မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

276K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(8)

5K 836 25
By ShweLoon365

(Unicode)

"ဝိုး! ရေတံခွန်ကြီး~"

ရေတံခွန်၏ဧရိယာသည် ကျယ်ဝန်းသော်လည်း ၎င်း၏အမြင့်မှာ ၂၀ မှ ၃၀ မီတာသာရှိသည်။ ရေသည် အထက်မှစီးဆင်းလာပြီး ရေမျက်နှာပြင်ပေါ်တွင် တောက်ပသောရေများ စီးကျလာသည်။

မြွေကြီးက ရေတံခွန်ရှေ့မှာရပ်ပြီး မိန်းမပျိုလေးကို လွှတ်ချလိုက်သည်။

ရှုကျင်ထျန်း သည် နက်ရှိုင်းသောရေပြင်ဘက်သို့ ဦး တည်သွားပြီး မြွေကြီးနှင့်ထိမိသော အသားအရည်များကို ဆေးကြောလိုက်သည်။ ရုတ်တရပ် သူ၏စိုစွတ်နေသော ချွေးပေါက်များကိုပွင့်သွားခြင်းကို ခံစားလိုက်ရပြီး အလွန်သက်တောင့်သက်သာရှိလေသည်။

ပူပြင်းသောရာသီ၌ နေရောင်သည် ပူလောင်သောမီးဖိုနှင့်တူသည်။ မြေပြင်သည် ရေနွေ့ငွေ့များ ပြည့်နှက်နေသည်နှင့်တူသည်။

မြွေလှိုဏ်ဂူက သာယာအေးမြသည်။ သို့သော် သူထွက်လာသည်နှင့်တစ်ပြိုင်နက် ရှုကျင်ထျန်းဟာ ရေနွေးငွေ့များနှင့် အပြုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူ့လက်မောင်းကို ညင်ညင်သာသာဆေးလိုက်ခြင်းက ရှုကျင်ထျန်းကို မကျေနပ်သလိုခံစားရပြီး သူရေထဲကိုတိုက်ရိုက်ခုန်ချချင်ခဲ့သည်။

သူက ရှုဟန်ယွီကိုပြန်ကြည့်ပြီး မျက်ခုံးပင့်ကာပြောလိုက်သည်။ "ဟေး! ငါရေချိုးဖို့ဆင်းရင် မင်းမကန့်ကွက်ဘူး မဟုတ်လား?! "

ရှုဟန်ယွီက မိန်းမပျိုလေး ဘာလုပ်ချင်လဲဆိုတာကို စိတ်မ၀င်စားပေ။ သူသည် သူ၏မြွေခန္ဓာကိုယ်အား ခဏလောက်ယိမ်းကာ ရေသောက်ရန်မြစ်ကမ်းဘေးသို့သွားလိုက်သည်။

ရှုကျင်ထျန်းသည် သူ မတုံ့ပြန်သည်ကိုမြင်သည်နှင့် သူ(ကျင်ထျန်း)၏ကိုယ်ပေါ်မှ အ၀တ်များကိုလျင်မြန်စွာ ချွတ်လိုက်ပြီး သူ၏ခြေထောက်များနှင့် ရေများကိုကန်လိုက်သည်။ ထို့နောက် ရှုဟန်ယွီ၏ခန္ဓာကိုယ်ကို စိုစွတ်စေသော ကြီးမားသည့်ရေပက်မှုတစ်ခုကို သူဖန်တီးခဲ့သည်။

ရှုကျင်ထျန်းသည် ရေထဲ၌ရပ်ပြီး ရှုဟန်ယွီကိုဒေါသတကြီးနှင့် ဂုဏ်ယူစွာကြည့်လိုက်သည်။ ဟားဟား! ဒီလောင်ဇီကရည်ရွယ်ချက်ရှိရှိ တိတိကျကျလုပ်ခဲ့တာ မင်းဘာတတ်နိုင်သေးလဲ?

