စာမေးပွဲမတိုင်မီ တစ်ပတ်အလိုတွင်တော့ သူတို့ပြန်လှန်လေ့ကျင့်ခန်းတွေမှာ အပြင်းထန်ဆုံးနှင့် အရေးအကြီးဆုံးအပိုင်း ကျရောက်လို့လာသည်။
ကျန်းခဲ့ပင် အိမ်စာတွေဘလိုင်းကြီး ကူးမချရဲတော့ပဲ နေ့စဥ်နေ့တိုင်း မေးခွန်းစာရွက်တွေတစ်ပုံကြီးနှင့် ရန်းရီလဲ့ဆီ ကြိုးစားပမ်းစား မေးမြန်းလေ့ရှိတော့သည်။
အခြားသော စာမလုပ်ချင်သူများပင် ယခုလိုအပြင်းအထန်အနေအထားမှာ စာလုပ်သူတွေဆီက ကူးစက်သွားရာ နေ့လည်ပိုင်းထမင်းစားနားချိန်တွင်လည်း ဘတ်စကတ်ဘော ထွက်မကစားဖြစ်ကြတော့ပေ။
သူတို့သွားချင်တယ်ဆိုရင်တောင် သွားမရပေ၊ အဘယ်ကြောင့်ဆို ဘာသာရပ်ပေါင်းစုံက ဆရာတွေက ကိုယ်စီဘာသာရပ်အမှတ်တွေ တက်အောင် စာတွေဝင်ရှင်းချင်တာကြောင့် စာသင်ခန်းထဲ ဝင်ထွက်သွားလာနေကြသည်။
သူတို့အတန်းပိုင်ဆရာတစ်ဦးဖြစ်သည့်အလျောက် တခြားဆရာတွေထက်စာရင် လောင်ဝူအချိန်တွေမှာ အပေါများဆုံးဖြစ်လေသည်။ နောက်ဆုံးနေ့လည်စာနားချိန်တွင်ပင် အနားမရပဲ မပြီးပြတ်သေးတဲ့လေ့ကျင့်ခန်းတွေကို ဆက်ရှင်းနေလေသည်။
ကျန်အချိန်တစ်ဝက်တွင်တော့ စာမေးပွဲမတိုင်မီ ဆွေးနွေးပွဲလေးကျင်းပလေသည်။
"ဒီစာမေးပွဲက အတော်အရေးပါတယ်ဆိုတာ အားလုံးလည်းသိကြမှာပါ၊ အဲ့တော့ ဒီအပတ်ပိတ်ရက်ကို အပြင်ထွက်ဖို့နည်းနည်းမှ မစဥ်းစားကြပါနဲ့၊ အရင်တစ်ခေါက် နှစ်ဝက်စာမေးပွဲတုန်းကလည်း စာမေးပွဲမတိုင်ခင် ပိတ်ရက်မှာ ကျောင်းသားတစ်ချို့ escape roomသွားကစားကြတာ ငါသိတယ်နော်၊ Friend Circleမှာတောင် တင်လိုက်ကြသေး၊ မင်းတို့တွေ ငါ့ကိုမသိဘူးများမှတ်နေလား?"
ရန်းရီလဲ့က ရှက်ရှက်နှင့် ခေါင်းလေးပုဝင်သွားပြီး မျက်နှာကလည်း နီရဲနေလေသည်။
ကျန်းခဲ့က တီးတိုးနှင့် :
''F*ck ဘယ်သူတင်တာတုန်းဟ? သစ္စာဖောက်ပဲ!"
ကောကျစ်ရှုန်း : "ငါ လောင်ဝူ့ကို blockဖို့မေ့သွားတာထင်တယ်...."
ဝူကောကျုံက တခြားအကြောင်းအရာပြောင်းပြောပြန်သည်။
"သိပ်ပြီးလည်း စိတ်ဖိစီးလို့မဖြစ်ပြန်ဘူး၊ အနားယူဖို့ကလည်း အရေးကြီးသေးတယ်၊ မင်းတို့တွေအပြင်ထွက်ပြီး ပန်းခြံထဲလမ်းလျှောက်တာတို့၊ နေပူဆာလှုံတာတို့ ပြေးတာတို့တော့ လုပ်သင့်တယ်...စိတ်လှုပ်ရှားလွယ်တာမျိုး ခြောက်ခြားစေတာမျိုးတွေချည်း ဆော့မနေကြနဲ့၊ အဲ့ဒါတွေက ကြောက်လွယ်စေတယ် နှလုံးအားနည်းစေတယ် အဲ့လိုဆို မင်းတို့ဦးနှောက်လည်း မရွှင်မပျနဲ့ ကိုယ်ခန္ဓာကိုလည်းဆိုးရွားစေလိမ့်မယ်...."
သူတို့ကိုနှလုံးခုန်မြန်လာစေတာမျိုးဆိုတာ အခုလိုစကားမျိုး။ ခြိမ်းခြောက်မှုတစ်ရပ်လို့ပင် ဆိုရမလားပဲ။
...
မိနစ်နှစ်ဆယ်စာ ဦးနှောက်ဆေးသွားတဲ့ စကားဝိုင်းလေး ပြီးသွားသည့်နောက် ကျောင်းသားတွေမှာ လန့်ဖျပ်ထုံထိုင်းနေမိကြသည်။
ကျန်းခဲ့ : "လောင်ဝူရဲ့ အလိမ်စကေးတွေကတော့ ပိုပိုပြီး တော်လာပါလားပဲ...တရုတ်ဘာသာရပ်ဆရာလို့ကို မပြောရဘူး၊ အလိမ်အညာတွေလည်း လုပ်ကြံပြောတတ်တာပဲ''
သူခေါင်းလှည့်လိုက်တော့ ကျန့်ယောင်က ရင်းချဲယ်အား လွယ်အိတ်ကနေတစ်ဆင့် အတင်းဆွဲနေသည်ကို လှမ်းတွေ့လိုက်ရသည်၊ နောက်ကတစ်ယောက်ကတော့ လိုက်ချင်ပုံနည်းနည်းမှရှိဟန်မတူ။
"ရပ်စမ်း!"
ကျန်းခဲ့ ၀င်ရှည်လိုက်သည်။
"ငါတို့ချဲယ်ကောကို ဘယ်ခေါ်သွားဖို့တွေးနေတာလဲ?"
ဟန်မုန့်ကလည်း လှည့်ကြည့်လာကာ :
"ဟုတ်တယ်၊ ချဲယ်ကောက အိမ်ပြန်မလို့မဟုတ်လား၊ မင်းကသူ့ကိုဘာလုပ်တာလဲ?"
ကျန့်ယောင် : "ဒါက ငါတို့ရဲ့ လျှို့ဝှက်ချက်လေ၊ ဘယ်သူ့မှပြောမပြဘူး"
ပြောပြီးနောက် ရင်းချဲယ်ရဲ့လွယ်အိတ်သိုင်းကြိုးကနေဆွဲကာ စာသင်ခန်းထဲကနေ အတင်းဆွဲထုတ်သွားတော့သည်။
ကျန်းခဲ့က မေးကိုသပ်ကာ တွေးဆဆနှင့်ပြောသည်။
"ခုနောက်ပိုင်း ဒီနှစ်ယောက် ထူးဆန်းနေတယ်လို့ မင်းမထင်ဘူးလား?"
ဟန်မုန့် : "ဟုတ်တယ် နည်းနည်း၊ အရင်က ကျန့်ယောင်က ပိုင်ယွိဝေကိုလိုက်နေတာမဟုတ်ဘူးလား? ဘယ်လိုဖြစ်လို့အဲ့သတင်းတွေက လုံးဝရပ်သွားတာလဲမသိဘူးနော်၊ ခုကျတော့လည်း ရင်းချဲယ်နဲ့ပဲ တစ်နေကုန်တပူးပူးတတွဲတွဲ"
ကျန်းခဲ့ : "မင်းထင်လား အဲ့ဒါက.....''
ဟန်မုန့် : "မဖြစ်နိုင်ဘူး"
ကျန်းခဲ့က ထပ်ပြောသည်။ "ဒါဖြင့် မင်းထင်လား အဲ့ဒါ..."
ဟန်မုန့်က ထပ်၍ဖြတ်ပြောပြန်သည်။
"မဖြစ်နိုင်ဘူး"
ကျန်းခဲ့က ဆောင့်ဆောင့်အောင့်အောင့်ပြောတော့သည်။
"ငါပြောလို့တောင် မပြီးသေးဘူးလေကွာ"
ဟန်မုန့် : "မင်းဘာပြောမယ်ဆိုတာလငါသိပြီးသား၊ မဖြစ်နိုင်ဘူး၊ ကျန့်ယောင်က လှလှပပ ရည်ရည်မွန်မွန်နဲ့ ကလေးမွေးပေးနိုင်တဲ့ omega လေးတစ်ယောက်ရှာနေတာပါလို့ နေ့တိုင်းပြောနေတာလေ၊ သူ့အကြိုက်က ဗြုန်းစားကြီး ပြောင်းသွားပါ့မလား? သူကပဲ ပြောင်းသွားတယ်ထားဦး alphaတစ်ယောက်ကို ကြိုက်လောက်တဲ့အထိ ချဲယ်ကောအကြိုက်က ပြောင်းပါ့မလားကွ?"
ကျန်းခဲ့က ခနလောက်တွေးကြည့်ပြီးနောက် ခေါင်းတငြိမ့်ငြိမ့်နှင့် တိတိကျကျပြောလိုက်တော့သည်။
"အင်း အဲ့ဒါမဖြစ်နိုင်ဘူး"
...
