Pay Attention To Me [Myanmar...

By chi__285

1M 182K 12.8K

Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter sta... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71 (part 1)
Chapter - 71(part 2)
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter- 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter- 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter- 100
Chapter - 101
Chapter - 102
About manhua
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
E xtra 1 : Graduation trip (1)
Extra 1 :Graduation trip (2)

Chapter - 27

8K 1.6K 158
By chi__285

၀င်စပြုနေပြီဖြစ်တဲ့နေလုံးကြီးရဲ့လက်ကျန် အလင်းရောင်နီနီအောက်မှာ လူနှစ်ယောက်ရပ်နေကြတယ်၊ တစ်ယောက်က အတွင်း တစ်‌ယောက်က convenience storeအပြင်မှာ၊ နှစ်ယောက်စလုံးက ငြိမ်သက်နေကြပြီး တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေကြလေရဲ့။

‘’.....’’ 

‘’.....’’

ကျန့်ယောင်သက်ပြင်းကိုအရှည်ကြီးချလိုက်ပြီးမှ ဝန်ခံတော့သည်။
‘’ငါဆိုတာငါပါ၊ မီးပန်းလေးရဲ့ရောင်စုံကာလာ~~~”
( T/n : Leslie Cheungရဲ့ I am what I am သီချင်းကိုဆိုနေတာပါ၊ ဘာသာပြန်တဲ့သူက ကာရန်ကိုက်အောင် လျှောက်ရွှီးထားတာပါ🤭)

‘’.....’’

ရင်းချဲယ်လည်း ပြန်တွေးကြည့်တော့မှ ဘာကိစ္စ ဒီလိုကြောင်တောင်တောင်မေးခွန်းမျိုးထုတ်မေးမိမှန်း သူ့ကိုယ်သူလည်း မသိတော့ပေ၊ သူ့ကိုကန်ထုတ်လိုက်သည်။
‘’ထွက်သွား’’

Class 1က သူတို့သင်္ချာဆရာမကိုတိုင်ကြားလိုက်သည့်သတင်းဟာ နောက်တစ်နေ့တွင်ပဲ သူတို့နှစ်တွေတစ်တန်းလုံးဆီပျံ့နှံ့သွားလေသည်။ ဒီလိုအရွယ်ကျောင်းသားတွေဟာ အနည်းငယ် ကလန်ကဆန်သဘောထားမျိုး၊ အထက်က အာဏာကို စိန်ခေါ်ချင်တာမျိုးတွေရှိကြသည်။ ကျောင်းသားတွေအနေနှင့် ဆရာဖြစ်သူကိုပြန်လည်တိုင်ကြားသည့်အဖြစ်မျိုးဟာ First Highမှာ မကြုံစဖူးဖြစ်ရပ်မျိုးပင်၊ ထို့ကြောင့် ဇာတ်လမ်းမှာအရမ်းကို မိမိုက်ပြီး သောက်ရမ်းအံ့သြဖွယ်ဖြစ်နေတော့သည်။

‘’ဒီအတန်းထဲမှာ‌ဖြစ်ရတာ အရမ်းကိုဂုဏ်ယူစရာကောင်းကြောင်း ငါ ပထမဆုံးအကြိမ်ခံစားမိလိုက်တာပဲ”
ကျန်းခဲ့ကပြောသည်။
‘’အခုဆို ငါခေါင်းမော့ရင်ကော့ပြီးသွားနိုင်ပြီကွ”

‘’ခုဆို ငါအပြင်သွားလိုက်တိုင်း လူတိုင်းကဝိုင်းကြည့်နေသလိုပဲခံစားရတယ်’’
ဟန်မုန့်က ဆံပင်ကို သလိုက်ပြီး
‘’ဒါပေမယ့်လည်း အဲ့တာဒီကိစ္စနဲ့တော့ မဆိုင်ပါဘူးလေ၊ ငါကိုယ်က နဂိုတည်းက ပင်ကိုယ်ချောကြီးဖြစ်နေတာကိုး”

ချန်ရင်းရင်း : ‘’ဝေါ့ ငါတော့ အန်ထွက်တော့မယ်၊ နင်တို့နှစ်ယောက်ကို သတိပေးလိုက်မယ်နော်၊ ဒီနေ့က သောကြာနေ့ နှစ်ဝက်စာမေးပွဲအဆင့်တွေက ထွက်တော့မယ်လို့ လောင်ဝူပြောတယ် မိဘတွေအိမ်ကိုပို့မှာတဲ့၊ နင်တို့အိမ်ပြန်ရောက်ရင် မိဘတွေက သောင်းသောင်းဖျဖျကြိုဆိုတော့မှာ သေချာတယ်”

ကျန်းခဲ့ : ‘’......’’

ဟန်မုန့် : ‘’......’’

မာအမည်နှင့်ဆရာအသစ်ကတော့ သူတို့ကိုတစ်ပတ်တိတိသင်ကြားခဲ့သည်။ သူမစွမ်းရည်သည်လည်းအငြင်းပွားဖွယ်မရှိပဲ အတန်းနှစ်တန်းကိုလည်းကိုင်တွယ်နိုင်သည်ကြောင့် သူမဟာ Class 1ရဲ့သင်္ချာဆရာမ တရားဝင်ဖြစ်လာတော့သည်။ ချန်းရှုမေသည်‌တော့ သူမ‌ကိုပြန်တိုင်ကြားတဲ့ကျောင်းသားတွေနဲ့ အတူလည်းမနေနိုင်တော့သည်ကြောင့်ရော ထိုကိစ္စဖြစ်ပြီးနောက် လုပ်ဖော်ကိုင်ဖက်တွေကြားပင် ခေါင်းမဖော်နိုင်တော့သည်ကြောင့် သူမဘက်ကပဲအရင်နှုတ်ထွက်စာတင်လိုက်ပြီး တခြားနယ်ကအထက်တန်းကျောင်းဆီပြောင်းသွားတော့သည်။ ထိုနယ်ဘက်က ကျောင်းသားတွေမှာ First Highကလောက်နာခံမှုမရှိသည်ကြောင့် သူမတော့ ရူးမှာသေချာသည်။

ထိုအ‌ကြောင်းကိုကြားချိန်တွင်တော့ Class 1မှာကြက်သေသေသွားသည်။

‘’မဟုတ်တာ ငါတို့က သူ့ကိုပြန်တောင်းပန်စေချင်ရုံတင်လေ”
    

‘’တောင်းပန်မယ့်အစား သူမကထွက်သွားမှာပေါ့၊ အဲ့လိုမျက်နှာပျက်ခံပါ့မလား”

တခြားလူက မေးလာသည်။
‘’ငါတို့လွန်များလွန်သွားလားဟင်?”

ကျန့်ယောင်လှည့်ကာ ထိုင်ခုံဖော်လေးကိုမေးလိုက်သည်။
‘’မင်းဘယ်လိုထင်လဲ? လွန်သွားတယ်ထင်ရင်လည်း သူမကိုပြန်လာပြီးစာဆက်သင်အောင် ငါတို့လုပ်လို့ရတာလည်းမဟုတ်’’

ရင်းချဲယ်ကတော့ ဖော်မြူလာတွေ ဂရုတစိုက်တန်းစီရေးချနေသည်။
‘’သူမကို ငါတို့တွန်းအားပေးတာမှမဟုတ်တာ၊ အဲ့ဒါသူမကိစ္စ သူမဘာသာထွက်သွားဖို့ရွေးချယ်တာ၊ အဲ့တော့ လွန်သွားတယ်မဆိုနိုင်ပါဘူး”

ကျန့်ယောင်က ရယ်သွမ်းရင်း
‘’အဲ့လိုတွေးတော့လည်း ဟုတ်တာပဲ”

ဒီကောင်စုတ်လေးက ကြာပန်းဖြူလေးမဟုတ်ဘူးပဲ၊ ဒါနဲ့များ ငါ့အပြစ်ကိုသူကဘာလို့ဝင်ခံပေးရတာလဲ? ငါတော့ နားမလည်တော့ဘူး.....

ညနေပိုင်းရဲ့နောက်ဆုံးအတန်းချိန်တွင်လည်း ဝူကောကျုံက ထိုအကြောင်းကိုတစ်ခွန်းမှဟမလာ။ ထို့အစားသူက ပြုံးပြုံးလေးနှင့်ပြောသည်။
‘’အဆင့်တွေက မင်းတို့မိဘတွေဆီပို့လိုက်ပြီနော်၊ သူတို့ကိုကြည့်ဖို့ ပြောလိုက်ကြဦး’’

သူ့ရှေ့မှ ကျောင်းသားတွေကတော့ တငြီးငြီးတညူညူနှင့်။

အမှန်တော့ နေ့လည်ပိုင်းတွေမှာ ဘယ်လိုပဲပြဿနာတွေရှာနေပါစေ သူတို့ဟာ အဆင့်တွေနဲ့ပက်သက်လာရင် စိုးရိမ်ပူပန်တတ်တဲ့အရွယ်၊ တက္ကသိုလ်ကောင်းဆီသွားချင်ကြတဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေပဲမလား။ သူတို့ဟာအရမ်းကြီးပုန်ကန်တတ်နေတာမျိုးမဟုတ်သော်လည်း အနည်းငယ်မထီမဲ့မြင်လေးတော့ရှိကြတယ်။

သူတို့ဟာ ခေါင်းမာတယ် ထိခိုက်လွယ်တယ်၊ အကိုင်းခက်လေးတွေပေါက်ခါစ အပင်ပျိုငယ်လေးတွေလို နုနယ်တယ် သို့ပေမယ့်လည်း အကြမ်းလည်းခံနိုင်ပြန်ရော၊ ကြီးထွားချင်ကြတယ် သို့ပေမယ့်လည်း အားပေးမှုနဲ့ ဂရုစိုက်မှုကိုလည်း တမ်းတကြသေးတယ်။

အမှုမထားပဲတက်နင်းလိုက်တာမျိုးဆိုရင် ထိုအပင်ငယ်လေးတွေမှာ လိမ်ဖယ်သွားပြီး ပြန်ထိုးတက်နိုင်တော့မှာမဟုတ်ပေ။

သူတို့သာ လွယ်လွယ်နဲ့ အချိုးနှိမ်မခံရရင် ထိုလူငယ်လေးတွေဟာ တစ်နေ့ကျ မြင့်မြင့်မားမားအပင်ကြီးတွေဖြစ်သွားမှာ။

ပြတင်းပေါက်အပြင်က parasolပင်မှနောက်ဆုံးသောလက်ကျန်ရွက်တွေ ကြွေသွားပြီးနောက်တော့ အပူချိန်ဟာလည်း တစ်ဆယ်ဒီဂရီလောက် ကျဆင်းသွားခဲ့သည်။

အဆောင်နေကျောင်းသားဖြစ်စေ dayကျောင်းသားဖြစ်စေ မနက်ခင်းဆိုလျှင်အိပ်ယာနဲ့ကော်ကပ်ခံထားရသည့်အတိုင်း တော်တော်နှင့်မထနိုင်ကြတော့ပေ။ ကျန်းကျောက်ကျူးမှာတော့ ကျောင်းပေါက်ဝမှာရပ်ပြီး နောက်ကျတဲ့သူ‌တွေဖမ်းရသည့်အလုပ်ကိုသာ အမြဲမဆုတ်မနစ်ကြိုးစားနေပြီး ဒီရက်ပိုင်းတွေဆို ဖမ်းမိသည့်လူစာရင်းမှာ အရင်ကထက်အတော်ပင် ရှည်လျားလေတော့သည်။ ပေါ့ဆသည့်ကျောင်းသားတစ်စုကို သူစည်းကမ်းဌာနကိုခေါ်သွားကာ ပြန်လည်သုံးသပ်စာရေးခိုင်းပြီးနောက်မှ နောက်ထပ်ကျောင်းသားတစ်ယောက်မိပြန်သည်။

‘’ကျန့်ယောင်! မင်းက ဘာကိစ္စလဲ! အဆောင်နေကျောင်းသားဖြစ်ပြီး ဘယ်လိုဖြစ်လို့နောက်ကျနေတာလဲ!’’

