သေခြင်းတရား ယူနစ်ဘား [ဘာသာပြ...

By Aoiyuki01

378K 68.3K 4.4K

Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနော... More

နိဒါန္း / နိဒါန်း
|၁|
|၂|
|၃|
|၄|
|၅|
|၆|
|၇|
|၈|
|၉|
|၁၀|
|၁၁|
|၁၂|
|၁၃|
|၁၄|
|၁၅|
|၁၆|
|၁၇|
|၁၈|
|၁၉|
|၂၀|
|၂၁|
|၂၂|
|၂၃|
|၂၄|
|၂၅|
|၂၆|
|၂၇|
|၂၈|
|၂၉|
|၃၀|
|၃၁|
|၃၂|
|၃၃|
|၃၄|
|၃၅|
|၃၆|
|၃၇|
|၃၈|
|၃၉|
|၄၀|
|၄၁|
|၄၂|
|၄၃|
|၄၅|
|၄၆|
|၄၇|
|၄၈|
|၄၉|
|၅၀|
|၅၁|
|၅၂|
|၅၃|
|၅၄|
|၅၅|
|၅၆|
|၅၇|
|၅၈|
|၅၉|
|၆၀|
|၆၁|
|၆၂|
|၆၃|
|၆၄|
|၆၅|
|၆၆|
|၆၇|
|၆၈|
|၆၉|
|၇၀|
|၇၁|
|၇၂|
|၇၃|

|၄၄|

4.2K 982 217
By Aoiyuki01


အခန္း(၄၄)​Exam

႐ွီက်င္​းမခံစားႏိုင္​​ေတာ့​သျဖင့္ tabletကိုပိတ္​ခ်ကာ
လ်န္​ကြၽင္​း၏စာၾကည္​့ခန္​းသို႔ အ​ေျပးသြား​ေတာ့သည္​။

လ်န္​ကြၽင္​းသည္​ အ​ေရးတႀကီးစာရြက္​စာတမ္း​မ်ားကို
စီမံ​ေန​ေသာ္​လည္​း ႐ွီက်င္​းမွာ
တစ္​စုံတစ္​ရာနဲ႔​ေဆာင္​့မိထားသလို
ဒယိမ္​းဒယိုင္​ဝင္​လာသည္​ကိုျမင္​​ေသာအခါ
ဖိုင္​ကိုခ်ၿပီး စားပြဲ​ေနာက္​မွ ဝွီးခ်ဲကို
တြန္​းထြက္​လာကာ လူငယ္​​ေလး၏လက္​ကို
ဆုပ္​ကိုင္​ရင္​း ​ေမးသည္​။

"ဘာျဖစ္​လို႔လဲ"

႐ွီက်င္​းမွာ အ​ေတြး​ေပါင္​းစုံႏွင့္​ခ်ာခ်ာလည္​​ေနသျဖင္​့
လက္​အကိုင္​ခံရသည္​ကို သတိမထားမိ​ေသာ္​လည္​း
မသိစိတ္​အရ ျပန္​ဆုပ္​​ေထြးလိုက္​သည္​။
သူ႔အ​ေတြးမ်ားမွာ မိုင္​​ေပါင္​း​ေထာင္​ခ်ီပ်ံ႕လြင္​့​ေနၿပီး
လ်န္​ကြၽင္​းကို ဆိုဖာဆီဆြဲ​ေခၚကာ ​ေျပာသည္​။

"အ​ေတြးလြန္​​ေနတာလို႔ပဲ ​ေမ်ွာ္​လင္​့မိတယ္​....
ကြၽင္​း​ေ႐ွာက္​ အဲ့ဖိုင္​​ေတြကိုဖတ္​ၿပီးၿပီမလား?
ကြၽန္​​ေတာ္​​ေတြးမိတာတစ္​ခု႐ွိလို႔..
အဲ့တာျဖစ္​ႏိုင္​လားဆိုတာ ​ေက်းဇူးျပဳၿပီး
စဥ္​းစား​ေပးပါ"

သူအခု ဒုတိယလူ၏ထင္ျမင္ခ်က္​​​ကိုလိုအပ္​​ေနသည္​။
မဟုတ္​လ်ွင္​ သူမြန္​းၾကပ္​၍​ေသသြားႏိုင္​သည္​။
လ်န္​ကြၽင္​းသည္​ ဒီအခ်က္​အလက္​မ်ားကို
႐ွာ​ေပးသူျဖစ္​႐ုံမက ဉာဏ္​​ေကာင္​းကာ
သူ႔မိသားစုကိစၥမ်ားကိုလည္​း သိထားသူျဖစ္​သျဖင္​့
သူ႔ကို​ေမးျခင္​းက အ​ေကာင္​းဆုံးပင္​။
 
လ်န္​ကြၽင္​းသည္​ ႐ွီက်င္​းလက္​ကို
တစ္​ခ်က္​ၾကည့္​ကာ သ​ေဘာတူ​ေသာအ​ေနနဲ႔ ဝွီးခ်ဲကို ဆိုဖာ​ေဘးသို႔​ေရြ႔လာလိုက္​သည္​။

လက္​ဖက္​ရည္​စားပြဲတြင္​ထိုင္​ကာ
႐ွီက်င္​းအတြက္​​ေရ​ေႏြးတစ္​ခြက္​ထည္​့​ေပးၿပီး
အ​ေမႊးတိုင္​ထြန္း​လိုက္​သည္​။

​ေလထုထဲ တျဖည္​းျဖည္​းပ်ံ႕ႏွံ႔လာ​ေသာ
ေဖ်ာ့​ေတာ့​ေတာ့ရနံ႔​ေလးက
က​ေယာက္​ကယက္​ျဖစ္​​ေန​ေသာ႐ွီက်င္​း၏ စိတ္​ကို
တည္​ၿငိမ္​​ေစသည္​။သူ႔အ​ေတြးမ်ားကို
အစဥ္​တက်ျပန္​ထားၿပီး သူ႔ထင္​​ေၾကးမ်ားကို
အ​ေၾကာင္​းျပခ်က္​အမ်ိဳးမ်ိဳးႏွင္​့ ​ေသခ်ာ႐ွင္​းျပကာ
လ်န္​ကြၽင္​းကို​ေမ်ွာ္​လင္​့တႀကီး ​ေစာင္​့ၾကည္​့​ေနသည္​။

လ်န္​ကြၽင္​းနား​ေထာင္​ၿပီး​ေသာအခါ
အခ်ိန္​ခဏစဥ္​းစား​ေနသည္​။ထို႔​ေနာက္​
႐ွီက်င္​းကိုၾကည္​့ကာ

"မင္​း​ေတြးပုံက အဓိပၸါယ္​႐ွိတယ္​...႐ွန္​႔ခ်င္​
ကိုယ္​ဝန္​ပ်က္​က်ရတဲ့အ​ေသးစိတ္​အခ်က္​​ေတြနဲ႔
႐ွီ႐ွင္​းရြယ္​ဘဝအ​ေၾကာင္​းကို ​ေသခ်ာစုံစမ္​းဖို႔
ငါလူလႊတ္​​ေပးမယ္​...
မင္​းနဲ႔မင္​းအ​ေမႏွစ္​​ေယာက္​လုံးနဲ႔
႐ုပ္​ဆင္​တဲ့လူ...အမ်ိဳးသား...ကို႐ွာၾကည္​့ဖို႔"

လ်န္​ကြၽင္​းသည္​ ထိုဦးတည္​ရာကို ​
ေျပာရျခင္​းအ​ေပၚ သ​ေဘာမ​ေတြ႔ဟန္​
မ်က္​​ေမွာင္​ၾကဳတ္​လိုက္​သည္​။

"အမ်ိဳးသမီး​ေရာပဲ...ဘာပဲျဖစ္​ျဖစ္​
ကြၽန္​​ေတာ္​အထင္​မွားတာလည္​းျဖစ္​ႏိုင္​တာပဲ
႐ွီ႐ွင္​းရြယ္​စိတ္​ထဲကလူက အမ်ိဳးသမီးလည္​း
ျဖစ္​ႏိုင္​တယ္​"
႐ွီက်င္​း ထပ္​​ေပါင္​း​ေျပာသည္​။

လ်န္​ကြၽင္​း​ေခါင္​းညိတ္​သည္​။လူငယ္​ေလး၏
စိတ္​က်ဥ္း​က်ပ္​​ေန​ေသာအမူအရာကို
ၾကည္​့ကာ ႏူးညံ့​ေသာ​ေလသံျဖင္​့
​ေျဖသိမ္​့​ေပးသည္​။

"စုံစမ္​းတာက အခ်ိန္​ယူရမယ္​..ဒါ​ေၾကာင္​့
တအားမ​ေတြးဘဲ စိတ္​ကို​ေအး​ေအးထား—
အရင္​မ်ိဳးဆက္​ရဲ႕ျပႆနာ​ေတြက
မင္​းနဲ႔ဘာမွမဆိုင္​ဘူး...ဘာ​ေတြျဖစ္​​ေနပါ​ေစ
မင္​းဘာလုပ္​ခ်င္​ရင္​ျဖစ္​ျဖစ္​ မင္​းမွာငါ႐ွိတယ္​၊
ငါအားလုံး​ေျဖ႐ွင္​း​ေပးမွာမို႔ ​မေၾကာက္​နဲ႔.."

မင္​းမွာ ငါ႐ွိတယ္​

ယုံၾကည္​မႈအျပည္​့ျဖင္​့ အထက္​စီးဆန္​စြာ​
ဆိုလိုက္​​ေသာလ်န္​ကြၽင္​း၏​​ေနာက္ဆုံး​စကား​ေၾကာင္​့
႐ွီက်င္​း ထိတ္​လန္​႔သြားသည္​။
ဘယ္​အရာကမွသူ႔အားမတုန္​လႈပ္​ႏိုင္​သလို
တစ္​ဖက္​လူ၏အ႐ွိန္​အဝါသည္​
အင္​အားႀကီးကာ မွီခိုအားထားစရာ​
ေကာင္​းသည္​။ ထို႔ေၾကာင့္
႐ွီက်င္​း ​ေ႐ွာင္​စစ္​ကို လွမ္​း​ေျပာမိသည္​။

"အဲ့တာက ​ေျမ​ေအာက္​ဂိုဏ္​း​ေခါင္​း​ေဆာင္​ရဲ႕
အ႐ွိန္​အဝါလား? 'မင္​းမွာ ငါ႐ွိတယ္​'
ငါ ႐ုတ္​တရက္​ႀကီး ဒူး​ေထာက္​ကိုးကြယ္​ခ်င္​စိတ္​​
ေပါက္​သြားၿပီ!"

<……>
​႐ွီက်င္​း၏​ေပ်ာက္​ဆုံး​ေန​ေသာIQနဲ႔EQအတြက္​
​ေ႐ွာင္​စစ္​ အမွန္​တကယ္​စိတ္​ပူလာသည္​။
 
လူငယ္​​ေလးသည္ သူ႔အား ​ေလးစားသဖြယ္​
တဖိတ္​ဖိတ္​​ေတာက္​ပ​ေန​ေသာမ်က္​လုံးမ်ားႏွင္​့
ၾကည္​့​ေနသည္​ကို ​လ်န္​ကြၽင္​းျမင္​​ေသာအခါ
အနီးသို႔တိုးကပ္​ၿပီး ​ေလသံနဲ႔​​ေျပာလိုက္​သည္​။

"႐ွီက်င္​း"

႐ွီက်င္​းလည္​း သူ၏​ေပါက္​ကရအ​ေတြးမ်ားမွ
ႏိုးထလာသည္​။သူႏွင္​့အလြန္​နီးကပ္​​ေန​ေသာ
လ်န္​ကြၽင္​း၏မ်က္​ႏွာလွလွကို
တစ္​ခ်က္​ၾကည့္​မိသည္​။႐ွီက်င္​းမွာ ၾကည္​့​ေလ​ေလ
လ်န္​ကြၽင္​းသည္​ အင္​မတန္​လိမၼာ​ေသာ
က​ေလးႏွင္​့ တူသည္​ဟု ပိုခံစားမိလာသည္​။
ထို႔​ေၾကာင္​့ သူသည္​ မသိလိုက္​ပါဘဲ
တစ္​ဖက္​လူ၏ကိုယ္​ကို​ေထြးပိုက္​မိကာ ​
ေက်ာျပင္​ကိုပုတ္​​ေပးရင္​း ​ေျပာသည္​။

"ကြၽန္​​ေတာ္​့မွာ ခင္ဗ်ား​႐ွိတာ သိပါတယ္​..
ခင္​ဗ်ားမွာလည္​း ကြၽန္​​ေတာ္​႐ွိတာကို
မ​ေမ့နဲ႔​ေနာ္​!
​ေန​ေကာင္​း​ေအာင္​​ေနၿပီး အသက္​႐ွည္​႐ွည္​​
ေနရမယ္​​ေနာ္​ လ်န္​ကြၽင္​း—ကြၽန္​​ေတာ္​ကူညီမယ္​!"

ခင္​ဗ်ားရဲ႕ယူနစ္​ဘားကို ႐ွင္​းပစ္​ဖို႔ကူညီမွာ..
အဲ့တာမွ ခင္​ဗ်ားဘာအသက္​အႏၱရာယ္​မွ
မ႐ွိ​ေတာ့မွာ!

ကြၽန္​း​ေပၚ႐ွိအပူခ်ိန္​မွာ ျမင္​့မား​ေသာ​ေၾကာင္​့
ႏွစ္​ဦးစလုံး ​ေပါ့​ေပါ့ပါးပါးသာ ဝတ္​ဆင္​ထား
ၾကသည္​။႐ွီက်င္​းသည္​လည္း
စြပ္​က်ယ္​ပါးပါးသာဝတ္​ထားသျဖင္​့
လ်န္​ကြၽင္​းကိုဖက္​လိုက္​​ေသာအခါ
သူ႔ကိုယ္​အပူခ်ိန္​ကို တစ္​ဖက္​လူက
သိသာစြာခံစားရသည္​။

အရင္​က​ေပြ႔ဖက္​သည္​မ်ားမွာ ခဏသာျဖစ္​ၿပီး
အဝတ္​ထူထူမ်ားခံ​ေန​ေသးသည္​။ထို႔​ေၾကာင္​့
ဒီတစ္​ႀကိမ္​မွာ​ေတာ့ အရင္​ကထက္​
ပိုနီးကပ္​​ေနသလိုပင္​။

လ်န္​ကြၽင္​းႏွလုံးခုန္​ျမန္​သြားသည္​။
အထိအ​ေတြ႔​ေၾကာင္​့ သဘာဝက်စြာ​
ေတာင္​့ခဲမိ​ေသာ္​လည္​း ခဏအၾကာတြင္​ ​
ေနသားက်သြားသည္​။
႐ွီက်င္​း၏အ​ေႏြးဓာတ္​ကိုခံစားရင္​း
ပို၍နီးနီးကပ္​ကပ္​ျဖစ္​ရန္​ ဆြဲဖက္​ဖို႔
မတြန္​႔ဆုတ္​​ေတာ့​ေပ။သူ႔ပုခုံးထက္​
အနားယူ​ေန​ေသာ႐ွီက်င္​း၏​ေခါင္​းကို
တစ္​ခ်က္​ငုံ႔ၾကည္​့ရာ ႐ွီက်င္​းနားရြက္​​ေနာက္​ရွိ
ဆံပင္​က သူ႔ႏွာ​ေခါင္​းထိပ္​ကို ယားယံ​ေစသည္​။
လ်န္​ကြၽင္​းသည္​ ပူပင္​​ေသာကကင္​းစြာ
ႏူးႏူးညံ့ညံ့ဆိုလိုက္သည္​။

"အင္​းပါ.."

​ေသခ်ာတာ​ေပါ့...သူအသက္​႐ွည္​႐ွည္​ကို
​ေနသြားရမယ္​...လက္​​ေမာင္​းၾကားထဲမွ
သူအလြန္​...အလြန္​ျမတ္​ႏိုးရတဲ့ဒီလူသားကို
ဘယ္​သူ႔မွ ပိုင္​ဆိုင္​ခြင့္​မ႐ွိ​ေစရဘူး။

႐ွီက်င္​းသည္​ စကၠန္​႔အနည္​းငယ္​အၾကာတြင္​
ခြာဖို႔လုပ္​သည္​။သူလုပ္​မိသည္​ကို ျပန္​​ေတြးကာ
လ်န္​ကြၽင္​းစိတ္​ဆိုးသြားမွာကို စိုးရိမ္​ေသာ္​လည္​း
လ်န္​ကြၽင္​းက သူ႔ကိုျပန္​ဖက္​လိုက္​မယ္​လို႔မထင္​ထားခဲ့။ ထို႔အျပင္​ ​ေပြ႔ဖက္​တာကိုအား​ေလ်ာ့ကာ
အ​ေနာက္​သို႔ဆုတ္​မယ္​ၾကံ​ေသာ္​လည္​း
တစ္​ဖက္​လူက လႊတ္​​ေပးဖို႔ဆႏၵမ႐ွိ​ေခ်။

လ်န္​ကြၽင္​း၏​ေရခ်ိဳးဆပ္​ျပာနံ႔သင္​းသင္​းကို
႐ွဴရိွက္​ရင္​း ထိုသူပုခုံးထက္​မွသူ႔​ေခါင္​းကို
နည္​းနည္​း​ေရြ႔လိုက္​သည္​။႐ွီက်င္​းလည္​း
မ​ေနႏိုင္​စြာ ​ေ႐ွာင္​စစ္​ကို လွမ္​း​ေမးသည္​။

"သူအိပ္​​ေပ်ာ္​သြားတာလား?
ဘာလို႔မလႈပ္​တာလဲ?"

