ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘ...

By simply_because99

1.5M 190K 6.3K

Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapter... More

Synopsis
အပိုင်း - ၁ (U+Z)
အပိုင်း - ၂ (U+Z)
အပိုင်း - ၃ (U+Z)
အပိုင်း - ၅ (U+Z)
အပိုင်း - ၆ (U+Z)
အပိုင်း - ၇ (U+Z)
အပိုင်း - ၈ (U+Z)
အပိုင်း - ၉ (U+Z)
အပိုင်း - ၁၀ (U+Z)
အပိုင်း - ၁၁ (U+Z)
အပိုင်း - ၁၂ (U+Z)
အပိုင်း - ၁၃ (U+Z)
အပိုင်း - ၁၄ (U+Z)
အပိုင်း - ၁၅ (U+Z)
အပိုင်း - ၁၆ (U+Z)
အပိုင်း - ၁၇ (U+Z)
အပိုင်း - ၁၈ (U+Z)
အပိုင်း - ၁၉ (U+Z)
အပိုင်း - ၂၀ (U+Z)
အပိုင်း - ၂၁ (U+Z)
အပိုင်း - ၂၂ (U+Z)
အပိုင်း - ၂၃ (U+Z)
အပိုင်း - ၂၄ (U+Z)
အပိုင်း - ၂၅ (first part)
အပိုင်း - ၂၅ (second part)
အပိုင်း - ၂၆ (U+Z)
အပိုင်း - ၂၇ (U+Z)
အပိုင်း - ၂၈ (U+Z)
အပိုင်း - ၂၉ (U+Z)
အပိုင်း - ၃၀ (U+Z)
အပိုင်း - ၃၁ (U+Z)
အပိုင်း - ၃၂ (U+Z)
အပိုင်း - ၃၃ (U+Z)
အပိုင်း - ၃၄ (U+Z)
အပိုင်း - ၃၅ (U+Z)
အပိုင်း - ၃၆ (U+Z)
အပိုင်း - ၃၇ (U+Z)
အပိုင်း - ၃၈ (U+Z)
အပိုင်း - ၃၉ (U+Z)
အပိုင်း - ၄၀ (U+Z)
အပိုင်း - ၄၁ (U+Z)
အပိုင်း - ၄၂ (U+Z)
အပိုင်း - ၄၃ (U+Z)
အပိုင်း - ၄၄ (U+Z)
အပိုင်း - ၄၅ (U+Z)
အပိုင်း - ၄၆ (U+Z)
ဇာတ်သိမ်းပိုင်း (Unicode)
ဇာတ်သိမ်းပိုင်း (Zawgyi)
Extra - 1 (U+Z)
Extra - Spinoff (U+Z)
Extra - 2 (U+Z)

အပိုင်း - ၄ (U+Z)

27.2K 3.6K 90
By simply_because99

Unicode

ဇိမ်ခံသင်္ဘောက တရွေ့ရွေ့။

အကန့်အသတ်မဲ့သောလရောင်ကြားမှာ လွင့်မျော
နေသည်။

တစ်ခါတစ်ခါတွင် ရေထဲနစ်ဝင်သွားကာ တစ်ချက်
တစ်ချက် အပြည့်အဝခုန်ထွက်လာလျှင်လည်း
တင့်တယ်သောလှုပ်ခတ်မှုနှင့်အတူ ရေပွက်
ဖြစ်‌ပေါ်လာစေသည်။

မြစ်ရေမျက်နှာပြင်ပေါ်သို့ ကျောက်တုံးတစ်တုံးက
ဝုန်းခနဲကျလာချိန်ဝယ် လရိပ်က တလှုပ်လှုပ်နှင့်
အပိုင်းပိုင်းကွဲသွားလေ၏။

အစပထမတွင် ဖရိုဖရဲဖြစ်နေရာမှ နင့်နဲသော
နာကျင်မှုကြောင့် လင်းကျစ်ရှ၏ကိုယ်က
ထိရှလွယ်လာကာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း
မရှိတော့။ သူ့ထံ ထပ်ခါထပ်ခါတိုးဝင်မှုကို
လိုက်လျောထားရကာ လွတ်မြောက်ဖို့ကြိုးစားသော်လည်း ခပ်ကြမ်းကြမ်းဟန့်တားခံလိုက်ရ၏။

နာကျင်ခြင်းနှင့် အထိန်းအကွပ်မဲ့သောရူးသွပ်မှု
ကြောင့် သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ အရှေ့သို့
တွားသွားမိသော်ငြား ခြေချင်းဝတ်ကနေ
အနောက်ဘက်ကို ဆွဲယူခံလိုက်ရပြန်သည်။

လင်းကျစ်ရှသည် ရေထဲက လရိပ်အလား
ဖြစ်နေချေ၏။
.
.
.
နောက်တစ်နေ့ မနက်စောစောတွင်။

လင်းကျစ်ရှ နိုးလာပြီး တစ်ကိုယ်လုံးနာကျင်
ကိုက်ခဲနေသည်မှာ မသိလျှင် တစ်စစီပြိုလဲတော့
မည့်အတိုင်း။

မနေ့ညက ဘာတွေဖြစ်ပျက်ခဲ့တာလဲ၊ ဘာလို့
နေရာတိုင်း နာနေရတာလဲ၊ အထူးသဖြင့်
ထုတ်ပြောဖို့ခက်တဲ့အစိတ်အပိုင်းက...

သူ ကိုက်ခဲနေသောခေါင်းကို ပွတ်လိုက်ကာ
မနေ့ညမှ အသိလွတ်သွားသောအဖြစ်က
သူ့စိတ်ထဲ ပြန်ထင်ဟပ်လာသည်။

ချောင်မေ့ပေးသောဝိုင်ကို သောက်ပြီးနောက် ရုတ်တရက်ဆိုသလိုပဲ သူ့တစ်ကိုယ်လုံး နေရာအနှံ့
မသက်မသာခံစားခဲ့ရ၏။ သူ အခန်းသို့ရောက်ပြီး
သိပ်မကြာလိုက်၊ တစ်ကိုယ်လုံးပူလောင်ပြင်းပြ
လာခဲ့၏။ ထိုစဉ်ကတော့ သူ ဘာကိုမှ သေချာ
မစဉ်းစားနိုင်ခဲ့။ ညဘက် အပူရှိန်မြင့်သောကြောင့်
ဖြစ်မည်ဟုတွေးကာ ရေချိုးခဲ့သေးသည်။ ထိုသို့
ပူလောင်မှုမျိုးက ရေချိုးလိုက်လျှင် သက်သာသွား
တတ်သော်လည်း သူ ယခုပြန်တွေးကြည့်တော့မှ
မူမမှန်သလိုခံစားရသည်။ ထိုဝိုင်မှာ တစ်စုံတစ်ခု
ပါဝင်နေတာဖြစ်ရမည်။

