ရင်းချဲယ်မှာတော့ နွားနို့ခွက်ကြီးကို လက်ထဲမှာကိုင်ထားရင်း သောက်ဖို့တောင် မေ့နေမိသည်။
ထိုစကားတွေအပေါ် အတန်ကြာတွေးကြည့်နေပြီးနောက် သူပြောလိုက်သည်။
"မင်းဒယ်ဒီက စကားပြောတော်လိုက်တာနော်"
"အွန်း ငါလည်းအဲ့လိုပဲထင်တယ်"
ကျန့်ယောင်က သူ့လက်ထဲကခွက်ကို ထိုးပြကာ
"သောက် အေးတော့မယ်"
အကုန်လုံး ဖုန်းထဲက ကြည့်မှာပြီးနောက်တော့ လူအယောက်နှစ်ဆယ်ကျော်မှာ ယွမ်၇၈၀ဖိုးလောက်ကျတယ်၊ ဒါ အတော်ကုန်ကျသက်သာတယ်ဆိုရမယ်။
"ငါ့အကောင့်ကို ချွေတာမနေနဲ့နော်"
ကျန့်ယောင်က ယွမ် ၁၀၀၀ဖိုးကျော်သည်အထိ စားစရာသောက်စရာတွေထပ်ထည့်လိုက်ပြီး အော်ဒါသွားတင်တော့သည်။
နာရီဝက်ခန့်ကြာပြီးနောက် မှာထားတဲ့စားစရာတွေတစ်ခုပြီးတစ်ခု ရောက်လာသည်။ ဧည့်ခန်း၊ ထမင်းစားခန်းတင်မက ဘားကောင်တာမှာပါ စားစရာတွေနဲ့ပြည့်သွားသည်။ သူတို့အုပ်စုက စုစုရုံးရုံးနှင့် စားလိုက်စကားပြောလိုက်နှင့်၊ ပြောစရာအကြောင်းတွေကတော့ ဘာရယ်မဟုတ် ကျောင်းသတင်းတွေသာ၊ တခါတခါ တခြားကျောင်းက သတင်းတချို့လည်း ပါလာတတ်သေးသည်။
တခြားကျောင်းဆိုသည်မှာတော့ များသောအားဖြင့် First Highကိုရည်ညွှန်းခြင်းသာဖြစ်သည်။
သူတို့တွေဟာ First Highရဲ့ ကျောင်းနတ်ဘုရားအကြောင်းပြောနေတာမို့ နားထောင်ရင်းနဲ့ ရင်းချဲယ်မှာ ဂုဏ်ယူမဆုံး၊ ကျန့်ယောင် ဝင်မနှောင့်ခင်အထိပေါ့။
"လာပြန်ပြီ မင်းရဲ့အပေါက်ဆိုးတိတိ...."
ကျန့်ယောင်တစ်ယောက် စားပွဲအောက်ကနေ အကန်ခံလိုက်ရသည်။
ချက်ချင်းပဲ ပါးစပ်ပိတ်သွားသည်။
စားနေရင်းတန်းလန်းမှာတင် တစ်စုံတစ်ယောက်က ထအော်သည်။
''ကယ်ကြပါဦး!"
အားလုံးကလည်း ဘာများဖြစ်တာလဲဆိုပြီး စိုးရိမ်တကြီးဝိုင်းမေးကြသည်။
"ဘာဖြစ်လို့လဲ၊ ဘာဖြစ်တာလဲ?"
စောစောလေးက အော်လိုက်တဲ့ကောင်မှာ ခေါင်းထောင်လာပြီး ကြောက်ကြောက်လန့်လန့်ပြောသည်။
"အဆင့်တွေ! ခုလေးတင် ငါ့အမေဆီပို့လိုက်တာ!"
"ဘာ!!"
"F*ck!!"
"ငါတော့ သေပြီ!!"
ဗီလာမှာ ရုတ်ခြည်းဆိုသလို အော်သံတွေနှင့်ဖုံးအုပ်သွားတယ်၊ အားလုံးရဲ့မျက်နှာအမူအရာတွေ တညီတညွတ်တည်း ထိတ်လန့်နေဟန်တွေ။
ကျောက်ချန် : "ငါမကြည့်ရင် ငါမမြင်ဘူး မသိဘူးပဲ၊ မမြင်ရင် မပို့ရသေးတာနဲ့အတူတူပဲ၊ မင်းတို့ကောင်တွေ....f*ck! အကုန်ကြည့်နေကြတာပဲ! ဖုန်းတွေကို အောက်ချထားလိုက်စမ်း!"
ဘယ်လိုမှမရတော့ပါ။ သူတို့အဆင့်တွေကို သူတို့မသိချင်ဘူးဆိုပေမယ့် သိလည်းသိချင်တယ်။
ကျန့်ယောင်ကတော့ အေးအေးဆေးဆေးပဲ မှတ်ချက်ပြုလိုက်သည်။
"အိုး? မင်းတို့အဆင့်တွေလား? စာမေးပွဲမှာ ဘယ်လိုတွေလုပ်ခဲ့ကြလဲ ငါလည်းကြည့်ပါရစေဦး၊ ကျရင်ဖြစ်လာမယ့်အကျိုးဆက်ကိုတော့ သိတယ်နော်?"
လေထုဟာ ချက်ချင်း အကြောက်တရားတွေနဲ့ ဖုံးလွှမ်းလာသည်။
"F*ck f*ck f*ck ဗုဒ္ဓော ကျွန်တော်မျိုးကို ဆောင်မ ကာကွယ်တော်မူပါ amen"
ကျောက်ချန်ကတော့ ဖုန်းကိုရင်ဘတ်မှာကပ်ကာ ကြက်ခြေခတ်သဏ္ဍာန်လုပ်ပြီး ပါးစပ်ကလည်း ရှေ့နောက်မညီစွာ ဗလုံးဗထွေးနှင့် ဘယ်ဘုရားကို ဆုတောင်းလို့တောင်းမှန်းမသိ ဆုတောင်းနေလေရဲ့။ နောက်တော့ လက်တွေတုန်တုန်ရီရီနဲ့ သူဖုန်းကိုကြည့်တယ်။
Eighth Highမှာက အဆင့်တွေရမှတ်တွေကို ကျောင်းသားတစ်ဦးချင်းစီဆီ ပို့ပေးလေ့ရှိတယ်။ ဘာသာရပ်တစ်ခုစီရဲ့ရမှတ်တွေ အတန်းလိုက်အဆင့်တွေဟာ တစ်ချက်ကြည့်ရုံနဲ့တင် ရှင်းလင်းနေသည်၊ နှလုံးဆီကို တည့်တည့်ပစ်၀င်လာတဲ့ လျှပ်တပြက်ရိုက်ချက်မျိုး။
"၇၂တဲ့...ငါတော့သေပြီ..."
ကျောက်ချန်တစ်ယောက် ကိုယ့်အဆင့်ကိုယ်တွေ့လိုက်ရပြီးချိန်မှာတော့ သူ့ရင်ဘတ်ထဲက မျှော်လင့်ချက်အပိုင်းအစလေးဟာ ဖုန်မှုန့်အဖြစ် လွင့်ပြယ်ရချေပြီ။
"ဒီဆောင်းတွင်းပိတ်ရက်မှာတင် ထွက်လာလိမ့်မယ်လို့ မှ ထင်မထားတာ....ယောင်ကောနဲ့ ငါ့ရဲ့ရှုန်တိအပေါင်း၊ ချင်မင်ပွဲတော်နေ့ကျ ကျွန်တော့်အတွက် အမွှေးတိုင် ဆက်ဆက်လာထွန်းပေးပါနော်..."
ပီတိပြုံးများလက်လက်ထနေတဲ့ ကျန့်ယောင်က ပြောသည်။
"မင်းကို ဘယ်သူကများ ရည်းစားနဲ့အပြင်လျှောက်လည်ခိုင်းလို့လဲ? ခုတော့ အဆင့်တွေလျှောပြီမလား ဟမ်? ခေါင်းဆောင်ရဲ့အဆင့်ကတောင် ဒီလိုကျသွားမှတော့ မင်းဂုဏ်သိက္ခာတွေရော? မင်းကဒီလိုဆိုမှတော့ တစ်ကျောင်းလုံးရှေ့မှာ မင်းရဲ့ရှုန်တိတွေအားလုံး ဘယ်လိုခေါင်းထောင်နိုင်တော့မှာလဲ?"
ကျောက်ချန်မှာလည်း လုံးလုံးကို အရှက်ရနေလေသည်။
"ငါတောင်းပန်ပါတယ် ရှုန်တိတို့ရယ်၊ နောက်တစ်ခေါက်ကျ သေချာပေါက် top 50ဝင်စေရမယ်၊ မင်းတို့ငါ့အပေါ်ထားတဲ့ယုံကြည်မှုကို ငါအကျိုးမယုတ်စေရဘူး၊ မင်းတို့ယုံကြည်ကိုးစားရတဲ့ ငါက အဖွဲ့အတွက် တာဝန်ယူမှုမလစ်ဟင်းစေရဘူး"
"...."
ရင်းချဲယ်တော့ သူ့ကိုယ်သူ gangster movieထဲက ပြကွက်တစ်ခုကိုကြည့်နေရတာလား comedy movieထဲက sceneတစ်ခုကို ကြည့်နေရတာလားဆိုတာတောင် မသဲကွဲတော့ဘူး။
တချို့သူတွေကတော့ ရမှတ်တွေအပေါ် မျက်ရည်တောက်တောက်ကျနေကြစဥ် တချို့ကတော့ အဆင့်တွေမြင်ပြီး ပျော်ပါးကခုန်နေကြတော့သည်။
ဟွမ်ကျွင်းကမူ ဖုန်းကိုလက်ကကိုင်ထားရင်း ဗီလာထဲ တစ်ခန်းဝင်တစ်ခန်းထွက်လို့ ပျော်ရွှင်ခုန်ပေါက်နေတော့သည်။
"နောက်ဆုံးတော့ အဆင့်၂၅၀ရသွားပြီကွ! ဟဟဟ! ငါအပြစ်ပေးမခံရတော့ဘူး! ငါဟာအရူး! ငါဟာအရူး!"
(T/n : ၂၅၀ဆိုတာ slangမှာ အရူးဆိုတဲ့အဓိပ္ပါယ်ရပါတယ်တဲ့၊ ကျန့်ယောင်က သိလို့သက်သက်အဲ့လိုပေးတာနေမာ် lol)
"....."
သေချာပါတယ် ဒါက comedy movieပဲ
ကျန့်ယောင်ရဲ့ အပြစ်ပေးမှုက အတော်လေးကို ဆန်းကြယ်လိမ့်မယ်လို့ ရင်းချဲယ် တွေးမိတယ်၊ မဟုတ်ရင် ကလေးတစ်ယောက်ကို ခုလိုမျိုးဖြစ်နေအောင် ဘယ်တွန်းအားပေးနိုင်ပါ့မလဲ။
စားသောက်ပြီးသွားချိန်မှာတော့ ထင်မှတ်မထားတဲ့ စာမေးပွဲရမှတ်တွေအကြောင်းလည်း အားလုံးက အစာကြေသွားလေပြီ။
လေထုမှာ တစ်ဖန်ပြန်လည်တက်ကြွလာပြီး ထိုလူအုပ်ကလည်း ပြန်ပြီးဆူဆူညံညံလုပ်လေတော့သည်။
"မီးတွေပိတ် မီးတွေပိတ်!"
