မျက်လုံးဖွင့်ဖွင့်ခြင်း ကိုကိုးမျက်နှာလေးမြင်ရမယ်ထင်ထားပေမယ့် ဘေးမှာနေရာယူထားတာက ဖက်လုံးတစ်လုံးသာ ။
" ကိုကိုးကလဲ အတူတူ မရှိပေးဘူး "
ခြုံထားတဲ့စောင်ကိုဖယ်ပြီး ကုတင်ပေါ်က ဆင်းမည်ပြုစဉ် တစ်ခုသတိထားမိလိုက်သည် ။
" အားးး ကုတင်က အိ နေတာပဲ ကျုပ် တစ်ညလုံး ဒီမှာ အိပ်ခဲ့တာပဲ ညက ကိုကိုးကြောင့် သတိမထားမိတာ "
ပါးစပ်ကလဲပြော ခန္ဓာကိုယ်ကလဲ မွေ့ယာပေါ်မှာ ကြွလိုက် ထိုက်လိုက် လုပ်ပြီး ဆော့နေသေးသည် ။ နောက်ပြီးမှ အောက်ထပ်ကို ဆင်းလာတော့ လှေကားပေါ်က ရတဲ့ အနံ့မွှေးမွှေး ။
အထွန်း မျက်လုံးနှစ်ဖက်လုံးကို ပွတ်ပြီး လမ်းလျှောက်နေချိန်
" အမလေး ဖလမ စပကြီး "
" ဂျစ်တူးရယ် ရှေ့ကိုကြည့်ပြီးလျှောက်လေ ကိုယ်လာတာတောင် မတွေ့ဘူး "
" ကိုကိုးကလဲ ကျုပ်က မျက်လုံးကို ပွတ်နေတာ ကိုကိုးက ရှောင်ပါလားလို့ "
" အမလေး ဟုတ်ပါပြီဗျာ ကိုယ့်အမှားပါ "
" ဟီးး "
ကိုကိုးက ကိုယ်လေးကိုင်းပြီး အထွန်းမျက်နှာလေးနားကပ်ကာ
" မျက်နှာလဲ မသစ်ရသေးဘူး "
" အာ ဟုတ်သားပဲ ကျုပ် မျက်နှာသွားသစ်ဦးမယ် "
ပါးလေးနှစ်ဖက်ကို လက်နဲ့အုပ်ကာ အော်ပြီး အပေါ်ပြန်ပြေးတက်သွားတဲ့ ဂျစ်တူး ။ ဘဝရဲ့လက်ကျန်အချိန်တွေကို ဒီလိုအခိုက်အတန့်လေးတွေနဲ့ပဲ ကုန်ဆုံးချင်ပါတယ် ။
မဟာလဲ မီးဖိုချောင်ထဲပြန်ဝင်ပြီး ဝက်ပေါက်ခြောက်ကြော်နဲ့စားရန် ပေါင်မုန့် ၊ ကြက်ဥ တို့ကိုပြင်ဆင်နေလိုက်သည် ။
" အိမ်ရှင်မကြီးပေါ့လေ "
အသံကြားလို့ လှည့်ကြည့်တော့ သော် ။
" အင်း နိုးပြီလား ဟိုကောင်တွေရော မနိုးသေးရင် နှိုးလိုက်ပါဦး "
" လာမှာပါ "
" နွားနို့လား ကော်ဖီလား "
" ငါ နွားနို့သောက်တာ မြင်ဖူးမိလို့လား "
" ကော်ဖီဖျော်လိုက်မယ် "
မဟာ စကား စ ဖြတ်ပြီး ကော်ဖီ ၃ ခွက် ဖျော်ထားလိုက်သည် ။ နောက်ကျောတကယ်မလုံပေ ။ သော် သူ့ကို ထိုင်ကြည့်နေတာများလား ။ မဖြစ်နိုင်ပါဘူးလေ ။ သော် က အဲ့လိုမှ မဟုတ်တာ ။
" ငါမေးစရာရှိတယ် "
" အင်း ပြောလေ "
" မဟာအာကာက ယောကျာ်းလေးတွေကိုကြိုက်တာမဟုတ်ဘဲ ငါ့ကိုပဲ သဘောကျမိတာလို့ထင်ခဲ့တာ အဲ့တာ အမှန်မဟုတ်ဘူးလား "
မဟာ သော့်နားကို လျှောက်သွားပြီး ကော်ဖီခွက်ကို သော့်ရှေ့ချပေးရင်း သော့်မျက်လုံးကို တည့်တည့်မတ်မတ်ကြည့်ကာ
" ဟုတ်တယ် ငါက မင်းကိုပဲသဘောကျခဲ့တာ မဟုတ်ဘူး ငါကိုယ်က ယောကျာ်းလေးတွေကိုပဲ သဘောကျတာ "
" ဟ အစောကြီးတွေ နိုးကြပါလား "
မီးဖိုခန်းထဲဝင်လာတဲ့ သျှမ်း ကြောင့် စကား စ ပြတ်သွားခဲ့သည်ကို မဟာ ကျေးဇူးတင်မဆုံး ။ ခဏနေတော့
" ကိုကိုး "
" ဂျစ်တူး လာ ထိုင် မနက်စာ အဆင်သင့်ပဲ "
" ဝိုး မဟာအာကာတို့က ခုထဲက အပိုးကျိုးနေရောပဲ "
" ဟေ့ကောင် ပါးစပ်ပိတ်ထားစမ်း စားစရာရှိတာစား ထူးမောင်ရော "
" လာလိမ့်မယ် ရေတစ်ခါတည်းချိုးနေတာ "
" အေးအေး "
မဟာ ဝင်ထိုင်လိုက်တဲ့နေရာက သော် နဲ့ မျက်နှာချင်းဆိုင် ခုံ ။ မဟာ့ဘေးမှာ ဂျစ်တူး ။ ဂျစ်တူးနဲ့မျက်နှာချင်းဆိုင်မှာ သျှမ်း အသီးသီးထိုင်ပြီး မနက်စာ စ စားကြရောပေါ့ ။
" ဟေ့ကောင်တွေ ငါ့တောင် မစောင့်ဘူး "
" ထိုင်ပါကွာ စောင့်ရင်းစားနေတာ "
စားပွဲရဲ့ထိပ်ဆုံးမှာ ထူးမောင် က ဝင်ထိုင်သည် ။
" ဂျစ်တူး ဒါ ကိုယ့်သူငယ်ချင်းပဲ ထူးမောင် တဲ့ "
" ဟုတ် ဗျ ကျုပ်က အထွန်းပါ "
" ကြားဖူးနေပါတယ် ချစ်စရာကလေးလေးပဲ "
ထူးမောင်က ကိုင်ထားတဲ့ဇွန်းကိုချပြီး ဂျစ်တူးရဲ့ အုန်းမုတ်ခွက် ဆံပင်ကို လှမ်း ဖွ သည် ။
" ထူးမောင် မလုပ်နဲ့ကွ "
မဟာ ရုတ်တရက် ထ အော် လိုက်မိခြင်းပင် ။
" အမလေး ဒေါက်တာရယ် လိပ်ပြာတောင်လွင့်တော့မယ် ဖြေးဖြေးပြောပါ ကပ်စေးနဲချက်ကလဲ "
" ဆောရီး "
" တော်ပါ အချစ်မရှိတဲ့ငါတို့ကပဲ နားလည်ပေးရမှာပေါ့ ဒါနဲ့ မင်းတို့ဘယ်ချိန်ထွက်မှာလဲ "
" ၂ နာရီလောက် ထွက်မယ် "
" အဆင်ပြေသားပဲ သျှမ်း မင်းရော "
" ငါတော့ ခဏနေ လစ်မယ် သော်ကြီး နဲ့ အတူ "
" ဪ အေးအေး မဟာ ငါမှာစရာတွေရှိသေးတယ် ပြီးရင် စကားပြောရအောင် "
" အေးအေး "
မဟာ ထူးမောင်ကိုလှမ်းကြည့်တော့ အထွန်း ကို မသိစေချင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့မို့ တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည် ။
