Unicode
အချစ်ပြိုင်ဖက်လား မဟာမိတ်လား!?
အိုက်ရွှယ်သည် ချန်းကျင်း၏စကားကို ကြားသောအခါ နည်းနည်းမျှ အံ့ဩသွားခြင်းမရှိပါဘဲ ထိုအစား သူက တခစ်ခစ်ပင် ရယ်လာသေးလေ၏။
"ကျွန်တော်ထင်သားပဲ"
သူသည် အိပ်ရာပေါ်တွင်ထိုင်နေသော လုထောင်ကို လှည့်ကြည့်ရင်း
"ကြည့်ရတာ ကျွန်တော့်ရဲ့အစ်ကိုကြီးက ကျွန်တော်တို့ပဲ စကားပြောနေလို့ သိပ်မပျော်မရွှင် ဖြစ်နေတဲ့ပုံပဲနော်"
ချန်းကျင်းသည် လုထောင်ကို ကြည့်လာခဲ့ရာ အမှန်တကယ်ပင် သူသည် မပျော်မရွှင်ဖြစ်နေကြောင်း မြင်လိုက်ရလေသည်။ မှတ်ဉာဏ်များ ပျောက်ဆုံးသွားပြီးနောက် အရင်ကအမြဲတမ်းနီးပါး ခက်ထန်နေခဲ့သော သူ၏မျက်နှာသည် ယခုအခါ ပို၍ ခံစားချက်များကို ထုတ်ဖော်ပြလာတတ်သဖြင့် အနည်းငယ် အသစ်အဆန်း ဖြစ်နေသလိုပါပင်။
သို့သည့်တိုင် ခက်ထန်သည့်မျက်နှာကိုသာ နေသားကျခဲ့သည့် ချန်းကျင်းကမူ ၎င်းနှင့် အနည်းငယ် စိမ်းသက်နေသလို ခံစားရလေသည်။
သူသည် ကုတင်အနားသို့ လျှောက်လာခဲ့ပြီး လုထောင်၏ မကျေမနပ်ဖြစ်နေသော မျက်ဝန်းများကို နူးညံ့စွာစိုက်ကြည့်ကာ တောင်းပန်စကား ဆိုလာခဲ့၏။
"တောင်းပန်ပါတယ်နော် အကြာကြီး စောင့်လိုက်ရလား!?"
ချန်းကျင်းသည် ၎င်းမေးခွန်းကို မေးပြီးခါမှ နောင်တရသွားမိ၏။ ဤအမေးစကားက သူနှင့် မလိုက်ဖက်သလို ခံစားရသည့်အတွက်ပင်။
လုထောင်က သူ့ကို ဘယ်တုန်းကမှ မစောင့်ခဲ့ဖူးတာ!!
သူကသာ တစ်ချိန်လုံး တစ်ဖက်လူကို လိုက်နေခဲ့ခြင်းဖြစ်ပြီး အဆုံးထိ ထိုလူနှင့် နည်းနည်းလေးမျှ နီးစပ်မလာခဲ့ဖူးပါပေ။ ထိုအစား တဖြည်းဖြည်းသာ ဝေးကွာသွားခဲ့ရလေ၏။
လုထောင်သည် အနည်းငယ် မကျေမနပ်ဖြစ်နေသေးသည့်ပုံနှင့် သူ့ကိုကြည့်လာခဲ့ပြီး တစ်ဖက်လူကို အံ့ဩစေနိုင်သည့် စကားတစ်ခွန်းကို ဆိုခဲ့ပေသည်။
"ကိုယ်မင်းကို အကြာကြီးစောင့်နေခဲ့ရတာ"
သူသည် ပြောရင်းဆိုရင်းပင် ချန်းကျင်း၏အကျႌအနားစကို လက်ဖြင့်ဆွဲကိုင်လာခဲ့ပြီး ကလေးတစ်ယောက်လို ဟိုယမ်းဒီယမ်း လုပ်နေခဲ့လေ၏။
"မနက်စောစောစီးစီးလည်း မဟုတ်တော့တာကို။ ဒီတိုင်း ကိုယ့်ဆီ မြန်မြန်လေး လာပေးလို့မရဘူးလား!? အခုတော့ကြည့် ကိုယ့်ဆီအရင်ဆုံးလာတဲ့လူက မင်းမဟုတ်တော့ဘူး"
သူ၏အမူအရာက အတော်လေးကို မယုံကြည်နိုင်စရာကောင်းနေသဖြင့် ချန်းကျင်းသည် မျက်လုံးပြူးမတတ် အံ့ဩသွားမိသည့်တိုင် တစ်ဖက်မှ အိုက်ရွှယ်ကမူ ပျော်ရွှင်စွာပြုံးလာလျက် ၎င်းမြင်ကွင်းကို ဟာသဇာတ်ကွက်တစ်ခုလို ကြည့်နေခဲ့သည်ပင်။ ချန်းကျင်းသည် အတန်ကြာ အံ့အားသင့်နေခဲ့ရပြီး မျက်နှာတစ်ပြင်လုံး နီမြန်းလာရကာ ကပျာကယာနှင့် မိမိယူလာသော ပစ္စည်းကို ထုတ်ယူလိုက်တော့လေသည်။
"ကျွန်တော် စွပ်ပြုတ်လုပ်ပေးလာတယ် အခုစားမလား!?"
လုထောင်၏အကြည့်ဒဏ်များကို ထပ်၍မခံနိုင်သဖြင့် သူသည် အလျင်အမြန်ပင် အဖုံးကိုဖွင့်လိုက်ကာ သူ့ရှေ့သို့ ချပေးခဲ့၏။
အဖုံးကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ငါးစွပ်ပြုတ်၏ အနံ့မွှေးမွှေးက အပြင်သို့ ပျံ့နှံ့လာခဲ့ပေသည်။ ထို့အပြင် အဖြူနှင့်အနီစပ်ထားသည့် အရောင်အဆင်းကလည်း မြင်ရသူကို စားချင်စိတ် ဖြစ်လာစေသည်ပင်။ ချန်းကျင်းသည် သူ့ကို ဇွန်းတစ်ချောင်းပေးလိုက်၏။
"မြည်းကြည့်လေ အရမ်းတော့ အရသာမကောင်းလောက်ဘူး။ တကယ်လို့ အရမ်းပူနေသေးရင် မှုတ်သောက်နော်"
ရုတ်ချည်းပင် သူသည် အနား၌အိုက်ရွှယ်ကလည်း ရပ်နေသေးကြောင်း တွေးမိသဖြင့် အလျင်အမြန် မေးလာခဲ့လေသည်။
"အာ မစ္စတာ ရိုင်ဂျယ်ရော မြည်းကြည့်ပါဦးလား"
အိုက်ရွှယ်သည် မူလအစက ၎င်းစွပ်ပြုတ်ကို မြည်းကြည့်ချင်စိတ်မရှိသည့်တိုင် လုထောင်၏ လက်တွဲဖော်က မေးလာသောအခါ သူသည် စိတ်ပြောင်းသွား၍ ရှက်ပြုံးလေးပြုံးရင်း ဆိုလာခဲ့၏။
"တကယ်ပဲ ကျွန်တော် မြည်းကြည့်လို့ရတာလား!? ဒါဆိုရင်တော့ မစ္စတာချန်းကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ"
ချန်းကျင်းသည် အနည်းငယ် အံ့ဩသွားမိသော်ငြား ချက်ချင်းပင် သူ့ကိုပြန်ဖြေလာခဲ့၏။
"အာ ကိစ္စမရှိပါဘူး"
အိုက်ရွှယ်၏ပုံစံက ကျွေးသမျှအစားအစာကို လက်လွတ်စပယ် စားတတ်သည့်ပုံ မပေါက်ပါသဖြင့် ချန်းကျင်းသည် သူက တကယ်ကြီး ခေါင်းငြိမ့်လာလိမ့်မည်ဟု ထင်မထားခဲ့။ သို့သော် မိမိကစကားကျွံထားပြီး ဖြစ်သဖြင့် ပြန်ရုတ်သိမ်း၍မရပါပေ။ စွပ်ပြုတ်အလုံအလောက် ယူလာခဲ့မိသောကြောင့် တော်သေးတာပေါ့ ဟုသာ တိတ်တိတ်လေး သက်ပြင်းချမိလေတော့၏။ သူက အဆင်ပြေနေခဲ့သည့်တိုင် တစ်ဖက်မှ လုထောင်ကမူ လုံးဝကို အဆင်ပြေမနေခဲ့ပါပေ။
သူသည် ချန်းကျင်းက အိုက်ရွှယ်ဆီသို့ စွပ်ပြုတ်ပန်းကန် ချပေးသည်ကို မျက်တောင်မခတ် စိုက်ကြည့်လျက် မျက်ဝန်းများကမူ အလိုမကျမှုများ ပြည့်နှက်နေသလိုပါပင်။ ချန်းကျင်းက စွပ်ပြုတ်ကို တစ်ဖက်လူခွက်ထဲ ဇွန်းဖြင့် ထည့်ပေးလာသည့်အကြိမ်တိုင်း သူသည် ၎င်းဇွန်း၏ သွားရာလမ်းကြောင်းကို အစအဆုံး လိုက်ကြည့်နေခဲ့သဖြင့် ချန်းကျင်းသည် အိုက်ရွှယ်၏ပန်းကန်လုံးထဲသို့ အနည်းငယ်မျှပင် ထည့်ပေးလိုက်ပြီး ရပ်လိုက်ရလေ၏။ လုထောင်၏ အပြုအမူများက မသိလျှင် သူကိုယ်တိုင်က ကလေးတစ်ယောက်ဖြစ်ကာ မိမိတို့နှစ်ယောက်က သူ့ဆီမှမုန့်ကို လုစားနေသလိုမျိုး ဖြစ်နေသည်ပင်။
အိုက်ရွှယ်သည် စိတ်မခုပါဘဲ ညင်ညင်သာသာ ပြုံးပြလာ၏။ သို့သည့်တိုင် သူ့မျက်ဝန်းများထဲတွင် တစ်ခုခုကို စိတ်ဝင်စားသည့် အငွေ့အသက်တို့က အထင်းသား ရှိနေလေသည်။ ချန်းကျင်းသည် ရှက်ရွံ့စွာဖြင့် တိုးတိုးလေး ဆိုလာခဲ့၏။
"နှစ်ယောက်သား မြည်းကြည့်ကြပါဦး.."
