တုန်လှုပ်သွားတဲ့စိတ်ကို မနည်း ငြိမ်အောင်လုပ်ပြီး အသံတွေပါ မတုန်အောင် ထိန်းလျက် မဟာ ပြန်ပြောရသည် ။
" ဘာတွေမေးနေတာတုန်း ဂျစ်တူးရဲ့ "
" ကျုပ်သိချင်လို့လေ ယောကျာ်းလေးတစ်ယောက်က တခြားယောကျာ်းလေးတစ်ယောက်ကို ချစ်လို့ရလား ဆိုတာ တကယ်သိချင်လို့ "
" ကလေးက ကလေးလို နေပါ ဂျစ်တူးရယ် စာအုပ်သာ ဖတ်နေ "
ဖတ်နေတဲ့စာအုပ်ကို ရင်ဘတ်ပေါ်တင်ကာ ကျွန်တော့်ကို မော့ကြည့်လာပြီး
" ဖြေပါ ချစ်လို့ရလား "
" စာအုပ်သာ ဖတ်နေပါကွာ "
" ဟာ ဖြေ လို့ ဆို "
တကိုယ်လုံးထွန့်ထွန့်လူးပြီး ခြေထောက်ကလဲ ဆောင့်နေသေးသည် ။
" ကဲ ပြော ရတယ်ဆို ဘာလုပ်မလို့လဲ "
" ရတယ်ဆိုရင် .... "
ပြောနေတဲ့စကားကို ရပ်လိုက်ပြီး ထ ထိုင်လိုက်ကာ မဟာ့ မျက်နှာနဲ့ တစ်ထွာအကွာလောက်ထိ သူ့မျက်နှာကို ကပ်လာပြီး
" ဒီက မဟာအာကာ ကို ယူမလားလို့ "
မဟာ့မျက်နှာတစ်ခုလုံး ရေနွေးပူနဲ့အပက်ခံလိုက်ရသလိုပင် ။ နားရွက်တွေပါနီရဲပူခြစ်လာသလိုလို ။
" ဂျစ်တူး ဖယ်စမ်းပါကွာ ကိုယ်က မင်းထက်အကြီးနော် နောက်စရာမဟုတ်ဘူး "
" မနောက်ပါဘူး ဟီးးး စ ရုံပဲ စ တာကို "
ပြောပြောဆိုဆိုနဲ့မဟာ့ပေါင်ပေါ်ခေါင်းပြန်အုံးကာ စာအုပ်ဖတ်နေပြန်ရော ။ ဒီကလေးကတော့ ဘာဖြစ်နေမှန်းမသိ ။ ထူးထူးဆန်းဆန်းတွေ ထထ ပြောနေသည် ။ ခဏနေတော့ မျက်လုံးလေးစင်းကာ အိပ်ပျော်သွားလေရဲ့ ။ မဟာ့လက်ချောင်းလေးတွေလဲ မျက်ခုံးထူထူလေးတွေကို ထိတွေ့ရင်း ဒီကလေးကို တစ်နေ့တစ်ခြား ချစ်မဝ ဖြစ်ဖြစ်လာရသည်
နာရီဝက်ကျော်လောက်ထိ ခြေထောက်ကျဉ်လာတာကို မမှုနိုင်ဘဲ မျက်နှာတော်လှလှကို မော်ဖူးနေမိသည် ။ အိပ်နေချိန်တိုင်း မျက်ခမ်းစပ်ကို ထိနေတဲ့ မျက်တောင်ရှည်ရှည်လေးတွေကြား ဝင်ပုန်းနေချင်မိတယ် ။ တော်တော်ကြာမှ ဂျစ်တူးလေးက လှုပ်စိလှုပ်စိနဲ့ နိုးလာလေရဲ့ ။
" အင်းးးး အိပ်လို့ကောင်းလိုက်တာ "
" နိုးပြီလား "
" ဟုတ် ကျုပ်အိပ်ပျော်သွားတယ် "
" ဟုတ်ပါ့ အိပ်ပဲအိပ်နိုင်လွန်းတယ် "
တကယ်အိပ်တာမျိုးမဟုတ်ဘဲ သူ့ကို လွတ်လွတ်လပ်လပ်ကြည့်စေချင်လို့ အိပ်ချင်ယောင်ဆောင်နေခြင်းကို အသိမပေးတော့ပါဘူးလေ ။
" ဘာဖြစ်လဲ ဗျ အိပ်တာပဲကို "
" ဟုတ်ပါပြီဗျာ ဘာမှမပြောရပါဘူး "
" ကျုပ်ပြန်တော့မယ် "
" ဟုတ်ပါပြီ ဂရုစိုက်သွားဦး မနက်ကျ လာခဲ့ဦးနော် ဆေးထည့်ရဦးမယ် "
" လာမှာ လာမှာ စိတ်ချ "
" ဟုတ်ပါပြီကွာ ပြန် ပြန် "
ဂျစ်တူး ဒီနေ့ထူးဆန်းသည် ။ အရင်လို ပုဆိုးကို မ မထားရုံမက သူ့ကို လှည့်ကြည့်လှည့်ကြည့်ဖြင့်ပြန်သွားခြင်းပင် ။ ဆေးမှားသောက်လာတာလားတောင် ထင်ရသည် ။
အထွန်းတစ်ယောက် ဝိုင်း ကို မပြန်ချင် ။ ဘာကြောင့်ရယ်မဆိုနိုင် ။ မဟာအာကာ့အနားပဲ နေချင်နေသည် ။ သူ့ကို အလိုလိုက်လို့လား ဟင့်အင်း အဲ့လိုဆို အမ လဲ အလိုလိုက်တာပဲကို ။ သူ့ကို ဂရုစိုက်ပေးလို့လား အဲ့လိုဆိုလဲ အမ ရှိတာပဲကို ဒါဆို ဘာလို့တုန်း အားး သိပြီ ဂျယ်လီကျွေးလို့ ဟုတ်တယ် ဂျယ်လီကျွေးလို့လေ ။
အိမ်ပြန်ရောက်တော့လဲ အခန်းထဲ ကုတင်ပေါ် လှိမ့်ကာ စဉ်းစားနေမိသည် ။
" ဆရာအာကာ က ကျုပ်ရဲ့ ဒီနားလေးကို နမ်းသွားတာ အဲ့တာကို ကျုပ်က စိတ်မဆိုးဘဲ ပျော်နေတာ ဘာလို့လဲ "
နဖူးကို ပွတ်ကာ ခြေထောက်ကို ဆောင့်ရင်း အလိုမကျဖြစ်နေသည် ။
" နောက်ပြီး မျက်ခုံးတွေကိုလဲ ဒီလို ဒီလို ထိနေသေးတာ "
ကိုယ့်မျက်ခုံးကို ခပ်ဖွဖွ ထိရင်း တီးတိုးပြောနေမိသေးသည် ။
" ဘာလဲကွာ ဘာကြီးလဲ ကျုပ် သူ့ကို တွေ့ချင်လိုက်တာ ဟမ် တင်မောင်ထွန်းညို ခင်ဗျား အခု သူ့ကို လွမ်းနေတာလား "
ကုတင်ပေါ်လှဲနေရာကနေ ထ ထိုင်လိုက်ပြီး ခုံပေါ်က မှန် ကို ယူလိုက်သည် ။ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်တော့လဲ မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်း အကြည့်တွေကအစ ယောကျာ်းလိုပါပဲ မိန်းမနဲ့လဲ တူမနေပါဘူး ။
" တင်မောင်ထွန်းညို ခင်ဗျား ခြောက် သွားတာလား "
" မဟုတ်ပါဘူး ကျုပ်က ယောကျာ်းစစ်စစ်ဗျ "
" အေးလေ သိသားပဲ ခြောက်စရာလား "
" အဟုတ်ပဲ "
မှန်ကိုချကာ လျှို့ဝှက်နေရာကို စမ်းကြည့်မိသည် ။ ဒါလဲ ရှိနေတာပဲကို ဘယ့်နှယ့် ကျုပ်က ယောကျာ်းပါကွ ။
" ဟင် အဲ့တာဆို ဆရာအာကာကရော သူ သူ သူက ယောကျာ်းရော ဟုတ် ဟုတ် အားးးးးး ကယ်ကြပါဦး "
ခေါင်းအုံးပေါ်မျက်နှာအပ်ကာ ခြေထောက်ကို လေပေါ်မြှောက်လျက် အော်နေမိသည် ။ စိတ်ရှိလက်ရှိ အော်ပြီးတော့မှ ပြန် ထ လာပြီး