ကျောင်းဂိတ်ပေါက်ကနေထွက်လာပြီးနောက် သူတို့ အနောက်အတိုင်း မီတာ ၇၀၀အကွာက မြေအောက်ရထားဘူတာဆီကို လမ်းလျှောက်လာခဲ့လိုက်ကြသည်။
ရင်းချဲယ်နှင့် ကျန့်ယောင်မှာ ဘေးချင်းယှဥ်လျှောက်နေကြတုန်း နေလုံးနီနီကတော့ ရှည်ရှည်ပိန်ပိန်အရိပ်တွေကို သူတို့နောက်က ထင်ဟပ်ပေးစေတော့သည်။
"တခြားအတန်းဖော်တွေကိုရော ဘာကြောင့်မဖိတ်တာလဲ?"
"သူတို့စာလုပ်ချိန်ကို မနှောင့်ယှက်ချင်လို့"
"ငါ့အချိန်ကျ နှောင့်ယှက်လို့ကောင်းတယ်ပေါ့?"
"မင်းက စာလုပ်စရာလိုသေးလို့လား?"
ကျန့်ယောင်က ခေါင်းလေးစောင်းကာ :
"ဒီနေ့လေ့ကျင့်တဲ့ သင်္ချာပုစ္ဆာတွေ မင်းအခန်းထဲမှာရှိတယ်၊ ငါ့က မင်းသေချာပေါက်အမှတ်ပြည့်ရမယ် ထင်နေတာ၊ ဒါမယ့် ဒီတစ်ခေါက် ၁၁၀ကျော်အောင် မရဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ရင်းချဲယ် ပြီးသလွယ်ပြောလိုက်သည်။
"ငါလုပ်ခဲ့တယ် ဒါမယ့် မေ့သွားပြီ"
ကျန့်ယောင်က သူ့ဘက်ကို လှည့်လာသည်၊ သူ့ရှေ့တည့်တည့်ကိုလျှောက်လာပြီးနောက် လမ်းကိုနောက်ပြန်လျှောက်သည်။
"ကောင်စုတ်လေး မင်းနဲ့ပက်သက်လို့ မဖြေရှင်းရသေးတဲ့ လျှို့ဝှက်ပုစ္ဆာတွေ တကယ်များတာပဲ...."
ရင်းချဲယ်က သူ့ကိုရှောင်သွားကာ :
"မင်းအတွေးလွန်နေပြီ"
ကျန့်ယောင်က သူ့ရှေ့ဆီပြန်လျှောက်လာပြီး လမ်းကိုထပ်ပိတ်ပြန်သည်။
"ဒါဆို ငါမေးတာဖြေလေ၊ ဘာလို့ alphaတွေထိတာကို တအားမုန်းနေရတာလဲ? ဒီလို အကြောက်အလန့်မရှိတဲ့လူဖြစ်နေပြီးမှ ဘာဖြစ်လို့လျှပ်စစ်ကိုမှ တအားကြောက်နေရတာလဲ? မင်းက ဉာဏ်ကောင်းတာတော်တာ အသိသာကြီးကို ဘယ်လိုဖြစ်လို့အမှတ်တွေက သာမန်ပဲရနေရတာလဲ? ဘာလို့...."
"ဘာကြောင့် ငါ့ကို 'ဘာလို့'မေးခွန်းတွေ အများကြီးမေးနေရတာလဲ?"
ရင်းချဲယ်က တန်ပြန်မေးလိုက်သည်။
"ငါကရော ဘာလို့ဆိုတာ မင်းကိုဘာလို့ပြောပြရမှာလဲ?"
"......"
ကျန့်ယောင်ခမျာ မတ်တပ်မေ့နေခဲ့တော့သည်။
...
လူအရှုပ်ဆုံးအချိန်ဖြစ်သည့် ကျောင်းဆင်းချိန် အလုပ်ဆင်းချိန်မှာပဲ သူတို့မ မြေအောက်ရထားဘူတာဆီရောက်ခဲ့ကြသည်။ လမ်းနဘေးနှစ်ဘက်လုံးက စောင့်ဆိုင်းသည့် နေရာများမှာ လူတွေပြည့်နေပြီး ရထားတံခါးဖွင့်သည်ဆိုရင်ပဲ ပျားအုံကဲ့သို့ဘအတင်းတိုးဝင်ကြတော့သည်။ ထိုင်ခုံရဖို့မဆိုနှင့် မတ်တပ်ရပ်ဖို့ပင် နေရာမရှိဖြစ်နေသည်။
နှစ်ဦးသား ရထားတစ်စီးပြီးတစ်စီးစောင့်နေပြီး လူနည်းသည့်တစ်စီးကိုပဲ တက်လိုက်ကြသည်။
ရင်းချဲယ်ကတော့ ထောင့်နားတွင်ရပ်သည်၊ လွယ်အိတ်ကိုကိုင်ထားပြီး ကျောင်းယူနီဖောင်းနှင့် သူ့အမူအရာမှာအေးစက်ပြီး တည်ငြိမ်နေသည်။
ရထားထဲကကျောင်းသူတစ်ချို့မှာ ဖုန်းကိုမြှောက်ပြီး front cameraနဲ့ မှန်ကြည့်သလိုလိုနှင့် back cameraက သူတို့ဘက်ကိုဦးတည်နေသည်ကို ကျန့်ယောင်တိပြုမိသွားသည်။
သူရှေ့ကိုတစ်လှမ်းတိုးလိုက်ပြီး သူ့ ထိုင်ခုံဖော်ရှေ့တွင်ကာရပ်လိုက်သည်။
"....မင်းရူးနေလား?"
"အာ နေမကောင်းကြောင်းပြောမှ"
ထုံးစံအတိုင်း ကျန့်ယောင်က စကားစရှာသည်။
"အရင်တစ်ခေါက်က မင်းတိတိ မင်းရဲ့ရောဂါကို ကုပေးနိုင်တဲ့ဆရာဝန်တစ်ယောက်အကြောင်းပြောတယ်လေ?"
ရင်းချဲယ်မှာ အနည်းငယ်အံ့သြသွားဟန် မျက်တောင်ခတ်ကာ ပြန်တော့ဖြေမလာ၊ ငြိမ်နေသည်။
ကျန့်ယောင်ရဲ့မျက်ဝန်းထဲတွင်မူ မျှော်လင့်ခြင်းအရိပ်ယောင်တွေ အထင်းသား။
"ကုပြီးသွားတဲ့ခါကျရင် pheromoneတွေရှိလာမှာလား ဟင်?"
"...အွန်ဟွန်း၊ ရှိနိုင်တယ်''
ရုတ်တရက်ကြီး ရင်းချဲယ်ရင်ထဲ အတိုင်းအဆမသိ စိတ်ပျက်မိသွားသည်။ သူ့လက်ရှိဘဝအဖြစ်ခံယူထားတဲ့ တချို့အရာတွေ ပြောင်းလဲသွားနိုင်သည်။ သူ့မိဘတွေကတော့ ထိုကိစ္စနဲ့ပက်သက်လို့ အရမ်းပျော်ရွှင်နေကြပေမယ့် သူကိုယ်တိုင်အတွက်တော့ မပျော်ရွှင်စေနိုင်ပေ။
"ဒါမယ့် အမှန်တော့ ငါမကုသချင်ဘူး"
"ဟာ? ဘာလို့လဲ?"
"ကုရင် ခံစားရမှာပေါ့၊ ကုတာထက်စာရင် မကုပဲသာနေလိုက်ချင်တယ်"
"ဒါဆို..."
ကျန့်ယောင် ခနတွေးတောကြည့်သည်။
"ဒါဆို မင်းမကုပဲထားရင်ရော တခြားဆိုးကျိုးတွေရှိမှာလား? pheromoneချို့တဲ့တာအပြင်လေ"
"ရှိတယ်"
"ဆိုးကျိူးက ပြင်းထန်လား?"
"အရမ်းပြင်းထန်တယ်"
ရင်းချဲယ်က သူ့ကိုတည့်တည့်ကြည့်ကာ :
"ငါပိုင်ဆိုင်နိုင်တဲ့ အရာအတော်များများကို လက်လွှတ်ရလိမ့်မယ်"
ကျန့်ယောင်က အကြာကြီးစဥ်းစားနေပြီးကာမှ ပြောသည်။
"အဲ့တော့ အဲ့တာတွေကို မင်းခံစားချင်မလားပေါ်မူတည်တာပေါ့၊ ဘာပဲဖြစ်ဖြစ်ပါ မင်းဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် မင်းကျန်းမာရေးကိုမထိခိုက်သရွေ့ ငါမင်းကိုတစ်လျှောက်လုံး ပံ့ပိုးပေးမယ်"
ရထားက မြို့ရဲ့လူစည်ကားတဲ့တစ်နေရာက ဘူတာရုံကိုရောက်ချိန်တွင်တော့ လူတွေပိုတက်လာတာကြောင့် ပြည့်သိပ်သွားတော့သည်။
နောက်ကလူတွေရဲ့ အဆတ်မပြတ်အတွန်းခံနေရတာကြောင့် ကျန့်ယောင်မှာ ရှေ့ကရင်းချဲယ်နှင့်ပင်တိုက်မိတော့မတတ်။ နောက်တော့ သူ လက်နှစ်ဖက်လုံးကို နံရံမှာထောက်လိုက်ပြီး ရင်းချဲယ်အတွက် လုံခြုံတဲ့သီးသန့်နေရာအ၀န်းလေးဖန်တီးပေးလိုက်တော့သည်။
"တွေ့လား၊ ဒါက boyfriend powerပဲ"
ရင်းချဲယ်ကတော့ စကားပြန်မလာ၊ စိတ်တွေလေလွင့်နေဟန်နှင့် ဘာတွေတွေးနေသည်ကိုတော့ မသိနိုင်ပေ။
သူ့ဆံပင်လေးတွေထိပ်ဖျားမှာ ထောင်ထောင်ဖွာဖွာလေးဖြစ်နေပြီး မီးရထားရဲ့လှုပ်ယမ်းမှုနဲ့အတူ ယိမ်းလိုက်ယိမ်းလိုက်ဖြစ်နေသည်မှာ ချစ်စဖွယ်။
သူအကြာကြီး ငေးကြည့်နေမိသည်၊ မီးရထားက နောက်တစ်ကြိမ် စတင်(မောင်းနှင်)လှုပ်ခတ်ချိန်တွင်တော့ သူရှေ့ကိုမသိမသာလေးတိုးသွားပြီး ထိုဆံနွယ်လေးတွေအား တိတ်တခိုးနမ်းရှိုက်လိုက်မိသည်။
...