သူတို့နှစ်ယောက်လုံးသည် တစ်ချိန်တည်းမှာပင် စွပ်ပြုတ်တစ်ဇွန်းကို ခပ်စားလိုက်မိ၍ ထို့နောက် ထပ်ပြီး တစ်ချိန်တည်းမှာပင် "အရသာရှိတယ်" ဟု ပြိုင်တူ ပြောမိသွားကြလေသည်။ ချန်းကျင်းသည် မယုံကြည်နိုင်လောက်အောင် အံ့ဩခဲ့ရ၏။ လုထောင်က မိမိ၏လက်ရာကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေသည်ကိုကြည့်ရင်း သူ့နှလုံးသားတစ်ခုလုံး တင်းကြပ်သွားရသလို ခံစားလာရပေသည်။
"တကယ်ပဲ အရသာရှိတာလားဟင်"
ရုတ်ချည်းပင် သူသည် မိမိ၏ အမျိုးသားဖြစ်သူ လုထောင်ဆီမှ ထိုကဲ့သို့သော ချီးမွမ်းစကားမျိုး ကြားချင်သည့်အတွက် ဟင်းချက်စသင်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ်ရသွားပေ၏။ သို့သည့်တိုင် ထိုအချိန်က သူသည် အမြဲတမ်းနီးပါး ၎င်းကိုဆန္ဒရှိနေခဲ့ခြင်းမျိုး မဟုတ်သည့်အပြင် စိတ်ရှည်သည်းခံမှုလည်း မရှိခဲ့သောကြောင့် တစ်ဝက်တစ်ပျက်နှင့်ပင် လက်လျှော့ခဲ့ရဖူးလေ၏။
လုထောင်က ခေါင်းငြိမ့်ပြလာရင်း ဒုတိယတစ်ဇွန်းကို ကုန်စင်အောင် သောက်လိုက်ကာ ဆိုလာသည်။
"တကယ်အရမ်းအရသာရှိတယ်"
အိုက်ရွှယ်ကလည်း ပြုံးရင်း ဆိုလာ၏။
"တကယ်အရသာရှိတာပါ မစ္စတာချန်းရဲ့ လက်ရာက တကယ်အမိုက်စားပဲ!"
ထို့နောက် သူသည် စွပ်ပြုတ်ကို ကုန်စင်အောင် သောက်လိုက်၍ ဘေးဘက်သို့ လှည့်ကြည့်လာခဲ့ရာ မိမိကို မမှိတ်မသုန် စိုက်ကြည့်နေသည့် လုထောင်ကို တွေ့လိုက်ရလေ၏။ အိုက်ရွှယ်က စိတ်ထဲမှာပင် တစ်ချက်မျှရယ်မိ၍ သူတို့ကို စကားဆိုလာခဲ့သည်။
"ကဲ ဒါဆို ကျွန်တော် ဒီလောက်နဲ့ပဲ ပြန်ပါတော့မယ်။ ကြည့်ရတာ ဗိုလ်ချုပ်က ကျွန်တော့်ကို ဒီအခန်းထဲမှာ ဆက်ရှိမနေစေချင်တော့တဲ့ပုံပဲ"
ချန်းကျင်းက အားနာစွာဖြင့် ကပျာကယာဆို၏။
"ဘယ်လိုလုပ်ပြီး အဲ့ဒီလိုဖြစ်နိုင်မှာလဲ.."
"ကျွန်တော်ခံစားလို့ရတယ်"
အိုက်ရွှယ်က သဘောကျစွာဖြင့် ပြုံးရယ်လာခဲ့ပေသည်။
"အခု ဗိုလ်ချုပ်က ကျွန်တော့်ကို မမှတ်မိဘူးဆိုပေမဲ့လည်း ဒီလိုပုံစံလေးက အရင်ကထက်ပိုပြီး ချစ်ဖို့ကောင်းတယ်လို့ ထင်မိတယ်"
သူ့စကားကို ကြားကြားချင်း ချန်းကျင်းသည် ကြောင်သွားမိပေ၏။ သူ၏နှလုံးသားထဲတွင်တော့ အချက်ပေးခေါင်းလောင်းသံကြီးက ကျယ်လောင်စွာ မြည်ဟီးနေသလိုမျိုးပင်။
"ချစ်ဖို့ကောင်းတယ် ဟုတ်လား"
"အင်း ချစ်ဖို့်ကောင်းတယ်"
အိုက်ရွှယ်က လုထောင်ကို လက်ယမ်းပြလာ၍
"ကျွန်တော်သွားတော့မယ် အစ်ကိုကြီး။ နောက်တစ်ခေါက်မှ ထပ်ပြီးတွေ့မယ်နော်"
လုထောင်က သူ့ကို ဘာမှပြန်ပြောမလာဘဲ မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေခဲ့သည့်တိုင် အိုက်ရွှယ်က စိတ်ထဲမထားသည့်ပုံပါပင်။ သူသည် တံခါးဆီသို့ ခြေလှမ်းအနည်းငယ်မျှ လျှောက်သွားပြီးခါမှ တစ်ခုခုကိုတွေးလိုက်မိ၍ ရုတ်တရက်ရပ်သွားကာ:
"ဪ ဒါနဲ့ မစ္စတာချန်း။ တကယ်လို့များ ဗိုလ်ချုပ် ဆေးရုံကဆင်းတဲ့အချိန်ကျရင်လေ အိမ်ကို ကျွန်တော်အလည်လာလို့ရမလားဗျ"
ချန်းကျင်းက အမြန်ပင် ခေါင်းငြိမ့်ပြလာခဲ့သည်။
"ရပါတယ်!"
အိုက်ရွှယ်ထွက်သွားသည်နှင့်တစ်ပြိုင်နက် လုထောင်သည် မိမိတို့ကြားထဲမှ ကန့်လန့်ဖြစ်နေသော အရှုပ်ထုတ်တစ်ခု ရှင်းသွားသလိုခံစားရကာ စွပ်ပြုတ်သောက်နေသည့် သူ၏လှုပ်ရှားမှုများသည် တဖြည်းဖြည်း ညင်သာ၍သိမ်မွေ့လာခဲ့ပေသည်။ လုမိသားစုသည်လည်း ဤကမ္ဘာတွင် ကြာမြင့်စွာနေထိုင်လာခဲ့သော ဒေသခံမိသားစုတစ်စုဖြစ်သည်ပင်။ သို့သော် သူတို့၏သက်တမ်းက ရိုင်ဂျယ် မိသားစုထက် မများသကဲ့သို့ ဤကမ္ဘာတွင် အစဉ်အမြဲနေထိုင်ခွင့်လည်း မရှိပါပေ။ သူ၏အဖိုးဖြစ်သူ ဆုံးပါးသွားသည့်နောက် လုမိသားစု၏ နောက်ဆုံးသော ရာထူးဂုဏ်ပုဒ်က ပျောက်ရှသွားခဲ့ရလေသည်။ ကျန်ရစ်ခဲ့သော မိသားစုဝင်များကလည်း သာမန်လူများဖြစ်နေခဲ့ရာ ပျမ်းမျှဝင်ငွေပမာဏအောက်လျော့ပါက တခြားကမ္ဘာဆီသို့ နှင်ထုတ်ခံရမည်ဖြစ်၏။ သို့သော် ၎င်းပြဿနာသည်ကား လုထောင် အရာရှိဖြစ်မလာခင်အထိသာ ကြာမြင့်ခဲ့ရသည်။
ထို့ကဲ့သို့သော အစဉ်အလာကြီးသည့် မိသားစုမှ မွေးဖွားလာသည့်အတွက် လုထောင်သည် ငယ်စဉ်ကတည်းကစ ကျင့်ဝတ်များကို လေ့လာခဲ့ရပေ၏။
သူသည် စွပ်ပြုတ်ကို ကုန်အောင်သောက်ပြီးသွားသည့်နောက် အိပ်ပျော်နေရာမှ နိုးလာသူကဲ့သို့ ချက်ချင်းပင် စကားဆိုလာတော့သည်။
"ဘာလို့ သူ့ကို အိမ်လာလည်ဖို့ ခွင့်ပြုလိုက်တာလဲ?"
သူသည် ရုတ်တရက်မျက်ခုံးများကို တွန့်ကွေးလျက် အလွန်သတိကြီးသည့် ပုံစံနှင့် ဆိုလာလေ၏။
"ကိုယ့်နောက်ကွယ်မှာ ဖောက်ပြန်မလို့လား"
အစက ချန်းကျင်းသည် ပစ္စည်းပစ္စယများကို ပြန်လည်ထုပ်သိမ်းနေခဲ့ခြင်းဖြစ်၏။ မမျှော်လင့်စွာပင် လုထောင်၏စကားများကို ကြားလိုက်ရသည့်အခါ လက်ထဲမှသိမ်းလက်စ ဇွန်းတစ်ချောင်းပင် အောက်သို့ ချွင်ခနဲ ကျသွားရလေသည်။ သူသည် ၎င်းကိုအလျင်အမြန် ကောက်ယူလိုက်ကာ မျက်နှာကမူ နီမြန်းလာရတော့၏။ ဒေါသကြောင့်လော ရှက်ရွံမှုကြောင့်လော မသဲကွဲနိုင်ခဲ့ပါပေ။
"ကျွန်တော် တစ်ခါမှ အဲ့ဒီလိုမလုပ်ဖူးဘူး!"
ထို့နောက် သူက ဆက်ပြောလာခဲ့သည်။
"ဒုဗိုလ်ချုပ် ရိုင်ဂျယ်က ခင်ဗျားကိုတွေ့ဖို့ အိမ်အလည်လာမယ်လို့ ပြောသွားတာလေ! ကျွန်တော်နဲ့မှ မဆိုင်တာ"
"ဒါပေမဲ့ ကိုယ်သဘောမတူဘူးလေ"
"ဒါပေမဲ့ တစ်ဖက်လူက ဒီလိုမျိုး ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာကို ဘာအကြောင်းပြချက်မှမရှိဘဲ ငြင်းလိုက်ရင် ရိုင်းရာကျမှာပေါ့"
နောက်ဆုံးတွင်မူ ချန်းကျင်းသည် မိမိ၏ပစ္စည်းများကို သိမ်းဆည်းပြီးသွားပြီ ဖြစ်၏။ သို့သည့်တိုင် သူ့မျက်နှာက နီရဲနေဆဲပင်။ ရုတ်တရက်သူသည် လုထောင်က ဘယ်လိုလုပ်ပြီးများ ဖောက်ပြန်သည်ဟူသော အသုံးကို သုံးရက်ရပါသနည်းဟု စဉ်းစားနေမိတော့၏။ အကယ်၍များ မိမိတို့ထဲက တစ်ယောက်က ဖောက်ပြန်ခဲ့ဖူးမည်ဆိုလျှင်တောင် ထိုလူသည် လုထောင်ပင် ဖြစ်လိမ့်မည် မဟုတ်ပါလား!?
