❄︎Completed❄︎နှင်းပွင့်လေးမျာ...

By demoncm

334K 41.3K 876

This is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42: မျက်နှာချေနီများဝယ်ယူခြင်း
Chapter 43 : အကြံဆိုးကြီးနဲ့အမျိုးသမီး
Chapter 44: မကောင်းသောအတွေးများ
Chapter 45 : အခက်အခဲနည်းနည်း
Chapter 46: ကျန်းဟူနှင့်အင်ပါရီယာတရားရုံး
Chapter 47: တိတ်တဆိတ်အစီအစဉ် (၁)
Chapter 48: တိတ်တဆိတ်အစီအစဉ် (၂)
Chapter 49: တိတ်တဆိတ်အစီအစဉ် (၃)
Chapter 50: တိတ်တဆိတ်အစီအစဉ် (၄)
Chapter 51: တိတ်တဆိတ်အစီအစဉ် (၅)
Chapter 52: တိတ်တဆိတ်အစီအစဉ် (၆)
Chapter 53: အစစ်အမှန်လော..ပုံရိပ်ယောင်ပင်လော..
Chapter 54.1 : အိပ်မက်ဆိုးမက်တာပါ
Chapter 54.2
Chapter 55.1 : တစ်ယောက်ထဲအပိုင်သိမ်းထားလို့ဘယ်ရမလဲနော့်
Chapter 55.2
Chapter 56 : အားလုံးသေကုန်ကြပြီလား
Chapter 57 : နွေဦးပွဲတော်ကာရန်ညီကဗျာများရေးဖွဲ့ကြခြင်း
Chapter 58.1 : သံသယဝင်လာခြင်း
Chapter 58.2
Chapter 59.1 : ကြောက်ဖွယ်ကောင်းသောအတွေး
Chapter 59.2
Chapter 60.1 : အထင်လွဲခြင်း
Chapter 60.2
Chapter 61.1 : လျှို့ဝှက်တိုးတက်မှု
Chapter 61.2
Chapter 62.1 : သူမလေးစိတ်ကောက်နေ၏ (၁)
Chapter 62.2
Chapter 63.1 : သူမလေးစိတ်ကောက်နေ၏ (၂)
Chapter 63.2
Chapter 64.1 : မက်မွန်စိမ်းကြောင့်မက်မွန်ဝိုင်ကိုရတယ်
Chapter 64.2
Chapter 65.1 : ဖက်ထုပ်များပြုလုပ်ကြခြင်း
Chapter 65.2
Chapter 66.1 : ယောက္ခမအိမ်သို့အလည်တစ်ခေါက်
Chapter 66.2
Chapter 67.1 : ဂုဏ်အရှိဆုံး၊ အကျော်ကြားဆုံးသော ယောက်ျား
Chapter (67.2)
Chapter 68: မားမားချောင်၏လျှို့ဝှက်အဆက်အသွယ်
Chapter 69: ယွမ်ရှန်း၏ကြမ္မာလမ်း
Important!! Plz read this part before you read Chapter (70)
Chapter 70 : Ending

Chapter 11

4.9K 690 38
By demoncm

Zawgyi

အခန္း (၁၁)
ရွင္ဘာလို႔ ကြၽန္မကို လက္ထပ္ခဲ့တာလဲဟင္

ထိုည အိပ္ယာဝင္ခ်ိန္အထိတိုင္ေအာင္ စုန႔္ယြီမင္က သူမကို အႏြေးဓာတ္ေပးကာ ဖက္ထားလ်က္ ရွိေနေသးသည္။ သို႔ေသာ္ သူ သူမကို ဘာမွမလုပ္ခဲ့ေပ။ တကယ္ေတာ့ ႐ႊယ့္တုန္ထင္းက *ထိုကိစၥကိုလုပ္ဖို႔ သူမကိုယ္သူမ စိတ္ျပင္ဆင္ထားၿပီးျဖစ္သည္။ သူမ အနည္းငယ္စိတ္ပ်က္အားေလ်ာ့စြာျဖင့္ သူ႕မ်က္ႏွာကိုၾကည့္ရင္း တိတ္ဆိတ္စြာ လွဲလိုက္သည္။ ယေန႕ညေတာ့ သူမအိပ္ရန္ ခက္ခဲေပဦးမည္။
(*ထိုကိစၥ - ယူနိုးဝွက္အိုင္မင္းန္း 🌚🌚)

