Unicode
ထိခိုက်မှု၏အကျိုးဆက်
ချန်းကျင်း ဗဟိုစစ်တပ်ဆေးရုံကို ရောက်တော့ ဖေလီက ဆေးရုံဝင်ပေါက်တွင် မတ်တပ်ရပ်နေမှန်း တွေ့လိုက်ရလေသည်။ သူသည် အသက်သုံးဆယ်အတွင်း ဝင်ရောက်နေပြီဖြစ်ပြီး ခန့်ညားသည့်ဟန်ပန်ရှိပေ၏။
ခွဲစိတ်ကုသရုံဖြင့် အနီးမှုန်ခြင်းကို အရှင်းပျောက်အောင် ကုသပေးနိုင်သည့် ခေတ်အခါရောက်နေသော်ငြား သူသည် အခုထိ အနက်ရောင်ကိုင်းနှင့်မျက်မှန်ကို တပ်ရတာ သဘောကျနေဆဲဖြစ်သည်။ ၎င်းပုံစံကပင် သူ့အားပို၍ ပညာရှင်ဆန်စေသောကြောင့် ဖြစ်နိုင်လေ၏။
သူတို့နှစ်ယောက်သိလာခဲ့သည်မှာ အတော်လည်းကြာနေလေပြီ။ သူ့ကိုမြင်သောအခါ ဖေလီက စစ်တပ်စည်းမျဉ်းအတိုင်း ယဉ်ကျေးစွာအလေးပြု၏။
“ဗိုလ်ချုပ်ကတော်ကို ကျွန်တော်အပေါ်ထပ် ခေါ်သွားပေးပါ့မယ်”
ချန်းကျင်း၏နှလုံးသားတစ်ခုလုံးက စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လျက်။ အတိတ်တုန်းက သူလုပ်ခဲ့ဖူးသည့် အမှားများကို မသိချင်ယောင်ဆောင်လိုက်ကာ မေးခွန်းမေးလိုက်လေသည်။
“သူဘယ်လိုအခြေအနေရှိလဲ ?”
“အခုထိ အရေးပေါ်အခန်းထဲမှာပါပဲ”
ဖေလီက လမ်းပြရင်းသူ့ကို ရှင်းပြသည်။
“ ဗိုလ်ချုပ်က Zerg တွေတိုက်ခိုက်တာခံရပြီး အတွင်းပိုင်းဒဏ်ရာရသွားတဲ့ပုံပါပဲ။ နောက်ပြီး လက်အောက်ငယ်သားတစ်ယောက်ကို ကယ်ဖို့လုပ်ရင်း အဆိပ်ရည်နည်းနည်းလည်း ခေါင်းထဲအထိုးခံလိုက်ရတာမို့ အခုဒီကမ္ဘာက အတော်ဆုံးခွဲစိတ်ဆရာဝန် ငါးယောက်ကိုယ်တိုင် ကုသပေးနေပါတယ် ”
Zerg ပုံ
သူကဆက်၍လမ်းလျှောက်နေသော်ငြား အနောက်မှ ချန်းကျင်း၏ခြေသံကို မကြားရပေ။ သို့နှင့် ခြေလှမ်းများကိုရပ်ပြီး အနောက်ကိုလှည့်ကြည့်လိုက်တော့ ချန်းကျင်း၏ ဖြူဖျော့နေသော မျက်နှာကိုသာတွေ့လိုက်ရလေသည်။
ချန်းကျင်း၏တစ်ကိုယ်လုံးက တုန်ရီနေကာ ပုံမှန်အတိုင်း ခြေလှမ်းဖို့ကိုပင် အနိုင်နိုင်။
“ စိတ်ငြိမ်ငြိမ်ထားပါ ဗိုလ်ချုပ်ကတော် ..အသက်ရှင်နိုင်ဖို့ အခွင့်အရေးက ဆယ်ရာခိုင်နှုန်းပဲရှိတယ်ဆိုပေမဲ့ ဗိုလ်ချုပ်သတိပြန်လည်လာဖို့ မျှော်လင့်ချက်ရှိပါသေးတယ်တဲ့ ”
၎င်းရာခိုင်နှုန်းပမာဏကို ကြားသောအခါ ချန်းကျင်း၏တုန်ရီနေသောကိုယ်လေးက အနည်းငယ်မျှ ငြိမ်ကျသွားလေသည်။ လုံးဝကိုနည်းနည်းလေးပင်။ သူက ဖေလီ့ကို ကြည့်လာရင်း ခက်ခက်ခဲခဲနှင့် မေးသည်။
“ အဆိပ်ရည်ကိုထုတ်ပြီးသွားရင်ရော အကျိုးဆက်က ရှိလာမှာတဲ့လား ?”
Zerg သည် အရေအတွက်အားဖြင့် များပြားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ အားလုံးကလည်း ရက်စက်ကြမ်းကြုတ်တတ်သည်။ ထို့အပြင် ၎င်းတို့က အဆိပ်နှင့်ပတ်သက်လျှင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည့် သတ္တဝါများလည်း ဖြစ်ကြလေ၏။ တစ်ခါတုန်းက ကပ်ရောဂါကူးစက်ခံထားရသည့် လူသားများအတွက် သီးသန့်ဖန်တီးထားသော တစ်လသက်တမ်းရှိကမ္ဘာငယ်တစ်ခုကို ၎င်းသတ္တဝါများ ကျူးကျော်လာခဲ့ဖူးသောကြောင့် သုံးရက်အတွင်း ထိုလူများအားလုံး သေဆုံးသွားခဲ့ကြရသည်။ ထို့ကြောင့် လက်ရှိတွင် ၎င်းသတ္တဝါများအား ကမ္ဘာ့အဆင့်အဆိုးဝါးဆုံး ဒုတိယရန်သူအဖြစ် သတ်မှတ်ထားခြင်းပင်။ Zerg များ၏အဆိပ်ကူးစက်ခံရသည့် မည်သူမဆို ကံကောင်းထောက်မစွာဖြင့် အသက်ရှင်နိုင်လျှင်တောင်မှ ၎င်းကူးစက်ခံရမှု၏ အကျိုးဆက်အမျိုးမျိုးကို ခံစားကြရသေးလေသည်။ ယခုတော့ လုထောင်က ကူးစက်ခံလာရလေပြီ။ သူ့အတွက် အကျိုးဆက်က မည်ကဲ့သို့ဖြစ်မည်ဆိုသည်ကို ချန်းကျင်းမတွေးရဲပါပေ။
ဖေလီက သူ၏နှုတ်ခမ်းအစုံကို တင်းတင်းစေ့လိုက်ရင်း တည်ငြိမ်သည့်ပုံပေါက်အောင် ပြင်ပြီးခါမှ ဆိုလာလေသည်။
“အကျိုးဆက်က သေချာပေါက်ရှိလာမှာပါ”
သူတို့နှစ်ယောက် ခွဲစိတ်ခန်းအနားကိုရောက်သည့်အခါ အခန်းနားတွင် လူတွေအများကြီးရှိနေမှန်း တွေ့လိုက်ရလေသည်။ သူ့အထက်လူကြီးများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် လက်အောင်ငယ်သားများပင်။ ၎င်းတို့အလယ်တွင် ဝှီးချဲလ်နှင့်ထိုင်နေသည်က ငွေဖြူရောင်ဆံပင်နှင့် အဖွားကြီးတစ်ဦးဖြစ်ကာ အသားအရေတို့ကလည်း တွန့်နေသည်။ သူမ၏ဒူးခေါင်းပေါ်တွင်တော့ သိုးမွှေးစောင်တစ်ထည်ကို ခြုံထားလေ၏။ သူမသည်ကား လုထောင်၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် ဆွေးမျိုးတစ်ဖြစ်လဲ သူ၏အဖွားပင် ဖြစ်တော့သည်။
ချန်ကျင်းရောက်လာတော့ အားလုံးကသူ့ကို တစ်ချက်စောင်းငဲ့ကြည့်ကြလေသည်။ ထိုလူများသည်ကား သာမန်လူတန်းစားများ မဟုတ်ကြသည့်အတွက် မထူးဆန်းပါပေ။ လက်အောင်ငယ်သားအနည်းငယ်မှလွဲ၍ အခန်းနားရှိလူတိုင်းလိုလိုသည် ချန်းကျင်း ကမည်သူမည်ဝါဖြစ်ကြောင်းကို သိရှိကြ၏။ လုထောင်၏အထက်အရာရှိဖြစ်သူ မော်စူး က သူ့ကိုစကားပြောဖို့ပြင်လိုက်သော်ငြား ထိုလူဘာမျှမပြောရသေးခင်မှာပင် အလယ်တွင်ထိုင်နေသည့် အဖွားဖြစ်သူထံမှ အေးစက်စက်စကားတစ်ခွန်းက ထွက်လာလေသည်။
“ဘာကိစ္စ မင်းကဒီကိုရောက်လာရတာလဲ?”
