Unicode
မင်းက အရမ်းကြည့်ကောင်းတယ်
ဒေါက်တာထျန်သည်ကား ဤကမ္ဘာပေါ်တွင် အတော်ဆုံးဒေါက်တာဖြစ်သည်။ သေးငယ်သောခွဲစိတ်မှုပင်ဖြစ်စေ ကြီးမားသောခွဲစိတ်မှုပင်ဖြစ်စေ မျိုးစုံလုပ်ဆောင်ခဲ့ဖူးကာ အခေါက်တိုင်းလည်း အောင်မြင်ခဲ့သည်ပင်။ ထို့ကြောင့် သူပြောခဲ့သည့်အတိုင်း လုထောင်သည် ၄၈ နာရီကြာပြီးနောက် တကယ်ပဲ နိုးထလာခဲ့ပေသည်။
နိုးထလာပြီးသည့်တိုင် လုထောင်သည် အထူးကြပ်မတ်အခန်းမှ ပြောင်းရွှေ့လို့မရနိုင်သေးပါပေ။ သူ့အခြေအနေကို စောင့်ကြည့်ဖို့လိုအပ်သေးသည့်အတွက် တစ်ပတ်မျှ ထပ်နေခဲ့ရလေသည်။ ၎င်းတစ်ပတ်အတွင်း သူသည်အချိန်ပြည့်နီးပါး အိပ်စက်နေခဲ့ကာ မည်သူ့ကိုမျှလည်း စကားပြောတုံ့ပြန်ခြင်း မရှိခဲ့။
စစ်တပ်ဆေးရုံက အလွန်ပင်လုံခြုံရေးတင်းကြပ်သည်။ အထူးသဖြင့် အရာရှိဗိုလ်ချုပ်များ၏ လူနာဆောင်ကို ပုံမှန်ထက်ပို၍ အရေးပေးထားလေ့ရှိ၏။ ထို့အပြင် ဧည့်အရေအတွက်ကိုလည်း အပြင်းအထန်ကန့်သတ်ထားသောကြောင့် လုထောင်အပြည့်အဝနိုးလာသောအခါ သူ့ဘေးတွင် တာဝန်ကျဆရာဝန်များ၊ ချန်းကျင်း ၊ အဖွားဖြစ်သူနှင့် ဖေလီတို့ကိုသာ တွေ့ရပေသည်။
မိမိ၏အမျိုးသားဖြစ်သူက ကျန်းကျန်းမာမာနှင့် ထိုင်နေနိုင်သည်ကို မြင်ရသောအခါ ချန်းကျင်းသည် စိတ်မထိန်းနိုင်ဘဲ မျက်ရည်ဝဲလာမိ၏။ ဘေးနားမှ အဖွားဖြစ်သူကလည်း သူ့နည်းအတိုင်းပင် မျက်ရည်ဝဲလာရမှ နောက်ဆုံးတပေါက်ပေါက်ကျလာခဲ့သဖြင့် သူမ၏ လက်ကိုင်ပုဝါလေးကို ထုတ်ကာ မျက်လုံးထောင့်စွန်းတို့အား သုတ်လိုက်ပေ၏။ ထို့နောက် သူမက လုထောင်၏လက်ကိုဆုပ်ကိုင်လိုက်ကာ စကားဆိုသည်။
"လိမ်မာလိုက်တဲ့ အဖွားရဲ့မြေးလေး နောက်ဆုံးတော့နိုးလာပြီပဲ တော်သေးတာပေါ့။ အဖွားကသေမတတ်ကို စိတ်ပူနေခဲ့ရတာ"
သို့သည်တိုင် လုထောင်က စိတ်ရှုပ်သွားဟန်ဖြင့် အဖွားဆုပ်ကိုင်ထားသော သူ၏လက်ကိုဖယ်ထုတ်လိုက်ကာ မိမိအရှေ့မှ တုန်ရီနေသော အဖွားဖြစ်သူကို နားမလည်နိုင်စွာဖြင့်ကြည့်လာရင်း
"အဖွားကဘယ်သူလဲ"
ပြီးနောက် သူက ခဏစကားရပ်လိုက်ပြီး အခန်းထဲမှ လူအားလုံးကို တစ်ချက်ဝေ့ကြည့်လာ၏။
"ငါကရောဘယ်သူလဲ"
မှတ်ဉာဏ်များပျောက်ဆုံးသွားခြင်းကြောင့် အမှန်တကယ်သူနိုးထလာပါက ဤကဲ့သို့ပုံစံဖြစ်လာမည်မှာ မထူးဆန်းပါသော်ငြား တကယ်တမ်း လုထောင်၏ နားဝေတိမ်တောင်ပုံစံကို မြင်ရသောအခါ အားလုံးသည် စိတ်မသက်မသာဖြစ်သွားရပေသည်။ တည်ငြိမ်သည့် ဖေလီပင် အနည်းငယ်မျှ စိတ်မကောင်းဖြစ်သွားရကာ အဖွားဖြစ်သူကလည်း ဝမ်းနည်းစွာ ငိုကြွေးလျက်။
ဖေလီက စိတ်ထိန်း၍ ရှင်းပြလာသည်။
"ဆရာက ဒီကမ္ဘာရဲ့ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ လုထောင်ပါ။ ဒါကတော့ ဗိုလ်ချုပ်ရဲ့တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်တဲ့ ဆွေမျိုးဖြစ်သူ အဖွားပါပဲ"
"လုထောင်? အဖွား? "
လုထောင်က ၎င်းအမည်နာမနှစ်ခုကို အပြန်အလှန်ရေရွတ်နေခဲ့သည့်တိုင် စိတ်မငြိမ်နိုင်သေးပါပေ။ သူက ဖေလီ့ဘက်ကို ရုတ်တရက်လှည့်ကာ မေးလာသည်။
"မင်းကရော?! မင်းကဘယ်သူလဲ?"
ဖေလီက သူ့မျက်မှန်ကိုင်းကို ပင့်တင်ရင်းပြန်ဖြေသည်။
"ကျွန်တော်က ဗိုလ်ချုပ်ရဲ့အတွင်းရေးမှုး ဖေလီပါ။ ပြီးတော့ ဒါကတော့ တာဝန်ကျဆရာဝန်တွေထဲက တစ်ယောက်ဖြစ်တဲ့ Gelson၊ ဘေးနားက နှစ်ယောက်ကတော့ သူ့ရဲ့လက်ထောက်တွေပါ"
တာဝန်ကျဆရာဝန်နှင့် လက်ထောက်ဖြစ်သူတို့၏ အကြည့်က နောက်ဆုံးကျန်ရစ်သော ချန်းကျင်းဆီသို့ ကျလာခဲ့သည်။
"ဒီလူကတော့ ဗိုလ်ချုပ်ရဲ့ လက်တွဲဖော် ချန်းကျင်းပါ"
ဆေးရုံအိပ်ရာပေါ်တွင် ထိုင်နေသော လုထောင်သည် ထိုစကားကိုကြားကြားချင်း မျက်လုံးများပြူးသွားရကာ ချန်းကျင်းကို စိုက်ကြည့်လျက် တအံ့တဩဖြင့်မေးလာ၏။
"လက်တွဲဖော်ဆိုတာ?"