ရှုဟန်ယွီသည် မိန်းမပျိုလေးအား အံ့သြစွာကြည့်ရင်းပြုံးလိုက်သည်။ မိန်းမပျိုလေးကလည်း ရေကြိုက်တယ်လား? အရမ်းကောင်းတယ်။ အနာဂတ်မှာ သူတို့စိတ်ပျော်တဲ့အခါ ဂူအပြင်ဘက်မှာ ရေကစားနိုင်လိမ့်မယ်။ ထိုအတွေးက သူ့အားစိတ်လှုပ်ရှားစေခဲ့သည်။

ရှုဟန်ယွီ၏ ဦးခေါင်းသည်ရေထဲသို့နစ်သွားပြီး သူ၏ခန္ဓာကိုယ်သည်လည်း ရေမျက်နှာပြင်အောက်၌ ပျောက်ကွယ်သွားသည်။

အယ်? မြွေဘယ်မှာလဲ? ရှုကျင်ထျန်းသည်မြွေတစ်ကောင် ရေထဲသို့၀င်လာသည့်နေရာကို ကြည့်လိုက်ပြီး အနည်းငယ်မငြိမ်မသက်ဖြစ်နေသည်။ သူကနေရာတိုင်းကို လှည့်ပတ်ကြည့်ပြီး တစ်နေရာမှရုတ်တရက်ပေါ်လာမည်ကို အလွန်ကြောက်နေသည်။

ရေမျက်နှာပြင်သည် ကြီးစွာသောရွေ့လျားမှုမရှိ၊ သူ၏ယိမ်းနွဲ့လှုပ်ရှားမှုမှ ထွက်ပေါ်လာသော စက်ဝိုင်းပုံလှိုင်းများသာရှိသည်။ မြွေ ကြီးကို သူဘယ်မှာမှရှာမတွေ့ခဲ့ပေ။ သူ၏ မူလအနည်းငယ်မသက်မသာဖြစ်မှုသည် ယခုအခါများစွာကြီးမားလာခဲ့သည်။

ရုတ်တရက် အေးစက်ချောမွေ့သော အရာတစ်ခုသည် ရှုကျင်ထျန်း၏ခါးပတ်လည်၌ ရစ်ပတ်လာခဲ့ရာ ပထမတော့သူလန့်သွားသည်။ ထို့နောက်သူသည် ရင်းနှီးကျွမ်း၀င်မှုနှင့် ခံစားချက်ကိုခံစားခဲ့ရပြီး ဤအရာသည် မြွေကြီးဖြစ်ကြောင်း သဘောပေါက်သွားလေသည်။

မြွေ၏ခန္ဓာကိုယ်သည် သူ၏ခါးတွင်ရစ်ပတ်နေပြီးနောက်ဆုံးတွင် အစိမ်းရင့်ရောင်ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်။ တောက်ပသောမျက်လုံးများဟာ ကြည်လင်သန့်ရှင်းပြီး သူ့ကိုအလေးအနက်ကြည့်နေသဖြင့် သူ့ရဲ့ကိုယ်လုံးတီးအပေါ်ပိုင်းဟာ ရောင်ပြန်ဟပ်နေလေသည်။

ရှုဟန်ယွီသည် သူ၏ခက်ရင်းခွသဏ္ဍာန်လျှာဖြင့် မိန်းမပျိုလေးအား အသာအယာလျက်လိုက်သည်။ မိန်းမပျိုလေးသည် သူနှင့်ဘုံဝါသနာတူညီကြောင်း ရှာဖွေတွေ့ရှိခြင်းက သူ့ကိုအလွန်နှစ်သက်စေခဲ့သည်။

စပါးအုံးမြွေသည် သူ၏မျက်နှာကိုလျက်ခဲ့သည်။ ရေခဲကဲ့သို့အေးမြခြင်းက သူ့ကိုရှောင်လွှဲချင်စိတ်သာဖြစ်စေသည်။

ရှုကျင်ထျန်းသည် သူ၏အမှားများမှ သင်ခန်းစာယူပြီး ဤအချိန်၌ရုန်းကန်ရန်မဝံ့ဘဲ သူ၏ခေါင်းကို နောက်သို့သာစောင်းနိုင်ခဲ့သည်။ သို့ရာတွင် သွက်လက်ထက်မြက်သောလျှာသည် သူ့အပေါ်တွင်တည် မြဲနေခဲ့သည်။ လျက်ခံရသောနေရာသည် အလျင်အမြန်ကြက်သီးများထသွားပြီး ရှုကျင်ထျန်း၏လည်ပင်းမှာလည်း တောင့်တင်းသွားခဲ့သည်။ သူ့မှာတံတွေးမျိုချရန်ပင် အားသွန်ခွန်စိုက်လုပ်ခဲ့သည်။

အမှန်အတိုင်းပြောရရင် နမ်း ခြင်းလျက်ခြင်းတို့သည် နို့တိုက်သတ္တဝါတွေရဲ့ မွေးရာပါစိတ်သဘောထားမဟုတ်ပေ။ ဒါပေမယ့် ဒီမြွေကဘာကြောင့် ဒီအကျင့်စရိုက်ကိုရှိနေတာလဲ?