အစကတည်းက မိမိသည် လုထောင်ဆီမှ အပြည့်အဝဆွဲဆောင်ခံလိုက်ရပြီးပြီပင်။ သူသည် ဘယ်တုန်းကမျှ တခြားယောကျ်ားလေးများနှင့် ဖောက်ပြန်ဖို့နေနေသာသာ အရောတဝင်နေဖို့ပင် မတွေးခဲ့မိဖူးပါပေ။
လုထောင်သည် သူ၏ light screen ကို လေပေါ်တင်လိုက်၍ အရွယ်အစားကိုချဲ့ကာ ကြည့်နေခဲ့ခြင်းဖြစ်သောကြောင့် ချန်းကျင်းသည် သူရှာနေသည့်အကြောင်းအရာများကို အစအဆုံးမြင်တွေ့နေရလေသည်။ သူသည် သေချာကြည့်မိလေ ပို၍အံ့ဩလာရလေဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လုထောင် ရှာနေသည်ကား အိမ်ထောင်ရေးရာ အချစ်ရေးနှင့် ပတ်သက်သည့် ကိစ္စများ ဖြစ်နေသောကြောင့်ပင်။
--အင်ပါယာကမ္ဘာ၏ လက်ထပ်ခြင်းဥပဒေ
--ခုနစ်နှစ်ကြာ လက်ထပ်ပြီးခဲ့သည့်တိုင် ရင်သွေးမရှိရခြင်း၏ အကြောင်းအရင်း
--ဖောက်ပြန်ခြင်းကိစ္စအကြောင်း
--ဖောက်ပြန်ချင်လျှင် ပေါ်ပေါက်လာတတ်သော လက္ခဏာများ
--မိမိ၏လက်တွဲဖော် ကျေနပ်နိုင်စေရန် မည်ကဲ့သို့ ပြုစုပေးသင့်ကြောင်း
၎င်းနောက်မှ အကြောင်းအရာများသည် အလိုအလျောက်ပင် အရှေ့မေးခွန်းနှင့် သက်ဆိုင်သည်မှန်သမျှကို ဖော်ပြလာပေတော့၏။
-တစ်ဖက်လူ ကျေနပ်အောင် မည်ကဲ့သို့ ချစ်ပေးသင့်ကြောင်း
-ရှားပါးမျိုးစိတ်များ၏ ခံစားအလွယ်ဆုံးသည်ကား မည်သည့်နေရာများ ဖြစ်ကြောင်း
-ရှားပါးမျိုးစိတ်ဆိုသည်မှာ မည်သို့သောယောကျ်ားမျိုးကို ဆိုလိုကြောင်း..
အစရှိသဖြင့် screen တစ်လျှောက် တသီတတန်းကြီး ပေါ်လာလေ၏။
ချန်းကျင်းသည် ကြည့်နေရင်း ရှက်ရွံလာသလိုခံစားရကာ တစ်ဖက်သို့အကြည့်လွှဲလိုက်လေသည်။ ခဏအကြာမှ သူက တိုးတိုးလေး မေးလာခဲ့၏။
"ခင်ဗျား ဘာတွေလျှောက်ကြည့်နေတာလဲ..."
"ဒေါက်တာကပြောတယ် ကိုယ်ကအခု မှတ်ဉာဏ်တွေပျောက်နေတာမို့ သိတဲ့အရာတွေ နည်းကောင်းနည်းနိုင်တယ်တဲ့။ ဒါကြောင့် ကိုယ်လေ့လာကြည့်နေတာ"
သူက ပုံမှန်အတိုင်း ပြန်ဖြေရင်း အနားမှ ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်ကာ ချန်းကျင်းကို ဥပမာအနေဖြင့်
မေးလိုက်လေ၏။
"ဒါကိုဘယ်လိုခေါ်တာလဲ"
ချန်းကျင်းက ခဏမျှ ကြောင်သွားမိသည်။
"အသီးမဟုတ်ဘူး"
၎င်းသည် ဘယ်ရီသီးလိုပုံစံမျိုးရှိ၍ ရေဓာတ်ကြွယ်ဝလေသည်။ အရည်ရွှမ်း၍ ချိုလည်းချို၏။ အသီးလိုမျိုးပင်ဖြစ်ကာ လူတိုင်းနီးပါးကလည်း ၎င်းကို သဘောကျကြသည်။
လုထောင်က ဆိုလာခဲ့၏။
"ကြည့်ပါ့လား မင်းက ဒီဟာကိုဘယ်လိုခေါ်လဲ သိပေမဲ့ ကိုယ်ကမသိဘူးလေ"
သူသည် သူ့အရှေ့မှ light screen ကိုတစ်ချက်နှိပ်လိုက်၍
"ဒီလိုထိခိုက်ဒဏ်ရာရပြီးမှ ကိုယ်တွေးလာမိတာ။ ပြန်ကောင်းဖို့အတွက် ၆ လဖြစ်ဖြစ် ၈ လဖြစ်ဖြစ် ကြာမယ်ဆိုရင်တောင် အဲ့ဒီအတောအတွင်း ကိုယ့်အနေနဲ့ ဘာမှမသိတဲ့လူလိုမျိုး ဦးနှောက်ဗလာနဲ့ နေလို့မဖြစ်ဘူးလေ။ ကိုယ် သိသင့်တာတွေကို သိထားရမှာပေါ့။ နောက်ပြီး ကိုယ့်အတွင်းရေးမှုးဆိုတဲ့လူက ပြောတယ်။ ကိုယ်တို့က လက်တွဲဖော်တွေဖြစ်တဲ့အတွက် ကိုယ့်ရဲ့လက်ကျန်အချိန်တွေကို မင်းနဲ့ပဲ အတူကုန်ဆုံးရမှာတဲ့။ အဲ့ဒါကြောင့်မို့ မင်းနဲ့အတူနေထိုင်ဖို့အတွက် ကိုယ်သိသင့်တာတွေကို လေ့လာနေတာလေ"
သူက ထပ်ပြောလာခဲ့ပေ၏။
"နောက်ပြီး ဖေလီကလည်း ကိုယ့်ကို အငြိမ်းစားအားလပ်ခွင့်အကြောင်း ရှင်းပြထားသေးတယ် သူ,မရှင်းပြရင် ကိုယ်နားလည်မှာမဟုတ်ဘူး"
ချန်းကျင်းသည် သူ့ကို မျက်လုံးဝိုင်းလေးများဖြင့် ကြည့်နေခဲ့လေသည်။ လုထောင်က အဆုံးသတ်အနေဖြင့် စကားဆိုလာခဲ့၏။
"အဲ့ဒီတော့ အခုထိ ကိုယ့်ကို ဒီလိုအကြောင်းအရာတွေ ကြည့်ဖို့မသင့်ဘူးလို့ ထင်နေသေးတာလား"
ချန်းကျင်းသည် လုထောင်၏ပြောစကားတို့အောက်၌ လုံးဝအညှို့ခံလိုက်ရသည့်အတိုင်း ဘာမျှပြန်မပြောနိုင်ခဲ့ပါတော့ပေ။ လုထောင်က သူ့ကို မျက်ခုံးပင့်လျက် ကြည့်လာခဲ့သည်။
"ဒါမှမဟုတ် မင်းကိုယ့်ကို သင်ပေးမလား"
သူသည် ၎င်းစကားကို တိုးတိုးလေးပြောလာပုံမှာ မသိလျှင် တခြားအဓိပ္ပါယ် ပါနေသလိုမျိုးပင်။ လုထောင်၏အသံက သံလိုက်ဓာတ်အပြည့်နှင့် ဆွဲငင်အားကောင်းလှသောကြောင့် ချန်းကျင်းသည် သူ့အသံကို ကြားပြီးသည့်နောက် တမဟုတ်ချင်း မျက်နှာတစ်ပြင်လုံး နီမြန်းသွားရတော့၏။
သို့နှင့် ချန်းကျင်းသည် ထိုနေ့တစ်နေ့လုံးနီးပါး လုထောင်၏အနားတွင်နေရင်း တစ်ဖက်လူမေးသမျှကို ဖြေကာ မရှင်းသည့်ကိစ္စရပ်များကို သေချာနားလည်သည်အထိ ရှင်းပြခဲ့ရလေသည်။ ချစ်ရသူနှင့် အတူအချိန်ဖြုန်းရသောကြောင့် မကြာခဏ ချန်းကျင်း၏မျက်နှာပြင်သည် နီရဲလာရကာ နောက်ဆုံး ခွဲခွာအနမ်းပေးခဲ့သည့်တိုင် ခုန်နေသောနှလုံးသားကို မထိန်းချုပ်နိုင်ခဲ့ပါပေ။ ထို့နောက် သူသည် ထုံးစံအတိုင်းပင် ဘတ်စ်ကားစီး၍ အိမ်ပြန်လာခဲ့ကာ ညအခါ၌ အော်ဒါကို စတင်၍ချုပ်လုပ်လေတော့၏။
ဗိုလ်ချုပ်လုထောင်၏ ကိုယ်ခံအားက အလွန်ပင်ကောင်းမွန်သည့်အတွက် တစ်ပတ်ကြာပြီးနောက်တွင် မှတ်ဉာဏ်များမှလွဲ ကျန်သောကိုယ်ပိုင်းဆိုင်ရာ အခြေအနေအားလုံး ပြန်ကောင်းပြီဖြစ်သဖြင့် ဆေးရုံမှ ဆေးခွင့်ရခဲ့လေသည်။ သူဆေးရုံကဆင်းသည့်နေ့တွင် အဖွားဖြစ်သူကလည်း ရောက်လာခဲ့ကာ မိမိ၏မြေးဖြစ်သူကို အရင်နေထိုင်ရာအိမ်ဆီသို့ ပြန်ခေါ်သွားချင်ခဲ့သည့်တိုင် လုထောင်က ငြင်းခဲ့ပေ၏။ သို့နှင့် သူမသည် လုထောင်ကို သူ့စိတ်တိုင်းကျ ချန်းကျင်းနှင့်အတူ နေခွင့်ပြုရုံမှအပ ဘာမျှမတတ်နိုင်ဖြစ်လေရာ နောက်ဆုံး လက်လျှော့ခဲ့ရလေတော့သည်။
ချန်းကျင်းသည် မိမိ၏အဖိုးတန်ပစ္စည်းအားလုံးကို ရောင်းချပြီးဖြစ်သဖြင့် ယခု သူ့ဆီတွင် သယ်ယူပို့ဆောင်ရန်အတွက် ကိုယ်ပိုင်ယာဉ်လည်း မရှိပါပေ။ သို့သော် ကံကောင်းစွာပင် ဖေလီက သူတို့ကို မောင်းပို့ပေးရန်အတွက် ရောက်လာခဲ့၏။ သူက ပစ္စည်းပစ္စယများကို နေရာတကျတင်ပေးရာ ချန်းကျင်းသည် အားနာသော လေသံလေးဖြင့် ဆိုလာခဲ့လေသည်။
"အလုပ်ရှုပ်စေမိပြီ တောင်းပန်ပါတယ်"
ဖေလီက အနောက်ခုံတွင်ထိုင်နေသော လုထောင်ကို တစ်ချက်လှမ်းကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေ၏။
"ကိစ္စမရှိပါဘူး ဒါက ကျွန်တော့်ရဲ့တာဝန်ပဲလေ"
ချန်းကျင်းသည် ရုတ်တရက် သူ့ကိုမေးလာခဲ့သည်။
"သူတောင် အားလပ်ရက်ရထားတာကို။ မင်းက အလုပ်သွားဖို့လိုသေးတာလား!?"
