''အချစ်ရေး..အချစ်ရာ''

Door Linnayyaung

210K 5.6K 139

''လည်တယ်နော်..အချစ်ရေး အချစ်ရာမှာတော့ မင်းက ဆရာမကြီးပဲ..'' #သူရိန်နေမင်း ''အကိုလေး ဆိုးတယ်..ဒါပေမယ့် ပိုပိုကခ... Meer

part-1(unicode)
part-1(zawgyi)
part-2(unicode)
part-2(zawgyi)
part-3(unicode)
part-3(zawgyi)
part-4(unicode)
part-4(zawgyi)
part-5(unicode)
part-5(zawgyi)
part-6(unicode)
part-6(zawgyi)
part-7(unicode)
part-7(zawgyi)
part-8(unicode)
part-8(zawgyi)
part-9(unicode)
part-9(zawgyi)
part-10(unicode)
part-10(zawgyi)
part-11(unicode)
part-11(zawgyi)
part-12(unicode)
part-12(zawgyi)
part-13(unicode)
part-13(zawgyi)
part-14(unicode)
part-14(zawgyi)
part-15(unicode)
part-16(unicode)
part-16(zawgyi)
part-17(unicode)
part-17(zawgyi)
part-18(unicode)
part-18(zawgyi)
part-19(unicode)
part-19(zawgyi)
part-20(unicode)
part-20(zawgyi)
part-(21)Unicode
part-(21)Zawgyi
part-(22)Unicode
part-(22)Zawgyi
part-(23)Unicode
part-(23)Zawgyi
part-(24)Final -Unicode
part-(24)Final-Zawgyi

part-15(zawgyi)

1.5K 20 0
Door Linnayyaung

" အချစ်ရေး အချစ်ရာ "

အခန်း-(15)

" နင့်အကိုလေးကလဲ မထင်ရဘူးနော်...ငါဖြင့်
အဲ့လောက်ထိ သူ နူးညံ့လာပြီဆိုတာ နင်ပြော
လို့သာ ယုံရတယ်..."

မြယွန်းစကားကြားတော့ ပိုပိုလည်း ပြုံးလိုက်
မိ၏။

" ကိုကိုက ပြောင်းလဲလာတာတော့ အမှန်ပဲဟ..
အရင်က ငါနဲ့ဖုန်းပြောရင် သိပ်မကြာဘူး...လို
အပ်တာလောက်သာပြောပြီး တန်းချသွားတတ်
တာ...ခုတော့ ငါ့အပေါ် နည်းနည်းဂရုစိုက်လာ
တယ်...အရင်ကလို သူ အလိုမကျတာရှိတိုင်း
မအော်တော့ မငေါက်တော့ဘူး...ငါ့ပြောစကား
လေး နည်းနည်းနားထောင်လာတယ်...အဲ့ဒါ
ငါ့ကို အများကြီး ပိုချစ်လာတယ်ဆိုတဲ့ အဓိပ္ပါယ်
ပေါ့နော်..."

" ဟုတ်တာပေါ့...ဟုတ်တာပေါ့..နည်းနည်းလေး
နားထောင်လာတာဟာ အများကြီး ပိုချစ်လာလို့
တဲ့...မှတ်သားထိုက်တဲ့ ညီမျှခြင်းပဲ..."

" အဟင်း..."

ဖုန်းထဲမှာပေမယ့် မြယွန်းအသံက လုံးဝရွဲ့ကျနေ
တာမို့ ပိုပိုပါ ရယ်လိုက်မိ၏။

" ရွဲ့ပါ ချိတ်ပါနော်...နင် တစ်နေ့ ချစ်ရတဲ့သူ ရှိ
လာမှ ငါ့ကို စာနာလာလိမ့်မယ်...ခုတော့ ငါက
အကဲပိုတယ်ပဲ ဖြစ်နေလိမ့်မယ်..."

" ဟုတ်ပါပြီ ဒေါ်သက်ဆက်ချစ်ပိုရယ်...ကျွန်မ
က ခံစားတတ်တဲ့နှလုံးသားမရှိလို့ ခုလိုတွေပြော
မိသွားတာပါ... တောင်းပန်ပါတယ်..."

" သမီးရေ..."

အောက်ထံမှ မေမေ့အသံက အလောတကြီး
ထွက်ပေါ်လာတာမို့ ပိုပို မြယွန်းနှင့် ဖုန်းပြောနေ
ခြင်းကို လက်စသတ်ကာ အပြေးဆင်းလာခဲ့မိ
၏။
မေမေက လှေကားနားမှရပ်ပြီး ပိုပို့ကို စောင့်နေ
လေသည်။

" ဘာဖြစ်လို့လဲ မေမေ..."

ပိုပို့အမေးကြားတော့ ဒေါ်သက်သက်မူ သက်
ပြင်းတစ်ချက်ချလိုက်ရင်း...

" ပန်းနုတို့ အဖွား ဆုံးပြီ..."

" ဟင်..."

မထင်မှတ်ထားသော စကားမို့ ပိုပို မျက်လုံးလေး
ပြူးသွား၏။

" အလှူပွဲနေ့ကတောင် အကောင်းကြီး မေမေ
ရယ်..."

ပိုပို စိတ်မကောင်းစွာ ရေရွတ်လိုက်မိတော့
မေမေကလည်း ခေါင်းညိတ်၏။

" အင်းလေ...အလှူတောင် တနေ့ကမှပြီးသွား
တာ...ခု ထပ်ပြီး နာရေးအတွက် လုပ်ရအုံးမှာ
ပေါ့...အဲ့ဒါ မေမေ ပန်းနုတို့အိမ် သွားမလို့...
သမီးရော လိုက်မလား..."