ရှုကျင်ထျန်းသည် ရှုဟန်ယွီအား ပွင့်ပွင့်လင်းလင်းမဆန့်ကျင်ဝံ့ပေမဲ့ သူ့မှာဖြေရှင်းဖို့ နည်းလမ်းမရှိတာလည်း မဟုတ်ပေ။

ရှုကျင်ထျန်းသည် သူ့ကိုရစ်ပတ်ထားသော မြွေကြီး၏ ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့် ပွေ့ပိုက်လိုက်ပြီး ရေတံခွန်၏အောက်ခြေသို့ ညွှန်ပြလိုက်လေသည်။ ထို့နောက်သူက ရှုဟန်ယွီကိုပြုံးပြီးပြောလိုက်သည်။

"မြွေကြီးရေ၊ ငါရေတံခွန်အောက်ကို အမြန်ပြေးသွားချင်တယ်။ ဖိပြီးကိုင်ထားပေး"

မြွေကြီးက သူ့ကိုမလေးစားပေ။ သို့သော် သူ့သဘောထားကို စွန့်လွှတ်ဖို့လည်းခွင့်မပြုခဲ့ကြောင်း ရှုကျင်ထျန်းက ရှာဖွေတွေ့ရှိခဲ့သည်။ သူကောင်းကောင်းပြောသ၍ သူ(ဟန်ယွီ)ခွင့်ပြုနိုင်လိမ့်မည်။

သေချာတာပေါ့၊ သူမှန်းတာမှန်တယ်။

ရှုဟန်ယွီက ရှုကျင်ထျန်းလိုချင်တဲ့အတိုင်း မသွားပေမယ့် သူလက်ညှိုးညွှန်ရာအတိုင်း ရေကူးနေလေသည်။

မြွေတစ်ကောင်၏ ရေအောက်မြန်နှုန်းသည် အလွန်လျင်မြန်သည်။ ရေကန်သည် သူ့အသားအရည်ကို ညင်သာစွာနမ်းရှုံ့သကဲ့သို့ဖြစ်နေပြီး နှိပ်နယ်ခြင်းကဲ့သို့သာယာသော ခံစားမှုကိုလည်းဖြစ်ပေါ် စေသည်။

မြွေကြီးသည် ရေတံခွန်ထဲသို့ဘတိုက်ရိုက်ပြေးဝင်သွားကာ ဆူညံသောအသံသည် သူ့နားစည်ကိုပင်တုန်ခါစေပြီး ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ၏ အော်ဟစ်သံများဟာ ရုတ်တရက်ပျောက်ကွယ်သွားသည်။

"အိုး ~"

ရှုကျင်ထျန်းကို ရုတ်တရက်ရေတံခွန်ထဲသို့ခေါ်ဆောင်သွားခဲ့ပြီး ဘာပြင်ဆင်မှုမှမလုပ်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်သည် ရေတံခွန်ရှိစီးဆင်းနေသောရေများဖြင့် အားပြင်းစွာရိုက်နှက်ခံလိုက်ရသည်။ စီးဆင်းကျနေသောရေများသည် အနည်းငယ်အားနည်းသော်လည်း သူအော်ဟစ်နိုင်ရန်မကူညီနိုင်ပေ။

"အား~! ဘာလို့နှေးကွေးနေတာလဲ? ဒီရေတံခွန်ကမမြင့်ဘူးဆိုပေမယ့် ရုတ်တရက်အားကောင်းတဲ့ရေနဲ့မျောပါနိုင်တာက အရမ်းကြောက်စရာကောင်းတယ်မဟုတ်လား! "

ရှုကျင်ထျန်းဟာ စိတ်ဆိုးသွားပြီး သူ၏ဒေါသများလည်း ပေါက်ကွဲထွက်လာသည်။ ရှုဟန်ယွီ ဘာဖြစ်နေသည်ကို သူဂရုမစိုက်၊ ခေါင်းပြန်လှည့်ပြီး သူ့ကိုဟောက်ပစ်လိုက်သည်။ သူလုပ်ပြီးသွားမှသာ ကြောက်ရမှန်းသိလိုက်သည်။

သူတော့သေပြီ။ သူထပ်ဒေါသထပ်ထွက်နိုင်မလား? သူကလုံးဝမလှုပ်ဘဲ ကြောက်ရွံ့စွာဖြင့်ကြည့်နေလိုက်သည်။ အား~ မင်းဘာလို့စိတ်မထိန်းနိုင်ရတာလဲ? သူကနတ်ဆိုးတစ်ကောင်လိုပဲ အား!!!