အကယ်၍များ ယခုဖြစ်ရပ်သာ ချန်းကျင်းမာနကြီးခဲ့သည့် အတိတ်ကာလမှာ ဖြစ်ခဲ့ပါလျှင် သူသည် မည်သူ့ကိုမျှ အရေးတယူကြည့်နေမှာမဟုတ်သလို လေးလေးစားစားလည်း ဆက်ဆံနေမှာမဟုတ်။ ထို့ကြောင့် လုထောင်၏အဖွားသာ သူ့ကို ဒီလိုအပြုအမူမျိုးနဲ့ စကားပြောလာခဲ့လျှင် သူသည် သေချာပေါက် သူမကို ရိုင်းပျစွာ ဆက်ဆံမိမှာပင်။ သို့သော် ယခုလက်ရှိသူသည်ကား အတိတ်ကလူမဟုတ်တော့ပေ။ သူသည် အားလုံးနှင့်ပတ်သက်၍ အရှက်ရသလိုခံစားရကာ တိုးတိုးလေးဆိုလာသည်။
“ ကျွန်..ကျွန်တော်က…”
သူ့အပြောကိုစောင့်မနေဘဲ အဖွားကစကားဖြတ်ပြောလေသည်။
“မင်းလာဖို့မလိုဘူး”
ချန်းကျင်းသည် ဘာဆက်ပြောလို့ပြောရမှန်းမသိတော့။ ထိုအခိုက်တွင် အနားမှဖေလီ၏အသံက ထွက်လာသည်။
“အဖွား သခင်လေးချန်းက ဗိုလ်ချုပ်ရဲ့ တရားဝင်ခင်ပွန်းသည်လေ။ ဥပဒေအရ ဗိုလ်ချုပ်ဘာပဲဖြစ်ဖြစ် သခင်လေးကသိသင့်တာမို့ ကျွန်တော်က ဒီကိုခေါ်လာတာပါ ”
မိမိမြေး၏အတွင်းရေးမှုးဖြစ်သူက ဥပဒေအကြောင်းကို ထည့်ပြောလာသည့်အခါ အဖွားသည် ချန်းကျင်းအား ဘာစကားမှထပ်ပြီးမပြောတော့ပေ။ ထို့အပြင် သူ့အားအကြည့်လွှဲကာ လုံးလုံးလျားလျား လျစ်လျူရှုလိုက်တော့လေသည်။ သူမ၏အပြုအမူကြောင့် အားလုံးက ချန်းကျင်းနှင့်စကားပြောရန် အခက်တွေ့သွားရသည့်အတွက် တိတ်ဆိတ်မှုကပို၍ကြီးထွားလာလေ၏။ ချန်းကျင်းသည် တစ်ယောက်တည်း တိတ်တိတ်ကလေး နံရံကိုမှီလျက် ခွဲစိတ်ခန်းထဲမှ အရေးပေါ်မီးရောင်ကို ကြည့်ရင်း သူ့နှလုံးသားတစ်ခုလုံး မွကြေနေသလိုခံစားလာရလေသည်။
အချိန်မည်မျှကုန်လွန်သွားသည်မသိ။ အရေးပေါ်မီးရောင်က တတီတီမြည်ရင်း ပိတ်လို့သွားခဲ့သည်။ ထို့နောက်တွင်တော့ အားလုံး၏မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် အခန်းတံခါးဝကို ရောက်သွားလေ၏။
တစ်မိနစ်ခန့်ကြာပြီးနောက်တွင် ခွဲစိတ်ခန်းတံခါးကပွင့်လာကာ ခွဲစိတ်ဆရာဝန်ငါးယောက်လုံးကလည်း ချွေးပြန်နေသောမျက်နှာအသီးသီးနှင့် ထွက်လာခဲ့ကြသည်။ သူတို့အားလုံး ပင်ပန်းခဲ့ကြသည်မှာ အသိအသာ။ ဗိုလ်ချုပ်ကြီး မော်စူး က အခန်းထဲက ထွက်လာသည့်ဆေးရုံအုပ်ကို ဆီးကြိုကာမေးလိုက်လေ၏။
“လုထောင်ရဲ့ အခြေအနေဘယ်လိုလဲ ဒေါက်တာ?”
ဆေးရုံအုပ်ကြီးက သက်သောင့်သက်သာ ပြုံးရင်းဖြေလေသည်။
“သူအခု ဘေးကင်းသွားပါပြီ”
ထိုစကားကိုကြားသည့်အခါ အားလုံးကပျော်ရွှင်သွားကြလေသည်။ အဖွားဖြစ်သူဆိုလျှင် ရှေးရိုးစွဲပုံစံဖြင့် Amithada ဟုပင် ရေရွတ်လိုက်မိသေး၏။ လူအုပ်ကြီး၏ဘေးအစွန်ဆုံးတွင် ရောက်နေသည့် ချန်းကျင်းသည်လည်း တိုးတိတ်စွာ သက်ပြင်းချလိုက်မိလေသည်။ သူသည် တခြားအကြောင်းအရာတွေကို ထပ်ပြီးမေးချင်သော်ငြား လူကြားထဲတွင်ညှပ်နေသဖြင့် မေးဖို့အခွင့်မသာခဲ့ပေ။ ကံကောင်းထောက်မစွာပင် ဖေလီက သူမေးချင်သည့်မေးခွန်းကို မေးလိုက်သည်။
“ခွင့်ပြုပါ ဗိုလ်ချုပ်က ဘယ်အချိန်သတိပြန်လည်လာမှာပါလဲ ? တခြားအကျိုးဆက်တွေရော ရှိနိုင်ဦးမလား ?”
ဆေးရုံအုပ်ကြီးက ပြန်ဖြေလေ၏။
“ဒေါက်တာ ထျန် ပြောပုံအရဆို နောက် ၄၈ နာရီကြာပြီးရင် သူသတိပြန်လည်လာပါလိမ့်မယ်။ နောက်ပြီး သေချာပေါက် အကျိုးဆက်တစ်ခုခုလည်း ရှိမှာပါ ”
"အကျိုးဆက်" ဟူသည့်စကားကို ကြားသောအခါ အားလုံး၏ကိုယ်ထည်များက တောင့်တင်းသွားရတော့၏။ စိုးရိမ်စိတ်ကြောင့် သူတို့၏နှလုံးခုန်သံများကပင် ဒရမ်တီးနေသလို ဆူညံနေသယောင်ယောင်။
အကျိုးဆက်က အမျိုးမျိုးရှိလေသည်။ အနည်းဆုံးအနေဖြင့် နေ့စဉ်ဘဝ၏ကာလအပိုင်းအခြားတစ်ခုထိသာ ထိခိုက်နိုင်ပြီး အများဆုံးအနေဖြင့် လက်ကျန်ဘဝတစ်လျှောက်လုံး ခံစားနေရနိုင်သည်။ ပိုပြီးအရေးကြီးသည်က ဗိုလ်ချုပ်လုထောင်က သာမန်လူမဟုတ်။ ထူးချွန်သည့်လူငယ်တစ်ဦးဖြစ်လေသည်။ အကယ်၍များ ၎င်းအကျိုးဆက်ကြောင့် သူ၏စစ်မက်ရေးရာအစွမ်းတွေ ထိခိုက်သွားပါက ဘဝတစ်လျှောက်လုံး စစ်တပ်ကနေ အနားယူရတော့မည် မဟုတ်ပါလား။ အမှန်သာဖြစ်လာပါက ထူးချွန်လွန်းသည့်လူငယ်တစ်ဦးကို အလကားသက်သက် ဆုံးရှုံးလိုက်ရမည်ပင်။
မော်စူး ၏မျက်နှာတစ်ပြင်လုံးက တောင့်တင်းသွားသော်ငြား မျက်လုံးအစုံတို့က တည်ငြိမ်ယောင်ဆောင်လျက်။ သူသည် အသက်ပြင်းပြင်းရှူသွင်းလျက် မေးလိုက်လေသည်။
“အကျိုးဆက်က ဘာပါလဲ?”
ဆေးရုံအုပ်ကပြန်ဖြေသည်။
“သူ့မှတ်ဉာဏ်တွေ ဆုံးရှုံးသွားတယ်”
၎င်းအဖြေကိုကြားသောအခါ အားလုံးက စိတ်ရှုပ်သွားဟန်ပေါက်သောကြောင့် ဆေးရုံအုပ်က ထပ်ရှင်းပြလေသည်။
“ အထူးကုတစ်ယောက်ပြောပုံအရဆို အဲ့ဒီ သူ့ရဲ့ မှတ်ဉာဏ်အပိုင်းလေးက အဆိပ်ရှိသတ္တဝါဆီကနေ အဖျက်ဆီးခံလိုက်ရတဲ့အတွက် ယာယီမှတ်ဉာဏ်ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့ရဲ့အမူအကျင့်တွေလည်း ပြောင်းလဲသွားနိုင်တယ်ပေါ့ ”
ဖေလီက ချက်ချင်းပင်သဘောပေါက်သွားပြီး မေးလေ၏။
“ ‘ယာယီ’ လို့ပြောလိုက်တာလား ?”