ဤသို့တွေးလိုက်သည်နှင့် သူ မတုန်ယင်ဘဲ
မနေနိုင်တော့။

ချောင်မေ့က အထက်တန်းကျောင်းသူအရွယ်ပဲ
ရှိသေးတာ အထင်အရှား၊ သူမ ဘာကြောင့်
ဒီလိုကြောက်စရာကောင်းတဲ့ကိစ္စမျိုးကို ကြံစည်
နိုင်ရတာလဲ...

ရောက်လာသူက လော့ချင်ဖြစ်နေလို့ တော်သေးသည်။

သူ လော့ချင်နဲ့အိပ်ခဲ့တယ်ဆိုမှတော့ ဘာပြဿနာ
ရှိဦးမှာလဲ!

တစ်ချိန်တည်းမှာပဲ လင်းကျစ်ရှ၏မျက်နှာက
ရဲတွတ်သွားရသည်။

တကယ်ဖြစ်ပျက်ခဲ့ကြောင်း သူ့ခန္ဓာကိုယ်မှ
နာကျင်မှုက သတိပေးနေသလိုပင်။

လင်းကျစ်ရှသည် ဖရိုဖရဲအခြေအနေကြား
ကျရောက်နေ၏။ ပြန်တည်ငြိမ်သွားချိန်မှာတော့
တစ်ခုခုလွဲနေကြောင်း ခံစားမိလိုက်ပြီ။

သူတစ်ယောက်တည်း အခန်းထဲ ဘာလို့ရှိနေရ
ပါလိမ့်၊ လော့ချင်က ဘယ်ကိုသွားတာလဲ...

ချစ်တင်းနှောပြီးနောက် ဘာဆက်ဖြစ်သလဲဆိုတာ
သူ တကယ်မသိသော်လည်း ဝတ္ထုနှင့်တီဗီဒရမ်မာ
အားလုံးတွင် မြင်ဖူးပြီးသား။ ယေဘုယျပြောရ
လျှင် ယခုလိုမနက်ခင်းစောစောမှာ အလွန်ချိုမြိန်
နေသင့်သည်မဟုတ်လား။ သို့သော် လက်တွေ့မှာတော့ အခန်းတွင်း ဘယ်သူမှမရှိပေ။ လင်းကျစ်ရှ
ဖုန်းထဲမွှေနှောက်ကာ သူနှင့်လော့ချင်စကားပြောထားတာကို ကြည့်လိုက်သည်။ သူ လော့ချင်ထံ
နောက်ဆုံးပို့ထားသောမက်ဆေ့ခ်ျအချို့ကိုသာ
တွေ့ရပြီး ထိုမျှနှင့် ရပ်တန့်နေလေ၏။

လော့ချင်၏သဘောထားက အလွန်အေးစက်
သဖြင့် လင်းကျစ်ရှ အတော်နာကျင်သွားရသည်။

ယခုရက်ပိုင်း လော့ချင်၏လျစ်လျူရှုမှုကို
သူအမှတ်ရသွားကာ ထိုသူနှင့် ပွင့်ပွင့်လင်းလင်းစကားပြောလိုပြီး နားလည်မှုလွဲနေတာမှန်သမျှကို
ဖြေရှင်းချင်မိသည်။ ယခုအနေအထားအတိုင်း
ရေရှည်ဆက်သွားပါက စိတ်အနှောင့်အယှက်
ပေးရာရောက်ပြီး အချင်းချင်း ညှဉ်းပန်းသလို
ဖြစ်နေလိမ့်မည်။

သို့နှင့် သူ လော့ချင်ဆီ စာတစ်စောင်ပို့လိုက်၏။

'ခင်ဗျား ဒီနေ့ စောစောပြန်လာလို့ရမလား၊
ကျွန်တော် ခင်ဗျားကို ပြောစရာရှိလို့'

သူ အတော်ကြာအောင်စောင့်ပြီးမှ လော့ချင်က
စာပြန်ပို့သည်။

'ကောင်းပြီ'

လင်းကျစ်ရှ အိမ်ပြန်ရောက်ချိန်တွင် နေ့လယ်စာ
ပြင်ဆင်နေသောဝမ်မားကိုတွေ့ရသဖြင့် သွားကူညီ
ချင်သော်လည်း လွန်ခဲ့‌သည့်ရက်အနည်းငယ်က
လော့ယောင်ပြောခဲ့သောစကားကို ပြန်အမှတ်ရမိ
လေ၏။

လင်းကျစ်ရှ ပြောလိုက်သည်။

"ဝမ်မား၊ ကျွန်တော်ကူညီရမလား၊ အသီးအရွက်တွေဆေးကြောပြီး ခြွေပေးတာမျိုးလုပ်လို့ရတယ်"

ဝမ်မား ဖျတ်ခနဲငဲ့ကြည့်သည်။ လင်းကျစ်ရှက
ခပ်ဖျော့ဖျော့ပြုံးနေကာ လေသံမှာ ပိုတည်ငြိမ်လျက်။

"ဒါဆိုလည်း ဒီအရွက်စိမ်းလေးတွေကို
ကူဆေးပေး"

လင်းကျစ်ရှက ပျော်ရွှင်စွာအလုပ်လုပ်လေသည်။
သူက အိမ်မှုကိစ္စနိုင်နင်းကာ လက်သွက်ပြီး
အမှန်တော့ သူ့ဟင်းချက်လက်ရာလည်း‌
ကောင်းသည်ဟု တွေးမိ၏။ တက္ကသိုလ်ပထမနှစ်၊
နွေရာသီတုန်းက ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်သို့
သွား၍ မီးဖိုချောင်မှာ ကူညီလုပ်ကိုင်ပေးခဲ့ဖူး
သည်။ လော့ယောင်ကတော့ သူ့လက်ရာကို
မြည်းမကြည့်ဖူးဘဲ တမင်သက်သက်တိုက်ခိုက်ခဲ့
ခြင်းပင်။

လင်းကျစ်ရှ၏လုံ့လဝီရိယနှင့် စိတ်ထားကောင်း
တာကိုကြည့်ပြီး ဝမ်မားက သက်ပြင်းမချဘဲ
မနေနိုင်တော့။

"မင်း...ဒီကလေးဟာလေ ဒါက ကောင်းလို့လား၊
မင်း ဘာကြောင့်များ ဒီလိုလုပ်ဖို့လို..."