ဒါပေမယ့် ရှုဟန်ယွီက ဒေါသမထွက်ဘဲ မိန်းမပျိုလေးကို သူ့မျက်လုံးထဲမှာ အပြုံးလေးနဲ့ကြည့်နေလိုက်သည်။ သူကဘယ်လိုတောင် ချစ်စရာကောင်းတာလဲ? ဒါဟာမိုးရွာနေသလိုပါပဲ။ သူကဘာလို့ ဒီလိုတုံ့ပြန်ရသလဲ? စိတ်ဝင်စားစရာကောင်းလိုက်တာ!

မြွေခေါင်းသည် မိန်းမပျိုလေး၏ ဦးခေါင်းကိုတစ်ဖန်ပွတ်သပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည်လည်း မိန်းမပျိုလေး၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားခဲ့သည်။

ရှုကျင်ထျန်းသည် သူ၏ခေါင်းကိုစောင်းက မြွေကြီး၏လျှာကိုရှောင်လိုက်သော်လည်း ဆံပင်နှင့်မျက်နှာကို ပွတ်တိုက်မိသောကြောင့် သူ့ကိုစိတ်မချမ်းသာဖြစ်စေသည်။

သူရေချိုးဖို့တောင် လွယ်လွယ်ကူကူမလုပ်နိုင်မှာမဟုတ်ပေ။ သူ(ဟန်ယွီ)က ဒီလိုရစ်ပတ်ထားမယ်ဆိုရင် သူဘယ်လိုလုပ်ပြီး ရေချိုးလို့ရနိုင်တော့မလဲ?

ရှုကျင်ထျန်းက ရေတံခွန်ထိပ်မှာ သစ်သီးပင်အချို့ကို ရုတ်တရက်တွေ့လိုက်တဲ့အခါ သူကရေမချိုးချင်တော့ဘူးလို့ ရှုဟန်ယွီကို ပြောပြချင်ခဲ့သည်။ အသီးများသည် အနီရောင်တောက်ပနေပြီး စွဲမက်ဖွယ်ကောင်းလှသည်။ မြွေကြီးက သူ့အားအစာကျွေးရန်ပြုမူပုံကို သူစဉ်းစားမိသောအခါ ရှုကျင်ထျန်းသည် ရုတ်တရက်ထွက်ပြေးရန် စိတ်ကူးတစ်ခုရလာသည်။

သူသည်မြွေကြီးအား မည်သို့ခွဲထုတ်ရမည်ကို စဉ်းစားမိသောအခါ ရှုကျင်ထျန်း၏နှလုံးသည် ပြင်းထန်စွာခုန်နေပြီး အရှိန်ကိုမထိန်းနိုင်တော့ပေ။ အံကိုကြိတ်ကာ မြွေကြီး၏ဦးခေါင်းကိုပွေ့ဖက်လိုက်ပြီး သူ၏ဦး ခေါင်းကိုပွတ်သပ်ခွင့်ပြုလိုက်သည်။