“ဟုတ်ပါတယ် ယာယီပါပဲ”
ဆေးရုံအုပ်ကြီးက တည်ငြိမ်စွာဖြင့်ပြန်ဖြေသည်။
“ခြောက်လ ရှစ်လလောက် ကြာပြီးရင် သူ့မှတ်ဉာဏ်တွေပြန်ရလာလိမ့်မယ်လို့ ဒေါက်တာ ထျန် ကပြောပါတယ်။ ကုသမှုပြီးသွားရင်တောင်မှ သူ့ရဲ့စစ်မက်ရေးရာလုပ်ဆောင်မှုတွေအပေါ်မှာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ရှိလာမှာမဟုတ်ပါဘူး ”
ထိုစကားကိုကြားသည့်အခါ အားလုံးလည်း စိတ်သက်သာရာရသွားလေသည်။ အထူးသဖြင့် မော်စူး တစ်ယောက် အလွန်အမင်း ပျော်ရွှင်သွားမိကာ သူ့နဖူးပေါ်မှ ချွေးများကို ယခုမှပင် သုတ်နိုင်တော့၏။ လုထောင်သည်ကား သူအထူးဂရုစိုက်လေ့ကျင့်ပေးထားသည့်လူ ဖြစ်သည့်အပြင် သူအားအကိုးရဆုံး လက်အောက်ငယ်သား တစ်ယောက်လည်းဖြစ်သည်ပင်။ သူသည် လုထောင်အား အနာဂတ်တွင် သူ့နေရာလွှဲအပ်ပေးဖို့အထိ ရည်မှန်းထားခြင်းဖြစ်လေသည်။ အကယ်၍များ လုထောင်သာဆိုးဆိုးဝါးဝါးထိခိုက်သွားပါက စစ်တပ်မှအနားယူရမည်ဖြစ်ပြီး သူ၏ဆက်ခံသူနေရာကလည်း လစ်လပ်လို့သွားရပေလိမ့်မည်။
ချန်းကျင်းကတော့ မိမိ၏နှလုံးသားတစ်ခုလုံး အောက်ပြုတ်ကျသွားသလိုခံစားရကာ စိတ်ရှုပ်ထွေးနေတော့၏။
မှတ်ဉာဏ်တွေပျောက်သွားတယ်!? ဒါဆို သူတို့ကွာရှင်းမယ့်အကြောင်းကိုပါ မေ့သွားမှာလား!?
သူအကြီးအကျယ်နောင်တရနေတာကို ဘုရားသခင်က သိသွားလို့များ သူ့ကို အခွင့်အရေးပေးနေတာလား?
သတင်းကောင်းကြားရပြီးသည့်နောက် အခန်းနားတွင် ဝေ့ဝဲနေသော လူအုပ်ကြီးသည် တဖြည်းဖြည်း ကျဲသွားလေတော့သည်။ ဗိုလ်ချုပ်ကြီးမော်စူးက မပြန်ခင် ချန်းကျင်းအား နှုတ်ဆက်၏။ လမ်းပိတ်နေသော လူအုပ်ကြီးမရှိတော့သည့်အခါမှ ချန်းကျင်းသည် တာဝန်ရှိသူ၏အနားသို့သွားရန် အခွင့်အရေးရသွားလေသည်။
“ခွင့်ပြုပါ ကျွန်တော် သူ့ကိုအခုတွေ့လို့ရမလား?”
ဆေးရုံအုပ်ကြီးက သူမည်သူမှန်း မသိသဖြင့် မေးလာ၏။
“မင်းက…”
အဖွားဖြစ်သူက အခုထိ သူ၏နောက်တွင်ထိုင်နေလျက်ရှိကာ ချန်းကျင်းအား တိတ်တဆိတ်စိုက်ကြည့်လို့နေသည်။ ၎င်းက သူ့အားအတော်လေးနေရခက်စေသည်ပင်။ သို့သော် သူက အဖွား၏အကြည့်ကိုလျစ်လျူရှုလိုက်ပြီး ပုံမှန်အသံဖြစ်အောင် ကြိုးစားကာဖြေလိုက်၏။
“ကျွန်တော်က လုထောင်ရဲ့အမျိုးသားပါ”
ဆေးရုံအုပ်ကြီးက ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆိုလာသည်။
“ ဒါပေါ့ ရပါတယ် ဝင်ကြည့်လိုက်ပါ ။ ဒါပေမဲ့ သူကအခုထိ ICU ထဲမှာရှိနေတုန်းဆိုတော့ မှန်ကနေတဆင့်ပဲ သူ့ကိုကြည့်နိုင်ပါလိမ့်မယ်။ သူ့မျက်နှာတော့ မြင်ရမှာမဟုတ်လောက်ဘူး ”
ICU ပုံ
ချန်းကျင်းက အလောတကြီးဆိုလေသည်။ သူ့အသံတို့က တုန်ရီနေလျက်။
“ကိစ္စမရှိပါဘူး သူ့ကိုတွေ့ရရင်ပဲ ရပါပြီ”
“ဒါဆိုလည်း ကျွန်တော်နဲ့အတူသွားတာပေါ့။ အဖွားရော လိုက်မယ်မလား ?”
အဖွားဖြစ်သူက ချက်ချင်းပင်ခေါင်းငြိမ့်လိုက်တော့ ချန်းကျင်းကလည်း ကပျာကယာဆိုလာလေသည်။
“ ကျွန်တော် အဖွားကို ဝှီးချဲလ်တွန်းပေးပါ့မယ် ”
အဖွားက သူ့ကိုတစ်ချက်ကြည့်လာရင်း အေးစက်စွာဖြင့် ပြန်ဖြေ၏။
“ မလိုဘူး ကိုယ့်ကိုယ်အလုပ်ရှုပ်ခံမနေနဲ့ ”
ပြောရင်းဆိုရင်းပင် သူမသည် အလိုအလျောက်မောင်းနှင်ခလုတ်ကို နှိပ်ကာ ဆေးရုံအုပ်၏နောက်ကို လိုက်သွားလေတော့သည်။ ခဏလောက်စောင့်ပြီးခါမှ ချန်းကျင်းသည် ၎င်းတို့အနောက်ကို လိုက်သွားလိုက်၏။ အဖွားက သူနှင့်အတူ တွဲလျှောက်မနေချင်သောကြောင့်ပင်။
စစ်တပ်ဌာနချုပ်ဆေးရုံသည်ကား ဤကမ္ဘာပေါ်တွင် အကောင်းဆုံးသော ဆေးရုံဖြစ်သည့်အလျောက် ခေတ်မီဆေးပညာသုံး ပစ္စည်းကိရိယာများနှင့် ထောက်ပံ့မှု အလုံအလောက်ရှိလေ၏။ တိတ်ဆိတ်လွန်းသည့် ကော်ရစ်တာကို ဖြတ်လျှောက်လာခဲ့အပြီးမှာတော့ ICU အခန်းရှေ့ကို ရောက်လာခဲ့ပြီဖြစ်ကာ ပြတင်းပေါက်မှန်မှတဆင့် ဆေးရုံအိပ်ရာပေါ်တွင် လဲလျောင်းနေသည့် အကြင်သူကို မြင်ခဲ့ရပြီဖြစ်သည်။
ယခုတော့ ထူးချွန်လှပါသည်ဆိုသည့် ထိုအမျိုးသားသည် ဆေးရုံအိပ်ရာပေါ်တွင် သတိမေ့နေကာ သူ၏ခေါင်းပေါ်တွင်လည်း များစွာသောပိုက်ပြွန်များကို ထိုးစိုက်ခံထားရသေးလေသည်။ ထိုကဲ့သို့သော ရင်ကွဲဖွယ်မြင်ကွင်းကို မြင်ရသည့်အခါ အဖွားသည် ဘယ်လိုမှပင် ဆက်၍မကြည့်နိုင်တော့ပေ။
သူမ၏မျက်ဝန်းများသည်ကား ချန်းကျင်းအတွက်ဆိုလျှင် အလိုမကျမှုများနှင့် ဖုံးလွှမ်းလို့နေတတ်ပြီး မြေးဖြစ်သူအတွက်ဆိုလျှင်တော့ မေတ္တာရိပ်များနှင့် ပြည့်နှက်လို့နေလေသည်။ ကံမကောင်းစွာပင် အလုပ်မလုပ်နိုင်သည့် သူမ၏ခြေထောက်များကြောင့် သူမသည် မတ်မတ်မရပ်နိုင်ခဲ့။ ထို့ကြောင့် တစ်ဝက်တစ်ပျက်နှင့် အောက်သို့လဲကျသွားခဲ့လေသည်။ ချန်းကျင်းက သူမကိုကပျာကယာထူပေးရင်း နူးညံ့စွာ ဆို၏။
“ဂရုစိုက်နော်”
အဖွားက သူ၏လက်ကို ပုတ်ခါလိုက်ကာ ခပ်တန်းတန်းပြောလာသည်။
“မင်းကူညီဖို့ မလိုဘူး”
သူမ၏စကားလုံးများက ဓားထက်ထက်တစ်လက်နှင့် မွှန်းနေသလိုမျိုးပင်။ ချန်းကျင်း၏ နှလုံးသားကို တဆစ်ဆစ်နာကျင်လာစေ၏။ အဖွားဖြစ်သူ၏ သူ့ကိုရောဂါကပ်ဆိုးတစ်ခုလို ရှောင်ကြဉ်ပုံ၊ အမျိုးသားဖြစ်သူ၏ သူ့အပေါ်ဆက်ဆံသည့် အပြုအမူတို့ကို တွေးမိသောအခါ ချန်းကျင်းသည် ပိုလို့ပင်ဝမ်းနည်းလာရသည်။ ထို့ကြောင့် သူ၏လက်ကိုဖြေလျော့လိုက်ကာ ဖွဖွလေးဆိုလာလေ၏။