" ဟုတ်ပြီ ကျုပ်သိပြီ ကျုပ်က ယောကျာ်းဗျ ယောကျာ်းစစ်စစ် ဆိုတော့ကာ ယောကျာ်းလေးဖြစ်တဲ့ မဟာအာကာ က ကျုပ်မိန်းမ ဖြစ်လာရမယ် ဒါ ကျုပ်ရဲ့ နောက်ဆုံး အိမ်ထောင်ဖက် ရှာခြင်းပဲ "
မဟာ လဲ အခန်းထဲမှာ လှိမ့်ရင်း အိပ်မပျော်ပေ ။ အထွန်း တစ်ယောက် မနေ့ကလောက်ထဲက ထူးထူးဆန်းဆန်းတွေ စ ပြောလာတာကို သတိထားမိနေသည် ။
" ဂျစ်တူး တစ်ယောက် ဘယ်ကနေ ဘာတွေကြားလာပြီး ဘာတွေ တွေးနေလဲ မသိဘူး "
" ငါလဲ ဒီကလေးကြောင့် မအိပ်ရတာ ဘယ်နှညရှိမှန်းကို မသိတော့ဘူး တကယ်ပါပဲ ကဲပါ အထွန်းရယ် ခဏလောက်လဲ ငါ့အတွေးထဲကနေ ထွက်ပေးပါလား တစ်ရက်မှာ၂၅ နာရီလောက် ခင်ဗျားလေးအကြောင်းတွေးနေမိလို့ပါ တကယ်ပါပဲ ဟူးးး "
စောင်ကို အရှည်လိုက်လိပ်ပြီး ဂျစ်တူး အမှတ်နဲ့ ဖက်ကာ အိပ်စက်ခြင်းဆီ အပြေးသွားရတော့သည် ။
_____________________________________
" သူ့ကိုမှ ချစ်မိနေပါတယ် တွေ့နေမြင်နေကြမို့ ဖြေဖျောက်ဖို့လဲမလွယ် မျက်စိထဲ တဝဲလည်လည် သူ့အလှပင့်ကူမြှေးသဖွယ် ဪ ရစ်ပတ်ဖွဲ့နှောင်ထားလို့ ရုန်းထွက်ဖို့လဲ ခက်လှတယ် ကိုယ့်ကိုကွယ် စိုးမိုးနိုင်လွန်းတယ် ချစ်တဲ့စိတ်ကို မြိုသိပ်ကာထားဖန်များ စိတ်အားကငယ် ဖော်ရွေအပြုံးနဲ့ ချစ်စရာကောင်းတဲ့ချစ်သူရယ် မောင်ချစ်တဲ့အကြောင်းတွေပြောပြတဲ့အခါမယ်ငြိုငြင်စိတ်ထားနဲ့ မျက်နှာလှလှအပြုံးပျက်မှာစိုးလို့ရယ်ကျေးမစေ စာခွေမပို့ဘဲ လမင်းကတဆင့်ချစ်တဲ့အကြောင်းကို ပြောပါမယ် ..... "
ဦးထွန်းညို တစ်ယောက် မှန်ရှေ့မှာ ရှေ့တိုးနောက်ဆုတ်လုပ်လိုက် ၊ အုန်းမုတ်ခွက်ဆံပင်ကို သ လိုက်နဲ့ လုပ်နေသော အထွန်း ကို ကြည့်ရင်း မျက်စိတွေနောက်လာလေပြီ ။
" ဟဲ့ မရွှေ ခင်ဗျားသား ဘယ့်နှယ့်ဖြစ်တုန်း စောစောစီးစီး ထ ပြီး သီချင်းလေး တအေးအေးနဲ့ပြင်ဆင်နေတာရယ် "
" မသိပါဘူးတော် မနက်ကြီး ခြောက်ချက်ထဲက ထပြီး ရေမိုးချိုးနေတာပဲ "
" ရွာထဲက ဘယ်အပျိုတော့ စောစောစီးစီး အာရုံနောက်ဦးမလဲ မဆိုနိုင်ဘူးဟေ့ "
" ရှင်ကလဲ ကျုပ်သားကို အဲ့လိုမပြောပါနဲ့တော့ "
" မင့်သားက ဘယ်နားကောင်းနေလို့တုန်း "
" ရှင်စောင့်ကြည့် ကျုပ်သားက အလိမ်မာ အိမ်ပါ ချွေးမ အလိမ်မာလေးကို ခေါ်လာပြလိမ့်မယ် "
" အေးပေါ့ စောင့်ကြည့်ရတာပေါ့ "
" အမရေ အမ "
" ဟဲ့ ဖြေးဖြေးဆင်းပါ အထွန်းရယ် ပြုတ်ကျပါဦးမယ် "
" အမ ကနေ့ တနဂ်နွေနေ့မလား "
" အေးလေ "
" ဒါပဲလေ ကံကြမ္မာက အထွန်း ဘက် မှာ အပြည့်အဝ ဗျို့ "
အိမ်အနောက်ဘက်ကနေ ဆိုင်ကယ်တွန်းထုတ်လာသော အထွန်းကို အမေဖြစ်သူက လှမ်းမေးရသေးသည် ။
" ဟဲ့ ဟဲ့ ဒါက ဘယ်တုန်း "
" အိမ်ထောင်ဖက် သွားခေါ်မလို့ အမ ရေ သွားပြီဗျို့ "
" တွေ့လား ခင်ဗျားသား သူများသားသမီးကို ဒုက္ခလှလှပေးမလို့ လှလှပပဝတ်စားပြီး သွားပါကော "
" တော်စမ်းပါရှင် "
_____________________________________
" ဆရာအာကာရေ ဆရာအာကာ "
မဟာရော ကိုလင်းပါ ဆေးခန်းနားရက်မို့ မထသေးဘဲ အိပ်နေကြခြင်းပင် ။ ခြံရှေ့က ဂျစ်တူးအသံကြားတော့ မထဘဲ နေလို့မရ ။ ချက်ချင်း ငေါက်ခနဲ ထ ကာ တံခါးပြေးဖွင့်ရသေးသည် ။
" ဂျစ်တူး အစောကြီးပါလား "
" ဟုတ်တယ် ခေါင်းက နာနေလားလို့ "
" ဟင် ဟုတ်လား လာ လာ အထဲ ဝင် "
အိမ်ထဲရောက်တော့ မဟာ သူ့ခေါင်းက ဒဏ်ရာကိုကြည့်ပေးရသည် ။
" ဘာမှတော့မဖြစ်ပါဘူး သွေးလဲ မထွက်ဘူး ဘာလို့နာနေတာလဲ မသိ "
" တကယ်နာနေတာပါဆို "
" အေးပါ ကြည့်နေတာပဲ "
" မနာအောင် ဘယ်လိုလုပ်ရလဲ ကျုပ်သိတယ် "
" ဘယ်လိုလုပ်ရတာလဲ ပြောပါဦး "
" ဒီမှာကြည့် "
မဟာ့လက်နှစ်ဖက်ကို ကိုင်ကာ သူ့ပါးတစ်ဖက်စီကို ထိကိုင်စေပြီး မဟာ့နှုတ်ခမ်းနားထိ သူ့ခေါင်းကို ထိုးပေးလာသည် ။
" ဉုံဖွ ဖူးးး ဆိုပြီး လုပ်လိုက် "
" ဟမ် !!!! "
" လုပ်လေ မလုပ်ဘူးလား အားးး နာလာပြီ နာနေပြီ "
" မနာနဲ့လေ အေးအေး ဥုံဖွနော် မနာနဲ့ ဖူးးးး "
" ဟဟ ပျောက်သွားပြီ "
" ခင်ဗျားလေးကတော့ တကယ်ပါပဲ "
မဟာ က အုန်းမုတ်ခွက်ဆံပင်လေးကို ခပ်ဖွဖွပွတ်ကာ ရီရင်း ပြောလိုက်တော့ မဟာ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လာတဲ့ ဂျစ်တူးရဲ့မျက်လုံးဝိုင်းလေးတွေ ။ မဟာ ကပဲ အရင် ရှောင်ဖယ်လိုက်မိသည် ။ သူ့ရဲ့အကြည့်တွေအောက်မှာ ကျော့ကွင်းထဲက ယုန်သူငယ်လို စိုးရွံ့မိနေသည်လေ ။