ခဏမွ်ဟိုလွည့္သည္လွည့္ လုပ္ေနၿပီးေနာက္ သူမ၏နားထဲတြင္ ထိုလူ၏ အသံခပ္တိုးတိုးကို ၾကားလိုက္ရသည္။ "မလႈပ္နဲ႕ေတာ့"

႐ႊယ့္တုန္ထင္းက ရပ္တန႔္လိုက္ၿပီး သူ႕ကို ေမာ့ၾကည့္လိုက္သည္။ စုန့္ယြီမင္ကလည္း သူမကိုၾကည့္ေနၿပီး သူ႕မဟူရာေရာင္ မ်က္ဝန္းအိမ္မ်ားက တမူထူးျခားေသာ အလင္းေရာင္မ်ားျဖင့္ ေတာက္ပေနသည္။ ေျဖာင့္တန္းၿပီး နက္ေမွာင္ေသာ မ်က္ခုံးေမြးထူထူတို႔ကလည္း ထိလုမတက္ တြန႔္ေနသည္။

သူမ၏ ႏွလုံးသားေလးမွာ တဒုတ္ဒုတ္ခုန္ေပါက္ေန၏။ သူမ သတၱိေမြး၍ ေမးလိုက္သည္။ "စုန႔္ယြီမင္၊ ရွင္ ကြၽန္မကို ဘာလို႔လက္ထပ္ခဲ့တာလဲဟင္" ဤေမးခြန္းက အလြန္ေလးနက္သည္ဟု သူမထင္ေသာေၾကာင့္ စုန႔္ယြီမင္၏နာမည္ကို တပ္ေခၚလိုက္သည္။

သူက ေမးခြန္းေၾကာင့္ ေၾကာင္သြားသည္။ သူက ေမစခြန္းအေၾကာင္း ခနမွ်စဥ္းစားလိုက္သည္။ "ကိုယ္က အၿမဲတမ္း ကိုယ့္ေဘးမွာ အမ်ိဳးသမီးတစ္ေယာက္ ရွိေစခ်င္ခဲ့တာေလ။ အဲ့အမ်ိဳးသမီးက မင္းျဖစ္ေနမွန္းေတာ့ ကိုယ္မသိခဲ့ဘူး" သူ႕အေျဖက အလြန႔္အလြန္ကို ရိုးသားေနသည္။ 🙂

႐ႊယ့္တုန္ထင္းကေတာ့ ေအးခဲသြား၏။ "ကြၽန္မမွန္းမသိခဲ့ဘူးေပါ့?"

(စုန႔္ယြီမင္က တာဝန္သေဘာမ်ိဳးနဲ႕ မိန္းမယူလိုက္တာ။ သူလက္ထပ္မယ့္ အမ်ိဳးသမီးကိုလည္း လက္ထပ္မယ့္ေန႕က်မွ သိတာ။ အဲ့လိုမ်ိဳးေပါ့)

"ကိုယ့္ေဘးမွာ တစ္သက္လုံး ေနေစဖို႔ ဘယ္လို သာမာန္႐ြာသူမ်ိဳးျဖစ္ျဖစ္ လက္ထပ္ခိုင္းလို႔ရတယ္။ ဘာလို႔ မင္း ျဖစ္သြားလဲေတာ့ ကိုယ္မသိဘူးပဲ"

(သူေျပာခ်င္တာက 'ေအာင္သြယ္ေတာ္က ဘယ္လိုသာမာန္႐ြာသူကိုပဲျဖစ္ျဖစ္ စုန႔္ယြီမင္နဲ႕ ေအာင္သြယ္ေပးလို႔ရတာကို ဘာလို႔ ႐ႊယ့္တုန္ထင္းနဲ႕ ေအာင္သြယ္ေပးခဲ့လဲမသိဘူး' တဲ့)

သူမ နားမလည္ေသးေပ။ သူမေဘးမွ အမ်ိဳးသား၏ အသံရႈသံကေတာ့ အနည္းငယ္ေလးလံလာသည္။

႐ႊယ့္တုန္ထင္းက သူ႕ကို ၾကည့္ၿပီး ႏူးညံ့စြာေျပာသည္။ "အဲ့တာရွင္စဥ္းစားေနလား" ("Are you thinking about") သူမ အသံက အနည္းငယ္တုန္ရီေနသည္။

