Pay Attention To Me [Myanmar...

By chi__285

1M 182K 12.8K

Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter sta... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71 (part 1)
Chapter - 71(part 2)
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter- 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter- 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter- 100
Chapter - 101
Chapter - 102
About manhua
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
E xtra 1 : Graduation trip (1)
Extra 1 :Graduation trip (2)

Chapter - 33

7.2K 1.6K 83
By chi__285

ပစ္စည်းဝယ်ပြီးနောက် ကိုးနာရီလောက်တွင် သူကျောင်းကို ပြန်လာခဲ့သည်။

ဆူဆူညံညံနှင့်ပွဲမှာ ပြီးဆုံးသွားပြီ။ ကျောင်းသားတွေဟာ စာသင်ခန်းတွေကို ပြန်ရှင်းလင်းကာ စားပွဲတွေခုံတွေကို မူလအတိုင်းနေရာတကျပြန်ထားကြသည်။ ကြည့်ရသည်မှာတော့ ဘာမှမဖြစ်ခဲ့သလို၊ စင်ဒရဲလားထဲက အချိန်ကန့်သတ်ထားတဲ့မှော်ပညာအတိုင်း။

သို့သော်လည်း ကျောင်းသားဘ၀ရဲ့ ဒီကျောင်းပွဲတော်ဟာ အားလုံးရဲ့နှလုံးသားထဲတွင်တော့ အမြဲကျန်ရှိနေတော့မှာဖြစ်တယ်၊ နှစ်သစ်ကူးပွဲတော်က မီးရှူးမီးပန်းသည်တောင် ဤမျှလောက် ထိန်လင်းတောက်ပနိုင်မည်မဟုတ်။

dayကျောင်းသားတွေသည်တော့ ကိုယ်စီအိမ်ပြန်သွားကြပြီး အဆောင်နေကျောင်းသားများကတော့ တစ်ယောက်ပြီးတစ်ယောက် အဆောင်ကိုပြန်လာကြသည်။ လမ်းတစ်လျှောက် ဘယ်အတန်း activityက အကောင်းဆုံးဖြစ်ကြောင်းလည်း တက်တက်ကြွကြွပြောဆိုနေကြသေးသည်။

သူတို့အတွက် ဂိတ်တံခါးဖွင့်ပေးချိန်ကို အခွင့်ကောင်းယူကာ ရင်းချဲယ်‌ကျောင်းထဲခိုးဝင်လာခဲ့သည်။ လက်ထဲတွင် သုံးလမ်းကျော်ပန်းဆိုင်ကနေ ဝယ်ခဲ့တဲ့နှင်းဆီပင်းလေးတစ်ပွင့်ကိုကိုင်ရင်း အဆောင်ကိုတန်းပြန်ခဲ့သည်။ နောက် ကပ်ရက်အခန်း ၃၀၇ကိုသွားကာ တံခါးခေါက်လိုက်သည်။

‘’ဘယ်သူ...အာရိုး ချဲယ်ချဲယ် ဝင်ခဲ့လေ၊ ခုလေးတင်ငါ့  meimei‌ကိုလိုက်ပို့ပြီးတာ”
ကျန့်ယောင်က ကျောင်းယူနီဖောင်းပင်မလဲရသေး၊ အင်္ကျီမှာ ဂိမ်းနိုင်တိုင်း ဝမ်ရှောင်ရို့ဆီက ဆုချတဲ့ စတစ်ကာတွေနဲ့ ပြည့်နေတာမို့ ရယ်စရာပုံဖြစ်နေသည်။
‘’သူမက ဒီမှာနေချင်နေတာ၊ ဒါမယ့် ယောက်ျားလေးအဆောင်မှာဘယ်လိုလုပ်နေခိုင်းလို့ဖြစ်မှာလဲ? သူ့ကိုပထုတ်ဖို့တောင် အတော်လေးပြောယူလိုက်ရတာ”

ရင်းချဲယ် : ‘’အခုချိန်လေးကို တန်ဖိုးထား၊ ကြီးလာရင် သူမက မင်းကိုကပ်မှာမဟုတ်တော့ဘူး”

ကျန့်ယောင် ခပ်ပြုံးပြုံးနဲ့ :
‘’မင်းရဲ့အပေါက်ဆိုးတိတိလိုမျိုးလား?”

ရင်းချဲယ်ကမျက်ခုံးတစ်ဖက်ပင့်ကာ :
‘‘မင်းက အဲ့ဒါပြောချင်တာပေါ့?”

‘’တော်ပြီ တော်ပြီ ငါဘာမှမပြောတော့ဘူး၊ မင်းက အမြဲသူ့ဘက်ကပဲကို”
ကျန့်ယောင်မှာ နောက်ဆုံး‌တော့သူ့လက်ထဲက အရာကို သတိပြုမိသွားသည်။
‘’ပန်းဝယ်လာတာလား? ဘယ်သူဖို့လဲ?”

ရင်းချဲယ်က ပန်းပွင့်ကို ဂရုမစိုက်သလိုနှင့် သူ့ဆီပစ်ပေးသည်။
‘’မင်းပိုးချင်တဲ့သူကို သွားပေးလိုက်၊ အရမ်းကြီးနောက်မကျသွားခင် မြန်မြန်”

ကျန့်ယောင်မှာ ယောင်တောင်တောင်နှင့် ပန်းကိုကိုင်ကာ ခ‌နလောက်စိုက်ကြည့်နေမိသည်။
‘’.....မင်းက ငါအဲ့ဒီလူကိုပိုးပန်းဖို့အတွက် ကူညီနေတာလား?”

ရင်းချဲယ် : ‘’ငါသာ မကူညီပဲပစ်ထားရင် မင်းသူ့ကိုလိုက်ဖို့ ဘယ်လောက်တောင် ကြာမလဲမသိဘူး”

ကျန့်ယောင်က မျက်နှာသေနှင့် ပန်းပွင့်ကိုပတ်ထားသည့် အလှစက္ကူနှင့် ဖဲကြိုးကို ဆော့ကစားနေသည်။ အချိန်အတော်ကြာမှ သူ့နှုတ်ခမ်းစွန်းတွေဟာ ကော့တက်လာပြီး အရမ်းကို အားလျော့နေသည့်အပြုံးဖြင့် :
‘’မင်းစိုးရိမ်စရာမလိုပါဘူး ငါ့ဟာငါကြည့်လုပ်လိုက်မယ်၊ ပြီးတော့ ဒီလောက်နဲ့လည်းမလုံလောက်ဘူး၊ ငါကသူ့ကို အများကြီး အများကြီးပေးချင်တာ”

အမျိူးအမည်မသိတဲ့အကြောင်းရင်းတချို့ကြောင့် ရင်းချဲယ် မပျော်တော့သလို ခံစားလိုက်ရသည်။

ငါက ကူညီသလိုလိုနဲ့ ကိုယ့်ကိုယ်ကိုအရူးလုပ်ခဲ့ပုံပဲ

‘’အင်းပေါ့၊ ဒါကဘယ်လုံလောက်ပါ့မလဲ”
သူနှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
‘’ဆောရီးပါ၊ ငါမတွေးလိုက်မိဘူး’’

‘’ကိစ္စမရှိပါဘူး၊ ထားပါ အဲ့အကြောင်းမပြောကြရအောင်”
ကျန့်ယောင်က စာရေးခုံဆီလျှောက်သွားပြီး ပန်းကိုချထားလိုက်သည်၊ သူ့ကိုလှမ်းခေါ်ကာ :
‘’လာ ငါမင်းကိုပြစရာရှိတယ်”

သူ့ရဲ့ရှုပ်ပွနေတဲ့စာရေးခုံရဲ့အလယ်မှာ ဘူးအသေးလေးတစ်ဘူး။ ဘူးလေးက သာမန်သာဖြစ်ပြီး ဘာမှအထူးတဆန်းချဲ့ကားမှုမှမရှိဟန်။

ကျန့်ယောင်က ဘူးကိုဖွင့်ကာ အထဲကအရာကိုသူ့ကိုပေးလာသည်။
‘’ရော့ မင်းအတွက်”

လက်ပတ်ကြိုးလေး၊ အဖြူစွတ်စွတ်လက်ပတ်ကြိုးလေး။

‘’ငါ့ကိုလက်ပတ်ကြိုးပေးလို့ မင်းကို လက်ဆောင်ပြန်ပေးတာ၊ အရင်တစ်ခေါက်လုပ်ခဲ့တဲ့ကြိုးက ရုပ်ဆိုးလွန်းလို့ နည်းနည်းမှကိုကြည့်လို့မကောင်းဘူး”

ကြိုးကျစ်သည့် patternမှာ သူ့ရဲ့မီးခိုးညိုရောင်တစ်ခုနှင့် တစ်ပုံစံတည်း တစ်ထပ်တည်း၊ နှစ်ခုက အစုံလိုက်အတိုင်းပင်။

‘’မင်းကိုယ်တိုင် ကျစ်ထားတာလား?”