" ကျုပ် ပြောစရာရှိတယ် "
" အင်း ပြောလေ ဘာများလဲ "
" ကနေ့ ဆေးခန်းပိတ်တယ်မလား "
" ဟုတ်တယ်လေ "
" ကျုပ်နဲ့အတူ လျှောက်သွားမလား "
" ဟမ် !!!!! "
" ရွာရဲ့ အလှဆုံးနေရာတွေကို သွားကြည့်ကြမယ်လေ သွားမလား "
" အခုလား "
" အင်းပေါ့ အခုပဲ ဒီနေ့ပဲ နားတာကို "
" အင်း သွားမယ်လေ ခဏ ကိုယ်ရေချိုးလိုက်ဦးမယ် "
" ဟုတ် ထိုင်စောင့်နေမယ် "
" အင်းအင်း "
မဟာလဲ ရေချိုးပြီးတာနဲ့ ရှပ်အကျီအဖြူကို ပုဆိုးနက်ပြာရောင်နဲ့တွဲဝတ်လိုက်သည် ။ မှန်ထဲမှာ ပြန်ကြည့်မိတော့ ကိုယ့်ကိုကိုယ် သဘောကျမဆုံး ။
" ချောပါတယ်ဗျာ "
အခန်းဝ ကို ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ဂျစ်တူး က လှမ်း စ သည် ။
" ကိုယ်က ပုဆိုးဝတ်လေ့မရှိလို့ပါ "
" လိုက်တာပဲကို နောက်ဆို ပုဆိုးပဲဝတ်ပါ "
" အင်းပါ "
ဂျစ်တူး က အခန်းထဲ ဝင်လာပြီး မဟာ နဲ့ မျက်နှာချင်းဆိုင်မှာ ရပ်ကာ မဟာ့အကျီကော်လံကို သေသေချာချာ ချိုးပေးနေသေးသည် ။
" ရသွားပြီ "
" အမ် ဪ အင်းအင်း ကျေးဇူး "
" ကိုကြီး ကိုကြီးကလေ လူပေါင်းများစွာကို ထမင်းမငတ်အောင်လုပ်ပေးခဲ့တာပဲနော့ "
" ဟင် ဘာကိုလဲ ဂျစ်တူးရဲ့ "
" ဟုတ်တယ်လေ ကိုကြီးသာ ဆရာဝန်မလုပ်ဘဲ မင်းသားလုပ်ခဲ့ရင်အခုလက်ရှိမင်းသားတွေထမင်းငတ်ကုန်မှာပေါ့လို့ "
" ဟားးးးးး ဟုတ်ပါပြီကွာ ဒီနေ့ ခင်ဗျားလေးစားချင်တာ အကုန် ဝယ်ကျွေးပါ့မယ် ဟုတ်ပြီလား "
" ဂျယ်လီဗူးလေး မမေ့နဲ့ဦး "
" ယူခဲ့ပါ့မယ် "
" ကဲ သွားကြမယ် "
" အင်း ခဏ ကိုလင်း ကို ပြောလိုက်ဦးမယ် "
" ဟုတ် ကျုပ်အပြင်ကပဲ စောင့်တော့မယ် "
" အေးအေး "
မဟာလဲ ကိုလင်း အခန်းထဲဝင်ပြီး အပြင်သွားမည်ဖြစ်ကြောင်း ပြောကာ အပြင်ကို ထွက်လာလိုက်တယ် ။
" ဂျစ်တူး ဆိုင်ကယ်ကလေ ဦးထုပ်မရှိဘူးလား "
" မလိုပါဘူး ဗျ "
" လိုတာပေါ့ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရတယ် "
" ဟုတ်ပါပြီဗျာ နောက်မြို့တက်မှ ကျုပ်ဝယ်ထားလိုက်မယ် "
" ဟုတ်တယ် ဝယ်ထား ဦးထုပ်ဆောင်းပြီး စီး "
" ဟုတ် "
ဂျစ်တူးရဲ့ ခါးသွယ်သွယ်လေးကို ဖက်ကာ ရွာမြေနီလမ်းလေးတစ်လျှောက်ဆိုင်ကယ်စီးရင်း တစ်ချက်တစ်ချက် မသိမသာလေး သူ့ကျောပြင်ကို မျက်နှာအပ်ကာ မှီလိုက်သေးသည် ။ တကယ့်ကို တန်ဖိုးဖြတ်မရနိုင်တဲ့အခိုက်အတန့်တွေထဲက တစ်ခုပါပဲ ။ ဒီလိုနဲ့ ဆယ့်ငါးမိနစ်ကျော်လောက်မှာ ရွာပြင်မရောက်တရောက်နားကဘုရားလေးကိုရောက်ခဲ့ပါလေရော ။
ဘုရားထဲဝင်ဖို့ ဖိနပ်ချွတ်တော့ မဟာ့ရဲ့ ကတ္တီပါနက်ပြာရောင်လေးကို အထွန်းက ကောက်ကိုင်လိုက်သည် ။
" အာ ဂျစ်တူး ပေးပါ ကိုယ့်ဘာသာ ကိုင်ပါ့မယ် "
" ဘယ်ဟုတ့်ပါ့မလဲ ကျုပ်ကအငယ်လေ ကျုပ်ကိုင်ပေးမယ် လာ ဝင်မယ် "
ဘုရားထဲရောက်တော့ အရိပ်တစ်နေရာမှာ ထိုင်ပြီး ဂျစ်တူး ပြောတာတွေ လိုက်နားထောင်ရပြန်တယ် ။
" ကျုပ်ပြောပြမယ် ဒီစေတီလေးက တည်ထားတာ မကြာသေးဘူးဗျ လွန်ခဲ့တဲ့ နှစ်တုန်းက ငလျင်အကြီးကြီးတစ်ခုလှုပ်ခဲ့တယ်လေ အဲ့ငလျင်ကြောင့် မြေအောက်မှာ နစ်မြုပ်နေတဲ့ ဘုရားဆင်းတုတွေ ပေါ်လာတယ်ဗျ အဲ့တာနဲ့ပဲ သက်ဆိုင်ရာလူတွေနဲ့ဘုန်းဘုန်းတွေက ဒီနေရာလေးမှာပဲ စေတီတည်ပြီး ကိုးကွယ်ထားကြတာ "
" ဟုတ်လား ကိုယ်အဲ့အကြောင်း သတင်းမှာတော့ တွေ့လိုက်တယ် "
" အင်း ဟုတ်တယ် မြို့ကသတင်းသမားတွေ အားကြီးပဲ လာကြတယ်လေ "
" အင်းပေါ့ ထူးခြားဖြစ်စဉ်ပဲကို "
" ဒီမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့ "
" ဟုတ်လား ကိုယ် ဘုရားဝတ်ပြုလိုက်ဦးမယ် "
နှစ်ယောက်စလုံးဘုရားဝတ်ပြုပြီး ဆုတောင်းကြသည် ။
" အရှင်ဘုရား တပည့်တော်မဟာအာကာသည် လောကကြီးမှာ ဘယ်အရာကိုမှ လောဘတကြီး လိုချင်တပ်မက်မှုမရှိခဲ့ဖူးပါ ဒါပေမယ့် တစ်ခုတည်းသော လိုချင်တပ်မက်မှုလေးဖြစ်သည့် တပည့်တော် ချစ်မြတ်နိုးရပါဿော အထွန်း နားမှာ တစ်သက်လုံးနေခွင့်ရဖို့ တောင်းဆုပြုပါရစေ အရှင်ဘုရား "
" အရှင်ဘုရား ကျုပ်ရဲ့အိမ်ထောင်ဖက်နဲ့ပက်သက်လို့ လူတိုင်းက လက်ခံပေးနိုင်ဖို့ကိုပဲ ဆုတောင်းပါတယ် "
ဘုရားဦးချပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်နေမိကြသေးသည် ။ နောက်မှ
" ပြီးရင် ဘယ်သွားမလဲ ဂျစ်တူး "
" ရှိတယ် လာ "
မဟာ့လက်ကိုဆွဲကာ ဘုရားထဲကထွက်လာပြီး ဆိုင်ကယ်ပေါ်တက်ကာ တစ်နေရာကို ဆက်သွားပြန်သည် ။