စုန႔္ယြီမင္က လွည့္ၿပီး သူမအေပၚကို အုပ္မိုးလိုက္သည္။ "ကိုယ္ မင္းကို လိုခ်င္တယ္" သူက တုံးတိႀကီး ေျပာလိုက္သည္။ ထို႔ေနာက္ သူက သူမကို လြန္စြာႏူးညံ့သိမ္ေမြ႕ေသာ အနမ္းျဖင့္ နမ္းလာသည္။

သူ သူမကို လႊတ္ေပးလိုက္ေသာအခါ သူမမွာ ရီေဝေဝျဖစ္ေနဆဲျဖစ္ေသာ္လည္း သူမ၏ ေနာက္ဆုံးအသိစိတ္ေလးကို လက္ကိုင္ထားဆဲျဖစ္၏။ သူမ၏ ခါးစည္းႀကိဳးကိုကိုင္ထားေသာ သူ႕လက္ကို သူမအျမန္ဆြဲကိုင္လိုက္ၿပီး အနည္းငယ္တုန္ယင္ေနေသာအသံျဖင့္ ေျပာလာသည္။ "ရွင္ရွင္ ကြၽန္မကို တစ္သက္လုံး ေကာင္းေကာင္းဆက္ဆံမွာမလားဟင္"

စုန႔္ယြီမင္က ေခတၱရပ္သြားသည္။ "ကိုယ္အခု အဲ့တာကိုလုပ္ေတာ့မယ္လို႔ေျပာရင္ မင္းယုံမွာလား" 🌚

သူမ မည္သို႔ေျပာရမွန္းပင္မသိေတာ့ေပ။ ယခုလိုအခ်ိန္မ်ိဳးတြင္ သူမထိုကဲ့သို႔ေမးခြန္းမ်ိဳးေမးလိုက္ျခင္းက နည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္နိုင္သည္။

သူေမးလိုက္ေသာ ေနာက္ထပ္စကားတစ္ခြန္းက သူမ၏ ေနာက္ဆုံးကာကြယ္မႈေလးကို က်ိဳးပ်က္သြားေစသည္။ "ဒါဆို ကိုယ့္က်န္တဲ့တစ္ဘဝလုံး မင္းကိုပဲအေဖာ္ျပဳေပးမယ္လို႔ ကိုယ္ေျဖရင္ေရာ"

သူတို႔ခ်စ္စိတ္မႊန္ေနေသာ ထိုအခိုက္အတန႔္တြင္ပင္ ျပာယာခတ္ေသာ တံခါးေခါက္သံႏွင့္အတူ လူတစ္ေယာက္၏ ေအာ္သံက ႐ုတ္ခ်ည္းျဖစ္ေပၚလာေလေတာ့သည္။ "အစ္ကိုစုန႔္၊ အစ္ကိုစုန႔္" ထိုသူ႕အသံက မ်က္ရည္မ်ားျဖင့္ ဆို႔နင့္ေနဟန္ရၿပီး ကေလးတစ္ေယာက္၏ ငိုသံသဲ့သဲ့ႏွင့္အတူ ေခ်ာင္းဆိုးသံကလည္း ကပ္ပါလာ၏။

႐ႊယ့္တုန္ထင္းက ၾကက္ေသေသသြားၿပီး စုန႔္ယြီမင္ကေတာ့ တုန္လႈပ္သြားသည္။ စုန႔္ယြီမင္က အကၤ်ီအျမန္ဝတ္လိုက္ၿပီး အိပ္ယာထဲမွ ထြက္သြားလိုက္သည္။ ႐ႊယ့္တုန္ထင္းမွာမူ ကတိုက္ကရိုက္ပင္ သူမ၏ အကၤ်ီတို႔ကို သပ္ရပ္ေအာင္ ျပင္လိုက္၏။ သူမ၏ဆံပင္မွာရႈပ္ပြလ်က္ရွိေနေသးေသာ္လည္း သူမကဂ႐ုစိုက္မေနဘဲ စုန႔္ယြီမင္ေနာက္သို႔ လိုက္သြားၿပီး ဘာျဖစ္ေနလဲဆိုသည္ကို သြားၾကည့္သည္။

