မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

275K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(1)

27.4K 1.4K 30
By ShweLoon365

(Unicode)

နံနက်စောစောလေထုသည် လန်းဆန်းစေပြီး စိမ်းလန်းသော သစ်ပင်များသည် တဖြည်းဖြည်းရှင်းလင်းလာကာ မူလအရောင်များကို ထုတ်ဖော်ပြသလာလေသည်။ အစောပိုင်းနေရောင်၏အလင်းသည် မြုံနေသောတောင်များကိုနွေးရန် အချိန်မပေးနိုင်ပါချေ။ ခြေရာအစုအပြုံများက တောင်များ၏တည်ငြိမ်မှုကိုပျက်ပြားစေခဲ့ချေ၏။

"သူအဲ့မှာရှိတယ်, မြန်မြန်သူ့ကိုဖမ်း!"

လူတစ်ဒါဇင် သို့မဟုတ် လူငယ်လေးများသည် သစ်တောထဲတွင်ရှိသော တစ်စုံတစ်ခုကိုဖမ်းရန် အမောတကောပြေးလွှားနေကြလေသည်။ ရုတ်တရပ် သူတို့ထဲကတစ်ယောက်ဟာ ထူးဆန်းစွာထွက်ပြေးတိမ်းရှောင်နေသော ပုံရိပ်တစ်ခုကိုမြင်လိုက်ရာ စိတ်လှုပ်ရှားစွာပြောလာလေသည်။

"ချီးပဲ၊ စောင့်နေလိုက် ဒီလောင်ဇီကသူ့ကိုဖမ်းမိတဲ့အခါ သင်ခန်းစာကောင်းကောင်းပေးပစ်မယ်။သူကများ ငါ့လက်ထဲကထွက်ပြေးရဲတယ်ပေါ့လေ"

အသက် ၃၀ ခန့်အရွယ်ရှိ ကြမ်းတမ်းတဲ့မျက်နှာနဲ့လူကြီးတစ်ဦးသည် ဒေါသတကြီးဆူပူသောင်းကျန်းပြီး မခံမရပ်ဖြစ်နေပုံရလေသည်။ သူ၏မျက်လုံးများသည် သားကောင်ကိုမုန်းတီးစွာ စိမ်းစိမ်းဝါးဝါးကြည့်နေလေသည်။

ဒီစကားတွေကိုကြားရတဲ့အချိန်မှာ ရှုကျင်ထျန်းဟာ ပြန်လှည့်မသွားတော့ဘဲ နောက်ဆုံးလေကိုရှူရှိုက်ပြီး မြန်မြန်ဆန်ဆန်ပြေးသွားခဲ့လေ၏။ တောရိုင်းမြေဖြစ်သောကြောင့် သစ်တောထဲတွင်လမ်းများမရှိချေ။ ပေါင်းပင်များ လှပသောသစ်ပင်များနှင့် ပြည့်နှက်နေလေ၏။

ပေါင်းပင်များပြည့်နှက်နေသောကြောင့် ရှုကျင်ထျန်းသည် သူ၏လက်နှစ်ဖက်အား လမ်းဖွင့်စေရန် အတင်းအကျပ်စေခိုင်းနေလေတော့သည်။ သူသည် အမည်မသိမြက်တွေပေါ်သို့ ခြေလှမ်းလှမ်းလိုက်ပြီး ရူးသွပ်စွာဖြင့်ထွက်ပြေးလိုက်တော့သည်။

ထောင်တက်နေသောအကိုင်းများနှင့် အရွက်များက သူ့မျက်နှာနှင့် ခန္ဓာကိုယ်ကိုရိုက်မိပြီး အနီရောင်အစင်းရာများအဖြစ် ထွက်ပေါ်လာလေ၏။ သူ၏အရေပြားကိုခြစ်မိပြီး သွေးထွက်လာသည်အထိဖြစ်နေပါသော်လည်း ရှုကျင်ထျန်းသည် ထိုအရာများကိုသတိမထားမိခဲ့ပါချေ။

သူသိတာတစ်ခုပဲရှိတယ်! သူပြေးရမယ် မရပ်မနားပဲပြေးရမယ်! သူရပ်လိုက်မယ်ဆိုရင် သူ့ဘဝပြီးပြီပဲ!

Sမြို့တော်ရှိ ရှုမိသားစုခေါင်းဆောင်၏ အကြီးဆုံးသားဖြစ်ပြီး ပြင်ပမှလူများသည် သူ့ကိုရှုမိသားစု၏ အမွေဆက်ခံသူဟု ယူဆကြပေလိမ့်မည်။ သူတို့၏ စီးပွားရေးပြိုင်ဘက်များက သူ့ကိုထိုးနှက်ရန် အရိုးရှင်းဆုံးနှင့် အထိဆုံးနည်းလမ်းများဖြင့် တိုက်ခိုက်လာကြလိမ့်မည်။ အမှန်တော့ ရှုပိုင်ထျန်းသည် မည်မျှပင်အင်အားကြီးနေစေကာမူ ဆက်ခံသူမရှိလျှင် သူ၏ကြီးမာသောစည်းစိမ်ဥစ္စာကို မည်သို့ကာကွယ်နိုင်ပါမည်နည်း။

ရယ်စရာပဲ! သူတို့က သူထွက်သွားရင် သူ့အဖေကိုနိုင်လိမ့်မယ်လို့ ဘာလို့များထင်နေကြတာလဲ?

ပြင်ပကမ္ဘာကသူသည် ရှု၏သားဖြစ်ကြောင်းကိုသာသိသည်။ သို့သော်သူသည် စီးပွားဖြစ်လက်ထပ်ထိမ်းမြားမှုအတွက် အပိုတစ်ခုမျှသာဖြစ်သည်ကို မသိခဲ့ကြပါချေ။ ရှုပိုင်ထျန်းကဲ့သို့ သွေးအေးရက်စက်တတ်သောသူ၌ ဖခင်နှင့်သား၏ခံစားချက်ဟူ၍ အဘယ်မှာရှိမည်နည်း။

လွန်ခဲ့သော ၂ နှစ်ကမမျှော်လင့်ဘဲ သူ့ထက်နှစ်လကြီးသော သူတစ်ခါမှမမြင်ဖူးတဲ့ အစ်ကိုတစ်ယောက်ရှိကြောင်း သူတွေ့ရှိခဲ့ရသည်။

ရှုမိသားစုတစ်ခုလုံးကို ရှုပိုင်ထျန်းမှ သူ၏အစ်ကိုကြီးအတွက်ထားခဲ့ပြီး သူ၏အမွေဆက်ခံသူမည်သူမည်ဝါဖြစ်ကြောင်း၊ သူ့အစ်ကိုကြီးအားတိုက်ခိုက်ခြင်းမှ ကာကွယ်ရန်ဖြစ်ကြောင်း တဖြည်းဖြည်းသူသိလာခဲ့သည်။

ထို့အပြင် ယခုလက်ရှိ သူပိတ်မိနေသည့် အန္တာရာယ်အခြေအနေများသည် သူ့အစ်ကိုကြီး၏အစီအစဥ်များသာဖြစ်လေသည်။ သူဒီထပ်ပိုပြီးမစောင့်နိုင်တော့ဘူးလား? ဒီလိုလက္ခဏာတွေက အမွေဆက်ခံသူဖြစ်ဖို့ အဆင်ပြေတယ်လား? သူအဲဒါတွေကိုမလိုချင်ဘူးဆိုရင်တောင်မှ သူ့ရဲ့အရူးအစ်ကိုကြီးကို ရှုပိုင်ထျန်းကတားပေးမှာမဟုတ်ဘူး။ သူရှုမိသားစုရဲ့စီးပွားရေးလုပ်ငန်းကို လွှဲယူဖို့တောင်အသက်ရှင်မှာမဟုတ်ပေ။