လင်းကျစ်ရှက ရပ်တန့်သွားကာ နားစွင့်ရင်း
ဝမ်မား ဘာဆက်ပြောမလဲဆိုတာကို စောင့်နေမိသည်။

သို့ရာတွင် လော့‌ယောင်က သူတို့နှစ်ဦးကြား
ဝင်နှောင့်ယှက်လေ၏။ သူမက မီးဖိုချောင်သို့
တန်းတန်းမတ်မတ်လာပြီး အော်ပြောလိုက်သည်။

"ဆာလွန်းလို့သေတော့မယ်၊ သေလောက်အောင်
ဗိုက်ဆာနေပြီ...တစ်ခုခုကျွေးစမ်းပါ!"

အသေအချာပင်၊ ဝမ်မား၏အာရုံက တခြား
ရောက်သွားကာ လော့ယောင်ကို နည်းနည်းစီ
ချော့နေရတော့သည်။

လင်းကျစ်ရှမှာ အလွန်စိတ်ဓာတ်ကျသွားရ၏။
သူ သဲလွန်စတစ်ခုခုရခါနီးအခြေအနေမှာပဲ
လော့ယောင်က ဝင်နှောင့်ပြန်ပြီ။

လော့ချင်က ညနေခင်း ပြန်လာပြီးစကားပြောဖို့
ကတိပေးထားသဖြင့် မကြာခင် ရှင်းလင်းသွား
လိမ့်မည်။ လင်းကျစ်ရှ ဒီတစ်ခေါက် အလျင်လို
စရာမလိုတော့။

လော့ယောင်က သူ့ကို ခဏစိုက်ကြည့်ပြီးနောက်
မလိုမုန်းတီးစွာပြုံးရင်း မေးလိုက်သည်။

"မနေ့က ဘယ်လိုလဲ၊ စားသောက်ပွဲမှာ ပျော်ခဲ့ရဲ့လား"

လင်းကျစ်ရှက သူမကို တစ်ချက်ပဲလှမ်းကြည့်ကာ
ဘာမှမဖြေ။

လော့ယောင်က သူ့အနားသို့လျှောက်လာပြီး
စိတ်မပါတပါ ဆိုသည်။

"ရှင် ဘာပြောချင်လို့လဲ၊ နားလေးနေတာလား"

"မင်း တမင်လုပ်ခဲ့တာပဲ"

လင်းကျစ်ရှက သူမကိုမကြည့်ဘဲ အလုပ်ပေါ်
အာရုံစိုက်ထားကာ ဒေါသထွက်သည့်လေသံနှင့်
ပြောလိုက်၏။

"လော့ချင်က ငါ့ကို မသွားစေချင်ခဲ့ဘူး"

"အဲဒါ အရေးမကြီးပါဘူး"

လော့ယောင်က လင်းကျစ်ရှအပေါ် လိမ်ညာခဲ့
သည့်အဖြစ်ကို ဂရုစိုက်ဟန်မရှိဘဲ ပျင်းရိပျင်းတွဲ‌
ဖြေသည်။ သူမက အခြားတစ်စုံတစ်ရာကို
စိတ်ဝင်စားနေပုံ။

"ဘယ်လိုလဲ...ချောင်မေ့က ချစ်စရာကောင်း
တယ်ဟုတ်"

ချစ်စရာကောင်းတယ်?

မနေ့ညက ချောင်မေ့၏လက်ချက်ကို ပြန်သတိရ
သည့်အခါ လင်းကျစ်ရှ တုန်လှုပ်သွားသည်။

သူမက ယင်ဓာတ်နှင့်ယန်ဓာတ် ချို့ယွင်းနေသည့်
အရူးလားဆိုတာ မပြောတတ်။

အမှန်တော့ လင်းကျစ်ရှကိုယ်တိုင်ကလည်း နုံအ
ခြင်းပင်။ လော့ယောင် သူ့ကိုသဘောမကျမှန်း
သူ ရှင်းရှင်းလင်းလင်းခံစားမိသော်လည်း သူမ၏စကားကို ယုံကြည်ခဲ့သည်လေ။

လော့ယောင်က တတွတ်တွတ်ဆက်‌ပြောနေဆဲ၊
လင်းကျစ်ရှကမူ လက်ထဲမှအစားအစာကို
ချထားလိုက်ကာ အခန်းဆီသို့ တန်းတန်းမတ်မတ်ပြန်သွားသည်။ အဖက်လုပ်မခံရသော
လော့‌ယောင်က ထိုနေရာမှာ ကျိန်ဆဲနေသော်ငြား လင်းကျစ်ရှ သူမနှင့်စကားမပြောချင်။

ဒီလောက်ဆို တော်သင့်နေပြီ။

မနက်မိုးလင်းကတည်းက သူ မူးနောက်နောက်
ခံစားနေရပြီး လော့ယောင်နှင့် အချေအတင်ဖြစ်ဖို့
တကယ် အားတစ်စက်မှမရှိတော့။

နေ့လယ်တွင် သူ mall သို့သွားကာ ဝယ်ယူခဲ့သောလည်ဆွဲကို ပြန်အပ်လိုက်သည်။ လင်းကျစ်ရှ
အိမ်ပြန်ရောက်ချိန်မှာ ည ၈ နာရီထိုးနေပြီ
ဖြစ်သော်လည်း လော့ချင်က ပြန်မရောက်သေး။

လော့ချင်က စောစောပြန်လာမည်ဟု သဘောတူ
ပြီးသား။ ကြည့်ရတာ ထိုသူ့သဘောထားက
ယခင်နှင့်ယခု ကွာဟသွားပုံပေါ်သည်။

ဝမ်မားက လင်းကျစ်ရှအတွက် ထမင်းတစ်နပ်စာ
မချန်ထားပေ။

လင်းကျစ်ရှက တစ်နေကုန် ဘာမှမစားရသေးသော်လည်း ဗိုက်သိပ်မဆာ။ သူ့ခန္ဓာကိုယ်မှာ
အားနည်းသလိုခံစားနေရပြီး တစ်ချိန်လုံး ဒယိမ်းဒယိုင်ဖြစ်နေသည်။

