အခန္း(၄၅)Ship
ေပြ႔ဖက္ၿပီးေသာအခါ လ်န္ကြၽင္းသည္
႐ွီက်င္းအပူလ်ွပ္မွာစိုးသျဖင့္ ဝက္ဝံဝတ္စုံကို
ခြၽတ္ဖို႔တိုက္တြန္းသည္။႐ွီက်င္းသည္
အရင္ဆုံး လ်န္ကြၽင္း၏ကေလးဘဝ
အမွတ္တရမ်ားဖန္တီးရန္
ဓာတ္ပုံေတြအမ်ားႀကီးတြဲ႐ိုက္လိုက္သည္။
ၿပီးမွ မီးဖိုေခ်ာင္ကိုေျပးၿပီး
အဝတ္ကိုဆြဲခြၽတ္ကာ မ်က္ႏွာသစ္ေတာ့သည္။
ဒီရာသီမ်ိဳးတြင္ ဝတ္စုံျပည့္ဝတ္ဆင္ရသည္မွာ
အေတာ္ဆိုးဝါးလွသည္။အခ်ိန္တိုတစ္ခုသာ
ဝတ္ထားေသာ္လည္း ႐ွီက်င္းဆံပင္ႏွင့္
အကၤ်ီမ်ားမွာ ေခြၽးမ်ားရြဲရြဲစိုေနသည္။
ပူေလာင္ၿပီးမသက္မသာျဖစ္တာကို
ေဘးဖယ္ထားဦး၊ လ်န္ကြၽင္း၏ေပ်ာ္ရႊင္ေနေသာ
မ်က္ႏွာကိုျပန္ေတြးမိေသာအခါ
ထင္ထားတာထက္ ပိုတန္လွပါသည္။
"ဟင္း....ကိုယ့္ကေလးကိုေပ်ာ္ေအာင္လုပ္ဖို႔
ဒီေလာက္ေတာ့ေပးဆပ္ရမွာေပါ့.."
႐ွီက်င္းသည္ သူ႔ကိုယ္သူ အေဖေကာင္း
တစ္ေယာက္လို ခံစားရကာ စိတ္ေက်နပ္စြာ
သက္ျပင္းခ်လိုက္သည္။
ေ႐ွာင္စစ္: <ရႊတ္.. >
႐ွီက်င္း ကူကယ္ရာမဲ့စြာ ေျပာသည္။
"မငိုပါနဲ႔ေတာ့....မင္းဒါလင္ေမြးေန႔အတြက္
မင္းႀကိဳးစားထားတာ ငါသိပါတယ္..ဒါေပမဲ့
ငိုေနတာၾကာလွၿပီ မင္းဘာမင္း
ဓာတ္ေတြလည္းလိုက္ကုန္ဦးမယ္ ဂ႐ုစိုက္ဦး"
ေ႐ွာင္စစ္သည္ ႀကိဳ႕စထိုးကာ ပို၍ပင္
႐ိႈက္ငင္လာသည္။
႐ွီက်င္းလည္း ေကာင္းကင္ႀကီးကို
ေမာ့ၾကည့္ကာ သက္ျပင္း႐ွည္ႀကီး
ခ်လိုက္သည္။ သူ႔ကို
ဒီတိုင္းလႊတ္ထားဖို႔သာေတြးၿပီး အျပင္သို႔
ျပန္ထြက္လာလိုက္သည္။
အားလုံးလူစုံေနႁပီျဖစ္သည္။ လ်န္ကြၽင္းသည္
ကိတ္မုန္႔ေ႐ွ႕တြင္ထိုင္ကာ လက္ေဆာင္မ်ား
ေဖာက္ေနသည္။
"ဘာလို႔ကိတ္မုန္႔မခြဲေသးတာလဲ?"
႐ွီက်င္းသည္ ေခြၽးရြဲေနေသာဆံပင္မ်ားကို
ပဝါနဲ႔သုတ္ရင္း အနားသို႔ေလ်ွာက္လာသည္။
Gua Erသည္ သူ႔ကိုလွည့္ၾကည့္ကာ
မ်က္လုံးတစ္ဖက္မိွတ္ျပသည္။
"မင္းကိုေစာင့္ေနတာ အသိသာႀကီးေလ
မုန္ဖုတ္ဆရာႀကီး"
႐ွီက်င္း မ်က္လုံးလွန္ျပကာ ရယ္ေမာလိုက္သည္။
ထို႔ေနာက္ လ်န္ကြၽင္းကိုလွမ္းၾကည့္သည္။
႐ုတ္တရက္ မ်က္လုံးမိွတ္ကာ သူ႔ကို
နမ္းလိုက္သည့္တစ္ဖက္လူ၏ပုံရိပ္က
႐ွီက်င္းစိတ္ထဲျပန္ေပၚလာရာ မသိစိတ္အရ
တုံ႔ဆိုင္းသြားသည္။
မေကာင္းေတာ႔ဘူး....အဲ့ပုံရိပ္က သူ႔အေပၚ
လႊမ္းမိုးတဲ့အထိ သက္ေရာက္မႈအား
ျပင္းထန္လြန္းတယ္..
"႐ွီက်င္း ဒီလိုလာ"
လ်န္ကြၽင္းအသံမွာ ထိုအခ်ိန္တုန္းကအတိုင္း
ႏူးညံ့လ်က္႐ွိသည္။
သူ႔စိတ္ထင္၍လားမသိ၊ဒီေန႔ လ်န္ကြၽင္း၏အသံမွာ
အလြန္သိမ့္ေမြ႔ကာ နားေထာင္လို႔
ေကာင္းလြန္းလွသည္။
႐ွီက်င္းလည္း သူ႔နားရြက္မ်ားကို
ပဝါနဲ႔သုတ္ရင္း လမ္းဆက္ေလ်ွာက္လာလိုက္သည္။
"ဘာလို႔ကိတ္မုန္႔မခြဲေသးတာလဲ—
တကယ္ႀကီး ကြၽန္ေတာ့္ကို ေစာင့္ေနတာလား?"
သူအနားေရာက္လာေသာအခါ
လ်န္ကြၽင္းသည္ သူ႔လက္ကိုလွမ္းကိုင္ကာ ေျဖသည္။
"အင္းေပါ့..ငါမင္းကိုေစာင့္ေနတာ"
႐ွီက်င္းလက္ကိုဆုပ္ကိုင္ရင္း လ်န္ကြၽင္းသည္
က်န္လက္တစ္ဖက္ျဖင့္ ဓားကိုေကာက္ယူကာ
ကိတ္မုန္႔ထိပ္ဆုံးအလႊာကိုခြဲလိုက္သည္။
Gua Liuမွာေတာ့ အလြန္စိတ္လႈပ္႐ွားစြာ
ကင္မရာကိုထုတ္ယူၿပီး ဓာတ္ပုံမ်ား
အ႐ူးတပိုင္း ႐ိုက္ေတာ့သည္။
ျမင္ကြင္းကိုပိတ္ဆုိ႔ေနေသာ
Gua Erကိုပင္ ေဘးသို႔တြန္းထုတ္ပစ္သည္။
Gua Er: “……”
"တကယ္အလႊာေတြပါတာပဲ...ဒါလုပ္ဖုိ႔
အခ်ိန္ဘယ္ေလာက္ေတာင္ၾကာတာလဲ"
လ်န္ကြၽင္းသည္ ႐ွီက်င္းကိုၾကည့္ရင္း
လက္ကိုဖ်စ္ညႇစ္လိုက္သည္။
လ်န္ကြၽင္းလက္မွာ ေအးစက္သည္။
ဒီလိုရာသီဥတုပူပူမွာ ကိုင္ရတာအဆင္ေျပေပမဲ့
႐ွီက်င္း၏လက္က ေခြၽးမ်ားထြက္ေနသည္။
ထို႔ေၾကာင့္ လက္ကိုဆြဲထုတ္ကာ
သူ႔အျပဳအမူကိုမသိသာေစရန္ လည္ပင္းကို
ပဝါနဲ႔သုတ္ရင္းေျပာသည္။
"သိပ္မၾကာပါဘူး..အားလုံးကလည္း ေဘးက
ကူလုပ္ေပးၾကတယ္"
လ်န္ကြြၽင္းသည္ သူ၏ေခြၽးမ်ားႏွင့္ကပ္ေနေသာ
႐ွပ္အကၤ်ီကိုၾကည့္ကာ မ်က္ေမွာင္ၾကဳတ္သြားသည္။
သူသည္ လက္လွမ္းကာ
အကၤ်ီကို အသားမွကြာေအာင္ ဆြဲေပးရင္း
Gua Liuကို အၾကည့္တစ္ခ်က္ေပးလိုက္သည္။
Gua Liuသည္ ထိုအဓိပၸါယ္ကိုနားလည္ဖို႔
တစ္စကၠန္႔မ်ွသာၾကာသည္။ေခါင္းညိတ္ျပကာ
အေဝးသို႔ေလ်ွာက္သြားၿပီး ဖုန္းေခၚလိုက္သည္။
အကၤ်ီအဆြဲခံရသည့္အေပၚ
စိတ္ေရာက္သြားသျဖင့္ ထိုသူႏွစ္ဦး
အၾကည့္ခ်င္းစကားေျပာလိုက္သည္ကို ႐ွီက်င္း
သတိမထားမိလိုက္ေပ။
ပင္လယ္ေလသည္ အကၤ်ီၾကားထဲဝင္လာ၍
သူ႔ရဲ႕ပူျပင္းေသာအသားအရည္လည္း
ေအးျမလာကာ သက္ေတာင့္သက္သာ႐ွိလွစြာ
မ်က္လုံးမ်ားက်ဥ္းေျမာင္းသြားသည္။
ထို႔ေနာက္ လ်န္ကြၽင္းကိုလည္း
ေက်းဇူးတင္စကားဆိုလိုက္သည္။
ကိတ္မုန္႔ခြဲၿပီးေသာအခါ တစ္ေယာက္တစ္စိတ္
ယူရန္ လူတိုင္းစုေဝးလာၾကသည္။ ထို႔ေနာက္
စကားေဖာင္ဖြဲ႔ၾကကာ ေႏြးေထြးေသာေလထု
အေနအထားကို ျဖစ္တည္ေစသည္။
ငါးမိနစ္ေလာက္ၾကာၿပီးေနာက္ Gua Liuသည္
ဝတ္စုံသစ္တစ္စုံကိုကိုင္လ်က္ ႐ွီက်င္းဆီ
ေလ်ွာက္လာသည္။
"ပိုသက္ေတာင့္သက္သာျဖစ္ေအာင္
သြားလဲလိုက္ပါလား"
႐ွီက်င္းအံ့အားသင့္သြားကာ ရင္ထဲလည္း
ထိသြားသည္။
"လ်ိဳေကာက အရမ္းေကာင္းတာပဲ"
"အဲ့စကားကို ကြၽင္းေ႐ွာက္ကိုေျပာရမွာ၊
မင္းအတြက္ အဝတ္အစားအသစ္ယူလာဖို႔
မွာလိုက္တာ သူေလ။မီးဖိုေခ်ာင္အေနာက္ဖက္မွာ
ေရခ်ိဳးခန္းေသးေသးေလး႐ွိတယ္..
အဲ့မွာေဆးေၾကာလိုက္...ေခြၽးေတြက
ေျခာက္သြားေပမဲ့ ေစးကပ္ကပ္နဲ႔
ေနလို႔ေကာင္းမွာမဟုတ္ဘူး"
Gua Liuသည္ လ်န္ကြၽင္းအမွတ္ရေအာင္
လုပ္ေပးရန္လည္း မေမ့ပါေခ်။
ထိုအခါ ႐ွီက်င္းသည္ ပတ္ပတ္လည္႐ွိလူမ်ားႏွင့္
စကားစျမည္ေျပာေနေသာလ်န္ကြၽင္းကို
ခပ္ေတာင့္ေတာင့္လွည့္ၾကည့္မိသည္။
အဝတ္ကိုကိုင္ထားေသာလက္မ်ား
ပိုတင္းက်ပ္သြားသည္။ျပီးေနာက္ Gua Liuကို
ေက်းဇူးတင္ကာ မီးဖိုေခ်ာင္ထဲဝင္သြားလိုက္သည္။
"မင္းဒါလင္က တကယ္ေကာင္းတဲ့လူတစ္ေယာက္ပဲ"
႐ွီက်င္းသည္ ေရခ်ိဳးေနရင္း မေနႏိုင္စြာ
ခ်ီးက်ဴးလိုက္သည္။
ေ႐ွာင္စစ္မွာေတာ့ ႀကိဳ႕ထိုးကာ ငိုယိုသံမွာ
ပိုမိုက်ယ္ေလာင္လာသည္။
႐ွီက်င္း: “……”
အခ်ိဳစားရတာမႀကိဳက္ေသာလ်န္ကြၽင္းသည္
သူ႔ေမြးေန႔တြင္ ကိတ္မုန္႔တစ္ခုလုံးနီးပါးကို
စားပစ္ေလသည္။
မာေက်ာက္အစစ္ကို မကစားရတာၾကာၿပီျဖစ္သျဖင့္
႐ွီက်င္းသည္ အခြင့္အေရးရသည္ႏွင့္
ထိုကစားပြဲတြင္း စိတ္အားထက္သန္စြာ
ႏွစ္ျမဳပ္သြားရသည္။
အားလုံးလည္း ေပ်ာ္ရႊင္ၾကည္ႏူးေနၾကေသာ္လည္း
ကံမေကာင္းလွစြာ တစ္စုံတစ္ေယာက္ကေတာ့
သူတို႔ေပ်ာ္ရႊင္မႈအတြက္ ေပးဆပ္ရဦးမည္။
စာသင္ခ်ိန္မ်ားလြတ္သြားသျဖင့္ ႐ွီက်င္းတစ္ေယာက္
ညပိုင္းအခ်ိန္ပိုတန္းမ်ားကို ဒုကၡႀကီးစြာ
တက္ေရာက္ရဦးမည္။
အခ်ိန္မွာ ၇နာရီမွ ၉နာရီခြဲအထိျဖစ္ကာ
သူတို႔ပါတီပြဲက်င္းပၿပီးေသာအခါ အခ်ိန္ပင္
ေတာ္ေတာ္လင့္ေနၿပီျဖစ္သည္။
လ်န္ကြြၽင္းသည္ ႐ွီက်င္းပင္ပန္းလြန္းမည္စိုးသျဖင့္
အခ်ိန္ပိုတန္းမ်ားၿပီးဆုံးသည္အထိ
မာဆတ္ခ်ိန္မ်ားကိုခဏရပ္နားေစခ်င္သည္။
႐ွီက်င္းကေတာ့ သူေတာင္းဆိုသည္ကို
ခ်က္ခ်င္းပယ္ခ်ပစ္သည္။ေျခေထာက္မ်ား
ထိန္းသိမ္းရျခင္းကို တစ္ရက္မွမပ်က္ကြက္
သင့္ေၾကာင္း ခံစားမိသျဖင့္ လ်န္ကြၽင္းသေဘာတူဖို႔
ေတာ္ေတာ္ေျဖာင္းဖ်ယူလိုက္ရသည္။
အခ်ိန္ကိုညိွ႔ယူလိုက္ေသာအခါ
အိပ္ယာမဝင္ခင္ အခ်ိန္တိုပိုင္းေလာက္သာ
ႏိွပ္ရန္ဆုံးျဖတ္လိုက္သည္။
ပင္ပန္းဒဏ္ကိုခံစားရမည့္႐ွီက်င္းသည္
ဆုႀကီးေပါက္သလို ေက်နပ္ပီတိျဖစ္စြာ
ေျပာသည္။
"အင္း...အဲ့လိုပဲထားလိုက္တာေပါ့...