ၿခံဝင္းတံခါးမွာ ပြင့္ရက္ရွိေနၿပီး ခပ္ပုပုလူတစ္ေယာက္က ေခ်ာင္းအဆက္မျပတ္ဆိုးေနေသာ ခုနစ္ႏွစ္ရွစ္ႏွစ္အ႐ြယ္ေကာင္ေလးကို ခ်ီထားသည္။ ထိုလူက အလြန္စိတ္ပူေနပုံရ၏။ "အစ္ကိုစုန႔္ရယ္၊ က်ဳပ္က်ဳပ္သားေလးကြမ္းအာက ဖ်ားေနတယ္။ ျမစ္ကို ကူးဖို႔ က်ဳပ္ အစ္ကိုစုန႔္ကိုပဲ ဒုကၡေပးရေတာ့မွာပဲဗ်ာ။ ၿမိဳ႕ကိုသြားၿပီး သမားေတာ္သြားျပခ်င္လို႔ဗ်။ က်ဳပ္က်ဳပ္စိုးရိမ္တာက သားေလးတစ္ခုခုျဖစ္သြားမွာကို"

ထိုကေလးမွာ နာတာရွည္ေခ်ာင္းဆိုးေရာဂါျဖစ္ေနၿပီး အသက္ရႉရန္ အခက္အခဲျဖစ္ေနသည္ကို ႐ႊယ့္တုန္ထင္းေျပာနိုင္ေပသည္။

အရင္ဘဝကဆိုလွ်င္ သူမ၏ ပရိယာယ္မ်ားေသာ လုပ္ႀကံမႈမ်ားတြင္ အေထာက္အကူရေစရန္ ေဆးပညာကို အထူးျပဳသင္ယူခဲ့၏။ ထို႔ေၾကာင့္ ထိုေကာင္ေလးမွာ အသက္ရႉခက္ခဲမႈျဖစ္ေပၚေနသည္ကို သူမသိသည္။ သူမက အႏြေးဓာတ္ရေစရန္ လက္ကိုပြတ္လိုက္ၿပီး ေကာင္ေလးရဲ႕ လည္ပင္းေနာက္ဘက္နားက ပန္းနာရင္က်ပ္ကို ရပ္ေစမည့္ အေၾကာကို ညင္ညင္သာသာႏွိပ္လိုက္သည္။ မၾကာခင္တြင္ပင္ ထိုေကာင္ေလး၏ အသက္ရႉသံက ပိုမိုေကာင္းမြန္လာသည္။ သူမက စုန႔္ယြီမင္ကို ေျပာလိုက္သည္။ "သူက သမားေတာ္ဆီသြားျပဖို႔ လိုေနတုန္းပဲေနာ္"

စုန႔္ယြီမင္က အံ့အားသင့္သြားသည္။ ႐ႊယ့္တုန္ထင္းက ဤသို႔ေသာ အရယမ်ားတြင္ ကြၽမ္းက်င္ေနမည္ဟု သူ စိတ္ေတာင္မကူးဖူးေပ။ သူ ခ်က္ခ်င္းေခါင္းၿငိမ့္လိုက္သည္။ "အခ်ိန္ဆြဲလို႔မျဖစ္ဘူး။ သြားရေအာင္!"

"ကြၽန္မလည္း လိုက္ခဲ့မယ္" သူမကလည္း အျမန္ေျပာလိုက္သည္။ "သမားေတာ္ဆီ မေရာက္ခင္အထိ ကြၽန္မသူ႕ကို ၾကည့္ေနေပးလို႔ရပါတယ္"

စုန႔္ယြီမင္က ခဏမွ်စဥ္းစားၿပီး သေဘာတူလိုက္သည္။ သူက အရပ္ၿပီး ခႏၶာကိုယ္ႀကီးမားသည့္အတြက္ အျခားသူမ်ားႏွင့္အတူ ကေလးကို ျမစ္ဆိပ္ဆီ ခ်ီသြားဖို႔က အခ်ိန္သိပ္မလိုေပ။ ႐ႊယ့္တုန္ထင္းႏွင့္ ကေလး၏အေဖတို႔က ေကာင္းေလးကို ေစာင့္ေရွာက္ေပးေနစဥ္တြင္ စုန႔္ယြီမင္က အျပင္မွေန၍ ေလွကို ပဲ့ထိန္းသည္။