ရထားပေါ်က ဆင်းပြီးနောက်တွင်တော့ ကျောက်ချန်ဘွတ်ကင်လုပ်ထားသည့် ဗီလာသို့ရောက်ဖို့ရာ သူတို့အငှားကားစီးသွားရပေဦးမည်။
ထိုမှာက ဂိမ်းတွေ ကာရာအိုကေတွေ၊ သီးသန့်ပြဇာတ်တစ်ခုနဲ့ သူတို့ညအိပ်နိုင်သည့် အခန်းတွေလည်းရှိသည်။ ကျောက်ချန်ဆိုသူက ပါတီအတွက် စားသောက်ပျော်ပါးဖို့ အကောင်းဆုံးသောနေရာများကိုသိသည်ဖြစ်ရာ သူကပဲ ဒီနာမည်ကြီးဇိမ်ခံအိမ်ကို တစ်ညတာကြိုတင်ငှားရမ်းထားခြင်းဖြစ်သည်။
ကျန့်ယောင်က အခန်းထဲကိုမဝင်မီ မျက်မှန်တွေကိုချွတ်ကာ ဆံပင်ဘုတ်သိုက်ကိုလည်း နောက်လှန်သပ်လိုက်သည်။
ရင်းချဲယ်မှာ ရုတ်တရက်ပေါ်လာသည့် မျက်နှာချောချောကို စူးစမ်းကြည့်ပြီး :
".....မျက်မှန်နဲ့ ဆံပင်တွေကလည်း ရုပ်ဖျက်တဲ့အကွက်တွေပဲလား? ဘယ်လိုလုပ်ဒီလောက်ကြီး ကွာခြားနေရတာလဲ?''
ကျန့်ယောင်က ရယ်ရင်း :
"ဒီလိုမျိုးစီစဥ်ဖို့အတွက်ကို အထူးပြုစတိုင်လစ်တစ်ယောက်ရှာခဲ့တာ၊ သူကပြောတယ် လူတစ်ယောက်မှာ ထင်ရှားထူးခြားနေတဲ့ အစိတ်အပိုင်းတွေရှိတယ်တဲ့ အဲ့ဒါတွေကိုသာဖုံးကွယ်လိုက်ရင် သာမညောင်ညဖြစ်သွားရောတဲ့"
"ဒါဖြင့် အာ့ကြောင့်မို့ မင်းမျက်လုံးတွေကိုဖုံးထားတာလား?"
''အာ့ကြောင့်ပဲ ငါအဝတ်ဝတ်ထားတာလေ"
ရင်းချဲယ်မှာ သူပြောတာကိုနားလည်ဖို့အတွက် အချိန်အတော်ကြာစဥ်းစားယူလိုက်ရပြီးမှ ပိတ်ကန်ပစ်လိုက်သည်။
"နှာဘူးကောင်"
"ငါက ငါ့ဘော်ဒီကိုပြောတာလေ၊ မင်းကဘာတွေတွေး?"
ဗီလာထဲတွင်တော့ ကျောက်ချန်နှင့်ကျန်သူများမှာ အစောကတည်းကရောက်နှင့်နေပြီး ဖဲကစားနေကြသည်။ တစ္ဆေသဘက်တွေ အော်ညီးသံလိုလို၊ ဝံပုလွေအူသံလိုလိုအသံတွေလည်း ကပ်ရပ်ကာရာအိုကေအခန်းထဲက သီချင်းဆိုရာကလည်း ထွက်လာသေးသည်။
"ယောင်ကော!"
ကျောက်ချန်က မျက်နှာမှာအပြုံးလေးတစ်ပွင့်နှင့် ဖဲကစားသည့်နေရာသို့ လျှောက်လာခဲ့သည်။ ကျန့်ယောင်နောက်က ရင်းချဲယ်ကိုလည်းမြင်ရော သူ့အပြုံးမှာ အီလည်လည်ဖြစ်သွားကာ အနည်းငယ်ရှက်ရွံ့သွားသည်။
အရင်တစ်ခေါက် သူရင်းချဲယ်ကိုပိုးပန်းချင်တယ်ဆိုတုန်းက ကျန့်ယောင်ရဲ့ပိတ်ပင်တားဆီးမှုကြောင့် အဆုံးတွင်တော့ သိပ်ပင်မကြာလိုက်ခင် သူ့အနေနဲ့နောက်ပစ်မှတ်အသစ်တစ်ခုရှာတွေ့သွားခဲ့သည်။ ထို့ကြောင့် ယခုရင်းချဲယ်နှင့်မျက်နှာချင်းဆိုင်ရချိန်မှာ သူ့အနေနဲ့ ရှိုးတို့ရှန့်တန့်ဖြစ်ကာ အနေခက်လျက်ရှိသည်။
ကံကောင်းထောက်မစွာနဲ့ပဲ ရင်းချဲယ်ကတော့ ထိုအကြောင်းတွေတစ်ခုမျှမသိ၍ သူ့အားပုံမှန်အတိုင်းပဲ နှုတ်ဆက်လာလေသည်။
"ဟဲလို"
ကျန့်ယောင်က ကျောက်ချန်ပခုံးပေါ် လက်မောင်းတစ်ဖက်တင်လိုက်ကာ :
"ဘာကစားနေကြတာလဲ?"
ကျောက်ချန်ကတော့ ပွင့်လင်းဖြောင့်မတ်တဲ့သဘောထားနဲ့လူဖြစ်တာကြောင့် ထိုကိစ္စနှင့်ပက်သက်ပြီး သူတို့နှစ်ဦးလုံးကတောင် ဘယ်လိုမှမနေတော့ ခုနလေးက ရှိုးတို့ရှန့်တန့်အနေအထားမှာ လေထုလွှာထဲပျောက်ကွယ်သွားတော့သည်။
"24 တွက်နည်းလေ၊ ယောင်ကော ပါမလား ?"
(T/n : ၂၄ရဖို့အတွက် ကိန်းဂဏန်းတွေ ပေါင်း နုတ် မြှောက် စား ဖော်မြူလာတွေနဲ့ တွက်ရတဲ့ဂိမ်းပါတဲ့)
ဆိုဖာပေါ်တွင်ထိုင်နေသည့် ဆံပင်အရောင်ကြောင်တောင်ကြားတား အလိပ်လိပ်အကောက်ကောက်တွေနှင့် အဝတ်ခပ်ကြမ်းကြမ်းတွေဝတ်ထားသည့် ''လူဆိုး''တစ်စုကို ရင်းချဲယ်လှမ်းကြည့်လိုက်သည်။ သူတို့ရဲ့ဆောင်းတွင်းဝတ်ဆွယ်တာလက်တွေကို ခေါက်တင်ထားပြီး ကြွက်သားသန်သန်မာမာတွေကို လှစ်ဟပြသထားသည်။ တစ်ဦးချင်းစီ အားလုံးက ဒုစရိုက်ဂိုဏ်းက လူတွေလိုလိုဘာလိုလို။ ပုံစံတွေမှာလည်း ခက်ထန်နေကာ အခုပဲထချတော့မလို။
"လေးနှစ်ထပ်က ဆယ့်ခြောက်၊ အဲ့ဒါကို သူံးနဲ့စားပြီး လေးနဲ့မြှောက်တော့ 24မဟုတ်ဘူးလား?ဘာလို့မသုံးတာလဲ?"
(T/n : ဒီနေရာက လွဲနေတယ်ထင်တာပဲ)
"ပေါင်းတာ နုတ်တာ မြှောက်တာနဲ့ စားတာပဲရတာလေ၊ ထပ်ကိန်းတွေ သုံးလို့ ဘယ်လိုလုပ်ရမှာလဲ!"
"ဘာလို့မရရမှာလဲ? ငါတို့က မူလတန်းကျောင်းသားတွေမှ မဟုတ်တော့တာ၊ နည်းနည်းတော့ပိုပြီးအဆင့်မြှင့်ရမှာပေါ့"
"အဲ့လိုဆို ပထမပွဲကတည်းက လုပ်လို့ရသင့်တယ်၊ ငါတို့အသင်းကို တစ်မှတ်ပေါင်းပေး!"
...
ဒီကစားပွဲက ထူးထူးခြားခြား။
"မင်းတို့ ဘာလို့အဲ့ဒါကစားနေကြတာလဲ?"
ကျန့်ယောင်က မေးသည်။
"ဒီအပတ်တင် စာမေးပွဲပြီးထားတာမလား၊ မင်းတို့က မနားချင်ကြဘူးပေါ့လေ?"