ဘဝႀကီးအေပၚ ပိုၿပီးအေကာင္းျမင္စိတ္
ထားသင့္တယ္ ကြၽင္းေ႐ွာက္ "
"အြန္း.."
အမွန္တကယ္အက်ိဳးအျမတ္ရသြားေသာ
လ်န္ကြၽင္းမွာ ေရြးစရာလမ္းမ႐ွိေတာ့သလို
လက္ေလ်ာ့လိုက္ရသည္။
ေ႐ွာင္စစ္: <……>
တစ္ခါတေလက်ေတာ့လည္း
႐ွီက်င္းဦးေႏွာက္မ႐ွိပုံက ဆိုးတဲ့အရာေတာ့
မဟုတ္ျပန္ဘူး..
ထိုညတြင္ အခ်ိန္ပိုတန္းၿပီးသြားေသာအခါ
႐ွီက်င္းသည္ လ်န္ကြၽင္းအခန္းတံခါးကို
သြားေခါက္သည္။
အခ်ိန္တိုတစ္ခုသာႏိွပ္မည္ျဖစ္ရာ အႏိွပ္ခုံကို
မသုံးေတာ့ေပ။အခ်ိန္လည္းေနာက္က်ေနၿပီ
ျဖစ္သျဖင့္ ၿပီးသည္ႏွင္႔ခ်က္ခ်င္းအနားယူႏိုင္ရန္
လ်န္ကြၽင္း ကုတင္ေပၚတြင္သာလွဲလိုက္သည္။
႐ွီက်င္းလည္း ျငင္းစရာအေၾကာင္းမ႐ွိ။
လ်န္ကြၽင္းလွဲျပီးသည္ႏွင့္ ညအိပ္ဝတ္စုံ
ေအာက္နားကိုလွန္ကာ ေျခသလုံးကို
စႏိွပ္ေပးသည္။
ႏိွပ္ေနရင္း သူ႔လက္ေမာင္းမ်ား
နည္းနည္းေညာင္းလာရာ ကုတင္ကို
တစ္ခ်က္ျကည့္လိုက္သည္။အႏိွပ္ခုံနဲ႔မတူဘဲ
ကုတင္အကြာအေဝးႏွင့္ဘက္ေျပာင္းသြားျခင္းက
သိပ္အဆင္မေျပျဖစ္သြားသည္။ဒီလိုသာ
ကုန္းၿပီး ဆက္ႏိွပ္ေနရင္ ေသေသခ်ာခ်ာ
လုပ္ေပးဖို႔ ပိုခက္ခဲသြားလိမ့္မည္။
လ်န္ကြၽင္းသည္
႐ွီက်င္းအခက္ေတြ႔ေနသည္ကို
ရိပ္မိသြားရာ ခ်က္ခ်င္းေျပာလိုက္သည္။
"ကုတင္ေပၚတက္လာလိုက္ေလ..အခ်ိန္လည္း
ေနာက္က်ေနၿပီ—ျမန္ျမန္ၿပီးရင္
ေစာေစာအိပ္လို႔ရတာေပါ့"
႐ွီက်င္းတြန္႔ဆုတ္သြားသည္။
"ဒါေပမဲ့...ကြၽန္ေတာ္ ကိုယ္လက္္မသန္႔စင္ရေသးဘူး.."
"ရတယ္ ကိစၥမ႐ွိဘူး"
လ်န္ကြၽင္း၏စကားမ်ားမွာ ႏူးညံ့႐ုံတင္မက
႐ွီက်င္းတက္လာရန္ လက္ပင္ကမ္းေပးသည္။
ရွီက်င္းရင္ထဲခံစားသြားရသည္။
လ်န္ကြၽင္းက တကယ္ေကာင္းတယ္..
သူသည္ လိမ္လိမ္မာမာနဲ႔
ကုတင္တစ္ဖက္ျခမ္းကိုတက္လာၿပီး
ဂြမ္းေစာင္ေပၚထိုင္ကာ
ေျခေထာက္ကိုဆက္ႏိွပ္ေပးေနသည္။
ထိုအခ်ိန္မွ သူသေဘာေပါက္သြားသည္။
လ်န္ကြၽင္းသာ ကုတင္ဟိုဘက္ကို
နည္းနည္းေလးေရြ႔လိုက္တာနဲ႔ သူႏိွပ္ရန္
အခက္ေတြ႔ေနသည့္ျပႆနာက ႐ွိေတာ့မွာမဟုတ္။
အဲ့လိုဆို ႐ွီက်င္းကုတင္ေပၚတက္လာစရာပင္
မလိုေပ။
ဒါေပမဲ့ အခုေတာ့ကုတင္ေပၚေရာက္ေနၿပီျဖစ္ရာ
ျပန္ဆင္းဖို႔ကက်...။
လ်န္ကြၽင္းသည္ သူ႔ကုတင္ေပၚတြင္
ထိုင္ေနေသာ႐ွီက်င္းကိုၾကည့္ရင္း
သူ႔ႏႈတ္ခမ္းမ်ားက ေယာင္ေယာင္ေလး
တြန္႔ေကြးသြားသည္။
အဆုံးမွာေတာ့ လ်န္ကြၽင္းအိပ္ေပ်ာ္သြားပုံ
ရသည္။႐ွီက်င္းသည္ အိပ္ယာေပၚမွ
ဂ႐ုတစိုက္ေလ်ာဆင္းကာ ထြက္သြားေတာ့မည္
ၾကံစဥ္မွာ ေအးစက္ေသာလက္တစ္ဖက္က
သူ႔လက္ကိုဆုပ္ကိုင္လိုက္သည္။
႐ွီက်င္းတန္႔သြားကာ
ေနာက္သို႔လွည့္ၾကည့္လိုက္မိသည္။
အိပ္ေပ်ာ္ေနၿပီလို႔ထင္ထားေသာ
လ်န္ကြၽင္းသည္ မ်က္လုံးမ်ားပြင့္လာကာ
ေဘးသို႔နည္းနည္းေရြ႔လာသည္။႐ွီက်င္း သူ
႔ကိုလွည့္ၾကည့္လာေသာအခါ
လူငယ္ေလးအား ခပ္ပါးပါးျပဳံးျပကာ
"မင္းႀကိဳးစားလုပ္ေဆာင္ေပးတာ ေက်းဇူးပါပဲ"
ထိုအျပဳံးက ႐ွီက်င္းႏွလုံးသားကို
အရည္ေပ်ာ္ေစသည္။ သူသည္ တစ္စုံတစ္ခုကို
ျပန္လိုခ်င္၍ ေပးဆပ္ေနျခင္းမ်ိဳးမဟုတ္ေသာ္လည္း
မထင္မွတ္တာတစ္ခုရ႐ွိလိုက္သလို ခံစားရသည္။
သူသည္ ေနာက္ျပန္လွည့္ကာ လ်န္ကြၽင္းလက္ကို
ဆုပ္ေထြးလိုက္ၿပီး ညင္သာစြာ ေပြ႔ဖက္သည္။
ထို႔ေနာက္ ဒူးေထာက္ထိုင္ကာ
ထိုသူမ်က္ႏွာကိုၾကည့္ၿပီး ၾကည္ႏူးစြာေျပာသည္။
"ခင္ဗ်ားျပဳံးရင္ အရမ္းလွတယ္..ဒါေၾကာင့္
ဒီထက္ပိုမ်ားမ်ားျပဳံးသင့္တယ္...
အခုေတာ့အိပ္ေတာ့ေနာ္...goodnight
ကြြၽင္းေ႐ွာက္ "
လ်န္ကြၽင္းသည္ ႐ွီက်င္း၏အမူအရာတိုင္းကို
သူ႔မွတ္ဉာဏ္ထဲ ေသေသခ်ာခ်ာ
ထြင္းထုထားမိၿပီး မ်က္လုံးမ်ားပိတ္ကာ
တိုးတိုးေလးျပန္ေျဖသည္။
"Goodnight ႐ွီက်င္း"
႐ွီက်င္း မေနႏိုင္စြာ ျပဳံးလိုက္သည္။သူသည္
ကုတင္ေဘးတြင္ေနကာ လ်န္ကြၽင္း၏
အိပ္ေပ်ာ္ေနေသာမ်က္ႏွာေလးကို
ေငးၾကည့္ေနမိရာ သူ႔ေျခေထာက္မ်ားထုံက်င္လာမွ
ျပန္သတိဝင္သည္။ လ်န္ကြၽင္းအိပ္ေနသည္ကို
ဘာေျကာင့္ရုတ္တရက္ျကီးၾကည့္ခ်င္စိတ္မ်ား
ျဖစ္လာသလဲ သူ႔ကိုယ္တိုင္မသိစြာ
မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္မိသည္။
သူ႔စိတ္မွာ ထူးထူးဆန္းဆန္းၾကည္ႏူး
ေပ်ာ္ရႊင္ေနသည္။ထို႔ေနာက္ လ်န္ကြၽင္းကို
ေစာင္ျခဳံေပးကာ အခန္းထဲမွ တိတ္တိတ္ေလး
ထြက္သြားသည္။အခန္းမီးမ်ားပိတ္ခဲ့ေပးရန္လည္း
မေမ့ေခ်။
ကလစ္
အခန္းတံခါးပိတ္သြားသည္ႏွင့္အေမွာင္ထဲတြင္
လ်န္ကြၽင္း၏မ်က္လုံးမ်ား ျပန္ပြင့္လာသည္။
႐ွီက်င္းျခဳံေပးထားေသာေစာင္ကိုဖယ္ကာ
႐ွီက်င္းလက္ကိုကိုင္ခဲ့ေသာ သူ႔လက္ကို
တစ္ခ်က္ၾကည့္ၿပီး သက္ျပင္းေဖ်ာ့စြာ ခ်မိသည္။
အ႐ူးေလးက ဘယ္အခ်ိန္မွသေဘာေပါက္မွာလဲ
ဒါမွမဟုတ္...ငယ္ေသးလို႔လား?
လ်န္ကြၽင္း ထိုသို႔သာေတြးလိုက္ၿပီး လက္ကို
ျပန္ခ်လိုက္သည္။ဒီတစ္ႀကိမ္မွာေတာ့
တကယ္အိပ္ေပ်ာ္သြားေတာ့သည္။
အခ်ိန္မ်ားမွာလည္း အဆက္မျပတ္ကုန္ဆုံးေနရာ
႐ွီက်င္း၏အခ်ိန္ပိုအတန္းခ်ိန္ေနာက္ဆုံးရက္တြင္
အစိုးရဘက္မွ သတင္းေရာက္လာေလသည္။
ေတြ႔ဆုံညီလာခံပြဲ၏တည္ေနရာႏွင့္ေန႔ရက္ကို
ဆုံးျဖတ္ၿပီးၿပီျဖစ္သည္။အခ်ိန္ကို
တြက္ခ်က္ၾကည့္လ်ွင္ အာဏာပိုင္မ်ားဘက္မွ
အခ်ိန္ကိုက္ပို႔လာေသာေနရာကိုေရာက္ရန္ သူတို႔
အနည္းဆုံးသုံးရက္ႀကိဳထြက္ရမည္။
ေတြ႔ဆုံပြဲသည္ ဧၿပီလလယ္တြင္က်င္းပမည္ဟု
ေရးဆြဲထားရာ အခုဆို မတ္လကုန္ပိုင္းပင္
ေရာက္ေနၿပီျဖစ္သည္။အစိုးရ၏
ဖိႏိွပ္မႈအင္အားတစ္ရပ္ျဖစ္ေသာလ်န္ကြၽင္းမွာ
တျခားအဖြဲ႔အစည္းေခါင္းေဆာင္မ်ားထက္
ပိုေစာေရာက္ေနသင့္သျဖင့္ ထြက္ခြာခ်ိန္က
ေ႐ွ႕ႏွစ္ရက္ထပ္တိုးသြားသည္။
ဒီလိုနဲ႔ ျပင္ဆင္ခ်ိန္မွာ ဆယ္ရက္ပင္မက်န္ေတာ့။
ေပ်ာ္ရႊင္စရာအားလပ္ရက္မွာ တဟုန္ခ်င္း
ၿပီးဆုံးသြားၿပီး လူတိုင္းလည္း စိတ္မွန္ေနရာမွန္
ျပန္ေရာက္သြားၾကကာ ခရီးအတြက္
ျပင္ဆင္လႈပ္႐ွားၾကေတာ့သည္။
ေက်ာင္းသားေလး႐ွီက်င္းကေတာ့
ေဘးကေနသာၾကည့္ရသည္။
ကြၽန္းမွေလဆိပ္တြင္ ေန႔စဥ္ေန႔တိုင္း
ေလယာဥ္မ်ား ဆိုက္ကပ္လိုက္၊ထြက္ခြာလိုက္
ျဖစ္ေနသည္။ေလယာဥ္၌ပါလာေသာ
ကုန္ပစၥည္းမ်ားကို သေဘၤာႀကီးတစ္စင္းေပၚသို႔
သယ္ေဆာင္ၾကသည္။
စာသင္ခ်ိန္မ်ားၾကားက အနားယူခ်ိန္တြင္
႐ွီက်င္းသည္ စာၾကည့္ခန္း၏
ျပတင္းေပါက္ေဘာင္ကိုမွီရင္း အေဝး႐ွိဆိပ္ကမ္းမွ
လူမ်ားေယာက္ယက္ခတ္သြားလာေနသည္ကို
ၾကည့္ေနသည္။လ်န္ကြၽင္း၏ၿငိမ္သက္ေနေသာ
ယူနစ္ဘားကို ျပန္ေတြးကာ မေနႏိုင္စြာ
သင္ျပင္းခ်မိသည္။
ဒီအတိုင္းေလးဆက္႐ွိေနဖို႔ ေမ်ွာ္လင့္မိတယ္..
"ဘာေတြသက္ျပင္းခ်ေနတာလဲ?"