ကျန့်ယောင်တစ်ယောက် နေရာမှာတင် တောင့်ခဲသွားသည်၊ သို့သော်လည်း လွတ်လမ်းမရှိတာသိ‌သောကြောင့် ရှက်ကိုးရှက်ကန်းနှင့် ရယ်ပြရင်း
‘’‌လောင်ရှီး မနေ့ညက ကျနော် ၁၁နာရီထိအိမ်စာလုပ်နေလို့ပါ၊ အရမ်းနောက်ကျသွားတော့လေ မနက်ရောက်တော့ နှိုးစက်အသံမကြားလိုက်တာ”

အမှန်တော့ မနေ့ညက ဝမ်ရှောင်ရို့နဲ့ ကိုးနာရီအထိဖုန်းပြောနေပြီးမှ သူ့ညီမကိုအိပ်ဖို့ ချော့ရသေးတာ။ နောက်တော့ ကျောက်ချန်က ဖုန်းခေါ်လာပြီးပြောသေးသည်။
‘’ယောင်ကော သတိထားနော်၊ အရင်တစ်ခေါက်က ဆုံးမလိုက်တဲ့ကောင်လေ၊ မျက်နှာတစ်ခုလုံးမှင်တွေနဲ့ရေးပေးလိုက်တဲ့ကောင် အဲ့တာယောင်ကော ကျောင်းဖိုရမ်မှာတင်လိုက်တာမလား?အဲ့ဒါကို ကျနော်တို့ကျောင်းက တစ်ယောက်ယောက်က မြင်သွားပြီး ကောက First Highကိုပြောင်းသွားတယ်ဆိုပြီးခန့်မှန်းနေကြပြီ”

First High နဲ့ Eighth Highကကျောင်းသားတွေက တစ်ကျောင်းဟာ‌တစ်ကြောင်း အပြန်အလှန် ကြည့်နေကြ။ First Highမှာ ကျန့်ယောင် ခုလိုမျိုးအချိန်အတန်ကြာခြေမြှုပ်ပြီးနေနိုင်သည်ဆိုသည်ကလည်း Eighth Highဖိုရမ်ရဲ့ အက်ဒမင်ဖြစ်သူ ကျောက်ချန်ကြောင့်။ သူ့အကြောင်း infoတွေပေါက်ကြားပြီး ရန်သူတွေက အသုံးချမည်စိုးသည်ကြောင့် ဖိုရမ်မှာသူနဲ့ပက်သက်တဲ့အကြောင်းရာမှန်သမျှ ပြောခြင်းကို banထားတယ်။ ဒါ့ကြောင့် First Highက‌ကျောင်းသားတွေ Eighth Highဖိုရမ်ကိုသွားကြည့်ကြရင်တောင် Eighth Highမှာဒီလိုကြမ်းကြုတ်ရက်စက်တဲ့သူတစ်ယောက်ရှိပါလားဆိုပြီးပဲ ဝိုးတဝါးသိရမှာဖြစ်ကာ အသေးစိတ်ကိုတော့ ဘာမှရှင်းရှင်းလင်းလင်းသိရမည်မဟု‌တ်ပေ။

အစကတော့ သူတကယ်ကို သိုသိုသိပ်သိပ်ပုန်းနေနိုင်ခဲ့တာဖြစ်တယ်၊ သို့ပေသည့် အဆုံးတွင်တော့ အဲ့နေ့က ဖိုရမ်ပေါ်က ရုန့်ဝေဗီဒီရိုကို Eighth Highကကျောင်းသားတစ်ယောက်က မြင်သွားသည်တဲ့လေ။

ထိုအနက်ရောင်မှင်တွေနဲ့ ‘မျိုးမစစ်ကောင်’ဆိုသည့်အသုံးနှုန်း၊ ထိုကဲ့သို့တစ်မူထူးခြားတဲ့ နှိပ်စက်နည်းတွေ၊ ထိုအရာတွေက ဘယ်လိုဖြစ်လို့ စာနာတရားမရှိတဲ့ Dong Chengကျောင်းလူဆိုးတစ်ယောက်ရဲ့လက်ကထွက်လာတာတွေနဲ့ အရမ်းတူနေရတာလဲ?

ကျန့်ယောင် First Highကိုပြောင်းသွားသည့်အကြောင်းမှာ အရင်းနှီးဆုံးလူတချို့ပဲသိတာ‌ဖြစ်သည်။ အခြားသောကျောင်းသားတွေကတော့ နိုင်ငံခြားသို့မဟုတ်လည်း တခြားမြို့ကိုပြောင်းသွားသည်ဟု ထင်နေမှာပင်။ မဟုတ်လျှင် သူ့ရဲ့အရည်ချင်းနဲ့ဆို ပြောင်းသွားတဲ့ကျောင်းအသစ်မှာ နာမည်ကြီးနေမှာပေါ့၊ သူ့အကြောင်းလုံးလုံးထွက်မလာဘူးဆိုတာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

တစ်မြို့တည်းမှာပဲ ပုန်းနေလိမ့်မယ်လို့ ဘယ်သူကမှထင်ထားကြမှာမဟုတ်ပေ။ ဒါ့ထက် First Highမှာတင်ကို Class 1အတန်းဖော်တွေကလွဲရင် သူတို့အတန်းပြင်ကတခြားသူတွေတောင် သူ့ကိုသိသူမှာအနည်းငယ်မျှသာရှိသည်။ အရင်အားကစားပွဲတုန်းကပုံတွေကလည်း အခြားသောသတင်းတွေနှင့် အလျင်အမြန်ဖုံးကွယ်သွားပြီဖြစ်သည်။     
  
ကျောက်ချန်က သူ့ကိုသတိပေးသည်နှင့် ကျန့်ယောင်လည်း ချက်ချင်း သတိဝီရိယထားကာ ထိုညကြီးမင်းကြီးမှာပင် ရှုန်တိတစ်ယောက်ကိုခေါ်ပြီး ရုန့်ဝေရဲ့ပို့စ်ကိုဖျက်ခိုင်းလိုက်သည်။ ပြီးမှ အခြားပို့စ်တွေကို အထက်ရောက်အောင်တင်လိုက်သည်။ သူတို့အားလုံးပြီးသွားချိန်တွင်တော့ အချိန်မှာ‌အတော်လေးနှောင်းလေပြီ၊ ဤသို့နှင့် မနက်လည်းရောက်ရော နှိုးစက်သံမကြားနိုင်တော့ခြင်းဖြစ်လေတော့သည်။

ကျန်းကျောက်ကျူးကတော့ ကျန့်ယောင်ရဲ့ရှုပ်ယှက်ခတ်နေသော ဆင်ခြေဆင်လက်မျိုးစုံကို အစကနေအဆုံးထိ နားထောင်မနေတော့ပါ။ သူ့ကို စာရိတ္တနှင့်စည်းကမ်းဌာနကိုတန်းဆွဲခေါ်လာခဲ့ပြီး ပြန်လည်သုံးသပ်စာရေးခိုင်း၍ မနက်ပိုင်း self-studyချိန်အပြီးတွင်တော့ ပြန်လွှတ်လိုက်သည်။

ကျန့်ယောင်မှာမနက်စာမစားခဲ့ရတာကြောင့် သေလောက်အောင်‌ဆာလောင်နေသော်လည်း အတန်းချိန်ကစတော့မယ်။ မုန့်ကောင်တာသွားပြီး မုန့်တစ်ခုခုပြေးဝယ်ဖို့ကလည်း အချိန်မမှီတော့တာကြောင့် စာသင်ဆောင်ဆီကို အမောတကောပြေးလာရုံပဲရှိတော့တယ်။

လမ်းတစ်ဝက်မှာတင် ရင်းနှီးနေသူလေးတစ်ယောက်နဲ့ လာဆုံလေတော့တယ်။

‘’ဝေ့ ချဲယ်ချဲယ်!”
ကျန့်ယောင်လှမ်းခေါ်လိုက်သည်။

ရင်းချဲယ်မှာ အနီးသို့ရောက်လာပြီး မျက်နှာမှာလည်းအထူးတဆန်းအမူအရာနှင့်သူ့ကိုကြည့်သည်။
‘’ငါကမင်းအဆောင်မှာသေသွားပြီထင်နေတာ”

‘’ဟင့်အင်း ကျန်းကျောက်ကျူးဆီမိသွားလို့ ပြန်လည်သုံးသပ်စာရေးနေရတာ၊ မင်းက ဒီမှာဘာထွက်လုပ်တာတုန်း? ငါ့ကိုရှာနေတာလား?’’

‘’အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့၊ မြန်မြန် အတန်းကစတော့မယ်”
ရင်းချဲယ်က စာသင်ဆောင်ဆီကိုပြန်လှည့်သွားသည်။

ကျန့်ယောင် ကြောင်တောင်တောင်ကြည့်နေမိပြီးမှ အမှီလိုက်သွားလိုက်သည်။
‘’တကယ်ကြီး ငါ့ကိုလာရှာတာလား?”

ရင်းချဲယ်က သူ့ကိုအဖက်မလုပ်၊ သူ့အင်္ကျီအထူအိတ်ကပ်ထဲကိုနှိုက်လို့နေသည်။ ပလတ်စတစ်အိတ်လေးတစ်လုံးနဲ့ထည့်ထားသည့်အရာလေးကို ထုတ်ကာ သူ့ရင်ဘတ်ဆီထိုးပေးလာသည်။

ကျန့်ယောင် ငုံ့ကြည့်လိုက်တော့ ထိုအရာဟာ မနက်ခင်းစားဖိုဆောင်မှာရောင်းတတ်တဲ့ အသားပေါက်ဆီလေးနှစ်လုံး။ အနွေးဓာတ်မပြယ်သေးသည်ကြောင့် လက်ထဲမှာနွေးနွေးထွေးထွေးလေးဖြစ်လို့နေသည်။

‘’.....ဒါတွေ ငါ့ဖို့ဝယ်ပေးခဲ့တာလား?”
ကျန့်ယောင်မှာ အံ့သြကြီးအံ့သြနေမိတော့သည်။
‘’ရုတ်တရက်ကြီး ဘာလို့ငါ့အပေါ်အရမ်းကောင်းနေရတာလဲ?”

ရင်းချဲယ်က သူ့ဘက်လှည့်လာတယ်၊ မျက်နှာသေးသေးဟာ ယူနီဖောင်းကောလံထဲမှာ မြှုပ်လျက်ရှိပြီး ဖြူဖြူဥဥလေးဖြစ်နေသည်မှာ သူ့လက်ထဲက ပေါက်စီလေးအတိုင်း။
‘’မင်းကိုကျေးဇူးတင်လက်ဆောင်ပေးတာ၊ အရင်ကငါ့ကိုကူညီပေးတာကျေးဇူးပဲ”
ရင်းချဲယ်ကထိုစကားတွေကို တတ်နိုင်သမျှ မြန်မြန်‌ပြောသွားပြီးနောက် လှေကားပေါ်ပြေးသွားတာများယုန်ပေါက်လေး ထွက်ပြေးသွားတဲ့အတိုင်း မြန်လွန်းလို့ သူဖြင့်အမြီးတောင်ဖမ်းမမိလိုက်ဘူး။

ကျန့်ယောင်မှာ ရယ်ရမလို ငိုရမလို။ လက်ထဲမှာပေါက်စီနှစ်လုံးကိုင်ရင်းပဲ စာသင်ခန်းဆီတက်လာခဲ့တော့သည်။ အင်္ဂလိပ်ဆရာမဝင်မလာခင်လေးမှာပဲ ကျန်းခဲ့က သူ့ကိုမြင်တော့ မေးလာသည်။
‘’ယောင်ကော လက်ထဲက ဘာတွေလဲ?”

‘’ပေါက်စီ”
ထိုင်ခုံဖော်လေးက သူနှင့်ဘာမှမဆိုင်သလို ပြတင်းအပြင်ကိုပဲလှမ်းကြည့်နေတာမို့ ကျန့်ယောင်တမင်တကာ အော်ပြောလိုက်သည်။
‘’ချဲယ်ချဲယ်က ငါ့အတွက်ဝယ်ပေးတာလေ !”

ရင်းချဲယ်က ချာခနဲလှည့်လာပြီး သူ့ကိုစူးစူးရဲရဲကြည့်သည်။

ကျန်းခဲ့ကလည်း မနက်စာဝဝလင်လင်မစားခဲ့ရသည်မို့ ကျန့်ယောင်လက်ထဲမှာပေါက်စီနှစ်လုံးကိုတွေ့တော့ တစ်လုံးတောင်းမလို့ပဲ၊ သို့ပေမယ့် ရင်းချဲယ်ဝယ်ပေးတယ်ဆိုတာ ကြားရချိန်မှာတော့ ထိုအကြံကိုချက်ချင်းလွှင့်ပစ်လိုက်တော့သည်။

ကျန့်ယောင်လည်း ကိုယ့်နေရာကိုယ်သွားထိုင်လိုက်ပြီး ဘေးကလူကို ကြင်ကြင်နာနာအပြုံးလေးပြုံးပြလိုက်သည်။
‘’ခုနလေးက ဘာလို့ တအားအမြန်ကြီးပြေးသွားရတာတုန်း? ငါဘယ်လောက် ရင်ထဲထိသွားတုန်းတောင် မင်းကိုမပြောလိုက်ရဘူး”

‘’ချီးကို ပြောမှာလား၊ အခုမစားရင် အေးကုန်တော့မှာနော်”

‘’စားမယ်၊ စားမယ်၊ စားမယ်၊ ဒါနဲ့ မင်းရောမနက်စာစားပြီးပလား?”  
  
