဝတ္​အ​ေကာင္​း​ေတြဝတ္​ထားတာကိုၾကည္​့ရတာ အျပင္​သို႔သြားမည္​့ပုံပင္​
"​အန္​တီ အျပင္​သြားမလို႔လား"
"နင္​့​ေစာက္​ပူမပါဘူး ထမင္​းခူး ငါဗိုက္​ဆာၿပီ"
"ဟုတ္​"
မယ္​ ထမင္​းခူး​ေနစဥ္​
"နတ္​မိမယ္​"
"႐ွင္​ အန္​တီ"
"နင္​ အလုပ္​​ေလးလုပ္​ဖို႔မစဥ္​းစားဘူးလား အိမ္​အ​ေျခအ​ေနက ဒီ​ေလာက္​မ​ေကာင္​းတာ နင္​တစ္​ယာက္​ပဲ အိမ္​မွာအားယား​ေနတယ္​"
"မယ္​ အလုပ္​႐ွာ​ေနပါတယ္​"
"ဘာမွ​ေစာက္​သုံးကိုမက်ဘူး အိမ္​မွာ​ဒီလိုပိုက္​ဆံထိုင္​ျဖဳန္​း​ေနမယ္​့အစား ခ်မ္​းသာတဲ့လူကို အမိဖမ္​းလိုက္​​ေပါ့ အဲ့တာမွအက်ိဳး႐ွိဦးမယ္​"
မယ္​ ဘာမွျပန္​မ​ေျပာမိခဲ့
ထမင္​းသာ ခူး​ေပးရင္​း
"ရပါၿပီအန္​တီ"
"​ေတာက္​!!!!!!ဟင္​းကဒါပဲ႐ွိတာလား တစ္​​ေန႔တစ္​​ေန႔ဒီၾကက္​ဥပဲစား​ေနရတာ"
မယ္​ ​ေခါင္​း​ေလးငုံကာ
"​ေတာင္​းပန္​ပါတယ္​ အန္​တီ မယ္​့မွာပိုက္​ဆံမ႐ွိလို႔ပါ"
ခြမ္​း 💥
စားပြဲ​ေပၚကပန္​းကန္​​ေတြအား လြင္​့ပစ္​လိုက္​ၿပီး
မယ္​့ ဆံပင္​အား​ေဆာင္​့ဆြဲလိုက္​သည္​
"အာ့...အန္​တီ...မယ္​....မယ္​နာတယ္​"
"§​ေကာင္​မ နင္​တစ္​ေယာက္​ထဲအ​ေကာင္​းစား​ေနတာမလား ဟမ္​ ငါတို႔ကိုက်ျဖစ္​သလို​ေကြၽးၿပီး"
"မ...မဟုတ္​ရပါဘူး အန္​တီ မယ္​့ပိုက္​ဆံ​ေတြမမယူသြားလို႔ပါ"
"ဘာ!!!!!!နင္​ကမ်ား ငါ့သမီးကိုစြပ္​စြဲရဲတယ္​လား"
ျဖန္​း👋
"​အသုံးကိုမက်ဘူး"
​ေဒၚနနၵာထြက္​သြား​ေတာ့ မယ္​ၾကမ္​းျပင္​​ေပၚတြင္​ျပန္​႔က်ဲ​ေန​ေသာ ထမင္​းမ်ားႏွင္​့ ကြဲ​သြား​ေသာ ပန္​းကန္​မ်ားအား​ေကာက္​သိမ္​းရင္​း
လက္ကို ပန္​ကန္​အကြဲ႐ွမိသည္​
"အာ့!!!!!!"
မယ္​ ထိန္​းထားသည္​့မ်က္​ရည္​မ်ားက ​တားမရဆီးမရ
"အဟင္​့ဟီး အရမ္​းနာတယ္​ ဟင္​့"
သို႔​ေပမယ္​့ ​ေခ်ာ့မည္​့သူမ႐ွိခဲ့......

•••••••💚💚💚•••••••

ဒီ​ေန႔ ​ေဖ​ေဖမနက္​ပိုင္​းအလုပ္​မ႐ွိသျဖင္​့ မနက္​စာစား​ဖို႔အတြက္​ မယ္​ျပင္​ဆင္​​ေပးရင္​း
"​ေဖ​ေဖ အန္​တီ မနက္​စာစားလို႔ရၿပီ"
ထမင္​းစားခန္​းထဲသို႔ဝင္​လာ​ေသာ ​​ေဖ​ေဖႏွင္​့အန္​တီနနၵာ
အန္​တီနနၵာက
"ငါ့သမီး​ေရာ"
"မမ အိပ္​ယာမထ​ေသးပါဘူး"
"ကလ်ာ့အတြက္​ခြဲထားလိုက္​ဦး"
"ဟုတ္​"
မယ္​ မမအတြက္​ မနက္​စာအားခြဲ​ေန​ေတာ့
"သမီးတစ္​ခါထဲဝင္​စားလိုက္​ပါလား"
မယ္​ ​ေဖ​ေဖႏွင္​့အတူစားခ်င္​​ေသာ္​လည္​း ​ေဖ​ေဖ့​ေဘးက အန္​တီနနၵာအားၾကည္​့လိုက္​မိသည္​
"႐ွင္​့သမီးက ဒီထက္​​ေကာင္​းတာ​ေတြစားၿပီး​ေလာက္​ၿပီ ကြၽန္​မတို႔ကိုသာဒါ​ေတြ​ေကြၽး​ေနတာ"
"နနၵာ!!!!!!မင္​းဘယ္​လို​ေျပာလိုက္​တာလဲ"
"ကြၽန္​မ​ေျပာတာ ဘယ္​​ေနရာမွား​ေနလို႔လဲ"
မယ္​ ​ေဖ​ေဖနဲ႔အန္​တီစကားမ်ားမွာစိတ္​ပူ၍
"​ေဖ​ေဖ သမီးခုနကဗိုက္​ဆာတာနဲ႔စားၿပီးပါႁပီ"

"အိမ္​႐ွင္​တို႔....အိမ္​႐ွင္​တို႔"
အျပင္​က​ေခၚသံ​ေၾကာင္​့
"​ေဖ​ေဖတို႔စား​ေနခဲ့ဦး​ေနာ္​ သမီးသြားၾကည့္​လိုက္​ဦးမယ္​"
"​ေအး​ေအး"

မယ္​ အျပင္​ထြက္​ခဲ့​ေတာ့ အ​ေပါက္​ဝမွာရပ္​​ေနစည္​့ လူ၇​ေယာက္​
"ဘယ္​သူနဲ႔​ေတြ႔ခ်င္​လို႔ပါလဲ"
ဒီထဲက လူႀကီးတစ္​​ေယာက္​က
"ဒါ ​ေဒၚနနၵာတို႔အိမ္​မလား"
"ဟုတ္​ပါတယ္​"
"​ေဒၚနနၵာကို​ေခၚ​ေပး"
"ဘာကိစၥလဲမသိဘူး"
"​ေခၚသာ​ေခၚ​ေပးစမ္​းပါ"
"ဟုတ္​"
မယ္​ အိမ္​ထဲသို႔ျပန္​ဝင္​ခဲ့ၿပီး
"အန္​တီ"
"​ေျပာ"
"အန္​တီနဲ႔​ေတြ႔ခ်င္​လို႔ပါတဲ့"
"ဘယ္​သူ​ေတြလဲ"
​ေဒၚနနၵာ အျပင္​ထြက္​သြား​ေတာ့
"သမီး ဘယ္​ကလူ​ေတြလဲ"
"သမီးမသိဘူး​ေဖ​ေဖ ​ေမးတာလဲမ​ေျဖဘူး ၾကည္​့ရတာလူမိုက္​​ေတြလိုပဲ"
ဦးဟိန္​းစံ ဇနီးျဖစ္​သူအားစိတ္​မခ်စြာ အျပင္​သို႔ထြက္​လာခဲ့သည္​

"နင္​တို႔ကို မလာနဲ႔လို႔​ေျပာထားတယ္​​ေလ"
"အစ္​မႂကီး ခင္​ဗ်ားမွပိုက္​ဆံလာမဆပ္​တာ"
"ည​ေနလာဆပ္​မယ္​ ျပန္​​ေတာ့"
ဦးဟိန္​းစံ ထိုသူ​ေတြနဲ႔တိုးတိုး​ေျပာ​ေန​ေသာ ဇနီးျဖစ္​သူထံသြားကာ
"နနၵာသူတို႔ကဘယ္​သူ​ေတြလဲ"
"ၾကည္​့ရတာ ​ေဒၚနနၵာ​ေယာက္​်ားထင္​တယ္​"
"နင္​တို႔တိတ္​တိတ္​​ေန"
​ေဒၚနနၵာ ထိတ္​ထိတ္​လန္​႔လန္​႔ဆိုလိုက္​သည္​
သို့​ေပမယ္​့ ထိုသူ​ေတြကရပ္​မသြား
"ခင္​ဗ်ားကသူ႔​ေယာက္​်ားဆို​ေတာ့ က်ဳပ္​႐ွင္​း႐ွင္​းလင္​းလင္​း​ေျပာလိုက္​မယ္​ ခင္​ဗ်ားမိန္​းမ​ေလာင္​းကစားဝိုင္​းမွာ သိန္​း၅၀အ​ေႂကြးတင္​​ေနတယ္​"
"ဗ်ာ!!!!!"
​ဦးဟိန္​းစံ ဇနီးျဖစ္​သူအားမယုံႏိုင္​စြာၾကည္​့လိုက္​သလို နံ​ေဘးမွာရပ္​​ေန​ေသာ မယ္​မွာလည္​းတအံ့တျသ
"မ...မျဖစ္​ႏိုင္​တာ"
ဦးဟိန္​းစံ ​ေရရြတ္​လိုက္​သည္​
"ဟုတ္​လား မဟုတ္​လား ခင္​ဗ်ားမိန္​းမကို​ေမးၾကည္​့လိုက္​ သတ္​မွတ္​ရက္​အတြင္​း ​ေငြကိုမဆပ္​ႏိုင္​ရင္​ ဒီအိမ္​ကိုက်ဳပ္​တို႔သိမ္​းမယ္​"
"ဗ်ာ...."
"လာ ျပန္​ၾကမယ္​"
ထိုလူ​ေတြထြက္​သြား​ေတာ့ ဦးဟိန္​းစံ ဇနီးျဖစ္​သူဘက္​လွည္​့လိုက္​ၿပီး
"အဲ့တာအမွန္​မဟုတ္​ဘူးမလား အဲ့လူ​ေတြလိမ္​​ေျပာတာမလား"
​ေဒၚနနၵာ ငိုလ်က္​
"ကြၽန္​မမွားသြားပါတယ္​႐ွင္​"
"ဘာ......အာ့"
"​ေဖ​ေဖ!!!!!!!"
မယ္​ လဲက်သြားသည္​့​ေဖ​ေဖ့ထံ​ေျပးသြားလိုက္​ရင္​း

​ေဆး႐ုံတြင္​
မယ္​ သတိ​ေမ့​ေနသည္​့​ေဖ​ေဖ့နားတြင္​ထိုင္​​ေန၍
"ဟင္​့အင္​း.​ေဖ​ေဖ ဘာမွမျဖစ္​ရဘူးမယ္​​ေတာင္​းပန္​ပါတယ္​​ေနာ္​ မယ္​့မွာ​ေဖ​ေဖတစ္​​ေယာက္​ပဲ ႐ွိ​ေတာ့တာ ​ေဖ​ေဖဘာမွမျဖစ္​ရဘူး ဟင္​့"
ဦးဟိန္​းစံ သတိရလ်ွင္​ပဲ ငို​ေန​ေသာသမီးျဖစ္​သူရဲ႕လက္​​ေလးအားျပန္​လည္​ဆုပ္​ကိုင္​လိုက္​ရင္​း
"အငိုသန္​​ေလး"
မယ္​ အ​ေဖျဖစ္​သူအား​ေမာ့ၾကည္​့လိုက္​ၿပီး
"ဟင္​့​ေဖ​ေဖ"
ဖခင္​ျဖစ္​သူအားဖက္​ကာ အားပါးတရငိုလိုက္​မိသည္​
"အဟီးဟင္​့"
"ငါ့သမီးက​ေတာ့ကြာ က​ေလး​ေလးၾကလို႔ မငိုနဲ႔​ေတာ့​ေနာ္​ ​ေဖ​ေဖဘာမွမျဖစ္​​ေတာ့ဘူး"
ခဏ​ေန​ေတာ့ တာဝန္​က်ဆရာ​ဝန္​ကလာကာ စစ္​​ေဆးၾကည္​့​ေနရင္​း
"​သမီး ​ေဖ​ေဖ ၾကက္​သားစြပ္​ျပဳတ္​​ေသာက္​ခ်င္​တယ္​"
"​ေဖ​ေဖကလဲ ခဏ​ေနမွ သမီးသြားလုပ္​လိုက္​မယ္​​ေလ"
"​ေဖ​ေဖက ဗိုက္​ဆာ​ေနၿပီသမီးရဲ႕"
မယ္​ ​ေဖ​ေဖအားစိတ္​မခ်စြာ လွည္​့ၾကည္​့လွည္​့ၾကည္​့ႏွင္​့ သြားလိုက္​ရသည္​