႐ွီက်င္းေဘးတြင္ ဘယ္အခ်ိန္ကတည္းက
႐ွိေနမွန္းမသိေသာလ်န္ကြၽင္းမွ ေမးလာသည္။
သူသည္ လူငယ္ေလးအၾကည့္ေနာက္သို႔
လိုက္ၾကည့္ကာ
"ေအာက္ဆင္းၿပီး သြားၾကည့္ခ်င္လား?"
႐ွီက်င္းေခါင္းခါျပသည္။
"ဟင့္အင္း ကြၽန္ေတာ္ကဘာမွလည္း
သိတာမဟုတ္ဘူး...အားလုံးကို သြား႐ႈပ္သလို
ျဖစ္ေနမွာေပါ့"
လ်န္ကြၽင္းလည္း ဘာမွမေျပာေတာ့ဘဲ
႐ွီက်င္းနဲ႔အတူ သေဘၤာကိုသာ ၾကည့္ေနလိုက္သည္။
ခဏၾကာမွ အေၾကာင္းအရာေျပာင္းလိုက္သည္။
"႐ွီ႐ွင္းရြယ္အေၾကာင္းစုံစမ္းတာၿပီးေတာ့မယ္၊
အစီရင္ခံစာက ရက္အနည္းငယ္အတြင္း
ေရာက္လိမ့္မယ္...
ဒါေပမဲ့..႐ွန္႔ခ်င္ကိုယ္ဝန္ပ်က္တဲ့ကိစၥက
အေၾကာင္းအရာသိပ္မ႐ွိဘူးျဖစ္ေနတယ္..
အခ်ိန္လည္းၾကာၿပီဆိုေတာ့—
စုံစမ္းတာက သိပ္တိုးတက္မႈမ႐ွိဘူး..
အခ်ိန္လည္း ပိုယူရမယ္"
လ်န္ကြၽင္းစကားမ်ားကို သေဘာေပါက္ဖို႔
႐ွီက်င္း အခ်ိန္ခဏယူလိုက္ရသည္။ၿပီးမွ
နားလည္ေၾကာင္း ေခါင္းညိတ္ျပသည္။
ထိုအခါမွ သူသည္ လ်န္ကြြၽင္းေမြးေန႔တည္းက
႐ွီ႐ွင္းရြယ္ႏွင့္သူ႔မိသားစုအေၾကာင္း
ထပ္မေတြးမိေတာ့မွန္း သတိရသြားသည္။
ေန႔တိုင္း သူ႔စိတ္ထဲတြင္ စာလုပ္တာရယ္၊
လ်န္ကြြၽင္းႏွင့္ ပိတ္ရက္က်လ်ွင္ ဘယ္သြားၿပီး
ဘာလုပ္ရမလဲကိုသာ ေတြးေနၿပီး
တျခားေထြေထြးထထူးထူးမစဥ္းစားမိခဲ့။
သူ႔အျပဳအမူမ်ားကိုေသခ်ာျပန္ေတြးေတာရင္း
သူ႔စိတ္ထဲက ဘားတန္းႏွစ္ခုကို
ျပန္ၾကည္႔့လိုက္သည္။ တစ္ခုက ၄၉၀တြင္
ၿငိမ္ေနၿပီး ေနာက္တစ္ခုက ၅၀၀တြင္႐ွိသည္။
သူသိလာၿပီျဖစ္ေသာဝတၳဳဇာတ္ေၾကာင္းမ်ားကို
စဥ္းစားကာ ဆိပ္ကမ္းတြင္
ဆိုက္ကပ္ထားေသာသေဘၤာဆီ
အၾကည့္ျပန္ေရာက္သြားၿပီး
အေတြးထဲႏွစ္ျမဳပ္သြားသည္။
က်န္ေနတဲ့အမွတ္ေတြက အဆုံးထိေလ်ာ့ပစ္ဖို႔
ခက္မဲ့ပုံပဲ
လ်န္ကြၽင္းသည္ ဘာမွမေျပာဘဲ
ျပတင္းေပါက္ေဘးတြင္ ႐ွီက်င္းႏွင့္အတူ
အေဖာ္ျပဳေပးေနသည္။အေဝးသို႔
စိတ္ေရာက္ေနေသာ သူ႔အၾကည့္မ်ားသည္
ဘာေတြေတြးေနသလဲ ဘယ္သူမွမသိႏိုင္ေခ်။
ညပိုင္းအတန္းမ်ား အဆုံးသတ္သြားခ်ိန္မွာေတာ့
မာဆတ္လည္း ပုံမွန္ခ်ိန္ကို ျပန္ေရာက္သြားသည္။
ၿပီးစီးေသာအခါ လ်န္ကြြၽင္းကို ေရခ်ိဳးခန္းထဲ
လိုက္ပို႔ေပးသည္။ Goodnightလို
႔ႏႈတ္ဆက္ၿပီးေနာက္ ပိတ္သြားေသာ
ေရခ်ိဳးခန္းေ႐ွ႕တြင္ရပ္ေနမိသည္။႐ွီက်င္း အခ်ိန္ကို
လွမ္းၾကည့္လိုက္ရာ အိပ္ယာဝင္ခ်ိန္
ေရာက္ေတာ့မည္ကိုၾကည့္လိုက္ရသျဖင့္ သူ႔ရင္ထဲ
႐ုတ္တရက္လစ္ဟာသြားသလိုပင္။
သူသည္ သက္ျပင္းခ်ကာ ေ႐ွာင္စစ္ကိုေျပာသည္။
"ဒီေန႔ေတာ့...လ်န္ကြၽင္းအိပ္ေပ်ာ္တာကို
ငါၾကည့္လို႔မရေတာ့ဘူးေပါ့—ေနာက္က်တဲ့အထိ
အလုပ္ေတြထပ္ခိုးလုပ္ေနဦးမလားမသိ"
စိတ္စြမ္းအင္ျပန္ျပည့္ဝလာၿပီျဖစ္ေသာ
ေ႐ွာင္စစ္သည္ အေၾကာင္းသင့္အၾကံေပးသည္။
<က်င္းက်င္းသိလား၊ က်င္းက်င္းအခန္းက
ဒါလင္နဲ႔မ်က္ႏွာခ်င္းဆိုင္ေလ...သူ႔ဆီ
အလြယ္တကူ သြားလည္ၿပီး အိပ္ဖို႔
တိုက္တြန္းလို႔ရတယ္>
႐ွီက်င္းရင္ထဲလစ္ဟာေနေသာခံစားခ်က္မ်ား
ရပ္တန္႔သြားသည္။သူသည္ ႐ုတ္တရက္
ဉာဏ္အလင္းပြင့္သြားသလို ေျပာသည္။
"ဟုတ္သားပဲ...ငါသူ႔ကိုသြားၾကည့္လို႔ရတာပဲ၊
'ေစာေစာအိပ္ၿပီး ေစာေစာထတာက လူကို
က်န္းမာခ်မ္းသာေစတယ္' တဲ့။ ဟုတ္တယ္...
အဲ့တာပဲ..ငါအဲ့လိုလုပ္ရမယ္"
ေ႐ွာင္စစ္လည္း ထိုဆုံးျဖတ္ခ်က္ကို
အားတက္သေရာေထာက္ခံသည္။
ညဆယ္နာရီခြဲေလာက္တြင္ တီ႐ွပ္လက္ျပတ္ႏွင့္
ေဘာင္းဘီတိုဝတ္ထားေသာ႐ွီက်င္းသည္
လ်န္ကြၽင္းအခန္းဝတြင္ မတ္တတ္ရပ္ေနလ်က္
႐ွိသည္။သူသည္ လက္ေျမႇာက္လိုက္ေသာ္လည္း
တြန္႔ဆုတ္တြန္႔ဆုတ္ျဖင့္
"ေ႐ွာင္စစ္...အကယ္၍လ်န္ကြၽင္းက
အိပ္ေပ်ာ္ေနၿပီး ငါေၾကာင့္ႏိုးသြားရင္
ဘယ္လိုလုပ္ရမလဲ?"
ထိုအခါ ေ႐ွာင္စစ္မွ ျမန္ျမန္အသိေပးသည္။
<ေ႐ွာင္စစ္ စစ္ၿပီးၿပီ—ဒါလင္က
မအိပ္ေသးဘူး၊စာဖတ္ေနတုန္း! >
ဘာ!? သူက ဒီအခ်ိန္ထိ
အလုပ္လုပ္ေနတုန္းလား!?
႐ွီက်င္း မ်က္ေမွာင္ၾကဳတ္ကာ
တံခါးခ်က္ခ်င္းေခါက္လိုက္သည္။
အခန္းတံခါးမွာ ျမန္ျမန္ဆန္ဆန္ပဲ ပြင့္လာကာ
ညအိပ္ဝတ္စုံဝတ္ဆင္ထားေသာလ်န္ကြၽင္းကို
ျမင္လိုက္ရသည္။ ႐ွီက်င္း သူ႔ေနာက္ကို
ေခ်ာင္းၾကည့္လိုက္ရာ ျပတင္းေပါက္ေဘးက
စားပြဲေပၚတြင္ စာရြက္စာတမ္းတပုံတေခါင္းႀကီးနဲ႔
လင္းေနေသာlaptopကို ေတြ႔လိုက္သည္။
သူ လ်န္ကြၽင္းကို မေက်မနပ္လွမ္းၾကည့္သည္။
႐ွီက်င္းမ်က္လုံးထဲမွအမူအရာကို ခ်က္ခ်င္း
နားလည္လိုက္ေသာလ်န္ကြၽင္းမွာ
႐ွင္းျပသည္။
"ငါတကယ္အိပ္ေတာ့မွာ..မင္းကေရာ
ဘာလို႔မအိပ္ေသးတာလဲ?"
"ကြၽန္ေတာ္လည္း အိပ္ေတာ့မွာ၊ မအိပ္ခင္
ခင္ဗ်ားကို တစ္ခ်က္လာၾကည့္ခ်င္လို႔"
ထို႔ေနာက္ ႐ွီက်င္းသည္ ဝွီးခ်ဲလက္ကိုင္ကို
လွမ္းကိုင္ၿပီး ကုတင္ဆီသို႔ မေျပာမဆို
တြန္းသြားသည္။
"အိပ္ေတာ့၊ မနက္တိုင္းလည္း
ေစာေစာထေသးတယ္—ခင္ဗ်ားအိပ္ေရးဝဝအိပ္ဖို႔
ေစာေစာအိပ္ယာဝင္သင့္တယ္"
လ်န္ကြၽင္း သူ႔ကိုလွည့္ၾကည့္ကာ
"ငါ ဖတ္ေနရင္းတန္းလန္းႀကီး...အဲ့တာက
အေရးႀကီးတာမို႔ အခုခ်က္ခ်င္းလုပ္ဖို႔လိုတယ္"
႐ွီက်င္း သူ႔ကို ခဏေလာက္စိုက္ၾကည့္ေနသည္။
လ်န္ကြၽင္းလိမ္ေျပာေနတာမဟုတ္မွန္းေသခ်ာမွ
စားပြဲဆီေလ်ွာက္သြားၿပီးေမးသည္။
"ဘယ္တစ္ခုလဲ? ကြၽန္ေတာ္ယူလာေပးမယ္၊
အိပ္ယာထဲဝင္ေတာ့"
႐ွီက်င္းဘက္မွ ဒီလိုျပတ္သားေနမွေတာ့
လ်န္ကြြၽင္းလည္း သူလိုခ်င္ေသာဖိုင္နာမည္ကို
ေျပာျပကာ ကုတင္ေပၚ လိမ္လိမ္မာမာတက္သြားၿပီး
ေခါင္းရင္းတြင္မွီေနလိုက္သည္။
ဒီလိုနဲ႔ပဲ လ်န္ကြၽင္းသည္ အိပ္ယာထဲ
စာဖတ္ရသည့္အေနအထားသို႔ ေရာက္သြား
ေတာ့သည္။
႐ွီက်င္းသည္ ကုတင္ေဘးတြင္ထိုင္ကာ
တိတ္တိတ္ေလးဂိမ္းေဆာ့ၿပီး တစ္ေယာက္ကို
တစ္ေယာက္မေႏွာင့္ယွက္ေတာ့ေပ။
လ်န္ကြၽင္းသည္ အခ်က္အလက္မ်ားကို
ဆန္းစစ္ၿပီး လက္ေအာက္ငယ္သားမ်ားကို
သူ၏အတည္ျပဳခ်က္ကို အသိေပးၿပီးခ်ိန္တြင္
႐ွီက်င္းလည္း ေဆာ့လို႔ၿပီးသြားသည္။
ထိုအခါ လ်န္ကြၽင္းလက္ထဲမွဖိုင္ကို စားပြဲေပၚ
တင္ေပးၿပီး သူလွဲအိပ္သည္အထိ ေစာင့္ၾကည့္ေနသည္။
"Goodnight"
႐ွီက်င္းသည္ မ်က္ေမွာင္ၾကဳတ္လ်က္
လ်န္ကြၽင္းကို ေစာင္ေအာက္ထဲထိုးထည့္သည္။
လ်န္ကြၽင္းသည္ သူ႔လက္ကိုဖမ္းကိုင္လိုက္ၿပီး
ေမးေတာ့သည္။
"စိတ္ဆိုးေနတာလား"
လ်န္ကြၽင္းအေမးက လူငယ္ေလးကို
အံ့ျသေစၿပီး ျပန္ေျဖရန္ တစ္ေအာင့္ၾကာသြားသည္။
ထို႔ေၾကာင့္ ႐ွီက်င္း ေခါင္းခါျပကာ
"မဆိုးပါဘူး...ဒါေပမဲ့ ဒီလိုေနာက္က်တဲ့အထိ
အလုပ္မလုပ္ရဘူး၊ အိပ္ခ်ိန္ကို ထိခိုက္တယ္"
"ဒီေန႔က မေတာ္တဆပါ"
လ်န္ကြၽင္းသည္ ႐ွီက်င္းလက္ကို
တင္းက်ပ္စြာဆုပ္ေထြးရင္း ျပန္ေျဖသည္။
႐ွီက်င္းမ်က္ႏွာေျဖေလ်ာ့သြားကာ
ဒီလိုအသားခ်င္းထိေတြ႔ေသာအဆင့္ကို
လူငယ္ေလးေနသားက်ေနၿပီကို လ်န္ကြၽင္း
သတိထားမိေသာအခါ ႏွလုံးခုန္ျမန္သြားသည္။
ထို႔ေၾကာင့္ သူသည္ မေနႏိုင္စြာ
႐ွီက်င္းမ်က္လုံးမ်ားကို နက္နက္နဲနဲစိုက္ၾကည့္ကာ
သြယ္ဝိုက္ေျပာသည္။
"ငါလည္း ျမန္ျမန္ေနေကာင္းခ်င္ၿပီ...