​ေ႐ွာင္​စစ္​သည္​ သူတို႔ကို ​ေငးၾကည္​့ရင္​း
က်ိဳး​ေၾကာင္​းဆီ​ေလ်ာ္​စြာ ​ေျဖ​ေပးသည္​။

<မအိပ္​ပါဘူး...ၾကည္​့ရတာ ပင္​ပန္​း​ေနလို႔ျဖစ္​မယ္​၊
ဒါလင္​က ဒီအဖြဲ႔အစည္​းထဲမွာပဲ
ႀကီးျပင္​းလာၿပီး အႏၱရာယ္​က
လက္​တစ္​လုံးၾကားမွာမို႔ အရာရာမွာသတိ႐ွိဖို႔
သင္​ျပခံခဲ့ရ​ေတာ့...ဒီလိုမ်ိဳးတစ္​ခါမွ
အဖက္​မခံရဖူးဘူး​ေလ။က်င္​းက်င္​း...
ဒါလင္​ရဲ႕ဘဝမွာ အ​ေႏြးဓာတ္​ကင္​းမဲ့​ေနတယ္​
က်င္​းက်င္​း သူ႔ကို ပိုယုယုယယဆက္​ဆံသင့္​တယ္​>

႐ွီက်င္​းလည္​း ဒီလိုဒုစ႐ိုက္​အဖြဲ႔အစည္​းၾကား
႐ွင္​သန္​ဖို႔ ႐ုန္​းကန္ေနရတဲ့ သနားစရာ
အထီးက်န္​က​ေလးတစ္​​ေယာက္​ကို ျမင္​​ေယာင္​ၿပီး
သူ႔ႏွလုံးသားမွာ ခ်က္​ခ်င္​း​ေပ်ာ့​ေျပာင္​းသြားသည္​။
ထို႔​ေၾကာင္​့ သူသည္​ ပိုၿပီးတင္​းၾကပ္​စြာ ​
ေထြးဖက္​လိုက္​သည္​။

လ်န္​ကြၽင္​းက ​ေပြ႔ဖက္​တာလိုအပ္​ရင္​
သူ႔ကို ႀကိဳက္​သ​ေလာက္​ဖက္​ႏိုင္​တယ္​...
လ်န္​ကြၽင္​းက သနားဖို႔​ေကာင္​းတယ္​
ဘယ္​သူမွ သူ႔ကိုဒီလိုမဖက္​ၾကဘူး...
သနားစရာ​ေလး

ထိုလႈပ္​႐ွားမႈမ်ားက
လ်န္​ကြၽင္​းမ်က္​စိ​ေအာက္​မွမလြတ္​​ေျမာက္​ခဲ့။
သူသည္​ ​ေခါင္​း​ေစာင္​းကာ
႐ွီက်င္​း၏နားသယ္​စပ္​နားသို႔ ဖြဖြ​ေလးနမ္း​လိုက္​ၿပီး
ႏႈတ္​ခမ္​းမ်ား​ေကာ့တက္​သြားေတာ့သည္​။

အ႐ူး​ေလးက ဒီတစ္​ႀကိမ္​​ေကာ စိတ္​ထဲ
ဘာ​ေတြ​ေပါက္​ကရ​ေတြး​ေနလဲမသိ..

​ေန႔လည္​စာစားၿပီး​ေနာက္​ လ်န္​ကြၽင္​းကို
အျပင္​​ေခၚထုတ္​ခ်င္​​ေသာ ႐ွီက်င္​း၏
ဆႏၵျပည္​့ဝသြားသည္​။

​ေန႔လည္​ခင္​း​ေနပူ႐ွိန္​မွာ ပူျပင္​းလြန္​းရာ
လ်န္​ကြၽင္​းအပူဓာတ္​ကို မခံႏိုင္​မွာစိုးသျဖင္​့
႐ွီက်င္​းသည္​ ဝွီးခ်ဲကို ​ေက်ာက္​ခင္​းလမ္​း
တစ္​​ေလ်ွာက္​တြန္​းလာသည္​။ ပန္​းခင္​းမ်ားႏွင္​့
သစ္​ပင္​ဝါးပင္​မ်ားကိုျဖတ္​​ေက်ာ္​လာၿပီး
ကြၽန္​း၏အဆုံးနားက​ေတာင္​ကုန္​း​ေပၚတြင္​
႐ႈခင္​း​ေကာင္​း​ေသာ အပန္​း​ေျဖ​ေဆာင္​​ေလး
တစ္​ခုကို ​ေတြ႕သည္​။သစ္​ပင္​ရိပ္​မ်ား​ေအာက္​တြင္​
သူနဲ႔လ်န္​ကြၽင္​းသည္​ ဘုတ္​ျပားဂိမ္​းကို က​စား​ေနၾကသည္​။လ်န္​ကြၽင္​းတြင္​ မ႐ွိခဲ့​ေသာ
က​ေလးဘဝအမွတ္​အရမ်ားကိုျပဳလုပ္​ရန္​
႐ွီက်င္​းမ​ေမ့​ေသး​ေပ။

အပန္​း​ေျဖအိမ္​​ေလးမွာ သစ္​သားျဖင္​့
တည္​​ေဆာက္​ထားၿပီး
ပင္​လယ္​ခ႐ုခံြမ်ားသီကုံးထား​ကာ
အစြန္​းတြင္​​ေခါင္​း​ေလာင္​း​ေလးမ်ား
ပါ႐ွိ​ေသာႀကိဳးမ်ားလည္​း႐ွိသည္​။
​ေလတစ္​ခ်က္​အ​ေဝွ႔တိုင္​း ခ်ိဳၿမိန္​​ေသာ
အသံ​ေလးမ်ားထြက္​လာ​ေလသည္​။

သူတို႔၏​ေ႐ွ႕တြင္​ မိုႏိုပိုလီဘုတ္​ျပားႏွင္​့
ကတ္​မ်ား၊ပိုက္​ဆံမ်ား၊အိမ္​..ဟိုတယ္​စ​ေသာ
ကတ္​ျပားမ်ားျပန္​႔က်ဲ​ေနသည္​။သ​ေရစာမ်ားကလည္​း
လက္​တစ္​ကမ္​းတြင္​႐ွိကာ ​ေဆာ့ရင္​း
စကား​ေျပာ​ေနၾကသည္​။တစ္​ခါတစ္​ေလ
ခ႐ုခြံမ်ားမွ အသံထြက္​လာ​ေသာအခါ
ၿပိဳင္​တူလွည္​့ၾကည္​့မိၿပီး အခ်င္းခ်င္း​​ျပန္​ၾကည့္​ကာ
ရယ္​​ေမာၾကသည္​။ဒီလိုနဲ႔ ​တစ္​​ေန႔ခင္​းလုံး
ျဖတ္​သန္​းျဖစ္​ေလသည္​။

​ေန​ေရာင္​ျခည္​၏​ေ​တာက္ပမႈ​ေၾကာင္​့ တိမ္​စိုင္​မ်ား
လိ​ေမၼာ္​​ေရာင္​ဘက္​သို႔ သန္​းလာခ်ိန္​တြင္​
႐ွီက်င္​းသည္​ ပ်င္​း​ေၾကာဆန္​႔လ်က္​
႐ႈပ္​ပြ​ေန​ေသာစားပြဲထက္​သို႔ ​​ေမွာက္​ကာ
စိတ္​​ေက်နပ္​စြာ သက္​ျပင္​းခ်သည္​။

"အားလပ္​တဲ့ဘဝက ​ေကာင္​းလိုက္​တာ..."

လ်န္​ကြၽင္​းက သူ႔နဖူးကိုလွမ္​းပုတ္​ကာ
"တစ္​​ေန႔ခင္​းလုံး ငါနဲ႔ပဲ​ေန​ေနတာ
မပ်င္​းဘူးလား?"

႐ွီက်င္​းသည္​ ထိ​ေတြ႔မႈ​ေၾကာင္​့
ခဏ​ေၾကာင္​အသြား​ေသာ္​လည္း လ်န္​ကြၽင္​းကို
​ေမာ့ၾကည္​့ကာ ​ေခါင္​းခါျပသည္​။

"ဟင္​့အင္​း...မိုႏိုပိုလီ​ေဆာ့ရတာ​ေပ်ာ္​ဖို႔​ေကာင္း​တယ္​ ၊
ကြၽင္​း​ေ႐ွာက္​​ေရာ ပ်င္​းလား?"

"မပ်င္​းပါဘူး ၊ ဒီလိုစိတ္​အပန္​း​ေျဖတာလည္​း
​ေကာင္​းပါတယ္​"

လူငယ္​​ေလး မပ်င္​းဘူးဆိုတာ​ေသခ်ာမွ
လ်န္​ကြၽင္​းသည္​ စိတ္​​ေက်နပ္​စြာ
႐ွီက်င္​း၏နဖူးကို ျပန္​ထိလိုက္​သည္​။

ထိုသူအျပဳအမူမ်ားကို စိတ္​ထဲမထား​​ေတာ့ဘဲ
႐ွီက်င္​း ႐ုတ္​တရက္​တိုက္​တြန္​းသည္​။

"ဒါဆို မနက္​ျဖန္​လည္​း အျပင္​ထြက္​ၿပီး ​
ေဆာ့ရ​ေအာင္​"

လ်န္​ကြၽင္​း​ေမး​ေထာက္​ကာ ​ေခါင္​းညိတ္​ျပသည္​။
"​ေကာင္​းၿပီ"

႐ွီက်င္​းမ်က္​လုံးမ်ားအ​ေရာင္​​ေတာက္​သြားသည္​။
လ်န္​ကြၽင္​းၾကည္​့ရတာ စိတ္​ၾကည္​ေနသျဖင္​့
ထပ္​​ေမးၾကည္​့လိုက္​သည္​။

"အဲ့တာဆို ကြၽန္​​ေတာ္​တို႔အပတ္​တိုင္​း
အျပင္​ထြက္​ၾကမလား? မနားတမ္​းအလုပ္​လုပ္​တာက ​
ေျခကုန္​လက္​ပန္​းက်တယ္​..အလုပ္​ခ်ိန္​နဲ႔
အနားယူခ်ိန္​ကို ဟန္​ခ်က္​ညီညီထားသင္​့တယ္​​ေလ"

လ်န္​ကြၽင္​းႏႈတ္​ခမ္​း​ေထာင္​့မ်ား
​ေကြးၫြန္​႔သြားကာ ​ေခါင္​းထပ္​ညိတ္​ျပသည္​။
"မင္​းသ​ေဘာ"

႐ွီက်င္​းသက္​ျပင္​းမခ်ဘဲ မ​ေနႏိုင္​​ေတာ့။

အဲ့အ​ေျဖက သ​ေဘာတူတယ္​လို႔​ေျပာတာမလား?
နည္​းနည္​းထူးဆန္​း​ေနသလိုခံစားရတယ္​..
မသိရင္​ လူႀကီးက က​ေလးရဲ႕
အႀကိဳက္​​ေဆာင္​​ေပး​ေနသလိုႀကီး

​ေ႐ွာင္​စစ္​: <……>
လူႀကီးက က​ေလးအႀကိဳက္​​ေဆာင္​တယ္​?
ဟမ္​?
 
လ်န္​ကြၽင္​းရဲ႕တုံ႔ျပန္​မႈကထူးဆန္​း​ေန​ေသာ္​လည္​း
႐ွီက်င္​း၏အ​ေပ်ာ္​ကို မ​ေ​ဖ်ာက္​ဖ်က္​ႏိုင္​။
သူသည္​ ​ေနာင္​လာမဲ့အပတ္​မ်ားတြင္​လုပ္​မည္​့
အစီအစဥ္​မ်ားကို​ေတာင္​ ပီတိျဖာစြာ
ခ်က္​ခ်င္​း​ေရးဆြဲ​​ေတာ့သည္​။

​ေလ​ေျပအတိုက္​ထြက္​​ေပၚလာ​ေသာ
ဆည္​းလည္​းသံမ်ားႏွင္​့အတူ အခ်ိန္​သည္​လည္​း
တ​ေရြ႔​ေရြ႔ကုန္​ဆုံးလာကာ
မတ္​လ​ေနာင္​းပိုင္​းသို႔​ေရာက္​လာသည္​။
႐ွီက်င္​းသည္​ မစၥတာဖန္​း၏
ခြင္​့ျပဳခ်က္​ကိုရယူၿပီး အတန္​းလစ္​​ေတာ့သည္​။
လ်န္​ကြၽင္​းကို​ေတာ့ အသိမ​ေပး​ေပ။

"မင္​း ဒီ​ေန႔ပ်က္​ကြက္​တာအတြက္​
အစားျပန္​​ေပးရမယ္​​ေနာ္​ သင္​ခန္​းစာ​ေတြ
​ေနာက္​က်လို႔မရဘူး"

မစၥတာဖန္​းသည္​ မ်က္​ႏွာထားတင္​းတင္​းျဖင္​့
​ေျပာသည္​။

႐ွီက်င္​းသည္​ ျမန္​ျမန္​ဆန္​ဆန္​ပင္​
ကတိ​ေပးသည္။​
"ကြၽန္​​ေတာ္​သိပါတယ္​...ည​ေနပိုင္​းမွာ
အခ်ိန္​ပို သင္​မွာမလား? ဆရာ့စိတ္​ႀကိဳက္​သာလုပ္​ပါ"

မစၥတာဖန္​း၏မ်က္​ႏွာမွာ အနည္​းငယ္​​
ေျဖ​ေလ်ာ့သြားၿပီး
"​ေကာင္​းၿပီ အဲ့လိုပဲလုပ္​တာ​ေပါ့"

ထို႔​ေနာက္​တြင္​ Gua Liuအဆင္​သင္​့​
ေစာင္​့​ေန​ေသာ ဗီလာႏွင္​့အနီးဆုံးက
ထမင္​းစားခန္​းမဆီသြားၾကသည္​။႐ွီက်င္​းကို
ျမင္​​ေသာအခါ Gua Liuသည္​ ​ေႏြး​ေထြးစြာ
ႀကိဳဆိုသည္​။

"မီးဖို​ေခ်ာင္​က အသင္​့ပဲ..ပါဝင္​ပစၥည္​း​ေတြလည္​း
ျပင္​ထားၿပီးၿပီ—မင္​းလုပ္​ခ်င္​တာလုပ္​လို႔ရတယ္​၊
ပစၥည္​း​ေနရာမသိရင္​ တျခားသူ​ေတြကို​ေမးလိုက္​
သူတို႔ျပ​ေပးလိမ္​့မယ္​"

႐ွီက်င္​းသည္​ အို​ေကလုပ္​ျပကာ မီးဖို​ေခ်ာင္​ထဲ
ခပ္​သုတ္​သုတ္​ဝင္​သြားသည္​။

မစၥတာဖန္​းသည္​ ႐ွီက်င္​းဝင္​သြားသည္​ကိုၾကည့္​ရင္​း သူ၏တင္​းက်ပ္​​ေသာ အမူအရာလည္​း
တျဖည္​းျဖည္​း ​ေျဖ​ေလ်ာ့သြားသည္​။
သူသည္​ ထမင္​းစားခန္​းအတြင္​း ပြက်ဲ​ေန​ေသာ
အလွဆင္​ပစၥည္​းမ်ားႏွင္​့ဝတ္​စုံအမ်ိဳးမ်ိဳးကို
စိတ္​႐ႈပ္​စြာ တစ္​ခ်က္​ၾကည္​့လိုက္​သည္​။

Gua Liuမွ သတိထားမိရာ အနားကပ္​​ေျပာသည္​။

"​ေ႐ွာင္​က်င္​းက လိမၼာတဲ့က​ေလးပါ..သူ႔အ​ေပၚ
တအားႀကီးမတင္​းက်ပ္​ပါနဲ႔"

မစၥတာဖန္​းသည္​ သူ႔ကိုတစ္​ခ်က္​ၾကည္​့ကာ
ဘာမွျပန္​မ​ေျပာဘဲ လွည္​့ထြက္​သြားသည္​။

စာၾကည္​့ခန္​းထဲ ထိုင္​​ေန​ေသာလ်န္​ကြၽင္​းသည္​
နာရီကိုလွမ္​းၾကည္​့သည္​။ ႐ွီက်င္​းအနားယူခ်ိန္​​
ေရာက္​​ေတာ့မည္​ကိုျမင္ရာ ​သူဖတ္​​ေန​ေသာ
စာရြက္​မ်ားကိုခ်ၿပီး စားပြဲ​ေနာက္​မွထြက္​လာသည္​။​
ေရခဲ​ေသတၱာ​ေလးထဲမွ အ​ေအးတစ္​ဘူးကို
ထုတ္​ၿပီး လက္​ဖက္​ရည္​စားပြဲ​ေပၚမွ
သစ္​သီးပန္​းကန္​​ေဘးတြင္​ထားလိုက္​သည္​။

ျပင္​ဆင္​ၿပီး​ေသာအခါ ရပ္နားခ်ိန္​ေရာက္​​​ရန္​
တစ္​မိနစ္​သာလို​ေတာ့​ေၾကာင္​း​ေတြ႔လိုက္​သည္​။
လ်န္​ကြၽင္​းသည္​ စားပြဲဆီျပန္​သြားကာ
စာဆက္​ဖတ္​​ေနလိုက္​သည္​။

တစ္​မိနစ္​သည္​ ျမန္​ျမန္​ပဲကုန္​ဆုံးသြား​ေသာ္​လည္​း
ၾကား​ေနက်တံခါး​ေခါက္​သံကို မၾကားရ​ေပ။
သူသည္​ တံခါးကိုလွမ္​းၾကည္​့ၿပီး ႐ွီက်င္​း
သန္​႔စင္​ခန္​းဝင္​​ေနတာ​ေၾကာင္​့​ျဖစ္​​မည္​ဟု​ေတြးကာ
စာရြက္​မ်ားကိုျပန္​ၾကည္​့လိုက္​သည္​။

မိနစ္​အနည္​းငယ္​ကုန္​ဆုံးသြား​ေသာ္​လည္​း
တံခါး​ေခါက္​သံကိုမၾကားရ​ေသး။လ်န္​ကြၽင္​း
ၿငိမ္​ၿငိမ္​ထိုင္​မ​ေနႏိုင္​​ေတာ့ရာ
ဖတ္​လက္​စမ်ားကိုခ်ကာ အခန္​းအျပင္​သို႔
ထြက္​လာၿပီး အခန္​းငယ္​​ေလးဆီသို႔
လွမ္​းၾကည္​့လိုက္​သည္​။ ထိုအခါ
အနားယူရမည္​့မစၥတာဖန္​းသည္​
အခန္​း​ေ႐ွ႕တြင္​ထိုင္​ကာ
သင္​႐ိုးၫႊန္​းတမ္​းဖတ္​​ေနသည္​ကို
​ေတြ႔လိုက္​ရသည္​။

"ဆရာ?"