ဖေလီသည် ပြက်လုံးတစ်ခုကို ကြားလိုက်ရသလိုမျိုး ခံစားရကာ မပြုံးမိဘဲ မနေနိုင်တော့ပါပေ။
"ကျွန်တော်လည်း ဘယ်သွားချင်ပါ့မလဲ"
ခဏမျှ ဖေလီသည် ငြိမ်သက်သွားမိ၍ အဆက်အစပ်မရှိသည့် စကားတစ်ခွန်းကို ပြောလာခဲ့လေ၏။
"လွန်ခဲ့တဲ့သုံးလကျော်ကျော်လောက်က ဗိုလ်ချုပ်က ကျွန်တော့်ကို ကားတစ်စီးဝယ်ပေးဖို့ မှာထားခဲ့တာ"
ချန်းကျင်းသည် သူပြောချင်သည်ကို ရှင်းရှင်းလင်းလင်း နားမလည်ပါပေ။
ဖေလီက ဆက်ပြောလာခဲ့သည်။
"ကိုယ်ပိုင်ကားလေ"
အင်ပါယာကမ္ဘာတွင် သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ လိုင်စင်သုံးမျိုး ရှိလေ၏။
အများသုံးသယ်ယူပို့ဆောင်ရေးအတွက် လိုင်စင်
စစ်တပ်သုံးလိုင်စင်
တစ်သီးပုဂ္ဂလလိုင်စင် ဟူ၍ပင်။
လုထောင်သည်ကား ဗိုလ်ချုပ်ရာထူးနှင့် လူဖြစ်သည်။ သူ့တွင် မြေပေါ်ယာဉ်များသာမက လေပေါ်ယာဉ်များစွာလည်း ရှိလေ၏။ သို့သော် ၎င်းတို့အားလုံးက စစ်တပ်သုံးလိုင်စင်များပင်။ တိတိကျကျပြောရမည်ဆိုလျှင် ၎င်းတို့ကို သူတစ်ယောက်တည်းကသာ အသုံးပြုနိုင်ပြီး တခြားလူများ သုံးခွင့်မရှိ။ ထိုနည်းတူ သူသည် ၎င်းတို့အား ကိုယ်ပိုင်ယာဉ်ကဲ့သို့ မိမိ၏ကိုယ်ရေးကိုယ်တာအတွက်လည်း အသုံးချခွင့်မရှိပါပေ။
ဖေလီ၏ စကားကိုကြားသောအခါ ချန်းကျင်းသည် တစ်ခဏမျှ ငြိမ်သက်လို့သွားရလေ၏။
ဖေလီက ပြောပြရန် တွန့်ဆုတ်နေပုံပေါ်ကာ အချိန်အတန်ကြာမှ စကားဆိုလာခဲ့သည်။
"တကယ်တော့ အဲ့ဒီကားက လွန်ခဲ့တဲ့ဆယ်ရက်ကတည်းက ရောက်နေခဲ့တာ။ ဒါပေမဲ့ ဗိုလ်ချုပ်က ဘယ်သူ့အတွက်လို့မပြောခဲ့တော့ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဘူး။ အဲ့ဒါကြောင့် ဗိုလ်ချုပ်ကတော် အဆင်ပြေမယ်ဆိုရင် ဒီကားကို ကျွန်တော် နှစ်ယောက်သားနေအိမ်မှာ ခဏထားခဲ့လို့ရမလား"
ဖေလီက သူ့အတွက် စဉ်းစားပေး၍ ထိုကဲ့သို့ပြောလာခြင်း ဖြစ်သည့်တိုင် ချန်းကျင်းသည် အနည်းငယ် စိတ်မသက်မသာဖြစ်သွားရလေသည်။
လုထောင်သည် မိမိကိုဘယ်တုန်းကမှ မနှစ်သက်ခဲ့ဖူးသဖြင့် သူက မိမိအတွက် သေချာပေါက် တကူးတကနှင့် ကားဝယ်ပေးမည် မဟုတ်ပါပေ။
ထိုသို့ဆိုလျှင် ဤကားက မည်သူ့အတွက်များ ဖြစ်လိမ့်မည်နည်း။
"ရပါတယ် ကျေးဇူးပါပဲ"
ချန်းကျင်းသည် အနည်းငယ်ကြေကွဲသွားသလို ခံစားရကာ နှုတ်ခမ်းအလွှာကို အသာအယာကိုက်ခဲ့ မိလေ၏။ ထို့နောက်သူသည် မမေးဘဲ မနေနိုင်တော့သဖြင့် ရုတ်တရက် မေးလာခဲ့ပေသည်။
"ဒီကားက ဘယ်သူ့ကိုပေးဖို့ ရည်ရွယ်ထားတယ်လို့ ထင်လဲ။ မင်းစိတ်ထဲမှာရော တွေးမိတဲ့ လူတစ်ယောက်ယောက်မရှိဘူးလား"
လုထောင်က သူ့ကိုမချစ်သော်ငြား အကြင်သူသည် တခြားလူများကိုတော့ ချစ်နိုင်သေးသည်ပင်။ ချန်းကျင်းသည် ယခင်ကတည်းက ၎င်းဖြစ်နိုင်ခြေကို အကြိမ်များစွာ တွေးထားမိပြီးသား ဖြစ်သည့်တိုင် တကယ်တမ်း ကြုံလာရသောအခါ နှလုံးသားထဲတွင် နာကျင်ခံစားနေရသေးလေ၏။
ဖေလီ၏အကြည့်များက တည်ငြိမ်နေကာ လေသံကလည်း တည်ငြိမ်နေဆဲပင်။
"ကျွန်တော်မသိပါဘူး။ တောင်းပန်ပါတယ် ဗိုလ်ချုပ်ကတော်"
[ TN : ဇာတ်လမ်းအရှေ့အကြောင်းနဲ့ပတ်သက်ပြီး ဖြေပေးရင် spoiler သဘောမျိုး ဖြစ်မှာစိုးလို့ မဖြေတော့ပါဘူးနော် ╥﹏╥ ]
Zawgyi
အခ်စ္ၿပိဳင္ဖက္လား မဟာမိတ္လား!?
အိုက္ရႊယ္သည္ ခ်န္းက်င္း၏စကားကို ၾကားေသာအခါ နည္းနည္းမွ် အံ့ဩသြားျခင္းမ႐ွိပါဘဲ ထိုအစား သူက တခစ္ခစ္ပင္ ရယ္လာေသးေလ၏။
"ကြၽန္ေတာ္ထင္သားပဲ"
သူသည္ အိပ္ရာေပၚတြင္ထိုင္ေနေသာ လုေထာင္ကို လွည့္ၾကည့္ရင္း
"ၾကည့္ရတာ ကြၽန္ေတာ့္ရဲ႕အစ္ကိုႀကီးက ကြၽန္ေတာ္တို႔ပဲ စကားေျပာေနလို႔ သိပ္မေပ်ာ္မရႊင္ ျဖစ္ေနတဲ့ပံုပဲေနာ္"
ခ်န္းက်င္းသည္ လုေထာင္ကို ၾကည့္လာခဲ့ရာ အမွန္တကယ္ပင္ သူသည္ မေပ်ာ္မရႊင္ျဖစ္ေနေၾကာင္း ျမင္လိုက္ရေလသည္။ မွတ္ဉာဏ္မ်ား ေပ်ာက္ဆံုးသြားၿပီးေနာက္ အရင္ကအျမဲတမ္းနီးပါး ခက္ထန္ေနခဲ့ေသာ သူ၏မ်က္ႏွာသည္ ယခုအခါ ပို၍ ခံစားခ်က္မ်ားကို ထုတ္ေဖာ္ျပလာတတ္သျဖင့္ အနည္းငယ္ အသစ္အဆန္း ျဖစ္ေနသလိုပါပင္။
သို႔သည့္တိုင္ ခက္ထန္သည့္မ်က္ႏွာကိုသာ ေနသားက်ခဲ့သည့္ ခ်န္းက်င္းကမူ ၎ႏွင့္ အနည္းငယ္ စိမ္းသက္ေနသလို ခံစားရေလသည္။
သူသည္ ကုတင္အနားသို႔ ေလွ်ာက္လာခဲ့ၿပီး လုေထာင္၏ မေက်မနပ္ျဖစ္ေနေသာ မ်က္ဝန္းမ်ားကို ႏူးညံ့စြာစိုက္ၾကည့္ကာ ေတာင္းပန္စကား ဆိုလာခဲ့၏။
"ေတာင္းပန္ပါတယ္ေနာ္ အၾကာႀကီး ေစာင့္လိုက္ရလား!?"
