แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€›แ€ฒแ€ทแ€€แ€œแ€ฑแ€ธแ€„แ€šแ€บ S3 [ Complet...

By moewathane

4.9M 403K 46.2K

#July - 17 - 2020 #Moewathan #Art by Maythitsar๐ŸŒน แ€šแ€แ€ฏแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€แ€ฝแ€„แ€บแ€•แ€ซแ€แ€„แ€บแ€žแ€ฑแ€ฌ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€›แ€ฌแ€™แ€ปแ€ฌแ€ธแ€”แ€พแ€„แ€บแ€ท แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธ แ€‡แ€ฌแ€แ€บ... More

๐Ÿ’œ แ€‡แ€ฌแ€แ€นแ€ฑแ€€แ€ฌแ€„แ€นแ€™แ€ญแ€แ€นแ€†แ€€แ€น ๐Ÿ’œ
๐Ÿ’œ S3 EP - 1 ๐Ÿ’œ
๐Ÿ’œ S3 EP - 2 ๐Ÿ’œ
๐Ÿ’œ S3 EP - 3 ๐Ÿ’œ
๐Ÿ’œ S3 EP - 4 ๐Ÿ’œ
๐Ÿ’œ S3 EP - 5 ๐Ÿ’œ ๐ŸŒš
๐Ÿ’œ S3 EP - 6 ๐Ÿ’œ
๐Ÿ’œ S3 EP - 7 ๐Ÿ’œ
๐Ÿ’œ S3 EP - 8 ๐Ÿ’œ
๐Ÿ’œ S3 EP - 9 ๐Ÿ’œ
๐Ÿ’œ S3 EP - 10 ๐Ÿ’œ
๐Ÿ’œ S3 EP - 11 ๐Ÿ’œ
๐Ÿ’œ S3 EP - 12 ๐Ÿ’œ
๐Ÿ’œ S3 EP - 13 ๐Ÿ’œ
๐Ÿ’œ S3 EP - 14 ๐Ÿ’œ
๐Ÿ’œ S3 EP - 15 ๐Ÿ’œ
๐Ÿ’œ S3 EP - 16 ๐Ÿ’œ
๐Ÿ’œ S3 EP - 17 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 18 ๐Ÿ’œ๐ŸŒš
๐Ÿ’œ S3 EP - 19 ๐Ÿ’œ
๐Ÿ’œ S3 EP - 20 ๐Ÿ’œ
๐Ÿ’œ S3 EP - 21 ๐Ÿ’œ
๐Ÿ’œ S3 EP - 22 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ S3 EP - 23 ๐Ÿ’œ
๐Ÿ’œ S3 EP - 24 ๐Ÿ’œ
๐Ÿ’œ S3 EP - 25 ๐Ÿ’œ
๐Ÿ’œ S3 EP - 26 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 27 ๐Ÿ’œ
๐Ÿ’œ S3 EP - 28 ๐Ÿ’œ
๐Ÿ’œ S3 EP - 29 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 30 ๐Ÿ’œ
๐Ÿ’œ S3 EP - 31 ๐Ÿ’œ
๐Ÿ’œ S3 EP - 32 ๐Ÿ’œ
๐Ÿ’œ S3 EP - 33 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ S3 EP - 34 ๐Ÿ’œ
๐Ÿ’œ S3 EP - 35 ๐Ÿ’œ
๐Ÿ’œ S3 EP - 36 ๐Ÿ’œ
๐Ÿ’œ S3 EP - 37 ๐Ÿ’œ
๐Ÿ’œ S3 EP - 38 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ S3 EP - 39 ๐Ÿ’œ๐ŸŒš
๐Ÿ’œ S3 EP - 40 ๐Ÿ’œ END
๐Ÿ’œ แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌ ๐Ÿ’œ
๐Ÿ’œ Extra - 1 ๐Ÿ’œ
๐Ÿ’œ Extra - 2 ๐Ÿ’œ๐Ÿ”ž
๐Ÿ’œ Extra - 3 ๐Ÿ’œ
๐Ÿ’œ Extra - 4 ๐Ÿ’œ
๐Ÿ’œ Extra - 5 ๐Ÿ’œ
๐Ÿ’œ Extra - 6 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 7 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 8 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 9 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 10 ๐Ÿ’œ
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 12 ๐Ÿ’œ ๐Ÿ”ž
๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 13 ๐Ÿ’œEND
แ€œแ€€แ€บแ€†แ€ฑแ€ฌแ€„แ€บแ€™แ€ฝแ€”แ€บ ๐Ÿฅ๐ŸŒฑ
แ€™แ€พแ€ฐแ€ธแ€กแ€œแ€€แ€บแ€ฌ ( One Day )