ဒီတခါရောက်လာတဲ့နေရာက တကယ့်ကို ရင်သတ်ရှုမောဖွယ်ပင် ။ ကုန်းပြင်မြင့်လေးတစ်ခု ။ စိမ်းစိုပြီး ဘယ်နေရာကြည့်ကြည့် စိမ်းလန်းနေသော မြက်ခင်းပြင်တွေ ၊ စိုက်ခင်းတွေနဲ့ ကျေးငှက်အသံလေးတွေပါကြားနေရသည် ။
" လှလိုက်တာ "
" ဟုတ်တယ် အရမ်းလှတာ "
" ဒီလိုနေရာ ရှိမယ်တောင် မထင်ထားဘူး "
" လာ ကျုပ်ပြမယ် "
ထပ်ပြီး မဟာ့လက်ကို ဆွဲကာ ကုန်းမြင့်လေးပေါ် အတူ ပြေးတက်ကြသည် ။ အပေါ်ရောက်မှ တဖက်မှာ ချောင်းလေးတစ်ခု ။ ရေက တသွင်သွင်စီးနေရုံမက ကြည်လင်နေပြီး ငါးလေးတွေကိုတောင် မြင်နေရသည် ။
" တကယ်လှတဲ့နေရာပဲ ဂျစ်တူးရဲ့ "
" ဒါပေါ့ "
မဟာ ဖုန်းထုတ်ပြီး ကင်မရာသေချာချိန်ကာ ဓာတ်ပုံရိုက်လိုက်သည် ။ ဂျစ်တူးကတော့ ချောင်းအစပ်က ကျောက်တုံးပေါ်ထိုင်ကာ ချောင်းထဲ ခြေထောက်ဆင်းပြီး ရေဆော့နေလေရဲ့ ။ ဒီလောက်လှတဲ့သဘာဝတရားကြီးအလယ်မှာရှိနေတဲ့ အလှတရားတစ်ခု ။ တကယ့်ကို ပန်းချီကားဆန်တဲ့မြင်ကွင်းလေးကိုပါ တစ်ခါတည်းမှတ်တမ်းထင်ထားလိုက်သည် ။
" ကိုကြီး လာလေ ရေကစားမယ် "
" အင်းအင်း "
မဟာလဲ သူထိုင်နေတဲ့ကျောက်တုံးမှာ ဝင်ထိုင်ပြီး ရေထဲ ခြေထောက်ဆင်းကာ ရေကစားနေမိသည် ။ နောက်မှ တစ်ခုသတိရသွားပြီး ရေကြည်ကြည်လေးတွေကြားက ခြေထောက်ဖြူဖြူလေး နှစ်ဖက်ကို မသိမသာ ဓာတ်ပုံခိုးရိုက်ထားလိုက်သည် ။
" ကိုကြီး ရေနံချောင်းကို ရောက်ဖူးလား "
" ဟင့်အင်း မရောက်ဖူးဘူး "
" နောက်ပိတ်ရက်ကျ ကျုပ်နဲ့သွားမယ် "
" သွားချင်လို့လား "
" သွားချင်တာပေါ့ ဘာလဲ မလိုက်ချင်လို့လား "
" မဟုတ်ပါဘူး ဗျာ မေးကြည့်တာပါ "
" သွားချင်တယ် "
" သွားမယ်လေ "
" ကတိနော် "
" ကတိပါဗျာ "
" ဒါနဲ့ ကျောက်ပန်းတောင်း ကို ဘာလို့ကျောက်ပန်းတောင်း လို့ခေါ်လဲ သိလား "
" ဟင့်အင်း ကိုယ်မသိဘူး "
" ကျုပ်ပြောပြမယ် ဟိုးမယ် ကုန်းတော်ကြီးဘုရားရှိတဲ့ တောင်တန်း တွေမှာ ကျောက်ပန်း တွေ အများကြီးပေါက်လို့ဆိုပြီးမြို့အမည်ကို သေဠာ၊ ပုပ္ဖ၊ ပပ္ပက ရယ်လို့ ခေါ်တာတဲ့ အဓိပ္ပာယ်ကကျတော့ သေဠာ ဆိုတာ ကျောက် ပုပ္ဖ ဆိုတာကျ ပန်း ပပ္ပ က ကျတော့ တောင် ပေါ့ ကျောက်ပန်းတောင် လို့ခေါ်ရင်းနဲ့ တဖြေးဖြေးနဲ့ ကျောက်ပန်းတောင်း ဖြစ်သွားတာ "
" ဂျစ်တူးက တော်လိုက်တာ "
" ဪ ကျုပ်က ဒီမြို့ကလေဗျာ ရွာသားဆိုပေမယ့် မြို့အပိုင်နဲ့ကျ ကျောက်ပန်းတောင်းထဲ ပါတယ်လေ ဒါကတော့ သိသင့်တာပေါ့ "
" ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ "
" ပြီးတော့ ကျောက်ပန်းတောင်းကို ရွာကြီးလေးရွာကို စုပြီး ဖွဲ့စည်းခဲ့တာဗျ "
" ဟုတ်လား ဘယ်ရွာလေးရွာတုန်း ပြောပါဦး "
" အင်း သရက်ချဉ်ရွာ၊ မကျီးစောက်ရွာ ၊ လေးရွာ ပြီးတော့ နောက်တစ်ရွာက ဘာပါလိမ့် "
" သုံးရွာပဲ ရှိသေးတယ်လေ "
" ဟုတ်တယ် မေ့နေတာရယ် "
" ညောင်စောက်ရွာ "
" ဟုတ်ပါ့ ညောင်စောက် .... နေပါဦး ကိုကြီး က သိတယ်ပေါ့ "
" အင်း သိတယ် "
" အဲ့တာနဲ့များ လူကို မသိသလိုလိုနဲ့ "
" ကိုယ်က ဂျစ်တူး ပြောတာ နားထောင်ချင်လို့ပါ "
" ထားပါတော့ အဲ့တာဆို မေးစရာရှိတယ် "
" အင်း မေး "
" အမှန်အတိုင်းဖြေနော် "
" အင်းပါ မေးလေ "
" ကျောက်ပန်းတောင်းမြို့က အရမ်းသာယာတယ်မလား "
" အင်းပေါ့ ရန်ကုန်ထက်အများကြီးသာတယ် "
" အေးရွာမှာ နေရတာရော ပျော်လား "
" ပျော်တာပေါ့ စိတ်ချမ်းသာတယ် "
" အေးရွာနဲ့ရန်ကုန် ဘယ်မှာပိုနေချင်လဲ "
" အေးရွာ မှာ နေရတာ ပိုကောင်းတယ် "
" အခု ဒီနေရာလေးကို သဘောကျလား "
" ကျတာပေါ့ ဂျစ်တူးရဲ့ "
" ခုနက ရှေးဟောင်းဘုရားမှာရော အမြဲဆုမတောင်းချင်ဘူးလား "
" ဆုတောင်းချင်တာပေါ့ "
" အဲ့တာဆို ရွာပြင်က တောင်ကပုလေးကိုရော သဘောကျလား "
" အင်းး သွားရတာ ဝေးပေမယ့် အဲ့နေရာလေးလဲ သဘောကျတယ် သာယာတယ် ကြာပန်းတွေနဲ့ "
" အဲ့တာဆို ရန်ကုန်မြို့ကြီးထက် ဒီကနေရာတွေကို သဘောကျတယ်ပေါ့ "
" ဒါပေါ့ အကုန်လုံးက သူ့ဟာနဲ့သူ သာယာပြီး လှကြတယ်လေ "
" အဲ့တာဆို အရေးကြီးဆုံးတစ်ခုမေးပြီနော် "
" တောက်လျှောက်မေးနေတာပဲကို "
" အခုမှ တကယ့်မေးခွန်းလာမှာ "
" ဟုတ်ပါပြီကွာ "
" ကျောက်ပန်းတောင်းကိုလဲ ချစ်တယ် အေးရွာကိုလဲ ချစ်တယ်ဆိုတဲ့ မဟာအာကာ က ကျုပ်ဆိုတဲ့ တင်မောင်ထွန်းညိုကိုရော ချစ်လား "
" ချစ်တာပေါ့ အရမ်း ...... "
[ အစောကြီး Up လိုက်ပါပြီ လောင့်ကို အားမနာတမ်းဝေဖန်လို့ရတယ်နော် ချစ်သောတို့ပြောမှ လောင် က ပြင်လို့ရမှာမို့လို့ပါ ဂရုစိုက်ကြနော် ]