ရှုဟန်ယွီသည် ကျေနပ်အားရမှုကိုခံစားခဲ့ရပြီး သူ၏ခန္ဓာကိုယ်သည် မိန်းမပျို လေးအားပို၍ အားရပါးရပိုက်ထွေးပြီး ကြာရှည်စွာရစ်ပတ်ထားလိုက်တော့သည်။

~~~~~~

11/07/21(8:25PM)

(Zawgyi)

"ဝိုး! ေရတံခြန္ႀကီး~"

ေရတံခြန္၏ဧရိယာသည္ က်ယ္ဝန္းေသာ္လည္း ၎၏အျမင့္မွာ ၂၀ မွ ၃၀ မီတာသာရွိသည္။ ေရသည္ အထက္မွစီးဆင္းလာၿပီး ေရမ်က္ႏွာျပင္ေပၚတြင္ ေတာက္ပေသာေရမ်ား စီးက်လာသည္။

ေႁမြႀကီးက ေရတံခြန္ေရွ႕မွာရပ္ၿပီး မိန္းမပ်ိဳေလးကို လႊတ္ခ်လိဳက္သည္။

ရႈက်င္ထ်န္းသည္ နက္ရွိုင္းေသာေရျပင္ဘက္သို႔ ဦး တည္သြားၿပီး ေႁမြႀကီးႏွင့္ထိမိေသာ အသားအရည္မ်ားကို ေဆးေၾကာလိုက္သည္။ ႐ုတ္တရပ္ သူ၏စိုစြတ္ေနေသာ ေခြၽးေပါက္မ်ားကိုပြင့္သြားျခင္းကို ခံစားလိုက္ရၿပီး အလြန္သက္ေတာင့္သက္သာရွိေလသည္။

ပူျပင္းေသာရာသီ၌ ေနေရာင္သည္ ပူေလာင္ေသာမီးဖိုႏွင့္တူသည္။ ေျမျပင္သည္ ေရႏြေ့ေငြ႕မ်ား ျပည့္ႏွက္ေနသည္ႏွင့္တူသည္။

ေႁမြလွိုဏ္ဂူက သာယာေအးျမသည္။ သို႔ေသာ္ သူထြက္လာသည္ႏွင့္တစ္ၿပိဳင္နက္ ရႈက်င္ထ်န္းဟာ ေရႏြေးေငြ႕မ်ားႏွင့္ အျပဳတ္ခံလိုက္ရသလို ခံစားလိုက္ရသည္။

သူ႕လက္ေမာင္းကို ညင္ညင္သာသာေဆးလိုက္ျခင္းက ရႈက်င္ထ်န္းကို မေက်နပ္သလိုခံစားရၿပီး သူေရထဲကိုတိုက္ရိုက္ခုန္ခ်ခ်င္ခဲ့သည္။

သူက ရႈဟန္ယြီကိုျပန္ၾကည့္ၿပီး မ်က္ခုံးပင့္ကာေျပာလိုက္သည္။ "ေဟး! ငါေရခ်ိဳးဖို႔ဆင္းရင္ မင္းမကန႔္ကြက္ဘူး မဟုတ္လား?! "

ရႈဟန္ယြီက မိန္းမပ်ိဳေလး ဘာလုပ္ခ်င္လဲဆိုတာကို စိတ္မ၀င္စားေပ။ သူသည္ သူ၏ေႁမြခႏၶာကိုယ္အား ခဏေလာက္ယိမ္းကာ ေရေသာက္ရန္ျမစ္ကမ္းေဘးသို႔သြားလိုက္သည္။

ရႈက်င္ထ်န္းသည္ သူ မတုံ႕ျပန္သည္ကိုျမင္သည္ႏွင့္ သူ(က်င္ထ်န္း)၏ကိုယ္ေပၚမွ အ၀တ္မ်ားကိုလ်င္ျမန္စြာ ခြၽတ္လိုက္ၿပီး သူ၏ေျခေထာက္မ်ားႏွင့္ ေရမ်ားကိုကန္လိုက္သည္။ ထို႔ေနာက္ ရႈဟန္ယြီ၏ခႏၶာကိုယ္ကို စိုစြတ္ေစေသာ ႀကီးမားသည့္ေရပက္မႈတစ္ခုကို သူဖန္တီးခဲ့သည္။

ရႈက်င္ထ်န္းသည္ ေရထဲ၌ရပ္ၿပီး ရႈဟန္ယြီကိုေဒါသတႀကီးႏွင့္ ဂုဏ္ယူစြာၾကည့္လိုက္သည္။ ဟားဟား! ဒီေလာင္ဇီကရည္႐ြယ္ခ်က္ရွိရွိ တိတိက်က်လဳပ္ခဲ့တာ မင္းဘာတတ္နိုင္ေသးလဲ?