__________________________________________
အပေါ်ထပ် လေသာဆောင်
" ပြော ထူးမောင် "
" မင်းဖားသားကြီး မင်းကို အသေရှာနေတယ် ငါပြောချင်တာက မင်း တရားရုံးမှာ လက်မှတ်ထိုးထားရင် ပိုစိတ်ချရမယ် "
" အင်း ငါ တွေးထားပါတယ် "
" အေး ပြီးတော့ မင်းတို့သွားမယ့်နေရာ ဘယ်သူမှ မသိနိုင်ဘူးဆိုပေမယ့် မင်းဖားသားကြီး အရှိန်အဝါနဲ့ တစ်ချိန်ချိန်သိသွားနိုင်တယ် အဲ့အတွက် ငါ ဒုတိယနေရာတစ်ခုစီစဉ်ပေးထားတယ် လိပ်စာကို မေးလ်ကနေ ပို့ထားတယ် နောက်ပြီး ဒါ "
ထူးမောင် လှမ်းပေးတဲ့ ATM Card ။
" ဒါက ဘာလဲ "
" မင်းမှာ အပြည့်အဝ ရှိတာ ငါသိတယ် ဒါပေမယ့် မတော်လို့ မင်းဖားသားကြီး လက်ချက်မိသွားရင် အရံသုံးရအောင် မင်းလောက်မများလောက်ပေမယ့် သုံးလို့တော့ရမှာပါ "
" ကျေးဇူးပါကွာ "
" လိုလား ဟေ့ကောင် အပိုတွေပြောမနေနဲ့ မင်း ဂျူတီကုတ်ကိုတောင်စွန့်လွှတ်ထားတဲ့ကိစ္စမှာ မင်း ပျော်အောင်နေ မင်း ဘဝကို မင်းစိတ်ကြိုက် ပျော်ပျော်ကြီးဖြတ်သန်း တစ်ခုခုဆို ငါတို့ ၃ ယောက်လုံး မင်းနောက်မှာရှိတယ် ကျန်တာ အများကြီး မတွေးနဲ့ "
ယောကျာ်းလေးတန်မဲ့ ထူးမောင် စကားတွေကြားမှာ မဟာ မျက်ရည်ဝဲမိသည် ။
" အေးပါကွာ ငါ့ရွေးချယ်မှုက ငါ့အတွက် ပျော်ရွှင်မှု အတိ ဖြစ်မှာ "
" ငါတို့သိပါတယ်ကွာ တစ်ခုခုဆို ဖုန်းသာဆက် ဟုတ်ပြီလား "
" အင်း ငါဆက်ပါ့မယ် "
" အိုကေ မဟာ ငါပြောတာမှတ်ထားနော် အများကြီးမတွေးနဲ့ မင်းနေနိုင်သလောက်သာ စိတ်ကြိုက် နေလိုက် "
" အင်း "
ထူးမောင် ထွက်သွားတဲ့အထိ မဟာ လေသာဆောင်မှာ ရပ်နေမိတုန်းပင် ။ တကယ် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်မှာပါနော် ဂျစ်တူး ။
________________________________________
အထွန်း မနက်စာ စားပြီး အခန်းထဲပြန်ဝင်လာကတည်းက ဗိုက်က အောင့်သလိုလိုဖြစ်ပြီး တစ်မျိုးတစ်မည် ခံစားလာရသည် ။ အန်ချင်သလိုလိုနဲ့ ။
" သေပါပြီ ကိုကိုးချက်ပေးတာကောင်းချက်ဆိုပြီး အများကြီး စားလိုက်မိပြီ "
ဗိုက်ကို ကိုင်ကာ မွေ့ယာပေါ်လှဲချရင်း ညည်းနေမိသည် ။
" အားး တကယ် နာတာ ဟ "
တံခါးဖွင့်သံကြောင့် နာတာရော ညည်းတာရော ရပ်လိုက်မိသည် ။
" ဂျစ်တူး "
" ဗျာ "
" ကိုယ်တို့ သွားစရာရှိတယ် "
" ဟုတ် "
" ဂျစ်တူးက ဘာမှလဲ ပါမလာတော့ သိမ်းစရာသိပ်မရှိပါဘူး နေ့လည်ကျ သွားမယ်နော် "
" ဘယ်ကိုလဲ ဟင် "
ကုတင်ပေါ်မှာ ထိုင်နေတဲ့ ဂျစ်တူး ရဲ့ အုန်းမုတ်ခွက်ဆံပင်လေးနဲ့ မဟာ့နှာခေါင်းလေးနစ်တဲ့အထိ ဖိကပ်နမ်းလိုက်ပြီး
" ကိုယ့်နောက်သာ လိုက်ခဲ့ပေး အကုန် အဆင်ပြေသွားမှာ "
အသံထွက်မလာပေမယ့် ခေါင်းလေးငြိမ့်လိုက်သည်ကို ခံစားလို့ရသည် ။ ရပါပြီ ကလေးရယ် ။ ကိုယ့်နားမှာပဲနေပေးပြီး ကိုယ့်အရိပ်ကိုပဲ ခိုပါ အဲ့တာဆို ရပါပြီ ။
_________________________________________
အေးရွာ အထွန်းတို့ ဝိုင်း တွင်
" မရွှေ တိတ်စမ်းပါကွာ ကျုပ်တို့လဲ ရှာနေတာပဲကို "
" ဟိုကောင် ပြောချက်အရဆို ကျုပ်သားက ပြန်ပေးဆွဲခံရတာမဟုတ်ဘူးလား TV မှာပြသလို ရောင်းစားခံရရင် ဘယ့်နှယ့်လုပ်မတုန်း အမလေး အရပ်တို့ရေ ကယ်ကြပါဦး ကျုပ်သားလေး ကျုပ်သားလေး "
ဦးထွန်းညို လဲ ဇနီးဖြစ်သူငိုနေပေမယ့် ဘာမှ မတတ်နိုင် ။ မြို့တက်ပြီး ရဲစခန်းအကြောင်းကြားထားပေမယ့် ရဲတွေက ဘာမှလဲမပြော။ မိန်းမခိုးပြေးသည်ဟုသာ ပြောသည် ။ ရွာထဲမှာရော ရွာနီးချုပ်စပ်မှာရော ဘယ်အပျိုမှ မပျောက် ။
" ကျုပ်သားကို ရှာကြပါဦး ရှာကြပါဦးလို့ "
" ရှာနေတာပဲ မရွှေရယ် ကျုပ်လဲ စိတ်ပူတာပေါ့ ကျုပ်သားပဲ "
" ရှင် အမြဲ သူ့ကို ငေါက်ငမ်းနေလို့ ကလေးက ထွက်သွားတာများလား "
" မရွှေ အပိုစကားတွေမပြောစမ်းနဲ့ "
ဦးထွန်းညို ဇနီးသည်ကို အော်ငေါက်လိုက်သော်လည်း ရင်ထဲ ဗလောင်ဆူနေလေသည် ။ တကယ်ပဲ သူ့ကြောင့် သားလေးထွက်ပြေးသွားတာများလားလို့လဲ တွေးနေမိသေးသည် ။ ရင်ထဲ မီးစ ထိုးထည့်ထားသလိုပင် ။
_______________________________________
" ဂျစ်တူးရေ သွားမယ်လေ "
မဟာ ပြင်ဆင်စရာရှိတာ ပြင်ဆင် ၊ လမ်းမှာစားဖို့ မုန့်လုပ် နဲ့ အပေါ်ထပ်အခန်းကို ပြန်တက်လာတော့ ဂျစ်တူးက ဗိုက်လေးကို ဖက်ကာ ကွေးကွေးလေး အိပ်နေသည် ။
နဖူးပေါ်ကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးပြီး ကြည့်နေမိသည် ။ ဒီကလေးက သိပ်ကိုဖြူစင်လွန်းပါတယ် ။
