မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

275K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(7)

5.5K 924 122
By ShweLoon365

(Unicode)

(TN: babyလေးတွေပါရင် တစ်ချို့စာကြောင်းလေးတွေကို ကျော်ဖတ်ကြပါနော်😍)

ရှုကျင်ထျန်းနိုးလာတဲ့အခါ သူကရှုဟန်ယွီရဲ့ ပွေ့ဖက်ခြင်းကို ခံထားရတာကိုသိလိုက်သည်။ သူသည်ထိုပုံစံအတိုင်း အချိန်အတော်ကြာနေခဲ့ရပြီး သူ၏ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် နာကျင်နေခဲ့သည်။ သူ့လည်ပင်းကလည်း တောင့်တင်းနေပုံရသည်။

ရှုကျင်ထျန်းသည် ထိုလူသား၏ပွေ့ဖက်မှုထဲတွင် ရှိနေပြီး လည်ပင်းကို ဂရုတစိုက်လှုပ်လိုက်သည်။ ဘယ်လိုတောင် ညောင်းညာနေလိုက်သလဲ...

ရှုဟန်ယွီရဲ့ ရင်ဘတ်မှာ မွေးညှင်းနုလေးတွေရှိသည်။ သူသည် အငြိမ်မနေနိုင်ဘဲ ထိုနေရာကို ခေါက်တုံ့ခေါက်ပြန် ခပ်ဖွဖွ ကုတ်ခြစ်လိုက်မိသည်။

မျက်လုံးဖွင့်ကြည့်တော့ သူ့ရဲ့မိန်းမပျိုလေးက ရင်ခွင်ထဲတွင် နာခံစွာဖြင့် လည်ပင်းကိုသနားစရာ လှုပ်နေတာကို သူတွေ့လိုက်ရသည်။ သူတော်တော် အဆင်မပြေပုံရသည်။

ရှုကျင်းထျန်သည် ရှုဟန်ယွီနိုးလာသည်ကို မြင်သောအခါ အလွန်ဝမ်းနည်းလာသည်။ သူစောစောသိခဲ့ရင် သူညောင်းညာနေရင်တောင် လှုပ်ရဲမှာမဟုတ်ဘူး။

အေးမြသောလက်က သူ့လည်ပင်းကိုပွတ်သပ်ပြီး အတင်းဆုပ်နယ်လိုက်သည်။

"အား!!" ရှုကျင်ထျန်းသည် သေလုမျောပါးဝက် ကဲ့သို့ အော်ဟစ်လိုက်သည် ။

"အရမ်းနာတာပဲ! မင်းငါ့ကို သတ်ဖို့ကြိုးစားနေတာလား? "

ညောင်းညာတောင့်တင်းနေတဲ့ လည်ပင်းတောင် ဒီလောက်မနာကျင်ဘူး။ အခု သူ့လည်ပင်းက တဆတ်ဆတ်တုန်ခါသွားသလို ခံစားရလိုက်သည်။

မိန်းမပျိုလေး၏ အော်သံကိုကြားရသောအခါ ရှုဟန်ယွီသည် သူ၏လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်လိုက်သည်။ သူကရှုကျင်ထျန်း၏ ပုံမှန်အသားအရောင်ရှိနေပေမယ့် ရှုံ့မဲ့နေတဲ့မျက်နှာလေးကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ မိန်းမတွေက တကယ်ကို ပျော့ညံ့တဲ့သတ္တဝါတွေပဲ! ထို့နောက်သူ့ဒူးပေါ်တွင်ရှိသည့် မိန်းမပျိုလေးကို ကြည့်လိုက်သည်။ ထိုနေရာတွင် ကြီးမားသည့် အနီရောင်အကွက်ကြီး ဖြစ်ပေါ်နေပေသည်။

အနည်းငယ်တောင်းပန်သည့်အနေနှင့် ရှုဟန်ယွီက သူဆုပ်နယ်ထားသောနေရာကို ထိလိုက်ပြီး မိန်းမပျိုလေး၏ ပုခုံးပေါ်လက်တင်၍ နှိပ်နယ်လိုက်သည်။ ဒီတခါတော့ သူကသူ့ရဲ့ခွန်အားကို သိသိသာသာနိမ့်ကျစေခဲ့သည်။

ရှုကျင်ထျန်းသည် နှိပ်နယ်ခံရခြင်းကို အလွန်စိတ်မ၀ င်စားပေမယ့် သူခဏတစ်ဖြုတ် သတိလက်လွတ်ဖြစ်သွားရင်တောင် ထိုယောကျ်ားပျိုက သူ့ကိုထပ်နာကျင်စေမည်ကို အလွန်အမင်းစိုးရိမ်သည်။

"မလိုဘူး၊ မလိုပါဘူး၊ ဘာမှမဖြစ်ပါဘူး၊ ငါလှုပ်ရှားလိုက်ရင် အဆင်ပြေသွားမှာပါ"

မည်သို့ပင်ဆိုစေကာမူ မြွေကြီးကနိုးနေပြီဖြစ်သောကြောင့် ရှုကျင်ထျန်းကို လွှတ်ပေးလိုက်လေသည်။

သူ၏ပြောင်တင်းနေသော အသားအရည်သည် ရှုဟန်ယွီ၏ခန္ဓာကိုယ်ကို ပွတ်တိုက်မိပြီး ဖော်မပြနိုင်လောက်သည့် အထိအတွေ့မျိုးကို ခံစားလိုက်ရသည်။

မြွေတစ်ကောင်၏ အသားအရည်သည် ချွေးပေါက်များမရှိသည့် ကျောက်တုံးကဲ့သို့ အမှန်တကယ်ချောမွေ့သည်။ ပြီးတော့ သူ့အသားအရည်က အရမ်းမနာလိုစရာကောင်းတာပဲ!

သို့သော်တစ်စက္ကန့်ထဲမှာပင် ရှုကျင်ထျန်းသည် မြွေကိုထိမိသည်ကို ပြန်သတိရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားပြီး တကိုယ်လုံးကြက်သီးများထလာလေသည်။

သူသည် ငယ်စဉ်ကတည်းက မြွေများကိုကြောက်သည်။ သူသည်မြွေတစ်ကောင်ဖြတ်သွားသည့် နေရာကိုလမ်းလျှောက်ရန်ပင် ကြောက်ရွံ့နေပြီးမြွေနံ့အနည်းငယ်တောင်မှ သူ့ဆီကူးစက်ခံရမှာကြောက်သည်။ သေးသေးလေးအကိုက်ခံရမှာတောင် သူကြောက်လွန်းလှသည်။

ရှုဟန်ယွီသည် အခက်အခဲမရှိ မိန်းမပျိုလေးအားလွှတ်လိုက်ပြီး သူမအား လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုလိုက်သည်။

ရှုကျင်ထျန်းသည် လွတ်လပ်သွားသည်နှင့်တစ်ပြိုင်နက် သူသည်မြွေလူသား၏လက်အတွင်းမှ ခုန်ထွက်လိုက်သည်။

ခြေဗလာဖြင့် အပေါက်နားကနံရံဆီကိုပြေးပြီး လက်မောင်းကိုပြင်းထန်စွာပုတ်ကာ လည်ပင်းကိုလိမ်လိုက်သည်။
(TN:လည်ပင်း ညောင်းနေလို့ဇက်ကြောဆွဲတဲ့သဘောမျိုးလေသိတယ်မလား😁)

အာ? နေသာနေတုန်းပဲ။ ဒါပေမယ့် သူအိပ်ပျော်သွားတာ တော်တော်ကြာပုံရတယ်။ သူ့လည်ပင်းတွေတောင် တောင့်တင်းညောင်းညာနေပြီ။

ဒီနေရာရဲ့အချိန်က တစ်ခုခုမှားနေသလိုပဲ! သူအဲ့ဒါကိုစဉ်းစားလိုက်တဲ့အခါ သူဒီကမ္ဘာကိုကူးပြောင်းလာတော့ နေ့လည်ချိန်ဖြစ်သည်။ ထို့နောက်သူသည် သားရဲနှင့်မတွေ့ဆုံမီ သုံးလေးနာရီခန့် လမ်းလျှောက်ခဲ့သည်။ သူသတိလစ်မေ့မြောမသွားခင် အနည်းဆုံးလေးနာရီလောက်ကြာသွားပြီ။