ကျောက်ချန်က အော်သည်။
နံရံနဲ့နီးတဲ့တစ်ယောက်က ခေါင်က မီးတွေကိုပိတ်လိုက်တော့ ဧည့်ခန်းမှာ အမှောင်ထုကြီးစိုးသွားပြီး ကိတ်မုန့်ပေါ်က ဖယောင်းတိုင်လေးတွေရဲ့ မှိတ်တုတ်မှိတ်တုတ်အလင်းသာ ကျန်ရှိနေတော့သည်။
"Happy birthday to you...."
သူတို့အားလုံးသံပြိုင်ဆိုကြသည်။ သီချင်းက ဘယ်ကစဆိုလာတယ်မသိကြသော်ငြားလည်း သူတို့အားလုံးလှိုက်လှိုက်လှဲလှဲလိုက်ဆိုဖြစ်ကြသည်။
အသံပေါင်းများစွာထဲမှာမှ ဘေးကလူရဲ့ ကြည်လင်အေးစက်တဲ့အသံလေးကိုလည်း ကျန့်ယောင် ကွဲပြားကြားနိုင်ခဲ့သည်၊ အသံလေးက အရမ်းအရမ်းကိုတိုးညှင်းပေမယ့်လည်း နားထဲမှာ သာယာစွဲထင်နေခဲ့လေသည်။
သူ့နှုတ်ခမ်းစွန်းတွေ ကော့တက်သွားသည်။ စိတ်ထဲမှာ အကျေနပ်ကြီးကျေနပ်အားရမိစွာ ဖယောင်းတိုင်တွေကို မှုတ်လိုက်သည်။
မီးတွေ ပြန်လင်းလာသည်။
"Happy birthday! ကိတ်ခွဲ ကိတ်ခွဲ!"
ပတ်ပတ်လည်က လူတွေက ဝိုင်းပြောကြသည်။
ကျန့်ယောင် ထိုင်ခုံဖော်လေးဆီကို မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်။
ရင်းချဲယ်က မငြင်းပါပဲ ဓားကိုယူကာ သူ့အတွက်ပထမဆုံးအပိုင်းကို လှီးခွဲပေးသည်။
"ရေ့ာ"
"ကျေးဇူး"
ကျန့်ယောင် တစ်ကိုက်ကိုက်လိုက်သည်။
"ချဲယ်ချဲယ်ခွဲပေးတာလေး စားရတာ အရမ်းအရသာရှိတာပဲ "
"Woo---"
ဘေးလူတွေကတော့ နှစ်ယောက်ကြားက ဘာကိုမှမမြင်နိုင်ပဲ ရမ်းသမ်းမြှောက်ပင့်နေကြတော့သည်။
...
ညစာနဲ့ ကိတ်မုန့်စားပြီးတဲ့နောက် သူတို့နောက်တစ်ကြိမ် ပြန်လည်ပျော်ပါးခဲ့ကြသည်။ သို့ပေမယ့် ၈နာရီထိုးသည်နှင့်တစ်ပြိုင်နက် စည်းကမ်းတင်းကျပ်တဲ့ အိမ်ကကျောင်းသားတွေကတော့ နှုတ်ဆက်စကားဆိုကာ ပြန်သွားကြသည်။
၉နာရီတွင်တော့ ဗီလာထဲတွင် လူကိုးယောက်ပင်မကျန်တော့ပေ။
အပေါ်ထပ်မှာက အိပ်ခန်းငါးခန်းပဲရှိတာမို့ တချို့တလေကတော့ အတူပေါင်းအိပ်ရတော့မှာပင်။
ကျောက်ချန်ကတော့ ယောင်ကောကို တစ်ယောက်တည်းအိပ်ဖို့အကြံပြုမည်လုပ်ချိန် ကျန့်ယောင်က အရင်စပြောလာသည်။
"ချဲယ်ချဲယ် ငါကျောက်ချန်နဲ့အိပ်လိုက်မယ်၊ မင်းတစ်ယောက်တည်း တစ်ခန်းယူလိုက်၊ တစ်ခုခုဆိုလှမ်းခေါ်လို့ရအောင် ငါမင်းဘေးကပ်ရပ်အခန်းယူလိုက်မယ်"
ကျောက်ချန်မယ်တော့ ဇကောဝိုင်းလို မျက်လုံးတွေ ပြူးထွက်။
"ယောင်ကောတို့ တအားကို gentlemanဆန်နေပါလား?"
ကျန့်ယောင်က သူ့ကိုပိတ်ကန်ကာ
"ငါကဘယ်တုန်းက gentlemanမဆန်လို့လဲ?"
ရင်းချဲယ်ကတော့ လွယ်အိတ်ကိုကောက်လွယ်သည်။
"တော်ပြီ ငါကျောင်းကို ပြန်မှာ"
ဒီတစ်ခေါက်တော့ မျက်လုံးပြူးရသည်မှာ ကျန့်ယောင်အလှည့်။
"ဒီလောက်နောက်ကျနေတာကို ပြန်မလို့လား? အဆောင်က ဆယ်နာရီဆိုပိတ်ပြီလေ"
"တက္ကစီငှားသွားလိုက်မယ်၊ ခုလေးတင်မြေပုံကြည့်လိုက်တယ် မြန်ရင်တော့ မိနစ်လေးဆယ်လောက်ပဲကြာမှာပါ အချိန်ပိုပါတယ်"
"မပြန်မဖြစ် အကြောင်းတစ်ခုခုရှိလို့လား?"
"မရှိပါဘူး၊ ဘာရယ်မဟုတ်ဘူး"
"ဘာမှမရှိရင်လည်း နေလိုက်တာမဟုတ်ဘူး၊ ဒီနေ့မင်းပျော်ခဲ့ရတယ်မလား? ဒီမှာနေလိုက်လေ မနက်ဖြန်မနက်ကျ မင်းကိုငါ ပြန်လိုက်ပို့ပေးမယ်"
"မင်းမွေးနေ့ပွဲကို လာမယ်ပဲပြောခဲ့တာလေ၊ ညအိပ်မယ်မပြောပါဘူး"
ရင်းချဲယ်က လွယ်အိတ်ကိုယူကာ ပြောသည်။
"ငါပြန်တော့မယ် ဘိုင့်"
ကျောက်ချန်နဲ့ ကျန်သူတွေကတော့ ယောင်တောင်တောင်နဲ့ "ဘိုင့်"ဆိုပြီး လိုက်ပြောမိကြသည်။
သူတို့အနေနဲ့ သွေးအေးတဲ့လူတွေ အများကြီးတွေ့ဖူးတယ်၊ ဒါမယ့် ရန်မူတဲ့ moodကို စာရွက်တစ်ရွက်လှန်တာထက် ပိုမြန်အောင်ပြောင်းလို့ပြောင်းလွဲလုပ်နိုင်တဲ့ ဒီလိုအေးစက်တဲ့လူမျိုးကိုတော့ တစ်ခါမှ မတွေ့ဘူးပေ။
တံခါးအပြင်ရောက်သည်ဆိုရင်ပဲ ကျန့်ယောင်က သူ့လမ်းကိုပိတ်ရပ်သည်။
ဒီလိုဆောင်းတွင်းညပိုင်း လေညှင်းက တကယ်ကိုအေးတယ်၊ ကျန့်ယောင်က သူ့ကုတ်ကိုဗီလာထဲတင် ချွတ်ထားခဲ့တာမို့ ခုချိန်မှာတော့ ဆွယ်တာအပါးလေးတစ်ထည်ပဲဝတ်ထားလေသည်။ လေက ရက်ချည်ကြားထဲကနေ အပ်သဖွယ်ထိုးဖောက်၀င်ရောက်မှုကြောင့် အေးခဲစူးစိမ့်နေလေသည်။
မျက်နှာသေနဲ့ ရင်းချဲယ်က သူ့ကိုကြည့်ကာ :
"ပြန်ဝင်တော့ ငါတကယ်ပြန်ချင်တာ"
ကျန့်ယောင်ကတော့ စကားတစ်ခွန်းမှမဆိုပဲ သူ့ကိုပဲစိုက်ကြည့်နေသည်၊ နောက်မှ ရုတ်ခြည်းထရယ်သည်၊ သူ့မျက်နှာတွင် ခပ်ဖျော့ဖျော့အပြုံးလေးနှင့် :
"ခုနလေးတင် ငါဆုတောင်းလိုက်တဲ့ မွေးနေ့ဆုတောင်းက ဟိုအရင်ညက ဆုတောင်းနဲ့အတူတူပဲ"
သူသဘောကျရတဲ့ သူကိုရနိုင်ဖို့။
"အမှန်ပြောရရင် ငါတကယ် ဘာကိုမှ မတွေးတတ်တော့ဘူး၊ အဲ့နေ့က မင်းငြင်းလိုက်ပြီးနောက် ငါဘာလုပ်ရမှန်းလည်း မသိတော့သလို ဘယ်လိုမျိုး ဆက်ကြိုးစားရမှန်းလည်း မသိတော့ဘူး
"မင်းက ငါ့ရုပ်ရည်ကိုစိတ်မဝင်စားဘူး မဟုတ်ဘူး ကြည့်ရတာတော့ ငါ့တစ်ကိုယ်လုံးကို လူတစ်ယောက်အဖြစ် နည်းနည်းမှ စိတ်မဝင်စားပုံပါပဲ၊ ငါဘာပဲလုပ်လုပ် ဘာပဲကြိုးစားကြိုးစား မင်းဘက်ကမတုံ့ပြန်တဲ့အပြင် အကုန်လုံးကိုတောင် ဆန့်ကျင်သေးတာ"
ကျန့်ယောင် လေအေးအေးတွေကို ဖြည်းဖြည်းချင်းရှူသွင်းလိုက်သည်။
"ငါဘာများမှားခဲ့လဲဆိုတာ မင်းပြောပြနိုင်မလား? ဥပမာအနေနဲ့ ဒီနေ့ညဆို မင်းဘာလို့ပြန်ချင်ရတာလဲ? မင်းနေစေဖို့အတွက်ကို ငါဘာလုပ်ပေးရမလဲ? ငါကျိန်ဆိုတယ် မင်းကို လုံးဝမထိဘူး မင်းအခန်းထဲကိုလုံးဝမဝင်ပါဘူးလို့ ငါက...ငါ့မွေးနေ့တစ်ခုလုံးမှာ မင်းကိုအနားမှာ ရှိနေစေချင်ရုံလေးပါ"
ညရဲ့ခပ်မှိန်မှိန်အလင်းရောင်ထဲတွင် ရင်းချဲယ် သူ့ကိုအကဲခတ်နေသည်။
အရင်က သူ့ရဲ့အမြင်မှာတော့ ကျန့်ယောင်ဟာ အမြဲယုံကြည်မှုပြည့်ဝနေပြီး ယုံကြည်မှုလွန်ကဲလွန်းလို့ စိတ်ရောဂါတောင်ဖြစ်တော့မတတ်ပဲ။ ဒီလိုအမူအရာမျိုး ဘယ်တုန်းကမှ မပြခဲ့ဖူးပေ။
စိုးရိမ်တကြီးနဲ့အလေးအနက် တောင်းပန်တိုးလျှိုနေသည့်ပုံစံမျိုး။
ရင်းချဲယ်လည်း လေအေးတွေက ကောလံကတစ်ဆင့်ဝင်ရောက်လာတာမို့ စပြီးအေးသလိုခံစားလာရသည်။ သူ့လည်ပင်းက အမာရွတ်သည်လည်း အနည်းငယ် ကိုက်ခဲစပြုလာသည်။
"မင်းလုပ်ခဲ့တာတွေ အကုန်မှန်ပါတယ်"
သူ့ကိုသူပင် အကြည့်မလွှဲမိစေဖို့ အားတင်းထားရသည်။
"မင်းကြိုက်တဲ့သူက မှားနေတာတစ်ခုလေးပဲ၊ အဲ့လောက်ပါပဲ"
"....ငါ့ကို ထပ်ငြင်းနေတာလား?"