သမီးျဖစ္​သူထြက္​သြား​ေတာ့ ဦးဟိန္​းစံတာဝန္​က်ဆရာဝန္​အား
"ကြၽန္​​ေတာ္​ ဘယ္​​ေလာက္​ၾကာအသက္​႐ွင္​ႏိုင္​လဲဆရာ"
ဆရာဝန္​က စိတ္​မ​ေကာင္​းစြာၾကည္​့၍
"အလြန္​ဆုံး ၆လပါ"
ဦးဟိန္​းစံဝမ္​းနည္​းစြာ ျပဳံးလိုက္​ၿပီး
"ကြၽန္​​ေတာ္​​ေသရမွာ မ​ေၾကာက္​ပါဘူး ဒါ​ေပမယ္​့ကြၽန္​​ေတာ္​့သမီး​ေလးကို​ေတာ့ အရမ္​းစိတ္​ပူတယ္​ ကြၽန္​​ေတာ္​မ႐ွိ​ေတာ့ရင္​ သူ႔မွာ ဘယ္​သူမွ႐ွိ​ေတာ့မွာမဟုတ္​ဘူး"

•••••••❤❤❤•••••••

မယ္​ ​ေဖ့​ေဖ့အတြက္​ၾကက္​သားစြပ္​ျပဳတ္​လုပ္​​ေနရင္​း
စိတ္​ထဲတြင္​သတိရသြားမိသည္​က ​ေဒၚ​ေအးၾကည္​ဆို​ေသာ အမ်ိဳးသမီးႀကီး

💭💭💭💭💭
"မင္​း အလုပ္​တစ္​ခုခု႐ွာ​ေနတယ္​မလား"
"႐ွင္​"
"ခုနက.အမွတ္​မထင္​ၾကားလိုက္​လို႔ပါ"
"​ေျသာ္​"
"မင္​းလို​ေနတဲ့ အလုပ္​ငါ​ေပးႏိုင္​တယ္​ လစာလဲမင္​းလုပ္​​ေနၾကအလုပ္​ထက္​ပိုမ်ား​ေစရမယ္​ဘယ္​လိုလဲ"
"ကြၽန္​မက ဘြဲ႔​ေတာင္​မ​ရ​ေသးဘူး"
"ငါ​ေပးမယ္​့အလုပ္​က ဘြဲ႔မလိုဘူး"
မယ္​ ထိုအ​ေဒၚႀကီးအားမသကၤာလာစြာ
"ဟင္​့အင္​းရပါတယ္​"
မယ္​ ျငင္​းကာထြက္​လာခဲ့​ေတာ့
"ခဏ​ေနပါဦး"
ထိုအ​ေဒၚႀကီးက မယ္​​ေ႐ွ႕လာရပ္​ကာ
"ငါ့လိပ္​စာကဒ္​ယူထားလိုက္​ပါ မင္​းလိုရင္​ဆက္​သြယ္​ရတာ​ေပါ့"
"႐ွင္​​ေျပာတဲ့အလုပ္​က မ​ေကာင္​းတဲ့အလုပ္​လား မဟုတ္​မွ...."
"မင္​းအ​ေတြးလြန္​​ၿပီ မင္​းထင္​​ေနတာ​ေတြမဟုတ္​ဘူး မင္​းလုပ္​ရမွာကဘုရင္​့နန္​း​ေတာ္​စံအိမ္​ႀကီးရဲ႕ သခင္​​ေလးကို ဂ႐ုစိုက္​​ေပးဖို႔ပဲ"
"႐ွင္​!!!!!!"
💭💭💭💭💭

မယ္​ သတိရလာကာ အခန္​းထဲတြင္​ ထိုမိန္​းမႀကီး၏လိပ္​စာကဒ္​အား႐ွာ​ေဖြခဲ့ရင္​း
"ဘယ္​မွာပါလိမ္​့"
မယ္​ အခန္​းထဲႏွံ​့​ေန​ေအာင္​႐ွာရင္​း
"ငါ မလြင္​့ပစ္​ရ​ေသးပါဘူး"
မယ္​စားပြဲနဲ႔ကုတင္​​ေအာက္​​ေတြ႐ွာ​ေတာ့မွာ စားပြဲ​ေအာက္​မွာက်​ေန​ေသာ လိပ္​စာကဒ္​​ေလး

မယ္​ လမ္​းထိပ္​မွာ႐ွိတဲ့ အမ်ားသုံးPhoneနဲ႔ ထိုအ​ေဒၚႀကီးထံPhဆက္​လိုက္​သည္​
တီ....တီ.....တီ
"ဟဲလို"
"ဟို အန္​တီ ဟို​ေန႔က​ေျပာတဲ့အလုပ္​အ​ေၾကာင္​း သိခ်င္​လို႔ပါ "
"​ေျသာ္​ <......>ကိုလာခဲ့​ေလ"
"ဘယ္​ခ်ိန္​​ေလာက္​လဲ"
"ခုလာလဲရတယ္​"
"ဟုတ္​ မယ္​ခုလာခဲ့ပါ့မယ္​"

မယ္​ ထိုအ​ေဒၚႀကီး​ေျပာသည္​့​ ဆိုင္​သို့လာခဲ့သည္​
"ထိုင္​​ေလ"
"ဟုတ္​"
မယ္​ သူနဲ႔မ်က္​ႏွာခ်င္​းဆိုင္​မွာဝင္​ထိုင္​လိုက္​သည္​
"မယ္​ အလုပ္​ကိစၥ​ေလးသိခ်င္​လို႔ပါ"
"မင္​းနာမည္​က....နတ္​မိမယ္​မလား"
"႐ွင္​"
မယ့္နာမည္​ကိုသိ​ေန​ေသာ​ေၾကာင္​့ အနည္​းငယ္​​ေတာ့အံ့ျသမိသြားသည္​
"မအံ့ျသပါနဲ႔ မင္​းအ​ေၾကာင္​းကို နည္​းနည္​း​ေတာ့စုံစမ္​းထားရတာ​ေပါ့"
"မယ္​ လုပ္​ရမယ္​့အလုပ္​က ဘာအလုပ္​လည္​း လစာက​ေရာ ဘယ္​​ေလာက္​ရမွာလဲ"
"မင္​းလုပ္​ရမွာက တစ္​ခုထဲပဲ အဲ့တာကဘုရင္​့နန္​း​ေတာ္​စံအိမ္​ႀကီးရဲ႕ ဆက္​ခံသူသခင္​​ေလးကို မင္​းဂ႐ုစိုက္​​ေပးရမယ္"
"ဂ႐ုစိုက္​​ေပးရမယ္​ဆိုတာက ဘယ္​လိုမ်ိဳးကို​ေျပာတာလဲ"
"မင္​းက သူ႔ရဲ႕​ေန႔စဥ္​တာဝန္​​ေတြကို လုပ္​​ေပးရမယ္​ မင္​းသူ႔တစ္​​ေယာက္​တည္​းကို ဂ႐ုစိုက္​​ေပး႐ုံပဲ"
"သူက က်န္​းမာ​ေရးမ​ေကာင္​းလို႔လား"
"မဟုတ္​ဘူး"
"ဒါဆို ဘာလို႔လဲ"
"မင္​းသိလာလိမ္​့မယ္​"
မယ္​ နားမလည္​စြာျဖင္​့
"ဘာလို႔မယ္​ ျဖစ္​ရတာလဲ"
​ေဒၚ​ေအးၾကည္​ျပဳံးလိုက္​ၿပီး
"မင္​းက သူတို႔​ေျပာတဲ့အခ်က္​အလက္​​ေတြနဲ႔ကိုက္​ၫီတယ္​​ေလ"
"မယ္​ သိပ္​နားမလည္​ဘူး"
"ျဖည္​းျဖည္​းခ်င္​း​ေပါ့ မင္​းနားလည္​သြားလိမ္​့မယ္​"
"........."
"လစာက တစ္​လကို၁၀သိန္​း"
"႐ွင္​😳😳😳"
မယ္​ မ်က္​လုံးပင္​ျပဴးသြားရသည္​
"ဆယ္​...ဆယ္​သိန္​းဟုတ္​လား"
"ဟုတ္​တယ္​ မင္​းဒီအလုပ္​ကိုလက္​ခံရင္​ မင္​းလိုတဲ့​ေငြပမာဏ ငါခ်က္​ခ်င္​းထုတ္​​ေပးမယ္​ ဒါ​ေပမယ္​့ မင္​းစာခ်ဳပ္​မွာလက္​မွတ္​ထိုးရမယ္​ မင္​းလုပ္​သက္​လမျပည္​့မခ်င္​း မင္​းအလုပ္​မထြက္​ရဘူး ဘယ္​လိုလဲ"
မယ္​ ​ေခတၱစဥ္​းစားလိုက္​မိသည္​
မယ္​ ​ေဖ​ေဖ့ကိုစိတ္​မပူ​ေစခ်င္​
မယ္​သာဒီအလုပ္​ကိုလက္​ခံလိုက္​ရင္​ ​အ​ေႂကြးလည္​း​ေၾကမယ္​ ​ေဖ​ေဖလည္​းအလုပ္​​ေတြအမ်ားႀကီးလုပ္​စရာမလို​ေတာ့ဘူး
"မယ္​...လက္​ခံပါတယ္​"
မယ္​ လက္​ခံလိုက္​​ေတာ့ မယ္​​ေ႐ွ႕လက္မွတ္ထိုးရန္​​​စာရြက္​စာတမ္​း​ေတြခ်​ေပးလာသည္​
"မင္​းအဲ့မွာလက္​မွတ္​ထိုးလိုက္​႐ုံပဲ"
စာရြက္​က၆ရြက္​​ေလာက္​႐ွိကာ မယ္​ဖတ္​ၾကည္​့​ေနမိသည္​
"မင္​း ဘယ္​​ေလာက္​လိုခ်င္​လဲ"
"သိန္​း၅၀"
"Ok"
ထိုမိန္​းမႀကီးက စားပြဲ​ေပၚပိုက္​ဆံအထပ္​လိုက္​ခ်​ေပးလိုက္​ၿပီး
"စစ္​ၾကည္​့လိုက္​ပါဦး ၿပီးရင္​လက္​မွတ္​ထိုး​ေပး ငါ့မွာအခ်ိန္​မ႐ွိဘူး"
"ဟုတ္​"
မယ္​ ဖတ္​လက္​စအားရပ္​ကာ လက္​မွတ္​ထိုးလိုက္​သည္​
ထို႔​ေနာက္​ပိုက္​ဆံအား​ေရကာ
"ဟုတ္​ျပည္​့ပါတယ္​"
"မနက္​ျဖန္​ကစၿပီး မင္​းဘုရင္​့နန္​း​ေတာ္​စံအိမ္​ကို ​ေျပာင္​းရမယ္​"
"႐ွင္​!!!!!!"