အဲ့တာမွ မင္းအိပ္ေနတာကို ေငးၾကည့္မဲ့သူက
ငါျဖစ္လာမွာ...မင္းကို အခုထိေသခ်ာ
ဂ႐ုမစိုက္ေပးႏိုင္တာ ေတာင္းပန္ပါတယ္"
သူ၏စကားလုံးမ်ား၏အနက္အဓိပၸါယ္ကို
နားမလည္ေသာ႐ွီက်င္းမွာေတာ့
လ်န္ကြၽင္းကသူ႔ကိုေတာင္းပန္စကားဆိုသည္ဟု
သာေတြးၿပီး စိတ္ေအးသြားသည္။သူသည္
လ်န္ကြၽင္းနဲ႔မ်က္ႏွာခ်င္းဆိုင္ရန္
ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး
တစ္ဖက္လူရဲ႕လက္ကို ေစာင္ေအာက္ထဲ
ထည့္ေပးကာ ႏွစ္သိမ့္သည္။
"စိတ္မပူပါနဲ ့ ကြၽင္းေ႐ွာက္ ေသခ်ာေပါက္ကို
ေနေကာင္းလာမွာ၊ အခုေတာင္
အရင္ကထက္စာရင္ အမ်ားႀကီးေကာင္းလာၿပီ။
ကြၽန္ေတာ္က ကြၽင္းေ႐ွာက္အခ်ိန္ေတြကို
ဘယ္လိုစီမံရမလဲကိုေျပာခ်င္တာမ်ိဳးမဟုတ္ပါဘူး..
ဒီတိုင္းစိတ္ပူလို႔ပါ...ဘာပဲျဖစ္ျဖစ္
ကြၽင္းေ႐ွာက္က်န္းမာလာရင္
ကြၽန္ေတာ့္အိပ္ခ်ိန္ကို ႀကိဳက္သလိုစီမံႏိုင္တယ္—
ကြၽန္ေတာ္ေစာင့္ေနမယ္..."
႐ွီက်င္းမ်က္လုံးမ်ားမွာ
အားေပးမႈမ်ားအျပည့္ ျဖစ္သည္။
အဲ့တာသူက ငါေျပာခ်င္တဲ့တျခားအဓိပၸါယ္ကို
လုံးဝမရိပ္မိဘူးေပါ့...
လ်န္ကြၽင္းသည္ ႐ွီက်င္း၏ေလးနက္လွေသာ
အမူအရာကိုၾကည့္ကာ ကူကယ္ရာမဲ့သလို
ခံစားရၿပီး ရယ္လည္းရယ္ခ်င္သည္။
ဒီလူသားဟာ တစ္နည္းမဟုတ္တစ္နည္း
ဒီလိုမေရရာတဲ့စကား အျပဳအမူေတြကို
အျမဲအထေကာက္လြဲတတ္တယ္။
အဲ့တာေတာင္ထူးဆန္းစြာပဲ အဲ့လိုအက်င့္ေလးေတြက
သူ႔ကို ေဒါသမျဖစ္ေစတဲ့အျပင္ ဒီအတိုင္း
ခ်စ္ဖို႔ေကာင္းတဲ႔အ႐ူးေလးလို႔ပဲ ေတြးမိတယ္။
"ေကာင္းၿပီ...ငါ့ကိုေစာင့္ေန"
လ်န္ကြၽင္း ေခါင္းညိတ္သည္။သူ ထထိုင္ကာ
႐ွီက်င္းကို လွမ္းဖက္သည္။ၿပီးမွ ျပန္လွဲၿပီး
ေစာင္ကိုဆြဲတင္ကာ ေျပာသည္။
"Goodnight "
႐ွီက်င္းလည္း လ်န္ကြၽင္းရဲ႕ေပြ႔ဖက္မႈေတြကို
အသားက်ေနၿပီျဖစ္ရာ ႐ိုး႐ိုးတန္းတန္း
ျပန္ႏႈတ္ဆက္ၿပီး အခန္းထဲမွထြက္သြားေတာ့သည္။
မ်က္စိတစ္မွိတ္အတြင္း အခ်ိန္ဆယ္ရက္
ကုန္ဆုံးသြားသည္။ဧၿပီလဆန္းပိုင္းတစ္ရက္တြင္
႐ွီက်င္းသည္ လ်န္ကြၽင္း၏ဝွီးခ်ဲကို
တြန္းေပးရင္း Gua Yiတို႔ႏွင့္အတူ
သေဘၤာေပၚသို႔ ေျခခ်ေတာ့သည္။ သူတို႔အားလုံး
ကြၽန္းမွ ထြက္ခြာၾကေတာ့မည္ျဖစ္သည္။
"ႏွစ္ကုန္ပိုင္း..ဒါမွမဟုတ္ ေနာက္ႏွစ္က်မွ
ဒီကိုထပ္လာရေတာ့မွာေပါ့..."
႐ွီက်င္းသည္ သံတိုင္ကိုမွီရင္း
အကြာအေဝးတစ္ခုအထိ ေဝးကြာသြားၿပီျဖစ္ေသာ
ကြၽန္းကိုၾကည့္ကာ စိတ္မျပတ္ႏိုင္ျဖစ္ေနသည္။
သူ႔ေဘးတြင္ထိုင္ေနေသာလ်န္ကြၽင္းလည္း
ကြၽန္းကိုလွမ္းၾကည့္သည္။႐ွီက်င္းႏွင့္အတူ
ေလ်ွာက္လည္ခဲ့ေသာေနရာတစ္ခုခ်င္းဆီသို႔
အၾကည့္ေရာက္သြားၿပီး
"မင္းသေဘာက်ရင္ ဒီႏွစ္ထဲ
နည္းနည္းေစာလာလို႔ရတယ္၊ အဲ့အခ်ိန္ဆို
ငါလည္း ပုိက်န္းမာသင့္ၿပီဆိုေတာ့
မင္းကို ငါးမ်ွားကိုေခၚသြားေပးမယ္"
႐ွီက်င္း၏အားလပ္ခ်ိန္တစ္ခုလုံးမွာ
စာလုပ္လ်ွင္လုပ္ မဟုတ္လ်ွင္ လ်န္ကြၽင္းနဲ႔
အခ်ိန္ျဖဳန္း႐ုံသာ႐ွိခဲ့သည္။
သူကိုယ္တိုင္လည္းေပ်ာ္ရႊင္ခဲ့ေသာ္ျငား
ကြၽန္းေပၚက ဒီလိုအခ်ိန္ကုန္ဆုံးစရာ
ကစားနည္းမ်ားကိုစမ္းၾကည့္ဖို႔
အခြင့္အေရးမရခဲ့။
လူငယ္ေလးသည္ ျပဳံးရယ္ကာ ေျပာလိုက္သည္။
"အဲ့တာဆိုေကာင္းတာေပါ့၊ ကြၽင္းေ႐ွာက္
ခႏၶာကိုယ္က်န္းမာလာဖို႔ ပိုႀကိဳးစားရမယ္..
မဟုတ္လ်ွင္ေတာ့ လိမ္တာပဲ"
႐ွီက်င္းအျပဳံးကိုျမင္မွ
လ်န္ကြၽင္းစိတ္ေအးသြားသည္။ထို႔ေၾကာင့္
သူလည္း ျပန္ျပဳံးျပကာ
"ငါ မင္းကိုမလိမ္ပါဘူး..ကတိေပးတယ္"
သေဘၤာေပါင္းကူးတံတားေနာက္တြင္ရပ္ေနေသာ
Gua Yiႏွင့္Gua Erသည္
သံတိုင္ကိုမွီရင္း သေဘၤာကုန္းပတ္တြင္
စကားေျပာေနၾကေသာလ်န္ကြၽင္းႏွင့္႐ွီက်င္းကို
ၾကည့္ေနၾကသည္။သူတို႔အခ်င္းခ်င္း
တစ္ေအာင့္မ်ွၾကည့္ေနမိရင္း အဆုံးတြင္
Gua Erမွ တိတ္ဆိတ္မႈကိုၿဖိဳခြင္းလိုက္သည္။
"ကြၽင္းေ႐ွာက္က ဘယ္အခ်ိန္မွ
လႈပ္႐ွားမွာလဲ? အခ်ိန္က်ေနၿပီမလား?
သူတို႔ႏွစ္ေယာက္ၾကားကအေျခအေနကလည္း
ေတာ္ေတာ္ေျပာင္းလဲလာၿပီကို.."
အရင္တုန္းကဆို ႐ွီက်င္းသည္ လ်န္ကြၽင္းေ႐ွ႕တြင္
ဒီလိုရဲတင္းစြာဂ်ီတိုက္ဖို႔ မေျပာႏွင့္
ေပါ့ေပါ့ပါးပါးပင္ မေနရဲခဲ့ပါ။
"႐ွီက်င္းက တုံးလြန္းေတာ့
ဒီလိုျဖည္းျဖည္းခ်င္းခ်ဥ္းကပ္တာမ်ိဳးက
အသက္ေရာက္ဆုံးပဲ"
Gua Yiစကားမ်ားမွာ နားဝင္ဆိုးလွေသာ္လည္း သူ႔အမူအရာက ျမင္ေနက်ထက္
ပိုႏူးညံ့ေနသည္။ထို႔ေနာက္ ထပ္ေျပာသည္။
"ဒီရက္ေတြထဲ ကြၽင္းေ႐ွာက္ ခဏခဏျပဳံးလာတယ္"
Gua Erလည္း တစ္ခ်က္လွမ္းၾကည့္မိရာ
႐ွီက်င္းကို ျပဳံးၾကည့္ေနေသာလ်န္ကြၽင္းကို
ေတြ႔လိုက္ရသျဖင့္ သူလည္း ခဏေလာက္
ေျမာသြားၿပီးမွ သက္ျပင္းခ်သည္။
"သူ႔စိတ္လည္း အရင္ကထက္ ပိုႏူးညံ့ၿပီး
ေႏြးေထြးလာတယ္...ပုံမွန္ဆို
ဒါေကာင္းတဲ့အရာပဲလို႔ ကြၽန္ေတာ္ေျပာရမယ္
ဒါေပမဲ့ ေတြ႔ဆုံပြဲကစေတာ့မယ္ေလ"
ပုံမွန္ခက္ထန္ေသာအမူအရာသည္
Gua Yiမ်က္ႏွာထက္ ခ်က္ခ်င္းျပန္ေရာက္လာကာ
"အရာအားလုံးက ကြၽင္းေ႐ွာက္ထိန္းခ်ဳပ္မႈေအာက္မွာပဲ"
"ကြၽန္ေတာ္သိပါတယ္..အဲ့လူေတြ
တစ္ခုခုရိပ္မိသြားမွာကို ကြၽန္ေတာ္စိုးရိမ္လို႔ပါ"
ေ႐ွ႕ႏွစ္ေတြကေတြ႔ဆုံပြဲမ်ားအေၾကာင္းကို
ျပန္ေတြးမိရာ Gua Erမ်က္လုံးမ်ားမွာ
တျဖည္းျဖည္းေအးစက္လာၿပီး တိုးတိုးဆိုသည္။
"ဒီႏွစ္ေတာ့ ေသာက္႐ူးေတြမပါဖို႔ေမ်ွာ္လင့္တယ္
မဟုတ္လ်ွင္ ေနာက္ထပ္သုတ္သင္တာကို
တဆင့္ဒုကၡခံရဦးမယ္"
"ငါတို႔လိုနယ္ပယ္ထဲမွာ ေသာက္႐ူးေတြဆိုတာ
မ႐ွိမျဖစ္ ပါေနတုန္းပဲ"
Gua Yi ေအးစက္စက္ျပန္ေျပာသည္။
သူ႔အမူအရာမွာလည္း အထင္အျမင္ေသးစြာ
ကဲ့ရဲ႕ေနသည္။ ဒီႏွစ္ေတြ႔ဆုံညီလာခံက
ေအးေအးခ်မ္းခ်မ္းၿပီးေျမာက္မယ္လို႔
သူေတာ့မထင္ေပ။
ခရီးထြက္ခြာလာၿပီး ႏွစ္ရက္အၾကာတြင္
လ်န္ကြၽင္း၏အမွတ္သည္ ၆၀၀သို႔ေရာက္သြားၿပီး
႐ွီက်င္းအမွတ္လည္း ၅၀၀သို႔
နည္းနည္းတက္လာသည္။
႐ွီက်င္းသက္ျပင္းခ်ကာ
"ဒါက လ်န္ကြၽင္းဘက္က သက္ေရာက္တာပဲ..
ေျမေအာက္ဂိုဏ္းေခါင္းေဆာင္ေတြစုေဝးပြဲက
ေသခ်ာေပါက္ အႏၱရာယ္မ်ားတာေပါ့"
ေ႐ွာင္စစ္မွ ေျဖသိမ့္ေပးသည္။
<မေၾကာက္နဲ႔ က်င္းက်င္း...ဒါလင္က
ကာကြယ္ေပးလိမ့္မယ္>
သို႔ေသာ္ျငား ႐ွီက်င္းနည္းနည္းမွ
စိတ္မေအးသြား၊ဆန္႔က်င္ဘက္အေနနဲ႔
ပိုေတာင္ဆိုးဝါးလာေသးသည္။
ဟုတ္တယ္...ငါတို႔အားလုံးကေတြးၾကတယ္..
အရာရာအဆင္ေျပသြားမွာပါ..ဘာလို႔ဆို
တစ္ခုခုျဖစ္ရင္ေတာင္ လ်န္ကြၽင္းက
ငါတို႔ကိုကာကြယ္ဖို႔ နည္းလမ္းေသခ်ာေပါက္
႐ွာေပးမွာမို႔လို႔ေပါ့၊..အဲ့တာဆိုရင္
လ်န္ကြၽင္းကိုက်ေတာ့ ဘယ္သူက
ကာကြယ္ေပးမွာလဲ?
လ်န္ကြၽင္းက နတ္ဘုရားလည္းမဟုတ္...
အေသြးအသားနဲ႔တည္ေဆာက္ထားတဲ့
သာမန္ေသမ်ိဳးလူသားတစ္ေယာက္ပဲေလ။
သူ႔ကို ဘယ္သူကာကြယ္မွာလဲ?