သူ ဧည့်ခန်းထဲတွင်ထိုင်ကာ လော့ချင်ကိုစောင့်နေရင်း ထိုနေရာမှာပဲ အတော်ကြာအောင်
အိပ်မောကျသွားမိသည်။

လော့ချင်က ညဘက်နောက်ကျမှပြန်လာသည်။ လေလံပွဲရှိသဖြင့် ယနေ့တစ်နေကုန် အလုပ်ရှုပ်နေခဲ့၏။ လင်းကျစ်ရှပို့ထားသောမက်ဆေ့ခ်ျကိုပင်
မေ့နေတာကြာပြီ။ ‌ဆိုဖာပေါ်တွင် လဲလျောင်းနေသည့်လင်းကျစ်ရှ၏ပုံရိပ်ကိုမြင်မှသာ စောစော
ပြန်လာဖို့ကတိပေးထားကြောင်း အမှတ်ရတော့
သည်။

လော့ချင် နာရီတစ်ချက်ကြည့်လိုက်ရာ တအား
နောက်မကျသေးသဖြင့် လင်းကျစ်ရှကိုနှိုးစရာ
မလို။

သို့သော် လင်းကျစ်ရှက နိုးလာကာ မျက်လုံးတို့ကို
ပွတ်သပ်ရင်း ထထိုင်လိုက်သည်။ လော့ချင်ကို
မြင်ချိန်မှာ အလိုလိုပြုံးမိလေ၏။

"ခင်ဗျား ပြန်လာပြီ"

"အင်း..."

လော့ချင်၏အမူအရာက အရင်လိုပဲ မပြောင်းလဲ။

"ဒီနေ့ ကုမ္ပဏီမှာ အလုပ်များနေလို့၊ ငါ မေ့သွားတယ်"

လင်းကျစ်ရှက လော့ချင်၏ဆိုလိုရင်းကိုသိသဖြင့်
ခေါင်းခါလိုက်သည်။

"ရပါတယ်"

"မင်း ဘာပြောစရာရှိလို့လဲ"

"မနေ့ညက..."

လင်းကျစ်ရှက နှုတ်ခမ်းဖိကိုက်မိသွားကာ-

"မနေ့ညက ဘာဖြစ်ခဲ့တာ..."

မနေ့ညအကြောင်းကို ဖော်ပြချိန်မှာ လော့ချင်၏
မျက်ဝန်းများက ပိုလို့အေးစက်သွားပြီ။ ထေ့ငါ့
ချင်သလိုမျိုး ဆိုလိုက်သည်။

"မင်း သိပ်ပျော်နေသင့်တာ၊ နောက်ဆုံးတော့
မင်းရဲ့အလိုဆန္ဒ‌ပြည့်ဝသွားပြီပဲ"

လင်းကျစ်ရှ ကြောင်အသွား၏။

"ဘာကို?"

"နောက်ဆုံးတော့ ငါ့အိပ်ရာပေါ် တွယ်တက်နိုင်ခဲ့ပြီမဟုတ်လား၊ ဂုဏ်ယူပါတယ်"

လော့ချင်က ပြက်ရယ်ပြုသည်။

"ဆိုတော့ မင်းက ဒီကိစ္စအသုံးချပြီး ငါ့ကို ခြိမ်းခြောက်မယ်ပေါ့? လင်းကျစ်ရှ...မင်းရဲ့
နည်းလမ်းက တကယ် ဒီအတိုင်းပဲ"

လော့ချင်က အသံတအားကောင်းသည်၊
တိုးတိမ်ကာ ညို့ငင်နိုင်စွမ်းအပြည့်။

စကားသိပ်မပြောဖြစ်သော်လည်း လင်းကျစ်ရှက
လော့ချင်၏အသံကို ဆွဲဆောင်မှုရှိသလိုခံစားရသည်။

လင်းကျစ်ရှ တစ်ခါတစ်ရံ မိုက်မဲစွာတွေးမိသည်။ လော့ချင်သာ ယခုလိုအသံမျိုးဖြင့် သူ့ဆီမှာ
ချိုမြိန်သည့်စကားများပြောလျှင် သူ မိနစ်ပိုင်းအတွင်း သေချာပေါက်ပြိုလဲမိနိုင်သည်ဟူ၍။

သို့သော် ယခုအခိုက်အတန့်မှာတော့ လော့ချင်၏
စကားသံက မာကျောသည့်တူသဖွယ်။

လင်းကျစ်ရှ၏နှလုံးသားကို ထပ်ခါတလဲလဲ
ထုနှက်နေပေသည်။

"ခင်ဗျား ဘာကိုဆိုလိုတာလဲ"

လင်းကျစ်ရှ ခပ်တိုးတိုးရေရွတ်ရင်း။

"ကျွန်တော် တမင် ဆေးသောက်ပြီး ခင်ဗျားကို
ဖြားယောင်းတယ်လို့ထင်နေတာလား"

လင်းကျစ်ရှ၏မျက်နှာက ဝမ်းနည်းနေကာ
နောက်စက္ကန့်အတွင်း မျက်ရည်ကျမိတော့မလို။

"မင်း ဒီလိုကိစ္စမျိုးကို မလုပ်နိုင်လောက်ဘူးလို့
ထင်နေတာလား၊ လင်းကျစ်ရှ..မင်းက ဘဝမှာ
ရသင့်ရထိုက်တာထက် ပိုလိုချင်နေတာပဲ"

တုန်ခါလာသောဖုန်းကိုကြည့်ရင်း လော့ချင်က
စိတ်မရှည်စွာပြောလိုက်သည်။

"ဒီရက်ပိုင်း မင်း စည်းကျော်သေးတယ်၊
ကိုယ့်ကိုယ်ကိုယ် သိပ်တွန်းအားမပေးနဲ့၊
ရပ်သင့်ပြီ"

✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧

Zawgyi

ဇိမ္ခံသေဘၤာက တေ႐ြ႕ေ႐ြ႕။

အကန႔္အသတ္မဲ့ေသာလေရာင္ၾကားမွာ လြင့္ေမ်ာ
ေနသည္။

တစ္ခါတစ္ခါတြင္ ေရထဲနစ္ဝင္သြားကာ တစ္ခ်က္
တစ္ခ်က္ အျပည့္အဝခုန္ထြက္လာလွ်င္လည္း
တင့္တယ္ေသာလႈပ္ခတ္မႈႏွင့္အတူ ေရပြက္
ျဖစ္‌ေပၚလာေစသည္။

ျမစ္ေရမ်က္ႏွာျပင္ေပၚသို႔ ေက်ာက္တုံးတစ္တုံးက
ဝုန္းခနဲက်လာခ်ိန္ဝယ္ လရိပ္က တလႈပ္လႈပ္ႏွင့္
အပိုင္းပိုင္းကြဲသြားေလ၏။

အစပထမတြင္ ဖ႐ိုဖရဲျဖစ္ေနရာမွ နင့္နဲေသာ
နာက်င္မႈေၾကာင့္ လင္းက်စ္ရွ၏ကိုယ္က
ထိရွလြယ္လာကာ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္စြမ္း
မရွိေတာ့။ သူ႔ထံ ထပ္ခါထပ္ခါတိုးဝင္မႈကို
လိုက္ေလ်ာထားရကာ လြတ္ေျမာက္ဖို႔ႀကိဳးစားေသာ္လည္း ခပ္ၾကမ္းၾကမ္းဟန႔္တားခံလိုက္ရ၏။

နာက်င္ျခင္းႏွင့္ အထိန္းအကြပ္မဲ့ေသာ႐ူးသြပ္မႈ
ေၾကာင့္ သူကိုယ္တိုင္ပင္ မသိလိုက္ပါဘဲ အေရွ႕သို႔
တြားသြားမိေသာ္ျငား ေျခခ်င္းဝတ္ကေန
အေနာက္ဘက္ကို ဆြဲယူခံလိုက္ရျပန္သည္။

လင္းက်စ္ရွသည္ ေရထဲက လရိပ္အလား
ျဖစ္ေနေခ်၏။
.
.
.
ေနာက္တစ္ေန႔ မနက္ေစာေစာတြင္။

လင္းက်စ္ရွ ႏိုးလာၿပီး တစ္ကိုယ္လုံးနာက်င္
ကိုက္ခဲေနသည္မွာ မသိလွ်င္ တစ္စစီၿပိဳလဲေတာ့
မည့္အတိုင္း။

မေန႔ညက ဘာေတြျဖစ္ပ်က္ခဲ့တာလဲ၊ ဘာလို႔
ေနရာတိုင္း နာေနရတာလဲ၊ အထူးသျဖင့္
ထုတ္ေျပာဖို႔ခက္တဲ့အစိတ္အပိုင္းက...

သူ ကိုက္ခဲေနေသာေခါင္းကို ပြတ္လိုက္ကာ
မေန႔ညမွ အသိလြတ္သြားေသာအျဖစ္က
သူ႔စိတ္ထဲ ျပန္ထင္ဟပ္လာသည္။

ေခ်ာင္ေမ့ေပးေသာဝိုင္ကို ေသာက္ၿပီးေနာက္ ႐ုတ္တရက္ဆိုသလိုပဲ သူ႔တစ္ကိုယ္လုံး ေနရာအႏွံ႔
မသက္မသာခံစားခဲ့ရ၏။ သူ အခန္းသို႔ေရာက္ၿပီး
သိပ္မၾကာလိုက္၊ တစ္ကိုယ္လုံးပူေလာင္ျပင္းျပ
လာခဲ့၏။ ထိုစဥ္ကေတာ့ သူ ဘာကိုမွ ေသခ်ာ
မစဥ္းစားႏိုင္ခဲ့။ ညဘက္ အပူရွိန္ျမင့္ေသာေၾကာင့္
ျဖစ္မည္ဟုေတြးကာ ေရခ်ိဳးခဲ့ေသးသည္။ ထိုသို႔
ပူေလာင္မႈမ်ိဳးက ေရခ်ိဳးလိုက္လွ်င္ သက္သာသြား
တတ္ေသာ္လည္း သူ ယခုျပန္ေတြးၾကည့္ေတာ့မွ
မူမမွန္သလိုခံစားရသည္။ ထိုဝိုင္မွာ တစ္စုံတစ္ခု
ပါဝင္ေနတာျဖစ္ရမည္။

ဤသို႔ေတြးလိုက္သည္ႏွင့္ သူ မတုန္ယင္ဘဲ
မေနႏိုင္ေတာ့။

ေခ်ာင္ေမ့က အထက္တန္းေက်ာင္းသူအ႐ြယ္ပဲ
ရွိေသးတာ အထင္အရွား၊ သူမ ဘာေၾကာင့္
ဒီလိုေၾကာက္စရာေကာင္းတဲ့ကိစၥမ်ိဳးကို ႀကံစည္
ႏိုင္ရတာလဲ...

ေရာက္လာသူက ေလာ့ခ်င္ျဖစ္ေနလို႔ ေတာ္ေသးသည္။

သူ ေလာ့ခ်င္နဲ႔အိပ္ခဲ့တယ္ဆိုမွေတာ့ ဘာျပႆနာ
ရွိဦးမွာလဲ!

တစ္ခ်ိန္တည္းမွာပဲ လင္းက်စ္ရွ၏မ်က္ႏွာက
ရဲတြတ္သြားရသည္။

တကယ္ျဖစ္ပ်က္ခဲ့ေၾကာင္း သူ႔ခႏၶာကိုယ္မွ
နာက်င္မႈက သတိေပးေနသလိုပင္။

လင္းက်စ္ရွသည္ ဖ႐ိုဖရဲအေျခအေနၾကား
က်ေရာက္ေန၏။ ျပန္တည္ၿငိမ္သြားခ်ိန္မွာေတာ့
တစ္ခုခုလြဲေနေၾကာင္း ခံစားမိလိုက္ၿပီ။

သူတစ္ေယာက္တည္း အခန္းထဲ ဘာလို႔ရွိေနရ
ပါလိမ့္၊ ေလာ့ခ်င္က ဘယ္ကိုသြားတာလဲ...