“အဖွားလဲကျသွားတာကို ကျွန်တော် ဒီတိုင်းကြည့်မနေနိုင်လို့ပါ။ တခြားမကောင်းတဲ့ရည်ရွယ်ချက်မျိုး မရှိပါဘူး ”
သူ့စကားကိုကြားတော့ အဖွားက တစ်ချက်လှောင်ရယ်လေသည်။
“မင်းမှာက မကောင်းတဲ့ရည်ရွယ်ချက်တွေ အများကြီးရှိခဲ့တာလေ။ ဘယ်တုန်းက ကောင်းခဲ့ဖူးလို့လဲ”
သူမသည် ဘာသာအားတင်းကာ မြေးဖြစ်သူကို အချိန်အတော်ကြာ ကြည့်နေခဲ့လေသည်။ သို့သော် လုထောင်က အခုထိ နိုးလာဖို့ အရိပ်အယောင်မပေါ်သေးသောကြောင့် ဝှီးချဲလ်ပေါ်ပြန်ထိုင်ကာ ချန်းကျင်းအား ခနဲ့ပြန်၏။
“ အခုရော ဘာအတွက် ဟန်ဆောင်နေပြန်တာလဲ ? လူတွေမင်းအပေါ် အမြင်ပြောင်းအောင်လို့လား!? ရှေးစကားလိုပဲ " တောင်တွေ မြစ်တွေကိုသာ ပြုပြင်ပြောင်းလဲဖို့လွယ်မယ် လူတစ်ယောက်ရဲ့ဗီဇကို ပြောင်းလို့မရဘူး " တဲ့။ မင်းက ဘယ်တော့မှ အဲ့ဒီမကောင်းစိတ်ကို ပြင်နိုင်မှာမဟုတ်ဘူး! လိုချင်တာဘာမဆို အတင်းအကြပ်ယူတတ်တဲ့ မင်းလိုလူစားမျိုးတွေက ငရဲလိုကမ္ဘာမျိုးဆီ နှင်ထုတ်ခံရသင့်တာ ”
ချန်းကျင်း၏ မျက်နှာတစ်ခုလုံးလည်း ဖြူဖျော့လို့နေလေသည်။ သူမ၏စကားလုံးတစ်လုံးချင်းစီက သူ၏နှလုံးသားကို ထိုးဆွနေသလိုပါပင်။ သူဆက်၍မတောင့်ခံနိုင်တော့။
သူအသက် ၁၇ နှစ်အရွယ်တုန်းက လုထောင်ကိုတွေ့ခဲ့ကာ မြင်မြင်ချင်းချစ်ခဲ့မိခြင်း ဖြစ်ပေသည်။ ထိုအခါက လုထောင်မှာ ၂၁ နှစ်ရှိနေပြီဖြစ်၏။ တစ်ဖက်လူ၏ အားနည်းချက်ကို အသုံးချလျက် သူ့ကိုလက်ထပ်စေရန် ဖိအားပေးခဲ့မိသည်။ ထို့နောက် နှစ်အတော်ကြာ (လုထောင်ကပြေး သူကလိုက် နှင့်) ပြေးတမ်းလိုက်တမ်းကစားပွဲအပြီးတွင် သူဘာလိုချင်သလဲဆိုသည်ကို သဘောပေါက်လို့သွားခဲ့လေသည်။
သူတို့၏အိမ်ထောင်ရေးက ပျော်ရွှင်စရာလည်းမရှိ၊ အေးစက်ခြောက်ကပ်နေသော်ငြား အချင်းချင်းနှီးနှောဆက်ဆံလိုက်ပါက တစ်ဖက်လူ၏အချစ်ကို ရနိုင်လောက်သည်ဟု သူတွေးခဲ့မိခြင်းပင်။ သို့သော် သူ၏အမျိုးသားဖြစ်သူက သူဖြားယောင်းပြီးနောက်နေ့မှာပင် ချက်ချင်းလက်ငင်း စစ်မြေပြင်ဆီသွားမယ်လို့ မည်သူကထင်ခဲ့မှာတဲ့လဲ။ အားလပ်ရက်ပြန်လာလျှင်တောင်မှ လုထောင်သည် သူ့အနားကိုမကပ် ခပ်ခွာခွာနေကာ အမြဲအေးတိအေးစက် ဆက်ဆံခဲ့သည်ပင်။
ထို့ကြောင့် သူသည် နည်းလမ်းအမျိုးမျိုးသုံး အကြံပေါင်းစုံထုတ်ကာ ဇာတ်လမ်းခင်းခဲ့ဖူးသည်။ သို့သော် ထိုသို့လုပ်ခြင်းက လုထောင်ကို သူ့ဆီမှ ပို၍ ပို၍ ဝေးသွားစေလေသည်။ မိမိလုပ်ရပ်များကို နောင်တရပြီး ကိုယ့်ကိုယ်ပြောင်းလဲဖို့ စတင်ခါမှ သူ့အတွက် အခွင့်အရေးကို ဆုံးရှုံးလိုက်ရ၏။
“ သူမှတ်ဉာဏ်တွေပျောက်သွားတယ်လို့ ကြားတော့ မင်းပျော်နေတယ်မလား ဟမ်? ဒီအတိတ်မေ့နေတဲ့ကာလအတွင်း သူ့ကိုဆွဲဆောင်ဖို့ကြံနေရင်တော့ ငါပြောလိုက်မယ်နော် မင်းအောင်မြင်မှာမဟုတ်ဘူး။ ငါ့ရဲ့မြေးလေးက စိတ်ထားကောင်းတဲ့ကလေးတွေကိုပဲ သဘောကျတာ။ အရင်ကတောင် သူကမင်းလိုအကျင့်ယုတ်တဲ့လူမျိုးအပေါ် နည်းနည်းလေးမှ စိတ်ဝင်စားခဲ့ဖူးတာမဟုတ်ဘူး !”
အပြင်လူတွေရှိနေသည်ကို နည်းနည်းမျှဂရုမစိုက်ဘဲ အဖွား၏အသံက တဖြည်းဖြည်း ကျယ်လောင်လာလေသည်။ သူမက ချန်းကျင်းကို စိုက်ကြည့်ရင်း စကားလုံးတစ်လုံးချင်းစီကို အံကြိတ်ကာပြောလိုက်၏။
“ မင်းတို့ကွာရှင်းမယ့်နေ့ကို ငါစောင့်မျှော်နေမယ် ”
ချန်းကျင်းသည် ဆိတ်ဆိတ်နေလျက် အဖွားအား သူ့ကိုဆက်လှောင်ခွင့်ပေးထားလိုက်သည်။ သူမစကားအားလုံးပြောပြီးသွားခါမှ သူကဆိုလေ၏။
“ဘာပဲပြောပြော ကျွန်တော်က အခုထိ သူ့ရဲ့တရားဝင်အမျိုးသားလေ ဟုတ်တယ်မလား? ”
ဆေးရုံအိပ်ရာပေါ်တွင် လဲလျောင်းနေသည့် လုထောင်ကိုကြည့်ရင်း သူကထပ်ပြောလာသည်။
“ဒါကြောင့် သူ့ရဲ့အမျိုးသားအနေနဲ့ သူမှတ်ဉာဏ်တွေပြန်ရတဲ့အချိန်ထိ အနားမှာနေပြီး စောင့်ရှောက်ပေးပါရစေ ”
TN : တကယ်တော့ ဒီဟာကို romance fantasy type မို့ ပေါ့ပေါ့ပါးပါးလေးဆိုပြီး ပြန်လိုက်တာ။ ဟိုတစ်နေ့က website ထဲ သေချာပြန်ကြည့်မိမှ smut ပါမှန်းသိ။ mature content လည်း ပြန်ထည့်ပေးထားပြီးသားဆိုပေမဲ့ တကယ်လို့ရှေ့လျှောက် 18+scene တွေပါလာခဲ့သည်ရှိသော် warning တပ်ပေးပါ့မယ် အလွယ်တကူရှာလို့ရအောင်လို့:3
Zawgyi
ထိခိုက္မႈ၏အက်ိဳးဆက္
ခ်န္းက်င္း ဗဟိုစစ္တပ္ေဆးရံုကို ေရာက္ေတာ့ ေဖလီက ေဆးရံုဝင္ေပါက္တြင္ မတ္တပ္ရပ္ေနမွန္း ေတြ႔လိုက္ရေလသည္။ သူသည္ အသက္သံုးဆယ္အတြင္း ဝင္ေရာက္ေနၿပီျဖစ္ၿပီး ခန္႔ညားသည့္ဟန္ပန္႐ွိေပ၏။
ခြဲစိတ္ကုသရံုျဖင့္ အနီးမႈန္ျခင္းကို အ႐ွင္းေပ်ာက္ေအာင္ ကုသေပးႏိုင္သည့္ ေခတ္အခါေရာက္ေနေသာ္ျငား သူသည္ အခုထိ အနက္ေရာင္ကိုင္းႏွင့္မ်က္မွန္ကို တပ္ရတာ သေဘာက်ေနဆဲျဖစ္သည္။ ၎ပံုစံကပင္ သူ႔အားပို၍ ပညာ႐ွင္ဆန္ေစေသာေၾကာင့္ ျဖစ္ႏိုင္ေလ၏။
သူတို႔ႏွစ္ေယာက္သိလာခဲ့သည္မွာ အေတာ္လည္းၾကာေနေလၿပီ။ သူ႔ကိုျမင္ေသာအခါ ေဖလီက စစ္တပ္စည္းမ်ဥ္းအတိုင္း ယဥ္ေက်းစြာအေလးျပဳ၏။
“ဗို္လ္ခ်ဳပ္ကေတာ္ကို ကြၽန္ေတာ္အေပၚထပ္ ေခၚသြားေပးပါ့မယ္”
ခ်န္းက်င္း၏ႏွလံုးသားတစ္ခုလံုးက စိုးရိမ္ပူပန္မႈမ်ားႏွင့္ ျပည့္ႏွက္လ်က္။ အတိတ္တုန္းက သူလုပ္ခဲ့ဖူးသည့္ အမွားမ်ားကို မသိခ်င္ေယာင္ေဆာင္လိုက္ကာ ေမးခြန္းေမးလိုက္ေလသည္။
“သူဘယ္လိုအေျခအေန႐ွိလဲ ?”