တစ္ရက္ကုန္ဆုံးၿပီးေနာက္ သုံးရက္ေျမာက္
ညေနခင္းတြင္ေတာ့ အစိုးရဘက္မွ
သေဘၤာသည္ ေရျပင္တြင္ ေပၚထြက္လာေတာ့သည္။
ဤသည္မွာ စစ္သေဘၤာမ်ိဳးမဟုတ္ဘဲ
သာမန္သေဘၤာႀကီးတစ္စင္းသာျဖစ္သည္။
႐ွီက်င္းအထင္နဲ႔မတူဘဲ တအားၿခိမ္းေျခာက္ဟန္
မ႐ွိေပ။
Gua Yiသည္ သူတို႔သေဘၤာကို
ရပ္တန္႔ခိုင္းကာ ပင္လယ္ျပင္ကို ေရဒါနဲ႔
စစ္ေဆးေစသည္။
ဘာလွ်ိဳ႕ဝွက္အႏၱရာယ္မွမ႐ွိတာေသခ်ာမွ
အစိုးရဘက္ကို ဆက္သြယ္လိုက္သည္။
ထို႔ေနာက္ Gua Erနဲ႔Gua Wuကို
လူနည္းစုႏွင့္တကြ အစိုးရသေဘၤာေပၚသို႔
ပို႔လိုက္သည္။ သူတို႔ေနရာထိုင္ခင္းမ်ား
ႀကိဳျပင္ဆင္ရန္လို႔ ျမင္ရေသာ္လည္း
တကယ္တမ္းက ပတ္ဝန္းက်င္ကို
အကဲခတ္ေစခ်င္၍ျဖစ္သည္။
အခ်ိန္ကလည္း ေနာက္က်ေနၿပီျဖစ္သျဖင့္
က်န္အဖြဲ႔သားမ်ားက မနက္ျဖန္မွ
ေရြ႔ေျပာင္းၾကမည္ျဖစ္သည္။႐ွီက်င္းသည္ အျပင္သို႔
ထြက္ရပ္ကာ သေဘၤာကုန္းပတ္ေအာက္
အလုပ္႐ႈပ္ေနသည္မ်ားကို ၾကည့္ေနလိုက္သည္။
အပူခ်ိန္က သူထင္ထားသည္က က်ဆင္းေနရာ
အကၤ်ီဇစ္ကိုဆြဲတင္ၿပီး ပင္လယ္နက္ႀကီးကို
ၾကည့္ကာ စစ္စတန္အား ေမးခြန္းထုတ္သည္။
"ေ႐ွာင္စစ္...ဒီလိုေအးေနခ်ိန္
တစ္ေယာက္ေယာက္သာ ပင္လယ္ထဲ
ျပဳတ္က်သြားလ်ွင္ အခ်ိန္ဘယ္ေလာက္
ေတာင့္ခံႏိုင္မလဲ?"
ေ႐ွာင္စစ္ ထိတ္ထိတ္ပ်ာပ်ာျဖစ္သြားကာ
<ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းၾကံစည္ဖို႔မ်ား
ေတြးေနတာလား က်င္းက်င္း?>
႐ွီက်င္းမ်က္ႏွာေတာင့္ခဲသြားသည္။
ဟုတ္သား...အဲ့လိုေမးလိုက္တာက
ဒီလိုအဓိပၸါယ္ေပါက္သြားတယ္...
သူ႔စိတ္သည္ ခ်က္ခ်င္းဆိုသလို
သူပင္လယ္ထဲျပဳတ္က်မည့္
ျမင္ကြင္းေပါင္းစုံကိုပုံေဖာ္မိသြားသည္။
သူသည္ ၿမိဳသိပ္ကာထပ္ေမးသည္။
"ငါတကယ္ႀကီးျပဳတ္က်သြားရင္
မင္းေပးႏိုင္တဲ့Buffမ်ိဳး႐ွိလား?"
ေ႐ွာင္စစ္ ေတြးေတာကာ
<mermaid buff? က်င္းက်င္းကို
ငါးတစ္ေကာင္အျဖစ္ ယာယီေျပာင္းေပးႏိုင္တယ္>
...ငါးတစ္ေကာင္လို ?
႐ွီက်င္းမ်က္ႏွာ မဲ့႐ႈံ႕သြားသည္။သူသည္
သံတိုင္မွအေနာက္သို႔ ဂ႐ုတစိုက္
ျဖည္းျဖည္းခ်င္းဆုတ္ခြာကာ အခုခ်ိန္မွစၿပီး
ကုန္းပတ္လမ္းနဲ႔ေဝးေဝးေနရန္ ဆုံးျဖတ္လိုက္ေတာ့သည္။
=============================
အခန်း(၄၅)Ship
ပွေ့ဖက်ပြီးသောအခါ လျန်ကျွင်းသည်
ရှီကျင်းအပူလျှပ်မှာစိုးသဖြင့်ဝက်ဝံဝတ်စုံကို
ချွတ်ဖို့တိုက်တွန်းသည်။ရှီကျင်းသည်
အရင်ဆုံး လျန်ကျွင်း၏ကလေးဘဝ
အမှတ်တရများဖန်တီးရန်
ဓာတ်ပုံတွေအများကြီးတွဲရိုက်လိုက်သည်။
ပြီးမှ မီးဖိုချောင်ကိုပြေးပြီး
အဝတ်ကိုဆွဲချွတ်ကာ မျက်နှာသစ်တော့သည်။
ဒီရာသီမျိုးတွင်ဝတ်စုံပြည့်ဝတ်ဆင်ရသည်မှာ
အတော်ဆိုးဝါးလှသည်။အချိန်တိုတစ်ခုသာ
ဝတ်ထားသော်လည်း ရှီကျင်းဆံပင်နှင့်
အင်္ကျီများမှာချွေးများရွဲရွဲစိုနေသည်။
ပူလောင်ပြီးမသက်မသာဖြစ်တာကို
ဘေးဖယ်ထားဦး၊ လျန်ကျွင်း၏ပျော်ရွှင်နေသော
မျက်နှာကိုပြန်တွေးမိသောအခါ
ထင်ထားတာထက်ပိုတန်လှပါသည်။
"ဟင်း....ကိုယ့်ကလေးကိုပျော်အောင်လုပ်ဖို့
ဒီလောက်တော့ပေးဆပ်ရမှာပေါ့.."
ရှီကျင်းသည်သူ့ကိုယ်သူ အဖေကောင်း
တစ်ယောက်လို ခံစားရကာ စိတ်ကျေနပ်စွာ
သက်ပြင်းချလိုက်သည်။
ရှောင်စစ်: <ရွှတ်.. >
ရှီကျင်း ကူကယ်ရာမဲ့စွာပြောသည်။
"မငိုပါနဲ့တော့....မင်းဒါလင်မွေးနေ့အတွက်
မင်းကြိုးစားထားတာ ငါသိပါတယ်..ဒါပေမဲ့
ငိုနေတာကြာလှပြီ မင်းဘာမင်း
ဓာတ်တွေလည်းလိုက်ကုန်ဦးမယ်ဂရုစိုက်ဦး"
ရှောင်စစ်သည်ကြို့စထိုးကာ ပို၍ပင်
ရှိုက်ငင်လာသည်။
ရှီကျင်းလည်းကောင်းကင်ကြီးကို
မော့ကြည့်ကာ သက်ပြင်းရှည်ကြီး
ချလိုက်သည်။ သူ့ကို
ဒီတိုင်းလွှတ်ထားဖို့သာတွေးပြီး အပြင်သို့
ပြန်ထွက်လာလိုက်သည်။
အားလုံးလူစုံနေပြီဖြစ်သည်။ လျန်ကျွင်းသည်
ကိတ်မုန့်ရှေ့တွင်ထိုင်ကာ လက်ဆောင်များ
ဖောက်နေသည်။
"ဘာလို့ကိတ်မုန့်မခွဲသေးတာလဲ?"
ရှီကျင်းသည်ချွေးရွဲနေသောဆံပင်များကို
ပဝါနဲ့သုတ်ရင်း အနားသို့လျှောက်လာသည်။
Gua Erသည်သူ့ကိုလှည့်ကြည့်ကာ
မျက်လုံးတစ်ဖက်မှိတ်ပြသည်။
"မင်းကိုစောင့်နေတာ အသိသာကြီးလေ
မုန်ဖုတ်ဆရာကြီး"
ရှီကျင်း မျက်လုံးလှန်ပြကာ ရယ်မောလိုက်သည်။
ထို့နောက်လျန်ကျွင်းကိုလှမ်းကြည့်သည်။
ရုတ်တရက်မျက်လုံးမှိတ်ကာ သူ့ကို
နမ်းလိုက်သည့်တစ်ဖက်လူ၏ပုံရိပ်က
ရှီကျင်းစိတ်ထဲပြန်ပေါ်လာရာ မသိစိတ်အရ
တုံ့ဆိုင်းသွားသည်။
မကောင်းတော့ဘူး....အဲ့ပုံရိပ်က သူ့အပေါ်
လွှမ်းမိုးတဲ့အထိ သက်ရောက်မှုအား
ပြင်းထန်လွန်းတယ်..
"ရှီကျင်း ဒီလိုလာ"
လျန်ကျွင်းအသံမှာ ထိုအချိန်တုန်းကအတိုင်း
နူးညံ့လျက်ရှိသည်။
သူ့စိတ်ထင်၍လားမသိ၊ဒီနေ့ လျန်ကျွင်း၏အသံမှာ
အလွန်သိမ့်မွေ့ကာ နားထောင်လို့
ကောင်းလွန်းလှသည်။
ရှီကျင်းလည်း သူ့နားရွက်များကို
ပဝါနဲ့သုတ်ရင်း လမ်းဆက်လျှောက်လာလိုက်သည်။
"ဘာလို့ကိတ်မုန့်မခွဲသေးတာလဲ—
တကယ်ကြီး ကျွန်တော့်ကိုစောင့်နေတာလား?"
သူအနားရောက်လာသောအခါ
လျန်ကျွင်းသည်သူ့လက်ကိုလှမ်းကိုင်ကာဖြေသည်။
"အင်းပေါ့..ငါမင်းကိုစောင့်နေတာ"
ရှီကျင်းလက်ကိုဆုပ်ကိုင်ရင်း လျန်ကျွင်းသည်
ကျန်လက်တစ်ဖက်ဖြင့်ဓားကိုကောက်ယူကာ
ကိတ်မုန့်ထိပ်ဆုံးအလွှာကိုခွဲလိုက်သည်။
Gua Liuမှာတော့ အလွန်စိတ်လှုပ်ရှားစွာ
ကင်မရာကိုထုတ်ယူပြီး ဓာတ်ပုံများ
အရူးတပိုင်း ရိုက်တော့သည်။
မြင်ကွင်းကိုပိတ်ဆို့နေသော
Gua Erကိုပင်ဘေးသို့တွန်းထုတ်ပစ်သည်။
Gua Er: “……”
"တကယ်အလွှာတွေပါတာပဲ...ဒါလုပ်ဖို့
အချိန်ဘယ်လောက်တောင်ကြာတာလဲ"
လျန်ကျွင်းသည်ရှီကျင်းကိုကြည့်ရင်း
လက်ကိုဖျစ်ညှစ်လိုက်သည်။
လျန်ကျွင်းလက်မှာအေးစက်သည်။
ဒီလိုရာသီဥတုပူပူမှာ ကိုင်ရတာအဆင်ပြေပေမဲ့
ရှီကျင်း၏လက်ကချွေးများထွက်နေသည်။
ထို့ကြောင့်လက်ကိုဆွဲထုတ်ကာ
သူ့အပြုအမူကိုမသိသာစေရန်လည်ပင်းကို
ပဝါနဲ့သုတ်ရင်းပြောသည်။
"သိပ်မကြာပါဘူး..အားလုံးကလည်းဘေးက
ကူလုပ်ပေးကြတယ်"
လျန်ကျွင်းသည်သူ၏ချွေးများနှင့်ကပ်နေသော
ရှပ်အင်္ကျီကိုကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
သူသည်လက်လှမ်းကာ
အင်္ကျီကို အသားမှကွာအောင်ဆွဲပေးရင်း
Gua Liuကို အကြည့်တစ်ချက်ပေးလိုက်သည်။
Gua Liuသည်ထိုအဓိပ္ပါယ်ကိုနားလည်ဖို့
တစ်စက္ကန့်မျှသာကြာသည်။ခေါင်းညိတ်ပြကာ
အဝေးသို့လျှောက်သွားပြီး ဖုန်းခေါ်လိုက်သည်။
အင်္ကျီအဆွဲခံရသည့်အပေါ်
စိတ်ရောက်သွားသဖြင့်ထိုသူနှစ်ဦး
အကြည့်ချင်းစကားပြောလိုက်သည်ကို ရှီကျင်း
သတိမထားမိလိုက်ပေ။
ပင်လယ်လေသည်အင်္ကျီကြားထဲဝင်လာ၍
သူ့ရဲ့ပူပြင်းသောအသားအရည်လည်း
အေးမြလာကာ သက်တောင့်သက်သာရှိလှစွာ
မျက်လုံးများကျဉ်းမြောင်းသွားသည်။
ထို့နောက်လျန်ကျွင်းကိုလည်း
ကျေးဇူးတင်စကားဆိုလိုက်သည်။
ကိတ်မုန့်ခွဲပြီးသောအခါ တစ်ယောက်တစ်စိတ်
ယူရန်လူတိုင်းစုဝေးလာကြသည်။ ထို့နောက်
စကားဖောင်ဖွဲ့ကြကာနွေးထွေးသောလေထု
အနေအထားကို ဖြစ်တည်စေသည်။
ငါးမိနစ်လောက်ကြာပြီးနောက်Gua Liuသည်
ဝတ်စုံသစ်တစ်စုံကိုကိုင်လျက်ရှီကျင်းဆီ
လျှောက်လာသည်။
"ပိုသက်တောင့်သက်သာဖြစ်အောင်
သွားလဲလိုက်ပါလား"
ရှီကျင်းအံ့အားသင့်သွားကာ ရင်ထဲလည်း
ထိသွားသည်။
"လျိုကောက အရမ်းကောင်းတာပဲ"
"အဲ့စကားကို ကျွင်းရှောက်ကိုပြောရမှာ၊
မင်းအတွက်အဝတ်အစားအသစ်ယူလာဖို့
မှာလိုက်တာ သူလေ။မီးဖိုချောင်အနောက်ဖက်မှာ
ရေချိုးခန်းသေးသေးလေးရှိတယ်..