ကေလးအေဖ၏နာမည္က ဟယ္ရႈျဖစ္ကာ ရိုးသားသည့္ လယ္သမားတစ္ေယာက္လည္း ျဖစ္၏။ သူ႕ဇနီးမွာ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ပင္ ဆုံးသြားခဲ့ၿပီး သူႏွင့္ တစ္ဦးတည္းေသာသားေလးကို ခ်န္ရစ္ခဲ့သည္။ ႐ႊယ့္တုန္ထင္းက သူႏွင့္ ခနမွ်စကားေျပာကာ ဤေကာင္ေလး၏ အေျခအေနကို အခ်ိန္အနည္းငယ္ သုံးသပ္ေနခဲ့သည္။

တိုက္ခတ္ေနေသာ ေလျပင္းမ်ားက အထဲထိပါ တိုးဝင္လာသည္။ ႐ႊယ့္တုန္ထင္းမွာ အကၤ်ီအပါးေလးသာ ဝတ္ထားကာ ဆံပင္မွာလည္း ရႈပ္ေထြးေနသည္။ ခုနက သူမစိုးရိမ္ေနေသာေၾကာင့္ သတိထားမိျခင္းမရွိခဲ့ေပ။ သို႔ေသာ္ ယခု ေလျပင္းမ်ားက တိုက္ခတ္သြားေသာေၾကာင့္ တုန္တက္ၿပီး အရိုးစိမ့္ေအာင္ ေအးေနေလသည္။

T/N :
ရီဖူရွင္းသြားဖတ္ေတာ့မယ္။ စာမစစ္ထားဘူးေနာ္။ XD. ဒါနဲ႕ ေဆးပညာအေၾကာင္းက အိုင္လည္း သိပ္မသိပါဘူးကြယ္။ ဒါေၾကာင့္ အေၾကာေတြကိစၥက နားလည္သလိုေတာ့ ျပန္ထားလိုက္တယ္။ 😁

Unicode

အခန်း (၁၁)
ရှင်ဘာလို့ ကျွန်မကို လက်ထပ်ခဲ့တာလဲဟင်

ထိုည အိပ်ယာဝင်ချိန်အထိတိုင်အောင် စုန့်ယွီမင်က သူမကို အနွေးဓာတ်ပေးကာ ဖက်ထားလျက် ရှိနေသေးသည်။ သို့သော် သူ သူမကို ဘာမှမလုပ်ခဲ့ပေ။ တကယ်တော့ ရွှယ့်တုန်ထင်းက *ထိုကိစ္စကိုလုပ်ဖို့ သူမကိုယ်သူမ စိတ်ပြင်ဆင်ထားပြီးဖြစ်သည်။ သူမ အနည်းငယ်စိတ်ပျက်အားလျော့စွာဖြင့် သူ့မျက်နှာကိုကြည့်ရင်း တိတ်ဆိတ်စွာ လှဲလိုက်သည်။ ယနေ့ညတော့ သူမအိပ်ရန် ခက်ခဲပေဦးမည်။
(*ထိုကိစ္စ - ယူနိုးဝှက်အိုင်မင်းန်း 🌚🌚)

ခဏမျှဟိုလှည့်သည်လှည့် လုပ်နေပြီးနောက် သူမ၏နားထဲတွင် ထိုလူ၏ အသံခပ်တိုးတိုးကို ကြားလိုက်ရသည်။ "မလှုပ်နဲ့တော့"

ရွှယ့်တုန်ထင်းက ရပ်တန့်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။ စုန့်ယွီမင်ကလည်း သူမကိုကြည့်နေပြီး သူ့မဟူရာရောင် မျက်ဝန်းအိမ်များက တမူထူးခြားသော အလင်းရောင်များဖြင့် တောက်ပနေသည်။ ဖြောင့်တန်းပြီး နက်မှောင်သော မျက်ခုံးမွေးထူထူတို့ကလည်း ထိလုမတက် တွန့်နေသည်။

သူမ၏ နှလုံးသားလေးမှာ တဒုတ်ဒုတ်ခုန်ပေါက်နေ၏။ သူမ သတ္တိမွေး၍ မေးလိုက်သည်။ "စုန့်ယွီမင်၊ ရှင် ကျွန်မကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်" ဤမေးခွန်းက အလွန်လေးနက်သည်ဟု သူမထင်သောကြောင့် စုန့်ယွီမင်၏နာမည်ကို တပ်ခေါ်လိုက်သည်။