"အင်း"
ကျန့်ယောင်ကတော့ သူ့ကို အချိန်အတော်ကြာ စေ့စေ့စပ်စပ်စိုက်ကြည့်သည်၊ သူ့မျက်နှာပေါ်မှာ လိမ်ညာနေတဲ့ အရိပ်ယောင်လေးများတွေ့ရမလားလို့ ကြိုးစားရှာဖွေနေပေမယ့်။
သူဘာမှမတွေ့ရဘူး။
ရင်းချဲယ်က တကယ်ကြီး သူ့ကိုသဘောမကျတာပဲ
ကျန့်ယောင် ညကောင်းကင်ယံကြီးဆီကို ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူ ပင့်သက်အရှည်ကြီးရှိုက်မိသည်၊ လေအေးနဲ့အတူ မျောလွင့်သွားတဲ့ သူ့အသက်ရှူငွေ့တွေ။
"သိပြီ"
ထို့နောက် သူ့ကိုကျော်ဖြတ်ကာ ဗီလာထဲသို့ ပြန်ဝင်သွားတော့သည်။
...
ရင်းချဲယ်လည်း နေရာမှာတင် ခနလောက်ရပ်နေမိသည်၊ အသက်ကိုပြင်းပြင်းရှူသွင်းသည်၊ နောက် တက္ကဆီငှားဖို့အတွက် လမ်းဆုံကိုလျှောက်လာလိုက်တော့သည်။
သူသိပ်ဝေးဝေးမရောက်သေးခင်မှာပဲ နောက်ပါးကခြေသံခပ်သွက်သွက်ထွက်လာပြီး နောက်တော့ သူ့ဘေးတွင် ရပ်တန့်လာသည်။
ကျန့်ယောင်က လာခါစကလို ကုတ်ကိုဝတ်ထားပြီး လွယ်အိတ်လည်းလွယ်ထားသည်။
"နောက်ကျနေပြီ၊ လမ်းပေါ်မှာမလုံခြုံဘူး မင်းကိုလိုက်ပို့ပေးမယ်"
ရင်းချဲယ် နည်းနည်းတော့ အံ့သြသွားမိသည်။
"မလိုပါဘူး....."
"ဒီတစ်ကြိမ်လေးပါပဲကွာ"
ကျန့်ယောင်က ပြုံးသည်။
"ခုလေးတင် ငါဆုတောင်းပြောင်းလိုက်တယ်၊ ဒီညမင်းကိုကျောင်းထိလိုက်ပို့ပါရစေဆိုပြီး၊ ငါ့ဆန္ဒလေး ပြည့်ဝသွားအောင် မင်းကူညီပေးမယ်မလား ဟင်?"
"....."
ရင်းချဲယ်မှာ ဘယ်လိုတုံ့ပြန်ရမှန်းကို မသိတော့ပေ။
အမျိုးသားငယ်ဟာ မျက်နှာဝယ် ဖြူစင်သည့်အပြုံးလေးတစ်ပွင့် ပန်ဆင်ထားတယ်၊ မရိုးသားမှုအရိပ်ယောင် တစ်စွန်းတစ်စလေးမျှ မရှိပေ။
သူ့ကို နောက်ထပ်တစ်ကြိမ်မငြင်းရက်တော့ပေ။
"....ကောင်းပြီလေ"
နှစ်ယောက်သား အရမ်းကိုကံကောင်းသွားတယ်။ သူတို့လမ်းဆုံကိုရောက်ရောက်ချင်းပဲ တက္ကဆီအလွတ်တစ်စီးနဲ့ ဆုံတယ်။ တက္ကဆီပေါ်တက်ပြီးချိန်မှာတော့ အချိန်က ၉နာရီ၁၅၊ ကျောင်းရောက်ဖို့ လေးဆယ်မိနစ်နဲ့ဆို သူတို့အချိန်မှီလောက်ပါတယ်။
တက္ကဆီထဲက အပူပေးစက်ရဲ့ အပူချိန်က အရမ်းကိုမြင့်ကာ လူကိုအိပ်ချင်စိတ်ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ အနေအထား။
ခါတိုင်းစကားများနေကျ ကျန့်ယောင်က အခုတော့ တစ်လမ်းလုံးငြိမ်နေတယ်။ ရင်းချဲယ်မှာ မနေနိုင်ပဲ မျက်လုံးထောင့်ကနေ တစ်ချက်လှမ်းကြည့်မိတော့ ထိုသူက မျက်လုံးတွေမှိတ်ထားတာ တွေ့ရတယ်၊ တစ်ရေးလောက်မှေးနေတယ်ထင်ရဲ့။
ရင်းချဲယ် အကြည့်ကိုကားမှန်ပြတင်းဘက်ပဲ ပြန်ပို့လိုက်တယ်။
မြို့ထဲဆိုကားပိတ်မှာစိုးတာကြောင့် ကားသမားက အမြန်လမ်းကို ရွေးချယ်လေတယ်။ လမ်းမတစ်လျှောက်လုံးဟာ မြန်ဆန်ပြီး အတားအဆီးမဲ့တာကြောင့် သူ့မြင်ကွင်းထဲမှာ လမ်းမီးတိုင်တွေဟာ တရိပ်ရိပ်။
Dong Cheng First Highကနေ Xi Cheng Eighth Highအထိ ကီလိုမီတာသုံးဆယ်သာ ကွာဝေးလေသည်။
ထိုကီလိုမီတာသုံးဆယ်လေးကပဲ လူပေါင်းသန်းချီကို ခွဲခြားထားနိုင်တယ်။ တစ်နည်းအားဖြင့် အဲ့အကွာဝေးကြားက လူနှစ်ယောက်ဆုံစည်းဖို့ဆိုတာ မှော်ဆန်တယ်လို့ပဲ ဆိုရမယ်။
ကျန့်ယောင်ဆိုတာ ငါ့ဘဝအတွက်တော့ မှော်ဆန်တဲ့ဖြစ်တည်မှု
ရင်းချဲယ်တစ်ယောက်တည်း တွေးမိသည်။
ဒါပေမယ့် နောက်ထပ် မှော်ဆန်တဲ့ဖြစ်ရပ်တစ်ခု ထပ်လိုပြန်တယ်
လူတစ်ယောက်ကို နှစ်ကြိမ်ပေးရလောက်တဲ့ထိကော ကောင်းကင်ဘုံက ရက်မှရက်ရောပါ့မလားလေ?
တက္ကဆီက အမြန်လမ်းကနေ တစ်ဆင့်ထွက်လာပြီးနောက် အရှိန်ကိုလျှော့သည်။ ငါးကွေ့ခြောက်ကွေ့လောက်ကွေ့ချိုးပြီးနောက်တော့ ကားလေးဟာ First High ဂိတ်အဝင်ပေါက်တွင် ရပ်သွားသည်။
ကားသမားက လှည့်ကြည့်လာပြီး :
"ရောက်ပါပြီ၊ ငွေသားနဲ့လား....”
"ရှူး...."
အနောက်ခုံက ကျောင်းသားက လက်ညှိုးတစ်ချောင်းနှင့် သူ့ပါးစပ်ကို ရပ်တန့်စေသည်။
တစ်ခြားကျောင်းသားကတော့ တည်ငြိမ်အေးဆေးစွာနှင့် ခုံကိုမှီလျက်ရှိပြီး အသက်ရှူနှုန်းမှာလည်း အိပ်ပျော်နေသလို ညင်သာနေသည်။
ကျန့်ယောင် ပိုက်ဆံပေးလိုက်ပြီး ကျောပိုးအိတ်ကိုတော့ အရှေ့မှာလွယ်လိုက်သည်၊ ကားထဲက ထွက်ကာ တစ်ဖက်ကားတံခါးဆီ ပတ်သွားလိုက်သည်။ တံခါးကိုဖွင့်၊ ကိုယ်ကိုကိုင်းလိုက်ကာ အိပ်မောကျနေသူကို ကားထဲကနေ ညင်ညင်သာသာလေးထုတ်လို့ ကျောပေါ်တင်လိုက်သည်။ နောက် ပြန်လှည့်လိုက်ပြီး ထရပ်လိုက်သည်။
ကားသမားကတော့ ဆယ်ကျော်သက်လူငယ်လေးနှစ်ယောက် တစ်သားတည်းပူးကပ်စွာ ညရဲ့အလင်းရောင်မှိန်မှိန်ထဲမှာ လျှောက်ထွက်သွားတာကို ကြည့်ရင်း ပင့်သက်ရှိုက်မိသည်။
အော် လူငယ်တွေ...
ဆယ်နာရီမထိုးသေးသည်မို့ သူတို့ဝင်လာတော့ အဆောင်မှူးက ကြည့်ရုံသာကြည့်နေပြီး ဘာမှတော့ပြောမလာပေ။ ဒီအပတ်တော့ ကျောင်းသားအတော်များများ အိမ်မပြန်ပဲ အဆောင်မှာပဲ စာလုပ်ကြတာမို့ သူတို့အနေနဲ့ ညနေပိုင်းအပြင်ထွက်တာဟာ မထူးခြားလှ။
ကျန့်ယောင်က ကျော်ပေါ်တွင်အိပ်ပျော်နေသောရင်းချဲယ်ကို သယ်၍ တတိယထပ်ကိုတက်ခဲ့သည်။ ထိုစဥ်မှာပဲ သူ့အခန်းဆီသူ ပြန်ဖို့လုပ်နေသည့် ကျန်းခဲ့နှင့်တိုးသည်။
ကျန်းခဲ့က မျက်လုံးတွေ ပြူးဝိုင်းလာပြီး :
"မ-မ-မင်း ငါ့ချဲယ်ကောကို ဘာလုပ်လိုက်တာလဲ?"