ရင်းချဲယ်ခနလောက်တုံ့ဆိုင်းနေကာမှ ‘’.....ငါစားပြီးပြီ’’

တကယ်တော့ ငါမစားရသေးဘူး

ကျ‌န့်ယောင်က စားဖို့မြှောက်ကိုင်ထားတဲ့ ပေါက်စီကို ပြန်ချလိုက်ပြီး
‘’ငါမင်းကိုတစ်လုံးပေးမယ်”

‘’တော်ပြီ ငါ..mm…’’

နှစ်ခါပြန်စဉ်းစားမနေပဲ ကျန့်ယောင်က ပေါက်စီကို သူ့ပါးစပ်ရှေ့တိုးထည့်ပေးလာတယ်။
‘’ဟစမ်းပါ လိမ်လိမ်မာမာ”

ရင်းချဲယ်မှာ ကြက်သေသေသွားပြီးမှ၊ အင်တင်တင်ဖြင့် ဖြည်းဖြည်းချင်း ပါးစပ်ကိုဟလိုက်တော့သည်။
 
သူ့နှုတ်ခမ်းပါးတွေမှာ ဖျော့တော့နေတာမျိုးလည်းမဟုတ်ပဲ ပေါ့ပေါ့ပါးပါးအရောင်လေး၊ နှုတ်ခမ်းပုံစံမှာလည်း အရမ်းကို ကြည့်ကောင်းလှသည်။ စားဖို့ပါးစပ်ဟလိုက်ချိန်တွင်လည်း လျှာက သူ့အလိုလို ရှေ့ထွက်လာသေးသည်။

ရုတ်တရက် လက်ထဲက ပေါက်စီမှာအရမ်းအရမ်းကိုပူလောင်လာသလို ကျန့်ယောင်ခံစားမိသည်၊ ပူလွန်းလို့ သူတည်တည်ငြိမ်ငြိမ်တောင် ကိုင်မထားနိုင်တော့သည်အထိ။

ရင်းချယ်မျက်လွှာချလိုက်ချိန် မျက်တောင်လေးတွေမှာ တဖျတ်ဖျတ်တုန်ရီနေလျက်၊ ပေါက်စီကို တစ်ကိုက်ကိုက်လိုက်တော့သည်။

ထိုအချိန်မှာပဲ ကျန်းခဲ့က သူ့ခုံအနောက်ကလူကိုအိမ်စာကူးဖို့လှည့်အမေး နောက်ဆုံးတန်းဆီ မတော်တဆအကြည့်ရောက်မိသွားသည်။ သူအလန့်တကြား ထခုန်မိကာ စာအုပ်ကိုလည်း လေထဲဝဲပစ်လိုက်မိတော့သည်။
‘’မာမားရေ!”

လှလှပပလေးဝေ့ဝဲသွားသော စာအုပ်လေးမှာ အခန်းထဲဝင်လာသည့် ရွှီပေ့နီမျက်နှာနှင့် မိတ်ဆက်သွားလေတော့သည်။

‘’......’’

‘’ရွှီလောင်ရှီး၊ ကျနော်....’’

‘’ကောင်းလိုက်တဲ့ ပစ်ချက်ပဲ ကျန်းခဲ့’’
ရွှီပေ့နီက စာအုပ်ကို ပြန်ပစ်ပေးလိုက်ကာ
‘’နေ့လည်ကျ စာအလွတ်ပြန်ဖို့ ရုံးခန်းကိုလာခဲ့’’

‘’ကျနော့်ကို ခွင့်လွှတ်ပေးပါ၊ ရွှီလောင်ရှီးရယ်!”

ကျန်းခဲ့အော်သံမှာအနောက်တန်းက နှစ်ဦးကို နိုးကြားသွားစေသည်။ ရင်းချဲယ်က ချက်ချင်းတစ်ဖက်လှည့်သွားပြီး ပေါင်မုန့်အပြင်သားကိုဝါးရင်း ကပေါက်တိကပေါက်ချာနှင့်ပြောသည်။
‘’အရသာက အတော်ပါပဲ၊ ငါမဆာဘူး မင်းပဲ စားလိုက်’’

သူပြောပြီးမှ ပိုဆိုးနေသလို ပြန်တွေးမိသည်။ ခုလေးတင်သူကိုက်လိုက်တာမလား သူများကထပ်စားဖို့ရာဘယ်လိုလုပ်အဆင်ပြေမှာလဲ?

ကျန့်ယောင်ကတော့ နည်းနည်းလေးမှ ဂရုစိုက်ပုံမပေါ်ပဲ သူကိုက်ထားသည့်ပေါက်စီကိုကိုင်ကာ တစ်ကိုက်ပြီးတစ်ကိုက်စားနေတော့သည်။ ကျန်တစ်လုံးကိုတော့ ခုံထဲထည့်ထားပြီး ဆိုသည်။
‘’ကျန်တဲ့တစ်လုံးကို မင်းနောက်မှစားလို့ရတာပေါ့’’

‘’......’’

တစ်ခနကြာပြီးနောက် အတန်းချိန်ခေါင်းလောင်းထိုးလာပြီး ရွှီပေ့နီက မနေ့ကအိမ်စာအကြောင်းစတင်ပြောတော့သည်။ ထိုအချိန်မှ ကျန့်‌ယောင်က ရုတ်တရက်ကြီး ပြောလာသည်။
‘‘F*ck ငါဘာလို့ မင်းကိုက်ပြီးသားကြီးစားလိုက်မိပါလိမ့်?”

‘’...ငါက ဘယ်လိုလုပ်သိမှာလဲ?”
ရင်းချဲယ် ဘောပင်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိသည်။
‘’မင်းဘာမင်းစားပြီးတော့ ခုမှရွံသလိုလာလုပ်မနေပါနဲ့’’

‘’ငါရွံလို့မဟုတ်ပါဘူး၊ အဲ့ဒါက.....’’

အဲ့ဒါက တအားကြီး ထူးဆန်းနေလို့.....

.
ညနေပိုင်း self-studyချိန်၌ဖြစ်သည်။

တံခါးဘေးက ထိုင်သည့်အတန်းဖော်က အော်ခေါ်လာပြန်သည်။
‘’ကျန့်ယောင်ရေ! မင်းကိုကောင်မလေးတစ်ယောက်လာရှာတယ်ဟေ့!’’

Class 1ကျောင်းသားတွေကတော့ ဒါဟာရိုးနေကြပြီဖြစ်တာကြောင့် သူ့ကိုအရေးတယူလုပ်ပြောနေသည့်သူမှာ အနည်းငယ်သာရှိတော့သည်၊ အများစုကတော့ ကိုယ့်ကိစ္စကိုယ်သာဆက်ပြောနေကြသည်။

ပိုင်ယွိဝေနှင့်ကျန့်ယောင်ထွက်သွားသည်ကိုကြည့်ပြီးမှ ကျန်းခဲ့တစ်ယောက် သက်ပြင်းချလိုက်တော့သည်။
‘’တော်သေးတာပေါ့ ပိုင်ယွိဝေကျေးဇူးနဲ့ ငါ့လောကအမြင်ကြီး ပြန်လည်မှန်ကန်သွားပြီ၊ တော်သေးတယ် ငါထင်သလိုတွေမဟုတ်လို့’’

ချန်ရင်းရင်း : ‘’နင်ကဘာထင်လို့တုန်း?”

ကျန်းခဲ့က မရှိပါသောသူ့ရဲ့မုတ်ဆိတ်မွှေးရှည်ရှည်တွေကို ထိကိုင်ကာ :
‘’ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကို ပြောပြလို့မရဘူး၊ မဟုတ်ရင် ငါအ‌ဗျင်းခံရလိမ့်မယ်”

ကျန့်ယောင်တစ်ယောက် ပြန်လာချိန်မှာတော့ မှိုရသလိုပြုံးပျော်နေတာကြောင့် ကျိုးဟောက်လျန်က လှည့်ကာပြောတော့သည်။
‘’‌ယောင်ကောတို့ အပျော်ကြီးပျော်နေပါလား ဘာ‌တွေများပျော်နေတာတုန်း? ပိုင်ယွိဝေက အဖြေပေးလိုက်လို့လား?”

‘’ဟင့်အင်း ငါကအဲ့လိုစိတ်မလောပါဘူး အချိန်ယူဦးမှာ”

ရင်းချဲယ်ကတော့ ခုနကအတန်းချိန်ကြားချိန်တုန်းကခေါက်ထားတဲ့ ကြယ်လေးကို ဘောပင်ဘူးထဲထည့်လိုက်ပြီးနောက် ပြောသည်။
‘’မင်းအမြန်လှုပ်ရှားသင့်တယ်၊  သတိလည်းထား မင်လူက တခြားတစ်ယောက်နဲ့ထွက်ပြေးသွားဦးမယ်’’

ကျန့်ယောင် : ‘’မဖြစ်နိုင်တာ၊ ငါတို့နှစ်ယောက်က အတော်လေးအတိုင်အဖောက်တည့်နေတာ၊ ခုတောင် သူမ ရည်းစားဟောင်းအကြောင်းအသေလှော်လာတာ”

‘’...မင်းတို့နှစ်ယောက်က ညနေပိုင်းချိန်းတွေ့တာကို အဲ့လိုအကြောင်းမျိုးတွေပြောတယ်‌ပေါ့?”

‘’မရလို့လား? သူ့ရည်းစားဟောင်းက အပြစ်တွေမှတစ်ပုံကြီး’’

ကျိုးဟောက်လျန် : ‘’သူ့ရည်းစားဟောင်းကို ငါသိတယ်၊ သူက ဟို...’’
စကားတစ်ဝက်တစ်ပြက်မှာတင် သူ့ကိုယ်သူပြန်ထိန်းလိုက်ကာ :
‘’အိုက်ယား ငါအိမ်စာတွေမပြီးသေးဘူးပဲ အိမ်စာလုပ်လိုက်ဦးမယ်နော်”

တော်တော်လေးကို မူမမှန်တဲ့ လမ်းကြောင်းလွှဲမှုပဲ။

အစကတော့ ဒီလိုအတင်းမျိုးတွေကို ရင်းချဲယ်လည်းသိပ်စိတ်မဝင်စားပါ၊ သို့ပေသည့် ကျိုးဟောက်လျန်တုံ့ပြန်ပုံက ထူးဆန်းလွန်းတာကြောင့် သာမန်ကာလျှံကာမေးလိုက်သည်။
‘’သူ့ရည်းစားဟောင်းက ဘယ်သူတုန်း?”

ကျန့်ယောင်က လှောင်ပြုံးကြီးနှင့် :
‘’မင်းရဲ့ အပေါက်ဆိုးတိတိလေ”  

‘’......’’

*ဘုန်း!*
အနောက်တန်းဆီမှ အသံကျယ်ကြီးထွက်လာသည်ကြောင့် ရှေ့တန်းက လူတွေအားလုံးမှာ အလန့်တကြားထခုန်မိကြတယ်။ ချန်ရင်းရင်းက : ‘’F*ck ဘယ်သူကများ ဒီသခင်မပိုင်နက်ထဲလာပြီး ရမ်းကားရဲရတာ--’

ထိုအချိန်မှာတော့ ဘာကိုမှသောက်ဂရုမစိုက်တတ်တဲ့ betaတစ်ယောက်က သူ့ရဲ့ထိုင်ခုံဖော် alphaကို လိုက်ကန်လျက်ရှိလေတယ်။

ချန်ရင်းရင်း : ‘’.....နင်တို့နှစ်ယောက် ဆက်လုပ်ကြပါ’’

.
အဆောင်ပြန်‌ရောက်ချိန်တွင်တော့ ကျန့်ယောင်တစ်ယောက် သူ့ဘောင်းဘီကို ကြည့်၍စိတ်ဓာတ်ကျနေလေသည်၊ တစ်ဖက်အခန်းဆီသွားပြီး တံခါးခေါက်လိုက်သည်။
‘’တံခါးဖွင့်စမ်း အကောင်စုတ်! အထဲမှာပဲ တိတ်တိတ်လေး ပုန်းမနေနဲ့၊ မင်းအထဲမှာရှိတယ်ဆိုတာ ငါသိတယ်နော် ! တံခါးဖွင့် တံခါးဖွင့် တံခါးဖွင့် တံခါးဖွင့်လို့!’’

‘’ဘာလို့ တအားစိတ်ပျက်စရာကောင်းနေရတာလဲ?”
ရင်းချဲယ်က တံခါးဖွင့်လာသည်။
‘’ငါအိပ်တော့မလို့ကို’’

ကောင်စုတ်လေးမှာ ဖြူဖြူပွပွ ဂွမ်းဝမ်းဆက်လေးဝတ်ထားပြီး အရမ်းကိုနွေးနွေးထွေးထွေးလေးဖြစ်နေသည်။

ထိုအရာက တစ်စုံတစ်ယောက်အား သူ့မျက်နှာလေးကို ဖျစ်ညှစ်ချင်စိတ်ပေါက်အောင်စေ့ဆော်နေလေသည်။

ကျန့်ယောင်မှာ ထိုအန္တရာယ်များတဲ့စိတ်ကူးကို ဖိနှိပ်ချိုးနှမ်ရင်း လက်တွေကို ဘောင်းဘီကိုင်ဖို့သာ တွန်းအားပေးထားရတယ်။
‘’ကြည့်စမ်းပါ မင်းကန်လို့ ငါ့ဘောင်းဘီတွေဘယ်လောက်ညစ်ပတ်ကုန်လဲ မြင်လား? ငါ့ကို သန့်ရှင်းခလေးတော့ပေးသင့်တယ်မလား?”

