❄︎Completed❄︎နှင်းပွင့်လေးမျာ...

By demoncm

334K 41.3K 876

This is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42: မျက်နှာချေနီများဝယ်ယူခြင်း
Chapter 43 : အကြံဆိုးကြီးနဲ့အမျိုးသမီး
Chapter 44: မကောင်းသောအတွေးများ
Chapter 45 : အခက်အခဲနည်းနည်း
Chapter 46: ကျန်းဟူနှင့်အင်ပါရီယာတရားရုံး
Chapter 47: တိတ်တဆိတ်အစီအစဉ် (၁)
Chapter 48: တိတ်တဆိတ်အစီအစဉ် (၂)
Chapter 49: တိတ်တဆိတ်အစီအစဉ် (၃)
Chapter 50: တိတ်တဆိတ်အစီအစဉ် (၄)
Chapter 51: တိတ်တဆိတ်အစီအစဉ် (၅)
Chapter 52: တိတ်တဆိတ်အစီအစဉ် (၆)
Chapter 53: အစစ်အမှန်လော..ပုံရိပ်ယောင်ပင်လော..
Chapter 54.1 : အိပ်မက်ဆိုးမက်တာပါ
Chapter 54.2
Chapter 55.1 : တစ်ယောက်ထဲအပိုင်သိမ်းထားလို့ဘယ်ရမလဲနော့်
Chapter 55.2
Chapter 56 : အားလုံးသေကုန်ကြပြီလား
Chapter 57 : နွေဦးပွဲတော်ကာရန်ညီကဗျာများရေးဖွဲ့ကြခြင်း
Chapter 58.1 : သံသယဝင်လာခြင်း
Chapter 58.2
Chapter 59.1 : ကြောက်ဖွယ်ကောင်းသောအတွေး
Chapter 59.2
Chapter 60.1 : အထင်လွဲခြင်း
Chapter 60.2
Chapter 61.1 : လျှို့ဝှက်တိုးတက်မှု
Chapter 61.2
Chapter 62.1 : သူမလေးစိတ်ကောက်နေ၏ (၁)
Chapter 62.2
Chapter 63.1 : သူမလေးစိတ်ကောက်နေ၏ (၂)
Chapter 63.2
Chapter 64.1 : မက်မွန်စိမ်းကြောင့်မက်မွန်ဝိုင်ကိုရတယ်
Chapter 64.2
Chapter 65.1 : ဖက်ထုပ်များပြုလုပ်ကြခြင်း
Chapter 65.2
Chapter 66.1 : ယောက္ခမအိမ်သို့အလည်တစ်ခေါက်
Chapter 66.2
Chapter 67.1 : ဂုဏ်အရှိဆုံး၊ အကျော်ကြားဆုံးသော ယောက်ျား
Chapter (67.2)
Chapter 68: မားမားချောင်၏လျှို့ဝှက်အဆက်အသွယ်
Chapter 69: ယွမ်ရှန်း၏ကြမ္မာလမ်း
Important!! Plz read this part before you read Chapter (70)
Chapter 70 : Ending

Chapter 7

5.2K 758 1
By demoncm

Zawgyi

အခန္း (၇)
ငါးဖမ္းသမားေလးထြက္သြားၿပီ

သူမ နိုးလာေတာ့ မနက္မိုးလင္းေနၿပီျဖစ္သည္။ သူမ လိုက္ရွာၾကည့္ေတာ့ စုန႔္ယြီမင္မွာ မရွိေတာ့ေခ်။ သူက ေစာင္မ်ားကိုလည္း သပ္ရပ္စြာ ေခါက္သိမ္းထားၿပီး ျဖစ္သျဖင့္ သူမ ဘာမွလုပ္စရာမလိုပါေခ်။

သူ၏ႏွလုံးသားေလး ႏြေးေထြးသြားသည္။ ငါးဖမ္းသမားေလးတစ္ေယာက္က ဘာလို႔အဲ့ေလာက္ထိ ေတြးေပးတတ္ရတာလဲ? သူမ၏မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီး အိပ္ယာခင္းမွ ႏွင္းဆီရနံ႕ကို ရွိုက္ရႈလိုက္သည္။ သူမစိတ္မ်ားလည္း တဖ်တ္ဖ်တ္လွပ္ခါေနသည္။