" ကလေးရယ် ကိုယ် ခင်ဗျားလေးကို အရောင်ဆိုးတာ မဟုတ်ပါဘူးနော် ကိုယ့်ရဲ့ အရာရာ နဲ့ ခင်ဗျားလေးကို လှပစေချင်ရုံပါ "
ကုတင်ပေါ်က အကောင်ပေါက်က မနိုးတာကြောင့် ချီပြီး ကားပေါ်တင်ကာ ခါးပတ်ပတ်ပေးပြီး ခေါင်းကို ထိန်းပေးထားရသည် ။ နောက် မဟာ လဲ ပစ္စည်းတွေတင်ပြီး နှစ်ယောက်ကမ္ဘာဆီသို့ ဦးတည်လျက် ။
" ကိုကိုး ကျုပ်ကို သယ်လာရတာလား "
ရန်ကုန်က မထွက်ခင်လေးတင် ဂျစ်တူးက နိုးလာပြီး ကားအပြင်ဘက်ကို ခေါင်းထောင်ကြည့်နေသည် ။
" အင်းပေါ့ မနှိုးချင်လို့လေ "
" နှိုးလိုက်တာ မဟုတ်ဘူး "
" ရပါတယ်ဗျာ "
" ကိုကိုး ကျုပ်တို့ အဆင်ပြေရဲ့လား "
" ပြေတာပေါ့ "
" အင်းပါ "
" နားနေလေ ဂျစ်တူး ကားက အကြာကြီးစီးရဦးမှာ "
ကိုယ်လေးကို လျောချပြီး လက်တစ်ဖက်က မဟာ့ အကျီစလေးကို ကိုင်ကာ ငြိမ်ကျသွားသည် ။ အင်းပေါ့လေ သူလဲ စဉ်းစားစရာတွေများနေမှာ ။ ကျွန်တော်တို့နှစ်ယောက်သိတာ တစ်လ မကျော်သေး ။ ချစ်သူတွေဖြစ်တာဆို ရက်ပိုင်းပဲရှိသေးတယ် ။ ကျွန်တော်သူ့အကြောင်းသိသင့်တာထက် ပိုမသိသေး ။ သူကပိုဆိုးသည် ။ ကျွန်တော့်အကြောင်း ဘာမှ မသိ ။ ဒါပေမယ့်လဲ အခုလို တစ်ယောက်နဲ့တစ်ယောက်မှီခိုပြီး အိမ်ထောင်သည် ဆိုတဲ့ ဘဝ ကို လက်တွဲရင်း သွားနေကြပြီ ။ ကျွန်တော်ကျိန်ပါတယ် အဆင်ပြေသွားမှာပါ ။
" မိုးရေ တက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေး ဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာနေ
ကြာနီတစ်ပွင့် ကြာဖြူတစ်ပွင့်
တဲနဲ့ပဏာတင့်တယ်လို့
ကျောင်းစာတွေအော်ကျက်ရင်းနဲ့
မိအေးနဲ့တို့အဖော်တွေ
ကျောင်းက အပြန် လယ်ကွက်ထဲ
မိုးထဲရေထဲ ပျော်လဲ ပျော်ကြတယ် "
ငြိမ်နေရာကနေ ဘေးကနေ ထ ပြီး သီချင်းအော်ဆိုတဲ့ ဂျစ်တူး ကြောင့် ကျွန်တော်လန့်သွားသည် ။ ကျွန်တော့်အကျီစကိုဆွဲထားတဲ့လက်ကိုလဲ လွှဲဆော့နေသေးသည် ။
" ဂျစ်တူး စိတ်လှုပ်ရှားနေလို့လား "
" ဟုတ်ပါ့ ကျုပ် ဘယ်လိုဖြစ်နေမှန်းမသိလို့ သီချင်း အော်ဆိုကြည့်တာ "
" ကိုယ်လဲဆိုမယ်လေ "
" ကိုကိုးက ကျုပ် ဆိုတဲ့သီချင်းရလို့လား "
" အခုမှ ကြားဖူးတာဗျာ "
" အဲ့တာဆို ဘယ်လိုဆိုမလဲ "
" ဂျစ်တူးကလဲ ကိုယ်တို့ရတဲ့ သီချင်း ရှိတယ်လေ "
နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သံပြိုင်ဆိုလိုက်သည်က
" ရောင်စုံဘော်လုံး ရောင်စုံဘော်လုံး တစ်လုံး ငါးပြား တစ်လုံးငါးပြား ....... "
အဝေးပြေးလမ်းမကြီးထက်မှာ ကားလေးကတစ်ရိပ်ရိပ်ပြေးရင်း ကောင်လေးနှစ်ယောက်ကို လွတ်လပ်တဲ့ဘဝကြီးကို ခေါ်ဆောင်သွားနေသည် ။
မဟာ ဖုန်းပေါ်က နာရီကိုကြည့်မိတော့ ည ၁ နာရီထိုးပြီလေ ။ ဂျစ်တူးကတော့ သီချင်းတွေဆိုလိုက် ၊ ရွာကအကြောင်းတွေပြောလိုက်နဲ့ မောပြီး အိပ်ပျော်နေလေရဲ့ ။ သီချင်းသံတိုးတိုးလေးဖွင့်ထားလိုက်ပြီး ရှေ့ဆက် ခရီးဆီသို့ ။
" ဂျစ်တူး ဂျစ်တူးရေ ထ တော့ နော် "
" အင်း ...... ကိုကိုး "
" အင်း ထ တော့နော် ကိုယ်တို့နေမယ့် နေရာ ရောက်ပြီ "
အထွန်းလဲ ကားပေါ်က ဆင်းပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ စိုက်ခင်းတွေ ပတ်ပတ်လည်ဝိုင်းထားတဲ့ နေရာတစ်ခု ။ ပျဉ်ထောင်အိမ်လေးတစ်လုံးလဲရှိသေးသည် ။ အိမ်ရဲ့ အနောက်ဖက်ကို ကြည့်လိုက်တော့ ကြီးမားလွန်းတဲ့ တောင်တန်းကြီးတွေက နေရာအပြည့်ယူထားသည် ။ မနက်ဝေလီဝေလင်းဖြစ်တဲ့အတွက် မြူအနည်းငယ်ကျနေပြီး လေထုကအစ ကိုယ်ခန္ဓာအတွင်းထိ အေးမြသွားသလို ။
" ဒါ ဒါ ကျုပ်တို့နေရမယ့်နေရာလား "
" ဟုတ်တယ် ကြိုက်လား "
" ကြိုက်တာပေါ့ ဘယ်နေရာကြည့်ကြည့် လှနေရောပဲ "
" ဟုတ်လား ကိုယ်လဲ ဒီနေရာက အရင်က အရမ်းလှတယ်လို့မြင်ဖူးတယ် "
" ဟင် အရင်က အခုက ဘာလို့လဲ "
" အခုက ဂျစ်တူး ရှိနေတာကို ဘယ်ရှူခင်းက မျက်လုံးထဲ ဝင်တော့မှာလဲ "
" အာ ဗျာ တကယ်ပဲ "
ရှေ့ကနေ အရင် ထွက်သွားတဲ့ ခရမ်းချဉ်သီးမျက်နှာနဲ့အထွန်းကို တကယ် သဘောကျမိသည် ။ သူရှက်သွားတာတဲ့ ။
အိမ်ထဲအရင် ခုန်ပေါက်ပြီး ဝင်သွားပြီး အိမ်ပေါက်ဝမှာပဲ ရှိသေးတဲ့ မဟာ့ကို လှမ်းအော်ပြောနေသေးသည် ။
" ကိုကိုး အိမ်က တကယ် လှတယ်နော် အမိုက်ပဲ "
" ဂျစ်တူး အိမ်လောက် မကောင်းမှာစိုးရိမ်နေတာ "