" အိမ်စောင့်ဖို့ကရော..."

" သမီး မမ ရှိတယ်လေ...သူက ညနေဘက်
သွားလိမ့်မယ်..."

" ဟုတ်...အဲ့ဒါဆို လိုက်ခဲ့မယ်..."

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

" ဘယ်လိုမှတောင် မယုံနိုင်ပါဘူး သက်သက်
ရယ်...အလှူပွဲနေ့ကတောင် သူ့မှာ ပြုံးလို့ ပျော်
လို့...ဒီအလှူက သူ့သဘောတိုင်း လှူဒါန်းပေးခဲ့
တာမဟုတ်လား...ခုတော့ သူ့ဆန္ဒတွေ ပြည့်ဝ
သွားလို့ စိတ်ချလက်ချ အနားယူသွားပြီထင်ပါ
ရဲ့..."

ပန်းနုတို့အမေ ဒေါ်နုနုအေးက လူကြီးမို့ ဖြေ
ပြောနေပေမယ့် ပန်းနုကတော့ မအေနားမှာ
မျက်ရည်လေးတရှုံ့ရှုံ့ဖြစ်နေ၏။
ပန်းနုအဖွားက ပန်းနုကို အရမ်းချစ်တာမဟုတ်
လား...။
ပိုပို မမပန်းနု ပခုံးလေးကိုပုတ်ပြီး အားပေးနေမိ
သည်။

" အလှူအပြီး ခုလိုဖြစ်သွားတာဆိုတော့ ဒါဟာ
ကောင်းသော ခွဲခွာခြင်းလို့ သတ်မှတ်လို့ရတာ
ပေါ့...ခုခေတ်မှာ အသက် ၇၀အထိတောင် နေ
နိုင်တဲ့လူက ခပ်ရှားရှားရယ်...ပန်းနုတို့အဖွားက
ကိုးဆယ်ကျော်အထိ နေနိုင်ခဲ့တာလေ...ဒါဟာ
ပန်းနုတို့ ကောင်းကောင်း စောင့်ရှောက်ထား
လို့ပေါ့...ပြီးတော့ ပန်းနုတို့အဖွားက အိပ်နေရင်း
ဆုံးသွားတာမို့ သူများတွေလို ဝေဒနာတွေ ခံစား
သွားရခြင်းလဲ မရှိဘူး...အဆိုးထဲက အကောင်း
လို့ ဖြေသိမ့်လိုက်ပါကွယ်..."

မေမေကလူကြီးမို့ ဖြေရာဖြေကြောင်းပြောပြပေး
နေ၏။
ပိုပိုကတော့ မေမေ့ဘေးနားထိုင်ရင်း လူငယ်မို့
ဘာမှဝင်မပြောတတ်စွာ ငြိမ်ငြိမ်လေးသာ
နားထောင်လျှက်ရှိသည်။

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

" စိုးမိုးရာ...တခြားနေရာတွေလဲ ရှိရဲ့သားနဲ့...
ဘာလို့ ဒီနေရာကြီးကိုထိုင်ရတာလဲ..."

သုံးယောက်သား ဝင်ထိုင်မည်ပြင်တုန်း အာကာ့
ထံမှ အလိုမကျသံကြီးထွက်လာတော့ သူရိန်နှင့်
စိုးမိုးက လှည့်ကြည့်၏။

" ဘာဖြစ်လို့လဲကွ..."

" ဟာ...ဒီတန်းလျားက အလောင်းနားကြီးမှာ
ကွာ...တော်ကြာ အနံ့အသက်တွေထွက်နေမှ
ဖြင့်..."

" မင်းကလည်းကွာ..."

စိုးမိုးက ပြောပြောဆိုဆို ဝင်ထိုင်ချလိုက်ရင်း...

" မသာအိမ်လာတာတောင် အသန့်ကြိုက်နေရ
သေးတယ်...မပူပါနဲ့...ပန်းနုတို့အဖွားက
အသက်ကိုးဆယ်ကျော်လို့ အရိုးပေါ်အရေတင်
နေပြီ...ဆေးသက်နဲ့ရှင်နေရတာ...ပုပ်စရာ အ
သားတောင် ရှိမှာမဟုတ်တော့ဘူး...ထိုင်စမ်း
ပါကြာ..."

စိုးမိုးစကားကြောင့် အာကာ မျက်နှာကြီးပျက်
ပျက်နှင့် ထိုင်ချလိုက်ရ၏။
အင်းလေ...။
အနံ့အသက်တော့ မရပါဘူး...။

" သဲနုက မလာဘူးလားမသိဘူး..."

စိုးမိုးက ဟိုဒီဝေ့ကြည့်ရင်း ခပ်တိုးတိုးဆို၏။
အာကာက ပိုရန်ကော ဟူသောအကြည့်နှင့်
လှည့်ကြည့်သည်။

" သူ့ဘာသာသူ မလာတာ ဘာဖြစ်လဲ..."

" ရော်...မင်းကလဲ အကန်တွေချည်းပဲ ပြောနေ
ပါ့လား...ပန်းနုတို့ သဲနုငယ်တို့က သိကျွမ်းကျ
တဲ့ဟာ...သာရေး မလာပေမယ့် နာရေးကျ လာ
ကြမှာပဲလေ...ငါ့ချစ်သူ ငါမျှော်မိတာ အဆန်း
လား..."