‘’ဘယ်လောက်လဲ?”
ရင်းချဲယ် အိပ်ယာဘေးက ဖုန်းကိုကောက်ကိုင်လိုက်ကာ
‘’ယွမ်တစ်ရာဆိုရပြီမလား? ပိုက်ဆံယူပြီးငါ့အခန်းထဲက လစ်တော့”

ကျန့်ယောင်က ဘယ်တုန်းကများ သူကို ပိုက်ဆံလျော်ကြေးပေးဖို့ ပြောလိုက်မိပါလိမ့်? ကျန့်‌ယောင် ဘောင်းဘီတွေကို ကြမ်းပြင်ပေါ်ပြီးသလွယ်ပစ်ချလိုက်ပြီး
‘’ဆိုတော့ မင်းမှာဖုန်းတော့ရှိသေးသားပဲ၊ ဒါနဲ့များ group chatထဲကိုတော့ ၀င်ကြည့်ပါဦးလား၊ အကုန်လုံးက စကားပြောနေကြတာလေ၊ မင်းလည်း နည်းနည်းတော့ဝင်ပြောသင့်တာပေ့ါ”

‘’ဘာ‌ပြောရမှာလဲ သူတို့ပြောတဲ့အကြောင်းအရာတွေ ငါမှဝင်မပြောနိုင်တာ”

Group chatမှာကား ဘာအကြောင်းရာမှ ထွေထွေထူးထူးရယ်လို့မရှိ၊ memeတွေနဲ့ အာလပသလ္လာပတွေသာ။ တစ်ညကတော့ ကျောင်းမှာနေ့လည်ပိုင်းဖုန်းမသုံးရတာနဲ့ပက်သက်ပြီး မက်ဆေ့တစ်ရာကျော်ပို့ပြောကြရင်း စောဒကတက်ကြသေးသည်။

ကျန့်ယောင် : ‘’သူတို့နဲ့မပြောတာတော့ ထားပါတော့ ငါ့နဲ့ရောဘာလို့မပြောတာလဲ? စာသင်နှစ်အစကတည်းက ခုထိ ပို့ဖူးတဲ့မက်ဆေ့က လက်ချိုးရေလို့ကိုရတယ်”

‘’မင်းမှာ အမြဲစကားပြောစရာအခွင့်ရေးရလို့လား?”
ရင်းချဲယ် ဖုန်းကို အိပ်ယာပေါ်ပြန်ပစ်လိုက်သည်။
‘’ပြီးတော့ မင်းနဲ့ငါကဘာများပြောစရာရှိလို့လဲ? မင်းကောင်မလေးကိုပဲ သွားပြော’’

‘’ငါ့ကောင်မလေးနဲ့ ပြောပြီးလည်း မင်းနဲ့ပြောရတာပျော်စရာကောင်းမယ်လို့ ထင်တုန်းပဲ”
ကျန့်ယောင်က ခုံတစ်ခုံဆွဲထုတ်လိုက်ပြီးနောက် ထိုင်လိုက်သည်။
‘’ကောင်မလေးတွေက ဘယ်လိုအကြောင်းအရာတွေသဘောကျမှန်း ငါတကယ်မသိဘူး၊ သူတို့က သိပ်စိတ်ဝင်စားဖို့မကောင်းသလိုပဲ၊ အာ့ကြောင့် နည်းနည်းလောက်ပြောပြီးတာနဲ့ ငါထပ်‌ပြောချင်စိတ်မရှိတော့ဘူး”

‘’ဒီနေ့ည‌တောင် မင်း ပိုင်ယွိဝေနဲ့ပြောရတာပျော်နေတာမဟုတ်ဘူးလား?”

‘’အာ အဲ့ဒါက ငါတို့တစ်ညလုံးမင်းတိအကြောင်းပြောနေကြလို့...’’

ပြီးတော့ မင်းအကြောင်းရော

ကျန့်ယောင်နဲ့ပိုင်ယွိဝေရင်းဇယ်အကြောင်းတုပ်လို့ပြီးတော့ ပိုင်ယွိဝေ‌ကပြောသည်။
‘’ရင်းချဲယ်က သူ့တိတိအပေါ်တော်တော်လေးကောင်းတာပဲနော်၊ ဒါမယ့်နှမြောစရာပဲ သူ့တိတိက သူ့ကိုလက်မခံဘူး”

ကျန့်ယောင်မှာ ရုတ်တရက် သူ့စိတ်ထဲက အရာကိုမဟားတရားပြောချင်စိတ်ပေါ်လာသည်။
‘’ဟုတ်တယ်၊ ငါ့ထိုင်ခုံဖော်က တအားဖြူစင်တာ၊ အဲ့ဒီကျေးဇူးကန်းကို တအားကြင်နာနေတာ ဒါမယ့် ဘာအရေးလဲ? သူ့တိတိကို ဂရုစိုက်သလောက်သာ တခြားလူတွေကိုမျှပေးလိုက်ရင် သူ့အပေါက်ဆိုးတိထက်ဘယ်လောက်တောင် နာမည်ကြီးလိုက်မလဲမသိဘူး’’

ပိုင်ယွိဝေက ရယ်သွမ်းရင်း :
‘’အမှန်ပဲ၊ ရင်းချဲယ်က တအားချောတာ သေချာပေါက်နာမည်ကြီးနေမှာ....အင်း betaဖြစ်နေတာဆိုးတာပဲ’’

‘’betaတစ်ယောက်ဖြစ်နေတော့ရော ဘာဖြစ်လဲ?သူ့မှာဆွဲဆောင်မှုနှုန်းမြင့်တယ် သန်မာတယ် omegaတွေ alphaတွေထက် သူကနည်းနည်းမှ မနိမ့်ဘူး’’

‘’ဒါဆို နင်ကရော သူနဲ့တွဲဖို့စဥ်းစားကြည့်မှာလား?”
ပိုင်ယွိဝေက ရုတ်တရက်ကြီးမေးလာသည်။

ကျန့်ယောင်မှာ ကြောင်အသွားသည်။
‘’.....မဖြစ်နိုင်တာ’’

ပိုင်ယွိဝေမျက်ဝန်းတွေထဲက အမူအရာမှာ ‘ပြောတာပါပဲ’ဆိုတဲ့ အမူအရာနဲ့။

ကျန့်ယောင်မှာ ဘာကြောင့်ရယ်မှန်းမသိ လိပ်ပြာမလုံသလိုခံစားရတယ်။ ထိုအပြစ်စိတ်က ဘယ်ကလာတယ်တော့မသိပေမယ့် သူတစ်ခုခုအမှားလုပ်မိတယ်လို့တော့ ‌ခံစားနေရတယ်။

‘’ငါ့နောက်ကွယ်မှာ ငါ့တိမကောင်းကြောင်းမပြောနဲ့၊ ပြောတာ ထပ်တွေ့လို့ကတော့ မင်းဘောင်းဘီတွေဝတ်စရာတောင်မရှိအောင်ကန်ပြမယ်”
ရင်းချဲယ်က သူ့ရှေ့တည့်တည့်ကိုလျှောက်လာပြီး တည်ငြိမ်စွာပြောသည်။
‘’ပြီးတော့ သူမ ကြိုက်တတ်တဲ့အကြောင်းတွေမသိဘူးဆိုရင်လည်း မင်းကြိုက်တတ်ဖို့လေ့လာသင်ယူရမှာပဲ၊ မင်းချစ်ရတဲ့သူအတွက် အဲ့ဒါလေးမှလုပ်မပေးနိုင်ဘူးဆိုရင်တော့ အဲ့ဒါကိုအချစ်လို့‌ခေါ်လို့ရပါဦးမလား?”

ကျန့်ယောင်မှာ ထိတ်လန့်သွားဟန် ရင်ဘတ်ကိုဖိ၍
‘‘အတည်ပေါက်ကြီးနဲ့ ခက်ထန်လိုက်တာ၊ လူကိုခြောက်နေတာပဲ၊ အား’’

‘’ငါကမင်းကို အကြံပေးရုံပါ”

‘’ကောတွဲခဲ့ဖူးတဲ့လူတွေက မင်းတစ်ဘဝလုံးတွေ့ဖူးတဲ့လူတွေထက်တောင်များဦးမယ်’’
ကျန့်ယောင်က ပြုံးရင်း
‘’ကောရည်းစားထားတတ်တာမို့ မပူနဲ့’’

ကျောက်ချန်သာဒီမှာရှိနေရင်တော့ ပြောလိမ့်မယ်။
‘’ချီးကိုအကုန်လုံးသိနေ၊ ယောင်ကောက တစ်ယောက်လေးတောင် အတည်တကျပိုးပန်းဖူးလို့လား? ယောင်ကောရဲ့ relationshipတွေက တစ်ပတ်ကျော်တာဘယ်တုန်းကများရှိလို့လဲ’’လို့လေ။

ကျန့်ယောင်ကတော့ လုံးလုံးအရှက်မရှိပါပဲ သူ့ကိုယ်သူသာယုံကြည်မှုတွေပြည့်ဝလျက် :
‘’နောက်ကျ ကော လက်ထပ်ပြီးသွားရင် မင်းကိုလည်းတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်၊ မင်းက ကောကိုသာကြည့်ပြီးသင်ယူနေ ဒီလိုတန်ဖိုးရှိတဲ့ငယ်ရွယ်ပျိုမြစ်ချိန်လေးကို ရည်းစားထားရင်းမကုန်ဆုံးစေနဲ့....’’

‘‘မလိုဘူး”
ရင်းချဲယ်က နှုတ်ခမ်းကို စေ့ထားပြီး နောက်တစ်ကြိမ်ပြန်ဖွင့်ဟကာပြောသည်။
‘’ငါ့မှာ ကြိုက်ရတဲ့လူရှိပြီးသား’’ 

________

The author has something to say :

Now : ဟပါ  လိမ်လိမ်မာမာ ပေါက်စီလေးစား
Later : ဟပါ  လိမ်လိမ်မာမာ  ______လေးစား

_________

[Zawgyi]

၀င္စျပဳေနၿပီျဖစ္တဲ့ေနလုံးႀကီးရဲ့လက္က်န္ အလင္းေရာင္နီနီေအာက္မွာ လူႏွစ္ေယာက္ရပ္ေနၾကတယ္၊ တစ္ေယာက္က အတြင္း တစ္‌ေယာက္က convenience storeအျပင္မွာ၊ ႏွစ္ေယာက္စလုံးက ၿငိမ္သက္ေနၾကၿပီး တစ္ေယာက္ကိုတစ္ေယာက္ စူးစူးစိုက္စိုက္ၾကည့္ေနၾကေလရဲ့။

‘’.....’’

‘’.....’’

က်န႔္ေယာင္သက္ျပင္းကိုအရွည္ႀကီးခ်လိုက္ၿပီးမွ ဝန္ခံေတာ့သည္။
‘’ငါဆိုတာငါပါ၊ မီးပန္းေလးရဲ့ေရာင္စုံကာလာ~~~”
( T/n : Leslie Cheungရဲ့ I am what I am သီခ်င္းကိုဆိုေနတာပါ၊ ဘာသာျပန္တဲ့သူက ကာရန္ကိုက္ေအာင္ ေလၽွာက္ရႊီးထားတာပါ🤭)

‘’.....’’