Please Vote 💚
(Zawgyi)
တုန္လႈပ္သြားတဲ့စိတ္ကို မနည္း ၿငိမ္ေအာင္လုပ္ၿပီး အသံေတြပါ မတုန္ေအာင္ ထိန္းလ်က္ မဟာ ျပန္ေျပာရသည္ ။
" ဘာေတြေမးေနတာတုန္း ဂ်စ္တူးရဲ႕ "
" က်ဳပ္သိခ်င္လို႔ေလ ေယာက်ာ္းေလးတစ္ေယာက္က တျခားေယာက်ာ္းေလးတစ္ေယာက္ကို ခ်စ္လို႔ရလား ဆိုတာ တကယ္သိခ်င္လို႔ "
" ကေလးက ကေလးလို ေနပါ ဂ်စ္တူးရယ္ စာအုပ္သာ ဖတ္ေန "
ဖတ္ေနတဲ့စာအုပ္ကို ရင္ဘတ္ေပၚတင္ကာ ကြၽန္ေတာ့္ကို ေမာ့ၾကည့္လာၿပီး
" ေျဖပါ ခ်စ္လို႔ရလား "
" စာအုပ္သာ ဖတ္ေနပါကြာ "
" ဟာ ေျဖ လို႔ ဆို "
တကိုယ္လုံးထြန္႔ထြန္႔လူးၿပီး ေျခေထာက်ကလဲ ေဆာင့္ေနေသးသည္ ။
" ကဲ ေျပာ ရတယ္ဆို ဘာလုပ္မလို႔လဲ "
" ရတယ္ဆိုရင္ .... "
ေျပာေနတဲ့စကားကို ရပ္လိုက္ၿပီး ထ ထိုင္လိုက္ကာ မဟာ့ မ်က္ႏွာနဲ႔ တစ္ထြာအကြာေလာက္ထိ သူ့မ်က္ႏွာကို ကပ္လာၿပီး
" ဒီက မဟာအာကာ ကို ယူမလားလို႔ "
မဟာ့မ်က္ႏွာတစ္ခုလုံး ေရေႏြးပူနဲ႔အပက္ခံလိုက္ရသလိုပင္ ။ နားရြက္ေတြပါနီရဲပူျခစ္လာသလိုလို ။
" ဂ်စ္တူး ဖယ္စမ္းပါကြာ ကိုယ္က မင္းထက္အႀကီးေနာ္ ေနာက္စရာမဟုတ္ဘူး "
" မေနာက္ပါဘူး ဟီးးး စ ႐ုံပဲ စ တာကို "
ေျပာေျပာဆိုဆိုနဲ႔မဟာ့ေပါင္ေပၚေခါင္းျပန္အုံးကာ စာအုပ္ဖတ္ေနျပန္ေရာ ။ ဒီကေလးကေတာ့ ဘာျဖစ္ေနမွန္းမသိ ။ ထူးထူးဆန္းဆန္းေတြ ထထ ေျပာေနသည္ ။ ခဏေနေတာ့ မ်က္လုံးေလးစင္းကာ အိပ္ေပ်ာ္သြားေလရဲ႕ ။ မဟာ့လက္ေခ်ာင္းေလးေတြလဲ မ်က္ခုံးထူထူေလးေတြကို ထိေတြ႕ရင္း ဒီကေလးကို တစ္ေန႔တစ္ျခား ခ်စ္မဝ ျဖစ္ျဖစ္လာရသည္
နာရီဝက္ေက်ာ္ေလာက္ထိ ေျခေထာက္က်ဉ္လာတာကို မမႈႏိုင္ဘဲ မ်က္ႏွာေတာ္လွလွကို ေမာ္ဖူးေနမိသည္ ။ အိပ္ေနခ်ိန္တိုင္း မ်က္ခမ္းစပ္ကို ထိေနတဲ့ မ်က္ေတာင္ရွည္ရွည္ေလးေတြၾကား ဝင္ပုန္းေနခ်င္မိတယ္ ။ ေတာ္ေတာ္ၾကာမွ ဂ်စ္တူးေလးက လႈပ္စိလႈပ္စိနဲ႔ ႏိုးလာေလရဲ႕ ။
" အင္းးးး အိပ္လို႔ေကာင္းလိုက္တာ "
" ႏိုးၿပီလား "
" ဟုတ္ က်ဳပ္အိပ္ေပ်ာ္သြားတယ္ "
" ဟုတ္ပါ႔ အိပ္ပဲအိပ္ႏိုင္လြန္းတယ္ "
တကယ္အိပ္တာမ်ိဳးမဟုတ္ဘဲ သူ့ကို လြတ္လြတ္လပ္လပ္ၾကည့္ေစခ်င္လို႔ အိပ္ခ်င္ေယာင္ေဆာင္ေနျခင္းကို အသိမေပးေတာ့ပါဘူးေလ ။
" ဘာျဖစ္လဲ ဗ် အိပ္တာပဲကို "
" ဟုတ္ပါၿပီဗ်ာ ဘာမွမေျပာရပါဘူး "
" က်ဳပ္ျပန္ေတာ့မယ္ "
" ဟုတ္ပါၿပီ ဂ႐ုစိုက္သြားဦး မနက္က် လာခဲ့ဦးေနာ္ ေဆးထည့္ရဦးမယ္ "
" လာမွာ လာမွာ စိတ္ခ် "
" ဟုတ္ပါၿပီကြာ ျပန္ ျပန္ "
ဂ်စ္တူး ဒီေန႔ထူးဆန္းသည္ ။ အရင္လို ပုဆိုးကို မ မထား႐ုံမက သူ့ကို လွည့္ၾကည့္လွည့္ၾကည့္ျဖင့္ျပန္သြားျခင္းပင္ ။ ေဆးမွားေသာက္လာတာလားေတာင္ ထင္ရသည္ ။
အထြန္းတစ္ေယာက္ ဝိုင္း ကို မျပန္ခ်င္ ။ ဘာေၾကာင့္ရယ္မဆိုႏိုင္ ။ မဟာအာကာ့အနားပဲ ေနခ်င္ေနသည္ ။ သူ့ကို အလိုလိုက္လို႔လား ဟင့္အင္း အဲ့လိုဆို အမ လဲ အလိုလိုက္တာပဲကို ။ သူ့ကို ဂ႐ုစိုက္ေပးလို႔လား အဲ့လိုဆိုလဲ အမ ရွိတာပဲကို ဒါဆို ဘာလို႔တုန္း အားး သိၿပီ ဂ်ယ္လီေကြၽးလို႔ ဟုတ္တယ္ ဂ်ယ္လီေကြၽးလို႔ေလ ။
အိမ္ျပန္ေရာက္ေတာ့လဲ အခန္းထဲ ကုတင္ေပၚ လွိမ့္ကာ စဉ္းစားေနမိသည္ ။
" ဆရာအာကာ က က်ဳပ္ရဲ႕ ဒီနားေလးကို နမ္းသြားတာ အဲ့တာကို က်ဳပ္က စိတ္မဆိုးဘဲ ေပ်ာ္ေနတာ ဘာလို႔လဲ "
နဖူးကို ပြတ္ကာ ေျခေထာက္ကို ေဆာင့္ရင္း အလိုမက်ျဖစ္ေနသည္ ။
" ေနာက္ၿပီး မ်က္ခုံးေတြကိုလဲ ဒီလို ဒီလို ထိေနေသးတာ "
ကိုယ့္မ်က္ခုံးကို ခပ္ဖြဖြ ထိရင္း တီးတိုးေျပာေနမိေသးသည္ ။
" ဘာလဲကြာ ဘာႀကီးလဲ က်ဳပ္ သူ့ကို ေတြ႕ခ်င္လိုက္တာ ဟမ္ တင္ေမာင္ထြန္းညိဳ ခင္ဗ်ား အခု သူ့ကို လြမ္းေနတာလား "
ကုတင္ေပၚလွဲေနရာကေန ထ ထိုင္လိုက္ၿပီး ခုံေပၚက မွန္ ကို ယူလိုက္သည္ ။ ကိုယ့္ကိုကိုယ္ မွန္ထဲျပန္ၾကည့္ေတာ့လဲ မ်က္ခုံးထူထူ မ်က္လုံးဝိုင္းဝိုင္း အၾကည့္ေတြကအစ ေယာက်ာ္းလိုပါပဲ မိန္းမနဲ႔လဲ တူမေနပါဘူး ။
" တင္ေမာင္ထြန္းညိဳ ခင္ဗ်ား ေျခာက္ သြားတာလား "
" မဟုတ္ပါဘူး က်ဳပ္က ေယာက်ာ္းစစ္စစ္ဗ် "
" ေအးေလ သိသားပဲ ေျခာက္စရာလား "
" အဟုတ္ပဲ "
မွန္ကိုခ်ကာ လွ်ိဳ႕ဝွက္ေနရာကို စမ္းၾကည့္မိသည္ ။ ဒါလဲ ရွိေနတာပဲကို ဘယ့္ႏွယ့္ က်ဳပ္က ေယာက်ာ္းပါကြ ။
" ဟင္ အဲ့တာဆို ဆရာအာကာကေရာ သူ သူ သူက ေယာက်ာ္းေရာ ဟုတ္ ဟုတ္ အားးးးးး ကယ္ၾကပါဦး "