ခ်စ္တင္းေႏွာၿပီးေနာက္ ဘာဆက္ျဖစ္သလဲဆိုတာ
သူ တကယ္မသိေသာ္လည္း ဝတၳဳႏွင့္တီဗီဒရမ္မာ
အားလုံးတြင္ ျမင္ဖူးၿပီးသား။ ေယဘုယ်ေျပာရ
လွ်င္ ယခုလိုမနက္ခင္းေစာေစာမွာ အလြန္ခ်ိဳၿမိန္
ေနသင့္သည္မဟုတ္လား။ သို႔ေသာ္ လက္ေတြ႕မွာေတာ့ အခန္းတြင္း ဘယ္သူမွမရွိေပ။ လင္းက်စ္ရွ
ဖုန္းထဲေမႊေႏွာက္ကာ သူႏွင့္ေလာ့ခ်င္စကားေျပာထားတာကို ၾကည့္လိုက္သည္။ သူ ေလာ့ခ်င္ထံ
ေနာက္ဆုံးပို႔ထားေသာမက္ေဆ့ခ္်အခ်ိဳ႕ကိုသာ
ေတြ႕ရၿပီး ထိုမွ်ႏွင့္ ရပ္တန႔္ေနေလ၏။

ေလာ့ခ်င္၏သေဘာထားက အလြန္ေအးစက္
သျဖင့္ လင္းက်စ္ရွ အေတာ္နာက်င္သြားရသည္။

ယခုရက္ပိုင္း ေလာ့ခ်င္၏လ်စ္လ်ဴရႈမႈကို
သူအမွတ္ရသြားကာ ထိုသူႏွင့္ ပြင့္ပြင့္လင္းလင္းစကားေျပာလိုၿပီး နားလည္မႈလြဲေနတာမွန္သမွ်ကို
ေျဖရွင္းခ်င္မိသည္။ ယခုအေနအထားအတိုင္း
ေရရွည္ဆက္သြားပါက စိတ္အေႏွာင့္အယွက္
ေပးရာေရာက္ၿပီး အခ်င္းခ်င္း ညႇဥ္းပန္းသလို
ျဖစ္ေနလိမ့္မည္။

သို႔ႏွင့္ သူ ေလာ့ခ်င္ဆီ စာတစ္ေစာင္ပို႔လိုက္၏။

'ခင္ဗ်ား ဒီေန႔ ေစာေစာျပန္လာလို႔ရမလား၊
ကြၽန္ေတာ္ ခင္ဗ်ားကို ေျပာစရာရွိလို႔'

သူ အေတာ္ၾကာေအာင္ေစာင့္ၿပီးမွ ေလာ့ခ်င္က
စာျပန္ပို႔သည္။

'ေကာင္းၿပီ'

လင္းက်စ္ရွ အိမ္ျပန္ေရာက္ခ်ိန္တြင္ ေန႔လယ္စာ
ျပင္ဆင္ေနေသာဝမ္မားကိုေတြ႕ရသျဖင့္ သြားကူညီ
ခ်င္ေသာ္လည္း လြန္ခဲ့‌သည့္ရက္အနည္းငယ္က
ေလာ့ေယာင္ေျပာခဲ့ေသာစကားကို ျပန္အမွတ္ရမိ
ေလ၏။

လင္းက်စ္ရွ ေျပာလိုက္သည္။

"ဝမ္မား၊ ကြၽန္ေတာ္ကူညီရမလား၊ အသီးအ႐ြက္ေတြေဆးေၾကာၿပီး ေႁခြေပးတာမ်ိဳးလုပ္လို႔ရတယ္"

ဝမ္မား ဖ်တ္ခနဲငဲ့ၾကည့္သည္။ လင္းက်စ္ရွက
ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးေနကာ ေလသံမွာ ပိုတည္ၿငိမ္လ်က္။

"ဒါဆိုလည္း ဒီအ႐ြက္စိမ္းေလးေတြကို
ကူေဆးေပး"

လင္းက်စ္ရွက ေပ်ာ္႐ႊင္စြာအလုပ္လုပ္ေလသည္။
သူက အိမ္မႈကိစၥႏိုင္နင္းကာ လက္သြက္ၿပီး
အမွန္ေတာ့ သူ႔ဟင္းခ်က္လက္ရာလည္း‌
ေကာင္းသည္ဟု ေတြးမိ၏။ တကၠသိုလ္ပထမႏွစ္၊
ေႏြရာသီတုန္းက ၾကယ္ငါးပြင့္အဆင့္ရွိဟိုတယ္သို႔
သြား၍ မီးဖိုေခ်ာင္မွာ ကူညီလုပ္ကိုင္ေပးခဲ့ဖူး
သည္။ ေလာ့ေယာင္ကေတာ့ သူ႔လက္ရာကို
ျမည္းမၾကည့္ဖူးဘဲ တမင္သက္သက္တိုက္ခိုက္ခဲ့
ျခင္းပင္။

လင္းက်စ္ရွ၏လုံ႔လဝီရိယႏွင့္ စိတ္ထားေကာင္း
တာကိုၾကည့္ၿပီး ဝမ္မားက သက္ျပင္းမခ်ဘဲ
မေနႏိုင္ေတာ့။

"မင္း...ဒီကေလးဟာေလ ဒါက ေကာင္းလို႔လား၊
မင္း ဘာေၾကာင့္မ်ား ဒီလိုလုပ္ဖို႔လို..."

လင္းက်စ္ရွက ရပ္တန႔္သြားကာ နားစြင့္ရင္း
ဝမ္မား ဘာဆက္ေျပာမလဲဆိုတာကို ေစာင့္ေနမိသည္။

သို႔ရာတြင္ ေလာ့‌ေယာင္က သူတို႔ႏွစ္ဦးၾကား
ဝင္ေႏွာင့္ယွက္ေလ၏။ သူမက မီးဖိုေခ်ာင္သို႔
တန္းတန္းမတ္မတ္လာၿပီး ေအာ္ေျပာလိုက္သည္။

"ဆာလြန္းလို႔ေသေတာ့မယ္၊ ေသေလာက္ေအာင္
ဗိုက္ဆာေနၿပီ...တစ္ခုခုေကြၽးစမ္းပါ!"