ခ်န္းက်င္းသည္ ၎ေမးခြန္းကို ေမးၿပီးခါမွ ေနာင္တရသြားမိ၏။ ဤအေမးစကားက သူႏွင့္ မလိုက္ဖက္သလို ခံစားရသည့္အတြက္ပင္။
လုေထာင္က သူ႔ကို ဘယ္တုန္းကမွ မေစာင့္ခဲ့ဖူးတာ!!
သူကသာ တစ္ခ်ိန္လံုး တစ္ဖက္လူကို လိုက္ေနခဲ့ျခင္းျဖစ္ၿပီး အဆံုးထိ ထိုလူႏွင့္ နည္းနည္းေလးမွ် နီးစပ္မလာခဲ့ဖူးပါေပ။ ထိုအစား တျဖည္းျဖည္းသာ ေဝးကြာသြားခဲ့ရေလ၏။
လုေထာင္သည္ အနည္းငယ္ မေက်မနပ္ျဖစ္ေနေသးသည့္ပံုႏွင့္ သူ႔ကိုၾကည့္လာခဲ့ၿပီး တစ္ဖက္လူကို အံ့ဩေစႏိုင္သည့္ စကားတစ္ခြန္းကို ဆိုခဲ့ေပသည္။
"ကိုယ္မင္းကို အၾကာႀကီးေစာင့္ေနခဲ့ရတာ"
သူသည္ ေျပာရင္းဆိုရင္းပင္ ခ်န္းက်င္း၏အက်ႌအနားစကို လက္ျဖင့္ဆြဲကိုင္လာခဲ့ၿပီး ကေလးတစ္ေယာက္လို ဟိုယမ္းဒီယမ္း လုပ္ေနခဲ့ေလ၏။
"မနက္ေစာေစာစီးစီးလည္း မဟုတ္ေတာ့တာကို။ ဒီတိုင္း ကိုယ့္ဆီ ျမန္ျမန္ေလး လာေပးလို႔မရဘူးလား!? အခုေတာ့ၾကည့္ ကိုယ့္ဆီအရင္ဆံုးလာတဲ့လူက မင္းမဟုတ္ေတာ့ဘူး"
သူ၏အမူအရာက အေတာ္ေလးကို မယံုၾကည္ႏိုင္စရာေကာင္းေနသျဖင့္ ခ်န္းက်င္းသည္ မ်က္လံုးျပဴးမတတ္ အံ့ဩသြားမိသည့္တိုင္ တစ္ဖက္မွ အိုက္ရႊယ္ကမူ ေပ်ာ္ရႊင္စြာျပံဳးလာလ်က္ ၎ျမင္ကြင္းကို ဟာသဇာတ္ကြက္တစ္ခုလို ၾကည့္ေနခဲ့သည္ပင္။ ခ်န္းက်င္းသည္ အတန္ၾကာ အံ့အားသင့္ေနခဲ့ရၿပီး မ်က္ႏွာတစ္ျပင္လံုး နီျမန္းလာရကာ ကပ်ာကယာႏွင့္ မိမိယူလာေသာ ပစၥည္းကို ထုတ္ယူလိုက္ေတာ့ေလသည္။
"ကြၽန္ေတာ္ စြပ္ျပဳတ္လုပ္ေပးလာတယ္ အခုစားမလား!?"
လုေထာင္၏အၾကည့္ဒဏ္မ်ားကို ထပ္၍မခံႏိုင္သျဖင့္ သူသည္ အလ်င္အျမန္ပင္ အဖံုးကိုဖြင့္လိုက္ကာ သူ႔ေ႐ွ႕သို႔ ခ်ေပးခဲ့၏။
အဖံုးကိုဖြင့္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ငါးစြပ္ျပဳတ္၏ အနံ႔ေမႊးေမႊးက အျပင္သို႔ ပ်ံ့ႏွံ႔လာခဲ့ေပသည္။ ထို႔အျပင္ အျဖဴႏွင့္အနီစပ္ထားသည့္ အေရာင္အဆင္းကလည္း ျမင္ရသူကို စားခ်င္စိတ္ ျဖစ္လာေစသည္ပင္။ ခ်န္းက်င္းသည္ သူ႔ကို ဇြန္းတစ္ေခ်ာင္းေပးလိုက္၏။
"ျမည္းၾကည့္ေလ အရမ္းေတာ့ အရသာမေကာင္းေလာက္ဘူး။ တကယ္လို႔ အရမ္းပူေနေသးရင္ မႈတ္ေသာက္ေနာ္"
႐ုတ္ခ်ည္းပင္ သူသည္ အနား၌အိုက္ရႊယ္ကလည္း ရပ္ေနေသးေၾကာင္း ေတြးမိသျဖင့္ အလ်င္အျမန္ ေမးလာခဲ့ေလသည္။
"အာ မစၥတာ ႐ိုင္ဂ်ယ္ေရာ ျမည္းၾကည့္ပါဦးလား"
အိုက္ရႊယ္သည္ မူလအစက ၎စြပ္ျပဳတ္ကို ျမည္းၾကည့္ခ်င္စိတ္မ႐ွိသည့္တိုင္ လုေထာင္၏ လက္တြဲေဖာ္က ေမးလာေသာအခါ သူသည္ စိတ္ေျပာင္းသြား၍ ႐ွက္ျပံဳးေလးျပံဳးရင္း ဆိုလာခဲ့၏။
"တကယ္ပဲ ကြၽန္ေတာ္ ျမည္းၾကည့္လို႔ရတာလား!? ဒါဆိုရင္ေတာ့ မစၥတာခ်န္းကို အရမ္းေက်းဇူးတင္ပါတယ္ဗ်ာ"
ခ်န္းက်င္းသည္ အနည္းငယ္ အံ့ဩသြားမိေသာ္ျငား ခ်က္ခ်င္းပင္ သူ႔ကိုျပန္ေျဖလာခဲ့၏။
"အာ ကိစၥမရွိပါဘူး"
အိုက္ရႊယ္၏ပံုစံက ေကြ်းသမွ်အစားအစာကို လက္လြတ္စပယ္ စားတတ္သည့္ပံု မေပါက္ပါသျဖင့္ ခ်န္းက်င္းသည္ သူက တကယ္ႀကီး ေခါင္းၿငိမ့္လာလိမ့္မည္ဟု ထင္မထားခဲ့။ သို႔ေသာ္ မိမိကစကားကြၽံထားၿပီး ျဖစ္သျဖင့္ ျပန္႐ုတ္သိမ္း၍မရပါေပ။ စြပ္ျပဳတ္အလံုအေလာက္ ယူလာခဲ့မိေသာေၾကာင့္ ေတာ္ေသးတာေပါ့ ဟုသာ တိတ္တိတ္ေလး သက္ျပင္းခ်မိေလေတာ့၏။ သူက အဆင္ေျပေနခဲ့သည့္တိုင္ တစ္ဖက္မွ လုေထာင္ကမူ လံုးဝကို အဆင္ေျပမေနခဲ့ပါေပ။
သူသည္ ခ်န္းက်င္းက အိုက္ရႊယ္ဆီသို႔ စြပ္ျပဳတ္ပန္းကန္ ခ်ေပးသည္ကို မ်က္ေတာင္မခတ္ စိုက္ၾကည့္လ်က္ မ်က္ဝန္းမ်ားကမူ အလိုမက်မႈမ်ား ျပည့္ႏွက္ေနသလိုပါပင္။ ခ်န္းက်င္းက စြပ္ျပဳတ္ကို တစ္ဖက္လူခြက္ထဲ ဇြန္းျဖင့္ ထည့္ေပးလာသည့္အႀကိမ္တိုင္း သူသည္ ၎ဇြန္း၏ သြားရာလမ္းေၾကာင္းကို အစအဆံုး လိုက္ၾကည့္ေနခဲ့သျဖင့္ ခ်န္းက်င္းသည္ အိုက္ရႊယ္၏ပန္းကန္လံုးထဲသို႔ အနည္းငယ္မွ်ပင္ ထည့္ေပးလိုက္ၿပီး ရပ္လိုက္ရေလ၏။ လုေထာင္၏ အျပဳအမူမ်ားက မသိလွ်င္ သူကိုယ္တိုင္က ကေလးတစ္ေယာက္ျဖစ္ကာ မိမိတို႔ႏွစ္ေယာက္က သူ႔ဆီမွမုန္႔ကို လုစားေနသလိုမ်ိဳး ျဖစ္ေနသည္ပင္။
အိုက္ရႊယ္သည္ စိတ္မခုပါဘဲ ညင္ညင္သာသာ ျပံဳးျပလာ၏။ သို႔သည့္တိုင္ သူ႔မ်က္ဝန္းမ်ားထဲတြင္ တစ္ခုခုကို စိတ္ဝင္စားသည့္ အေငြ႔အသက္တို႔က အထင္းသား ႐ွိေနေလသည္။ ခ်န္းက်င္းသည္ ႐ွက္ရြံ႔စြာျဖင့္ တိုးတိုးေလး ဆိုလာခဲ့၏။
"ႏွစ္ေယာက္သား ျမည္းၾကည့္ၾကပါဦး.."
သူတို႔ႏွစ္ေယာက္လံုးသည္ တစ္ခ်ိန္တည္းမွာပင္ စြပ္ျပဳတ္တစ္ဇြန္းကို ခပ္စားလိုက္မိ၍ ထို႔ေနာက္ ထပ္ၿပီး တစ္ခ်ိန္တည္းမွာပင္ "အရသာ႐ွိတယ္" ဟု ၿပိဳင္တူ ေျပာမိသြားၾကေလသည္။ ခ်န္းက်င္းသည္ မယံုၾကည္ႏိုင္ေလာက္ေအာင္ အံ့ဩခဲ့ရ၏။ လုေထာင္က မိမိ၏လက္ရာကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စားသံုးေနသည္ကိုၾကည့္ရင္း သူ႔ႏွလံုးသားတစ္ခုလံုး တင္းၾကပ္သြားရသလို ခံစားလာရေပသည္။
"တကယ္ပဲ အရသာ႐ွိတာလားဟင္"
႐ုတ္ခ်ည္းပင္ သူသည္ မိမိ၏ အမ်ိဳးသားျဖစ္သူ လုေထာင္ဆီမွ ထိုကဲ့သို႔ေသာ ခ်ီးမြမ္းစကားမ်ိဳး ၾကားခ်င္သည့္အတြက္ ဟင္းခ်က္စသင္ခဲ့ျခင္း ျဖစ္ေၾကာင္း အမွတ္ရသြားေပ၏။ သို႔သည့္တိုင္ ထိုအခ်ိန္က သူသည္ အျမဲတမ္းနီးပါး ၎ကိုဆႏၵ႐ွိေနခဲ့ျခင္းမ်ိဳး မဟုတ္သည့္အျပင္ စိတ္႐ွည္သည္းခံမႈလည္း မ႐ွိခဲ့ေသာေၾကာင့္ တစ္ဝက္တစ္ပ်က္ႏွင့္ပင္ လက္ေလွ်ာ့ခဲ့ရဖူးေလ၏။
လုေထာင္က ေခါင္းၿငိမ့္ျပလာရင္း ဒုတိယတစ္ဇြန္းကို ကုန္စင္ေအာင္ ေသာက္လိုက္ကာ ဆိုလာသည္။
"တကယ္အရမ္းအရသာ႐ွိတယ္"
အိုက္ရႊယ္ကလည္း ျပံဳးရင္း ဆိုလာ၏။
"တကယ္အရသာ႐ွိတာပါ မစၥတာခ်န္းရဲ႕ လက္ရာက တကယ္အမိုက္စားပဲ!"
