Fly Me to the Star( Completed...

By Jacques_sai

22.1K 1.6K 33

(Unicode+Zawgyi) Until the last diary. More

Introduction
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
'ကြယ်' သိဖို့ / 'ၾကယ္' သိဖို႔
Chapter 11
'ကြယ်' အတွက်/ 'ၾကယ္' အတြက္
Chapter 12
Chapter 13
Chapter 15
Chapter 16
Chapter 17 ( Pre Final )
'ကြယ်' ဖတ်ဖို့ / 'ၾကယ္' ဖတ္ဖို႔
Chapter 18 ( Final )
Thanks Letter
Arts
Songs
ExtraPart ( The Last Diary )

Chapter 14

564 58 4
By Jacques_sai

Unicode

သာမန်ဆို ကျွန်တော်ဟာ ခံစားချက်တွေကို လူတွေသိအောင် သိပ်ထုတ်ပြတတ်တဲ့သူ မဟုတ်ပေမယ့် သူမ နဲ့ပက်သက်တဲ့ ခံစားချက်တွေကိုတော့ ဖွင့်ဟဝန်ခံဖို့ဘယ်တော့မှ မတွန့်တိုခဲ့မိဘူး။

ညနက် 3 နာရီလောက်ထိ အိပ်မပျော်သေးတာကြောင့် message ပို့လိုက်သည်။
"အဆင်ပြေရဲ့လား"

"ပြေပါတယ် ဘာဖြစ်လို့လဲ"

"ဒီတိုင်း ‌အရင်က conversation တွေပြန်ဖတ်ပြီး သတိရလာလို့ အဆင်ပြေရဲ့လားလို့လာမေးကြည့်တာ"

"အော် အစ်ကိုမအိပ်သေးဘူးလား နောက်ကျနေပြီ"

"အခုတလော စောစောမအိပ်ဖြစ်ဘူး"

"ဘယ်အချိန်မှအိပ်လဲ"

"3 4 နာရီလောက်"

"ဟာဗျာ နောက်ကျလွန်းတယ်..အလွန်ဆုံး 2 နာရီလောက်ဆိုအိပ်လေ"

"အိပ်ရေးကဝပါတယ်၊ မနက်လည်းထတာနောက်ကျတော့"

"အိပ်ရေးဝဝ မဝဝ အိပ်တာနောက်ကျရင် ကျန်းမာရေးအတွက်မကောင်းဘူး၊ ဦးနှောက်ထိခိုက်တတ်တယ်"

ဂရုစိုက်ပေးနေပြန်ပြီ။ နွေးထွေးရပြန်ပြီ။

"ကောင်းတာပေါ့၊ ဦးနှောက်ထိခိုက်ပြီး ဘာမှမမှတ်မိတော့ရင်လည်း"

"အဲ့လိုမမှတ်မိတော့မှာမဟုတ်ဘူး၊ အဲ့လို မမှတ်မိချင်ရင် ရုပ်ရှင်တွေထဲကလို ခေါင်းရိုက်ခွဲလိုက် "( "

ကြည့်ပါဦး တကယ့်ကောင်ဆိုးလေး။
"အလကားစတာ မမေ့ချင်တော့ဘူး"

"အခွဲခံချင်လည်းပြောနော် အနစ်နာခံပြီး မရိုက်ရက်ရင်တောင် ရိုက်ပေးမယ်"

"ဘာပြောရမှန်းမသိတော့ဘူး"

"သူလုပ်မှ ညီမပါ ဘာပြောရမှန်းမသိတော့ဘူး"

"ရယ်စရာတွေ့လည်း မရယ်ချင်တော့ဘူး"

"ဘာလို့လဲ စိတ်ညစ်စရာတွေကြောင့်လား"

"စကားလည်းကောင်းကောင်းမပြောတတ်တော့ဘူး"

"ဘာဖြစ်လို့လဲလို့"

"ဝမ်းနည်းနေတာလားမသိပါဘူး"

"ဘာလို့ဝမ်းနည်းနေတာလဲ"