လ်န္​ကြၽင္​း ​ေၾကာင္​​ေတာင္​​ေတာင္​နဲ႔
ထိုသူ​ေနာက္​မွတံခါးကိုလွမ္​းၾကည္​့မိသည္​။

မစၥတာဖန္​းသည္ စဥ္​းစား​ေနရာမွ
သတိဝင္​လာၿပီး လ်န္​ကြၽင္​းအၾကည္​့​ေနာက္​
လိုက္​ၾကည္​့ကာ ႐ွင္​းျပသည္​။

"မင္​းကို​ေျပာဖို႔​ေမ့​ေနတာ..႐ွီက်င္​းအတြက္​
 စာ​ေမးပြဲအ​ေသးစားတစ္​ခုစီစဥ္​ထားတာ...
ဘာသာစုံဆို​ေတာ့ ဒီ​ေန႔နားခ်ိန္​နည္​းမယ္​။
ေစာင္​့ၾကည္​့​ေနရင္​ သူစိတ္​လႈပ္​႐ွားမွာစိုးလို႔
အျပင္​ထြက္​ထိုင္​​ေနတာ"

​ေအာ္​ သူ စာ​ေမးပြဲ႐ွိ​ေနတာကိုး..

လ်န္​ကြၽင္​းမ်က္​ခုံးမ်ား တြန္​႔​ေကြးသြား​ေသာ္​လည္​း ​
ေခါင္​းညိတ္​လိုက္​သည္​။

"အဲ့တာဆိုလည္​း ကြၽန္​​ေတာ္​့စာၾကည္​့ခန္​းမွာ
လာ​ေနလို႔ရပါတယ္​...ဆရာဒီလိုအျပင္​မွာ
ထိုင္​​ေစာင္​့​ေနစရာမလိုပါဘူး"

"ရတယ္​...ငါဒီမွာပဲ​ေနရမွာ"

မစၥတာဖန္​းသည္​ လက္​ခါကာ
႐ုပ္​တည္​ႀကီးျဖင္​့ဆိုသည္​။

"႐ွီက်င္​း စာခိုးခ်ရင္​ ဘယ္​နဲ႔လုပ္​မတုန္​း?"

လ်န္​ကြၽင္​းသည္​ လူငယ္​​ေလးဘက္​မွ
ခ်က္​ခ်င္​းကာ​ေျပာသည္​။

"႐ွီက်င္​းက အဲ့လိုမလုပ္​ဘူး"

"မင္​းမသိပါဘူး.."

မစၥတာဖန္​းသည္​ ​ေက်ာင္​းသား​ေပါင္​းစုံကို
​ေတြ႔ဖူးခဲ့​ေသာအမူအရာႏွင္​့ ​ေခါင္​းရမ္​းသည္​။

"စာညံ့တဲ့ေက်ာင္​းသား​တခ်ိဳ႕က
စာ​ေမးပြဲ​ေအာင္​ဖို႔အတြက္​ ဘာမဆုိလုပ္​ႏိုင္​တယ္​"

“……”

လ်န္​ကြၽင္​းသည္​ ႐ွီက်င္​းက အမွန္​တကယ္​
စာညံ့တာမဟုတ္​​ေၾကာင္​း ​ေျပာျပခ်င္​​ေသာ္​လည္​း
လူငယ္​​ေလး၏​ေပါ့တီး​ေပါ့ပ်က္​စ႐ိုက္​ကို
ျပန္​​ေတြးမိကာ ပါးစပ္​ပိတ္​လိုက္​ရသည္​။

ဒီလိုနဲ႔ လ်န္​ကြၽင္​းကို ​ေကာင္​း​ေကာင္​းႀကီး
လွည္​့စားႏိုင္​ခဲ့သည္​။ ​
ေနာက္​ထပ္​အနားယူခ်ိန္​သို႔​ေရာက္​​ေသာအခါ
႐ွီက်င္​းသည္​ လုပ္​လက္​စကိုရပ္​ကာ
​ေအပရြန္​ကိုခြၽတ္​ၿပီး ဗီလာသို႔အျမန္​ျပန္​သည္​။
ထို႔​ေနာက္​ လ်န္​ကြၽင္​း၏စာၾကည္​့ခန္​းကို
အခ်ိန္​ကိုက္​ တံခါး​ေခါက္​လိုက္​သည္​။

လ်န္​ကြၽင္​းသည္​ ခ်က္​ခ်င္​းတံခါးဖြင္​့ကာ
အရင္​ဆုံး ​ေကာင္​​ေလး၏စိတ္​အ​ေျခအ​ေနကို
​ေလ့လာလိုက္​သည္​။

အ​ေျခအ​ေန​ေကာင္​းပုံပဲ...ဒါဆို သူ စာ​ေမးပြဲ
​ေျဖႏိုင္​တယ္​​ေပါ့

လ်န္​ကြၽင္​းစိတ္​​ေအးသြားသည္​။ထို႔​ေနာက္​
႐ွီက်င္​းဆီမွ ခ်ိဳအီအီအနံ႔ထြက္​လာၿပီး
လက္​တြင္​လည္​း သၾကားမႈန္​မ်ားကပ္​​ေနသည္​ကို သတိထားမိသြားသည္​။

"စာ​ေမးပြဲ​ေျဖရင္​း မုန္​႔စား​ေနတာလား?"
လ်န္​ကြၽင္​း ထိုသို႔သာ ​ေတြးမိသည္​။

"အမ္​.....အြန္​း!"
႐ွီက်င္​းသည္​ တစ္​ကၠန္​႔​ေလာက္​​ေအးခဲသြား​
ေသာ္​လည္​း ခပ္​သြက္​သြက္​ ​ေခါင္​းညိတ္​ျပသည္​။
သူသည္​ သနားစရာ​ေကာင္​း​ေသာ
အမူအရာမ်ိဳးျပဳလုပ္​ကာ သက္​ျပင္​းခ်သည္​။

"အခ်ိန္​အၾကာႀကီးဆို​ေတာ့
ကြၽန္​​ေတာ့ဦး​ေႏွာက္​ အရည္​​ေပ်ာ္​​ေတာ့မလိုပဲ၊
အဲ့တာေၾကာင္​့ အခ်ိဳစားရင္​း အားျပန္​ျဖည္​့တာ"

"စာ​ေမးပြဲႀကီးမွမဟုတ္​တာ...
တအားစိတ္​မပူပါနဲ႔"

လ်န္​ကြၽင္​းသည္​ ႐ွီက်င္​းလက္​ကိုယူကာ
သၾကားမႈန္​မ်ားကိုသုတ္​​ေပးၿပီး ဆိုဖာဆီသို႔
ၫႊန္​ျပသည္​။

"ခဏနားလိုက္​၊ မီးဖို​ေခ်ာင္​က
လတ္​လတ္​ဆတ္​ဆတ္​အသီးတစ္​ပန္​းကန္​
ပို႔ထားတယ္​။ မစၥတာဖန္​း​ေျပာတာ စာ​ေမးပြဲက
တစ္​ရက္​လုံးဆို...ပင္​ပန္​း​ေနၿပီလား?"

႐ွီက်င္​းသည္​ တိတ္​တခိုးသက္​ျပင္​းခ်ၿပီး
ထိုင္​လိုက္​သည္​။သူ႔အမူအရာကို ဖုံးကြယ္​ရန္​
အသီးတစ္​စိတ္​ကို ပါးစပ္​ထဲသြပ္​ထည္​့လိုက္​သည္​။

"ဟင္​့အင္​း..သင္​ခန္​းစာ​ေတြကပိုလြယ္​ပါတယ္​။
အိမ္​စာလည္​းမ႐ွိဘူး"

႐ွီက်င္​း အလ်င္​စလိုစား​ေနသည္​ကိုၾကည္​့ရင္​း
လ်န္​ကြၽင္​းမ်က္​​ေမွာင္​ၾကဳတ္​သြားသည္​။
သူသည္​ ကိုယ္​ကိုကိုင္​းကာ ႐ွီက်င္​း​ေခါင္​းကို
ပုတ္လိုက္​ၿပီး သ​ေရစာမ်ားထပ္​ယူရန္​
တစ္​ဖက္​သို႔ လွည္​့သြားသည္​။

႐ွီက်င္​းလည္​း သူ႔ဆံပင္​သူထိၾကည္​့သည္​။
ဒီ​ေနာက္​ပုိင္​း...လ်န္​ကြၽင္​းက သူ႔ကိုကိုင္​ရတာ
အ​ေတာ္​သ​ေဘာက်​ေနပုံပဲ။ထို႔​ေနာက္​
​ေ႐ွာင္​စစ္​​ေျပာ​ေသာ ထိုသူ၏ဘဝမွာ
​ေႏြး​ေထြးမႈလစ္ဟာ​ခဲ့သည္​ကိုျပန္​​ေတြးမိ၍
စိတ္​ထဲမထား​ေတာ့​ေပ။

အနားယူခ်ိန္​ၿပီးသြား​ေသာအခါ ႐ွီက်င္​းသည္​
လ်န္​ကြၽင္​းမ်က္​စိ​ေအာက္​တြင္​ အခန္​း​ေလးထဲ
ဝင္​သြားလိုက္​သည္​။
လ်န္​ကြၽင္​းစာၾကည္​့ခန္​းထဲ
ျပန္​ဝင္​သြား​သည္​ႏွင္​့ ထပ္​ခိုးထြက္​ကာ
ထမင္​းစားခန္​းဆီ တန္​း​ေျပးသည္​။

​ေန႔လည္​ပိုင္​းတြင္​လည္​း ထမင္​းစားခန္​းထဲ
တစ္​ခုခုမသကၤာစရာမ်ား လ်န္​ကြၽင္​း​ေတြ႔သြားမည္​ကို
႐ွီက်င္​းစိုးရိမ္​သျဖင္​့ စာ​ေမးပြဲ​ေၾကာင္​့
ပင္​ပန္​းလြန္​း၍ ဗီလာတြင္​သာ
​ေန႔လည္​စာစားရန္​ တိုက္​တြန္​းလိုက္​သည္​။

ဤသို႔ ပုန္​းလွ်ိဳးကြယ္​လွ်ိဳးလႈပ္​႐ွားမႈမ်ားႏွင္​့
တစ္​​ေနကုန္​သြား​ေတာ့သည္​။ ည​ေနပိုင္​းမွ
႐ွီက်င္​း၏လက္​လုပ္​ကိတ္​မုန္​႔ ၿပီးစီးသြားၿပီး
Gua Yiတို႔လည္​း ထမင္​းစားခန္​းကို
အလွဆင္​သည္​မ်ား ၿပီး​ေျမာက္​​ေလသည္​။

"ဟုတ္​ၿပီ...ကြၽန္​​ေတာ္​ကြၽင္​း​ေ႐ွာက္​ကို
သြား​ေခၚမယ္​...ဒီဟင္​းပြဲ​ေတြ
တစ္​ခ်က္​ၾကည္​့​ေပးထား​ေနာ္​"

႐ွီက်င္​းသည္​ ​ေအပရြန္​ကိုခြၽတ္​ရင္​း
Gua Erကိုလွမ္​း​ေျပာသည္​။
လက္​မွခရင္​မ္​မ်ားကို ​ေဆးခ်ၿပီး
ဗီလာဆီျပန္​သြားသည္​။

Gua Erသည္​ ႐ွီက်င္​းထြက္​သြားသည္​ကို
ၾကည္​့ၿပီး တျခားသူမ်ားကို ျပန္​ၾကည္​့ကာ
သက္​ျပင္​း႐ွည္​ႀကီးခ်သည္​။

"႐ွီက်င္​းရဲ႕ဒီလိုလုပ္​ပုံ​ေတြနဲ႔ဆို
ကြၽင္​း​ေ႐ွာက္​က​ေက်ာက္​တုံးနဲ႔လုပ္​ထားရင္​​ေတာင္​ ​
ေသခ်ာ​ေပါက္​အရည္​​ေပ်ာ္​မွာပဲ..."

အားလုံးသည္​ သူ႔ကိုတစ္​ခ်က္​လွမ္​းၾကည့္​ၾကၿပီး
သူ႔စကားမ်ားကို မၾကားခ်င္​​ေယာင္​​ေဆာင္​ကာ
႐ွီက်င္​း​ေျပာ​ေသာဟင္​းပြဲမ်ားကိုၾကည္​့ရန္​
လူစုခြဲသြားၾကသည္​။

သူ႔ကိုယ္​​ေပၚမွခရင္​မ္​နံ႔မွာ တအားျပင္​းလြန္​းရာ
လ်န္​ကြၽင္​းရိပ္​မိသြားမည္​စိုးသျဖင္​့
႐ွီက်င္​းျပန္​​ေရာက္​သည္​ႏွင္​့
စာ​ေမးပြဲ​ေစာ​ေစာၿပီးသြားသလို
သူ႔အခန္​းထဲမွအ​ျမန္​ထြက္​ကာ
လ်န္​ကြၽင္​းစာၾကည္​့ခန္​းတံခါးကိုဆြဲဖြင္​့ၿပီး
​ေအာ္​​ေျပာသည္​။

"ကြၽင္​း​ေ႐ွာက္​ ကြၽန္​​ေတာ္​့ကိုယ္​​ေပၚ
မင္​​ေတြ​ေပကုန္​လို႔ ​ေရခ်ိဳးလိုက္​ဦးမယ္​"

ၿပီး​ေနာက္​ ခ်က္​ခ်င္​းျပန္​ပိတ္​ကာ
မစၥတာဖန္​းကိုထားခဲ့ၿပီး သူ႔အခန္​းဆီ
ျပန္​​ေျပးသည္​။

လ်န္​ကြၽင္​းသည္​ ႐ွီက်င္​းအသံၾကားသည္​ႏွင္​့
ခ်က္​ခ်င္​းထြက္​လာ​ေသာ္​လည္​း
​စၾကၤန္​လမ္​းတြင္​ေကာင္​​ေလး၏
အရိပ္​အ​ေယာင္​တစမွမျမင္​ရ​ေတာ့သျဖင္​့
မစၥတာဖန္​းကို လွည္​့ၾကည္​့သည္​။

လူအိုႀကီးသည္​ မ်က္​ႏွာ႐ႈံ့မဲ့ကာ မ​ေက်မနပ္​​ေျပာသည္​။

"သူကဆိုးပါတယ္​လို႔ ငါ​ေျပာသားပဲ၊
စာ​ေမးပြဲမွာအမွား​ေတြအမ်ားႀကီး
လုပ္​တဲ့အျပင္​ သူ႔အ​ေျဖလႊာကိုစစ္​​ေနတုန္​း
ငါ့မင္​ဘူးကို​ေမွာက္​ခ်လိုက္​တာ
သူ႔တစ္​ကိုယ္​လုံး​ေပကုန္​​ေရာ"

ခဏ​ေလာက္​တိတ္​သြားၿပီးမွ လ်န္​ကြၽင္​း​ေမးလာသည္​။

"မင္​က ဘာတံဆိပ္​လဲ? ဆရာဆီ ​
ေသတၱာတစ္​လုံးစာပို႔​ေပးဖို႔
ပို႔​ေဆာင္​​ေရးဌာနဆီ​​ေျပာလိုက္​ပါမယ္​"

သူက ဘယ္​​ေလာက္​ျဖစ္​ျဖစ္​အစားျပန္​​ေပးမွာမို႔
႐ွီက်င္​းက လုပ္​ခ်င္​သလိုလုပ္​လို႔ရတယ္​လို႔
​ေျပာခ်င္​တာလား?