Eighth Highကမူ ဒီတစ်ခေါက် ခရိုင်စစ်စာမေးပွဲတွင်မပါသဖြင့် စာမေးပွဲဖြေဆိုချိန်ကိုသူတို့ဘာသူတို့ချမှတ်ကာ First Highထက်တစ်ပတ်စော၍ ဖြေပြီးခြင်းဖြစ်သည်။ နောက်စာသင်နှစ်သည်တော့ နောက်နှစ်ပတ်အပြီး စောစောပြန်လည်စတင်လိမ့်မည်။
ကျောက်ချန် : "အဲ့အကြောင်းထည့်ကိုမပြောနဲ့တော့၊ စာမေးပွဲတွေက အသေခက်တာပဲဗျာ၊ ငါတော့ အဆင့် ၅၀ထဲကနေ လျှောကျတော့မယ်ထင်တယ်၊ ရှုန်တိတွေလည်း မျှော်လင့်ချက်မဲ့နေကြတယ်၊ သူတို့ကိုယ်သူတို့ ယောင်ကောချမှတ်ထားတဲ့ အဆင့်၂၅၀ထဲပါပါ့မလားမသေချာဘူးဖြစ်နေတာ၊ နဂိုကတော့ ဒီနေ့က စာမေးပွဲလေ့ကျင့်ခန်းတွေ သူတို့ပြန်လေ့ကျင့်ကြမလို့၊ ဒါမယ့် ကျွန်တော်က တားလိုက်လို့လေ"
ရင်းချဲယ်တော့ ဒီ''လူဆိုးကောင်လေး''တွေအုပ်စု ဘီယာသောက်ရင်း စာလုပ်နေကြမယ့်ပုံကို ကြိုးစား၍စိတ်ကူးကြည့်သည်။
သူကိုယ်တိုင်ဝင်လာခဲ့သည့် ဒီလောကကိုတောင် သူနည်းနည်းသံသယဝင်ချင်လာသည်။
"မင်းရှုန်တိတွေအားလုံးက အဲ့လောက်စာကြိုးစားကြတယ်လား?"
ကျန့်ယောင်က ရယ်ရယ်မောမောှနှင့် :
"ငါ့ရှုန်တိတွေက စာကြိုးစားတာမဟုတ်ဘူး၊ စာမကြိုးစားရင် ငါ့ရှုန့်တိမဖြစ်နိုင်တာ"
ကျောက်ချန်က ရှင်းပြသည်။
"ယောင်ကောရဲ့ ရှုန်တိအဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ အရမ်းခက်တာဗျ၊ စာလုပ်ဖို့မသိပဲ တိုက်မယ်ခိုက်မယ် ပြဿနာရှာမယ်ပဲ လုပ်နေရင်တော့ စဥ်းတောင်မစဥ်းစားနဲ့ပဲ၊ စာမေးပွဲတွေမှာ အရင်ကထက် အခြေနေဆိုးရင် ကန်ထုတ်ခံရတော့တာပဲ၊ ဒါကြောင့်ပဲ အားလုံးက အသည်းအသန်ကြိုးစားနေကြတာ"
ရင်းချဲယ် သူ့ဘေးကလူကိုတစ်ချက်ကြည့်လိုက်ကာ :
"ယောင်ကောကို ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူးပဲ"
ကျန့်ယောင်နှလုံးသားလေးခမျာ တုန်ရီသွားပြီး မူးတောင်မူးချင်လာသည်။
"ပြန်ခေါ်စမ်းပါ''
"ဘာကို?"
"ယောင်ကောလို့ ခေါ်စမ်းပါ"
"ယောင်ကော!"
ကျောက်ချန်က ထအော်သည်။
".....မင်းကို ဘယ်သူက ခေါ်ခိုင်းလို့လဲကွ"
"?"
ကျောက်ချန်မှာတော့ မတရားသလို ခံစားရကာ :
"ဘယ်သူခေါ်ခေါ်ကွာလို့လား?"
ကျန့်ယောင်ရဲ့ သာယာနေသောရာသီဥတုလေးမှာ သူ့ကြောင့် ပျက်စီးရချေပြီ။
"ထားလိုက်တော့ သွားမယ် ငါတို့လည်းကစားမယ်"
ဆိုဖာပေါ်က လူတစ်စုဟာလည်းငြင်းခုန်နေရာက အဆုံးသတ်လိုက်ပြီး အဆင့်မြင့်ဂဏန်းသင်္ချာကို သုံးပြီး ဂိမ်းပြန်စဖို့ဆုံးဖြတ်လိုက်ကြသည်။
ကစားပွဲတွင်အပြည့်အဝအာရုံစိုက်ထားစဥ် ကျန့်ယောင်ဝင်လာသည်ကိုမြင်တော့ ချက်ချင်းဖဲချပ်တွေကို ချကာ အော်ကြသည်။
"ယောင်ကော!"
ဒီရှုန်တိတွေကြားမှာ ကျန့်ယောင်ရဲ့နာမည်နဲ့ ဂုဏ်သတင်းမှာ သာမန်လူတစ်ယောက်ထက်မြင့်ကြောင်း ရင်းချဲယ်သဘောပေါက်လိုက်သည်။
သူဟာ ကျန့်ယောင်ခေါ်လာတဲ့ တစ်ဦးတည်းသူဖြစ်၍ ချက်ချင်းဆိုသလိုပဲ ကောင်လေးတွေက သူ့ကိုအထူးတလည်ဆက်ဆံပြီး နေရာတစ်နေရာလည်း အလိုက်တသိပေးကြသည်။
ရင်းချဲယ်က လက်ကောက်ဝတ်မှာ တက်တူးထိုးထားတဲ့ သူတစ်ယောက်ဘေးတွင် ထိုင်လိုက်သည်။
"မပူနဲ့ သူက beta"
ကျန့်ယောင်က ပြောဖြစ်လိုက်သေးသည်။
''ဟဲလို ငါ့နာမည်က ဟွမ်ကျွင်းပါ"
ထိုသူက သူ့ကိုဖော်ဖော်ရွေရွေအပြုံးလေးတစ်ပွင့် ပြုံးပြသည်။
"First Highမှာ ယောင်ကောအထူးတလည်အရင်းနှီးရဆုံး ထိုင်ခုံဖော်တစ်ယောက်ရှိတယ်လို့ ကျောက်ချန်ဆီကကြားရတယ်၊ အဲ့ဒါမင်းလား?"
"ထိုင်ခုံဖော်ဆိုမှတော့ ထိုင်ခုံဖော်ပါပဲ၊ အထူးတလည်ရင်းနှီးတာ မရင်းနှီးတာတွေ အရေးမပါပါဘူး"
"ချဲယ်ချဲယ်က အပြောဆိုးပေမယ့် နှလုံးသားက နူးနူးညံ့ညံ့လေးပါ"
ကျန့်ယောင်က ဘေးကနေဝင်ပြောသည်။
"ငါမင်းကိုပြောနေတာမဟုတ်ဘူး"
"အော်..."
ဒီလိုလိမ္မာနာခံနေတဲ့ ယောင်ကောကို တစ်ခါမှမမြင်ဖူးသည့် ဟွမ်ကျွင်းမှာတော့ စိတ်ရောကိုယ်ပါ အံ့သြတုန်လှုပ်သွားပြီး မထိန်းချုပ်နိုင်စွာ :
"Fu-"
(T/n : F*ckလို့ဆဲမလို့ပါ)
ကျန့်ယောင်က ချက်ချင်း သူ့ဆီကိုအကြည့်တစ်ချက်လှမ်းပစ်ကာ :
"ငါ့ထိုင်ခုံဖော်ရှေ့မှာမဆဲနဲ့"
ဟွမ်ကျွင်းမှာတော့ စကားလက်ကျန်လေးကို ပြန်မျိုချလိုက်ရသည်။
ရင်းချဲယ် : "မင်းကျတော့ ငါ့ရှေ့မှာ တစ်ချိန်လုံး 'f*ck'ဆိုပြီး ပြောနေတာမဟုတ်ဘူးလား?"
ကျန့်ယောင်က တွေးပင်မတွေးပဲ ပြန်ဖြေလာသည်။
"အဲ့တာ မတူဘူးလေ၊ မင်းက ငါ့ထိုင်ခုံဖော် ၊ ငါတစ်ယောက်တည်းပဲ f*ckလို့ပြောခွင့်ရှိတယ်"
(T/n : f*ck means အဟမ်းဟမ်း f*ckပါပဲ👀)
ရင်းချဲယ် : "....."
ဟွမ်ကျွင်း : "....."
_________
[Zawgyi]
စာေမးပြဲမတိုင္မီ တစ္ပတ္အလိုတြင္ေတာ့ သူတို႔ျပန္လွန္ေလ့က်င့္ခန္းေတြမွာ အျပင္းထန္ဆုံးႏွင့္ အေရးအႀကီးဆုံးအပိုင္း က်ေရာက္လို႔လာသည္။
က်န္းခဲ့ပင္ အိမ္စာေတြဘလိုင္းႀကီး ကူးမခ်ရဲေတာ့ပဲ ေန႔စဥ္ေန႔တိုင္း ေမးခြန္းစာရြက္ေတြတစ္ပုံႀကီးႏွင့္ ရန္းရီလဲ့ဆီ ႀကိဳးစားပမ္းစား ေမးျမန္းေလ့ရွိေတာ့သည္။
အျခားေသာ စာမလုပ္ခ်င္သူမ်ားပင္ ယခုလိုအျပင္းအထန္အေနအထားမွာ စာလုပ္သူေတြဆီက ကူးစက္သြားရာ ေန႔လည္ပိုင္းထမင္းစားနားခ်ိန္တြင္လည္း ဘတ္စကတ္ေဘာ ထြက္မကစားျဖစ္ၾကေတာ့ေပ။
သူတို႔သြားခ်င္တယ္ဆိုရင္ေတာင္ သြားမရေပ၊ အဘယ္ေၾကာင့္ဆို ဘာသာရပ္ေပါင္းစုံက ဆရာေတြက ကိုယ္စီဘာသာရပ္အမွတ္ေတြ တက္ေအာင္ စာေတြဝင္ရွင္းခ်င္တာေၾကာင့္ စာသင္ခန္းထဲ ဝင္ထြက္သြားလာေနၾကသည္။
သူတို႔အတန္းပိုင္ဆရာတစ္ဦးျဖစ္သည့္အေလ်ာက္ တျခားဆရာေတြထက္စာရင္ ေလာင္ဝူအခ်ိန္ေတြမွာ အေပါမ်ားဆုံးျဖစ္ေလသည္။ ေနာက္ဆုံးေန႔လည္စာနားခ်ိန္တြင္ပင္ အနားမရပဲ မၿပီးျပတ္ေသးတဲ့ေလ့က်င့္ခန္းေတြကို ဆက္ရွင္းေနေလသည္။
က်န္အခ်ိန္တစ္ဝက္တြင္ေတာ့ စာေမးပြဲမတိုင္မီ ေဆြးေႏြးပြဲေလးက်င္းပေလသည္။
"ဒီစာေမးပြဲက အေတာ္အေရးပါတယ္ဆိုတာ အားလုံးလည္းသိၾကမွာပါ၊ အဲ့ေတာ့ ဒီအပတ္ပိတ္ရက္ကို အျပင္ထြက္ဖို႔နည္းနည္းမွ မစဥ္းစားၾကပါနဲ႔၊ အရင္တစ္ေခါက္ ႏွစ္ဝက္စာေမးပြဲတုန္းကလည္း စာေမးပြဲမတိုင္ခင္ ပိတ္ရက္မွာ ေက်ာင္းသားတစ္ခ်ိဳ႕ escape roomသြားကစားၾကတာ ငါသိတယ္ေနာ္၊ Friend Circleမွာေတာင္ တင္လိုက္ၾကေသး၊ မင္းတို႔ေတြ ငါ့ကိုမသိဘူးမ်ားမွတ္ေနလား?"