"တိုးတိုးနေ၊ မင်းချဲယ်ကောက အိပ်ပျော်နေတယ်"
"အိုးးး..."
ကျန်းခဲ့က ချက်ချင်းဆိုသလို အသံကိုနှိမ့်ချလိုက်ပြီး နောက်က စကားတပြောပြောနှင့်လိုက်လတယ်။
"မင်းက အိမ်ပြန်သွားတာမဟုတ်ဘူးလား? ဘာကိစ္စ ပြန်လာရတာလဲ?"
"သူ့ကြောင့်သာ မဟုတ်ရင် ပြန်မလာဘူး"
ကျန့်ယောင် ကျောပေါ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲလူကို တွန့်ပြလိုက်သည်။
အခန်း ၃၀၆ အပေါက်ရောက်မှ သူ့မှာရင်းချဲယ်အခန်းသော့မရှိကြောင်း သတိရလိုက်သည်၊ ချက်ချင်းကြီး ရင်းချဲယ်လွယ်အိတ်ထဲက နှိုက်ရှာဖို့ကလည်း မလွယ်လှတာမို့ ခုလောလောဆယ်တော့ ကျန့်ယောင် ရင်းချဲယ်ကို သူ့အခန်းထဲသာ ခနသယ်သွားလိုက်တော့တယ်။
ကျန်းခဲ့ကတော့ သူ့အစား သော့ယူပြီး တံခါးဖွင့်ပေးသည်။ ကျန့်ယောင်က ရင်းချဲယ်အား အိပ်ယာပေါ်ချပေးသည်ကို ကြည့်ကာ :
"အဲ့တော့ မင်းက ဘယ်မှာသွားအိပ်မှာလဲ? တစ်အိပ်ယာတည်းပူးအိပ်လို့တော့ မရဘူးမလား?"
ကျန့်ယောင်မှာ အမှန်တော့ တကယ်ပဲ အတူပူးအိပ်လိုက်ချင်သည်၊ ဒါပေမယ့်လည်း တော်ကြာ မျက်စိမှိတ်ပြီးမှ ဘယ်တော့မှ ပြန်ဖွင့်မလာနိုင်တော့မှာလဲ စိုးရသည်။
အကြောင်းက သူ့ထိုင်ခုံဖော်ဆီက သေအောင်အရိုက်ခံရလို့လေ။
"သွား မင်းပြန်နှင့်၊ ငါတစ်ခုခုကြံလိုက်မယ်၊ ယုတ်စွအဆုံး ငါ တစ်ညလောက် စာရေးခုံပေါ်မှာ အိပ်လိုက်လဲဖြစ်ပါတယ်"
ကျန်းခဲ့ : "ကောင်းပြီလေ တစ်ခုခုလိုရင် ငါ့ကိုသာလှမ်းခေါ်လိုက်နော်"
ကျန်းခဲ့ထွက်သွားပြီးနောက် အရင်ဆုံးအနေနဲ့ ကျန့်ယောင် အပူချိန်ကိုမြှင့်လိုက်သည်၊ ပူလာတော့ သူအပေါ်ထပ်အင်္ကျီကိုချွတ်လိုက်သည်။
ရင်းချဲယ်ကိုလည်း ချွတ်ပေးဖို့ပြင်သည်။
အိပ်ယာဘေးမှာ ရပ်ကာ ရင်းချဲယ်ရဲ့ကျောကို ဘယ်ဘက်လက်နှင့်ထောက်ပေးထားပြီး ညာဘက်လက်ကတော့ အပေါ်ထပ်ကို ဆွဲချွတ်ပေးလိုက်သည်။
ဒီလိုအနေအထားတွင် ရင်းချဲယ်ဟာ သူ့ရင်ခွင်ထဲ တစ်ဝက်ရောက်လျက်ရှိသည်။
အင်္ကျီချွတ်ပေးပြီးသည့်တိုင် ရင်းချဲယ်ကို လွှတ်ပေးဖို့အတွက် သူ တွန့်ဆုတ်နေမိသည်။
ကောင်စုတ်လေးရဲ့ ခေါင်းဟာ ရှေ့ကိုငိုက်ကျသွားတယ်၊ မျက်ခုံးအစုံကလည်း အိပ်မက်ထဲမှာ စိတ်မကြည်စရာတစ်ခုခုရှိသည့်နှယ် ရေးရေး တွန့်ချိုးလျက်ရှိသည်။
ကျန့်ယောင် ဘယ်ဘက်လက်လေးနဲ့ သူ့ကျောကို ဆွယ်တာပေါ်ကတစ်ဆင့် ငြင်သာစွာပုတ်ပေးရင်း အသံတိုးတိုးဖြင့် ချော့မြူလိုက်တယ်။
မိနစ်အနည်းငယ်ကြာပြီးနောက်တော့ ရင်းချဲယ်မျက်ခုံးတွေ ပြန်လည်ပြေလျော့လာသည်။
ကျန့်ယောင် သူ့ကို အသာအယာလေး အိပ်ယာပေါ်ပြန်ချပေးလိုက်ပြီးနောက် ဖိနပ်ချွတ်ပေးဖို့ ထိုင်ချလိုက်သည်။
ရင်းချဲယ်ခြေဖျားတွေဟာ အေးစက်နေပြီး ခြေအိတ်တွေဟာလည်း အထိအတွေ့နဲ့တင် အေးခဲမတတ်။ ဘာမှလည်း လုပ်စရာမရှိတာမို့ ကျန့်ယောင်ကုတင်အစွန်းမှာ ၀င်ထိုင်လိုက်တယ်၊ ခြေထောက်တွေကို ခြေချင်းဝတ်ကတစ်ဆင့် ကိုင်ကာ ပေါင်ပေါ်တင်ပြီး သူ့ကိုယ်ကအဝတ်နဲ့ပတ်လို့ အနွေးဓာတ်ပေးဖို့စဥ်းစားကြည့်သည်။
ကောင်စုတ်လေးရဲ့ ခြေချင်းဝတ် အဆစ်တွေက တောင့်တင်းနေတာများ သူ့စိတ်နေစိတ်ထားအတိုင်းပဲ။ ဒါပေမယ့် လက်ချောင်းတွေအောက်ဝယ်တော့ ကြိုးတစ်ချောင်းလိုမျိုး ပျော့ပျောင်းတဲ့ တစ်စုံတစ်ခုကို ကျန့်ယောင်စမ်းမိသွားတယ်။
ရင်းချဲယ် ခြေချင်းဝတ်မှာ တစ်ခုခုပတ်ထားတာကို ကျန့်ယောင် ပြန်တွေးမိတယ်၊ ကလေးဘဝတည်းက ဝတ်လာတဲ့ အန္တရာယ်ကင်းအဆောင်လိုမျိုး အနီရောင်ကြိုးလေးဖြစ်မည်ထင်သည်။
သူ နည်းနည်းတော့ သိချင်လာတာကြောင့် ရင်းချဲယ်ဘောင်းဘီကို ဆွဲတင်ကြည့်လိုက်သည်။
အမှန်ပင် အနီရောင်ကြိုးလေးတစ်ချောင်း။
သို့ပေမယ့် ရက်ထားတဲ့လက်ရာက လိမ်လိုက် တွန့်လိုက်နှင့် ဆိုးလွန်းလှတယ်၊ အထုံးတွေဟာလည်း အကုန်အလွဲလွဲအမှားမှား၊ တချို့နေရာမှာဆို ကြိုးကပြေနေပြီး ဖြစ်ကတတ်ဆန်းနိုင်လှတယ်။ accessoryလို့ခေါ်ရမယ့်အစား အလွှင့်ပစ်ခံထားရတဲ့ ကျစ်ကြိုးအမှိုက်စတစ်ခုနဲ့တောင် ပိုတူနေတယ်။
ကြိုးနီလေးရဲ့ အဆုံးမှာတော့ အထုံးလေးတစ်ခု ခိုင်မာစွာ အသေချည်နှောင်ထားလေသည်။
ချည်ထားပုံမှာ ကြိုးကို တစ်ခုခုနဲ့ ဖြတ်မပစ်သရွေ့တော့ တစ်သက်တာလုံး ဖြည်လို့ရမည်မဟုတ်တော့။
_________
The author has something to say :
ဝံပုလွေဆိုးကြီးတော့ တွေ့သွားပြီ ; ယုန်ပေါက်လေးရေ သတိထား
________
T/n : ထိန်းချုပ်ဆေးဆိုတာ ၀မ်ကျို့လို pheromoneတွေ ထိန်းထားတဲ့ဆေးကိုပြောတာလေ၊ အော့်ဟော ယူတို့ကဘာတွေတွေး၊ ဒါတောင်ကိုယ်က တားဆေးလို့မရေးလိုက်တာကံကောင်း မဟုတ်ရင် မိုးလင်းတော့မှာမဟုတ်ဘူး
_________
[Zawgyi]
ရင္းခ်ဲယ္မွာေတာ့ ႏြားနို႔ခြက္ႀကီးကို လက္ထဲမွာကိုင္ထားရင္း ေသာက္ဖို႔ေတာင္ ေမ့ေနမိသည္။
ထိုစကားေတြအေပၚ အတန္ၾကာေတြးၾကည့္ေနၿပီးေနာက္ သူေျပာလိုက္သည္။
"မင္းဒယ္ဒီက စကားေျပာေတာ္လိုက္တာေနာ္"
"အြန္း ငါလည္းအဲ့လိုပဲထင္တယ္"
က်န႔္ေယာင္က သူ႔လက္ထဲကခြက္ကို ထိုးျပကာ
"ေသာက္ ေအးေတာ့မယ္"
အကုန္လုံး ဖုန္းထဲက ၾကည့္မွာၿပီးေနာက္ေတာ့ လူအေယာက္ႏွစ္ဆယ္ေက်ာ္မွာ ယြမ္၇၈၀ဖိုးေလာက္က်တယ္၊ ဒါ အေတာ္ကုန္က်သက္သာတယ္ဆိုရမယ္။
"ငါ့အေကာင့္ကို ေခၽြတာမေနနဲ႔ေနာ္"
က်န႔္ေယာင္က ယြမ္ ၁၀၀၀ဖိုးေက်ာ္သည္အထိ စားစရာေသာက္စရာေတြထပ္ထည့္လိုက္ၿပီး ေအာ္ဒါသြားတင္ေတာ့သည္။
နာရီဝက္ခန႔္ၾကာၿပီးေနာက္ မွာထားတဲ့စားစရာေတြတစ္ခုၿပီးတစ္ခု ေရာက္လာသည္။ ဧည့္ခန္း၊ ထမင္းစားခန္းတင္မက ဘားေကာင္တာမွာပါ စားစရာေတြနဲ႔ျပည့္သြားသည္။ သူတို႔အုပ္စုက စုစု႐ုံး႐ုံးႏွင့္ စားလိုက္စကားေျပာလိုက္ႏွင့္၊ ေျပာစရာအေၾကာင္းေတြကေတာ့ ဘာရယ္မဟုတ္ ေက်ာင္းသတင္းေတြသာ၊ တခါတခါ တျခားေက်ာင္းက သတင္းတခ်ိဳ႕လည္း ပါလာတတ္ေသးသည္။
တျခားေက်ာင္းဆိုသည္မွာေတာ့ မ်ားေသာအားျဖင့္ First Highကိုရည္ညႊန္းျခင္းသာျဖစ္သည္။
သူတို႔ေတြဟာ First Highရဲ့ ေက်ာင္းနတ္ဘုရားအေၾကာင္းေျပာေနတာမို႔ နားေထာင္ရင္းနဲ႔ ရင္းခ်ဲယ္မွာ ဂုဏ္ယူမဆုံး၊ က်န႔္ေယာင္ ဝင္မေႏွာင့္ခင္အထိေပါ့။
"လာျပန္ၿပီ မင္းရဲ့အေပါက္ဆိုးတိတိ...."