•••••••💗💗💗•••••••

"​ေဖ​ေဖ"
မယ္​ အသီးခြဲ​ေနရင္​း ​ေဖ​ေဖ့အား​ေခၚလိုက္​မိ၏
"​ေျပာ​ေလ"
မယ္​ အိတ္​ထဲက ပိုက္​ဆံထပ္​​ေလးအား​ေဖ​ေဖ့အား​ေပးလိုက္​ၿပီး
"ဒီပိုက္​ဆံ​ေတြနဲ႔ အန္​တီ့အ​ေႂကြး​ေတြကိုဆပ္​လိုက္​ပါ"
ဦးဟိန္​းစံ ပိုက္​ဆံ​ေတြအားၾကည္​့လိုက္​ၿပီး
"ဒီပိုက္​ဆံ​ေတြကို ဘယ္​ကရလာတာလဲ အ​ေဖ့ကိုအမွန္​အတိုင္​း​ေျပာ"
"အ​ေဖကလဲ တကယ္​​ေတာ့သမီး သူငယ္​ခ်င္​းတစ္​​ေယာက္​က တျခားၿမိဳ႕မွာ အလုပ္​သြားလုပ္​​ေနတာ သူကအလုပ္​အရမ္​းျဖစ္​တယ္​အဲ့တာ....သူ႔ဆီက​ေခ်းထားတာပါ"
​ေတာင္​းပန္​ပါတယ္​​ေဖ​ေဖ မယ္​မလိမ္​ခ်င္​​ေပမယ္​့ အ​ေျခအ​ေနအရပါ
"ဘယ္​သူလဲ ​ေယာက္​်ားလားမိန္​းမလား"
"မိန္​းက​ေလးပါ.​ေဖ​ေဖ သမီးကိုသူနဲ႔အလုပ္​အတူတူလုပ္​ဖို႔​ေခၚ​ေနတယ္​ မယ္​ သူနဲ႔အလုပ္​သြားလုပ္​မလို႔"
"မရဘူး ​ေဖ​ေဖခြင္​့မျပဳႏိုင္​ဘူး"
ဦးဟိန္​းစံျငင္​းလိုက္​မိသည္​
အသက္​႐ွင္​ရတဲ့ အခ်ိန္​​ေလးမွာ သမီး​ေလးနဲ႔အတူ႐ွိခြင္​့ရခ်င္​မိသည္​
"​ေဖ​ေဖကလဲ သိပ္​မၾကာပါဘူး သမီးကလတိုင္​းျပန္​ခဲ့မွာကို"
"​ေဖ​ေဖခြင္​့မျပဳႏိုင္​ဘူး စိတ္​မခ်ဘူး ၿပီး​ေတာ့ဒီ​ေလာက္​​ေငြ​ေတြအမ်ားႀကီး​ေခ်း​ေပးတာ ရည္​ရြယ္​ခ်က္​႐ွိရမယ္​"
မယ္​ ငိုခ်င္​စိတ္​ကိုထိန္​းရင္​း
"​ေဖ​ေဖကလဲ အ​ေတြးလြန္​​ေနျပန္​ၿပီ သမီးသူငယ္​ခ်င္​းကကုမၸဏီအႀကီးႀကီးမွာ ရာထူးႀကီးတယ္​​ေလ အဲ့တာသမီးကို အလုပ္​သြင္​း​ေပးမယ္​တဲ့"
"ဒါ​ေပမယ္​့သမီးရယ္​ မသြားပါနဲ႔လား"
"​ေဖ​ေဖကလဲ သမီးလဲ​ေဖ​ေဖနဲ႔မခြဲခ်င္​ပါဘူး ဒါ​ေပမယ္​့ သမီး​ေဖ​ေဖ့ကိုတစ္​လွည္​့ျပန္​လုပ္​​ေကြၽးခ်င္​တယ္​"
ဦးဟိန္​းစံ မယ္​့​ေခါင္​း​ေလးအားပုတ္​လိုက္​ၿပီး
"အ​ေဖမ​ေသခင္​ သမီး​ေလးကို ဘြဲ႔ဝတ္​စုံ​ေလးနဲ႔ျမင္​သြားခ်င္​တယ္​"
"​ေဖ​ေဖကလဲ စိတ္​ခ် သမီးအလုပ္​​ေတြမ်ားႂကီးလုပ္​ၿပီး ပိုက္​ဆံစုမိရင္​ ​ေက်ာင္​းျပန္​တက္​မွာ​ေလ အဲ့က်သမီးဘြဲ႔ရရင္​ ​ေဖ​ေဖနဲ႔ဓာတ္​ပုံ​ေတြမ်ားႀကီး႐ိုက္​မယ္"
စိတ္​ကူးယဥ္​ကာ​ေျပာျပ​ေနသည္​့ သမီးျဖစ္​သူအားၾကည္​့ကာ ရင္ထဲမွာ​ေတာ့ငိူ​ေႂကြး​ေနမိလ်က္​သမီးဘြဲယူတဲ့​ေန႔ထိ​ေနခ်င္​​ေပမယ္​့ အဆုတ္​ကင္​ဆာကအ​ေျခအ​ေနဆိုး​ေနၿပီျဖစ္​ကာ အသက္​႐ွင္​ႏိုင္​မွ အလြန္​ဆုံး​ေျခာက္​လတဲ့​ေလ
ဒီသမီး​ေလးကို ဘယ္​လိုစိတ္​ခ်ထားခဲ့ႏိုင္​ပါ့မလဲကြယ္​
​ေတာင္​းပန္​ပါတယ္​သမီးရယ္​ အ​ေဖကဖခင္​​ေကာင္​းတစ္​​ေယာက္​မျဖစ္​ခဲ့ဘူး
"​ေဖ​ေဖ သမီးကိုသြားခြင္​့ျပဳပါ​ေနာ္​"
ဦးဟိန္​းစံ ခြင္​့မျပဳခ်င္​​ေပမယ္​့လည္​း......
"သမီးသြားခ်င္​ရင္​ သြားပါကြယ္​ဒါ​ေပမယ္​့ သမီးအဆင္​မ​ေျပရင္​ ျပန္​လာခဲ့​ေနာ္​ ၿပီး​ေတာ့တစ္​လတစ္​​ေခါက္​​ေလာက္​​ေတာ့ျပန္​လာခဲ့​ေပး​ေနာ္​"
"ဟုတ္​ကဲ့​ေဖ​ေဖ"
မယ္​ ​ေဖ​ေဖ့အားဖက္​ကာ အသံတိတ္​ငို​ေႂကြးလိုက္​မိသည္​
သမီး ​ေဖ​ေဖနဲ႔မခြဲခ်င္​ဘူး

•••••••💖💖💖•••••••

"​ေရာက္​ၿပီ"
အ​ေဒၚႀကီးစကား​ေၾကာင္​့ မယ္​​ေဘးဘီသို႔ၾကည္​့လိုက္​မိသည္​
စံအိမ္​ႀကီးက ၿမိဳ႕နဲ႔ခပ္​လွမ္​းလွမ္​းမွာတသီးတျခား႐ွိ​ေနသည္​​ေလ
🏰ဘုရင္​့နန္​း​ေတာ္​🏰
အ​ေပါက္​ဝမွာထြင္​းထုထားသာ ​ေရႊ​ေရာင္​စာလုံးမ်ား
​ေ႐ွ႕​ေခတ္​ကနန္​း​ေတာ္​ႀကီးအလားထင္​မွတ္​ရ​ေအာင္​ပင္​ ခမ္​းနားထည္​ဝါလွသည္​
ဂ်ိမ္​း
တံခါးခ်ပ္​ႀကီးပြင္​့သြားကာ မ်က္​လုံးထဲျမင္​​ေနရသည္​မ်ားက တျခားကမၻာသို႔​ေရာက္​​ေနသလိုပင္​
ကားႀကီးက ကြန္​ဂရစ္​လမ္​းႀကီးအတြင္​းျဖတ္​ကာ​ေမာင္​းသြားသည္​
မယ္​ ကား​ေပၚက​ေန တအံ့တျသ​ေငး​ေမာၾကည္​့ရင္​း
က်ယ္​ဝန္​းလွ​ေသာ ျခံႀကီး မယ္​ျခံဝန္​းႀကီးရဲ႕အဆုံးကို မျမင္​ႏိုင္​​ေလာက္​​ေအာင္​ပင္​
တူညီဝတ္​စုံမ်ားျဖင္​့ အလုပ္​သမား​ေတြကလဲ ​ေနရာတိုင္​းလိုလို
မယ္​တို႔စီးလာသည္​့ကားႀကီးက ​ေရပန္​းႀကီး​ေ႐ွ႕တြင္​ရပ္​လိုက္​ကာ
"ဆင္​းလို႔ရၿပီ"
မယ္​ အထုပ္​​ေလးအားဆြဲကာ ဆင္​းလိုက္​ရင္​း
ပတ္​ဝန္​းက်င္​ကိုတ​ေမ့တ​ေျမာၾကည္​့​ေနမိသည္​
"ငါ့​ေနာက္​လိုက္​ခဲ့"
မယ္​တို႔ ​​ေလွကားထစ္​မ်ားအတိုင္​းတက္​သြား​ေတာ့ ကႏုတ္​ပန္​းမ်ားျဖင္​့ လွပစြာပုံ​ေဖာ္​ထားသည္​့ကြၽန္​းတံခါးႀကီး
အ​ေပါက္​ဝက လူ​ေတြက တံခါးအားဖြင္​့​ေပးလိုက္​​ေတာ့ မယ္​တို႔အထဲကိုဝင္​ခဲ့ၾကသည္​
မွန္​တစ္​ခ်ပ္​ပမာ ​ေျပာင္​လက္​​ေန​ေသာ အခင္​းမ်ား
အျပင္​အဆင္​မ်ားအားၾကည္​့ကာ မယ္​အံ့အားသင္​့​ေနရသည္​
မယ္​တို႔ကြၽန္​း​ေလွကားႀကီးအတိုင္​းတက္​သြားကာ အခန္​းတစ္​ခု​ေ႐ွ႕၌ရပ္​လိုက္​၏
ခဏ​ေန​ေတာ့ တံခါးဖြင္​့​ေပးကာ အထဲသို႔ဝင္​လာခဲ့ရသည္​
"သခင္​မ​ႀကီး ကြၽန္​မတို႔​ေရာက္​လာပါၿပီ"
​ေဒၚ​ေအးၾကည္​က ၾကမ္​းျပင္​​ေပၚထိုင္​လိုက္​​ေသာ​ေၾကာင္​့ မယ္​အ​ေနာက္​က​ေနကုပ္​ကုပ္​​ေလးလိုက္​ထိုင္​ရင္​း
"သူလား"
ျသဇာ အာဏာႀကီးမားမည္​့ အမ်ိဳးသမီးတစ္​​ေယာက္​အသံ
သို႔​ေပမယ္​့ မယ္​​ေမာ့မၾကည္​့ရဲ
"​ေခါင္​း​ေမာ့"
​ေဒၚ​ေအးၾကည္​ နံ​ေဘးကမယ္​အားလက္​တို႔လိုက္​မွ မယ္​ထိတ္​ထိတ္​လန္​႔လန္​႔ျဖင္​့ ​ေခါင္​း​ေမာ့ကာၾကည္​့မိလိုက္​သည္​
ထိုအမ်ိဳးသမီးက မယ္​့အားၾကည္​့ကာ သ​ေဘာက်သလိုျပဳံးလိုက္​ႁပီး
"မဆိုးဘူး"
မယ္​ မဝံ့မရဲလွမ္​းၾကည္​့မိလိုက္​သည္​
ကြၽန္​းထိုင္​ခုံႀကီး​ေပၚမွာထိုင္​​ေနသည္​့မိန္​းမႏွစ္​​ေယာက္​
အျပင္​အဆင္​​ေတြနဲ႔ ႐ုပ္​ရည္​​ေတြကအရမ္​းက်င္​သ​ေရ႐ွိလွသည္​
"မင္​းနာမည္​ဘယ္​လို​ေခၚလဲ"
"နတ္​မိမယ္​ပါ"
"​ေမခင္​"
"႐ွင္​ သခင္​မႀကီး"
မယ္​အနား အမ်ိဳးသမီးတစ္​​ေယာက္​ထိုင္​လိုက္​သည္​
"ဒီ​ေကာင္​မ​ေလးကို ​​ေခၚသြားၿပီး ျပင္​ဆင္​​ေပးလိုက္​ပါ ၿပီး​ေတာ့ဒီအိမ္​​ေတာ္​ႀကီးရဲ႕စည္​းကမ္​း​ေတြနဲ႔ လိုအပ္​တာ​ေတြသင္​​ေပးလိုက္​ပါ"
"ဟုတ္​ကဲ့"
​ေဒၚ​ေမခင္​ မယ္​့ဘက္​လွည္​့လိုက္​ၿပီး
"အ​ေနာက္​ကလိုက္​ခဲ့"
မယ္​ ကိုယ္​ကိုကိုင္​းကာ ထြက္​လာခဲ့ၿပီး အမ်ိဳးသမီးတစ္​ဦး​ေနာက္​လိုက္​လာခဲ့ရသည္​

စံအိမ္​ႀကီးရဲ႕အျပင္ဘက္​ ​ေတာင္​ဘက္​ကအ​ေဆာက္​အဦးထဲဝင္​လာခဲ့သည္​
ဒီ​ေနရာက အလုပ္​သမား​ေတြထားတဲ့​ေနရာျဖစ္​ရမည္​
​ဒါ​ေတာင္​​ေတာ္​​ေတာ္​ခမ္​းနားတာပဲ ဟု​ေတြးရင္​း
အခန္​းတစ္​ခန္​း​ေ႐ွ႕အ​ေရာက္​
"ဒါက မိန္​းက​ေလး​ေနရမယ္​့အခန္​းပါ"
"႐ွင္​"
မယ္​ အခန္​းထဲ​ေဝ့ဝိုက္​ၾကည္​့လိုက္​မိသည္​
အခန္​း​ဆို​ေပမယ္​့ မယ္​တို႔အိမ္​ထက္​လည္​းက်ယ္​ကာ သပ္​သပ္​ရရပ္​ရပ္​
"အထဲဝင္​ပါမိန္​းက​ေလး"
"ဟို...ဟိုအခန္​းက​ေကာင္​းလြန္​းမ​ေနဘူးလား"
"အထဲဝင္​ပါ"
မယ္​ ဘာမွထပ္​မ​ေျပာရဲပဲ အခန္​းထဲသို႔ဝင္​လာခဲ့ရသည္​
"မိန္​းက​ေလး ​ေရခ်ိဳးရပါမယ္​ သခင္​​ေလးက၄နာရီ​ေလာက္​ဆို ျပန္​​ေရာက္​ပါတယ္​"
"​ေျသာ္​"
​ေဒၚ​ေမခင္​ အ​ေနာက္​က​ေကာင္​မ​ေလးႏွစ္​ဦးအား
"မိန္​းက​ေလးကို ကူ​ေပးလိုက္​ပါ"
"ဟုတ္​"
"ဟင္​....မ..မလိုပါဘူး"
"အခ်ိန္​မ႐ွိပါဘူး မိန္​းက​ေလး"
မယ္​​ေခါင္​းသာညိမ္​့လိုက္​ရသည္​
​ေရခ်ိဳးခန္​းတြင္​ထိုမိန္​းက​ေလးႏွစ္​ဦးက ​ေရခ်ိဳးဖို႔ျပင္​ဆင္​​ေပး၍