သူ၏အစ်ကိုကြီးဖြစ်သူသည် သူ့အတွက်အန္တရာယ်ပေးခြင်းကို မရပ်တန့်ပါက ရှုမိသားစုပိုင်ဆိုင်မှုကို အနည်းငယ်ရရှိရန်ပင် မလွယ်ကူပါချေ။

သူ့နောက်မှာရှိနေတဲ့ အသံကပိုပြီးနီးကပ်လာကာ ရှုကျင်ထျန်းရဲ့နှလုံးသားက သူ့လည်ချောင်းထဲကခုန်ထွက်တော့မလို ခံစားလိုက်ရသည်ပြီး ထိုအသံကသူ့နားလေးကို တုန်ခါသွားစေသည်။

ရုတ်တရက် ရှုကျင်ထျန်းသည် စိတ်ရှုပ် ထွေးသွားပြီး တစ်စုံတစ်ခုကိုထိုးဖောက်လိုက်ပုံရသည်။ သူ၏ဦး နှောက်သည် ရပ်တန့်သွားပြီး သူ၏အလျင်အမြန်ပြေးမှုကိုလည်း ရပ်တန့်လိုက်လေသည်။

ရှုကျင်ထျန်း သူ၏အာရုံခံစားမှုများ ပြန်ရောက်လာသောအခါ သူ၏နှလုံးသားသည် တုန်ခါနေဆဲဖြစ်ချေ၏။ သူ၏လက်တစ်ဖက်သည် ရင်ဘတ်ကိုတင်းတင်းဖိထားပြီး အကြိမ်များစွာ အသက်ရှုထုတ်နေရလေသည်။

သူ၏ဝေဝါးနေသောအမြင်အာရုံသည် တဖြည်းဖြည်းရှင်းလင်းကွဲပြားလာလေ၏။ မူလက ညိုးနွမ်းနေသည့် အဝါရောင်ဆောင်းဦးရာသီသည် အစိမ်းရောင်အပင်များနှင့် ပြည့်နှက်လာလေသည်။

ကောင်းကင်သို့ ထိုးထွက်နေသော ထူးခြားသည့်သစ်ပင်များလည်းရှိလေသည်။ မြေသြဇာကောင်းပြီး ဝင့်ကြွားလှပနေသော ချုံပင်များသည် နေရာအများစုကိုကုတ်တွယ်ထားပြီး သူတို့၏အမြစ်များသည်ပင် ကွာဟမှုမရှိပါချေ။

ရှုကျင်ထျန်းဟာ ရုတ်တရက်ထိတ်လန့်သွားပြီး သူရဲ့ခေါင်းကိုလျင်မြန်စွာပြန်လှည့်လိုက်သည်။ သူဖွင့်လှစ်ထားသော ရှုပ်ထွေးသည့်လမ်းကြောင်းများသည် အစအနပင်မရှိဘဲ ပျောက်ကွယ်သွားလေ၏။

တိတ်ဆိတ်အေးချမ်းနေသော တောင်များတွင် အင်းဆက်ပိုးမွှားများ၏အသံများ ထွက်ပေါ်လာခဲ့လေသည်။ အလွန်ထူးဆန်းပြီး မွှေးပျံ့သောရနံ့နှင့် ခမ်းနားထည်ဝါလှသော လိမ္မော်ရောင်လိပ်ပြာကြီးတစ်ကောင်သည် သူ့ရှေ့တွင်ပျံသန်းသွားလေ၏။ အဲ့ဒါကအလွန်ထူးဆန်းတဲ့ မျိုးနွယ်ဖြစ်ပြီး အဆိပ်ရှိသလားဆိုတာကိုတော့ သူလည်းမသိပါချေ။ ရှုကျင်ထျန်းသည် ဂရုမစိုက်စွာဖြင့် လက်ကိုလွှဲလိုက်ပြီး မြေပြင်ပေါ်အားလျော့စွာ ထိုင်ချလိုက်တော့သည်။

သူ၏ပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ လေ့လာလိုက်သောအခါ အပြောင်းအလဲအကြီးကြီးကို တွေ့လိုက်ရလေသည်။ ၎င်းသည်တောင်ထူထပ်သောတောဖြစ်သော်လည်း သူရောက်ရှိလာသောအချိန်နှင့် နှိုင်းယှဥ်လျှင် သို့တည်းမဟုတ် လွန်ခဲ့သောတစ်မိနစ်နှင့် နှိုင်းယှဥ်လျှင် ကမ္ဘာကြီးသည် နေ့နှင့်ညကွဲပြားသကဲ့သို့ ဖြစ်နေလေပေသည်။

သိသိသာသာပင် ဆောင်းဦးဖြစ်နေသော်လည်း သည်းမခံနိုင်လောက်အောင် ပူနေလေသည်။ ခဏအကြာမှာတော့ ရှုကျင်ထျန်းရဲ့အတွင်းအင်္ကျီမှာ ချွေးတွေစိမ့်ထွက်လာခဲ့လေသည်။ သူ့ရဲ့ကုတ်အင်္ကျီနှင့်ဆွယ်တာ နှစ်ခုလုံးကိုချွတ်ပြီးနောက် တစ်ခုတည်းသော ရှပ်အင်္ကျီကိုသာချန်ထားခဲ့သည်။ ပူပြင်းပြီးစိုစွတ်သော အ၀တ်အစားများက သူ၏ချွေးများကိုအငွေ့ပျံစေပြီး အလျင်အမြန်အအေးမိစေလိမ့်မည်။

ထူးဆန်းတဲ့မြင်ကွင်းက ရှုကျင်ထျန်းကိုအံ့အားသင့်စေခဲ့တယ်။ အပြောင်းအလဲအားလုံးသည် သူ့ရှေ့တွင်ဖြစ်ပျက်နေပြီး ယုံကြည်ရန်ခက်ခဲနေလေသည်။

သူရူးသွားပြီလို့တောင်ထင်လိုက်မိတယ်!

နောက်ဆုံးမှာတော့ သူသည်တက္ကသိုလ်တက်နေဆဲ၊ စာသင်ကြားနေဆဲဖြစ်ပြီး ချီထျန်းသို့ မကြာခဏလာရောက်လည်ပတ်ခဲ့သည် ။ ထို့ကြောင့်သူသည် 'ကမ္ဘာကူးပြောင်းခြင်း' ဟူသောအသုံးအနှုန်းနှင့်အကျွမ်းတဝင်မရှိတာတော့ မဟုတ်ခဲ့ပေ။ ဒီလိုထူးဆန်းတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာတာနဲ့ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက'ကူးပြောင်းခြင်း' ပဲ!