သူက ၎င်းစကားလုံး၏အဓိပ္ပါယ်ကို မရှင်းမလင်းဖြစ်နေပုံပေါက်သောကြောင့် ဖေလီက အလျင်အမြန်စကားပြောင်း၍ ရှင်းပြလိုက်လေသည်။
"ဗိုလ်ချုပ်ရဲ့...ချစ်သူလို့ပြောချင်တာ"
သူ့စကားကိုကြားသောအခါ တစ်ဖက်မှအဖွားဖြစ်သူက ဒေါသတကြီးခွန်းတုံ့ပြန်လာပေ၏။
"ငါ့မြေးလေးက သူ့လိုလူကို ဘယ်တုန်းကချစ်ခဲ့ဖူးလို့လဲ!? သူတို့ဆက်ဆံရေးက ဒီအတိုင်း ဥပဒေအရသက်သက်ပဲ"
ချန်းကျင်းသည် အနည်းငယ်မျှ အရှက်ရမိသွားသော်ငြား တစ်ဖက်တွင်မူ စိတ်လှုပ်ရှားလို့လည်း နေမိပေသည်။ လုထောင်က သူ့အား အကြာကြီး စိုက်ကြည့်နေခဲ့သောကြောင့်၊ အရင်က သူတစ်ခါမှ မရရှိခဲ့ဖူးပါသော ထိုလူ၏ အကြည့်တို့ကြောင့်ပင်။
"ကျွန်တော်ပြောတာ မမှားဘူးလေ အဖွား"
ဖေလီက သူမကိုပြန်ရှင်းပြလာသည်။
"ဒေါက်တာထျန်လည်း ပြောပြီးသွားပြီပဲ။ ဗိုလ်ချုပ်ရဲ့မှတ်ဉာဏ်တွေ ပြန်ရဖို့အတွက် သူ့အနားမှာရှိသမျှ အရာအားလုံးနဲ့ သူ့ကိုရင်းနှီးအောင် လမ်းညွှန်ပေးသင့်တယ်လို့။ ဆေးကိုချည်း အားကိုးနေရင် ဒုက္ခရောက်လိမ့်မယ်တဲ့လေ"
သူ့ကချက်ကျလက်ကျနှင့် ရှင်းပြသည့်အခါ တစ်ဖက်မှ အဖွားဖြစ်သူက နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ဘာမှထပ်ပြောမလာတော့ပါပေ။
တစ်ဖက်တွင်မူ လုထောင်သည် ယခုကိစ္စများအားလုံးနှင့် ပတ်သက်၍ စိတ်ရှုပ်နေမိမှာ အသေအချာ။ တာဝန်ကျဒေါက်တာက လက်ရှိသူ့အတွေးတို့ကို မေးမြန်းလာသည့်တိုင် သူသည်ဘာမျှပြန်မဖြေဘဲ ခေါင်းသာယမ်းပြခဲ့လေ၏။ ထို့နောက် သူ၏ ခြေလက်များကလည်း အကောင်းပကတိဖြစ်ကာ မည်သည့်အကျိုးဆက်မှ ရှိမလာနိုင်ကြောင်း အတည်ပြုပြီးခါမှ အားလုံးလည်း စိတ်သက်သာရရသွားကြတော့လေသည်။
ဒေါက်တာ Gelson သည် လုထောင်၏ အကြည့်များက ချန်းကျင်းဆီ၌ အချိန်ပြည့်စွဲကပ်နေကြောင်းကို သတိထားမိ၏။ ထိုကြောင့် သူသည် အလိုက်သိစွာဖြင့် ချောင်းတစ်ချက်ဟန့်ရင်း ဆိုလာသည်။
“ဒီနေ့စစ်ဆေးတာကတော့ ဒီလောက်ပါပဲ။ ကျွန်တော့်အထက် မစ္စတာချန်းကျင်းက ဗိုလ်ချုပ်ကို အဖော်ပြုပေးဖို့ နေခဲ့ရင် ပိုကောင်းလိမ့်မယ်။ အဖွားရော အဆင်ပြေတယ်မလား?"
အဖွားဖြစ်သူသည်ကား လုထောင် နိုးထလာချိန်ကတည်းမှစ အချိန်ပြည့် မိမိ၏မြေးဖြစ်သူကိုသာ တစိမ့်စိမ့်ကြည့်နေခဲ့ခြင်းကြောင့် သူက ချန်းကျင်းကို ခဏခဏ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြောင်း သတိထားမိသည်ပင်။ ထို့ကြောင့် သဘောမကျသည့်တိုင် သူမကငြင်းဆိုခြင်းမပြုဘဲ ပြောလာလေ၏။
"ကျွန်မတို့သွားကြတာပေါ့"
သူမက မထွက်ခွာခင် ချန်းကျင်းကို စူးစိုက်ကြည့်လျက် တိုးတိုးလေး သတိပေးသည်။
"ငါ့မြေးကိုဖြားယောင်းဖို့ သေးသေးလေးတောင် မတွေးနဲ့။ မင်းဟန်ဆောင်ရင်တောင် သူကနှစ်ဝက်လောက်ကြာရင် မှတ်ဉာဏ်တွေပြန်ရလာမှာ။ အဲ့ဒီအခါ မင်းလုပ်ရပ်တွေကိုသာ သိကြည့်ပါလား သူပိုပြီး မင်းကို ရွံ့ရှာလာမှာပဲ။!"
ချန်းကျင်းသည် တိတ်တိတ်လေး နားထောင်လျက် ရှက်ရွံမှုကြောင့် လက်သီးတို့ကို တင်းတင်းဆုပ်ထားမိလေသည်။ သူကတိုးညှင်းစွာဖြင့် ပြန်ဖြေ၏။
"စိတ်မပူပါနဲ့ ကျွန်တော်အဲ့ဒီလို မလုပ်ပါဘူး"
အဖွားက တစ်ချက်လှောင်ရယ်လာ၏။
"ငါမင်းကိုမယုံဘူး"
အားလုံးထွက်သွားပြီးသည့်နောက် အခန်းထဲတွင် ချန်းကျင်းနှင့်လုထောင်သာ ကျန်ရစ်ခဲ့တော့သည်။ လုထောင်ကသူ့အား စိုက်ကြည့်နေဆဲပင်။ ချန်းကျင်းသည် သူ့ကြောင့် မျက်နှာတစ်ပြင်လုံး နီရဲကာ မီးတောက်လာမလားတောက် စိုးရိမ်မိ၏။ သူသည် အဆမတန်ခုန်နေသော မိမိနှလုံးခုန်သံကို အတတ်နိုင်ဆုံး ထိန်းလိုက်ရင်း လုထောင်၏အနားသို့ လျှောက်သွားကာ နူးညံ့စွာမေးလိုက်သည်။
"ရေဆာနေလား!?"