ေခါင္းအုံးေပၚမ်က္ႏွာအပ္ကာ ေျခေထာက္ကို ေလေပၚေျမႇာက္လ်က္ ေအာ္ေနမိသည္ ။ စိတ္ရွိလက္ရွိ ေအာ္ၿပီးေတာ့မွ ျပန္ ထ လာၿပီး
" ဟုတ္ၿပီ က်ဳပ္သိၿပီ က်ဳပ္က ေယာက်ာ္းဗ် ေယာက်ာ္းစစ္စစ္ ဆိုေတာ့ကာ ေယာက်ာ္းေလးျဖစ္တဲ့ မဟာအာကာ က က်ဳပ္မိန္းမ ျဖစ္လာရမယ္ ဒါ က်ဳပ္ရဲ႕ ေနာက္ဆုံး အိမ္ေထာင္ဖက္ ရွာျခင္းပဲ "
မဟာ လဲ အခန္းထဲမွာ လွိမ့္ရင္း အိပ္မေပ်ာ္ေပ ။ အထြန္း တစ္ေယာက္ မေန႔ကေလာက္ထဲက ထူးထူးဆန္းဆန္းေတြ စ ေျပာလာတာကို သတိထားမိေနသည္ ။
" ဂ်စ္တူး တစ္ေယာက္ ဘယ္ကေန ဘာေတြၾကားလာၿပီး ဘာေတြ ေတြးေနလဲ မသိဘူး "
" ငါလဲ ဒီကေလးေၾကာင့္ မအိပ္ရတာ ဘယ္ႏွညရွိမွန္းကို မသိေတာ့ဘူး တကယ္ပါပဲ ကဲပါ အထြန္းရယ္ ခဏေလာက္လဲ ငါ႔အေတြးထဲကေန ထြက္ေပးပါလား တစ္ရက္မွာ၂၅ နာရီေလာက္ ခင္ဗ်ားေလးအေၾကာင္းေတြးေနမိလို႔ပါ တကယ္ပါပဲ ဟူးးး "
ေစာင္ကို အရွည္လိုက္လိပ္ၿပီး ဂ်စ္တူး အမွတ္နဲ႔ ဖက္ကာ အိပ္စက္ျခင္းဆီ အေျပးသြားရေတာ့သည္ ။
_____________________________________
" သူ့ကိုမွ ခ်စ္မိေနပါတယ္ ေတြ႕ေနျမင္ေနၾကမို႔ ေျဖေဖ်ာက္ဖို႔လဲမလြယ္ မ်က္စိထဲ တဝဲလည္လည္ သူ့အလွပင့္ကူေျမႇးသဖြယ္ ဪ ရစ္ပတ္ဖြဲ႕ေႏွာင္ထားလို႔ ႐ုန္းထြက္ဖို႔လဲ ခက္လွတယ္ ကိုယ့္ကိုကြယ္ စိုးမိုးႏိုင္လြန္းတယ္ ခ်စ္တဲ့စိတ္ကို ၿမိဳသိပ္ကာထားဖန္မ်ား စိတ္အားကငယ္ ေဖာ္ေရြအၿပဳံးနဲ႔ ခ်စ္စရာေကာင္းတဲ့ခ်စ္သူရယ္ ေမာင္ခ်စ္တဲ့အေၾကာင္းေတြေျပာျပတဲ့အခါမယ္ၿငိဳျငင္စိတ္ထားနဲ႔ မ်က္ႏွာလွလွအၿပဳံးပ်က္မွာစိုးလို႔ရယ္ေက်းမေစ စာေခြမပို႔ဘဲ လမင္းကတဆင့္ခ်စ္တဲ့အေၾကာင္းကို ေျပာပါမယ္ ..... "
ဦးထြန္းညိဳ တစ္ေယာက္ မွန္ေရွ႕မွာ ေရွ႕တိုးေနာက္ဆုတ္လုပ္လိုက္ ၊ အုန္းမုတ္ခြက္ဆံပင္ကို သ လိုက္နဲ႔ လုပ္ေနေသာ အထြန္း ကို ၾကည့္ရင္း မ်က္စိေတြေနာက္လာေလၿပီ ။
" ဟဲ့ မေရႊ ခင္ဗ်ားသား ဘယ့္ႏွယ့္ျဖစ္တုန္း ေစာေစာစီးစီး ထ ၿပီး သီခ်င္းေလး တေအးေအးနဲ႔ျပင္ဆင္ေနတာရယ္ "
" မသိပါဘူးေတာ္ မနက္ႀကီး ေျခာက္ခ်င္ထဲက ထၿပီး ေရမိုးခ်ိဳးေနတာပဲ "
" ရြာထဲက ဘယ္အပ်ိဳေတာ့ ေစာေစာစီးစီး အာ႐ုံေနာက္ဦးမလဲ မဆိုႏိုင္ဘူးေဟ့ "
" ရွင္ကလဲ က်ဳပ္သားကို အဲ့လိုမေျပာပါနဲ႔ေတာ့ "
" မင့္သားက ဘယ္နားေကာင္းေနလို႔တုန္း "
" ရွင္ေစာင့္ၾကည့္ က်ဳပ္သားက အလိမ္မာ အိမ္ပါ ေခြၽးမ အလိမ္မာေလးကို ေခၚလာျပလိမ့္မယ္ "
" ေအးေပါ႔ ေစာင့္ၾကည့္ရတာေပါ႔ "
" အမေရ အမ "
" ဟဲ့ ေျဖးေျဖးဆင္းပါ အထြန္းရယ္ ျပဳတ္က်ပါဦးမယ္ "
" အမ ကေန႔ တနဂ္ေႏြေန႔မလား "
" ေအးေလ "
" ဒါပဲေလ ကံၾကမၼာက အထြန္း ဘက္ မွာ အျပည့္အဝ ဗ်ိဳ႕ "
အိမ္အေနာက္ဘက္ကေန ဆိုင္ကယ္တြန္းထုတ္လာေသာ အထြန္းကို အေမျဖစ္သူက လွမ္းေမးရေသးသည္ ။
" ဟဲ့ ဟဲ့ ဒါက ဘယ္တုန္း "
" အိမ္ေထာင္ဖက္ သြားေခၚမလို႔ အမ ေရ သြားၿပီဗ်ိဳ႕ "
" ေတြ႕လား ခင္ဗ်ားသား သူမ်ားသားသမီးကို ဒုကၡလွလွေပးမလို႔ လွလွပပဝတ္စားၿပီး သြားပါေကာ "
" ေတာ္စမ္းပါရွင္ "
_____________________________________
" ဆရာအာကာေရ ဆရာအာကာ "
မဟာေရာ ကိုလင္းပါ ေဆးခန္းနားရက္မို႔ မထေသးဘဲ အိပ္ေနၾကျခင္းပင္ ။ ၿခံေရွ႕က ဂ်စ္တူးအသံၾကားေတာ့ မထဘဲ ေနလို႔မရ ။ ခ်က္ခ်င္း ေငါက္ခနဲ ထ ကာ တံခါးေျပးဖြင့္ရေသးသည္ ။
" ဂ်စ္တူး အေစာႀကီးပါလား "
" ဟုတ္တယ္ ေခါင္းက နာေနလားလို႔ "
" ဟင္ ဟုတ္လား လာ လာ အထဲ ဝင္ "
အိမ္ထဲေရာက္ေတာ့ မဟာ သူ့ေခါင္းက ဒဏ္ရာကိုၾကည့္ေပးရသည္ ။
" ဘာမွေတာ့မျဖစ္ပါဘူး ေသြးလဲ မထြက္ဘူး ဘာလို႔နာေနတာလဲ မသိ "
" တကယ္နာေနတာပါဆို "
" ေအးပါ ၾကည့္ေနတာပဲ "
" မနာေအာင္ ဘယ္လိုလုပ္ရလဲ က်ဳပ္သိတယ္ "
" ဘယ္လိုလုပ္ရတာလဲ ေျပာပါဦး "
" ဒီမွာၾကည့္ "
မဟာ့လက္ႏွစ္ဖက္ကို ကိုင္ကာ သူ့ပါးတစ္ဖက္စီကို ထိကိုင္ေစၿပီး မဟာ့ႏႈတ္ခမ္းနားထိ သူ့ေခါင္းကို ထိုးေပးလာသည္ ။
" ဉဳံဖြ ဖူးးး ဆိုၿပီး လုပ္လိုက္ "
" ဟမ္ !!!! "
" လုပ္ေလ မလုပ္ဘူးလား အားးး နာလာၿပီ နာေနၿပီ "
" မနာနဲ႔ေလ ေအးေအး ဥဳံဖြေနာ္ မနာနဲ႔ ဖူးးးး "
" ဟဟ ေပ်ာက္သြားၿပီ "
" ခင္ဗ်ားေလးကေတာ့ တကယ္ပါပဲ "
မဟာ က အုန္းမုတ္ခြက္ဆံပင္ေလးကို ခပ္ဖြဖြပြတ္ကာ ရီရင္း ေျပာလိုက္ေတာ့ မဟာ့မ်က္လုံးတည့္တည့္ကိုစိုက္ၾကည့္လာတဲ့ ဂ်စ္တူးရဲ႕မ်က္လုံးဝိုင္းေလးေတြ ။ မဟာ ကပဲ အရင္ ေရွာင္ဖယ္လိုက္မိသည္ ။ သူ့ရဲ႕အၾကည့္ေတြေအာက္မွာ ေက်ာ့ကြင္းထဲက ယုန္သူငယ္လို စိုးရြံ႕မိေနသည္ေလ ။
" က်ဳပ္ ေျပာစရာရွိတယ္ "