သူမ တစ္ေအာင့္ေလာက္ၾကာေအာင္ ေနၿပီးေနာက္ ေနာက္ဆုံးတြင္ အိပ္ယာမွထကာ အဝတ္အစားမ်ား လ်င္ျမန္စြာ လဲလိုက္ေလသည္။  အျပင္တြင္ ေအးေနေသာ္လည္း သတို႔သမီးအသစ္စက္စက္ေလးကေတာ့ အိပ္ယာထဲမွာခ်ည္း တစ္ေနကုန္ပ်င္းေနရန္ မျဖစ္ေသးေခ်။

အမွန္ေတာ့ သူမ စုန႔္ယြီမင္ဘာလုပ္ေနသနည္း ဆိုသည္ကို သြားၾကည့္ရန္ စိတ္ကူးထားျခင္းပင္။

အိပ္ယာေပၚမွ တိတ္တိတ္ေလးထရပ္လိုက္ၿပီး စုန႔္ယြီမင္ကို အႏွောင့္အယွက္မျဖစ္ေစရန္ သူမတတ္နိုက္သေလာက္ အသာေျခေဖာ့ၿပီး သြားလိုက္သည္။ သို႔ေသာ္ သူအကုန္ၾကားသည္ကို သူမနည္းနည္းေလးမွ်သာ သိခဲ့ပါလွ်င္...။

(ခ်ိမတို႔က ေျခေဖာ့ၿပီးသြားေနတာ။ ဟိုက အကုန္ၾကားရတယ္😆)

ထိုလူက တံခါးကို အသာတြန္းဖြင့္လိုက္ၿပီး အထဲဝင္လာသည္။ သူ႕လက္ထဲတြင္လည္း အေငြ႕တေထာင္းေထာင္းႏွင့္ စားခ်င့္သဖြယ္ ထမင္းပန္းကန္လုံးတစ္လုံးကို ကိုင္ထားသည္။

႐ႊယ့္တုန္ထင္းမွာ ရွက္ကိုးရွက္ကန္းၿပဳံးလိုက္ၿပီး သူမ၏ရႈပ္ေထြးပြထေနေသာ ဆံပင္မ်ားႏွင့္ စုန႔္ယြီမင္ကို ေတြ႕လိုက္ရသည့္အတြက္ ရွက္သြားသည္။ မေန႕ညက ျဖစ္ခဲ့သည့္ အျဖစ္အပ်က္အတြက္ေတာ့ သူမပိုရွက္ပါသည္။

စုန႔္ယြီမင္ကေတာ့ သူမ၏ရႈပ္ပြေနေသာ ဆံပင္မ်ားကို သတိျပဳမိပုံမရေပ။ "မီးဖိုေခ်ာင္ထဲမွာ ေရႏြေးရွိတယ္"

"အမ္" ႐ႊယ့္တုန္ထင္း တေငးတေမာႏွင့္ ေျဖလိုက္သည္။ မေန႕ညက ဘာျဖစ္ခဲ့လဲဆိုသည္ကို သူမအကုန္မမွတ္မိေခ်။ သို႔ေသာ္ သူမေျပာလိုက္သည္။ "မေန႕ညက ကြၽန္မ"

သူက ပန္းကန္လုံးကို စားပြဲေပၚခ်လိဳက္ၿပီး သူမကိုၾကည့္ရင္း စကားဆုံးသြားသည္ထိ ေစာင့္ေနသည္။ သို႔ေသာ္ သူမ စကားထစ္သြားၿပီး ေျပာမထြက္ေတာ့ေပ။

ငါးဖမ္းသမားက ႐ုတ္တရက္ အမိန႔္ေပးသည့္အသံျဖင့္ ေျပာလိုက္သည္။ "အျပင္မွာေအးတယ္။ အဲ့ဒါေၾကာင့္ အေအးမမိေအာင္ အကၤ်ီထူထူဝတ္ထားဦး"

႐ႊယ့္တုန္ထင္းမွာ အၾကပ္အတည္းမွ လြတ္ေျမာက္ေအာင္ စကားလမ္းေၾကာင္း ေျပာင္းေပးလာသည့္လူႀကီးကို အလြန႔္အလြန္ ေက်းဇူးတင္သြားသည္။ သူမ ရွက္ၿပဳံး,ၿပဳံးကာ နာခံမႈရွိစြာ ေခါင္းၿငိမ့္လိုက္သည္။