သူက မေးခွန်းကြောင့် ကြောင်သွားသည်။ သူက မေစခွန်းအကြောင်း ခနမျှစဉ်းစားလိုက်သည်။ "ကိုယ်က အမြဲတမ်း ကိုယ့်ဘေးမှာ အမျိုးသမီးတစ်ယောက် ရှိစေချင်ခဲ့တာလေ။ အဲ့အမျိုးသမီးက မင်းဖြစ်နေမှန်း‌တော့ ကိုယ်မသိခဲ့ဘူး" သူ့အဖြေက အလွန့်အလွန်ကို ရိုးသားနေသည်။ 🙂

ရွှယ့်တုန်ထင်းကတော့ အေးခဲသွား၏။ "ကျွန်မမှန်းမသိခဲ့ဘူးပေါ့?"

(စုန့်ယွီမင်က တာဝန်သဘောမျိုးနဲ့ မိန်းမယူလိုက်တာ။ သူလက်ထပ်မယ့် အမျိုးသမီးကိုလည်း လက်ထပ်မယ့်နေ့ကျမှ သိတာ။ အဲ့လိုမျိုးပေါ့)

"ကိုယ့်ဘေးမှာ တစ်သက်လုံး နေစေဖို့ ဘယ်လို သာမာန်ရွာသူမျိုးဖြစ်ဖြစ် လက်ထပ်ခိုင်းလို့ရတယ်။ ဘာလို့ မင်း ဖြစ်သွားလဲတော့ ကိုယ်မသိဘူးပဲ"

(သူပြောချင်တာက 'အောင်သွယ်တော်က ဘယ်လိုသာမာန်ရွာသူကိုပဲဖြစ်ဖြစ် စုန့်ယွီမင်နဲ့ အောင်သွယ်ပေးလို့ရတာကို ဘာလို့ ရွှယ့်တုန်ထင်းနဲ့ အောင်သွယ်ပေးခဲ့လဲမသိဘူး' တဲ့)

သူမ နားမလည်သေးပေ။ သူမဘေးမှ အမျိုးသား၏ အသံရှုသံကတော့ အနည်းငယ်လေးလံလာသည်။

ရွှယ့်တုန်ထင်းက သူ့ကို ကြည့်ပြီး နူးညံ့စွာပြောသည်။ "အဲ့တာ...ရှင်စဉ်းစားနေလား..." ("Are you thinking about...") သူမ အသံက အနည်းငယ်တုန်ရီနေသည်။

စုန့်ယွီမင်က လှည့်ပြီး သူမအပေါ်ကို အုပ်မိုးလိုက်သည်။ "ကိုယ် မင်းကို လိုချင်တယ်" သူက တုံးတိကြီး ပြောလိုက်သည်။ ထို့နောက် သူက သူမကို လွန်စွာနူးညံ့သိမ်မွေ့သော အနမ်းဖြင့် နမ်းလာသည်။

သူ သူမကို လွှတ်ပေးလိုက်သောအခါ သူမမှာ ရီဝေဝေဖြစ်နေဆဲဖြစ်သော်လည်း သူမ၏ နောက်ဆုံးအသိစိတ်လေးကို လက်ကိုင်ထားဆဲဖြစ်၏။ သူမ၏ ခါးစည်းကြိုးကိုကိုင်ထားသော သူ့လက်ကို သူမအမြန်ဆွဲကိုင်လိုက်ပြီး အနည်းငယ်တုန်ယင်နေသောအသံဖြင့် ပြောလာသည်။ "ရှင်...ရှင် ကျွန်မကို တစ်သက်လုံး ကောင်းကောင်းဆက်ဆံမှာမလားဟင်"

စုန့်ယွီမင်က ခေတ္တရပ်သွားသည်။ "ကိုယ်အခု အဲ့တာကိုလုပ်တော့မယ်လို့ပြောရင် မင်းယုံမှာလား" 🌚

သူမ မည်သို့ပြောရမှန်းပင်မသိတော့ပေ။ ယခုလိုအချိန်မျိုးတွင် သူမထိုကဲ့သို့မေးခွန်းမျိုးမေးလိုက်ခြင်းက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်သည်။