‘’အင်း ငါနည်းနည်းထပ်လေ့လာလိုက်တာ၊ သိပ်လည်းမခက်ပါဘူး”

‘’ဘာလို့အဖြူရောင်လဲ?”

‘’မင်းက အဖြူနဲ့ပိုလိုက်မယ်ထင်လို့၊ ဒီအရောင်မကြိုက်လို့လား? ဒါဖြင့် ငါနောက်တစ်ခုလုပ်ပြီးမှ မင်းကိုပေးမယ်လေ”

‘’ငါမကြိုက်လို့မဟုတ်ပါဘူး”

ငါတကယ်ကြိုက်တာ ပြီးတော့ တကယ်ကိုလိုချင်တာ

‘’ဒါမယ့် မယူနိုင်ဘူး”
ရင်းချဲယ်က သူ့ဆီကကြိုးကိုလက်မခံပေ။
‘’အဲ့ဒါက စုံတွဲလက်ပတ်ကြီးနဲ့တူတယ်၊ သူများတွေအထင်လွဲလိမ့်မယ်၊ မင်းနောက်တစ်ခုကျစ်ရင် patternပြောင်းလိုက်”

ခုနလေးတင်ပဲ နောက်တစ်ခုကျစ်ပေးရမလားပြောသည့် ကျန့်ယောင်မှာ ချက်ချင်းမပျော်မရွှင်ဖြစ်သွားတော့သည်။
‘’အထင်လွဲလည်း လွဲ‌ပါစေပေါ့၊ အဲ့တော့ဘာဖြစ်တာကျလို့?’’

ရင်းချဲယ်က ခေါင်းရမ်းကာ :
‘’မကောင်းဘူး”

မင်းကြိုက်နေတဲ့သူမြင်သွားရင် မကောင်းဘူး

‘’ဘာမကောင်းတာလဲ?”
ကျန့်ယောင်အတွေးတွေမှာ တခြားတစ်ဘက်သို့ပြောင်းသွားသည်။ သူ့အမူအရာမှာလည်း အနည်းငယ်ကြည့်ရဆိုးလာသည်။
‘’အဲ့တော့ မင်းနဲ့ငါနဲ့ကို အဲ့လိုမျိုးထင်ပြီး လူတွေ လျှောက်ပြောမှာမလိုချင်လို့မလား? မင်းအရှက်ရလိမ့်မယ်လို့တွေးနေတာမလား?”

ရင်းချဲယ်က အံ့သြလွန်းစွာ မျက်တောင်တဖျတ်ဖျတ် :
‘’အဲ့လိုမျိုးမတွေးပါဘူး”

ကျန့်ယောင်က လက်ကိုပြန်ရုတ်ကာ လက်ထဲကကြိုးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
‘’မင်းရဲ့စိတ်ထဲမှာ င့ါလို alphaမျိုးက...လုံး၀ကို မကောင်းတာလား?”

ရင်းချဲယ်မှာ ပြန်ပြောစရာအတွေးတွေများစွာရှိပါလျက်နှင့် ပါးစပ်ဟမိချိန်တွင်တော့ ဘယ်ကနေစပြောရမှန်းမသိတော့ပေ။

သူပြောလိုက်လျှင် သူ့ရဲ့လျှို့ဝှက်ထားတဲ့ အတွေးတွေကို ပေါ်သွားမှာလည်း စိုးတာကြောင့်ဖြစ်နိုင်သည်။

လေထုမှာငြိမ်သက်လျက်၊ အကြည့်နှစ်ခုမှာ တည်မြဲနေပြီး တစ်ယောက်ကမှ စကားစမဆိုခဲ့ကြ။

ကံကောင်းစွာနဲ့ ထိုအချိန်တွင် ကျန့်ယောင်ဖုန်းက မြည်လာပြီး အနေရခက်သည့်တိတ်ဆိတ်မှုအခြေနေကြီးကနေ ကယ်တင်ပေးလိုက်သည်။

ရင်းချဲယ် သက်‌မောချမိသည်၊ သို့သော် စက္ကန့်ပိုင်းပင်မကြာ ဖုန်းပြောနေသည့်ကျန့်ယောင် အမူအရာမှာ ပိုမိုဆိုးယွင်းလာသည်ကို သူ တွေ့လိုက်ရသည်။

‘’ဘယ်သူလဲ? ဘာကိစ္စ မင်းက သူမဖုန်းကိုကိုင်ထားတာလဲ?’’

တစ်ဖက်က ဘာပြောလိုက်တယ်တော့ သူမသိ၊ ကျန့်ယောင်ကတော့ တော်တော်လေးဒေါသထွက်သွားကာ ဆဲတော့သည်။
‘’ယီး!မင်း အဲ့မှာစောင့်နေ!’’

ကျန့်ယောင်က ဖုန်းချပြီး ဝရုန်းသုန်းကာထွက်သွားတော့သည်။ ရင်းချဲယ် သူ့နောက်ကလိုက်ပြီး မေးမိသည်။
‘’ဘာဖြစ်တာလဲ? ဖုန်း‌ခေါ်တာ ဘယ်သူတဲ့လဲ?”

‘’မလိုက်ခဲ့နဲ့’’
ရှင်းပြဖို့အချိန်မရသလို ကျန့်ယောင်က လိုရင်းတိုရှင်းပြောသွားသည်။
‘’Dong Chengက ငါနဲ့ရန်စရှိတဲ့ လူယုတ်မာတစ်ကောင်က ငါတို့ကျောင်းဆီလိုက်လာခဲ့တယ်၊ အခု ပိုင်ယွိဝေက သူ့လက်ထဲမှာ’’

ရင်းချဲယ်က သူ့ပြောတာကိုနားမထောင်ပဲ လှေကားတစ်လျှောက် သူ့နောက်ကလိုက်ဆင်းလာသည်။ အဆောင်မှူးက တံခါးကိုပိတ်တော့မယ်လုပ်နေတာမို့ ကျန့်‌ယောင်လှမ်းအော်လိုက်သည်။
‘’လောင်ရှီး ကျနော်စာသင်ခန်းထဲယူစရာရှိသေးလို့၊ ကျနော့်အတွက် ဖွင့်ထားပေးပါဦး!”

အော်ရင်းပဲ တံခါးကနေ လေအလျင်နှင့် ပြေးထွက်သွားသည်။ အချိန်အတန်ကြာမှ အဆောင်မှူးက တုံ့ပြန်လာတော့သည်။
‘’မြန်မြန်နော်! ဆယ်နာရီ‌ကျော်ရင် မင်းတို့နှစ်ယောက် အပြင်မှာအိပ်ရမယ်!’’

ပွဲတော်ပြီးသွားကတည်းက ကျောင်းဝင်းကြီးဟာ အတော်တိတ်ဆိတ်သွားပြီး လူတစ်ယောက်တစ်လေတောင်မမြင်ရတော့ပေ။ ကျောင်းသားအားလုံးကလည်းပြန်သွားပြီဖြစ်ရာ ညနေပိုင်းလေပြည်ဖြတ်တိုက်သွားမှုကြောင့် သစ်ရွက်များရဲ့လှုပ်ခတ်သံနှင့် လေလွင့်‌ကြောင်များရဲ့ တခါတရံအော်ငြီးသံများသာကျန်ရှိတော့သည်။

ကျန့်ယောင်ပြေးသည်မှာ အရမ်းမြန်သည်၊ ရင်းချဲယ်မှာလည်း သူ့ကိုမှီဖို့ရာ အတတ်နိုင်ဆုံးကြိုးစားနေရသည်။
‘’သူတို့ကဘယ်မှာတဲ့လဲ?”

‘’ရေကန်ငယ်မှာ!”

First Highရဲ့ရေကန်ငယ်လေးမှာ သစ်ပင်တန်းတစ်ဖက်တွင်ရှိသည်။ ရေကန်ငယ်လို့ခေါ်ပေသည့် အရွယ်အစားမှာ စာသင်ခန်းတစ်ခန်းစာလောက်ရှိသည်။ ထိုထဲမှာအလှမွေးငါးတချို့မွေးထားပြီး အနီးနားတွင် ခုံတန်းအနည်းငယ်လည်းရှိသည်။ နေ့လည်စာနားချိန်ဆိုလျှင်တော့ ထိုနားကို ကျောင်းသားတွေစကား‌ပြောလိုက် စာကျက်လိုက်လုပ်ပေမယ့် ညအချိန်တွင်တော့ ဘယ်သူမှမသွားတတ်ကြဘူး။
 
သူတို့နှစ်ယောက် ရေကန်ငယ်ဆီရောက်ချိန်တွင် ခုံတန်းပေါ်မှာ ထိုင်နေသူနှစ်ယောက်ရှိသည်။ ရင်းချဲယ် လမ်းမီးတိုင်ရဲ့အလင်းအောက်မှာ တစ်ယောက်က ပိုင်ယွိဝေဖြစ်ပြီး နောက်တစ်ယောက်က လူစိမ်း‌တစ်ယောက်ဖြစ်ကြောင်းသိလိုက်ရသည်၊ ထိုလူစိမ်းကိုတော့ သူအနည်းငယ်သိသလိုရှိသည်။

အနီးနားရောက်လာချိန်မှ စောစောလေးက တံတိုင်းကျော်တက်တုန်းက တွေ့ခဲ့သည့်ကျောင်းသားဖြစ်ကြောင်း သူသိလိုက်သည်။

‘’မင်းက ဘယ်သူတုန်း?’’
ထိုသူကလည်း သူ့ကိုသတိထားမိသွားသည်။
‘’ဒီနေရာကို လောင်ဇီသိမ်းထားတယ်၊ သွားစမ်း ထွက်သွားကြစမ်း!”