ရင္းခ်ဲယ္လည္း ျပန္ေတြးၾကည့္ေတာ့မွ ဘာကိစၥ ဒီလိုေၾကာင္ေတာင္ေတာင္ေမးခြန္းမ်ိဳးထုတ္ေမးမိမွန္း သူ႔ကိုယ္သူလည္း မသိေတာ့ေပ၊ သူ႔ကိုကန္ထုတ္လိုက္သည္။
‘’ထြက္သြား’’

Class 1က သူတို႔သခၤ်ာဆရာမကိုတိုင္ၾကားလိုက္သည့္သတင္းဟာ ေနာက္တစ္ေန႔တြင္ပဲ သူတို႔ႏွစ္ေတြတစ္တန္းလုံးဆီပ်ံ႕ႏွံ့သြားေလသည္။ ဒီလိုအရြယ္ေက်ာင္းသားေတြဟာ အနည္းငယ္ ကလန္ကဆန္သေဘာထားမ်ိဳး၊ အထက္က အာဏာကို စိန္ေခၚခ်င္တာမ်ိဳးေတြရွိၾကသည္။ ေက်ာင္းသားေတြအေနႏွင့္ ဆရာျဖစ္သူကိုျပန္လည္တိုင္ၾကားသည့္အျဖစ္မ်ိဳးဟာ First Highမွာ မၾကဳံစဖူးျဖစ္ရပ္မ်ိဳးပင္၊ ထို႔ေၾကာင့္ ဇာတ္လမ္းမွာအရမ္းကို မိမိုက္ၿပီး ေသာက္ရမ္းအံ့ၾသဖြယ္ျဖစ္ေနေတာ့သည္။

‘’ဒီအတန္းထဲမွာ‌ျဖစ္ရတာ အရမ္းကိုဂုဏ္ယူစရာေကာင္းေၾကာင္း ငါ ပထမဆုံးအႀကိမ္ခံစားမိလိုက္တာပဲ”
က်န္းခဲ့ကေျပာသည္။
‘’အခုဆို ငါေခါင္းေမာ့ရင္ေကာ့ၿပီးသြားနိုင္ၿပီကြ”

‘’ခုဆို ငါအျပင္သြားလိုက္တိုင္း လူတိုင္းကဝိုင္းၾကည့္ေနသလိုပဲခံစားရတယ္’’
ဟန္မုန႔္က ဆံပင္ကို သလိုက္ၿပီး
‘’ဒါေပမယ့္လည္း အဲ့တာဒီကိစၥနဲ႔ေတာ့ မဆိုင္ပါဘူးေလ၊ ငါကိုယ္က နဂိုတည္းက ပင္ကိုယ္ေခ်ာႀကီးျဖစ္ေနတာကိုး”

ခ်န္ရင္းရင္း : ‘’ေဝါ့ ငါေတာ့ အန္ထြက္ေတာ့မယ္၊ နင္တို႔ႏွစ္ေယာက္ကို သတိေပးလိုက္မယ္ေနာ္၊ ဒီေန႔က ေသာၾကာေန႔ ႏွစ္ဝက္စာေမးပြဲအဆင့္ေတြက ထြက္ေတာ့မယ္လို႔ ေလာင္ဝူေျပာတယ္ မိဘေတြအိမ္ကိုပို႔မွာတဲ့၊ နင္တို႔အိမ္ျပန္ေရာက္ရင္ မိဘေတြက ေသာင္းေသာင္းဖ်ဖ်ႀကိဳဆိုေတာ့မွာ ေသခ်ာတယ္”

က်န္းခဲ့ : ‘’......’’

ဟန္မုန႔္ : ‘’......’’

မာအမည္ႏွင့္ဆရာအသစ္ကေတာ့ သူတို႔ကိုတစ္ပတ္တိတိသင္ၾကားခဲ့သည္။ သူမစြမ္းရည္သည္လည္းအျငင္းပြားဖြယ္မရွိပဲ အတန္းႏွစ္တန္းကိုလည္းကိုင္တြယ္နိုင္သည္ေၾကာင့္ သူမဟာ Class 1ရဲ့သခၤ်ာဆရာမ တရားဝင္ျဖစ္လာေတာ့သည္။ ခ်န္းရွုေမသည္‌ေတာ့ သူမ‌ကိုျပန္တိုင္ၾကားတဲ့ေက်ာင္းသားေတြနဲ႔ အတူလည္းမေနနိုင္ေတာ့သည္ေၾကာင့္ေရာ ထိုကိစၥျဖစ္ၿပီးေနာက္ လုပ္ေဖာ္ကိုင္ဖက္ေတြၾကားပင္ ေခါင္းမေဖာ္နိုင္ေတာ့သည္ေၾကာင့္ သူမဘက္ကပဲအရင္ႏွုတ္ထြက္စာတင္လိုက္ၿပီး တျခားနယ္ကအထက္တန္းေက်ာင္းဆီေျပာင္းသြားေတာ့သည္။ ထိုနယ္ဘက္က ေက်ာင္းသားေတြမွာ First Highကေလာက္နာခံမွုမရွိသည္ေၾကာင့္ သူမေတာ့ ႐ူးမွာေသခ်ာသည္။

ထိုအ‌ေၾကာင္းကိုၾကားခ်ိန္တြင္ေတာ့ Class 1မွာၾကက္ေသေသသြားသည္။

‘’မဟုတ္တာ ငါတို႔က သူ႔ကိုျပန္ေတာင္းပန္ေစခ်င္႐ုံတင္ေလ”
    

‘’ေတာင္းပန္မယ့္အစား သူမကထြက္သြားမွာေပါ့၊ အဲ့လိုမ်က္ႏွာပ်က္ခံပါ့မလား”

တျခားလူက ေမးလာသည္။
‘’ငါတို႔လြန္မ်ားလြန္သြားလားဟင္?”

က်န႔္ေယာင္လွည့္ကာ ထိုင္ခုံေဖာ္ေလးကိုေမးလိုက္သည္။
‘’မင္းဘယ္လိုထင္လဲ? လြန္သြားတယ္ထင္ရင္လည္း သူမကိုျပန္လာၿပီးစာဆက္သင္ေအာင္ ငါတို႔လုပ္လို႔ရတာလည္းမဟုတ္’’

ရင္းခ်ဲယ္ကေတာ့ ေဖာ္ျမဴလာေတြ ဂ႐ုတစိုက္တန္းစီေရးခ်ေနသည္။
‘’သူမကို ငါတို႔တြန္းအားေပးတာမွမဟုတ္တာ၊ အဲ့ဒါသူမကိစၥ သူမဘာသာထြက္သြားဖို႔ေရြးခ်ယ္တာ၊ အဲ့ေတာ့ လြန္သြားတယ္မဆိုနိုင္ပါဘူး”

က်န႔္ေယာင္က ရယ္သြမ္းရင္း
‘’အဲ့လိုေတြးေတာ့လည္း ဟုတ္တာပဲ”

ဒီေကာင္စုတ္ေလးက ၾကာပန္းျဖဴေလးမဟုတ္ဘူးပဲ၊ ဒါနဲ႔မ်ား ငါ့အျပစ္ကိုသူကဘာလို႔ဝင္ခံေပးရတာလဲ? ငါေတာ့ နားမလည္ေတာ့ဘူး.....

ညေနပိုင္းရဲ့ေနာက္ဆုံးအတန္းခ်ိန္တြင္လည္း ဝူေကာက်ဳံက ထိုအေၾကာင္းကိုတစ္ခြန္းမွဟမလာ။ ထို႔အစားသူက ျပဳံးျပဳံးေလးႏွင့္ေျပာသည္။
‘’အဆင့္ေတြက မင္းတို႔မိဘေတြဆီပို႔လိုက္ၿပီေနာ္၊ သူတို႔ကိုၾကည့္ဖို႔ ေျပာလိုက္ၾကဦး’’

သူ႔ေရွ႕မွ ေက်ာင္းသားေတြကေတာ့ တၿငီးၿငီးတညဴညဴႏွင့္။

အမွန္ေတာ့ ေန႔လည္ပိုင္းေတြမွာ ဘယ္လိုပဲျပႆနာေတြရွာေနပါေစ သူတို႔ဟာ အဆင့္ေတြနဲ႔ပက္သက္လာရင္ စိုးရိမ္ပူပန္တတ္တဲ့အရြယ္၊ တကၠသိုလ္ေကာင္းဆီသြားခ်င္ၾကတဲ့ ဆယ္ေက်ာ္သက္အရြယ္ကေလးေတြပဲမလား။ သူတို႔ဟာအရမ္းႀကီးပုန္ကန္တတ္ေနတာမ်ိဳးမဟုတ္ေသာ္လည္း အနည္းငယ္မထီမဲ့ျမင္ေလးေတာ့ရွိၾကတယ္။

သူတို႔ဟာ ေခါင္းမာတယ္ ထိခိုက္လြယ္တယ္၊ အကိုင္းခက္ေလးေတြေပါက္ခါစ အပင္ပ်ိဳငယ္ေလးေတြလို ႏုနယ္တယ္ သို႔ေပမယ့္လည္း အၾကမ္းလည္းခံနိုင္ျပန္ေရာ၊ ႀကီးထြားခ်င္ၾကတယ္ သို႔ေပမယ့္လည္း အားေပးမွုနဲ႔ ဂ႐ုစိုက္မွုကိုလည္း တမ္းတၾကေသးတယ္။

အမွုမထားပဲတက္နင္းလိုက္တာမ်ိဳးဆိုရင္ ထိုအပင္ငယ္ေလးေတြမွာ လိမ္ဖယ္သြားၿပီး ျပန္ထိုးတက္နိုင္ေတာ့မွာမဟုတ္ေပ။

သူတို႔သာ လြယ္လြယ္နဲ႔ အခ်ိဳးႏွိမ္မခံရရင္ ထိုလူငယ္ေလးေတြဟာ တစ္ေန႔က် ျမင့္ျမင့္မားမားအပင္ႀကီးေတြျဖစ္သြားမွာ။

ျပတင္းေပါက္အျပင္က parasolပင္မွေနာက္ဆုံးေသာလက္က်န္ရြက္ေတြ ေႂကြသြားၿပီးေနာက္ေတာ့ အပူခ်ိန္ဟာလည္း တစ္ဆယ္ဒီဂရီေလာက္ က်ဆင္းသြားခဲ့သည္။

အေဆာင္ေနေက်ာင္းသားျဖစ္ေစ dayေက်ာင္းသားျဖစ္ေစ မနက္ခင္းဆိုလၽွင္အိပ္ယာနဲ႔ေကာ္ကပ္ခံထားရသည့္အတိုင္း ေတာ္ေတာ္ႏွင့္မထနိုင္ၾကေတာ့ေပ။ က်န္းေက်ာက္က်ဴးမွာေတာ့ ေက်ာင္းေပါက္ဝမွာရပ္ၿပီး ေနာက္က်တဲ့သူ‌ေတြဖမ္းရသည့္အလုပ္ကိုသာ အျမဲမဆုတ္မနစ္ႀကိဳးစားေနၿပီး ဒီရက္ပိုင္းေတြဆို ဖမ္းမိသည့္လူစာရင္းမွာ အရင္ကထက္အေတာ္ပင္ ရွည္လ်ားေလေတာ့သည္။ ေပါ့ဆသည့္ေက်ာင္းသားတစ္စုကို သူစည္းကမ္းဌာနကိုေခၚသြားကာ ျပန္လည္သုံးသပ္စာေရးခိုင္းၿပီးေနာက္မွ ေနာက္ထပ္ေက်ာင္းသားတစ္ေယာက္မိျပန္သည္။

‘’က်န႔္ေယာင္! မင္းက ဘာကိစၥလဲ! အေဆာင္ေနေက်ာင္းသားျဖစ္ၿပီး ဘယ္လိုျဖစ္လို႔ေနာက္က်ေနတာလဲ!’’

က်န႔္ေယာင္တစ္ေယာက္ ေနရာမွာတင္ ေတာင့္ခဲသြားသည္၊ သို႔ေသာ္လည္း လြတ္လမ္းမရွိတာသိ‌ေသာေၾကာင့္ ရွက္ကိုးရွက္ကန္းႏွင့္ ရယ္ျပရင္း
‘’‌ေလာင္ရွီး မေန႔ညက က်ေနာ္ ၁၁နာရီထိအိမ္စာလုပ္ေနလို႔ပါ၊ အရမ္းေနာက္က်သြားေတာ့ေလ မနက္ေရာက္ေတာ့ ႏွိုးစက္အသံမၾကားလိုက္တာ”

အမွန္ေတာ့ မေန႔ညက ဝမ္ေရွာင္ရို႔နဲ႔ ကိုးနာရီအထိဖုန္းေျပာေနၿပီးမွ သူ႔ညီမကိုအိပ္ဖို႔ ေခ်ာ့ရေသးတာ။ ေနာက္ေတာ့ ေက်ာက္ခ်န္က ဖုန္းေခၚလာၿပီးေျပာေသးသည္။
‘’ေယာင္ေကာ သတိထားေနာ္၊ အရင္တစ္ေခါက္က ဆုံးမလိုက္တဲ့ေကာင္ေလ၊ မ်က္ႏွာတစ္ခုလုံးမွင္ေတြနဲ႔ေရးေပးလိုက္တဲ့ေကာင္ အဲ့တာေယာင္ေကာ ေက်ာင္းဖိုရမ္မွာတင္လိုက္တာမလား?အဲ့ဒါကို က်ေနာ္တို႔ေက်ာင္းက တစ္ေယာက္ေယာက္က ျမင္သြားၿပီး ေကာက First Highကိုေျပာင္းသြားတယ္ဆိုၿပီးခန႔္မွန္းေနၾကၿပီ”