"အဲ့တစ်ယောက်ပေါ့"

"ဘယ်တစ်ယောက်လဲ"

"မသိပါဘူးဗျာ..သူ့ကိုသဘောကျမိသွားလို့ ရူးချင်နေပြီ"

"ရူးတောင်ရူးချင်နေပြီလား၊ အရင်ထဲကကော ကျပ်ပြည့်ခဲ့လို့လား :"( "

ဒီကောင်မလေးက ကျွန်တော် စိတ်ညစ်နေမှန်းသိလို့ လိုက်စနေပြန်ပါပြီ။
"အရင်က 99 ပြားဆို အခု 1 ပြားပဲရှိတော့တာမျိုး"

"ဟင် ကျန်တာတွေဘယ်ရောက်သွားလဲ"

"နှလုံးသားဆီ"

"အမယ်လေး ကဗျာတွေလာဆန်နေတယ်ဗျာ"

"သိတယ်မလား ထွက်သွားလိုက်ချင်တယ်..အဲ့တစ်ယောက်ထက် ကိုယ့်ကိုယ်ကိုသာပိုချစ်ရင် ဘာမှလျှောက်ခံစားမနေဘဲ ထွက်သွားလိုက်မှာ"

"ဘယ်ကိုထွက်သွားမလို့လဲ"

သူမ စကားကို ဥပေက္ခာပြုလိုက်ပြီး
"ဒါပေမယ့် သိတယ်မလား၊ စိတ်ကမရဘူး၊ သူ့အနားမှာဘယ်သူ့မှမရှိတော့ရင်တောင် နောက်ဆုံးကျန်နေမယ့်သူက အစ်ကို ဖြစ်နေချင်တာ"

"ဆက်နေရင် နာကျင်ရမှာပေါ့"

"မနာကျင်ပါဘူး"

"လိမ်နေတာ"

သေချာတာပေါ့။ ကျွန်တော် လိမ်နေတာ။
"ဒီတိုင်းသိတယ်မလား..သဝန်တိုတာကလွဲရင်၊ အဓိကက သူပျော်ဖို့ပဲလေ"

"မေ့ပစ်လို့မရဘူးလား"

"ခဏလေးတောင်မေ့ပစ်လို့မရဘူး၊ တစ်စက္ကန့်လေးတောင်"

"ချစ်နေတာလား"

"မြတ်နိုးတယ်၊ တန်ဖိုးထားတယ်..တစ်ခါတစ်လေ ချစ်ရတာအေးချမ်းပေမယ့် တစ်ခါတစ်လေ ကြတော့လည်းသတိရတယ်"

"အဲ့တာညီမလား"

"သိရင်လည်း တိတ်တိတ်လေးနေလို့မရဘူးလား"

သူမက ရယ်သည်။

"သတိရရင်စကားလာပြောအဲ့ဆို ဒီတိုင်းကြီးမနေနဲ့"

"မရဘူး..အစ်ကိုက သူ့ကိုသဘောကျနေတာလေ..ရိုးမှမရိုးသားတာ..စည်းမရှိသလိုခံစားရတယ်"

"ဘာမှမဖြစ်ဘူး လာပြော၊ ညီမက အဆင်ပြေတယ်"

"ညီမ မဟုတ်ဘူး.."
"လောလောဆယ်အဲ့လိုပဲသဘောထားလိုက်ပါ pls..မဟုတ်ရင်ဘာဆက်ပြောရမှန်းမသိတော့လို့"

ကျွန်တော့် reply ကိုရယ်ပြန်သည်။

"မပင်ပန်းဘူးလား"

"အများကြီးပင်ပန်းတယ်..ဒါပေမယ့် သူပျော်နေရင်ရတယ်"
"သိတယ်မလား ကိုယ့်ကိုယ်ကို တခြားနေရာတွေ self confidence မရှိရင်တောင် သူ့ကို လူတိုင်းထက်ပိုပြီး မြတ်နိုးတယ်၊ တန်ဖိုးထားတယ် ဆိုတာကိုတော့ ကိုယ့်ကိုယ်ကိုယုံကြည်တယ်..အဲ့တာကြောင့် ဝမ်းမနည်းပါဘူး"