လုထောင်ကပြန်မဖြေခဲ့ပါပေ။ သို့နှင့် သူသည် ဘာသာရေနွေး ခွက်ဝက်မျှငှဲ့လိုက်ရင်း တစ်ဖက်လူကို ပေးလာလေသည်။ လုထောင်၏အကြည့်များက ချန်းကျင်း၏မျက်နှာမှ ရေခွက်လှမ်းပေးနေသည့်လက်သို့ ပြောင်းသွားကာ ၎င်းခွက်ကို ယူလိုက်လေ၏။
သူတို့နှစ်ဦး၏ လက်များထိမိသွားသည့် တစ်ခဏတွင် ချန်းကျင်းသည် မိမိခန္ဓာကိုယ်တစ်လျှောက် လျှပ်စီးကြောင်း ဖြတ်ပြေးသွားသလို ခံစားရကာ စိတ်လှုပ်ရှားမိသွားပေ၏။ အသက်ရှုသံများတောင် ပရမ်းပတာ ဖြစ်လာသလိုပါပင်။ လုထောင်က ရေတစ်ခွက်လုံးကို သောက်လိုက်ပြီး သူ့ကိုပြန်ကြည့်လာသည်။
"ထပ်ပေးဦး"
လုထောင်၏အသံကား ပုံမှန်အတိုင်း ပြေပြေလေးပင် ဖြစ်၏။ ချန်းကျင်းသည် အမြန်ရေခွက်ကိုလှမ်းယူလိုက်၍ နောက်တစ်ခွက်ထပ်ပေးလိုက်ကာ လုထောင်က ရေကို တဂွတ်ဂွတ်မြည်အောင် သောက်နေပုံအား ငေးကြည့်နေမိလေသည်။ သူသည် ရုတ်ချည်း လွန်ခဲ့သောနှစ်များစွာက ပုံရိပ်တစ်ခုကို သွားအမှတ်ရမိ၏။ သူ လုထောင်ကို ပထမဆုံးတွေ့တုန်းကလည်း လုထောင်က ရေသောက်နေခဲ့ခြင်းပင်။ ၎င်းမှာ ဆွဲဆောင်မှုရှိသော ဇာတ်ကွက်တစ်ခုကို အနှေးပြကွက်နှင့်ကြည့်နေရသလိုမျိုး ဖြစ်သည်။ အပေါ်အောက် စည်းချက်ကျကျ လှုပ်ရှားနေသော လည်ဇလုတ်က ကြည့်နေသူကို ရင်ခုန်လာစေ၏။ တဖြည်းဖြည်းနှင့် လုထောင်၏မျက်နှာကို သူမြင်သောအခါ ချန်းကျင်းသည် သေချာသိခဲ့ရလေသည်။ သူ ထိုလူ့ကို မြင်မြင်ချင်း ချစ်မိသွားပြီဖြစ်ကြောင်း..။
လုထောင်က ရေခွက်အလွတ်ကို သူ့ဆီပြန်ပေးလာသောအခါ သူကထပ်မေးလာသည်။
"ထပ်သောက်ဦးမလား"
လုထောင်က ခေါင်းယမ်းပြသည်။ သို့နှင့် သူသည် ရေခွက်ကို မူလနေရာပြန်ထားလိုက်၏။ သူ၏လှုပ်ရှားမှုတိုင်းကို လုထောင်က မျက်စိဒေါက်ထောင့်လိုက်ကြည့်နေသောကြောင့် ချန်းကျင်းက လုထောင်ဘက်ပြန်လှည့်လာသောအခါ တစ်ဖက်လူ၏ အကြည့်များနှင့် ထိပ်တိုက်တိုးမိလေတော့သည်။ အမှန်ဆိုရလျှင် ချန်းကျင်းသည် လုထောင်၏အကြည့်များနှင့် နေသားမကျသေးပါပေ။ ထို့ကြောင့် သူက မသိလိုက်ဘာသာ မိမိမျက်နှာကိုကိုင်လျက် မေးလာ၏။
"ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား"
"ဟင့်အင်း"
လုထောင်က ပြုံးလျက် ပြန်ဖြေသည်။ ထိုလူသည်ကား အမြဲတမ်းနီးပါး မပြုံးမရယ်ဘဲနေလေ့ရှိသောကြောင့် သူနှင့်ရင်းနှီးသည့် လူအနည်းငယ်သာ သူ့အပြုံးက ဘယ်လောက်ထိနှစ်လိုဖွယ်ကောင်းပြီး တောက်ပသလဲဆိုသည်ကို သိခွင့်ရှိပေလိမ့်မည်။ ချန်းကျင်းသည် ၎င်းရှားပါးအပြုံးလေးကြောင့် ခဏမျှမှင်သက်နေမိချိန်တွင်
"မင်းက အရမ်းကြည့်ကောင်းပါတယ်"
ဟူသော စကားနောက်တစ်ခွန်းက လုထောင်၏နှုတ်ဖျားထံမှ ပွင့်အံလာကြောင်း ကြားလိုက်ရလေသည်။
ထိုစကားတစ်ခွန်းက သူ့ကို အကြီးအကျယ် ရှော့ခ်ရသွားစေခဲ့၏။ မကြာမီအချိန်အတွင်းပင် သူ့မျက်လုံးများထဲမှ ပူနွေးနွေးအရည်ကြည်တချို့က တားဆီးမရနိုင်စွာ စီးကျလို့လာပြီး ပါးပြင်ဖြူဖြူထက်၌ မျက်ရည်ကွက်များ ဖြစ်သွားစေခဲ့သည်။
သူက ရုတ်တရက်ကြီး ငိုနေသည်ကိုမြင်သောအခါ လုထောင်သည် အံ့ဩသွားမိလေ၏။
"မင်း..ဘာလို့..."
အသိစိတ်ပြန်ဝင်လာသော ချန်းကျင်းသည် ချက်ချင်းပင် သူ့ကိုကျောပေးလိုက်ပြီး မျက်ရည်များကို မိမိအကျႌလက်နှင့် သုတ်လိုက်ကာ ကပျာကယာရှင်းပြလာ၏။
"ကျွန်တော်ဘာမှမဖြစ်ဘူး တောင်းပန်ပါတယ် ဘာလို့မှန်းမသိ... ရုတ်တရက်ကြီး မျက်ရည်က.."