First High နဲ႔ Eighth Highကေက်ာင္းသားေတြက တစ္ေက်ာင္းဟာ‌တစ္ေၾကာင္း အျပန္အလွန္ ၾကည့္ေနၾက။ First Highမွာ က်န႔္ေယာင္ ခုလိုမ်ိဳးအခ်ိန္အတန္ၾကာေျချမႇုပ္ၿပီးေနနိုင္သည္ဆိုသည္ကလည္း Eighth Highဖိုရမ္ရဲ့ အက္ဒမင္ျဖစ္သူ ေက်ာက္ခ်န္ေၾကာင့္။ သူ႔အေၾကာင္း infoေတြေပါက္ၾကားၿပီး ရန္သူေတြက အသုံးခ်မည္စိုးသည္ေၾကာင့္ ဖိုရမ္မွာသူနဲ႔ပက္သက္တဲ့အေၾကာင္းရာမွန္သမၽွ ေျပာျခင္းကို banထားတယ္။ ဒါ့ေၾကာင့္ First Highက‌ေက်ာင္းသားေတြ Eighth Highဖိုရမ္ကိုသြားၾကည့္ၾကရင္ေတာင္ Eighth Highမွာဒီလိုၾကမ္းၾကဳတ္ရက္စက္တဲ့သူတစ္ေယာက္ရွိပါလားဆိုၿပီးပဲ ဝိုးတဝါးသိရမွာျဖစ္ကာ အေသးစိတ္ကိုေတာ့ ဘာမွရွင္းရွင္းလင္းလင္းသိရမည္မဟု‌တ္ေပ။

အစကေတာ့ သူတကယ္ကို သိုသိုသိပ္သိပ္ပုန္းေနနိုင္ခဲ့တာျဖစ္တယ္၊ သို႔ေပသည့္ အဆုံးတြင္ေတာ့ အဲ့ေန႔က ဖိုရမ္ေပၚက ႐ုန႔္ေဝဗီဒီရိုကို Eighth Highကေက်ာင္းသားတစ္ေယာက္က ျမင္သြားသည္တဲ့ေလ။

ထိုအနက္ေရာင္မွင္ေတြနဲ႔ ‘မ်ိဳးမစစ္ေကာင္’ဆိုသည့္အသုံးႏွုန္း၊ ထိုကဲ့သို႔တစ္မူထူးျခားတဲ့ ႏွိပ္စက္နည္းေတြ၊ ထိုအရာေတြက ဘယ္လိုျဖစ္လို႔ စာနာတရားမရွိတဲ့ Dong Chengေက်ာင္းလူဆိုးတစ္ေယာက္ရဲ့လက္ကထြက္လာတာေတြနဲ႔ အရမ္းတူေနရတာလဲ?

က်န႔္ေယာင္ First Highကိုေျပာင္းသြားသည့္အေၾကာင္းမွာ အရင္းႏွီးဆုံးလူတခ်ိဳ႕ပဲသိတာ‌ျဖစ္သည္။ အျခားေသာေက်ာင္းသားေတြကေတာ့ နိုင္ငံျခားသို႔မဟုတ္လည္း တျခားၿမိဳ႕ကိုေျပာင္းသြားသည္ဟု ထင္ေနမွာပင္။ မဟုတ္လၽွင္ သူ႔ရဲ့အရည္ခ်င္းနဲ႔ဆို ေျပာင္းသြားတဲ့ေက်ာင္းအသစ္မွာ နာမည္ႀကီးေနမွာေပါ့၊ သူ႔အေၾကာင္းလုံးလုံးထြက္မလာဘူးဆိုတာမ်ိဳး ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ?

တစ္ၿမိဳ႕တည္းမွာပဲ ပုန္းေနလိမ့္မယ္လို႔ ဘယ္သူကမွထင္ထားၾကမွာမဟုတ္ေပ။ ဒါ့ထက္ First Highမွာတင္ကို Class 1အတန္းေဖာ္ေတြကလြဲရင္ သူတို႔အတန္းျပင္ကတျခားသူေတြေတာင္ သူ႔ကိုသိသူမွာအနည္းငယ္မၽွသာရွိသည္။ အရင္အားကစားပြဲတုန္းကပုံေတြကလည္း အျခားေသာသတင္းေတြႏွင့္ အလ်င္အျမန္ဖုံးကြယ္သြားၿပီျဖစ္သည္။     
  
ေက်ာက္ခ်န္က သူ႔ကိုသတိေပးသည္ႏွင့္ က်န႔္ေယာင္လည္း ခ်က္ခ်င္း သတိဝီရိယထားကာ ထိုညႀကီးမင္းႀကီးမွာပင္ ရွုန္တိတစ္ေယာက္ကိုေခၚၿပီး ႐ုန႔္ေဝရဲ့ပို႔စ္ကိုဖ်က္ခိုင္းလိုက္သည္။ ၿပီးမွ အျခားပို႔စ္ေတြကို အထက္ေရာက္ေအာင္တင္လိုက္သည္။ သူတို႔အားလုံးၿပီးသြားခ်ိန္တြင္ေတာ့ အခ်ိန္မွာ‌အေတာ္ေလးေႏွာင္းေလၿပီ၊ ဤသို႔ႏွင့္ မနက္လည္းေရာက္ေရာ ႏွိုးစက္သံမၾကားနိုင္ေတာ့ျခင္းျဖစ္ေလေတာ့သည္။

က်န္းေက်ာက္က်ဴးကေတာ့ က်န႔္ေယာင္ရဲ့ရွုပ္ယွက္ခတ္ေနေသာ ဆင္ေျခဆင္လက္မ်ိဳးစုံကို အစကေနအဆုံးထိ နားေထာင္မေနေတာ့ပါ။ သူ႔ကို စာရိတၱႏွင့္စည္းကမ္းဌာနကိုတန္းဆြဲေခၚလာခဲ့ၿပီး ျပန္လည္သုံးသပ္စာေရးခိုင္း၍ မနက္ပိုင္း self-studyခ်ိန္အၿပီးတြင္ေတာ့ ျပန္လႊတ္လိုက္သည္။

က်န႔္ေယာင္မွာမနက္စာမစားခဲ့ရတာေၾကာင့္ ေသေလာက္ေအာင္‌ဆာေလာင္ေနေသာ္လည္း အတန္းခ်ိန္ကစေတာ့မယ္။ မုန႔္ေကာင္တာသြားၿပီး မုန႔္တစ္ခုခုေျပးဝယ္ဖို႔ကလည္း အခ်ိန္မမွီေတာ့တာေၾကာင့္ စာသင္ေဆာင္ဆီကို အေမာတေကာေျပးလာ႐ုံပဲရွိေတာ့တယ္။

လမ္းတစ္ဝက္မွာတင္ ရင္းႏွီးေနသူေလးတစ္ေယာက္နဲ႔ လာဆုံေလေတာ့တယ္။

‘’ေဝ့ ခ်ဲယ္ခ်ဲယ္!”
က်န႔္ေယာင္လွမ္းေခၚလိုက္သည္။

ရင္းခ်ဲယ္မွာ အနီးသို႔ေရာက္လာၿပီး မ်က္ႏွာမွာလည္းအထူးတဆန္းအမူအရာႏွင့္သူ႔ကိုၾကည့္သည္။
‘’ငါကမင္းအေဆာင္မွာေသသြားၿပီထင္ေနတာ”

‘’ဟင့္အင္း က်န္းေက်ာက္က်ဴးဆီမိသြားလို႔ ျပန္လည္သုံးသပ္စာေရးေနရတာ၊ မင္းက ဒီမွာဘာထြက္လုပ္တာတုန္း? ငါ့ကိုရွာေနတာလား?’’

‘’အဓိပၸါယ္မရွိတာေတြ ေျပာမေနနဲ႔၊ ျမန္ျမန္ အတန္းကစေတာ့မယ္”
ရင္းခ်ဲယ္က စာသင္ေဆာင္ဆီကိုျပန္လွည့္သြားသည္။

က်န႔္ေယာင္ ေၾကာင္ေတာင္ေတာင္ၾကည့္ေနမိၿပီးမွ အမွီလိုက္သြားလိုက္သည္။
‘’တကယ္ႀကီး ငါ့ကိုလာရွာတာလား?”

ရင္းခ်ဲယ္က သူ႔ကိုအဖက္မလုပ္၊ သူ႔အကၤ်ီအထူအိတ္ကပ္ထဲကိုႏွိုက္လို႔ေနသည္။ ပလတ္စတစ္အိတ္ေလးတစ္လုံးနဲ႔ထည့္ထားသည့္အရာေလးကို ထုတ္ကာ သူ႔ရင္ဘတ္ဆီထိုးေပးလာသည္။

က်န႔္ေယာင္ ငုံ႔ၾကည့္လိုက္ေတာ့ ထိုအရာဟာ မနက္ခင္းစားဖိုေဆာင္မွာေရာင္းတတ္တဲ့ အသားေပါက္ဆီေလးႏွစ္လုံး။ အေႏြးဓာတ္မျပယ္ေသးသည္ေၾကာင့္ လက္ထဲမွာေႏြးေႏြးေထြးေထြးေလးျဖစ္လို႔ေနသည္။

‘’.....ဒါေတြ ငါ့ဖို႔ဝယ္ေပးခဲ့တာလား?”
က်န႔္ေယာင္မွာ အံ့ၾသႀကီးအံ့ၾသေနမိေတာ့သည္။
‘’႐ုတ္တရက္ႀကီး ဘာလို႔ငါ့အေပၚအရမ္းေကာင္းေနရတာလဲ?”

ရင္းခ်ဲယ္က သူ႔ဘက္လွည့္လာတယ္၊ မ်က္ႏွာေသးေသးဟာ ယူနီေဖာင္းေကာလံထဲမွာ ျမႇုပ္လ်က္ရွိၿပီး ျဖဴျဖဴဥဥေလးျဖစ္ေနသည္မွာ သူ႔လက္ထဲက ေပါက္စီေလးအတိုင္း။
‘’မင္းကိုေက်းဇူးတင္လက္ေဆာင္ေပးတာ၊ အရင္ကငါ့ကိုကူညီေပးတာေက်းဇူးပဲ”
ရင္းခ်ဲယ္ကထိုစကားေတြကို တတ္နိုင္သမၽွ ျမန္ျမန္‌ေျပာသြားၿပီးေနာက္ ေလွကားေပၚေျပးသြားတာမ်ားယုန္ေပါက္ေလး ထြက္ေျပးသြားတဲ့အတိုင္း ျမန္လြန္းလို႔ သူျဖင့္အၿမီးေတာင္ဖမ္းမမိလိုက္ဘူး။

က်န႔္ေယာင္မွာ ရယ္ရမလို ငိုရမလို။ လက္ထဲမွာေပါက္စီႏွစ္လုံးကိုင္ရင္းပဲ စာသင္ခန္းဆီတက္လာခဲ့ေတာ့သည္။ အဂၤလိပ္ဆရာမဝင္မလာခင္ေလးမွာပဲ က်န္းခဲ့က သူ႔ကိုျမင္ေတာ့ ေမးလာသည္။
‘’ေယာင္ေကာ လက္ထဲက ဘာေတြလဲ?”

‘’ေပါက္စီ”
ထိုင္ခုံေဖာ္ေလးက သူႏွင့္ဘာမွမဆိုင္သလို ျပတင္းအျပင္ကိုပဲလွမ္းၾကည့္ေနတာမို႔ က်န႔္ေယာင္တမင္တကာ ေအာ္ေျပာလိုက္သည္။
‘’ခ်ဲယ္ခ်ဲယ္က ငါ့အတြက္ဝယ္ေပးတာေလ !”

ရင္းခ်ဲယ္က ခ်ာခနဲလွည့္လာၿပီး သူ႔ကိုစူးစူးရဲရဲၾကည့္သည္။

က်န္းခဲ့ကလည္း မနက္စာဝဝလင္လင္မစားခဲ့ရသည္မို႔ က်န႔္ေယာင္လက္ထဲမွာေပါက္စီႏွစ္လုံးကိုေတြ႕ေတာ့ တစ္လုံးေတာင္းမလို႔ပဲ၊ သို႔ေပမယ့္ ရင္းခ်ဲယ္ဝယ္ေပးတယ္ဆိုတာ ၾကားရခ်ိန္မွာေတာ့ ထိုအႀကံကိုခ်က္ခ်င္းလႊင့္ပစ္လိုက္ေတာ့သည္။

က်န႔္ေယာင္လည္း ကိုယ့္ေနရာကိုယ္သြားထိုင္လိုက္ၿပီး ေဘးကလူကို ၾကင္ၾကင္နာနာအျပဳံးေလးျပဳံးျပလိုက္သည္။
‘’ခုနေလးက ဘာလို႔ တအားအျမန္ႀကီးေျပးသြားရတာတုန္း? ငါဘယ္ေလာက္ ရင္ထဲထိသြားတုန္းေတာင္ မင္းကိုမေျပာလိုက္ရဘူး”

‘’ခ်ီးကို ေျပာမွာလား၊ အခုမစားရင္ ေအးကုန္ေတာ့မွာေနာ္”

‘’စားမယ္၊ စားမယ္၊ စားမယ္၊ ဒါနဲ႔ မင္းေရာမနက္စာစားၿပီးပလား?”  
  