မယ္​​ေရခ်ိဳးၿပီးအျပင္​ထြက္​ခဲ့​ေတာ့
"ဒီမွာ ထိုင္​ပါ မိန္​းက​ေလး"
အလွကုန္​ပစၥည္​းမ်ားစြာတင္​ထား​ေသာ လွပသည္​့မွန္​တင္​ခုံ​ေ႐ွ႕တြင္​မယ္​ထိုင္​လိုက္​​ေတာ့ ​ေကာင္​မ​ေလးႏွစ္​​ေယာက္​က မယ္​့မ်က္​ႏွာအားျခယ္​သ​ေပးရင္​း
အကုန္​ၿပီးသြား​ေတာ့ မယ္​ကိုယ္​့မ်က္​ႏွာကို မွန္​ထဲသို႔ၾကည္​့မိလိုက္​သည္​
မယ္​ သူတို႔ဘာ​ေတြလုပ္​​ေနလဲဆိုတာနားမလည္​
မယ္​မွားမ်ားမွားသြားၿပီလား
"မိန္​းက​ေလး ၿပီးရင္​ဒီဝတ္​စုံဝတ္​ရပါမယ္​"
မယ္​ ၾကည္​့လိုက္​​ေတာ့ ​​ေျပာင္​လက္​​ေနသည္​့အနီ​ေရာင္​ဂါဝန္​​ေလး
ႀကိဳးတစ္​​ေခ်ာင္​းဂါဝန္​​ေလးျဖစ္​သျဖင္​့ မယ္​မဝတ္​ရဲစြာ
"ဟို​ေလ ႀကီး​ေမ"
​ေမခင္​ သူ႔အားတ႐ိုတ​ေသ​ေခၚလိုက္​သည္​့​ေကာင္​မ​ေလးအားၾကည္​့လိုက္​မိသည္​
"ႀကီး​ေမလို႔​ေခၚမယ္​​ေနာ္​ အက်ႌက​ေလ အရမ္​း​ေပၚ​ေနတာမယ္​မဝတ္​ရဲဘူး တျခားဝတ္​စုံဝတ္​လို႔ရမလား"
​ေမခင္​ အနည္​းငယ္​လုံ​ေသာဝတ္​စုံ​ေလးအား​ေရြး​ေပးလိုက္​သည္​
"​ေက်းဇူးပါပဲ ႀကီး​ေမ"
"အဝတ္​လွဲခန္​းကဒီဘက္​မွာပါ"
မယ္​ အဝတ္​အစားလွဲၿပီး​ေတာ့ က်ဳယ္​့ကိုကိုယ္​မွန္​ထဲျပန္​ၾကည္​့မိလိုက္​သည္​
ပန္​းႏု​ေရာင္​ ဇာဂါဝန္​ဝဲဝဲ​ေလး
မယ္​ရဲ႕ ​ေရလႈိင္​းသ႑ာန္​ဆံႏြယ္​​ေတြကို ျဖန္​႔ခ်ထားကာ.အ​ေနာက္​တြင္​​ေက်ာက္​ကလစ္​​ေလးပန္​​ေပးထားသည္​
မယ္​ ကိုယ္​့ကိုကိုယ္​ၾကည္​့ကာ.သက္​ျပင္​းခ်လိုက္​မိသည္​
မယ္​့ဘဝက​ေန႔ခ်င္​းညခ်င္​း​ေျပာင္​းလဲသြားခဲ့ရသည္​မလား မနက္​ျဖန္​ဆို ဘာျဖစ္​ဦးမွာလဲမသိဘူး

မယ္​ အျပင္​သို႔ထြက္​ခဲ့​ေတာ့
"မိန္​းက​ေလး"
မယ္​ အ​ေနခက္​စြာ ရီလိုက္​ၿပီး
"ဟို​ေလ မယ္​့ကို မိန္​းက​ေလးလို႔မ​ေခၚပါနဲ႔လား မယ္​လို႔​ေခၚရင္​ရပါတယ္​"
"ကြၽန္​မမွာ​ေခၚခြင္​့မ႐ွိပါဘူး"
မယ္​အ​ေနခက္​စြာ သက္​ျပင္​း​ေလးခ်လိုက္​မိသည္​
​ေဒၚ​ေမခင္​စာအုပ္​တစ္​အုပ္​အားကမ္​း​ေပးလာၿပီး
"ဒါက သခင္​​ေလးနဲ႔ပ​တ္​သက္​ၿပီးသိထားရမယ္​့အခ်က္​​ေတြပါ"
"ဟင္​"
"သခင္​​ေလး ျပန္​လာရင္​လိ​ေမၼာ္​ရည္​​ေသာက္​​ေလ့႐ွိပါတယ္​ အရမ္​းႀကီးမခ်ိဳရသလို ခ​်ဥ္​လဲမခ်ဥ္​ရပါဘူး ​ေရခဲတုံး၄တုံးပဲထည္​့ရပါမယ္​"
"ဟင္​ ဂ်ီးမ်ားလိုက္​တာ"
မယ္​ ​ေရရြတ္​လိုက္​မိသည္​
ဒါကို ​ေဒၚ​ေမခင္​ၾကားျဖစ္​​ေအာင္​ၾကားကာ
"သခင္​​ေလးကို ​ေျပာခြင္​့မ႐ွိပါဘူး"
မယ္​ပါးစပ္​​ေလးအားပိတ္​ရင္​း
"သခင္​​ေလးျပန္​လာဖို႔ ၁နာရီခြဲလိုပါ​ေသးတယ္​အဲ့အတြင္​း သခင္​​ေလးနဲ႔ပတ္​သက္​တဲ့အ​ေသးစိတ္​ကိုဖတ္​ထားပါ"
"႐ွင္​.....ဟုတ္​"

•••••••💓💓💓•••••••

မယ္​ ထိုစံအိမ္​ရဲ႕သခင္​​ေလးဆိုသူျပန္​လာသည္​ကို​ေစာင္​့ရင္​း
"ခဏ​ေန သခင္​​ေလးျပန္​လာပါလိမ္​့မယ္​"
မယ္​ စံအိမ္​ထဲ ဟိုဟိုဒီဒီလွည္​့ပတ္​ၾကည္​့မိသည္​
ဧည္​့ခန္​းရဲ႕ အလယ္​မွာခ်ိတ္​ဆြဲထားသည္​့ ​ေရႊမွန္​​ေဘာင္​သြင္​းထားသည္​့ ပုံထံမယ္​့အာ႐ုံ​ေတြ​ေရာက္​သြားရသည္​
သခင္​မႀကီးနွစ္​​ေယာက္​ကထိုင္​ေ​နကာ အ​ေနာက္​တြင္​မတ္​တပ္​ရပ္​​ေန​ေသာသူတစ္​​ေယာက္​
"ဒါသခင္​​ေလးဆိုတဲ့သူ ျဖစ္​ရမယ္​"
မယ္​ ထိုဓာတ္​ပုံအား​ေသခ်ာစြာၾကည္​့​ေနမိစည္​
ထူထဲ​ေသာ မ်က္​ခုံး စူး႐ွ​ေသာမ်က္​ဝန္​းတစ္​စုံက ညႇိဳ႕အားျပင္​းစြာ
စင္​းက်​ေန​ေသာ ႏွာတံႏွင္​့အတူ ​အရီအျပဳံးကင္​းမဲ့​ေသာႏႈတ္​ခမ္​း​ေတြက နီရဲ​ေနလ်ကိ
ျခဳံၾကည္​့လိုက္​လ်ွင္​ ထိုသူကအရမ္​းထက္​ျမက္​မည္​့ပုံ​ေပၚသည္​
ပုံၾကည္​့႐ုံနဲ႔တင္​ သူ႔ရဲ႕အ႐ွိန္​အဝါကိုခန္​႔မွန္​းႏိုင္​သည္​မလား
သခင္​​ေလးျဖစ္​ထိုက္​ပါတယ္​​ေလ
မယ္​​ေတြး​ေနရင္​း
"ငါ သူ႔ကိုတစ္​​ေနရာရာမွာ​ေတြ႔ဖူးသလိုပဲ ဘယ္​​ေနရာမွာပါလိမ္​့"
မယ္​​စဥ္​းစားလိုက္​​ေတာ့
"ဟိုလူ ​ေမ့လဲ​ေနတဲ့သူ 😱"
မယ္​ အနည္​းငယ္​လန္​႔သြားရသည္​
သူငါ့ကိုမွတ္​မိ​ေနရင္​ ဘယ္​လိုလုပ္​ရမလဲ
ငါ့ကိုသတ္​မွာလား အျပစ္​​ေပးမွာလား
​ေသခ်ာတာက​ေတာ့ ငါလြတ္​လမ္​းမ႐ွိဘူး
ငါဘာလို႔ လ်ွာ႐ွည္​မိခဲ့ရပါလိမ္​့
မယ္​ ကိုယ္​့အ​ေတြးနဲ႔ကိုယ္​ျဖင္​့

ခ်ဳန္​း အိမ္​ထဲသို႔ဝင္​ခဲ့လ်ွင္​ပဲ ဧည္​့ခန္​းအလယ္​က ဓာတ္​ပုံႀကီး​ေ႐ွ႕မွာ ရပ္​​ေနသည္​့မိန္​းက​ေလးတစ္​ဦး
ခ်ဳန္​း ​ေသခ်ာၾကည္​့လိုက္​မိသည္​
စား​ေသာက္​ဆိုင္​မွာ​ေတြ႕ခဲ့သည္​့ မိန္​းက​ေလးႏွင့္​အရမ္​းတူသည္​
အထူးသျဖင္​့ သူမရဲ႕ဆံပင္​​ေတြ
ခ​်ဳန္​း သူမထံတစ္​လွမ္​းခ်င္​း​ေလ်ွာက္​သြားလိုက္​ရင္​း
မ်က္​ဝန္​း​ထဲ​ေပၚလာသည္​့​ေဝဝါးဝါးပုံရိပ္​မ်ား
"မင္​းဘယ္​သူလဲ"
မယ္​ အ​ေနာက္​ကျသ႐ွ႐ွအသံတစ္​ခု​ေၾကာင္​့ ​ေနာက္​သို႔ဆတ္​ခနဲလွည္​့လိုက္​လ်ွင္​ မယ့္​​ေနာက္မွာ​ကပ္​လ်က္​႐ွိ​ေနသည္​့ လူတစ္​​ဦး​ေၾကာင္​့
"အ​ေမ့!!!!"
မယ္​ လန္​႔ကာ​ေနာက္​သို႔ဆုပ္​လိုက္​လ်ွင္​
စီး​ေနက်မဟုတ္​​ေသာ.​ေဒါက္​ျမင္​့ဖိနပ္​​ေၾကာင္​့ မယ္​​ေျခ​ေခ်ာ္​ကာလဲက်မည္​့ဆဲဆဲ
မယ္​့ ခါး​ေလးအားတစ္​စုံတစ္​​ေယာက္​ကဆြဲဖမ္​းလိုက္​သည္​
မယ္​ ​ေၾကာက္​​ေၾကာက္​ျဖင္​့ မွိတ္​ထားသည္​့မ်က္​ဝန္​းအစုံကိုဖြင္​့ၾကည္​့လိုက္​​ေတာ့
မယ္​့ အားငုံ႔ၾကည္​့​ေနသည္​့မ်က္​ဝန္​း​ေတြႏွင္​့ ရင္​ဆိုင္​လိုက္​ရသည္​
"မင္​း ဘယ္​သူလဲ"

အား​ေပးတဲ့သူ​ေတြနည္​းသြားတယ္​​ေနာ္​မႀကိဳက္​ၾကဘူးလား😪
မ​ေန႔ကတိုသြားလို႔ ဒီ​ေန႔႐ွည္​ႀကီး​ေရး​ေပးထားတယ္​​ေနာ္​😘
မနက္​ျဖန္နားရက္​​ေနာ္​