"ပြီးတော့ အဲ့တစ်ယောက်ကိုချစ်တယ်..အဲ့စကားကလည်းတကယ် တိုက်ရိုက်မပြောရဲဘူး"

သူမ seen မပြတော့။ သေချာပါတယ် ညနက်နေပြီဆိုတော့ ဒီကောင်မလေး အိပ်ပျော်သွားရှာပြီ။

"တစ်ခုခုပြန်လိုချင်တယ်ဆိုတာထက် သက်သေပြချင်တာ..တကယ် အချိန်တိုလေးအတွင်းမှာ ဘယ်လောက်မြတ်နိုးမိသွားတယ်ဆိုတာကော..ဘယ်အချိန်ထိ ဆက်မြတ်နိုးနေမယ်ဆိုတာကော..ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကော..စကားတွေနဲ့ဖော်ပြတာထက် အမြဲအနားမှာရှိပေးနေချင်တာ.."

"အသွေးထဲ အသားထဲ သူနဲ့ပက်သက်တာတွေပဲ စီးဆင်းနေသလိုခံစားရတယ်"

"အစ်ကိုသိတယ် မင်းဒါတွေဖတ်ပြီးရင် အစ်ကို့ ခံစားချက်တွေကို စကားလေး သုံး လေး ခွန်းလောက်နဲ့ပဲ တန်ဖိုးဖြတ်လိုက်ဦးမှာ"

"ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒီဘဲစောက်ပိုတွေလာပြောနေတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ် စကားတောင် သေချာမစီတတ်တော့တဲ့အခြေအနေမှာ ထွက်လာတဲ့ ဒီစကားတွေက ခံစားချက်အမှန်ပါ"

"ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူး..တကယ် ကိုယ့်ကိုယ်ကို နားမလည်လို့ရူးသွားနိုင်တယ်"

"ဘယ်အရာကများသူ့ကိုအဲ့လောက်ချစ်မိစေသွားလည်း လုံးဝစဉ်းစားလို့မရဘူး..ပင်ပန်းတယ်"

"ပျော်စေချင်တယ်..အဆင်မပြေတဲ့အခါတိုင်း ရှိပေးမယ်..လူတိုင်းသူ့ကိုထားသွားရင်တောင် အစ်ကို အနားမှာ အမြဲရှိနေမယ် ဒီလောက်ပဲ"

"အိပ်မက်လှလှမက်ပါစေ <33 "

ပို့ပြီးတာနဲ့  ringtone ဖွင့်ပြီး အိပ်ဖို့ကြိုးစားလိုက်သည်။

"For your eyes only

I'll show you my heart

For when you're lonely

And forget who you are

I'm missing half of me

When we're apart

Now you know me

For your eyes only" 🎶

********************

🎶 One Direction - If I Could Fly

Zawgyi

သာမန္ဆို ကြၽန္ေတာ္ဟာ ခံစားခ်က္ေတြကို လူေတြသိေအာင္ သိပ္ထုတ္ျပတတ္တဲ့သူ မဟုတ္ေပမယ့္ သူမ နဲ႔ပက္သက္တဲ့ ခံစားခ်က္ေတြကိုေတာ့ ဖြင့္ဟဝန္ခံဖို႔ဘယ္ေတာ့မွ မတြန္႔တိုခဲ့မိဘူး။

ညနက္ 3 နာရီေလာက္ထိ အိပ္မေပ်ာ္ေသးတာေၾကာင့္ message ပို႔လိုက္သည္။
"အဆင္ေျပရဲ႕လား"

"ေျပပါတယ္ ဘာျဖစ္လို႔လဲ"

"ဒီတိုင္း ‌အရင္က conversation ေတြျပန္ဖတ္ၿပီး သတိရလာလို႔ အဆင္ေျပရဲ႕လားလို႔လာေမးၾကည့္တာ"