သူမ အစိမ္းေရာင္ခ်ည္သားဝတ္႐ုံကို လႊားဝတ္လိုက္ၿပီး မီးဖိုေခ်ာင္ဆီသို႔ သြားလိုက္သည္။ ဝင္ဝင္ခ်င္း သူမ ထင္းရနံ႕ႀကိဳင္ႀကိဳင္ျဖင့္ ႏႈတ္ဆက္ျခင္းခံလိုက္ရသည္။ သည္မီးဖိုေခ်ာင္မွာ ထင္းတဲတစ္ခုျဖစ္ၿပီး လူတစ္ေယာက္ဝင္နိုင္ေသာ အျမင့္အထိ တိုင္လုံးမ်ားကို စီစီရီရီထပ္တင္ထားသည္။ မ်က္ႏွာက်က္မွာ အနည္းငယ္ျမင့္သျဖင့္ တစ္ခန္းလုံးကို ေအးစိမ့္စိမ့္နိုင္ေနေစသည္။

သူမ မီးဖိုေပၚရွိ ေပါင္းအိုးေပၚ အၾကည့္ေရာက္သြားကာ သြားၾကည့္လိုက္သည္။ အထဲမွာေတာ့ ေရႏြေးတို႔ ဆူပြက္ေနသည္။ မီးဖိုတင္ထားေသာ စင္၏ေဘးတြင္ ေဘစင္တစ္ခုရွိေနသည္။ ထိုစင္၏အစြန္းတြင္မူ သန႔္ရွင္းေသာ တဘက္တစ္ခုရွိေနသည္။

သူမ ေရႏြေးပူပူမ်ားကို ေလာင္းထည့္လိုက္ၿပီး တိမ္ထြတ္စီရင္စုတြင္ လုပ္သည့္အတိုင္း မ်က္ႏွာသစ္လိုက္သည္။ ပုံမွန္အားျဖင့္ဆိုလွ်င္ မ်က္ႏွာသစ္ၿပီးေနာက္ သူမ မ်က္ဆုံးေမႊးဆြဲျခင္း၊ မိတ္ကပ္ျပင္ျခင္းတို႔ကို လုပ္လိမ့္မည္ျဖစ္ေသာ္လည္း ယခုတြင္ေတာ့ ထိုသို႔ျပင္ဆင္ရန္ မစဥ္းစားေတာ့ပါေခ်။ သူမ လိုအပ္သည္မွာ ၿငိမ္သက္ၿငိမ္းေအးေသာ ဘဝေလးတစ္ခုကိုသာ။

သူမအိပ္ခန္းထဲျပန္သြားၿပီးေနာက္ အျပင္သြားရန္ျပင္ေနသည့္ အဝါေဖ်ာ့ေဖ်ာ့ ၿခဳံထည္ႏွင့္ ဝါးခေမာက္ကို ေဆာင္းထားေသာ စုန႔္ယြီမင္ကို ေတြ႕လိုက္ရသည္။ သူမ သူ႕ကို ေမာ့ၾကည့္လိုက္ၿပီး ေမးလိုက္သည္။ "သြားေတာ့မွာလား?"

စုန႔္ယြီမင္က ေခါင္းၿငိမ့္သည္။ "အင္း။ ဒါနဲ႕ ထမင္းပူေနတုန္း ျမန္ျမန္ေလးစားလိုက္ဦး။ မင္းတစ္ခုခုလုပ္ခ်င္တာရွိလည္း ႀကိဳက္တာလုပ္လို႔ရတယ္ေနာ္။ ကိုယ္တို႔က လက္ထပ္ၿပီးၿပီပဲ။ ဒါက မင္းရဲ႕အိမ္ဆိုလည္း ဟုတ္တာပဲေလ"

သူမ ေခါင္းၿငိမ့္ျပလိုက္သည္။ "အင္း။ ၿပီးေတာ့ အာဂ႐ုစိုက္ပါလို႔"

ႏူးညံ့ၾကင္နာေသာ အလင္းေရာင္တစ္ခ်က္က စုန႔္ယြီမင္၏ မ်က္လုံးထဲ ျဖတ္ေျပးသြားသည္။ သူက 'အင္း'ဟု တစ္ခ်က္ဆို၍ သြားလိုက္ေလေတာ့သည္။