ရန္းရီလဲ့က ရွက္ရွက္ႏွင့္ ေခါင္းေလးပုဝင္သြားၿပီး မ်က္ႏွာကလည္း နီရဲေနေလသည္။
က်န္းခဲ့က တီးတိုးႏွင့္ :
''F*ck ဘယ္သူတင္တာတုန္းဟ? သစၥာေဖာက္ပဲ!"
ေကာက်စ္ရွုန္း : "ငါ ေလာင္ဝူ႔ကို blockဖို႔ေမ့သြားတာထင္တယ္...."
ဝူေကာက်ဳံက တျခားအေၾကာင္းအရာေျပာင္းေျပာျပန္သည္။
"သိပ္ၿပီးလည္း စိတ္ဖိစီးလို႔မျဖစ္ျပန္ဘူး၊ အနားယူဖို႔ကလည္း အေရးႀကီးေသးတယ္၊ မင္းတို႔ေတြအျပင္ထြက္ၿပီး ပန္းၿခံထဲလမ္းေလၽွာက္တာတို႔၊ ေနပူဆာလွုံတာတို႔ ေျပးတာတို႔ေတာ့ လုပ္သင့္တယ္...စိတ္လွုပ္ရွားလြယ္တာမ်ိဳး ေျခာက္ျခားေစတာမ်ိဳးေတြခ်ည္း ေဆာ့မေနၾကနဲ႔၊ အဲ့ဒါေတြက ေၾကာက္လြယ္ေစတယ္ ႏွလုံးအားနည္းေစတယ္ အဲ့လိုဆို မင္းတို႔ဦးေႏွာက္လည္း မရႊင္မပ်နဲ႔ ကိုယ္ခႏၶာကိုလည္းဆိုးရြားေစလိမ့္မယ္...."
သူတို႔ကိုႏွလုံးခုန္ျမန္လာေစတာမ်ိဳးဆိုတာ အခုလိုစကားမ်ိဳး။ ၿခိမ္းေျခာက္မွုတစ္ရပ္လို႔ပင္ ဆိုရမလားပဲ။
...
မိနစ္ႏွစ္ဆယ္စာ ဦးေႏွာက္ေဆးသြားတဲ့ စကားဝိုင္းေလး ၿပီးသြားသည့္ေနာက္ ေက်ာင္းသားေတြမွာ လန႔္ဖ်ပ္ထုံထိုင္းေနမိၾကသည္။
က်န္းခဲ့ : "ေလာင္ဝူရဲ့ အလိမ္စေကးေတြကေတာ့ ပိုပိုၿပီး ေတာ္လာပါလားပဲ...တ႐ုတ္ဘာသာရပ္ဆရာလို႔ကို မေျပာရဘူး၊ အလိမ္အညာေတြလည္း လုပ္ႀကံေျပာတတ္တာပဲ''
သူေခါင္းလွည့္လိုက္ေတာ့ က်န႔္ေယာင္က ရင္းခ်ဲယ္အား လြယ္အိတ္ကေနတစ္ဆင့္ အတင္းဆြဲေနသည္ကို လွမ္းေတြ႕လိုက္ရသည္၊ ေနာက္ကတစ္ေယာက္ကေတာ့ လိုက္ခ်င္ပုံနည္းနည္းမွရွိဟန္မတူ။
"ရပ္စမ္း!"
က်န္းခဲ့ ၀င္ရွည္လိုက္သည္။
"ငါတို႔ခ်ဲယ္ေကာကို ဘယ္ေခၚသြားဖို႔ေတြးေနတာလဲ?"
ဟန္မုန႔္ကလည္း လွည့္ၾကည့္လာကာ :
"ဟုတ္တယ္၊ ခ်ဲယ္ေကာက အိမ္ျပန္မလို႔မဟုတ္လား၊ မင္းကသူ႔ကိုဘာလုပ္တာလဲ?"
က်န႔္ေယာင္ : "ဒါက ငါတို႔ရဲ့ လၽွို႔ဝွက္ခ်က္ေလ၊ ဘယ္သူ႔မွေျပာမျပဘူး"
ေျပာၿပီးေနာက္ ရင္းခ်ဲယ္ရဲ့လြယ္အိတ္သိုင္းႀကိဳးကေနဆြဲကာ စာသင္ခန္းထဲကေန အတင္းဆြဲထုတ္သြားေတာ့သည္။
က်န္းခဲ့က ေမးကိုသပ္ကာ ေတြးဆဆႏွင့္ေျပာသည္။
"ခုေနာက္ပိုင္း ဒီႏွစ္ေယာက္ ထူးဆန္းေနတယ္လို႔ မင္းမထင္ဘူးလား?"
ဟန္မုန႔္ : "ဟုတ္တယ္ နည္းနည္း၊ အရင္က က်န႔္ေယာင္က ပိုင္ယြိေဝကိုလိုက္ေနတာမဟုတ္ဘူးလား? ဘယ္လိုျဖစ္လို႔အဲ့သတင္းေတြက လုံးဝရပ္သြားတာလဲမသိဘူးေနာ္၊ ခုက်ေတာ့လည္း ရင္းခ်ဲယ္နဲ႔ပဲ တစ္ေနကုန္တပူးပူးတတြဲတြဲ"
က်န္းခဲ့ : "မင္းထင္လား အဲ့ဒါက.....''
ဟန္မုန႔္ : "မျဖစ္နိုင္ဘူး"
က်န္းခဲ့က ထပ္ေျပာသည္။ "ဒါျဖင့္ မင္းထင္လား အဲ့ဒါ..."
ဟန္မုန႔္က ထပ္၍ျဖတ္ေျပာျပန္သည္။
"မျဖစ္နိုင္ဘူး"
က်န္းခဲ့က ေဆာင့္ေဆာင့္ေအာင့္ေအာင့္ေျပာေတာ့သည္။
"ငါေျပာလို႔ေတာင္ မၿပီးေသးဘူးေလကြာ"
ဟန္မုန႔္ : "မင္းဘာေျပာမယ္ဆိုတာလငါသိၿပီးသား၊ မျဖစ္နိုင္ဘူး၊ က်န႔္ေယာင္က လွလွပပ ရည္ရည္မြန္မြန္နဲ႔ ကေလးေမြးေပးနိုင္တဲ့ omega ေလးတစ္ေယာက္ရွာေနတာပါလို႔ ေန႔တိုင္းေျပာေနတာေလ၊ သူ႔အႀကိဳက္က ျဗဳန္းစားႀကီး ေျပာင္းသြားပါ့မလား? သူကပဲ ေျပာင္းသြားတယ္ထားဦး alphaတစ္ေယာက္ကို ႀကိဳက္ေလာက္တဲ့အထိ ခ်ဲယ္ေကာအႀကိဳက္က ေျပာင္းပါ့မလားကြ?"
က်န္းခဲ့က ခနေလာက္ေတြးၾကည့္ၿပီးေနာက္ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ တိတိက်က်ေျပာလိုက္ေတာ့သည္။
"အင္း အဲ့ဒါမျဖစ္နိုင္ဘူး"
...
ေက်ာင္းဂိတ္ေပါက္ကေနထြက္လာၿပီးေနာက္ သူတို႔ အေနာက္အတိုင္း မီတာ ၇၀၀အကြာက ေျမေအာက္ရထားဘူတာဆီကို လမ္းေလၽွာက္လာခဲ့လိုက္ၾကသည္။
ရင္းခ်ဲယ္ႏွင့္ က်န႔္ေယာင္မွာ ေဘးခ်င္းယွဥ္ေလၽွာက္ေနၾကတုန္း ေနလုံးနီနီကေတာ့ ရွည္ရွည္ပိန္ပိန္အရိပ္ေတြကို သူတို႔ေနာက္က ထင္ဟပ္ေပးေစေတာ့သည္။
"တျခားအတန္းေဖာ္ေတြကိုေရာ ဘာေၾကာင့္မဖိတ္တာလဲ?"
"သူတို႔စာလုပ္ခ်ိန္ကို မေႏွာင့္ယွက္ခ်င္လို႔"
"ငါ့အခ်ိန္က် ေႏွာင့္ယွက္လို႔ေကာင္းတယ္ေပါ့?"
"မင္းက စာလုပ္စရာလိုေသးလို႔လား?"