" အသာကြီးပဲ ဒီနေရာက အိမ်ဆိုလို့ အဘနဲ့အမရော အဆင်ပြေရဲ့လားမသိဘူး "
ခုနတင် ပြုံးနေတဲ့မျက်နှာလေး ညှိုးသွားသည် ။ မလုပ်ပါနဲ့ အဲ့လိုမျက်နှာမျိုး ။ ကိုယ် အတ္တကြီးတာမဟုတ်ပေမယ့် ဂျစ်တူး ကို ကိုယ် ပြန်မပေးနိုင်ဘူး ။
" အဆင်ပြေမှာပါ "
" ဟုတ်တယ်နော် ပြေမှာပါ "
မဟာလဲ အထုပ်အပိုးတွေနေရာချပြီး မီးဖိုချောင်ထဲဝင်ကြည့်တော့ အကုန် အစုံအလင်ရှိပါသည် ။ ထမင်းစားဖို့ပြင်ဆင်ရဦးမည် ။ အရီး ပြောတာတော့ အိမ်နဲ့ တစ်ပြလောက်မှာ ဈေးလေးရှိတယ်လို့တော့ပြောသည် ။ သွားကြည့်ရမယ် ။
ဂျစ်တူးကို ဒီနေရာကို ခေါ်လာပြီး ဘယ်သူမှ မနှောက်ယှက်နိုင်အောင် ထားခြင်းပင် ။ တစ်နည်းပြောရရင် ဖွက်ထားတာပေါ့ဗျာ ။ ကျွန်တော့်တို့နှစ်ယောက် ဒီ ကလောမြို့ရဲ့ ရွာသစ်ရွာ မှာ အခြေချပြီး ဘဝ တစ်ခု တည်ထောင်မည်ဟု ဆုံးဖြတ်ထားသည် ။ ကျွန်တော့်အိပ်မက်ပန်းချီကို ဂျစ်တူးလက်နဲ့ ရေးဆွဲဦးမည် ။
" ဂျစ်တူး ဈေးသွားရအောင် "
" ဟုတ် သွားမယ်လေ ဝေးလား "
" ဒီနားတင်ပါ "
" ဟုတ် "
" နေဦး ဂျစ်တူး "
မဟာ လည်ပင်းက မာဖလာကို ချွတ်ကာ ဂျစ်တူး လည်ပင်းမှာ အသေအချာ ပတ်ပေးလိုက်သည် ။
" အပြင်မှာ နည်းနည်းအေးတယ် "
" ဟုတ် "
နှစ်ယောက်သားမြေနီလမ်းလေးအတိုင်း လျှောက်လာပြီး ခေါင်းရွက်သည် ၄ / ၅ သည်လောက်ရှိတဲ့ ဈေး ဟု ခေါ်သော နေရာလေးကို ရောက်လာသည် ။ အသားသည် ရယ်လို့မရှိဘဲ အသီးအရွက် လတ်လတ်ဆတ်ဆတ်များသာ ။ မဟာတို့လဲ အသီးအရွက်အစုံ ဝယ်ပြီး ပြန်လာလိုက်တယ် ။
" ကိုကိုး ဒီကလူတွေက အသား မစားတာလား "
" မဟုတ်ပါဘူး စားကြပါတယ် ရွာမှာလိုပေါ့ အထမ်းသည်တွေလာရောင်းတာ "
" ဪ မသိလို့ ကျုပ်က ခုနက ဈေး ဆိုတော့လေ "
" မနက်ကျမှပဲ အသား ဝယ်ရမှာပဲ "
" ဟုတ်ကဲ့ "
အိမ်ရောက်တော့ မဟာ လဲ ထမင်းအိုးတည် ပြီးတာနဲ့ ထမင်းအအေးခံပြီး အသီးအရွက်နဲ့ကြက်ဥ နဲ့ရောပြီး ထမင်းကြော်ရသည်
ဈေးကပြန်လာကတည်းက မီးဖိုချောင်ရှေ့ခေါက်တုန့်ခေါက်ပြန့်လျှောက်နေတဲ့ ဂျစ်တူး ကို မျက်လုံးချင်းဆုံအောင်ကြည့်လိုက်တော့
" ကိုကိုး ကျုပ်ဘာလုပ်ပေးရမလဲ "
ပါးချိုင့်ခွက်တွေပေါ်တဲ့အထိ ပြုံးပြီး မေးလာသည် ။
" အင်း တစ်ခုလောက်ကူညီပေး "
" ဟုတ် ပြောလေ "
မီးဖိုချောင်ထဲ ခုန်ပေါက်ပြီး ပြေးဝင်လာသေးသည် ။
" အိမ်ရှေ့မှာ သက်တောင့်သက်သာနေပေး အဲ့တာဆို ကိုယ် မပင်ပန်းတော့ဘူး "
" ကိုကိုးကလဲ "
အောက်နှုတ်ခမ်းတစ်ခုထဲကို ရှေ့ကို ထှော်ပြီး အသည်းယားစရာပုံစံလာလုပ်ပြနေသည် ။
" ကိုကိုးက မလဲ နဲ့ သွား အိမ်ရှေ့ကို "
" ပြီးရော ပြီးရော သူပင်ပန်းမှာဆိုးလို့ကို "
အိမ်ရှေ့ကို ပွစိပွစိပြောပြီး ထွက်သွားလေရဲ့ ။ ဟုတ်ပါတယ် အမှန်တော့ မဟာ ပစ်လဲချင်လောက်အောင် ပင်ပန်းနေတာပါ ။ တ၏်ညလုံးမအိပ်ရသေးတဲ့အပြင်အခုလဲ ထမင်းဟင်းချက်နေရသေးသည်။ အရီးဆီက အပြောနဲ့ သင်ထားပေမယ့် မီးမွှေးတာကစလို့ တကယ် မလွယ်တဲ့အလုပ်ပဲ ။
ဒါပေမယ့်လဲ အိမ်ရှေ့မှာထိုင်ပြီး ပွစိပွစိလုပ်ကာ နှုတ်ခမ်းထော်နေမယ့် ဂျစ်တူး ပင်ပန်းရင် ကိုယ် ပင်ပန်းရတာထက် အဆသောင်းပေါင်းများစွာ ပင်ပန်းတာမို့ ကိုယ့်ဘာသာပဲ အကုန် လုပ်ဖို့ ဆုံးဖြတ်ထားခြင်းပင် ။
ကျွန်တော်လျှောက်လှမ်းနေတာ ဝင်္ကပါထဲမှာဆိုရင်တောင် ဂျစ်တူး လက်ကို ဆွဲထားတဲ့အတွက် ဒီနေရာက သုခဘုံပါပဲ ။ နောင်တတရားမရှိဘူး ။ အကြောက်တရားမရှိဘူး ။ စိုးရိမ်ပူပန်မှုတွေမရှိဘူး ဒီနေရာက ကျွန်တော်ပိုင်တဲ့ အထွန်းရဲ့ ငြိမ်းချမ်းရာကလွဲရင် တခြားမရှိ ။ အရင်ကတော့ ကျွန်တော်ဟာ ရှေ့ဖြစ်ဟောဆရာတစ်ယောက်မဟုတ်လို့ အနာဂတ်ဟာဘာလဲ မသိပေမယ့် အခုတော့ ကျွန်တော့်အနာဂတ် က အထွန်း ပါပဲ ။ ရှေ့ဖြစ်ဟောဆရာဖြစ်လာတာမဟုတ်ပေမယ့် ကျွန်တော်ပိုင်တဲ့ အလင်းတန်းလေးက နှလုံးသားဖန်အိမ်ငယ်မှာ သန္ဓေတည်ခဲ့ပြီမို့ပါ ။
ကံကြမ္မာရေ ငါဆိုတဲ့ မဟာအာကာ က မင်းကို စိန်ခေါ်တယ်သိလား ငါ့အချစ်နဲ့ အထွန်း ကို လောင်းကြေးထပ်မယ် ငါသစ္စာမဲ့ခဲ့ရင် ငါရှုံးပါစေ ကွာ ။
ကျွန်တော် မဟာအာကာ က ဒီအချိန်မှာ ကံကြမ္မာရဲ့ အကြီးမားဆုံး ဖဲချပ်ကို မေ့လျော့နေခဲ့သည်မှာ ဝန်ခံရပေလိမ့်မည် ။
[အချိန်တွေကြာသွားလို့ အထွန်း ကို မေ့မသွားလောက်ပါဘူးနော် လိုအပ်ချက်တွေရှိရင်လဲ ပြောခဲ့ကြပါဦးနော် ]