“အခုထိ အေရးေပၚအခန္းထဲမွာပါပဲ”
ေဖလီက လမ္းျပရင္းသူ႔ကို ႐ွင္းျပသည္။
“ ဗိုလ္ခ်ဳပ္က Zerg ေတြတိုက္ခိုက္တာခံရၿပီး အတြင္းပိုင္းဒဏ္ရာရသြားတဲ့ပံုပါပဲ။ ေနာက္ၿပီး လက္ေအာက္ငယ္သားတစ္ေယာက္ကို ကယ္ဖို႔လုပ္ရင္း အဆိပ္ရည္နည္းနည္းလည္း ေခါင္းထဲအထိုးခံလိုက္ရတာမို႔ အခုဒီကမာၻက အေတာ္ဆံုးခြဲစိတ္ဆရာဝန္ ငါးေယာက္ကိုယ္တိုင္ ကုသေပးေနပါတယ္ ”
Zerg ပံု
သူကဆက္၍လမ္းေလွ်ာက္ေနေသာ္ျငား အေနာက္မွ ခ်န္းက်င္း၏ေျခသံကို မၾကားရေပ။ သို႔ႏွင့္ ေျခလွမ္းမ်ားကိုရပ္ၿပီး အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ခ်န္းက်င္း၏ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာကိုသာေတြ႔လိုက္ရေလသည္။
ခ်န္းက်င္း၏တစ္ကိုယ္လံုးက တုန္ရီေနကာ ပံုမွန္အတိုင္း ေျခလွမ္းဖို႔ကိုပင္ အႏိုင္ႏိုင္။
“ စိတ္ၿငိမ္ၿငိမ္ထားပါ ဗိုလ္ခ်ဳပ္ကေတာ္ ..အသက္႐ွင္ႏိုင္ဖို႔ အခြင့္အေရးက ဆယ္ရာခိုင္ႏႈန္းပဲ႐ွိတယ္ဆိုေပမဲ့ ဗိုလ္ခ်ဳပ္သတိျပန္လည္လာဖို႔ ေမွ်ာ္လင့္ခ်က္႐ွိပါေသးတယ္တဲ့ ”
၎ရာခိုင္ႏႈန္းပမာဏကို ၾကားေသာအခါ ခ်န္းက်င္း၏တုန္ရီေနေသာကိုယ္ေလးက အနည္းငယ္မွ် ၿငိမ္က်သြားေလသည္။ လံုးဝကိုနည္းနည္းေလးပင္။ သူက ေဖလီ့ကို ၾကည့္လာရင္း ခက္ခက္ခဲခဲႏွင့္ ေမးသည္။
“ အဆိပ္ရည္ကိုထုတ္ၿပီးသြားရင္ေရာ အက်ိဳးဆက္က ႐ွိလာမွာတဲ့လား ?”
Zerg သည္ အေရအတြက္အားျဖင့္ မ်ားျပားသည့္ အဖြဲ႔အစည္းတစ္ခုျဖစ္ကာ အားလံုးကလည္း ရက္စက္ၾကမ္းၾကဳတ္တတ္သည္။ ထို႔အျပင္ ၎တို႔က အဆိပ္ႏွင့္ပတ္သက္လွ်င္ တစ္ဖက္ကမ္းခတ္ ကြၽမ္းက်င္သည့္ သတၱဝါမ်ားလည္း ျဖစ္ၾကေလ၏။ တစ္ခါတုန္းက ကပ္ေရာဂါကူးစက္ခံထားရသည့္ လူသားမ်ားအတြက္ သီးသန္႔ဖန္တီးထားေသာ တစ္လသက္တမ္း႐ွိကမာၻငယ္တစ္ခုကို ၎သတၱဝါမ်ား က်ဴးေက်ာ္လာခဲ့ဖူးေသာေၾကာင့္ သံုးရက္အတြင္း ထိုလူမ်ားအားလံုး ေသဆံုးသြားခဲ့ၾကရသည္။ ထို႔ေၾကာင့္ လက္႐ွိတြင္ ၎သတၱဝါမ်ားအား ကမာၻ့အဆင့္အဆိုးဝါးဆံုး ဒုတိယရန္သူအျဖစ္ သတ္မွတ္ထားျခင္းပင္။ Zerg မ်ား၏အဆိပ္ကူးစက္ခံရသည့္ မည္သူမဆို ကံေကာင္းေထာက္မစြာျဖင့္ အသက္႐ွင္ႏိုင္လွ်င္ေတာင္မွ ၎ကူးစက္ခံရမႈ၏ အက်ိဳးဆက္အမ်ိဳးမ်ိဳးကို ခံစားၾကရေသးေလသည္။ ယခုေတာ့ လုေထာင္က ကူးစက္ခံလာရေလၿပီ။ သူ႔အတြက္ အက်ိဳးဆက္က မည္ကဲ့သို႔ျဖစ္မည္ဆိုသည္ကို ခ်န္းက်င္းမေတြးရဲပါေပ။
ေဖလီက သူ၏ႏႈတ္ခမ္းအစံုကို တင္းတင္းေစ့လိုက္ရင္း တည္ၿငိမ္သည့္ပံုေပါက္ေအာင္ ျပင္ၿပီးခါမွ ဆိုလာေလသည္။
“အက်ိဳးဆက္က ေသခ်ာေပါက္႐ွိလာမွာပါ”
သူတို႔ႏွစ္ေယာက္ ခြဲစိတ္ခန္းအနားကိုေရာက္သည့္အခါ အခန္းနားတြင္ လူေတြအမ်ားႀကီးရွိေနမွန္း ေတြ႔လိုက္ရေလသည္။ သူ႔အထက္လူႀကီးမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ လက္ေအာင္ငယ္သားမ်ားပင္။ ၎တို႔အလယ္တြင္ ဝွီးခ်ဲလ္ႏွင့္ထိုင္ေနသည္က ေငြျဖဴေရာင္ဆံပင္ႏွင့္ အဖြားႀကီးတစ္ဦးျဖစ္ကာ အသားအေရတို႔ကလည္း တြန္႔ေနသည္။ သူမ၏ဒူးေခါင္းေပၚတြင္ေတာ့ သိုးေမႊးေစာင္တစ္ထည္ကို ျခံဳထားေလ၏။ သူမသည္ကား လုေထာင္၏ တစ္ဦးတည္းေသာ အသက္႐ွင္က်န္ရစ္သည့္ ေဆြးမ်ိဳးတစ္ျဖစ္လဲ သူ၏အဖြားပင္ ျဖစ္ေတာ့သည္။
ခ်န္က်င္းေရာက္လာေတာ့ အားလံုးကသူ႔ကို တစ္ခ်က္ေစာင္းငဲ့ၾကည့္ၾကေလသည္။ ထိုလူမ်ားသည္ကား သာမန္လူတန္းစားမ်ား မဟုတ္ၾကသည့္အတြက္ မထူးဆန္းပါေပ။ လက္ေအာင္ငယ္သားအနည္းငယ္မွလြဲ၍ အခန္းနား႐ွိလူတိုင္းလိုလိုသည္ ခ်န္းက်င္း ကမည္သူမည္ဝါျဖစ္ေၾကာင္းကို သိ႐ွိၾက၏။ လုေထာင္၏အထက္အရာ႐ွိျဖစ္သူ ေမာ္စူး က သူ႔ကိုစကားေျပာဖို႔ျပင္လိုက္ေသာ္ျငား ထိုလူဘာမွ်မေျပာရေသးခင္မွာပင္ အလယ္တြင္ထိုင္ေနသည့္ အဖြားျဖစ္သူထံမွ ေအးစက္စက္စကားတစ္ခြန္းက ထြက္လာေလသည္။
“ဘာကိစၥ မင္းကဒီကိုေရာက္လာရတာလဲ?”