ဒါကအရမ်းစိတ်ပျက်စရာကောင်းတယ်။ ဒါပေမယ့်သူ့အသက်ကို ထိန်းသိမ်းထားနိုင်တဲ့အတွက် အနည်းငယ်ကျေနပ်စရာကောင်းတယ်။

တကယ်တော့ဒါဟာ အန္တရာယ်ကနေမမျှော်လင့်ဘဲကယ်ဆယ်ရေးရှိသလိုပင်။ သူလုံးဝကျွမ်းတဝင်မရှိတဲ့ပတ်ဝန်းကျင် ဖြစ်နေပေမယ့်လည်း အဖမ်းခံရခြင်းနှင့် ပြန်လည်ခေါ်ဆောင်ခံရခြင်းထက်စာရင်တော့ ပို၍ကောင်းမွန်နေသေးသည်။ သူ၏အရူးအစ်ကိုကြီးသည် သက်သေအထောက်အထားများကို ရှင်းလင်းရန်၊ သူ့ကိုပြန်ပေးဆွဲရန် ပိုက်ဆံများစွာဖြင့် တစ်စုံတစ်ဦးကိုရှာဖွေခဲ့လေသည်။ သူ့အတွက်အခွင့်အရေးပေးတဲ့အနေနဲ့ ကိုယ်တိုင်မသတ်တာလည်း ဖြစ်နိုင်သည်။

ရှုကျင်ထျန်းသည် သူတဖြည်းဖြည်းမထခင် အချိန်အကြာကြီးအနားယူခဲ့သည်။ သို့သော် သူ၏တင်းမာနေသည့်ကြွက်သားများမှာ တုန်ခါနေဆဲဖြစ်သည်။

သူသည်ညနက်သန်းခေါင်ယံ အစောင့်အရှောက်အနည်းငယ်သာရှိချိန်မှာ ထွက်ပြေးခဲ့သည်။ သူနောက်ဆုံးအနားယူရန် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ နာရီပေါင်းများစွာ အစဉ်မပြတ်ထွက်ပြေးတိမ်းရှောင်ခြင်းသည် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားများစွာ ကုန်ဆုံးသွားစေသည်။ ရှုကျင်ထျန်းသည်ယခုအချိန်မှာ ဦးခေါင်းကနေခြေဖျားထိ ခွန်အားများမရှိပါတော့ချေ။

သစ်ပင်ကြီးများကသူ့ကို နေရောင်ခြည်မှ အရိပ်ရစေခဲ့သည်။ သို့သော်လည်းသူ့အတွက် မျက်စိကျိန်းစေဖို့ လုံလောက်နေသေးသည်။ နေရောင်ခြည်သည် သစ်ပင်များကိုဖြတ်ပြီး မြေပြင်ပေါ်သို့ အစက်အပြောက်များအဖြစ် ထွန်းလင်းနေပေသည်။

မြေပြင်ပေါ်သို့ကျရောက်နေသည့် နေရောင်ခြည်၏ထောင့်အရ ရှုကျင်ထျန်းသည် ယခုအချိန်မှာမွန်းလွဲပိုင်းဖြစ်သည်ဟု ဆုံးဖြတ်အတည်ပြုခဲ့သည်။

သူ၏လက်တစ်ဖက်သည် တုတ်တစ်ချောင်းကိုကိုင်ထားပြီး ၎င်းကို အဆိပ်ပြင်းသောမြွေများနှင့် အင်းဆက်များကို မောင်းထုတ်ရန်၊ လမ်းရှာဖွေရန်တို့အတွက် အသုံးပြုခဲ့ရသည်။

ရှုကျင်ထျန်းသည် သစ်တောမှထွက်ရမည့် လမ်းကိုစတင်ရှာဖွေခဲ့သည်။ လမ်းတွင် ပိုးကောင်အချို့ရှိသည့် အစိမ်းရောင်အသီးအချို့ကိုလည်း စားခဲ့ရသေးသည်။အရမ်းချဥ်တယ်။ အဲဒါကအလွန်ဆိုးဝါးပေမယ့် သူမစားရင်သေလိမ့်မယ်။ သူရေငတ်သောအခါတွင်လည်း အသုံးဝင်သည့်အရာဖြစ်သဖြင့် အနည်းငယ်သိုလှောင်ရန် သူ၏အိတ်များကိုအသုံးပြုခဲ့သည်။

ဘယ်အချိန်လဲဆိုတာသူမသိပေ။ ဒါပေမယ့်သူ့ပတ်ဝန်းကျင်က ပုံမှန်မဟုတ်ဘဲတိတ်ဆိတ်သွားလေ၏။ ရှုကျင်ထျန်းက အလန့်တကြားထရပ်လိုက်လေသည်။

သူ့နားနောက်မှာ လေတိုးသံတစ်ခုထွက်လာလေသည်။ ရှုကျင်ထျန်းက ဘယ်ဘက်ကိုဝှေ့ယမ်းလိုက်လေရာ ထိုအရာသည်ချက်ချင်းပျောက်ကွယ်သွားလေသည်။

ရှုကျင်ထျန်းက ထိုအခွင့်အရေးကိုအသုံးချပြီး သူခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအရာမှာ အမည်မသိရသော အဝါရောင်သားရဲဖြစ်ပြီး ဝံပုလွေရိုင်းအရွယ်အစားခန့်ရှိလေသည်။ ချွန်ထက်တဲ့အစွယ်တွေရှိပြီး သူ့ကိုလည်းဆာလောင်နေတဲ့ပုံစံနဲ့ ကြည့်နေလေသည်။

သေစမ်း! ဘယ်လိုတောင် ကံမကောင်းရတာလဲ!

ရှုကျင်ထျန်းသည် သူ၏အာရုံကြောတွေကို တင်းတင်းဆန့်ထားပြီး သူနဲ့ငါးမီတာအကွာမှာတောင်မဝေးတဲ့သားရဲကို အနီးကပ်စိုက်ကြည့်နေမိသည်။

နှစ်ဖက်စလုံးက ဖြတ်သန်းကုန်ဆုံးသွားသော စက္ကန့်များကိုရေတွက်နေသလို တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရင်ဆိုင်နေခဲ့ကြသည်။ အဆိုပါသားရဲသည် အရင်လှုပ်ရှားလာပြီး ရက်စက်တဲ့ကန်ချက်တစ်ခုဖြင့် ရှုကျင်ထျန်းကို နေ့လည်စာလုပ်ရန် ကြိုးစားလာလေသည်။

ရှုကျင်ထျန်းသည်ဘေးတိုက်ရှောင်လိုက် ပြီး သားရဲ၏ဝမ်းဗိုက်ကို ထိုးချလိုက်လေသည်။ သားရဲကြီးသည် အမျက်ဒေါသကြီးစွာဖြင့် အော်ဟစ်နေပေ၏။
(TN:ဝံပုလွေလိုအကောင်ကြီးဆိုတော့ အူတာဖြစ်မယ်ထင်တယ်)

သူထွက်မပြေးခင် လူဆိုးတစ်ယောက်ဆီမှ ခိုးယူခဲ့သောဓားမြှောင်သည် ယခုအချိန်မှာ အသုံးဝင်လာလေပြီ။

ထိုသားရဲသည် ဒဏ်ရာရနေပေမယ့် ပိုတိုက်ခိုက်ချင်နေခဲ့လေသည်။ ဒီလိုအားနည်းနေတဲ့အမျိုးသမီးကြောင့် ထိခိုက်ရလောက်အောင် အရှက်တကွဲဖြစ်နေပုံရလေ၏။ အစကတော့ မိန်းမပျိုလေးဟာ တစ်ယောက်တည်းဖြစ်နေပြီး သတ္တိနည်းမယ်၊ လွယ်လွယ်လေးကောက်ယူလို့ရမယ်လို့ ထင်နေပုံရလေသည်။ သားရဲတိရစ္ဆာန်များက အမြဲတမ်းအမဲလိုက်ခြင်းကြောင့် သူတို့ကိုမုန်းတီးစေပြီးကြောက်လန့်စေသည်။ ဤအချိန်တွင် အမျိုးသမီးတစ်ယောက်တည်း အထီးကျန်နေသည်ကို တွေ့ရသောအခါ သားရဲကောင်ကြီးက သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒါကအရမ်းကောင်းတဲ့အစာပဲဖြစ်လိမ့်မယ်!
(TN:ကျင်ထျန်းလေးကိုကောင်မလေးထင်နေတာ)