အမှန်မှာမူ ချန်းကျင်းသည် အကြောင်းပြချက်ကို ကောင်းစွာနားလည်ပြီး ဖြစ်လေ၏။ လုထောင်နောက်ကို သူနှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက်တွင် မိမိမှာ သူ့အနားကိုကပ်ဖို့ကြိုးစားရင်း တဖြည်းဖြည်း သူ့ဆီမှ ဝေးကွာသွားခဲ့ရပြီးပေပြီ။ အစကတည်းက သူ့တွင် ယုတ်ညံ့သည့်အတွေးများ မရှိနေခဲ့သည့်တိုင် လုထောင်က သူ့ကို လျစ်လျူရှုခဲ့လေသည်။ အချင်းချင်း ရင်းရင်းနှီးနှီးနေဖို့ကိုအသာထား တစ်ခါမျှ သူ့ကိုမချီးမွမ်းခဲ့ဖူးပါပေ။
အကယ်၍များ လုထောင်၏ စိတ်သဘောထားက ဟိုးအရင်ကအတိုင်းသာ ဖြစ်နေခဲ့မည်ဆိုလျှင်တောင် သူသည် ဝမ်းနည်းမိမည်မဟုတ်။ သူ၏လျစ်လျူရှုမှုများကို ချန်းကျင်းတစ်ယောက် ကျင့်သားရနေပြီမို့ပင်။ သို့သော် ယခုလုထောင်က သူ့ကို ရုတ်တရက်ကြီး ချီးမွမ်းစကားဆိုလာခဲ့သည်။
ချန်းကျင်းသည် ၎င်းပြောင်းလဲမှုနှင့်ပတ်သက်၍ နေသားမကျနိုင်သဖြင့် မျက်ရည်တို့က ပို၍ ပို၍ စီးကျလာရကာ သူ့အကျႌလက်များပင် စိုစွတ်လာပြီး သုတ်လို့မရနိုင်တော့ပါပေ။ သို့သည်တိုင် မျက်ရည်များက အထိန်းအကွပ်မဲ့စွာ စီးကျနေဆဲ။ ထိုအချိန်တွင် တစ်ရှူးကမ်းပေးသော လက်တစ်ဖက်ကို တွေ့လိုက်ရသောအခါ သူသည် ခဏမျှ ကြက်သေသေသွားမိလေသည်။ ချန်းကျင်းက မိမိခေါင်းကိုမော့ကြည့်လိုက်ရာ စိုးရိမ်သောမျက်နှာပေးဖြင့် သူ့ရှေ့တွင် မတ်တပ်ရပ်နေသည့် လုထောင်ကို မြင်လိုက်ရပေ၏။
ချန်းကျင်းက အံ့ဩမိသွားပြီး စကားမဆိုနိုင်သေးခင်မှာပင် လုထောင်က တွန့်ဆုတ်စွာဖြင့် ပြောလာသည်။
"ကိုယ် မင်းကို သုတ်ပေးရမလား? မင်းငိုတာမြင်ရတာ နည်းနည်း...."
ချန်းကျင်းကကြောင်ရပ်နေရာမှ အသိပြန်ဝင်လာခဲ့သည်။
"ခင်ဗျား..လမ်းလျှောက်လို့မရသေးဘူးလေ! မြန်မြန်အိပ်ရာပေါ် တက်လှဲတော့"
ဆက်ပြီး မျက်ရည်သုတ်ဖို့အရေးကို ဂရုစိုက်မနေတော့ပါဘဲ သူသည် လုထောင်ကို အိပ်ရာဆီ တွဲခေါ်သွားတော့၏။ အချိန်အကြာကြီးနေမှ ထိတွေ့ရခြင်းက သူ့ကိုစိတ်ရှုပ်ထွေးစေသည့်အပြင် လုထောင်က သူ့တစ်ကိုယ်လုံးကို မိမိအပေါ်တွဲခိုထားသလိုမျိုး ခံစားရနေသည်ပင်။
လုထောင်ကို အိပ်ရာပေါ် လဲလျောင်းစေခဲ့ပြီးနောက်တွင် သူကိုယ်တိုင်သည်လည်း အနည်းငယ် စိတ်တည်ငြိမ်စပြုလာလေပြီ။ ချန်းကျင်းက မျက်ရည်များကို သုတ်လိုက်ရင်း မေး၏။
"တစ်နေရာရာ အဆင်မပြေတာများ ရှိသေးလား"
"အားလုံးအဆင်ပြေပါတယ်! တစ်ခုမှမမှတ်မိတာက လွဲလို့ပေါ့ "
သို့သော် လုထောင်သည်ကား သူ့မှတ်ဉာဏ်ပျောက်ဆုံးသွားခြင်းကို နည်းနည်းမျှ စိတ်ပူသည့်ပုံမပေါက်ပါပေ။
"နှစ်ဝက်လောက်နေရင် ကိုယ် အားလုံးကို ပြန်မှတ်မိလာမှာလား "
"အင်း အနည်းဆုံးနှစ်ဝက် အများဆုံးရှစ်လလောက်ပေါ့။ အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပါ"
လုထောင်က သူ့ကိုကြည့်ရင်း ရုတ်တရက်ဆိုလာသည်။
"လက်တွဲဖော်..ချစ်သူဆိုတော့...ကိုယ်တို့က လက်ထပ်ပြီးသားလား!?"