အဲ့မှာဆေးကြောလိုက်...ချွေးတွေက
ခြောက်သွားပေမဲ့စေးကပ်ကပ်နဲ့
နေလို့ကောင်းမှာမဟုတ်ဘူး"
Gua Liuသည်လျန်ကျွင်းအမှတ်ရအောင်
လုပ်ပေးရန်လည်း မမေ့ပါချေ။
ထိုအခါ ရှီကျင်းသည်ပတ်ပတ်လည်ရှိလူများနှင့်
စကားစမြည်ပြောနေသောလျန်ကျွင်းကို
ခပ်တောင့်တောင့်လှည့်ကြည့်မိသည်။
အဝတ်ကိုကိုင်ထားသောလက်များ
ပိုတင်းကျပ်သွားသည်။ပြီးနောက်Gua Liuကို
ကျေးဇူးတင်ကာ မီးဖိုချောင်ထဲဝင်သွားလိုက်သည်။
"မင်းဒါလင်က တကယ်ကောင်းတဲ့လူတစ်ယောက်ပဲ"
ရှီကျင်းသည်ရေချိုးနေရင်း မနေနိုင်စွာ
ချီးကျူးလိုက်သည်။
ရှောင်စစ်မှာတော့ ကြို့ထိုးကာ ငိုယိုသံမှာ
ပိုမိုကျယ်လောင်လာသည်။
ရှီကျင်း: “……”
အချိုစားရတာမကြိုက်သောလျန်ကျွင်းသည်
သူ့မွေးနေ့တွင်ကိတ်မုန့်တစ်ခုလုံးနီးပါးကို
စားပစ်လေသည်။
မာကျောက်အစစ်ကို မကစားရတာကြာပြီဖြစ်သဖြင့်
ရှီကျင်းသည်အခွင့်အရေးရသည်နှင့်
ထိုကစားပွဲတွင်း စိတ်အားထက်သန်စွာ
နှစ်မြုပ်သွားရသည်။
အားလုံးလည်းပျော်ရွှင်ကြည်နူးနေကြသော်လည်း
ကံမကောင်းလှစွာ တစ်စုံတစ်ယောက်ကတော့
သူတို့ပျော်ရွှင်မှုအတွက်ပေးဆပ်ရဦးမည်။
စာသင်ချိန်များလွတ်သွားသဖြင့်ရှီကျင်းတစ်ယောက်
ညပိုင်းအချိန်ပိုတန်းများကို ဒုက္ခကြီးစွာ
တက်ရောက်ရဦးမည်။
အချိန်မှာ ၇နာရီမှ ၉နာရီခွဲအထိဖြစ်ကာ
သူတို့ပါတီပွဲကျင်းပပြီးသောအခါ အချိန်ပင်
တော်တော်လင့်နေပြီဖြစ်သည်။
လျန်ကျွင်းသည်ရှီကျင်းပင်ပန်းလွန်းမည်စိုးသဖြင့်
အချိန်ပိုတန်းများပြီးဆုံးသည်အထိ
မာဆတ်ချိန်များကိုခဏရပ်နားစေချင်သည်။
ရှီကျင်းကတော့ သူတောင်းဆိုသည်ကို
ချက်ချင်းပယ်ချပစ်သည်။ခြေထောက်များ
ထိန်းသိမ်းရခြင်းကို တစ်ရက်မှမပျက်ကွက်
သင့်ကြောင်း ခံစားမိသဖြင့်လျန်ကျွင်းသဘောတူဖို့
တော်တော်ဖြောင်းဖျယူလိုက်ရသည်။
အချိန်ကိုညှိ့ယူလိုက်သောအခါ
အိပ်ယာမဝင်ခင်အချိန်တိုပိုင်းလောက်သာ
နှိပ်ရန်ဆုံးဖြတ်လိုက်သည်။
ပင်ပန်းဒဏ်ကိုခံစားရမည့်ရှီကျင်းသည်
ဆုကြီးပေါက်သလိုကျေနပ်ပီတိဖြစ်စွာ
ပြောသည်။
"အင်း...အဲ့လိုပဲထားလိုက်တာပေါ့...
ဘဝကြီးအပေါ် ပိုပြီးအကောင်းမြင်စိတ်
ထားသင့်တယ်ကျွင်းရှောက်"
"အွန်း.."
အမှန်တကယ်အကျိုးအမြတ်ရသွားသော
လျန်ကျွင်းမှာရွေးစရာလမ်းမရှိတော့သလို
လက်လျော့လိုက်ရသည်။
ရှောင်စစ်: <……>
တစ်ခါတလေကျတော့လည်း
ရှီကျင်းဦးနှောက်မရှိပုံက ဆိုးတဲ့အရာတော့
မဟုတ်ပြန်ဘူး..
ထိုညတွင်အချိန်ပိုတန်းပြီးသွားသောအခါ
ရှီကျင်းသည်လျန်ကျွင်းအခန်းတံခါးကို
သွားခေါက်သည်။
အချိန်တိုတစ်ခုသာနှိပ်မည်ဖြစ်ရာ အနှိပ်ခုံကို
မသုံးတော့ပေ။အချိန်လည်းနောက်ကျနေပြီ
ဖြစ်သဖြင့်ပြီးသည်နှင့်ချက်ချင်းအနားယူနိုင်ရန်
လျန်ကျွင်း ကုတင်ပေါ်တွင်သာလှဲလိုက်သည်။
ရှီကျင်းလည်း ငြင်းစရာအကြောင်းမရှိ။
လျန်ကျွင်းလှဲပြီးသည်နှင့်ညအိပ်ဝတ်စုံ
အောက်နားကိုလှန်ကာခြေသလုံးကို
စနှိပ်ပေးသည်။
နှိပ်နေရင်း သူ့လက်မောင်းများ
နည်းနည်းညောင်းလာရာ ကုတင်ကို
တစ်ချက်ကြည့်လိုက်သည်။အနှိပ်ခုံနဲ့မတူဘဲ
ကုတင်အကွာအဝေးနှင့်ဘက်ပြောင်းသွားခြင်းက
သိပ်အဆင်မပြေဖြစ်သွားသည်။ဒီလိုသာ
ကုန်းပြီး ဆက်နှိပ်နေရင်သေသေချာချာ
လုပ်ပေးဖို့ ပိုခက်ခဲသွားလိမ့်မည်။
လျန်ကျွင်းသည်
ရှီကျင်းအခက်ေတွ့နေသည်ကို
ရိပ်မိသွားရာချက်ချင်းပြောလိုက်သည်။
"ကုတင်ပေါ်တက်လာလိုက်လေ..အချိန်လည်း
နောက်ကျနေပြီ—မြန်မြန်ပြီးရင်
စောစောအိပ်လို့ရတာပေါ့"
ရှီကျင်းတွန့်ဆုတ်သွားသည်။
"ဒါပေမဲ့...ကျွန်တော်ကိုယ်လက်မသန့်စင်ရသေးဘူး.."
"ရတယ်ကိစ္စမရှိဘူး"
လျန်ကျွင်း၏စကားများမှာ နူးညံ့ရုံတင်မက
ရှီကျင်းတက်လာရန်လက်ပင်ကမ်းပေးသည်။
ရှီကျင်းရင်ထဲခံစားသွားရသည်။
လျန်ကျွင်းက တကယ်ကောင်းတယ်..
သူသည်လိမ်လိမ်မာမာနဲ့
ကုတင်တစ်ဖက်ခြမ်းကိုတက်လာပြီး
ဂွမ်းစောင်ပေါ်ထိုင်ကာ
ခြေထောက်ကိုဆက်နှိပ်ပေးနေသည်။
ထိုအချိန်မှ သူသဘောပေါက်သွားသည်။
လျန်ကျွင်းသာ ကုတင်ဟိုဘက်ကို
နည်းနည်းလေးရွေ့လိုက်တာနဲ့ သူနှိပ်ရန်
အခက်တွေ့နေသည့်ပြဿနာက ရှိတော့မှာမဟုတ်။
အဲ့လိုဆို ရှီကျင်းကုတင်ပေါ်တက်လာစရာပင်
မလိုပေ။
ဒါပေမဲ့ အခုတော့ကုတင်ပေါ်ရောက်နေပြီဖြစ်ရာ
ပြန်ဆင်းဖို့ကကျ...။
လျန်ကျွင်းသည်သူ့ကုတင်ပေါ်တွင်
ထိုင်နေသောရှီကျင်းကိုကြည့်ရင်း
သူ့နှုတ်ခမ်းများကယောင်ယောင်လေး
တွန့်ကွေးသွားသည်။
အဆုံးမှာတော့ လျန်ကျွင်းအိပ်ပျော်သွားပုံ
ရသည်။ရှီကျင်းသည်အိပ်ယာပေါ်မှ
ဂရုတစိုက်လျောဆင်းကာ ထွက်သွားတော့မည်
ကြံစဉ်မှာအေးစက်သောလက်တစ်ဖက်က
သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။
ရှီကျင်းတန့်သွားကာ
နောက်သို့လှည့်ကြည့်လိုက်မိသည်။
အိပ်ပျော်နေပြီလို့ထင်ထားသော
လျန်ကျွင်းသည်မျက်လုံးများပွင့်လာကာ
ဘေးသို့နည်းနည်းရွေ့လာသည်။ရှီကျင်း သူ
့ကိုလှည့်ကြည့်လာသောအခါ
လူငယ်လေးအား ခပ်ပါးပါးပြုံးပြကာ
"မင်းကြိုးစားလုပ်ဆောင်ပေးတာကျေးဇူးပါပဲ"
ထိုအပြုံးက ရှီကျင်းနှလုံးသားကို
အရည်ပျော်စေသည်။ သူသည်တစ်စုံတစ်ခုကို
ပြန်လိုချင်၍ပေးဆပ်နေခြင်းမျိုးမဟုတ်သော်လည်း
မထင်မှတ်တာတစ်ခုရရှိလိုက်သလို ခံစားရသည်။
သူသည်နောက်ပြန်လှည့်ကာ လျန်ကျွင်းလက်ကို
ဆုပ်ထွေးလိုက်ပြီး ညင်သာစွာပွေ့ဖက်သည်။
ထို့နောက်ဒူးထောက်ထိုင်ကာ
ထိုသူမျက်နှာကိုကြည့်ပြီး ကြည်နူးစွာပြောသည်။
"ခင်ဗျားပြုံးရင်အရမ်းလှတယ်..ဒါကြောင့်
ဒီထက်ပိုများများပြုံးသင့်တယ်...
အခုတော့အိပ်တော့နော်...goodnight
ကျွင်းရှောက်"
လျန်ကျွင်းသည်ရှီကျင်း၏အမူအရာတိုင်းကို
သူ့မှတ်ဉာဏ်ထဲသေသေချာချာ
ထွင်းထုထားမိပြီး မျက်လုံးများပိတ်ကာ
တိုးတိုးလေးပြန်ဖြေသည်။
"Goodnight ရှီကျင်း"
ရှီကျင်း မနေနိုင်စွာ ပြုံးလိုက်သည်။သူသည်
ကုတင်ဘေးတွင်နေကာ လျန်ကျွင်း၏
အိပ်ပျော်နေသောမျက်နှာလေးကို
ငေးကြည့်နေမိရာ သူ့ခြေထောက်များထုံကျင်လာမှ
ပြန်သတိဝင်သည်။ လျန်ကျွင်းအိပ်နေသည်ကို
ဘာကြောင့်ရုတ်တရက်ကြီးကြည့်ချင်စိတ်များ
ဖြစ်လာသလဲ သူ့ကိုယ်တိုင်မသိစွာ
မျက်တောင်တဖျတ်ဖျတ်ခတ်မိသည်။
သူ့စိတ်မှာ ထူးထူးဆန်းဆန်းကြည်နူး
ပျော်ရွှင်နေသည်။ထို့နောက်လျန်ကျွင်းကို
စောင်ခြုံပေးကာ အခန်းထဲမှ တိတ်တိတ်လေး
ထွက်သွားသည်။အခန်းမီးများပိတ်ခဲ့ပေးရန်လည်း
မမေ့ချေ။
ကလစ်
အခန်းတံခါးပိတ်သွားသည်နှင့်အမှောင်ထဲတွင်
လျန်ကျွင်း၏မျက်လုံးများ ပြန်ပွင့်လာသည်။
ရှီကျင်းခြုံပေးထားသောစောင်ကိုဖယ်ကာ
ရှီကျင်းလက်ကိုကိုင်ခဲ့သော သူ့လက်ကို
တစ်ချက်ကြည့်ပြီး သက်ပြင်းဖျော့စွာ ချမိသည်။
အရူးလေးက ဘယ်အချိန်မှသဘောပေါက်မှာလဲ
ဒါမှမဟုတ်...ငယ်သေးလို့လား?
လျန်ကျွင်း ထိုသို့သာတွေးလိုက်ပြီး လက်ကို
ပြန်ချလိုက်သည်။ဒီတစ်ကြိမ်မှာတော့
တကယ်အိပ်ပျော်သွားတော့သည်။
အချိန်များမှာလည်း အဆက်မပြတ်ကုန်ဆုံးနေရာ
ရှီကျင်း၏အချိန်ပိုအတန်းချိန်နောက်ဆုံးရက်တွင်
အစိုးရဘက်မှ သတင်းရောက်လာလေသည်။
တွေ့ဆုံညီလာခံပွဲ၏တည်နေရာနှင့်နေ့ရက်ကို
ဆုံးဖြတ်ပြီးပြီဖြစ်သည်။အချိန်ကို
တွက်ချက်ကြည့်လျှင်အာဏာပိုင်များဘက်မှ
အချိန်ကိုက်ပို့လာသောနေရာကိုရောက်ရန်သူတို့
အနည်းဆုံးသုံးရက်ကြိုထွက်ရမည်။
တွေ့ဆုံပွဲသည်ဧပြီလလယ်တွင်ကျင်းပမည်ဟု
ရေးဆွဲထားရာ အခုဆို မတ်လကုန်ပိုင်းပင်
ရောက်နေပြီဖြစ်သည်။အစိုးရ၏
ဖိနှိပ်မှုအင်အားတစ်ရပ်ဖြစ်သောလျန်ကျွင်းမှာ
တခြားအဖွဲ့အစည်းခေါင်းဆောင်များထက်
ပိုစောရောက်နေသင့်သဖြင့်ထွက်ခွာချိန်က
ရှေ့နှစ်ရက်ထပ်တိုးသွားသည်။
ဒီလိုနဲ့ ပြင်ဆင်ချိန်မှာ ဆယ်ရက်ပင်မကျန်တော့။
ပျော်ရွှင်စရာအားလပ်ရက်မှာ တဟုန်ချင်း
ပြီးဆုံးသွားပြီး လူတိုင်းလည်း စိတ်မှန်နေရာမှန်
ပြန်ရောက်သွားကြကာ ခရီးအတွက်
ပြင်ဆင်လှုပ်ရှားကြတော့သည်။
ကျောင်းသားလေးရှီကျင်းကတော့
ဘေးကနေသာကြည့်ရသည်။
ကျွန်းမှလေဆိပ်တွင်နေ့စဉ်နေ့တိုင်း
လေယာဉ်များ ဆိုက်ကပ်လိုက်၊ထွက်ခွာလိုက်
ဖြစ်နေသည်။လေယာဉ်၌ပါလာသော
ကုန်ပစ္စည်းများကိုသင်္ဘောကြီးတစ်စင်းပေါ်သို့
သယ်ဆောင်ကြသည်။
စာသင်ချိန်များကြားက အနားယူချိန်တွင်
ရှီကျင်းသည်စာကြည့်ခန်း၏
ပြတင်းပေါက်ဘောင်ကိုမှီရင်း အဝေးရှိဆိပ်ကမ်းမှ
လူများယောက်ယက်ခတ်သွားလာနေသည်ကို
ကြည့်နေသည်။လျန်ကျွင်း၏ငြိမ်သက်နေသော
ယူနစ်ဘားကို ပြန်တွေးကာ မနေနိုင်စွာ
သင်ပြင်းချမိသည်။
ဒီအတိုင်းလေးဆက်ရှိနေဖို့မျှော်လင့်မိတယ်..
"ဘာတွေသက်ပြင်းချနေတာလဲ?"