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလးအား အံ့ၾသစြာၾကည့္ရင္းၿပဳံးလိုက္သည္။ မိန္းမပ်ိဳေလးကလည္း ေရႀကိဳက္တယ္လား? အရမ္းေကာင္းတယ္။ အနာဂတ္မွာ သူတို႔စိတ္ေပ်ာ္တဲ့အခါ ဂူအျပင္ဘက္မွာ ေရကစားနိုင္လိမ့္မယ္။ ထိုအေတြးက သူ႕အားစိတ္လႈပ္ရွားေစခဲ့သည္။

ရႈဟန္ယြီ၏ ဦးေခါင္းသည္ေရထဲသို႔နစ္သြားၿပီး သူ၏ခႏၶာကိုယ္သည္လည္း ေရမ်က္ႏွာျပင္ေအာက္၌ ေပ်ာက္ကြယ္သြားသည္။

အယ္? ေႁမြဘယ္မွာလဲ? ရႈက်င္ထ်န္းသည္ေႁမြတစ္ေကာင္ ေရထဲသို႔၀င္လာသည့္ေနရာကို ၾကည့္လိုက္ၿပီး အနည္းငယ္မၿငိမ္မသက္ျဖစ္ေနသည္။ သူကေနရာတိုင္းကို လွည့္ပတ္ၾကည့္ၿပီး တစ္ေနရာမွ႐ုတ္တရက္ေပၚလာမည္ကို အလြန္ေၾကာက္ေနသည္။

ေရမ်က္ႏွာျပင္သည္ ႀကီးစြာေသာေ႐ြ႕လ်ားမႈမရွိ၊ သူ၏ယိမ္းႏြဲ႕လႈပ္ရွားမႈမွ ထြက္ေပၚလာေသာ စက္ဝိုင္းပုံလွိုင္းမ်ားသာရွိသည္။ ေႁမြႀကီးကို သူဘယ္မွာမွရွာမေတြ႕ခဲ့ေပ။ သူ၏ မူလအနည္းငယ္မသက္မသာျဖစ္မႈသည္ ယခုအခါမ်ားစြာႀကီးမားလာခဲ့သည္။

႐ုတ္တရက္ ေအးစက္ေခ်ာေမြ႕ေသာ အရာတစ္ခုသည္ ရႈက်င္ထ်န္း၏ခါးပတ္လည္၌ ရစ္ပတ္လာခဲ့ရာ ပထမေတာ့သူလန႔္သြားသည္။ ထို႔ေနာက္သူသည္ ရင္းႏွီးကြၽမ္း၀င္မႈႏွင့္ ခံစားခ်က္ကိုခံစားခဲ့ရၿပီး ဤအရာသည္ ေႁမြႀကီးျဖစ္ေၾကာင္း သေဘာေပါက္သြားေလသည္။

ေႁမြ၏ခႏၶာကိုယ္သည္ သူ၏ခါးတြင္ရစ္ပတ္ေနၿပီးေနာက္ဆုံးတြင္ အစိမ္းရင့္ေရာင္ဦးေခါင္းတစ္ခု ထြက္ေပၚလာသည္။ ေတာက္ပေသာမ်က္လုံးမ်ားဟာ ၾကည္လင္သန႔္ရွင္းၿပီး သူ႕ကိုအေလးအနက္ၾကည့္ေနသျဖင့္ သူ႕ရဲ႕ကိုယ္လုံးတီးအေပၚပိုင္းဟာ ေရာင္ျပန္ဟပ္ေနေလသည္။

ရႈဟန္ယြီသည္ သူ၏ခက္ရင္းခြသ႑ာန္လွ်ာျဖင့္ မိန္းမပ်ိဳေလးအား အသာအယာလ်က္လိုက္သည္။ မိန္းမပ်ိဳေလးသည္ သူႏွင့္ဘုံဝါသနာတူညီေၾကာင္း ရွာေဖြေတြ႕ရွိျခင္းက သူ႕ကိုအလြန္ႏွစ္သက္ေစခဲ့သည္။

စပါးအုံးေႁမြသည္ သူ၏မ်က္ႏွာကိုလ်က္ခဲ့သည္။ ေရခဲကဲ့သို႔ေအးျမျခင္းက သူ႕ကိုေရွာင္လႊဲခ်င္စိတ္သာျဖစ္ေစသည္။

ရႈက်င္ထ်န္းသည္ သူ၏အမွားမ်ားမွ သင္ခန္းစာယူၿပီး ဤအခ်ိန္၌႐ုန္းကန္ရန္မဝံ့ဘဲ သူ၏ေခါင္းကို ေနာက္သို႔သာေစာင္းနိုင္ခဲ့သည္။ သို႔ရာတြင္ သြက္လက္ထက္ျမက္ေသာလွ်ာသည္ သူ႕အေပၚတြင္တည္ၿမဲေနခဲ့သည္။ လ်က္ခံရေသာေနရာသည္ အလ်င္အျမန္ၾကက္သီးမ်ားထသြားၿပီး ရႈက်င္ထ်န္း၏လည္ပင္းမွာလည္း ေတာင့္တင္းသြားခဲ့သည္။ သူ႕မွာတံေတြးမ်ိဳခ်ရန္ပင္ အားသြန္ခြန္စိုက္လုပ္ခဲ့သည္။