က်န႔္ေယာင္က ေခါင္းေလးေစာင္းကာ :
"ဒီေန႔ေလ့က်င့္တဲ့ သခၤ်ာပုစၧာေတြ မင္းအခန္းထဲမွာရွိတယ္၊ ငါ့က မင္းေသခ်ာေပါက္အမွတ္ျပည့္ရမယ္ ထင္ေနတာ၊ ဒါမယ့္ ဒီတစ္ေခါက္ ၁၁၀ေက်ာ္ေအာင္ မရဘူးဆိုတာ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ?"
ရင္းခ်ဲယ္ ၿပီးသလြယ္ေျပာလိုက္သည္။
"ငါလုပ္ခဲ့တယ္ ဒါမယ့္ ေမ့သြားၿပီ"
က်န႔္ေယာင္က သူ႔ဘက္ကို လွည့္လာသည္၊ သူ႔ေရွ႕တည့္တည့္ကိုေလၽွာက္လာၿပီးေနာက္ လမ္းကိုေနာက္ျပန္ေလၽွာက္သည္။
"ေကာင္စုတ္ေလး မင္းနဲ႔ပက္သက္လို႔ မေျဖရွင္းရေသးတဲ့ လၽွို႔ဝွက္ပုစၧာေတြ တကယ္မ်ားတာပဲ...."
ရင္းခ်ဲယ္က သူ႔ကိုေရွာင္သြားကာ :
"မင္းအေတြးလြန္ေနၿပီ"
က်န႔္ေယာင္က သူ႔ေရွ႕ဆီျပန္ေလၽွာက္လာၿပီး လမ္းကိုထပ္ပိတ္ျပန္သည္။
"ဒါဆို ငါေမးတာေျဖေလ၊ ဘာလို႔ alphaေတြထိတာကို တအားမုန္းေနရတာလဲ? ဒီလို အေၾကာက္အလန႔္မရွိတဲ့လူျဖစ္ေနၿပီးမွ ဘာျဖစ္လို႔လၽွပ္စစ္ကိုမွ တအားေၾကာက္ေနရတာလဲ? မင္းက ဉာဏ္ေကာင္းတာေတာ္တာ အသိသာႀကီးကို ဘယ္လိုျဖစ္လို႔အမွတ္ေတြက သာမန္ပဲရေနရတာလဲ? ဘာလို႔...."
"ဘာေၾကာင့္ ငါ့ကို 'ဘာလို႔'ေမးခြန္းေတြ အမ်ားႀကီးေမးေနရတာလဲ?"
ရင္းခ်ဲယ္က တန္ျပန္ေမးလိုက္သည္။
"ငါကေရာ ဘာလို႔ဆိုတာ မင္းကိုဘာလို႔ေျပာျပရမွာလဲ?"
"......"
က်န႔္ေယာင္ခမ်ာ မတ္တပ္ေမ့ေနခဲ့ေတာ့သည္။
...
လူအရွုပ္ဆုံးအခ်ိန္ျဖစ္သည့္ ေက်ာင္းဆင္းခ်ိန္ အလုပ္ဆင္းခ်ိန္မွာပဲ သူတို႔ ေျမေအာက္ရထားဘူတာဆီေရာက္ခဲ့ၾကသည္။ လမ္းနေဘးႏွစ္ဘက္လုံးက ေစာင့္ဆိုင္းသည့္ ေနရာမ်ားမွာ လူေတြျပည့္ေနၿပီး ရထားတံခါးဖြင့္သည္ဆိုရင္ပဲ ပ်ားအုံကဲ့သို႔ဘအတင္းတိုးဝင္ၾကေတာ့သည္။ ထိုင္ခုံရဖို႔မဆိုႏွင့္ မတ္တပ္ရပ္ဖို႔ပင္ ေနရာမရွိျဖစ္ေနသည္။
ႏွစ္ဦးသား ရထားတစ္စီးၿပီးတစ္စီးေစာင့္ေနၿပီး လူနည္းသည့္တစ္စီးကိုပဲ တက္လိုက္ၾကသည္။
ရင္းခ်ဲယ္ကေတာ့ ေထာင့္နားတြင္ရပ္သည္၊ လြယ္အိတ္ကိုကိုင္ထားၿပီး ေက်ာင္းယူနီေဖာင္းႏွင့္ သူ႔အမူအရာမွာေအးစက္ၿပီး တည္ၿငိမ္ေနသည္။
ရထားထဲကေက်ာင္းသူတစ္ခ်ိဳ႕မွာ ဖုန္းကိုေျမႇာက္ၿပီး front cameraနဲ႔ မွန္ၾကည့္သလိုလိုႏွင့္ back cameraက သူတို႔ဘက္ကိုဦးတည္ေနသည္ကို က်န႔္ေယာင္တိျပဳမိသြားသည္။
သူေရွ႕ကိုတစ္လွမ္းတိုးလိုက္ၿပီး သူ႔ ထိုင္ခုံေဖာ္ေရွ႕တြင္ကာရပ္လိုက္သည္။
"....မင္း႐ူးေနလား?"
"အာ ေနမေကာင္းေၾကာင္းေျပာမွ"
ထုံးစံအတိုင္း က်န႔္ေယာင္က စကားစရွာသည္။
"အရင္တစ္ေခါက္က မင္းတိတိ မင္းရဲ့ေရာဂါကို ကုေပးနိုင္တဲ့ဆရာဝန္တစ္ေယာက္အေၾကာင္းေျပာတယ္ေလ?"
ရင္းခ်ဲယ္မွာ အနည္းငယ္အံ့ၾသသြားဟန္ မ်က္ေတာင္ခတ္ကာ ျပန္ေတာ့ေျဖမလာ၊ ၿငိမ္ေနသည္။
က်န႔္ေယာင္ရဲ့မ်က္ဝန္းထဲတြင္မူ ေမၽွာ္လင့္ျခင္းအရိပ္ေယာင္ေတြ အထင္းသား။
"ကုၿပီးသြားတဲ့ခါက်ရင္ pheromoneေတြရွိလာမွာလား ဟင္?"
"...အြန္ဟြန္း၊ ရွိနိုင္တယ္''
႐ုတ္တရက္ႀကီး ရင္းခ်ဲယ္ရင္ထဲ အတိုင္းအဆမသိ စိတ္ပ်က္မိသြားသည္။ သူ႔လက္ရွိဘဝအျဖစ္ခံယူထားတဲ့ တခ်ိဳ႕အရာေတြ ေျပာင္းလဲသြားနိုင္သည္။ သူ႔မိဘေတြကေတာ့ ထိုကိစၥနဲ႔ပက္သက္လို႔ အရမ္းေပ်ာ္ရႊင္ေနၾကေပမယ့္ သူကိုယ္တိုင္အတြက္ေတာ့ မေပ်ာ္ရႊင္ေစနိုင္ေပ။
"ဒါမယ့္ အမွန္ေတာ့ ငါမကုသခ်င္ဘူး"
"ဟာ? ဘာလို႔လဲ?"
"ကုရင္ ခံစားရမွာေပါ့၊ ကုတာထက္စာရင္ မကုပဲသာေနလိုက္ခ်င္တယ္"
"ဒါဆို..."
က်န႔္ေယာင္ ခနေတြးေတာၾကည့္သည္။
"ဒါဆို မင္းမကုပဲထားရင္ေရာ တျခားဆိုးက်ိဳးေတြရွိမွာလား? pheromoneခ်ိဳ႕တဲ့တာအျပင္ေလ"
"ရွိတယ္"
"ဆိုးက်ိဴးက ျပင္းထန္လား?"
"အရမ္းျပင္းထန္တယ္"
ရင္းခ်ဲယ္က သူ႔ကိုတည့္တည့္ၾကည့္ကာ :
"ငါပိုင္ဆိုင္နိုင္တဲ့ အရာအေတာ္မ်ားမ်ားကို လက္လႊတ္ရလိမ့္မယ္"
က်န႔္ေယာင္က အၾကာႀကီးစဥ္းစားေနၿပီးကာမွ ေျပာသည္။
"အဲ့ေတာ့ အဲ့တာေတြကို မင္းခံစားခ်င္မလားေပၚမူတည္တာေပါ့၊ ဘာပဲျဖစ္ျဖစ္ပါ မင္းဘယ္လိုပဲဆုံးျဖတ္ဆုံးျဖတ္ မင္းက်န္းမာေရးကိုမထိခိုက္သေရြ႕ ငါမင္းကိုတစ္ေလၽွာက္လုံး ပံ့ပိုးေပးမယ္"
ရထားက ၿမိဳ႕ရဲ့လူစည္ကားတဲ့တစ္ေနရာက ဘူတာ႐ုံကိုေရာက္ခ်ိန္တြင္ေတာ့ လူေတြပိုတက္လာတာေၾကာင့္ ျပည့္သိပ္သြားေတာ့သည္။
ေနာက္ကလူေတြရဲ့ အဆတ္မျပတ္အတြန္းခံေနရတာေၾကာင့္ က်န႔္ေယာင္မွာ ေရွ႕ကရင္းခ်ဲယ္ႏွင့္ပင္တိုက္မိေတာ့မတတ္။ ေနာက္ေတာ့ သူ လက္ႏွစ္ဖက္လုံးကို နံရံမွာေထာက္လိုက္ၿပီး ရင္းခ်ဲယ္အတြက္ လုံျခဳံတဲ့သီးသန္႔ေနရာအ၀န္းေလးဖန္တီးေပးလိုက္ေတာ့သည္။
"ေတြ႕လား၊ ဒါက boyfriend powerပဲ"
ရင္းခ်ဲယ္ကေတာ့ စကားျပန္မလာ၊ စိတ္ေတြေလလြင့္ေနဟန္ႏွင့္ ဘာေတြေတြးေနသည္ကိုေတာ့ မသိနိုင္ေပ။
သူ႔ဆံပင္ေလးေတြထိပ္ဖ်ားမွာ ေထာင္ေထာင္ဖြာဖြာေလးျဖစ္ေနၿပီး မီးရထားရဲ့လွုပ္ယမ္းမွုနဲ႔အတူ ယိမ္းလိုက္ယိမ္းလိုက္ျဖစ္ေနသည္မွာ ခ်စ္စဖြယ္။
သူအၾကာႀကီး ေငးၾကည့္ေနမိသည္၊ မီးရထားက ေနာက္တစ္ႀကိမ္ စတင္(ေမာင္းႏွင္)လွုပ္ခတ္ခ်ိန္တြင္ေတာ့ သူေရွ႕ကိုမသိမသာေလးတိုးသြားၿပီး ထိုဆံႏြယ္ေလးေတြအား တိတ္တခိုးနမ္းရွိုက္လိုက္မိသည္။
...