ရှီကျင်းဘေးတွင်ဘယ်အချိန်ကတည်းက
ရှိနေမှန်းမသိသောလျန်ကျွင်းမှမေးလာသည်။
သူသည်လူငယ်လေးအကြည့်နောက်သို့
လိုက်ကြည့်ကာ
"အောက်ဆင်းပြီး သွားကြည့်ချင်လား?"
ရှီကျင်းခေါင်းခါပြသည်။
"ဟင့်အင်း ကျွန်တော်ကဘာမှလည်း
သိတာမဟုတ်ဘူး...အားလုံးကို သွားရှုပ်သလို
ဖြစ်နေမှာပေါ့"
လျန်ကျွင်းလည်း ဘာမှမပြောတော့ဘဲ
ရှီကျင်းနဲ့အတူ သင်္ဘောကိုသာ ကြည့်နေလိုက်သည်။
ခဏကြာမှ အကြောင်းအရာပြောင်းလိုက်သည်။
"ရှီရှင်းရွယ်အကြောင်းစုံစမ်းတာပြီးတော့မယ်၊
အစီရင်ခံစာက ရက်အနည်းငယ်အတွင်း
ရောက်လိမ့်မယ်...
ဒါပေမဲ့..ရှန့်ချင်ကိုယ်ဝန်ပျက်တဲ့ကိစ္စက
အကြောင်းအရာသိပ်မရှိဘူးဖြစ်နေတယ်..
အချိန်လည်းကြာပြီဆိုတော့—
စုံစမ်းတာက သိပ်တိုးတက်မှုမရှိဘူး..
အချိန်လည်း ပိုယူရမယ်"
လျန်ကျွင်းစကားများကို သဘောပေါက်ဖို့
ရှီကျင်း အချိန်ခဏယူလိုက်ရသည်။ပြီးမှ
နားလည်ကြောင်းခေါင်းညိတ်ပြသည်။
ထိုအခါမှ သူသည်လျန်ကျွင်းမွေးနေ့တည်းက
ရှီရှင်းရွယ်နှင့်သူ့မိသားစုအကြောင်း
ထပ်မတွေးမိတော့မှန်း သတိရသွားသည်။
နေ့တိုင်း သူ့စိတ်ထဲတွင်စာလုပ်တာရယ်၊
လျန်ကျွင်းနှင့်ပိတ်ရက်ကျလျှင်ဘယ်သွားပြီး
ဘာလုပ်ရမလဲကိုသာတွေးနေပြီး
တခြားထွေထွေးထထူးထူးမစဉ်းစားမိခဲ့။
သူ့အပြုအမူများကိုသေချာပြန်တွေးတောရင်း
သူ့စိတ်ထဲက ဘားတန်းနှစ်ခုကို
ပြန်ကြည့့်လိုက်သည်။ တစ်ခုက ၄၉၀တွင်
ငြိမ်နေပြီးနောက်တစ်ခုက ၅၀၀တွင်ရှိသည်။
သူသိလာပြီဖြစ်သောဝတ္ထုဇာတ်ကြောင်းများကို
စဉ်းစားကာ ဆိပ်ကမ်းတွင်
ဆိုက်ကပ်ထားသောသင်္ဘောဆီ
အကြည့်ပြန်ရောက်သွားပြီး
အတွေးထဲနှစ်မြုပ်သွားသည်။
ကျန်နေတဲ့အမှတ်တွေက အဆုံးထိလျော့ပစ်ဖို့
ခက်မဲ့ပုံပဲ
လျန်ကျွင်းသည်ဘာမှမပြောဘဲ
ပြတင်းပေါက်ဘေးတွင်ရှီကျင်းနှင့်အတူ
အဖော်ပြုပေးနေသည်။အဝေးသို့
စိတ်ရောက်နေသော သူ့အကြည့်များသည်
ဘာတွေတွေးနေသလဲ ဘယ်သူမှမသိနိုင်ချေ။
ညပိုင်းအတန်းများ အဆုံးသတ်သွားချိန်မှာတော့
မာဆတ်လည်း ပုံမှန်ချိန်ကို ပြန်ရောက်သွားသည်။
ပြီးစီးသောအခါ လျန်ကျွင်းကိုရေချိုးခန်းထဲ
လိုက်ပို့ပေးသည်။ Goodnightလို
့နှုတ်ဆက်ပြီးနောက်ပိတ်သွားသော
ရေချိုးခန်းရှေ့တွင်ရပ်နေမိသည်။ရှီကျင်း အချိန်ကို
လှမ်းကြည့်လိုက်ရာ အိပ်ယာဝင်ချိန်
ရောက်တော့မည်ကိုကြည့်လိုက်ရသဖြင့်သူ့ရင်ထဲ
ရုတ်တရက်လစ်ဟာသွားသလိုပင်။
သူသည်သက်ပြင်းချကာရှောင်စစ်ကိုပြောသည်။
"ဒီနေ့တော့...လျန်ကျွင်းအိပ်ပျော်တာကို
ငါကြည့်လို့မရတော့ဘူးပေါ့—နောက်ကျတဲ့အထိ
အလုပ်တွေထပ်ခိုးလုပ်နေဦးမလားမသိ"
စိတ်စွမ်းအင်ပြန်ပြည့်ဝလာပြီဖြစ်သော
ရှောင်စစ်သည်အကြောင်းသင့်အကြံပေးသည်။
<ကျင်းကျင်းသိလား၊ ကျင်းကျင်းအခန်းက
ဒါလင်နဲ့မျက်နှာချင်းဆိုင်လေ...သူ့ဆီ
အလွယ်တကူ သွားလည်ပြီး အိပ်ဖို့
တိုက်တွန်းလို့ရတယ်>
ရှီကျင်းရင်ထဲလစ်ဟာနေသောခံစားချက်များ
ရပ်တန့်သွားသည်။သူသည်ရုတ်တရက်
ဉာဏ်အလင်းပွင့်သွားသလိုပြောသည်။
"ဟုတ်သားပဲ...ငါသူ့ကိုသွားကြည့်လို့ရတာပဲ၊
'စောစောအိပ်ပြီးစောစောထတာက လူကို
ကျန်းမာချမ်းသာစေတယ်' တဲ့။ ဟုတ်တယ်...
အဲ့တာပဲ..ငါအဲ့လိုလုပ်ရမယ်"
ရှောင်စစ်လည်း ထိုဆုံးဖြတ်ချက်ကို
အားတက်သရောထောက်ခံသည်။
ညဆယ်နာရီခွဲလောက်တွင်တီရှပ်လက်ပြတ်နှင့်
ဘောင်းဘီတိုဝတ်ထားသောရှီကျင်းသည်
လျန်ကျွင်းအခန်းဝတွင်မတ်တတ်ရပ်နေလျက်
ရှိသည်။သူသည်လက်မြှောက်လိုက်သော်လည်း
တွန့်ဆုတ်တွန့်ဆုတ်ဖြင့်
"ရှောင်စစ်...အကယ်၍လျန်ကျွင်းက
အိပ်ပျော်နေပြီး ငါကြောင့်နိုးသွားရင်
ဘယ်လိုလုပ်ရမလဲ?"
ထိုအခါရှောင်စစ်မှ မြန်မြန်အသိပေးသည်။
<ရှောင်စစ်စစ်ပြီးပြီ—ဒါလင်က
မအိပ်သေးဘူး၊စာဖတ်နေတုန်း! >
ဘာ!? သူက ဒီအချိန်ထိ
အလုပ်လုပ်နေတုန်းလား!?
ရှီကျင်း မျက်မှောင်ကြုတ်ကာ
တံခါးချက်ချင်းခေါက်လိုက်သည်။
အခန်းတံခါးမှာ မြန်မြန်ဆန်ဆန်ပဲ ပွင့်လာကာ
ညအိပ်ဝတ်စုံဝတ်ဆင်ထားသောလျန်ကျွင်းကို
မြင်လိုက်ရသည်။ ရှီကျင်း သူ့နောက်ကို
ချောင်းကြည့်လိုက်ရာ ပြတင်းပေါက်ဘေးက
စားပွဲပေါ်တွင်စာရွက်စာတမ်းတပုံတခေါင်းကြီးနဲ့
လင်းနေသောlaptopကိုတွေ့လိုက်သည်။
သူ လျန်ကျွင်းကို မကျေမနပ်လှမ်းကြည့်သည်။
ရှီကျင်းမျက်လုံးထဲမှအမူအရာကို ချက်ချင်း
နားလည်လိုက်သောလျန်ကျွင်းမှာ
ရှင်းပြသည်။
"ငါတကယ်အိပ်တော့မှာ..မင်းကရော
ဘာလို့မအိပ်သေးတာလဲ?"
"ကျွန်တော်လည်း အိပ်တော့မှာ၊ မအိပ်ခင်
ခင်ဗျားကို တစ်ချက်လာကြည့်ချင်လို့"
ထို့နောက်ရှီကျင်းသည်ဝှီးချဲလက်ကိုင်ကို
လှမ်းကိုင်ပြီး ကုတင်ဆီသို့ မပြောမဆို
တွန်းသွားသည်။
"အိပ်တော့၊ မနက်တိုင်းလည်း
စောစောထသေးတယ်—ခင်ဗျားအိပ်ရေးဝဝအိပ်ဖို့
စောစောအိပ်ယာဝင်သင့်တယ်"
လျန်ကျွင်း သူ့ကိုလှည့်ကြည့်ကာ
"ငါ ဖတ်နေရင်းတန်းလန်းကြီး...အဲ့တာက
အရေးကြီးတာမို့ အခုချက်ချင်းလုပ်ဖို့လိုတယ်"
ရှီကျင်း သူ့ကို ခဏလောက်စိုက်ကြည့်နေသည်။
လျန်ကျွင်းလိမ်ပြောနေတာမဟုတ်မှန်းသေချာမှ
စားပွဲဆီလျှောက်သွားပြီးမေးသည်။
"ဘယ်တစ်ခုလဲ? ကျွန်တော်ယူလာပေးမယ်၊
အိပ်ယာထဲဝင်တော့"
ရှီကျင်းဘက်မှ ဒီလိုပြတ်သားနေမှတော့
လျန်ကျွင်းလည်း သူလိုချင်သောဖိုင်နာမည်ကို
ပြောပြကာ ကုတင်ပေါ် လိမ်လိမ်မာမာတက်သွားပြီး
ခေါင်းရင်းတွင်မှီနေလိုက်သည်။
ဒီလိုနဲ့ပဲ လျန်ကျွင်းသည်အိပ်ယာထဲ
စာဖတ်ရသည့်အနေအထားသို့ ရောက်သွား
တော့သည်။
ရှီကျင်းသည်ကုတင်ဘေးတွင်ထိုင်ကာ
တိတ်တိတ်လေးဂိမ်းဆော့ပြီး တစ်ယောက်ကို
တစ်ယောက်မနှောင့်ယှက်တော့ပေ။
လျန်ကျွင်းသည်အချက်အလက်များကို
ဆန်းစစ်ပြီး လက်အောက်ငယ်သားများကို
သူ၏အတည်ပြုချက်ကို အသိပေးပြီးချိန်တွင်
ရှီကျင်းလည်းဆော့လို့ပြီးသွားသည်။
ထိုအခါ လျန်ကျွင်းလက်ထဲမှဖိုင်ကို စားပွဲပေါ်
တင်ပေးပြီး သူလှဲအိပ်သည်အထိစောင့်ကြည့်နေသည်။
"Goodnight"
ရှီကျင်းသည်မျက်မှောင်ကြုတ်လျက်
လျန်ကျွင်းကိုစောင်အောက်ထဲထိုးထည့်သည်။
လျန်ကျွင်းသည်သူ့လက်ကိုဖမ်းကိုင်လိုက်ပြီး
မေးတော့သည်။
"စိတ်ဆိုးနေတာလား"
လျန်ကျွင်းအမေးက လူငယ်လေးကို
အံ့သြစေပြီးပြန်ဖြေရန်တစ်အောင့်ကြာသွားသည်။
ထို့ကြောင့်ရှီကျင်းခေါင်းခါပြကာ
"မဆိုးပါဘူး...ဒါပေမဲ့ ဒီလိုနောက်ကျတဲ့အထိ
အလုပ်မလုပ်ရဘူး၊ အိပ်ချိန်ကို ထိခိုက်တယ်"
"ဒီနေ့က မတော်တဆပါ"
လျန်ကျွင်းသည်ရှီကျင်းလက်ကို
တင်းကျပ်စွာဆုပ်ထွေးရင်း ပြန်ဖြေသည်။
ရှီကျင်းမျက်နှာဖြေလျော့သွားကာ
ဒီလိုအသားချင်းထိတွေ့သောအဆင့်ကို
လူငယ်လေးနေသားကျနေပြီကို လျန်ကျွင်း
သတိထားမိသောအခါ နှလုံးခုန်မြန်သွားသည်။
ထို့ကြောင့်သူသည်မနေနိုင်စွာ
ရှီကျင်းမျက်လုံးများကို နက်နက်နဲနဲစိုက်ကြည့်ကာ
သွယ်ဝိုက်ပြောသည်။
"ငါလည်း မြန်မြန်နေကောင်းချင်ပြီ...
အဲ့တာမှ မင်းအိပ်နေတာကိုငေးကြည့်မဲ့သူက
ငါဖြစ်လာမှာ...မင်းကို အခုထိသေချာ
ဂရုမစိုက်ပေးနိုင်တာတောင်းပန်ပါတယ်"
သူ၏စကားလုံးများ၏အနက်အဓိပ္ပါယ်ကို
နားမလည်သောရှီကျင်းမှာတော့
လျန်ကျွင်းကသူ့ကိုတောင်းပန်စကားဆိုသည်ဟု
သာတွေးပြီး စိတ်အေးသွားသည်။သူသည်
လျန်ကျွင်းနဲ့မျက်နှာချင်းဆိုင်ရန်
ဆောင့်ကြောင့်ထိုင်လိုက်ပြီး
တစ်ဖက်လူရဲ့လက်ကိုစောင်အောက်ထဲ
ထည့်ပေးကာ နှစ်သိမ့်သည်။
"စိတ်မပူပါနဲ့ ကျွင်းရှောက်သေချာပေါက်ကို
နေကောင်းလာမှာ၊ အခုတောင်
အရင်ကထက်စာရင်အများကြီးကောင်းလာပြီ။
ကျွန်တော်က ကျွင်းရှောက်အချိန်တွေကို
ဘယ်လိုစီမံရမလဲကိုပြောချင်တာမျိုးမဟုတ်ပါဘူး..
ဒီတိုင်းစိတ်ပူလို့ပါ...ဘာပဲဖြစ်ဖြစ်
ကျွင်းရှောက်ကျန်းမာလာရင်
ကျွန်တော့်အိပ်ချိန်ကို ကြိုက်သလိုစီမံနိုင်တယ်—
ကျွန်တော်စောင့်နေမယ်..."