ရင်းချဲယ် : ‘’မင်းအစောင့်ဆီက အဖမ်းမခံရဘူးလား?”

‘’အဖမ်းခံရတော့လည်းဘာဖြစ်လဲ? လောင်ဇီက နောက်တစ်ခေါက်ပြန်တက်ရုံပဲပေါ့၊ မင်းတို့ကျောင်းတံတိုင်းကိုက နိမ့်လွန်းတာကို..’’
သူပြောရင်းမှ တစ်ခုခုက ပုံမှန်မဟုတ်တာသတိထားမိသည်။
‘’အစောင့်ဆီမှာ ငါအဖမ်းခံရမှန်းမင်းကို ဘယ်လိုလုပ်သိတာလဲ? F*ck! ငါမင်းကိုမှတ်မိပြီ၊ မင်းတံတိုင်းပေါ်ကနေ ကျော်ပြီး အပြင်ထွက်တဲ့တစ်ယောက်၊ မင်းငါ့ကိုတိုင်လိုက်တာမလား?!’’

‘’ဟုတ်တယ်’’
ရင်းချဲယ်က လုံးဝမမှုဟန်နှင့် ပြန်ဖြေသည်။

ထိုသူက ရင်းချဲယ်ကိုထရိုက်ချင်သည့်အလား ခုံပေါက်လာသည်၊ သို့သော်လည်း တစ်ဝက်တွင်ပင် သူလက်လျှော့လိုက်သည်။
‘’လောင်ဇီက တစ်ယောက်ယောက်ကို စောင့်နေလို့ မင်းကိုယ်မင်း ကံကောင်းသွားတယ်မှတ်ပါ၊ ငါ့မှာမင်းနဲ့ရှင်းနေစရာအချိန်မရှိဘူး၊ ထွက်သွားလိုက်တော့’’

တချိန်လုံးအဖက်မလုပ်ပစ်ပယ်ခံထားရသည့် ‌ဘေးကကျန့်ယောင်ကို ရင်းချဲယ်လက်ညှိုးထိုးပြလိုက်ပြီး :
‘’မင်းစောင့်နေတာသူလား?”

ထိုသူက ကျန့်ယောင်ကို မသင်္ကာစွာကြည့်သည်။
‘’သူကဘယ်သူတုန်း?”

ကျန့်ယောင် အသာအယာချောင်းတစ်ချက်ဟန့်လိုက်သည်၊ နောက် ခါတိုင်းထက် ပိုပြီးခက်ထန်သည့်လေသံနှင့် :
‘’အတန်းဖော်၊ ငါတော့ မင်းကိုအရင်ကတွေ့ဖူးတယ်ထင်တယ်နော်၊ မင်းငါ့ကိုသိလား?”

‘’ချီးကိုတွေ့ဖူးရမှာလား၊ လောင်ဇီ့ဘဝမှာ ဒီလို ပုံတုံးတဲ့ကောင်မျိုးတစ်ခါမှမတွေ့ဖူးဘူး”

‘’.....’’
ကျန့်ယောင်က ခေါင်းငုံ့လိုက်ချိန် ဆံမြိတ်တွေက သူ့မျက်ဝန်းတွေကိုဖုံးနေလေသည်။ သူ့ဆီကို လျှောက်လာကာ :
‘’အနီးကပ်တစ်ချက်လောက်ကြည့်ကြည့်လိုက်ရင်ရော’’

ထိုသူက တကယ်ပဲ ရှေ့ကိုတစ်လှမ်းတိုးလာသည်၊ သူအသေချာကြည့်မယ်လုပ်တုန်းမှာပဲ ရုတ်တရက် မမြင်နိုင်တဲ့ဖိအားတစ်ချို့က သူ့ကိုဖိနှိပ်နေတာခံစားလိုက်ရသည်။

အရမ်းကိုရင်းနှီးတယ် အရမ်းကိုကြောက်စရာကောင်းတဲ့ ဖိအား။

‘’ငလူး!မင်းက----‘’

သူ့စကားမဆုံးနိုင်သေးခင်မှာပဲ ကျန့်ယောင်က သူ့လက်မောင်းကနေကိုင်ကာ ရှေ့ကိုအားကုန်ကိုင်းပြီး လှလှပပ ပခုံးပေါ်ကနေ လှန်ပစ်ချလိုက်တော့သည်။ *Bang!*ဆိုသည့်အသံကျယ်ကြီးနှင့်အတူ ထိုသူ့ကိုမြေပြင်ကိုကိုင်ပေါက်လိုက်သည့် ပြကွက်မှာ သေသပ်လှပလွန်းသည်။

‘’ငါပဲလေ၊ ဖန့်ဟွေ မင်းရဲ့မိတ်ဆွေဟောင်းကြီးကိုတောင် မင်းကမမှတ်မိဘူးလား?”
ကျန့်ယောင်က သူ့လက်ကိုလိမ်ချိုးကာ :
‘’ဘယ်လောက်တောင်တော်လိုက်တဲ့ကောင်လဲ ဟမ်၊ ဒီကိုလာပြီး ငါ့အတန်းဖော်ကိုများ ဓားစာခံလုပ်ရတယ်လို့”

ဖန့်ဟွေမှာ နာကျင်စွာဖြင့် အော်တော့သည်။
‘’ငါ-ငါကြားတာတော့ သူမက မင်းကောင်မလေးတဲ့ အာ့ကြောင့် ငါက....!’’

‘’အာ့ကြောင့် ငါ့ကိုခြမ်းခြောက်နိုင်မယ်လို့ထင်နေတာပေ့ါ? မင်းပြောတာနားထောင်လိမ့်မယ်လို့ပေါ့ ဟမ် ဖန့်ဟွေ ငါ့ဘယ်လောက်စိတ်ထားဆိုးကြောင်း မင်းမသိလို့လား?”
ကျန့်ယောင်က ရုတ်ခြည်း ခေါင်းမော့လာကာ ရင်းချဲယ်ဆီကို တစ်ချက်ကြည့်သည်။
‘’ပြီးတော့ ဒီညက အထူးတလည်ကို စိတ်အခြေနေမကောင်းဖြစ်နေတာ”

‘’......?”

ပိုင်ယွိဝေမှာ အစကတော့ ဖန့်ဟွေရဲ့ pheromoneတွေနဲ့ ထိန်းချုပ်ခံထားရသည်ကြောင့် လှုပ်မရခဲ့။ ခုချိန်တွင်တော့ ကျန့်ယောင်က ဖန့်ဟွေကိုထိန်းထားသည်မို့ သူမ အားအင်တွေလည်းပြန်ရလာသည်။ သူမ မတ်တပ်ထရပ်ချိန် ရှေ့ယိမ်းလိုက်နောက်ယိမ်းလိုက်နှင့် အနည်းငယ် မူးဝေနေသေးသည်။
‘’ကျန့်ယောင် သတိထားနော်....သူ့ pheromoneတွေက တအားအားပြင်းတာ....’’

သို့ပေမယ့် သူမ အခုရနေသည့် pheromoneနံ့ပြင်းပြင်းမှာ ဖန့်ဟွေဆီက ထွက်လာတာမဟုတ်ကြောင်း ချက်ချင်းပဲ သတိပြုမိသွားသည်။

ကျန့်ယောင် : ‘’မင်းတို့နှစ်ယောက် အရင်ပြန်လိုက်ကြ၊ နောက်မြင်ရမယ့်မြင်ကွင်းက အရမ်းရက်စက်မှာ၊ မင်းတို့မကြည့်သင့်ဘူး”

ဖန့်ဟွေမှာ ထိုစကားတွေကြားပြီး ကြောက်ကန်ကန်တော့သည်။
‘’ယောင်ကော! ကျွန်တော်မှားပါတယ်၊ ယောင်ကောရယ်! ကျွန်တော်က ယောင်ကော First Highကိုတကယ်ပြောင်းသွားတာလားဆိုတာ အတည်ပြုချင်လို့ပါ၊ ဘာမကောင်းတာမှလုပ်ဖို့မရည်ရွယ်ပါဘူး!တကယ်ပါ!”