႐ႊယ့္တုန္ထင္းသည္ေတာ့ လမ္းေလွ်ာက္ကာထြက္သြားေသာ ဝါးခေမာက္ႏွင့္ ဝါေဖ်ာ့ေသာ ၿခဳံထည္ေအာက္မွ ထိုသူ႕၏ ႀကီးမားေသာ ပုံရိပ္ကို ၾကည့္ေနရင္း သူမ၏ ႏွလုံးသားေလးမွာ ကခုန္ေပါက္ေျပးလ်က္ရွိသည္။

မားမားေခ်ာင္က ထိုသူ႕တြင္ ေလွတစ္စင္းရွိသည္ဟု ေျပာဖူးသည္။ သူငါးဖမ္းမထြက္လွ်င္ ျမစ္ကိုျဖတ္ကူးမည့္ ဧည့္သည္မ်ားကို ကူးတို႔ပို႔ေပးျခင္းျဖင့္ အပိုေငြရရွိရန္ ျပဳလုပ္တတ္၏။ အမ်ားအားျဖင့္ ေဆာင္းကုန္လွ်င္ သူက ျမစ္ျဖတ္ကူးမည့္သူမ်ားကို ကူးတို႔ပို႔ေပးတတ္သည္။

သူမ ထမင္းနည္းနည္းစားလိုက္ၿပီး ဤသည္က သူမကို ႏြေးခနဲျဖစ္သြားေစသည္။ ထမင္းစားၿပီးသြားေသာအခါ သူမတြင္ ဘာမွလုပ္စရာရွိေနေပ။ သို႔ေသာ္ မီးဖိုေခ်ာင္ထဲတြင္ အနည္းငယ္ရႈပ္ပြေနေသာေၾကာင့္ သန႔္ရွင္းေရးလုပ္လိုက္သည္။ ပန္းကန္လုံးမ်ားႏွင့္ ထမင္းစားတူမ်ားကို သိမ္းဆည္းသည္။ တစ္ေယာက္တည္းေနလာခဲ့သည့္ လူတစ္ေယာက္အတြက္ကေတာ့ အေသးအဖြဲကိစၥမ်ားအတြက္ အခ်ိန္သိပ္မယူလိုက္ရေပ။

မြန္းတည့္ခ်ိန္ေရာက္မွန္း သူမမသိလိုက္ခင္တြင္ပဲ တိမ္မ်ားက ထူထပ္လာေပၿပီ။

႐ႊယ့္တုန္ထင္းက တံစက္ၿမိတ္ေအာက္တြင္ရွိေနေသာ အေျခာက္လွန္းထားသည့္ အသားေျခာက္အခ်ိဳ႕ကို သတိျပဳမိလိုက္သည္။ အတုံးေလးမ်ားအျဖစ္လွီးလိုက္ၿပီး ေသခ်ာေဆးကာ အလႊာလိုက္ထပ္လွီးလိုက္ျပန္သည္။ ထို႔ေနာက္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတို႔ျဖင့္ ေရာေၾကာ္လိုက္သည္။

မားမားေခ်ာင္က သူမကို မည္သို႔ ဟင္းခ်က္ရမည္ဆိုသည္ကို သင္ေပးခဲ့ၿပီးျဖစ္သည္။ ထို႔ျပင္ သူမ၏ အခ်က္အျပဳတ္ႏွင့္ အခ်ဳပ္အလုပ္စြမ္းရည္မွာလည္း ထိပ္တန္းပင္ျဖစ္သည္။

တတိယမင္းသား၏အိမ္ေတာ္မွာရွိစဥ္အေၾကာင္း ျပန္ေျပာင္းေတြးၾကည့္ရလွ်င္ ႐ႊယ့္တုန္ထင္းမွာ မခ်က္ျပဳတ္တတ္ခဲ့ေပ။ သူမ၏ အခ်ိန္ဆယ္စုႏွစ္စာခန႔္က အလဟႆျဖစ္ခဲ့ရသည္။ သို႔ေသာ္ သူမသည္ အခ်က္အျပဳတ္မ်ားတြင္ ပါရမီပါသည္ကို ေတြ႕ရွိခဲ့သည္။ မားမားေခ်ာင္ သင္ေပးခဲ့သည္မ်ားက အလကားမျဖစ္သြားပုံပင္။