Zawgyi
မင္းက အရမ္းၾကည့္ေကာင္းတယ္
ေဒါက္တာထ်န္သည္ကား ဤကမာၻေပၚတြင္ အေတာ္ဆံုးေဒါက္တာျဖစ္သည္။ ေသးငယ္ေသာခြဲစိတ္မႈပင္ျဖစ္ေစ ႀကီးမားေသာခြဲစိတ္မႈပင္ျဖစ္ေစ မ်ိဳးစံုလုပ္ေဆာင္ခဲ့ဖူးကာ အေခါက္တိုင္းလည္း ေအာင္ျမင္ခဲ့သည္ပင္။ ထို႔ေၾကာင့္ သူေျပာခဲ့သည့္အတိုင္း လုေထာင္သည္ ၄၈ နာရီၾကာၿပီးေနာက္ တကယ္ပဲ ႏိုးထလာခဲ့ေပသည္။
ႏိုးထလာၿပီးသည့္တိုင္ လုေထာင္သည္ အထူးၾကပ္မတ္အခန္းမွ ေျပာင္းေရႊ႔လို႔မရႏိုင္ေသးပါေပ။ သူ႔အေျခအေနကို ေစာင့္ၾကည့္ဖို႔လိုအပ္ေသးသည့္အတြက္ တစ္ပတ္မွ် ထပ္ေနခဲ့ရေလသည္။ ၎တစ္ပတ္အတြင္း သူသည္အခ်ိန္ျပည့္နီးပါး အိပ္စက္ေနခဲ့ကာ မည္သူ႔ကိုမွ်လည္း စကားေျပာတံု႔ျပန္ျခင္း မ႐ွိခဲ့။
စစ္တပ္ေဆးရံုက အလြန္ပင္လံုျခံဳေရးတင္းၾကပ္သည္။ အထူးသျဖင့္ အရာ႐ွိဗို္လ္ခ်ဳပ္မ်ား၏ လူနာေဆာင္ကို ပံုမွန္ထက္ပို၍ အေရးေပးထားေလ့႐ွိ၏။ ထို႔အျပင္ ဧည့္အေရအတြက္ကိုလည္း အျပင္းအထန္ကန္႔သတ္ထားေသာေၾကာင့္ လုေထာင္အျပည့္အဝႏိုးလာေသာအခါ သူ႔ေဘးတြင္ တာဝန္က်ဆရာဝန္မ်ား၊ ခ်န္းက်င္း ၊ အဖြားျဖစ္သူႏွင့္ ေဖလီတို႔ကိုသာ ေတြ႔ရေပသည္။
မိမိ၏အမ်ိဳးသားျဖစ္သူက က်န္းက်န္းမာမာႏွင့္ ထိုင္ေနႏိုင္သည္ကို ျမင္ရေသာအခါ ခ်န္းက်င္းသည္ စိတ္မထိန္းႏိုင္ဘဲ မ်က္ရည္ဝဲလာမိ၏။ ေဘးနားမွ အဖြားျဖစ္သူကလည္း သူ႔နည္းအတိုင္းပင္ မ်က္ရည္ဝဲလာရမွ ေနာက္ဆံုးတေပါက္ေပါက္က်လာခဲ့သျဖင့္ သူမ၏ လက္ကိုင္ပုဝါေလးကို ထုတ္ကာ မ်က္လံုးေထာင့္စြန္းတို႔အား သုတ္လိုက္ေပ၏။ ထို႔ေနာက္ သူမက လုေထာင္၏လက္ကိုဆုပ္ကိုင္လိုက္ကာ စကားဆိုသည္။
"လိမ္မာလိုက္တဲ့ အဖြားရဲ႕ေျမးေလး ေနာက္ဆံုးေတာ့ႏိုးလာၿပီပဲ ေတာ္ေသးတာေပါ့။ အဖြားကေသမတတ္ကို စိတ္ပူေနခဲ့ရတာ"
သို႔သည္တိုင္ လုေထာင္က စိတ္႐ႈပ္သြားဟန္ျဖင့္ အဖြားဆုပ္ကိုင္ထားေသာ သူ၏လက္ကိုဖယ္ထုတ္လိုက္ကာ မိမိအေ႐ွ႕မွ တုန္ရီေနေသာ အဖြားျဖစ္သူကို နားမလည္ႏိုင္စြာျဖင့္ၾကည့္လာရင္း
"အဖြားကဘယ္သူလဲ"
ၿပီးေနာက္ သူက ခဏစကားရပ္လိုက္ၿပီး အခန္းထဲမွ လူအားလံုးကို တစ္ခ်က္ေဝ့ၾကည့္လာ၏။
"ငါကေရာဘယ္သူလဲ"
မွတ္ဉာဏ္မ်ားေပ်ာက္ဆံုးသြားျခင္းေၾကာင့္ အမွန္တကယ္သူႏိုးထလာပါက ဤကဲ့သို႔ပံုစံျဖစ္လာမည္မွာ မထူးဆန္းပါေသာ္ျငား တကယ္တမ္း လုေထာင္၏ နားေဝတိမ္ေတာင္ပံုစံကို ျမင္ရေသာအခါ အားလံုးသည္ စိတ္မသက္မသာျဖစ္သြားရေပသည္။ တည္ၿငိမ္သည့္ ေဖလီပင္ အနည္းငယ္မွ် စိတ္မေကာင္းျဖစ္သြားရကာ အဖြားျဖစ္သူကလည္း ဝမ္းနည္းစြာ ငိုေႂကြးလ်က္။
ေဖလီက စိတ္ထိန္း၍ ႐ွင္းျပလာသည္။
"ဆရာက ဒီကမာၻရဲ႕ဗိုလ္ခ်ဳပ္တစ္ေယာက္ျဖစ္တဲ့ လုေထာင္ပါ။ ဒါကေတာ့ ဗိုလ္ခ်ဳပ္ရဲ႕တစ္ဦးတည္းေသာ အသက္႐ွင္က်န္ရစ္တဲ့ ေဆြမ်ိဳးျဖစ္သူ အဖြားပါပဲ"
"လုေထာင္? အဖြား? "
လုေထာင္က ၎အမည္နာမႏွစ္ခုကို အျပန္အလွန္ေရရြတ္ေနခဲ့သည့္တိုင္ စိတ္မၿငိမ္ႏိုင္ေသးပါေပ။ သူက ေဖလီ့ဘက္ကို ႐ုတ္တရက္လွည့္ကာ ေမးလာသည္။
"မင္းကေရာ?! မင္းကဘယ္သူလဲ?"
ေဖလီက သူ႔မ်က္မွန္ကိုင္းကို ပင့္တင္ရင္းျပန္ေျဖသည္။
"ကြၽန္ေတာ္က ဗိုလ္ခ်ဳပ္ရဲ႕အတြင္းေရးမႈး ေဖလီပါ။ ၿပီးေတာ့ ဒါကေတာ့ တာဝန္က်ဆရာဝန္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ Gelson၊ ေဘးနားက ႏွစ္ေယာက္ကေတာ့ သူ႔ရဲ႕လက္ေထာက္ေတြပါ"
တာဝန္က်ဆရာဝန္ႏွင့္ လက္ေထာက္ျဖစ္သူတို႔၏ အၾကည့္က ေနာက္ဆံုးက်န္ရစ္ေသာ ခ်န္းက်င္းဆီသို႔ က်လာခဲ့သည္။
"ဒီလူကေတာ့ ဗိုလ္ခ်ဳပ္ရဲ႕ လက္တြဲေဖာ္ ခ်န္းက်င္းပါ"
ေဆးရံုအိပ္ရာေပၚတြင္ ထိုင္ေနေသာ လုေထာင္သည္ ထိုစကားကိုၾကားၾကားခ်င္း မ်က္လံုးမ်ားျပဴးသြားရကာ ခ်န္းက်င္းကို စိုက္ၾကည့္လ်က္ တအံ့တဩျဖင့္ေမးလာ၏။
"လက္တြဲေဖာ္ဆိုတာ?"