‘’အိုး အဲ့လိုဆိုတော့ အခုကျ မင်းကပြန်ပြီး သတင်းကိုလျှောက်ပတ်လွှင့်လို့ရပြီပေါ့?’’
ကျန့်ယောင်က အေးစက်စက်အသံနှင့်ပြောသည်။
‘’ထော့ကျိုးဖြစ်သွားအောင် မင်းရဲ့လက်တစ်ဖက်နဲ့ခြေထောက်တစ်ဖက်ကို ငါဖြုတ်ပေးမယ်”

‘’အားးးးး မလုပ်ပါနဲ့!!’’

‘’ကျန့်ယောင်’’
ရင်းချဲယ်က လှမ်းအော်လာသည်။
‘’ရန်မဖြစ်ပါနဲ့’’

လိမ်နေတဲ့ ကျန့်ယောင်လက်တွေ ရပ်တန့်သွားသည်။
‘’ငါက ရန်ဖြစ်တဲ့နေရာမှာ တအားတော်တာ၊ အဲ့ဒါက အားသာချက်ပဲမဟုတ်ဘူးလား?”

‘’အဲ့ဒါက အကျုံးမဝင်ဘူးလေ’’

‘’ဒါဆို ငါ့မှာ ကောင်းတဲ့အချက်ဘာမှမရှိတော့ဘူးပေါ့”
ကျန့်ယောင်က ကိုယ့်ကိုယ်ကိုလှောင်ရယ်မိသည်။
‘’ငါရန်ဖြစ်ဖြစ် မဖြစ်ဖြစ် မင်းစိတ်ထဲမှာတော့ ငါကဘာမှမထူးခြားဘူးပဲမလား၊ အဲ့တော့ ဘာလို့ မင်းပြောတာ‌နားထောင်နေရဦးမှာလဲ?”

ဖန့်ဟွေမှာတော့ မလွတ်မြောက်နိုင်တော့ဘူးဆိုတာသိချိန် အသတ်ခံရတော့မယ့် ဝက်တစ်ကောင်လိုအော်တော့သည်။
‘’ကယ်ကြပါဗျို့ !လူသတ်သမား! ဂိတ်စောင့်ကြီးရေ ကျွန်တော့ကို ကယ်ပါ! ခုနလေးက ကျွန်တော်ခင်ဗျားကိုမဆဲလိုက်သင့်ဘူး! တောင်းပန်ပါတယ်! ဒီကိုဘယ်တော့မှထပ်မလာတော့ပါဘူး! ကယ်ကြပါ! ‘’

‘’အကူညီတောင်းနေလည်း နောက်ကျသွားပြီ”

‘’အား!’’
ပိုင်ယွိဝေမှာ သွေးထွက်သံယိုမြင်ကွင်းတွေ မကြည့်ရဲတာကြောင့် ချက်ချင်းမျက်လုံးကိုအုပ်ကာ တစ်ဖက်လှည့်သွားသည်။ သို့သော်လည်း သူမကမူးဝေနေတုန်းမို့ တည်တည်ငြိမ်ငြိမ်မရပ်နိုင်ပဲ ခြေချော်ကာ---

*ဗွမ်း!*
ရေကန်ငယ်ထဲသို့ကျသွားတော့သည်။

ရေကန်ဟာ သိပ်မနက်လှပေ၊ လူရွယ်တစ်ယောက်အရပ်စာလောက်ပင်မနက်။ သာမန်အခြေနေမျိုးတွင်တော့ ဘာအန္တရာယ်မျိုးမှ မရှိနိုင်ပေမယ့် ယခုကဆောင်းတွင်းကြီးဖြစ်တာကြောင့် ရေတွေမှာအေးခဲနေသည်။ ကျောင်းယူနီဖောင်းအထူတွေမှာ ရေစိုသွားချိန် ပေါင်ထောင်ချီလေးသလိုဖြစ်သွားတာကြောင့် ရေထဲမှာကူးခတ်ရသည်မှာ အလုပ်မဖြစ်။

ပိုင်ယွိဝေမှာ အစကတည်းကမူးဝေနေရာမှ ပြုတ်ကျသည်ကြောင့် ပိုပိုမူးနောက်လာသည်။ အတော်ကြာယက်ကန်ယက်ကန်လုပ်နေပြီးနောက်တော့ သူမကမ်းဆီကိုရောက်အောင်မလာနိုင်တော့ပေ။ ထို့အစား တဖြည်းဖြည်းအားအင်ကုန်ခမ်းလာကာ နစ်မြှုပ်သွားတော့သည်။

ရင်းချဲယ်မှာလည်း ရေမကူးတတ်တာမို့ ကုတ်အင်္ကျီကိုပဲချွတ်ပြီး ပိုင်ယွိဝေကိုဆွဲတက်ခိုင်းရမလားစဥ်းစားနေသည်။

‘’နေဦး ပြန်ဝတ်ထားလိုက်၊ အအေးမမိစေနဲ့’’
ကျန့်ယောင်က ဖန့်ဟွေကို မှောက်အောင်လက်သီးတစ်ချက်ပိတ်ထိုးခဲ့ပြီးနောက် သူ့ကုတ်ကိုအမြန်ချွတ်၊ မျက်မှန်တွေကိုပစ်ချကာ ရေကန်ထဲဒိုင်ပင်ထိုးသွားတော့သည်။

ရင်းချဲယ်မှာ စိတ်ပူချိန်ပင်မရလိုက်ပဲ ကျန့်ယောင်က ပျော့ခွေနေတဲ့ပိုင်ယွိဝေကို ချီကာ ကမ်းဆီကိုပြန်ကူးလာခဲ့သည်။

ကံကောင်းစွာနဲ့ ပိုင်ယွိဝေမှာ ရေအနည်းငယ်မွန်းသွားတာနှင့် ချမ်းလို့တုန်ခိုက်နေသည်ကလွဲရင် ဘာမှဆိုးဆိုးရွားရွားရယ်လို့မဖြစ်လိုက်။

ကျန့်ယောင်မှာ ခေါင်းစခြေဆုံးစိုရွှဲလျက် ဆံပင်များမှလည်း ရေတစ်စက်စက်။ သူ့ဆံပင်တွေကို သာမန်ကာလျှံကာနှင့် အကုန်သပ်တင်လိုက်ကာ မေ့နေတဲ့ဖန့်ဟွေကိုမကာ :
‘’သူ့ကိုအဆောင်ပြန်ခေါ်သွားလိုက်၊ ဒီ့ကောင့်ကိုတော့ ငါဟိုနားက ဂိတ်အစောင့်ဆီသွားပို့လိုက်ဦးမယ်၊ ဒါမှ ဒီကောင်နောက်တစ်ခါမလာရဲမှာ”

ရင်းချဲယ်က သူ့ကိုစိုက်ကြည့်နေကာ စကားပြန်မလာ။

‘’ဘာဖြစ်တာလဲ?”

သူမေးပြီးချိန်မှပဲ ဘာဖြစ်တာလဲဆိုတာသတိရသွားတော့သည်။

.....ငါတော့ သေပြီ

ဒီလိုသေရေးရှင်ရေးအချိန်မှကွာ၊ ပေါ်သွားတာအဆိုးဆုံးပဲ

__________

[Zawgyi]

ပစၥည္းဝယ္ၿပီးေနာက္ ကိုးနာရီေလာက္တြင္ သူေက်ာင္းကို ျပန္လာခဲ့သည္။

ဆူဆူညံညံႏွင့္ပြဲမွာ ၿပီးဆုံးသြားၿပီ။ ေက်ာင္းသားေတြဟာ စာသင္ခန္းေတြကို ျပန္ရွင္းလင္းကာ စားပြဲေတြခုံေတြကို မူလအတိုင္းေနရာတက်ျပန္ထားၾကသည္။ ၾကည့္ရသည္မွာေတာ့ ဘာမွမျဖစ္ခဲ့သလို၊ စင္ဒရဲလားထဲက အခ်ိန္ကန႔္သတ္ထားတဲ့ေမွာ္ပညာအတိုင္း။

သို႔ေသာ္လည္း ေက်ာင္းသားဘ၀ရဲ့ ဒီေက်ာင္းပြဲေတာ္ဟာ အားလုံးရဲ့ႏွလုံးသားထဲတြင္ေတာ့ အျမဲက်န္ရွိေနေတာ့မွာျဖစ္တယ္၊ ႏွစ္သစ္ကူးပြဲေတာ္က မီးရွူးမီးပန္းသည္ေတာင္ ဤမၽွေလာက္ ထိန္လင္းေတာက္ပနိုင္မည္မဟုတ္။

dayေက်ာင္းသားေတြသည္ေတာ့ ကိုယ္စီအိမ္ျပန္သြားၾကၿပီး အေဆာင္ေနေက်ာင္းသားမ်ားကေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ အေဆာင္ကိုျပန္လာၾကသည္။ လမ္းတစ္ေလၽွာက္ ဘယ္အတန္း activityက အေကာင္းဆုံးျဖစ္ေၾကာင္းလည္း တက္တက္ႂကြႂကြေျပာဆိုေနၾကေသးသည္။