ရှုကျင်ထျန်းက သူ့ထံပြေးဝင်လာသည့် သားရဲကောင်ကြီး၏ တိုက်ခိုက်မှုကိုရှောင်ရန် လက်တစ်ဖက်ဖြင့် သားရဲကောင်ကြီး၏လည်ပင်အားဖက်ပြီး မြေပေါ်သို့ပစ်လှဲလိုက်လေသည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ဓားမြှောင်ကိုကိုင်ပြီး သားရဲကောက်၏မျက်လုံးဆီသို့ အပြင်းအထန်ထိုးစိုက်လိုက်လေ၏။

နာကျင်မှုကြောင့် အော်ဟစ်နေသည့် သားရဲကောင်ကြီး၏အသံသည် သူ့နားစည်ကွဲထွက်လုနီးပါး ကျယ်လောင်လွန်းလှသည်။ ထို့ပြင် ထိုသားရဲကြီးသည် သူ့မျက်လုံးထဲစိုက်ဝင်နေသည့်အရာကို ထွက်သွားစေရန် ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းကိုခါယမ်းနေလေသည်။

ထိုသားရဲကြီး၏ ယမ်းခါနေမှုကြောင့် ရှုကျင်ထျန်းပင်ပြုတ်ကျလုနီးပါးဖြစ်လာလေသည်။ ထို့ကြောင့် သားရဲကောင်ကြီး၏ ကိုယ်ပေါ်တွယ်တက်လိုက်ပြီး ဓားမြှောင်ကိုခက်ခက်ခဲခဲဖြင့် ထပ်ပြီးထိုးစိုက်လိုက်သည်။

လူတစ်ဦးနှင့် တိရိစ္ဆာန်တစ်ကောင်တို့ လူးလှိမ့်တိုက်ခိုက်နေကြသောကြောင့် ပေါင်းပင်အမြောက်အများဟာလည်း ကြေမွပျက်စီးနေလေသည်။

ရှုကျင်ထျန်းဟာ အားအင်အကုန်သုံးပြီးနောက်ဆုံးတွင် ဓားမြှောင်ကိုဆွဲထုတ်လိုက်ရာ သားရဲကြီး၏မျက်လုံးမှာလည်း သူ့ဓားမြှောင်နှင့်အတူ အပြင်သို့ထွက်လာခဲ့လေ၏။ ထို့အပြင် ဦးနှောက်များကလည်း တစ်စစီထိုးဖောက်ခံထားရသေးသည်။ သူ၏ဓားမြှောင်ကို အပြင်သို့ဆွဲထုတ်လိုက်သောအခါ များပြားလွန်းလှတဲ့သွေးတွေ ပန်းထွက်လာပြီး ရှုကျင်ထျန်း၏မျက်နှာတစ်ခုလုံးကို ပေကျံသွားလေ၏။

သားရဲကောင်ကြီးမှာလည်း အားအင်များကုန်ဆုံးသွားပြီး လဲကျသွားကာ အသက်ရှုသံပြင်းပြင်းမှာလည်း ရပ်တန့်သွားလေတော့သည်။ သားရဲကောင်ကြီးလုံးဝသေသွားမှသာ ရှုကျင်ထျန်းလည်း သက်ပြင်းချနိုင်လေတော့သည်။ သူ့ရဲ့အားအင်တွေလည်းကုန်ခမ်းနေပြီး ဒီသားရဲကောင်ကြီးရဲ့ သွေးတွေဟာ အခြားအသားစားသတ္တာဝါတွေကို ဆွဲဆောင်နိုင်မယ်ဆိုတာသိသော်လည်း ထိုနေရာမှ ခြေတစ်ဖဝါးပင်မရွေ့နိုင်လောက်အောင် ပင်ပန်းနေလေသည်။

သန့်ရှင်းလတ်ဆတ်သည့် သွေးနံများနှင့်ပြည့်နေသော လေထုသည် အဝေးတစ်နေရာထိ ပျံ့နှံသွားလေ၏။ သိပ်မကြာခင်မှာပဲ အဲ့ဒီအနံ့ဟာ တစ်ကိုယ်လုံးအစိမ်းပုပ်ရောင်ရှိတဲ့ စပါးအုံးမြွေသားရဲကြီးကို ဆွဲဆောင်နိုင်ခဲ့လေသည်။ သို့သော် ထိုမြွေသားရဲကြီးကို ဆွဲဆောင်နိုင်တာဟာ သားရဲကောင်ကြီးမဟုတ်ဘဲ မြေပြင်ပေါ်ကမိန်းမပျိုလေးသာဖြစ်ချေ၏။
(TN: မြွေကြီးကလည်း ကျင်ထျန်းလေးကိုကောင်မလေးလို့ထင်နေတာ)

စပါးအုံးမြွေသားရဲကြီးသည် သူ၏နှစ်ခွဖြစ်နေသောလျှာကိုထုတ်လိုက်ပြီး မြေပြင်ပေါ်ကမိန်းမပျိုလေးကို လျက်လိုက်လေသည်။ သူ့ရဲ့အသက်ရှုသံက အရမ်းအားနည်းနေပေမယ့်လည်း ဖြည်းညင်းစွာဖြင့်မှန်မှန်ရှုနေတုန်းပဲ။ သိပ်ကိုကောင်းတယ်! သူအသက်ရှင်နေသေးတာပဲ!

ထိုမြွေသားရဲကြီးမှာ (၁၀)မီတာမကရှည်လျားလေသည်။ ထို့ကြောင့် သူ၏အမြီးကိုလှုပ်ခါအသုံးပြုပြီး မိန်းမပျိုလေးနှင့် သေနေသောသားရဲကောင်ကြီးအား ရစ်ပတ်လိုက်ရင်း ကောင်းမွန်သောခံစားချက်များနှင့်အတူ သူ၏မြွေသိုက်သို့ကူးလူးသယ်ဆောင်သွားလေတော့သည်။

28/07/21(9:15AM)

(Zawgyi)

နံနက္ေစာေစာေလထုသည္ လန္းဆန္းေစၿပီး စိမ္းလန္းေသာ သစ္ပင္မ်ားသည္ တျဖည္းျဖည္းရွင္းလင္းလာကာ မူလအေရာင္မ်ားကို ထုတ္ေဖာ္ျပသလာေလသည္။ အေစာပိုင္းေနေရာင္၏အလင္းသည္ ၿမဳံေနေသာေတာင္မ်ားကိုႏြေးရန္ အခ်ိန္မေပးနိုင္ပါေခ်။ ေျခရာအစုအၿပဳံမ်ားက ေတာင္မ်ား၏တည္ၿငိမ္မႈကိုပ်က္ျပားေစခဲ့ေခ်၏။

"သူအဲ့မွာရွိတယ္, ျမန္ျမန္သူ႕ကိုဖမ္း!"