သူက ၎စကားလံုး၏အဓိပၸါယ္ကို မ႐ွင္းမလင္းျဖစ္ေနပံုေပါက္ေသာေၾကာင့္ ေဖလီက အလ်င္အျမန္စကားေျပာင္း၍ ႐ွင္းျပလိုက္ေလသည္။
"ဗိုလ္ခ်ဳပ္ရဲ႕...ခ်စ္သူလို႔ေျပာခ်င္တာ"
သူ႔စကားကိုၾကားေသာအခါ တစ္ဖက္မွအဖြားျဖစ္သူက ေဒါသတႀကီးခြန္းတုံု႔ျပန္လာေပ၏။
"ငါ့ေျမးေလးက သူ႔လိုလူကို ဘယ္တုန္းကခ်စ္ခဲ့ဖူးလို႔လဲ!? သူတို႔ဆက္ဆံေရးက ဒီအတိုင္း ဥပေဒအရသက္သက္ပဲ"
ခ်န္းက်င္းသည္ အနည္းငယ္မွ် အ႐ွက္ရမိသြားေသာ္ျငား တစ္ဖက္တြင္မူ စိတ္လႈပ္ရွားလို႔လည္း ေနမိေပသည္။ လုေထာင္က သူ႔အား အၾကာႀကီး စိုက္ၾကည့္ေနခဲ့ေသာေၾကာင့္၊ အရင္က သူတစ္ခါမွ မရ႐ွိခဲ့ဖူးပါေသာ ထိုလူ၏ အၾကည့္တို႔ေၾကာင့္ပင္။
"ကြၽန္ေတာ္ေျပာတာ မမွားဘူးေလ အဖြား"
ေဖလီက သူမကိုျပန္႐ွင္းျပလာသည္။
"ေဒါက္တာထ်န္လည္း ေျပာၿပီးသြားၿပီပဲ။ ဗိုလ္ခ်ဳပ္ရဲ႕မွတ္ဉာဏ္ေတြ ျပန္ရဖို႔အတြက္ သူ႔အနားမွာ႐ွိသမွ် အရာအားလံုးနဲ႔ သူ႔ကိုရင္းႏွီးေအာင္ လမ္းၫႊန္ေပးသင့္တယ္လို႔။ ေဆးကိုခ်ည္း အားကိုးေနရင္ ဒုကၡေရာက္လိမ့္မယ္တဲ့ေလ"
သူ႔ကခ်က္က်လက္က်ႏွင့္ ႐ွင္းျပသည့္အခါ တစ္ဖက္မွ အဖြားျဖစ္သူက ႏႈတ္ခမ္းကိုတင္းတင္းေစ့လ်က္ ဘာမွထပ္ေျပာမလာေတာ့ပါေပ။
တစ္ဖက္တြင္မူ လုေထာင္သည္ ယခုကိစၥမ်ားအားလံုးႏွင့္ ပတ္သက္၍ စိတ္႐ႈပ္ေနမိမွာ အေသအခ်ာ။ တာဝန္က်ေဒါက္တာက လက္ရွိသူ႔အေတြးတို႔ကို ေမးျမန္းလာသည့္တိုင္ သူသည္ဘာမွ်ျပန္မေျဖဘဲ ေခါင္းသာယမ္းျပခဲ့ေလ၏။ ထို႔ေနာက္ သူ၏ ေျခလက္မ်ားကလည္း အေကာင္းပကတိျဖစ္ကာ မည္သည့္အက်ိဳးဆက္မွ ႐ွိမလာႏိုင္ေၾကာင္း အတည္ျပဳၿပီးခါမွ အားလံုးလည္း စိတ္သက္သာရရသြားၾကေတာ့ေလသည္။
ေဒါက္တာ Gelson သည္ လုေထာင္၏ အၾကည့္မ်ားက ခ်န္းက်င္းဆီ၌ အခ်ိန္ျပည့္စြဲကပ္ေနေၾကာင္းကို သတိထားမိ၏။ ထို္ေၾကာင့္ သူသည္ အလိုက္သိစြာျဖင့္ ေခ်ာင္းတစ္ခ်က္ဟန္႔ရင္း ဆိုလာသည္။
“ဒီေန႔စစ္ေဆးတာကေတာ့ ဒီေလာက္ပါပဲ။ ကြၽန္ေတာ့္အထက္ မစၥတာခ်န္းက်င္းက ဗိုလ္ခ်ဳပ္ကို အေဖာ္ျပဳေပးဖို႔ ေနခဲ့ရင္ ပိုေကာင္းလိမ့္မယ္။ အဖြားေရာ အဆင္ေျပတယ္မလား?"
အဖြားျဖစ္သူသည္ကား လုေထာင္ ႏိုးထလာခ်ိန္ကတည္းမွစ အခ်ိန္ျပည့္ မိမိ၏ေျမးျဖစ္သူကိုသာ တစိမ့္စိမ့္ၾကည့္ေနခဲ့ျခင္းေၾကာင့္ သူက ခ်န္းက်င္းကို ခဏခဏ ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနေၾကာင္း သတိထားမိသည္ပင္။ ထို႔ေၾကာင့္ သေဘာမက်သည့္တိုင္ သူမကျငင္းဆိုျခင္းမျပဳဘဲ ေျပာလာေလ၏။
"ကြၽန္မတို႔သြားၾကတာေပါ့"
သူမက မထြက္ခြာခင္ ခ်န္းက်င္းကို စူးစိုက္ၾကည့္လ်က္ တိုးတိုးေလး သတိေပးသည္။
"ငါ့ေျမးကိုျဖားေယာင္းဖို႔ ေသးေသးေလးေတာင္ မေတြးနဲ႔။ မင္းဟန္ေဆာင္ရင္ေတာင္ သူကႏွစ္ဝက္ေလာက္ၾကာရင္ မွတ္ဉာဏ္ေတြျပန္ရလာမွာ။ အဲ့ဒီအခါ မင္းလုပ္ရပ္ေတြကိုသာ သိၾကည့္ပါလား သူပိုၿပီး မင္းကို ရြံ႔႐ွာလာမွာပဲ။!"
ခ်န္းက်င္းသည္ တိတ္တိတ္ေလး နားေထာင္လ်က္ ႐ွက္ရြံမႈေၾကာင့္ လက္သီးတို႔ကို တင္းတင္းဆုပ္ထားမိေလသည္။ သူကတိုးညႇင္းစြာျဖင့္ ျပန္ေျဖ၏။
"စိတ္မပူပါနဲ႔ ကြၽန္ေတာ္အဲ့ဒီလို မလုပ္ပါဘူး"
အဖြားက တစ္ခ်က္ေလွာင္ရယ္လာ၏။
"ငါမင္းကိုမယံုဘူး"
အားလံုးထြက္သြားၿပီးသည့္ေနာက္ အခန္းထဲတြင္ ခ်န္းက်င္းႏွင့္လုေထာင္သာ က်န္ရစ္ခဲ့ေတာ့သည္။ လုေထာင္ကသူ႔အား စိုက္ၾကည့္ေနဆဲပင္။ ခ်န္းက်င္းသည္ သူ႔ေၾကာင့္ မ်က္ႏွာတစ္ျပင္လံုး နီရဲကာ မီးေတာက္လာမလားေတာက္ စိုးရိမ္မိ၏။ သူသည္ အဆမတန္ခုန္ေနေသာ မိမိႏွလံုးခုန္သံကို အတတ္ႏိုင္ဆံုး ထိန္းလိုက္ရင္း လုေထာင္၏အနားသို႔ ေလွ်ာက္သြားကာ ႏူးညံ့စြာေမးလိုက္သည္။
"ေရဆာေနလား!?"