ရင္းခ်ဲယ္ခနေလာက္တုံ႔ဆိုင္းေနကာမွ ‘’.....ငါစားၿပီးၿပီ’’

တကယ္ေတာ့ ငါမစားရေသးဘူး

က်‌န႔္ေယာင္က စားဖို႔ေျမႇာက္ကိုင္ထားတဲ့ ေပါက္စီကို ျပန္ခ်လိုက္ၿပီး
‘’ငါမင္းကိုတစ္လုံးေပးမယ္”

‘’ေတာ္ၿပီ ငါ..mm…’’

ႏွစ္ခါျပန္စဥ္းစားမေနပဲ က်န႔္ေယာင္က ေပါက္စီကို သူ႔ပါးစပ္ေရွ႕တိုးထည့္ေပးလာတယ္။
‘’ဟစမ္းပါ လိမ္လိမ္မာမာ”

ရင္းခ်ဲယ္မွာ ၾကက္ေသေသသြားၿပီးမွ၊ အင္တင္တင္ျဖင့္ ျဖည္းျဖည္းခ်င္း ပါးစပ္ကိုဟလိုက္ေတာ့သည္။
 
သူ႔ႏွုတ္ခမ္းပါးေတြမွာ ေဖ်ာ့ေတာ့ေနတာမ်ိဳးလည္းမဟုတ္ပဲ ေပါ့ေပါ့ပါးပါးအေရာင္ေလး၊ ႏွုတ္ခမ္းပုံစံမွာလည္း အရမ္းကို ၾကည့္ေကာင္းလွသည္။ စားဖို႔ပါးစပ္ဟလိုက္ခ်ိန္တြင္လည္း လၽွာက သူ႔အလိုလို ေရွ႕ထြက္လာေသးသည္။

႐ုတ္တရက္ လက္ထဲက ေပါက္စီမွာအရမ္းအရမ္းကိုပူေလာင္လာသလို က်န႔္ေယာင္ခံစားမိသည္၊ ပူလြန္းလို႔ သူတည္တည္ၿငိမ္ၿငိမ္ေတာင္ ကိုင္မထားနိုင္ေတာ့သည္အထိ။

ရင္းခ်ယ္မ်က္လႊာခ်လိုက္ခ်ိန္ မ်က္ေတာင္ေလးေတြမွာ တဖ်တ္ဖ်တ္တုန္ရီေနလ်က္၊ ေပါက္စီကို တစ္ကိုက္ကိုက္လိုက္ေတာ့သည္။

ထိုအခ်ိန္မွာပဲ က်န္းခဲ့က သူ႔ခုံအေနာက္ကလူကိုအိမ္စာကူးဖို႔လွည့္အေမး ေနာက္ဆုံးတန္းဆီမေတာ္တဆအၾကည့္ေရာက္မိသြားသည္။ သူအလန႔္တၾကား ထခုန္မိကာ စာအုပ္ကိုလည္း ေလထဲဝဲပစ္လိုက္မိေတာ့သည္။
‘’မာမားေရ!”

လွလွပပေလးေဝ့ဝဲသြားေသာ စာအုပ္ေလးမွာ အခန္းထဲဝင္လာသည့္ ရႊီေပ့နီမ်က္ႏွာႏွင့္ မိတ္ဆက္သြားေလေတာ့သည္။

‘’......’’

‘’ရႊီေလာင္ရွီး၊ က်ေနာ္....’’

‘’ေကာင္းလိုက္တဲ့ ပစ္ခ်က္ပဲ က်န္းခဲ့’’
ရႊီေပ့နီက စာအုပ္ကို ျပန္ပစ္ေပးလိုက္ကာ
‘’ေန႔လည္က် စာအလြတ္ျပန္ဖို႔ ႐ုံးခန္းကိုလာခဲ့’’

‘’က်ေနာ့္ကို ခြင့္လႊတ္ေပးပါ၊ ရႊီေလာင္ရွီးရယ္!”

က်န္းခဲ့ေအာ္သံမွာအေနာက္တန္းက ႏွစ္ဦးကို နိုးၾကားသြားေစသည္။ ရင္းခ်ဲယ္က ခ်က္ခ်င္းတစ္ဖက္လွည့္သြားၿပီး ေပါင္မုန႔္အျပင္သားကိုဝါးရင္း ကေပါက္တိကေပါက္ခ်ာႏွင့္ေျပာသည္။
‘’အရသာက အေတာ္ပါပဲ၊ ငါမဆာဘူး မင္းပဲ စားလိုက္’’

သူေျပာၿပီးမွ ပိုဆိုးေနသလို ျပန္ေတြးမိသည္။ ခုေလးတင္သူကိုက္လိုက္တာမလား သူမ်ားကထပ္စားဖို႔ရာဘယ္လိုလုပ္အဆင္ေျပမွာလဲ?

က်န႔္ေယာင္ကေတာ့ နည္းနည္းေလးမွ ဂ႐ုစိုက္ပုံမေပၚပဲ သူကိုက္ထားသည့္ေပါက္စီကိုကိုင္ကာ တစ္ကိုက္ၿပီးတစ္ကိုက္စားေနေတာ့သည္။ က်န္တစ္လုံးကိုေတာ့ ခုံထဲထည့္ထားၿပီး ဆိုသည္။
‘’က်န္တဲ့တစ္လုံးကို မင္းေနာက္မွစားလို႔ရတာေပါ့’’

‘’......’’

တစ္ခနၾကာၿပီးေနာက္ အတန္းခ်ိန္ေခါင္းေလာင္းထိုးလာၿပီး ရႊီေပ့နီက မေန႔ကအိမ္စာအေၾကာင္းစတင္ေျပာေတာ့သည္။ ထိုအခ်ိန္မွ က်န႔္‌ေယာင္က ႐ုတ္တရက္ႀကီး ေျပာလာသည္။
‘‘F*ck ငါဘာလို႔ မင္းကိုက္ၿပီးသားႀကီးစားလိုက္မိပါလိမ့္?”

‘’...ငါက ဘယ္လိုလုပ္သိမွာလဲ?”
ရင္းခ်ဲယ္ ေဘာပင္ကိုတင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားမိသည္။
‘’မင္းဘာမင္းစားၿပီးေတာ့ ခုမွရြံသလိုလာလုပ္မေနပါနဲ႔’’

‘’ငါရြံလို႔မဟုတ္ပါဘူး၊ အဲ့ဒါက.....’’

အဲ့ဒါက တအားႀကီး ထူးဆန္းေနလို႔.....

.
ညေနပိုင္း self-studyခ်ိန္၌ျဖစ္သည္။

တံခါးေဘးက ထိုင္သည့္အတန္းေဖာ္က ေအာ္ေခၚလာျပန္သည္။
‘’က်န႔္ေယာင္ေရ! မင္းကိုေကာင္မေလးတစ္ေယာက္လာရွာတယ္ေဟ့!’’

Class 1ေက်ာင္းသားေတြကေတာ့ ဒါဟာရိုးေနၾကၿပီျဖစ္တာေၾကာင့္ သူ႔ကိုအေရးတယူလုပ္ေျပာေနသည့္သူမွာ အနည္းငယ္သာရွိေတာ့သည္၊ အမ်ားစုကေတာ့ ကိုယ့္ကိစၥကိုယ္သာဆက္ေျပာေနၾကသည္။

ပိုင္ယြိေဝႏွင့္က်န႔္ေယာင္ထြက္သြားသည္ကိုၾကည့္ၿပီးမွ က်န္းခဲ့တစ္ေယာက္ သက္ျပင္းခ်လိုက္ေတာ့သည္။
‘’ေတာ္ေသးတာေပါ့ ပိုင္ယြိေဝေက်းဇူးနဲ႔ ငါ့ေလာကအျမင္ႀကီး ျပန္လည္မွန္ကန္သြားၿပီ၊ ေတာ္ေသးတယ္ ငါထင္သလိုေတြမဟုတ္လို႔’’

ခ်န္ရင္းရင္း : ‘’နင္ကဘာထင္လို႔တုန္း?”

က်န္းခဲ့က မရွိပါေသာသူ႔ရဲ့မုတ္ဆိတ္ေမႊးရွည္ရွည္ေတြကို ထိကိုင္ကာ :
‘’ေကာင္းကင္ဘုံရဲ့လၽွို႔ဝွက္ခ်က္ကို ေျပာျပလို႔မရဘူး၊ မဟုတ္ရင္ ငါအ‌ဗ်င္းခံရလိမ့္မယ္”

က်န႔္ေယာင္တစ္ေယာက္ ျပန္လာခ်ိန္မွာေတာ့ မွိုရသလိုျပဳံးေပ်ာ္ေနတာေၾကာင့္ က်ိဳးေဟာက္လ်န္က လွည့္ကာေျပာေတာ့သည္။
‘’‌ေယာင္ေကာတို႔ အေပ်ာ္ႀကီးေပ်ာ္ေနပါလား ဘာ‌ေတြမ်ားေပ်ာ္ေနတာတုန္း? ပိုင္ယြိေဝက အေျဖေပးလိုက္လို႔လား?”

‘’ဟင့္အင္း ငါကအဲ့လိုစိတ္မေလာပါဘူး အခ်ိန္ယူဦးမွာ”

ရင္းခ်ဲယ္ကေတာ့ ခုနကအတန္းခ်ိန္ၾကားခ်ိန္တုန္းကေခါက္ထားတဲ့ ၾကယ္ေလးကို ေဘာပင္ဘူးထဲထည့္လိုက္ၿပီးေနာက္ ေျပာသည္။
‘’မင္းအျမန္လွုပ္ရွားသင့္တယ္၊  သတိလည္းထား မင္လူက တျခားတစ္ေယာက္နဲ႔ထြက္ေျပးသြားဦးမယ္’’

က်န႔္ေယာင္ : ‘’မျဖစ္နိုင္တာ၊ ငါတို႔ႏွစ္ေယာက္က အေတာ္ေလးအတိုင္အေဖာက္တည့္ေနတာ၊ ခုေတာင္ သူမ ရည္းစားေဟာင္းအေၾကာင္းအေသေလွာ္လာတာ”

‘’...မင္းတို႔ႏွစ္ေယာက္က ညေနပိုင္းခ်ိန္းေတြ႕တာကို အဲ့လိုအေၾကာင္းမ်ိဳးေတြေျပာတယ္‌ေပါ့?”

‘’မရလို႔လား? သူ႔ရည္းစားေဟာင္းက အျပစ္ေတြမွတစ္ပုံႀကီး’’

က်ိဳးေဟာက္လ်န္ : ‘’သူ႔ရည္းစားေဟာင္းကို ငါသိတယ္၊ သူက ဟို...’’
စကားတစ္ဝက္တစ္ျပက္မွာတင္ သူ႔ကိုယ္သူျပန္ထိန္းလိုက္ကာ :
‘’အိုက္ယား ငါအိမ္စာေတြမၿပီးေသးဘူးပဲ အိမ္စာလုပ္လိုက္ဦးမယ္ေနာ္”

ေတာ္ေတာ္ေလးကို မူမမွန္တဲ့ လမ္းေၾကာင္းလႊဲမွုပဲ။

အစကေတာ့ ဒီလိုအတင္းမ်ိဳးေတြကို ရင္းခ်ဲယ္လည္းသိပ္စိတ္မဝင္စားပါ၊ သို႔ေပသည့္ က်ိဳးေဟာက္လ်န္တုံ႔ျပန္ပုံက ထူးဆန္းလြန္းတာေၾကာင့္ သာမန္ကာလၽွံကာေမးလိုက္သည္။
‘’သူ႔ရည္းစားေဟာင္းက ဘယ္သူတုန္း?”

က်န႔္ေယာင္က ေလွာင္ျပဳံးႀကီးႏွင့္ :
‘’မင္းရဲ့ အေပါက္ဆိုးတိတိေလ”  

‘’......’’

*ဘုန္း!*
အေနာက္တန္းဆီမွ အသံက်ယ္ႀကီးထြက္လာသည္ေၾကာင့္ ေရွ႕တန္းက လူေတြအားလုံးမွာ အလန႔္တၾကားထခုန္မိၾကတယ္။ ခ်န္ရင္းရင္းက : ‘’F*ck ဘယ္သူကမ်ား ဒီသခင္မပိုင္နက္ထဲလာၿပီး ရမ္းကားရဲရတာ--’

ထိုအခ်ိန္မွာေတာ့ ဘာကိုမွေသာက္ဂ႐ုမစိုက္တတ္တဲ့ betaတစ္ေယာက္က သူ႔ရဲ့ထိုင္ခုံေဖာ္ alphaကို လိုက္ကန္လ်က္ရွိေလတယ္။

ခ်န္ရင္းရင္း : ‘’.....နင္တို႔ႏွစ္ေယာက္ ဆက္လုပ္ၾကပါ’’

.
အေဆာင္ျပန္‌ေရာက္ခ်ိန္တြင္ေတာ့ က်န႔္ေယာင္တစ္ေယာက္ သူ႔ေဘာင္းဘီကို ၾကည့္၍စိတ္ဓာတ္က်ေနေလသည္၊ တစ္ဖက္အခန္းဆီသြားၿပီး တံခါးေခါက္လိုက္သည္။
‘’တံခါးဖြင့္စမ္း အေကာင္စုတ္! အထဲမွာပဲ တိတ္တိတ္ေလး ပုန္းမေနနဲ႔၊ မင္းအထဲမွာရွိတယ္ဆိုတာ ငါသိတယ္ေနာ္ ! တံခါးဖြင့္ တံခါးဖြင့္ တံခါးဖြင့္ တံခါးဖြင့္လို႔!’’