๐Ÿ’œ Extra แ€กแ€•แ€ญแ€ฏแ€†แ€ฏ 11 ๐Ÿ’œ

44.5K 3.6K 320
By moewathane

Unicode

ကိုယ်ဝန်ဆောင်စဥ် ၄ လ ။

အေးမြလတ်ဆတ်တဲ့ လေ နဲ့အတူ နေရောင်ခြည်အနွေးထည်နုနုတို့က မှန်သားပြင်ပြတင်းပေါက်ဆီကတိုးဝင်၍ အိပ်ပျော်နေတဲ့ နှိုင်းလေးမျက်နှာပေါ်သို့ရောက်လာခဲ့သည်။

ညအိပ်ဝတ်စုံအပြာရောင်ကာတွန်းဝမ်းဆက်လေးနဲ့ ဆံပင်ထိပ်လေးကိုခေါင်းစည်းကွင်းလေးနဲ့စည်းကာအိပ်ပျော်နေတဲ့ နှိုင်းလေးဟာ အသက် ၃၀ ကျော်လူတစ်ယောက်ဆိုတာဘယ်လိုမှယုံနိုင်ဖွယ်ရာမရှိပေ ၊ စိတ်ထင်၍လားမသိ အခုနောက်ပိုင်းမှာ နှိုင်း ရဲ့အသားအရေကနူးညံ့ကာ ပိုပိုဝင်းလာပြီး မျက်နှာလေးကြည်လင်ကာပိုပြီးလဲချောမောလာတာကြောင့် Demon မှာ စိတ်မချဖြစ်နေတဲ့စိတ်ကပိုတိုးလာပြန်သည်။ ကိုယ်ဝန်ဆောင်ကာလမှာ ပြောင်းလဲလာတဲ့ စားသောက်ပုံနဲ့ ပုံမှန်မဟုတ်တဲ့အိပ်ချိန်တွေကြောင့် ပင်ပန်းနေပုံရတဲ့ နှိုင်း သည် ဘယ်တုန်းကမှညီးညူးခြင်းမရှိခဲ့ပေ ၊

တစ်ခါတလေဆိုလျှင် ည ၂ နာရီလောက်ထိအိပ်မပျော်ပဲ Demon အား ချွဲနေတတ်သလို တစ်ခါတလေဆိုလျှင် ည ၈ နာရီလောက်ကနေမနက်ထိအိပ်ပျော်နေတတ်သည်။ ဒါတွေက ကိုယ်ဝန်ဆောင်တွေမှာ ပုံမှန်ပါပဲလို့ဆရာဝန်တွေကညွှန်ကြားပြောပြပေမယ့် Demon ကတော့ နှိုင်းအားအတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်စေရန်ကြိုးစား၍ဂရုစိုက်ပေးသည်။

အိပ်ပျော်နေတဲ့ နှိုင်းလေးသည် နေရောင်ခြည်အလင်းကြောင့် အနည်းငယ်လှုပ်ယဲ့လာပြီးမျက်မှောင်လေးကျုံ့ကာပြီး နှုတ်ခမ်းရဲရဲလေးကမဆိုသလောက်ဆူထွက်လာသည်။

Demon သည် ရင်ခွင်ထဲက ကလေးလူကြီးလေးရဲ့ဟိုဟိုဒီဒီလှုပ်ရှားမှု့ကြောင့် အိပ်နေရာမှနိုးလာခဲ့သည်။ အဲ့အချိန် နှိုင်းလေးဟာ မျက်စိမပွင့်ပဲ နေရောင်မရှိတဲ့ တဖက်ကိုလှည့်အိပ်ဖို့ကြံနေတာမို့ Demon က အရင်ဆုံးနေရောင်အား သူကျောပြင်နဲ့ကွယ်ထားလိုက်ပြီးနောက် နှိုင်း ကို နဂိုအတိုင်းလေးပဲအိပ်စေကာ နှဖူးလေးအားမြတ်နိုးစွာနမ်းရှိုက်ပြီး ကျောပြင်လေးကိုဖွဖွပုတ်သိပ်ပေးလိုက်သည်။