Please Vote 💚
(Zawgyi)
မ်က္လုံးဖြင့္ဖြင့္ျခင္း ကိုကိုးမ်က္ႏွာေလးျမင္ရမယ္ထင္ထားေပမယ့္ ေဘးမွာေနရာယူထားတာက ဖက္လုံးတစ္လုံးသာ ။
" ကိုကိုးကလဲ အတူတူ မရွိေပးဘူး "
ၿခဳံထားတဲ့ေစာင္ကိုဖယ္ၿပီး ကုတင္ေပၚက ဆင္းမည္ျပဳစဉ္ တစ္ခုသတိထားမိလိုက္သည္ ။
" အားးး ကုတင္က အိ ေနတာပဲ က်ဳပ္ တစ္ညလုံး ဒီမွာ အိပ္ခဲ့တာပဲ ညက ကိုကိုးေၾကာင့္ သတိမထားမိတာ "
ပါးစပ္ကလဲေျပာ ခႏၶာကိုယ္ကလဲ ေမြ႕ယာေပၚမွာ ႂကြလိုက္ ထိုက္လိုက္ လုပ္ၿပီး ေဆာ့ေနေသးသည္ ။ ေနာက္ၿပီးမွ ေအာက္ထပ္ကို ဆင္းလာေတာ့ ေလွကားေပၚက ရတဲ့ အနံ႔ေမႊးေမႊး ။
အထြန္း မ်က္လုံးႏွစ္ဖက္လုံးကို ပြတ္ၿပီး လမ္းေလွ်ာက္ေနခ်ိန္
" အမေလး ဖလမ စပႀကီး "
" ဂ်စ္တူးရယ္ ေရွ႕ကိုၾကည့္ၿပီးေလွ်ာက္ေလ ကိုယ္လာတာေတာင္ မေတြ႕ဘူး "
" ကိုကိုးကလဲ က်ဳပ္က မ်က္လုံးကို ပြတ္ေနတာ ကိုကိုးက ေရွာင္ပါလားလို႔ "
" အမေလး ဟုတ္ပါၿပီဗ်ာ ကိုယ့္အမွားပါ "
" ဟီးး "
ကိုကိုးက ကိုယ္ေလးကိုင္းၿပီး အထြန္းမ်က္ႏွာေလးနားကပ္ကာ
" မ်က္ႏွာလဲ မသစ္ရေသးဘူး "
" အာ ဟုတ္သားပဲ က်ဳပ္ မ်က္ႏွာသြားသစ္ဦးမယ္ "
ပါးေလးႏွစ္ဖက္ကို လက္နဲ႔အုပ္ကာ ေအာ္ၿပီး အေပၚျပန္ေျပးတက္သြားတဲ့ ဂ်စ္တူး ။ ဘဝရဲ႕လက္က်န္အခ်ိန္ေတြကို ဒီလိုအခိုက္အတန္႔ေလးေတြနဲ႔ပဲ ကုန္ဆုံးခ်င္ပါတယ္ ။
မဟာလဲ မီးဖိုေခ်ာင္ထဲျပန္ဝင္ၿပီး ဝက္ေပါက္ေျခာက္ေၾကာ္နဲ႔စားရန္ ေပါင္မုန္႔ ၊ ၾကက္ဥ တို႔ကိုျပင္ဆင္ေနလိုက္သည္ ။
" အိမ္ရွင္မႀကီးေပါ႔ေလ "
အသံၾကားလို႔ လွည့္ၾကည့္ေတာ့ ေသာ္ ။
" အင္း ႏိုးၿပီလား ဟိုေကာင္ေတြေရာ မႏိုးေသးရင္ ႏႈိးလိုက္ပါဦး "
" လာမွာပါ "
" ႏြားႏို႔လား ေကာ္ဖီလား "
" ငါ ႏြားႏို႔ေသာက္တာ ျမင္ဖူးမိလို႔လား "
" ေကာ္ဖီေဖ်ာ္လိုက္မယ္ "
မဟာ စကား စ ျဖတ္ၿပီး ေကာ္ဖီ ၃ ခြက္ ေဖ်ာ္ထားလိုက္သည္ ။ ေနာက္ေက်ာတကယ္မလုံေပ ။ ေသာ္ သူ့ကို ထိုင္ၾကည့္ေနတာမ်ားလား ။ မျဖစ္ႏိုင္ပါဘူးေလ ။ ေသာ္ က အဲ့လိုမွ မဟုတ္တာ ။
" ငါေမးစရာရွိတယ္ "
" အင္း ေျပာေလ "
" မဟာအာကာက ေယာက်ာ္းေလးေတြကိုႀကိဳက္တာမဟုတ္ဘဲ ငါ႔ကိုပဲ သေဘာက်မိတာလို႔ထင္ခဲ့တာ အဲ့တာ အမွန္မဟုတ္ဘူးလား "
မဟာ ေသာ့္နားကို ေလွ်ာက္သြားၿပီး ေကာ္ဖီခြက္ကို ေသာ့္ေရွ႕ခ်ေပးရင္း ေသာ့္မ်က္လုံးကို တည့္တည့္မတ္မတ္ၾကည့္ကာ
" ဟုတ္တယ္ ငါက မင္းကိုပဲသေဘာက်ခဲ့တာ မဟုတ္ဘူး ငါကိုယ္က ေယာက်ာ္းေလးေတြကိုပဲ သေဘာက်တာ "
" ဟ အေစာႀကီးေတြ ႏိုးၾကပါလား "
မီးဖိုခန္းထဲဝင္လာတဲ့ သွ်မ္း ေၾကာင့္ စကား စ ျပတ္သြားခဲ့သည္ကို မဟာ ေက်းဇူးတင္မဆုံး ။ ခဏေနေတာ့
" ကိုကိုး "
" ဂ်စ္တူး လာ ထိုင္ မနက္စာ အဆင္သင့္ပဲ "
" ဝိုး မဟာအာကာတို႔က ခုထဲက အပိုးက်ိဳးေနေရာပဲ "
" ေဟ့ေကာင္ ပါးစပ္ပိတ္ထားစမ္း စားစရာရွိတာစား ထူးေမာင္ေရာ "
" လာလိမ့္မယ္ ေရတစ္ခါတည္းခ်ိဳးေနတာ "
" ေအးေအး "
မဟာ ဝင္ထိုင္လိုက္တဲ့ေနရာက ေသာ္ နဲ႔ မ်က္ႏွာခ်င္းဆိုင္ ခုံ ။ မဟာ့ေဘးမွာ ဂ်စ္တူး ။ ဂ်စ္တူးနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ သွ်မ္း အသီးသီးထိုင္ၿပီး မနက္စာ စ စားၾကေရာေပါ႔ ။
" ေဟ့ေကာင္ေတြ ငါ႔ေတာင္ မေစာင့္ဘူး "
" ထိုင္ပါကြာ ေစာင့္ရင္းစားေနတာ "
စားပြဲရဲ႕ထိပ္ဆုံးမွာ ထူးေမာင္ က ဝင္ထိုင္သည္ ။
" ဂ်စ္တူး ဒါ ကိုယ့္သူငယ္ခ်င္းပဲ ထူးေမာင္ တဲ့ "
" ဟုတ္ ဗ် က်ဳပ္က အထြန္းပါ "
" ၾကားဖူးေနပါတယ္ ခ်စ္စရာကေလးေလးပဲ "
ထူးေမာင္က ကိုင္ထားတဲ့ဇြန္းကိုခ်ၿပီး ဂ်စ္တူးရဲ႕ အုန္းမုတ္ခြက္ ဆံပင္ကို လွမ္း ဖြ သည္ ။
" ထူးေမာင္ မလုပ္နဲ႔ကြ "
မဟာ ႐ုတ္တရက္ ထ ေအာ္ လိုက္မိျခင္းပင္ ။
" အမေလး ေဒါက္တာရယ္ လိပ္ျပာေတာင္လြင့္ေတာ့မယ္ ေျဖးေျဖးေျပာပါ ကပ္ေစးနဲခ်က္ကလဲ "
" ေဆာရီး "
" ေတာ္ပါ အခ်စ္မရွိတဲ့ငါတို႔ကပဲ နားလည္ေပးရမွာေပါ႔ ဒါနဲ႔ မင္းတို႔ဘယ္ခ်ိန္ထြက္မွာလဲ "
" ၂ နာရီေလာက္ ထြက္မယ္ "
" အဆင္ေျပသားပဲ သွ်မ္း မင္းေရာ "
" ငါေတာ့ ခဏေန လစ္မယ္ ေသာ္ႀကီး နဲ႔ အတူ "
" ဪ ေအးေအး မဟာ ငါမွာစရာေတြရွိေသးတယ္ ၿပီးရင္ စကားေျပာရေအာင္ "
" ေအးေအး "
မဟာ ထူးေမာင္ကိုလွမ္းၾကည့္ေတာ့ အထြန္း ကို မသိေစခ်င္ဘူးဆိုတဲ့ပုံစံမ်ိဳးနဲ႔မို႔ တိုတိုတုတ္တုတ္သာ ျပန္ေျဖလိုက္သည္ ။