သူမ ဆန္ပုံးထဲသို႔ ၾကည့္လိုက္သည္။ ဆန္မ်ားမွာ တစ္ဝက္ေတာ့ က်န္ေနေသးသည္ျဖစ္၏။ စုန႔္ယြီမင္က ထမင္းမ်ားမ်ားစားတတ္သည္ကိ သူမသတိရသြားေသာေၾကာင့္ ေယာက္ခ်ိဳဇြန္းႏွင့္ ေတာ္ေတာ္မ်ားမ်ားကို ခပ္ထည့္ကာ ခ်က္လိုက္သည္။ မေန႕ညက က်န္ေနေသးေသာ အမဲသားလႊာမ်ားကိုယူကာ ဆီႏွင့္ ဆားထပ္ထည့္ကာ ေမႊေၾကာ္လိုက္ျပန္သည္။

အခ်ိန္ကို ၾကည့္ၿပီးေနာက္ စုန႔္ယြီမင္မွာ ေန႕လည္စာစားရန္ ျပန္လာေတာ့မည္ျဖစ္၏။ သူမ ခပ္ၾကာၾကာေစာင့္ဆိုင္းေနပါေသာ္လည္း သူကမူ ျပန္မလာေသးေခ်။

----
🥰 Surprise!!! မေန႕တုန္းက ဒါဒါေလးတစ္ေယာက္က အိုင့္ကို bill ထည့္ေပးသြားတယ္။ ဘယ္သူလဲေတာ့ မသိေပမယ့္ ေက်းဇူးအႀကီးႀကီးတင္ပါတယ္ေနာ္။ အမွန္တိုင္းေျပာရရင္ ရမယ္လို႔ကို မထင္ထားတာပါ။ ေက်းဇူးေၾကာင့္ ဆက္တင္ဖို႔ အားရွိသြားပါပီ။ စစတုန္းကေတာ့ မနက္ျဖန္မွတင္မို႔ပဲ။ Surprise လုပ္မို႔ ဒီေန႕တင္ေပးလိုက္တယ္။ အမ္ၿပီးေတာ့ ဒီ novel ေလးကို ႏွစ္ရက္တစ္ပိုင္း ဒါမွမဟုတ္ သုံးရက္တစ္ပိုင္းျဖစ္ျဖစ္ တင္ေပးပါေတာ့မယ္လို႔။ 🥰🥰Love you all.

Unicode

အခန်း (၇)
ငါးဖမ်းသမားလေးထွက်သွားပြီ

သူမ နိုးလာတော့ မနက်မိုးလင်းနေပြီဖြစ်သည်။ သူမ လိုက်ရှာကြည့်တော့ စုန့်ယွီမင်မှာ မရှိတော့ချေ။ သူက စောင်များကိုလည်း သပ်ရပ်စွာ ခေါက်သိမ်းထားပြီး ဖြစ်သဖြင့် သူမ ဘာမှလုပ်စရာမလိုပါချေ။

သူ၏နှလုံးသားလေး နွေးထွေးသွားသည်။ ငါးဖမ်းသမားလေးတစ်ယောက်က ဘာလို့အဲ့လောက်ထိ တွေးပေးတတ်ရတာလဲ? သူမ၏မျက်လုံးများကို မှိတ်လိုက်ပြီး အိပ်ယာခင်းမှ နှင်းဆီရနံ့ကို ရှိုက်ရှုလိုက်သည်။ သူမစိတ်များလည်း တဖျတ်ဖျတ်လှပ်ခါနေသည်။

သူမ တစ်အောင့်လောက်ကြာအောင် နေပြီးနောက် နောက်ဆုံး‌တွင် အိပ်ယာမှထကာ အဝတ်အစားများ လျင်မြန်စွာ လဲလိုက်လေသည်။  အပြင်တွင် အေးနေသော်လည်း သတို့သမီးအသစ်စက်စက်လေးကတော့ အိပ်ယာထဲမှာချည်း တစ်နေကုန်ပျင်းနေရန် မဖြစ်သေးချေ။

အမှန်တော့ သူမ စုန့်ယွီမင်ဘာလုပ်နေသနည်း ဆိုသည်ကို သွားကြည့်ရန် စိတ်ကူးထားခြင်းပင်။

အိပ်ယာပေါ်မှ တိတ်တိတ်လေးထရပ်လိုက်ပြီး စုန့်ယွီမင်ကို အနှောင့်အယှက်မဖြစ်စေရန် သူမတတ်နိုက်သလောက် အသာခြေဖော့ပြီး သွားလိုက်သည်။ သို့သော် သူအကုန်ကြားသည်ကို သူမနည်းနည်းလေးမျှသာ သိခဲ့ပါလျှင်...။

(ချိမတို့က ခြေဖော့ပြီးသွားနေတာ။ ဟိုက အကုန်ကြားရတယ်😆)

ထိုလူက တံခါးကို အသာတွန်းဖွင့်လိုက်ပြီး အထဲဝင်လာသည်။ သူ့လက်ထဲတွင်လည်း အငွေ့တထောင်းထောင်းနှင့် စားချင့်သဖွယ် ထမင်းပန်းကန်လုံးတစ်လုံးကို ကိုင်ထားသည်။

ရွှယ့်တုန်ထင်းမှာ ရှက်ကိုးရှက်ကန်းပြုံးလိုက်ပြီး သူမ၏ရှုပ်ထွေးပွထနေသော ဆံပင်များနှင့် စုန့်ယွီမင်ကို တွေ့လိုက်ရသည့်အတွက် ရှက်သွားသည်။ မနေ့ညက ဖြစ်ခဲ့သည့် အဖြစ်အပျက်အတွက်တော့ သူမပိုရှက်ပါသည်။

စုန့်ယွီမင်ကတော့ သူမ၏ရှုပ်ပွနေသော ဆံပင်များကို သတိပြုမိပုံမရပေ။ "မီးဖိုချောင်ထဲမှာ ရေနွေးရှိတယ်"

"အမ်" ရွှယ့်တုန်ထင်း တငေးတမောနှင့်‌ ဖြေလိုက်သည်။ မနေ့ညက ဘာဖြစ်ခဲ့လဲဆိုသည်ကို သူမအကုန်မမှတ်မိချေ။ သို့သော် သူမပြောလိုက်သည်။ "မနေ့ညက ကျွန်မ…"

သူက ပန်းကန်လုံးကို စားပွဲပေါ်ချလိုက်ပြီး သူမကိုကြည့်ရင်း စကားဆုံးသွားသည်ထိ စောင့်နေသည်။ သို့သော် သူမ စကားထစ်သွားပြီး ပြောမထွက်တော့ပေ။

‌ငါးဖမ်းသမားက ရုတ်တရက် အမိန့်ပေးသည့်အသံဖြင့် ပြောလိုက်သည်။ "အပြင်မှာအေးတယ်။ အဲ့ဒါကြောင့် အအေးမမိအောင် အင်္ကျီထူထူဝတ်ထားဦး"

ရွှယ့်တုန်ထင်းမှာ အကြပ်အတည်းမှ လွတ်မြောက်အောင် စကားလမ်းကြောင်း ပြောင်းပေးလာသည့်လူကြီးကို အလွန့်အလွန် ကျေးဇူး‌တင်သွားသည်။ သူမ ရှက်ပြုံး,ပြုံးကာ ‌နာခံမှုရှိစွာ ခေါင်းငြိမ့်လိုက်သည်။

သူမ အစိမ်းရောင်ချည်သားဝတ်ရုံကို လွှားဝတ်လိုက်ပြီး မီးဖိုချောင်ဆီသို့ သွားလိုက်သည်။ ဝင်ဝင်ချင်း သူမ ထင်းရနံ့ကြိုင်ကြိုင်ဖြင့် နှုတ်ဆက်ခြင်းခံလိုက်ရသည်။ သည်မီးဖိုချောင်မှာ ထင်းတဲတစ်ခုဖြစ်ပြီး လူတစ်ယောက်ဝင်နိုင်သော အမြင့်အထိ တိုင်လုံးများကို စီစီရီရီထပ်တင်ထားသည်။ မျက်နှာကျက်မှာ အနည်းငယ်မြင့်သဖြင့် တစ်ခန်းလုံးကို အေးစိမ့်စိမ့်နိုင်နေစေသည်။

သူမ မီးဖိုပေါ်ရှိ ပေါင်းအိုးပေါ် အကြည့်ရောက်သွားကာ သွားကြည့်လိုက်သည်။ အထဲမှာတော့ ရေနွေးတို့ ဆူပွက်နေသည်။ မီးဖိုတင်ထားသော စင်၏ဘေးတွင် ဘေစင်တစ်ခုရှိနေသည်။ ထိုစင်၏အစွန်းတွင်မူ သန့်ရှင်းသော တဘက်တစ်ခုရှိနေသည်။

သူမ ရေနွေးပူပူများကို လောင်းထည့်လိုက်ပြီး တိမ်ထွတ်စီရင်စုတွင် လုပ်သည့်အတိုင်း မျက်နှာသစ်လိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် မျက်နှာသစ်ပြီးနောက် သူမ မျက်ဆုံးမွှေးဆွဲခြင်း၊ မိတ်ကပ်ပြင်ခြင်းတို့ကို လုပ်လိမ့်မည်ဖြစ်သော်လည်း ယခုတွင်တော့ ထိုသို့ပြင်ဆင်ရန် မစဉ်းစားတော့ပါချေ။ သူမ လိုအပ်သည်မှာ ငြိမ်သက်ငြိမ်းအေးသော ဘဝလေးတစ်ခုကိုသာ…။

သူမအိပ်ခန်းထဲပြန်သွားပြီးနောက် အပြင်သွားရန်‌ပြင်‌နေသည့် အဝါဖျော့ဖျော့ ခြုံထည်နှင့် ဝါးခ‌မောက်ကို ဆောင်းထားသော စုန့်ယွီမင်ကို တွေ့လိုက်ရသည်။ သူမ သူ့ကို မော့ကြည့်လိုက်ပြီး မေးလိုက်သည်။ "သွားတော့မှာလား?"

စုန့်ယွီမင်က ခေါင်းငြိမ့်သည်။ "အင်း။ ဒါနဲ့ ထမင်းပူနေတုန်း မြန်မြန်လေးစားလိုက်ဦး။ မင်းတစ်ခုခုလုပ်ချင်တာရှိလည်း ကြိုက်တာလုပ်လို့ရတယ်နော်။ ကိုယ်တို့က လက်ထပ်ပြီးပြီပဲ။ ဒါက မင်းရဲ့အိမ်ဆိုလည်း ဟုတ်တာပဲလေ"

သူမ ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း။ ပြီးတော့ အာ…ဂရုစိုက်ပါလို့"

နူးညံ့ကြင်နာသော အလင်းရောင်တစ်ချက်က စုန့်ယွီမင်၏ မျက်လုံးထဲ ဖြတ်ပြေးသွားသည်။ သူက 'အင်း'ဟု တစ်ချက်ဆို၍ သွားလိုက်လေတော့သည်။

ရွှယ့်တုန်ထင်းသည်‌တော့ လမ်းလျှောက်ကာထွက်သွားသော ဝါးခမောက်နှင့် ဝါဖျော့သော ‌ခြုံထည်‌အောက်မှ ထိုသူ့၏ ကြီးမားသော ပုံရိပ်ကို ကြည့်နေရင်း သူမ၏ နှလုံးသားလေးမှာ ကခုန်ပေါက်ပြေးလျက်ရှိသည်။

မားမားချောင်က ထိုသူ့တွင် လှေတစ်စင်းရှိသည်ဟု ပြောဖူးသည်။ သူငါးဖမ်းမထွက်လျှင် မြစ်ကိုဖြတ်ကူးမည့် ဧည့်သည်များကို ကူးတို့ပို့ပေးခြင်းဖြင့် အပိုငွေရရှိရန် ပြုလုပ်တတ်၏။ အများအားဖြင့် ဆောင်းကုန်လျှင် သူက မြစ်ဖြတ်ကူးမည့်သူများကို ကူးတို့ပို့ပေးတတ်သည်။

သူမ ထမင်းနည်းနည်းစားလိုက်ပြီး ဤသည်က သူမကို နွေးခနဲဖြစ်သွားစေသည်။ ထမင်းစားပြီးသွားသောအခါ သူမတွင် ဘာမှလုပ်စရာရှိနေပေ။ သို့သော် မီးဖိုချောင်ထဲတွင် အနည်းငယ်ရှုပ်ပွနေသောကြောင့် သန့်ရှင်းရေးလုပ်လိုက်သည်။ ပန်းကန်လုံးများနှင့် ထမင်းစားတူများကို သိမ်းဆည်းသည်။ တစ်ယောက်တည်းနေလာခဲ့သည့် လူတစ်ယောက်အတွက်ကတော့ အသေးအဖွဲကိစ္စများအတွက် အချိန်သိပ်မယူလိုက်ရပေ။