သို့သော်လည်း ထိုအချိန်တွင်နေရောင်သည် အနောက်ဘက်သို့ အများကြီးမရွေ့ဘဲ မွန်းတည့်ချိန်သာ ဖြစ်နေပုံရသည်။

ထို့ပြင် မနေ့ကနေဒီနေ့ထိ သတိလစ်မေ့မျောခြင်းနှင့် အိပ်ပျော်ခြင်းတို့ပြီးတဲ့နောက်မှာ သူသည်သုံးကြိမ်အိပ်ပြီးသွားပြီဖြစ်သဖြင့် တစ်ရက်ခန့်ကုန်သွားလိမ့်မည်။ သူသည်အလွန်ကြာရှည်စွာ အိပ်ပျော်နေပြီးတစ်ရက် ကျော်သွားတယ်ဆိုရင်တောင် ဒီနေရာရဲ့နေ့ရက်တွေက သူ၏မူလအချိန်နှင့်မတူညီပါချေ။ ဤနေရာရှိ တစ်ရက်တာကြာမြင့်ချိန်သည် သူ၏မူလကမ္ဘာနှင့် ကွာခြားနိုင်ခြေပိုများပါသည်။

ရှုကျင်ထျန်းသည် သူ၏ခေါင်းကိုနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

"ဟိတ်လူ ငါပြောမယ်၊ မင်းငါ့ကို ဘာလို့ကြည့်နေတာလဲ။ ငါ့မှာရှိတဲ့ဘာမဆို မင်းမှာလည်းရှိတယ်လေ ”

စကားပြောနေစဉ်တွင် ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ အောက်ပိုင်းကိုဒေါသတကြီး ကြည့်နေခဲ့သည်။ သူ့အရာသည် အလွန်အထင်ကြီးစရာကောင်းသည်။ သူနှင့်အတူအိပ်ခဲ့သော အမျိုးသမီးများသည် သန့်စင်မှုစတင်ခဲ့လျှင်ပင် အိပ်ယာထဲတွင်နှစ်ခြမ်းကွဲလာပြီး မရပ်မနားညည်းတွားနေလိမ့်မည်။

ရှုဟန်ယွီကလည်းသူ့ကိုမရှောင်ခဲ့ပေ။ မိန်းမပျိုလေး၏ မျက်လုံးများသည် သူ၏မျိုးပွားအင်္ဂါများကို ပွင့်လင်းစွာငေးကြည့်နေသဖြင့် သူသည်ပိုမိုပွင့်လင်းမြင်သာစေရန် သူ၏ခြေထောက်များကို ဖြန့်ကားပစ်လိုက်သည်။

ရှုကျင်ထျန်းသည် ရုတ်တရက်အေးခဲသွားပြီး သူ၏မျက်လုံးများဟာ ချက်ချင်းပြူးကျယ်သွားသည်။

ဘုရားရေ၊ အဲဒါဘာလဲ? ရှုဟန်ယွီသည် လူသားတစ် ဦး၏ အသွင်အပြင်အဖြစ်ပြောင်းလဲလာသည်။ သို့သော်လည်း သူ၏လိင်အင်္ဂါများသည် ထူးဆန်းလွန်းလှသည်။ ပန်းရောင်ဘောလုံးနှစ်လုံးသည် ပုံမှန်ဖြစ်သော်လည်း ထိုဖျော့သောအရာနှစ်ခုမှာ အဘယ်နည်း? ဖျော့တော့သောလိင်တံသည် မယုံကြည်နိုင်လောက်အောင်ပင် သာမန်လူသားတစ်ဦးထက် နှစ်ဆခန့်ရှည်သည်။ သူက အမျိုးသမီးတစ်ယောက်ရဲ့ အထဲကို၀င်ချင်ရင် ပေါက်ထွက်သွားမှာမဟုတ်ဘူးလား? သို့သော်လည်း မြွေမများသည် ကွဲပြားခြားနားစွာဖြင့် ဒီထူးဆန်းလွန်းသည့်အရှည်ကို ခံနိုင်လိမ့်မည်။

အရာနှစ်ခု၏အစွန်အဖျားကို ဆူးများဖြင့်ဖုံးအုပ်ထားပြီး ကြောက်စရာကောင်းလှသည်။

ရှုကျင်ထျန်းသည် သူ၏တံတွေးကိုမျိုချလိုက်ပြီး ကြမ်းပြင်ပေါ်ရှိစောင်အား ကောက်လိုက်ပြီး သူ့ကိုယ်သူထုပ်ပိုးလိုက်သည်။ ငါအဲ့ဒီမိစ္ဆာကောင်ရဲ့ မူမမှန်တဲ့ဟာနဲ့ ယှဥ်မှာမဟုတ်ဘူး!

ရှုဟန်ယွီသည် မတ်တတ်ရပ်ပြီး ကြမ်းပြင်ပေါ်ရှိ ယန်သစ်သီးကိုကောက်ယူကာ ရှုကျင်ထျန်းကိုပေးလိုက်သည်။ အချိန်ကြာကြာ အိပ်ပျော်ပြီးနောက် သူ(ကျင်ထျန်း)ဗိုက်ဆာလာနိုင်သည် ။

"စား!"

ရှုကျင်ထျန်း အဲ့ဒါကိုတစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်သတိထားနေမိသည်။ လက်တစ်ဖက်ကစောင်ကိုဆုပ်ကိုင်ထားပြီး ရှုဟန်ယွီက သူ့ဆီကပေးလာသည့်အသီးကို လက်ခံလိုက်သည်။

ရှုကျင်ထျန်းကပြုံးပြီး "စားပါ" ဟုညင်ညင်သာသာ ပြောလိုက်သည်။

ပြီးတော့ ရှုကျန်ထျန်းသည် ရုတ်တရပ်ကြီး သစ်သီးများကို ကြောက်လန့်စွာ တွန်းထုတ်လိုက်သည်။

"မင်းဖင်ကြီးကို စား!"

တကယ်ပဲ ဒီလောင်ဇီကို နှိပ်နယ်ပေးပြီး အဆိပ်ရှိတဲ့အသီးကိုပေးတာရဲ့ နောက်ကွယ်က သူ့ရည်ရွယ်ချက်ကဘာလဲ?

ရှုဟန်ယွီက မထင်မှတ်ပဲ သူ့ကိုကြမ်းကြမ်းတမ်းတမ်း မလုပ်ခဲ့ပေ။ မိန်းမပျိုလေးက အနည်းငယ်တုန်လှုပ်နေသော်လည်း သူ့အားဇွတ်အတင်း စိုက်ကြည့်နေသည်ကို ကြည့်နေမိသည်။ သူ့ကိုအရမ်းကြောက်နေခဲ့တာလား?

မိန်းမပျိုလေးက သူ၏မြွေဥများကို မမွေးချင်တော့ဘူးလား?ယမန်နေ့ကသူ(ကျင်ထျန်း)သည် ယန်သစ်သီးများကိုကောက်ယူပြီး တစ်ကြိမ်တည်း၌ပင် စားခဲ့သည်။ သူ(ကျင်ထျန်း)ဘာလို့အခုမှမစားချင်တော့ဘူးလဲ? သူ့ကိုမကျေနပ်တာလား? သူ့ကိုရက်စက်ခဲ့မိတာကြောင့်လား?