ထို႔ေနာက္ သူသည္ စြပ္ျပဳတ္ကို ကုန္စင္ေအာင္ ေသာက္လိုက္၍ ေဘးဘက္သို႔ လွည့္ၾကည့္လာခဲ့ရာ မိမိကို မမွိတ္မသုန္ စိုက္ၾကည့္ေနသည့္ လုေထာင္ကို ေတြ႔လိုက္ရေလ၏။ အိုက္ရႊယ္က စိတ္ထဲမွာပင္ တစ္ခ်က္မွ်ရယ္မိ၍ သူတို႔ကို စကားဆိုလာခဲ့သည္။
"ကဲ ဒါဆို ကြၽန္ေတာ္ ဒီေလာက္နဲ႔ပဲ ျပန္ပါေတာ့မယ္။ ၾကည့္ရတာ ဗိုလ္ခ်ဳပ္က ကြၽန္ေတာ့္ကို ဒီအခန္းထဲမွာ ဆက္႐ွိမေနေစခ်င္ေတာ့တဲ့ပံုပဲ"
ခ်န္းက်င္းက အားနာစြာျဖင့္ ကပ်ာကယာဆို၏။
"ဘယ္လိုလုပ္ၿပီး အဲ့ဒီလိုျဖစ္ႏိုင္မွာလဲ.."
"ကြၽန္ေတာ္ခံစားလို႔ရတယ္"
အိုက္ရႊယ္က သေဘာက်စြာျဖင့္ ျပံဳးရယ္လာခဲ့ေပသည္။
"အခု ဗိုလ္ခ်ဳပ္က ကြၽန္ေတာ့္ကို မမွတ္မိဘူးဆိုေပမဲ့လည္း ဒီလိုပံုစံေလးက အရင္ကထက္ပိုၿပီး ခ်စ္ဖို႔ေကာင္းတယ္လို႔ ထင္မိတယ္"
သူ႔စကားကို ၾကားၾကားခ်င္း ခ်န္းက်င္းသည္ ေၾကာင္သြားမိေပ၏။ သူ၏ႏွလံုးသားထဲတြင္ေတာ့ အခ်က္ေပးေခါင္းေလာင္းသံႀကီးက က်ယ္ေလာင္စြာ ျမည္ဟီးေနသလိုမ်ိဳးပင္။
"ခ်စ္ဖို႔ေကာင္းတယ္ ဟုတ္လား"
"အင္း ခ်စ္ဖို္႔ေကာင္းတယ္"
အိုက္ရႊယ္က လုေထာင္ကို လက္ယမ္းျပလာ၍
"ကြၽန္ေတာ္သြားေတာ့မယ္ အစ္ကုိႀကီး။ ေနာက္တစ္ေခါက္မွ ထပ္ၿပီးေတြ႔မယ္ေနာ္"
လုေထာင္က သူ႔ကို ဘာမွျပန္ေျပာမလာဘဲ မ်က္ေမွာင္ၾကဳတ္လ်က္ စိုက္ၾကည့္ေနခဲ့သည့္တိုင္ အိုက္ရႊယ္က စိတ္ထဲမထားသည့္ပံုပါပင္။ သူသည္ တံခါးဆီသို႔ ေျခလွမ္းအနည္းငယ္မွ် ေလွ်ာက္သြားၿပီးခါမွ တစ္ခုခုကိုေတြးလိုက္မိ၍ ႐ုတ္တရက္ရပ္သြားကာ:
"ဪ ဒါနဲ႔ မစၥတာခ်န္း။ တကယ္လို႔မ်ား ဗိုလ္ခ်ဳပ္ ေဆးရံုကဆင္းတဲ့အခ်ိန္က်ရင္ေလ အိမ္ကို ကြၽန္ေတာ္အလည္လာလို႔ရမလားဗ်"
ခ်န္းက်င္းက အျမန္ပင္ ေခါင္းၿငိမ့္ျပလာခဲ့သည္။
"ရပါတယ္!"
အိုက္ရႊယ္ထြက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ လုေထာင္သည္ မိမိတို႔ၾကားထဲမွ ကန္႔လန္႔ျဖစ္ေနေသာ အ႐ႈပ္ထုတ္တစ္ခု ႐ွင္းသြားသလိုခံစားရကာ စြပ္ျပဳတ္ေသာက္ေနသည့္ သူ၏လႈပ္႐ွားမႈမ်ားသည္ တျဖည္းျဖည္း ညင္သာ၍သိမ္ေမြ႔လာခဲ့ေပသည္။ လုမိသားစုသည္လည္း ဤကမာၻတြင္ ၾကာျမင့္စြာေနထိုင္လာခဲ့ေသာ ေဒသခံမိသားစုတစ္စုျဖစ္သည္ပင္။ သို႔ေသာ္ သူတို႔၏သက္တမ္းက ႐ိုင္ဂ်ယ္ မိသားစုထက္ မမ်ားသကဲ့သို႔ ဤကမာၻတြင္ အစဥ္အျမဲေနထိုင္ခြင့္လည္း မ႐ွိပါေပ။ သူ၏အဖိုးျဖစ္သူ ဆံုးပါးသြားသည့္ေနာက္ လုမိသားစု၏ ေနာက္ဆံုးေသာ ရာထူးဂုဏ္ပုဒ္က ေပ်ာက္႐ွသြားခဲ့ရေလသည္။ က်န္ရစ္ခဲ့ေသာ မိသားစုဝင္မ်ားကလည္း သာမန္လူမ်ားျဖစ္ေနခဲ့ရာ ပ်မ္းမွ်ဝင္ေငြပမာဏေအာက္ေလ်ာ့ပါက တျခားကမာၻဆီသို႔ ႏွင္ထုတ္ခံရမည္ျဖစ္၏။ သို႔ေသာ္ ၎ျပႆနာသည္ကား လုေထာင္ အရာ႐ွိျဖစ္မလာခင္အထိသာ ၾကာျမင့္ခဲ့ရသည္။
ထို႔ကဲ့သို႔ေသာ အစဥ္အလာႀကီးသည့္ မိသားစုမွ ေမြးဖြားလာသည့္အတြက္ လုေထာင္သည္ ငယ္စဥ္ကတည္းကစ က်င့္ဝတ္မ်ားကို ေလ့လာခဲ့ရေပ၏။
သူသည္ စြပ္ျပဳတ္ကို ကုန္ေအာင္ေသာက္ၿပီးသြားသည့္ေနာက္ အိပ္ေပ်ာ္ေနရာမွ ႏိုးလာသူကဲ့သို႔ ခ်က္ခ်င္းပင္ စကားဆိုလာေတာ့သည္။
"ဘာလို႔ သူ႔ကို အိမ္လာလည္ဖို႔ ခြင့္ျပဳလိုက္တာလဲ?"
သူသည္ ႐ုတ္တရက္မ်က္ခံုးမ်ားကို တြန္႔ေကြးလ်က္ အလြန္သတိႀကီးသည့္ ပံုစံႏွင့္ ဆိုလာေလ၏။
"ကိုယ့္ေနာက္ကြယ္မွာ ေဖာက္ျပန္မလို႔လား"
အစက ခ်န္းက်င္းသည္ ပစၥည္းပစၥယမ်ားကို ျပန္လည္ထုပ္သိမ္းေနခဲ့ျခင္းျဖစ္၏။ မေမွ်ာ္လင့္စြာပင္ လုေထာင္၏စကားမ်ားကို ၾကားလိုက္ရသည့္အခါ လက္ထဲမွသိမ္းလက္စ ဇြန္းတစ္ေခ်ာင္းပင္ ေအာက္သို႔ ခြၽင္ခနဲ က်သြားရေလသည္။ သူသည္ ၎ကိုအလ်င္အျမန္ ေကာက္ယူလိုက္ကာ မ်က္ႏွာကမူ နီျမန္းလာရေတာ့၏။ ေဒါသေၾကာင့္ေလာ ႐ွက္ရြံမႈေၾကာင့္ေလာ မသဲကြဲႏိုင္ခဲ့ပါေပ။
"ကြၽန္ေတာ္ တစ္ခါမွ အဲ့ဒီလိုမလုပ္ဖူးဘူး!"
ထို႔ေနာက္ သူက ဆက္ေျပာလာခဲ့သည္။
"ဒုဗိုလ္ခ်ဳပ္ ႐ိုင္ဂ်ယ္က ခင္ဗ်ားကိုေတြ႔ဖို႔ အိမ္အလည္လာမယ္လို႔ ေျပာသြားတာေလ! ကြၽန္ေတာ္နဲ႔မွ မဆိုင္တာ"
"ဒါေပမဲ့ ကိုယ္သေဘာမတူဘူးေလ"
"ဒါေပမဲ့ တစ္ဖက္လူက ဒီလိုမ်ိဳး ယဥ္ယဥ္ေက်းေက်း ေတာင္းဆိုတာကို ဘာအေၾကာင္းျပခ်က္မွမ႐ွိဘဲ ျငင္းလိုက္ရင္ ႐ိုင္းရာက်မွာေပါ့"
ေနာက္ဆံုးတြင္မူ ခ်န္းက်င္းသည္ မိမိ၏ပစၥည္းမ်ားကို သိမ္းဆည္းၿပီးသြားၿပီ ျဖစ္၏။ သို႔သည့္တိုင္ သူ႔မ်က္ႏွာက နီရဲေနဆဲပင္။ ႐ုတ္တရက္သူသည္ လုေထာင္က ဘယ္လိုလုပ္ၿပီးမ်ား ေဖာက္ျပန္သည္ဟူေသာ အသံုးကို သံုးရက္ရပါသနည္းဟု စဥ္းစားေနမိေတာ့၏။ အကယ္၍မ်ား မိမိတို႔ထဲက တစ္ေယာက္က ေဖာက္ျပန္ခဲ့ဖူးမည္ဆိုလွ်င္ေတာင္ ထိုလူသည္ လုေထာင္ပင္ ျဖစ္လိမ့္မည္ မဟုတ္ပါလား!?