လူတစ္ဒါဇင္ သို႔မဟုတ္ လူငယ္ေလးမ်ားသည္ သစ္ေတာထဲတြင္ရွိေသာ တစ္စုံတစ္ခုကိုဖမ္းရန္ အေမာတေကာေျပးလႊားေနၾကေလသည္။ ႐ုတ္တရပ္ သူတို႔ထဲကတစ္ေယာက္ဟာ ထူးဆန္းစြာထြက္ေျပးတိမ္းေရွာင္ေနေသာ ပုံရိပ္တစ္ခုကိုျမင္လိုက္ရာ စိတ္လႈပ္ရွားစြာေျပာလာေလသည္။

"ခ်ီးပဲ၊ ေစာင့္ေနလိုက္ ဒီေလာင္ဇီကသူ႕ကိုဖမ္းမိတဲ့အခါ သင္ခန္းစာေကာင္းေကာင္းေပးပစ္မယ္။သူကမ်ား ငါ့လက္ထဲကထြက္ေျပးရဲတယ္ေပါ့ေလ"

အသက္ ၃၀ ခန႔္အ႐ြယ္ရွိ ၾကမ္းတမ္းတဲ့မ်က္ႏွာနဲ႕လူႀကီးတစ္ဦးသည္ ေဒါသတႀကီးဆူပူေသာင္းက်န္းၿပီး မခံမရပ္ျဖစ္ေနပုံရေလသည္။ သူ၏မ်က္လုံးမ်ားသည္ သားေကာင္ကိုမုန္းတီးစြာ စိမ္းစိမ္းဝါးဝါးၾကည့္ေနေလသည္။

ဒီစကားေတြကိုၾကားရတဲ့အခ်ိန္မွာ ရႈက်င္ထ်န္းဟာ ျပန္လွည့္မသြားေတာ့ဘဲ ေနာက္ဆုံးေလကိုရႉရွိုက္ၿပီး ျမန္ျမန္ဆန္ဆန္ေျပးသြားခဲ့ေလ၏။ ေတာရိုင္းေျမျဖစ္ေသာေၾကာင့္ သစ္ေတာထဲတြင္လမ္းမ်ားမရွိေခ်။ ေပါင္းပင္မ်ား လွပေသာသစ္ပင္မ်ားႏွင့္ ျပည့္ႏွက္ေနေလ၏။

ေပါင္းပင္မ်ားျပည့္ႏွက္ေနေသာေၾကာင့္ ရႈက်င္ထ်န္းသည္ သူ၏လက္ႏွစ္ဖက္အား လမ္းဖြင့္ေစရန္ အတင္းအက်ပ္ေစခိုင္းေနေလေတာ့သည္။ သူသည္ အမည္မသိျမက္ေတြေပၚသို႔ ေျခလွမ္းလွမ္းလိုက္ၿပီး ႐ူးသြပ္စြာျဖင့္ထြက္ေျပးလိုက္ေတာ့သည္။

ေထာင္တက္ေနေသာအကိုင္းမ်ားႏွင့္ အ႐ြက္မ်ားက သူ႕မ်က္ႏွာႏွင့္ ခႏၶာကိုယ္ကိုရိုက္မိၿပီး အနီေရာင္အစင္းရာမ်ားအျဖစ္ ထြက္ေပၚလာေလ၏။ သူ၏အေရျပားကိုျခစ္မိၿပီး ေသြးထြက္လာသည္အထိျဖစ္ေနပါေသာ္လည္း ရႈက်င္ထ်န္းသည္ ထိုအရာမ်ားကိုသတိမထားမိခဲ့ပါေခ်။

သူသိတာတစ္ခုပဲရွိတယ္! သူေျပးရမယ္ မရပ္မနားပဲေျပးရမယ္! သူရပ္လိုက္မယ္ဆိုရင္ သူ႕ဘဝၿပီးၿပီပဲ!

Sၿမိဳ႕ေတာ္ရွိ ရႈမိသားစုေခါင္းေဆာင္၏ အႀကီးဆုံးသားျဖစ္ၿပီး ျပင္ပမွလူမ်ားသည္ သူ႕ကိုရႈမိသားစု၏ အေမြဆက္ခံသူဟု ယူဆၾကေပလိမ့္မည္။ သူတို႔၏ စီးပြားေရးၿပိဳင္ဘက္မ်ားက သူ႕ကိုထိုးႏွက္ရန္ အရိုးရွင္းဆုံးႏွင့္ အထိဆုံးနည္းလမ္းမ်ားျဖင့္ တိုက္ခိုက္လာၾကလိမ့္မည္။ အမွန္ေတာ့ ရႈပိုင္ထ်န္းသည္ မည္မွ်ပင္အင္အားႀကီးေနေစကာမူ ဆက္ခံသူမရွိလွ်င္ သူ၏ႀကီးမာေသာစည္းစိမ္ဥစၥာကို မည္သို႔ကာကြယ္နိုင္ပါမည္နည္း။

ရယ္စရာပဲ! သူတို႔က သူထြက္သြားရင္ သူ႕အေဖကိုနိုင္လိမ့္မယ္လို႔ ဘာလို႔မ်ားထင္ေနၾကတာလဲ?

ျပင္ပကမၻာကသူသည္ ရႈ၏သားျဖစ္ေၾကာင္းကိုသာသိသည္။ သို႔ေသာ္သူသည္ စီးပြားျဖစ္လက္ထပ္ထိမ္းျမားမႈအတြက္ အပိုတစ္ခုမွ်သာျဖစ္သည္ကို မသိခဲ့ၾကပါေခ်။ ရႈပိုင္ထ်န္းကဲ့သို႔ ေသြးေအးရက္စက္တတ္ေသာသူ၌ ဖခင္ႏွင့္သား၏ခံစားခ်က္ဟူ၍ အဘယ္မွာရွိမည္နည္း။

လြန္ခဲ့ေသာ ၂ ႏွစ္ကမေမွ်ာ္လင့္ဘဲ သူ႕ထက္ႏွစ္လႀကီးေသာ သူတစ္ခါမွမျမင္ဖူးတဲ့ အစ္ကိုတစ္ေယာက္ရွိေၾကာင္း သူေတြ႕ရွိခဲ့ရသည္။

ရႈမိသားစုတစ္ခုလုံးကို ရႈပိုင္ထ်န္းမွ သူ၏အစ္ကိုႀကီးအတြက္ထားခဲ့ၿပီး သူ၏အေမြဆက္ခံသူမည္သူမည္ဝါျဖစ္ေၾကာင္း၊ သူ႕အစ္ကိုႀကီးအားတိုက္ခိုက္ျခင္းမွ ကာကြယ္ရန္ျဖစ္ေၾကာင္း တျဖည္းျဖည္းသူသိလာခဲ့သည္။

ထို႔အျပင္ ယခုလက္ရွိ သူပိတ္မိေနသည့္ အႏၱာရာယ္အေျခအေနမ်ားသည္ သူ႕အစ္ကိုႀကီး၏အစီအစဥ္မ်ားသာျဖစ္ေလသည္။ သူဒီထပ္ပိုၿပီးမေစာင့္နိုင္ေတာ့ဘူးလား? ဒီလိုလကၡဏာေတြက အေမြဆက္ခံသူျဖစ္ဖို႔ အဆင္ေျပတယ္လား? သူအဲဒါေတြကိုမလိုခ်င္ဘူးဆိုရင္ေတာင္မွ သူ႕ရဲ႕အ႐ူးအစ္ကိုႀကီးကို ရႈပိုင္ထ်န္းကတားေပးမွာမဟုတ္ဘူး။ သူရႈမိသားစုရဲ႕စီးပြားေရးလုပ္ငန္းကို လႊဲယူဖို႔ေတာင္အသက္ရွင္မွာမဟုတ္ေပ။

သူ၏အစ္ကိုႀကီးျဖစ္သူသည္ သူ႕အတြက္အႏၱရာယ္ေပးျခင္းကို မရပ္တန႔္ပါက ရႈမိသားစုပိုင္ဆိုင္မႈကို အနည္းငယ္ရရွိရန္ပင္ မလြယ္ကူပါေခ်။

သူ႕ေနာက္မွာရွိေနတဲ့ အသံကပိုၿပီးနီးကပ္လာကာ ရႈက်င္ထ်န္းရဲ႕ႏွလုံးသားက သူ႕လည္ေခ်ာင္းထဲကခုန္ထြက္ေတာ့မလို ခံစားလိုက္ရသည္ၿပီး ထိုအသံကသူ႕နားေလးကို တုန္ခါသြားေစသည္။