အကယ္၍မ်ား ယခုျဖစ္ရပ္သာ ခ်န္းက်င္းမာနႀကီးခဲ့သည့္ အတိတ္ကာလမွာ ျဖစ္ခဲ့ပါလွ်င္ သူသည္ မည္သူ႔ကိုမွ် အေရးတယူၾကည့္ေနမွာမဟုတ္သလို ေလးေလးစားစားလည္း ဆက္ဆံေနမွာမဟုတ္။ ထို႔ေၾကာင့္ လုေထာင္၏အဖြားသာ သူ႔ကို ဒီလိုအျပဳအမူမ်ိဳးနဲ႔ စကားေျပာလာခဲ့လွ်င္ သူသည္ ေသခ်ာေပါက္ သူမကို ႐ိုင္းပ်စြာ ဆက္ဆံမိမွာပင္။ သို႔ေသာ္ ယခုလက္ရွိသူသည္ကား အတိတ္ကလူမဟုတ္ေတာ့ေပ။ သူသည္ အားလံုးႏွင့္ပတ္သက္၍ အ႐ွက္ရသလိုခံစားရကာ တိုးတိုးေလးဆိုလာသည္။
“ ကြၽန္..ကြၽန္ေတာ္က…”
သူ႔အေျပာကိုေစာင့္မေနဘဲ အဖြားကစကားျဖတ္ေျပာေလသည္။
“မင္းလာဖို႔မလိုဘူး”
ခ်န္းက်င္းသည္ ဘာဆက္ေျပာလို႔ေျပာရမွန္းမသိေတာ့။ ထိုအခိုက္တြင္ အနားမွေဖလီ၏အသံက ထြက္လာသည္။
“အဖြား သခင္ေလးခ်န္းက ဗိုလ္ခ်ဳပ္ရဲ႕ တရားဝင္ခင္ပြန္းသည္ေလ။ ဥပေဒအရ ဗိုလ္ခ်ဳပ္ဘာပဲျဖစ္ျဖစ္ သခင္ေလးကသိသင့္တာမို႔ ကြၽန္ေတာ္က ဒီကိုေခၚလာတာပါ ”
မိမိေျမး၏အတြင္းေရးမႈးျဖစ္သူက ဥပေဒအေၾကာင္းကို ထည့္ေျပာလာသည့္အခါ အဖြားသည္ ခ်န္းက်င္းအား ဘာစကားမွထပ္ၿပီးမေျပာေတာ့ေပ။ ထို႔အျပင္ သူ႔အားအၾကည့္လႊဲကာ လံုးလံုးလ်ားလ်ား လ်စ္လ်ဴ႐ႈလိုက္ေတာ့ေလသည္။ သူမ၏အျပဳအမူေၾကာင့္ အားလံုးက ခ်န္းက်င္းႏွင့္စကားေျပာရန္ အခက္ေတြ႔သြားရသည့္အတြက္ တိတ္ဆိတ္မႈကပို၍ႀကီးထြားလာေလ၏။ ခ်န္းက်င္းသည္ တစ္ေယာက္တည္း တိတ္တိတ္ကေလး နံရံကိုမွီလ်က္ ခြဲစိတ္ခန္းထဲမွ အေရးေပၚမီးေရာင္ကို ၾကည့္ရင္း သူ႔ႏွလံုးသားတစ္ခုလံုး မြေၾကေနသလိုခံစားလာရေလသည္။
အခ်ိန္မည္မွ်ကုန္လြန္သြားသည္မသိ။ အေရးေပၚမီးေရာင္က တတီတီျမည္ရင္း ပိတ္လို႔သြားခဲ့သည္။ ထို႔ေနာက္တြင္ေတာ့ အားလံုး၏မ်က္လံုးမ်ားက စိတ္လႈပ္႐ွားစြာျဖင့္ အခန္းတံခါးဝကို ေရာက္သြားေလ၏။
တစ္မိနစ္ခန္႔ၾကာၿပီးေနာက္တြင္ ခြဲစိတ္ခန္းတံခါးကပြင့္လာကာ ခြဲစိတ္ဆရာဝန္ငါးေယာက္လံုးကလည္း ေခြၽးျပန္ေနေသာမ်က္ႏွာအသီးသီးႏွင့္ ထြက္လာခဲ့ၾကသည္။ သူတို႔အားလံုး ပင္ပန္းခဲ့ၾကသည္မွာ အသိအသာ။ ဗိုလ္ခ်ဳပ္ႀကီး ေမာ္စူး က အခန္းထဲက ထြက္လာသည့္ေဆးရံုအုပ္ကို ဆီးႀကိဳကာေမးလိုက္ေလ၏။
“လုေထာင္ရဲ႕ အေျခအေနဘယ္လိုလဲ ေဒါက္တာ?”
ေဆးရံုအုပ္ႀကီးက သက္ေသာင့္သက္သာ ျပံဳးရင္းေျဖေလသည္။
“သူအခု ေဘးကင္းသြားပါၿပီ”
ထိုစကားကိုၾကားသည့္အခါ အားလံုးကေပ်ာ္ရႊင္သြားၾကေလသည္။ အဖြားျဖစ္သူဆိုလွ်င္ ေ႐ွး႐ိုးစြဲပံုစံျဖင့္ Amithada ဟုပင္ ေရရြတ္လိုက္မိေသး၏။ လူအုပ္ႀကီး၏ေဘးအစြန္ဆံုးတြင္ ေရာက္ေနသည့္ ခ်န္းက်င္းသည္လည္း တိုးတိတ္စြာ သက္ျပင္းခ်လိုက္မိေလသည္။ သူသည္ တျခားအေၾကာင္းအရာေတြကို ထပ္ၿပီးေမးခ်င္ေသာ္ျငား လူၾကားထဲတြင္ညႇပ္ေနသျဖင့္ ေမးဖို႔အခြင့္မသာခဲ့ေပ။ ကံေကာင္းေထာက္မစြာပင္ ေဖလီက သူေမးခ်င္သည့္ေမးခြန္းကို ေမးလိုက္သည္။
“ခြင့္ျပဳပါ ဗိုလ္ခ်ဳပ္က ဘယ္အခ်ိန္သတိျပန္လည္လာမွာပါလဲ ? တျခားအက်ိဳးဆက္ေတြေရာ ႐ွိႏိုင္ဦးမလား ?”
ေဆးရံုအုပ္ႀကီးက ျပန္ေျဖေလ၏။
“ေဒါက္တာ ထ်န္ ေျပာပံုအရဆို ေနာက္ ၄၈ နာရီၾကာၿပီးရင္ သူသတိျပန္လည္လာပါလိမ့္မယ္။ ေနာက္ၿပီး ေသခ်ာေပါက္ အက်ိဳးဆက္တစ္ခုခုလည္း ႐ွိမွာပါ ”
"အက်ိဳးဆက္" ဟူသည့္စကားကို ၾကားေသာအခါ အားလံုး၏ကိုယ္ထည္မ်ားက ေတာင့္တင္းသြားရေတာ့၏။ စိုးရိမ္စိတ္ေၾကာင့္ သူတို႔၏ႏွလံုးခုန္သံမ်ားကပင္ ဒရမ္တီးေနသလို ဆူညံေနသေယာင္ေယာင္။
အက်ိဳးဆက္က အမ်ိဳးမ်ိဳး႐ွိေလသည္။ အနည္းဆံုးအေနျဖင့္ ေန႔စဥ္ဘဝ၏ကာလအပိုင္းအျခားတစ္ခုထိသာ ထိခိုက္ႏိုင္ၿပီး အမ်ားဆံုးအေနျဖင့္ လက္က်န္ဘဝတစ္ေလွ်ာက္လံုး ခံစားေနရႏိုင္သည္။ ပိုၿပီးအေရးႀကီးသည္က ဗိုလ္ခ်ဳပ္လုေထာင္က သာမန္လူမဟုတ္။ ထူးခြၽန္သည့္လူငယ္တစ္ဦးျဖစ္ေလသည္။ အကယ္၍မ်ား ၎အက်ိဳးဆက္ေၾကာင့္ သူ၏စစ္မက္ေရးရာအစြမ္းေတြ ထိခိုက္သြားပါက ဘဝတစ္ေလွ်ာက္လံုး စစ္တပ္ကေန အနားယူရေတာ့မည္ မဟုတ္ပါလား။ အမွန္သာျဖစ္လာပါက ထူးခြၽန္လြန္းသည့္လူငယ္တစ္ဦးကို အလကားသက္သက္ ဆံုး႐ွံုးလိုက္ရမည္ပင္။
ေမာ္စူး ၏မ်က္ႏွာတစ္ျပင္လံုးက ေတာင့္တင္းသြားေသာ္ျငား မ်က္လံုးအစံုတို႔က တည္ၿငိမ္ေယာင္ေဆာင္လ်က္။ သူသည္ အသက္ျပင္းျပင္း႐ွဴသြင္းလ်က္ ေမးလိုက္ေလသည္။
“အက်ိဳးဆက္က ဘာပါလဲ?”
ေဆးရံုအုပ္ကျပန္ေျဖသည္။
“သူ႔မွတ္ဉာဏ္ေတြ ဆံုး႐ွံုးသြားတယ္”
၎အေျဖကိုၾကားေသာအခါ အားလံုးက စိတ္႐ႈပ္သြားဟန္ေပါက္ေသာေၾကာင့္ ေဆးရံုအုပ္က ထပ္႐ွင္းျပေလသည္။
“ အထူးကုတစ္ေယာက္ေျပာပံုအရဆို အဲ့ဒီ သူ႔ရဲ႕ မွတ္ဉာဏ္အပိုင္းေလးက အဆိပ္႐ွိသတၱဝါဆီကေန အဖ်က္ဆီးခံလိုက္ရတဲ့အတြက္ ယာယီမွတ္ဉာဏ္ေပ်ာက္ဆံုးသြားတယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီး သူ႔ရဲ႕အမူအက်င့္ေတြလည္း ေျပာင္းလဲသြားႏိုင္တယ္ေပါ့ ”
ေဖလီက ခ်က္ခ်င္းပင္သေဘာေပါက္သြားၿပီး ေမးေလ၏။
“ ‘ယာယီ’ လို႔ေျပာလိုက္တာလား ?”