ရှီကျင်းမျက်လုံးများမှာ
အားပေးမှုများအပြည့်ဖြစ်သည်။
အဲ့တာသူက ငါပြောချင်တဲ့တခြားအဓိပ္ပါယ်ကို
လုံးဝမရိပ်မိဘူးပေါ့...
လျန်ကျွင်းသည်ရှီကျင်း၏လေးနက်လှသော
အမူအရာကိုကြည့်ကာ ကူကယ်ရာမဲ့သလို
ခံစားရပြီး ရယ်လည်းရယ်ချင်သည်။
ဒီလူသားဟာ တစ်နည်းမဟုတ်တစ်နည်း
ဒီလိုမရေရာတဲ့စကား အပြုအမူတွေကို
အမြဲအထကောက်လွဲတတ်တယ်။
အဲ့တာတောင်ထူးဆန်းစွာပဲ အဲ့လိုအကျင့်လေးတွေက
သူ့ကိုဒေါသမဖြစ်စေတဲ့အပြင်ဒီအတိုင်း
ချစ်ဖို့ကောင်းတဲ့အရူးလေးလို့ပဲတွေးမိတယ်။
"ကောင်းပြီ...ငါ့ကိုစောင့်နေ"
လျန်ကျွင်းခေါင်းညိတ်သည်။သူ ထထိုင်ကာ
ရှီကျင်းကို လှမ်းဖက်သည်။ပြီးမှ ပြန်လှဲပြီး
စောင်ကိုဆွဲတင်ကာပြောသည်။
"Goodnight "
ရှီကျင်းလည်း လျန်ကျွင်းရဲ့ပွေ့ဖက်မှုတွေကို
အသားကျနေပြီဖြစ်ရာ ရိုးရိုးတန်းတန်း
ပြန်နှုတ်ဆက်ပြီး အခန်းထဲမှထွက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း အချိန်ဆယ်ရက်
ကုန်ဆုံးသွားသည်။ဧပြီလဆန်းပိုင်းတစ်ရက်တွင်
ရှီကျင်းသည်လျန်ကျွင်း၏ဝှီးချဲကို
တွန်းပေးရင်း Gua Yiတို့နှင့်အတူ
သင်္ဘောပေါ်သို့ခြေချတော့သည်။ သူတို့အားလုံး
ကျွန်းမှ ထွက်ခွာကြတော့မည်ဖြစ်သည်။
"နှစ်ကုန်ပိုင်း..ဒါမှမဟုတ်နောက်နှစ်ကျမှ
ဒီကိုထပ်လာရတော့မှာပေါ့..."
ရှီကျင်းသည်သံတိုင်ကိုမှီရင်း
အကွာအဝေးတစ်ခုအထိဝေးကွာသွားပြီဖြစ်သော
ကျွန်းကိုကြည့်ကာ စိတ်မပြတ်နိုင်ဖြစ်နေသည်။
သူ့ဘေးတွင်ထိုင်နေသောလျန်ကျွင်းလည်း
ကျွန်းကိုလှမ်းကြည့်သည်။ရှီကျင်းနှင့်အတူ
လျှောက်လည်ခဲ့သောနေရာတစ်ခုချင်းဆီသို့
အကြည့်ရောက်သွားပြီး
"မင်းသဘောကျရင်ဒီနှစ်ထဲ
နည်းနည်းစောလာလို့ရတယ်၊ အဲ့အချိန်ဆို
ငါလည်း ပိုကျန်းမာသင့်ပြီဆိုတော့
မင်းကို ငါးမျှားကိုခေါ်သွားပေးမယ်"
ရှီကျင်း၏အားလပ်ချိန်တစ်ခုလုံးမှာ
စာလုပ်လျှင်လုပ်မဟုတ်လျှင်လျန်ကျွင်းနဲ့
အချိန်ဖြုန်းရုံသာရှိခဲ့သည်။
သူကိုယ်တိုင်လည်းပျော်ရွှင်ခဲ့သော်ငြား
ကျွန်းပေါ်က ဒီလိုအချိန်ကုန်ဆုံးစရာ
ကစားနည်းများကိုစမ်းကြည့်ဖို့
အခွင့်အရေးမရခဲ့။
လူငယ်လေးသည်ပြုံးရယ်ကာပြောလိုက်သည်။
"အဲ့တာဆိုကောင်းတာပေါ့၊ ကျွင်းရှောက်
ခန္ဓာကိုယ်ကျန်းမာလာဖို့ ပိုကြိုးစားရမယ်..
မဟုတ်လျှင်တော့ လိမ်တာပဲ"
ရှီကျင်းအပြုံးကိုမြင်မှ
လျန်ကျွင်းစိတ်အေးသွားသည်။ထို့ကြောင့်
သူလည်း ပြန်ပြုံးပြကာ
"ငါ မင်းကိုမလိမ်ပါဘူး..ကတိပေးတယ်"
သင်္ဘောပေါင်းကူးတံတားနောက်တွင်ရပ်နေသော
Gua Yiနှင့်Gua Erသည်
သံတိုင်ကိုမှီရင်း သင်္ဘောကုန်းပတ်တွင်
စကားပြောနေကြသောလျန်ကျွင်းနှင့်ရှီကျင်းကို
ကြည့်နေကြသည်။သူတို့အချင်းချင်း
တစ်အောင့်မျှကြည့်နေမိရင်း အဆုံးတွင်
Gua Erမှ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။
"ကျွင်းရှောက်က ဘယ်အချိန်မှ
လှုပ်ရှားမှာလဲ? အချိန်ကျနေပြီမလား?
သူတို့နှစ်ယောက်ကြားကအခြေအနေကလည်း
တော်တော်ပြောင်းလဲလာပြီကို.."
အရင်တုန်းကဆို ရှီကျင်းသည်လျန်ကျွင်းရှေ့တွင်
ဒီလိုရဲတင်းစွာဂျီတိုက်ဖို့ မပြောနှင့်
ပေါ့ပေါ့ပါးပါးပင်မနေရဲခဲ့ပါ။
"ရှီကျင်းက တုံးလွန်းတော့
ဒီလိုဖြည်းဖြည်းချင်းချဉ်းကပ်တာမျိုးက
အသက်ရောက်ဆုံးပဲ"
Gua Yiစကားများမှာ နားဝင်ဆိုးလှသော်လည်း သူ့အမူအရာက မြင်နေကျထက်
ပိုနူးညံ့နေသည်။ထို့နောက်ထပ်ပြောသည်။
"ဒီရက်တွေထဲ ကျွင်းရှောက်ခဏခဏပြုံးလာတယ်"
Gua Erလည်း တစ်ချက်လှမ်းကြည့်မိရာ
ရှီကျင်းကို ပြုံးကြည့်နေသောလျန်ကျွင်းကို
တွေ့လိုက်ရသဖြင့် သူလည်း ခဏလောက်
မြောသွားပြီးမှ သက်ပြင်းချသည်။
"သူ့စိတ်လည်း အရင်ကထက်ပိုနူးညံ့ပြီး
နွေးထွေးလာတယ်...ပုံမှန်ဆို
ဒါကောင်းတဲ့အရာပဲလို့ ကျွန်တော်ပြောရမယ်
ဒါပေမဲ့တွေ့ဆုံပွဲကစတော့မယ်လေ"
ပုံမှန်ခက်ထန်သောအမူအရာသည်
Gua Yiမျက်နှာထက်ချက်ချင်းပြန်ရောက်လာကာ
"အရာအားလုံးက ကျွင်းရှောက်ထိန်းချုပ်မှုအောက်မှာပဲ"
"ကျွန်တော်သိပါတယ်..အဲ့လူတွေ
တစ်ခုခုရိပ်မိသွားမှာကို ကျွန်တော်စိုးရိမ်လို့ပါ"
ရှေ့နှစ်တွေကတွေ့ဆုံပွဲများအကြောင်းကို
ပြန်တွေးမိရာ Gua Erမျက်လုံးများမှာ
တဖြည်းဖြည်းအေးစက်လာပြီး တိုးတိုးဆိုသည်။
"ဒီနှစ်တော့သောက်ရူးတွေမပါဖို့မျှော်လင့်တယ်
မဟုတ်လျှင်နောက်ထပ်သုတ်သင်တာကို
တဆင့်ဒုက္ခခံရဦးမယ်"
"ငါတို့လိုနယ်ပယ်ထဲမှာသောက်ရူးတွေဆိုတာ
မရှိမဖြစ်ပါနေတုန်းပဲ"
Gua Yiအေးစက်စက်ပြန်ပြောသည်။
သူ့အမူအရာမှာလည်း အထင်အမြင်သေးစွာ
ကဲ့ရဲ့နေသည်။ ဒီနှစ်တွေ့ဆုံညီလာခံက
အေးအေးချမ်းချမ်းပြီးမြောက်မယ်လို့
သူတော့မထင်ပေ။
ခရီးထွက်ခွာလာပြီး နှစ်ရက်အကြာတွင်
လျန်ကျွင်း၏အမှတ်သည်၆၀၀သို့ရောက်သွားပြီး
ရှီကျင်းအမှတ်လည်း ၅၀၀သို့
နည်းနည်းတက်လာသည်။
ရှီကျင်းသက်ပြင်းချကာ
"ဒါက လျန်ကျွင်းဘက်က သက်ရောက်တာပဲ..
မြေအောက်ဂိုဏ်းခေါင်းဆောင်တွေစုဝေးပွဲက
သေချာပေါက်အန္တရာယ်များတာပေါ့"
ရှောင်စစ်မှဖြေသိမ့်ပေးသည်။
<မကြောက်နဲ့ ကျင်းကျင်း...ဒါလင်က
ကာကွယ်ပေးလိမ့်မယ်>
သို့သော်ငြား ရှီကျင်းနည်းနည်းမှ
စိတ်မအေးသွား၊ဆန့်ကျင်ဘက်အနေနဲ့
ပိုတောင်ဆိုးဝါးလာသေးသည်။
ဟုတ်တယ်...ငါတို့အားလုံးကတွေးကြတယ်..
အရာရာအဆင်ပြေသွားမှာပါ..ဘာလို့ဆို
တစ်ခုခုဖြစ်ရင်တောင်လျန်ကျွင်းက
ငါတို့ကိုကာကွယ်ဖို့ နည်းလမ်းသေချာပေါက်
ရှာပေးမှာမို့လို့ပေါ့၊..အဲ့တာဆိုရင်
လျန်ကျွင်းကိုကျတော့ ဘယ်သူက
ကာကွယ်ပေးမှာလဲ?
လျန်ကျွင်းက နတ်ဘုရားလည်းမဟုတ်...
အသွေးအသားနဲ့တည်ဆောက်ထားတဲ့
သာမန်သေမျိုးလူသားတစ်ယောက်ပဲလေ။
သူ့ကို ဘယ်သူကာကွယ်မှာလဲ?
တစ်ရက်ကုန်ဆုံးပြီးနောက်သုံးရက်မြောက်
ညနေခင်းတွင်တော့ အစိုးရဘက်မှ
သင်္ဘောသည်ရေပြင်တွင်ပေါ်ထွက်လာတော့သည်။
ဤသည်မှာ စစ်သင်္ဘောမျိုးမဟုတ်ဘဲ
သာမန်သင်္ဘောကြီးတစ်စင်းသာဖြစ်သည်။
ရှီကျင်းအထင်နဲ့မတူဘဲ တအားခြိမ်းခြောက်ဟန်
မရှိပေ။
Gua Yiသည်သူတို့သင်္ဘောကို
ရပ်တန့်ခိုင်းကာ ပင်လယ်ပြင်ကိုရေဒါနဲ့
စစ်ဆေးစေသည်။
ဘာလျှို့ဝှက်အန္တရာယ်မှမရှိတာသေချာမှ
အစိုးရဘက်ကို ဆက်သွယ်လိုက်သည်။
ထို့နောက်Gua Erနဲ့Gua Wuကို
လူနည်းစုနှင့်တကွ အစိုးရသင်္ဘောပေါ်သို့
ပို့လိုက်သည်။ သူတို့နေရာထိုင်ခင်းများ
ကြိုပြင်ဆင်ရန်လို့ မြင်ရသော်လည်း
တကယ်တမ်းက ပတ်ဝန်းကျင်ကို
အကဲခတ်စေချင်၍ဖြစ်သည်။
အချိန်ကလည်းနောက်ကျနေပြီဖြစ်သဖြင့်
ကျန်အဖွဲ့သားများက မနက်ဖြန်မှ
ရွေ့ပြောင်းကြမည်ဖြစ်သည်။ရှီကျင်းသည်အပြင်သို့
ထွက်ရပ်ကာ သင်္ဘောကုန်းပတ်အောက်
အလုပ်ရှုပ်နေသည်များကို ကြည့်နေလိုက်သည်။
အပူချိန်က သူထင်ထားသည်က ကျဆင်းနေရာ
အင်္ကျီဇစ်ကိုဆွဲတင်ပြီး ပင်လယ်နက်ကြီးကို
ကြည့်ကာ စစ်စတန်အားမေးခွန်းထုတ်သည်။
"ရှောင်စစ်...ဒီလိုအေးနေချိန်
တစ်ယောက်ယောက်သာ ပင်လယ်ထဲ
ပြုတ်ကျသွားလျှင်အချိန်ဘယ်လောက်
တောင့်ခံနိုင်မလဲ?"
ရှောင်စစ်ထိတ်ထိတ်ပျာပျာဖြစ်သွားကာ
<ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ဖို့များ
တွေးနေတာလား ကျင်းကျင်း?>
ရှီကျင်းမျက်နှာတောင့်ခဲသွားသည်။
ဟုတ်သား...အဲ့လိုမေးလိုက်တာက
ဒီလိုအဓိပ္ပါယ်ပေါက်သွားတယ်...
သူ့စိတ်သည်ချက်ချင်းဆိုသလို
သူပင်လယ်ထဲပြုတ်ကျမည့်
မြင်ကွင်းပေါင်းစုံကိုပုံဖော်မိသွားသည်။
သူသည်မြိုသိပ်ကာထပ်မေးသည်။
"ငါတကယ်ကြီးပြုတ်ကျသွားရင်
မင်းပေးနိုင်တဲ့Buffမျိုးရှိလား?"
ရှောင်စစ်တွေးတောကာ
<mermaid buff? ကျင်းကျင်းကို
ငါးတစ်ကောင်အဖြစ်ယာယီပြောင်းပေးနိုင်တယ်>
...ငါးတစ်ကောင်လို ?
ရှီကျင်းမျက်နှာ မဲ့ရှုံ့သွားသည်။သူသည်
သံတိုင်မှအနောက်သို့ ဂရုတစိုက်
ဖြည်းဖြည်းချင်းဆုတ်ခွာကာ အခုချိန်မှစပြီး
ကုန်းပတ်လမ်းနဲ့ဝေးဝေးနေရန်ဆုံးဖြတ်လိုက်တော့သည်။
=============================