"ေအာ္ အစ္ကိုမအိပ္ေသးဘူးလား ေနာက္က်ေနၿပီ"

"အခုတေလာ ေစာေစာမအိပ္ျဖစ္ဘူး"

"ဘယ္အခ်ိန္မွအိပ္လဲ"

"3 4 နာရီေလာက္"

"ဟာဗ်ာ ေနာက္က်လြန္းတယ္..အလြန္ဆုံး 2 နာရီေလာက္ဆိုအိပ္ေလ"

"အိပ္ေရးကဝပါတယ္၊ မနက္လည္းထတာေနာက္က်ေတာ့"

"အိပ္ေရးဝဝ မဝဝ အိပ္တာေနာက္က်ရင္ က်န္းမာေရးအတြက္မေကာင္းဘူး၊ ဦးေႏွာက္ထိခိုက္တတ္တယ္"

ဂ႐ုစိုက္ေပးေနျပန္ၿပီ။ ေႏြးေထြးရျပန္ၿပီ။

"ေကာင္းတာေပါ့၊ ဦးေႏွာက္ထိခိုက္ၿပီး ဘာမွမမွတ္မိေတာ့ရင္လည္း"

"အဲ့လိုမမွတ္မိေတာ့မွာမဟုတ္ဘူး၊ အဲ့လို မမွတ္မိခ်င္ရင္ ႐ုပ္႐ွင္ေတြထဲကလို ေခါင္း႐ိုက္ခြဲလိုက္ "( "

ၾကည့္ပါဦး တကယ့္ေကာင္ဆိုးေလး။
"အလကားစတာ မေမ့ခ်င္ေတာ့ဘူး"

"အခြဲခံခ်င္လည္းေျပာေနာ္ အနစ္နာခံၿပီး မ႐ိုက္ရက္ရင္ေတာင္ ႐ိုက္ေပးမယ္"

"ဘာေျပာရမွန္းမသိေတာ့ဘူး"

"သူလုပ္မွ ညီမပါ ဘာေျပာရမွန္းမသိေတာ့ဘူး"

"ရယ္စရာေတြ႕လည္း မရယ္ခ်င္ေတာ့ဘူး"

"ဘာလို႔လဲ စိတ္ညစ္စရာေတြေၾကာင့္လား"

"စကားလည္းေကာင္းေကာင္းမေျပာတတ္ေတာ့ဘူး"

"ဘာျဖစ္လို႔လဲလို႔"

"ဝမ္းနည္းေနတာလားမသိပါဘူး"

"ဘာလို႔ဝမ္းနည္းေနတာလဲ"

"အဲ့တစ္ေယာက္ေပါ့"

"ဘယ္တစ္ေယာက္လဲ"

"မသိပါဘူးဗ်ာ..သူ႕ကိုသေဘာက်မိသြားလို႔ ႐ူးခ်င္ေနၿပီ"

"႐ူးေတာင္႐ူးခ်င္ေနၿပီလား၊ အရင္ထဲကေကာ က်ပ္ျပည့္ခဲ့လို႔လား :"( "

ဒီေကာင္မေလးက ကြၽန္ေတာ္ စိတ္ညစ္ေနမွန္းသိလို႔ လိုက္စေနျပန္ပါၿပီ။
"အရင္က 99 ျပားဆို အခု 1 ျပားပဲ႐ွိေတာ့တာမ်ိဳး"

"ဟင္ က်န္တာေတြဘယ္ေရာက္သြားလဲ"

"ႏွလုံးသားဆီ"

"အမယ္ေလး ကဗ်ာေတြလာဆန္ေနတယ္ဗ်ာ"

"သိတယ္မလား ထြက္သြားလိုက္ခ်င္တယ္..အဲ့တစ္ေယာက္ထက္ ကိုယ့္ကိုယ္ကိုသာပိုခ်စ္ရင္ ဘာမွေလွ်ာက္ခံစားမေနဘဲ ထြက္သြားလိုက္မွာ"