ရထားေပၚက ဆင္းၿပီးေနာက္တြင္ေတာ့ ေက်ာက္ခ်န္ဘြတ္ကင္လုပ္ထားသည့္ ဗီလာသို႔ေရာက္ဖို႔ရာ သူတို႔အငွားကားစီးသြားရေပဦးမည္။
ထိုမွာက ဂိမ္းေတြ ကာရာအိုေကေတြ၊ သီးသန႔္ျပဇာတ္တစ္ခုနဲ႔ သူတို႔ညအိပ္နိုင္သည့္ အခန္းေတြလည္းရွိသည္။ ေက်ာက္ခ်န္ဆိုသူက ပါတီအတြက္ စားေသာက္ေပ်ာ္ပါးဖို႔ အေကာင္းဆုံးေသာေနရာမ်ားကိုသိသည္ျဖစ္ရာ သူကပဲ ဒီနာမည္ႀကီးဇိမ္ခံအိမ္ကို တစ္ညတာႀကိဳတင္ငွားရမ္းထားျခင္းျဖစ္သည္။
က်န႔္ေယာင္က အခန္းထဲကိုမဝင္မီ မ်က္မွန္ေတြကိုခၽြတ္ကာ ဆံပင္ဘုတ္သိုက္ကိုလည္း ေနာက္လွန္သပ္လိုက္သည္။
ရင္းခ်ဲယ္မွာ ႐ုတ္တရက္ေပၚလာသည့္ မ်က္ႏွာေခ်ာေခ်ာကို စူးစမ္းၾကည့္ၿပီး :
".....မ်က္မွန္နဲ႔ ဆံပင္ေတြကလည္း ႐ုပ္ဖ်က္တဲ့အကြက္ေတြပဲလား? ဘယ္လိုလုပ္ဒီေလာက္ႀကီး ကြာျခားေနရတာလဲ?''
က်န႔္ေယာင္က ရယ္ရင္း :
"ဒီလိုမ်ိဳးစီစဥ္ဖို႔အတြက္ကို အထူးျပဳစတိုင္လစ္တစ္ေယာက္ရွာခဲ့တာ၊ သူကေျပာတယ္ လူတစ္ေယာက္မွာ ထင္ရွားထူးျခားေနတဲ့ အစိတ္အပိုင္းေတြရွိတယ္တဲ့ အဲ့ဒါေတြကိုသာဖုံးကြယ္လိုက္ရင္ သာမေညာင္ညျဖစ္သြားေရာတဲ့"
"ဒါျဖင့္ အာ့ေၾကာင့္မို႔ မင္းမ်က္လုံးေတြကိုဖုံးထားတာလား?"
''အာ့ေၾကာင့္ပဲ ငါအဝတ္ဝတ္ထားတာေလ"
ရင္းခ်ဲယ္မွာ သူေျပာတာကိုနားလည္ဖို႔အတြက္ အခ်ိန္အေတာ္ၾကာစဥ္းစားယူလိုက္ရၿပီးမွ ပိတ္ကန္ပစ္လိုက္သည္။
"ႏွာဘူးေကာင္"
"ငါက ငါ့ေဘာ္ဒီကိုေျပာတာေလ၊ မင္းကဘာေတြေတြး?"
ဗီလာထဲတြင္ေတာ့ ေက်ာက္ခ်န္ႏွင့္က်န္သူမ်ားမွာ အေစာကတည္းကေရာက္ႏွင့္ေနၿပီး ဖဲကစားေနၾကသည္။ တေစၧသဘက္ေတြ ေအာ္ညီးသံလိုလို၊ ဝံပုေလြအူသံလိုလိုအသံေတြလည္း ကပ္ရပ္ကာရာအိုေကအခန္းထဲက သီခ်င္းဆိုရာကလည္း ထြက္လာေသးသည္။
"ေယာင္ေကာ!"
ေက်ာက္ခ်န္က မ်က္ႏွာမွာအျပဳံးေလးတစ္ပြင့္ႏွင့္ ဖဲကစားသည့္ေနရာသို႔ ေလၽွာက္လာခဲ့သည္။ က်န႔္ေယာင္ေနာက္က ရင္းခ်ဲယ္ကိုလည္းျမင္ေရာ သူ႔အျပဳံးမွာ အီလည္လည္ျဖစ္သြားကာ အနည္းငယ္ရွက္ရြံ့သြားသည္။
အရင္တစ္ေခါက္ သူရင္းခ်ဲယ္ကိုပိုးပန္းခ်င္တယ္ဆိုတုန္းက က်န႔္ေယာင္ရဲ့ပိတ္ပင္တားဆီးမွုေၾကာင့္ အဆုံးတြင္ေတာ့ သိပ္ပင္မၾကာလိုက္ခင္ သူ႔အေနနဲ႔ေနာက္ပစ္မွတ္အသစ္တစ္ခုရွာေတြ႕သြားခဲ့သည္။ ထို႔ေၾကာင့္ ယခုရင္းခ်ဲယ္ႏွင့္မ်က္ႏွာခ်င္းဆိုင္ရခ်ိန္မွာ သူ႔အေနနဲ႔ ရွိုးတို႔ရွန႔္တန႔္ျဖစ္ကာ အေနခက္လ်က္ရွိသည္။
ကံေကာင္းေထာက္မစြာနဲ႔ပဲ ရင္းခ်ဲယ္ကေတာ့ ထိုအေၾကာင္းေတြတစ္ခုမၽွမသိ၍ သူ႔အားပုံမွန္အတိုင္းပဲ ႏွုတ္ဆက္လာေလသည္။
"ဟဲလို"
က်န႔္ေယာင္က ေက်ာက္ခ်န္ပခုံးေပၚ လက္ေမာင္းတစ္ဖက္တင္လိုက္ကာ :
"ဘာကစားေနၾကတာလဲ?"
ေက်ာက္ခ်န္ကေတာ့ ပြင့္လင္းေျဖာင့္မတ္တဲ့သေဘာထားနဲ႔လူျဖစ္တာေၾကာင့္ ထိုကိစၥႏွင့္ပက္သက္ၿပီး သူတို႔ႏွစ္ဦးလုံးကေတာင္ ဘယ္လိုမွမေနေတာ့ ခုနေလးက ရွိုးတို႔ရွန႔္တန႔္အေနအထားမွာ ေလထုလႊာထဲေပ်ာက္ကြယ္သြားေတာ့သည္။
"24 တြက္နည္းေလ၊ ေယာင္ေကာ ပါမလား ?"
(T/n : ၂၄ရဖို႔အတြက္ ကိန္းဂဏန္းေတြ ေပါင္း ႏုတ္ ေျမႇာက္ စား ေဖာ္ျမဴလာေတြနဲ႔ တြက္ရတဲ့ဂိမ္းပါတဲ့)
ဆိုဖာေပၚတြင္ထိုင္ေနသည့္ ဆံပင္အေရာင္ေၾကာင္ေတာင္ၾကားတား အလိပ္လိပ္အေကာက္ေကာက္ေတြႏွင့္ အဝတ္ခပ္ၾကမ္းၾကမ္းေတြဝတ္ထားသည့္ ''လူဆိုး''တစ္စုကို ရင္းခ်ဲယ္လွမ္းၾကည့္လိုက္သည္။ သူတို႔ရဲ့ေဆာင္းတြင္းဝတ္ဆြယ္တာလက္ေတြကို ေခါက္တင္ထားၿပီး ႂကြက္သားသန္သန္မာမာေတြကို လွစ္ဟျပသထားသည္။ တစ္ဦးခ်င္းစီ အားလုံးက ဒုစရိုက္ဂိုဏ္းက လူေတြလိုလိုဘာလိုလို။ ပုံစံေတြမွာလည္း ခက္ထန္ေနကာ အခုပဲထခ်ေတာ့မလို။
"ေလးႏွစ္ထပ္က ဆယ့္ေျခာက္၊ အဲ့ဒါကို သူံးနဲ႔စားၿပီး ေလးနဲ႔ေျမႇာက္ေတာ့ 24မဟုတ္ဘူးလား?ဘာလို႔မသုံးတာလဲ?"
(T/n : ဒီေနရာက လြဲေနတယ္ထင္တာပဲ)
"ေပါင္းတာ ႏုတ္တာ ေျမႇာက္တာနဲ႔ စားတာပဲရတာေလ၊ ထပ္ကိန္းေတြ သုံးလို႔ ဘယ္လိုလုပ္ရမွာလဲ!"
"ဘာလို႔မရရမွာလဲ? ငါတို႔က မူလတန္းေက်ာင္းသားေတြမွ မဟုတ္ေတာ့တာ၊ နည္းနည္းေတာ့ပိုၿပီးအဆင့္ျမႇင့္ရမွာေပါ့"
"အဲ့လိုဆို ပထမပြဲကတည္းက လုပ္လို႔ရသင့္တယ္၊ ငါတို႔အသင္းကို တစ္မွတ္ေပါင္းေပး!"
...
ဒီကစားပြဲက ထူးထူးျခားျခား။
"မင္းတို႔ ဘာလို႔အဲ့ဒါကစားေနၾကတာလဲ?"