က်န႔္ေယာင္တစ္ေယာက္ စားပြဲေအာက္ကေန အကန္ခံလိုက္ရသည္။
ခ်က္ခ်င္းပဲ ပါးစပ္ပိတ္သြားသည္။
စားေနရင္းတန္းလန္းမွာတင္ တစ္စုံတစ္ေယာက္က ထေအာ္သည္။
''ကယ္ၾကပါဦး!"
အားလုံးကလည္း ဘာမ်ားျဖစ္တာလဲဆိုၿပီး စိုးရိမ္တႀကီးဝိုင္းေမးၾကသည္။
"ဘာျဖစ္လို႔လဲ၊ ဘာျဖစ္တာလဲ?"
ေစာေစာေလးက ေအာ္လိုက္တဲ့ေကာင္မွာ ေခါင္းေထာင္လာၿပီး ေၾကာက္ေၾကာက္လန႔္လန္႔ေျပာသည္။
"အဆင့္ေတြ! ခုေလးတင္ ငါ့အေမဆီပို႔လိုက္တာ!"
"ဘာ!!"
"F*ck!!"
"ငါေတာ့ ေသၿပီ!!"
ဗီလာမွာ ႐ုတ္ျခည္းဆိုသလို ေအာ္သံေတြႏွင့္ဖုံးအုပ္သြားတယ္၊ အားလုံးရဲ့မ်က္ႏွာအမူအရာေတြ တညီတညြတ္တည္း ထိတ္လန႔္ေနဟန္ေတြ။
ေက်ာက္ခ်န္ : "ငါမၾကည့္ရင္ ငါမျမင္ဘူး မသိဘူးပဲ၊ မျမင္ရင္ မပို႔ရေသးတာနဲ႔အတူတူပဲ၊ မင္းတို႔ေကာင္ေတြ....f*ck! အကုန္ၾကည့္ေနၾကတာပဲ! ဖုန္းေတြကို ေအာက္ခ်ထားလိုက္စမ္း!"
ဘယ္လိုမွမရေတာ့ပါ။ သူတို႔အဆင့္ေတြကို သူတို႔မသိခ်င္ဘူးဆိုေပမယ့္ သိလည္းသိခ်င္တယ္။
က်န႔္ေယာင္ကေတာ့ ေအးေအးေဆးေဆးပဲ မွတ္ခ်က္ျပဳလိုက္သည္။
"အိုး? မင္းတို႔အဆင့္ေတြလား? စာေမးပြဲမွာ ဘယ္လိုေတြလုပ္ခဲ့ၾကလဲ ငါလည္းၾကည့္ပါရေစဦး၊ က်ရင္ျဖစ္လာမယ့္အက်ိဳးဆက္ကိုေတာ့ သိတယ္ေနာ္?"
ေလထုဟာ ခ်က္ခ်င္း အေၾကာက္တရားေတြနဲ႔ ဖုံးလႊမ္းလာသည္။
"F*ck f*ck f*ck ဗုေဒၶာ ကၽြန္ေတာ္မ်ိဳးကို ေဆာင္မ ကာကြယ္ေတာ္မူပါ amen"
ေက်ာက္ခ်န္ကေတာ့ ဖုန္းကိုရင္ဘတ္မွာကပ္ကာ ၾကက္ေျခခတ္သ႑ာန္လုပ္ၿပီး ပါးစပ္ကလည္း ေရွ႕ေနာက္မညီစြာ ဗလုံးဗေထြးႏွင့္ ဘယ္ဘုရားကို ဆုေတာင္းလို႔ေတာင္းမွန္းမသိ ဆုေတာင္းေနေလရဲ့။ ေနာက္ေတာ့ လက္ေတြတုန္တုန္ရီရီနဲ႔ သူဖုန္းကိုၾကည့္တယ္။
Eighth Highမွာက အဆင့္ေတြရမွတ္ေတြကို ေက်ာင္းသားတစ္ဦးခ်င္းစီဆီ ပို႔ေပးေလ့ရွိတယ္။ ဘာသာရပ္တစ္ခုစီရဲ့ရမွတ္ေတြ အတန္းလိုက္အဆင့္ေတြဟာ တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ ရွင္းလင္းေနသည္၊ ႏွလုံးဆီကို တည့္တည့္ပစ္၀င္လာတဲ့ လၽွပ္တျပက္ရိုက္ခ်က္မ်ိဳး။
"၇၂တဲ့...ငါေတာ့ေသၿပီ..."
ေက်ာက္ခ်န္တစ္ေယာက္ ကိုယ့္အဆင့္ကိုယ္ေတြ႕လိုက္ရၿပီးခ်ိန္မွာေတာ့ သူ႔ရင္ဘတ္ထဲက ေမၽွာ္လင့္ခ်က္အပိုင္းအစေလးဟာ ဖုန္မွုန႔္အျဖစ္ လြင့္ျပယ္ရေခ်ၿပီ။
"ဒီေဆာင္းတြင္းပိတ္ရက္မွာတင္ ထြက္လာလိမ့္မယ္လို႔ မွ ထင္မထားတာ....ေယာင္ေကာနဲ႔ ငါ့ရဲ့ရွုန္တိအေပါင္း၊ ခ်င္မင္ပြဲေတာ္ေန႔က် ကၽြန္ေတာ့္အတြက္ အေမႊးတိုင္ ဆက္ဆက္လာထြန္းေပးပါေနာ္..."
ပီတိျပဳံးမ်ားလက္လက္ထေနတဲ့ က်န႔္ေယာင္က ေျပာသည္။
"မင္းကို ဘယ္သူကမ်ား ရည္းစားနဲ႔အျပင္ေလၽွာက္လည္ခိုင္းလို႔လဲ? ခုေတာ့ အဆင့္ေတြေလၽွာၿပီမလား ဟမ္? ေခါင္းေဆာင္ရဲ့အဆင့္ကေတာင္ ဒီလိုက်သြားမွေတာ့ မင္းဂုဏ္သိကၡာေတြေရာ? မင္းကဒီလိုဆိုမွေတာ့ တစ္ေက်ာင္းလုံးေရွ႕မွာ မင္းရဲ့ရွုန္တိေတြအားလုံး ဘယ္လိုေခါင္းေထာင္နိုင္ေတာ့မွာလဲ?"
ေက်ာက္ခ်န္မွာလည္း လုံးလုံးကို အရွက္ရေနေလသည္။
"ငါေတာင္းပန္ပါတယ္ ရွုန္တိတို႔ရယ္၊ ေနာက္တစ္ေခါက္က် ေသခ်ာေပါက္ top 50ဝင္ေစရမယ္၊ မင္းတို႔ငါ့အေပၚထားတဲ့ယုံၾကည္မွုကို ငါအက်ိဳးမယုတ္ေစရဘူး၊ မင္းတို႔ယုံၾကည္ကိုးစားရတဲ့ ငါက အဖြဲ႕အတြက္ တာဝန္ယူမွုမလစ္ဟင္းေစရဘူး"
"...."
ရင္းခ်ဲယ္ေတာ့ သူ႔ကိုယ္သူ gangster movieထဲက ျပကြက္တစ္ခုကိုၾကည့္ေနရတာလား comedy movieထဲက sceneတစ္ခုကို ၾကည့္ေနရတာလားဆိုတာေတာင္ မသဲကြဲေတာ့ဘူး။
တခ်ိဳ႕သူေတြကေတာ့ ရမွတ္ေတြအေပၚ မ်က္ရည္ေတာက္ေတာက္က်ေနၾကစဥ္ တခ်ိဳ႕ကေတာ့ အဆင့္ေတြျမင္ၿပီး ေပ်ာ္ပါးကခုန္ေနၾကေတာ့သည္။
ဟြမ္ကၽြင္းကမူ ဖုန္းကိုလက္ကကိုင္ထားရင္း ဗီလာထဲ တစ္ခန္းဝင္တစ္ခန္းထြက္လို႔ ေပ်ာ္ရႊင္ခုန္ေပါက္ေနေတာ့သည္။
"ေနာက္ဆုံးေတာ့ အဆင့္၂၅၀ရသြားၿပီကြ! ဟဟဟ! ငါအျပစ္ေပးမခံရေတာ့ဘူး! ငါဟာအ႐ူး! ငါဟာအ႐ူး!"
(T/n : ၂၅၀ဆိုတာ slangမွာ အ႐ူးဆိုတဲ့အဓိပၸါယ္ရပါတယ္တဲ့၊ က်န႔္ေယာင္က သိလို႔သက္သက္အဲ့လိုေပးတာေနမာ္ lol)
"....."
ေသခ်ာပါတယ္ ဒါက comedy movieပဲ
က်န႔္ေယာင္ရဲ့ အျပစ္ေပးမွုက အေတာ္ေလးကို ဆန္းၾကယ္လိမ့္မယ္လို႔ ရင္းခ်ဲယ္ ေတြးမိတယ္၊ မဟုတ္ရင္ ကေလးတစ္ေယာက္ကို ခုလိုမ်ိဳးျဖစ္ေနေအာင္ ဘယ္တြန္းအားေပးနိုင္ပါ့မလဲ။
စားေသာက္ၿပီးသြားခ်ိန္မွာေတာ့ ထင္မွတ္မထားတဲ့ စာေမးပြဲရမွတ္ေတြအေၾကာင္းလည္း အားလုံးက အစာေၾကသြားေလၿပီ။
ေလထုမွာ တစ္ဖန္ျပန္လည္တက္ႂကြလာၿပီး ထိုလူအုပ္ကလည္း ျပန္ၿပီးဆူဆူညံညံလုပ္ေလေတာ့သည္။
"မီးေတြပိတ္ မီးေတြပိတ္!"
ေက်ာက္ခ်န္က ေအာ္သည္။
နံရံနဲ႔နီးတဲ့တစ္ေယာက္က ေခါင္က မီးေတြကိုပိတ္လိုက္ေတာ့ ဧည့္ခန္းမွာ အေမွာင္ထုႀကီးစိုးသြားၿပီး ကိတ္မုန႔္ေပၚက ဖေယာင္းတိုင္ေလးေတြရဲ့ မွိတ္တုတ္မွိတ္တုတ္အလင္းသာ က်န္ရွိေနေတာ့သည္။
"Happy birthday to you...."