#ဖန္​ဆင္​း႐ွင္​

Unicode👇👇👇

⛈️⛈️ကိုယ့်ဘဝရဲ့ နတ်မိမယ်⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်တော်အတိုင်း💕

Episode ♥ 6 ♥

"အသုံးကို မကျဘူး"
ဒေါ်အမရာရှေ့ဒူးတုပ်လျက်ထိုင်နေသည့် ပွဲစားမဒေါ်အေးကြည်
"နင်ခေါ်လာတဲ့ကောင်မလေးတွေ ခုတစ်ယောက်မှမကျန်တော့ဘူး အကုန်ထွက်ပြေးသွားပြီး"
"တောင်း...တောင်းပန်ပါတယ် သခင်မကြီး"
ဒေါ်အမရာ မျက်နှာထားမာမာဖြင့်
"နောက်တစ်ပတ်အတွင်း ခိုင်းထားတာမအောင်မြင်ရင် တခြားတစ်ယောက်ကိုအလုပ်ပေးလိုက်တော့မယ်"
ဒေါ်အေးကြည် ပျာပျာသလဲဖြင့်
"သခင်မကြီးရယ် နောက် ထပ်မဖြစ်စေရပါဘူး သခင်လေးက အရမ်းရက်စက်တာပါတဲ့ အဲ့တာမို့!!!!!!!"
"တိတ်စမ်း ဘုရင့်နန်းတော် စံအိမ်ရဲ့ ဆက်ခံသူကို ပြောပိုင်ခွင့်မရှိဘူး အဲ့မိန်းကလေးတွေကို ငါ့မြေးပိုင်တယ် သူသတ်ချင်တောင်သတ်ခွင့်ရှိတယ် နင်ရှာခဲ့တဲ့ မိန်းကလေးတွေက ငါ့မြေးအလိုဆန္ဒကိုဖြည့်ဆည်းပေးဖို့ပဲ ငါ့မြေးဘာလုပ်လုပ်သူတို့သည်းခံရမယ်"
"ကျွန်မမှားသွားပါတယ်"
"နောက်တစ်ပတ် အချိန်ထပ်ပေးလိုက်မယ် ငါပြောတဲ့အချက်တွေနဲ့ကိုက်ညီတဲ့ မိန်းကလေးကိုရှာမတွေ့လို့ကတော့ ငါ့အကြောင်းသိတယ်မလား"
"ဟ...ဟုတ်"
"သွားတော့"

ဒေါ်အေးကြည် စံအိမ်အပြင်ရောက်တော့
စံအိမ်ကြီးကိုပြန်လှည့်ကြည့်ကာ
"အရမ်းကိုထောင်လွှားနေကြတာပဲ သူတို့မြေးက ဒီလောက်မိန်းကလေးတွေမြူဆွယ်ဖို့ခက်နေတာ ဂေးများဂေးနေလားမသိဘူး"
မဲ့ရွာကာ ပြောနေခဲ့လျက်

•••••••💛💛💛•••••••

ချုန်း လက်မှတ်ထိုးရမည့်စာရွက်များအားလက်မှတ်ထိုးနေရင်း
"ဒါပဲမလား"
လင်းအားကြည့်ကာ မေးလိုက်တော့ ပြုံးစစဖြစ်နေသဖြင့်
"မင်း တစ်ခုခုပြောစရာရှိလို့လား"
"ကျွန်တော်သိချင်နေတာ သခင်လေးမိန်းကလေးတွေအများကြီးကို ဘယ်လိုများရှင်းထုတ်လိုက်တာလဲ"
"မင်းအပူပါလို့လား"
"မပါပါဘူး သခင်လေး ဒါပေမယ့် စံအိမ်ကလူတွေပြောနေကြတာ သခင်လေးက...."
ချုန်း မျက်လုံးကိုလှန်ကြည့်လိုက်ပြီး
"ဆက်ပြောလေ"
"သခင်လေးကဂေးနေတာလား မသိဘူးတဲ့"
လင်း ရီချင်စိတ်ကိုထိန်းကာပြောလိုက်ရသည်
ချုန်း မျက်နှာကြီးတစ်ခုလုံးနီရဲသွားစွာ
"ဘာ!!!!!!"
"ကျွန်တော်တောင်းပန်ပါတယ်သခင်လေး"
"ငါ့ဘာသာငါ နေတာကို ဂေးနေတယ်ပေါ့ အဟွန့် ရီစရာပဲ အဲ့မိန်းမတွေက ဘာများစွဲမက်ဖွယ်ကောင်းလို့လဲ"
"သခင်မကြီးတွေရွေးချယ်ပေးထားတဲ့ မိန်းကလေးတွေက လုံးဝအပြစ်အနာအဆာကင်းပါတယ် ရုပ်ရည်ရော အရာရာပြီးပြည့်စုံနေတဲ့ မိန်းကလေးတွေကို သခင်လေးကစိတ်မဝင်စားဘူးဆိုတော့....."
"မိန်းမတွေရဲ့ မာယာတွေက အရမ်းကြောက်ဖို့ကောင်းတယ်"
"သခင်လေးရင်ထဲမှာ သခင်လေးအမေကိုမုန်းနေတဲ့စိတ်ကစိုးမိုးနေလို့ပါ မိန်းကလေးတိုင်း အဲ့လိုမျိုးမဟုတ်ပါဘူး"
"အဲ့မိန်းမက ငါ့အမေမဟုတ်ဘူး ငါ့မွေးနေ့ကိုအရမ်းမုန်းတာ အဲ့မိန်းမကြီးကြောင့်"
"ကျွန်တော်စကားပြောမှားသွားပါတယ် သခင်လေး"
"ချစ်ခြင်းမေတ္တာဆိုတာဘာလဲ မြင်မှမမြင်နိုင်တာ ဟန်ဆောင်နေတာလား တကယ့်စိတ်ရင်းလားဆိုတာ ဘယ်လိုသိနိုင်မှာလဲ
မဟုတ်ဘူး အချစ်စစ်အချစ်မှန်ဆိုတာ တကယ်မရှိဘူး"
နာကြည်းမှုများစွာနှင့် ပြောနေသော သခင်လေးအားကြည့်ကာ လင်းဘာမှမပြောဖြစ်
သခင်လေးက တခြားသူတွေမျက်လုံးထဲမှာ အရာရာပြည့်စုံနေသည့်လူဖြစ်ကောင်းဖြစ်မယ် သို့ပေမယ့် သခင်လေးဟာ တကယ်တော့မေတ္တာငတ်နေတဲ့လူတစ်ယောက်
သူ့ရဲ့ခံစားချက်အစစ်အမှန်တွေကို တစ်ခြားသူကိုဖော်ပြလေ့မရှိ
သခင်လေးကို မေတ္တာစစ်မေတ္တာမှန်ပေးနိုင်သည့် မိန်းကလေးမျိုးနဲ့တော့ဆုံဆည်းစေချင်မိသည်

•••••••💙💙💙•••••••

"ကျွန်မတကယ် အလုပ်ကြိုးစားမှာပါ သူဌေး"
အသံကြောင့် ဒေါ်အေးကြည် စားသောက်နေရင်းမှမော့ကြည့်မိလိုက်သည်
မိန်းမငယ်လေးတစ်ယောက် အရမ်းလှသည်
ဘာမှမပြင်ဆင်ထားပဲနဲ့တောင် သူမအလှကပေါ်လွင်နေလျက်
အနည်းငယ်နွမ်းနေပြီဖြစ်သော ဂါဝန်လေးဝတ်ထားပုံအရ ကြည့်ရတာငွေရေးကြေးရေးအဆင်မပြေသည့်ပုံ
အသက်ကလဲ ၂၀ဝန်းကျင်လောက်သာ
.ဒေါ်အေးကြည် မိမိအကြံနဲ့မိမိပြုံးလိုက်မိသည်

"တကယ်အလုပ်ကြိုးစားမှာပါ ဒါကြောင့်ကျွန်မကိုအလုပ်ခန့်ပေးပါနော်"
မယ် စားသောက်ဆိုင်တစ်ခုတွင်အလုပ်လာလျှောက်ခြင်းပင်
သို့ပေမယ့် ဘွဲ့မရသေးတာကြောင့် အလုပ်မခန့်ချင်ကြ
လက်ရှိမှာ မယ်ကလည်းဘာအလုပ်မှမရှိသဖြင့် အလုပ်သစ်ရဖို့လိုနေသည်လေ
"ငါတို့ရေးထားတာမမြင်ဘူးလား ဘွဲ့ရမှလို့ နင်ကအခုမှဒုတိယနှစ်ရှိသေးတာ"
"ဒါပေမယ့် တကယ်အလုပ်ကြိုးစားပါ့မယ် လစာအပြည့်မပေးလည်းရပါတယ်နော်"
"မလိုဘူး ထွက်သွားတော့"
ပြောမရသည့်အဆုံးမယ် စိတ်ပျက်လက်ပျက်ဖြင့် ဆိုင်ထဲမှထွက်လာခဲ့သည်
"ဟင်းးး ဘာလို့အလုပ်ရှာရတာခက်နေတာလဲ"
"ဒီမှာ မိန်းကလေး"
အနောက်ခေါ်သံကြောင့် မယ်နောက်လှည့်ကြည့်လိုက်ပြီး
"ကျွန်မကိုခေါ်တာလား"
"အင်း မင်းကိုခေါ်တာ"
ထိုအဒေါ်ကြီးက မယ့်တစ်ကိုယ်လုံးအားသဘောကျစွာ ကြည့်နေခဲ့၏
"မင်းအလုပ်လိုတယ်မလား"
"ရှင်!!!!!"

•••••••💜💜💜•••••••

မယ် အခန်းထဲတွင်ထိုင်နေကာ
"ခုထိအလုပ်သစ်ကလည်းရှာမရသေးဘူး ကျောင်းတက်ဖို့စုထားတဲ့ပိုက်ဆံကလဲ မမယူသွားပြီ ဟူးးး အလုပ်ကလဲမရစိတ်ညစ်လိုက်တာ"

"နတ်မိမယ် နင်ဘယ်မှာလဲ"
ဧည့်ခန်းက အော်သံကြောင့်မယ်အပြေးအလွှားအပြင်ထွက်သွားသည်
ထမင်းစားခန်းတွင် မတ်တပ်ရပ်နေသည့် ဒေါ်နန္ဒာ
အဝတ်အကောင်းတွေဝတ်ထားတာကိုကြည့်ရတာ အပြင်သို့သွားမည့်ပုံပင်
"အန်တီ အပြင်သွားမလို့လား"
"နင့်စောက်ပူမပါဘူး ထမင်းခူး ငါဗိုက်ဆာပြီ"
"ဟုတ်"
မယ် ထမင်းခူးနေစဉ်
"နတ်မိမယ်"
"ရှင် အန်တီ"
"နင် အလုပ်လေးလုပ်ဖို့မစဉ်းစားဘူးလား အိမ်အခြေအနေက ဒီလောက်မကောင်းတာ နင်တစ်ယာက်ပဲ အိမ်မှာအားယားနေတယ်"
"မယ် အလုပ်ရှာနေပါတယ်"
"ဘာမှစောက်သုံးကိုမကျဘူး အိမ်မှာဒီလိုပိုက်ဆံထိုင်ဖြုန်းနေမယ့်အစား ချမ်းသာတဲ့လူကို အမိဖမ်းလိုက်ပေါ့ အဲ့တာမှအကျိုးရှိဦးမယ်"
မယ် ဘာမှပြန်မပြောမိခဲ့
ထမင်းသာ ခူးပေးရင်း
"ရပါပြီအန်တီ"
"တောက်!!!!!!ဟင်းကဒါပဲရှိတာလား တစ်နေ့တစ်နေ့ဒီကြက်ဥပဲစားနေရတာ"
မယ် ခေါင်းလေးငုံကာ
"တောင်းပန်ပါတယ် အန်တီ မယ့်မှာပိုက်ဆံမရှိလို့ပါ"
ခွမ်း 💥
စားပွဲပေါ်ကပန်းကန်တွေအား လွင့်ပစ်လိုက်ပြီး
မယ့် ဆံပင်အားဆောင့်ဆွဲလိုက်သည်
"အာ့...အန်တီ...မယ်....မယ်နာတယ်"
"§ကောင်မ နင်တစ်ယောက်ထဲအကောင်းစားနေတာမလား ဟမ် ငါတို့ကိုကျဖြစ်သလိုကျွေးပြီး"
"မ...မဟုတ်ရပါဘူး အန်တီ မယ့်ပိုက်ဆံတွေမမယူသွားလို့ပါ"
"ဘာ!!!!!!နင်ကများ ငါ့သမီးကိုစွပ်စွဲရဲတယ်လား"
ဖြန်း👋
"အသုံးကိုမကျဘူး"
ဒေါ်နန္ဒာထွက်သွားတော့ မယ်ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသော ထမင်းများနှင့် ကွဲသွားသော ပန်းကန်များအားကောက်သိမ်းရင်း
လက်ကို ပန်ကန်အကွဲရှမိသည်
"အာ့!!!!!!"
မယ် ထိန်းထားသည့်မျက်ရည်များက တားမရဆီးမရ
"အဟင့်ဟီး အရမ်းနာတယ် ဟင့်"
သို့ပေမယ့် ချော့မည့်သူမရှိခဲ့......