အေသအခ်ာပင္၊ ဝမ္မား၏အာ႐ုံက တျခား
ေရာက္သြားကာ ေလာ့ေယာင္ကို နည္းနည္းစီ
ေခ်ာ့ေနရေတာ့သည္။

လင္းက်စ္ရွမွာ အလြန္စိတ္ဓာတ္က်သြားရ၏။
သူ သဲလြန္စတစ္ခုခုရခါနီးအေျခအေနမွာပဲ
ေလာ့ေယာင္က ဝင္ေႏွာင့္ျပန္ၿပီ။

ေလာ့ခ်င္က ညေနခင္း ျပန္လာၿပီးစကားေျပာဖို႔
ကတိေပးထားသျဖင့္ မၾကာခင္ ရွင္းလင္းသြား
လိမ့္မည္။ လင္းက်စ္ရွ ဒီတစ္ေခါက္ အလ်င္လို
စရာမလိုေတာ့။

ေလာ့ေယာင္က သူ႔ကို ခဏစိုက္ၾကည့္ၿပီးေနာက္
မလိုမုန္းတီးစြာၿပဳံးရင္း ေမးလိုက္သည္။

"မေန႔က ဘယ္လိုလဲ၊ စားေသာက္ပြဲမွာ ေပ်ာ္ခဲ့ရဲ႕လား"

လင္းက်စ္ရွက သူမကို တစ္ခ်က္ပဲလွမ္းၾကည့္ကာ
ဘာမွမေျဖ။

ေလာ့ေယာင္က သူ႔အနားသို႔ေလွ်ာက္လာၿပီး
စိတ္မပါတပါ ဆိုသည္။

"ရွင္ ဘာေျပာခ်င္လို႔လဲ၊ နားေလးေနတာလား"

"မင္း တမင္လုပ္ခဲ့တာပဲ"

လင္းက်စ္ရွက သူမကိုမၾကည့္ဘဲ အလုပ္ေပၚ
အာ႐ုံစိုက္ထားကာ ေဒါသထြက္သည့္ေလသံႏွင့္
ေျပာလိုက္၏။

"ေလာ့ခ်င္က ငါ့ကို မသြားေစခ်င္ခဲ့ဘူး"

"အဲဒါ အေရးမႀကီးပါဘူး"

ေလာ့ေယာင္က လင္းက်စ္ရွအေပၚ လိမ္ညာခဲ့
သည့္အျဖစ္ကို ဂ႐ုစိုက္ဟန္မရွိဘဲ ပ်င္းရိပ်င္းတြဲ‌
ေျဖသည္။ သူမက အျခားတစ္စုံတစ္ရာကို
စိတ္ဝင္စားေနပုံ။

"ဘယ္လိုလဲ...ေခ်ာင္ေမ့က ခ်စ္စရာေကာင္း
တယ္ဟုတ္"

ခ်စ္စရာေကာင္းတယ္?

မေန႔ညက ေခ်ာင္ေမ့၏လက္ခ်က္ကို ျပန္သတိရ
သည့္အခါ လင္းက်စ္ရွ တုန္လႈပ္သြားသည္။

သူမက ယင္ဓာတ္ႏွင့္ယန္ဓာတ္ ခ်ိဳ႕ယြင္းေနသည့္
အ႐ူးလားဆိုတာ မေျပာတတ္။

အမွန္ေတာ့ လင္းက်စ္ရွကိုယ္တိုင္ကလည္း ႏုံအ
ျခင္းပင္။ ေလာ့ေယာင္ သူ႔ကိုသေဘာမက်မွန္း
သူ ရွင္းရွင္းလင္းလင္းခံစားမိေသာ္လည္း သူမ၏စကားကို ယုံၾကည္ခဲ့သည္ေလ။

ေလာ့ေယာင္က တတြတ္တြတ္ဆက္‌ေျပာေနဆဲ၊
လင္းက်စ္ရွကမူ လက္ထဲမွအစားအစာကို
ခ်ထားလိုက္ကာ အခန္းဆီသို႔ တန္းတန္းမတ္မတ္ျပန္သြားသည္။ အဖက္လုပ္မခံရေသာ
ေလာ့‌ေယာင္က ထိုေနရာမွာ က်ိန္ဆဲေနေသာ္ျငား လင္းက်စ္ရွ သူမႏွင့္စကားမေျပာခ်င္။

ဒီေလာက္ဆို ေတာ္သင့္ေနၿပီ။

မနက္မိုးလင္းကတည္းက သူ မူးေနာက္ေနာက္
ခံစားေနရၿပီး ေလာ့ေယာင္ႏွင့္ အေခ်အတင္ျဖစ္ဖို႔
တကယ္ အားတစ္စက္မွမရွိေတာ့။

ေန႔လယ္တြင္ သူ mall သို႔သြားကာ ဝယ္ယူခဲ့ေသာလည္ဆြဲကို ျပန္အပ္လိုက္သည္။ လင္းက်စ္ရွ
အိမ္ျပန္ေရာက္ခ်ိန္မွာ ည ၈ နာရီထိုးေနၿပီ
ျဖစ္ေသာ္လည္း ေလာ့ခ်င္က ျပန္မေရာက္ေသး။

ေလာ့ခ်င္က ေစာေစာျပန္လာမည္ဟု သေဘာတူ
ၿပီးသား။ ၾကည့္ရတာ ထိုသူ႔သေဘာထားက
ယခင္ႏွင့္ယခု ကြာဟသြားပုံေပၚသည္။

ဝမ္မားက လင္းက်စ္ရွအတြက္ ထမင္းတစ္နပ္စာ
မခ်န္ထားေပ။

လင္းက်စ္ရွက တစ္ေနကုန္ ဘာမွမစားရေသးေသာ္လည္း ဗိုက္သိပ္မဆာ။ သူ႔ခႏၶာကိုယ္မွာ
အားနည္းသလိုခံစားေနရၿပီး တစ္ခ်ိန္လုံး ဒယိမ္းဒယိုင္ျဖစ္ေနသည္။

သူ ဧည့္ခန္းထဲတြင္ထိုင္ကာ ေလာ့ခ်င္ကိုေစာင့္ေနရင္း ထိုေနရာမွာပဲ အေတာ္ၾကာေအာင္
အိပ္ေမာက်သြားမိသည္။

ေလာ့ခ်င္က ညဘက္ေနာက္က်မွျပန္လာသည္။ ေလလံပြဲရွိသျဖင့္ ယေန႔တစ္ေနကုန္ အလုပ္ရႈပ္ေနခဲ့၏။ လင္းက်စ္ရွပို႔ထားေသာမက္ေဆ့ခ္်ကိုပင္
ေမ့ေနတာၾကာၿပီ။ ‌ဆိုဖာေပၚတြင္ လဲေလ်ာင္းေနသည့္လင္းက်စ္ရွ၏ပုံရိပ္ကိုျမင္မွသာ ေစာေစာ
ျပန္လာဖို႔ကတိေပးထားေၾကာင္း အမွတ္ရေတာ့
သည္။

ေလာ့ခ်င္ နာရီတစ္ခ်က္ၾကည့္လိုက္ရာ တအား
ေနာက္မက်ေသးသျဖင့္ လင္းက်စ္ရွကိုႏႈိးစရာ
မလို။

သို႔ေသာ္ လင္းက်စ္ရွက ႏိုးလာကာ မ်က္လုံးတို႔ကို
ပြတ္သပ္ရင္း ထထိုင္လိုက္သည္။ ေလာ့ခ်င္ကို
ျမင္ခ်ိန္မွာ အလိုလိုၿပဳံးမိေလ၏။

"ခင္ဗ်ား ျပန္လာၿပီ"

"အင္း..."