႐ုတ္တရက္ ရႈက်င္ထ်န္းသည္ စိတ္ရႈပ္ ေထြးသြားၿပီး တစ္စုံတစ္ခုကိုထိုးေဖာက္လိုက္ပုံရသည္။ သူ၏ဦး ႏွောက္သည္ ရပ္တန့္သြားၿပီး သူ၏အလ်င္အျမန္ေျပးမႈကိုလည္း ရပ္တန့္လိုက္ေလသည္။

ရႈက်င္ထ်န္း သူ၏အာ႐ုံခံစားမႈမ်ား ျပန္ေရာက္လာေသာအခါ သူ၏ႏွလုံးသားသည္ တုန္ခါေနဆဲျဖစ္ေခ်၏။ သူ၏လက္တစ္ဖက္သည္ ရင္ဘတ္ကိုတင္းတင္းဖိထားၿပီး အႀကိမ္မ်ားစြာ အသက္ရႈထုတ္ေနရေလသည္။

သူ၏ေဝဝါးေနေသာအျမင္အာ႐ုံသည္ တျဖည္းျဖည္းရွင္းလင္းကြဲျပားလာေလ၏။ မူလက ညိုးႏြမ္းေနသည့္ အဝါေရာင္ေဆာင္းဦးရာသီသည္ အစိမ္းေရာင္အပင္မ်ားႏွင့္ ျပည့္ႏွက္လာေလသည္။

ေကာင္းကင္သို႔ ထိုးထြက္ေနေသာ ထူးျခားသည့္သစ္ပင္မ်ားလည္းရွိေလသည္။ ေျမၾသဇာေကာင္းၿပီး ဝင့္ႂကြားလွပေနေသာ ခ်ဳံပင္မ်ားသည္ ေနရာအမ်ားစုကိုကုတ္တြယ္ထားၿပီး သူတို႔၏အျမစ္မ်ားသည္ပင္ ကြာဟမႈမရွိပါေခ်။

ရႈက်င္ထ်န္းဟာ ႐ုတ္တရက္ထိတ္လန့္သြားၿပီး သူရဲ႕ေခါင္းကိုလ်င္ျမန္စြာျပန္လွည့္လိုက္သည္။ သူဖြင့္လွစ္ထားေသာ ရႈပ္ေထြးသည့္လမ္းေၾကာင္းမ်ားသည္ အစအနပင္မရွိဘဲ ေပ်ာက္ကြယ္သြားေလ၏။

တိတ္ဆိတ္ေအးခ်မ္းေနေသာ ေတာင္မ်ားတြင္ အင္းဆက္ပိုးမႊားမ်ား၏အသံမ်ား ထြက္ေပၚလာခဲ့ေလသည္။ အလြန္ထူးဆန္းၿပီး ေမႊးပ်ံ့ေသာရနံ႕ႏွင့္ ခမ္းနားထည္ဝါလွေသာ လိေမၼာ္ေရာင္လိပ္ျပာႀကီးတစ္ေကာင္သည္ သူ႕ေရွ႕တြင္ပ်ံသန္းသြားေလ၏။ အဲ့ဒါကအလြန္ထူးဆန္းတဲ့ မ်ိဳးႏြယ္ျဖစ္ၿပီး အဆိပ္ရွိသလားဆိုတာကိုေတာ့ သူလည္းမသိပါေခ်။ ရႈက်င္ထ်န္းသည္ ဂ႐ုမစိုက္စြာျဖင့္ လက္ကိုလႊဲလိုက္ၿပီး ေျမျပင္ေပၚအားေလ်ာ့စြာ ထိုင္ခ်လိဳက္ေတာ့သည္။

သူ၏ပတ္ဝန္းက်င္ကို သတိႀကီးစြာထား၍ ေလ့လာလိုက္ေသာအခါ အေျပာင္းအလဲအႀကီးႀကီးကို ေတြ႕လိုက္ရေလသည္။ ၎သည္ေတာင္ထူထပ္ေသာေတာျဖစ္ေသာ္လည္း သူေရာက္ရွိလာေသာအခ်ိန္ႏွင့္ ႏွိုင္းယွဥ္လွ်င္ သို႔တည္းမဟုတ္ လြန္ခဲ့ေသာတစ္မိနစ္ႏွင့္ ႏွိုင္းယွဥ္လွ်င္ ကမၻာႀကီးသည္ ေန႕ႏွင့္ညကြဲျပားသကဲ့သို႔ ျဖစ္ေနေလေပသည္။

သိသိသာသာပင္ ေဆာင္းဦးျဖစ္ေနေသာ္လည္း သည္းမခံနိုင္ေလာက္ေအာင္ ပူေနေလသည္။ ခဏအၾကာမွာေတာ့ ရႈက်င္ထ်န္းရဲ႕အတြင္းအကၤ်ီမွာ ေခြၽးေတြစိမ့္ထြက္လာခဲ့ေလသည္။ သူ႕ရဲ႕ကုတ္အကၤ်ီႏွင့္ဆြယ္တာ ႏွစ္ခုလုံးကိုခြၽတ္ၿပီးေနာက္ တစ္ခုတည္းေသာ ရွပ္အကၤ်ီကိုသာခ်န္ထားခဲ့သည္။ ပူျပင္းၿပီးစိုစြတ္ေသာ အ၀တ္အစားမ်ားက သူ၏ေခြၽးမ်ားကိုအေငြ႕ပ်ံေစၿပီး အလ်င္အျမန္အေအးမိေစလိမ့္မည္။

ထူးဆန္းတဲ့ျမင္ကြင္းက ရႈက်င္ထ်န္းကိုအံ့အားသင့္ေစခဲ့တယ္။ အေျပာင္းအလဲအားလုံးသည္ သူ႕ေရွ႕တြင္ျဖစ္ပ်က္ေနၿပီး ယုံၾကည္ရန္ခက္ခဲေနေလသည္။

သူ႐ူးသြားၿပီလို႔ေတာင္ထင္လိုက္မိတယ္!

ေနာက္ဆုံးမွာေတာ့ သူသည္တကၠသိုလ္တက္ေနဆဲ၊ စာသင္ၾကားေနဆဲျဖစ္ၿပီး ခ်ီထ်န္းသို႔ မၾကာခဏလာေရာက္လည္ပတ္ခဲ့သည္ ။ ထို႔ေၾကာင့္သူသည္ 'ကမၻာကူးေျပာင္းျခင္း' ဟူေသာအသုံးအႏႈန္းႏွင့္အကြၽမ္းတဝင္မရွိတာေတာ့ မဟုတ္ခဲ့ေပ။ ဒီလိုထူးဆန္းတဲ့ မေတာ္တဆမႈတစ္ခု ျဖစ္ေပၚလာတာနဲ႕ သူ႕ရဲ႕ပထမဆုံးတုံ႕ျပန္မႈက'ကူးေျပာင္းျခင္း' ပဲ!