လုေထာင္ကျပန္မေျဖခဲ့ပါေပ။ သို႔ႏွင့္ သူသည္ ဘာသာေရေႏြး ခြက္ဝက္မွ်ငွဲ႔လိုက္ရင္း တစ္ဖက္လူကို ေပးလာေလသည္။ လုေထာင္၏အၾကည့္မ်ားက ခ်န္းက်င္း၏မ်က္ႏွာမွ ေရခြက္လွမ္းေပးေနသည့္လက္သို႔ ေျပာင္းသြားကာ ၎ခြက္ကို ယူလိုက္ေလ၏။
သူတို႔ႏွစ္ဦး၏ လက္မ်ားထိမိသြားသည့္ တစ္ခဏတြင္ ခ်န္းက်င္းသည္ မိမိခႏၶာကိုယ္တစ္ေလွ်ာက္ လွ်ပ္စီးေၾကာင္း ျဖတ္ေျပးသြားသလို ခံစားရကာ စိတ္လႈပ္႐ွားမိသြားေပ၏။ အသက္႐ႈသံမ်ားေတာင္ ပရမ္းပတာ ျဖစ္လာသလိုပါပင္။ လုေထာင္က ေရတစ္ခြက္လံုးကို ေသာက္လိုက္ၿပီး သူ႔ကိုျပန္ၾကည့္လာသည္။
"ထပ္ေပးဦး"
လုေထာင္၏အသံကား ပံုမွန္အတိုင္း ေျပေျပေလးပင္ ျဖစ္၏။ ခ်န္းက်င္းသည္ အျမန္ေရခြက္ကိုလွမ္းယူလိုက္၍ ေနာက္တစ္ခြက္ထပ္ေပးလိုက္ကာ လုေထာင္က ေရကို တဂြတ္ဂြတ္ျမည္ေအာင္ ေသာက္ေနပံုအား ေငးၾကည့္ေနမိေလသည္။ သူသည္ ႐ုတ္ခ်ည္း လြန္ခဲ့ေသာႏွစ္မ်ားစြာက ပံုရိပ္တစ္ခုကို သြားအမွတ္ရမိ၏။ သူ လုေထာင္ကို ပထမဆံုးေတြ႔တုန္းကလည္း လုေထာင္က ေရေသာက္ေနခဲ့ျခင္းပင္။ ၎မွာ ဆြဲေဆာင္မႈ႐ွိေသာ ဇာတ္ကြက္တစ္ခုကို အေႏွးျပကြက္ႏွင့္ၾကည့္ေနရသလိုမ်ိဳး ျဖစ္သည္။ အေပၚေအာက္ စည္းခ်က္က်က် လႈပ္႐ွားေနေသာ လည္ဇလုတ္က ၾကည့္ေနသူကို ရင္ခုန္လာေစ၏။ တျဖည္းျဖည္းႏွင့္ လုေထာင္၏မ်က္ႏွာကို သူျမင္ေသာအခါ ခ်န္းက်င္းသည္ ေသခ်ာသိခဲ့ရေလသည္။ သူ ထိုလူ႔ကို ျမင္ျမင္ခ်င္း ခ်စ္မိသြားၿပီျဖစ္ေၾကာင္း..။
လုေထာင္က ေရခြက္အလြတ္ကို သူ႔ဆီျပန္ေပးလာေသာအခါ သူကထပ္ေမးလာသည္။
"ထပ္ေသာက္ဦးမလား"
လုေထာင္က ေခါင္းယမ္းျပသည္။ သို႔ႏွင့္ သူသည္ ေရခြက္ကို မူလေနရာျပန္ထားလိုက္၏။ သူ၏လႈပ္႐ွားမႈတိုင္းကို လုေထာင္က မ်က္စိေဒါက္ေထာင့္လိုက္ၾကည့္ေနေသာေၾကာင့္ ခ်န္းက်င္းက လုေထာင္ဘက္ျပန္လွည့္လာေသာအခါ တစ္ဖက္လူ၏ အၾကည့္မ်ားႏွင့္ ထိပ္တိုက္တိုးမိေလေတာ့သည္။ အမွန္ဆိုရလွ်င္ ခ်န္းက်င္းသည္ လုေထာင္၏အၾကည့္မ်ားႏွင့္ ေနသားမက်ေသးပါေပ။ ထို႔ေၾကာင့္ သူက မသိလိုက္ဘာသာ မိမိမ်က္ႏွာကိုကိုင္လ်က္ ေမးလာ၏။
"ကြၽန္ေတာ့္မ်က္ႏွာမွာ တစ္ခုခုေပေနလို႔လား"
"ဟင့္အင္း"
လုေထာင္က ျပံဳးလ်က္ ျပန္ေျဖသည္။ ထိုလူသည္ကား အျမဲတမ္းနီးပါး မျပံဳးမရယ္ဘဲေနေလ့႐ွိေသာေၾကာင့္ သူႏွင့္ရင္းႏွီးသည့္ လူအနည္းငယ္သာ သူ႔အျပံဳးက ဘယ္ေလာက္ထိနွစ္လိုဖြယ္ေကာင္းၿပီး ေတာက္ပသလဲဆိုသည္ကို သိခြင့္႐ွိေပလိမ့္မည္။ ခ်န္းက်င္းသည္ ၎႐ွားပါးအျပံဳးေလးေၾကာင့္ ခဏမွ်မွင္သက္ေနမိခ်ိန္တြင္
"မင္းက အရမ္းၾကည့္ေကာင္းပါတယ္"
ဟူေသာ စကားေနာက္တစ္ခြန္းက လုေထာင္၏ႏႈတ္ဖ်ားထံမွ ပြင့္အံလာေၾကာင္း ၾကားလိုက္ရေလသည္။
ထိုစကားတစ္ခြန္းက သူ႔ကို အႀကီးအက်ယ္ ေ႐ွာ့ခ္ရသြားေစခဲ့၏။ မၾကာမီအခ်ိန္အတြင္းပင္ သူ႔မ်က္လံုးမ်ားထဲမွ ပူေႏြးေႏြးအရည္ၾကည္တခ်ိဳ႕က တားဆီးမရႏိုင္စြာ စီးက်လို႔လာၿပီး ပါးျပင္ျဖဴျဖဴထက္၌ မ်က္ရည္ကြက္မ်ား ျဖစ္သြားေစခဲ့သည္။
သူက ႐ုတ္တရက္ႀကီး ငိုေနသည္ကိုျမင္ေသာအခါ လုေထာင္သည္ အံ့ဩသြားမိေလ၏။
"မင္း..ဘာလို႔..."