"ဘယ္ကိုထြက္သြားမလို႔လဲ"

သူမ စကားကို ဥေပကၡာျပဳလိုက္ၿပီး
"ဒါေပမယ့္ သိတယ္မလား၊ စိတ္ကမရဘူး၊ သူ႕အနားမွာဘယ္သူ႕မွမ႐ွိေတာ့ရင္ေတာင္ ေနာက္ဆုံးက်န္ေနမယ့္သူက အစ္ကို ျဖစ္ေနခ်င္တာ"

"ဆက္ေနရင္ နာက်င္ရမွာေပါ့"

"မနာက်င္ပါဘူး"

"လိမ္ေနတာ"

ေသခ်ာတာေပါ့။ ကြၽန္ေတာ္ လိမ္ေနတာ။
"ဒီတိုင္းသိတယ္မလား..သဝန္တိုတာကလြဲရင္၊ အဓိကက သူေပ်ာ္ဖို႔ပဲေလ"

"ေမ့ပစ္လို႔မရဘူးလား"

"ခဏေလးေတာင္ေမ့ပစ္လို႔မရဘူး၊ တစ္စကၠန္႔ေလးေတာင္"

"ခ်စ္ေနတာလား"

"ျမတ္ႏိုးတယ္၊ တန္ဖိုးထားတယ္..တစ္ခါတစ္ေလ ခ်စ္ရတာေအးခ်မ္းေပမယ့္ တစ္ခါတစ္ေလ ၾကေတာ့လည္းသတိရတယ္"

"အဲ့တာညီမလား"

"သိရင္လည္း တိတ္တိတ္ေလးေနလို႔မရဘူးလား"

သူမက ရယ္သည္။

"သတိရရင္စကားလာေျပာအဲ့ဆို ဒီတိုင္းႀကီးမေနနဲ႔"

"မရဘူး..အစ္ကိုက သူ႕ကိုသေဘာက်ေနတာေလ..႐ိုးမွမ႐ိုးသားတာ..စည္းမ႐ွိသလိုခံစားရတယ္"

"ဘာမွမျဖစ္ဘူး လာေျပာ၊ ညီမက အဆင္ေျပတယ္"

"ညီမ မဟုတ္ဘူး.."
"ေလာေလာဆယ္အဲ့လိုပဲသေဘာထားလိုက္ပါ pls..မဟုတ္ရင္ဘာဆက္ေျပာရမွန္းမသိေတာ့လို႔"

ကြၽန္ေတာ့္ reply ကိုရယ္ျပန္သည္။

"မပင္ပန္းဘူးလား"

"အမ်ားႀကီးပင္ပန္းတယ္..ဒါေပမယ့္ သူေပ်ာ္ေနရင္ရတယ္"
"သိတယ္မလား ကိုယ့္ကိုယ္ကို တျခားေနရာေတြ self confidence မ႐ွိရင္ေတာင္ သူ႕ကို လူတိုင္းထက္ပိုၿပီး ျမတ္ႏိုးတယ္၊ တန္ဖိုးထားတယ္ ဆိုတာကိုေတာ့ ကိုယ့္ကိုယ္ကိုယုံၾကည္တယ္..အဲ့တာေၾကာင့္ ဝမ္းမနည္းပါဘူး"

"ၿပီးေတာ့ အဲ့တစ္ေယာက္ကိုခ်စ္တယ္..အဲ့စကားကလည္းတကယ္ တိုက္႐ိုက္မေျပာရဲဘူး"

သူမ seen မျပေတာ့။ ေသခ်ာပါတယ္ ညနက္ေနၿပီဆိုေတာ့ ဒီေကာင္မေလး အိပ္ေပ်ာ္သြား႐ွာၿပီ။

"တစ္ခုခုျပန္လိုခ်င္တယ္ဆိုတာထက္ သက္ေသျပခ်င္တာ..တကယ္ အခ်ိန္တိုေလးအတြင္းမွာ ဘယ္ေလာက္ျမတ္ႏိုးမိသြားတယ္ဆိုတာေကာ..ဘယ္အခ်ိန္ထိ ဆက္ျမတ္ႏိုးေနမယ္ဆိုတာေကာ..ဘယ္ေလာက္တန္ဖိုးထားတယ္ဆိုတာေကာ..စကားေတြနဲ႔ေဖာ္ျပတာထက္ အၿမဲအနားမွာ႐ွိေပးေနခ်င္တာ.."