" အင္း ေျပာေလ ဘာမ်ားလဲ "
" ကေန႔ ေဆးခန္းပိတ္တယ္မလား "
" ဟုတ္တယ္ေလ "
" က်ဳပ္နဲ႔အတူ ေလွ်ာက္သြားမလား "
" ဟမ္ !!!!! "
" ရြာရဲ႕ အလွဆုံးေနရာေတြကို သြားၾကည့္ၾကမယ္ေလ သြားမလား "
" အခုလား "
" အင္းေပါ႔ အခုပဲ ဒီေန႔ပဲ နားတာကို "
" အင္း သြားမယ္ေလ ခဏ ကိုယ္ေရခ်ိဳးလိုက္ဦးမယ္ "
" ဟုတ္ ထိုင္ေစာင့္ေနမယ္ "
" အင္းအင္း "
မဟာလဲ ေရခ်ိဳးၿပီးတာနဲ႔ ရွပ္အက်ီအျဖဴကို ပုဆိုးနက္ျပာေရာင္နဲ႔တြဲဝတ္လိုက္သည္ ။ မွန္ထဲမွာ ျပန္ၾကည့္မိေတာ့ ကိုယ့္ကိုကိုယ္ သေဘာက်မဆုံး ။
" ေခ်ာပါတယ္ဗ်ာ "
အခန္းဝ ကို ဘယ္အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိေသာ ဂ်စ္တူး က လွမ္း စ သည္ ။
" ကိုယ္က ပုဆိုးဝတ္ေလ့မရွိလို႔ပါ "
" လိုက္တာပဲကို ေနာက္ဆို ပုဆိုးပဲဝတ္ပါ "
" အင္းပါ "
ဂ်စ္တူး က အခန္းထဲ ဝင္လာၿပီး မဟာ နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ရပ္ကာ မဟာ့အက်ီေကာ္လံကို ေသေသခ်ာခ်ာ ခ်ိဳးေပးေနေသးသည္ ။
" ရသြားၿပီ "
" အမ္ ဪ အင္းအင္း ေက်းဇူး "
" ကိုႀကီး ကိုႀကီးကေလ လူေပါင္းမ်ားစြာကို ထမင္းမငတ္ေအာင္လုပ္ေပးခဲ့တာပဲေနာ႔ "
" ဟင္ ဘာကိုလဲ ဂ်စ္တူးရဲ႕ "
" ဟုတ္တယ္ေလ ကိုႀကီးသာ ဆရာဝန္မလုပ္ဘဲ မင္းသားလုပ္ခဲ့ရင္အခုလက္ရွိမင္းသားေတြထမင္းငတ္ကုန္မွာေပါ႔လို႔ "
" ဟားးးးးး ဟုတ္ပါၿပီကြာ ဒီေန႔ ခင္ဗ်ားေလးစားခ်င္တာ အကုန္ ဝယ္ေကြၽးပါ႔မယ္ ဟုတ္ၿပီလား "
" ဂ်ယ္လီဗူးေလး မေမ့နဲ႔ဦး "
" ယူခဲ့ပါ႔မယ္ "
" ကဲ သြားၾကမယ္ "
" အင္း ခဏ ကိုလင္း ကို ေျပာလိုက္ဦးမယ္ "
" ဟုတ္ က်ဳပ္အျပင္ကပဲ ေစာင့္ေတာ့မယ္ "
" ေအးေအး "
မဟာလဲ ကိုလင္း အခန္းထဲဝင္ၿပီး အျပင္သြားမည္ျဖစ္ေၾကာင္း ေျပာကာ အျပင္ကို ထြက္လာလိုက္တယ္ ။
" ဂ်စ္တူး ဆိုင္ကယ္ကေလ ဦးထုပ္မရွိဘူးလား "
" မလိုပါဘူး ဗ် "
" လိုတာေပါ႔ ဆိုင္ကယ္စီးရင္ ဦးထုပ္ေဆာင္းရတယ္ "
" ဟုတ္ပါၿပီဗ်ာ ေနာက္ၿမိဳ႕တက္မွ က်ဳပ္ဝယ္ထားလိုက္မယ္ "
" ဟုတ္တယ္ ဝယ္ထား ဦးထုပ္ေဆာင္းၿပီး စီး "
" ဟုတ္ "
ဂ်စ္တူးရဲ႕ ခါးသြယ္သြယ္ေလးကို ဖက္ကာ ရြာေျမနီလမ္းေလးတစ္ေလွ်ာက္ဆိုင္ကယ္စီးရင္း တစ္ခ်က္တစ္ခ်က္ မသိမသာေလး သူ့ေက်ာျပင္ကို မ်က္ႏွာအပ္ကာ မွီလိုက္ေသးသည္ ။ တကယ့္ကို တန္ဖိုးျဖတ္မရႏိုင္တဲ့အခိုက္အတန္႔ေတြထဲက တစ္ခုပါပဲ ။ ဒီလိုနဲ႔ ဆယ့္ငါးမိနစ္ေက်ာ္ေလာက္မွာ ရြာျပင္မေရာက္တေရာက္နားကဘုရားေလးကိုေရာက္ခဲ့ပါေလေရာ ။
ဘုရားထဲဝင္ဖို႔ ဖိနပ္ခြၽတ္ေတာ့ မဟာ့ရဲ႕ ကတၱီပါနက္ျပာေရာင္ေလးကို အထြန္းက ေကာက္ကိုင္လိုက္သည္ ။
" အာ ဂ်စ္တူး ေပးပါ ကိုယ့္ဘာသာ ကိုင္ပါ႔မယ္ "
" ဘယ္ဟုတ့္ပါ႔မလဲ က်ဳပ္ကအငယ္ေလ က်ဳပ္ကိုင္ေပးမယ္ လာ ဝင္မယ္ "
ဘုရားထဲေရာက္ေတာ့ အရိပ္တစ္ေနရာမွာ ထိုင္ၿပီး ဂ်စ္တူး ေျပာတာေတြ လိုက္နားေထာင္ရျပန္တယ္ ။
" က်ဳပ္ေျပာျပမယ္ ဒီေစတီေလးက တည္ထားတာ မၾကာေသးဘူးဗ် လြန္ခဲ့တဲ့ ႏွစ္တုန္းက ငလ်င္အႀကီးႀကီးတစ္ခုလႈပ္ခဲ့တယ္ေလ အဲ့ငလ်င္ေၾကာင့္ ေျမေအာက္မွာ နစ္ျမဳပ္ေနတဲ့ ဘုရားဆင္းတုေတြ ေပၚလာတယ္ဗ် အဲ့တာနဲ႔ပဲ သက္ဆိုင္ရာလူေတြနဲ႔ဘုန္းဘုန္းေတြက ဒီေနရာေလးမွာပဲ ေစတီတည္ၿပီး ကိုးကြယ္ထားၾကတာ "
" ဟုတ္လား ကိုယ္အဲ့အေၾကာင္း သတင္းမွာေတာ့ ေတြ႕လိုက္တယ္ "
" အင္း ဟုတ္တယ္ ၿမိဳ႕ကသတင္းသမားေတြ အားႀကီးပဲ လာၾကတယ္ေလ "
" အင္းေပါ႔ ထူးျခားျဖစ္စဉ္ပဲကို "
" ဒီမွာ ဆုေတာင္းရင္ ဆုေတာင္းျပည့္တယ္တဲ့ "
" ဟုတ္လား ကိုယ္ ဘုရားဝတ္ျပဳလိုက္ဦးမယ္ "
ႏွစ္ေယာက္စလုံးဘုရားဝတ္ျပဳၿပီး ဆုေတာင္းၾကသည္ ။
" အရွင္ဘုရား တပည့္ေတာ္မဟာအာကာသည္ ေလာကႀကီးမွာ ဘယ္အရာကိုမွ ေလာဘတႀကီး လိုခ်င္တပ္မက္မႈမရွိခဲ့ဖူးပါ ဒါေပမယ့္ တစ္ခုတည္းေသာ လိုခ်င္တပ္မက္မႈေလးျဖစ္သည့္ တပည့္ေတာ္ ခ်စ္ျမတ္ႏိုးရပါေႆာ အထြန္း နားမွာ တစ္သက္လုံးေနခြင့္ရဖို႔ ေတာင္းဆုျပဳပါရေစ အရွင္ဘုရား "
" အရွင္ဘုရား က်ဳပ္ရဲ႕အိမ္ေထာင္ဖက္နဲ႔ပက္သက္လို႔ လူတိုင္းက လက္ခံေပးႏိုင္ဖို႔ကိုပဲ ဆုေတာင္းပါတယ္ "
ဘုရားဦးခ်ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ၾကည္ြေနမိၾကေသးသည္ ။ ေနာက္မွ
" ၿပီးရင္ ဘယ္သြားမလဲ ဂ်စ္တူး "
" ရွိတယ္ လာ "
မဟာ့လက္ကိုဆြဲကာ ဘုရားထဲကထြက္လာၿပီး ဆိုင္ကယ္ေပၚတက္ကာ တစ္ေနရာကို ဆက္သြားျပန္သည္ ။