အမွန္အတိုင္းေျပာရရင္ နမ္းျခင္းလ်က္ျခင္းတို႔သည္ နို႔တိုက္သတၱဝါေတြရဲ႕ ေမြးရာပါစိတ္သေဘာထားမဟုတ္ေပ။ ဒါေပမယ့္ ဒီေႁမြကဘာေၾကာင့္ ဒီအက်င့္စရိုက္ကိုရွိေနတာလဲ?

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီအား ပြင့္ပြင့္လင္းလင္းမဆန႔္က်င္ဝံ့ေပမဲ့ သူ႕မွာေျဖရွင္းဖို႔ နည္းလမ္းမရွိတာလည္း မဟုတ္ေပ။

ရႈက်င္ထ်န္းသည္ သူ႕ကိုရစ္ပတ္ထားေသာ ေႁမြႀကီး၏ ခႏၶာကိုယ္ကို လက္တစ္ဖက္ျဖင့္ ေပြ႕ပိုက္လိုက္ၿပီး ေရတံခြန္၏ေအာက္ေျခသို႔ ၫႊန္ျပလိုက္ေလသည္။ ထို႔ေနာက္သူက ရႈဟန္ယြီကိုၿပဳံးၿပီးေျပာလိုက္သည္။

"ေႁမြႀကီးေရ၊ ငါေရတံခြန္ေအာက္ကို အျမန္ေျပးသြားခ်င္တယ္။ ဖိၿပီးကိုင္ထားေပး"

ေႁမြႀကီးက သူ႕ကိုမေလးစားေပ။ သို႔ေသာ္ သူ႕သေဘာထားကို စြန႔္လႊတ္ဖို႔လည္းခြင့္မျပဳခဲ့ေၾကာင္း ရႈက်င္ထ်န္းက ရွာေဖြေတြ႕ရွိခဲ့သည္။ သူေကာင္းေကာင္းေျပာသ၍ သူ(ဟန္ယြီ)ခြင့္ျပဳနိုင္လိမ့္မည္။

ေသခ်ာတာေပါ့၊ သူမွန္းတာမွန္တယ္။

ရႈဟန္ယြီက ရႈက်င္ထ်န္းလိုခ်င္တဲ့အတိုင္း မသြားေပမယ့္ သူလက္ညွိုးၫႊန္ရာအတိုင္း ေရကူးေနေလသည္။

ေႁမြတစ္ေကာင္၏ ေရေအာက္ျမန္ႏႈန္းသည္ အလြန္လ်င္ျမန္သည္။ ေရကန္သည္ သူ႕အသားအရည္ကို ညင္သာစြာနမ္းရႈံ႕သကဲ့သို႔ျဖစ္ေနၿပီး ႏွိပ္နယ္ျခင္းကဲ့သို႔သာယာေသာ ခံစားမႈကိုလည္းျဖစ္ေပၚ ေစသည္။

ေႁမြႀကီးသည္ ေရတံခြန္ထဲသို႔ဘတိုက္ရိုက္ေျပးဝင္သြားကာ ဆူညံေသာအသံသည္ သူ႕နားစည္ကိုပင္တုန္ခါေစၿပီး ပတ္ဝန္းက်င္ရွိ တိရစ္ဆာန္မ်ား၏ ေအာ္ဟစ္သံမ်ားဟာ ႐ုတ္တရက္ေပ်ာက္ကြယ္သြားသည္။

"အိုး ~"

ရႈက်င္ထ်န္းကို ႐ုတ္တရက္ေရတံခြန္ထဲသို႔ေခၚေဆာင္သြားခဲ့ၿပီး ဘာျပင္ဆင္မႈမွမလုပ္ခဲ့ေပ။ သူ၏ခႏၶာကိုယ္သည္ ေရတံခြန္ရွိစီးဆင္းေနေသာေရမ်ားျဖင့္ အားျပင္းစြာရိုက္ႏွက္ခံလိုက္ရသည္။ စီးဆင္းက်ေနေသာေရမ်ားသည္ အနည္းငယ္အားနည္းေသာ္လည္း သူေအာ္ဟစ္နိုင္ရန္မကူညီနိုင္ေပ။

"အား~! ဘာလို႔ႏွေးေကြးေနတာလဲ? ဒီေရတံခြန္ကမျမင့္ဘူးဆိုေပမယ့္ ႐ုတ္တရက္အားေကာင္းတဲ့ေရနဲ႕ေမ်ာပါနိုင္တာက အရမ္းေၾကာက္စရာေကာင္းတယ္မဟုတ္လား! "

