မနက်မိုးလင်းတော့ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာ တာလပတ်အစိမ်းရောင်ကြီး ။ တဲလေးကို သေသေချာချာအမိုးအကာ နဲ့ မဟုတ်ဘဲ တာလပတ်ကြီးနဲ့ပဲ မိုးထားတာ ။ အိပ်ရာခင်းမရှိ ဒီအတိုင်း ဝါးပေါ်ကျောခင်းပြီး အိပ်ရတာ ။ မဟာ နိုးလာပေမယ့် လှုပ်မရ ။ ကိုယ်ပေါ်က ဂျစ်တူး နိုးသွားမှာဆိုးလို့လေ ။ ဂျစ်တူး က ညက အိပ်နေရင်းနဲ့ ကျောနာတယ်ဟုဆိုတာ သူ့ပေါ်တက်အိပ်နေခြင်းပင် ။ ဒါနဲ့များသူက ဒီမှာအလုပ်လုပ်ဦးမည်တဲ့လေ ။ တကယ့် ငဂျစ်ပဲ ။
မဟာ လှုပ်တောင် မလှုပ်နိုင်အောင် ကျောတွေနာနေသည် ။ တစ်ခါမှ ဝါးအခင်းမှာ ဒီတိုင်းမအိပ်ဖူးဘူး ။ အခုက ကိုယ်ပေါ်မှာလဲ ဂျစ်တူး က တက်အိပ်နေသေးတော့ ပိုဆိုး ။ ရင်ဘတ်နားမှာ ရောက်နေတဲ့ ဂျစ်တူးရဲ့ ခေါင်းလေးကို ခပ်ဖွဖွ ပွတ်ပေးပြီး နာကျင်မှုတွေ ဖြေဖျောက်လိုက်သည် ။
" အင်း !!!! ကိုကိုး!!!!! "
အလန့်တကြား ထ အော်သော ဂျစ်တူးရယ်ပါ ။
" လန့်လိုက်တာ ဂျစ်တူးရယ် ဘယ့်နှယ့် ထ အော်တာတုန်း "
" ကိုကိုး မရှိတော့ဘူးလားလို့ "
" ကိုယ်က ဘယ်သွားရမှာတုန်း ဂျစ်တူးနားပဲရှိတာပေါ့ "
" အင်းပါ လန့်သွားတာ "
မ ထ သေးဘဲ ပြန်ပြီး ခေါင်းလှဲကာ မှေးနေပြန်သည် ။
" ကိုကိုး "
" ဗျာ "
" ကျုပ်ကိုစိတ်မဆိုးဘူးမလား "
" ဘာလို့စိတ်ဆိုးရမှာလဲ ဂျစ်တူးရဲ့ "
" ကျုပ်က ကိုကိုးနဲ့အဝေးကြီးကို ထွက်ပြေးလာတဲ့အပြင် ကိုကိုးကို ပင်ပန်းရအောင်လုပ်တယ် "
" ကိုယ် ပင်ပန်းရမယ်မှန်းသိရင် နောက်မလုပ်ရင် ရပါပြီ ဂျစ်တူးရဲ့ ကိုယ်က ဂျစ်တူးကို နည်းနည်းလေးမှာ စိတ်လဲမဆိုးဘူး အပြစ်လဲမတင်ဘူး ဘယ်တော့မှ "
" အဲ့လိုကျ တမျိုးကြီးရယ် ကိုကိုးဆူလိုက်တာမှကောင်းဦးမယ် "
" မဆူနိုင်ပါဘူးဗျာ ဘာမှ တမျိုးကြီးမနေနဲ့ ရေချိုး ရွာပြန်ရအောင် "
" ခဏနေဦးမယ် ဟိုကောင်တွေအရင်ချိုးပစေ "
" ဟုတ်ပါပြီ "
မဟာ့ ရင်ဘတ်နားကို သူ့ခေါင်းနဲ့ပွတ်ပြီး ကြောင်ပေါက်လေးတွေလို ချွဲနေသည် ။ ဒီကလေးကို သူအများကြီး ထိန်းရမှာပဲ ။ ကိုကိုး ဆိုတာနဲ့အရည်ပျော်သွားတတ်တဲ့သူနဲ့ ဒီငဂျစ်နဲ့ရှေ့ဆက်ပြီး တော်တော်ကို လှလှပပကြီး ခရီးဆက်ရဦးမည်
" ငအောင်ရေ ကျုပ်ပြန်ပြီ "
" ပြန်ပါဗျာ ပြန်ပါ အပိုတွေလျှောက်မတွေးပါနဲ့ ဒါ့ထက် ဒီက အကိုက အထွန်းရဲ့ ..."
" ဟုတ်တယ် ဒါ ကျုပ် ကိုကိုး "
" တွေ့ရတာဝမ်းသာတယ်ဗျာ အေးရွာကိုတာဝန်ကျတဲ့ ဆရာဝန် ဆို "
" ဟုတ်တယ် မဟာအာကာ ပါ "
" အောင်အောင်ပါ "
လက်ဆွဲနှုတ်ဆက်လိုက်ပြီးမှ
" ဂျစ်တူးကို သေချာလေး ခေါ်ထားပေးလို့ ကျေးဇူးပါ "
" ရပါတယ်ဗျာ ဒီကောင်တစ်ခုခုဖြစ်လာမှန်းသိလို့ အိမ်ကို လှမ်းပြောလိုက်တာ "
" ဟုတ်ကဲ့ "
" သွားပြီ ဟေ့ကောင် ရွာပြန်လာဦး "
" အေးအေး "
ဂျစ်တူးက သူ့သူငယ်ချင်းတွေနဲ့ရှေ့ကထွက်သွားပြီး မဟာ လဲ သွားမည်ပြုစဉ်
" ကိုမဟာအာကာ "
အောင်အောင် က လှမ်းခေါ်သဖြင့် မဟာ လှည့်ကြည့်မိသည်
" အထွန်း နဲ့ကျုပ် ငယ်ငယ်ထဲက သိလာတာဗျ သူ့မိသားစုက လွဲရင် တခြားသူစိမ်းကို ခင်တွယ်တာ ဒါပထမဆုံးမြင်ဖူးတာပဲ သူ့ကိုစောင့်ရှောက်ပေးပါ သူ့မှာ ဒဏ်ရာတွေအများကြီးရှိပြီးသားမို့ ထပ်မမေးပါနဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ပြောပြတာပါ "
" ကျေးဇူးတင်ပါတယ်အောင်အောင် ကိုယ် မှတ်ထားပါ့မယ် "
မှော်ထဲကနေထွက်ပြီး ကားစီးကာ ပြန်လာတော့ ဂျစ်တူးက ထုံးစံအတိုင်းပေါ့ ။ ကားပေါ်ရောင်းသမျှဈေးသည်တိုင်း ဝယ်စားသည် ။ တစ်ခုပြီးတစ်ခု ။
" ဟေ့ကောင် အထွန်း မင်းအလာတုန်းကလဲ အဲ့လိုပဲစားနေတာလား "
" လာတုန်းကတော့ မစားနိုင်ဘူးကွ ဝမ်းနည်းနေတာ "
" အေ့ မင့်ကရုတ်တရက်ကြီး ဘောက်မယ့်ကြောင့် ပိုက်ဆံကရှာချင်သွားရတာတုန်း "
ဂျစ်တူး က မဟာ့ကို လှမ်းကြည့်သည် ။ ပြီးမှ
" အိမ်ထောင်ပြုမလို့ကွ "
" ဟမ် အိမ်ထောင်ပြုမယ် မင့်ကိုဘယ်သူက ယူမှာတုန်း "
" ခွေးကောင် ကျုပ်ကို ယူမယ့်သူရှိပါ့ အသေရရ အရှင်ရရ ယူမှာတဲ့ သိလား "
" ဝေါ့ အသေကြီးကို ဘာလုပ်ရမှာတုန်း မင့်ကြည့်ရတာ စားကောင်းမယ့်ပုံလဲ မပေါ်ဘဲနဲ့ "
" ဘောကို စားမကောင်းတာလား "
" အဲ့တာကတော့ စားကောင်းမလားကွ "
" ဟာ ပြောလေ ညစ်ပတ်လေ ခွေးကောင် မင်း ကျုပ်နဲ့ တွေ့မယ် "
ထိုင်နေရာကနေ တစ်ခုံကျော် က ငြိမ်းချမ်းကို လှမ်းပြီး ရိုက်လေတော့သည် ။
" ခွေးကောင် မဟုတ်မဟတ်တွေ သိပ်ပြောနေတယ် ဆရာလေး ရှိတာကို ညစ်တီးညစ်ပတ် ဖလမ စပကြီး ဝုန်း "
" ဟားးးး ခွေးကျ ကျ တယ် ဆိုတာ အဲ့တာကွ "
ခုံကြားထဲကို ဝုန်းခနဲ ပြုတ်ကျသွားတဲ့ ဂျစ်တူး ။ ခုံတွေက သိပ်မခြားတော့ လက်ထဲမှာ နေကြာစေ့ထုပ်ကိုင်လျက် ခွေခွေလေး ခုံကြားထဲမှာ ။ မဟာ ရီချင်စိတ်ကို ထိန်းပြီး ချီထုတ်ရသေးသည် ။
" ခွေးကောင် မင်းကြောင့် ကျုပ် ပြုတ်ကျတာ နာသွားပြီ မသာရဲ့ မျိုးမစစ်ကောင် "
" ဂျစ်တူး တော်ပြီ "
" ကိုကိုး သူက အရင် ကျုပ်ကို စ .... "
မဟာ ကြည့်နေတာကြောင့် စကားတွေပြန်မြိုချကာ နေကြာစေ့ကို ထိုင်စားရင်း တစ်ခုံကျော်က ပြောင်ပြနေတဲ့ ငြိမ်းချမ်းကို မျက်စောင်းခဲကာ ပွစိပွစိ လုပ်နေသေးသည် ။
မဟာ က ဂျစ်တူး ကျောမှာပေနေတဲ့ဖုန်တွေခါပေးရင်း ခေါင်းခါမိသည် ။ တကယ့်ကို ကလေးလေးပါကွာ ။
ဒီလိုနဲ့ပဲ ရွာ ကို ပြန်ရောက်လာပြီး ရွာထဲ ဝင်ကတည်းက မဟာ့လက်မောင်းကို တွဲထားတာကို မဖြုတ် ။ သူ့အဖေကို ကြောက်နေတာ ဖြစ်ရမည် ။
ဝိုင်းထဲဝင်တော့ ခုံပေါ်မှာ အခန့်သားထိုင်စောင့်နေတဲ့ ဦးထွန်းညိုက အထွန်း ကို မြင်တာနဲ့ ဝါးလုံးတစ်လုံးဆွဲကာ လိုက် ရိုက်တော့သည် ။
" ခွေးကောင် မင်း ဒီကို လာစမ်း "
" လာစရာလား အဘရဲ့ လာရင် အရိုက်ခံရမှာပေါ့ "
" တင်မောင်ထွန်းညို လာစမ်း "
" မလာဘူး ကိုကိုး လုပ်ဦး "
" ဟို ဦးရယ် အထွန်းလဲပြန်ရောက်ပြီပဲကို တော်ပါတော့ "
မဟာ့ကို အလယ်မှာထားကာ သားဖနှစ်ယောက် ပတ်ပြေးနေခြင်းပင် ။
" မင်းတော့နော် တစ်ချက်တော့အရိုက်ခံရမယ် ဟေ့ကောင် လာစမ်း "
" ကဲ ကိုထွန်းညို ဘယ့်နှယ်ဖြစ်နေတာတုန်း ကျုပ်သားက ပြန်ထွက်သွားဦးမယ် "
" တော်စမ်း မရွှေ ဒီကောင်ကလေ လွှတ်ထားလို့ ဇောင်းကြွနေတာ ဒီနေ့အပြတ်ရှင်းရမယ် ဒီကောင်နဲ့ ဖအေ မအေကို စိတ်ဆင်းရဲအောင် အမြဲလုပ်နေတာ "
" အဘကလဲ ကျုပ်ကပိုက်ဆံသွားရှာတာပါဆို "
" မင့်က တော်တော်မွဲပြာကျနေလို့လားဟမ် အဲ့လိုနေရာထိ ပိုက်ဆံရှာရအောင် မင့်က ဘာတွေလိုနေလို့လဲ ဟမ် "
" အဘ တော်ပါတော့ဆို "
ဦးထွန်းညို က ခုံမှာ ပြန်ဝင်ထိုင်တော့မှ အတင်း ကျွန်တော့်ပေါ်ဖက်တက်နေသည့် ဂျစ်တူး လဲ ငြိမ်ငြိမ်နေတော့သည် ။
" မင့်ကိုလေ ငါ တစ်ခုခုလုပ်ရမှ ဖြစ်မယ် "
လက်ဖြောင့်တဲ့ ဦးထွန်းညိုရဲ့ အကြမ်းပန်းကန်လုံးပျံ သိုင်းကွက်တွေ ထွက်လာလေပြီ ။ အကြမ်းပန်းကန်တစ်လုံးက အထွန်း မျက်နှာဆီ တည့်တည့် မတ်မတ် ။
ဂွက် ။
အသံသာကြားရပြီး ဘာမှမဖြစ်တာကြောင့် အထွန်း မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကြည့်တော့ ကိုကိုး ။ ကိုကိုးနဖူးမှာ ကွဲပြီး သွေးလေးတွေတောင် ထွက်လာပြီ ။
" ကိုကိုး ရရဲ့လား "
" ဂျစ်တူး ဘာမှမဖြစ်ရင် ကိုယ်က ရတယ် "
" ဆရာလေး ကန်တော့ကန်တော့ ကျုပ် ဟိုကောင့်ကို ပစ်တာ ဘာလို့ ဝင် ခံတာတုန်းဗျ "
" အထွန်း ထိမှာဆိုးလို့ပါ စိတ်အေးအေးထားပါ ဦးရဲ့ အထွန်း ကို အပြစ်မတင်ပါနဲ့တော့ သူက ကလေးပဲရှိသေးတော့ သူမှန်တယ်ထင်တာ သူလုပ်လိုက်တာပါ အခုလဲ သူသိနေပါပြီ ကျွန်တော် ပြောပြထားပါတယ် "
" အေ့လေ တော်ကလဲ တော်ပါတော့ဆို "
" မင့်နော် မင့် ဆရာလေးကြောင့်ငါစိတ်လျှော့လိုက်မယ် "
" ဂျစ်တူး သွား ရေချိုးပြီး နားလိုက်နော် ညမှ ကိုယ့်ဆီ ခဏလာခဲ့ "
" ဟုတ် ကိုကိုး "
သူ့အဖေကို ကွက်ကြည့်ကွက်ကြည့်နဲ့ အပေါ်ထပ်ကို တစ်ချိုးတည်းပြေးတက်သွားလေရဲ့ ။
" ကျွန်တော် ပြန်လိုက်ပါဦးမယ် ဗျ "
" ဟုတ်ကဲ့ ဆရာလေး ဆရာလေးကို တကယ် ကျေးဇူးတင်ပါတယ် အချိန်တန်အိမ်ပြန်ရမယ့် ဧည့်သည်ပေမယ့်လို့ ကျုပ်တို့သားကို ညီလေးတစ်ယောက်လို စောင့်ရှောက်ပေးလို့ "
ဦးထွန်းညိုရဲ့အကြည့်နဲ့စကားမှာ ဘာတွေပါလဲ မဟာ ကောင်းကောင်းကြီး သိပါသည် ။ သို့ပေမယ့် ပြန်ပြုံးပြရင်း
" ရပါတယ် ဗျ "
အထွန်းတို့ဝိုင်းကို ကျောခိုင်းလိုက်စဉ် မဟာ တွေးလိုက်မိသည်က တစ်ခုတည်း ။
ကလေးကို ခက်ခဲတဲ့လမ်းတွေလျှောက်ခိုင်းဖို့အတွက် သူပခုံးကောင်းဖို့ လိုသည် ဆိုတာပင် ။
မဟာ အိမ်ပြန်ရောက်တော့ ကိုလင်း က ခုံမှာထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေသည် ။
" ဘယ်လိုလဲ မဟာ အထွန်း အဆင်ပြေရဲ့လား "
" ဟုတ် ပြေတယ် ကိုလင်း အိမ်ကိုပို့ခဲ့လိုက်ပြီ "
" ပင်ပန်းနေမှာသိပေမယ့် ထိုင်ပါဦး "
" ဟုတ် ကိုလင်း "
" မဟာ က သိပ်ကို တော်တဲ့ကလေးပါ ကျောင်းစာမှာပါမက ဘယ်နေရာမှာ အစုံ ဘက်စုံ ထူးချွန်တဲ့ကလေးတစ်ယောက်ဆိုတာ အကို ငယ်ငယ်ထဲက သိခဲ့ပါတယ် ဒါပေမယ့်ကွာ အချစ်တစ်ခုကိုတော့ ဘုရားလို ကိုးကွယ်နေတာက မဟာ့အတွက် ပျက်ဆီးခြင်းလမ်းစ ဖြစ်သွားနိုင်တယ် ဆိုတာ မဟာ သိမှာပါ "
" ကျွန်တော်ကလား ကျွန်တော်အချစ်ကို ဘုရားလိုမကိုးကွယ်ပါဘူး ကိုလင်း "
" အခု မဟာ လုပ်နေတာ ..... "
" ကျွန်တော်က အထွန်းကိုပဲ နတ်ဘုရားတစ်ဆူလို ကိုးကွယ်တာပါ "
" မဟာ စာလုံးလှလှလေးတွေ ၊ စိတ်ကူးလှလှလေးတွေဆိုတာကလေ ခဏတာပဲကောင်းတာနော် "
" တစ်ဘဝစာကောင်းအောင် ပုံဖော်ပေးနိုင်တဲ့ လက်တစ်စုံကို ကျွန်တော် တွဲထားပြီးသားပါ "
" မဟာ အကို မဟာနဲ့စကားရည်လုနေတာမဟုတ်သလိုကျောင်းတုန်းကလို တစ်ထောင့်တစ်ညပုံပြင်ကို ဝတ္ထုတစ်ပုဒ်ကို လှလှလေး အသက်သွင်းနေတာမဟုတ်ဘူးနော် "
" ကျွန်တော်နဲ့အထွန်းအကြောင်းက ပုံပြင်မဟုတ်ဘူး ကိုလင်း စကားလုံးလှလှလေးတွေနဲ့ စီခြယ်ထားတဲ့ ဝတ္ထုတစ်ပုဒ်လဲမဟုတ်ဘူး လက်တွေ့ဘဝရဲ့ အရာရာ ပါတဲ့ ဖြစ်ရပ်မှန်တစ်ခုပါ "
" သိပ်ကိုစစ်မှန်ပါတယ် ဆိုတဲ့ အချစ်ဇာတ်လမ်းတွေရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်တတ်လဲ မဟာ သိပါတယ် ရိုမီယိုနဲ့ဂျူးလိယက် ပုံပြင်မှာဆိုရင် "
" ကိုလင်းရာ ကျွန်တော်လဲ သိတယ် ကိုလင်းလဲ သိတယ် ရိုမီယို က ဂျူးလိယက်ကို တကယ်ရော ချစ်လို့လားဆိုတာ ပြီးတော့ လူတိုင်းက ကြီးကျယ်ခမ်းနားပါတယ်ဆိုတဲ့ သူတို့အချစ်က ၃ ရက်ပဲ ကြာခဲ့တယ်ဆိုတာကိုရော "
မဟာ ကိုလင်းရဲ့ အဖြေကို မစောင့်ဘဲ အခန်းထဲ ဝင်လာလိုက်တယ် ။ သူတို့အကြောင်းကို ဘယ်ဇာတ်လမ်းနဲ့မှ နှိုင်းယှဉ်စရာမလိုပါဘူး ။ သူတို့အကြောင်းက ဒဏ္ဌာရီလဲမဟုတ် ပုံပြင်ပဲမဟုတ်ဘူး ။ ဒီတိုင်းလေး ဒီတိုင်းအရမ်းရိုးရှင်းလွန်းတဲ့ ဘဝတစ်ခုကို အတူတူ တည်ဆောက်မယ့် ယောကျာ်းလေးနှစ်ယောက်အချစ်ပါပဲ ။
ညနေ ၆ နာရီကျော်လောက် ခြံရှေ့က အသံကြားရပါလေရော ။
" ကိုကိုးရေ ကိုကိုး "
မဟာ အမြန်ထွက်လာပေမယ့် ကိုလင်း က တံခါးဖွင့်ပေးနှင့်ပြီး အထွန်း က အိမ်ပေါ်တက်လာပြီ ။
" ဂျစ်တူး ထိုင် "
" ဟုတ် ဆရာလင်းရော ထိုင်လေ ကျုပ် ဟင်းချက်လာတယ်ဗျ "
" အင်း "
သုံးယောက်သားထိုင်ပြီး အထွန်း က ဟင်းဗူးတွေ ချကာ ကိုလင်း ကို ကြည့်နေသည် ။
" ဆရာလင်း ဆရာလင်းက ကျုပ်နဲ့ ကိုကိုး ဆက်ဆံရေးကို မကြိုက်ဘူးလားဟင် "
" ဂျစ်တူး !!! "
" ကျုပ် သိချင်လို့ပါ ကိုကိုး "
မဟာလဲ ဝင်မပြောဘဲ ငြိမ်နေလိုက်သည် ။
" ဟုတ်လား ဆရာလင်းက ကျုပ်ကိုပဲမကြိုက်တာလား ဒါမှမဟုတ် ယောကျာ်းလေးချင်းကြိုက်တာကို မကြိုက်တာလား ကျုပ်သိချင်လို့ "
" အကိုက ယောကျာ်းလေးချင်းကြိုက်တာကို လက်မခံရအောင် ရှေးရိုးမစွဲပါဘူး အထွန်းဖြစ်နေလို့ မကြိုက်တာလဲမဟုတ်ဘူး အဓိက က လူကြီးတွေကြောင့်ပါ မဟာ့မိဘကလဲ လက်မခံပေးနိုင်သလို အထွန်း မိဘကလဲ လက်ခံမှာမဟုတ်ဘူး အဲ့တော့ အဆုံးသတ်ကျရင် နာကျင်ရမှာ အထွန်း တို့ နှစ်ယောက်ပဲဖြစ်လိမ့်မယ် "
" ကျုပ် အဘ နဲ့ အမ သဘောမတူဘူးလို့ဘာလို့ပြောနိုင်တာလဲ "
" အထွန်းရယ် အကိုက လူပေါင်းမျိုးစုံ နေရာဒေသမျိုးစုံသွားခဲ့ပြီး အသက်အရွယ်က ၃၀ ကျော်နေပါပြီ လူတစ်ယောက်ကိုကြည့်တာနဲ့ ဘာလဲဆိုတာ တန်းပြောနိုင်တယ် "
" အဲ့တာဆို ကျုပ် ဘာလုပ်ရမလဲ "
" အဲ့တာကြောင့် ဘာမှဖြစ်မလာခင်ကတည်းက တားနေတာပေါ့ ဒါပေမယ့် မဟာက သိပ်ကိုခေါင်းမာတယ် အခုဆို မဟာ့မှာ ပိုင်ဆိုင်တာ ဘာမှမရှိတော့ဘူး "
အထွန်းက ကျွန်တော့်ကို နားမလည်နိုင်စွာ လှမ်းကြည့်သည်
" ကိုကိုး ဆရာလင်းပြောတာ ဘာအဓိပ္ပာယ်လဲ "
" ဘာမှမဟုတ်ပါဘူး ကိုလင်းက စကားအဖြစ်ပြောတာပါ "
" မဟာ ပြောပြသင့်တယ် အတူတူရင်ဆိုင်ကြမယ်လို့ ဆုံးဖြတ်ထားရင်ပေါ့ "
" ကိုလင်း !!!! "
" ဆရာလင်း ပဲ ပြောပြပါ "
" မဟာ့မိဘတွေက မဟာပိုင်ဆိုင်သမျှ အကုန်လုံးကို သူတို့ထိန်းချုပ်မှုအောက်ကို လွှဲယူလိုက်ပြီ မဟာ့မှာ ဘာမှမကျန်ဘူး လက်ရှိ သူက ပရဟိတ ဆရာဝန်ဆိုတော့ ဝင်ငွေရယ်လို့လဲမရှိဘူး သူပိုင်တဲ့ အိမ် ၊ ကား ၊ ရှယ်ယာ ၊ ဘဏ်ထဲကပိုက်ဆံ အကုန်လုံးပဲ "
" ကိုကိုး "
" မဟုတ်ပါဘူး ဂျစ်တူးရယ် ကိုယ့်မှာ အရမ်းအရမ်းတန်ဖိုးရှိတဲ့အရာ ကျန်ခဲ့သေးတယ် "
" ဘာကြီးလဲ "
" တင်မောင်ထွန်းညို ပေါ့ "
" ကိုကိုးကလဲ အကောင်းပြောနေတာကို "
" ကိုယ်လဲ အကောင်းပြောနေတာပဲ "
" ကဲ မျက်စိရှေ့မှာ ကဲကဲသည်းသည်းမလုပ်ပြနဲ့နော် "
" ဟီးးး "
" မဟာ အခု ဘာလုပ်ဖို့စဉ်းစားထားလဲ "
" အထွန်းမိဘတွေကိုဖွင့်ပြောပြီး အထွန်းနဲ့လက်ထပ်မယ် "
" အရမ်းမိုက်မဲရာကျတယ်နော် အဲ့တာက "
" အဲ့တာဆို ကျွန်တော်က ဘာလုပ်ရမှာလဲ "
" လက်မထပ်ပါနဲ့ဦး ဦးနဲ့အန်တီ့ကို နည်းနည်းပြောကြည့်ပါဦးလား တဖြေးဖြေးချင်းလက်ခံလာအောင်ပေါ့ "
" လက်ခံချင်ရင် အစထဲက လက်ခံလိုက်ပြီပေါ့ ကိုလင်း "
" ဒါပေမယ့် အရင်ကြိုးစားကြည့်ပါ ဦးလေး မသိသေးဘူးထင်တယ် "
" ကျွန်တော်ထပ်ပြီး အထွန်း ကို စော်ကားတာတွေ မခံနိုင်ဘူးဗျ "
" အကိုပြောတာ နားထောင်ပါ မဟာ "
" ဟုတ် ကိုလင်း ကျွန်တော်ကြိုးစားကြည့်လိုက်ပါမယ် "
" အင်းပါ အဲ့တာဆိုလဲ အေးဆေးနေကြဦး "
ကိုလင်း က အခန်းထဲ ဝင်သွားလေရဲ့ ။
" ကိုကိုး တကယ်လို့ ကိုကိုးအဖေကပါ သဘောမတူရင် ဘယ်လိုလုပ်မလဲ "
" ခိုးပြေးမယ်လေ "
" တကယ်လား "
" တကယ်ပေါ့ ကိုယ့်အဖိုးတန်လေးကို ခိုးပြီး ခြေဦးတည့်ရာပေါ့ "
" ကိုကိုး အတည်ပြော "
" အတည်ပြောနေတာပဲလေ "
" ကျုပ်မှာ စု ထားတဲ့ပိုက်ဆံရှိတယ် အဲ့တာကို ကိုကိုးကို လာအပ်ထားမယ် "
" ဟုတ်ပါပြီ ပြီးတော့ ကိုယ့်မှာ ပိုက်ဆံရှိပါတယ် ကိုယ်ကအမြဲတမ်း မိဘချုပ်ခြယ်မှုကိုခံနေတဲ့ ၁၆ နှစ်သားမှ မဟုတ်တာ ကိုယ့်အသက် ၂၆ နှစ်ရှိပြီ ကိုယ့်မှာ အပြင်အလုပ်တွေလဲရှိတယ် ကိုယ်ပိုင်ပိုက်ဆံလဲရှိတယ် ဂျစ်တူး ဘာမှကြောက်စရာမလိုဘူး "
" ကျုပ်က မကြောက်ဘူးရယ် ကိုကိုးမရှိမှာလွဲရင် မိုးရွာတာကိုတောင် မကြောက်တော့ဘူး "
" ဟုတ်ပါပြီ ကိုယ်တို့ အမြဲတမ်း အတူတူရှိမယ်နော် "
" အဟုတ် "
ထိုင်ခုံတစ်ခုံဆီမှာ ထိုင်နေပေမယ့် တွဲထားတဲ့ လက်နှစ်စုံနဲ့ ထိကပ်နေတဲ့ လက်စွပ်လေးနှစ်ကွင်း ။
တဖြေးဖြေးချင်း နှုတ်ခမ်းလေးနှစ်ခု နီးကပ်နေပြီး ထိ ကပ် ဆဲ လုလု
" ဆရာလေးတို့ရေ ဆရာလေးတို့ရေ ...... "
" ကျစ် ဘာတုန်းကွာ "
ခြံရှေ့ကနေအသံပြဲနဲ့အော်သံကြောင့် ထွက်ကြည့်တော့ ရွာသားတစ်ယောက် နောက်မှာလဲ ထမ်းဆင်နဲ့ လူတစ်ယောက်ပါလာသေးသည် ။
" ကဲ ဘာဖြစ်လာကြတာတုန်း လာလာ "
မဟာက လူနာကိုရော တခြားသူတွေပါ အိမ်ပေါ်ခေါ်လိုက်သည် ။ ကိုလင်း လဲ အခန်းထဲကနေ ထွက်လာသည် ။
" ကဲ ဘာဖြစ်တာတုန်း "
" မနက်က တောထဲမှာ ဆူးပင်နဲ့ထိလာတာဗျ အဲ့တာ တစ်ညနေလုံး ယာရွက်ကြိတ်ပြီး လိမ်းနေတာ အကောင်းဗျ အခုမှ အဖျားတွေတက်လာပြီး ယောင်နေတယ် "
" ဪ အဲ့တာဆိုလဲ အဆုံးထိ အဲ့အရွက်နဲ့ပဲကုပါလားဟမ် ဘာလို့လာသေးလဲ စ ဖြစ်ကတည်းက လာတော့ ကောင်းသွားမှာဆိုးလို့လား ဘယ်သူက အဲ့အရွက်နဲ့လုပ်ရင်ပျောက်တယ်သင်ပေးလိုက်လဲ ဟမ် အဲ့အရွက်သာ အဲ့လောက်ကောင်းရင် ကျုပ်အထုပ်သိမ်းပြီး ရန်ကုန်သာ ပြန်လိုက်တော့မယ် ဟုတ်ပြီလား "
နေပါဦး အခု မြင်နေရတာ ကိုကိုးလား ။ ကိုကိုးက ကြောက်စရာကြီး ။ လေသံကလဲ မာလိုက်တာ ။
" ဂျစ်တူး ကိုယ့်ကို ရေတစ်ခွက်လောက်ခပ်ပေး "
" ဟုတ် ဟုတ် "
ကိုကိုး အသံပြောင်းသွားပြီ ။ အထွန်းလဲ ရေတစ်ခွက်ခပ်ပြီး ဘေးနားချပေးကာ အပေါက်ဝလေးနား ရပ်ပြီး ကြည့်နေသည် ။
" မဟာ့ကို အံ့ဩနေတာလား မဟာကအဲ့လိုပဲ ဆေးမြီးတိုတွေနဲ့လျှောက်ကုပြီး အခြေအနေဆိုးနေတာတွေ တွေ့ရင် စိတ်ဆိုးတတ်တယ် "
" အသံကလဲ ကြောက်စရာကြီး "
" ဟုတ်တယ် အထွန်း က မဟာ စိတ်တိုတာ မတွေ့ဖူးသေးလို့ပါ မဟာက စိတ်တိုရင် တခြားသူတစ်ယောက်လိုပြောင်းသွားတတ်တာ "
" ဟိုတနေ့ကလိုလား "
" ဟိုတနေ့က မဟာ စိတ်မတိုသေးပါဘူး ဒေါသနည်းနည်းထွက်ရုံပဲရှိသေးတာ ဒါပေမယ့် စိတ်မပူပါနဲ့ မဟာက ဘယ်လောက်စိတ်ဆိုးဆိုး အထွန်း ကိုတော့ အဲ့လိုပုံစံ ပြမှာမဟုတ်ပါဘူး "
ကိုကိုး ကို ကြည့်မိတော့ ရွာသားတွေကို လေသံမာမာနဲ့ပင် ဆေးတိုက်ဖို့မှာနေပြီး လက်ကလဲ ပတ်တီးကို သေသေချာချာစည်းပေးနေသည် ။ မျက်နှာထားက တကယ်ကို တင်းမာနေပြီး နားထင်နားမှာလဲ ချွေးတွေစို့နေသည် ။
" ကိုကိုး က တကယ့်ကို ပြီးပြည့်စုံတဲ့ လူတစ်ယောက်ပဲ "
[ ဒီနေ့ စောစောတင်လိုက်ပါပြီ အရေးအသားလိုအပ်ချက်တွေရှိရင် အားမနာတမ်း ပြောပါနော် ]
Please Vote 💚
မနက္မိုးလင္းေတာ့ မ်က္လုံးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရတာ တာလပတ္အစိမ္းေရာင္ႀကီး ။ တဲေလးကို ေသေသခ်ာခ်ာအမိုးအကာ နဲ႔ မဟုတ္ဘဲ တာလပတ္ႀကီးနဲ႔ပဲ မိုးထားတာ ။ အိပ္ရာခင္းမရွိ ဒီအတိုင္း ဝါးေပၚေက်ာခင္းၿပီး အိပ္ရတာ ။ မဟာ ႏိုးလာေပမယ့္ လႈပ္မရ ။ ကိုယ္ေပၚက ဂ်စ္တူး ႏိုးသြားမွာဆိုးလို႔ေလ ။ ဂ်စ္တူး က ညက အိပ္ေနရင္းနဲ႔ ေက်ာနာတယ္ဟုဆိုတာ သူ့ေပၚတက္အိပ္ေနျခင္းပင္ ။ ဒါနဲ႔မ်ားသူက ဒီမွာအလုပ္လုပ္ဦးမည္တဲ့ေလ ။ တကယ့္ ငဂ်စ္ပဲ ။
မဟာ လႈပ္ေတာင္ မလႈပ္ႏိုင္ေအာင္ ေက်ာေတြနာေနသည္ ။ တစ္ခါမွ ဝါးအခင္းမွာ ဒီတိုင္းမအိပ္ဖူးဘူး ။ အခုက ကိုယ္ေပၚမွာလဲ ဂ်စ္တူး က တက္အိပ္ေနေသးေတာ့ ပိုဆိုး ။ ရင္ဘတ္နားမွာ ေရာက္ေနတဲ့ ဂ်စ္တူးရဲ႕ ေခါင္းေလးကို ခပ္ဖြဖြ ပြတ္ေပးၿပီး နာက်င္မႈေတြ ေျဖေဖ်ာက္လိုက္သည္ ။
" အင္း !!!! ကိုကိုး!!!!! "
အလန္႔တၾကား ထ ေအာ္ေသာ ဂ်စ္တူးရယ္ပါ ။
" လန္႔လိုက္တာ ဂ်စ္တူးရယ္ ဘယ့္ႏွယ့္ ထ ေအာ္တာတုန္း "
" ကိုကိုး မရွိေတာ့ဘူးလားလို႔ "
" ကိုယ္က ဘယ္သြားရမွာတုန္း ဂ်စ္တူးနားပဲရွိတာေပါ႔ "
" အင္းပါ လန္႔သြားတာ "
မ ထ ေသးဘဲ ျပန္ၿပီး ေခါင္းလွဲကာ ေမွးေနျပန္သည္ ။
" ကိုကိုး "
" ဗ်ာ "
" က်ဳပ္ကိုစိတ္မဆိုးဘူးမလား "
" ဘာလို႔စိတ္ဆိုးရမွာလဲ ဂ်စ္တူးရဲ႕ "
" က်ဳပ္က ကိုကိုးနဲ႔အေဝးႀကီးကို ထြက္ေျပးလာတဲ့အျပင္ ကိုကိုးကို ပင္ပန္းရေအာင္လုပ္တယ္ "
" ကိုယ္ ပင္ပန္းရမယ္မွန္းသိရင္ ေနာက္မလုပ္ရင္ ရပါၿပီ ဂ်စ္တူးရဲ႕ ကိုယ္က ဂ်စ္တူးကို နည္းနည္းေလးမွာ စိတ္လဲမဆိုးဘူး အျပစ္လဲမတင္ဘူး ဘယ္ေတာ့မွ "
" အဲ့လိုက် တမ်ိဳးႀကီးရယ္ ကိုကိုးဆူလိုက္တာမွေကာင္းဦးမယ္ "
" မဆူႏိုင္ပါဘူးဗ်ာ ဘာမွ တမ်ိဳးႀကီးမေနနဲ႔ ေရခ်ိဳး ရြာျပန္ရေအာင္ "
" ခဏေနဦးမယ္ ဟိုေကာင္ေတြအရင္ခ်ိဳးပေစ "
" ဟုတ္ပါၿပီ "
မဟာ့ ရင္ဘတ္နားကို သူ့ေခါင္းနဲ႔ပြတ္ၿပီး ေၾကာင္ေပါက္ေလးေတြလို ခြၽဲေနသည္ ။ ဒီကေလးကို သူအမ်ားႀကီး ထိန္းရမွာပဲ ။ ကိုကိုး ဆိုတာနဲ႔အရည္ေပ်ာ္သြားတတ္တဲ့သူနဲ႔ ဒီငဂ်စ္နဲ႔ေရွ႕ဆက္ၿပီး ေတာ္ေတာ္ကို လွလွပပႀကီး ခရီးဆက္ရဦးမည္
" ငေအာင္ေရ က်ဳပ္ျပန္ၿပီ "
" ျပန္ပါဗ်ာ ျပန္ပါ အပိုေတြေလွ်ာက္မေတြးပါနဲ႔ ဒါ႔ထက္ ဒီက အကိုက အထြန္းရဲ႕ ..."
" ဟုတ္တယ္ ဒါ က်ဳပ္ ကိုကိုး "
" ေတြ႕ရတာဝမ္းသာတယ္ဗ်ာ ေအးရြာကိုတာဝန္က်တဲ့ ဆရာဝန္ ဆို "
" ဟုတ္တယ္ မဟာအာကာ ပါ "
" ေအာင္ေအာင္ပါ "
လက္ဆြဲႏႈတ္ဆက္လိုက္ၿပီးမွ
" ဂ်စ္တူးကို ေသခ်ာေလး ေခၚထားေပးလို႔ ေက်းဇူးပါ "
" ရပါတယ္ဗ်ာ ဒီေကာင္တစ္ခုခုျဖစ္လာမွန္းသိလို႔ အိမ္ကို လွမ္းေျပာလိုက္တာ "
" ဟုတ္ကဲ့ "
" သြားၿပီ ေဟ့ေကာင္ ရြာျပန္လာဦး "
" ေအးေအး "
ဂ်စ္တူးက သူ့သူငယ္ခ်င္းေတြနဲ႔ေရွ႕ကထြက္သြားၿပီး မဟာ လဲ သြားမည္ျပဳစဉ္
" ကိုမဟာအာကာ "
ေအာင္ေအာင္ က လွမ္းေခၚသျဖင့္ မဟာ လွည့္ၾကည့္မိသည္
" အထြန္း နဲ႔က်ဳပ္ ငယ္ငယ္ထဲက သိလာတာဗ် သူ့မိသားစုက လြဲရင္ တျခားသူစိမ္းကို ခင္တြယ္တာ ဒါပထမဆုံးျမင္ဖူးတာပဲ သူ့ကိုေစာင့္ေရွာက္ေပးပါ သူ့မွာ ဒဏ္ရာေတြအမ်ားႀကီးရွိၿပီးသားမို႔ ထပ္မေမးပါနဲ႔ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ ေျပာျပတာပါ "
" ေက်းဇူးတင္ပါတယ္ေအာင္ေအာင္ ကိုယ္ မွတ္ထားပါ႔မယ္ "
ေမွာ္ထဲကေနထြက္ၿပီး ကားစီးကာ ျပန္လာေတာ့ ဂ်စ္တူးက ထုံးစံအတိုင္းေပါ႔ ။ ကားေပၚေရာင္းသမွ်ေဈးသည္တိုင္း ဝယ္စားသည္ ။ တစ္ခုၿပီးတစ္ခု ။
" ေဟ့ေကာင္ အထြန္း မင္းအလာတုန္းကလဲ အဲ့လိုပဲစားေနတာလား "
" လာတုန္းကေတာ့ မစားႏိုင္ဘူးကြ ဝမ္းနည္းေနတာ "
" ေအ့ မင့္က႐ုတ္တရက္ႀကီး ေဘာက္မယ့္ေၾကာင့္ ပိုက္ဆံကရွာခ်င္သြားရတာတုန္း "
ဂ်စ္တူး က မဟာ့ကို လွမ္းၾကည့္သည္ ။ ၿပီးမွ
" အိမ္ေထာင္ျပဳမလို႔ကြ "
" ဟမ္ အိမ္ေထာင္ျပဳမယ္ မင့္ကိုဘယ္သူက ယူမွာတုန္း "
" ေခြးေကာင္ က်ဳပ္ကို ယူမယ့္သူရွိပါ႔ အေသရရ အရွင္ရရ ယူမွာတဲ့ သိလား "
" ေဝါ႔ အေသႀကီးကို ဘာလုပ္ရမွာတုန္း မင့္ၾကည့္ရတာ စားေကာင္းမယ့္ပုံလဲ မေပၚဘဲနဲ႔ "
" ေဘာကို စားမေကာင္းတာလား "
" အဲ့တာကေတာ့ စားေကာင္းမလားကြ "
" ဟာ ေျပာေလ ညစ္ပတ္ေလ ေခြးေကာင္ မင္း က်ဳပ္နဲ႔ ေတြ႕မယ္ "
ထိုင္ေနရာကေန တစ္ခုံေက်ာ္ က ၿငိမ္းခ်မ္းကို လွမ္းၿပီး ႐ိုက္ေလေတာ့သည္ ။
" ေခြးေကာင္ မဟုတ္မဟတ္ေတြ သိပ္ေျပာေနတယ္ ဆရာေလး ရွိတာကို ညစ္တီးညစ္ပတ္ ဖလမ စပႀကီး ဝုန္း "
" ဟားးးး ေခြးက် က် တယ္ ဆိုတာ အဲ့တာကြ "
ခုံၾကားထဲကို ဝုန္းခနဲ ျပဳတ္က်သြားတဲ့ ဂ်စ္တူး ။ ခုံေတြက သိပ္မျခားေတာ့ လက္ထဲမွာ ေနၾကာေစ့ထုပ္ကိုင္လ်က္ ေခြေခြေလး ခုံၾကားထဲမွာ ။ မဟာ ရီခ်င္စိတ္ကို ထိန္းၿပီး ခ်ီထုတ္ရေသးသည္ ။
" ေခြးေကာင္ မင္းေၾကာင့္ က်ဳပ္ ျပဳတ္က်တာ နာသြားၿပီ မသာရဲ႕ မ်ိဳးမစစ္ေကာင္ "
" ဂ်စ္တူး ေတာ္ၿပီ "
" ကိုကိုး သူက အရင္ က်ဳပ္ကို စ .... "
မဟာ ၾကည့္ေနတာေၾကာင့္ စကားေတြျပန္ၿမိဳခ်ကာ ေနၾကာေစ့ကို ထိုင္စားရင္း တစ္ခုံေက်ာ္က ေျပာင္ျပေနတဲ့ ၿငိမ္းခ်မ္းကို မ်က္ေစာင္းခဲကာ ပြစိပြစိ လုပ္ေနေသးသည္ ။
မဟာ က ဂ်စ္တူး ေက်ာမွာေပေနတဲ့ဖုန္ေတြခါေပးရင္း ေခါင္းခါမိသည္ ။ တကယ့္ကို ကေလးေလးပါကြာ ။
ဒီလိုနဲ႔ပဲ ရြာ ကို ျပန္ေရာက္လာၿပီး ရြာထဲ ဝင္ကတည္းက မဟာ့လက္ေမာင္းကို တြဲထားတာကို မျဖဳတ္ ။ သူ့အေဖကို ေၾကာက္ေနတာ ျဖစ္ရမည္ ။
ဝိုင္းထဲဝင္ေတာ့ ခုံေပၚမွာ အခန္႔သားထိုင္ေစာင့္ေနတဲ့ ဦးထြန္းညိဳက အထြန္း ကို ျမင္တာနဲ႔ ဝါးလုံးတစ္လုံးဆြဲကာ လိုက္ ႐ိုက္ေတာ့သည္ ။
" ေခြးေကာင္ မင္း ဒီကို လာစမ္း "
" လာစရာလား အဘရဲ႕ လာရင္ အ႐ိုက္ခံရမွာေပါ႔ "
" တင္ေမာင္ထြန္းညိဳ လာစမ္း "
" မလာဘူး ကိုကိုး လုပ္ဦး "
" ဟို ဦးရယ္ အထြန္းလဲျပန္ေရာက္ၿပီပဲကို ေတာ္ပါေတာ့ "
မဟာ့ကို အလယ္မွာထားကာ သားဖႏွစ္ေယာက္ ပတ္ေျပးေနျခင္းပင္ ။
" မင္းေတာ့ေနာ္ တစ္ခ်က္ေတာ့အ႐ိုက္ခံရမယ္ ေဟ့ေကာင္ လာစမ္း "
" ကဲ ကိုထြန္းညိဳ ဘယ့္ႏွယ္ျဖစ္ေနတာတုန္း က်ဳပ္သားက ျပန္ထြက္သြားဦးမယ္ "
" ေတာ္စမ္း မေရႊ ဒီေကာင္ကေလ လႊတ္ထားလို႔ ေဇာင္းႂကြေနတာ ဒီေန႔အျပတ္ရွင္းရမယ္ ဒီေကာင္နဲ႔ ဖေအ မေအကို စိတ္ဆင္းရဲေအာင္ အၿမဲလုပ္ေနတာ "
" အဘကလဲ က်ဳပ္ကပိုက္ဆံသြားရွာတာပါဆို "
" မင့္က ေတာ္ေတာ္မြဲျပာက်ေနလို႔လားဟမ္ အဲ့လိုေနရာထိ ပိုက္ဆံရွာရေအာင္ မင့္က ဘာေတြလိုေနလို႔လဲ ဟမ္ "
" အဘ ေတာ္ပါေတာ့ဆို "
ဦးထြန္းညိဳ က ခုံမွာ ျပန္ဝင္ထိုင္ေတာ့မွ အတင္း ကြၽန္ေတာ့္ေပၚဖက္တက္ေနသည့္ ဂ်စ္တူး လဲ ၿငိမ္ၿငိမ္ေနေတာ့သည္ ။
" မင့္ကိုေလ ငါ တစ္ခုခုလုပ္ရမွ ျဖစ္မယ္ "
လက္ေျဖာင့္တဲ့ ဦးထြန္းညိဳရဲ႕ အၾကမ္းပန္းကန္လုံးပ်ံ သိုင္းကြက္ေတြ ထြက္လာေလၿပီ ။ အၾကမ္းပန္းကန္တစ္လုံးက အထြန္း မ်က္ႏွာဆီ တည့္တည့္ မတ္မတ္ ။
ဂြက္ ။
အသံသာၾကားရၿပီး ဘာမွမျဖစ္တာေၾကာင့္ အထြန္း မ်က္လုံးကို ေျဖးေျဖးခ်င္းဖြင့္ၾကည့္ေတာ့ ကိုကိုး ။ ကိုကိုးနဖူးမွာ ကြဲၿပီး ေသြးေလးေတြေတာင္ ထြက္လာၿပီ ။
" ကိုကိုး ရရဲ႕လား "
" ဂ်စ္တူး ဘာမွမျဖစ္ရင္ ကိုယ္က ရတယ္ "
" ဆရာေလး ကန္ေတာ့ကန္ေတာ့ က်ဳပ္ ဟိုေကာင့္ကို ပစ္တာ ဘာလို႔ ဝင္ ခံတာတုန္းဗ် "
" အထြန္း ထိမွာဆိုးလို႔ပါ စိတ္ေအးေအးထားပါ ဦးရဲ႕ အထြန္း ကို အျပစ္မတင္ပါနဲ႔ေတာ့ သူက ကေလးပဲရွိေသးေတာ့ သူမွန္တယ္ထင္တာ သူလုပ္လိုက္တာပါ အခုလဲ သူသိေနပါၿပီ ကြၽန္ေတာ္ ေျပာျပထားပါတယ္ "
" ေအ့ေလ ေတာ္ကလဲ ေတာ္ပါေတာ့ဆို "
" မင့္ေနာ္ မင့္ ဆရာေလးေၾကာင့္ငါစိတ္ေလွ်ာ့လိုက္မယ္ "
" ဂ်စ္တူး သြား ေရခ်ိဳးၿပီး နားလိုက္ေနာ္ ညမွ ကိုယ့္ဆီ ခဏလာခဲ့ "
" ဟုတ္ ကိုကိုး "
သူ့အေဖကို ကြက္ၾကည့္ကြက္ၾကည့္နဲ႔ အေပၚထပ္ကို တစ္ခ်ိဳးတည္းေျပးတက္သြားေလရဲ႕ ။
" ကြၽန္ေတာ္ ျပန္လိုက္ပါဦးမယ္ ဗ် "
" ဟုတ္ကဲ့ ဆရာေလး ဆရာေလးကို တကယ္ ေက်းဇူးတင္ပါတယ္ အခ်ိန္တန္အိမ္ျပန္ရမယ့္ ဧည့္သည္ေပမယ့္လို႔ က်ဳပ္တို႔သားကို ညီေလးတစ္ေယာက္လို ေစာင့္ေရွာက္ေပးလို႔ "
ဦးထြန္းညိဳရဲ႕အၾကည့္နဲ႔စကားမွာ ဘာေတြပါလဲ မဟာ ေကာင္းေကာင္းႀကီး သိပါသည္ ။ သို႔ေပမယ့္ ျပန္ၿပဳံးျပရင္း
" ရပါတယ္ ဗ် "
အထြန္းတို႔ဝိုင္းကို ေက်ာခိုင္းလိုက္စဉ္ မဟာ ေတြးလိုက္မိသည္က တစ္ခုတည္း ။
ကေလးကို ခက္ခဲတဲ့လမ္းေတြေလွ်ာက္ခိုင္းဖို႔အတြက္ သူပခုံးေကာင္းဖို႔ လိုသည္ ဆိုတာပင္ ။
မဟာ အိမ္ျပန္ေရာက္ေတာ့ ကိုလင္း က ခုံမွာထိုင္ကာ စာအုပ္တစ္အုပ္ကို ဖတ္ေနသည္ ။
" ဘယ္လိုလဲ မဟာ အထြန္း အဆင္ေျပရဲ႕လား "
" ဟုတ္ ေျပတယ္ ကိုလင္း အိမ္ကိုပို႔ခဲ့လိုက္ၿပီ "
" ပင္ပန္းေနမွာသိေပမယ့္ ထိုင္ပါဦး "
" ဟုတ္ ကိုလင္း "
" မဟာ က သိပ္ကို ေတာ္တဲ့ကေလးပါ ေက်ာင္းစာမွာပါမက ဘယ္ေနရာမွာ အစုံ ဘက္စုံ ထူးခြၽန္တဲ့ကေလးတစ္ေယာက္ဆိုတာ အကို ငယ္ငယ္ထဲက သိခဲ့ပါတယ္ ဒါေပမယ့္ကြာ အခ်စ္တစ္ခုကိုေတာ့ ဘုရားလို ကိုးကြယ္ေနတာက မဟာ့အတြက္ ပ်က္ဆီးျခင္းလမ္းစ ျဖစ္သြားႏိုင္တယ္ ဆိုတာ မဟာ သိမွာပါ "
" ကြၽန္ေတာ္ကလား ကြၽန္ေတာ္အခ်စ္ကို ဘုရားလိုမကိုးကြယ္ပါဘူး ကိုလင္း "
" အခု မဟာ လုပ္ေနတာ ..... "
" ကြၽန္ေတာ္က အထြန္းကိုပဲ နတ္ဘုရားတစ္ဆူလို ကိုးကြယ္တာပါ "
" မဟာ စာလုံးလွလွေလးေတြ ၊ စိတ္ကူးလွလွေလးေတြဆိုတာကေလ ခဏတာပဲေကာင္းတာေနာ္ "
" တစ္ဘဝစာေကာင္းေအာင္ ပုံေဖာ္ေပးႏိုင္တဲ့ လက္တစ္စုံကို ကြၽန္ေတာ္ တြဲထားၿပီးသားပါ "
" မဟာ အကို မဟာနဲ႔စကားရည္လုေနတာမဟုတ္သလိုေက်ာင္းတုန္းကလို တစ္ေထာင့္တစ္ညပုံျပင္ကို ဝတၳဳတစ္ပုဒ္ကို လွလွေလး အသက္သြင္းေနတာမဟုတ္ဘူးေနာ္ "
" ကြၽန္ေတာ္နဲ႔အထြန္းအေၾကာင္းက ပုံျပင္မဟုတ္ဘူး ကိုလင္း စကားလုံးလွလွေလးေတြနဲ႔ စီျခယ္ထားတဲ့ ဝတၳဳတစ္ပုဒ္လဲမဟုတ္ဘူး လက္ေတြ႕ဘဝရဲ႕ အရာရာ ပါတဲ့ ျဖစ္ရပ္မွန္တစ္ခုပါ "
" သိပ္ကိုစစ္မွန္ပါတယ္ ဆိုတဲ့ အခ်စ္ဇာတ္လမ္းေတြရဲ႕ အဆုံးသတ္က ဘယ္လိုျဖစ္တတ္လဲ မဟာ သိပါတယ္ ႐ိုမီယိုနဲ႔ဂ်ဴးလိယက္ ပုံျပင္မွာဆိုရင္ "
" ကိုလင္းရာ ကြၽန္ေတာ္လဲ သိတယ္ ကိုလင္းလဲ သိတယ္ ႐ိုမီယို က ဂ်ဴးလိယက္ကို တကယ္ေရာ ခ်စ္လို႔လားဆိုတာ ၿပီးေတာ့ လူတိုင္းက ႀကီးက်ယ္ခမ္းနားပါတယ္ဆိုတဲ့ သူတို႔အခ်စ္က ၃ ရက္ပဲ ၾကာခဲ့တယ္ဆိုတာကိုေရာ "
မဟာ ကိုလင္းရဲ႕ အေျဖကို မေစာင့္ဘဲ အခန္းထဲ ဝင္လာလိုက္တယ္ ။ သူတို႔အေၾကာင္းကို ဘယ္ဇာတ္လမ္းနဲ႔မွ ႏႈိင္းယွဉ္စရာမလိုပါဘူး ။ သူတို႔အေၾကာင္းက ဒဏၭာရီလဲမဟုတ္ ပုံျပင္ပဲမဟုတ္ဘူး ။ ဒီတိုင္းေလး ဒီတိုင္းအရမ္း႐ိုးရွင္းလြန္းတဲ့ ဘဝတစ္ခုကို အတူတူ တည္ေဆာက္မယ့္ ေယာက်ာ္းေလးႏွစ္ေယာက္အခ်စ္ပါပဲ ။
ညေန ၆ နာရီေက်ာ္ေလာက္ ၿခံေရွ႕က အသံၾကားရပါေလေရာ ။
" ကိုကိုးေရ ကိုကိုး "
မဟာ အျမန္ထြက္လာေပမယ့္ ကိုလင္း က တံခါးဖြင့္ေပးႏွင့္ၿပီး အထြန္း က အိမ္ေပၚတက္လာၿပီ ။
" ဂ်စ္တူး ထိုင္ "
" ဟုတ္ ဆရာလင္းေရာ ထိုင္ေလ က်ဳပ္ ဟင္းခ်က္လာတယ္ဗ် "
" အင္း "
သုံးေယာက္သားထိုင္ၿပီး အထြန္း က ဟင္းဗူးေတြ ခ်ကာ ကိုလင္း ကို ၾကည့္ေနသည္ ။
" ဆရာလင္း ဆရာလင္းက က်ဳပ္နဲ႔ ကိုကိုး ဆက္ဆံေရးကို မႀကိဳက္ဘူးလားဟင္ "
" ဂ်စ္တူး !!! "
" က်ဳပ္ သိခ်င္လို႔ပါ ကိုကိုး "
မဟာလဲ ဝင္မေျပာဘဲ ၿငိမ္ေနလိုက္သည္ ။
" ဟုတ္လား ဆရာလင္းက က်ဳပ္ကိုပဲမႀကိဳက္တာလား ဒါမွမဟုတ္ ေယာက်ာ္းေလးခ်င္းႀကိဳက္တာကို မႀကိဳက္တာလား က်ဳပ္သိခ်င္လို႔ "
" အကိုက ေယာက်ာ္းေလးခ်င္းႀကိဳက္တာကို လက္မခံရေအာင္ ေရွး႐ိုးမစြဲပါဘူး အထြန္းျဖစ္ေနလို႔ မႀကိဳက္တာလဲမဟုတ္ဘူး အဓိက က လူႀကီးေတြေၾကာင့္ပါ မဟာ့မိဘကလဲ လက္မခံေပးႏိုင္သလို အထြန္း မိဘကလဲ လက္ခံမွာမဟုတ္ဘူး အဲ့ေတာ့ အဆုံးသတ္က်ရင္ နာက်င္ရမွာ အထြန္း တို႔ ႏွစ္ေယာက္ပဲျဖစ္လိမ့္မယ္ "
" က်ဳပ္ အဘ နဲ႔ အမ သေဘာမတူဘူးလို႔ဘာလို႔ေျပာႏိုင္တာလဲ "
" အထြန္းရယ္ အကိုက လူေပါင္းမ်ိဳးစုံ ေနရာေဒသမ်ိဳးစုံသြားခဲ့ၿပီး အသက္အရြယ္က ၃၀ ေက်ာ္ေနပါၿပီ လူတစ္ေယာက္ကိုၾကည့္တာနဲ႔ ဘာလဲဆိုတာ တန္းေျပာႏိုင္တယ္ "
" အဲ့တာဆို က်ဳပ္ ဘာလုပ္ရမလဲ "
" အဲ့တာေၾကာင့္ ဘာမွျဖစ္မလာခင္ကတည္းက တားေနတာေပါ႔ ဒါေပမယ့္ မဟာက သိပ္ကိုေခါင္းမာတယ္ အခုဆို မဟာ့မွာ ပိုင္ဆိုင္တာ ဘာမွမရွိေတာ့ဘူး "
အထြန္းက ကြၽန္ေတာ့္ကို နားမလည္ႏိုင္စြာ လွမ္းၾကည့္သည္
" ကိုကိုး ဆရာလင္းေျပာတာ ဘာအဓိပၸာယ္လဲ "
" ဘာမွမဟုတ္ပါဘူး ကိုလင္းက စကားအျဖစ္ေျပာတာပါ "
" မဟာ ေျပာျပသင့္တယ္ အတူတူရင္ဆိုင္ၾကမယ္လို႔ ဆုံးျဖတ္ထားရင္ေပါ႔ "
" ကိုလင္း !!!! "
" ဆရာလင္း ပဲ ေျပာျပပါ "
" မဟာ့မိဘေတြက မဟာပိုင္ဆိုင္သမွ် အကုန္လုံးကို သူတို႔ထိန္းခ်ဳပ္မႈေအာက္ကို လႊဲယူလိုက္ၿပီ မဟာ့မွာ ဘာမွမက်န္ဘူး လက္ရွိ သူက ပရဟိတ ဆရာဝန္ဆိုေတာ့ ဝင္ေငြရယ္လို႔လဲမရွိဘူး သူပိုင္တဲ့ အိမ္ ၊ ကား ၊ ရွယ္ယာ ၊ ဘဏ္ထဲကပိုက္ဆံ အကုန္လုံးပဲ "
" ကိုကိုး "
" မဟုတ္ပါဘူး ဂ်စ္တူးရယ္ ကိုယ့္မွာ အရမ္းအရမ္းတန္ဖိုးရွိတဲ့အရာ က်န္ခဲ့ေသးတယ္ "
" ဘာႀကီးလဲ "
" တင္ေမာင္ထြန္းညိဳ ေပါ႔ "
" ကိုကိုးကလဲ အေကာင္းေျပာေနတာကို "
" ကိုယ္လဲ အေကာင္းေျပာေနတာပဲ "
" ကဲ မ်က္စိေရွ႕မွာ ကဲကဲသည္းသည္းမလုပ္ျပနဲ႔ေနာ္ "
" ဟီးးး "
" မဟာ အခု ဘာလုပ္ဖို႔စဉ္းစားထားလဲ "
" အထြန္းမိဘေတြကိုဖြင့္ေျပာၿပီး အထြန္းနဲ႔လက္ထပ္မယ္ "
" အရမ္းမိုက္မဲရာက်တယ္ေနာ္ အဲ့တာက "
" အဲ့တာဆို ကြၽန္ေတာ္က ဘာလုပ္ရမွာလဲ "
" လက္မထပ္ပါနဲ႔ဦး ဦးနဲ႔အန္တီ့ကို နည္းနည္းေျပာၾကည့္ပါဦးလား တေျဖးေျဖးခ်င္းလက္ခံလာေအာင္ေပါ႔ "
" လက္ခံခ်င္ရင္ အစထဲက လက္ခံလိုက္ၿပီေပါ႔ ကိုလင္း "
" ဒါေပမယ့္ အရင္ႀကိဳးစားၾကည့္ပါ ဦးေလး မသိေသးဘူးထင္တယ္ "
" ကြၽန္ေတာ္ထပ္ၿပီး အထြန္း ကို ေစာ္ကားတာေတြ မခံႏိုင္ဘူးဗ် "
" အကိုေျပာတာ နားေထာင္ပါ မဟာ "
" ဟုတ္ ကိုလင္း ကြၽန္ေတာ္ႀကိဳးစားၾကည့္လိုက္ပါမယ္ "
" အင္းပါ အဲ့တာဆိုလဲ ေအးေဆးေနၾကဦး "
ကိုလင္း က အခန္းထဲ ဝင္သြားေလရဲ႕ ။
" ကိုကိုး တကယ္လို႔ ကိုကိုးအေဖကပါ သေဘာမတူရင္ ဘယ္လိုလုပ္မလဲ "
" ခိုးေျပးမယ္ေလ "
" တကယ္လား "
" တကယ္ေပါ႔ ကိုယ့္အဖိုးတန္ေလးကို ခိုးၿပီး ေျခဦးတည့္ရာေပါ႔ "
" ကိုကိုး အတည္ေျပာ "
" အတည္ေျပာေနတာပဲေလ "
" က်ဳပ္မွာ စု ထားတဲ့ပိုက္ဆံရွိတယ္ အဲ့တာကို ကိုကိုးကို လာအပ္ထားမယ္ "
" ဟုတ္ပါၿပီ ၿပီးေတာ့ ကိုယ့္မွာ ပိုက္ဆံရွိပါတယ္ ကိုယ္ကအၿမဲတမ္း မိဘခ်ဳပ္ျခယ္မႈကိုခံေနတဲ့ ၁၆ ႏွစ္သားမွ မဟုတ္တာ ကိုယ့္အသက္ ၂၆ ႏွစ္ရွိၿပီ ကိုယ့္မွာ အျပင္အလုပ္ေတြလဲရွိတယ္ ကိုယ္ပိုင္ပိုက္ဆံလဲရွိတယ္ ဂ်စ္တူး ဘာမွေၾကာက္စရာမလိုဘူး "
" က်ဳပ္က မေၾကာက္ဘူးရယ္ ကိုကိုးမရွိမွာလြဲရင္ မိုးရြာတာကိုေတာင္ မေၾကာက္ေတာ့ဘူး "
" ဟုတ္ပါၿပီ ကိုယ္တို႔ အၿမဲတမ္း အတူတူရွိမယ္ေနာ္ "
" အဟုတ္ "
ထိုင္ခုံတစ္ခုံဆီမွာ ထိုင္ေနေပမယ့္ တြဲထားတဲ့ လက္ႏွစ္စုံနဲ႔ ထိကပ္ေနတဲ့ လက္စြပ္ေလးႏွစ္ကြင္း ။
တေျဖးေျဖးခ်င္း ႏႈတ္ခမ္းေလးႏွစ္ခု နီးကပ္ေနၿပီး ထိ ကပ္ ဆဲ လုလု
" ဆရာေလးတို႔ေရ ဆရာေလးတို႔ေရ ...... "
" က်စ္ ဘာတုန္းကြာ "
ၿခံေရွ႕ကေနအသံၿပဲနဲ႔ေအာ္သံေၾကာင့္ ထြက္ၾကည့္ေတာ့ ရြာသားတစ္ေယာက္ ေနာက္မွာလဲ ထမ္းဆင္နဲ႔ လူတစ္ေယာက္ပါလာေသးသည္ ။
" ကဲ ဘာျဖစ္လာၾကတာတုန္း လာလာ "
မဟာက လူနာကိုေရာ တျခားသူေတြပါ အိမ္ေပၚေခၚလိုက္သည္ ။ ကိုလင္း လဲ အခန္းထဲကေန ထြက္လာသည္ ။
" ကဲ ဘာျဖစ္တာတုန္း "
" မနက္က ေတာထဲမွာ ဆူးပင္နဲ႔ထိလာတာဗ် အဲ့တာ တစ္ညေနလုံး ယာရြက္ႀကိတ္ၿပီး လိမ္းေနတာ အေကာင္းဗ် အခုမွ အဖ်ားေတြတက္လာၿပီး ေယာင္ေနတယ္ "
" ဪ အဲ့တာဆိုလဲ အဆုံးထိ အဲ့အရြက္နဲ႔ပဲကုပါလားဟမ္ ဘာလို႔လာေသးလဲ စ ျဖစ္ကတည္းက လာေတာ့ ေကာင္းသြားမွာဆိုးလို႔လား ဘယ္သူက အဲ့အရြက္နဲ႔လုပ္ရင္ေပ်ာက္တယ္သင္ေပးလိုက္လဲ ဟမ္ အဲ့အရြက္သာ အဲ့ေလာက္ေကာင္းရင္ က်ဳပ္အထုပ္သိမ္းၿပီး ရန္ကုန္သာ ျပန္လိုက္ေတာ့မယ္ ဟုတ္ၿပီလား "
ေနပါဦး အခု ျမင္ေနရတာ ကိုကိုးလား ။ ကိုကိုးက ေၾကာက္စရာႀကီး ။ ေလသံကလဲ မာလိုက္တာ ။
" ဂ်စ္တူး ကိုယ့္ကို ေရတစ္ခြက္ေလာက္ခပ္ေပး "
" ဟုတ္ ဟုတ္ "
ကိုကိုး အသံေျပာင္းသြားၿပီ ။ အထြန္းလဲ ေရတစ္ခြက္ခပ္ၿပီး ေဘးနားခ်ေပးကာ အေပါက္ဝေလးနား ရပ္ၿပီး ၾကည့္ေနသည္ ။
" မဟာ့ကို အံ့ဩေနတာလား မဟာကအဲ့လိုပဲ ေဆးၿမီးတိုေတြနဲ႔ေလွ်ာက္ကုၿပီး အေျခအေနဆိုးေနတာေတြ ေတြ႕ရင္ စိတ္ဆိုးတတ္တယ္ "
" အသံကလဲ ေၾကာက္စရာႀကီး "
" ဟုတ္တယ္ အထြန္း က မဟာ စိတ္တိုတာ မေတြ႕ဖူးေသးလို႔ပါ မဟာက စိတ္တိုရင္ တျခားသူတစ္ေယာက္လိုေျပာင္းသြားတတ္တာ "
" ဟိုတေန႔ကလိုလား "
" ဟိုတေန႔က မဟာ စိတ္မတိုေသးပါဘူး ေဒါသနည္းနည္းထြက္႐ုံပဲရွိေသးတာ ဒါေပမယ့္ စိတ္မပူပါနဲ႔ မဟာက ဘယ္ေလာက္စိတ္ဆိုးဆိုး အထြန္း ကိုေတာ့ အဲ့လိုပုံစံ ျပမွာမဟုတ္ပါဘူး "
ကိုကိုး ကို ၾကည့္မိေတာ့ ရြာသားေတြကို ေလသံမာမာနဲ႔ပင္ ေဆးတိုက္ဖို႔မွာေနၿပီး လက္ကလဲ ပတ္တီးကို ေသေသခ်ာခ်ာစည္းေပးေနသည္ ။ မ်က္ႏွာထားက တကယ္ကို တင္းမာေနၿပီး နားထင္နားမွာလဲ ေခြၽးေတြစို႔ေနသည္ ။
" ကိုကိုး က တကယ့္ကို ၿပီးျပည့္စုံတဲ့ လူတစ္ေယာက္ပဲ "
[ ဒီေန႔ ေစာေစာတင္လိုက္ပါၿပီ အေရးအသားလိုအပ္ခ်က္ေတြရွိရင္ အားမနာတမ္း ေျပာပါေနာ္ ]
Please Vote 💚