“ဟုတ္ပါတယ္ ယာယီပါပဲ”
ေဆးရံုအုပ္ႀကီးက တည္ၿငိမ္စြာျဖင့္ျပန္ေျဖသည္။
“ေျခာက္လ ႐ွစ္လေလာက္ ၾကာၿပီးရင္ သူ႔မွတ္ဉာဏ္ေတြျပန္ရလာလိမ့္မယ္လို႔ ေဒါက္တာ ထ်န္ ကေျပာပါတယ္။ ကုသမႈၿပီးသြားရင္ေတာင္မွ သူ႔ရဲ႕စစ္မက္ေရးရာလုပ္ေဆာင္မႈေတြအေပၚမွာ မေကာင္းတဲ့အက်ိဳးသက္ေရာက္မႈေတြ ႐ွိလာမွာမဟုတ္ပါဘူး ”
ထိုစကားကိုၾကားသည့္အခါ အားလံုးလည္း စိတ္သက္သာရာရသြားေလသည္။ အထူးသျဖင့္ ေမာ္စူး တစ္ေယာက္ အလြန္အမင္း ေပ်ာ္ရႊင္သြားမိကာ သူ႔နဖူးေပၚမွ ေခြၽးမ်ားကို ယခုမွပင္ သုတ္ႏိုင္ေတာ့၏။ လုေထာင္သည္ကား သူအထူးဂ႐ုစိုက္ေလ့က်င့္ေပးထားသည့္လူ ျဖစ္သည့္အျပင္ သူအားအကိုးရဆံုး လက္ေအာက္ငယ္သား တစ္ေယာက္လည္းျဖစ္သည္ပင္။ သူသည္ လုေထာင္အား အနာဂတ္တြင္ သူ႔ေနရာလႊဲအပ္ေပးဖို႔အထိ ရည္မွန္းထားျခင္းျဖစ္ေလသည္။ အကယ္၍မ်ား လုေထာင္သာဆိုးဆိုးဝါးဝါးထိခိုက္သြားပါက စစ္တပ္မွအနားယူရမည္ျဖစ္ၿပီး သူ၏ဆက္ခံသူေနရာကလည္း လစ္လပ္လို႔သြားရေပလိမ့္မည္။
ခ်န္းက်င္းကေတာ့ မိမိ၏ႏွလံုးသားတစ္ခုလံုး ေအာက္ျပဳတ္က်သြားသလိုခံစားရကာ စိတ္႐ႈပ္ေထြးေနေတာ့၏။
မွတ္ဉာဏ္ေတြေပ်ာက္သြားတယ္!? ဒါဆို သူတို႔ကြာ႐ွင္းမယ့္အေၾကာင္းကိုပါ ေမ့သြားမွာလား!?
သူအႀကီးအက်ယ္ေနာင္တရေနတာကို ဘုရားသခင္က သိသြားလို႔မ်ား သူ႔ကို အခြင့္အေရးေပးေနတာလား?
သတင္းေကာင္းၾကားရၿပီးသည့္ေနာက္ အခန္းနားတြင္ ေဝ့ဝဲေနေသာ လူအုပ္ႀကီးသည္ တျဖည္းျဖည္း က်ဲသြားေလေတာ့သည္။ ဗို္လ္ခ်ဳပ္ႀကီးေမာ္စူးက မျပန္ခင္ ခ်န္းက်င္းအား ႏႈတ္ဆက္၏။ လမ္းပိတ္ေနေသာ လူအုပ္ႀကီးမ႐ွိေတာ့သည့္အခါမွ ခ်န္းက်င္းသည္ တာဝန္႐ွိသူ၏အနားသို႔သြားရန္ အခြင့္အေရးရသြားေလသည္။
“ခြင့္ျပဳပါ ကြၽန္ေတာ္ သူ႔ကိုအခုေတြ႔လို႔ရမလား?”
ေဆးရံုအုပ္ႀကီးက သူမည္သူမွန္း မသိသျဖင့္ ေမးလာ၏။
“မင္းက…”
အဖြားျဖစ္သူက အခုထိ သူ၏ေနာက္တြင္ထိုင္ေနလ်က္႐ွိကာ ခ်န္းက်င္းအား တိတ္တဆိတ္စိုက္ၾကည့္လို႔ေနသည္။ ၎က သူ႔အားအေတာ္ေလးေနရခက္ေစသည္ပင္။ သို႔ေသာ္ သူက အဖြား၏အၾကည့္ကိုလ်စ္လ်ဴ႐ႈလိုက္ၿပီး ပံုမွန္အသံျဖစ္ေအာင္ ႀကိဳးစားကာေျဖလိုက္၏။
“ကြၽန္ေတာ္က လုေထာင္ရဲ႕အမ်ိဳးသားပါ”
ေဆးရံုအုပ္ႀကီးက ျပံဳးျပံဳးရႊင္ရႊင္ျဖင့္ ဆိုလာသည္။
“ ဒါေပါ့ ရပါတယ္ ဝင္ၾကည့္လိုက္ပါ ။ ဒါေပမဲ့ သူကအခုထိ ICU ထဲမွာ႐ွိေနတုန္းဆိုေတာ့ မွန္ကေနတဆင့္ပဲ သူ႔ကိုၾကည့္ႏိုင္ပါလိမ့္မယ္။ သူ႔မ်က္ႏွာေတာ့ ျမင္ရမွာမဟုတ္ေလာက္ဘူး ”
ICU ပံု
ခ်န္းက်င္းက အေလာတႀကီးဆိုေလသည္။ သူ႔အသံတို႔က တုန္ရီေနလ်က္။
“ကိစၥမ႐ွိပါဘူး သူ႔ကိုေတြ႔ရရင္ပဲ ရပါၿပီ”
“ဒါဆိုလည္း ကြၽန္ေတာ္နဲ႔အတူသြားတာေပါ့။ အဖြားေရာ လိုက္မယ္မလား ?”
အဖြားျဖစ္သူက ခ်က္ခ်င္းပင္ေခါင္းၿငိမ့္လိုက္ေတာ့ ခ်န္းက်င္းကလည္း ကပ်ာကယာဆိုလာေလသည္။
“ ကြၽန္ေတာ္ အဖြားကို ဝွီးခ်ဲလ္တြန္းေပးပါ့မယ္ ”
အဖြားက သူ႔ကိုတစ္ခ်က္ၾကည့္လာရင္း ေအးစက္စြာျဖင့္ ျပန္ေျဖ၏။
“ မလိုဘူး ကိုယ့္ကိုယ္အလုပ္႐ႈပ္ခံမေနနဲ႔ ”
ေျပာရင္းဆိုရင္းပင္ သူမသည္ အလိုအေလ်ာက္ေမာင္းႏွင္ခလုတ္ကို ႏွိပ္ကာ ေဆးရံုအုပ္၏ေနာက္ကို လိုက္သြားေလေတာ့သည္။ ခဏေလာက္ေစာင့္ၿပီးခါမွ ခ်န္းက်င္းသည္ ၎တို႔အေနာက္ကို လိုက္သြားလိုက္၏။ အဖြားက သူႏွင့္အတူ တြဲေလွ်ာက္မေနခ်င္ေသာေၾကာင့္ပင္။
စစ္တပ္ဌာနခ်ဳပ္ေဆးရံုသည္ကား ဤကမာၻေပၚတြင္ အေကာင္းဆံုးေသာ ေဆးရံုျဖစ္သည့္အေလ်ာက္ ေခတ္မီေဆးပညာသံုး ပစၥည္းကိရိယာမ်ားႏွင့္ ေထာက္ပံ့မႈ အလံုအေလာက္႐ွိေလ၏။ တိတ္ဆိတ္လြန္းသည့္ ေကာ္ရစ္တာကို ျဖတ္ေလွ်ာက္လာခဲ့အၿပီးမွာေတာ့ ICU အခန္းေ႐ွ႕ကို ေရာက္လာခဲ့ၿပီျဖစ္ကာ ျပတင္းေပါက္မွန္မွတဆင့္ ေဆးရံုအိပ္ရာေပၚတြင္ လဲေလ်ာင္းေနသည့္ အၾကင္သူကို ျမင္ခဲ့ရၿပီျဖစ္သည္။
ယခုေတာ့ ထူးခြၽန္လွပါသည္ဆိုသည့္ ထိုအမ်ိဳးသားသည္ ေဆးရံုအိပ္ရာေပၚတြင္ သတိေမ့ေနကာ သူ၏ေခါင္းေပၚတြင္လည္း မ်ားစြာေသာပိုက္ႁပြန္မ်ားကို ထိုးစိုက္ခံထားရေသးေလသည္။ ထိုကဲ့သို႔ေသာ ရင္ကြဲဖြယ္ျမင္ကြင္းကို ျမင္ရသည့္အခါ အဖြားသည္ ဘယ္လိုမွပင္ ဆက္၍မၾကည့္ႏိုင္ေတာ့ေပ။
သူမ၏မ်က္ဝန္းမ်ားသည္ကား ခ်န္းက်င္းအတြက္ဆိုလွ်င္ အလိုမက်မႈမ်ားႏွင့္ ဖံုးလႊမ္းလို႔ေနတတ္ၿပီး ေျမးျဖစ္သူအတြက္ဆိုလွ်င္ေတာ့ ေမတၱာရိပ္မ်ားႏွင့္ ျပည့္ႏွက္လို႔ေနေလသည္။ ကံမေကာင္းစြာပင္ အလုပ္မလုပ္ႏိုင္သည့္ သူမ၏ေျခေထာက္မ်ားေၾကာင့္ သူမသည္ မတ္မတ္မရပ္ႏိုင္ခဲ့။ ထို႔ေၾကာင့္ တစ္ဝက္တစ္ပ်က္ႏွင့္ ေအာက္သို႔လဲက်သြားခဲ့ေလသည္။ ခ်န္းက်င္းက သူမကိုကပ်ာကယာထူေပးရင္း ႏူးညံ့စြာ ဆို၏။
“ဂ႐ုစိုက္ေနာ္”
အဖြားက သူ၏လက္ကို ပုတ္ခါလိုက္ကာ ခပ္တန္းတန္းေျပာလာသည္။