အသိစိတ္ျပန္ဝင္လာေသာ ခ်န္းက်င္းသည္ ခ်က္ခ်င္းပင္ သူ႔ကိုေက်ာေပးလိုက္ၿပီး မ်က္ရည္မ်ားကို မိမိအက်ႌလက္ႏွင့္ သုတ္လိုက္ကာ ကပ်ာကယာ႐ွင္းျပလာ၏။
"ကြၽန္ေတာ္ဘာမွမျဖစ္ဘူး ေတာင္းပန္ပါတယ္ ဘာလို႔မွန္းမသိ... ႐ုတ္တရက္ႀကီး မ်က္ရည္က.."
အမွန္မွာမူ ခ်န္းက်င္းသည္ အေၾကာင္းျပခ်က္ကို ေကာင္းစြာနားလည္ၿပီး ျဖစ္ေလ၏။ လုေထာင္ေနာက္ကို သူႏွစ္ေပါင္းမ်ားစြာ လိုက္ခဲ့ၿပီးေနာက္တြင္ မိမိမွာ သူ႔အနားကိုကပ္ဖို႔ႀကိဳးစားရင္း တျဖည္းျဖည္း သူ႔ဆီမွ ေဝးကြာသြားခဲ့ရၿပီးေပၿပီ။ အစကတည္းက သူ႔တြင္ ယုတ္ညံ့သည့္အေတြးမ်ား မ႐ွိေနခဲ့သည့္တိုင္ လုေထာင္က သူ႔ကို လ်စ္လ်ဴရႈခဲ့ေလသည္။ အခ်င္းခ်င္း ရင္းရင္းႏွီးႏွီးေနဖို႔ကိုအသာထား တစ္ခါမွ် သူ႔ကိုမခ်ီးမြမ္းခဲ့ဖူးပါေပ။
အကယ္၍မ်ား လုေထာင္၏ စိတ္သေဘာထားက ဟိုးအရင္ကအတိုင္းသာ ျဖစ္ေနခဲ့မည္ဆိုလွ်င္ေတာင္ သူသည္ ဝမ္းနည္းမိမည္မဟုတ္။ သူ၏လ်စ္လ်ဴ႐ႈမႈမ်ားကို ခ်န္းက်င္းတစ္ေယာက္ က်င့္သားရေနၿပီမို႔ပင္။ သို႔ေသာ္ ယခုလုေထာင္က သူ႔ကို ႐ုတ္တရက္ႀကီး ခ်ီးမြမ္းစကားဆိုလာခဲ့သည္။
ခ်န္းက်င္းသည္ ၎ေျပာင္းလဲမႈႏွင့္ပတ္သက္၍ ေနသားမက်ႏိုင္သျဖင့္ မ်က္ရည္တို႔က ပို၍ ပို၍ စီးက်လာရကာ သူ႔အက်ႌလက္မ်ားပင္ စိုစြတ္လာၿပီး သုတ္လို႔မရႏိုင္ေတာ့ပါေပ။ သို႔သည္တိုင္ မ်က္ရည္မ်ားက အထိန္းအကြပ္မဲ့စြာ စီးက်ေနဆဲ။ ထိုအခ်ိန္တြင္ တစ္႐ွဴးကမ္းေပးေသာ လက္တစ္ဖက္ကို ေတြ႔လိုက္ရေသာအခါ သူသည္ ခဏမွ် ၾကက္ေသေသသြားမိေလသည္။ ခ်န္းက်င္းက မိမိေခါင္းကိုေမာ့ၾကည့္လိုက္ရာ စိုးရိမ္ေသာမ်က္ႏွာေပးျဖင့္ သူ႔ေ႐ွ႕တြင္ မတ္တပ္ရပ္ေနသည့္ လုေထာင္ကို ျမင္လိုက္ရေပ၏။
ခ်န္းက်င္းက အံ့ဩမိသြားၿပီး စကားမဆိုႏိုင္ေသးခင္မွာပင္ လုေထာင္က တြန္႔ဆုတ္စြာျဖင့္ ေျပာလာသည္။
"ကိုယ္ မင္းကို သုတ္ေပးရမလား? မင္းငိုတာျမင္ရတာ နည္းနည္း...."
ခ်န္းက်င္းကေၾကာင္ရပ္ေနရာမွ အသိျပန္ဝင္လာခဲ့သည္။
"ခင္ဗ်ား..လမ္းေလွ်ာက္လို႔မရေသးဘူးေလ! ျမန္ျမန္အိပ္ရာေပၚ တက္လွဲေတာ့"
ဆက္ၿပီး မ်က္ရည္သုတ္ဖို႔အေရးကို ဂ႐ုစိုက္မေနေတာ့ပါဘဲ သူသည္ လုေထာင္ကို အိပ္ရာဆီ တြဲေခၚသြားေတာ့၏။ အခ်ိန္အၾကာႀကီးေနမွ ထိေတြ႔ရျခင္းက သူ႔ကိုစိတ္႐ႈပ္ေထြးေစသည့္အျပင္ လုေထာင္က သူ႔တစ္ကိုယ္လံုးကို မိမိအေပၚတြဲခိုထားသလိုမ်ိဳး ခံစားရေနသည္ပင္။
လုေထာင္ကို အိပ္ရာေပၚ လဲေလ်ာင္းေစခဲ့ၿပီးေနာက္တြင္ သူကိုယ္တိုင္သည္လည္း အနည္းငယ္ စိတ္တည္ၿငိမ္စျပဳလာေလၿပီ။ ခ်န္းက်င္းက မ်က္ရည္မ်ားကို သုတ္လိုက္ရင္း ေမး၏။
"တစ္ေနရာရာ အဆင္မေျပတာမ်ား ႐ွိေသးလား"
"အားလံုးအဆင္ေျပပါတယ္! တစ္ခုမွမမွတ္မိတာက လြဲလို႔ေပါ့ "
သို႔ေသာ္ လုေထာင္သည္ကား သူ႔မွတ္ဉာဏ္ေပ်ာက္ဆံုးသြားျခင္းကို နည္းနည္းမွ် စိတ္ပူသည့္ပံုမေပါက္ပါေပ။
"ႏွစ္ဝက္ေလာက္ေနရင္ ကိုယ္ အားလံုးကို ျပန္မွတ္မိလာမွာလား "
"အင္း အနည္းဆံုးႏွစ္ဝက္ အမ်ားဆံုး႐ွစ္လေလာက္ေပါ့။ အရင္ပံုစံအတိုင္း ျပန္ျဖစ္သြားမွာပါ"
လုေထာင္က သူ႔ကိုၾကည့္ရင္း ႐ုတ္တရက္ဆိုလာသည္။
"လက္တြဲေဖာ္..ခ်စ္သူဆိုေတာ့...ကိုယ္တို႔က လက္ထပ္ၿပီးသားလား!?"