သူတို႔အတြက္ ဂိတ္တံခါးဖြင့္ေပးခ်ိန္ကို အခြင့္ေကာင္းယူကာ ရင္းခ်ဲယ္‌ေက်ာင္းထဲခိုးဝင္လာခဲ့သည္။ လက္ထဲတြင္ သုံးလမ္းေက်ာ္ပန္းဆိုင္ကေန ဝယ္ခဲ့တဲ့ႏွင္းဆီပင္းေလးတစ္ပြင့္ကိုကိုင္ရင္း အေဆာင္ကိုတန္းျပန္ခဲ့သည္။ ေနာက္ ကပ္ရက္အခန္း ၃၀၇ကိုသြားကာ တံခါးေခါက္လိုက္သည္။

‘’ဘယ္သူ...အာရိုး ခ်ဲယ္ခ်ဲယ္ ဝင္ခဲ့ေလ၊ ခုေလးတင္ငါ့  meimei‌ကိုလိုက္ပို႔ၿပီးတာ”
က်န႔္ေယာင္က ေက်ာင္းယူနီေဖာင္းပင္မလဲရေသး၊ အကၤ်ီမွာ ဂိမ္းနိုင္တိုင္း ဝမ္ေရွာင္ရို႔ဆီက ဆုခ်တဲ့ စတစ္ကာေတြနဲ႔ ျပည့္ေနတာမို႔ ရယ္စရာပုံျဖစ္ေနသည္။
‘’သူမက ဒီမွာေနခ်င္ေနတာ၊ ဒါမယ့္ ေယာက္်ားေလးအေဆာင္မွာဘယ္လိုလုပ္ေနခိုင္းလို႔ျဖစ္မွာလဲ? သူ႔ကိုပထုတ္ဖို႔ေတာင္ အေတာ္ေလးေျပာယူလိုက္ရတာ”

ရင္းခ်ဲယ္ : ‘’အခုခ်ိန္ေလးကို တန္ဖိုးထား၊ ႀကီးလာရင္ သူမက မင္းကိုကပ္မွာမဟုတ္ေတာ့ဘူး”

က်န႔္ေယာင္ ခပ္ျပဳံးျပဳံးနဲ႔ :
‘’မင္းရဲ့အေပါက္ဆိုးတိတိလိုမ်ိဳးလား?”

ရင္းခ်ဲယ္ကမ်က္ခုံးတစ္ဖက္ပင့္ကာ :
‘‘မင္းက အဲ့ဒါေျပာခ်င္တာေပါ့?”

‘’ေတာ္ၿပီ ေတာ္ၿပီ ငါဘာမွမေျပာေတာ့ဘူး၊ မင္းက အျမဲသူ႔ဘက္ကပဲကို”
က်န႔္ေယာင္မွာ ေနာက္ဆုံး‌ေတာ့သူ႔လက္ထဲက အရာကို သတိျပဳမိသြားသည္။
‘’ပန္းဝယ္လာတာလား? ဘယ္သူဖို႔လဲ?”

ရင္းခ်ဲယ္က ပန္းပြင့္ကို ဂ႐ုမစိုက္သလိုႏွင့္ သူ႔ဆီပစ္ေပးသည္။
‘’မင္းပိုးခ်င္တဲ့သူကို သြားေပးလိုက္၊ အရမ္းႀကီးေနာက္မက်သြားခင္ ျမန္ျမန္”

က်န႔္ေယာင္မွာ ေယာင္ေတာင္ေတာင္ႏွင့္ ပန္းကိုကိုင္ကာ ခ‌နေလာက္စိုက္ၾကည့္ေနမိသည္။
‘’.....မင္းက ငါအဲ့ဒီလူကိုပိုးပန္းဖို႔အတြက္ ကူညီေနတာလား?”

ရင္းခ်ဲယ္ : ‘’ငါသာ မကူညီပဲပစ္ထားရင္ မင္းသူ႔ကိုလိုက္ဖို႔ ဘယ္ေလာက္ေတာင္ ၾကာမလဲမသိဘူး”

က်န႔္ေယာင္က မ်က္ႏွာေသႏွင့္ ပန္းပြင့္ကိုပတ္ထားသည့္ အလွစကၠဴႏွင့္ ဖဲႀကိဳးကို ေဆာ့ကစားေနသည္။ အခ်ိန္အေတာ္ၾကာမွ သူ႔ႏွုတ္ခမ္းစြန္းေတြဟာ ေကာ့တက္လာၿပီး အရမ္းကို အားေလ်ာ့ေနသည့္အျပဳံးျဖင့္ :
‘’မင္းစိုးရိမ္စရာမလိုပါဘူး ငါ့ဟာငါၾကည့္လုပ္လိုက္မယ္၊ ၿပီးေတာ့ ဒီေလာက္နဲ႔လည္းမလုံေလာက္ဘူး၊ ငါကသူ႔ကို အမ်ားႀကီး အမ်ားႀကီးေပးခ်င္တာ”

အမ်ိဴးအမည္မသိတဲ့အေၾကာင္းရင္းတခ်ိဳ႕ေၾကာင့္ ရင္းခ်ဲယ္ မေပ်ာ္ေတာ့သလို ခံစားလိုက္ရသည္။

ငါက ကူညီသလိုလိုနဲ႔ ကိုယ့္ကိုယ္ကိုအ႐ူးလုပ္ခဲ့ပုံပဲ

‘’အင္းေပါ့၊ ဒါကဘယ္လုံေလာက္ပါ့မလဲ”
သူႏွုတ္ခမ္းကို တင္းတင္းေစ့လိုက္သည္။
‘’ေဆာရီးပါ၊ ငါမေတြးလိုက္မိဘူး’’

‘’ကိစၥမရွိပါဘူး၊ ထားပါ အဲ့အေၾကာင္းမေျပာၾကရေအာင္”
က်န႔္ေယာင္က စာေရးခုံဆီေလၽွာက္သြားၿပီး ပန္းကိုခ်ထားလိုက္သည္၊ သူ႔ကိုလွမ္းေခၚကာ :
‘’လာ ငါမင္းကိုျပစရာရွိတယ္”

သူ႔ရဲ့ရွုပ္ပြေနတဲ့စာေရးခုံရဲ့အလယ္မွာ ဘူးအေသးေလးတစ္ဘူး။ ဘူးေလးက သာမန္သာျဖစ္ၿပီး ဘာမွအထူးတဆန္းခ်ဲ႕ကားမွုမွမရွိဟန္။

က်န႔္ေယာင္က ဘူးကိုဖြင့္ကာ အထဲကအရာကိုသူ႔ကိုေပးလာသည္။
‘’ေရာ့ မင္းအတြက္”

လက္ပတ္ႀကိဳးေလး၊ အျဖဴစြတ္စြတ္လက္ပတ္ႀကိဳးေလး။

‘’ငါ့ကိုလက္ပတ္ႀကိဳးေပးလို႔ မင္းကို လက္ေဆာင္ျပန္ေပးတာ၊ အရင္တစ္ေခါက္လုပ္ခဲ့တဲ့ႀကိဳးက ႐ုပ္ဆိုးလြန္းလို႔ နည္းနည္းမွကိုၾကည့္လို႔မေကာင္းဘူး”

ႀကိဳးက်စ္သည့္ patternမွာ သူ႔ရဲ့မီးခိုးညိဳေရာင္တစ္ခုႏွင့္ တစ္ပုံစံတည္း တစ္ထပ္တည္း၊ ႏွစ္ခုက အစုံလိုက္အတိုင္းပင္။

‘’မင္းကိုယ္တိုင္ က်စ္ထားတာလား?”

‘’အင္း ငါနည္းနည္းထပ္ေလ့လာလိုက္တာ၊ သိပ္လည္းမခက္ပါဘူး”

‘’ဘာလို႔အျဖဴေရာင္လဲ?”

‘’မင္းက အျဖဴနဲ႔ပိုလိုက္မယ္ထင္လို႔၊ ဒီအေရာင္မႀကိဳက္လို႔လား? ဒါျဖင့္ ငါေနာက္တစ္ခုလုပ္ၿပီးမွ မင္းကိုေပးမယ္ေလ”

‘’ငါမႀကိဳက္လို႔မဟုတ္ပါဘူး”

ငါတကယ္ႀကိဳက္တာ ၿပီးေတာ့ တကယ္ကိုလိုခ်င္တာ

‘’ဒါမယ့္ မယူနိုင္ဘူး”
ရင္းခ်ဲယ္က သူ႔ဆီကႀကိဳးကိုလက္မခံေပ။
‘’အဲ့ဒါက စုံတြဲလက္ပတ္ႀကီးနဲ႔တူတယ္၊ သူမ်ားေတြအထင္လြဲလိမ့္မယ္၊ မင္းေနာက္တစ္ခုက်စ္ရင္ patternေျပာင္းလိုက္”

ခုနေလးတင္ပဲ ေနာက္တစ္ခုက်စ္ေပးရမလားေျပာသည့္ က်န႔္ေယာင္မွာ ခ်က္ခ်င္းမေပ်ာ္မရႊင္ျဖစ္သြားေတာ့သည္။
‘’အထင္လြဲလည္း လြဲ‌ပါေစေပါ့၊ အဲ့ေတာ့ဘာျဖစ္တာက်လို႔?’’