မစၥတာဖန္​းသည္​ လ်န္​ကြၽင္​းကို ​ေဒါသတႀကီး
စိုက္​ၾကည္​့ၿပီး အသက္​႐ွဴၾကပ္​မတတ္​ျဖစ္​သြားသည္​။

"သူ႔ကို အလိုလိုက္​လြန္​းတယ္​!"

ထို႔​ေနာက္​ ​ေျခ​ေဆာင္​့ကာ ထြက္​သြား​ေတာ့သည္​။

လ်န္​ကြၽင္​းသည္​ သူ၏သစၥာ႐ွိအမတ္​
တစ္​ပါး၏အၾကံ​ေပးစကားကို မိုက္​မဲစြာ
နားမ​ေထာင္​​ေသာဘုရင္​တစ္​ပါးဟန္​
တည္​ၿငိမ္​စြာ ​ေျပာသည္​။

"သူ႔က ငါ့လူ​ေလ
 ေသခ်ာ​ေပါက္​ အလိုလိုက္​မွာ​ေပါ့"

႐ွီက်င္​း ​ေရခ်ိဳးၿပီးသည္​ႏွင္​့
အစီအစဥ္​အတိုင္​း လ်န္​ကြၽင္​းကို 'ညစာ'အတြက္​
ထမင္​းစားခန္​းကို​ေခၚသြားသည္​။

လ်န္​ကြၽင္​းသည္​ စား​ေမးပြဲ​ေၾကာင္​့
ပင္​ပန္​း​ေနမည္​စိုးသျဖင္​့

"အျပင္​ထြက္​စရာမလိုပါဘူး...
​ေလသာ​ေဆာင္​မွာပဲ စားၾကမယ္​​ေလ"

"ဟင္​့အင္​း...​ေန႔လည္​တုန္​းက စားၿပီးၿပီ​ေလ။
တစ္​​ေနကုန္​ အိမ္​ထဲ​ေအာင္​းမ​ေနသင္​့ဘူး..
ည​ေနခင္​း​ေလက ​ခံလို႔​ေကာင္​းတယ္​"

႐ွီက်င္​းျပန္​​ေျဖသည္​။ထမင္​းစားခန္​းသို႔
​ေရာက္​​ေသာအခါ ​ေမးလိုက္​သည္​။

"ကြၽင္​း​ေ႐ွာက္​ ဒီ​ေန႔ ကြၽန္​​ေတာ္ ​အျပင္​ဘက္​မွာ
ထိုင္​ခ်င္​တယ္​...ရလား?"

လ်န္​ကြၽင္​းသည္​ သဘာဝက်စြာ
သ​ေဘာတူသည္​။
"ရတာ​ေပါ့"

႐ွီက်င္​းသည္​ ပင္​လယ္​ႏွင့္​မ်က္​ႏွာခ်င္​းဆိုင္​သို႔
ဝွီးခ်ဲကို​ေ႐ြ႕သြားလိုက္​ၿပီး

"ဟိုနားက စားပြဲမွာ ထိုင္​ရ​ေအာင္​လား"

​ေနမဝင္​​ေသးသျဖင္​့ အလင္​း​ေရာင္​႐ွိ​ေသးသည္​။
ထမင္​းစားခန္​း႐ွိမီးမ်ားမဖြင့္​ထားသည္​ကို
လ်န္​ကြၽင္​းလည္​း ​ေထြ​ေထြထူးထူးမ​ေတြး​ေတာ့ဘဲ
႐ွီက်င္​းတြန္​း​ေပးရာ အျပင္​ဘက္​အစြန္​နားဆီသို႔
လိုက္​ပါသြားသည္​။ ​ယူလိုက္​သည္​့​ေနရာမွာ
အမွန္​တကယ္​႐ႈခင္​း​ေကာင္​းလွသျဖင္​့
လူငယ္​​ေလးကို ခ်ီးက်ဴးဖို႔လည္​း မ​ေမ့​ေခ်။

႐ွီက်င္​းသည္​ စိတ္​​ေက်နပ္​စြာ မ်က္​ႏွာခ်င္း​ဆိုင္​တြင္​
ထိုင္​လိုက္​ၿပီး ခါတိုင္​းလိုပဲ
စား​ေနက်ဟင္​းပြဲမ်ားမွာလိုက္​သည္​။
သူသည္​ ​ေနဝင္​ကာ ​ေကာင္​းကင္​ႀကီး​
ေမွာင္​မဲသြားသည္​ထိ ​ေစာင္​့ၿပီးမွ ​ေတြ​ေဝ​ေသာ
အမူအရာျဖင္​့​ေျပာသည္​။

"ဘာလို႔မီးမဖြင္​့ထားတာလဲ?
မီးပ်က္​​ေနလို႔လား?"
(TN: ျမန္​မာႏိုင္​ငံမဟုတ္​ပါ)

လ်န္​ကြၽင္​းလည္​း မ​ေသမခ်ာျဖစ္​သြားသည္​။
တစ္​​ေယာက္​​ေယာက္​ကို ​ေခၚ​ေမးဖို႔
လက္​​ေျမႇာက္​လိုက္​​ေသာ္​လည္​း ႐ွီက်င္​းမွ
လွမ္​းတားသည္​။

"မ​ေခၚပါနဲ႔​ေတာ့ ကြၽန္​​ေတာ္​ပဲတစ္​ခ်က္​
သြားၾကည့္​လိုက္​မယ္​၊ အ​ေပါ့သြားခ်င္​​ေနတာနဲ႔
အ​ေတာ္​ပဲ"

လ်န္​ကြၽင္​းလည္​း လက္​ျပန္​ခ်ကာ ​
ေခါင္​းညိတ္​လိုက္​ၿပီး ႐ွီက်င္​းဝင္​သြားသည္​ကို
ၾကည္​့​ေနလိုက္​သည္​။

​ေနဝင္​ရီတ​ေရာခ်ိန္​မွ ညခ်မ္​းဆီသို႔
ကူး​ေျပာင္​း​ေနသလို ပင္​လယ္​​ေလသည္​ ညင္​သာစြာ
တိုက္​ခတ္​လ်က္​႐ွိသည္​။လ်န္​ကြၽင္​းသည္​
အၾကာႀကီး​ေစာင္​့​ေန​ေသာ္​လည္​း ႐ွီက်င္​း
ျပန္​မလာ​ေပ။သူ သြားၾကည္​့ရန္​ျပင္​စဥ္​မွာပဲ
ထမင္​းစားခန္​းမွမီးမ်ားမွာ ႐ုတ္​ခ်ည္​း
ထလင္​း​ေတာ့သည္​။အျပင္​ဘက္​ပတ္​ပတ္​လည္​မွ
​ေရာင္​စုံမီးလုံးမ်ားမွာလည္​း တစ္​ၿပိဳင္​နက္​တည္​း
တစ္​လက္​လက္​​ေတာက္​ပလာရာ
ထီးမိုးထား​ေသာလ်န္​ကြၽင္​း၏စားပြဲဝိုင္​းတြင္​
လာ​ေရာက္​ဆုံစည္​းၾကသည္​။မီးမိွန္​မိွန္​​ေလးမ်ားမွာ
ထီးအမိုးပတ္​ပတ္​လည္​တြင္​ပါ လင္​းလက္​လာသျဖင္​့
ရင္​သပ္​ရႈ​ေမာစရာ​ေကာင္​းစြာ
လွပ​ေသာကိုယ္​ပိုင္​ကမၻာ​ေလးတစ္​ခုလို
ျဖစ္​သြားသည္​။

လ်န္​ကြၽင္​း တန္​႔သြားကာ သူ႔ပတ္​ပတ္​လည္​မွ ​
မီး​ေရာင္​စုံမ်ားကိုၾကည္​့မိသည္​။
ဘာ​ေတြျဖစ္​​ေနလဲဆိုတာ ​ေရး​ေရး​ေလး
သ​ေဘာ​ေပါက္​လာသျဖင္​့ တံခါးဝဆီသို႔
လွမ္​းၾကည္​့​လိုက္​သည္​။

စၾက၀ဠာထဲမွၾကယ္​စင္​မ်ားလို တဖ်တ္​ဖ်တ္​​
ေတာက္​ပ​ေန​ေသာပုံရိပ္​​ေယာင္​မ်ားၾကား
စားဖိုမွဴးဝတ္​စုံဝတ္​ထား​ေသာအ​ေမႊးပြဝက္​ဝံ​ေလး
တစ္​​ေကာင္​သည္​ သုံးလႊာ​ေမြး​ေန႔ကိတ္​​ေလး
ပါ႐ွိ​ေသာစားစရာတြန္​းလွည္​းကိုတြန္​းကာ
ထြက္​လာ​ေလသည္​။
ပတ္​ပတ္​လည္​တြင္​ လက္​​ေဆာင္​ဘူး​
ေသး​ေသးႀကီးႀကီးမ်ား ဝန္​းရံ​ေနၿပီး
အလယ္​တြင္​ "Happy Birthday"
ဟုသီဆို​ေန​ေသာကာတြန္​း႐ုပ္​​ေလးပါ​ေသးသည္​။
ဤသည္​မွာ ရယ္​စရာ​ေကာင္​းသလို
ခ်စ္​ဖို႔လည္​း​ေကာင္​းသည္​။

လ်န္​ကြၽင္​းမ်က္​လုံးမ်ားမွာ ၾကယ္​ပြင္​့မ်ားအလား
တလက္​လက္​​ေတာက္​ပလာသည္​။ဝွီးခ်ဲကို
ဝက္​ဝံ႐ွိရာသို႔ ​လိမ္​့သြားၿပီး သူ၏အမူအရာမွာ
အလြန္​ႏူးညံ့လ်က္​႐ွိသည္​။

ဘီးတပ္​လွည္​းမွာ သူ႔​ေ႐ွ႕တြင္​ရပ္​သြားသည္​။
ဝက္​ဝံ​ေလးသည္​ စကားမ​ေျပာဘဲ ​
ေမြး​ေန႔ကိတ္​​ေပၚတြင္​ ဖ​ေယာင္​းတိုင္​မ်ား စစိုက္​သည္​။
ထိုသို႔လုပ္​ရင္​း က်န္​လက္​တစ္​ဖက္​ျဖင္​့
လက္​​ေဆာင္​ဘူးမ်ားကိုယူကာ လ်န္​ကြၽင္​း
လက္​​ေမာင္​းၾကားထဲထိုးထည္​့​ေပးသည္​။
ဤသည္​မွာ အ​ေတာ္​ရယ္​စရာ​ေကာင္​းသည္​။

လ်န္​ကြၽင္​းျပဳံးလိုက္​သည္​။ဘူးမ်ား​ေပၚတြင္​
နံပါတ္​မ်ားမွတ္​ထားသည္​ကို ​ေတြ႔သြားရာ
လွမ္​း​ေမးလိုက္​သည္​။

"အားလုံးဆီကလား?"

ဝက္​ဝံ ​ေခါင္​းညိတ္​ျပသည္​။
ဖ​ေယာင္​းတိုင္​စိုက္​လို႔ၿပီးသြား​ေသာအခါ
ကုန္​းၿပီး တြန္​းလွည္​း၏ အျမင္​့ကိုညိွ႔လိုက္​သည္​။
လ်န္​ကြၽင္​းဖ​ေယာင္​းတိုင္​မႈတ္​လို႔ အဆင္​​ေျပမဲ့
အျမင္​့အ​ေနအထား​ေရာက္​သည္​အထိ
ကိတ္​မုန္​႔မွာ တျဖည္​းၿဖည္​းႏိွမ္​့က်လာသည္​။

ကိတ္​မုန္​႔သည္​ အ​ေဝးမွၾကည္​့လ်ွင္​
လွပုံ​ေပၚ​ေသာ္​လည္​း တကယ္​တမ္​းက်
နည္​းနည္​းၾကည္​့ရဆိုး​ေၾကာင္​း
လ်န္​ကြၽင္​း​ေတြ႔လိုက္​ရသည္​။ထို႔အျပင္​
ကိတ္​မုန္​႔​ေပၚက Happy Birthday ဆို​ေသာ
စာလုံးမွာ မုန္​႔လုပ္​ကြၽမ္​းက်င္​သူ​ေရးထားတာ
မဟုတ္​ဘဲ ႐ွီက်င္​းလက္​​ေရးမွန္​းသိသာသည္​။

လ်န္​ကြၽင္​းႏွလုံးခုန္​သံမ်ားျမန္​လာေတာ့သည္​။
ယ​ေန႔ ႐ွီက်င္​း၏စာ​ေမးပြဲႏွင္​့သူ႔ဆီမွရ​ေသာ
ခ်ိဳ​ေမႊး​ေမႊးနံ႔တို႔ကို ျပန္​​ေတြးမိလိုက္​ရာ
မတ္​တတ္​ရပ္​​ေန​ေသာဝက္​ဝံကို ၾကည္​့လိုက္​သည္​။
ထိုဝက္​ဝံ၏လက္​ဖဝါးကိုဆုပ္​ကိုင္​ရင္​း
​ေမးသည္​။

"မင္​းလုပ္​ထားတာလား?"

"ဆု​-ေတာင္​း-ၿပီး-ဖ​-ေယာင္​း-တိုင္​-မႈတ္​-ဖို႔-
အ-ခ်ိန္​-တန္​-ၿပီ"

ဝက္​ဝံသည္​ စက္​႐ုပ္​သံမ်ိဳး ​ေျဖသည္​။

႐ွီက်င္​းအသံကိုၾကားလိုက္​ရ​ေသာအခါ
လ်န္​ကြၽင္​း အရည္​​ေပ်ာ္​သြား​ေတာ့သည္​။
သူသည္​ ဘာမွဆု​ေတာင္​းမ​ေနဘဲ
ဖ​ေယာင္း​တိုင္​မ်ားကို တစ္​ခါတည္​းမႈတ္​လိုက္​သည္​။
ထို႔​ေနာက္​ ဝွီးခ်ဲမွထကာ အ​ေမႊးပြဝက္​ဝံအား
​ေပြ႔ဖက္​လိုက္​ၿပီး မ်က္​လုံးမိွတ္​လ်က္​
ႏွာ​ေခါင္​းမဲမဲ​ေလးကို ညင္​သာစြာနမ္​းလိုက္​​ေလသည္​။

႐ွီက်င္​းခမ်ာ ထိတ္​လန္​႔လြန္​းအားႀကီး၍
သူ႔မ်က္​လုံးႏွစ္​လုံးမွာ ​ေခါင္​းစြပ္​ထဲမွ
ထြက္​က်မလိုျဖစ္​သြားရသည္​။
လ်န္​ကြၽင္​း သူ႔နားတျဖည္​းျဖည္​းကပ္​လာကာ
မ်က္​လုံးမိွတ္​ၿပီး ဝက္​ဝံႏွာ​ေခါင္​း​ေလးကို
ႏူးႏူးညံ့ညံ့နမ္​းလိုက္​သည္​ကို ၾကည္​့ရင္​း
သူ႔ႏွလုံးခုန္​သံမ်ား အရိုင္း​ဆန္​စြာ
တုန္​ခါလာသည္​။ ႏွလုံးသားမွာ ရင္​ဘက္​ထဲမွ
ခုန္​ထြက္​လာ​ေတာ့မလိုျမည္​ဟီး​ေနရာ
တျခားဘာသံမွမၾကားႏိုင္​​ေတာ့​ေပ။

မီးပန္​းကိုင္​ထား​ေသာGua Erသည္​ တံခါး​မွ
ထြက္​လာမည္​ၾကံ​ေသာ္​လည္​း
ခ်က္​ခ်င္​း​ေနာက္​ျပန္​ဆုတ္​ကာ သူ႔​ေနာက္​မွ
အ​ေပါင္​းအပါမ်ားကိုတားလိုက္​သည္​။

အ​ေနာက္​ဆုံးတြင္​ရပ္​​ေန​ေသာGua Jiuမွ
လွမ္​း​ေမးသည္​။

"ဘာလုပ္​​ေနတာလဲ? ကြၽင္​း​ေ႐ွာက္​
ဖ​ေယာင္​းတိုင္​မႈတ္​ၿပီးတာနဲ႔ ငါတို႔က
ထြက္​လာၿပီး ပတ္​ဝန္​းက်င္​ကိုတက္​ႂကြ​ေအာင္​
လုပ္​​ေပးရမယ္​ဆို?"