သူတို႔အားလုံးသံၿပိဳင္ဆိုၾကသည္။ သီခ်င္းက ဘယ္ကစဆိုလာတယ္မသိၾကေသာ္ျငားလည္း သူတို႔အားလုံးလွိုက္လွိုက္လွဲလွဲလိုက္ဆိုျဖစ္ၾကသည္။
အသံေပါင္းမ်ားစြာထဲမွာမွ ေဘးကလူရဲ့ ၾကည္လင္ေအးစက္တဲ့အသံေလးကိုလည္း က်န႔္ေယာင္ ကြဲျပားၾကားနိုင္ခဲ့သည္၊ အသံေလးက အရမ္းအရမ္းကိုတိုးညႇင္းေပမယ့္လည္း နားထဲမွာ သာယာစြဲထင္ေနခဲ့ေလသည္။
သူ႔ႏွုတ္ခမ္းစြန္းေတြ ေကာ့တက္သြားသည္။ စိတ္ထဲမွာ အေက်နပ္ႀကီးေက်နပ္အားရမိစြာ ဖေယာင္းတိုင္ေတြကို မွုတ္လိုက္သည္။
မီးေတြ ျပန္လင္းလာသည္။
"Happy birthday! ကိတ္ခြဲ ကိတ္ခြဲ!"
ပတ္ပတ္လည္က လူေတြက ဝိုင္းေျပာၾကသည္။
က်န႔္ေယာင္ ထိုင္ခုံေဖာ္ေလးဆီကို မ်က္ခုံးတစ္ခ်က္ပင့္ျပလိုက္သည္။
ရင္းခ်ဲယ္က မျငင္းပါပဲ ဓားကိုယူကာ သူ႔အတြက္ပထမဆုံးအပိုင္းကို လွီးခြဲေပးသည္။
"ေရ့ာ"
"ေက်းဇူး"
က်န႔္ေယာင္ တစ္ကိုက္ကိုက္လိုက္သည္။
"ခ်ဲယ္ခ်ဲယ္ခြဲေပးတာေလး စားရတာ အရမ္းအရသာရွိတာပဲ "
"Woo---"
ေဘးလူေတြကေတာ့ ႏွစ္ေယာက္ၾကားက ဘာကိုမွမျမင္နိုင္ပဲ ရမ္းသမ္းေျမႇာက္ပင့္ေနၾကေတာ့သည္။
...
ညစာနဲ႔ ကိတ္မုန႔္စားၿပီးတဲ့ေနာက္ သူတို႔ေနာက္တစ္ႀကိမ္ ျပန္လည္ေပ်ာ္ပါးခဲ့ၾကသည္။ သို႔ေပမယ့္ ၈နာရီထိုးသည္ႏွင့္တစ္ၿပိဳင္နက္ စည္းကမ္းတင္းက်ပ္တဲ့ အိမ္ကေက်ာင္းသားေတြကေတာ့ ႏွုတ္ဆက္စကားဆိုကာ ျပန္သြားၾကသည္။
၉နာရီတြင္ေတာ့ ဗီလာထဲတြင္ လူကိုးေယာက္ပင္မက်န္ေတာ့ေပ။
အေပၚထပ္မွာက အိပ္ခန္းငါးခန္းပဲရွိတာမို႔ တခ်ိဳ႕တေလကေတာ့ အတူေပါင္းအိပ္ရေတာ့မွာပင္။
ေက်ာက္ခ်န္ကေတာ့ ေယာင္ေကာကို တစ္ေယာက္တည္းအိပ္ဖို႔အႀကံျပဳမည္လုပ္ခ်ိန္ က်န႔္ေယာင္က အရင္စေျပာလာသည္။
"ခ်ဲယ္ခ်ဲယ္ ငါေက်ာက္ခ်န္နဲ႔အိပ္လိုက္မယ္၊ မင္းတစ္ေယာက္တည္း တစ္ခန္းယူလိုက္၊ တစ္ခုခုဆိုလွမ္းေခၚလို႔ရေအာင္ ငါမင္းေဘးကပ္ရပ္အခန္းယူလိုက္မယ္"
ေက်ာက္ခ်န္မယ္ေတာ့ ဇေကာဝိုင္းလို မ်က္လုံးေတြ ျပဴးထြက္။
"ေယာင္ေကာတို႔ တအားကို gentlemanဆန္ေနပါလား?"
က်န႔္ေယာင္က သူ႔ကိုပိတ္ကန္ကာ
"ငါကဘယ္တုန္းက gentlemanမဆန္လို႔လဲ?"
ရင္းခ်ဲယ္ကေတာ့ လြယ္အိတ္ကိုေကာက္လြယ္သည္။
"ေတာ္ၿပီ ငါေက်ာင္းကို ျပန္မွာ"
ဒီတစ္ေခါက္ေတာ့ မ်က္လုံးျပဴးရသည္မွာ က်န႔္ေယာင္အလွည့္။
"ဒီေလာက္ေနာက္က်ေနတာကို ျပန္မလို႔လား? အေဆာင္က ဆယ္နာရီဆိုပိတ္ၿပီေလ"
"တကၠစီငွားသြားလိုက္မယ္၊ ခုေလးတင္ေျမပုံၾကည့္လိုက္တယ္ ျမန္ရင္ေတာ့ မိနစ္ေလးဆယ္ေလာက္ပဲၾကာမွာပါ အခ်ိန္ပိုပါတယ္"
"မျပန္မျဖစ္ အေၾကာင္းတစ္ခုခုရွိလို႔လား?"
"မရွိပါဘူး၊ ဘာရယ္မဟုတ္ဘူး"
"ဘာမွမရွိရင္လည္း ေနလိုက္တာမဟုတ္ဘူး၊ ဒီေန႔မင္းေပ်ာ္ခဲ့ရတယ္မလား? ဒီမွာေနလိုက္ေလ မနက္ျဖန္မနက္က် မင္းကိုငါ ျပန္လိုက္ပို႔ေပးမယ္"
"မင္းေမြးေန႔ပြဲကို လာမယ္ပဲေျပာခဲ့တာေလ၊ ညအိပ္မယ္မေျပာပါဘူး"
ရင္းခ်ဲယ္က လြယ္အိတ္ကိုယူကာ ေျပာသည္။
"ငါျပန္ေတာ့မယ္ ဘိုင့္"
ေက်ာက္ခ်န္နဲ႔ က်န္သူေတြကေတာ့ ေယာင္ေတာင္ေတာင္နဲ႔ "ဘိုင့္"ဆိုၿပီး လိုက္ေျပာမိၾကသည္။
သူတို႔အေနနဲ႔ ေသြးေအးတဲ့လူေတြ အမ်ားႀကီးေတြ႕ဖူးတယ္၊ ဒါမယ့္ ရန္မူတဲ့ moodကို စာရြက္တစ္ရြက္လွန္တာထက္ ပိုျမန္ေအာင္ေျပာင္းလို႔ေျပာင္းလြဲလုပ္နိုင္တဲ့ ဒီလိုေအးစက္တဲ့လူမ်ိဳးကိုေတာ့ တစ္ခါမွ မေတြ႕ဘူးေပ။
တံခါးအျပင္ေရာက္သည္ဆိုရင္ပဲ က်န႔္ေယာင္က သူ႔လမ္းကိုပိတ္ရပ္သည္။
ဒီလိုေဆာင္းတြင္းညပိုင္း ေလညႇင္းက တကယ္ကိုေအးတယ္၊ က်န္႔ေယာင္က သူ႔ကုတ္ကိုဗီလာထဲတင္ ခၽြတ္ထားခဲ့တာမို႔ ခုခ်ိန္မွာေတာ့ ဆြယ္တာအပါးေလးတစ္ထည္ပဲဝတ္ထားေလသည္။ ေလက ရက္ခ်ည္ၾကားထဲကေန အပ္သဖြယ္ထိုးေဖာက္၀င္ေရာက္မွုေၾကာင့္ ေအးခဲစူးစိမ့္ေနေလသည္။
မ်က္ႏွာေသနဲ႔ ရင္းခ်ဲယ္က သူ႔ကိုၾကည့္ကာ :
"ျပန္ဝင္ေတာ့ ငါတကယ္ျပန္ခ်င္တာ"
က်န႔္ေယာင္ကေတာ့ စကားတစ္ခြန္းမွမဆိုပဲ သူ႔ကိုပဲစိုက္ၾကည့္ေနသည္၊ ေနာက္မွ ႐ုတ္ျခည္းထရယ္သည္၊ သူ႔မ်က္ႏွာတြင္ ခပ္ေဖ်ာ့ေဖ်ာ့အျပဳံးေလးႏွင့္ :
"ခုနေလးတင္ ငါဆုေတာင္းလိုက္တဲ့ ေမြးေန႔ဆုေတာင္းက ဟိုအရင္ညက ဆုေတာင္းနဲ႔အတူတူပဲ"
သူသေဘာက်ရတဲ့ သူကိုရနိုင္ဖို႔။
"အမွန္ေျပာရရင္ ငါတကယ္ ဘာကိုမွ မေတြးတတ္ေတာ့ဘူး၊ အဲ့ေန႔က မင္းျငင္းလိုက္ၿပီးေနာက္ ငါဘာလုပ္ရမွန္းလည္း မသိေတာ့သလို ဘယ္လိုမ်ိဳး ဆက္ႀကိဳးစားရမွန္းလည္း မသိေတာ့ဘူး
"မင္းက ငါ့႐ုပ္ရည္ကိုစိတ္မဝင္စားဘူး မဟုတ္ဘူး ၾကည့္ရတာေတာ့ ငါ့တစ္ကိုယ္လုံးကို လူတစ္ေယာက္အျဖစ္ နည္းနည္းမွ စိတ္မဝင္စားပုံပါပဲ၊ ငါဘာပဲလုပ္လုပ္ ဘာပဲႀကိဳးစားႀကိဳးစား မင္းဘက္ကမတုံ႔ျပန္တဲ့အျပင္ အကုန္လုံးကိုေတာင္ ဆန႔္က်င္ေသးတာ"
က်န႔္ေယာင္ ေလေအးေအးေတြကို ျဖည္းျဖည္းခ်င္းရွူသြင္းလိုက္သည္။
"ငါဘာမ်ားမွားခဲ့လဲဆိုတာ မင္းေျပာျပနိုင္မလား? ဥပမာအေနနဲ႔ ဒီေန႔ညဆို မင္းဘာလို႔ျပန္ခ်င္ရတာလဲ? မင္းေနေစဖို႔အတြက္ကို ငါဘာလုပ္ေပးရမလဲ? ငါက်ိန္ဆိုတယ္ မင္းကို လုံးဝမထိဘူး မင္းအခန္းထဲကိုလုံးဝမဝင္ပါဘူးလို႔ ငါက...ငါ့ေမြးေန႔တစ္ခုလုံးမွာ မင္းကိုအနားမွာ ရွိေနေစခ်င္႐ုံေလးပါ"
ညရဲ့ခပ္မွိန္မွိန္အလင္းေရာင္ထဲတြင္ ရင္းခ်ဲယ္ သူ႔ကိုအကဲခတ္ေနသည္။
အရင္က သူ႔ရဲ့အျမင္မွာေတာ့ က်န႔္ေယာင္ဟာ အျမဲယုံၾကည္မွုျပည့္ဝေနၿပီး ယုံၾကည္မွုလြန္ကဲလြန္းလို႔ စိတ္ေရာဂါေတာင္ျဖစ္ေတာ့မတတ္ပဲ။ ဒီလိုအမူအရာမ်ိဳး ဘယ္တုန္းကမွ မျပခဲ့ဖူးေပ။
စိုးရိမ္တႀကီးနဲ႔အေလးအနက္ ေတာင္းပန္တိုးလၽွိုေနသည့္ပုံစံမ်ိဳး။
ရင္းခ်ဲယ္လည္း ေလေအးေတြက ေကာလံကတစ္ဆင့္ဝင္ေရာက္လာတာမို႔ စၿပီးေအးသလိုခံစားလာရသည္။ သူ႔လည္ပင္းက အမာရြတ္သည္လည္း အနည္းငယ္ ကိုက္ခဲစျပဳလာသည္။
"မင္းလုပ္ခဲ့တာေတြ အကုန္မွန္ပါတယ္"
သူ႔ကိုသူပင္ အၾကည့္မလႊဲမိေစဖို႔ အားတင္းထားရသည္။
"မင္းႀကိဳက္တဲ့သူက မွားေနတာတစ္ခုေလးပဲ၊ အဲ့ေလာက္ပါပဲ"
"....ငါ့ကို ထပ္ျငင္းေနတာလား?"