" အေးပေါ့ကွာ...ကိုယ့်နှာခေါင်းလဲ ကိုယ် ဂရု
စိုက်အုံး...နေတာက အလောင်းနားမှာ...တော်
ကြာ မီးသဂြိုဟ်စရာမလိုဘဲ အလိုလို ပြာကျသွား
အုံးမယ်..."

" ဟာကွာ...ဒီခွေးကောင်..."

" ဟား..ဟား..."

စိုးမိုးက လက်သီးနှင့်လှမ်းထိုးတော့ အာကာ
ဘေးတိမ်းရှောင်ရင်း ခပ်တိုးတိုးရယ်၏။

" သူများတွေ နာရေးကြောင့် စိတ်ဆင်းရဲနေချိန်
မင်းတို့က ဒီမှာလာပြီး ပွဲကျနေပါ့လား...ဒါ မင်း
တို့ထိုင်နေကျ လမ်းဘေး လက်ဖက်ရည်ဆိုင်
မဟုတ်ဘူးလေ..."

စနောက်တာမျိုးမဟုတ်ဘဲ အကြောကြီးနှင့်
ထွက်ပေါ်လာသောအသံကြောင့် သုံးယောက်
သား ပြိုင်တူလှည့်ကြည့်မိကြ၏။
ထိုလူက သူရိန်တို့ ငြိမ်သွားတာကိုကြည့်ကာ
ကျေနပ်ဟန်အပြည့်နှင့် အနားကိုတစ်လှမ်းချင်း
လျှောက်လာသည်။
ယှဉ်ချထားသော သစ်သားတန်းလျားပေါ်မှာ
မထိုင်ဘဲ စားပွဲထိပ်က ဖိုက်ဘာခုံထက် ထိုင်ချ
လိုက်၏။

" အဟွန်း...ဒီစကားကို တခြားတစ်ယောက်ဆီ
က ကြားရရင်တော့ ငါ ခေါင်းညိတ်နာခံမိလိမ့်
့မယ်...ငါတို့က ရိုင်းပြီဆိုလဲ ပေါ်တင်ကိုရိုင်း
တတ်တာ...ကြမ်းမလို ခြောက်မလို ဒီဇိုင်းနဲ့..
နောက်ကွယ်ကျမှ အိမ်မွေးခွေးတွေ တသီကြီး
လွှတ်ပေးတတ်တဲ့ မိန်းမလိုမိန်းမရ အကျင့်
တော့ မတတ်ဘူး..."

ဝင်ထိုင်လိုက်ချင်း သူရိန့်ထံမှ ထွက်ပေါ်လာ
သောစကားက မျက်နှာတည့်တည့်ကြည့်ပြီး
လက်သီးနှင့်အထိုးခံလိုက်ရသလိုမျိုး အရှိုက်ထိ
သွားစေ၏။
ပျက်ယွင်းသွားသော မျက်နှာကို အတတ်နိုင်ဆုံး
ပြုပြင်ယူလိုက်ရင်း ဘာမှမဖြစ်သလို ပြုံးနေလိုက်
၏။
လိုချင်သည့် အကွက်ကောင်းမှ မရောက်သေး
ဘဲကိုး...။

" သြော်...သန့်ဇင်ဦး...နာရေးကို လာတာလား
..."

သန့်ဇင်ဦးဆိုတာ သဲနုငယ်နဲ့စိုးမိုး မကြိုက်ခင်
အထိ သဲနုငယ်အပေါ် အသေရရ အရှင်ရရ
ပိုးပန်းနေခဲ့သူဖြစ်သည်။
ခုချိန်ထိလည်း မျက်နှာပြောင်တိုက်ကာ သဲနုငယ်
တို့အိမ် လာရောက်လည်ပတ်နေသေးကြောင်း
သဲနုငယ်ပြောစကားအရ စိုးမိုးသိထား၏။
ဒါပေမယ့် ရန်စတွေမရှည်ချင်တော့တာကတစ်
ကြောင်း၊ ခုက ကိုယ့်ရွာကိုရောက်နေတာမို့
စိုးမိုး သဘောထားကြီးစွာ အရင်နှုတ်ဆက်လိုက်
သည်။

" အင်း...ဆိုပါတော့...မိဘချင်းရင်းနှီးကြတာ
လဲပါတာပေါ့...ပြီးတော့ ရွာနီးချင်းတွေအနေနဲ့
နာရေးဆိုတာ လာသင့်တာပဲမဟုတ်လား...
ဒီရွာက အဲ့လိုမျိုးကန့်သတ်ထားတာများရှိလား.."

သန့်ဇင်ဦး၏ ရိသဲ့သဲ့အမေးကြောင့် သူရိန်
ဟွန်းကနဲ မဲ့လိုက်မိ၏။

" ငါတို့ရွာက ခွေးနဲ့ရှူးတိုက်လွှတ်တတ်တဲ့အကျင့်
မရှိဘူး..."

" သူရိန့်ကြည့်ရတာ တစ်ခုခုကို အစာမကြေ
ဖြစ်နေတဲ့ပုံပဲ...သြော်...ကျစ်...သိပြီ...ဟိုတစ်ခါ
မင်းတို့သုံးယောက်နဲ့ ငါတို့သက်ကယ်ရွာသား
လေးငါးယောက် ရန်ဖြစ်တယ်ကြားမိတယ်...
ခြေမ မကောင်းရင် ခြေမပဲဖြတ်ပစ်သင့်တယ်
လေကွာ...ဘာလို့ ကျန်တဲ့လူတွေကိုပါ ဆွဲရမ်း
နေရတာလဲ...ရန်ဖြစ်တယ်ဆိုတာ မင်းတို့အ
တွက် အထူးအဆန်းလဲမဟုတ်ဘဲနဲ့..."