ဘာ​ေတြျဖစ္​​ေနသလဲကိုျမင္​​ေသာ
Gua Yiသည္​လည္​း ​ေနာက္​ျပန္​ဆုတ္​ကာ ​
ေျပာသည္​။

"အခုငါတို႔ထြက္​သြားရင္​ ပတ္​ဝန္​းက်င္​ကို
တက္​ႂကြရာမ​ေရာက္​ဘဲ ၿငိမ္​းသက္​သလို
ျဖစ္​​သြားမွာ...Gua San"

တစ္​ဖက္​လူ​ေျပာခ်င္​သည္​ကို ခ်က္​ခ်င္​း
နားလည္​​ေသာGua Sanသည္​ ​
ေဝၚကီ​ေတာ္​ကီကိုထုတ္​ၿပီးအမိန္​႔​ေပးလိုက္​သည္​။

"မီးပန္​း​ေတြစလႊတ္​​ေတာ့"

တစ္​​ေအာင္​့အၾကာတြင္​ ​ေကာင္​းကင္​ထက္​သို႔
မီးပန္​းမ်ား ပ်ံတက္​သြား​ကာ က်ယ္​​ေလာင္​စြာ
​ေပါက္​ကြဲထြက္​လာသည္​။
အံအား႐ႈ​ေမာစရာ​ေကာင္​းစြာ လွပ​ေသာ
မီးပန္း​မ်ားသည္​ ​ေကာင္​းကင္​အႏွံ႔ျပန္​႔က်ဲလ်က္​
ပင္​လယ္​ကမ္​းစပ္​တစ္​ခုလုံးကို
အလင္​း​ေပး​ေလသည္​။

မီးပန္​းသံမ်ားၾကားမွ လ်န္​ကြၽင္​းလည္း
ကိုယ္​ကိုျပန္​မတ္​လိုက္​သည္​။ကမ္​း​ေျခထက္​
လင္​းလက္​​ေန​ေသာမီးပန္​းမ်ားကိုၾကည္​့ကာ
သူ၏အျပဳံးမွာပို၍ပင္​ ထင္​႐ွားလာသည္​။ထို႔ေနာက္​
​ေတာင္​့​ေတာင္​့ႀကီး ရပ္​​ေန​ေသာဝက္​ဝံကို
ျပန္​ၾကည္​့ကာ ကိုယ္​ကိုကိုင္​း၍ ထပ္​ဖက္​လိုက္​သည္​။
ဝက္​ဝံေခါင္​းကို ပြတ္​​ေပးရင္​း တိုးတိုး​ေလးဆိုသည္​။

"​ေက်းဇူးပါပဲ ကိုယ္​တကယ္​သ​ေဘာက်တယ္​"

ဝက္​ဝံ႐ုပ္​အတြင္​းမွ ႐ွီက်င္​းသည္​ နဖူးတြင္​
​ေခြၽးမ်ားျပန္​လာသည္​။အပူဓာတ္​​ေၾကာင္​့လား
သို႔မဟုတ္​ သူ၏ခုန္​​ေပါက္​​ေန​ေသာ
ႏွလုံးသား​ေၾကာင္​့လား မသိ​ေတာ့​။စိတ္​ၿငိမ္​ဖို႔
အခ်ိန္​​ေတာ္​​ေတာ္​ယူလိုက္​ရၿပီး လ်န္​ကြၽင္​းကို
ညင္​သာစြာျပန္​ဖက္​ကာ ​ေက်ာျပင္​ကို
ပုတ္​​ေပးလိုက္​သည္​။
သူ႔စိတ္​ထဲမွ ​ေ႐ွာင္​စစ္​ကိုလည္​း
လွမ္​း​ေမးသည္​။

"လ်န္​ကြၽင္​းက ဝက္​ဝံ႐ုပ္​ဝတ္​စုံကို ​
ေတာ္​​ေတာ္​သ​ေဘာက်​ေနပုံပဲ...ဒါ​ေပမဲ့
သူဘာလို႔ဆုမ​ေတာင္​းရတာလဲ? ငါ့ကိတ္​မုန္​႔က
တအား႐ုပ္​ဆိုး​ေနလို႔လား? ဒါမွမဟုတ္​
လက္​လုပ္​မို႔လို႔ သူ႔ဆု​ေတာင္​းနဲ႔မတန္​လို႔မ်ားလား?"

အသံ​ေသးအသံ​ေၾကာင္​​ေအာ္​ရန္​ျပင္​​ေန​ေသာ
​ေ႐ွာင္​စစ္​မွာ ႐ွီက်င္​းစကားမ်ား​ေၾကာင္​့
တစ္​ဆို႔သြားသည္​။တစ္​ကၠန္​႔​ေလာက္​
တိတ္​ၿပီးမွ ထငို​ေတာ့သည္​။

<က်င္​းက်င္​း...​ေ႐ွာင္​စစ္​​ေတာင္​းပန္​ပါတယ္​...
​ေ႐ွာင္​စစ္​အမွားပါ၊ က်င္​းက်င္​းရဲ႕IQ​ေတြ
ျပန္​ရ​ေအာင္​ ​ေ႐ွာင္​စစ္​အ​ေကာင္​းဆုံး ႀကိဳးစားပါ့မယ္​...ကတိ​ေပးတယ္​! ဝါး...ဝါး...ဝါးးး...>

႐ွီက်င္​း: “……”

============================

အခန်း(၄၄)​Exam

ရှီကျင်းမခံစားနိုင်​တော့​သဖြင့် tabletကိုပိတ်​ချကာ
လျန်​ကျွင်း၏စာကြည့်​ခန်းသို့ အ​ပြေးသွား​တော့သည်​။

လျန်​ကျွင်းသည်​အ​ရေးတကြီးစာရွက်​စာတမ်း​များကို
စီမံ​နေ​သော်​လည်း ရှီကျင်းမှာ
တစ်​စုံတစ်​ရာနဲ့​ဆောင့်​မိထားသလို
ဒယိမ်းဒယိုင်​ဝင်​လာသည်​ကိုမြင်​သောအခါ
ဖိုင်​ကိုချပြီး စားပွဲ​နောက်​မှ ဝှီးချဲကို
တွန်းထွက်​လာကာ လူငယ်​လေး၏လက်​ကို
ဆုပ်​ကိုင်​ရင်း​မေးသည်​။

"ဘာဖြစ်​လို့လဲ"

ရှီကျင်းမှာ အ​တွေး​ပေါင်းစုံနှင့်​ချာချာလည်​နေသဖြင့်​
လက်​အကိုင်​ခံရသည်​ကို သတိမထားမိ​သော်​လည်း
မသိစိတ်​အရ ပြန်​ဆုပ်​ထွေးလိုက်​သည်​။
သူ့အ​တွေးများမှာ မိုင်​ပေါင်း​ထောင်​ချီပျံ့လွင့်​နေပြီး
လျန်​ကျွင်းကို ဆိုဖာဆီဆွဲ​ခေါ်ကာ​ပြောသည်​။

"အ​တွေးလွန်​နေတာလို့ပဲ​မျှော်​လင့်​မိတယ်​....
ကျွင်း​ရှောက်​အဲ့ဖိုင်​တွေကိုဖတ်​ပြီးပြီမလား?
ကျွန်​တော်​တွေးမိတာတစ်​ခုရှိလို့..
အဲ့တာဖြစ်​နိုင်​လားဆိုတာ​ကျေးဇူးပြုပြီး
စဉ်းစား​ပေးပါ"

သူအခု ဒုတိယလူ၏ထင်မြင်ချက်​ကိုလိုအပ်​နေသည်​။
မဟုတ်​လျှင်​သူမွန်းကြပ်​၍​သေသွားနိုင်​သည်​။
လျန်​ကျွင်းသည်​ဒီအချက်​အလက်​များကို
ရှာ​ပေးသူဖြစ်​ရုံမက ဉာဏ်​ကောင်းကာ
သူ့မိသားစုကိစ္စများကိုလည်း သိထားသူဖြစ်​သဖြင့်​
သူ့ကို​မေးခြင်းက အ​ကောင်းဆုံးပင်​။
 
လျန်​ကျွင်းသည်​ရှီကျင်းလက်​ကို
တစ်​ချက်​ကြည့်​ကာ သ​ဘောတူ​သောအ​နေနဲ့ ဝှီးချဲကို ဆိုဖာ​ဘေးသို့​ရွေ့လာလိုက်​သည်​။

လက်​ဖက်​ရည်​စားပွဲတွင်​ထိုင်​ကာ
ရှီကျင်းအတွက်​ရေ​နွေးတစ်​ခွက်​ထည့်​ပေးပြီး
အ​မွှေးတိုင်​ထွန်း​လိုက်​သည်​။

​လေထုထဲ တဖြည်းဖြည်းပျံ့နှံ့လာ​သော
ဖျော့​တော့​တော့ရနံ့​လေးက
က​ယောက်​ကယက်​ဖြစ်​နေ​သောရှီကျင်း၏ စိတ်​ကို
တည်​ငြိမ်​စေသည်​။သူ့အ​တွေးများကို
အစဉ်​တကျပြန်​ထားပြီး သူ့ထင်​ကြေးများကို
အ​ကြောင်းပြချက်​အမျိုးမျိုးနှင့်​သေချာရှင်းပြကာ
လျန်​ကျွင်းကို​မျှော်​လင့်​တကြီး​စောင့်​ကြည့်​နေသည်​။

လျန်​ကျွင်းနား​ထောင်​ပြီး​သောအခါ
အချိန်​ခဏစဉ်းစား​နေသည်​။ထို့​နောက်​
ရှီကျင်းကိုကြည့်​ကာ

"မင်း​တွေးပုံက အဓိပ္ပါယ်​ရှိတယ်​...ရှန့်​ချင်​
ကိုယ်​ဝန်​ပျက်​ကျရတဲ့အ​သေးစိတ်​အချက်​တွေနဲ့
ရှီရှင်းရွယ်​ဘဝအ​ကြောင်းကို​သေချာစုံစမ်းဖို့
ငါလူလွှတ်​ပေးမယ်​...
မင်းနဲ့မင်းအ​မေနှစ်​ယောက်​လုံးနဲ့
ရုပ်​ဆင်​တဲ့လူ...အမျိုးသား...ကိုရှာကြည့်​ဖို့"

လျန်​ကျွင်းသည်​ထိုဦးတည်​ရာကို​
ပြောရခြင်းအ​ပေါ် သ​ဘောမ​တွေ့ဟန်​
မျက်​မှောင်​ကြုတ်​လိုက်​သည်​။

"အမျိုးသမီး​ရောပဲ...ဘာပဲဖြစ်​ဖြစ်​
ကျွန်​တော်​အထင်​မှားတာလည်းဖြစ်​နိုင်​တာပဲ
ရှီရှင်းရွယ်​စိတ်​ထဲကလူက အမျိုးသမီးလည်း
ဖြစ်​နိုင်​တယ်​"
ရှီကျင်း ထပ်​ပေါင်း​ပြောသည်​။

လျန်​ကျွင်း​ခေါင်းညိတ်​သည်​။လူငယ်​လေး၏
စိတ်​ကျဉ်း​ကျပ်​နေ​သောအမူအရာကို
ကြည့်​ကာ နူးညံ့​သော​လေသံဖြင့်​
​ဖြေသိမ့်​ပေးသည်​။

"စုံစမ်းတာက အချိန်​ယူရမယ်​..ဒါ​ကြောင့်​
တအားမ​တွေးဘဲ စိတ်​ကို​အေး​အေးထား—
အရင်​မျိုးဆက်​ရဲ့ပြဿနာ​တွေက
မင်းနဲ့ဘာမှမဆိုင်​ဘူး...ဘာ​တွေဖြစ်​နေပါ​စေ
မင်းဘာလုပ်​ချင်​ရင်​ဖြစ်​ဖြစ်​မင်းမှာငါရှိတယ်​၊
ငါအားလုံး​ဖြေရှင်း​ပေးမှာမို့​မကြောက်​နဲ့.."

မင်းမှာ ငါရှိတယ်​

ယုံကြည်​မှုအပြည့်​ဖြင့်​အထက်​စီးဆန်​စွာ​
ဆိုလိုက်​သောလျန်​ကျွင်း၏​နောက်ဆုံး​စကား​ကြောင့်​
ရှီကျင်း ထိတ်​လန့်​သွားသည်​။
ဘယ်​အရာကမှသူ့အားမတုန်​လှုပ်​နိုင်​သလို
တစ်​ဖက်​လူ၏အရှိန်​အဝါသည်​
အင်​အားကြီးကာ မှီခိုအားထားစရာ​
ကောင်းသည်​။ ထို့ကြောင့်
ရှီကျင်း​ရှောင်​စစ်​ကို လှမ်း​ပြောမိသည်​။

"အဲ့တာက​မြေ​အောက်​ဂိုဏ်း​ခေါင်း​ဆောင်​ရဲ့
အရှိန်​အဝါလား? 'မင်းမှာ ငါရှိတယ်​'
ငါ ရုတ်​တရက်​ကြီး ဒူး​ထောက်​ကိုးကွယ်​ချင်​စိတ်​
ပေါက်​သွားပြီ!"

<……>
​ရှီကျင်း၏​ပျောက်​ဆုံး​နေ​သောIQနဲ့EQအတွက်​
​ရှောင်​စစ်​အမှန်​တကယ်​စိတ်​ပူလာသည်​။
 
လူငယ်​လေးသည် သူ့အား​လေးစားသဖွယ်​
တဖိတ်​ဖိတ်​တောက်​ပ​နေ​သောမျက်​လုံးများနှင့်​
ကြည့်​နေသည်​ကို​လျန်​ကျွင်းမြင်​သောအခါ
အနီးသို့တိုးကပ်​ပြီး​လေသံနဲ့​ပြောလိုက်​သည်​။

"ရှီကျင်း"

ရှီကျင်းလည်း သူ၏​ပေါက်​ကရအ​တွေးများမှ
နိုးထလာသည်​။သူနှင့်​အလွန်​နီးကပ်​နေ​သော
လျန်​ကျွင်း၏မျက်​နှာလှလှကို
တစ်​ချက်​ကြည့်​မိသည်​။ရှီကျင်းမှာ ကြည့်​လေ​လေ
လျန်​ကျွင်းသည်​အင်​မတန်​လိမ္မာ​သော
က​လေးနှင့်​တူသည်​ဟု ပိုခံစားမိလာသည်​။
ထို့​ကြောင့်​သူသည်​မသိလိုက်​ပါဘဲ
တစ်​ဖက်​လူ၏ကိုယ်​ကို​ထွေးပိုက်​မိကာ​
ကျောပြင်​ကိုပုတ်​ပေးရင်း​ပြောသည်​။

"ကျွန်​တော့်​မှာ ခင်ဗျား​ရှိတာ သိပါတယ်​..
ခင်​ဗျားမှာလည်း ကျွန်​တော်​ရှိတာကို
မ​မေ့နဲ့​နော်​!
​နေ​ကောင်း​အောင်​နေပြီး အသက်​ရှည်​ရှည်​
နေရမယ်​နော်​လျန်​ကျွင်း—ကျွန်​တော်​ကူညီမယ်​!"

ခင်​ဗျားရဲ့ယူနစ်​ဘားကို ရှင်းပစ်​ဖို့ကူညီမှာ..
အဲ့တာမှ ခင်​ဗျားဘာအသက်​အန္တရာယ်​မှ
မရှိ​တော့မှာ!

ကျွန်း​ပေါ်ရှိအပူချိန်​မှာ မြင့်​မား​သော​ကြောင့်​
နှစ်​ဦးစလုံး​ပေါ့​ပေါ့ပါးပါးသာ ဝတ်​ဆင်​ထား
ကြသည်​။ရှီကျင်းသည်​လည်း
စွပ်​ကျယ်​ပါးပါးသာဝတ်​ထားသဖြင့်​
လျန်​ကျွင်းကိုဖက်​လိုက်​သောအခါ
သူ့ကိုယ်​အပူချိန်​ကို တစ်​ဖက်​လူက
သိသာစွာခံစားရသည်​။

အရင်​က​ပွေ့ဖက်​သည်​များမှာ ခဏသာဖြစ်​ပြီး
အဝတ်​ထူထူများခံ​နေ​သေးသည်​။ထို့​ကြောင့်​
ဒီတစ်​ကြိမ်​မှာ​တော့ အရင်​ကထက်​
ပိုနီးကပ်​နေသလိုပင်​။

လျန်​ကျွင်းနှလုံးခုန်​မြန်​သွားသည်​။
အထိအ​တွေ့​ကြောင့်​သဘာဝကျစွာ​
တောင့်​ခဲမိ​သော်​လည်း ခဏအကြာတွင်​
နေသားကျသွားသည်​။
ရှီကျင်း၏အ​နွေးဓာတ်​ကိုခံစားရင်း
ပို၍နီးနီးကပ်​ကပ်​ဖြစ်​ရန်​ဆွဲဖက်​ဖို့
မတွန့်​ဆုတ်​တော့​ပေ။သူ့ပုခုံးထက်​
အနားယူ​နေ​သောရှီကျင်း၏​ခေါင်းကို
တစ်​ချက်​ငုံ့ကြည့်​ရာ ရှီကျင်းနားရွက်​နောက်​ရှိ
ဆံပင်​က သူ့နှာ​ခေါင်းထိပ်​ကို ယားယံ​စေသည်​။
လျန်​ကျွင်းသည်​ပူပင်​သောကကင်းစွာ
နူးနူးညံ့ညံ့ဆိုလိုက်သည်​။

"အင်းပါ.."