"အင္း"
က်န႔္ေယာင္ကေတာ့ သူ႔ကို အခ်ိန္အေတာ္ၾကာ ေစ့ေစ့စပ္စပ္စိုက္ၾကည့္သည္၊ သူ႔မ်က္ႏွာေပၚမွာ လိမ္ညာေနတဲ့ အရိပ္ေယာင္ေလးမ်ားေတြ႕ရမလားလို႔ ႀကိဳးစားရွာေဖြေနေပမယ့္။
သူဘာမွမေတြ႕ရဘူး။
ရင္းခ်ဲယ္က တကယ္ႀကီး သူ႔ကိုသေဘာမက်တာပဲ
က်န႔္ေယာင္ ညေကာင္းကင္ယံႀကီးဆီကို ေခါင္းေမာ့ကာ ၾကည့္လိုက္သည္။ သူ ပင့္သက္အရွည္ႀကီးရွိုက္မိသည္၊ ေလေအးနဲ႔အတူ ေမ်ာလြင့္သြားတဲ့ သူ႔အသက္ရွူေငြ႕ေတြ။
"သိၿပီ"
ထို႔ေနာက္ သူ႔ကိုေက်ာ္ျဖတ္ကာ ဗီလာထဲသို႔ ျပန္ဝင္သြားေတာ့သည္။
...
ရင္းခ်ဲယ္လည္း ေနရာမွာတင္ ခနေလာက္ရပ္ေနမိသည္၊ အသက္ကိုျပင္းျပင္းရွူသြင္းသည္၊ ေနာက္ တကၠဆီငွားဖို႔အတြက္ လမ္းဆုံကိုေလၽွာက္လာလိုက္ေတာ့သည္။
သူသိပ္ေဝးေဝးမေရာက္ေသးခင္မွာပဲ ေနာက္ပါးကေျခသံခပ္သြက္သြက္ထြက္လာၿပီး ေနာက္ေတာ့ သူ႔ေဘးတြင္ ရပ္တန႔္လာသည္။
က်န႔္ေယာင္က လာခါစကလို ကုတ္ကိုဝတ္ထားၿပီး လြယ္အိတ္လည္းလြယ္ထားသည္။
"ေနာက္က်ေနၿပီ၊ လမ္းေပၚမွာမလုံျခဳံဘူး မင္းကိုလိုက္ပို႔ေပးမယ္"
ရင္းခ်ဲယ္ နည္းနည္းေတာ့ အံ့ၾသသြားမိသည္။
"မလိုပါဘူး....."
"ဒီတစ္ႀကိမ္ေလးပါပဲကြာ"
က်န႔္ေယာင္က ျပဳံးသည္။
"ခုေလးတင္ ငါဆုေတာင္းေျပာင္းလိုက္တယ္၊ ဒီညမင္းကိုေက်ာင္းထိလိုက္ပို႔ပါရေစဆိုၿပီး၊ ငါ့ဆႏၵေလး ျပည့္ဝသြားေအာင္ မင္းကူညီေပးမယ္မလား ဟင္?"
"....."
ရင္းခ်ဲယ္မွာ ဘယ္လိုတုံ႔ျပန္ရမွန္းကို မသိေတာ့ေပ။
အမ်ိဳးသားငယ္ဟာ မ်က္ႏွာဝယ္ ျဖဴစင္သည့္အျပဳံးေလးတစ္ပြင့္ ပန္ဆင္ထားတယ္၊ မရိုးသားမွုအရိပ္ေယာင္ တစ္စြန္းတစ္စေလးမၽွ မရွိေပ။
သူ႔ ေနာက္ထပ္တစ္ႀကိမ္မျငင္းရက္ေတာ့ေပ။
"....ေကာင္းၿပီေလ"
ႏွစ္ေယာက္သား အရမ္းကိုကံေကာင္းသြားတယ္။ သူတို႔လမ္းဆုံကိုေရာက္ေရာက္ခ်င္းပဲ တကၠဆီအလြတ္တစ္စီးနဲ႔ ဆုံတယ္။ တကၠဆီေပၚတက္ၿပီးခ်ိန္မွာေတာ့ အခ်ိန္က ၉နာရီ၁၅၊ ေက်ာင္းေရာက္ဖို႔ ေလးဆယ္မိနစ္နဲ႔ဆို သူတို႔အခ်ိန္မွီေလာက္ပါတယ္။
တကၠဆီထဲက အပူေပးစက္ရဲ့ အပူခ်ိန္က အရမ္းကိုျမင့္ကာ လူကိုအိပ္ခ်င္စိတ္ျဖစ္ေအာင္ စြမ္းေဆာင္နိုင္တဲ့ အေနအထား။
ခါတိုင္းစကားမ်ားေနက် က်န႔္ေယာင္က အခုေတာ့ တစ္လမ္းလုံးၿငိမ္ေနတယ္။ ရင္းခ်ဲယ္မွာ မေနနိုင္ပဲ မ်က္လုံးေထာင့္ကေန တစ္ခ်က္လွမ္းၾကည့္မိေတာ့ ထိုသူက မ်က္လုံးေတြမွိတ္ထားတာ ေတြ႕ရတယ္၊ တစ္ေရးေလာက္ေမွးေနတယ္ထင္ရဲ့။
ရင္းခ်ဲယ္ အၾကည့္ကိုကားမွန္ျပတင္းဘက္ပဲ ျပန္ပို႔လိုက္တယ္။
ၿမိဳ႕ထဲဆိုကားပိတ္မွာစိုးတာေၾကာင့္ ကားသမားက အျမန္လမ္းကို ေရြးခ်ယ္ေလတယ္။ လမ္းမတစ္ေလၽွာက္လုံးဟာ ျမန္ဆန္ၿပီး အတားအဆီးမဲ့တာေၾကာင့္ သူ႔ျမင္ကြင္းထဲမွာ လမ္းမီးတိုင္ေတြဟာ တရိပ္ရိပ္။
Dong Cheng First Highကေန Xi Cheng Eighth Highအထိ ကီလိုမီတာသုံးဆယ္သာ ကြာေဝးေလသည္။
ထိုကီလိုမီတာသုံးဆယ္ေလးကပဲ လူေပါင္းသန္းခ်ီကို ခြဲျခားထားနိုင္တယ္။ တစ္နည္းအားျဖင့္ အဲ့အကြာေဝးၾကားက လူႏွစ္ေယာက္ဆုံစည္းဖို႔ဆိုတာ ေမွာ္ဆန္တယ္လို႔ပဲ ဆိုရမယ္။
က်န႔္ေယာင္ဆိုတာ ငါ့ဘဝအတြက္ေတာ့ ေမွာ္ဆန္တဲ့ျဖစ္တည္မွု
ရင္းခ်ဲယ္တစ္ေယာက္တည္း ေတြးမိသည္။
ဒါေပမယ့္ ေနာက္ထပ္ ေမွာ္ဆန္တဲ့ျဖစ္ရပ္တစ္ခု ထပ္လိုျပန္တယ္
လူတစ္ေယာက္ကို ႏွစ္ႀကိမ္ေပးရေလာက္တဲ့ထိေကာ ေကာင္းကင္ဘုံက ရက္မွရက္ေရာပါ့မလားေလ?
တကၠဆီက အျမန္လမ္းကေန တစ္ဆင့္ထြက္လာၿပီးေနာက္ အရွိန္ကိုေလၽွာ့သည္။ ငါးေကြ႕ေျခာက္ေကြ႕ေလာက္ေကြ႕ခ်ိဳးၿပီးေနာက္ေတာ့ ကားေလးဟာ First High ဂိတ္အဝင္ေပါက္တြင္ ရပ္သြားသည္။
ကားသမားက လွည့္ၾကည့္လာၿပီး :
"ေရာက္ပါၿပီ၊ ေငြသားနဲ႔လား....”
"ရွူး...."
အေနာက္ခုံက ေက်ာင္းသားက လက္ညႇိုးတစ္ေခ်ာင္းႏွင့္ သူ႔ပါးစပ္ကို ရပ္တန႔္ေစသည္။
တစ္ျခားေက်ာင္းသားကေတာ့ တည္ၿငိမ္ေအးေဆးစြာႏွင့္ ခုံကိုမွီလ်က္ရွိၿပီး အသက္ရွူႏွုန္းမွာလည္း အိပ္ေပ်ာ္ေနသလို ညင္သာေနသည္။
က်န႔္ေယာင္ ပိုက္ဆံေပးလိုက္ၿပီး ေက်ာပိုးအိတ္ကိုေတာ့ အေရွ႕မွာလြယ္လိုက္သည္၊ ကားထဲက ထြက္ကာ တစ္ဖက္ကားတံခါးဆီ ပတ္သြားလိုက္သည္။ တံခါးကိုဖြင့္၊ ကိုယ္ကိုကိုင္းလိုက္ကာ အိပ္ေမာက်ေနသူကို ကားထဲကေန ညင္ညင္သာသာေလးထုတ္လို႔ ေက်ာေပၚတင္လိုက္သည္။ ေနာက္ ျပန္လွည့္လိုက္ၿပီး ထရပ္လိုက္သည္။
ကားသမားကေတာ့ ဆယ္ေက်ာ္သက္လူငယ္ေလးႏွစ္ေယာက္ တစ္သားတည္းပူးကပ္စြာ ညရဲ့အလင္းေရာင္မွိန္မွိန္ထဲမွာ ေလၽွာက္ထြက္သြားတာကို ၾကည့္ရင္း ပင့္သက္ရွိုက္မိသည္။
ေအာ္ လူငယ္ေတြ...