•••••••💚💚💚•••••••

ဒီနေ့ ဖေဖေမနက်ပိုင်းအလုပ်မရှိသဖြင့် မနက်စာစားဖို့အတွက် မယ်ပြင်ဆင်ပေးရင်း
"ဖေဖေ အန်တီ မနက်စာစားလို့ရပြီ"
ထမင်းစားခန်းထဲသို့ဝင်လာသော ဖေဖေနှင့်အန်တီနန္ဒာ
အန်တီနန္ဒာက
"ငါ့သမီးရော"
"မမ အိပ်ယာမထသေးပါဘူး"
"ကလျာ့အတွက်ခွဲထားလိုက်ဦး"
"ဟုတ်"
မယ် မမအတွက် မနက်စာအားခွဲနေတော့
"သမီးတစ်ခါထဲဝင်စားလိုက်ပါလား"
မယ် ဖေဖေနှင့်အတူစားချင်သော်လည်း ဖေဖေ့ဘေးက အန်တီနန္ဒာအားကြည့်လိုက်မိသည်
"ရှင့်သမီးက ဒီထက်ကောင်းတာတွေစားပြီးလောက်ပြီ ကျွန်မတို့ကိုသာဒါတွေကျွေးနေတာ"
"နန္ဒာ!!!!!!မင်းဘယ်လိုပြောလိုက်တာလဲ"
"ကျွန်မပြောတာ ဘယ်နေရာမှားနေလို့လဲ"
မယ် ဖေဖေနဲ့အန်တီစကားများမှာစိတ်ပူ၍
"ဖေဖေ သမီးခုနကဗိုက်ဆာတာနဲ့စားပြီးပါပြီ"

"အိမ်ရှင်တို့....အိမ်ရှင်တို့"
အပြင်ကခေါ်သံကြောင့်
"ဖေဖေတို့စားနေခဲ့ဦးနော် သမီးသွားကြည့်လိုက်ဦးမယ်"
"အေးအေး"

မယ် အပြင်ထွက်ခဲ့တော့ အပေါက်ဝမှာရပ်နေစည့် လူ၇ယောက်
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"
ဒီထဲက လူကြီးတစ်ယောက်က
"ဒါ ဒေါ်နန္ဒာတို့အိမ်မလား"
"ဟုတ်ပါတယ်"
"ဒေါ်နန္ဒာကိုခေါ်ပေး"
"ဘာကိစ္စလဲမသိဘူး"
"ခေါ်သာခေါ်ပေးစမ်းပါ"
"ဟုတ်"
မယ် အိမ်ထဲသို့ပြန်ဝင်ခဲ့ပြီး
"အန်တီ"
"ပြော"
"အန်တီနဲ့တွေ့ချင်လို့ပါတဲ့"
"ဘယ်သူတွေလဲ"
ဒေါ်နန္ဒာ အပြင်ထွက်သွားတော့
"သမီး ဘယ်ကလူတွေလဲ"
"သမီးမသိဘူးဖေဖေ မေးတာလဲမဖြေဘူး ကြည့်ရတာလူမိုက်တွေလိုပဲ"
ဦးဟိန်းစံ ဇနီးဖြစ်သူအားစိတ်မချစွာ အပြင်သို့ထွက်လာခဲ့သည်

"နင်တို့ကို မလာနဲ့လို့ပြောထားတယ်လေ"
"အစ်မကြီး ခင်ဗျားမှပိုက်ဆံလာမဆပ်တာ"
"ညနေလာဆပ်မယ် ပြန်တော့"
ဦးဟိန်းစံ ထိုသူတွေနဲ့တိုးတိုးပြောနေသော ဇနီးဖြစ်သူထံသွားကာ
"နန္ဒာသူတို့ကဘယ်သူတွေလဲ"
"ကြည့်ရတာ ဒေါ်နန္ဒာယောက်ျားထင်တယ်"
"နင်တို့တိတ်တိတ်နေ"
ဒေါ်နန္ဒာ ထိတ်ထိတ်လန့်လန့်ဆိုလိုက်သည်
သို့ပေမယ့် ထိုသူတွေကရပ်မသွား
"ခင်ဗျားကသူ့ယောက်ျားဆိုတော့ ကျုပ်ရှင်းရှင်းလင်းလင်းပြောလိုက်မယ် ခင်ဗျားမိန်းမလောင်းကစားဝိုင်းမှာ သိန်း၅၀အကြွေးတင်နေတယ်"
"ဗျာ!!!!!"
ဦးဟိန်းစံ ဇနီးဖြစ်သူအားမယုံနိုင်စွာကြည့်လိုက်သလို နံဘေးမှာရပ်နေသော မယ်မှာလည်းတအံ့တသြ
"မ...မဖြစ်နိုင်တာ"
ဦးဟိန်းစံ ရေရွတ်လိုက်သည်
"ဟုတ်လား မဟုတ်လား ခင်ဗျားမိန်းမကိုမေးကြည့်လိုက် သတ်မှတ်ရက်အတွင်း ငွေကိုမဆပ်နိုင်ရင် ဒီအိမ်ကိုကျုပ်တို့သိမ်းမယ်"
"ဗျာ...."
"လာ ပြန်ကြမယ်"
ထိုလူတွေထွက်သွားတော့ ဦးဟိန်းစံ ဇနီးဖြစ်သူဘက်လှည့်လိုက်ပြီး
"အဲ့တာအမှန်မဟုတ်ဘူးမလား အဲ့လူတွေလိမ်ပြောတာမလား"
ဒေါ်နန္ဒာ ငိုလျက်
"ကျွန်မမှားသွားပါတယ်ရှင်"
"ဘာ......အာ့"
"ဖေဖေ!!!!!!!"
မယ် လဲကျသွားသည့်ဖေဖေ့ထံပြေးသွားလိုက်ရင်း

ဆေးရုံတွင်
မယ် သတိမေ့နေသည့်ဖေဖေ့နားတွင်ထိုင်နေ၍
"ဟင့်အင်း.ဖေဖေ ဘာမှမဖြစ်ရဘူးမယ်တောင်းပန်ပါတယ်နော် မယ့်မှာဖေဖေတစ်ယောက်ပဲ ရှိတော့တာ ဖေဖေဘာမှမဖြစ်ရဘူး ဟင့်"
ဦးဟိန်းစံ သတိရလျှင်ပဲ ငိုနေသောသမီးဖြစ်သူရဲ့လက်လေးအားပြန်လည်ဆုပ်ကိုင်လိုက်ရင်း
"အငိုသန်လေး"
မယ် အဖေဖြစ်သူအားမော့ကြည့်လိုက်ပြီး
"ဟင့်ဖေဖေ"
ဖခင်ဖြစ်သူအားဖက်ကာ အားပါးတရငိုလိုက်မိသည်
"အဟီးဟင့်"
"ငါ့သမီးကတော့ကွာ ကလေးလေးကြလို့ မငိုနဲ့တော့နော် ဖေဖေဘာမှမဖြစ်တော့ဘူး"
ခဏနေတော့ တာဝန်ကျဆရာဝန်ကလာကာ စစ်ဆေးကြည့်နေရင်း
"သမီး ဖေဖေ ကြက်သားစွပ်ပြုတ်သောက်ချင်တယ်"
"ဖေဖေကလဲ ခဏနေမှ သမီးသွားလုပ်လိုက်မယ်လေ"
"ဖေဖေက ဗိုက်ဆာနေပြီသမီးရဲ့"
မယ် ဖေဖေအားစိတ်မချစွာ လှည့်ကြည့်လှည့်ကြည့်နှင့် သွားလိုက်ရသည်

သမီးဖြစ်သူထွက်သွားတော့ ဦးဟိန်းစံတာဝန်ကျဆရာဝန်အား
"ကျွန်တော် ဘယ်လောက်ကြာအသက်ရှင်နိုင်လဲဆရာ"
ဆရာဝန်က စိတ်မကောင်းစွာကြည့်၍
"အလွန်ဆုံး ၆လပါ"
ဦးဟိန်းစံဝမ်းနည်းစွာ ပြုံးလိုက်ပြီး
"ကျွန်တော်သေရမှာ မကြောက်ပါဘူး ဒါပေမယ့်ကျွန်တော့်သမီးလေးကိုတော့ အရမ်းစိတ်ပူတယ် ကျွန်တော်မရှိတော့ရင် သူ့မှာ ဘယ်သူမှရှိတော့မှာမဟုတ်ဘူး"

•••••••❤❤❤•••••••

မယ် ဖေ့ဖေ့အတွက်ကြက်သားစွပ်ပြုတ်လုပ်နေရင်း
စိတ်ထဲတွင်သတိရသွားမိသည်က ဒေါ်အေးကြည်ဆိုသော အမျိုးသမီးကြီး

💭💭💭💭💭
"မင်း အလုပ်တစ်ခုခုရှာနေတယ်မလား"
"ရှင်"
"ခုနက.အမှတ်မထင်ကြားလိုက်လို့ပါ"
"သြော်"
"မင်းလိုနေတဲ့ အလုပ်ငါပေးနိုင်တယ် လစာလဲမင်းလုပ်နေကြအလုပ်ထက်ပိုများစေရမယ်ဘယ်လိုလဲ"
"ကျွန်မက ဘွဲ့တောင်မရသေးဘူး"
"ငါပေးမယ့်အလုပ်က ဘွဲ့မလိုဘူး"
မယ် ထိုအဒေါ်ကြီးအားမသင်္ကာလာစွာ
"ဟင့်အင်းရပါတယ်"
မယ် ငြင်းကာထွက်လာခဲ့တော့
"ခဏနေပါဦး"
ထိုအဒေါ်ကြီးက မယ်ရှေ့လာရပ်ကာ
"ငါ့လိပ်စာကဒ်ယူထားလိုက်ပါ မင်းလိုရင်ဆက်သွယ်ရတာပေါ့"
"ရှင်ပြောတဲ့အလုပ်က မကောင်းတဲ့အလုပ်လား မဟုတ်မှ...."
"မင်းအတွေးလွန်ပြီ မင်းထင်နေတာတွေမဟုတ်ဘူး မင်းလုပ်ရမှာကဘုရင့်နန်းတော်စံအိမ်ကြီးရဲ့ သခင်လေးကို ဂရုစိုက်ပေးဖို့ပဲ"
"ရှင်!!!!!!"
💭💭💭💭💭

မယ် သတိရလာကာ အခန်းထဲတွင် ထိုမိန်းမကြီး၏လိပ်စာကဒ်အားရှာဖွေခဲ့ရင်း
"ဘယ်မှာပါလိမ့်"
မယ် အခန်းထဲနှံ့နေအောင်ရှာရင်း
"ငါ မလွင့်ပစ်ရသေးပါဘူး"
မယ်စားပွဲနဲ့ကုတင်အောက်တွေရှာတော့မှာ စားပွဲအောက်မှာကျနေသော လိပ်စာကဒ်လေး

မယ် လမ်းထိပ်မှာရှိတဲ့ အများသုံးPhoneနဲ့ ထိုအဒေါ်ကြီးထံPhဆက်လိုက်သည်
တီ....တီ.....တီ
"ဟဲလို"
"ဟို အန်တီ ဟိုနေ့ကပြောတဲ့အလုပ်အကြောင်း သိချင်လို့ပါ "
"သြော် <......>ကိုလာခဲ့လေ"
"ဘယ်ချိန်လောက်လဲ"
"ခုလာလဲရတယ်"
"ဟုတ် မယ်ခုလာခဲ့ပါ့မယ်"