အစကတည္းက မိမိသည္ လုေထာင္ဆီမွ အျပည့္အဝဆြဲေဆာင္ခံလိုက္ရၿပီးၿပီပင္။ သူသည္ ဘယ္တုန္းကမွ် တျခားေယာက်္ားေလးမ်ားႏွင့္ ေဖာက္ျပန္ဖို႔ေနေနသာသာ အေရာတဝင္ေနဖို႔ပင္ မေတြးခဲ့မိဖူးပါေပ။
လုေထာင္သည္ သူ၏ light screen ကို ေလေပၚတင္လိုက္၍ အရြယ္အစားကိုခ်ဲ့ကာ ၾကည့္ေနခဲ့ျခင္းျဖစ္ေသာေၾကာင့္ ခ်န္းက်င္းသည္ သူ႐ွာေနသည့္အေၾကာင္းအရာမ်ားကို အစအဆံုးျမင္ေတြ႔ေနရေလသည္။ သူသည္ ေသခ်ာၾကည့္မိေလ ပို၍အံ့ဩလာရေလျဖစ္၏။ အဘယ္ေၾကာင့္ဆိုေသာ္ လုေထာင္ ႐ွာေနသည္ကား အိမ္ေထာင္ေရးရာ အခ်စ္ေရးႏွင့္ ပတ္သက္သည့္ ကိစၥမ်ား ျဖစ္ေနေသာေၾကာင့္ပင္။
--အင္ပါယာကမာၻ၏ လက္ထပ္ျခင္းဥပေဒ
--ခုနစ္ႏွစ္ၾကာ လက္ထပ္ၿပီးခဲ့သည့္တိုင္ ရင္ေသြးမ႐ွိရျခင္း၏ အေၾကာင္းအရင္း
--ေဖာက္ျပန္ျခင္းကိစၥအေၾကာင္း
--ေဖာက္ျပန္ခ်င္လွ်င္ ေပၚေပါက္လာတတ္ေသာ လကၡဏာမ်ား
--မိမိ၏လက္တြဲေဖာ္ ေက်နပ္ႏိုင္ေစရန္ မည္ကဲ့သို႔ ျပဳစုေပးသင့္ေၾကာင္း
၎ေနာက္မွ အေၾကာင္းအရာမ်ားသည္ အလိုအေလ်ာက္ပင္ အေ႐ွ႕ေမးခြန္းႏွင့္ သက္ဆိုင္သည္မွန္သမွ်ကို ေဖာ္ျပလာေပေတာ့၏။
-တစ္ဖက္လူ ေက်နပ္ေအာင္ မည္ကဲ့သို႔ ခ်စ္ေပးသင့္ေၾကာင္း
-႐ွားပါးမ်ိဳးစိတ္မ်ား၏ ခံစားအလြယ္ဆံုးသည္ကား မည္သည့္ေနရာမ်ား ျဖစ္ေၾကာင္း
-႐ွားပါးမ်ိဳးစိတ္ဆိုသည္မွာ မည္သို႔ေသာေယာက်္ားမ်ိဳးကို ဆိုလိုေၾကာင္း..
အစ႐ွိသျဖင့္ screen တစ္ေလွ်ာက္ တသီတတန္းႀကီး ေပၚလာေလ၏။
ခ်န္းက်င္းသည္ ၾကည့္ေနရင္း ႐ွက္ရြံလာသလိုခံစားရကာ တစ္ဖက္သို႔အၾကည့္လႊဲလိုက္ေလသည္။ ခဏအၾကာမွ သူက တိုးတိုးေလး ေမးလာခဲ့၏။
"ခင္ဗ်ား ဘာေတြေလွ်ာက္ၾကည့္ေနတာလဲ..."
"ေဒါက္တာကေျပာတယ္ ကိုယ္ကအခု မွတ္ဉာဏ္ေတြေပ်ာက္ေနတာမို႔ သိတဲ့အရာေတြ နည္းေကာင္းနည္းႏိုင္တယ္တဲ့။ ဒါေၾကာင့္ ကိုယ္ေလ့လာၾကည့္ေနတာ"
သူက ပံုမွန္အတိုင္း ျပန္ေျဖရင္း အနားမွ ပစၥည္းတစ္ခုကို ေကာက္ကိုင္လိုက္ကာ ခ်န္းက်င္းကို ဥပမာအေနျဖင့္
ေမးလိုက္ေလ၏။
"ဒါကိုဘယ္လိုေခၚတာလဲ"
ခ်န္းက်င္းက ခဏမွ် ေၾကာင္သြားမိသည္။
"အသီးမဟုတ္ဘူး"
၎သည္ ဘယ္ရီသီးလိုပံုစံမ်ိဳး႐ွိ၍ ေရဓာတ္ႂကြယ္ဝေလသည္။ အရည္ရႊမ္း၍ ခ်ိဳလည္းခ်ိဳ၏။ အသီးလိုမ်ိဳးပင္ျဖစ္ကာ လူတိုင္းနီးပါးကလည္း ၎ကို သေဘာက်ၾကသည္။
လုေထာင္က ဆိုလာခဲ့၏။
"ၾကည့္ပါ့လား မင္းက ဒီဟာကိုဘယ္လိုေခၚလဲ သိေပမဲ့ ကိုယ္ကမသိဘူးေလ"
သူသည္ သူ႔အေ႐ွ႕မွ light screen ကိုတစ္ခ်က္ႏွိပ္လိုက္၍
"ဒီလိုထိခိုက္ဒဏ္ရာရၿပီးမွ ကိုယ္ေတြးလာမိတာ။ ျပန္ေကာင္းဖို႔အတြက္ ၆ လျဖစ္ျဖစ္ ၈ လျဖစ္ျဖစ္ ၾကာမယ္ဆိုရင္ေတာင္ အဲ့ဒီအေတာအတြင္း ကိုယ့္အေနနဲ႔ ဘာမွမသိတဲ့လူလိုမ်ိဳး ဦးေႏွာက္ဗလာနဲ႔ ေနလို႔မျဖစ္ဘူးေလ။ ကိုယ္ သိသင့္တာေတြကို သိထားရမွာေပါ့။ ေနာက္ၿပီး ကိုယ့္အတြင္းေရးမႈးဆိုတဲ့လူက ေျပာတယ္။ ကိုယ္တို႔က လက္တြဲေဖာ္ေတြျဖစ္တဲ့အတြက္ ကိုယ့္ရဲ႕လက္က်န္အခ်ိန္ေတြကို မင္းနဲ႔ပဲ အတူကုန္ဆံုးရမွာတဲ့။ အဲ့ဒါေၾကာင့္မို႔ မင္းနဲ႔အတူေနထိုင္ဖို႔အတြက္ ကိုယ္သိသင့္တာေတြကို ေလ့လာေနတာေလ"
သူက ထပ္ေျပာလာခဲ့ေပ၏။
"ေနာက္ၿပီး ေဖလီကလည္း ကိုယ့္ကို အၿငိမ္းစားအားလပ္ခြင့္အေၾကာင္း ႐ွင္းျပထားေသးတယ္ သူ,မ႐ွင္းျပရင္ ကိုယ္နားလည္မွာမဟုတ္ဘူး"
ခ်န္းက်င္းသည္ သူ႔ကို မ်က္လံုးဝိုင္းေလးမ်ားျဖင့္ ၾကည့္ေနခဲ့ေလသည္။ လုေထာင္က အဆံုးသတ္အေနျဖင့္ စကားဆိုလာခဲ့၏။
"အဲ့ဒီေတာ့ အခုထိ ကိုယ့္ကို ဒီလိုအေၾကာင္းအရာေတြ ၾကည့္ဖို႔မသင့္ဘူးလို႔ ထင္ေနေသးတာလား"
ခ်န္းက်င္းသည္ လုေထာင္၏ေျပာစကားတို႔ေအာက္၌ လံုးဝအညႇိဳ႕ခံလိုက္ရသည့္အတိုင္း ဘာမွ်ျပန္မေျပာႏိုင္ခဲ့ပါေတာ့ေပ။ လုေထာင္က သူ႔ကို မ်က္ခံုးပင့္လ်က္ ၾကည့္လာခဲ့သည္။
"ဒါမွမဟုတ္ မင္းကိုယ့္ကို သင္ေပးမလား"
သူသည္ ၎စကားကို တိုးတိုးေလးေျပာလာပံုမွာ မသိလွ်င္ တျခားအဓိပၸါယ္ ပါေနသလိုမ်ိဳးပင္။ လုေထာင္၏အသံက သံလိုက္ဓာတ္အျပည့္ႏွင့္ ဆြဲငင္အားေကာင္းလွေသာေၾကာင့္ ခ်န္းက်င္းသည္ သူ႔အသံကို ၾကားၿပီးသည့္ေနာက္ တမဟုတ္ခ်င္း မ်က္ႏွာတစ္ျပင္လံုး နီျမန္းသြားရေတာ့၏။
သို႔ႏွင့္ ခ်န္းက်င္းသည္ ထိုေန႔တစ္ေန႔လံုးနီးပါး လုေထာင္၏အနားတြင္ေနရင္း တစ္ဖက္လူေမးသမွ်ကို ေျဖကာ မ႐ွင္းသည့္ကိစၥရပ္မ်ားကို ေသခ်ာနားလည္သည္အထိ ရွင္းျပခဲ့ရေလသည္။ ခ်စ္ရသူႏွင့္ အတူအခ်ိန္ျဖဳန္းရေသာေၾကာင့္ မၾကာခဏ ခ်န္းက်င္း၏မ်က္ႏွာျပင္သည္ နီရဲလာရကာ ေနာက္ဆံုး ခြဲခြာအနမ္းေပးခဲ့သည့္တိုင္ ခုန္ေနေသာႏွလံုးသားကို မထိန္းခ်ဳပ္ႏိုင္ခဲ့ပါေပ။ ထို႔ေနာက္ သူသည္ ထံုးစံအတိုင္းပင္ ဘတ္စ္ကားစီး၍ အိမ္ျပန္လာခဲ့ကာ ညအခါ၌ ေအာ္ဒါကို စတင္၍ခ်ဳပ္လုပ္ေလေတာ့၏။