သူမေးလိုက်သော နောက်ထပ်စကားတစ်ခွန်းက သူမ၏ နောက်ဆုံးကာကွယ်မှုလေးကို ကျိုးပျက်သွားစေသည်။ "ဒါဆို ကိုယ့်ကျန်တဲ့တစ်ဘဝလုံး မင်းကိုပဲအဖော်ပြုပေးမယ်လို့ ကိုယ်ဖြေရင်ရော"

သူတို့ချစ်စိတ်မွှန်နေသော ထိုအခိုက်အတန့်တွင်ပင် ပြာယာခတ်သော တံခါးခေါက်သံနှင့်အတူ လူတစ်ယောက်၏ အော်သံက ရုတ်ချည်းဖြစ်ပေါ်လာလေတော့သည်။ "အစ်ကိုစုန့်၊ အစ်ကိုစုန့်" ထိုသူ့အသံက မျက်ရည်များဖြင့် ဆို့နင့်နေဟန်ရပြီး ကလေးတစ်ယောက်၏ ငိုသံသဲ့သဲ့နှင့်အတူ ချောင်းဆိုးသံကလည်း ကပ်ပါလာ၏။

ရွှယ့်တုန်ထင်းက ကြက်သေသေသွားပြီး စုန့်ယွီမင်ကတော့ တုန်လှုပ်သွားသည်။ စုန့်ယွီမင်က အင်္ကျီအမြန်ဝတ်လိုက်ပြီး အိပ်ယာထဲမှ ထွက်သွားသည်။ ရွှယ့်တုန်ထင်းမှာမူ ကတိုက်ကရိုက်ပင် သူမ၏ အင်္ကျီတို့ကို သပ်ရပ်အောင် ပြင်လိုက်၏။ သူမ၏ဆံပင်မှာရှုပ်ပွလျက်ရှိနေသေးသော်လည်း သူမကဂရုစိုက်မနေဘဲ စုန့်ယွီမင်နောက်သို့ လိုက်သွားပြီး ဘာဖြစ်နေလဲဆိုသည်ကို သွားကြည့်သည်။

ခြံဝင်းတံခါးမှာ ပွင့်ရက်ရှိနေပြီး ခပ်ပုပုလူတစ်ယောက်က ချောင်းအဆက်မပြတ်ဆိုးနေသော ခုနစ်နှစ်ရှစ်နှစ်အရွယ်ကောင်လေးကို ချီထားသည်။ ထိုလူက အလွန်စိတ်ပူနေပုံရ၏။ "အစ်ကိုစုန့်ရယ်၊ ကျုပ်...ကျုပ်သားလေးကွမ်းအာက ဖျားနေတယ်။ မြစ်ကို ကူးဖို့ ကျုပ် အစ်ကိုစုန့်ကိုပဲ ဒုက္ခပေးရတော့မှာပဲဗျာ...။ မြို့ကိုသွားပြီး သမားတော်သွားပြချင်လို့ဗျ...။ ကျုပ်...ကျုပ်စိုးရိမ်တာက သားလေးတစ်ခုခုဖြစ်သွားမှာကို..."

ထိုကလေးမှာ နာတာရှည်ချောင်းဆိုးရောဂါဖြစ်နေပြီး အသက်ရှူရန် အခက်အခဲဖြစ်နေသည်ကို ရွှယ့်တုန်ထင်းပြောနိုင်ပေသည်။

အရင်ဘဝကဆိုလျှင် သူမ၏ ပရိယာယ်များသော လုပ်ကြံမှုများတွင် အထောက်အကူရစေရန် ဆေးပညာကို အထူးပြုသင်ယူခဲ့၏။ ထို့ကြောင့် ထိုကောင်လေးမှာ အသက်ရှူခက်ခဲမှုဖြစ်ပေါ်နေသည်ကို သူမသိသည်။ သူမက အနွေးဓာတ်ရစေရန် လက်ကိုပွတ်လိုက်ပြီး ကောင်လေးရဲ့ လည်ပင်းနောက်ဘက်နားက ပန်းနာရင်ကျပ်ကို ရပ်စေမည့် ‌အကြောကို ညင်ညင်သာသာနှိပ်လိုက်သည်။ မကြာခင်တွင်ပင် ထိုကောင်လေး၏ အသက်ရှူသံက ပိုမိုကောင်းမွန်လာသည်။ သူမက စုန့်ယွီမင်ကို ပြောလိုက်သည်။ "သူက သမားတော်ဆီသွားပြဖို့ လိုနေတုန်းပဲနော်"