__________________________________________
အေပၚထပ္ ေလသာေဆာင္
" ေျပာ ထူးေမာင္ "
" မင္းဖားသားႀကီး မင္းကို အေသရွာေနတယ္ ငါေျပာခ်င္တာက မင္း တရား႐ုံးမွာ လက္မွတ္ထိုးထားရင္ ပိုစိတ္ခ်ရမယ္ "
" အင္း ငါ ေတြးထားပါတယ္ "
" ေအး ၿပီးေတာ့ မင္းတို႔သြားမယ့္ေနရာ ဘယ္သူမွ မသိႏိုင္ဘူးဆိုေပမယ့္ မင္းဖားသားႀကီး အရွိန္အဝါနဲ႔ တစ္ခ်ိန္ခ်ိန္သိသြားႏိုင္တယ္ အဲ့အတြက္ ငါ ဒုတိယေနရာတစ္ခုစီစဉ္ေပးထားတယ္ လိပ္စာကို ေမးလ္ကေန ပို႔ထားတယ္ ေနာက္ၿပီး ဒါ "
ထူးေမာင္ လွမ္းေပးတဲ့ ATM Card ။
" ဒါက ဘာလဲ "
" မင္းမွာ အျပည့္အဝ ရွိတာ ငါသိတယ္ ဒါေပမယ့္ မေတာ္လို႔ မင္းဖားသားႀကီး လက္ခ်က္မိသြားရင္ အရံသုံးရေအာင္ မင္းေလာက္မမ်ားေလာက္ေပမယ့္ သုံးလို႔ေတာ့ရမွာပါ "
" ေက်းဇူးပါကြာ "
" လိုလား ေဟ့ေကာင္ အပိုေတြေျပာမေနနဲ႔ မင္း ဂ်ဴတီကုတ္ကိုေတာင္စြန္႔လႊတ္ထားတဲ့ကိစၥမွာ မင္း ေပ်ာ္ေအာင္ေန မင္း ဘဝကို မင္းစိတ္ႀကိဳက္ ေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္း တစ္ခုခုဆို ငါတို႔ ၃ ေယာက္လုံး မင္းေနာက္မွာရွိတယ္ က်န္တာ အမ်ားႀကီး မေတြးနဲ႔ "
ေယာက်ာ္းေလးတန္မဲ့ ထူးေမာင္ စကားေတြၾကားမွာ မဟာ မ်က္ရည္ဝဲမိသည္ ။
" ေအးပါကြာ ငါ႔ေရြးခ်ယ္မႈက ငါ႔အတြက္ ေပ်ာ္ရႊင္မႈ အတိ ျဖစ္မွာ "
" ငါတို႔သိပါတယ္ကြာ တစ္ခုခုဆို ဖုန္းသာဆက္ ဟုတ္ၿပီလား "
" အင္း ငါဆက္ပါ႔မယ္ "
" အိုေက မဟာ ငါေျပာတာမွတ္ထားေနာ္ အမ်ားႀကီးမေတြးနဲ႔ မင္းေနႏိုင္သေလာက္သာ စိတ္ႀကိဳက္ ေနလိုက္ "
" အင္း "
ထူးေမာင္ ထြက္သြားတဲ့အထိ မဟာ ေလသာေဆာင္မွာ ရပ္ေနမိတုန္းပင္ ။ တကယ္ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္မွာပါေနာ္ ဂ်စ္တူး ။
________________________________________
အထြန္း မနက္စာ စားၿပီး အခန္းထဲျပန္ဝင္လာကတည္းက ဗိုက္က ေအာင့္သလိုလိုျဖစ္ၿပီး တစ္မ်ိဳးတစ္မည္ ခံစားလာရသည္ ။ အန္ခ်င္သလိုလိုနဲ႔ ။
" ေသပါၿပီ ကိုကိုးခ်က္ေပးတာေကာင္းခ်က္ဆိုၿပီး အမ်ားႀကီး စားလိုက္မိၿပီ "
ဗိုက္ကို ကိုင္ကာ ေမြ႕ယာေပၚလွဲခ်ရင္း ညည္းေနမိသည္ ။
" အားး တကယ္ နာတာ ဟ "
တံခါးဖြင့္သံေၾကာင့္ နာတာေရာ ညည္းတာေရာ ရပ္လိုက္မိသည္ ။
" ဂ်စ္တူး "
" ဗ်ာ "
" ကိုယ္တို႔ သြားစရာရွိတယ္ "
" ဟုတ္ "
" ဂ်စ္တူးက ဘာမွလဲ ပါမလာေတာ့ သိမ္းစရာသိပ္မရွိပါဘူး ေန႔လည္က် သြားမယ္ေနာ္ "
" ဘယ္ကိုလဲ ဟင္ "
ကုတင္ေပၚမွာ ထိုင္ေနတဲ့ ဂ်စ္တူး ရဲ႕ အုန္းမုတ္ခြက္ဆံပင္ေလးနဲ႔ မဟာ့ႏွာေခါင္းေလးနစ္တဲ့အထိ ဖိကပ္နမ္းလိုက္ၿပီး
" ကိုယ့္ေနာက္သာ လိုက္ခဲ့ေပး အကုန္ အဆင္ေျပသြားမွာ "
အသံထြက္မလာေပမယ့္ ေခါင္းေလးၿငိမ့္လိုက္သည္ကို ခံစားလို႔ရသည္ ။ ရပါၿပီ ကေလးရယ္ ။ ကိုယ့္နားမွာပဲေနေပးၿပီး ကိုယ့္အရိပ္ကိုပဲ ခိုပါ အဲ့တာဆို ရပါၿပီ ။
_________________________________________
ေအးရြာ အထြန္းတို႔ ဝိုင္း တြင္
" မေရႊ တိတ္စမ္းပါကြာ က်ဳပ္တို႔လဲ ရွာေနတာပဲကို "
" ဟိုေကာင္ ေျပာခ်က္အရဆို က်ဳပ္သားက ျပန္ေပးဆြဲခံရတာမဟုတ္ဘူးလား TV မွာျပသလို ေရာင္းစားခံရရင္ ဘယ့္ႏွယ့္လုပ္မတုန္း အမေလး အရပ္တို႔ေရ ကယ္ၾကပါဦး က်ဳပ္သားေလး က်ဳပ္သားေလး "
ဦးထြန္းညိဳ လဲ ဇနီးျဖစ္သူငိုေနေပမယ့္ ဘာမွ မတတ္ႏိုင္ ။ ၿမိဳ႕တက္ၿပီး ရဲစခန္းအေၾကာင္းၾကားထားေပမယ့္ ရဲေတြက ဘာမွလဲမေျပာ။ မိန္းမခိုးေျပးသည္ဟုသာ ေျပာသည္ ။ ရြာထဲမွာေရာ ရြာနီးခ်ဳပ္စပ္မွာေရာ ဘယ္အပ်ိဳမွ မေပ်ာက္ ။
" က်ဳပ္သားကို ရွာၾကပါဦး ရွာၾကပါဦးလို႔ "
" ရွာေနတာပဲ မေရႊရယ္ က်ဳပ္လဲ စိတ္ပူတာေပါ႔ က်ဳပ္သားပဲ "
" ရွင္ အၿမဲ သူ့ကို ေငါက္ငမ္းေနလို႔ ကေလးက ထြက္သြားတာမ်ားလား "
" မေရႊ အပိုစကားေတြမေျပာစမ္းနဲ႔ "
ဦးထြန္းညိဳ ဇနီးသည္ကို ေအာ္ေငါက္လိုက္ေသာ္လည္း ရင္ထဲ ဗေလာင္ဆူေနေလသည္ ။ တကယ္ပဲ သူ့ေၾကာင့္ သားေလးထြက္ေျပးသြားတာမ်ားလားလို႔လဲ ေတြးေနမိေသးသည္ ။ ရင္ထဲ မီးစ ထိုးထည့္ထားသလိုပင္ ။
_______________________________________
" ဂ်စ္တူးေရ သြားမယ္ေလ "
မဟာ ျပင္ဆင္စရာရွိတာ ျပင္ဆင္ ၊ လမ္းမွာစားဖို႔ မုန္႔လုပ္ နဲ႔ အေပၚထပ္အခန္းကို ျပန္တက္လာေတာ့ ဂ်စ္တူးက ဗိုက္ေလးကို ဖက္ကာ ေကြးေကြးေလး အိပ္ေနသည္ ။