ရင္းခ်ဲယ္က ေခါင္းရမ္းကာ :
‘’မေကာင္းဘူး”

မင္းႀကိဳက္ေနတဲ့သူျမင္သြားရင္ မေကာင္းဘူး

‘’ဘာမေကာင္းတာလဲ?”
က်န႔္ေယာင္အေတြးေတြမွာ တျခားတစ္ဘက္သို႔ေျပာင္းသြားသည္။ သူ႔အမူအရာမွာလည္း အနည္းငယ္ၾကည့္ရဆိုးလာသည္။
‘’အဲ့ေတာ့ မင္းနဲ႔ငါနဲ႔ကို အဲ့လိုမ်ိဳးထင္ၿပီး လူေတြ ေလၽွာက္ေျပာမွာမလိုခ်င္လို႔မလား? မင္းအရွက္ရလိမ့္မယ္လို႔ေတြးေနတာမလား?”

ရင္းခ်ဲယ္က အံ့ၾသလြန္းစြာ မ်က္ေတာင္တဖ်တ္ဖ်တ္ :
‘’အဲ့လိုမ်ိဳးမေတြးပါဘူး”

က်န႔္ေယာင္က လက္ကိုျပန္႐ုတ္ကာ လက္ထဲကႀကိဳးကိုက်စ္က်စ္ပါေအာင္ဆုပ္ထားမိသည္။
‘’မင္းရဲ့စိတ္ထဲမွာ င့ါလို alphaမ်ိဳးက...လုံး၀ကို မေကာင္းတာလား?”

ရင္းခ်ဲယ္မွာ ျပန္ေျပာစရာအေတြးေတြမ်ားစြာရွိပါလ်က္ႏွင့္ ပါးစပ္ဟမိခ်ိန္တြင္ေတာ့ ဘယ္ကေနစေျပာရမွန္းမသိေတာ့ေပ။

သူေျပာလိုက္လၽွင္ သူ႔ရဲ့လၽွို႔ဝွက္ထားတဲ့ အေတြးေတြကို ေပၚသြားမွာလည္း စိုးတာေၾကာင့္ျဖစ္နိုင္သည္။

ေလထုမွာၿငိမ္သက္လ်က္၊ အၾကည့္ႏွစ္ခုမွာ တည္ျမဲေနၿပီး တစ္ေယာက္ကမွ စကားစမဆိုခဲ့ၾက။

ကံေကာင္းစြာနဲ႔ ထိုအခ်ိန္တြင္ က်န႔္ေယာင္ဖုန္းက ျမည္လာၿပီး အေနရခက္သည့္တိတ္ဆိတ္မွုအေျခေနႀကီးကေန ကယ္တင္ေပးလိုက္သည္။

ရင္းခ်ဲယ္ သက္‌ေမာခ်မိသည္၊ သို႔ေသာ္ စကၠန႔္ပိုင္းပင္မၾကာ ဖုန္းေျပာေနသည့္က်န႔္ေယာင္ အမူအရာမွာ ပိုမိုဆိုးယြင္းလာသည္ကို သူ ေတြ႕လိုက္ရသည္။

‘’ဘယ္သူလဲ? ဘာကိစၥ မင္းက သူမဖုန္းကိုကိုင္ထားတာလဲ?’’

တစ္ဖက္က ဘာေျပာလိုက္တယ္ေတာ့ သူမသိ၊ က်န႔္ေယာင္ကေတာ့ ေတာ္ေတာ္ေလးေဒါသထြက္သြားကာ ဆဲေတာ့သည္။
‘’ယီး!မင္း အဲ့မွာေစာင့္ေန!’’

က်န႔္ေယာင္က ဖုန္းခ်ၿပီး ဝ႐ုန္းသုန္းကာထြက္သြားေတာ့သည္။ ရင္းခ်ဲယ္ သူ႔ေနာက္ကလိုက္ၿပီး ေမးမိသည္။
‘’ဘာျဖစ္တာလဲ? ဖုန္း‌ေခၚတာ ဘယ္သူတဲ့လဲ?”

‘’မလိုက္ခဲ့နဲ႔’’
ရွင္းျပဖို႔အခ်ိန္မရသလို က်န႔္ေယာင္က လိုရင္းတိုရွင္းေျပာသြားသည္။
‘’Dong Chengက ငါနဲ႔ရန္စရွိတဲ့ လူယုတ္မာတစ္ေကာင္က ငါတို႔ေက်ာင္းဆီလိုက္လာခဲ့တယ္၊ အခု ပိုင္ယြိေဝက သူ႔လက္ထဲမွာ’’

ရင္းခ်ဲယ္က သူ႔ေျပာတာကိုနားမေထာင္ပဲ ေလွကားတစ္ေလၽွာက္ သူ႔ေနာက္ကလိုက္ဆင္းလာသည္။ အေဆာင္မွူးက တံခါးကိုပိတ္ေတာ့မယ္လုပ္ေနတာမို႔ က်န႔္‌ေယာင္လွမ္းေအာ္လိုက္သည္။
‘’ေလာင္ရွီး က်ေနာ္စာသင္ခန္းထဲယူစရာရွိေသးလို႔၊ က်ေနာ့္အတြက္ ဖြင့္ထားေပးပါဦး!”

ေအာ္ရင္းပဲ တံခါးကေန ေလအလ်င္ႏွင့္ ေျပးထြက္သြားသည္။ အခ်ိန္အတန္ၾကာမွ အေဆာင္မွူးက တုံ႔ျပန္လာေတာ့သည္။
‘’ျမန္ျမန္ေနာ္! ဆယ္နာရီ‌ေက်ာ္ရင္ မင္းတို႔ႏွစ္ေယာက္ အျပင္မွာအိပ္ရမယ္!’’

ပြဲေတာ္ၿပီးသြားကတည္းက ေက်ာင္းဝင္းႀကီးဟာ အေတာ္တိတ္ဆိတ္သြားၿပီး လူတစ္ေယာက္တစ္ေလေတာင္မျမင္ရေတာ့ေပ။ ေက်ာင္းသားအားလုံးကလည္းျပန္သြားၿပီျဖစ္ရာ ညေနပိုင္းေလျပည္ျဖတ္တိုက္သြားမွုေၾကာင့္ သစ္ရြက္မ်ားရဲ့လွုပ္ခတ္သံႏွင့္ ေလလြင့္‌ေၾကာင္မ်ားရဲ့ တခါတရံေအာ္ၿငီးသံမ်ားသာက်န္ရွိေတာ့သည္။

က်န႔္ေယာင္ေျပးသည္မွာ အရမ္းျမန္သည္၊ ရင္းခ်ဲယ္မွာလည္း သူ႔ကိုမွီဖို႔ရာ အတတ္နိုင္ဆုံးႀကိဳးစားေနရသည္။
‘’သူတို႔ကဘယ္မွာတဲ့လဲ?”

‘’ေရကန္ငယ္မွာ!”

First Highရဲ့ေရကန္ငယ္ေလးမွာ သစ္ပင္တန္းတစ္ဖက္တြင္ရွိသည္။ ေရကန္ငယ္လို႔ေခၚေပသည့္ အရြယ္အစားမွာ စာသင္ခန္းတစ္ခန္းစာေလာက္ရွိသည္။ ထိုထဲမွာအလွေမြးငါးတခ်ိဳ႕ေမြးထားၿပီး အနီးနားတြင္ ခုံတန္းအနည္းငယ္လည္းရွိသည္။ ေန႔လည္စာနားခ်ိန္ဆိုလၽွင္ေတာ့ ထိုနားကို ေက်ာင္းသားေတြစကား‌ေျပာလိုက္ စာက်က္လိုက္လုပ္ေပမယ့္ ညအခ်ိန္တြင္ေတာ့ ဘယ္သူမွမသြားတတ္ၾကဘူး။
 
သူတို႔ႏွစ္ေယာက္ ေရကန္ငယ္ဆီေရာက္ခ်ိန္တြင္ ခုံတန္းေပၚမွာ ထိုင္ေနသူႏွစ္ေယာက္ရွိသည္။ ရင္းခ်ဲယ္ လမ္းမီးတိုင္ရဲ့အလင္းေအာက္မွာ တစ္ေယာက္က ပိုင္ယြိေဝျဖစ္ၿပီး ေနာက္တစ္ေယာက္က လူစိမ္း‌တစ္ေယာက္ျဖစ္ေၾကာင္းသိလိုက္ရသည္၊ ထိုလူစိမ္းကိုေတာ့ သူအနည္းငယ္သိသလိုရွိသည္။

အနီးနားေရာက္လာခ်ိန္မွ ေစာေစာေလးက တံတိုင္းေက်ာ္တက္တုန္းက ေတြ႕ခဲ့သည့္ေက်ာင္းသားျဖစ္ေၾကာင္း သူသိလိုက္သည္။

‘’မင္းက ဘယ္သူတုန္း?’’
ထိုသူကလည္း သူ႔ကိုသတိထားမိသြားသည္။
‘’ဒီေနရာကို ေလာင္ဇီသိမ္းထားတယ္၊ သြားစမ္း ထြက္သြားၾကစမ္း!”