ပြောပုံက ပေါ့ပေါ့ပါးပါးဆိုပေမယ့် မြွေမြွေချင်း
ခြေမြင်၏။
ကိုယ်တွေက အလကားနေ ရန်ရှာ ရန်ဖြစ် ဒါပဲ
လုပ်နေတယ်ဟု ပြောချင်တာမျိုး..။
တကယ်ဆို သဲနုငယ်နဲ့စိုးမိုးကြိုက်တာ သန့်ဇင်
ဦးသိသွားသောကြောင့် ထိုနေ့က ရန်ဖြစ်ရခြင်း
ဖြစ်၏။
သန့်ဇင်ဦးတို့ဆိုတာလဲ သူတို့ရွာမှာတော့ မျက်
နှာဖုံးမို့ တပည့်တပန်းပေါသည်။
ဒါကြောင့် ရွာချစ်စိတ်ပြင်းသော သက်ကယ်ရွာ
သားတွေက သန့်ဇင်ဦးနာမည်လုံးဝမပါစေရဘဲ
သူတို့ရွာက မိန်းကလေးကိုထိလို့ဆိုပြီး ပေါ်တင်
ကြီး ရန်ရှာခဲ့တာဖြစ်၏။

" မင်းဘယ်လိုပဲပြောပြော...ငါ့မျက်စိထဲမှာ မြင်
နေတာကတော့ ရှေ့ပြေးဟောင်ပြတဲ့ ခွေးတစ်
ကောင်နဲ့ မဲမဲမြင်ရာလိုက်ဆွဲတဲ့ နောက်လိုက်
ခွေးတစ်အုပ်ပဲ..."

သူရိန့်စကားကြောင့် သန့်ဇင်ဦးမျက်နှာ ရဲတက်
သွား၏။
နေရာတွင်ထိုင်ရင်း အကြည့်တွေက စူးရဲစွာ
စစ်ခင်းနေကြသည်။
အာကာနှင့် စိုးမိုးမှာလည်း အခြေအနေကို
ထိန်းမနိုင်တော့စွာ ခေါင်းနပန်းကြီးနေကြလေ
၏။

" အဟက်..."

သန့်ဇင်ဦးက မျက်နှာကို လုံးဝလျှော့ချပစ်လိုက်
ရင်း ပေါ့ပါးစွာ ရယ်မောလိုက်၏။
စားပွဲပေါ်တင်ထားသည့် စိုးမိုးလက်မောင်းကို
ခပ်ဖွဖွလှမ်းထိုးလိုက်ရင်း...

" ငါ့ဘဝကလဲ သနားဖို့အကောင်းသားကွာ...
မင်းတို့ကို ဘော်ဒါရင်းတွေလိုခင်မိတဲ့နောက်
ပြောပြရမှာမရှက်တော့ပါဘူး...သဲနုငယ်တုန်း
ကလဲ ကြိုက်ခဲ့ရတာ အသဲပေါက်မတတ်...
သမီးကိုကြိုက်တော့ လက်ပေါက်ကတ်တဲ့
မအေကြီးကိုတောင် အလိုလိုက်အကြိုက်ဆောင်
ဖားခဲ့လိုက်ရတာ...နောက်ဆုံးတော့လည်း
သဲနုငယ်က မင်းကိုသာ ရွေးချယ်သွားခဲ့တာ
မဟုတ်လား...အဟွန်း..."

သန့်ဇင်ဦးက ခုလိုကျတော့လဲ ပွင့်ပွင့်လင်းလင်း
ပင် ဝန်ခံပြောပြလာလေ၏။
တကယ်ဆို သဲနုငယ် ပြန်မချစ်ခဲ့လို့သာ..။
သန့်ဇင်ဦး ပိုးပန်းလာခဲ့တာလဲ နှစ်နဲ့ကိုချီပြီးတော့
မဟုတ်ပါလား..။
အတွေးနှင့်အတူ ရိုးသားစွာဖွင့်ဟလာသော
သန့်ဇင်ဦးအပေါ် စိုးမိုး အားတုံ့အားနာဟန်ဖြစ်
သွားမိ၏။

" နိုး..နိုး..စိုးမိုး...မင်း ငါ့အပေါ် သနားသွားမှန်း
ငါရိပ်မိတယ်...ဒါပေမယ့် တကယ်သနားသင့်
တာက အဲ့ဒီ့ကိစ္စမဟုတ်သေးဘူး...သဲနုငယ်ကို
ပိုင်ဆိုင်ခွင့်မရတာ ငါ့အတွက် ဘာမှထူးခြား
မသွားဘူး...လူဆိုတာ အချစ်ဦးနဲ့လွဲရင်တောင်
အချစ်ဆုံးနဲ့တော့ ဆုံနိုင်သေးတယ်တဲ့...အဲ့ဒီ့
စကားပုံအတိုင်း ငါ့ဘဝရဲ့အချစ်ဆုံးလို့ သတ်
မှတ်နိုင်လောက်တဲ့ မိန်းကလေးတစ်ယောက်
ကို ဒီအလှူပွဲမှာ ငါတွေ့ခဲ့ရတယ်...အဲ့ဒီ့မိန်းက
လေးကို မြင်လိုက်ရတဲ့ခဏ...ငါ့ဘဝကြီး
ပြီးပြည့်စုံသွားသလိုခံစားခဲ့ရတာ...အဲ့ဒါ တခြား
သူမဟုတ်ဘူး...သက်ဆက်ချစ်ပိုဆိုတဲ့
မင်းညီမပဲ..."