ဗိုလ္ခ်ဳပ္လုေထာင္၏ ကိုယ္ခံအားက အလြန္ပင္ေကာင္းမြန္သည့္အတြက္ တစ္ပတ္ၾကာၿပီးေနာက္တြင္ မွတ္ဉာဏ္မ်ားမွလြဲ က်န္ေသာကိုယ္ပိုင္းဆိုင္ရာ အေျခအေနအားလံုး ျပန္ေကာင္းၿပီျဖစ္သျဖင့္ ေဆးရံုမွ ေဆးခြင့္ရခဲ့ေလသည္။ သူေဆးရံုကဆင္းသည့္ေန႔တြင္ အဖြားျဖစ္သူကလည္း ေရာက္လာခဲ့ကာ မိမိ၏ေျမးျဖစ္သူကို အရင္ေနထိုင္ရာအိမ္ဆီသို႔ ျပန္ေခၚသြားခ်င္ခဲ့သည့္တိုင္ လုေထာင္က ျငင္းခဲ့ေပ၏။ သို႔ႏွင့္ သူမသည္ လုေထာင္ကို သူ႔စိတ္တိုင္းက် ခ်န္းက်င္းႏွင့္အတူ ေနခြင့္ျပဳရံုမွအပ ဘာမွ်မတတ္ႏိုင္ျဖစ္ေလရာ ေနာက္ဆံုး လက္ေလွ်ာ့ခဲ့ရေလေတာ့သည္။
ခ်န္းက်င္းသည္ မိမိ၏အဖိုးတန္ပစၥည္းအားလံုးကို ေရာင္းခ်ၿပီးျဖစ္သျဖင့္ ယခု သူ႔ဆီတြင္ သယ္ယူပို႔ေဆာင္ရန္အတြက္ ကိုယ္ပိုင္ယာဥ္လည္း မ႐ွိပါေပ။ သို႔ေသာ္ ကံေကာင္းစြာပင္ ေဖလီက သူတို႔ကို ေမာင္းပို႔ေပးရန္အတြက္ ေရာက္လာခဲ့၏။ သူက ပစၥည္းပစၥယမ်ားကို ေနရာတက်တင္ေပးရာ ခ်န္းက်င္းသည္ အားနာေသာ ေလသံေလးျဖင့္ ဆိုလာခဲ့ေလသည္။
"အလုပ္႐ႈပ္ေစမိၿပီိ ေတာင္းပန္ပါတယ္"
ေဖလီက အေနာက္ခံုတြင္ထိုင္ေနေသာ လုေထာင္ကို တစ္ခ်က္လွမ္းၾကည့္ရင္း တည္တည္ျငိမ္ျငိမ္ျဖင့္ ျပန္ေျဖ၏။
"ကိစၥမရွိပါဘူး ဒါက ကြၽန္ေတာ့္ရဲ႕တာဝန္ပဲေလ"
ခ်န္းက်င္းသည္ ႐ုတ္တရက္ သူ႔ကိုေမးလာခဲ့သည္။
"သူေတာင္ အားလပ္ရက္ရထားတာကို။ မင္းက အလုပ္သြားဖို႔လိုေသးတာလား!?"
ေဖလီသည္ ျပက္လံုးတစ္ခုကို ၾကားလိုက္ရသလိုမ်ိဳး ခံစားရကာ မျပံဳးမိဘဲ မေနႏိုင္ေတာ့ပါေပ။
"ကြၽန္ေတာ္လည္း ဘယ္သြားခ်င္ပါ့မလဲ"
ခဏမွ် ေဖလီသည္ ၿငိမ္သက္သြားမိ၍ အဆက္အစပ္မ႐ွိသည့္ စကားတစ္ခြန္းကို ေျပာလာခဲ့ေလ၏။
"လြန္ခဲ့တဲ့သံုးလေက်ာ္ေက်ာ္ေလာက္က ဗိုလ္ခ်ဳပ္က ကြၽန္ေတာ့္ကို ကားတစ္စီးဝယ္ေပးဖို႔ မွာထားခဲ့တာ"
ခ်န္းက်င္းသည္ သူေျပာခ်င္သည္ကို ႐ွင္း႐ွင္းလင္းလင္း နားမလည္ပါေပ။
ေဖလီက ဆက္ေျပာလာခဲ့သည္။
"ကိုယ္ပိုင္ကားေလ"
အင္ပါယာကမာၻတြင္ သယ္ယူပို႔ေဆာင္ေရးႏွင့္ ပတ္သက္၍ လိုင္စင္သံုးမ်ိဳး ႐ွိေလ၏။
အမ်ားသံုးသယ္ယူပို႔ေဆာင္ေရးအတြက္ လိုင္စင္
စစ္တပ္သံုးလိုင္စင္
တစ္သီးပုဂၢလလိုင္စင္ ဟူ၍ပင္။
လုေထာင္သည္ကား ဗိုလ္ခ်ဳပ္ရာထူးႏွင့္ လူျဖစ္သည္။ သူ႔တြင္ ေျမေပၚယာဥ္မ်ားသာမက ေလေပၚယာဥ္မ်ားစြာလည္း ႐ွိေလ၏။ သို႔ေသာ္ ၎တို႔အားလံုးက စစ္တပ္သံုးလိုင္စင္မ်ားပင္။ တိတိက်က်ေျပာရမည္ဆိုလွ်င္ ၎တို႔ကို သူတစ္ေယာက္တည္းကသာ အသံုးျပဳႏိုင္ၿပီး တျခားလူမ်ား သံုးခြင့္မ႐ွိ။ ထိုနည္းတူ သူသည္ ၎တို႔အား ကိုယ္ပိုင္ယာဥ္ကဲ့သို႔ မိမိ၏ကိုယ္ေရးကိုယ္တာအတြက္လည္း အသံုးခ်ခြင့္မ႐ွိပါေပ။
ေဖလီ၏ စကားကိုၾကားေသာအခါ ခ်န္းက်င္းသည္ တစ္ခဏမွ် ၿငိမ္သက္လို႔သြားရေလ၏။
ေဖလီက ေျပာျပရန္ တြန္႔ဆုတ္ေနပံုေပၚကာ အခ်ိန္အတန္ၾကာမွ စကားဆိုလာခဲ့သည္။
"တကယ္ေတာ့ အဲ့ဒီကားက လြန္ခဲ့တဲ့ဆယ္ရက္ကတည္းက ေရာက္ေနခဲ့တာ။ ဒါေပမဲ့ ဗို္လ္ခ်ဳပ္က ဘယ္သူ႔အတြက္လို႔မေျပာခဲ့ေတာ့ ကြၽန္ေတာ္လည္း ဘာလုပ္ရမွန္းမသိဘူး။ အဲ့ဒါေၾကာင့္ ဗိုလ္ခ်ဳပ္ကေတာ္ အဆင္ေျပမယ္ဆိုရင္ ဒီကားကို ကြၽန္ေတာ္ ႏွစ္ေယာက္သားေနအိမ္မွာ ခဏထားခဲ့လို႔ရမလား"
ေဖလီက သူ႔အတြက္ စဥ္းစားေပး၍ ထိုကဲ့သို႔ေျပာလာျခင္း ျဖစ္သည့္တိုင္ ခ်န္းက်င္းသည္ အနည္းငယ္ စိတ္မသက္မသာျဖစ္သြားရေလသည္။
လုေထာင္သည္ မိမိကိုဘယ္တုန္းကမွ မႏွစ္သက္ခဲ့ဖူးသျဖင့္ သူက မိမိအတြက္ ေသခ်ာေပါက္ တကူးတကႏွင့္ ကားဝယ္ေပးမည္ မဟုတ္ပါေပ။
ထိုသို႔ဆိုလွ်င္ ဤကားက မည္သူ႔အတြက္မ်ား ျဖစ္လိမ့္မည္နည္း။
"ရပါတယ္ ေက်းဇူးပါပဲ"
ခ်န္းက်င္းသည္ အနည္းငယ္ေၾကကြဲသြားသလို ခံစားရကာ ႏႈတ္ခမ္းအလႊာကို အသာအယာကိုက္ခဲ့ မိေလ၏။ ထို႔ေနာက္သူသည္ မေမးဘဲ မေနႏိုင္ေတာ့သျဖင့္ ႐ုတ္တရက္ ေမးလာခဲ့ေပသည္။
"ဒီကားက ဘယ္သူ႔ကိုေပးဖို႔ ရည္ရြယ္ထားတယ္လို႔ ထင္လဲ။ မင္းစိတ္ထဲမွာေရာ ေတြးမိတဲ့ လူတစ္ေယာက္ေယာက္မ႐ွိဘူးလား"
လုေထာင္က သူ႔ကိုမခ်စ္ေသာ္ျငား အၾကင္သူသည္ တျခားလူမ်ားကိုေတာ့ ခ်စ္ႏိုင္ေသးသည္ပင္။ ခ်န္းက်င္းသည္ ယခင္ကတည္းက ၎ျဖစ္ႏိုင္ေျခကို အႀကိမ္မ်ားစြာ ေတြးထားမိၿပီးသား ျဖစ္သည့္တိုင္ တကယ္တမ္း ၾကံဳလာရေသာအခါ ႏွလံုးသားထဲတြင္ နာက်င္ခံစားေနရေသးေလ၏။
ေဖလီ၏အၾကည့္မ်ားက တည္ၿငိမ္ေနကာ ေလသံကလည္း တည္ၿငိမ္ေနဆဲပင္။
"ကြၽန္ေတာ္မသိပါဘူး။ ေတာင္းပန္ပါတယ္ ဗိုလ္ခ်ဳပ္ကေတာ္"
[ TN : ဇာတ္လမ္းအေ႐ွ႕အေၾကာင္းနဲ႔ပတ္သက္ၿပီး ေျဖေပးရင္ spoiler သေဘာမ်ိဳး ျဖစ္မွာစိုးလို႔ မေျဖေတာ့ပါဘူးေနာ္ ╥﹏╥ ]