နဖူးေပၚက်ေနတဲ့ဆံပင္ေလးေတြကို သပ္တင္ေပးၿပီး ၾကည့္ေနမိသည္ ။ ဒီကေလးက သိပ္ကိုျဖဴစင္လြန္းပါတယ္ ။
" ကေလးရယ္ ကိုယ္ ခင္ဗ်ားေလးကို အေရာင္ဆိုးတာ မဟုတ္ပါဘူးေနာ္ ကိုယ့္ရဲ႕ အရာရာ နဲ႔ ခင္ဗ်ားေလးကို လွပေစခ်င္႐ုံပါ "
ကုတင္ေပၚက အေကာင္ေပါက္က မႏိုးတာေၾကာင့္ ခ်ီၿပီး ကားေပၚတင္ကာ ခါးပတ္ပတ္ေပးၿပီး ေခါင္းကို ထိန္းေပးထားရသည္ ။ ေနာက္ မဟာ လဲ ပစၥည္းေတြတင္ၿပီး ႏွစ္ေယာက္ကမၻာဆီသို႔ ဦးတည္လ်က္ ။
" ကိုကိုး က်ဳပ္ကို သယ္လာရတာလား "
ရန္ကုန္က မထြက္ခင္ေလးတင္ ဂ်စ္တူးက ႏိုးလာၿပီး ကားအျပင္ဘက္ကို ေခါင္းေထာင္ၾကည့္ေနသည္ ။
" အင္းေပါ႔ မႏႈိးခ်င္လို႔ေလ "
" ႏႈိးလိုက္တာ မဟုတ္ဘူး "
" ရပါတယ္ဗ်ာ "
" ကိုကိုး က်ဳပ္တို႔ အဆင္ေျပရဲ႕လား "
" ေျပတာေပါ႔ "
" အင္းပါ "
" နားေနေလ ဂ်စ္တူး ကားက အၾကာႀကီးစီးရဦးမွာ "
ကိုယ္ေလးကို ေလ်ာခ်ၿပီး လက္တစ္ဖက္က မဟာ့ အက်ီစေလးကို ကိုင္ကာ ၿငိမ္က်သြားသည္ ။ အင္းေပါ႔ေလ သူလဲ စဉ္းစားစရာေတြမ်ားေနမွာ ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္သိတာ တစ္လ မေက်ာ္ေသး ။ ခ်စ္သူေတြျဖစ္တာဆို ရက္ပိုင္းပဲရွိေသးတယ္ ။ ကြၽန္ေတာ္သူ့အေၾကာင္းသိသင့္တာထက္ ပိုမသိေသး ။ သူကပိုဆိုးသည္ ။ ကြၽန္ေတာ့္အေၾကာင္း ဘာမွ မသိ ။ ဒါေပမယ့္လဲ အခုလို တစ္ေယာက္နဲ႔တစ္ေယာက္မွီခိုၿပီး အိမ္ေထာင္သည္ ဆိုတဲ့ ဘဝ ကို လက္တြဲရင္း သြားေနၾကၿပီ ။ ကြၽန္ေတာ္က်ိန္ပါတယ္ အဆင္ေျပသြားမွာပါ ။
" မိုးေရ တက္ေရ တေဖြးေဖြး
ကြင္းက်ယ္ အေဝး ေဝး
လယ္ေစာင့္တဲေလး ေျခတံရွည္
မိုးကုတ္ေအာက္မွာေန
ၾကာနီတစ္ပြင့္ ၾကာျဖဴတစ္ပြင့္
တဲနဲ႔ပဏာတင့္တယ္လို႔
ေက်ာင္းစာေတြေအာ္က်က္ရင္းနဲ႔
မိေအးနဲ႔တို႔အေဖာ္ေတြ
ေက်ာင္းက အျပန္ လယ္ကြက္ထဲ
မိုးထဲေရထဲ ေပ်ာ္လဲ ေပ်ာ္ၾကတယ္ "
ၿငိမ္ေနရာကေန ေဘးကေန ထ ၿပီး သီခ်င္းေအာ္ဆိုတဲ့ ဂ်စ္တူး ေၾကာင့္ ကြၽန္ေတာ္လန္႔သြားသည္ ။ ကြၽန္ေတာ့္အက်ီစကိုဆြဲထားတဲ့လက္ကိုလဲ လႊဲေဆာ့ေနေသးသည္ ။
" ဂ်စ္တူး စိတ္လႈပ္ရွားေနလို႔လား "
" ဟုတ္ပါ႔ က်ဳပ္ ဘယ္လိုျဖစ္ေနမွန္းမသိလို႔ သီခ်င္း ေအာ္ဆိုၾကည့္တာ "
" ကိုယ္လဲဆိုမယ္ေလ "
" ကိုကိုးက က်ဳပ္ ဆိုတဲ့သီခ်င္းရလို႔လား "
" အခုမွ ၾကားဖူးတာဗ်ာ "
" အဲ့တာဆို ဘယ္လိုဆိုမလဲ "
" ဂ်စ္တူးကလဲ ကိုယ္တို႔ရတဲ့ သီခ်င္း ရွိတယ္ေလ "
ႏွစ္ေယာက္သားတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး သံၿပိဳင္ဆိုလိုက္သည္က
" ေရာင္စုံေဘာ္လုံး ေရာင္စုံေဘာ္လုံး တစ္လုံး ငါးျပား တစ္လုံးငါးျပား ....... "
အေဝးေျပးလမ္းမႀကီးထက္မွာ ကားေလးကတစ္ရိပ္ရိပ္ေျပးရင္း ေကာင္ေလးႏွစ္ေယာက္ကို လြတ္လပ္တဲ့ဘဝႀကီးကို ေခၚေဆာင္သြားေနသည္ ။
မဟာ ဖုန္းေပၚက နာရီကိုၾကည့္မိေတာ့ ည ၁ နာရီထိုးၿပီေလ ။ ဂ်စ္တူးကေတာ့ သီခ်င္းေတြဆိုလိုက္ ၊ ရြာကအေၾကာင္းေတြေျပာလိုက္နဲ႔ ေမာၿပီး အိပ္ေပ်ည္ေနေလရဲ႕ ။ သီခ်င္းသံတိုးတိုးေလးဖြင့္ထားလိုက္ၿပီး ေရွ႕ဆက္ ခရီးဆီသို႔ ။
" ဂ်စ္တူး ဂ်စ္တူးေရ ထ ေတာ့ ေနာ္ "
" အင္း ...... ကိုကိုး "
" အင္း ထ ေတာ့ေနာ္ ကိုယ္တို႔ေနမယ့္ ေနရာ ေရာက္ၿပီ "
အထြန္းလဲ ကားေပၚက ဆင္းၿပီး ပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့ စိုက္ခင္းေတြ ပတ္ပတ္လည္ဝိုင္းထားတဲ့ ေနရာတစ္ခု ။ ပ်ဉ္ေထာင္အိမ္ေလးတစ္လုံးလဲရွိေသးသည္ ။ အိမ္ရဲ႕ အေနာက္ဖက္ကို ၾကည့္လိုက္ေတာ့ ႀကီးမားလြန္းတဲ့ ေတာင္တန္းႀကီးေတြက ေနရာအျပည့္ယူထားသည္ ။ မနက္ေဝလီေဝလင္းျဖစ္တဲ့အတြက္ ျမဴအနည္းငယ္က်ေနၿပီး ေလထုကအစ ကိုယ္ခႏၶာအတြင္းထိ ေအးျမသြားသလို ။
" ဒါ ဒါ က်ဳပ္တို႔ေနရမယ့္ေနရာလား "
" ဟုတ္တယ္ ႀကိဳက္လား "
" ႀကိဳက္တာေပါ႔ ဘယ္ေနရာၾကည့္ၾကည့္ လွေနေရာပဲ "
" ဟုတ္လား ကိုယ္လဲ ဒီေနရာက အရင္က အရမ္းလွတယ္လို႔ျမင္ဖူးတယ္ "
" ဟင္ အရင္က အခုက ဘာလို႔လဲ "
" အခုက ဂ်စ္တူး ရွိေနတာကို ဘယ္႐ွဴခင္းက မ်က္လုံးထဲ ဝင္ေတာ့မွာလဲ "
" အာ ဗ်ာ တကယ္ပဲ "
ေရွ႕ကေန အရင္ ထြက္သြားတဲ့ ခရမ္းခ်ဉ္သီးမ်က္ႏွာနဲ႔အထြန္းကို တကယ္ သေဘာက်မိသည္ ။ သူရွက္သြားတာတဲ့ ။
အိမ္ထဲအရင္ ခုန္ေပါက္ၿပီး ဝင္သြားၿပီး အိမ္ေပါက္ဝမွာပဲ ရွိေသးတဲ့ မဟာ့ကို လွမ္းေအာ္ေျပာေနေသးသည္ ။
" ကိုကိုး အိမ္က တကယ္ လွတယ္ေနာ္ အမိုက္ပဲ "
" ဂ်စ္တူး အိမ္ေလာက္ မေကာင္းမွာစိုးရိမ္ေနတာ "