" ဟင်..."

ဒီစကားအရောက် အာကာနှင့်စိုးမိုးထံမှ အံ့သြ
သံ ပြိုင်တူထွက်လာခဲ့၏။
တိုင်ပင်မထားပါဘဲ သူရိန့်ဘက်ကိုလှည့်ကြည့်
လိုက်မိတော့ စူးစူးရဲရဲအကြည့်တွေနှင့် သန့်ဇင်
ဦးကို စိုက်ကြည့်နေ၏။

" အဲ့ဒါကြောင့် ငါပြောတာပေါ့...ငါက သနားဖို့
အရမ်းကောင်းတယ်ဆိုတာလေ...အရင်က
မင်းညီမက ရွာမှာသိပ်မရှိတဲ့အတွက် ငါ သိပ်မ
မြင်ဖူးခဲ့ဘူး...ခု ရူးရူးမူးမူးချစ်မိသွားတော့လဲ
ပိုင်ရှင်ရှိနေခဲ့ပြန်တယ်...ဒါနဲ့ မင်းညီမက
ကျောင်းဆရာမလောင်းဆို..."

သန့်ဇင်ဦးအမေးကြောင့် စိုးမိုး ခေါင်းညိတ်ပြ
လိုက်၏။
သန့်ဇင်ဦးက ဟက်ကနဲရယ်လိုက်ရင်း...

" မင်းတို့ ငါတို့က ဘော်ဒါတွေပဲဟာ...မျက်နှာ
ပူစရာမလိုပါဘူး...မင်းညီမကို မေးပေးနိုင်မ
လား...လက်ရှိရည်းစားကိုဖြတ်ပြီး ငါ့ကိုလက်ခံ
ပေးဖို့...သက်ကယ်ရွာရဲ့ မျက်နှာဖုံးမို့ ငါ့ရဲ့ကြွယ်
ဝပြည့်စုံမှုကတော့ အထူးတလည် ပြောပြစရာ
မလိုတော့ပါဘူး...တစ်ဦးတည်းသော သားဖြစ်
တဲ့အပြင် ငါ့မှာ အလုပ်အကိုင်အတည်တကျ
ရှိတယ်...ငါ့ကိုကြိုက်ရင် ပညာရေးကို လုံးဝ
စိတ်နှစ်လေ့လာလို့ရတယ်ကွာ...လမ်းဘေး
လက်ဖက်ရည်ဆိုင်ထိုင်ပြီး တွေ့ကရာလူနဲ့ရန်
ဖြစ်နေမှာ သူစိုးရိမ်စရာမလိုတော့ဘူး...အဓိက
ကတော့ အရည်အချင်းပဲ...ပညာတတ်ကျောင်း
ဆရာမတစ်ယောက်အနေနဲ့ သူ့ရဲ့အိမ်ထောင်
ဖက်ဟာ ဆယ်တန်းလောက်တော့ အနည်းဆုံး
အောင်ထားသင့်တယ်မဟုတ်လား...အဟွန်း...
ငါက ဘွဲ့ရပြီးသား...ဒါကြောင့် ငါ့ကိုပဲရွေးချယ်
စေချင်တယ်...ချာတိတ်က မိုက်ရူးရဲအရွယ်မို့သာ
ဒါတွေကို မကြည့်တတ်သေးတာပါ...သူ
စာတတ်သွားတဲ့တစ်နေ့ အရည်အချင်းဆိုတဲ့
ပေတံနဲ့တိုင်းပြီး ဖြုတ်ချခဲ့သင့်တဲ့လက်ကို ဖြုတ်ချ
ပြီး...တွဲသင့်တဲ့လက်ကိုပဲ တွဲသွားမှာ...ငါပြော
တာ မင်းလက်ခံပေးနိုင်မလား..."

စကားလုံးတိုင်းက သူရိန့်ကိုထိုးနှက်နေမှန်း
အသိအသာ...။
သန့်ဇင်ဦးကြည့်လိုက်တော့လဲ အပြစ်လုပ်မထား
သူလို ကြည်ကြည်လင်လင်ပင်..။
ဒါမှမဟုတ် ပိုပို့ချစ်သူဟာ သူရိန်မှန်း ဒီကောင်
မသိလို့လား..။
စူးရဲလာသောအကြည့်တို့နှင့် မျက်ဝန်းထောင့်
တွေနီရဲလာသော သူရိန့်ကြောင့် စိုးမိုး သန့်ဇင်
ဦးဘက်ပြန်လှည့်လိုက်ရင်း...

" မင်းပြောသလိုပဲ...စာတတ်လာတဲ့တစ်နေ့...
သူ့ဘာသာသူ ဆုံးဖြတ်ပါလိမ့်မယ်...ငါ့ညီမဆို
ပေမယ့် အချစ်ရေးမှာတော့ ငါဘာမှ ဝင်စွက်
ဖက်မှာမဟုတ်ဘူး...ပြီးတော့ ပိုပိုကြိုက်နေတာ
တခြားလူမဟုတ်ဘူး...ငါ့သူငယ်ချင်း သူရိန်နေ
မင်းပဲ...သူငယ်ချင်းမို့ သူ့စိတ်ဓာတ်ပိုင်းကိုလဲ
ငါသိတယ်...ဒါ့ကြောင့် ငါသဘောတူ ကြည်ဖြူ
တယ်..."