​သေချာတာ​ပေါ့...သူအသက်​ရှည်​ရှည်​ကို
​နေသွားရမယ်​...လက်​မောင်းကြားထဲမှ
သူအလွန်​...အလွန်​မြတ်​နိုးရတဲ့ဒီလူသားကို
ဘယ်​သူ့မှ ပိုင်​ဆိုင်​ခွင့်​မရှိ​စေရဘူး။

ရှီကျင်းသည်​စက္ကန့်​အနည်းငယ်​အကြာတွင်​
ခွာဖို့လုပ်​သည်​။သူလုပ်​မိသည်​ကို ပြန်​တွေးကာ
လျန်​ကျွင်းစိတ်​ဆိုးသွားမှာကို စိုးရိမ်​သော်​လည်း
လျန်​ကျွင်းက သူ့ကိုပြန်​ဖက်​လိုက်​မယ်​လို့မထင်​ထားခဲ့။ ထို့အပြင်​ပွေ့ဖက်​တာကိုအား​လျော့ကာ
အ​နောက်​သို့ဆုတ်​မယ်​ကြံ​သော်​လည်း
တစ်​ဖက်​လူက လွှတ်​ပေးဖို့ဆန္ဒမရှိ​ချေ။

လျန်​ကျွင်း၏​ရေချိုးဆပ်​ပြာနံ့သင်းသင်းကို
ရှူရှိက်​ရင်း ထိုသူပုခုံးထက်​မှသူ့​ခေါင်းကို
နည်းနည်း​ရွေ့လိုက်​သည်​။ရှီကျင်းလည်း
မ​နေနိုင်​စွာ​ရှောင်​စစ်​ကို လှမ်း​မေးသည်​။

"သူအိပ်​ပျော်​သွားတာလား?
ဘာလို့မလှုပ်​တာလဲ?"

​ရှောင်​စစ်​သည်​သူတို့ကို​ငေးကြည့်​ရင်း
ကျိုး​ကြောင်းဆီ​လျော်​စွာ​ဖြေ​ပေးသည်​။

<မအိပ်​ပါဘူး...ကြည့်​ရတာ ပင်​ပန်း​နေလို့ဖြစ်​မယ်​၊
ဒါလင်​က ဒီအဖွဲ့အစည်းထဲမှာပဲ
ကြီးပြင်းလာပြီး အန္တရာယ်​က
လက်​တစ်​လုံးကြားမှာမို့ အရာရာမှာသတိရှိဖို့
သင်​ပြခံခဲ့ရ​တော့...ဒီလိုမျိုးတစ်​ခါမှ
အဖက်​မခံရဖူးဘူး​လေ။ကျင်းကျင်း...
ဒါလင်​ရဲ့ဘဝမှာ အ​နွေးဓာတ်​ကင်းမဲ့​နေတယ်​
ကျင်းကျင်း သူ့ကို ပိုယုယုယယဆက်​ဆံသင့်​တယ်​>

ရှီကျင်းလည်း ဒီလိုဒုစရိုက်​အဖွဲ့အစည်းကြား
ရှင်​သန်​ဖို့ ရုန်းကန်နေရတဲ့ သနားစရာ
အထီးကျန်​က​လေးတစ်​ယောက်​ကို မြင်​ယောင်​ပြီး
သူ့နှလုံးသားမှာ ချက်​ချင်း​ပျော့​ပြောင်းသွားသည်​။
ထို့​ကြောင့်​သူသည်​ပိုပြီးတင်းကြပ်​စွာ​
ထွေးဖက်​လိုက်​သည်​။

လျန်​ကျွင်းက​ပွေ့ဖက်​တာလိုအပ်​ရင်​
သူ့ကို ကြိုက်​သ​လောက်​ဖက်​နိုင်​တယ်​...
လျန်​ကျွင်းက သနားဖို့​ကောင်းတယ်​
ဘယ်​သူမှ သူ့ကိုဒီလိုမဖက်​ကြဘူး...
သနားစရာ​လေး

ထိုလှုပ်​ရှားမှုများက
လျန်​ကျွင်းမျက်​စိ​အောက်​မှမလွတ်​မြောက်​ခဲ့။
သူသည်​ခေါင်း​စောင်းကာ
ရှီကျင်း၏နားသယ်​စပ်​နားသို့ ဖွဖွ​လေးနမ်း​လိုက်​ပြီး
နှုတ်​ခမ်းများ​ကော့တက်​သွားတော့သည်​။

အရူး​လေးက ဒီတစ်​ကြိမ်​ကော စိတ်​ထဲ
ဘာ​တွေ​ပေါက်​ကရ​တွေး​နေလဲမသိ..

​နေ့လည်​စာစားပြီး​နောက်​လျန်​ကျွင်းကို
အပြင်​ခေါ်ထုတ်​ချင်​သော ရှီကျင်း၏
ဆန္ဒပြည့်​ဝသွားသည်​။

​နေ့လည်​ခင်း​နေပူရှိန်​မှာ ပူပြင်းလွန်းရာ
လျန်​ကျွင်းအပူဓာတ်​ကို မခံနိုင်​မှာစိုးသဖြင့်​
ရှီကျင်းသည်​ဝှီးချဲကို​ကျောက်​ခင်းလမ်း
တစ်​လျှောက်​တွန်းလာသည်​။ ပန်းခင်းများနှင့်​
သစ်​ပင်​ဝါးပင်​များကိုဖြတ်​ကျော်​လာပြီး
ကျွန်း၏အဆုံးနားက​တောင်​ကုန်း​ပေါ်တွင်​
ရှုခင်း​ကောင်း​သော အပန်း​ဖြေ​ဆောင်​လေး
တစ်​ခုကို​တွေ့သည်​။သစ်​ပင်​ရိပ်​များ​အောက်​တွင်​
သူနဲ့လျန်​ကျွင်းသည်​ဘုတ်​ပြားဂိမ်းကို က​စား​နေကြသည်​။လျန်​ကျွင်းတွင်​မရှိခဲ့​သော
က​လေးဘဝအမှတ်​အရများကိုပြုလုပ်​ရန်​
ရှီကျင်းမ​မေ့​သေး​ပေ။

အပန်း​ဖြေအိမ်​လေးမှာ သစ်​သားဖြင့်​
တည်​ဆောက်​ထားပြီး
ပင်​လယ်​ခရုခွံများသီကုံးထား​ကာ
အစွန်းတွင်​ခေါင်း​လောင်း​လေးများ
ပါရှိ​သောကြိုးများလည်းရှိသည်​။
​လေတစ်​ချက်​အ​ဝှေ့တိုင်း ချိုမြိန်​သော
အသံ​လေးများထွက်​လာ​လေသည်​။

သူတို့၏​ရှေ့တွင်​မိုနိုပိုလီဘုတ်​ပြားနှင့်​
ကတ်​များ၊ပိုက်​ဆံများ၊အိမ်​..ဟိုတယ်​စ​သော
ကတ်​ပြားများပြန့်​ကျဲ​နေသည်​။သ​ရေစာများကလည်း
လက်​တစ်​ကမ်းတွင်​ရှိကာ​ဆော့ရင်း
စကား​ပြော​နေကြသည်​။တစ်​ခါတစ်​လေ
ခရုခွံများမှ အသံထွက်​လာ​သောအခါ
ပြိုင်​တူလှည့်​ကြည့်​မိပြီး အချင်းချင်း​ပြန်​ကြည့်​ကာ
ရယ်​မောကြသည်​။ဒီလိုနဲ့​တစ်​နေ့ခင်းလုံး
ဖြတ်​သန်းဖြစ်​လေသည်​။

​နေ​ရောင်​ခြည်​၏ေ​တာက်ပမှု​ကြောင့်​တိမ်​စိုင်​များ
လိ​မ္မော်​ရောင်​ဘက်​သို့ သန်းလာချိန်​တွင်​
ရှီကျင်းသည်​ပျင်း​ကြောဆန့်​လျက်​
ရှုပ်​ပွ​နေ​သောစားပွဲထက်​သို့​မှောက်​ကာ
စိတ်​ကျေနပ်​စွာ သက်​ပြင်းချသည်​။

"အားလပ်​တဲ့ဘဝက​ကောင်းလိုက်​တာ..."

လျန်​ကျွင်းက သူ့နဖူးကိုလှမ်းပုတ်​ကာ
"တစ်​နေ့ခင်းလုံး ငါနဲ့ပဲ​နေ​နေတာ
မပျင်းဘူးလား?"

ရှီကျင်းသည်​ထိ​တွေ့မှု​ကြောင့်​
ခဏ​ကြောင်​အသွား​သော်​လည်း လျန်​ကျွင်းကို
​မော့ကြည့်​ကာ​ခေါင်းခါပြသည်​။

"ဟင့်​အင်း...မိုနိုပိုလီ​ဆော့ရတာ​ပျော်​ဖို့​ကောင်း​တယ်​၊
ကျွင်း​ရှောက်​ရော ပျင်းလား?"

"မပျင်းပါဘူး ၊ ဒီလိုစိတ်​အပန်း​ဖြေတာလည်း
​ကောင်းပါတယ်​"

လူငယ်​လေး မပျင်းဘူးဆိုတာ​သေချာမှ
လျန်​ကျွင်းသည်​စိတ်​ကျေနပ်​စွာ
ရှီကျင်း၏နဖူးကို ပြန်​ထိလိုက်​သည်​။

ထိုသူအပြုအမူများကို စိတ်​ထဲမထား​တော့ဘဲ
ရှီကျင်း ရုတ်​တရက်​တိုက်​တွန်းသည်​။

"ဒါဆို မနက်​ဖြန်​လည်း အပြင်​ထွက်​ပြီး​
ဆော့ရ​အောင်​"

လျန်​ကျွင်း​မေး​ထောက်​ကာ​ခေါင်းညိတ်​ပြသည်​။
"​ကောင်းပြီ"

ရှီကျင်းမျက်​လုံးများအ​ရောင်​တောက်​သွားသည်​။
လျန်​ကျွင်းကြည့်​ရတာ စိတ်​ကြည်​နေသဖြင့်​
ထပ်​မေးကြည့်​လိုက်​သည်​။

"အဲ့တာဆို ကျွန်​တော်​တို့အပတ်​တိုင်း
အပြင်​ထွက်​ကြမလား? မနားတမ်းအလုပ်​လုပ်​တာက​
ခြေကုန်​လက်​ပန်းကျတယ်​..အလုပ်​ချိန်​နဲ့
အနားယူချိန်​ကို ဟန်​ချက်​ညီညီထားသင့်​တယ်​လေ"

လျန်​ကျွင်းနှုတ်​ခမ်း​ထောင့်​များ
​ကွေးညွန့်​သွားကာ​ခေါင်းထပ်​ညိတ်​ပြသည်​။
"မင်းသ​ဘော"

ရှီကျင်းသက်​ပြင်းမချဘဲ မ​နေနိုင်​တော့။

အဲ့အ​ဖြေက သ​ဘောတူတယ်​လို့​ပြောတာမလား?
နည်းနည်းထူးဆန်း​နေသလိုခံစားရတယ်​..
မသိရင်​လူကြီးက က​လေးရဲ့
အကြိုက်​ဆောင်​ပေး​နေသလိုကြီး

​ရှောင်​စစ်​: <……>
လူကြီးက က​လေးအကြိုက်​ဆောင်​တယ်​?
ဟမ်​?
 
လျန်​ကျွင်းရဲ့တုံ့ပြန်​မှုကထူးဆန်း​နေ​သော်​လည်း
ရှီကျင်း၏အ​ပျော်​ကို မေ​ဖျာက်​ဖျက်​နိုင်​။
သူသည်​နောင်​လာမဲ့အပတ်​များတွင်​လုပ်​မည့်​
အစီအစဉ်​များကို​တောင်​ပီတိဖြာစွာ
ချက်​ချင်း​ရေးဆွဲ​တော့သည်​။

​လေ​ပြေအတိုက်​ထွက်​ပေါ်လာ​သော
ဆည်းလည်းသံများနှင့်​အတူ အချိန်​သည်​လည်း
တ​ရွေ့​ရွေ့ကုန်​ဆုံးလာကာ
မတ်​လ​နောင်းပိုင်းသို့​ရောက်​လာသည်​။
ရှီကျင်းသည်​မစ္စတာဖန်း၏
ခွင့်​ပြုချက်​ကိုရယူပြီး အတန်းလစ်​တော့သည်​။
လျန်​ကျွင်းကို​တော့ အသိမ​ပေး​ပေ။

"မင်း ဒီ​နေ့ပျက်​ကွက်​တာအတွက်​
အစားပြန်​ပေးရမယ်​နော်​သင်​ခန်းစာ​တွေ
​နောက်​ကျလို့မရဘူး"

မစ္စတာဖန်းသည်​မျက်​နှာထားတင်းတင်းဖြင့်​
​ပြောသည်​။

ရှီကျင်းသည်​မြန်​မြန်​ဆန်​ဆန်​ပင်​
ကတိ​ပေးသည်။​
"ကျွန်​တော်​သိပါတယ်​...ည​နေပိုင်းမှာ
အချိန်​ပို သင်​မှာမလား? ဆရာ့စိတ်​ကြိုက်​သာလုပ်​ပါ"

မစ္စတာဖန်း၏မျက်​နှာမှာ အနည်းငယ်​
ဖြေ​လျော့သွားပြီး
"​ကောင်းပြီ အဲ့လိုပဲလုပ်​တာ​ပေါ့"

ထို့​နောက်​တွင်​Gua Liuအဆင်​သင့်​
စောင့်​နေ​သော ဗီလာနှင့်​အနီးဆုံးက
ထမင်းစားခန်းမဆီသွားကြသည်​။ရှီကျင်းကို
မြင်​သောအခါ Gua Liuသည်​နွေး​ထွေးစွာ
ကြိုဆိုသည်​။

"မီးဖို​ချောင်​က အသင့်​ပဲ..ပါဝင်​ပစ္စည်း​တွေလည်း
ပြင်​ထားပြီးပြီ—မင်းလုပ်​ချင်​တာလုပ်​လို့ရတယ်​၊
ပစ္စည်း​နေရာမသိရင်​တခြားသူ​တွေကို​မေးလိုက်​
သူတို့ပြ​ပေးလိမ့်​မယ်​"

ရှီကျင်းသည်​အို​ကေလုပ်​ပြကာ မီးဖို​ချောင်​ထဲ
ခပ်​သုတ်​သုတ်​ဝင်​သွားသည်​။

မစ္စတာဖန်းသည်​ရှီကျင်းဝင်​သွားသည်​ကိုကြည့်​ရင်း သူ၏တင်းကျပ်​သော အမူအရာလည်း
တဖြည်းဖြည်း​ဖြေ​လျော့သွားသည်​။
သူသည်​ထမင်းစားခန်းအတွင်း ပွကျဲ​နေ​သော
အလှဆင်​ပစ္စည်းများနှင့်​ဝတ်​စုံအမျိုးမျိုးကို
စိတ်​ရှုပ်​စွာ တစ်​ချက်​ကြည့်​လိုက်​သည်​။

Gua Liuမှ သတိထားမိရာ အနားကပ်​ပြောသည်​။

"​ရှောင်​ကျင်းက လိမ္မာတဲ့က​လေးပါ..သူ့အ​ပေါ်
တအားကြီးမတင်းကျပ်​ပါနဲ့"

မစ္စတာဖန်းသည်​သူ့ကိုတစ်​ချက်​ကြည့်​ကာ
ဘာမှပြန်​မ​ပြောဘဲ လှည့်​ထွက်​သွားသည်​။

စာကြည့်​ခန်းထဲ ထိုင်​နေ​သောလျန်​ကျွင်းသည်​
နာရီကိုလှမ်းကြည့်​သည်​။ ရှီကျင်းအနားယူချိန်​
ရောက်​တော့မည်​ကိုမြင်ရာ​သူဖတ်​နေ​သော
စာရွက်​များကိုချပြီး စားပွဲ​နောက်​မှထွက်​လာသည်​။​
ရေခဲ​သေတ္တာ​လေးထဲမှ အ​အေးတစ်​ဘူးကို
ထုတ်​ပြီး လက်​ဖက်​ရည်​စားပွဲ​ပေါ်မှ
သစ်​သီးပန်းကန်​ဘေးတွင်​ထားလိုက်​သည်​။

ပြင်​ဆင်​ပြီး​သောအခါ ရပ်နားချိန်​ရောက်​ရန်​
တစ်​မိနစ်​သာလို​တော့​ကြောင်း​တွေ့လိုက်​သည်​။
လျန်​ကျွင်းသည်​စားပွဲဆီပြန်​သွားကာ
စာဆက်​ဖတ်​နေလိုက်​သည်​။

တစ်​မိနစ်​သည်​မြန်​မြန်​ပဲကုန်​ဆုံးသွား​သော်​လည်း
ကြား​နေကျတံခါး​ခေါက်​သံကို မကြားရ​ပေ။
သူသည်​တံခါးကိုလှမ်းကြည့်​ပြီး ရှီကျင်း
သန့်​စင်​ခန်းဝင်​နေတာ​ကြောင့်​ဖြစ်​မည်​ဟု​တွေးကာ
စာရွက်​များကိုပြန်​ကြည့်​လိုက်​သည်​။

မိနစ်​အနည်းငယ်​ကုန်​ဆုံးသွား​သော်​လည်း
တံခါး​ခေါက်​သံကိုမကြားရ​သေး။လျန်​ကျွင်း
ငြိမ်​ငြိမ်​ထိုင်​မ​နေနိုင်​တော့ရာ
ဖတ်​လက်​စများကိုချကာ အခန်းအပြင်​သို့
ထွက်​လာပြီး အခန်းငယ်​လေးဆီသို့
လှမ်းကြည့်​လိုက်​သည်​။ ထိုအခါ
အနားယူရမည့်​မစ္စတာဖန်းသည်​
အခန်း​ရှေ့တွင်​ထိုင်​ကာ
သင်​ရိုးညွှန်းတမ်းဖတ်​နေသည်​ကို
​တွေ့လိုက်​ရသည်​။

"ဆရာ?"