က်န႔္ေယာင္က ေမးသည္။
"ဒီအပတ္တင္ စာေမးပြဲၿပီးထားတာမလား၊ မင္းတို႔က မနားခ်င္ၾကဘူးေပါ့ေလ?"
Eighth Highကမူ ဒီတစ္ေခါက္ ခရိုင္စစ္စာေမးပြဲတြင္မပါသျဖင့္ စာေမးပြဲေျဖဆိုခ်ိန္ကိုသူတို႔ဘာသူတို႔ခ်မွတ္ကာ First Highထက္တစ္ပတ္ေစာ၍ ေျဖၿပီးျခင္းျဖစ္သည္။ ေနာက္စာသင္ႏွစ္သည္ေတာ့ ေနာက္ႏွစ္ပတ္အၿပီး ေစာေစာျပန္လည္စတင္လိမ့္မည္။
ေက်ာက္ခ်န္ : "အဲ့အေၾကာင္းထည့္ကိုမေျပာနဲ႔ေတာ့၊ စာေမးပြဲေတြက အေသခက္တာပဲဗ်ာ၊ ငါေတာ့ အဆင့္ ၅၀ထဲကေန ေလၽွာက်ေတာ့မယ္ထင္တယ္၊ ရွုန္တိေတြလည္း ေမၽွာ္လင့္ခ်က္မဲ့ေနၾကတယ္၊ သူတို႔ကိုယ္သူတို႔ ေယာင္ေကာခ်မွတ္ထားတဲ့ အဆင့္၂၅၀ထဲပါပါ့မလားမေသခ်ာဘူးျဖစ္ေနတာ၊ နဂိုကေတာ့ ဒီေန႔က စာေမးပြဲေလ့က်င့္ခန္းေတြ သူတို႔ျပန္ေလ့က်င့္ၾကမလို႔၊ ဒါမယ့္ ကၽြန္ေတာ္က တားလိုက္လို႔ေလ"
ရင္းခ်ဲယ္ေတာ့ ဒီ''လူဆိုးေကာင္ေလး''ေတြအုပ္စု ဘီယာေသာက္ရင္း စာလုပ္ေနၾကမယ့္ပုံကို ႀကိဳးစား၍စိတ္ကူးၾကည့္သည္။
သူကိုယ္တိုင္ဝင္လာခဲ့သည့္ ဒီေလာကကိုေတာင္ သူနည္းနည္းသံသယဝင္ခ်င္လာသည္။
"မင္းရွုန္တိေတြအားလုံးက အဲ့ေလာက္စာႀကိဳးစားၾကတယ္လား?"
က်န႔္ေယာင္က ရယ္ရယ္ေမာေမာွႏွင့္ :
"ငါ့ရွုန္တိေတြက စာႀကိဳးစားတာမဟုတ္ဘူး၊ စာမႀကိဳးစားရင္ ငါ့ရွုန္႔တိမျဖစ္နိုင္တာ"
ေက်ာက္ခ်န္က ရွင္းျပသည္။
"ေယာင္ေကာရဲ့ ရွုန္တိအဖြဲ႕ဝင္တစ္ေယာက္ျဖစ္လာဖို႔ အရမ္းခက္တာဗ်၊ စာလုပ္ဖို႔မသိပဲ တိုက္မယ္ခိုက္မယ္ ျပႆနာရွာမယ္ပဲ လုပ္ေနရင္ေတာ့ စဥ္းေတာင္မစဥ္းစားနဲ႔ပဲ၊ စာေမးပြဲေတြမွာ အရင္ကထက္ အေျခေနဆိုးရင္ ကန္ထုတ္ခံရေတာ့တာပဲ၊ ဒါေၾကာင့္ပဲ အားလုံးက အသည္းအသန္ႀကိဳးစားေနၾကတာ"
ရင္းခ်ဲယ္ သူ႔ေဘးကလူကိုတစ္ခ်က္ၾကည့္လိုက္ကာ :
"ေယာင္ေကာကို ဒီလိုမ်ိဳးျဖစ္လိမ့္မယ္လို႔ ထင္မထားမိဘူးပဲ"
က်န႔္ေယာင္ႏွလုံးသားေလးခမ်ာ တုန္ရီသြားၿပီး မူးေတာင္မူးခ်င္လာသည္။
"ျပန္ေခၚစမ္းပါ''
"ဘာကို?"
"ေယာင္ေကာလို႔ ေခၚစမ္းပါ"
"ေယာင္ေကာ!"
ေက်ာက္ခ်န္က ထေအာ္သည္။
".....မင္းကို ဘယ္သူက ေခၚခိုင္းလို႔လဲကြ"
"?"
ေက်ာက္ခ်န္မွာေတာ့ မတရားသလို ခံစားရကာ :
"ဘယ္သူေခၚေခၚကြာလို႔လား?"
က်န႔္ေယာင္ရဲ့ သာယာေနေသာရာသီဥတုေလးမွာ သူ႔ေၾကာင့္ ပ်က္စီးရေခ်ၿပီ။
"ထားလိုက္ေတာ့ သြားမယ္ ငါတို႔လည္းကစားမယ္"
ဆိုဖာေပၚက လူတစ္စုဟာလည္းျငင္းခုန္ေနရာက အဆုံးသတ္လိုက္ၿပီး အဆင့္ျမင့္ဂဏန္းသခၤ်ာကို သုံးၿပီး ဂိမ္းျပန္စဖို႔ဆုံးျဖတ္လိုက္ၾကသည္။
ကစားပြဲတြင္အျပည့္အဝအာ႐ုံစိုက္ထားစဥ္ က်န႔္ေယာင္ဝင္လာသည္ကိုျမင္ေတာ့ ခ်က္ခ်င္းဖဲခ်ပ္ေတြကို ခ်ကာ ေအာ္ၾကသည္။
"ေယာင္ေကာ!"
ဒီရွုန္တိေတြၾကားမွာ က်န႔္ေယာင္ရဲ့နာမည္နဲ႔ ဂုဏ္သတင္းမွာ သာမန္လူတစ္ေယာက္ထက္ျမင့္ေၾကာင္း ရင္းခ်ဲယ္သေဘာေပါက္လိုက္သည္။
သူဟာ က်န႔္ေယာင္ေခၚလာတဲ့ တစ္ဦးတည္းသူျဖစ္၍ ခ်က္ခ်င္းဆိုသလိုပဲ ေကာင္ေလးေတြက သူ႔ကိုအထူးတလည္ဆက္ဆံၿပီး ေနရာတစ္ေနရာလည္း အလိုက္တသိေပးၾကသည္။
ရင္းခ်ဲယ္က လက္ေကာက္ဝတ္မွာ တက္တူးထိုးထားတဲ့ သူတစ္ေယာက္ေဘးတြင္ ထိုင္လိုက္သည္။
"မပူနဲ႔ သူက beta"
က်န႔္ေယာင္က ေျပာျဖစ္လိုက္ေသးသည္။
''ဟဲလို ငါ့နာမည္က ဟြမ္ကၽြင္းပါ"
ထိုသူက သူ႔ကိုေဖာ္ေဖာ္ေရြေရြအျပဳံးေလးတစ္ပြင့္ ျပဳံးျပသည္။
"First Highမွာ ေယာင္ေကာအထူးတလည္အရင္းႏွီးရဆုံး ထိုင္ခုံေဖာ္တစ္ေယာက္ရွိတယ္လို႔ ေက်ာက္ခ်န္ဆီကၾကားရတယ္၊ အဲ့ဒါမင္းလား?"
"ထိုင္ခုံေဖာ္ဆိုမွေတာ့ ထိုင္ခုံေဖာ္ပါပဲ၊ အထူးတလည္ရင္းႏွီးတာ မရင္းႏွီးတာေတြ အေရးမပါပါဘူး"
"ခ်ဲယ္ခ်ဲယ္က အေျပာဆိုးေပမယ့္ ႏွလုံးသားက ႏူးႏူးညံ့ညံ့ေလးပါ"
က်န႔္ေယာင္က ေဘးကေနဝင္ေျပာသည္။
"ငါမင္းကိုေျပာေနတာမဟုတ္ဘူး"
"ေအာ္..."
ဒီလိုလိမၼာနာခံေနတဲ့ ေယာင္ေကာကို တစ္ခါမွမျမင္ဖူးသည့္ ဟြမ္ကၽြင္းမွာေတာ့ စိတ္ေရာကိုယ္ပါ အံ့ၾသတုန္လွုပ္သြားၿပီး မထိန္းခ်ဳပ္နိုင္စြာ :
"Fu-"
(T/n : F*ckလို႔ဆဲမလို႔ပါ)
က်န႔္ေယာင္က ခ်က္ခ်င္း သူ႔ဆီကိုအၾကည့္တစ္ခ်က္လွမ္းပစ္ကာ :
"ငါ့ထိုင္ခုံေဖာ္ေရွ႕မွာမဆဲနဲ႔"
ဟြမ္ကၽြင္းမွာေတာ့ စကားလက္က်န္ေလးကို ျပန္မ်ိဳခ်လိုက္ရသည္။
ရင္းခ်ဲယ္ : "မင္းက်ေတာ့ ငါ့ေရွ႕မွာ တစ္ခ်ိန္လုံး 'f*ck'ဆိုၿပီး ေျပာေနတာမဟုတ္ဘူးလား?"
က်န႔္ေယာင္က ေတြးပင္မေတြးပဲ ျပန္ေျဖလာသည္။
"အဲ့တာ မတူဘူးေလ၊ မင္းက ငါ့ထိုင္ခုံေဖာ္ ၊ ငါတစ္ေယာက္တည္းပဲ f*ckလို႔ေျပာခြင့္ရွိတယ္"
(T/n : f*ck means အဟမ္းဟမ္း f*ckပါပဲ👀)
ရင္းခ်ဲယ္ : "....."
ဟြမ္ကၽြင္း : "....."
_________