" အဟွန်း..."

စိုးမိုးစကားအဆုံး သန့်ဇင်ဦးက လှောင်ပြုံးပြုံး၏။

" မင်းလဲ စုံလုံးကန်းနေပြီ...ဒါက မင်းညီမရဲ့
ရှေ့ရေးနော်...ငါကြားထားသလောက်ဆို သူရိန်
က မင်းတို့အဖွဲ့ထဲမှာ ဆရာကြီးဆိုပဲ...သဲနုငယ်
ရဲ့အချစ်ကို မင်းရခဲ့တာလဲ ဒီကောင့်ကျေးဇူးတွေ
အများကြီးပါတယ်ကြားတယ်...ဒါနဲ့ပဲ မင်းညီမကို
ကြည်ကြည်ဖြူဖြူ ပေးအပ်လိုက်ရောလား...
ဟိုက အကူအညီနည်းနည်းကို ဗန်းပြပြီး..
မင်းညီမကို အပိုင်ချုပ်ပစ်လိုက်တာ...သူ့မှာ
အရင်းစိုက်စရာမလိုဘဲ အမြတ်ထွက်နေတာကြီး
နော်...အဲ့ဒါတွေဘာမှမသိဘဲ ကျေးဇူးရှင်သူငယ်
ချင်းလေးဆိုပြီး မင်းကြပ်ကြပ်ခေါင်းငုံ့ပေးသိ
လား...ကြာရင် ခိုင်းနွားအကြီးကြီးဖြစ်လာလိမ့်
မယ်..."

" တောက်...မျက်နှာပြောင်ရုံတင်မဟုတ်ဘူး...
မိန်းမလိုမိန်းမရ ဥာဏ်များတဲ့ သူတောင်းစား..."

" ခွပ်.."

" ဗုန်း.."

စကားသံနှင့်အတူ စိုးမိုးဘေးထိုင်နေသော
သူရိန်က စားပွဲပေါ်တက်လာကာ စားပွဲထိပ်မှာ
ထိုင်နေသော သန့်ဇင်ဦးကို တည့်တည့်ကြည့်ပြီး
မျက်နှာကိုထိုးချပစ်လိုက်၏။
လက်လျင်လွန်းသော သူရိန့်ကြောင့် စိုးမိုးနှင့်
အာကာမှာ ရုတ်တရက်ကြောင်သွားကာ
ဆွဲတောင်မထားမိလိုက်..။
သန့်ဇင်ဦးမှာလဲ မျက်နှာအထိုးခံရရုံတင်မက
ထိုင်နေတာက ဖိုက်ဘာခုံမို့ အရှိန်မထိန်းနိုင်စွာ
အနောက်ကိုလန်ကျသွား၏။

" ဟဲ့...ဟဲ့...ဘာဖြစ်ကြတာလဲ..."

ခုံပြိုလဲသည့်အသံကြောင့် တခြားဝိုင်းကလူတွေ
ပါ အထိတ်တလန့် လှည့်ကြည့်လာကြ၏။

" ဖယ်စမ်းပါ...ဒီလိုကောင်မျိုးကို လက်သီးတစ်
ချက်နဲ့ ဘာလို့ကျေနပ်ရမှာလဲ..."

သူရိန် ထပ်ထိုးဖို့ပြင်နေတာမို့ အာကာနှင့်စိုးမိုး
က နှစ်ဖက်ညှပ်ဆွဲထားရလေ၏။

" တော်ပြီ သူရိန်...တော်တော့...ဒါ အသုဘအိမ်
လေ...ငါတို့ စိတ်ရှိတိုင်းလုပ်လို့မဖြစ်ဘူး..."

ဘေးဝိုင်းကလူတွေကလည်း သူတို့ကို မတ်
တတ်ရပ်ကြည့်နေကြ၏။

" ဟဲ့...ဟိုကောင်လေးက မမြသား အငယ်
ကောင်မဟုတ်လား..."

" အင်း...သူရိန်လေ..."

" ထားပါတော့...ဟို အထိုးခံရတဲ့တစ်ယောက်
ကဘယ်သူလဲ..."

" သက်ကယ်ရွာရဲ့ မျက်နှာဖုံးလေ...သန့်ဇင်ဦး
ဆိုတဲ့တစ်ယောက်ပေါ့..."

" ဟေ...အဲ့ကောင်လေး သတင်းကြားရတာ
ရည်ရည်မွန်မွန်ပါပဲ...ဘာကြောင့်ရန်ဖြစ်ကြတာ
ပါလိမ့်​..."

" ရန်ဖြစ်တာမဟုတ်ဘူး...သူရိန်က တမင်ထိုး
တာဖြစ်မယ်...ကိုယ့်ရွာသားအကြောင်းလဲသိရဲ့
သားနဲ့...အမြဲတမ်း ရန်ဖြစ်နေတတ်တာလေ.."

" ဟုတ်တယ်...ဟုတ်တယ်...ခုနက ကျွန်မတို့
လည်းကြားသားပဲ...တစ်ရွာသားကောင်လေးက
ရယ်ရယ်မောမောနဲ့ အေးရာအေးကြောင်း
စကားပြောနေတာ..."

" တောက်..."

တီးတိုးဆိုနေတာပေမယ့် အကုန်ကြားနေရတာ
မို့ သူရိန် တက်ခေါက်လိုက်မိ၏။
နောက်ခံသမိုင်းကြောင်းတို့ကြောင့် ကိုယ်ကသာ
လွန်တာ ဖြစ်ရ၏။

" ဘာဖြစ်သွားသေးလဲ မောင်ရင်..."