လျန်​ကျွင်း​ကြောင်​တောင်​တောင်​နဲ့
ထိုသူ​နောက်​မှတံခါးကိုလှမ်းကြည့်​မိသည်​။

မစ္စတာဖန်းသည် စဉ်းစား​နေရာမှ
သတိဝင်​လာပြီး လျန်​ကျွင်းအကြည့်​နောက်​
လိုက်​ကြည့်​ကာ ရှင်းပြသည်​။

"မင်းကို​ပြောဖို့​မေ့​နေတာ..ရှီကျင်းအတွက်​
 စာ​မေးပွဲအ​သေးစားတစ်​ခုစီစဉ်​ထားတာ...
ဘာသာစုံဆို​တော့ ဒီ​နေ့နားချိန်​နည်းမယ်​။
စောင့်​ကြည့်​နေရင်​သူစိတ်​လှုပ်​ရှားမှာစိုးလို့
အပြင်​ထွက်​ထိုင်​နေတာ"

​အော်​သူ စာ​မေးပွဲရှိ​နေတာကိုး..

လျန်​ကျွင်းမျက်​ခုံးများ တွန့်​ကွေးသွား​သော်​လည်း​
ခေါင်းညိတ်​လိုက်​သည်​။

"အဲ့တာဆိုလည်း ကျွန်​တော့်​စာကြည့်​ခန်းမှာ
လာ​နေလို့ရပါတယ်​...ဆရာဒီလိုအပြင်​မှာ
ထိုင်​စောင့်​နေစရာမလိုပါဘူး"

"ရတယ်​...ငါဒီမှာပဲ​နေရမှာ"

မစ္စတာဖန်းသည်​လက်​ခါကာ
ရုပ်​တည်​ကြီးဖြင့်​ဆိုသည်​။

"ရှီကျင်း စာခိုးချရင်​ဘယ်​နဲ့လုပ်​မတုန်း?"

လျန်​ကျွင်းသည်​လူငယ်​လေးဘက်​မှ
ချက်​ချင်းကာ​ပြောသည်​။

"ရှီကျင်းက အဲ့လိုမလုပ်​ဘူး"

"မင်းမသိပါဘူး.."

မစ္စတာဖန်းသည်​ကျောင်းသား​ပေါင်းစုံကို
​တွေ့ဖူးခဲ့​သောအမူအရာနှင့်​ခေါင်းရမ်းသည်​။

"စာညံ့တဲ့ကျောင်းသား​တချို့က
စာ​မေးပွဲ​အောင်​ဖို့အတွက်​ဘာမဆိုလုပ်​နိုင်​တယ်​"

“……”

လျန်​ကျွင်းသည်​ရှီကျင်းက အမှန်​တကယ်​
စာညံ့တာမဟုတ်​ကြောင်း​ပြောပြချင်​သော်​လည်း
လူငယ်​လေး၏​ပေါ့တီး​ပေါ့ပျက်​စရိုက်​ကို
ပြန်​တွေးမိကာ ပါးစပ်​ပိတ်​လိုက်​ရသည်​။

ဒီလိုနဲ့ လျန်​ကျွင်းကို​ကောင်း​ကောင်းကြီး
လှည့်​စားနိုင်​ခဲ့သည်​။​
နောက်​ထပ်​အနားယူချိန်​သို့​ရောက်​သောအခါ
ရှီကျင်းသည်​လုပ်​လက်​စကိုရပ်​ကာ
​အေပရွန်​ကိုချွတ်​ပြီး ဗီလာသို့အမြန်​ပြန်​သည်​။
ထို့​နောက်​လျန်​ကျွင်း၏စာကြည့်​ခန်းကို
အချိန်​ကိုက်​တံခါး​ခေါက်​လိုက်​သည်​။

လျန်​ကျွင်းသည်​ချက်​ချင်းတံခါးဖွင့်​ကာ
အရင်​ဆုံး​ကောင်​လေး၏စိတ်​အ​ခြေအ​နေကို
​လေ့လာလိုက်​သည်​။

အ​ခြေအ​နေ​ကောင်းပုံပဲ...ဒါဆို သူ စာ​မေးပွဲ
​ဖြေနိုင်​တယ်​ပေါ့

လျန်​ကျွင်းစိတ်​အေးသွားသည်​။ထို့​နောက်​
ရှီကျင်းဆီမှ ချိုအီအီအနံ့ထွက်​လာပြီး
လက်​တွင်​လည်း သကြားမှုန်​များကပ်​နေသည်​ကို သတိထားမိသွားသည်​။

"စာ​မေးပွဲ​ဖြေရင်း မုန့်​စား​နေတာလား?"
လျန်​ကျွင်း ထိုသို့သာ​တွေးမိသည်​။

"အမ်​.....အွန်း!"
ရှီကျင်းသည်​တစ်​က္ကန့်​လောက်​အေးခဲသွား​
သော်​လည်း ခပ်​သွက်​သွက်​ခေါင်းညိတ်​ပြသည်​။
သူသည်​သနားစရာ​ကောင်း​သော
အမူအရာမျိုးပြုလုပ်​ကာ သက်​ပြင်းချသည်​။

"အချိန်​အကြာကြီးဆို​တော့
ကျွန်​တော့ဦး​နှောက်​အရည်​ပျော်​တော့မလိုပဲ၊
အဲ့တာကြောင့်​အချိုစားရင်း အားပြန်​ဖြည့်​တာ"

"စာ​မေးပွဲကြီးမှမဟုတ်​တာ...
တအားစိတ်​မပူပါနဲ့"

လျန်​ကျွင်းသည်​ရှီကျင်းလက်​ကိုယူကာ
သကြားမှုန်​များကိုသုတ်​ပေးပြီး ဆိုဖာဆီသို့
ညွှန်​ပြသည်​။

"ခဏနားလိုက်​၊ မီးဖို​ချောင်​က
လတ်​လတ်​ဆတ်​ဆတ်​အသီးတစ်​ပန်းကန်​
ပို့ထားတယ်​။ မစ္စတာဖန်း​ပြောတာ စာ​မေးပွဲက
တစ်​ရက်​လုံးဆို...ပင်​ပန်း​နေပြီလား?"

ရှီကျင်းသည်​တိတ်​တခိုးသက်​ပြင်းချပြီး
ထိုင်​လိုက်​သည်​။သူ့အမူအရာကို ဖုံးကွယ်​ရန်​
အသီးတစ်​စိတ်​ကို ပါးစပ်​ထဲသွပ်​ထည့်​လိုက်​သည်​။

"ဟင့်​အင်း..သင်​ခန်းစာ​တွေကပိုလွယ်​ပါတယ်​။
အိမ်​စာလည်းမရှိဘူး"

ရှီကျင်း အလျင်​စလိုစား​နေသည်​ကိုကြည့်​ရင်း
လျန်​ကျွင်းမျက်​မှောင်​ကြုတ်​သွားသည်​။
သူသည်​ကိုယ်​ကိုကိုင်းကာ ရှီကျင်း​ခေါင်းကို
ပုတ်လိုက်​ပြီး သ​ရေစာများထပ်​ယူရန်​
တစ်​ဖက်​သို့ လှည့်​သွားသည်​။

ရှီကျင်းလည်း သူ့ဆံပင်​သူထိကြည့်​သည်​။
ဒီ​နောက်​ပိုင်း...လျန်​ကျွင်းက သူ့ကိုကိုင်​ရတာ
အ​တော်​သ​ဘောကျ​နေပုံပဲ။ထို့​နောက်​
​ရှောင်​စစ်​ပြော​သော ထိုသူ၏ဘဝမှာ
​နွေး​ထွေးမှုလစ်ဟာ​ခဲ့သည်​ကိုပြန်​တွေးမိ၍
စိတ်​ထဲမထား​တော့​ပေ။

အနားယူချိန်​ပြီးသွား​သောအခါ ရှီကျင်းသည်​
လျန်​ကျွင်းမျက်​စိ​အောက်​တွင်​အခန်း​လေးထဲ
ဝင်​သွားလိုက်​သည်​။
လျန်​ကျွင်းစာကြည့်​ခန်းထဲ
ပြန်​ဝင်​သွား​သည်​နှင့်​ထပ်​ခိုးထွက်​ကာ
ထမင်းစားခန်းဆီ တန်း​ပြေးသည်​။

​နေ့လည်​ပိုင်းတွင်​လည်း ထမင်းစားခန်းထဲ
တစ်​ခုခုမသင်္ကာစရာများ လျန်​ကျွင်း​တွေ့သွားမည်​ကို
ရှီကျင်းစိုးရိမ်​သဖြင့်​စာ​မေးပွဲ​ကြောင့်​
ပင်​ပန်းလွန်း၍ ဗီလာတွင်​သာ
​နေ့လည်​စာစားရန်​တိုက်​တွန်းလိုက်​သည်​။

ဤသို့ ပုန်းလျှိုးကွယ်​လျှိုးလှုပ်​ရှားမှုများနှင့်​
တစ်​နေကုန်​သွား​တော့သည်​။ ည​နေပိုင်းမှ
ရှီကျင်း၏လက်​လုပ်​ကိတ်​မုန့်​ပြီးစီးသွားပြီး
Gua Yiတို့လည်း ထမင်းစားခန်းကို
အလှဆင်​သည်​များ ပြီး​မြောက်​လေသည်​။

"ဟုတ်​ပြီ...ကျွန်​တော်​ကျွင်း​ရှောက်​ကို
သွား​ခေါ်မယ်​...ဒီဟင်းပွဲ​တွေ
တစ်​ချက်​ကြည့်​ပေးထား​နော်​"

ရှီကျင်းသည်​အေပရွန်​ကိုချွတ်​ရင်း
Gua Erကိုလှမ်း​ပြောသည်​။
လက်​မှခရင်​မ်​များကို​ဆေးချပြီး
ဗီလာဆီပြန်​သွားသည်​။

Gua Erသည်​ရှီကျင်းထွက်​သွားသည်​ကို
ကြည့်​ပြီး တခြားသူများကို ပြန်​ကြည့်​ကာ
သက်​ပြင်းရှည်​ကြီးချသည်​။

"ရှီကျင်းရဲ့ဒီလိုလုပ်​ပုံ​တွေနဲ့ဆို
ကျွင်း​ရှောက်​က​ကျောက်​တုံးနဲ့လုပ်​ထားရင်​တောင်​
သေချာ​ပေါက်​အရည်​ပျော်​မှာပဲ..."

အားလုံးသည်​သူ့ကိုတစ်​ချက်​လှမ်းကြည့်​ကြပြီး
သူ့စကားများကို မကြားချင်​ယောင်​ဆောင်​ကာ
ရှီကျင်း​ပြော​သောဟင်းပွဲများကိုကြည့်​ရန်​
လူစုခွဲသွားကြသည်​။

သူ့ကိုယ်​ပေါ်မှခရင်​မ်​နံ့မှာ တအားပြင်းလွန်းရာ
လျန်​ကျွင်းရိပ်​မိသွားမည်​စိုးသဖြင့်​
ရှီကျင်းပြန်​ရောက်​သည်​နှင့်​
စာ​မေးပွဲ​စော​စောပြီးသွားသလို
သူ့အခန်းထဲမှအ​မြန်​ထွက်​ကာ
လျန်​ကျွင်းစာကြည့်​ခန်းတံခါးကိုဆွဲဖွင့်​ပြီး
​အော်​ပြောသည်​။

"ကျွင်း​ရှောက်​ကျွန်​တော့်​ကိုယ်​ပေါ်
မင်​တွေ​ပေကုန်​လို့​ရေချိုးလိုက်​ဦးမယ်​"

ပြီး​နောက်​ချက်​ချင်းပြန်​ပိတ်​ကာ
မစ္စတာဖန်းကိုထားခဲ့ပြီး သူ့အခန်းဆီ
ပြန်​ပြေးသည်​။

လျန်​ကျွင်းသည်​ရှီကျင်းအသံကြားသည်​နှင့်​
ချက်​ချင်းထွက်​လာ​သော်​လည်း
​စင်္ကြန်​လမ်းတွင်​ကောင်​လေး၏
အရိပ်​အ​ယောင်​တစမှမမြင်​ရ​တော့သဖြင့်​
မစ္စတာဖန်းကို လှည့်​ကြည့်​သည်​။

လူအိုကြီးသည်​မျက်​နှာရှုံ့မဲ့ကာ မ​ကျေမနပ်​ပြောသည်​။

"သူကဆိုးပါတယ်​လို့ ငါ​ပြောသားပဲ၊
စာ​မေးပွဲမှာအမှား​တွေအများကြီး
လုပ်​တဲ့အပြင်​သူ့အ​ဖြေလွှာကိုစစ်​နေတုန်း
ငါ့မင်​ဘူးကို​မှောက်​ချလိုက်​တာ
သူ့တစ်​ကိုယ်​လုံး​ပေကုန်​ရော"

ခဏ​လောက်​တိတ်​သွားပြီးမှ လျန်​ကျွင်း​မေးလာသည်​။

"မင်​က ဘာတံဆိပ်​လဲ? ဆရာဆီ​
သေတ္တာတစ်​လုံးစာပို့​ပေးဖို့
ပို့​ဆောင်​ရေးဌာနဆီ​ပြောလိုက်​ပါမယ်​"

သူက ဘယ်​လောက်​ဖြစ်​ဖြစ်​အစားပြန်​ပေးမှာမို့
ရှီကျင်းက လုပ်​ချင်​သလိုလုပ်​လို့ရတယ်​လို့
​ပြောချင်​တာလား?

မစ္စတာဖန်းသည်​လျန်​ကျွင်းကို​ဒေါသတကြီး
စိုက်​ကြည့်​ပြီး အသက်​ရှူကြပ်​မတတ်​ဖြစ်​သွားသည်​။

"သူ့ကို အလိုလိုက်​လွန်းတယ်​!"

ထို့​နောက်​ခြေ​ဆောင့်​ကာ ထွက်​သွား​တော့သည်​။

လျန်​ကျွင်းသည်​သူ၏သစ္စာရှိအမတ်​
တစ်​ပါး၏အကြံ​ပေးစကားကို မိုက်​မဲစွာ
နားမ​ထောင်​သောဘုရင်​တစ်​ပါးဟန်​
တည်​ငြိမ်​စွာ​ပြောသည်​။

"သူ့က ငါ့လူ​လေ
 သေချာ​ပေါက်​အလိုလိုက်​မှာ​ပေါ့"

ရှီကျင်း​ရေချိုးပြီးသည်​နှင့်​
အစီအစဉ်​အတိုင်း လျန်​ကျွင်းကို 'ညစာ'အတွက်​
ထမင်းစားခန်းကို​ခေါ်သွားသည်​။

လျန်​ကျွင်းသည်​စား​မေးပွဲ​ကြောင့်​
ပင်​ပန်း​နေမည်​စိုးသဖြင့်​

"အပြင်​ထွက်​စရာမလိုပါဘူး...
​လေသာ​ဆောင်​မှာပဲ စားကြမယ်​လေ"

"ဟင့်​အင်း...​နေ့လည်​တုန်းက စားပြီးပြီ​လေ။
တစ်​နေကုန်​အိမ်​ထဲ​အောင်းမ​နေသင့်​ဘူး..
ည​နေခင်း​လေက​ခံလို့​ကောင်းတယ်​"

ရှီကျင်းပြန်​ဖြေသည်​။ထမင်းစားခန်းသို့
​ရောက်​သောအခါ​မေးလိုက်​သည်​။

"ကျွင်း​ရှောက်​ဒီ​နေ့ ကျွန်​တော်​အပြင်​ဘက်​မှာ
ထိုင်​ချင်​တယ်​...ရလား?"