မယ် ထိုအဒေါ်ကြီးပြောသည့် ဆိုင်သို့လာခဲ့သည်
"ထိုင်လေ"
"ဟုတ်"
မယ် သူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်
"မယ် အလုပ်ကိစ္စလေးသိချင်လို့ပါ"
"မင်းနာမည်က....နတ်မိမယ်မလား"
"ရှင်"
မယ့်နာမည်ကိုသိနေသောကြောင့် အနည်းငယ်တော့အံ့သြမိသွားသည်
"မအံ့သြပါနဲ့ မင်းအကြောင်းကို နည်းနည်းတော့စုံစမ်းထားရတာပေါ့"
"မယ် လုပ်ရမယ့်အလုပ်က ဘာအလုပ်လည်း လစာကရော ဘယ်လောက်ရမှာလဲ"
"မင်းလုပ်ရမှာက တစ်ခုထဲပဲ အဲ့တာကဘုရင့်နန်းတော်စံအိမ်ကြီးရဲ့ ဆက်ခံသူသခင်လေးကို မင်းဂရုစိုက်ပေးရမယ်"
"ဂရုစိုက်ပေးရမယ်ဆိုတာက ဘယ်လိုမျိုးကိုပြောတာလဲ"
"မင်းက သူ့ရဲ့နေ့စဉ်တာဝန်တွေကို လုပ်ပေးရမယ် မင်းသူ့တစ်ယောက်တည်းကို ဂရုစိုက်ပေးရုံပဲ"
"သူက ကျန်းမာရေးမကောင်းလို့လား"
"မဟုတ်ဘူး"
"ဒါဆို ဘာလို့လဲ"
"မင်းသိလာလိမ့်မယ်"
မယ် နားမလည်စွာဖြင့်
"ဘာလို့မယ် ဖြစ်ရတာလဲ"
ဒေါ်အေးကြည်ပြုံးလိုက်ပြီး
"မင်းက သူတို့ပြောတဲ့အချက်အလက်တွေနဲ့ကိုက်ညီတယ်လေ"
"မယ် သိပ်နားမလည်ဘူး"
"ဖြည်းဖြည်းချင်းပေါ့ မင်းနားလည်သွားလိမ့်မယ်"
"........."
"လစာက တစ်လကို၁၀သိန်း"
"ရှင်😳😳😳"
မယ် မျက်လုံးပင်ပြူးသွားရသည်
"ဆယ်...ဆယ်သိန်းဟုတ်လား"
"ဟုတ်တယ် မင်းဒီအလုပ်ကိုလက်ခံရင် မင်းလိုတဲ့ငွေပမာဏ ငါချက်ချင်းထုတ်ပေးမယ် ဒါပေမယ့် မင်းစာချုပ်မှာလက်မှတ်ထိုးရမယ် မင်းလုပ်သက်လမပြည့်မချင်း မင်းအလုပ်မထွက်ရဘူး ဘယ်လိုလဲ"
မယ် ခေတ္တစဉ်းစားလိုက်မိသည်
မယ် ဖေဖေ့ကိုစိတ်မပူစေချင်
မယ်သာဒီအလုပ်ကိုလက်ခံလိုက်ရင် အကြွေးလည်းကြေမယ် ဖေဖေလည်းအလုပ်တွေအများကြီးလုပ်စရာမလိုတော့ဘူး
"မယ်...လက်ခံပါတယ်"
မယ် လက်ခံလိုက်တော့ မယ်ရှေ့လက်မှတ်ထိုးရန်စာရွက်စာတမ်းတွေချပေးလာသည်
"မင်းအဲ့မှာလက်မှတ်ထိုးလိုက်ရုံပဲ"
စာရွက်က၆ရွက်လောက်ရှိကာ မယ်ဖတ်ကြည့်နေမိသည်
"မင်း ဘယ်လောက်လိုချင်လဲ"
"သိန်း၅၀"
"Ok"
ထိုမိန်းမကြီးက စားပွဲပေါ်ပိုက်ဆံအထပ်လိုက်ချပေးလိုက်ပြီး
"စစ်ကြည့်လိုက်ပါဦး ပြီးရင်လက်မှတ်ထိုးပေး ငါ့မှာအချိန်မရှိဘူး"
"ဟုတ်"
မယ် ဖတ်လက်စအားရပ်ကာ လက်မှတ်ထိုးလိုက်သည်
ထို့နောက်ပိုက်ဆံအားရေကာ
"ဟုတ်ပြည့်ပါတယ်"
"မနက်ဖြန်ကစပြီး မင်းဘုရင့်နန်းတော်စံအိမ်ကို ပြောင်းရမယ်"
"ရှင်!!!!!!"

•••••••💗💗💗•••••••

"ဖေဖေ"
မယ် အသီးခွဲနေရင်း ဖေဖေ့အားခေါ်လိုက်မိ၏
"ပြောလေ"
မယ် အိတ်ထဲက ပိုက်ဆံထပ်လေးအားဖေဖေ့အားပေးလိုက်ပြီး
"ဒီပိုက်ဆံတွေနဲ့ အန်တီ့အကြွေးတွေကိုဆပ်လိုက်ပါ"
ဦးဟိန်းစံ ပိုက်ဆံတွေအားကြည့်လိုက်ပြီး
"ဒီပိုက်ဆံတွေကို ဘယ်ကရလာတာလဲ အဖေ့ကိုအမှန်အတိုင်းပြော"
"အဖေကလဲ တကယ်တော့သမီး သူငယ်ချင်းတစ်ယောက်က တခြားမြို့မှာ အလုပ်သွားလုပ်နေတာ သူကအလုပ်အရမ်းဖြစ်တယ်အဲ့တာ....သူ့ဆီကချေးထားတာပါ"
တောင်းပန်ပါတယ်ဖေဖေ မယ်မလိမ်ချင်ပေမယ့် အခြေအနေအရပါ
"ဘယ်သူလဲ ယောက်ျားလားမိန်းမလား"
"မိန်းကလေးပါ.ဖေဖေ သမီးကိုသူနဲ့အလုပ်အတူတူလုပ်ဖို့ခေါ်နေတယ် မယ် သူနဲ့အလုပ်သွားလုပ်မလို့"
"မရဘူး ဖေဖေခွင့်မပြုနိုင်ဘူး"
ဦးဟိန်းစံငြင်းလိုက်မိသည်
အသက်ရှင်ရတဲ့ အချိန်လေးမှာ သမီးလေးနဲ့အတူရှိခွင့်ရချင်မိသည်
"ဖေဖေကလဲ သိပ်မကြာပါဘူး သမီးကလတိုင်းပြန်ခဲ့မှာကို"
"ဖေဖေခွင့်မပြုနိုင်ဘူး စိတ်မချဘူး ပြီးတော့ဒီလောက်ငွေတွေအများကြီးချေးပေးတာ ရည်ရွယ်ချက်ရှိရမယ်"
မယ် ငိုချင်စိတ်ကိုထိန်းရင်း
"ဖေဖေကလဲ အတွေးလွန်နေပြန်ပြီ သမီးသူငယ်ချင်းကကုမ္ပဏီအကြီးကြီးမှာ ရာထူးကြီးတယ်လေ အဲ့တာသမီးကို အလုပ်သွင်းပေးမယ်တဲ့"
"ဒါပေမယ့်သမီးရယ် မသွားပါနဲ့လား"
"ဖေဖေကလဲ သမီးလဲဖေဖေနဲ့မခွဲချင်ပါဘူး ဒါပေမယ့် သမီးဖေဖေ့ကိုတစ်လှည့်ပြန်လုပ်ကျွေးချင်တယ်"
ဦးဟိန်းစံ မယ့်ခေါင်းလေးအားပုတ်လိုက်ပြီး
"အဖေမသေခင် သမီးလေးကို ဘွဲ့ဝတ်စုံလေးနဲ့မြင်သွားချင်တယ်"
"ဖေဖေကလဲ စိတ်ချ သမီးအလုပ်တွေများကြီးလုပ်ပြီး ပိုက်ဆံစုမိရင် ကျောင်းပြန်တက်မှာလေ အဲ့ကျသမီးဘွဲ့ရရင် ဖေဖေနဲ့ဓာတ်ပုံတွေများကြီးရိုက်မယ်"
စိတ်ကူးယဉ်ကာပြောပြနေသည့် သမီးဖြစ်သူအားကြည့်ကာ ရင်ထဲမှာတော့ငိူကြွေးနေမိလျက်သမီးဘွဲယူတဲ့နေ့ထိနေချင်ပေမယ့် အဆုတ်ကင်ဆာကအခြေအနေဆိုးနေပြီဖြစ်ကာ အသက်ရှင်နိုင်မှ အလွန်ဆုံးခြောက်လတဲ့လေ
ဒီသမီးလေးကို ဘယ်လိုစိတ်ချထားခဲ့နိုင်ပါ့မလဲကွယ်
တောင်းပန်ပါတယ်သမီးရယ် အဖေကဖခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ဘူး
"ဖေဖေ သမီးကိုသွားခွင့်ပြုပါနော်"
ဦးဟိန်းစံ ခွင့်မပြုချင်ပေမယ့်လည်း......
"သမီးသွားချင်ရင် သွားပါကွယ်ဒါပေမယ့် သမီးအဆင်မပြေရင် ပြန်လာခဲ့နော် ပြီးတော့တစ်လတစ်ခေါက်လောက်တော့ပြန်လာခဲ့ပေးနော်"
"ဟုတ်ကဲ့ဖေဖေ"
မယ် ဖေဖေ့အားဖက်ကာ အသံတိတ်ငိုကြွေးလိုက်မိသည်
သမီး ဖေဖေနဲ့မခွဲချင်ဘူး

•••••••💖💖💖•••••••

"ရောက်ပြီ"
အဒေါ်ကြီးစကားကြောင့် မယ်ဘေးဘီသို့ကြည့်လိုက်မိသည်
စံအိမ်ကြီးက မြို့နဲ့ခပ်လှမ်းလှမ်းမှာတသီးတခြားရှိနေသည်လေ
🏰ဘုရင့်နန်းတော်🏰
အပေါက်ဝမှာထွင်းထုထားသာ ရွှေရောင်စာလုံးများ
ရှေ့ခေတ်ကနန်းတော်ကြီးအလားထင်မှတ်ရအောင်ပင် ခမ်းနားထည်ဝါလှသည်
ဂျိမ်း
တံခါးချပ်ကြီးပွင့်သွားကာ မျက်လုံးထဲမြင်နေရသည်များက တခြားကမ္ဘာသို့ရောက်နေသလိုပင်
ကားကြီးက ကွန်ဂရစ်လမ်းကြီးအတွင်းဖြတ်ကာမောင်းသွားသည်
မယ် ကားပေါ်ကနေ တအံ့တသြငေးမောကြည့်ရင်း
ကျယ်ဝန်းလှသော ခြံကြီး မယ်ခြံဝန်းကြီးရဲ့အဆုံးကို မမြင်နိုင်လောက်အောင်ပင်
တူညီဝတ်စုံများဖြင့် အလုပ်သမားတွေကလဲ နေရာတိုင်းလိုလို
မယ်တို့စီးလာသည့်ကားကြီးက ရေပန်းကြီးရှေ့တွင်ရပ်လိုက်ကာ
"ဆင်းလို့ရပြီ"
မယ် အထုပ်လေးအားဆွဲကာ ဆင်းလိုက်ရင်း
ပတ်ဝန်းကျင်ကိုတမေ့တမြောကြည့်နေမိသည်
"ငါ့နောက်လိုက်ခဲ့"
မယ်တို့ လှေကားထစ်များအတိုင်းတက်သွားတော့ ကနုတ်ပန်းများဖြင့် လှပစွာပုံဖော်ထားသည့်ကျွန်းတံခါးကြီး
အပေါက်ဝက လူတွေက တံခါးအားဖွင့်ပေးလိုက်တော့ မယ်တို့အထဲကိုဝင်ခဲ့ကြသည်
မှန်တစ်ချပ်ပမာ ပြောင်လက်နေသော အခင်းများ
အပြင်အဆင်များအားကြည့်ကာ မယ်အံ့အားသင့်နေရသည်
မယ်တို့ကျွန်းလှေကားကြီးအတိုင်းတက်သွားကာ အခန်းတစ်ခုရှေ့၌ရပ်လိုက်၏
ခဏနေတော့ တံခါးဖွင့်ပေးကာ အထဲသို့ဝင်လာခဲ့ရသည်
"သခင်မကြီး ကျွန်မတို့ရောက်လာပါပြီ"
ဒေါ်အေးကြည်က ကြမ်းပြင်ပေါ်ထိုင်လိုက်သောကြောင့် မယ်အနောက်ကနေကုပ်ကုပ်လေးလိုက်ထိုင်ရင်း
"သူလား"
သြဇာ အာဏာကြီးမားမည့် အမျိုးသမီးတစ်ယောက်အသံ
သို့ပေမယ့် မယ်မော့မကြည့်ရဲ
"ခေါင်းမော့"
ဒေါ်အေးကြည် နံဘေးကမယ်အားလက်တို့လိုက်မှ မယ်ထိတ်ထိတ်လန့်လန့်ဖြင့် ခေါင်းမော့ကာကြည့်မိလိုက်သည်
ထိုအမျိုးသမီးက မယ့်အားကြည့်ကာ သဘောကျသလိုပြုံးလိုက်ပြီး
"မဆိုးဘူး"
မယ် မဝံ့မရဲလှမ်းကြည့်မိလိုက်သည်
ကျွန်းထိုင်ခုံကြီးပေါ်မှာထိုင်နေသည့်မိန်းမနှစ်ယောက်
အပြင်အဆင်တွေနဲ့ ရုပ်ရည်တွေကအရမ်းကျင်သရေရှိလှသည်
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"နတ်မိမယ်ပါ"
"မေခင်"
"ရှင် သခင်မကြီး"
မယ်အနား အမျိုးသမီးတစ်ယောက်ထိုင်လိုက်သည်
"ဒီကောင်မလေးကို ခေါ်သွားပြီး ပြင်ဆင်ပေးလိုက်ပါ ပြီးတော့ဒီအိမ်တော်ကြီးရဲ့စည်းကမ်းတွေနဲ့ လိုအပ်တာတွေသင်ပေးလိုက်ပါ"
"ဟုတ်ကဲ့"
ဒေါ်မေခင် မယ့်ဘက်လှည့်လိုက်ပြီး
"အနောက်ကလိုက်ခဲ့"
မယ် ကိုယ်ကိုကိုင်းကာ ထွက်လာခဲ့ပြီး အမျိုးသမီးတစ်ဦးနောက်လိုက်လာခဲ့ရသည်

စံအိမ်ကြီးရဲ့အပြင်ဘက် တောင်ဘက်ကအဆောက်အဦးထဲဝင်လာခဲ့သည်
ဒီနေရာက အလုပ်သမားတွေထားတဲ့နေရာဖြစ်ရမည်
ဒါတောင်တော်တော်ခမ်းနားတာပဲ ဟုတွေးရင်း
အခန်းတစ်ခန်းရှေ့အရောက်
"ဒါက မိန်းကလေးနေရမယ့်အခန်းပါ"
"ရှင်"
မယ် အခန်းထဲဝေ့ဝိုက်ကြည့်လိုက်မိသည်
အခန်းဆိုပေမယ့် မယ်တို့အိမ်ထက်လည်းကျယ်ကာ သပ်သပ်ရရပ်ရပ်
"အထဲဝင်ပါမိန်းကလေး"
"ဟို...ဟိုအခန်းကကောင်းလွန်းမနေဘူးလား"
"အထဲဝင်ပါ"
မယ် ဘာမှထပ်မပြောရဲပဲ အခန်းထဲသို့ဝင်လာခဲ့ရသည်
"မိန်းကလေး ရေချိုးရပါမယ် သခင်လေးက၄နာရီလောက်ဆို ပြန်ရောက်ပါတယ်"
"သြော်"
ဒေါ်မေခင် အနောက်ကကောင်မလေးနှစ်ဦးအား
"မိန်းကလေးကို ကူပေးလိုက်ပါ"
"ဟုတ်"
"ဟင်....မ..မလိုပါဘူး"
"အချိန်မရှိပါဘူး မိန်းကလေး"
မယ်ခေါင်းသာညိမ့်လိုက်ရသည်
ရေချိုးခန်းတွင်ထိုမိန်းကလေးနှစ်ဦးက ရေချိုးဖို့ပြင်ဆင်ပေး၍

မယ်ရေချိုးပြီးအပြင်ထွက်ခဲ့တော့
"ဒီမှာ ထိုင်ပါ မိန်းကလေး"
အလှကုန်ပစ္စည်းများစွာတင်ထားသော လှပသည့်မှန်တင်ခုံရှေ့တွင်မယ်ထိုင်လိုက်တော့ ကောင်မလေးနှစ်ယောက်က မယ့်မျက်နှာအားခြယ်သပေးရင်း
အကုန်ပြီးသွားတော့ မယ်ကိုယ့်မျက်နှာကို မှန်ထဲသို့ကြည့်မိလိုက်သည်
မယ် သူတို့ဘာတွေလုပ်နေလဲဆိုတာနားမလည်
မယ်မှားများမှားသွားပြီလား
"မိန်းကလေး ပြီးရင်ဒီဝတ်စုံဝတ်ရပါမယ်"
မယ် ကြည့်လိုက်တော့ ပြောင်လက်နေသည့်အနီရောင်ဂါဝန်လေး
ကြိုးတစ်ချောင်းဂါဝန်လေးဖြစ်သဖြင့် မယ်မဝတ်ရဲစွာ
"ဟိုလေ ကြီးမေ"
မေခင် သူ့အားတရိုတသေခေါ်လိုက်သည့်ကောင်မလေးအားကြည့်လိုက်မိသည်
"ကြီးမေလို့ခေါ်မယ်နော် အကျႌကလေ အရမ်းပေါ်နေတာမယ်မဝတ်ရဲဘူး တခြားဝတ်စုံဝတ်လို့ရမလား"
မေခင် အနည်းငယ်လုံသောဝတ်စုံလေးအားရွေးပေးလိုက်သည်
"ကျေးဇူးပါပဲ ကြီးမေ"
"အဝတ်လှဲခန်းကဒီဘက်မှာပါ"
မယ် အဝတ်အစားလှဲပြီးတော့ ကျုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်မိလိုက်သည်
ပန်းနုရောင် ဇာဂါဝန်ဝဲဝဲလေး
မယ်ရဲ့ ရေလှိုင်းသဏ္ဍာန်ဆံနွယ်တွေကို ဖြန့်ချထားကာ.အနောက်တွင်ကျောက်ကလစ်လေးပန်ပေးထားသည်
မယ် ကိုယ့်ကိုကိုယ်ကြည့်ကာ.သက်ပြင်းချလိုက်မိသည်
မယ့်ဘဝကနေ့ချင်းညချင်းပြောင်းလဲသွားခဲ့ရသည်မလား မနက်ဖြန်ဆို ဘာဖြစ်ဦးမှာလဲမသိဘူး

မယ် အပြင်သို့ထွက်ခဲ့တော့
"မိန်းကလေး"
မယ် အနေခက်စွာ ရီလိုက်ပြီး
"ဟိုလေ မယ့်ကို မိန်းကလေးလို့မခေါ်ပါနဲ့လား မယ်လို့ခေါ်ရင်ရပါတယ်"
"ကျွန်မမှာခေါ်ခွင့်မရှိပါဘူး"
မယ်အနေခက်စွာ သက်ပြင်းလေးချလိုက်မိသည်
ဒေါ်မေခင်စာအုပ်တစ်အုပ်အားကမ်းပေးလာပြီး
"ဒါက သခင်လေးနဲ့ပတ်သက်ပြီးသိထားရမယ့်အချက်တွေပါ"
"ဟင်"
"သခင်လေး ပြန်လာရင်လိမ္မော်ရည်သောက်လေ့ရှိပါတယ် အရမ်းကြီးမချိုရသလို ချဉ်လဲမချဉ်ရပါဘူး ရေခဲတုံး၄တုံးပဲထည့်ရပါမယ်"
"ဟင် ဂျီးများလိုက်တာ"
မယ် ရေရွတ်လိုက်မိသည်
ဒါကို ဒေါ်မေခင်ကြားဖြစ်အောင်ကြားကာ
"သခင်လေးကို ပြောခွင့်မရှိပါဘူး"
မယ်ပါးစပ်လေးအားပိတ်ရင်း
"သခင်လေးပြန်လာဖို့ ၁နာရီခွဲလိုပါသေးတယ်အဲ့အတွင်း သခင်လေးနဲ့ပတ်သက်တဲ့အသေးစိတ်ကိုဖတ်ထားပါ"
"ရှင်.....ဟုတ်"

•••••••💓💓💓•••••••

မယ် ထိုစံအိမ်ရဲ့သခင်လေးဆိုသူပြန်လာသည်ကိုစောင့်ရင်း
"ခဏနေ သခင်လေးပြန်လာပါလိမ့်မယ်"
မယ် စံအိမ်ထဲ ဟိုဟိုဒီဒီလှည့်ပတ်ကြည့်မိသည်
ဧည့်ခန်းရဲ့ အလယ်မှာချိတ်ဆွဲထားသည့် ရွှေမှန်ဘောင်သွင်းထားသည့် ပုံထံမယ့်အာရုံတွေရောက်သွားရသည်
သခင်မကြီးနှစ်ယောက်ကထိုင်နေကာ အနောက်တွင်မတ်တပ်ရပ်နေသောသူတစ်ယောက်
"ဒါသခင်လေးဆိုတဲ့သူ ဖြစ်ရမယ်"
မယ် ထိုဓာတ်ပုံအားသေချာစွာကြည့်နေမိစည်
ထူထဲသော မျက်ခုံး စူးရှသောမျက်ဝန်းတစ်စုံက ညှို့အားပြင်းစွာ
စင်းကျနေသော နှာတံနှင့်အတူ အရီအပြုံးကင်းမဲ့သောနှုတ်ခမ်းတွေက နီရဲနေလျကိ
ခြုံကြည့်လိုက်လျှင် ထိုသူကအရမ်းထက်မြက်မည့်ပုံပေါ်သည်
ပုံကြည့်ရုံနဲ့တင် သူ့ရဲ့အရှိန်အဝါကိုခန့်မှန်းနိုင်သည်မလား
သခင်လေးဖြစ်ထိုက်ပါတယ်လေ
မယ်တွေးနေရင်း
"ငါ သူ့ကိုတစ်နေရာရာမှာတွေ့ဖူးသလိုပဲ ဘယ်နေရာမှာပါလိမ့်"
မယ်စဉ်းစားလိုက်တော့
"ဟိုလူ မေ့လဲနေတဲ့သူ 😱"
မယ် အနည်းငယ်လန့်သွားရသည်
သူငါ့ကိုမှတ်မိနေရင် ဘယ်လိုလုပ်ရမလဲ
ငါ့ကိုသတ်မှာလား အပြစ်ပေးမှာလား
သေချာတာကတော့ ငါလွတ်လမ်းမရှိဘူး
ငါဘာလို့ လျှာရှည်မိခဲ့ရပါလိမ့်
မယ် ကိုယ့်အတွေးနဲ့ကိုယ်ဖြင့်

ချုန်း အိမ်ထဲသို့ဝင်ခဲ့လျှင်ပဲ ဧည့်ခန်းအလယ်က ဓာတ်ပုံကြီးရှေ့မှာ ရပ်နေသည့်မိန်းကလေးတစ်ဦး
ချုန်း သေချာကြည့်လိုက်မိသည်
စားသောက်ဆိုင်မှာတွေ့ခဲ့သည့် မိန်းကလေးနှင့်အရမ်းတူသည်
အထူးသဖြင့် သူမရဲ့ဆံပင်တွေ
ချုန်း သူမထံတစ်လှမ်းချင်းလျှောက်သွားလိုက်ရင်း
မျက်ဝန်းထဲပေါ်လာသည့်ဝေဝါးဝါးပုံရိပ်များ
"မင်းဘယ်သူလဲ"
မယ် အနောက်ကသြရှရှအသံတစ်ခုကြောင့် နောက်သို့ဆတ်ခနဲလှည့်လိုက်လျှင် မယ့်နောက်မှာကပ်လျက်ရှိနေသည့် လူတစ်ဦးကြောင့်
"အမေ့!!!!"
မယ် လန့်ကာနောက်သို့ဆုပ်လိုက်လျှင်
စီးနေကျမဟုတ်သော.ဒေါက်မြင့်ဖိနပ်ကြောင့် မယ်ခြေချော်ကာလဲကျမည့်ဆဲဆဲ
မယ့် ခါးလေးအားတစ်စုံတစ်ယောက်ကဆွဲဖမ်းလိုက်သည်
မယ် ကြောက်ကြောက်ဖြင့် မှိတ်ထားသည့်မျက်ဝန်းအစုံကိုဖွင့်ကြည့်လိုက်တော့
မယ့် အားငုံ့ကြည့်နေသည့်မျက်ဝန်းတွေနှင့် ရင်ဆိုင်လိုက်ရသည်
"မင်း ဘယ်သူလဲ"

အားပေးတဲ့သူတွေနည်းသွားတယ်နော်မကြိုက်ကြဘူးလား😪
မနေ့ကတိုသွားလို့ ဒီနေ့ရှည်ကြီးရေးပေးထားတယ်နော်😘
မနက်ဖြန်နားရက်နော်

#ဖန်ဆင်းရှင်

Продовжити читання

Вам також сподобається

36.7K 1.1K 23
အတူရွိေန စဥ္မွာ အခ်စ္ကို တန္ဖိုးထားတက္ၾကပါေစ
32K 1.3K 14
စစ်မှန်ခြင်း+မိုင်ဝေး မတူညီတဲ့အဆင်အတန်းတွေကြောင့်ပေါင်းစပ်ဖို့ဝန်လေးနေတဲ့ သူတို့လေးဦး မိုင်ဝေးနဲ့စစ်မှန်ခြင်းက ဒီဇာတ်လမ်းမှာရော ဘာတွေဆက်ဖြစ်ကြမှာလဲ ...
87.5K 2.6K 33
ရိုးရိုးရှင်းရှင်းလေးပါပဲ ကလေးရယ်... ဘာအန္တရာယ်ကိုမှ မကြောက်နဲ့၊မစိုးရိမ်နဲ့... မင်းရဲ့အနားမှာ ကိုယ်အမြဲရှိနေမယ်။ ကိုယ်က ယုံကြည်လို့ရပါတယ်။ ...
1.4M 176K 150
BL