တစ်ဖက်ဝိုင်းမှ ဦးထွန်းတင်က သူရိန်တို့ဝိုင်း
ဘက်လျှောက်လာပြီး သန့်ဇင်ဦးကို ဆွဲထူပေး
ရင်းမေး၏။
သန့်ဇင်ဦးက နှာခေါင်းကလျှံကျလာသော
သွေးတို့ကို ဖိသုတ်ပစ်လိုက်ရင်း...

" ရပါတယ် ဦးလေး...အဆင်ပြေပါတယ်..."

အဆင်ပြေပါတယ်သာဆိုတာ..။
တစ်ချက်တည်းနဲ့ သွေးတောင်ထွက်တယ်ဆို
တော့ ကိုယ့်ရွာသားလက်စ ဘယ်လောက်ပြင်း
သလဲ စဉ်းစားသာကြည့်တော့...။

" မောင်သူရိန်...အရာရာကို ဒေါသရှေ့ထား
မဆုံးဖြတ်နဲ့လေကွယ်...တစ်ယောက်နဲ့တစ်
ယောက် အေးရာအေးကြောင်း ပြောဆိုလို့မရ
ဘူးလား...ပြီးတော့ သူက တစ်ရွာသားမို့ ကိုယ့်
ရွာနာမည်လဲ ထိခိုက်နိုင်တယ်မဟုတ်လား.."

ဦးထွန်းတင်က သူရိန်တို့ဘက် လှည့်ပြောလာ
၏။
သန့်ဇင်ဦး လက်ကာပြလိုက်ရင်း...

" ရပါတယ် ဦးလေး...ကျွန်တော့်မှာ အဲ့လိုခွဲခြား
တတ်တဲ့စိတ် မရှိပါဘူး...မန်ကျည်းပင်တန်းရွာ
ဆိုတာလဲ ကိုယ့်ရွာနီးချင်းပဲမို့ သာရေးရော
နာရေးပါ လာခဲ့တာပါ...ခု ဖြစ်ပျက်သွားတာကို
လဲ ကျွန်တော် ဘယ်လိုမှသဘောမထားပါ
ဘူး..."

ပြောရင်း သူရိန့်ဘက်ပါ လှည့်လိုက်ပြီးနောက်...

" သူရိန်ရာ...ငါကတော့ မင်းတို့ကို ခင်လို့မင်လို့
စနောက်မိတာပါ...မင်း ငါ့အပေါ် အဲ့လိုတော့
မဆက်ဆံသင့်ပါဘူး...ငါ တကယ်စိတ်မကောင်း
ဘူးကြာ..."

ဆိုင်ကယ်ရှိရာကို လှည့်ပြန်လာခဲ့သည့်တိုင်
သနားသည့်အကြည့်တွေ သူ့နောက်ကျောမှာ
ကပ်ပါလာမှန်း သိ၏။
သူ လျှို့ဝှက်စွာ ပြုံးလိုက်မိသည်။

ဒါဟာ ပြိုင်ပွဲတစ်ခုဆိုရင် အလဲအကွဲရှုံးနိမ့်သူ
ဟာ မင်းပဲ သူရိန်..။

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

" ဟဲ့..ဟဲ့...အောက်ကဘာသံတွေလဲ..."

ဒေါ်သက်သက်မူတို့ အိမ်ပေါ်မှာစကားပြောနေ
တုန်း အောက်ကလဲပြိုသံတို့ကြောင့် အထိတ်တ
လန့်ဖြစ်သွားကြ၏။

" ရန်ဖြစ်တာထင်တယ်ဟေ့...အံ့ရောကွာ...
သူများတွေစိတ်ဆင်းရဲနေတဲ့အချိန် ဘယ်ကောင်တွေ အလိုက်ကမ်းဆိုးမသိပါလိမ့်..."

ရွာလူကြီးတွေထဲက တစ်ယောက်ဖြစ်သော
ဦးမင်းလှက စိတ်ပျက်လက်ပျက် ညည်းညူ
ကာ အောက်ကိုဆင်းသွားလေ၏။
ကျန်လူတွေကလည်း ရန်ပွဲကိုတားရန် အောက်
သို့ တပြုံကြီးထသွားကြသည်။
ပိုပိုလည်း မေမေ့လက်ကိုဆွဲကာ အတူဆင်းလာ
ခဲ့၏။

" ဘယ်သူတွေ ရန်ဖြစ်ကြတာလဲမသိဘူးနော်.."

ပိုပိုက ဘာရယ်မဟုတ် ရေရွတ်လိုက်မိတုန်း
ခင်လေးနှင့်မွန်ဦးက အနားရောက်လာ၏။

" ဘယ်သူဖြစ်ရမှာလဲ ပိုပိုရယ်...နင့်လူ သူရိန်
ပေါ့...ဟိုဘက်ရွာက သန့်ဇင်ဦးကို တမင်သက်
သက်ရန်ရှာပြီးထိုးလွှတ်လိုက်တာ...ဒီလောက်
မိုက်ရိုင်းတဲ့လူကို နင် ဘာကြည့်ပြီးကြိုက်ခဲ့လဲ
ငါတို့ စဉ်းစားလို့တောင်မရဘူး..."

" ဟုတ်ပါ့ ပိုပိုရယ်...ကြိုက်စရာလူ အဲ့လောက်
တောင်ရှားလား..."

" ဟင်..."