ရှုဟန်ယွီ၏ နှလုံးသားသည် အနည်းငယ်နာကျင်သွားသည်။ မိန်းမတွေက တကယ်နားလည်ဖို့မလွယ်ဘူးပဲ! ထိုအချိန်တွင်သူသည် ခဏလောက်စိတ်မရှည် ဖြစ်သွားခဲ့သည်။ မိန်းမပျိုလေးက ဒီလောက်အားနည်းလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။

ရှုဟန်ယွီက လက်ကိုဆန့်ထုတ်လိုက်ပြီး ရှုကျင်ထျန်း၏ ခေါင်းကိုထိလိုက်သည်။

ရှုကျင်ထျန်းသည် နောက်သို့တွန့်သွားပြီး ထိုလူကသူ့ကိုရိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း သိလိုက်ရတော့မှ  သက်ပြင်းချလိုက်မိသည်။

သူအရမ်းလန့်သွားခဲ့သည်။ ဒီအကြမ်းဖက်သမားက သူ့ကိုထပ်ရိုက်လိမ့်မယ်လို့ ထင်လိုက်မိသည်။

"မင်း ... အပြင်သွားမလား" ရှုဟန်ယွီသည် ရှုကျင်ထျန်းနှင့် ပိုမိုနီးကပ်သွားပြီး ညင်ညင်သာသာပြောလိုက်သည်။

ရှုဟန်ယွီရဲ့အဓိပ္ပာယ်က 'မင်းအပြင်ထွက်ချင်လား?' တဲ့။

မိန်းမပျိုလေးက သူ့ကိုသံသယဖြစ်တဲ့ အကြည့်ပေးဖို့ခေါင်းကိုလှည့်လိုက်တာနဲ့ ရှုဟန်ယွီကဂူရဲ့အပြင်ဘက်ကို လက်ညှိုးထိုးပြပြီး သူ့ပါးစပ်ကိုနောက်တစ်ကြိမ်ဖွင့်လိုက်သည်။

"အပြင်ထွက်မလား?"

ရှုကျင်ထျန်းဟာ စိတ်လှုပ်ရှားလာပြီး သူက "မင်းငါ့ကိုလွှတ်ဖို့ဆန္ဒရှိတာလား" လို့ပြောလိုက်သည်။

ရှုဟန်ယွီသည် မိန်းမပျိုလေး၏ စကားများကိုနားမလည်နိုင်ဘဲ ခေါင်းညိတ်လိုက်သည်။ သူသည်အချိန်မဖြုန်းတော့ဘဲ မိန်းမပျိုလေးကိုကောက်ယူ၍ ဂူအပြင်သို့တွန့်လိမ်ကွေ့ကောက်ကာ ထွက်သွားလေတော့သည်။

ရှုဟန်ယွီရဲ့အကူအညီနဲ့ ရှုကျင်ထျန်းက သူ့ကိုပိတ်လှောင်ထားတဲ့ ဂူထဲကနေထွက်လာ ခဲ့ပေမယ့်သူ့နှလုံးသားက မယုံကြည်နိုင်သေးပေ။ မြွေကြီးကသူ့ကိုလွှတ်ပေးမှာ တကယ်လား? ရုတ်တရက်ကြီးလေ!

ရှုဟန်ယွီက မိန်းမပျိုလေးကို လွှတ်လိုက်သည်။ မိန်းမပျိုလေး၏ မသေချာတဲ့အကြည့်အောက်မှာ သူကဘေးကချုံပုတ်ကိုညွှန်ပြလိုက်သည်။ ထိုနေရာတွင် သူ၏လျှော်ဖွပ်ထားသော အ၀တ်များရှိနေသည်။

ရှုကျင်ထျန်းသည် သူ၏အ၀တ်များကို ချုံပုတ်များပေါ်တွင် သပ်ရပ်စွာဖြန့်ထားသည်ကို မြင်လိုက်သည်။ မနေ့ကချွတ်ထားသော ဘောင်းဘီသည်ပင် ထိုချုံပေါ်တွင်ရှိသည်။

မြွေကြီးကချုံပေါ်မှာ အ၀တ်တွေတင်တဲ့အခါ အရမ်းသတိထားရတယ်ဆိုတာကို နားလည်ဖို့မခက်ခဲပေ။ ရှပ်အင်္ကျီ၏ ထောင့်များကိုပင် သပ်ရပ်သပ်ရပ်စွာဆွဲဖြန့်ထားသည်။

ရှုဟန်ယွီက သူ့အဝတ်အစားတွေကို စုရုံးယူလာပေးသည်။ ပူပြင်းသော ရာသီဥတုအောက်တွင် သူ၏အ၀တ်များသည် ခြောက်သွေ့နေပြီး နေ၏ရနံ့ကိုပင်ရနိုင်သည်။ ဘယ်လောက်သက်သာလိုက်သလဲ!

သူရေချိုးပြီး နေလှန်းထားသော အ၀တ်များကို၀တ်လိုက်လျှင် ရိုးရှင်းသောပျော်ရွှင်မှုတစ်ခု ဖြစ်လာလိမ့်မည်။ သို့သော်လည်း သူ့ရှေ့ရှိသားရဲနှင့်အတူ ဘ၀ကိုပျော်ရွင်ရမည့် ခံစားချက်မရှိသေးပေ။ ရှုဟန်ယွီက သူ့ကိုလွှတ်ပေးတာကို စောင့်နေရတာပိုကောင်းသည်။ ပြီးရင် နေရောင်ခြည်အောက်က မြစ်ထဲမှာ သက်တောင့်သက်သာဖြစ်အောင် ရေချိုးမည်။

ရှုကျင်ထျန်းက သူ့အ၀တ်များကိုဝတ်လိုက်ပြီးကိုယ်လုံးတီး ရှုဟန်ယွီကိုကြည့်လိုက်သည်။

"အိုက်ယား! ဒါဆိုငါအရင်သွားလိုက်ဦးမယ်! စိမ်းလန်းတဲ့တောတောင်တွေက မပြောင်းလဲဘူး။ ပြီးတော့ သန့်ရှင်းတဲ့ရေတွေကလည်း အမြဲတမ်းစီးဆင်းနေလိမ့်မယ်။ အနာဂတ်မှာငါတို့ထပ်မတွေ့ကြရအောင်!"

ထို့နောက် ရှုကျင်ထျန်းသည် လက်သီးကိုဆုပ်လိုက်ပြီး ရှုဟန်ယွီ နှင့်ဝေးရာသို့ ထွက်သွားလိုက်သည်။

ရှုဟန်ယွီသည် အမျိုးသမီးထွက်သွားလိုသည်ကို မြင်သောအခါ ရှုကျင်ထျန်း၏အနားသို့ ချက်ချင်းရောက်လာပြီး သူ၏လက်က ရှုကျင်ထျန်း၏ လက်ကောက်ဝတ်ကိုအတင်းဆွဲကာ တောနက်ထဲသို့ခေါ်ဆောင်သွားသည်။

"မင်း! အခု ဘာဖြစ်ပြန်တာလဲ? "

ရှုဟန်ယွီက "မင်းကငါ့အပိုင်" ဟုအေးစက်စွာပြောလိုက်သည်။

"ချီးပဲ! မင်းငါ့ကိုသွားခွင့်ပြုမယ်လို့ ထင်ထားတာလေ! အမှန်အတိုင်းပြောရရင် ငါ့ကိုစောင့်ရှောက်တာဘာအကျိုးရှိလို့လဲ။ အစားအစာနဲ့စွမ်းအင်တွေ ဖြုန်းတီးတာကလွဲပြီး ငါဘာလုပ်နိုင်လို့လဲ။ အိုး... ဟုတ်သားပဲ၊ မင်းကသွေးအေးတဲ့သတ္တဝါတစ်ကောင်လေ။ ဆောင်းရာသီမှာမင်းရဲ့ခန္ဓာကိုယ်ကို ငါကနွေးထွေးစေနိုင်တယ်။ ဒါပေမယ့် အဲဒီအချိန်မရောက်ခင် ငါအေးခဲပြီးသေသွားလိမ့်မယ်။ ငါကမင့်နဲ့အဆင်မပြေနိုင်ဘူး အဲ့ဒါ ကြောင့် မင်းငါ့ကိုလွှတ်ပေးလိုက်ရင် ပိုကောင်းမယ်ထင်တယ်။ ငါကမြွေမတစ်ကောင်လည်းမဟုတ်ဘူး၊ ဥလည်းမဥနိုင်ဘူး! "