ဒါကအရမ္းစိတ္ပ်က္စရာေကာင္းတယ္။ ဒါေပမယ့္သူ႕အသက္ကို ထိန္းသိမ္းထားနိုင္တဲ့အတြက္ အနည္းငယ္ေက်နပ္စရာေကာင္းတယ္။

တကယ္ေတာ့ဒါဟာ အႏၱရာယ္ကေနမေမွ်ာ္လင့္ဘဲကယ္ဆယ္ေရးရွိသလိုပင္။ သူလုံးဝကြၽမ္းတဝင္မရွိတဲ့ပတ္ဝန္းက်င္ ျဖစ္ေနေပမယ့္လည္း အဖမ္းခံရျခင္းႏွင့္ ျပန္လည္ေခၚေဆာင္ခံရျခင္းထက္စာရင္ေတာ့ ပို၍ေကာင္းမြန္ေနေသးသည္။ သူ၏အ႐ူးအစ္ကိုႀကီးသည္ သက္ေသအေထာက္အထားမ်ားကို ရွင္းလင္းရန္၊ သူ႕ကိုျပန္ေပးဆြဲရန္ ပိုက္ဆံမ်ားစြာျဖင့္ တစ္စုံတစ္ဦးကိုရွာေဖြခဲ့ေလသည္။ သူ႕အတြက္အခြင့္အေရးေပးတဲ့အေနနဲ႕ ကိုယ္တိုင္မသတ္တာလည္း ျဖစ္နိုင္သည္။

ရႈက်င္ထ်န္းသည္ သူတျဖည္းျဖည္းမထခင္ အခ်ိန္အၾကာႀကီးအနားယူခဲ့သည္။ သို႔ေသာ္ သူ၏တင္းမာေနသည့္ႂကြက္သားမ်ားမွာ တုန္ခါေနဆဲျဖစ္သည္။

သူသည္ညနက္သန္းေခါင္ယံ အေစာင့္အေရွာက္အနည္းငယ္သာရွိခ်ိန္မွာ ထြက္ေျပးခဲ့သည္။ သူေနာက္ဆုံးအနားယူရန္ နာရီေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီးျဖစ္သည္။ နာရီေပါင္းမ်ားစြာ အစဥ္မျပတ္ထြက္ေျပးတိမ္းေရွာင္ျခင္းသည္ သူ၏႐ုပ္ပိုင္းဆိုင္ရာခြန္အားမ်ားစြာ ကုန္ဆုံးသြားေစသည္။ ရႈက်င္ထ်န္းသည္ယခုအခ်ိန္မွာ ဦးေခါင္းကေနေျခဖ်ားထိ ခြန္အားမ်ားမရွိပါေတာ့ေခ်။

သစ္ပင္ႀကီးမ်ားကသူ႕ကို ေနေရာင္ျခည္မွ အရိပ္ရေစခဲ့သည္။ သို႔ေသာ္လည္းသူ႕အတြက္ မ်က္စိက်ိန္းေစဖို႔ လုံေလာက္ေနေသးသည္။ ေနေရာင္ျခည္သည္ သစ္ပင္မ်ားကိုျဖတ္ၿပီး ေျမျပင္ေပၚသို႔ အစက္အေျပာက္မ်ားအျဖစ္ ထြန္းလင္းေနေပသည္။

ေျမျပင္ေပၚသို႔က်ေရာက္ေနသည့္ ေနေရာင္ျခည္၏ေထာင့္အရ ရႈက်င္ထ်န္းသည္ ယခုအခ်ိန္မွာမြန္းလြဲပိုင္းျဖစ္သည္ဟု ဆုံးျဖတ္အတည္ျပဳခဲ့သည္။

သူ၏လက္တစ္ဖက္သည္ တုတ္တစ္ေခ်ာင္းကိုကိုင္ထားၿပီး ၎ကို အဆိပ္ျပင္းေသာေႁမြမ်ားႏွင့္ အင္းဆက္မ်ားကို ေမာင္းထုတ္ရန္၊ လမ္းရွာေဖြရန္တို႔အတြက္ အသုံးျပဳခဲ့ရသည္။

ရႈက်င္ထ်န္းသည္ သစ္ေတာမွထြက္ရမည့္ လမ္းကိုစတင္ရွာေဖြခဲ့သည္။ လမ္းတြင္ ပိုးေကာင္အခ်ိဳ႕ရွိသည့္ အစိမ္းေရာင္အသီးအခ်ိဳ႕ကိုလည္း စားခဲ့ရေသးသည္။အရမ္းခ်ဥ္တယ္။ အဲဒါကအလြန္ဆိုးဝါးေပမယ့္ သူမစားရင္ေသလိမ့္မယ္။ သူေရငတ္ေသာအခါတြင္လည္း အသုံးဝင္သည့္အရာျဖစ္သျဖင့္ အနည္းငယ္သိုေလွာင္ရန္ သူ၏အိတ္မ်ားကိုအသုံးျပဳခဲ့သည္။

ဘယ္အခ်ိန္လဲဆိုတာသူမသိေပ။ ဒါေပမယ့္သူ႕ပတ္ဝန္းက်င္က ပုံမွန္မဟုတ္ဘဲတိတ္ဆိတ္သြားေလ၏။ ရႈက်င္ထ်န္းက အလန့္တၾကားထရပ္လိုက္ေလသည္။

သူ႕နားေနာက္မွာ ေလတိုးသံတစ္ခုထြက္လာေလသည္။ ရႈက်င္ထ်န္းက ဘယ္ဘက္ကိုေဝွ႕ယမ္းလိုက္ေလရာ ထိုအရာသည္ခ်က္ခ်င္းေပ်ာက္ကြယ္သြားေလသည္။

ရႈက်င္ထ်န္းက ထိုအခြင့္အေရးကိုအသုံးခ်ၿပီး သူေခါင္းလွည့္ၾကည့္လိုက္သည္။ ထိုအရာမွာ အမည္မသိရေသာ အဝါေရာင္သားရဲျဖစ္ၿပီး ဝံပုေလြရိုင္းအ႐ြယ္အစားခန့္ရွိေလသည္။ ခြၽန္ထက္တဲ့အစြယ္ေတြရွိၿပီး သူ႕ကိုလည္းဆာေလာင္ေနတဲ့ပုံစံနဲ႕ ၾကည့္ေနေလသည္။

ေသစမ္း! ဘယ္လိုေတာင္ ကံမေကာင္းရတာလဲ!

ရႈက်င္ထ်န္းသည္ သူ၏အာ႐ုံေၾကာေတြကို တင္းတင္းဆန႔္ထားၿပီး သူနဲ႕ငါးမီတာအကြာမွာေတာင္မေဝးတဲ့သားရဲကို အနီးကပ္စိုက္ၾကည့္ေနမိသည္။

ႏွစ္ဖက္စလုံးက ျဖတ္သန္းကုန္ဆုံးသြားေသာ စကၠန႔္မ်ားကိုေရတြက္ေနသလို တစ္ဦးႏွင့္တစ္ဦး မ်က္ႏွာခ်င္းဆိုင္ ရင္ဆိုင္ေနခဲ့ၾကသည္။ အဆိုပါသားရဲသည္ အရင္လႈပ္ရွားလာၿပီး ရက္စက္တဲ့ကန္ခ်က္တစ္ခုျဖင့္ ရႈက်င္ထ်န္းကို ေန႕လည္စာလုပ္ရန္ ႀကိဳးစားလာေလသည္။

ရႈက်င္ထ်န္းသည္ေဘးတိုက္ေရွာင္လိုက္ ၿပီး သားရဲ၏ဝမ္းဗိုက္ကို ထိုးခ်လိဳက္ေလသည္။ သားရဲႀကီးသည္ အမ်က္ေဒါသႀကီးစြာျဖင့္ ေအာ္ဟစ္ေနေပ၏။
(TN:ဝံပုေလြလိုအေကာင္ႀကီးဆိုေတာ့ အူတာျဖစ္မယ္ထင္တယ္)

သူထြက္မေျပးခင္ လူဆိုးတစ္ေယာက္ဆီမွ ခိုးယူခဲ့ေသာဓားျမႇောင္သည္ ယခုအခ်ိန္မွာ အသုံးဝင္လာေလၿပီ။