ခင်လေးနှင့်မွန်ဦးက မဲ့ကာရွဲ့ကာနှင့် အခွင့်ရ
တုန်း အပီအပြင်ဖဲ့၏။
အိမ်ပေါ်မှဆင်းလာသည့် လူကြီးတွေကလည်း
ခင်လေးတို့စကားကြောင့် ပိုပို့ကို ဝိုင်းကြည့်ကုန်
ကြသည်။
သူရိန်နဲ့ပိုပိုကြိုက်နေတာ သူတို့မှမသိဘဲကိုး..။

ပိုပို မခင်လေးတို့စကားကြောင့် လူကကြုံလှီ
သွားသလို ခံစားလိုက်ရ၏။
အားလုံးက အံ့အားတကြီးဝိုင်းကြည့်နေတာ
ကြောင့် သိမ်ငယ်သလိုခံစားချက်နှင့်အတူ
နောက်ပါးမှမေမေ့ကိုလည်း ပြန်မကြည့်ရဲခဲ့..။

ထိုအခိုက် ရန်ပွဲပြီးလို့ ထွက်လာသော သူရိန့်
ကိုမြင်လိုက်ရတာကြောင့် ဒေါသတွေအတိုင်း
အဆမရှိ ထွက်သွားမိ၏။
ဒီလိုအချိန်မှာ သူ လိမ္မာရမယ်မှန်း အသိမရှိဘူး
လား..။
ပိုပို့အသိုင်းအဝိုင်းအလယ်မှာ သူဒီလိုရိုင်းစိုင်းပြ
ရင် ပိုပို့ဘက်ကို လက်ညှိုးတွေစုပြုံ ထိုးကျလာ
မှာသူမသိဘူးလား...။
ပိုပို့ကိုတကယ်ချစ်ရင် လိမ္မာအောင်နေပါတော့
လား ...။

" ကိုကို့..."

ပိုပို လုပ်ရက်လေခြင်းဟူသော ဝမ်းနည်းမှုနှင့်
ဘာကိုမှမမြင်နိုင်တော့..။
မေမေရှိနေတာပင် မေ့လျော့သွားပြီး သူ့ရှေ့
တည့်တည့်သွားရပ်ကာ သူ့ရင်ဘတ်က အင်္ကျီ
စကို ဆုပ်ဆွဲရင်း မျက်ရည်ဝေ့လေ၏။

သူရိန် သူ့အင်္ကျီစကို ကိုင်ထားပြီး မျက်ရည်တို့
နှင့် မော့ငေးကြည့်နေသော သူမကို ပြန်၍ငုံ့မိုး
ကြည့်လိုက်၏။

' ဆယ်တန်းတောင် မအောင်တဲ့ကောင်...'
' အလုပ်အကိုင်အတည်တကျမရှိတဲ့ကောင်..'
' ချာတိတ်က မိုက်ရူးရဲအရွယ်မို့သာ
ဒါတွေကို မကြည့်တတ်သေးတာပါ...သူ
စာတတ်သွားတဲ့တစ်နေ့ အရည်အချင်းဆိုတဲ့
ပေတံနဲ့တိုင်းပြီး ဖြုတ်ချခဲ့သင့်တဲ့လက်ကို ဖြုတ်ချ
ပြီး...တွဲသင့်တဲ့လက်ကိုပဲ တွဲသွားမှာ..'

သန့်ဇင်ဦးပြောခဲ့သည့်စကားတွေက နားထဲမှာ
အစီအရီပြန်ဝင်လာ၏။
အချစ်က လူကိုပူလောင်စေသော်လည်း
ထိခိုက်မခံနိုင်သည့် ယောက်ျားမာနက ခေါင်း
ထောင်လာသည်။

" တောက်..."

ဘယ်သူ့ကို ရည်ရွယ်မှန်းမသိတဲ့ တောက်ခတ်
ခြင်း၏အဆုံးသတ်မှာ သူမလက်ကို ဖြုတ်ချပြီး
နေရာမှထွက်ခွာလာခဲ့လိုက်၏။

သိမ်ငယ်တယ်ဆိုတာ မင်းခံစားဖူးရင်သိမှာပါ..။

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

Atom💙

အခန်း-(15) ပြီးပါပြီ➳ ➳
ဝေဖန်အားပေးကြပါအုံး ★ ★
Please...
Like,comment and share✔ ✔

Ga verder met lezen

Dit interesseert je vast

225K 6.6K 68
ထူးခြားပုံရိပ် ♡ စန္ဒရာကူး "ကူးဘက်က ခြေလှမ်းတစ်ရာမှာ ကိုးဆယ့်ကိုးလှမ်းထိလှမ်းနိုင်တယ် ဒါပေမဲ့ ‌ကျန်တဲ့တစ်လှမ်းကိုတော့ ဘယ်တော့မှမလှမ်းဘူး လွှတ်နေတဲ့တ...
193K 4.3K 28
"ငါမင်းကို ချစ်တယ် ဦးမောင်...... မင်းကို ချစ်ရဖို့ ငါအများကြီး စတေးဖို့ စွန့်စားဖို့လုပ်ထားတာ....မင်းငါ့ကို နာကျင်အောင် လုပ်ပြီး‌တော့မှ ကျေနပ်မှာလားဟ...
1.8K 107 5
ခေတ်မတူတဲ့ ဆယ်ကျော်သက် မိန်းကလေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ အဖြူရဲ့ဦးထင် နဲ့ ခင်လေးရဲ့ဆရာလေး တို့အကြောင်းကို ဖတ်ပေးကြပါဦးရှင်
134K 3.8K 50
" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်...