မိန်းမပျိုလေး၏ စကားပြောသံကိုကြားရသောအခါ ရှုဟန်ယွီသည် အတော်ပင်စိတ်အခြေအနေကောင်းသွားပြီး ကျေနပ်ရောင့်ရဲလျက် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။ ရုတ်တရက်သူသည် မိန်းမပျိုလေး၏ ကြောက်လန့်တကြားငိုယိုသံကို ကြားလိုက်ရပြီး သူ့ပုံစံကို မမျှော်လင့်ဘဲမေ့သွားကာ သတိလက်လွတ်ဖြစ်ကာ သူ့မြွေပုံစံသို့ပြန်ပြောင်းသွားခဲ့သည်။

သို့သော်၎င်းသည်အနှောက်အယှက်မဖြစ်ခဲ့ပေ။ ရှုဟန်ယွီသည် သူ၏မြွေအမြီးဖြင့် မိန်းမပျိုလေးအားရစ်ပတ်ပြီး မိန်းမပျိုလေးစားဖို့အတွက် တစ်ခုခုရှာရန်အလျင်အမြန်သွားခဲ့သည်။ မနေ့ကသူသည် မိန်းမပျိုလေးသတ်ထားသောသားရဲကို စားခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်း အစာစားရန်မလိုတော့ပေ။ သူသည် မိန်းမပျိုလေးအစာစားရန်အတွက်သာ အာရုံစိုက်နေလေတော့သည်။

မြွေတစ်ကောင်၏ ရစ်ပတ်ခြင်းသည် ခံရခက်သည်။ ထိုအချိန်တွင် သူ့ကိုဆွဲခေါ်သွားသည့်လူတစ်ဦးရှိခဲ့သည်မှာ သိသာထင်ရှားသော်လည်း ဂရုမပြုမိဘဲသူလှည့်ကြည့်လိုက်ရာ ရုတ်တရက်ကြီးမားလွန်းသော စပါးအုံးမြွေကြီးက သူ့ကိုရစ်ပတ်ထားသည်ကိုတွေ့လိုက်ရသည်။ မေ-ိုး၊ ဒီဟာထက်ပိုပြီး သည်းထိတ်ရင်ဖိုဖြစ်တာ မရှိလောက်တော့ဘူး။

“ ဟေး...ငါပြောနေတယ် မြွေအစ်ကိုကြီး၊ မင်းငါ့ကိုဒီလို ချုပ်နှောင်ထားစရာမလိုဘူး။ မင်းနဲ့အတူနာခံပြီးလမ်းလျှောက်တာ ငါ့အတွက်အဆင်မပြေဘူးလား "

ရှုဟန်ယွီသည် ပါးစပ်ကိုအနည်းငယ်ဖွင့်လိုက်ပြီး ရှည်လျားပြီး ချွန်ထက်ဖြူဖွေးသောသွားများကို ထုတ်ပြလာသည်။ ထို့ပြင် ရှူးရှူးရှဲရှဲမြည်တမ်းရင်း သူ့ရဲ့ခက်ရင်းခွသဏ္ဍာန်လျှာကိုလည်း တရစပ်ထုတ်ပြလာပြန်သည်။

ရှုကျင်ထျန်းသည် သူ၏တံတွေးကိုမျိုချလိုက်ပြီး စကားမပြောဘဲရပ်လိုက်သည်။ မင်းရဲ့သွားတွေ ဖြူဖွေးနေတယ်ဆိုတာ ငါသိပါတယ်။ အဲဒါကိုရည်ရွယ်ချက်ရှိရှိ ချပြဖို့မလိုပါဘူး၊ ကျေးဇူး!

ရှုကျင်ထျန်း၏ ပတ်ပတ်လည်ကိုရစ်ပတ်ကာ မြွေကြီးကမြေပြင်တစ်လျှောက် လျင်မြန်စွာလျောတိုက်သွားနေရာ သူ့ဘေးတစ်ဖက်တစ်ချက်စီရှိ ရှုခင်းများသည် လျင်မြန်စွာပြန့်ကျဲသွားကာ မှုန်ဝါးဝါးပုံရိပ်များ ဖြစ်ပေါ်လာသည်။

ရှုကျင်ထျန်းသည် မြွေကြီး၏အေးမြသော ခန္ဓာကိုယ်ကိုပွေ့ဖက်ကာ သက်တောင့်သက်သာအနေအထားသို့ ပြောင်းလိုက်သည်။ သူသည်အပျော်လွန်ချင်စိတ်ပြင်းပြနေပြီး သီချင်းတစ်ပုဒ်ကို စတင်သီဆိုခဲ့သည်။

"ငါ့မှာစပါးအုံးမြွေကြီးရှိတယ်...အိုး...ငါတစ်ခါမှမစီးဖူးဘူး...တစ်နေ့မှာ ငါ့ကိုသယ်ပြီး ပွဲစျေးဆီခေါ်သွားခဲ့တယ်...ငါ့လက်ထဲမှာ သားရေကြာပွတ်သေးသေးလေးရှိတယ်...ငါဂုဏ်ယူစွာနဲ့ရိုက်လိုက်တယ်...ဟူး ဝူး ဝူး...မြွေရဲ့အမြီးက ကျိုးသွားတယ်...ဟူး လား လား လား လား လား လား...ဟားဟား...ငါ့မှာစပါးအုံးမြွေကြီးရှိတယ်"
(TN: သူဘာတွေဆိုနေတာလဲ ကျယ်မလည်းမသိပါဘူးရှန်)

ရှုဟန်ယွီသည် မိန်းမပျိုလေး၏ ပျော်ရွှင်စွာသီဆိုသံကိုနားထောင်ပြီး သူ၏စိတ်နှလုံးသည် ပို၍ပင်ရွှင်လန်းလာသည်။ သူ့ခန္ဓာကိုယ်များ၏လှုပ်ရှားကိုလည်း အမှတ်တမဲ့ဖြင့် မိန်းမပျိုလေး၏စည်းချက်နှင့်အညီ ညက်ညက်ညောညောသွားလာလှုပ်ရှားနေပြီး ရေတံခွန်တစ်ခုဆီသို့ ဦးတည်သွားလာခဲ့သည်။

~~~~~~

7/08/21(8:30PM)

(Zawgyi)

(TN: babyေလးေတြပါရင္ တစ္ခ်ိဳ႕စာေၾကာင္းေလးေတြကို ေက်ာ္ဖတ္ၾကပါေနာ္😍)

ရႈက်င္ထ်န္းနိုးလာတဲ့အခါ သူကရႈဟန္ယြီရဲ႕ ေပြ႕ဖက္ျခင္းကို ခံထားရတာကိုသိလိုက္သည္။ သူသည္ထိုပုံစံအတိုင္း အခ်ိန္အေတာ္ၾကာေနခဲ့ရၿပီး သူ၏ခႏၶာကိုယ္သည္ မယုံနိုင္ေလာက္ေအာင္ နာက်င္ေနခဲ့သည္။ သူ႕လည္ပင္းကလည္း ေတာင့္တင္းေနပုံရသည္။

ရႈက်င္ထ်န္းသည္ ထိုလူသား၏ေပြ႕ဖက္မႈထဲတြင္ ရွိေနၿပီး လည္ပင္းကို ဂ႐ုတစိုက္လႈပ္လိုက္သည္။ ဘယ္လိုေတာင္ ေညာင္းညာေနလိုက္သလဲ...

ရႈဟန္ယြီရဲ႕ ရင္ဘတ္မွာ ေမြးညွင္းႏုေလးေတြရွိသည္။ သူသည္ အၿငိမ္မေနနိုင္ဘဲ ထိုေနရာကို ေခါက္တုံ႕ေခါက္ျပန္ ခပ္ဖြဖြ ကုတ္ျခစ္လိုက္မိသည္။

မ်က္လုံးဖြင့္ၾကည့္ေတာ့ သူ႕ရဲ႕မိန္းမပ်ိဳေလးက ရင္ခြင္ထဲတြင္ နာခံစြာျဖင့္ လည္ပင္းကိုသနားစရာ လႈပ္ေနတာကို သူေတြ႕လိုက္ရသည္။ သူေတာ္ေတာ္ အဆင္မေျပပုံရသည္။

ရႈက်င္းထ်န္သည္ ရႈဟန္ယြီနိုးလာသည္ကို ျမင္ေသာအခါ အလြန္ဝမ္းနည္းလာသည္။ သူေစာေစာသိခဲ့ရင္ သူေညာင္းညာေနရင္ေတာင္ လႈပ္ရဲမွာမဟုတ္ဘူး။

ေအးျမေသာလက္က သူ႕လည္ပင္းကိုပြတ္သပ္ၿပီး အတင္းဆုပ္နယ္လိုက္သည္။

"အား!!" ရႈက်င္ထ်န္းသည္ ေသလုေမ်ာပါးဝက္ ကဲ့သို႔ ေအာ္ဟစ္လိုက္သည္ ။

"အရမ္းနာတာပဲ! မင္းငါ့ကို သတ္ဖို႔ႀကိဳးစားေနတာလား? "

ေညာင္းညာေတာင့္တင္းေနတဲ့ လည္ပင္းေတာင္ ဒီေလာက္မနာက်င္ဘူး။ အခု သူ႕လည္ပင္းက တဆတ္ဆတ္တုန္ခါသြားသလို ခံစားရလိုက္သည္။

မိန္းမပ်ိဳေလး၏ ေအာ္သံကိုၾကားရေသာအခါ ရႈဟန္ယြီသည္ သူ၏လႈပ္ရွားမႈမ်ားကို ခ်က္ခ်င္းရပ္တန႔္လိုက္သည္။ သူကရႈက်င္ထ်န္း၏ ပုံမွန္အသားအေရာင္ရွိေနေပမယ့္ ရႈံ႕မဲ့ေနတဲ့မ်က္ႏွာေလးကိုၾကည့္ၿပီး သက္ျပင္းခ်လိဳက္မိသည္။ မိန္းမေတြက တကယ္ကို ေပ်ာ့ညံ့တဲ့သတၱဝါေတြပဲ! ထို႔ေနာက္သူ႕ဒူးေပၚတြင္ရွိသည့္ မိန္းမပ်ိဳေလးကို ၾကည့္လိုက္သည္။ ထိုေနရာတြင္ ႀကီးမားသည့္ အနီေရာင္အကြက္ႀကီး ျဖစ္ေပၚေနေပသည္။

အနည္းငယ္ေတာင္းပန္သည့္အေနႏွင့္ ရႈဟန္ယြီက သူဆုပ္နယ္ထားေသာေနရာကို ထိလိုက္ၿပီး မိန္းမပ်ိဳေလး၏ ပုခုံးေပၚလက္တင္၍ ႏွိပ္နယ္လိုက္သည္။ ဒီတခါေတာ့ သူကသူ႕ရဲ႕ခြန္အားကို သိသိသာသာနိမ့္က်ေစခဲ့သည္။

ရႈက်င္ထ်န္းသည္ ႏွိပ္နယ္ခံရျခင္းကို အလြန္စိတ္မ၀ င္စားေပမယ့္ သူခဏတစ္ျဖဳတ္ သတိလက္လြတ္ျဖစ္သြားရင္ေတာင္ ထိုေယာက်္ားပ်ိဳက သူ႕ကိုထပ္နာက်င္ေစမည္ကို အလြန္အမင္းစိုးရိမ္သည္။

"မလိုဘူး၊ မလိုပါဘူး၊ ဘာမွမျဖစ္ပါဘူး၊ ငါလႈပ္ရွားလိုက္ရင္ အဆင္ေျပသြားမွာပါ"

မည္သို႔ပင္ဆိုေစကာမူ ေႁမြႀကီးကနိုးေနၿပီျဖစ္ေသာေၾကာင့္ ရႈက်င္ထ်န္းကို လႊတ္ေပးလိုက္ေလသည္။

သူ၏ေျပာင္တင္းေနေသာ အသားအရည္သည္ ရႈဟန္ယြီ၏ခႏၶာကိုယ္ကို ပြတ္တိုက္မိၿပီး ေဖာ္မျပနိုင္ေလာက္သည့္ အထိအေတြ႕မ်ိဳးကို ခံစားလိုက္ရသည္။

ေႁမြတစ္ေကာင္၏ အသားအရည္သည္ ေခြၽးေပါက္မ်ားမရွိသည့္ ေက်ာက္တုံးကဲ့သို႔ အမွန္တကယ္ေခ်ာေမြ႕သည္။ ၿပီးေတာ့ သူ႕အသားအရည္က အရမ္းမနာလိုစရာေကာင္းတာပဲ!

သို႔ေသာ္တစ္စကၠန့္ထဲမွာပင္ ရႈက်င္ထ်န္းသည္ ေႁမြကိုထိမိသည္ကို ျပန္သတိရေသာအခါ ေၾကာက္႐ြံ႕တုန္လႈပ္သြားၿပီး တကိုယ္လုံးၾကက္သီးမ်ားထလာေလသည္။

သူသည္ ငယ္စဥ္ကတည္းက ေႁမြမ်ားကိုေၾကာက္သည္။ သူသည္ေႁမြတစ္ေကာင္ျဖတ္သြားသည့္ ေနရာကိုလမ္းေလွ်ာက္ရန္ပင္ ေၾကာက္႐ြံ႕ေနၿပီးေႁမြနံ႕အနည္းငယ္ေတာင္မွ သူ႕ဆီကူးစက္ခံရမွာေၾကာက္သည္။ ေသးေသးေလးအကိုက္ခံရမွာေတာင္ သူေၾကာက္လြန္းလွသည္။

ရႈဟန္ယြီသည္ အခက္အခဲမရွိ မိန္းမပ်ိဳေလးအားလႊတ္လိုက္ၿပီး သူမအား လြတ္လပ္စြာ လႈပ္ရွားခြင့္ျပဳလိုက္သည္။

ရႈက်င္ထ်န္းသည္ လြတ္လပ္သြားသည္ႏွင့္တစ္ၿပိဳင္နက္ သူသည္ေႁမြလူသား၏လက္အတြင္းမွ ခုန္ထြက္လိုက္သည္။

ေျခဗလာျဖင့္ အေပါက္နားကနံရံဆီကိုေျပးၿပီး လက္ေမာင္းကိုျပင္းထန္စြာပုတ္ကာ လည္ပင္းကိုလိမ္လိုက္သည္။
(TN:လည္ပင္း ေညာင္းေနလို႔ဇက္ေၾကာဆြဲတဲ့သေဘာမ်ိဳးေလသိတယ္မလား😁)

အာ? ေနသာေနတုန္းပဲ။ ဒါေပမယ့္ သူအိပ္ေပ်ာ္သြားတာ ေတာ္ေတာ္ၾကာပုံရတယ္။ သူ႕လည္ပင္းေတြေတာင္ ေတာင့္တင္းေညာင္းညာေနၿပီ။

ဒီေနရာရဲ႕အခ်ိန္က တစ္ခုခုမွားေနသလိုပဲ! သူအဲ့ဒါကိုစဥ္းစားလိုက္တဲ့အခါ သူဒီကမၻာကိုကူးေျပာင္းလာေတာ့ ေန႕လည္ခ်ိန္ျဖစ္သည္။ ထို႔ေနာက္သူသည္ သားရဲႏွင့္မေတြ႕ဆုံမီ သုံးေလးနာရီခန႔္ လမ္းေလွ်ာက္ခဲ့သည္။ သူသတိလစ္ေမ့ေျမာမသြားခင္ အနည္းဆုံးေလးနာရီေလာက္ၾကာသြားၿပီ။

သို႔ေသာ္လည္း ထိုအခ်ိန္တြင္ေနေရာင္သည္ အေနာက္ဘက္သို႔ အမ်ားႀကီးမေ႐ြ႕ဘဲ မြန္းတည့္ခ်ိန္သာ ျဖစ္ေနပုံရသည္။

ထို႔ျပင္ မေန႕ကေနဒီေန႕ထိ သတိလစ္ေမ့ေမ်ာျခင္းႏွင့္ အိပ္ေပ်ာ္ျခင္းတို႔ၿပီးတဲ့ေနာက္မွာ သူသည္သုံးႀကိမ္အိပ္ၿပီးသြားၿပီျဖစ္သျဖင့္ တစ္ရက္ခန႔္ကုန္သြားလိမ့္မည္။ သူသည္အလြန္ၾကာရွည္စြာ အိပ္ေပ်ာ္ေနၿပီးတစ္ရက္ ေက်ာ္သြားတယ္ဆိုရင္ေတာင္ ဒီေနရာရဲ႕ေန႕ရက္ေတြက သူ၏မူလအခ်ိန္ႏွင့္မတူညီပါေခ်။ ဤေနရာရွိ တစ္ရက္တာၾကာျမင့္ခ်ိန္သည္ သူ၏မူလကမၻာႏွင့္ ကြာျခားနိုင္ေျခပိုမ်ားပါသည္။

ရႈက်င္ထ်န္းသည္ သူ၏ေခါင္းကိုေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္သည္။

"ဟိတ္လူ ငါေျပာမယ္၊ မင္းငါ့ကို ဘာလို႔ၾကည့္ေနတာလဲ။ ငါ့မွာရွိတဲ့ဘာမဆို မင္းမွာလည္းရွိတယ္ေလ

စကားေျပာေနစဥ္တြင္ ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ ေအာက္ပိုင္းကိုေဒါသတႀကီး ၾကည့္ေနခဲ့သည္။ သူ႕အရာသည္ အလြန္အထင္ႀကီးစရာေကာင္းသည္။ သူႏွင့္အတူအိပ္ခဲ့ေသာ အမ်ိဳးသမီးမ်ားသည္ သန႔္စင္မႈစတင္ခဲ့လွ်င္ပင္ အိပ္ယာထဲတြင္ႏွစ္ျခမ္းကြဲလာၿပီး မရပ္မနားညည္းတြားေနလိမ့္မည္။

ရႈဟန္ယြီကလည္းသူ႕ကိုမေရွာင္ခဲ့ေပ။ မိန္းမပ်ိဳေလး၏ မ်က္လုံးမ်ားသည္ သူ၏မ်ိဳးပြားအဂၤါမ်ားကို ပြင့္လင္းစြာေငးၾကည့္ေနသျဖင့္ သူသည္ပိုမိုပြင့္လင္းျမင္သာေစရန္ သူ၏ေျခေထာက္မ်ားကို ျဖန႔္ကားပစ္လိုက္သည္။

ရႈက်င္ထ်န္းသည္ ႐ုတ္တရက္ေအးခဲသြားၿပီး သူ၏မ်က္လုံးမ်ားဟာ ခ်က္ခ်င္းျပဴးက်ယ္သြားသည္။

ဘုရားေရ၊ အဲဒါဘာလဲ? ရႈဟန္ယြီသည္ လူသားတစ္ ဦး၏ အသြင္အျပင္အျဖစ္ေျပာင္းလဲလာသည္။ သို႔ေသာ္လည္း သူ၏လိင္အဂၤါမ်ားသည္ ထူးဆန္းလြန္းလွသည္။ ပန္းေရာင္ေဘာလုံးႏွစ္လုံးသည္ ပုံမွန္ျဖစ္ေသာ္လည္း ထိုေဖ်ာ့ေသာအရာႏွစ္ခုမွာ အဘယ္နည္း? ေဖ်ာ့ေတာ့ေသာလိင္တံသည္ မယုံၾကည္နိုင္ေလာက္ေအာင္ပင္ သာမန္လူသားတစ္ဦးထက္ ႏွစ္ဆခန႔္ရွည္သည္။ သူက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အထဲကို၀င္ခ်င္ရင္ ေပါက္ထြက္သြားမွာမဟုတ္ဘူးလား? သို႔ေသာ္လည္း ေႁမြမမ်ားသည္ ကြဲျပားျခားနားစြာျဖင့္ ဒီထူးဆန္းလြန္းသည့္အရွည္ကို ခံနိုင္လိမ့္မည္။

အရာႏွစ္ခု၏အစြန္အဖ်ားကို ဆူးမ်ားျဖင့္ဖုံးအုပ္ထားၿပီး ေၾကာက္စရာေကာင္းလွသည္။

ရႈက်င္ထ်န္းသည္ သူ၏တံေတြးကိုမ်ိဳခ်လိဳက္ၿပီး ၾကမ္းျပင္ေပၚရွိေစာင္အား ေကာက္လိုက္ၿပီး သူ႕ကိုယ္သူထုပ္ပိုးလိုက္သည္။ ငါအဲ့ဒီမိစ္ဆာေကာင္ရဲ႕ မူမမွန္တဲ့ဟာနဲ႕ ယွဥ္မွာမဟုတ္ဘူး!

ရႈဟန္ယြီသည္ မတ္တတ္ရပ္ၿပီး ၾကမ္းျပင္ေပၚရွိ ယန္သစ္သီးကိုေကာက္ယူကာ ရႈက်င္ထ်န္းကိုေပးလိုက္သည္။ အခ်ိန္ၾကာၾကာ အိပ္ေပ်ာ္ၿပီးေနာက္ သူ(က်င္ထ်န္း)ဗိုက္ဆာလာနိုင္သည္ ။

"စား!"

ရႈက်င္ထ်န္း အဲ့ဒါကိုတစ္ခ်က္ၾကည့္လိုက္ၿပီး အနည္းငယ္သတိထားေနမိသည္။ လက္တစ္ဖက္ကေစာင္ကိုဆုပ္ကိုင္ထားၿပီး ရႈဟန္ယြီက သူ႕ဆီကေပးလာသည့္အသီးကို လက္ခံလိုက္သည္။

ရႈက်င္ထ်န္းကၿပဳံးၿပီး "စားပါ" ဟုညင္ညင္သာသာ ေျပာလိုက္သည္။

ၿပီးေတာ့ ရႈက်န္ထ်န္းသည္ ႐ုတ္တရပ္ႀကီး သစ္သီးမ်ားကို ေၾကာက္လန႔္စြာ တြန္းထုတ္လိုက္သည္။

"မင္းဖင္ႀကီးကို စား!"

တကယ္ပဲ ဒီေလာင္ဇီကို ႏွိပ္နယ္ေပးၿပီး အဆိပ္ရွိတဲ့အသီးကိုေပးတာရဲ႕ ေနာက္ကြယ္က သူ႕ရည္႐ြယ္ခ်က္ကဘာလဲ?

ရႈဟန္ယြီက မထင္မွတ္ပဲ သူ႕ကိုၾကမ္းၾကမ္းတမ္းတမ္း မလုပ္ခဲ့ေပ။ မိန္းမပ်ိဳေလးက အနည္းငယ္တုန္လႈပ္ေနေသာ္လည္း သူ႕အားဇြတ္အတင္း စိုက္ၾကည့္ေနသည္ကို ၾကည့္ေနမိသည္။ သူ႕ကိုအရမ္းေၾကာက္ေနခဲ့တာလား?

မိန္းမပ်ိဳေလးက သူ၏ေႁမြဥမ်ားကို မေမြးခ်င္ေတာ့ဘူးလား?ယမန္ေန႕ကသူ(က်င္ထ်န္း)သည္ ယန္သစ္သီးမ်ားကိုေကာက္ယူၿပီး တစ္ႀကိမ္တည္း၌ပင္ စားခဲ့သည္။ သူ(က်င္ထ်န္း)ဘာလို႔အခုမွမစားခ်င္ေတာ့ဘူးလဲ? သူ႕ကိုမေက်နပ္တာလား? သူ႕ကိုရက္စက္ခဲ့မိတာေၾကာင့္လား?

ရႈဟန္ယြီ၏ ႏွလုံးသားသည္ အနည္းငယ္နာက်င္သြားသည္။ မိန္းမေတြက တကယ္နားလည္ဖို႔မလြယ္ဘူးပဲ! ထိုအခ်ိန္တြင္သူသည္ ခဏေလာက္စိတ္မရွည္ ျဖစ္သြားခဲ့သည္။ မိန္းမပ်ိဳေလးက ဒီေလာက္အားနည္းလိမ့္မယ္လို႔ သူမေမွ်ာ္လင့္ထားခဲ့ေပ။

ရႈဟန္ယြီက လက္ကိုဆန႔္ထုတ္လိုက္ၿပီး ရႈက်င္ထ်န္း၏ ေခါင္းကိုထိလိုက္သည္။

ရႈက်င္ထ်န္းသည္ ေနာက္သို႔တြန႔္သြားၿပီး ထိုလူကသူ႕ကိုရိုက္ရန္ ရည္႐ြယ္ခ်က္မရွိေၾကာင္း သိလိုက္ရေတာ့မွ သက္ျပင္းခ်လိဳက္မိသည္။

သူအရမ္းလန့္သြားခဲ့သည္။ ဒီအၾကမ္းဖက္သမားက သူ႕ကိုထပ္ရိုက္လိမ့္မယ္လို႔ ထင္လိုက္မိသည္။

"မင္း ... အျပင္သြားမလား" ရႈဟန္ယြီသည္ ရႈက်င္ထ်န္းႏွင့္ ပိုမိုနီးကပ္သြားၿပီး ညင္ညင္သာသာေျပာလိုက္သည္။

ရႈဟန္ယြီရဲ႕အဓိပၸာယ္က 'မင္းအျပင္ထြက္ခ်င္လား?' တဲ့။

မိန္းမပ်ိဳေလးက သူ႕ကိုသံသယျဖစ္တဲ့ အၾကည့္ေပးဖို႔ေခါင္းကိုလွည့္လိုက္တာနဲ႕ ရႈဟန္ယြီကဂူရဲ႕အျပင္ဘက္ကို လက္ညွိုးထိုးျပၿပီး သူ႕ပါးစပ္ကိုေနာက္တစ္ႀကိမ္ဖြင့္လိုက္သည္။

"အျပင္ထြက္မလား?"

ရႈက်င္ထ်န္းဟာ စိတ္လႈပ္ရွားလာၿပီး သူက "မင္းငါ့ကိုလႊတ္ဖို႔ဆႏၵရွိတာလား" လို႔ေျပာလိုက္သည္။

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး၏ စကားမ်ားကိုနားမလည္နိုင္ဘဲ ေခါင္းညိတ္လိုက္သည္။ သူသည္အခ်ိန္မျဖဳန္းေတာ့ဘဲ မိန္းမပ်ိဳေလးကိုေကာက္ယူ၍ ဂူအျပင္သို႔တြန့္လိမ္ေကြ႕ေကာက္ကာ ထြက္သြားေလေတာ့သည္။

ရႈဟန္ယြီရဲ႕အကူအညီနဲ႕ ရႈက်င္ထ်န္းက သူ႕ကိုပိတ္ေလွာင္ထားတဲ့ ဂူထဲကေနထြက္လာ ခဲ့ေပမယ့္သူ႕ႏွလုံးသားက မယုံၾကည္နိုင္ေသးေပ။ ေႁမြႀကီးကသူ႕ကိုလႊတ္ေပးမွာ တကယ္လား? ႐ုတ္တရက္ႀကီးေလ!

ရႈဟန္ယြီက မိန္းမပ်ိဳေလးကို လႊတ္လိုက္သည္။ မိန္းမပ်ိဳေလး၏ မေသခ်ာတဲ့အၾကည့္ေအာက္မွာ သူကေဘးကခ်ဳံပုတ္ကိုၫႊန္ျပလိုက္သည္။ ထိုေနရာတြင္ သူ၏ေလွ်ာ္ဖြပ္ထားေသာ အ၀တ္မ်ားရွိေနသည္။

ရႈက်င္ထ်န္းသည္ သူ၏အ၀တ္မ်ားကို ခ်ဳံပုတ္မ်ားေပၚတြင္ သပ္ရပ္စြာျဖန႔္ထားသည္ကို ျမင္လိုက္သည္။ မေန႕ကခြၽတ္ထားေသာ ေဘာင္းဘီသည္ပင္ ထိုခ်ဳံေပၚတြင္ရွိသည္။

ေႁမြႀကီးကခ်ဳံေပၚမွာ အ၀တ္ေတြတင္တဲ့အခါ အရမ္းသတိထားရတယ္ဆိုတာကို နားလည္ဖို႔မခက္ခဲေပ။ ရွပ္အကၤ်ီ၏ ေထာင့္မ်ားကိုပင္ သပ္ရပ္သပ္ရပ္စြာဆြဲျဖန့္ထားသည္။

ရႈဟန္ယြီက သူ႕အဝတ္အစားေတြကို စု႐ုံးယူလာေပးသည္။ ပူျပင္းေသာ ရာသီဥတုေအာက္တြင္ သူ၏အ၀တ္မ်ားသည္ ေျခာက္ေသြ႕ေနၿပီး ေန၏ရနံ႕ကိုပင္ရနိုင္သည္။ ဘယ္ေလာက္သက္သာလိုက္သလဲ!

သူေရခ်ိဳးၿပီး ေနလွန္းထားေသာ အ၀တ္မ်ားကို၀တ္လိုက္လွ်င္ ရိုးရွင္းေသာေပ်ာ္႐ႊင္မႈတစ္ခု ျဖစ္လာလိမ့္မည္။ သို႔ေသာ္လည္း သူ႕ေရွ႕ရွိသားရဲႏွင့္အတူ ဘ၀ကိုေပ်ာ္႐ြင္ရမည့္ ခံစားခ်က္မရွိေသးေပ။ ရႈဟန္ယြီက သူ႕ကိုလႊတ္ေပးတာကို ေစာင့္ေနရတာပိုေကာင္းသည္။ ၿပီးရင္ ေနေရာင္ျခည္ေအာက္က ျမစ္ထဲမွာ သက္ေတာင့္သက္သာျဖစ္ေအာင္ ေရခ်ိဳးမည္။

ရႈက်င္ထ်န္းက သူ႕အ၀တ္မ်ားကိုဝတ္လိုက္ၿပီးကိုယ္လုံးတီး ရႈဟန္ယြီကိုၾကည့္လိုက္သည္။

"အိုက္ယား! ဒါဆိုငါအရင္သြားလိုက္ဦးမယ္! စိမ္းလန္းတဲ့ေတာေတာင္ေတြက မေျပာင္းလဲဘူး။ ၿပီးေတာ့ သန့္ရွင္းတဲ့ေရေတြကလည္း အၿမဲတမ္းစီးဆင္းေနလိမ့္မယ္။ အနာဂတ္မွာငါတို႔ထပ္မေတြ႕ၾကရေအာင္!"

ထို႔ေနာက္ ရႈက်င္ထ်န္းသည္ လက္သီးကိုဆုပ္လိုက္ၿပီး ရႈဟန္ယြီႏွင့္ေဝးရာသို႔ ထြက္သြားလိုက္သည္။

ရႈဟန္ယြီသည္ အမ်ိဳးသမီးထြက္သြားလိုသည္ကို ျမင္ေသာအခါ ရႈက်င္ထ်န္း၏အနားသို႔ ခ်က္ခ်င္းေရာက္လာၿပီး သူ၏လက္က ရႈက်င္ထ်န္း၏ လက္ေကာက္ဝတ္ကိုအတင္းဆြဲကာ ေတာနက္ထဲသို႔ေခၚေဆာင္သြားသည္။

"မင္း! အခု ဘာျဖစ္ျပန္တာလဲ? "

ရႈဟန္ယြီက "မင္းကငါ့အပိုင္" ဟုေအးစက္စြာေျပာလိုက္သည္။

"ခ်ီးပဲ! မင္းငါ့ကိုသြားခြင့္ျပဳမယ္လို႔ ထင္ထားတာေလ! အမွန္အတိုင္းေျပာရရင္ ငါ့ကိုေစာင့္ေရွာက္တာဘာအက်ိဳးရွိလို႔လဲ။ အစားအစာနဲ႕စြမ္းအင္ေတြ ျဖဳန္းတီးတာကလြဲၿပီး ငါဘာလုပ္နိုင္လို႔လဲ။ အိုး... ဟုတ္သားပဲ၊ မင္းကေသြးေအးတဲ့သတၱဝါတစ္ေကာင္ေလ။ ေဆာင္းရာသီမွာမင္းရဲ႕ခႏၶာကိုယ္ကို ငါကႏြေးေထြးေစနိုင္တယ္။ ဒါေပမယ့္ အဲဒီအခ်ိန္မေရာက္ခင္ ငါေအးခဲၿပီးေသသြားလိမ့္မယ္။ ငါကမင့္နဲ႕အဆင္မေျပနိုင္ဘူး အဲ့ဒါေၾကာင့္ မင္းငါ့ကိုလႊတ္ေပးလိုက္ရင္ ပိုေကာင္းမယ္ထင္တယ္။ ငါကေႁမြမတစ္ေကာင္လည္းမဟုတ္ဘူး၊ ဥလည္းမဥနိုင္ဘူး! "

မိန္းမပ်ိဳေလး၏ စကားေျပာသံကိုၾကားရေသာအခါ ရႈဟန္ယြီသည္ အေတာ္ပင္စိတ္အေျခအေနေကာင္းသြားၿပီး ေက်နပ္ေရာင့္ရဲလ်က္ ႏႈတ္ခမ္းကိုတင္းတင္းေစ့လိုက္သည္။ ႐ုတ္တရက္သူသည္ မိန္းမပ်ိဳေလး၏ ေၾကာက္လန႔္တၾကားငိုယိုသံကို ၾကားလိုက္ရၿပီး သူ႕ပုံစံကို မေမွ်ာ္လင့္ဘဲေမ့သြားကာ သတိလက္လြတ္ျဖစ္ကာ သူ႕ေႁမြပုံစံသို႔ျပန္ေျပာင္းသြားခဲ့သည္။

သို႔ေသာ္၎သည္အႏွောက္အယွက္မျဖစ္ခဲ့ေပ။ ရႈဟန္ယြီသည္ သူ၏ေႁမြအၿမီးျဖင့္ မိန္းမပ်ိဳေလးအားရစ္ပတ္ၿပီး မိန္းမပ်ိဳေလးစားဖို႔အတြက္ တစ္ခုခုရွာရန္အလ်င္အျမန္သြားခဲ့သည္။ မေန႕ကသူသည္ မိန္းမပ်ိဳေလးသတ္ထားေသာသားရဲကို စားခဲ့ၿပီးေနာက္ ရက္အနည္းငယ္အတြင္း အစာစားရန္မလိုေတာ့ေပ။ သူသည္ မိန္းမပ်ိဳေလးအစာစားရန္အတြက္သာ အာ႐ုံစိုက္ေနေလေတာ့သည္။

ေႁမြတစ္ေကာင္၏ ရစ္ပတ္ျခင္းသည္ ခံရခက္သည္။ ထိုအခ်ိန္တြင္ သူ႕ကိုဆြဲေခၚသြားသည့္လူတစ္ဦးရွိခဲ့သည္မွာ သိသာထင္ရွားေသာ္လည္း ဂ႐ုမျပဳမိဘဲသူလွည့္ၾကည့္လိုက္ရာ ႐ုတ္တရက္ႀကီးမားလြန္းေသာ စပါးအုံးေႁမြႀကီးက သူ႕ကိုရစ္ပတ္ထားသည္ကိုေတြ႕လိုက္ရသည္။ ေမ-ိုး၊ ဒီဟာထက္ပိုၿပီး သည္းထိတ္ရင္ဖိုျဖစ္တာ မရွိေလာက္ေတာ့ဘူး။

ေဟး...ငါေျပာေနတယ္ ေႁမြအစ္ကိုႀကီး၊ မင္းငါ့ကိုဒီလို ခ်ဳပ္ႏွောင္ထားစရာမလိုဘူး။ မင္းနဲ႕အတူနာခံၿပီးလမ္းေလွ်ာက္တာ ငါ့အတြက္အဆင္မေျပဘူးလား "

ရႈဟန္ယြီသည္ ပါးစပ္ကိုအနည္းငယ္ဖြင့္လိုက္ၿပီး ရွည္လ်ားၿပီး ခြၽန္ထက္ျဖဴေဖြးေသာသြားမ်ားကို ထုတ္ျပလာသည္။ ထို႔ျပင္ ရႉးရႉးရွဲရွဲျမည္တမ္းရင္း သူ႕ရဲ႕ခက္ရင္းခြသ႑ာန္လွ်ာကိုလည္း တရစပ္ထုတ္ျပလာျပန္သည္။

ရႈက်င္ထ်န္းသည္ သူ၏တံေတြးကိုမ်ိဳခ်လိဳက္ၿပီး စကားမေျပာဘဲရပ္လိုက္သည္။ မင္းရဲ႕သြားေတြ ျဖဴေဖြးေနတယ္ဆိုတာ ငါသိပါတယ္။ အဲဒါကိုရည္႐ြယ္ခ်က္ရွိရွိ ခ်ျပဖို႔မလိုပါဘူး၊ ေက်းဇူး!

ရႈက်င္ထ်န္း၏ ပတ္ပတ္လည္ကိုရစ္ပတ္ကာ ေႁမြႀကီးကေျမျပင္တစ္ေလွ်ာက္ လ်င္ျမန္စြာေလ်ာတိုက္သြားေနရာ သူ႕ေဘးတစ္ဖက္တစ္ခ်က္စီရွိ ရႈခင္းမ်ားသည္ လ်င္ျမန္စြာျပန့္က်ဲသြားကာ မႈန္ဝါးဝါးပုံရိပ္မ်ား ျဖစ္ေပၚလာသည္။

ရႈက်င္ထ်န္းသည္ ေႁမြႀကီး၏ေအးျမေသာ ခႏၶာကိုယ္ကိုေပြ႕ဖက္ကာ သက္ေတာင့္သက္သာအေနအထားသို႔ ေျပာင္းလိုက္သည္။ သူသည္အေပ်ာ္လြန္ခ်င္စိတ္ျပင္းျပေနၿပီး သီခ်င္းတစ္ပုဒ္ကို စတင္သီဆိုခဲ့သည္။

"ငါ့မွာစပါးအုံးေႁမြႀကီးရွိတယ္...အိုး...ငါတစ္ခါမွမစီးဖူးဘူး...တစ္ေန႕မွာ ငါ့ကိုသယ္ၿပီး ပြဲေစ်းဆီေခၚသြားခဲ့တယ္...ငါ့လက္ထဲမွာ သားေရၾကာပြတ္ေသးေသးေလးရွိတယ္...ငါဂုဏ္ယူစြာနဲ႕ရိုက္လိုက္တယ္...ဟူး ဝူး ဝူး...ေႁမြရဲ႕အၿမီးက က်ိဳးသြားတယ္...ဟူး လား လား လား လား လား လား...ဟားဟား...ငါ့မွာစပါးအုံးေႁမြႀကီးရွိတယ္"
(TN: သူဘာေတြဆိုေနတာလဲ က်ယ္မလည္းမသိပါဘူးရွန္)

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး၏ ေပ်ာ္႐ႊင္စြာသီဆိုသံကိုနားေထာင္ၿပီး သူ၏စိတ္ႏွလုံးသည္ ပို၍ပင္႐ႊင္လန္းလာသည္။ သူ႕ခႏၶာကိုယ္မ်ား၏လႈပ္ရွားကိုလည္း အမွတ္တမဲ့ျဖင့္ မိန္းမပ်ိဳေလး၏စည္းခ်က္ႏွင့္အညီ ညက္ညက္ေညာေညာသြားလာလႈပ္ရွားေနၿပီး ေရတံခြန္တစ္ခုဆီသို႔ ဦးတည္သြားလာခဲ့သည္။

~~~~~~

7/08/21(8:30PM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...