ထိုသားရဲသည္ ဒဏ္ရာရေနေပမယ့္ ပိုတိုက္ခိုက္ခ်င္ေနခဲ့ေလသည္။ ဒီလိုအားနည္းေနတဲ့အမ်ိဳးသမီးေၾကာင့္ ထိခိုက္ရေလာက္ေအာင္ အရွက္တကြဲျဖစ္ေနပုံရေလ၏။ အစကေတာ့ မိန္းမပ်ိဳေလးဟာ တစ္ေယာက္တည္းျဖစ္ေနၿပီး သတၱိနည္းမယ္၊ လြယ္လြယ္ေလးေကာက္ယူလို႔ရမယ္လို႔ ထင္ေနပုံရေလသည္။ သားရဲတိရစ္ဆာန္မ်ားက အၿမဲတမ္းအမဲလိုက္ျခင္းေၾကာင့္ သူတို႔ကိုမုန္းတီးေစၿပီးေၾကာက္လန့္ေစသည္။ ဤအခ်ိန္တြင္ အမ်ိဳးသမီးတစ္ေယာက္တည္း အထီးက်န္ေနသည္ကို ေတြ႕ရေသာအခါ သားရဲေကာင္ႀကီးက သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။ ဒါကအရမ္းေကာင္းတဲ့အစာပဲျဖစ္လိမ့္မယ္!
(TN:က်င္ထ်န္းေလးကိုေကာင္မေလးထင္ေနတာ)

ရႈက်င္ထ်န္းက သူ႕ထံေျပးဝင္လာသည့္ သားရဲေကာင္ႀကီး၏ တိုက္ခိုက္မႈကိုေရွာင္ရန္ လက္တစ္ဖက္ျဖင့္ သားရဲေကာင္ႀကီး၏လည္ပင္အားဖက္ၿပီး ေျမေပၚသို႔ပစ္လွဲလိုက္ေလသည္။ ထို႔ေနာက္ က်န္လက္တစ္ဖက္ျဖင့္ ဓားျမႇောင္ကိုကိုင္ၿပီး သားရဲေကာက္၏မ်က္လုံးဆီသို႔ အျပင္းအထန္ထိုးစိုက္လိုက္ေလ၏။

နာက်င္မႈေၾကာင့္ ေအာ္ဟစ္ေနသည့္ သားရဲေကာင္ႀကီး၏အသံသည္ သူ႕နားစည္ကြဲထြက္လုနီးပါး က်ယ္ေလာင္လြန္းလွသည္။ ထို႔ျပင္ ထိုသားရဲႀကီးသည္ သူ႕မ်က္လုံးထဲစိုက္ဝင္ေနသည့္အရာကို ထြက္သြားေစရန္ ထိတ္လန့္တုန္လႈပ္စြာျဖင့္ ေခါင္းကိုခါယမ္းေနေလသည္။

ထိုသားရဲႀကီး၏ ယမ္းခါေနမႈေၾကာင့္ ရႈက်င္ထ်န္းပင္ျပဳတ္က်လဳနီးပါးျဖစ္လာေလသည္။ ထို႔ေၾကာင့္ သားရဲေကာင္ႀကီး၏ ကိုယ္ေပၚတြယ္တက္လိုက္ၿပီး ဓားျမႇောင္ကိုခက္ခက္ခဲခဲျဖင့္ ထပ္ၿပီးထိုးစိုက္လိုက္သည္။

လူတစ္ဦးႏွင့္ တိရိစ္ဆာန္တစ္ေကာင္တို႔ လူးလွိမ့္တိုက္ခိုက္ေနၾကေသာေၾကာင့္ ေပါင္းပင္အေျမာက္အမ်ားဟာလည္း ေၾကမြပ်က္စီးေနေလသည္။

ရႈက်င္ထ်န္းဟာ အားအင္အကုန္သုံးၿပီးေနာက္ဆုံးတြင္ ဓားျမႇောင္ကိုဆြဲထုတ္လိုက္ရာ သားရဲႀကီး၏မ်က္လုံးမွာလည္း သူ႕ဓားျမႇောင္ႏွင့္အတူ အျပင္သို႔ထြက္လာခဲ့ေလ၏။ ထို႔အျပင္ ဦးႏွောက္မ်ားကလည္း တစ္စစီထိုးေဖာက္ခံထားရေသးသည္။ သူ၏ဓားျမႇောင္ကို အျပင္သို႔ဆြဲထုတ္လိုက္ေသာအခါ မ်ားျပားလြန္းလွတဲ့ေသြးေတြ ပန္းထြက္လာၿပီး ရႈက်င္ထ်န္း၏မ်က္ႏွာတစ္ခုလုံးကို ေပက်ံသြားေလ၏။

သားရဲေကာင္ႀကီးမွာလည္း အားအင္မ်ားကုန္ဆုံးသြားၿပီး လဲက်သြားကာ အသက္ရႈသံျပင္းျပင္းမွာလည္း ရပ္တန့္သြားေလေတာ့သည္။ သားရဲေကာင္ႀကီးလုံးဝေသသြားမွသာ ရႈက်င္ထ်န္းလည္း သက္ျပင္းခ်နိဳင္ေလေတာ့သည္။ သူ႕ရဲ႕အားအင္ေတြလည္းကုန္ခမ္းေနၿပီး ဒီသားရဲေကာင္ႀကီးရဲ႕ ေသြးေတြဟာ အျခားအသားစားသတၱာဝါေတြကို ဆြဲေဆာင္နိုင္မယ္ဆိုတာသိေသာ္လည္း ထိုေနရာမွ ေျခတစ္ဖဝါးပင္မေ႐ြ႕နိုင္ေလာက္ေအာင္ ပင္ပန္းေနေလသည္။

သန့္ရွင္းလတ္ဆတ္သည့္ ေသြးနံမ်ားႏွင့္ျပည့္ေနေသာ ေလထုသည္ အေဝးတစ္ေနရာထိ ပ်ံ့ႏွံသြားေလ၏။ သိပ္မၾကာခင္မွာပဲ အဲ့ဒီအနံ႕ဟာ တစ္ကိုယ္လုံးအစိမ္းပုပ္ေရာင္ရွိတဲ့ စပါးအုံးေႁမြသားရဲႀကီးကို ဆြဲေဆာင္နိုင္ခဲ့ေလသည္။ သို႔ေသာ္ ထိုေႁမြသားရဲႀကီးကို ဆြဲေဆာင္နိုင္တာဟာ သားရဲေကာင္ႀကီးမဟုတ္ဘဲ ေျမျပင္ေပၚကမိန္းမပ်ိဳေလးသာျဖစ္ေခ်၏။
(TN: ေႁမြႀကီးကလည္း က်င္ထ်န္းေလးကိုေကာင္မေလးလို႔ထင္ေနတာ)

စပါးအုံးေႁမြသားရဲႀကီးသည္ သူ၏ႏွစ္ခြျဖစ္ေနေသာလွ်ာကိုထုတ္လိုက္ၿပီး ေျမျပင္ေပၚကမိန္းမပ်ိဳေလးကို လ်က္လိုက္ေလသည္။ သူ႕ရဲ႕အသက္ရႈသံက အရမ္းအားနည္းေနေပမယ့္လည္း ျဖည္းညင္းစြာျဖင့္မွန္မွန္ရႈေနတုန္းပဲ။ သိပ္ကိုေကာင္းတယ္! သူအသက္ရွင္ေနေသးတာပဲ!

ထိုေႁမြသားရဲႀကီးမွာ (၁၀)မီတာမကရွည္လ်ားေလသည္။ ထို႔ေၾကာင့္ သူ၏အၿမီးကိုလႈပ္ခါအသုံးျပဳၿပီး မိန္းမပ်ိဳေလးႏွင့္ ေသေနေသာသားရဲေကာင္ႀကီးအား ရစ္ပတ္လိုက္ရင္း ေကာင္းမြန္ေသာခံစားခ်က္မ်ားႏွင့္အတူ သူ၏ေႁမြသိုက္သို႔ကူးလူးသယ္ေဆာင္သြားေလေတာ့သည္။

28/07/21(9:15AM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...