ဆယ္နာရီမထိုးေသးသည္မို႔ သူတို႔ဝင္လာေတာ့ အေဆာင္မွူးက ၾကည့္႐ုံသာၾကည့္ေနၿပီး ဘာမွေတာ့ေျပာမလာေပ။ ဒီအပတ္ေတာ့ ေက်ာင္းသားအေတာ္မ်ားမ်ား အိမ္မျပန္ပဲ အေဆာင္မွာပဲ စာလုပ္ၾကတာမို႔ သူတို႔အေနနဲ႔ ညေနပိုင္းအျပင္ထြက္တာဟာ မထူးျခားလွ။
က်န႔္ေယာင္က ေက်ာ္ေပၚတြင္အိပ္ေပ်ာ္ေနေသာရင္းခ်ဲယ္ကို သယ္၍ တတိယထပ္ကိုတက္ခဲ့သည္။ ထိုစဥ္မွာပဲ သူ႔အခန္းဆီသူ ျပန္ဖို႔လုပ္ေနသည့္ က်န္းခဲ့ႏွင့္တိုးသည္။
က်န္းခဲ့က မ်က္လုံးေတြ ျပဴးဝိုင္းလာၿပီး :
"မ-မ-မင္း ငါ့ခ်ဲယ္ေကာကို ဘာလုပ္လိုက္တာလဲ?"
"တိုးတိုးေန၊ မင္းခ်ဲယ္ေကာက အိပ္ေပ်ာ္ေနတယ္"
"အိုးးး..."
က်န္းခဲ့က ခ်က္ခ်င္းဆိုသလို အသံကိုႏွိမ့္ခ်လိုက္ၿပီး ေနာက္က စကားတေျပာေျပာႏွင့္လိုက္လတယ္။
"မင္းက အိမ္ျပန္သြားတာမဟုတ္ဘူးလား? ဘာကိစၥ ျပန္လာရတာလဲ?"
"သူ႔ေၾကာင့္သာ မဟုတ္ရင္ ျပန္မလာဘူး"
က်န႔္ေယာင္ ေက်ာေပၚက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနဆဲလူကို တြန႔္ျပလိုက္သည္။
အခန္း ၃၀၆ အေပါက္ေရာက္မွ သူ႔မွာရင္းခ်ဲယ္အခန္းေသာ့မရွိေၾကာင္း သတိရလိုက္သည္၊ ခ်က္ခ်င္းႀကီး ရင္းခ်ဲယ္လြယ္အိတ္ထဲက ႏွိုက္ရွာဖို႔ကလည္း မလြယ္လွတာမို႔ ခုေလာေလာဆယ္ေတာ့ က်န႔္ေယာင္ ရင္းခ်ဲယ္ကို သူ႔အခန္းထဲသာ ခနသယ္သြားလိုက္ေတာ့တယ္။
က်န္းခဲ့ကေတာ့ သူ႔အစား ေသာ့ယူၿပီး တံခါးဖြင့္ေပးသည္။ က်န႔္ေယာင္က ရင္းခ်ဲယ္အား အိပ္ယာေပၚခ်ေပးသည္ကို ၾကည့္ကာ :
"အဲ့ေတာ့ မင္းက ဘယ္မွာသြားအိပ္မွာလဲ? တစ္အိပ္ယာတည္းပူးအိပ္လို႔ေတာ့ မရဘူးမလား?"
က်န႔္ေယာင္မွာ အမွန္ေတာ့ တကယ္ပဲ အတူပူးအိပ္လိုက္ခ်င္သည္၊ ဒါေပမယ့္လည္း ေတာ္ၾကာ မ်က္စိမွိတ္ၿပီးမွ ဘယ္ေတာ့မွ ျပန္ဖြင့္မလာနိုင္ေတာ့မွာလဲ စိုးရသည္။
အေၾကာင္းက သူ႔ထိုင္ခုံေဖာ္ဆီက ေသေအာင္အရိုက္ခံရလို႔ေလ။
"သြား မင္းျပန္ႏွင့္၊ ငါတစ္ခုခုႀကံလိုက္မယ္၊ ယုတ္စြအဆုံး ငါ တစ္ညေလာက္ စာေရးခုံေပၚမွာ အိပ္လိုက္လဲျဖစ္ပါတယ္"
က်န္းခဲ့ : "ေကာင္းၿပီေလ တစ္ခုခုလိုရင္ ငါ့ကိုသာလွမ္းေခၚလိုက္ေနာ္"
က်န္းခဲ့ထြက္သြားၿပီးေနာက္ အရင္ဆုံးအေနနဲ႔ က်န႔္ေယာင္ အပူခ်ိန္ကိုျမႇင့္လိုက္သည္၊ ပူလာေတာ့ သူအေပၚထပ္အကၤ်ီကိုခၽြတ္လိုက္သည္။
ရင္းခ်ဲယ္ကိုလည္း ခၽြတ္ေပးဖို႔ျပင္သည္။
အိပ္ယာေဘးမွာ ရပ္ကာ ရင္းခ်ဲယ္ရဲ့ေက်ာကို ဘယ္ဘက္လက္ႏွင့္ေထာက္ေပးထားၿပီး ညာဘက္လက္ကေတာ့ အေပၚထပ္ကို ဆြဲခၽြတ္ေပးလိုက္သည္။
ဒီလိုအေနအထားတြင္ ရင္းခ်ဲယ္ဟာ သူ႔ရင္ခြင္ထဲ တစ္ဝက္ေရာက္လ်က္ရွိသည္။
အကၤ်ီခၽြတ္ေပးၿပီးသည့္တိုင္ ရင္းခ်ဲယ္ကို လႊတ္ေပးဖို႔အတြက္ သူ တြန႔္ဆုတ္ေနမိသည္။
ေကာင္စုတ္ေလးရဲ့ ေခါင္းဟာ ေရွ႕ကိုငိုက္က်သြားတယ္၊ မ်က္ခုံးအစုံကလည္း အိပ္မက္ထဲမွာ စိတ္မၾကည္စရာတစ္ခုခုရွိသည့္ႏွယ္ ေရးေရး တြန႔္ခ်ိဳးလ်က္ရွိသည္။
က်န႔္ေယာင္ ဘယ္ဘက္လက္ေလးနဲ႔ သူ႔ေက်ာကို ဆြယ္တာေပၚကတစ္ဆင့္ ျငင္သာစြာပုတ္ေပးရင္း အသံတိုးတိုးျဖင့္ ေခ်ာ့ျမဴလိုက္တယ္။
မိနစ္အနည္းငယ္ၾကာၿပီးေနာက္ေတာ့ ရင္းခ်ဲယ္မ်က္ခုံးေတြ ျပန္လည္ေျပေလ်ာ့လာသည္။
က်န႔္ေယာင္ သူ႔ကို အသာအယာေလး အိပ္ယာေပၚျပန္ခ်ေပးလိုက္ၿပီးေနာက္ ဖိနပ္ခၽြတ္ေပးဖို႔ ထိုင္ခ်လိုက္သည္။
ရင္းခ်ဲယ္ေျခဖ်ားေတြဟာ ေအးစက္ေနၿပီး ေျခအိတ္ေတြဟာလည္း အထိအေတြ႕နဲ႔တင္ ေအးခဲမတတ္။ ဘာမွလည္း လုပ္စရာမရွိတာမို႔ က်န႔္ေယာင္ကုတင္အစြန္းမွာ ၀င္ထိုင္လိုက္တယ္၊ ေျခေထာက္ေတြကို ေျခခ်င္းဝတ္ကတစ္ဆင့္ ကိုင္ကာ ေပါင္ေပၚတင္ၿပီး သူ႔ကိုယ္ကအဝတ္နဲ႔ပတ္လို႔ အေႏြးဓာတ္ေပးဖို႔စဥ္းစားၾကည့္သည္။
ေကာင္စုတ္ေလးရဲ့ ေျခခ်င္းဝတ္ အဆစ္ေတြက ေတာင့္တင္းေနတာမ်ား သူ႔စိတ္ေနစိတ္ထားအတိုင္းပဲ။ ဒါေပမယ့္ လက္ေခ်ာင္းေတြေအာက္ဝယ္ေတာ့ ႀကိဳးတစ္ေခ်ာင္းလိုမ်ိဳး ေပ်ာ့ေပ်ာင္းတဲ့ တစ္စုံတစ္ခုကို က်န႔္ေယာင္စမ္းမိသြားတယ္။
ရင္းခ်ဲယ္ ေျခခ်င္းဝတ္မွာ တစ္ခုခုပတ္ထားတာကို က်န႔္ေယာင္ ျပန္ေတြးမိတယ္၊ ကေလးဘဝတည္းက ဝတ္လာတဲ့ အႏၲရာယ္ကင္းအေဆာင္လိုမ်ိဳး အနီေရာင္ႀကိဳးေလးျဖစ္မည္ထင္သည္။
သူ နည္းနည္းေတာ့ သိခ်င္လာတာေၾကာင့္ ရင္းခ်ဲယ္ေဘာင္းဘီကို ဆြဲတင္ၾကည့္လိုက္သည္။
အမွန္ပင္ အနီေရာင္ႀကိဳးေလးတစ္ေခ်ာင္း။
သို႔ေပမယ့္ ရက္ထားတဲ့လက္ရာက လိမ္လိုက္ တြန႔္လိုက္ႏွင့္ ဆိုးလြန္းလွတယ္၊ အထုံးေတြဟာလည္း အကုန္အလြဲလြဲအမွားမွား၊ တခ်ိဳ႕ေနရာမွာဆို ႀကိဳးကေျပေနၿပီး ျဖစ္ကတတ္ဆန္းနိုင္လွတယ္။ accessoryလို႔ေခၚရမယ့္အစား အလႊင့္ပစ္ခံထားရတဲ့ က်စ္ႀကိဳးအမွိုက္စတစ္ခုနဲ႔ေတာင္ ပိုတူေနတယ္။
ႀကိဳးနီေလးရဲ့ အဆုံးမွာေတာ့ အထုံးေလးတစ္ခု ခိုင္မာစြာ အေသခ်ည္ေႏွာင္ထားေလသည္။
ခ်ည္ထားပုံမွာ ႀကိဳးကို တစ္ခုခုနဲ႔ ျဖတ္မပစ္သေရြ႕ေတာ့ တစ္သက္တာလုံး ျဖည္လို႔ရမည္မဟုတ္ေတာ့။
_________
The author has something to say :
ဝံပုေလြဆိုးႀကီးေတာ့ ေတြ႕သြားၿပီ ; ယုန္ေပါက္ေလးေရ သတိထား
________
T/n : ထိန္းခ်ဳပ္ေဆးဆိုတာ ၀မ္က်ိဳ႕လို pheromoneေတြ ထိန္းထားတဲ့ေဆးကိုေျပာတာေလ၊ ေအာ့္ေဟာ ယူတို႔ကဘာေတြေတြး၊ ဒါေတာင္ကိုယ္က တားေဆးလို႔မေရးလိုက္တာကံေကာင္း မဟုတ္ရင္ မိုးလင္းေတာ့မွာမဟုတ္ဘူး