" အသာႀကီးပဲ ဒီေနရာက အိမ္ဆိုလို႔ အဘနဲ႔အမေရာ အဆင္ေျပရဲ႕လားမသိဘူး "
ခုနတင္ ၿပဳံးေနတဲ့မ်က္ႏွာေလး ညႇိဳးသြားသည္ ။ မလုပ္ပါနဲ႔ အဲ့လိုမ်က္ႏွာမ်ိဳး ။ ကိုယ္ အတၱႀကီးတာမဟုတ္ေပမယ့္ ဂ်စ္တူး ကို ကိုယ္ ျပန္မေပးႏိုင္ဘူး ။
" အဆင္ေျပမွာပါ "
" ဟုတ္တယ္ေနာ္ ေျပမွာပါ "
မဟာလဲ အထုပ္အပိုးေတြေနရာခ်ၿပီး မီးဖိုေခ်ာင္ထဲဝင္ၾကည့္ေတာ့ အကုန္ အစုံအလင္ရွိပါသည္ ။ ထမင္းစားဖို႔ျပင္ဆင္ရဦးမည္ ။ အရီး ေျပာတာေတာ့ အိမ္နဲ႔ တစ္ျပေလာက္မွာ ေဈးေလးရွိတယ္လို႔ေတာ့ေျပာသည္ ။ သြားၾကည့္ရမယ္ ။
ဂ်စ္တူးကို ဒီေနရာကို ေခၚလာၿပီး ဘယ္သူမွ မေႏွာက္ယွက္ႏိုင္ေအာင္ ထားျခင္းပင္ ။ တစ္နည္းေျပာရရင္ ဖြက္ထားတာေပါ႔ဗ်ာ ။ ကြၽန္ေတာ့္တို႔ႏွစ္ေယာက္ ဒီ ကေလာၿမိဳ႕ရဲ႕ ရြာသစ္ရြာ မွာ အေျခခ်ၿပီး ဘဝ တစ္ခု တည္ေထာင္မည္ဟု ဆုံးျဖတ္ထားသည္ ။ ကြၽန္ေတာ့္အိပ္မက္ပန္းခ်ီကို ဂ်စ္တူးလက္နဲ႔ ေရးဆြဲဦးမည္ ။
" ဂ်စ္တူး ေဈးသြားရေအာင္ "
" ဟုတ္ သြားမယ္ေလ ေဝးလား "
" ဒီနားတင္ပါ "
" ဟုတ္ "
" ေနဦး ဂ်စ္တူး "
မဟာ လည္ပင္းက မာဖလာကို ခြၽတ္ကာ ဂ်စ္တူး လည္ပင္းမွာ အေသအခ်ာ ပတ္ေပးလိုက္သည္ ။
" အျပင္မွာ နည္းနည္းေအးတယ္ "
" ဟုတ္ "
ႏွစ္ေယာက္သားေျမနီလမ္းေလးအတိုင္း ေလွ်ာက္လာၿပီး ေခါင္းရြက္သည္ ၄ / ၅ သည္ေလာက္ရွိတဲ့ ေဈး ဟု ေခၚေသာ ေနရာေလးကို ေရာက္လာသည္ ။ အသားသည္ ရယ္လို႔မရွိဘဲ အသီးအရြက္ လတ္လတ္ဆတ္ဆတ္မ်ားသာ ။ မဟာတို႔လဲ အသီးအရြက္အစုံ ဝယ္ၿပီး ျပန္လာလိုက္တယ္ ။
" ကိုကိုး ဒီကလူေတြက အသား မစားတာလား "
" မဟုတ္ပါဘူး စားၾကပါတယ္ ရြာမွာလိုေပါ႔ အထမ္းသည္ေတြလာေရာင္းတာ "
" ဪ မသိလို႔ က်ဳပ္က ခုနက ေဈး ဆိုေတာ့ေလ "
" မနက္က်မွပဲ အသား ဝယ္ရမွာပဲ "
" ဟုတ္ကဲ့ "
အိမ္ေရာက္ေတာ့ မဟာ လဲ ထမင္းအိုးတည္ ၿပီးတာနဲ႔ ထမင္းအေအးခံၿပီး အသီးအရြက္နဲ႔ၾကက္ဥ နဲ႔ေရာၿပီး ထမင္းေၾကာ္ရသည္
ေဈးကျပန္လာကတည္းက မီးဖိုေခ်ာင္ေရွ႕ေခါက္တုန္႔ေခါက္ျပန္႔ေလွ်ာက္ေနတဲ့ ဂ်စ္တူး ကို မ်က္လုံးခ်င္းဆုံေအာင္ၾကည့္လိုက္ေတာ့
" ကိုကိုး က်ဳပ္ဘာလုပ္ေပးရမလဲ "
ပါးခ်ိဳင့္ခြက္ေတြေပၚတဲ့အထိ ၿပဳံးၿပီး ေမးလာသည္ ။
" အင္း တစ္ခုေလာက္ကူညီေပး "
" ဟုတ္ ေျပာေလ "
မီးဖိုေခ်ာင္ထဲ ခုန္ေပါက္ၿပီး ေျပးဝင္လာေသးသည္ ။
" အိမ္ေရွ႕မွာ သက္ေတာင့္သက္သာေနေပး အဲ့တာဆို ကိုယ္ မပင္ပန္းေတာ့ဘူး "
" ကိုကိုးကလဲ "
ေအာက္ႏႈတ္ခမ္းတစ္ခုထဲကို ေရွ႕ကို ေထွာ္ၿပီး အသည္းယားစရာပုံစံလာလုပ္ျပေနသည္ ။
" ကိုကိုးက မလဲ နဲ႔ သြား အိမ္ေရွ႕ကို "
" ၿပီးေရာ ၿပီးေရာ သူပင္ပန္းမွာဆိုးလို႔ကို "
အိမ္ေရွ႕ကို ပြစိပြစိေျပာၿပီး ထြက္သြားေလရဲ႕ ။ ဟုတ္ပါတယ္ အမွန္ေတာ့ မဟာ ပစ္လဲခ်င္ေလာက္ေအာင္ ပင္ပန္းေနတာပါ ။ တ၏်ညလုံးမအိပ္ရေသးတဲ့အျပင္အခုလဲ ထမင္းဟင္းခ်က္ေနရေသးသည္။ အရီးဆီက အေျပာနဲ႔ သင္ထားေပမယ့္ မီးေမႊးတာကစလို႔ တကာ္ မလြယ္တဲ့အလုပ္ပဲ ။
ဒါေပမယ့္လဲ အိမ္ေရွ႕မွာထိုင္ၿပီး ပြစိပြစိလုပ္ကာ ႏႈတ္ခမ္းေထာ္ေနမယ့္ ဂ်စ္တူး ပင္ပန္းရင္ ကိုယ္ ပင္ပန္းရတာထက္ အဆေသာင္းေပါင္းမ်ားစြာ ပင္ပန္းတာမို႔ ကိုယ့္ဘာသာပဲ အကုန္ လုပ္ဖို႔ ဆုံးျဖတ္ထားျခင္းပင္ ။
ကြၽန္ေတာ္ေလွ်ာက္လွမ္းေနတာ ဝက္ပါထဲမွာဆိုရင္ေတာင္ ဂ်စ္တူး လက္ကို ဆြဲထားတဲ့အတြက္ ဒီေနရာက သုခဘုံပါပဲ ။ ေနာင္တတရားမရွိဘူး ။ အေၾကာက္တရားမရွိဘူး ။ စိုးရိမ္ပူပန္မႈေတြမရွိဘူး ဒီေနရာက ကြၽန္ေတာ္ပိုင္တဲ့ အထြန္းရဲ႕ ၿငိမ္းခ်မ္းရာကလြဲရင္ တျခားမရွိ ။ အရင္ကေတာ့ ကြၽန္ေတာ္ဟာ ေရွ႕ျဖစ္ေဟာဆရာတစ္ေယာက္မဟုတ္လို႔ အနာဂတ္ဟာဘာလဲ မသိေပမယ့္ အခုေတာ့ ကြၽန္ေတာ့္အနာဂတ္ က အထြန္း ပါပဲ ။ ေရွ႕ျဖစ္ေဟာဆရာျဖစ္လာတာမဟုတ္ေပမယ့္ ကြၽန္ေတာ္ပိုင္တဲ့ အလင္းတန္းေလးက ႏွလုံးသားဖန္အိမ္ငယ္မွာ သေႏၶတည္ခဲ့ၿပီမို႔ပါ ။
ကံၾကမၼာေရ ငါဆိုတဲ့ မဟာအာကာ က မင္းကို စိန္ေခၚတယ္သိလား ငါ႔အခ်စ္နဲ႔ အထြန္း ကို ေလာင္းေၾကးထပ္မယ္ ငါသစၥာမဲ့ခဲ့ရင္ ငါရႈံးပါေစ ကြာ ။
ကြၽန္ေတာ္ မဟာအာကာ က ဒီအခ်ိန္မွာ ကံၾကမၼာရဲ႕ အႀကီးမားဆုံး ဖဲခ်ပ္ကို ေမ့ေလ်ာ့ေနခဲ့သည္မွာ ဝန္ခံရေပလိမ့္မည္ ။
[အခ်ိန္ေတြၾကာသြားလို႔ အထြန္း ကို ေမ့မသြားေလာက္ပါဘူးေနာ္ လိုအပ္ခ်က္ေတြရွိရင္လဲ ေျပာခဲ့ၾကပါဦးေနာ္ ]
Please Vote 💚