‘’ဘာလို႔ တအားစိတ္ပ်က္စရာေကာင္းေနရတာလဲ?”
ရင္းခ်ဲယ္က တံခါးဖြင့္လာသည္။
‘’ငါအိပ္ေတာ့မလို႔ကို’’

ေကာင္စုတ္ေလးမွာ ျဖဴျဖဴပြပြ ဂြမ္းဝမ္းဆက္ေလးဝတ္ထားၿပီး အရမ္းကိုေႏြးေႏြးေထြးေထြးေလးျဖစ္ေနသည္။

ထိုအရာက တစ္စုံတစ္ေယာက္အား သူ႔မ်က္ႏွာေလးကို ဖ်စ္ညႇစ္ခ်င္စိတ္ေပါက္ေအာင္ေစ့ေဆာ္ေနေလသည္။

က်န႔္ေယာင္မွာ ထိုအႏၲရာယ္မ်ားတဲ့စိတ္ကူးကို ဖိႏွိပ္ခ်ိဳးႏွမ္ရင္း လက္ေတြကို ေဘာင္းဘီကိုင္ဖို႔သာ တြန္းအားေပးထားရတယ္။
‘’ၾကည့္စမ္းပါ မင္းကန္လို႔ ငါ့ေဘာင္းဘီေတြဘယ္ေလာက္ညစ္ပတ္ကုန္လဲ ျမင္လား? ငါ့ကို သန႔္ရွင္းခေလးေတာ့ေပးသင့္တယ္မလား?”

‘’ဘယ္ေလာက္လဲ?”
ရင္းခ်ဲယ္ အိပ္ယာေဘးက ဖုန္းကိုေကာက္ကိုင္လိုက္ကာ
‘’ယြမ္တစ္ရာဆိုရၿပီမလား? ပိုက္ဆံယူၿပီးငါ့အခန္းထဲက လစ္ေတာ့”

က်န႔္ေယာင္က ဘယ္တုန္းကမ်ား သူကို ပိုက္ဆံေလ်ာ္ေၾကးေပးဖို႔ ေျပာလိုက္မိပါလိမ့္? က်န႔္‌ေယာင္ ေဘာင္းဘီေတြကို ၾကမ္းျပင္ေပၚၿပီးသလြယ္ပစ္ခ်လိုက္ၿပီး
‘’ဆိုေတာ့ မင္းမွာဖုန္းေတာ့ရွိေသးသားပဲ၊ ဒါနဲ႔မ်ား group chatထဲကိုေတာ့ ၀င္ၾကည့္ပါဦးလား၊ အကုန္လုံးက စကားေျပာေနၾကတာေလ၊ မင္းလည္း နည္းနည္းေတာ့ဝင္ေျပာသင့္တာေပ့ါ”

‘’ဘာ‌ေျပာရမွာလဲ သူတို႔ေျပာတဲ့အေၾကာင္းအရာေတြ ငါမွဝင္မေျပာနိုင္တာ”

Group chatမွာကား ဘာအေၾကာင္းရာမွ ေထြေထြထူးထူးရယ္လို႔မရွိ၊ memeေတြနဲ႔ အာလပသလႅာပေတြသာ။ တစ္ညကေတာ့ ေက်ာင္းမွာေန႔လည္ပိုင္းဖုန္းမသုံးရတာနဲ႔ပက္သက္ၿပီး မက္ေဆ့တစ္ရာေက်ာ္ပို႔ေျပာၾကရင္း ေစာဒကတက္ၾကေသးသည္။

က်န႔္ေယာင္ : ‘’သူတို႔နဲ႔မေျပာတာေတာ့ ထားပါေတာ့ ငါ့နဲ႔ေရာဘာလို႔မေျပာတာလဲ? စာသင္ႏွစ္အစကတည္းက ခုထိ ပို႔ဖူးတဲ့မက္ေဆ့က လက္ခ်ိဳးေရလို႔ကိုရတယ္”

‘’မင္းမွာ အျမဲစကားေျပာစရာအခြင့္ေရးရလို႔လား?”
ရင္းခ်ဲယ္ ဖုန္းကို အိပ္ယာေပၚျပန္ပစ္လိုက္သည္။
‘’ၿပီးေတာ့ မင္းနဲ႔ငါကဘာမ်ားေျပာစရာရွိလို႔လဲ? မင္းေကာင္မေလးကိုပဲ သြားေျပာ’’

‘’ငါ့ေကာင္မေလးနဲ႔ ေျပာၿပီးလည္း မင္းနဲ႔ေျပာရတာေပ်ာ္စရာေကာင္းမယ္လို႔ ထင္တုန္းပဲ”
က်န႔္ေယာင္က ခုံတစ္ခုံဆြဲထုတ္လိုက္ၿပီးေနာက္ ထိုင္လိုက္သည္။
‘’ေကာင္မေလးေတြက ဘယ္လိုအေၾကာင္းအရာေတြသေဘာက်မွန္း ငါတကယ္မသိဘူး၊ သူတို႔က သိပ္စိတ္ဝင္စားဖို႔မေကာင္းသလိုပဲ၊ အာ့ေၾကာင့္ နည္းနည္းေလာက္ေျပာၿပီးတာနဲ႔ ငါထပ္‌ေျပာခ်င္စိတ္မရွိေတာ့ဘူး”

‘’ဒီေန႔ည‌ေတာင္ မင္း ပိုင္ယြိေဝနဲ႔ေျပာရတာေပ်ာ္ေနတာမဟုတ္ဘူးလား?”

‘’အာ အဲ့ဒါက ငါတို႔တစ္ညလုံးမင္းတိအေၾကာင္းေျပာေနၾကလို႔...’’

ၿပီးေတာ့ မင္းအေၾကာင္းေရာ

က်န႔္ေယာင္နဲ႔ပိုင္ယြိေဝရင္းဇယ္အေၾကာင္းတုပ္လို႔ၿပီးေတာ့ ပိုင္ယြိေဝ‌ကေျပာသည္။
‘’ရင္းခ်ဲယ္က သူ႔တိတိအေပၚေတာ္ေတာ္ေလးေကာင္းတာပဲေနာ္၊ ဒါမယ့္ႏွေျမာစရာပဲ သူ႔တိတိက သူ႔ကိုလက္မခံဘူး”

က်န႔္ေယာင္မွာ ႐ုတ္တရက္ သူ႔စိတ္ထဲက အရာကိုမဟားတရားေျပာခ်င္စိတ္ေပၚလာသည္။
‘’ဟုတ္တယ္၊ ငါ့ထိုင္ခုံေဖာ္က တအားျဖဴစင္တာ၊ အဲ့ဒီေက်းဇူးကန္းကို တအားၾကင္နာေနတာ ဒါမယ့္ ဘာအေရးလဲ? သူ႔တိတိကို ဂ႐ုစိုက္သေလာက္သာ တျခားလူေတြကိုမၽွေပးလိုက္ရင္ သူ႔အေပါက္ဆိုးတိထက္ဘယ္ေလာက္ေတာင္ နာမည္ႀကီးလိုက္မလဲမသိဘူး’’

ပိုင္ယြိေဝက ရယ္သြမ္းရင္း :
‘’အမွန္ပဲ၊ ရင္းခ်ဲယ္က တအားေခ်ာတာ ေသခ်ာေပါက္နာမည္ႀကီးေနမွာ....အင္း betaျဖစ္ေနတာဆိုးတာပဲ’’

‘’betaတစ္ေယာက္ျဖစ္ေနေတာ့ေရာ ဘာျဖစ္လဲ?သူ႔မွာဆြဲေဆာင္မွုႏွုန္းျမင့္တယ္ သန္မာတယ္ omegaေတြ alphaေတြထက္ သူကနည္းနည္းမွ မနိမ့္ဘူး’’

‘’ဒါဆို နင္ကေရာ သူနဲ႔တြဲဖို႔စဥ္းစားၾကည့္မွာလား?”
ပိုင္ယြိေဝက ႐ုတ္တရက္ႀကီးေမးလာသည္။

က်န႔္ေယာင္မွာ ေၾကာင္အသြားသည္။
‘’.....မျဖစ္နိုင္တာ’’

ပိုင္ယြိေဝမ်က္ဝန္းေတြထဲက အမူအရာမွာ ‘ေျပာတာပါပဲ’ဆိုတဲ့ အမူအရာနဲ႔။

က်န႔္ေယာင္မွာ ဘာေၾကာင့္ရယ္မွန္းမသိ လိပ္ျပာမလုံသလိုခံစားရတယ္။ ထိုအျပစ္စိတ္က ဘယ္ကလာတယ္ေတာ့မသိေပမယ့္ သူတစ္ခုခုအမွားလုပ္မိတယ္လို႔ေတာ့ ‌ခံစားေနရတယ္။

‘’ငါ့ေနာက္ကြယ္မွာ ငါ့တိမေကာင္းေၾကာင္းမေျပာနဲ႔၊ ေျပာတာ ထပ္ေတြ႕လို႔ကေတာ့ မင္းေဘာင္းဘီေတြဝတ္စရာေတာင္မရွိေအာင္ကန္ျပမယ္”
ရင္းခ်ဲယ္က သူ႔ေရွ႕တည့္တည့္ကိုေလၽွာက္လာၿပီး တည္ၿငိမ္စြာေျပာသည္။
‘’ၿပီးေတာ့ သူမ ႀကိဳက္တတ္တဲ့အေၾကာင္းေတြမသိဘူးဆိုရင္လည္း မင္းႀကိဳက္တတ္ဖို႔ေလ့လာသင္ယူရမွာပဲ၊ မင္းခ်စ္ရတဲ့သူအတြက္ အဲ့ဒါေလးမွလုပ္မေပးနိုင္ဘူးဆိုရင္ေတာ့ အဲ့ဒါကိုအခ်စ္လို႔‌ေခၚလို႔ရပါဦးမလား?”

က်န႔္ေယာင္မွာ ထိတ္လန႔္သြားဟန္ ရင္ဘတ္ကိုဖိ၍
‘‘အတည္ေပါက္ႀကီးနဲ႔ ခက္ထန္လိုက္တာ၊ လူကိုေျခာက္ေနတာပဲ၊ အား’’

‘’ငါကမင္းကို အႀကံေပး႐ုံပါ”

‘’ေကာတြဲခဲ့ဖူးတဲ့လူေတြက မင္းတစ္ဘဝလုံးေတြ႕ဖူးတဲ့လူေတြထက္ေတာင္မ်ားဦးမယ္’’
က်န႔္ေယာင္က ျပဳံးရင္း
‘’ေကာရည္းစားထားတတ္တာမို႔ မပူနဲ႔’’

ေက်ာက္ခ်န္သာဒီမွာရွိေနရင္ေတာ့ ေျပာလိမ့္မယ္။
‘’ခ်ီးကိုအကုန္လုံးသိေန၊ ေယာင္ေကာက တစ္ေယာက္ေလးေတာင္ အတည္တက်ပိုးပန္းဖူးလို႔လား? ေယာင္ေကာရဲ့ relationshipေတြက တစ္ပတ္ေက်ာ္တာဘယ္တုန္းကမ်ားရွိလို႔လဲ’’လို႔ေလ။

က်န႔္ေယာင္ကေတာ့ လုံးလုံးအရွက္မရွိပါပဲ သူ႔ကိုယ္သူသာယုံၾကည္မွုေတြျပည့္ဝလ်က္ :
‘’ေနာက္က် ေကာ လက္ထပ္ၿပီးသြားရင္ မင္းကိုလည္းတစ္ေယာက္ေယာက္နဲ႔ မိတ္ဆက္ေပးမယ္၊ မင္းက ေကာကိုသာၾကည့္ၿပီးသင္ယူေန ဒီလိုတန္ဖိုးရွိတဲ့ငယ္ရြယ္ပ်ိဳျမစ္ခ်ိန္ေလးကို ရည္းစားထားရင္းမကုန္ဆုံးေစနဲ႔....’’

‘‘မလိုဘူး”
ရင္းခ်ဲယ္က ႏွုတ္ခမ္းကို ေစ့ထားၿပီး ေနာက္တစ္ႀကိမ္ျပန္ဖြင့္ဟကာေျပာသည္။
‘’ငါ့မွာ ႀကိဳက္ရတဲ့လူရွိၿပီးသား’’ 

________

The author has something to say :

Now : ဟပါ  လိမ္လိမ္မာမာ ေပါက္စီေလးစား
Later : ဟပါ  လိမ္လိမ္မာမာ  ______ေလးစား

_________

Continue Reading

You'll Also Like

501K 15.6K 38
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
305K 4.7K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
2.3M 168K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
241K 28K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။