ရင္းခ်ဲယ္ : ‘’မင္းအေစာင့္ဆီက အဖမ္းမခံရဘူးလား?”

‘’အဖမ္းခံရေတာ့လည္းဘာျဖစ္လဲ? ေလာင္ဇီက ေနာက္တစ္ေခါက္ျပန္တက္႐ုံပဲေပါ့၊ မင္းတို႔ေက်ာင္းတံတိုင္းကိုက နိမ့္လြန္းတာကို..’’
သူေျပာရင္းမွ တစ္ခုခုက ပုံမွန္မဟုတ္တာသတိထားမိသည္။
‘’အေစာင့္ဆီမွာ ငါအဖမ္းခံရမွန္းမင္းကို ဘယ္လိုလုပ္သိတာလဲ? F*ck! ငါမင္းကိုမွတ္မိၿပီ၊ မင္းတံတိုင္းေပၚကေန ေက်ာ္ၿပီး အျပင္ထြက္တဲ့တစ္ေယာက္၊ မင္းငါ့ကိုတိုင္လိုက္တာမလား?!’’

‘’ဟုတ္တယ္’’
ရင္းခ်ဲယ္က လုံးဝမမွုဟန္ႏွင့္ ျပန္ေျဖသည္။

ထိုသူက ရင္းခ်ဲယ္ကိုထရိုက္ခ်င္သည့္အလား ခုံေပါက္လာသည္၊ သို႔ေသာ္လည္း တစ္ဝက္တြင္ပင္ သူလက္ေလၽွာ့လိုက္သည္။
‘’ေလာင္ဇီက တစ္ေယာက္ေယာက္ကို ေစာင့္ေနလို႔ မင္းကိုယ္မင္း ကံေကာင္းသြားတယ္မွတ္ပါ၊ ငါ့မွာမင္းနဲ႔ရွင္းေနစရာအခ်ိန္မရွိဘူး၊ ထြက္သြားလိုက္ေတာ့’’

တခ်ိန္လုံးအဖက္မလုပ္ပစ္ပယ္ခံထားရသည့္ ‌ေဘးကက်န႔္ေယာင္ကို ရင္းခ်ဲယ္လက္ညႇိုးထိုးျပလိုက္ၿပီး :
‘’မင္းေစာင့္ေနတာသူလား?”

ထိုသူက က်န႔္ေယာင္ကို မသကၤာစြာၾကည့္သည္။
‘’သူကဘယ္သူတုန္း?”

က်န႔္ေယာင္ အသာအယာေခ်ာင္းတစ္ခ်က္ဟန႔္လိုက္သည္၊ ေနာက္ ခါတိုင္းထက္ ပိုၿပီးခက္ထန္သည့္ေလသံႏွင့္ :
‘’အတန္းေဖာ္၊ ငါေတာ့ မင္းကိုအရင္ကေတြ႕ဖူးတယ္ထင္တယ္ေနာ္၊ မင္းငါ့ကိုသိလား?”

‘’ခ်ီးကိုေတြ႕ဖူးရမွာလား၊ ေလာင္ဇီ့ဘဝမွာ ဒီလို ပုံတုံးတဲ့ေကာင္မ်ိဳးတစ္ခါမွမေတြ႕ဖူးဘူး”

‘’.....’’
က်န႔္ေယာင္က ေခါင္းငုံ႔လိုက္ခ်ိန္ ဆံၿမိတ္ေတြက သူ႔မ်က္ဝန္းေတြကိုဖုံးေနေလသည္။ သူ႔ဆီကို ေလၽွာက္လာကာ :
‘’အနီးကပ္တစ္ခ်က္ေလာက္ၾကည့္ၾကည့္လိုက္ရင္ေရာ’’

ထိုသူက တကယ္ပဲ ေရွ႕ကိုတစ္လွမ္းတိုးလာသည္၊ သူအေသခ်ာၾကည့္မယ္လုပ္တုန္းမွာပဲ ႐ုတ္တရက္ မျမင္နိုင္တဲ့ဖိအားတစ္ခ်ိဳ႕က သူ႔ကိုဖိႏွိပ္ေနတာခံစားလိုက္ရသည္။

အရမ္းကိုရင္းႏွီးတယ္ အရမ္းကိုေၾကာက္စရာေကာင္းတဲ့ ဖိအား။

‘’ငလူး!မင္းက----‘’

သူ႔စကားမဆုံးနိုင္ေသးခင္မွာပဲ က်န႔္ေယာင္က သူ႔လက္ေမာင္းကေနကိုင္ကာ ေရွ႕ကိုအားကုန္ကိုင္းၿပီး လွလွပပ ပခုံးေပၚကေန လွန္ပစ္ခ်လိုက္ေတာ့သည္။ *Bang!*ဆိုသည့္အသံက်ယ္ႀကီးႏွင့္အတူ ထိုသူ႔ကိုေျမျပင္ကိုကိုင္ေပါက္လိုက္သည့္ ျပကြက္မွာ ေသသပ္လွပလြန္းသည္။

‘’ငါပဲေလ၊ ဖန႔္ေဟြ မင္းရဲ့မိတ္ေဆြေဟာင္းႀကီးကိုေတာင္ မင္းကမမွတ္မိဘူးလား?”
က်န႔္ေယာင္က သူ႔လက္ကိုလိမ္ခ်ိဳးကာ :
‘’ဘယ္ေလာက္ေတာင္ေတာ္လိုက္တဲ့ေကာင္လဲ ဟမ္၊ ဒီကိုလာၿပီး ငါ့အတန္းေဖာ္ကိုမ်ား ဓားစာခံလုပ္ရတယ္လို႔”

ဖန႔္ေဟြမွာ နာက်င္စြာျဖင့္ ေအာ္ေတာ့သည္။
‘’ငါ-ငါၾကားတာေတာ့ သူမက မင္းေကာင္မေလးတဲ့ အာ့ေၾကာင့္ ငါက....!’’

‘’အာ့ေၾကာင့္ ငါ့ကိုျခမ္းေျခာက္နိုင္မယ္လို႔ထင္ေနတာေပ့ါ? မင္းေျပာတာနားေထာင္လိမ့္မယ္လို႔ေပါ့ ဟမ္ ဖန႔္ေဟြ ငါ့ဘယ္ေလာက္စိတ္ထားဆိုးေၾကာင္း မင္းမသိလို႔လား?”
က်န႔္ေယာင္က ႐ုတ္ျခည္း ေခါင္းေမာ့လာကာ ရင္းခ်ဲယ္ဆီကို တစ္ခ်က္ၾကည့္သည္။
‘’ၿပီးေတာ့ ဒီညက အထူးတလည္ကို စိတ္အေျခေနမေကာင္းျဖစ္ေနတာ”

‘’......?”

ပိုင္ယြိေဝမွာ အစကေတာ့ ဖန႔္ေဟြရဲ့ pheromoneေတြနဲ႔ ထိန္းခ်ဳပ္ခံထားရသည္ေၾကာင့္ လွုပ္မရခဲ့။ ခုခ်ိန္တြင္ေတာ့ က်န႔္ေယာင္က ဖန႔္ေဟြကိုထိန္းထားသည္မို႔ သူမ အားအင္ေတြလည္းျပန္ရလာသည္။ သူမ မတ္တပ္ထရပ္ခ်ိန္ ေရွ႕ယိမ္းလိုက္ေနာက္ယိမ္းလိုက္ႏွင့္ အနည္းငယ္ မူးေဝေနေသးသည္။
‘’က်န႔္ေယာင္ သတိထားေနာ္....သူ႔ pheromoneေတြက တအားအားျပင္းတာ....’’