ေလာ့ခ်င္၏အမူအရာက အရင္လိုပဲ မေျပာင္းလဲ။

"ဒီေန႔ ကုမၸဏီမွာ အလုပ္မ်ားေနလို႔၊ ငါ ေမ့သြားတယ္"

လင္းက်စ္ရွက ေလာ့ခ်င္၏ဆိုလိုရင္းကိုသိသျဖင့္
ေခါင္းခါလိုက္သည္။

"ရပါတယ္"

"မင္း ဘာေျပာစရာရွိလို႔လဲ"

"မေန႔ညက..."

လင္းက်စ္ရွက ႏႈတ္ခမ္းဖိကိုက္မိသြားကာ-

"မေန႔ညက ဘာျဖစ္ခဲ့တာ..."

မေန႔ညအေၾကာင္းကို ေဖာ္ျပခ်ိန္မွာ ေလာ့ခ်င္၏
မ်က္ဝန္းမ်ားက ပိုလို႔ေအးစက္သြားၿပီ။ ေထ့ငါ့
ခ်င္သလိုမ်ိဳး ဆိုလိုက္သည္။

"မင္း သိပ္ေပ်ာ္ေနသင့္တာ၊ ေနာက္ဆုံးေတာ့
မင္းရဲ႕အလိုဆႏၵ‌ျပည့္ဝသြားၿပီပဲ"

လင္းက်စ္ရွ ေၾကာင္အသြား၏။

"ဘာကို?"

"ေနာက္ဆုံးေတာ့ ငါ့အိပ္ရာေပၚ တြယ္တက္ႏိုင္ခဲ့ၿပီမဟုတ္လား၊ ဂုဏ္ယူပါတယ္"

ေလာ့ခ်င္က ျပက္ရယ္ျပဳသည္။

"ဆိုေတာ့ မင္းက ဒီကိစၥအသုံးခ်ၿပီး ငါ့ကို ၿခိမ္းေျခာက္မယ္ေပါ့? လင္းက်စ္ရွ...မင္းရဲ႕
နည္းလမ္းက တကယ္ ဒီအတိုင္းပဲ"

ေလာ့ခ်င္က အသံတအားေကာင္းသည္၊
တိုးတိမ္ကာ ညိဳ႕ငင္ႏိုင္စြမ္းအျပည့္။

စကားသိပ္မေျပာျဖစ္ေသာ္လည္း လင္းက်စ္ရွက
ေလာ့ခ်င္၏အသံကို ဆြဲေဆာင္မႈရွိသလိုခံစားရသည္။

လင္းက်စ္ရွ တစ္ခါတစ္ရံ မိုက္မဲစြာေတြးမိသည္။ ေလာ့ခ်င္သာ ယခုလိုအသံမ်ိဳးျဖင့္ သူ႔ဆီမွာ
ခ်ိဳၿမိန္သည့္စကားမ်ားေျပာလွ်င္ သူ မိနစ္ပိုင္းအတြင္း ေသခ်ာေပါက္ၿပိဳလဲမိႏိုင္သည္ဟူ၍။

သို႔ေသာ္ ယခုအခိုက္အတန႔္မွာေတာ့ ေလာ့ခ်င္၏
စကားသံက မာေက်ာသည့္တူသဖြယ္။

လင္းက်စ္ရွ၏ႏွလုံးသားကို ထပ္ခါတလဲလဲ
ထုႏွက္ေနေပသည္။

"ခင္ဗ်ား ဘာကိုဆိုလိုတာလဲ"

လင္းက်စ္ရွ ခပ္တိုးတိုးေရ႐ြတ္ရင္း။

"ကြၽန္ေတာ္ တမင္ ေဆးေသာက္ၿပီး ခင္ဗ်ားကို
ျဖားေယာင္းတယ္လို႔ထင္ေနတာလား"

လင္းက်စ္ရွ၏မ်က္ႏွာက ဝမ္းနည္းေနကာ
ေနာက္စကၠန႔္အတြင္း မ်က္ရည္က်မိေတာ့မလို။

"မင္း ဒီလိုကိစၥမ်ိဳးကို မလုပ္ႏိုင္ေလာက္ဘူးလို႔
ထင္ေနတာလား၊ လင္းက်စ္ရွ..မင္းက ဘဝမွာ
ရသင့္ရထိုက္တာထက္ ပိုလိုခ်င္ေနတာပဲ"

တုန္ခါလာေသာဖုန္းကိုၾကည့္ရင္း ေလာ့ခ်င္က
စိတ္မရွည္စြာေျပာလိုက္သည္။

"ဒီရက္ပိုင္း မင္း စည္းေက်ာ္ေသးတယ္၊
ကိုယ့္ကိုယ္ကိုယ္ သိပ္တြန္းအားမေပးနဲ႔၊
ရပ္သင့္ၿပီ"

✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧✧

Continue Reading

You'll Also Like

The Loyal Male Lover By 🐙

Historical Fiction

125K 12.1K 45
#Not Translation Both Zawgyi and Unicode are available!
2.4M 173K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
35.9K 3.5K 4
"ဒီမှာ နှင်းတွေပဲ ရှိတယ် ။ မင်း မြင်ချင်တဲ့ ကြယ်တွေစုံတဲ့ကောင်းကင်ဆိုတာ ဒီမှာမမြင်ရဘူး" တဲ့ ! ဒါပေမဲ့ ကြယ်တွေစုံမှ ကျနော် Hyung ကို ချစ်တယ်လို့ပြောမ...