“မင္းကူညီဖို႔ မလိုဘူး”
သူမ၏စကားလံုးမ်ားက ဓားထက္ထက္တစ္လက္ႏွင့္ မႊန္းေနသလိုမ်ိဳးပင္။ ခ်န္းက်င္း၏ ႏွလံုးသားကို တဆစ္ဆစ္နာက်င္လာေစ၏။ အဖြားျဖစ္သူ၏ သူ႔ကိုေရာဂါကပ္ဆိုးတစ္ခုလို ေ႐ွာင္ၾကဥ္ပံု၊ အမ်ိဳးသားျဖစ္သူ၏ သူ႔အေပၚဆက္ဆံသည့္ အျပဳအမူတို႔ကို ေတြးမိေသာအခါ ခ်န္းက်င္းသည္ ပိုလို႔ပင္ဝမ္းနည္းလာရသည္။ ထို႔ေၾကာင့္ သူ၏လက္ကိုေျဖေလ်ာ့လိုက္ကာ ဖြဖြေလးဆိုလာေလ၏။
“အဖြားလဲက်သြားတာကို ကြၽန္ေတာ္ ဒီတိုင္းၾကည့္မေနႏိုင္လို႔ပါ။ တျခားမေကာင္းတဲ့ရည္ရြယ္ခ်က္မ်ိဳး မ႐ွိပါဘူး ”
သူ႔စကားကိုၾကားေတာ့ အဖြားက တစ္ခ်က္ေလွာင္ရယ္ေလသည္။
“မင္းမွာက မေကာင္းတဲ့ရည္ရြယ္ခ်က္ေတြ အမ်ားႀကီး႐ွိခဲ့တာေလ။ ဘယ္တုန္းက ေကာင္းခဲ့ဖူးလို႔လဲ”
သူမသည္ ဘာသာအားတင္းကာ ေျမးျဖစ္သူကို အခ်ိန္အေတာ္ၾကာ ၾကည့္ေနခဲ့ေလသည္။ သို႔ေသာ္ လုေထာင္က အခုထိ ႏိုးလာဖို႔ အရိပ္အေယာင္မေပၚေသးေသာေၾကာင့္ ဝွီးခ်ဲလ္ေပၚျပန္ထိုင္ကာ ခ်န္းက်င္းအား ခနဲ႔ျပန္၏။
“ အခုေရာ ဘာအတြက္ ဟန္ေဆာင္ေနျပန္တာလဲ ? လူေတြမင္းအေပၚ အျမင္ေျပာင္းေအာင္လို႔လား!? ေ႐ွးစကားလိုပဲ " ေတာင္ေတြ ျမစ္ေတြကိုသာ ျပဳျပင္ေျပာင္းလဲဖို႔လြယ္မယ္ လူတစ္ေယာက္ရဲ႕ဗီဇကို ေျပာင္းလို႔မရဘူး " တဲ့။ မင္းက ဘယ္ေတာ့မွ အဲ့ဒီမေကာင္းစိတ္ကို ျပင္ႏိုင္မွာမဟုတ္ဘူး! လိုခ်င္တာဘာမဆို အတင္းအၾကပ္ယူတတ္တဲ့ မင္းလိုလူစားမ်ိဳးေတြက ငရဲလိုကမာၻမ်ိဳးဆီ ႏွင္ထုတ္ခံရသင့္တာ ”
ခ်န္းက်င္း၏ မ်က္ႏွာတစ္ခုလံုးလည္း ျဖဴေဖ်ာ့လို႔ေနေလသည္။ သူမ၏စကားလံုးတစ္လံုးခ်င္းစီက သူ၏ႏွလံုးသားကို ထိုးဆြေနသလိုပါပင္။ သူဆက္၍မေတာင့္ခံႏိုင္ေတာ့။
သူအသက္ ၁၇ ႏွစ္အရြယ္တုန္းက လုေထာင္ကိုေတြ႔ခဲ့ကာ ျမင္ျမင္ခ်င္းခ်စ္ခဲ့မိျခင္း ျဖစ္ေပသည္။ ထိုအခါက လုေထာင္မွာ ၂၁ ႏွစ္႐ွိေနၿပီျဖစ္၏။ တစ္ဖက္လူ၏ အားနည္းခ်က္ကို အသံုးခ်လ်က္ သူ႔ကိုလက္ထပ္ေစရန္ ဖိအားေပးခဲ့မိသည္။ ထို႔ေနာက္ ႏွစ္အေတာ္ၾကာ (လုေထာင္ကေျပး သူကလိုက္ ႏွင့္) ေျပးတမ္းလိုက္တမ္းကစားပြဲအၿပီးတြင္ သူဘာလိုခ်င္သလဲဆိုသည္ကို သေဘာေပါက္လို႔သြားခဲ့ေလသည္။
သူတို႔၏အိမ္ေထာင္ေရးက ေပ်ာ္ရႊင္စရာလည္းမ႐ွိ၊ ေအးစက္ေျခာက္ကပ္ေနေသာ္ျငား အခ်င္းခ်င္းႏွီးေႏွာဆက္ဆံလိုက္ပါက တစ္ဖက္လူ၏အခ်စ္ကို ရႏိုင္ေလာက္သည္ဟု သူေတြးခဲ့မိျခင္းပင္။ သို႔ေသာ္ သူ၏အမ်ိဳးသားျဖစ္သူက သူျဖားေယာင္းၿပီးေနာက္ေန႔မွာပင္ ခ်က္ခ်င္းလက္ငင္း စစ္ေျမျပင္ဆီသြားမယ္လို႔ မည္သူကထင္ခဲ့မွာတဲ့လဲ။ အားလပ္ရက္ျပန္လာလွ်င္ေတာင္မွ လုေထာင္သည္ သူ႔အနားကိုမကပ္ ခပ္ခြာခြာေနကာ အျမဲေအးတိေအးစက္ ဆက္ဆံခဲ့သည္ပင္။
ထို႔ေၾကာင့္ သူသည္ နည္းလမ္းအမ်ိဳးမ်ိဳးသံုး အၾကံေပါင္းစံုထုတ္ကာ ဇာတ္လမ္းခင္းခဲ့ဖူးသည္။ သို႔ေသာ္ ထိုသို႔လုပ္ျခင္းက လုေထာင္ကို သူ႔ဆီမွ ပို၍ ပို၍ ေဝးသြားေစေလသည္။ မိမိလုပ္ရပ္မ်ားကို ေနာင္တရၿပီး ကိုယ့္ကိုယ္ေျပာင္းလဲဖို႔ စတင္ခါမွ သူ႔အတြက္ အခြင့္အေရးကို ဆံုး႐ွံုးလိုက္ရ၏။
“ သူမွတ္ဉာဏ္ေတြေပ်ာက္သြားတယ္လို႔ ၾကားေတာ့ မင္းေပ်ာ္ေနတယ္မလား ဟမ္? ဒီအတိတ္ေမ့ေနတဲ့ကာလအတြင္း သူ႔ကိုဆြဲေဆာင္ဖို႔ၾကံေနရင္ေတာ့ ငါေျပာလိုက္မယ္ေနာ္ မင္းေအာင္ျမင္မွာမဟုတ္ဘူး။ ငါ့ရဲ႕ေျမးေလးက စိတ္ထားေကာင္းတဲ့ကေလးေတြကိုပဲ သေဘာက်တာ။ အရင္ကေတာင္ သူကမင္းလိုအက်င့္ယုတ္တဲ့လူမ်ိဳးအေပၚ နည္းနည္းေလးမွ စိတ္ဝင္စားခဲ့ဖူးတာမဟုတ္ဘူး !”
အျပင္လူေတြ႐ွိေနသည္ကို နည္းနည္းမွ်ဂ႐ုမစိုက္ဘဲ အဖြား၏အသံက တျဖည္းျဖည္း က်ယ္ေလာင္လာေလသည္။ သူမက ခ်န္းက်င္းကို စိုက္ၾကည့္ရင္း စကားလံုးတစ္လံုးခ်င္းစီကို အံႀကိတ္ကာေျပာလိုက္၏။
“ မင္းတို႔ကြာ႐ွင္းမယ့္ေန႔ကို ငါေစာင့္ေမွ်ာ္ေနမယ္ ”
ခ်န္းက်င္းသည္ ဆိတ္ဆိတ္ေနလ်က္ အဖြားအား သူ႔ကိုဆက္ေလွာင္ခြင့္ေပးထားလိုက္သည္။ သူမစကားအားလံုးေျပာၿပီးသြားခါမွ သူကဆိုေလ၏။
“ဘာပဲေျပာေျပာ ကြၽန္ေတာ္က အခုထိ သူ႔ရဲ႕တရားဝင္အမ်ိဳးသားေလ ဟုတ္တယ္မလား? ”
ေဆးရံုအိပ္ရာေပၚတြင္ လဲေလ်ာင္းေနသည့္ လုေထာင္ကိုၾကည့္ရင္း သူကထပ္ေျပာလာသည္။
“ဒါေၾကာင့္ သူ႔ရဲ႕အမ်ိဳးသားအေနနဲ႔ သူမွတ္ဉာဏ္ေတြျပန္ရတဲ့အခ်ိန္ထိ အနားမွာေနၿပီး ေစာင့္ေ႐ွာက္ေပးပါရေစ ”
TN : တကယ္ေတာ့ ဒီဟာကို romance fantasy type မို႔ ေပါ့ေပါ့ပါးပါးေလးဆိုၿပီး ျပန္လိုက္တာ။ ဟိုတစ္ေန႔က website ထဲ ေသခ်ာျပန္ၾကည့္မိမွ smut ပါမွန္းသိ။ mature content လည္း ျပန္ထည့္ေပးထားၿပီးသားဆိုေပမဲ့ တကယ္လို႔ေ႐ွ႕ေလွ်ာက္ 18+scene ေတြပါလာခဲ့သည္႐ွိေသာ္ warning တပ္ေပးပါ့မယ္ အလြယ္တကူ႐ွာလို႔ရေအာင္လို႔:3