"အေသြးထဲ အသားထဲ သူနဲ႔ပက္သက္တာေတြပဲ စီးဆင္းေနသလိုခံစားရတယ္"

"အစ္ကိုသိတယ္ မင္းဒါေတြဖတ္ၿပီးရင္ အစ္ကို႔ ခံစားခ်က္ေတြကို စကားေလး သုံး ေလး ခြန္းေလာက္နဲ႔ပဲ တန္ဖိုးျဖတ္လိုက္ဦးမွာ"

"ဒီေလာက္အခ်ိန္တိုေလးအတြင္းမွာ ဒီဘဲေစာက္ပိုေတြလာေျပာေနတယ္လို႔ ထင္ေကာင္းထင္ႏိုင္ေပမယ့္ တကယ္ စကားေတာင္ ေသခ်ာမစီတတ္ေတာ့တဲ့အေျခအေနမွာ ထြက္လာတဲ့ ဒီစကားေတြက ခံစားခ်က္အမွန္ပါ"

"ဘယ္သူနဲ႔မွလည္း စကားမေျပာခ်င္ဘူး..တကယ္ ကိုယ့္ကိုယ္ကို နားမလည္လို႔႐ူးသြားႏိုင္တယ္"

"ဘယ္အရာကမ်ားသူ႕ကိုအဲ့ေလာက္ခ်စ္မိေစသြားလည္း လုံးဝစဥ္းစားလို႔မရဘူး..ပင္ပန္းတယ္"

"ေပ်ာ္ေစခ်င္တယ္..အဆင္မေျပတဲ့အခါတိုင္း ႐ွိေပးမယ္..လူတိုင္းသူ႕ကိုထားသြားရင္ေတာင္ အစ္ကို အနားမွာ အၿမဲ႐ွိေနမယ္ ဒီေလာက္ပဲ"

"အိပ္မက္လွလွမက္ပါေစ <33 "

ပို႔ၿပီးတာနဲ႔  ringtone ဖြင့္ၿပီး အိပ္ဖို႔ႀကိဳးစားလိုက္သည္။

"For your eyes only

I'll show you my heart

For when you're lonely

And forget who you are

I'm missing half of me

When we're apart

Now you know me

For your eyes only" 🎶

********************

🎶 One Direction - If I Could Fly

Continue Reading

You'll Also Like

96.2K 4.1K 67
မြင်သူတိုင်း လည်ပြန်ကြည့်ယူရလောက်အောင်လှရက်လွန်းတဲ့ "မေထိပ်ထားပျို" သူမဘဝမှာ ချုပ်ခြယ်မှုများစွာနဲ့ ကြီးပြင်းလာပီး ကုမ္ပဏီတစ်ခုရဲ့ CEOတစ်ယောက်ဖြစ်ကာအ...
3K 82 4
𝑰𝒏 𝒘𝒉𝒆𝒓𝒆 𝒂 𝑻𝒊𝒎 𝒉𝒂𝒔 𝒇𝒊𝒏𝒂𝒍𝒍𝒚 𝒈𝒂𝒗𝒆 𝒊𝒏..
4K 257 29
လွတ်လပ်ချင်တဲ့ ငှက်ကလေးတစ်ကောင်ကို ဆွဲထားလို့ရမယ်ထင်လား ငယ်.........။ (​ပြင်သစ်လို Liberté က အင်္ဂလိပ်လိုဆို Freedom ပါ) Photo from pinterest
4.6M 136K 52
After her mother's death Lilith gets a new legal guardian, her older brother. With no knowledge of having four other older brothers, Lilith is send...