မွန်းတည့်ချိန်ရောက်မှန်း သူမမသိလိုက်ခင်တွင်ပဲ တိမ်များက ထူထပ်လာပေ‌ပြီ။

ရွှယ့်တုန်ထင်းက တံစက်မြိတ်အောက်တွင်ရှိနေသော ‌အခြောက်လှန်းထားသည့် အသားခြောက်အချို့ကို သတိပြုမိလိုက်သည်။ အတုံးလေးများအဖြစ်လှီးလိုက်ပြီး သေချာဆေးကာ အလွှာလိုက်ထပ်လှီးလိုက်ပြန်သည်။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဖြင့် ရောကြော်လိုက်သည်။

မားမားချောင်က သူမကို မည်သို့ ဟင်းချက်ရမည်ဆိုသည်ကို သင်ပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် သူမ၏ အချက်အပြုတ်နှင့် အချုပ်အလုပ်စွမ်းရည်မှာလည်း ထိပ်တန်းပင်ဖြစ်သည်။

တတိယမင်းသား၏‌အိမ်တော်မှာရှိစဉ်အကြောင်း ပြန်ပြောင်းတွေးကြည့်ရလျှင် ရွှယ့်တုန်ထင်းမှာ မချက်ပြုတ်တတ်ခဲ့ပေ။ သူမ၏ အချိန်ဆယ်စုနှစ်စာခန့်က အလဟဿဖြစ်ခဲ့ရသည်။ သို့သော် သူမသည် အချက်အပြုတ်များတွင် ပါရမီပါသည်ကို တွေ့ရှိခဲ့သည်။ မားမားချောင် သင်ပေးခဲ့သည်များက အလကားမဖြစ်သွားပုံပင်။

သူမ ဆန်ပုံးထဲသို့ ကြည့်လိုက်သည်။ ဆန်များမှာ တစ်ဝက်တော့ ကျန်နေသေးသည်ဖြစ်၏။ စုန့်ယွီမင်က ထမင်းများများစားတတ်သည်ကိ သူမသတိရသွားသောကြောင့် ယောက်ချိုဇွန်းနှင့် တော်တော်များများကို ခပ်ထည့်ကာ ချက်လိုက်သည်။ မနေ့ညက ကျန်နေသေးသော အမဲသားလွှာများကိုယူကာ ဆီနှင့် ဆားထပ်ထည့်ကာ မွှေကြော်လိုက်ပြန်သည်။

အချိန်ကို ကြည့်ပြီးနောက် စုန့်ယွီမင်မှာ နေ့လည်စာစားရန် ပြန်လာတော့မည်ဖြစ်၏။ သူမ ခပ်ကြာကြာစောင့်ဆိုင်းနေပါသော်လည်း သူကမူ ပြန်မလာသေးချေ။

----
🥰 Surprise!!! မနေ့တုန်းက ဒါဒါလေးတစ်ယောက်က အိုင့်ကို bill ထည့်ပေးသွားတယ်။ ဘယ်သူလဲတော့ မသိပေမယ့် ကျေး‌ဇူးအကြီးကြီးတင်ပါတယ်နော်။ အမှန်တိုင်းပြောရရင် ရမယ်လို့ကို မထင်ထားတာပါ။ ကျေးဇူးကြောင့် ဆက်တင်ဖို့ အားရှိသွားပါပီ။ စစတုန်းကတော့ မနက်ဖြန်မှတင်မို့ပဲ။ Surprise လုပ်မို့ ဒီနေ့တင်ပေးလိုက်တယ်။ အမ်…ပြီးတော့ ဒီ novel လေးကို နှစ်ရက်တစ်ပိုင်း ဒါမှမဟုတ် သုံးရက်တစ်ပိုင်းဖြစ်ဖြစ် တင်ပေးပါတော့မယ်လို့🥰🥰။ Love you all.

Continue Reading

You'll Also Like

99.4K 1.8K 46
This is the story of Ella Winchester the mini version of her father Dean Winchester. Her story begins when her mother was killed by the yellow-eyed d...
586K 61.7K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
22.7K 1.4K 42
ဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world the pillow book 2 Myanmar translation b...
174K 12K 18
he is perfect, he is the one i need. the one i desire... but he thinks that existing is too tiring. in which kuroo falls for his next door neighbour...