ရႈက်င္ထ်န္းဟာ စိတ္ဆိုးသြားၿပီး သူ၏ေဒါသမ်ားလည္း ေပါက္ကြဲထြက္လာသည္။ ရႈဟန္ယြီ ဘာျဖစ္ေနသည္ကို သူဂ႐ုမစိုက္၊ ေခါင္းျပန္လွည့္ၿပီး သူ႕ကိုေဟာက္ပစ္လိုက္သည္။ သူလုပ္ၿပီးသြားမွသာ ေၾကာက္ရမွန္းသိလိုက္သည္။

သူေတာ့ေသၿပီ။ သူထပ္ေဒါသထပ္ထြက္နိုင္မလား? သူကလုံးဝမလႈပ္ဘဲ ေၾကာက္႐ြံ႕စြာျဖင့္ၾကည့္ေနလိုက္သည္။ အား~ မင္းဘာလို႔စိတ္မထိန္းနိုင္ရတာလဲ? သူကနတ္ဆိုးတစ္ေကာင္လိုပဲ အား!!!

ဒါေပမယ့္ ရႈဟန္ယြီက ေဒါသမထြက္ဘဲ မိန္းမပ်ိဳေလးကို သူ႕မ်က္လုံးထဲမွာ အၿပဳံးေလးနဲ႕ၾကည့္ေနလိုက္သည္။ သူကဘယ္လိုေတာင္ ခ်စ္စရာေကာင္းတာလဲ? ဒါဟာမိုး႐ြာေနသလိုပါပဲ။ သူကဘာလို႔ ဒီလိုတုံ႕ျပန္ရသလဲ? စိတ္ဝင္စားစရာေကာင္းလိုက္တာ!

ေႁမြေခါင္းသည္ မိန္းမပ်ိဳေလး၏ ဦးေခါင္းကိုတစ္ဖန္ပြတ္သပ္လိုက္ၿပီး သူ၏ခႏၶာကိုယ္သည္လည္း မိန္းမပ်ိဳေလး၏ခႏၶာကိုယ္ကို ရစ္ပတ္ထားခဲ့သည္။

ရႈက်င္ထ်န္းသည္ သူ၏ေခါင္းကိုေစာင္းက ေႁမြႀကီး၏လွ်ာကိုေရွာင္လိုက္ေသာ္လည္း ဆံပင္ႏွင့္မ်က္ႏွာကို ပြတ္တိုက္မိေသာေၾကာင့္ သူ႕ကိုစိတ္မခ်မ္းသာျဖစ္ေစသည္။

သူေရခ်ိဳးဖို႔ေတာင္ လြယ္လြယ္ကူကူမလုပ္နိုင္မွာမဟုတ္ေပ။ သူ(ဟန္ယြီ)က ဒီလိုရစ္ပတ္ထားမယ္ဆိုရင္ သူဘယ္လိုလုပ္ၿပီး ေရခ်ိဳးလို႔ရနိုင္ေတာ့မလဲ?

ရႈက်င္ထ်န္းက ေရတံခြန္ထိပ္မွာ သစ္သီးပင္အခ်ိဳ႕ကို ႐ုတ္တရက္ေတြ႕လိုက္တဲ့အခါ သူကေရမခ်ိဳးခ်င္ေတာ့ဘူးလို႔ ရႈဟန္ယြီကို ေျပာျပခ်င္ခဲ့သည္။ အသီးမ်ားသည္ အနီေရာင္ေတာက္ပေနၿပီး စြဲမက္ဖြယ္ေကာင္းလွသည္။ ေႁမြႀကီးက သူ႕အားအစာေကြၽးရန္ျပဳမူပုံကို သူစဥ္းစားမိေသာအခါ ရႈက်င္ထ်န္းသည္ ႐ုတ္တရက္ထြက္ေျပးရန္ စိတ္ကူးတစ္ခုရလာသည္။

သူသည္ေႁမြႀကီးအား မည္သို႔ခြဲထုတ္ရမည္ကို စဥ္းစားမိေသာအခါ ရႈက်င္ထ်န္း၏ႏွလုံးသည္ ျပင္းထန္စြာခုန္ေနၿပီး အရွိန္ကိုမထိန္းနိုင္ေတာ့ေပ။ အံကိုႀကိတ္ကာ ေႁမြႀကီး၏ဦးေခါင္းကိုေပြ႕ဖက္လိုက္ၿပီး သူ၏ဦး ေခါင္းကိုပြတ္သပ္ခြင့္ျပဳလိုက္သည္။

ရႈဟန္ယြီသည္ ေက်နပ္အားရမႈကိုခံစားခဲ့ရၿပီး သူ၏ခႏၶာကိုယ္သည္ မိန္းမပ်ိဳေလးအားပို၍ အားရပါးရပိုက္ေထြးၿပီး ၾကာရွည္စြာရစ္ပတ္ထားလိုက္ေတာ့သည္။

~~~~~~

11/07/21(8:25PM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...