စုန့်ယွီမင်က အံ့အားသင့်သွားသည်။ ရွှယ့်တုန်ထင်းက ဤသို့သော အရယများတွင် ကျွမ်းကျင်နေမည်ဟု သူ စိတ်တောင်မကူးဖူးပေ။ သူ ချက်ချင်းခေါင်းငြိမ့်လိုက်သည်။ "အချိန်ဆွဲလို့မဖြစ်ဘူး။ သွားရအောင်!"

"ကျွန်မလည်း လိုက်ခဲ့မယ်" သူမကလည်း အမြန်ပြောလိုက်သည်။ "သမားတော်ဆီ မရောက်ခင်အထိ ကျွန်မသူ့ကို ကြည့်နေပေးလို့ရပါတယ်"

စုန့်ယွီမင်က ခဏမျှစဉ်းစားပြီး သဘောတူလိုက်သည်။ သူက အရပ်ပြီး ခန္ဓာကိုယ်ကြီးမားသည့်အတွက် အခြားသူများနှင့်အတူ ကလေးကို မြစ်ဆိပ်ဆီ ချီသွားဖို့က အချိန်သိပ်မလိုပေ။ ရွှယ့်တုန်ထင်းနှင့် ကလေး၏အဖေတို့က ကောင်းလေးကို စောင့်ရှောက်ပေးနေစဉ်တွင် စုန့်ယွီမင်က အပြင်မှနေ၍ လှေကို ပဲ့ထိန်းသည်။

ကလေးအဖေ၏နာမည်က ဟယ်ရှုဖြစ်ကာ ရိုးသားသည့် လယ်သမားတစ်ယောက်လည်း ဖြစ်၏။ သူ့ဇနီးမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဆုံးသွားခဲ့ပြီး သူနှင့် တစ်ဦးတည်းသောသားလေးကို ချန်ရစ်ခဲ့သည်။ ရွှယ့်တုန်ထင်းက သူနှင့် ခနမျှစကားပြောကာ ဤကောင်လေး၏ အခြေအနေကို အချိန်အနည်းငယ် သုံးသပ်နေခဲ့သည်။

တိုက်ခတ်နေသော လေပြင်းများက အထဲထိပါ တိုးဝင်လာသည်။ ရွှယ့်တုန်ထင်းမှာ အင်္ကျီအပါးလေးသာ ဝတ်ထားကာ ဆံပင်မှာလည်း ရှုပ်ထွေးနေသည်။ ခုနက သူမစိုးရိမ်နေသောကြောင့် သတိထားမိခြင်းမရှိခဲ့ပေ။ သို့သော် ယခု လေပြင်းများက တိုက်ခတ်သွားသောကြောင့် တုန်တက်ပြီး အရိုးစိမ့်အောင် အေးနေလေသည်။

T/N :
ရီဖူရှင်းသွားဖတ်တော့မယ်။ စာမစစ်ထားဘူးနော်။ XD ဒါနဲ့ ဆေးပညာအကြောင်း အိုင်လည်း သိပ်မသိပါဘူးကွယ်။ ဒါကြောင့် အကြောတွေကိစ္စက နားလည်သလိုတော့ ပြန်ထားလိုက်တယ်။

Continue Reading

You'll Also Like

160K 20.6K 135
လမင်းကြီးဝိုင်းသည်ဖြစ်​စေ မဝိုင်း​တော့ဘူးဖြစ်​စေ ဘာဟာကမှ အ​ရေးမကြီးဘူး ကိုယ်တစ်​ယောက်လုံး မင်း​ဘေးနားမှာရှိ​နေ​ပေးမယ်~~~~
1.7M 94.7K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
11.6K 209 3
Being pa pa pa after rebith ကိုဘာသာ ြပန်ထား ပါတယ်။ Warning : Normal - 18 Plus Description ကံဆိုးတဲ့ဗီလိန်လား? ယွမ်ကျီရန်..အတွက်အဲလိုဘယ်တော့မှဖြစ်လာမှ...