သို႔ေပမယ့္ သူမ အခုရေနသည့္ pheromoneနံ့ျပင္းျပင္းမွာ ဖန႔္ေဟြဆီက ထြက္လာတာမဟုတ္ေၾကာင္း ခ်က္ခ်င္းပဲ သတိျပဳမိသြားသည္။

က်န႔္ေယာင္ : ‘’မင္းတို႔ႏွစ္ေယာက္ အရင္ျပန္လိုက္ၾက၊ ေနာက္ျမင္ရမယ့္ျမင္ကြင္းက အရမ္းရက္စက္မွာ၊ မင္းတို႔မၾကည့္သင့္ဘူး”

ဖန႔္ေဟြမွာ ထိုစကားေတြၾကားၿပီး ေၾကာက္ကန္ကန္ေတာ့သည္။
‘’ေယာင္ေကာ! ကၽြန္ေတာ္မွားပါတယ္၊ ေယာင္ေကာရယ္! ကၽြန္ေတာ္က ေယာင္ေကာ First Highကိုတကယ္ေျပာင္းသြားတာလားဆိုတာ အတည္ျပဳခ်င္လို႔ပါ၊ ဘာမေကာင္းတာမွလုပ္ဖို႔မရည္ရြယ္ပါဘူး!တကယ္ပါ!”

‘’အိုး အဲ့လိုဆိုေတာ့ အခုက် မင္းကျပန္ၿပီး သတင္းကိုေလၽွာက္ပတ္လႊင့္လို႔ရၿပီေပါ့?’’
က်န႔္ေယာင္က ေအးစက္စက္အသံႏွင့္ေျပာသည္။
‘’ေထာ့က်ိဳးျဖစ္သြားေအာင္ မင္းရဲ့လက္တစ္ဖက္နဲ႔ေျခေထာက္တစ္ဖက္ကို ငါျဖဳတ္ေပးမယ္”

‘’အားးးးး မလုပ္ပါနဲ႔!!’’

‘’က်န႔္ေယာင္’’
ရင္းခ်ဲယ္က လွမ္းေအာ္လာသည္။
‘’ရန္မျဖစ္ပါနဲ႔’’

လိမ္ေနတဲ့ က်န႔္ေယာင္လက္ေတြ ရပ္တန္႔သြားသည္။
‘’ငါက ရန္ျဖစ္တဲ့ေနရာမွာ တအားေတာ္တာ၊ အဲ့ဒါက အားသာခ်က္ပဲမဟုတ္ဘူးလား?”

‘’အဲ့ဒါက အက်ဳံးမဝင္ဘူးေလ’’

‘’ဒါဆို ငါ့မွာ ေကာင္းတဲ့အခ်က္ဘာမွမရွိေတာ့ဘူးေပါ့”
က်န႔္ေယာင္က ကိုယ့္ကိုယ္ကိုေလွာင္ရယ္မိသည္။
‘’ငါရန္ျဖစ္ျဖစ္ မျဖစ္ျဖစ္ မင္းစိတ္ထဲမွာေတာ့ ငါကဘာမွမထူးျခားဘူးပဲမလား၊ အဲ့ေတာ့ ဘာလို႔ မင္းေျပာတာ‌နားေထာင္ေနရဦးမွာလဲ?”

ဖန႔္ေဟြမွာေတာ့ မလြတ္ေျမာက္နိုင္ေတာ့ဘူးဆိုတာသိခ်ိန္ အသတ္ခံရေတာ့မယ့္ ဝက္တစ္ေကာင္လိုေအာ္ေတာ့သည္။
‘’ကယ္ၾကပါဗ်ိဳ႕ !လူသတ္သမား! ဂိတ္ေစာင့္ႀကီးေရ ကၽြန္ေတာ့ကို ကယ္ပါ! ခုနေလးက ကၽြန္ေတာ္ခင္ဗ်ားကိုမဆဲလိုက္သင့္ဘူး! ေတာင္းပန္ပါတယ္! ဒီကိုဘယ္ေတာ့မွထပ္မလာေတာ့ပါဘူး! ကယ္ၾကပါ! ‘’

‘’အကူညီေတာင္းေနလည္း ေနာက္က်သြားၿပီ”

‘’အား!’’
ပိုင္ယြိေဝမွာ ေသြးထြက္သံယိုျမင္ကြင္းေတြ မၾကည့္ရဲတာေၾကာင့္ ခ်က္ခ်င္းမ်က္လုံးကိုအုပ္ကာ တစ္ဖက္လွည့္သြားသည္။ သို႔ေသာ္လည္း သူမကမူးေဝေနတုန္းမို႔ တည္တည္ၿငိမ္ၿငိမ္မရပ္နိုင္ပဲ ေျခေခ်ာ္ကာ---

*ဗြမ္း!*
ေရကန္ငယ္ထဲသို႔က်သြားေတာ့သည္။

ေရကန္ဟာ သိပ္မနက္လွေပ၊ လူရြယ္တစ္ေယာက္အရပ္စာေလာက္ပင္မနက္။ သာမန္အေျခေနမ်ိဳးတြင္ေတာ့ ဘာအႏၲရာယ္မ်ိဳးမွ မရွိနိုင္ေပမယ့္ ယခုကေဆာင္းတြင္းႀကီးျဖစ္တာေၾကာင့္ ေရေတြမွာေအးခဲေနသည္။ ေက်ာင္းယူနီေဖာင္းအထူေတြမွာ ေရစိုသြားခ်ိန္ ေပါင္ေထာင္ခ်ီေလးသလိုျဖစ္သြားတာေၾကာင့္ ေရထဲမွာကူးခတ္ရသည္မွာ အလုပ္မျဖစ္။

ပိုင္ယြိေဝမွာ အစကတည္းကမူးေဝေနရာမွ ျပဳတ္က်သည္ေၾကာင့္ ပိုပိုမူးေနာက္လာသည္။ အေတာ္ၾကာယက္ကန္ယက္ကန္လုပ္ေနၿပီးေနာက္ေတာ့ သူမကမ္းဆီကိုေရာက္ေအာင္မလာနိုင္ေတာ့ေပ။ ထို႔အစား တျဖည္းျဖည္းအားအင္ကုန္ခမ္းလာကာ နစ္ျမႇုပ္သြားေတာ့သည္။

ရင္းခ်ဲယ္မွာလည္း ေရမကူးတတ္တာမို႔ ကုတ္အကၤ်ီကိုပဲခၽြတ္ၿပီး ပိုင္ယြိေဝကိုဆြဲတက္ခိုင္းရမလားစဥ္းစားေနသည္။

‘’ေနဦး ျပန္ဝတ္ထားလိုက္၊ အေအးမမိေစနဲ႔’’
က်န႔္ေယာင္က ဖန႔္ေဟြကို ေမွာက္ေအာင္လက္သီးတစ္ခ်က္ပိတ္ထိုးခဲ့ၿပီးေနာက္ သူ႔ကုတ္ကိုအျမန္ခၽြတ္၊ မ်က္မွန္ေတြကိုပစ္ခ်ကာ ေရကန္ထဲဒိုင္ပင္ထိုးသြားေတာ့သည္။

ရင္းခ်ဲယ္မွာ စိတ္ပူခ်ိန္ပင္မရလိုက္ပဲ က်န႔္ေယာင္က ေပ်ာ့ေခြေနတဲ့ပိုင္ယြိေဝကို ခ်ီကာ ကမ္းဆီကိုျပန္ကူးလာခဲ့သည္။

ကံေကာင္းစြာနဲ႔ ပိုင္ယြိေဝမွာ ေရအနည္းငယ္မြန္းသြားတာႏွင့္ ခ်မ္းလို႔တုန္ခိုက္ေနသည္ကလြဲရင္ ဘာမွဆိုးဆိုးရြားရြားရယ္လို႔မျဖစ္လိုက္။

က်န႔္ေယာင္မွာ ေခါင္းစေျခဆုံးစိုရႊဲလ်က္ ဆံပင္မ်ားမွလည္း ေရတစ္စက္စက္။ သူ႔ဆံပင္ေတြကို သာမန္ကာလၽွံကာႏွင့္ အကုန္သပ္တင္လိုက္ကာ ေမ့ေနတဲ့ဖန႔္ေဟြကိုမကာ :
‘’သူ႔ကိုအေဆာင္ျပန္ေခၚသြားလိုက္၊ ဒီ့ေကာင့္ကိုေတာ့ ငါဟိုနားက ဂိတ္အေစာင့္ဆီသြားပို႔လိုက္ဦးမယ္၊ ဒါမွ ဒီေကာင္ေနာက္တစ္ခါမလာရဲမွာ”

ရင္းခ်ဲယ္က သူ႔ကိုစိုက္ၾကည့္ေနကာ စကားျပန္မလာ။

‘’ဘာျဖစ္တာလဲ?”

သူေမးၿပီးခ်ိန္မွပဲ ဘာျဖစ္တာလဲဆိုတာသတိရသြားေတာ့သည္။

.....ငါေတာ့ ေသၿပီ

ဒီလိုေသေရးရွင္ေရးအခ်ိန္မွကြာ၊ ေပၚသြားတာအဆိုးဆုံးပဲ

__________

     

 

Continue Reading

You'll Also Like

820K 16.6K 83
ကောင်မလေးကိုချစ်ပါသည်။
306K 4.7K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
10.7K 858 7
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant