အထွန်း / အထြန္း ( Completed )

By laung_laung

734K 77.1K 6.5K

Comedy , Romance , Drama More

အပိုင်း ၁ / အပိုင္း ၁
အပိုင်း ၂ / အပိုင္း ၂
အပိုင်း ၃ / အပိုင္း ၃
အပိုင်း ၄ / အပိုင္း ၄
အပိုင်း ၅ / အပိုင္း ၅
အပိုင်း ၆ / အပိုင္း ၆
အပိုင်း ၇ / အပိုင္း ၇
အပိုင်း ၈ / အပိုင္း ၈
အပိုင်း ၉ / အပိုင္း ၉
အပိုင်း ၁၀ / အပိုင္း ၁၀
အပိုင်း ၁၁ / အပိုင္း ၁၁
အပိုင်း ၁၂ / အပိုင္း ၁၂
အပိုင်း ၁၃ / အပိုင္း ၁၃
အပိုင်း ၁၄ / အပိုင္း ၁၄
အပိုင်း ၁၆ / အပိုင္း ၁၆
အပိုင်း ၁၇ / အပိုင္း ၁၇
အပိုင်း ၁၈ / အပိုင္း ၁၈
အပိုင်း ၁၉ / အပိုင္း ၁၉
အပိုင်း ၂၀ / အပိုင္း ၂၀
အပိုင်း ၂၁ / အပိုင္း ၂၁
အပိုင်း ၂၂ / အပိုင္း ၂၂
အပိုင်း ၂၃ / အပိုင္း ၂၃
အပိုင်း ၂၄ / အပိုင္း ၂၄
အပိုင်း ၂၅ / အပိုင္း ၂၅
အပိုင်း ၂၆ / အပိုင္း ၂၆
အပိုင်း ၂၇ / အပိုင္း ၂၇
အပိုင်း ၂၈ / အပိုင္း ၂၈
အပိုင်း ၂၉ / အပိုင္း ၂၉
အပိုင်း ၃၀ / အပိုင္း ၃၀
အပိုင်း ၃၁ / အပိုင္း ၃၁
အပိုင်း ၃၂ / အပိုင္း ၃၂
အပိုင်း ၃၃ / အပိုင္း ၃၃
အပိုင်း ၃၄ / အပိုင္း ၃၄
အပိုင်း ၃၅ / အပိုင္း ၃၅
အပိုင်း ၃၆ / အပိုင္း ၃၆
အပိုင်း ၃၇ / အပိုင္း ၃၇
အပိုင်း ၃၈ / အပိုင္း ၃၈
အပိုင်း ၃၉ / အပိုင္း ၃၉
အပိုင်း ၄၀ / အပိုင္း ၄၀
အပိုင်း ၄၁ / အပိုင္း ၄၁
အပိုင်း ၄၂ / အပိုင္း ၄၂
အပိုင်း ၄၃ / အပိုင္း ၄၃
အပိုင်း ၄၄ / အပိုင္း ၄၄
အပိုင်း ၄၅ / အပိုင္း ၄၅
အပိုင်း ၄၆ / အပိုင္း ၄၆
အပိုင်း ၄၇ / အပိုင္း ၄၇
အပိုင်း ၄၈ / အပိုင္း ၄၈
အပိုင်း ၄၉ / အပိုင္း ၄၉
အပိုင်း ၅၀ / အပိုင္း ၅၀
အပိုင်း ၅၁ / အပိုင္း ၅၁
အပိုင်း ၅၂ / အပိုင္း ၅၂
အပိုင်း ၅၃ / အပိုင္း ၅၃
အပိုင်း ၅၄ / အပိုင္း ၅၄
အပိုင်း ၅၅ / အပိုင္း ၅၅
အပိုင်း ၅၆ / အပိုင္း ၅၆
အပိုင်း ၅၇ / အပိုင္း ၅၇
အပိုင်း ၅၈ / အပိုင္း ၅၈
အပိုင်း ၅၉ / အပိုင္း ၅၉
ဇာတ်သိမ်းပိုင်း / ဇာတ္သိမ္းပိုင္း
Extra - 1
Extra - 2
Extra - 3
Book Announcement
A Htun Pre Order Tonight
Extra - 4
Extra - 5

အပိုင်း ၁၅ / အပိုင္း ၁၅

13.3K 1.6K 224
By laung_laung

မဟာ့မျက်နှာနဲ့ နီးကပ်လွန်းစွာ ရှိနေတဲ့ မျက်လုံးဝိုင်းလေးတွေက အရောင်တောက်လာပြီး

" တကယ်လား "

" အာ !!!! လာနောက်မနေနဲ့ ဂျစ်တူး "

" ဘယ်သူက နောက်လို့လဲ တကယ် ကျုပ်ကို ချစ်တာလား "

" ချစ်တာပေါ့ ကိုယ့်ညီလေးပဲဟာ "

" အဲ့လိုမဟုတ်ဘူး ချစ်သူလို ပြောတာ "

" ဘာ !!!! ဟားးးးး ရူးနေလား ဂျစ်တူး ကိုယ်ကဘာလို့ချစ်သူလိုချစ်ရမှာလဲ "

" ကျုပ်ကို ချစ်သူလိုချစ်တယ်မဟုတ်ဘူးလား ဘာလို့ညာနေတာလဲ "

ဂျစ်တူး က ရုတ်တရက် မဟာ့လက်မောင်းကို ကိုင်လှုပ်ကာ မေးလာတာကြောင့် မဟာ မတ်တပ် ထ ရပ်လိုက်သည် ။

" ဂျစ်တူး စ တာ နောက်တာ က တော်ရုံပဲနော် "

" ဘာကို စ တာလဲ ဘာကို နောက်တာလဲ ဟမ် ကျုပ်ချစ်လို့လေ ကျုပ် ခင်ဗျားကိုချစ်လို့ပြောနေတာလေ "

" ကိုယ် ဂျစ်တူးကို ညီတစ်ယောက်လိုပဲ ချစ်ခဲ့တာပါ "

" ခင်ဗျား လူလိမ် ခင်ဗျားယောကျာ်းမဟုတ်ဘူးလား ဟမ် ကျုပ်ကို ညီလိုချစ်တယ်ဆိုရင် ကျုပ်ကို ခင်ဗျားခိုးနမ်းစရာလိုလား ခိုးပြီးကြည့်နေစရာလိုလား ကျုပ်ကို ကျုပ်ကို ပစ်ထားခဲ့ပါလား ခင်ဗျား ဗျာ ကျုပ်ကို ယောကျာ်းတစ်ယောက်ကို ချစ်တတ်အောင်လုပ်ခဲ့ပြီးမှ ဘာ ညီတစ်ယောက်လိုဟုတ်လား "

မဟာ အံ့ဩသွားသည် ။ သူ့လုပ်ရပ်တွေကို ဂျစ်တူး က သိနေခဲ့တာပေါ့ ။ ဒါဆို ဒါဆို .....

" ခင်ဗျားသိလား ကျုပ်တစ်ညလုံးစဉ်းစားခဲ့တယ် ကျုပ်တစ်ညလုံးကြောက်နေခဲ့ရတယ် ကျုပ် ကျုပ်လက်ခံနိုင်ဖို့အတွက်အများကြီး အများကြီး တွေးခဲ့ရတာ ခင်ဗျား ဗျာ ကျုပ်ကို ကျုပ်ကိုလုပ်ရက်တယ် ကျုပ်ကအရိုးသားဆုံးတွေးတတ်တဲ့ရွာသားပါဗျ ဒါပေသည့် တစ်ခုမှတ်ထား ခင်ဗျားကစားလို့ရတဲ့ အရုပ်တော့မဟုတ်ဘူး "

မဟာ ခွန်းတုံ့မပြန်လိုက်ခင်မှာပဲ ဂျစ်တူး က လှည့်ထွက်သွားလေရဲ့ ။ မဟာ ခဏ တွေဝေနေပြီးမှ အရာအားလုံးကို မေ့ပစ်လိုက်ကာ ဂျစ်တူးကို နောက်ကနေ ပြေးဖက်လိုက်သည် ။

" ဖယ် !!!! ဖယ်စမ်းပါ ကျုပ်ကို မထိနဲ့ "

" ကိုယ်တောင်းပန်ပါတယ် မသွားပါနဲ့နော် ကိုယ့်ကိုဘယ်တော့မှကျောခိုင်းမသွားပါနဲ့ ကိုယ်တောင်းပန်ပါတယ် "

" အပိုတွေလာပြောမနေနဲ့ ဖယ် "

" မဖယ်ဘူး ကိုယ် ဂျစ်တူး ကို ချစ်တယ် ချစ်တယ်ဆိုတာထက် ကိုယ် မြတ်နိုးတယ် တန်ဖိုးထားတယ် ကိုယ်လေ ကိုယ် ဂျစ်တူးနဲ့ပဲ တစ်ဘဝလုံးအတူတူရှိချင်တာ "

" လာ လိုက်ခဲ့ "

မဟာ့လက်ကို ဖြုတ်ချပြီး မှ လက်ကို ဆွဲကာ ‌ကုန်းမြင့်လေးပေါ်ပြန်တက်လာသည် ။

" ပြောပါဦး ခုနက စကားတွေ "

" ဟို ဟိုလေ ကိုယ်ကြောက်လို့ပါ "

" ဘာကိုကြောက်တာတုန်း "

" ကိုယ်က ဘာမှမဖြစ်ပေမယ့် ရွာမှာကျ အခုလို လိင်တူချစ်ကြိုက်တာကို သဘောမတူကြဘူးလေ ဂျစ်တူး စိတ်ပင်ပန်းရမှာ "

" အမလေးးး မြို့ကြီးသားရယ် ကျုပ်က ယောကျာ်းတစ်ယောက်နဲ့ကြိုက်နေပါတယ်ဆိုပြီး ရွာထဲလိုက်ဖြန့်မှာမှမဟုတ်တာ ဘယ်သူမှသိစရာအကြောင်းမရှိဘူး "

" ဒါပေမယ့်လဲ "

" ဒါပေမယ့်တွေ မလဲပါနဲ့ ကျုပ်မျက်နှာတစ်ခုတည်းသာ ကြည့်ပါ "

မဟာ လဲ အရှေ့က မျက်နှာဝိုင်းလေးကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီးမှ

" အင်း ကြည့်မယ် အခုတွေ့ရသလောက်ကတော့ နောက်နောင် ပြဿနာတွေလိုက်ရှင်းရမယ့်သူက မဟာအာကာ ဆိုပြီး မျက်နှာမှာ စာရေးထားတယ် "

" ဟာ ကိုကြီး မနောက်နဲ့ "

" ချစ်လို့စတာပါကွာ "

" ဟုတ်ပါပြီ ဒါမဲ့ ကိုကြီး လို့ပဲ ခေါ်ရတာမကောင်းဘူးနော် "

" ဘယ်လိုခေါ်ချင်လဲ ဂျစ်တူး "

" အင်း စဉ်းစားရမယ် "

ပြောပြောဆိုဆို မြက်ခင်းပြင်ကို ကျောခင်းကာ မဟာ့ ပေါင်ပေါ်ခေါင်းအုံးပြီး လှဲနေပြန်သည် ။ နေရောင်ခြည်စ တစ်ချို့ ဂျစ်တူး မျက်နှာပေါ်ကျနေသည်မို့ မဟာ့လက်လေးနဲ့ ကာပေးလိုက်မိသည်

" အင်း မဟာအာကာ ဆိုတော့ကာ ဟာဟာ လို့ ခေါ်ရမလား ကာကာ လို့ ခေါ်ရမလား "

" ဟမ် အထူးအဆန်းတွေကွာ ဘယ်လိုကြီးတုန်း "

" လှသားပဲ ရွေးလိုက် "

" ဘာရွေးရမှာတုန်း "

" ဟာဟာ လား ကာကာ လား "

" နေပါဦး တကယ်ကြီး ကိုယ့်ကို အဲ့လိုခေါ်မလို့လား "

" အင်းလေ "

" အဆင်ပြေမနေပါဘူးကွာ ဘာကြီးမှန်းမသိဘူး "

" အဲ့တာဆို ဘယ်လိုခေါ်ရမတုန်း "

" တခြားဟာ ပြောင်းစဉ်းစား "

" အင်းးး တခြားဟာ သိပြီ ဒီလိုလုပ် ကိုကြီးက ကျုပ်ထက်ကြီးတော့ ကျုပ်က ကိုကိုး လို့ခေါ်မယ် "

" ဟမ် ကိုကိုလဲ မဟုတ်ဘူး "

" ဒီလိုလေ မိန်းကလေးတွေက သူတို့ကောင်လေးကို ကိုကို လို့ခေါ်တတ်ကြတယ်မလား ကျုပ်ကကျ ယောကျာ်းလေးလေဗျာ အဲ့တော့ ကိုကိုး လို့ ခေါ်တာ "

" ဟားးး ဟုတ်ပါပြီကွာ ဒီဂျစ်တူးကိုတော့ လိုက် မမှီတော့ဘူး "

" ကိုကိုး "

" ဗျာ "

" ကိုကိုး လို့ "

" ပြောလေ ဂျစ်တူးရဲ့ "

" မောင် "

" ဟမ် !!! ဘာရယ် !!!! "

" မောင်လို့ခေါ် မောင် မောင် မောင် "

ပေါင်ပေါ်တင်ထားတဲ့ ခေါင်း က ကြွလာပြီး မဟာ့ဗိုက်နားကို ဝင်တိုးခွေ့ကာ ချွဲနေသေးသည် ။

" အာ ဂျစ်တူးကလဲ ချွဲပျစ်ပျစ်ကြီးနဲ့ "

" မရဘူး ခေါ်ဗျာ မောင်လို့ မောင်ရေ လို့ မောင်လို့ နော် နော် "

လက်ကလဲ မဟာ့လက်မောင်းကို ကိုင်ကာ ‌မြက်ခင်းပြင်ပေါ်တစ်ကိုယ်လုံး လှိမ့်ပြီး ချွဲ‌နေရော ။ ရော် ဒီကလေးနဲ့တော့ ခက်ရချည့် ။

" တစ်ခါပဲ ခေါ်မယ် "

" အင်း ရတယ် ရတယ် "

" မောင် "

" ဗျာ "

" ဟီးး ကိုကိုး က ချစ်စရာကြီး "

" အေးပါကွာ အဲ့တာနဲ့ပဲ ညာစားနေ "

" နောက်ဆို ညာမစားဘူး ‌ထင်ထင်ပေါ်ပေါ်စားမှာဗျားး "

ပြောနေရင်းနဲ့ မဟာ့လက်တစ်ဖက်ကိုခေါ်ကာ သူ့ရင်ဘတ်ပေါ်တင်ပြီး အပေါ်ကနေ အုပ်မိုးကိုင်ထားသေးသည် ။

" ဂျစ်တူး "

" ဗျာ "

" ကိုယ် ရန်ကုန်ပြန်ရင် လိုက်မလား "

" ဟင် !!! ကိုကိုးက ပြန်ရတော့မှာလား "

" မဟုတ်ပါဘူး ခဏပြန်ရင်ပြောတာပါကွာ "

" လိုက်မှာပေါ့ တစ်ယောက်ထဲပြန်လွှတ်လိုက်လို့ ရန်ကုန်မှာ မိန်းမရလာရင် ဘယ်လိုလုပ်မလဲ "

" အမလေးဗျာ ကိုယ်အိမ်ထောင်ပြုချင်မှဖြင့် ယူပြီးတာ ကြာပေါ့ "

လှဲနေရာကနေ ချက်ချင်း ငေါက်ခနဲ ထ ထိုင်ကာ

" ဪ အဲ့လိုလား အဲ့တာဆို ကျုပ်ကိုဘာလို့ ချစ်တယ်ပြောသေးလဲ ကျုပ်ကိုလဲ ကျောရရုံကြံတာပေါ့လေ အမလေးးး အရပ်ကတို့ရေ ကြားလို့မှ ကောင်းရဲ့လား ကျုပ်ကိုမယူချင်ဘဲနဲ့ ခိုးလဲနမ်းတယ် ခိုးလဲကြည့်တယ် ခိုးလဲထိတယ် ဒီက မြို့ကြီးသားက ကျုပ်တော့ အယုံလွယ်မိပြီထင်ပါရဲ့ ကိုယ်ကျိုးတော့နည်းပါပြီ "

ခြေထောက်ကို ဆောင့်ကာ လက်နှစ်ဖက်က မျက်လုံးနှစ်ဖက်ကို ပွတ်ပြီး အာခေါင်လော်စပီကာနဲ့ အော်နေလေရဲ့ ။

" အာ ဂျစ်တူး ဘာတွေအော်နေတာတုန်း "

ဂျစ်တူး နှုတ်ခမ်းကို လက်နဲ့ပိတ်ဖို့လုပ်တော့ အတင်းရုန်းပြီး

" အမလေးးး အဘ နဲ့ အမရေ ကနေ့ပဲ ရည်းစားဖြစ်တယ် ကနေ့ပဲ ကိုယ်ထိလက်ရောက်စော်ကားနေပါတယ်လို့ မြို့ကြီးသားယုံ စုံလုံးကန်းရချည့် "

" ဂျစ်တူး လျှောက်မအော်နဲ့လို့ "

နှုတ်ခမ်းကို အတင်းလိုက်ပိတ်ရာကနေ ဒင်းလေးက ငြိမ်ငြိမ်မနေဘဲ နောက်ကို ရို့ ပြီး ရှောင်လိုက်တာကြောင့် မြက်ခင်းပြင်ပေါ် ပက်လက်လဲကျကာ မဟာ က အပေါ်မှ အုပ်မိုးထားမိလျက်သား ။

" ဟွန့် ခုနကပြောတယ်လေ လက်မထပ်ချင်ဘူးဆို "

" အဲ့တာက ကိုယ်ချစ်တဲ့သူ မတွေ့သေးလို့လေကွာ "

" အခုကရော "

" တွေ့ပြီလေ ဒီက ဂျစ်တူး ငမွှေထွန်း "

" တော်တော်ကိုပဲ "

မဟာ လဲ အပေါ်ကနေ မိုးထားရာကနေ ဘေးကို တစ်စောင်းအနေအထားရွှေ့လိုက်ပြီး ခေါင်းကို လက်ထောက်ကာ ဂျစ်တူး နား လှဲလိုက်တယ် ။

" လက်ပေး "

" ဟမ် ဘာလို့လဲ "

" ပေးပါ ကိုကိုးရဲ့ "

မဟာ လက်ပေးလိုက်တော့ မဟာ့လက်ချောင်းတွေကြား သူ့လက်ချောင်းတွေကို ရောယှက်ကာ ဆုပ်ကိုင်ပြီး သူ့ရင်ဘတ်ပေါ်တင်ထားသည် ။

" ကိုကိုး ကျုပ်တို့ယူပြီးရင်လေ အညာမှာပဲနေမလား ရန်ကုန်မှာနေမလား "

" ဂျစ်တူး ကိုယ်တို့ ယူဖို့ဆိုတာကလေ "

" ကျုပ်မေးတဲ့အထဲ အဲ့တာမပါဘူးထင်ပါ့ "

" အင်းပါ ဂျစ်တူး နေချင်တဲ့နေရာမှာ နေမှာပေါ့ "

" အဲ့တာဆို ရန်ကုန်နဲ့အညာရဲ့ အလယ်မှာ နေမယ် "

" အင်း သဘော "

" ကိုကိုး "

" ဗျာ "

" ကိုကိုးမှာလဲ သူငယ်ချင်းတွေရှိမှာပေါ့နော် "

" အင်း ရှိတယ် "

" ရန်ကုန်ရောက်ရင် မိတ်ဆက်ပေး "

" မိတ်ဆက်ပေးမှာပေါ့ ရန်ကုန်ရောက်ရင် သူငယ်ချင်းတွေနဲ့တင်မကဘူး ကိုယ့်မိဘတွေနဲ့ပါ မိတ်ဆက်ပေးမှာ "

" တကယ်လား "

" အတည် "

" ကိုကိုး ကို ချစ်တယ် "

တွဲထားတဲ့ကျွန်တော့်လက်ကို အပေါ်ကို မြှောက်ယူပြီး သူ့နှုတ်ခမ်းလေးနဲ့ ခပ်ဖွဖွ ထိတယ် ။ နောက် သူ့ပါးနားလေးမှာ ကပ်ထားပြီး

" ကိုကိုး ကျုပ်တို့ အတူတူ နေသွားလို့ရအောင် ကြိုးစားကြမယ် "

" ဒါပေါ့ ဘယ်သူမှ မခွဲစေရဘူး "

ကောင်းကင်ကြီးကို မော့ကြည့်ရင်း နှစ်ယောက်စလုံးရဲ့ တွဲလက်လေးဟာလဲ ကောင်းကင်ပြာပြာကြီးကို နောက်ခံထားကာ လှပတဲ့ အနာဂတ်ပန်းချီကားလေးရဲ့ အစပျိုးရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ် ။ မဟာ လဲ ဖုန်းနဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ် ။

" ပန်းချီတစ်ချပ်ကို ရေးဆွဲတော့မယ်ဆိုရင် အဓိက အလိုအပ်ဆုံးက ခဲတံ တစ်ချောင်းဖြစ်မလားမသိပေမယ့် ကိုယ့်အနာဂတ်ပန်းချီကိုရေးဆွဲဖို့တော့ မင်းလက်တစ်စုံသာ လိုပါတယ် "

Facebook Newfeed မှာ တင်လိုက်တဲ့ Caption နဲ့ ပုံလေးတစ်ပုံ ချက်ခြင်း ment တွေ react တွေ မနည်းမနောတက်လာပေမယ့် ဘယ်သူ့ကိုမှ အဖက်မလုပ်နိုင် ။ ဘေးမှာ ချစ်ရသူ ရှိသည်လေ မည်သူ့ကို ထပ်လိုဦးမည်နည်း ။

ညနေစောင်းခါနီးလောက် နှစ်ယောက်သား အိမ်ပြန်ဖို့ပြင်ရသည် ။

" ကိုကိုး ခါးကိုဖက်ထားနော် "

" အင်းပါ ဂျစ်တူးရယ် တက် မှောင်တော့မယ် "

" မှောင်လဲ ကျုပ် တာဝန်ယူမှာပါ "

" ဒီဂျစ်တူးနဲ့ကတော့ အပိုတွေပြောမနေနဲ့ မောင်း မြန်မြန် "

" ဟုတ်ကဲ့ "

ဆိုင်ကယ် စ ထွက်တာနဲ့ ဂျစ်တူးရဲ့ ခါးကိုဖက်ကာ လမ်းတစ်လျှောက်နေဝင်ချိန်အလှတရားကို ကြည့်ရင်း ဆိုင်ကယ် ဘတ်မှန်ကနေ ဆိုင်ကယ်မောင်းနေတဲ့ အလှတရားလေးကိုလဲ ငေးရင်းပေါ့ ။

" ကိုကိုး "

" ဗျာ "

" အခု ကျုပ်ကို မှီလို့ရတယ်နော် သိသိသာသာပေါ့ "

" ဟာ !!!! ငဂျစ်ကောင် ခင်ဗျားလေး မသိလိုက်တာရှိလား "

" ရှိတာပေါ့ "

" ဘာများလဲ ပြောပါဦး "

" ကျုပ်ကို ကိုကိုး ဘယ်အချိန်က စ ချစ်သွားမှန်း ကျုပ် မသိဘူး "

" ပြောပြရမလား "

" အင်း ပြောပြ "

" ဒီတိုင်းတော့ မပြောပြဘူး "

" ဟာ ဘယ်နှယ့်ကြောင့်တုန်း "

" အပြန်အလှန်ပဲလေ ဂျစ်တူးလဲပြောပြ အဲ့တာဆို ကိုယ်လဲ ပြောပြမယ် "

" ကျုပ်က ဟိုးဘက်ရွာမှာ ဆေးသွားကုတုန်းက ကျုပ်တို့စကားများတယ်လေ မှတ်မိလား အဲ့နေ့ကတည်းက "

" ဟင် !!!!! "

" ဟုတ်တယ် အဲ့နေ့ကတည်းက ကျုပ်ကို လူတိုင်းပြောကြတဲ့စကားမျိုး ကိုကိုးပြောခဲ့တာ ဒါပေမယ့် ကိုကိုးပြောတာက ပိုနာတယ်လို့ခံစားရတယ် အဲ့ကတည်းက တစ်ခုခုပဲလို့တွေးခဲ့တာ အခုမှ သေချာသိသွားတာက ကိုကိုးက ကျုပ်မိန်းမဖြစ်မှာမို့လို့ပဲ "

" ဘာကွ !!!!! ကိုယ်က ခင်ဗျားလေး မိန်းမ လုပ်ရမှာလား "

" ဒါပေါ့ ဘာလဲ မလုပ်ချင်ဘူးလား "

" အေးပါကွာ ငဂျစ် အလိုကျ မိန်းမဆိုတော့လဲ မိန်းမပေါ့ အဓိက က တွဲထားရမယ့်လက်က ဂျစ်တူးလက်ဖြစ်နေရင် ပြီးတာပါပဲ "

" ကဲ ကိုကိုးအလှည့် ပြောပြ ကျုပ်ကို ဘယ်တုန်းက စ ပြီး ချစ်တာလဲ "

" ကိုယ်ရွာရောက်ရောက်ချင်းနေ့ပဲလေ ညနေစောင်းလောက်ကျ ခင်ဗျားလေး ကိုယ်တို့ ခြံရှေ့မှ မူးပြီး အိပ်နေတာလေ အဲ့တုန်းက ခြံထဲကို ကိုယ်ဆွဲခေါ်ခဲ့တာ အဲ့ကတည်းက ခင်ဗျားလေးကို ပိစိလေးစိတ်ဝင်စားခဲ့တာ နောက် သူကြီးဆီမှာ ထိပ်တုံးခတ်ခံရတဲ့နေ့ ခင်ဗျားလေးကို ဆေးထည့်ပေးရင်း .... "

" ချစ်သွားတယ်ဆိုပါတော့ ဒီချစ်စရာလေးကိုလေ "

" အေးပေါ့ ဟုတ်ပါတယ် "

" လူကြီးတွေရှက်ရင် အဲ့လိုပဲ စပ်ဖြီးဖြီးနဲ့ "

" မရှက်ပါဘူး "

" ရှက်နေပါတယ် "

" မရှက်ဘူး "

" ရှက်ပါတယ် ကွာ "

" အေးကွာ ရှက်တယ် ရှက်တယ် ရပြီလား "

" ဟားးးး ကိုကိုးကလေ တကယ်ကို ချစ်စရာကြီးဗျာ "

ရွာထဲ ပြန်ရောက်ဖို့ တစ်ခေါ်လောက်အလိုမှာ ချောင်းလေးတစ်ခု ရှိတယ် ။ အဲ့နားလဲရောက်ရော ဂျစ်တူး က ဆိုင်ကယ်ကို ရပ်လိုက်ရော ။

" ဂျစ်တူး ဘာတုန်း "

" ငါးဖမ်းမလို့ "

" ဟမ် နောက်ကျနေပြီ လာပါကွာ ပြန်မယ် "

" အာ ကိုကိုးကလဲ ညကျ ဝိုင်းထဲ ငါးကင်မယ်လေ "

" လာပါကွာ ကိုယ်ဝယ်ပေးမယ် "

" ဟ ချောင်းထဲ ကိုယ်တိုင်ဖမ်းရတဲ့ငါးကို ဘယ့်နှယ့်ဝယ်မှာတုန်း ကျုပ်မိန်းမလေးရဲ့ လာ သွားဆင်းဖမ်းမယ် "

" ငဂျစ်ပါကွာ အေးအေး သွားမယ် သွား "

" ဟီးး လာ လာ "

မဟာ့ လက်ကိုဆွဲကာ ချောင်းစပ်ရောက်တော့ ပုဆိုးကို ခပ်တိုတို ပြင်ဝတ်လိုက်‌သေးသည် ။ မဟာ့ ပုဆိုးကို ကြည့်ကာ မေးဆတ်ပြတော့

" ဘာလဲ ဂျစ်တူးရာ "

" ပုဆိုးပြင်ဝတ်လေ "

" ဘာလို့တုန်း "

" ဟာ ငါးဖမ်းပါမယ်ဆို "

" ကိုယ်မှ မဖမ်းတတ်တာ ပြီးတော့ မကိုင်ရဲဘူး "

" ကဲ ကိုရွှေမဟာအာကာ ဒါတွေကနောက်လဲ လုပ်ရမှာ လာ အခုထဲက တစ်ခါတည်း ကျင့်ထား "

" ငဂျစ်ရာ မဂျစ်ပါနဲ့ကွာ ကိုယ်ထိုင်စောင့်နေမယ်လေ "

" အဲ့လိုရရိုးလား လာ "

" တကယ်ပါကွာ မဂျစ်ပါနဲ့ လိမ်မာတယ်နော် "

" ကျုပ်ကို မချစ်ဘူးလား "

လာပြီ ဒီတစ်ခွန်း ။ မဟာ ချက်ချင်း ပုဆိုးပြင်ဝတ်ကာ ချောင်းထဲ လိုက်ဆင်းရန်ပြင်ရပြီလေ ။

" လာ ကျုပ်ပြမယ် ဒီမှာကြည့် "

ရေထဲမှာ ကူးနေတဲ့ ငါးလေးတစ်ကောင်နောက်ကို လက်နှစ်ဖက်က ဖြေးဖြေးလေးလိုက်ပြီး ဇွက် ဆို ဖမ်းလိုက်ရော ။

" တွေ့လား ရပြီကွ "

" ဝါးး တော်လိုက်တာ ဂျစ်တူးက "

" ဒါပဲလေ ဘယ်သူမှတ်လို့တုန်း "

" မဟာ့ ယောကျာ်းလေ "

" ဒါပေါ့ အဟုတ်ပဲ "

တစ်ခါတစ်လေ ‌မာမီနဲ့ဈေးလိုက်လို့ ငါးခူအရှင်တွေထားထားတာမြင်ရင်တောင် သနားမဆုံး မစားနိုင် မသောက်နိုင်ဖြစ်တဲ့ မဟာအာကာ ကတော့ ကိုယ်တိုင် ငါးဆင်းဖမ်းရုံမက သူများဖမ်းထားတာကိုပါ တော်ကြောင်းချီးကျူးနေသေးသည် ။

" ကိုကိုး အလှည့် ဖမ်းကြည့် "

" ဟုတ်ပြီ ဒီလိုလေး လိုက်မယ် ဒီလိုလေး ဖမ်း "

" ဟားးး လွတ်သွားပြီ ကိုကိုးရဲ့ "

" ကျုပ်ပြမယ် ထပ်ကြည့် "

" အင်း "

" ဒီလိုလေးလိုက်မယ် ဖြေးဖြေးလေး ဒီလိုလေး ဖမ်း .... ရပြီ "

နောက်တစ်ကောင်ထပ်မိပြန်ပြီ ။ ဆိုင်ကယ်ခြင်းထဲ တက်ပြီး ထည့်လိုက်ပြန်သည် ။ ငဂျစ်ကောင်ကို အကြောပေးလို့ မဖြစ် ။

ဒီလိုနဲ့ပဲ ငဂျစ်ကောင်က ငါး ၆ ကောင်ရပြီး မဟာ တစ်ကောင်မှ မမိ

" ကဲပါ ကိုကိုးရေ လာတော့ နောက်နေ့မှ သင်မယ် လာ "

" ရတော့မှာ ခဏလေး "

" နေဝင်နေပြီဗျ ပြန်မယ် "

" နေဦးလို့ ဂျစ်တူးရဲ့ ရတော့မှာကို "

" ကိုကိုး !!!!! "

" အင်း သွားမယ်လေ ဂျစ်တူး နောက်ကျနေပြီရယ် လာ လာ "

ချက်ချင်း ကုန်းပေါ်ပြန်ရောက်လာကာ ဆိုင်ကယ်နားထိ တစ်ချိုစတည်းပြေးသွားသော မဟာ ကို ကြည့်ပြီး အထွန်း တစ်ယောက် သဘောအကျကြီး ကျ နေသည် ။

အိမ်ပြန်ရောက်တော့ ည ၇ နာရီပင်ကျော်ပြီလေ ။ အိမ်မှာ ကိုလင်းကိုလဲ မတွေ့ရ ။ နှင်းနုဆီပဲ သွားပြန်ပြီထင်တယ် ။

" ဂျစ်တူး ရေချိုးမလား "

" ကိုကိုးချိုးပေးမလို့လား "

" ခင်ဗျားလေးကလေ မပြောရဲတာကို မရှိဘူး ရော့ ရေလဲပုဆိုး သွားချိုးချေ သွား "

" ငါးလုပ်ပြီးမှ ချိုးမယ် ကိုကိုးအရင်ချိုး "

" ပြီးရော ပြီးရော ကိုယ်သွားချိုးပြီ "

မဟာ လဲ အကျီကို ချွတ်ပြီး ပုဆိုးကို ဒူးခေါင်းလောက်ထိဝတ်ကာ အခန်းအပြင်ထွက်မည်ပြုစဉ်

" အ့ ...... "

နောက်ကနေဆောင့်ဆွဲလိုက်တာကြောင့် မဟာ ဖင်ထိုင်လျက်ပြုတ်ကျပါလေရော ။ ကြမ်းပေါ်ကိုတော့မဟုတ် အထွန်း ပေါင်ပေါ်ကိုပင်

" ကိုကိုး "

" ယားတယ် ဂျစ်တူးရဲ့ "

မဟာ့ရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ်‌ပေါ်ကို ဂျစ်တူးရဲ့ လက်ချောင်းတွေက ဖြတ်ပြေးနေသည် ။ နောက် မဟာ့ခါးလေးကို ကျစ်ကျစ်ပါအောင် ဖက်ကာ မဟာ့ ဂုတ်ပိုးကို ခပ်ဖွဖွလေး နမ်းလာသည် ။

" ဂျစ်တူး ဖယ် ရေချိုးလိုက်ဦးမယ် "

" မဖယ်ပါဘူး ခဏ "

" အာ ချွေးတွေနဲ့ ဂျစ်တူးရဲ့ "

မဟာ့ကျောပြင်ကို သူ့ပါးအပ်ကာ မှီပြီး ချွဲနေသော ငဂျစ်ကောင် ။

" တော်တော်ကို ချွဲနော် ဂျစ်တူး "

" ဘာဖြစ်လဲ ကျုပ်မယ် ချွဲစရာက ကိုကိုးပဲ ရှိမှာ "

" ဟုတ်ပါပြီ ကြိုက်သလောက်ချွဲပါ "

" အင်း အများကြီး ဆယ်ဆ လောက် ချွဲမှာ "

" အေးပါ အခုတော့ ဖယ်ဦး ရေချိုးဦးမယ် "

" ဟုတ်ပါပြီ မြန်မြန်ချိုးနော် "

" အင်း "

မဟာ ရေကပြင်ကို အမြန်အမြန်ဆင်းလာရသည် ။ ငဂျစ်ရဲ့ ရင်ခွင်က နွေးလိုက်တာ ။ တကယ့်ကို နွေးနွေးလေးရယ် ။ ဂျစ်တူး ရင်ခွင်က သိပ်ကို လုံခြုံတယ် နွေးထွေးတယ် အဲ့ရင်ခွင်မှာ တစ်ချိန်လုံးနားခိုခွင့်ရမယ့်သူက ကိုယ် ပဲ ဖြစ်ချင်တယ် ကွာ ။ ကိုယ် အတ္တမကြီးပါဘူး လောဘလဲမရှိပါဘူး ဒါပေမယ့် ကိုယ့်ရဲ့တစ်ခုတည်းသော တပ်မက်မှုဖြစ်တဲ့ ဂျစ်တူး ကို ရရင် ကိုယ်ဘာမှမတောင်းဆိုတော့ပါဘူး ။

ဂျစ်တူးပျံသန်းချင်ရင် အတောင်ပံတစ်စုံဖြစ်ပေးမယ် ဂျစ်တူးရေကူးချင်ရင် အောက်ဆီဂျင်ဖြစ်ပေးမယ် ဂျစ်တူး အမှောင်ထဲရောက်နေရင် ကိုယ် မီးအိမ်ငယ်လေးဖြစ်ပေးမယ် ဂျစ်တူးနေပူထဲရောက်ရင် ကိုယ် ထီးတစ်ချောင်းဖြစ်ပေးမယ် ဂျစ်တူးက စိတ်ရှိသလောက်သာ စိတ်ကြိုက်နေထိုင်ပြုမူပါ ဘေးနားကနေ ထိန်းကျောင်းပြီး လမ်းပြပေးဖို့က ကိုယ့်တာဝန်သာထားလိုက်ပါ ။

[ ‌လောင် ချစ်သောတွေကို စပရိုက်တိုက်လိုက်ပါပြီ အတွဲဖြစ်တာစောသွားလားမသိဘူး 😁 နောက်တစ်ခုက မန့်ကိစ္စပါ လောင့် WP Ver က မန့် Error လေးဖြစ်နေလို့ မပြန်နိုင်တာပါနော် စိတ်မဆိုးကြပါနဲ့  ]

Please Vote 💚

(Zawgyi)

မဟာ့မ်က္ႏွာနဲ႔ နီးကပ္လြန္းစြာ ရွိေနတဲ့ မ်က္လုံးဝိုင္းေလးေတြက အေရာင္ေတာက္လာၿပီး

" တကယ္လား "

" အာ !!!! လာေနာက္မေနနဲ႔ ဂ်စ္တူး "

" ဘယ္သူက ေနာက္လို႔လဲ တကယ္ က်ဳပ္ကို ခ်စ္တာလား "

" ခ်စ္တာေပါ႔ ကိုယ့္ညီေလးပဲဟာ "

" အဲ့လိုမဟုတ္ဘူး ခ်စ္သူလို ေျပာတာ "

" ဘာ !!!! ဟားးးးး ႐ူးေနလား ဂ်စ္တူး ကိုယ္ကဘာလို႔ခ်စ္သူလိုခ်စ္ရမွာလဲ "

" က်ဳပ္ကို ခ်စ္သူလိုခ်စ္တယ္မဟုတ္ဘူးလား ဘာလို႔ညာေနတာလဲ "

ဂ်စ္တူး က ႐ုတ္တရက္ မဟာ့လက္ေမာင္းကို ကိုင္လႈပ္ကာ ေမးလာတာေၾကာင့္ မဟာ မတ္တပ္ ထ ရပ္လိုက္သည္ ။

" ဂ်စ္တူး စ တာ ေနာက္တာ က ေတာ္႐ုံပဲေနာ္ "

" ဘာကို စ တာလဲ ဘာကို ေနာက္တာလဲ ဟမ္ က်ဳပ္ခ်စ္လို႔ေလ က်ဳပ္ ခင္ဗ်ားကိုခ်စ္လို႔ေျပာေနတာေလ "

" ကိုယ္ ဂ်စ္တူးကို ညီတစ္ေယာက္လိုပဲ ခ်စ္ခဲ့တာပါ "

" ခင္ဗ်ား လူလိမ္ ခင္ဗ်ားေယာက်ာ္းမဟုတ္ဘူးလား ဟမ္ က်ဳပ္ကို ညီလိုခ်စ္တယ္ဆိုရင္ က်ဳပ္ကို ခင္ဗ်ားခိုးနမ္းစရာလိုလား ခိုးၿပီးၾကည့္ေနစရာလိုလား က်ဳပ္ကို က်ဳပ္ကို ပစ္ထားခဲ့ပါလား ခင္ဗ်ား ဗ်ာ က်ဳပ္ကို ေယာက်ာ္းတစ္ေယာက္ကို ခ်စ္တတ္ေအာင္လုပ္ခဲ့ၿပီးမွ ဘာ ညီတစ္ေယာက္လိုဟုတ္လား "

မဟာ အံ့ဩသြားသည္ ။ သူ့လုပ္ရပ္ေတြကို ဂ်စ္တူး က သိေနခဲ့တာေပါ႔ ။ ဒါဆို ဒါဆို .....

" ခင္ဗ်ားသိလား က်ဳပ္တစ္ညလုံးစဉ္းစားခဲ့တယ္ က်ဳပ္တစ္ညလုံးေၾကာက္ေနခဲ့ရတယ္ က်ဳပ္ က်ဳပ္လက္ခံႏိုင္ဖို႔အတြက္အမ်ားႀကီး အမ်ားႀကီး ေတြးခဲ့ရတာ ခင္ဗ်ား ဗ်ာ က်ဳပ္ကို က်ဳပ္ကိုလုပ္ရက္တယ္ က်ဳပ္ကအ႐ိုးသားဆုံးေတြးတတ္တဲ့ရြာသားပါဗ် ဒါေပသည့္ တစ္ခုမွတ္ထား ခင္ဗ်ားကစားလို႔ရတဲ့ အ႐ုပ္ေတာ့မဟုတ္ဘူး "

မဟာ ခြန္းတုံ႔မျပန္လိုက္ခင္မွာပဲ ဂ်စ္တူး က လွည့္ထြက္သြားေလရဲ႕ ။ မဟာ ခဏ ေတြေဝေနၿပီးမွ အရာအားလုံးကို ေမ့ပစ္လိုက္ကာ ဂ်စ္တူးကို ေနာက္ကေန ေျပးဖက္လိုက္သည္ ။

" ဖယ္ !!!! ဖယ္စမ္းပါ က်ဳပ္ကို မထိနဲ႔ "

" ကိုယ္ေတာင္းပန္ပါတယ္ မသြားပါနဲ႔ေနာ္ ကိုယ့္ကိုဘယ္ေတာ့မွေက်ာခိုင္းမသြားပါနဲ႔ ကိုယ္ေတာင္းပန္ပါတယ္ "

" အပိုေတြလာေျပာမေနနဲ႔ ဖယ္ "

" မဖယ္ဘူး ကိုယ္ ဂ်စ္တူး ကို ခ်စ္တယ္ ခ်စ္တယ္ဆိုတာထက္ ကိုယ္ ျမတ္ႏိုးတယ္ တန္ဖိုးထားတယ္ ကိုယ္ေလ ကိုယ္ ဂ်စ္တူးနဲ႔ပဲ တစ္ဘဝလုံးအတူတူရွိခ်င္တာ "

" လာ လိုက္ခဲ့ "

မဟာ့လက္ကို ျဖဳတ္ခ်ၿပီး မွ လက္ကို ဆြဲကာ ‌ကုန္းျမင့္ေလးေပၚျပန္တက္လာသည္ ။

" ေျပာပါဦး ခုနက စကားေတြ "

" ဟို ဟိုေလ ကိုယ္ေၾကာက္လို႔ပါ "

" ဘာကိုေၾကာက္တာတုန္း "

" ကိုယ္က ဘာမွမျဖစ္ေပမယ့္ ရြာမွာက် အခုလို လိင္တူခ်စ္ႀကိဳက္တာကို သေဘာမတူၾကဘူးေလ ဂ်စ္တူး စိတ္ပင္ပန္းရမွာ "

" အမေလးးး ၿမိဳ႕ႀကီးသားရယ္ က်ဳပ္က ေယာက်ာ္းတစ္ေယာက္နဲ႔ႀကိဳက္ေနပါတယ္ဆိုၿပီး ရြာထဲလိုက္ျဖန္႔မွာမွမဟုတ္တာ ဘယ္သူမွသိစရာအေၾကာင္းမရွိဘူး "

" ဒါေပမယ့္လဲ "

" ဒါေပမယ့္ေတြ မလဲပါနဲ႔ က်ဳပ္မ်က္ႏွာတစ္ခုတည္းသာ ၾကည့္ပါ "

မဟာ လဲ အေရွ႕က မ်က္ႏွာဝိုင္းေလးကို လက္ႏွစ္ဖက္နဲ႔ ကိုင္လိုက္ၿပီးမွ

" အင္း ၾကည့္မယ္ အခုေတြ႕ရသေလာက္ကေတာ့ ေနာက္ေနာင္ ျပႆနာေတြလိုက္ရွင္းရမယ့္သူက မဟာအာကာ ဆိုၿပီး မ်က္ႏွာမွာ စာေရးထားတယ္ "

" ဟာ ကိုႀကီး မေနာက္နဲ႔ "

" ခ်စ္လို႔စတာပါကြာ "

" ဟုတ္ပါၿပီ ဒါမဲ့ ကိုႀကီး လို႔ပဲ ေခၚရတာမေကာင္းဘူးေနာ္ "

" ဘယ္လိုေခၚခ်င္လဲ ဂ်စ္တူး "

" အင္း စဉ္းစားရမယ္ "

ေျပာေျပာဆိုဆို ျမက္ခင္းျပင္ကို ေက်ာခင္းကာ မဟာ့ ေပါင္ေပၚေခါင္းအုံးၿပီး လွဲေနျပန္သည္ ။ ေနေရာင္ျခည္စ တစ္ခ်ိဳ႕ ဂ်စ္တူး မ်က္ႏွာေပၚက်ေနသည္မို႔ မဟာ့လက္ေလးနဲ႔ ကာေပးလိုက္မိသည္

" အင္း မဟာအာကာ ဆိုေတာ့ကာ ဟာဟာ လို႔ ေခၚရမလား ကာကာ လို႔ ေခၚရမလား "

" ဟမ္ အထူးအဆန္းေတြကြာ ဘယ္လိုႀကီးတုန္း "

" လွသားပဲ ေရြးလိုက္ "

" ဘာေရြးရမွာတုန္း "

" ဟာဟာ လား ကာကာ လား "

" ေနပါဦး တကယ္ႀကီး ကိုယ့္ကို အဲ့လိုေခၚမလို႔လား "

" အင္းေလ "

" အဆင္ေျပမေနပါဘူးကြာ ဘာႀကီးမွန္းမသိဘူး "

" အဲ့တာဆို ဘယ္လိုေခၚရမတုန္း "

" တျခားဟာ ေျပာင္းစဉ္းစား "

" အင္းးး တျခားဟာ သိၿပီ ဒီလိုလုပ္ ကိုႀကီးက က်ဳပ္ထက္ႀကီးေတာ့ က်ဳပ္က ကိုကိုး လို႔ေခၚမယ္ "

" ဟမ္ ကိုကိုလဲ မဟုတ္ဘူး "

" ဒီလိုေလ မိန္းကေလးေတြက သူတို႔ေကာင္ေလးကို ကိုကို လို႔ေခၚတတ္ၾကတယ္မလား က်ဳပ္ကက် ေယာက်ာ္းေလးေလဗ်ာ အဲ့ေတာ့ ကိုကိုး လို႔ ေခၚတာ "

" ဟားးး ဟုတ္ပါၿပီကြာ ဒီဂ်စ္တူးကိုေတာ့ လိုက္ မမွီေတာ့ဘူး "

" ကိုကိုး "

" ဗ်ာ "

" ကိုကိုး လို႔ "

" ေျပာေလ ဂ်စ္တူးရဲ႕ "

" ေမာင္ "

" ဟမ္ !!! ဘာရယ္ !!!! "

" ေမာင္လို႔ေခၚ ေမာင္ ေမာင္ ေမာင္ "

ေပါင္ေပၚတင္ထားတဲ့ ေခါင္း က ႂကြလာၿပီး မဟာ့ဗိုက္နားကို ဝင္တိုးေခြ႕ကာ ခြၽဲေနေသးသည္ ။

" အာ ဂ်စ္တူးကလဲ ခြၽဲပ်စ္ပ်စ္ႀကီးနဲ႔ "

" မရဘူး ေခၚဗ်ာ ေမာင္လို႔ ေမာင္ေရ လို႔ ေမာင္လို႔ ေနာ္ ေနာ္ "

လက္ကလဲ မဟာ့လက္ေမာင္းကို ကိုင္ကာ ‌ျမက္ခင္းျပင္ေပၚတစ္ကိုယ္လုံး လွိမ့္ၿပီး ခြၽဲ‌ေနေရာ ။ ေရာ္ ဒီကေလးနဲ႔ေတာ့ ခက္ရခ်ည့္ ။

" တစ္ခါပဲ ေခၚမယ္ "

" အင္း ရတယ္ ရတယ္ "

" ေမာင္ "

" ဗ်ာ "

" ဟီးး ကိုကိုး က ခ်စ္စရာႀကီး "

" ေအးပါကြာ အဲ့တာနဲ႔ပဲ ညာစားေန "

" ေနာက္ဆို ညာမစားဘူး ‌ထင္ထင္ေပၚေပၚစားမွာဗ်ားး "

ေျပာေနရင္းနဲ႔ မဟာ့လက္တစ္ဖက္ကိုေခၚကာ သူ့ရင္ဘတ္ေပၚတင္ၿပီး အေပၚကေန အုပ္မိုးကိုင္ထားေသးသည္ ။

" ဂ်စ္တူး "

" ဗ်ာ "

" ကိုယ္ ရန္ကုန္ျပန္ရင္ လိုက္မလား "

" ဟင္ !!! ကိုကိုးက ျပန္ရေတာ့မွာလား "

" မဟုတ္ပါဘူး ခဏျပန္ရင္ေျပာတာပါကြာ "

" လိုက္မွာေပါ႔ တစ္ေယာက္ထဲျပန္လႊတ္လိုက္လို႔ ရန္ကုန္မွာ မိန္းမရလာရင္ ဘယ္လိုလုပ္မလဲ "

" အမေလးဗ်ာ ကိုယ္အိမ္ေထာင္ျပဳခ်င္မွျဖင့္ ယူၿပီးတာ ၾကာေပါ႔ "

လွဲေနရာကေန ခ်က္ခ်င္း ေငါက္ခနဲ ထ ထိုင္ကာ

" ဪ အဲ့လိုလား အဲ့တာဆို က်ဳပ္ကိုဘာလို႔ ခ်စ္တယ္ေျပာေသးလဲ က်ဳပ္ကိုလဲ ေက်ာရ႐ုံႀကံတာေပါ႔ေလ အမေလးးး အရပ္ကတို႔ေရ ၾကားလို႔မွ ေကာင္းရဲ႕လား က်ဳပ္ကိုမယူခ်င္ဘဲနဲ႔ ခိုးလဲနမ္းတယ္ ခိုးလဲၾကည့္တယ္ ခိုးလဲထိတယ္ ဒီက ၿမိဳ႕ႀကီးသားက က်ဳပ္ေတာ့ အယုံလြယ္မိၿပီထင္ပါရဲ႕ ကိုယ္က်ိဳးေတာ့နည္းပါၿပီ "

ေျခေထာက္ကို ေဆာင့္ကာ လက္ႏွစ္ဖက္က မ်က္လုံးႏွစ္ဖက္ကို ပြတ္ၿပီး အာေခါင္ေလာ္စပီကာနဲ႔ ေအာ္ေနေလရဲ႕ ။

" အာ ဂ်စ္တူး ဘာေတြေအာ္ေနတာတုန္း "

ဂ်စ္တူး ႏႈတ္ခမ္းကို လက္နဲ႔ပိတ္ဖို႔လုပ္ေတာ့ အတင္း႐ုန္းၿပီး

" အမေလးးး အဘ နဲ႔ အမေရ ကေန႔ပဲ ရည္းစားျဖစ္တယ္ ကေန႔ပဲ ကိုယ္ထိလက္ေရာက္ေစာ္ကားေနပါတယ္လို႔ ၿမိဳ႕ႀကီးသားယုံ စုံလုံးကန္းရခ်ည့္ "

" ဂ်စ္တူး ေလွ်ာက္မေအာ္နဲ႔လို႔ "

ႏႈတ္ခမ္းကို အတင္းလိုက္ပိတ္ရာကေန ဒင္းေလးက ၿငိမ္ၿငိမ္မေနဘဲ ေနာက္ကို ႐ို႕ ၿပီး ေရွာင္လိုက္တာေၾကာင့္ ျမက္ခင္းျပင္ေပၚ ပက္လက္လဲက်ကာ မဟာ က အေပၚမွ အုပ္မိုးထားမိလ်က္သား ။

" ဟြန္႔ ခုနကေျပာတယ္ေလ လက္မထပ္ခ်င္ဘူးဆို "

" အဲ့တာက ကိုယ္ခ်စ္တဲ့သူ မေတြ႕ေသးလို႔ေလကြာ "

" အခုကေရာ "

" ေတြ႕ၿပီေလ ဒီက ဂ်စ္တူး ငေမႊထြန္း "

" ေတာ္ေတာ္ကိုပဲ "

မဟာ လဲ အေပၚကေန မိုးထားရာကေန ေဘးကို တစ္ေစာင္းအေနအထားေရႊ႕လိုက္ၿပီး ေခါင္းကို လက္ေထာက္ကာ ဂ်စ္တူး နား လွဲလိုက္တယ္ ။

" လက္ေပး "

" ဟမ္ ဘာလို႔လဲ "

" ေပးပါ ကိုကိုးရဲ႕ "

မဟာ လက္ေပးလိုက္ေတာ့ မဟာ့လက္ေခ်ာင္းေတြၾကား သူ့လက္ေခ်ာင္းေတြကို ေရာယွက္ကာ ဆုပ္ကိုင္ၿပီး သူ့ရင္ဘတ္ေပၚတင္ထားသည္ ။

" ကိုကိုး က်ဳပ္တို႔ယူၿပီးရင္ေလ အညာမွာပဲေနမလား ရန္ကုန္မွာေနမလား "

" ဂ်စ္တူး ကိုယ္တို႔ ယူဖို႔ဆိုတာကေလ "

" က်ဳပ္ေမးတဲ့အထဲ အဲ့တာမပါဘူးထင္ပါ႔ "

" အင္းပါ ဂ်စ္တူး ေနခ်င္တဲ့ေနရာမွာ ေနမွာေပါ႔ "

" အဲ့တာဆို ရန္ကုန္နဲ႔အညာရဲ႕ အလယ္မွာ ေနမယ္ "

" အင္း သေဘာ "

" ကိုကိုး "

" ဗ်ာ "

" ကိုကိုးမွာလဲ သူငယ္ခ်င္းေတြရွိမွာေပါ႔ေနာ္ "

" အင္း ရွိတယ္ "

" ရန္ကုန္ေရာက္ရင္ မိတ္ဆက္ေပး "

" မိတ္ဆက္ေပးမွာေပါ႔ ရန္ကုန္ေရာက္ရင္ သူငယ္ခ်င္းေတြနဲ႔တင္မကဘူး ကိုယ့္မိဘေတြနဲ႔ပါ မိတ္ဆက္ေပးမွာ "

" တကယ္လား "

" အတည္ "

" ကိုကိုး ကို ခ်စ္တယ္ "

တြဲထားတဲ့ကြၽန္ေတာ့္လက္ကို အေပၚကို ေျမႇာက္ယူၿပီး သူ့ႏႈတ္ခမ္းေလးနဲ႔ ခပ္ဖြဖြ ထိတယ္ ။ ေနာက္ သူ့ပါးနားေလးမွာ ကပ္ထားၿပီး

" ကိုကိုး က်ဳပ္တို႔ အတူတူ ေနသြားလို႔ရေအာင္ ႀကိဳးစားၾကမယ္ "

" ဒါေပါ႔ ဘယ္သူမွ မခြဲေစရဘူး "

ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ရင္း ႏွစ္ေယာက္စလုံးရဲ႕ တြဲလက္ေလးဟာလဲ ေကာင္းကင္ျပာျပာႀကီးကို ေနာက္ခံထားကာ လွပတဲ့ အနာဂတ္ပန္းခ်ီကားေလးရဲ႕ အစပ်ိဳးရာ အခိုက္အတန္႔တစ္ခု ျဖစ္ခဲ့ပါတယ္ ။ မဟာ လဲ ဖုန္းနဲ႔ မွတ္တမ္းတင္ထားႏိုင္ခဲ့ပါတယ္ ။

" ပန္းခ်ီတစ္ခ်ပ္ကို ေရးဆြဲေတာ့မယ္ဆိုရင္ အဓိက အလိုအပ္ဆုံးက ခဲတံ တစ္ေခ်ာင္းျဖစ္မလားမသိေပမယ့္ ကိုယ့္အနာဂတ္ပန္းခ်ီကိုေရးဆြဲဖို႔ေတာ့ မင္းလက္တစ္စုံသာ လိုပါတယ္ "

Facebook Newfeed မွာ တင္လိုက္တဲ့ Caption နဲ႔ ပုံေလးတစ္ပုံ ခ်က္ျခင္း ment ေတြ react ေတြ မနည္းမေနာတက္လာေပမယ့္ ဘယ္သူ့ကိုမွ အဖက္မလုပ္ႏိုင္ ။ ေဘးမွာ ခ်စ္ရသူ ရွိသည္ေလ မည္သူ့ကို ထပ္လိုဦးမည္နည္း ။

ညေနေစာင္းခါနီးေလာက္ ႏွစ္ေယာက္သား အိမ္ျပန္ဖို႔ျပင္ရသည္ ။

" ကိုကိုး ခါးကိုဖက္ထားေနာ္ "

" အင္းပါ ဂ်စ္တူးရယ္ တက္ ေမွာင္ေတာ့မယ္ "

" ေမွာင္လဲ က်ဳပ္ တာဝန္ယူမွာပါ "

" ဒီဂ်စ္တူးနဲ႔ကေတာ့ အပိုေတြေျပာမေနနဲ႔ ေမာင္း ျမန္ျမန္ "

" ဟုတ္ကဲ့ "

ဆိုင္ကယ္ စ ထြက္တာနဲ႔ ဂ်စ္တူးရဲ႕ ခါးကိုဖက္ကာ လမ္းတစ္ေလွ်ာက္ေနဝင္ခ်ိန္အလွတရားကို ၾကည့္ရင္း ဆိုင္ကယ္ ဘတ္မွန္ကေန ဆိုင္ကယ္ေမာင္းေနတဲ့ အလွတရားေလးကိုလဲ ေငးရင္းေပါ႔ ။

" ကိုကိုး "

" ဗ်ာ "

" အခု က်ဳပ္ကို မွီလို႔ရတယ္ေနာ္ သိသိသာသာေပါ႔ "

" ဟာ !!!! ငဂ်စ္ေကာင္ ခင္ဗ်ားေလး မသိလိုက္တာရွိလား "

" ရွိတာေပါ႔ "

" ဘာမ်ားလဲ ေျပာပါဦး "

" က်ဳပ္ကို ကိုကိုး ဘယ္အခ်ိန္က စ ခ်စ္သြားမွန္း က်ဳပ္ မသိဘူး "

" ေျပာျပရမလား "

" အင္း ေျပာျပ "

" ဒီတိုင္းေတာ့ မေျပာျပဘူး "

" ဟာ ဘယ္ႏွယ့္ေၾကာင့္တုန္း "

" အျပန္အလွန္ပဲေလ ဂ်စ္တူးလဲေျပာျပ အဲ့တာဆို ကိုယ္လဲ ေျပာျပမယ္ "

" က်ဳပ္က ဟိုးဘက္ရြာမွာ ေဆးသြားကုတုန္းက က်ဳပ္တို႔စကားမ်ားတယ္ေလ မွတ္မိလား အဲ့ေန႔ကတည္းက "

" ဟင္ !!!!! "

" ဟုတ္တယ္ အဲ့ေန႔ကတည္းက က်ဳပ္ကို လူတိုင္းေျပာၾကတဲ့စကားမ်ိဳး ကိုကိုးေျပာခဲ့တာ ဒါေပမယ့္ ကိုကိုးေျပာတာက ပိုနာတယ္လို႔ခံစားရတယ္ အဲ့ကတည္းက တစ္ခုခုပဲလို႔ေတြးခဲ့တာ အခုမွ ေသခ်ာသိသြားတာက ကိုကိုးက က်ဳပ္မိန္းမျဖစ္မွာမို႔လို႔ပဲ "

" ဘာကြ !!!!! ကိုယ္က ခင္ဗ်ားေလး မိန္းမ လုပ္ရမွာလား "

" ဒါေပါ႔ ဘာလဲ မလုပ္ခ်င္ဘူးလား "

" ေအးပါကြာ ငဂ်စ္ အလိုက် မိန္းမဆိုေတာ့လဲ မိန္းမေပါ႔ အဓိက က တြဲထားရမယ့္လက္က ဂ်စ္တူးလက္ျဖစ္ေနရင္ ၿပီးတာပါပဲ "

" ကဲ ကိုကိုးအလွည့္ ေျပာျပ က်ဳပ္ကို ဘယ္တုန္းက စ ၿပီး ခ်စ္တာလဲ "

" ကိုယ္ရြာေရာက္ေရာက္ခ်င္းေန႔ပဲေလ ညေနေစာင္းေလာက္က် ခင္ဗ်ားေလး ကိုယ္တို႔ ၿခံေရွ႕မွ မူးၿပီး အိပ္ေနတာေလ အဲ့တုန္းက ၿခံထဲကို ကိုယ္ဆြဲေခၚခဲ့တာ အဲ့ကတည္းက ခင္ဗ်ားေလးကို ပိစိေလးစိတ္ဝင္စားခဲ့တာ ေနာက္ သူႀကီးဆီမွာ ထိပ္တုံးခတ္ခံရတဲ့ေန႔ ခင္ဗ်ားေလးကို ေဆးထည့္ေပးရင္း .... "

" ခ်စ္သြားတယ္ဆိုပါေတာ့ ဒီခ်စ္စရာေလးကိုေလ "

" ေအးေပါ႔ ဟုတ္ပါတယ္ "

" လူႀကီးေတြရွက္ရင္ အဲ့လိုပဲ စပ္ၿဖီးၿဖီးနဲ႔ "

" မရွက္ပါဘူး "

" ရွက္ေနပါတယ္ "

" မရွက္ဘူး "

" ရွက္ပါတယ္ ကြာ "

" ေအးကြာ ရွက္တယ္ ရွက္တယ္ ရၿပီလား "

" ဟားးးး ကိုကိုးကေလ တကယ္ကို ခ်စ္စရာႀကီးဗ်ာ "

ရြာထဲ ျပန္ေရာက္ဖို႔ တစ္ေခၚေလာက္အလိုမွာ ေခ်ာင္းေလးတစ္ခု ရွိတယ္ ။ အဲ့နားလဲေရာက္ေရာ ဂ်စ္တူး က ဆိုင္ကယ္ကို ရပ္လိုက္ေရာ ။

" ဂ်စ္တူး ဘာတုန္း "

" ငါးဖမ္းမလို႔ "

" ဟမ္ ေနာက္က်ေနၿပီ လာပါကြာ ျပန္မယ္ "

" အာ ကိုကိုးကလဲ ညက် ဝိုင္းထဲ ငါးကင္မယ္ေလ "

" လာပါကြာ ကိုယ္ဝယ္ေပးမယ္ "

" ဟ ေခ်ာင္းထဲ ကိုယ္တိုင္ဖမ္းရတဲ့ငါးကို ဘယ့္ႏွယ့္ဝယ္မွာတုန္း က်ဳပ္မိန္းမေလးရဲ႕ လာ သြားဆင္းဖမ္းမယ္ "

" ငဂ်စ္ပါကြာ ေအးေအး သြားမယ္ သြား "

" ဟီးး လာ လာ "

မဟာ့ လက္ကိုဆြဲကာ ေခ်ာင္းစပ္ေရာက္ေတာ့ ပုဆိုးကို ခပ္တိုတို ျပင္ဝတ္လိုက္‌ေသးသည္ ။ မဟာ့ ပုဆိုးကို ၾကည့္ကာ ေမးဆတ္ျပေတာ့

" ဘာလဲ ဂ်စ္တူးရာ "

" ပုဆိုးျပင္ဝတ္ေလ "

" ဘာလို႔တုန္း "

" ဟာ ငါးဖမ္းပါမယ္ဆို "

" ကိုယ္မွ မဖမ္းတတ္တာ ၿပီးေတာ့ မကိုင္ရဲဘူး "

" ကဲ ကိုေရႊမဟာအာကာ ဒါေတြကေနာက္လဲ လုပ္ရမွာ လာ အခုထဲက တစ္ခါတည္း က်င့္ထား "

" ငဂ်စ္ရာ မဂ်စ္ပါနဲ႔ကြာ ကိုယ္ထိုင္ေစာင့္ေနမယ္ေလ "

" အဲ့လိုရ႐ိုးလား လာ "

" တကယ္ပါကြာ မဂ်စ္ပါနဲ႔ လိမ္မာတယ္ေနာ္ "

" က်ဳပ္ကို မခ်စ္ဘူးလား "

လာၿပီ ဒီတစ္ခြန္း ။ မဟာ ခ်က္ခ်င္း ပုဆိုးျပင္ဝတ္ကာ ေခ်ာင္းထဲ လိုက္ဆင္းရန္ျပင္ရၿပီေလ ။

" လာ က်ဳပ္ျပမယ္ ဒီမွာၾကည့္ "

ေရထဲမွာ ကူးေနတဲ့ ငါးေလးတစ္ေကာင္ေနာက္ကို လက္ႏွစ္ဖက္က ေျဖးေျဖးေလးလိုက္ၿပီး ဇြက္ ဆို ဖမ္းလိုက္ေရာ ။

" ေတြ႕လား ရၿပီကြ "

" ဝါးး ေတာ္လိုက္တာ ဂ်စ္တူးက "

" ဒါပဲေလ ဘယ္သူမွတ္လို႔တုန္း "

" မဟာ့ ေယာက်ာ္းေလ "

" ဒါေပါ႔ အဟုတ္ပဲ "

တစ္ခါတစ္ေလ ‌မာမီနဲ႔ေဈးလိုက္လို႔ ငါးခူအရွင္ေတြထားထားတာျမင္ရင္ေတာင္ သနားမဆုံး မစားႏိုင္ မေသာက္ႏိုင္ျဖစ္တဲ့ မဟာအာကာ ကေတာ့ ကိုယ္တိုင္ ငါးဆင္းဖမ္း႐ုံမက သူမ်ားဖမ္းထားတာကိုပါ ေတာ္ေၾကာင္းခ်ီးက်ဴးေနေသးသည္ ။

" ကိုကိုး အလွည့္ ဖမ္းၾကည့္ "

" ဟုတ္ၿပီ ဒီလိုေလး လိုက္မယ္ ဒီလိုေလး ဖမ္း "

" ဟားးး လြတ္သြားၿပီ ကိုကိုးရဲ႕ "

" က်ဳပ္ျပမယ္ ထပ္ၾကည့္ "

" အင္း "

" ဒီလိုေလးလိုက္မယ္ ေျဖးေျဖးေလး ဒီလိုေလး ဖမ္း .... ရၿပီ "

ေနာက္တစ္ေကာင္ထပ္မိျပန္ၿပီ ။ ဆိုင္ကယ္ျခင္းထဲ တက္ၿပီး ထည့္လိုက္ျပန္သည္ ။ ငဂ်စ္ေကာင္ကို အေၾကာေပးလို႔ မျဖစ္ ။

ဒီလိုနဲ႔ပဲ ငဂ်စ္ေကာင္က ငါး ၆ ေကာင္ရၿပီး မဟာ တစ္ေကာင္မွ မမိ

" ကဲပါ ကိုကိုးေရ လာေတာ့ ေနာက္ေန႔မွ သင္မယ္ လာ "

" ရေတာ့မွာ ခဏေလး "

" ေနဝင္ေနၿပီဗ် ျပန္မယ္ "

" ေနဦးလို႔ ဂ်စ္တူးရဲ႕ ရေတာ့မွာကို "

" ကိုကိုး !!!!! "

" အင္း သြားမယ္ေလ ဂ်စ္တူး ေနာက္က်ေနၿပီရယ္ လာ လာ "

ခ်က္ခ်င္း ကုန္းေပၚျပန္ေရာက္လာကာ ဆိုင္ကယ္နားထိ တစ္ခ်ိဳစတည္းေျပးသြားေသာ မဟာ ကို ၾကည့္ၿပီး အထြန္း တစ္ေယာက္ သေဘာအက်ႀကီး က် ေနသည္ ။

အိမ္ျပန္ေရာက္ေတာ့ ည ၇ နာရီပင္ေက်ာ္ၿပီေလ ။ အိမ္မွာ ကိုလင္းကိုလဲ မေတြ႕ရ ။ ႏွင္းႏုဆီပဲ သြားျပန္ၿပီထင္တယ္ ။

" ဂ်စ္တူး ေရခ်ိဳးမလား "

" ကိုကိုးခ်ိဳးေပးမလို႔လား "

" ခင္ဗ်ားေလးကေလ မေျပာရဲတာကို မရွိဘူး ေရာ့ ေရလဲပုဆိုး သြားခ်ိဳးေခ် သြား "

" ငါးလုပ္ၿပီးမွ ခ်ိဳးမယ္ ကိုကိုးအရင္ခ်ိဳး "

" ၿပီးေရာ ၿပီးေရာ ကိုယ္သြားခ်ိဳးၿပီ "

မဟာ လဲ အက်ီကို ခြၽတ္ၿပီး ပုဆိုးကို ဒူးေခါင္းေလာက္ထိဝတ္ကာ အခန္းအျပင္ထြက္မည္ျပဳစဉ္

" အ့ ...... "

ေနာက္ေကနေဆာင့္ဆြဲလိုက္တာေၾကာင့္ မဟာ ဖင္ထိုင္လ်က္ျပဳတ္က်ပါေလေရာ ။ ၾကမ္းေပၚကိုေတာ့မဟုတ္ အထြန္း ေပါင္ေပၚကိုပင္

" ကိုကိုး "

" ယားတယ္ ဂ်စ္တူးရဲ႕ "

မဟာ့ရဲ႕ အဝတ္မပါတဲ့ ခႏၶာကိုယ္‌ေပၚကို ဂ်စ္တူးရဲ႕ လက္ေခ်ာင္းေတြက ျဖတ္ေျပးေနသည္ ။ ေနာက္ မဟာ့ခါးေလးကို က်စ္က်စ္ပါေအာင္ ဖက္ကာ မဟာ့ ဂုတ္ပိုးကို ခပ္ဖြဖြေလး နမ္းလာသည္ ။

" ဂ်စ္တူး ဖယ္ ေရခ်ိဳးလိုက္ဦးမယ္ "

" မဖယ္ပါဘူး ခဏ "

" အာ ေခြၽးေတြနဲ႔ ဂ်စ္တူးရဲ႕ "

မဟာ့ေက်ာျပင္ကို သူ့ပါးအပ္ကာ မွီၿပီး ခြၽဲေနေသာ ငဂ်စ္ေကာင္ ။

" ေတာ္ေတာ္ကို ခြၽဲေနာ္ ဂ်စ္တူး "

" ဘာျဖစ္လဲ က်ဳပ္မယ္ ခြၽဲစရာက ကိုကိုးပဲ ရွိမွာ "

" ဟုတ္ပါၿပီ ႀကိဳက္သေလာက္ခြၽဲပါ "

" အင္း အမ်ားႀကီး ဆယ္ဆ ေလာက္ ခြၽဲမွာ "

" ေအးပါ အခုေတာ့ ဖယ္ဦး ေရခ်ိဳးဦးမယ္ "

" ဟုတ္ပါၿပီ ျမန္ျမန္ခ်ိဳးေနာ္ "

" အင္း "

မဟာ ေရကျပင္ကို အျမန္အျမန္ဆင္းလာရသည္ ။ ငဂ်စ္ရဲ႕ ရင္ခြင္က ေႏြးလိုက္တာ ။ တကယ့္ကို ေႏြးေႏြးေလးရယ္ ။ ဂ်စ္တူး ရင္ခြင္က သိပ္ကို လုံၿခဳံတယ္ ေႏြးေထြးတယ္ အဲ့ရင္ခြင္မွာ တစ္ခ်ိန္လုံးနားခိုခြင့္ရမယ့္သူက ကိုယ္ ပဲ ျဖစ္ခ်င္တယ္ ကြာ ။ ကိုယ္ အတၱမႀကီးပါဘူး ေလာဘလဲမရွိပါဘူး ဒါေပမယ့္ ကိုယ့္ရဲ႕တစ္ခုတည္းေသာ တပ္မက္မႈျဖစ္တဲ့ ဂ်စ္တူး ကို ရရင္ ကိုယ္ဘာမွမေတာင္းဆိုေတာ့ပါဘူး ။

ဂ်စ္တူးပ်ံသန္းခ်င္ရင္ အေတာင္ပံတစ္စုံျဖစ္ေပးမယ္ ဂ်စ္တူးေရကူးခ်င္ရင္ ေအာက္ဆီဂ်င္ျဖစ္ေပးမယ္ ဂ်စ္တူး အေမွာင္ထဲေရာက္ေနရင္ ကိုယ္ မီးအိမ္ငယ္ေလးျဖစ္ေပးမယ္ ဂ်စ္တူးေနပူထဲေရာက္ရင္ ကိုယ္ ထီးတစ္ေခ်ာင္းျဖစ္ေပးမယ္ ဂ်စ္တူးက စိတ္ရွိသေလာက္သာ စိတ္ႀကိဳက္ေနထိုင္ျပဳမူပါ ေဘးနားကေန ထိန္းေက်ာင္းၿပီး လမ္းျပေပးဖို႔က ကိုယ့္တာဝန္သာထားလိုက္ပါ ။

[ ‌ေလာင္ခ်စ္ေသာေတြကို စပ႐ိုက္တိုက္လိုက္ပါၿပီ အတြဲျဖစ္တာေစာသြားလားမသိဘူး 😁 ေနာက္တစ္ခုက မန္႔ကိစၥပါ ေလာင့္ WP Ver က မန္႔ Error ေလးျဖစ္ေနလို႔ မျပန္ႏိုင္တာပါေနာ္ စိတ္မဆိုးၾကပါနဲ႔  ]

Please Vote 💚

Continue Reading

You'll Also Like

410K 45.6K 167
ဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။
869K 131K 191
ဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်...
213K 5.6K 58
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...
204K 7.7K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...