လျန်​ကျွင်းသည်​သဘာဝကျစွာ
သ​ဘောတူသည်​။
"ရတာ​ပေါ့"

ရှီကျင်းသည်​ပင်​လယ်​နှင့်​မျက်​နှာချင်းဆိုင်​သို့
ဝှီးချဲကို​ရွေ့သွားလိုက်​ပြီး

"ဟိုနားက စားပွဲမှာ ထိုင်​ရ​အောင်​လား"

​နေမဝင်​သေးသဖြင့်​အလင်း​ရောင်​ရှိ​သေးသည်​။
ထမင်းစားခန်းရှိမီးများမဖွင့်​ထားသည်​ကို
လျန်​ကျွင်းလည်း​ထွေ​ထွေထူးထူးမ​တွေး​တော့ဘဲ
ရှီကျင်းတွန်း​ပေးရာ အပြင်​ဘက်​အစွန်​နားဆီသို့
လိုက်​ပါသွားသည်​။​ယူလိုက်​သည့်​နေရာမှာ
အမှန်​တကယ်​ရှုခင်း​ကောင်းလှသဖြင့်​
လူငယ်​လေးကို ချီးကျူးဖို့လည်း မ​မေ့​ချေ။

ရှီကျင်းသည်​စိတ်​ကျေနပ်​စွာ မျက်​နှာချင်း​ဆိုင်​တွင်​
ထိုင်​လိုက်​ပြီး ခါတိုင်းလိုပဲ
စား​နေကျဟင်းပွဲများမှာလိုက်​သည်​။
သူသည်​နေဝင်​ကာ​ကောင်းကင်​ကြီး​
မှောင်​မဲသွားသည်​ထိ​စောင့်​ပြီးမှ​တွေ​ဝေ​သော
အမူအရာဖြင့်​ပြောသည်​။

"ဘာလို့မီးမဖွင့်​ထားတာလဲ?
မီးပျက်​နေလို့လား?"
(TN: မြန်​မာနိုင်​ငံမဟုတ်​ပါ)

လျန်​ကျွင်းလည်း မ​သေမချာဖြစ်​သွားသည်​။
တစ်​ယောက်​ယောက်​ကို​ခေါ်​မေးဖို့
လက်​မြှောက်​လိုက်​သော်​လည်း ရှီကျင်းမှ
လှမ်းတားသည်​။

"မ​ခေါ်ပါနဲ့​တော့ ကျွန်​တော်​ပဲတစ်​ချက်​
သွားကြည့်​လိုက်​မယ်​၊ အ​ပေါ့သွားချင်​နေတာနဲ့
အ​တော်​ပဲ"

လျန်​ကျွင်းလည်း လက်​ပြန်​ချကာ​
ခေါင်းညိတ်​လိုက်​ပြီး ရှီကျင်းဝင်​သွားသည်​ကို
ကြည့်​နေလိုက်​သည်​။

​နေဝင်​ရီတ​ရောချိန်​မှ ညချမ်းဆီသို့
ကူး​ပြောင်း​နေသလို ပင်​လယ်​လေသည်​ညင်​သာစွာ
တိုက်​ခတ်​လျက်​ရှိသည်​။လျန်​ကျွင်းသည်​
အကြာကြီး​စောင့်​နေ​သော်​လည်း ရှီကျင်း
ပြန်​မလာ​ပေ။သူ သွားကြည့်​ရန်​ပြင်​စဉ်​မှာပဲ
ထမင်းစားခန်းမှမီးများမှာ ရုတ်​ချည်း
ထလင်း​တော့သည်​။အပြင်​ဘက်​ပတ်​ပတ်​လည်​မှ
​ရောင်​စုံမီးလုံးများမှာလည်း တစ်​ပြိုင်​နက်​တည်း
တစ်​လက်​လက်​တောက်​ပလာရာ
ထီးမိုးထား​သောလျန်​ကျွင်း၏စားပွဲဝိုင်းတွင်​
လာ​ရောက်​ဆုံစည်းကြသည်​။မီးမှိန်​မှိန်​လေးများမှာ
ထီးအမိုးပတ်​ပတ်​လည်​တွင်​ပါ လင်းလက်​လာသဖြင့်​
ရင်​သပ်​ရှု​မောစရာ​ကောင်းစွာ
လှပ​သောကိုယ်​ပိုင်​ကမ္ဘာ​လေးတစ်​ခုလို
ဖြစ်​သွားသည်​။

လျန်​ကျွင်း တန့်​သွားကာ သူ့ပတ်​ပတ်​လည်​မှ​
မီး​ရောင်​စုံများကိုကြည့်​မိသည်​။
ဘာ​တွေဖြစ်​နေလဲဆိုတာ​ရေး​ရေး​လေး
သ​ဘော​ပေါက်​လာသဖြင့်​တံခါးဝဆီသို့
လှမ်းကြည့်​လိုက်​သည်​။

စကြ၀ဠာထဲမှကြယ်​စင်​များလို တဖျတ်​ဖျတ်​
တောက်​ပ​နေ​သောပုံရိပ်​ယောင်​များကြား
စားဖိုမှူးဝတ်​စုံဝတ်​ထား​သောအ​မွှေးပွဝက်​ဝံ​လေး
တစ်​ကောင်​သည်​သုံးလွှာ​မွေး​နေ့ကိတ်​လေး
ပါရှိ​သောစားစရာတွန်းလှည်းကိုတွန်းကာ
ထွက်​လာ​လေသည်​။
ပတ်​ပတ်​လည်​တွင်​လက်​ဆောင်​ဘူး​
သေး​သေးကြီးကြီးများ ဝန်းရံ​နေပြီး
အလယ်​တွင်​"Happy Birthday"
ဟုသီဆို​နေ​သောကာတွန်းရုပ်​လေးပါ​သေးသည်​။
ဤသည်​မှာ ရယ်​စရာ​ကောင်းသလို
ချစ်​ဖို့လည်း​ကောင်းသည်​။

လျန်​ကျွင်းမျက်​လုံးများမှာ ကြယ်​ပွင့်​များအလား
တလက်​လက်​တောက်​ပလာသည်​။ဝှီးချဲကို
ဝက်​ဝံရှိရာသို့​လိမ့်​သွားပြီး သူ၏အမူအရာမှာ
အလွန်​နူးညံ့လျက်​ရှိသည်​။

ဘီးတပ်​လှည်းမှာ သူ့​ရှေ့တွင်​ရပ်​သွားသည်​။
ဝက်​ဝံ​လေးသည်​စကားမ​ပြောဘဲ​
မွေး​နေ့ကိတ်​ပေါ်တွင်​ဖ​ယောင်းတိုင်​များ စစိုက်​သည်​။
ထိုသို့လုပ်​ရင်း ကျန်​လက်​တစ်​ဖက်​ဖြင့်​
လက်​ဆောင်​ဘူးများကိုယူကာ လျန်​ကျွင်း
လက်​မောင်းကြားထဲထိုးထည့်​ပေးသည်​။
ဤသည်​မှာ အ​တော်​ရယ်​စရာ​ကောင်းသည်​။

လျန်​ကျွင်းပြုံးလိုက်​သည်​။ဘူးများ​ပေါ်တွင်​
နံပါတ်​များမှတ်​ထားသည်​ကို​တွေ့သွားရာ
လှမ်း​မေးလိုက်​သည်​။

"အားလုံးဆီကလား?"

ဝက်​ဝံ​ခေါင်းညိတ်​ပြသည်​။
ဖ​ယောင်းတိုင်​စိုက်​လို့ပြီးသွား​သောအခါ
ကုန်းပြီး တွန်းလှည်း၏ အမြင့်​ကိုညှိ့လိုက်​သည်​။
လျန်​ကျွင်းဖ​ယောင်းတိုင်​မှုတ်​လို့ အဆင်​ပြေမဲ့
အမြင့်​အ​နေအထား​ရောက်​သည်​အထိ
ကိတ်​မုန့်​မှာ တဖြည်းဖြည်းနှိမ့်​ကျလာသည်​။

ကိတ်​မုန့်​သည်​အ​ဝေးမှကြည့်​လျှင်​
လှပုံ​ပေါ်​သော်​လည်း တကယ်​တမ်းကျ
နည်းနည်းကြည့်​ရဆိုး​ကြောင်း
လျန်​ကျွင်း​တွေ့လိုက်​ရသည်​။ထို့အပြင်​
ကိတ်​မုန့်​ပေါ်က Happy Birthday ဆို​သော
စာလုံးမှာ မုန့်​လုပ်​ကျွမ်းကျင်​သူ​ရေးထားတာ
မဟုတ်​ဘဲ ရှီကျင်းလက်​ရေးမှန်းသိသာသည်​။

လျန်​ကျွင်းနှလုံးခုန်​သံများမြန်​လာတော့သည်​။
ယ​နေ့ ရှီကျင်း၏စာ​မေးပွဲနှင့်​သူ့ဆီမှရ​သော
ချို​မွှေး​မွှေးနံ့တို့ကို ပြန်​တွေးမိလိုက်​ရာ
မတ်​တတ်​ရပ်​နေ​သောဝက်​ဝံကို ကြည့်​လိုက်​သည်​။
ထိုဝက်​ဝံ၏လက်​ဖဝါးကိုဆုပ်​ကိုင်​ရင်း
​မေးသည်​။

"မင်းလုပ်​ထားတာလား?"

"ဆု​-တောင်း-ပြီး-ဖ​-ယောင်း-တိုင်​-မှုတ်​-ဖို့-
အ-ချိန်​-တန်​-ပြီ"

ဝက်​ဝံသည်​စက်​ရုပ်​သံမျိုး​ဖြေသည်​။

ရှီကျင်းအသံကိုကြားလိုက်​ရ​သောအခါ
လျန်​ကျွင်း အရည်​ပျော်​သွား​တော့သည်​။
သူသည်​ဘာမှဆု​တောင်းမ​နေဘဲ
ဖ​ယောင်း​တိုင်​များကို တစ်​ခါတည်းမှုတ်​လိုက်​သည်​။
ထို့​နောက်​ဝှီးချဲမှထကာ အ​မွှေးပွဝက်​ဝံအား
​ပွေ့ဖက်​လိုက်​ပြီး မျက်​လုံးမှိတ်​လျက်​
နှာ​ခေါင်းမဲမဲ​လေးကို ညင်​သာစွာနမ်းလိုက်​လေသည်​။

ရှီကျင်းခမျာ ထိတ်​လန့်​လွန်းအားကြီး၍
သူ့မျက်​လုံးနှစ်​လုံးမှာ​ခေါင်းစွပ်​ထဲမှ
ထွက်​ကျမလိုဖြစ်​သွားရသည်​။
လျန်​ကျွင်း သူ့နားတဖြည်းဖြည်းကပ်​လာကာ
မျက်​လုံးမှိတ်​ပြီး ဝက်​ဝံနှာ​ခေါင်း​လေးကို
နူးနူးညံ့ညံ့နမ်းလိုက်​သည်​ကို ကြည့်​ရင်း
သူ့နှလုံးခုန်​သံများ အရိုင်း​ဆန်​စွာ
တုန်​ခါလာသည်​။ နှလုံးသားမှာ ရင်​ဘက်​ထဲမှ
ခုန်​ထွက်​လာ​တော့မလိုမြည်​ဟီး​နေရာ
တခြားဘာသံမှမကြားနိုင်​တော့​ပေ။

မီးပန်းကိုင်​ထား​သောGua Erသည်​တံခါး​မှ
ထွက်​လာမည်​ကြံ​သော်​လည်း
ချက်​ချင်း​နောက်​ပြန်​ဆုတ်​ကာ သူ့​နောက်​မှ
အ​ပေါင်းအပါများကိုတားလိုက်​သည်​။

အ​နောက်​ဆုံးတွင်​ရပ်​နေ​သောGua Jiuမှ
လှမ်း​မေးသည်​။

"ဘာလုပ်​နေတာလဲ? ကျွင်း​ရှောက်​
ဖ​ယောင်းတိုင်​မှုတ်​ပြီးတာနဲ့ ငါတို့က
ထွက်​လာပြီး ပတ်​ဝန်းကျင်​ကိုတက်​ကြွ​အောင်​
လုပ်​ပေးရမယ်​ဆို?"

ဘာ​တွေဖြစ်​နေသလဲကိုမြင်​သော
Gua Yiသည်​လည်း​နောက်​ပြန်​ဆုတ်​ကာ​
ပြောသည်​။

"အခုငါတို့ထွက်​သွားရင်​ပတ်​ဝန်းကျင်​ကို
တက်​ကြွရာမ​ရောက်​ဘဲ ငြိမ်းသက်​သလို
ဖြစ်​သွားမှာ...Gua San"

တစ်​ဖက်​လူ​ပြောချင်​သည်​ကို ချက်​ချင်း
နားလည်​သောGua Sanသည်​
ဝေါ်ကီ​တော်​ကီကိုထုတ်​ပြီးအမိန့်​ပေးလိုက်​သည်​။

"မီးပန်း​တွေစလွှတ်​တော့"

တစ်​အောင့်​အကြာတွင်​ကောင်းကင်​ထက်​သို့
မီးပန်းများ ပျံတက်​သွား​ကာ ကျယ်​လောင်​စွာ
​ပေါက်​ကွဲထွက်​လာသည်​။
အံအားရှု​မောစရာ​ကောင်းစွာ လှပ​သော
မီးပန်း​များသည်​ကောင်းကင်​အနှံ့ပြန့်​ကျဲလျက်​
ပင်​လယ်​ကမ်းစပ်​တစ်​ခုလုံးကို
အလင်း​ပေး​လေသည်​။

မီးပန်းသံများကြားမှ လျန်​ကျွင်းလည်း
ကိုယ်​ကိုပြန်​မတ်​လိုက်​သည်​။ကမ်း​ခြေထက်​
လင်းလက်​နေ​သောမီးပန်းများကိုကြည့်​ကာ
သူ၏အပြုံးမှာပို၍ပင်​ထင်​ရှားလာသည်​။ထို့နောက်​
​တောင့်​တောင့်​ကြီး ရပ်​နေ​သောဝက်​ဝံကို
ပြန်​ကြည့်​ကာ ကိုယ်​ကိုကိုင်း၍ ထပ်​ဖက်​လိုက်​သည်​။
ဝက်​ဝံခေါင်းကို ပွတ်​ပေးရင်း တိုးတိုး​လေးဆိုသည်​။

"​ကျေးဇူးပါပဲ ကိုယ်​တကယ်​သ​ဘောကျတယ်​"

ဝက်​ဝံရုပ်​အတွင်းမှ ရှီကျင်းသည်​နဖူးတွင်​
​ချွေးများပြန်​လာသည်​။အပူဓာတ်​ကြောင့်​လား
သို့မဟုတ်​သူ၏ခုန်​ပေါက်​နေ​သော
နှလုံးသား​ကြောင့်​လား မသိ​တော့​။စိတ်​ငြိမ်​ဖို့
အချိန်​တော်​တော်​ယူလိုက်​ရပြီး လျန်​ကျွင်းကို
ညင်​သာစွာပြန်​ဖက်​ကာ​ကျောပြင်​ကို
ပုတ်​ပေးလိုက်​သည်​။
သူ့စိတ်​ထဲမှ​ရှောင်​စစ်​ကိုလည်း
လှမ်း​မေးသည်​။

"လျန်​ကျွင်းက ဝက်​ဝံရုပ်​ဝတ်​စုံကို​
တော်​တော်​သ​ဘောကျ​နေပုံပဲ...ဒါ​ပေမဲ့
သူဘာလို့ဆုမ​တောင်းရတာလဲ? ငါ့ကိတ်​မုန့်​က
တအားရုပ်​ဆိုး​နေလို့လား? ဒါမှမဟုတ်​
လက်​လုပ်​မို့လို့ သူ့ဆု​တောင်းနဲ့မတန်​လို့များလား?"

အသံ​သေးအသံ​ကြောင်​အော်​ရန်​ပြင်​နေ​သော
​ရှောင်​စစ်​မှာ ရှီကျင်းစကားများ​ကြောင့်​
တစ်​ဆို့သွားသည်​။တစ်​က္ကန့်​လောက်​
တိတ်​ပြီးမှ ထငို​တော့သည်​။

<ကျင်းကျင်း...​ရှောင်​စစ်​တောင်းပန်​ပါတယ်​...
​ရှောင်​စစ်​အမှားပါ၊ ကျင်းကျင်းရဲ့IQ​တွေ
ပြန်​ရ​အောင်​ရှောင်​စစ်​အ​ကောင်းဆုံး ကြိုးစားပါ့မယ်​...ကတိ​ပေးတယ်​! ဝါး...ဝါး...ဝါးးး...>

ရှီကျင်း: “……”

============================

Continue Reading

You'll Also Like

122K 13K 200
အပိုင်း ၁ မှ ၁၉၆ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်...
41.2K 4.8K 70
Author _ Shuiqiancheng That's not my work.I am Just Translator