ဒီတခါေရာက္လာတဲ့ေနရာက တကယ့္ကို ရင္သတ္ရႈေမာဖြယ္ပင္ ။ ကုန္းျပင္ျမင့္ေလးတစ္ခု ။ စိမ္းစိုၿပီး ဘယ္ေနရာၾကည့္ၾကည့္ စိမ္းလန္းေနေသာ ျမက္ခင္းျပင္ေတြ ၊ စိုက္ခင္းေတြနဲ႔ ေက်းငွက္အသံေလးေတြပါၾကားေနရသည္ ။
" လွလိုက္တာ "
" ဟုတ္တယ္ အရမ္းလွတာ "
" ဒီလိုေနရာ ရွိမယ္ေတာင္ မထင္ထားဘူး "
" လာ က်ဳပ္ျပမယ္ "
ထပ္ၿပီး မဟာ့လက္ကို ဆြဲကာ ကုန္းျမင့္ေလးေပၚ အတူ ေျပးတက္ၾကသည္ ။ အေပၚေရာက္မွ တဖက္မွာ ေခ်ာင္းေလးတစ္ခု ။ ေရက တသြင္သြင္စီးေန႐ုံမက ၾကည္လင္ေနၿပီး ငါးေလးေတြကိုေတာင္ ျမင္ေနရသည္ ။
" တကယ္လွတဲ့ေနရာပဲ ဂ်စ္တူးရဲ႕ "
" ဒါေပါ႔ "
မဟာ ဖုန္းထုတ္ၿပီး ကင္မရာေသခ်ာခ်ိန္ကာ ဓာတ္ပုံ႐ိုက္လိုက္သည္ ။ ဂ်စ္တူးကေတာ့ ေခ်ာင္းအစပ္က ေက်ာက္တုံးေပၚထိုင္ကာ ေခ်ာင္းထဲ ေျခေထာက္ဆင္းၿပီး ေရေဆာ့ေနေလရဲ႕ ။ ဒီေလာက္လွတဲ့သဘာဝတရားႀကီးအလယ္မွာရွိေနတဲ့ အလွတရားတစ္ခု ။ တကယ့္ကို ပန္းခ်ီကားဆန္တဲ့ျမင္ကြင္းေလးကိုပါ တစ္ခါတည္းမွတ္တမ္းထင္ထားလိုက္သည္ ။
" ကိုႀကီး လာေလ ေရကစားမယ္ "
" အင္းအင္း "
မဟာလဲ သူထိုင္ေနတဲ့ေက်ာက္တုံးမွာ ဝင္ထိုင္ၿပီး ေရထဲ ေျခေထာက္ဆင္းကာ ေရကစားေနမိသည္ ။ ေနာက္မွ တစ္ခုသတိရသြားၿပီး ေရၾကည္ၾကည္ေလးေတြၾကားက ေျခေထာက္ျဖဴျဖဴေလး ႏွစ္ဖက္ကို မသိမသာ ဓာတ္ပုံခိုး႐ိုက္ထားလိုက္သည္ ။
" ကိုႀကီး ေရနံေခ်ာင္းကို ေရာက္ဖူးလား "
" ဟင့္အင္း မေရာက္ဖူးဘူး "
" ေနာက္ပိတ္ရက္က် က်ဳပ္နဲ႔သြားမယ္ "
" သြားခ်င္လို႔လား "
" သြားခ်င္တာေပါ႔ ဘာလဲ မလိုက္ခ်င္လို႔လား "
" မဟုတ္ပါဘူး ဗ်ာ ေမးၾကည့္တာပါ "
" သြားခ်င္တယ္ "
" သြားမယ္ေလ "
" ကတိေနာ္ "
" ကတိပါဗ်ာ "
" ဒါနဲ႔ ေက်ာက္ပန္းေတာင္း ကို ဘာလို႔ေက်ာက္ပန္းေတာင္း လို႔ေခၚလဲ သိလား "
" ဟင့္အင္း ကိုယ္မသိဘူး "
" က်ဳပ္ေျပာျပမယ္ ဟိုးမယ္ ကုန္းေတာ္ႀကီးဘုရားရွိတဲ့ ေတာင္တန္း ေတြမွာ ေက်ာက္ပန္း ေတြ အမ်ားႀကီးေပါက္လို႔ဆိုၿပီးၿမိဳ႕အမည္ကို ေသဠာ၊ ပုပၹ၊ ပပၸက ရယ္လို႔ ေခၚတာတဲ့ အဓိပၸာယ္ကက်ေတာ့ ေသဠာ ဆိုတာ ေက်ာက္ ပုပၹ ဆိုတာက် ပန္း ပပၸ က က်ေတာ့ ေတာင္ ေပါ႔ ေက်ာက္ပန္းေတာင္ လို႔ေခၚရင္းနဲ႔ တေျဖးေျဖးနဲ႔ ေက်ာက္ပန္းေတာင္း ျဖစ္သြားတာ "
" ဂ်စ္တူးက ေတာ္လိုက္တာ "
" ဪ က်ဳပ္က ဒီၿမိဳ႕ကေလဗ်ာ ရြာသားဆိုေပမယ့္ ၿမိဳ႕အပိုင္နဲ႔က် ေက်ာက္ပန္းေတာင္းထဲ ပါတယ္ေလ ဒါကေတာ့ သိသင့္တာေပါ႔ "
" ဟုတ္ပါၿပီဗ်ာ ဟုတ္ပါၿပီ "
" ၿပီးေတာ့ ေက်ာက္ပန္းေတာင္းကို ရြာႀကီးေလးရြာကို စုၿပီး ဖြဲ႕စည္းခဲ့တာဗ် "
" ဟုတ္လား ဘယ္ရြာေလးရြာတုန္း ေျပာပါဦး "
" အင္း သရက္ခ်ဉ္ရြာ၊ မက်ီးေစာက္ရြာ ၊ ေလးရြာ ၿပီးေတာ့ ေနာက္တစ္ရြာက ဘာပါလိမ့္ "
" သုံးရြာပဲ ရွိေသးတယ္ေလ "
" ဟုတ္တယ္ ေမ့ေနတာရယ္ "
" ေညာင္ေစာက္ရြာ "
" ဟုတ္ပါ႔ ေညာင္ေစာက္ .... ေနပါဦး ကိုႀကီး က သိတယ္ေပါ႔ "
" အင္း သိတယ္ "
" အဲ့တာနဲ႔မ်ား လူကို မသိသလိုလိုနဲ႔ "
" ကိုယ္က ဂ်စ္တူး ေျပာတာ နားေထာင္ခ်င္လို႔ပါ "
" ထားပါေတာ့ အဲ့တာဆို ေမးစရာရွိတယ္ "
" အင္း ေမး "
" အမွန္အတိုင္းေျဖေနာ္ "
" အင္းပါ ေမးေလ "
" ေက်ာက္ပန္းေတာင္းၿမိဳ႕က အရမ္းသာယာတယ္မလား "
" အင္းေပါ႔ ရန္ကုန္ထက္အမ်ားႀကီးသာတယ္ "
" ေအးရြာမွာ ေနရတာေရာ ေပ်ာ္လား "
" ေပ်ာ္တာေပါ႔ စိတ္ခ်မ္းသာတယ္ "
" ေအးရြာနဲ႔ရန္ကုန္ ဘယ္မွာပိုေနခ်င္လဲ "
" ေအးရြာ မွာ ေနရတာ ပိုေကာင္းတယ္ "
" အခု ဒီေနရာေလးကို သေဘာက်လား "
" က်တာေပါ႔ ဂ်စ္တူးရဲ႕ "
" ခုနက ေရွးေဟာင္းဘုရားမွာေရာ အၿမဲဆုမေတာင္းခ်င္ဘူးလား "
" ဆုေတာင္းခ်င္တာေပါ႔ "
" အဲ့တာဆို ရြာျပင္က ေတာင္ကပုေလးကိုေရာ သေဘာက်လား "
" အင္းး သြားရတာ ေဝးေပမယ့္ အဲ့ေနရာေလးလဲ သေဘာက်တယ္ သာယာတယ္ ၾကာပန္းေတြနဲ႔ "
" အဲ့တာဆို ရန္ကုန္ၿမိဳ႕ႀကီးထက္ ဒီကေနရာေတြကို သေဘာက်တယ္ေပါ႔ "
" ဒါေပါ႔ အကုန္လုံးက သူ့ဟာနဲ႔သူ သာယာၿပီး လွၾကတယ္ေလ "
" အဲ့တာဆို အေရးႀကီးဆုံးတစ္ခုေမးၿပီေနာ္ "
" ေတာက္ေလွ်ာက္ေမးေနတာပဲကို "
" အခုမွ တကယ့္ေမးခြန္းလာမွာ "
" ဟုတ္ပါၿပီကြာ "
" ေက်ာက္ပန္းေတာင္းကိုလဲ ခ်စ္တယ္ ေအးရြာကိုလဲ ခ်စ္တယ္ဆိုတဲ့ မဟာအာကာ က က်ဳပ္ဆိုတဲ့ တင္ေမာင္ထြန္းညိဳကိုေရာ ခ်စ္လား "
" ခ်စ္တာေပါ႔ အရမ္း ...... "
[ အေစာႀကီး Up လိုက္ပါၿပီ ေလာင့္ကို အားမနာတမ္းေဝဖန္လို႔ရတယ္ေနာ္ ခ်စ္ေသာတို႔ေျပာမွ ေလာင္ က ျပင္လို႔ရမွာမို႔လို႔ပါ ဂ႐ုစိုက္ၾကေနာ္ ]
Please Vote 💚