နှိုင်း ပြန်အိပ်ပျော်လောက်ပြီအချိန်မှ Demon က အိပ်ရာဆီမှထ၍ ပြတင်းပေါက်လိုက်ကာကိုသေချာပိတ်နေလိုက်သည်။

ဘုတ် .. ဘုတ်..

အိပ်ရာဆီကအသံကြောင့် Demon လှည့်ကြည့်လိုက်တော့ နှိုင်း ဟာ သူ့နံဘေးက Demon ကို ဟိုစမ်းဒီစမ်းလိုက်စမ်းပြီးရှာနေတဲ့ပုံလေးနဲ့ မတွေ့တဲ့အချိန်မှာ မျက်မှောင်လေးတစ်ဖြည်းဖြည်းစုကျုံ့လာသည်။

" မောင်ရော.. "

အသံတိုးတိုးလေးနဲ့ Demon ကိုခေါ်ကာလိုက်ရှာနေတဲ့ နှိုင်း ရဲ့ ထိုသို့ချစ်ဖို့ကောင်းတဲ့ပုံစံလေးကိုမြင်ပြီး Demon မှာ အသည်းတယားယားနဲ့ဖြစ်လို့နေတော့သည်။ထို့ကြောင့် နှိုင်း ကုတင်ဘေးနားသို့သွားပြီး လက်ကလေးအားဆုတ်ကိုင်ပြီးအ​ကြိမ်ကြိမ်နမ်းလိုက်သည်။ ထိုအခါ ဖြေးဖြေးချင်းမျက်လုံးဖွင့်လာတဲ့ နှိုင်းလေးဟာ မနက်ခင်းအလင်းရောင်ထက်ပင် ပို၍တောက်ပနေတဲ့အပြုံးလေးနဲ့ Demon အား ပြုံးပြလာ၏ ။

" မောင်.."

ကလေးငယ်လေးဂျီကျသလို ခပ်ချွဲချွဲအစ်အစ်အသံလေးနဲ့ Demon ကိုခေါ်ပြီး ခါးကိုပိုတိုးဖက်၍ ရင်ခွင်ထဲပိုတိုးဝင်လာသည်။

" ​မောင်ရှိတယ်​​နော်၊ ကိုကိုအိပ်ရေးမဝသေးဘူးမလား အိပ်ဦးလေ "

" အင်း..ကိုယ်အိပ်ချင်သေးတယ်၊ မောင်ဖက်ထားပေးနော် "

" အဟွန်း..အိပ်နော် မောင်ကိုကို့အနားမှာပဲ ဒီလိုလေးဖက်ထားပေးမယ် "

ပြောလဲပြော နှိုင်းလေးကိုထွေးပွေ့ကာဖက်ထားပေးလိုက်သည်။

" မောင်.. "

" ဗျာ.."

" မောင့်ကိုချစ်တယ် "

ဒုတ်.. ဒုတ်..ဒုတ်..

နှလုံးသားရဲ့စည်းချက်မညီတဲ့ခုန်သံတွေက ဒီနေ့မနက်ရဲ့တိတ်ဆိတ်နေတဲ့အခန်းကျယ်မှာ သိသာစွာထွက်ပေါ်နေတာမို့ ရင်ခွင်ထဲက နှိုင်းလေးက တိတ်တခိုးကြိတ်ပြုံးသည်။ နှိုင်းလူဆိုးလေး ဟာ အချိန်တွေဘယ်လောက်ကြာပါစေ နှိုင်းရဲ့ချစ်တယ် ဆိုတဲ့စကားအပေါ်တုန့်ပြန်မှု့ကတူညီနေဆဲမို့လဲ ကြည်နူးရသည်။

" ချစ်တယ်ကိုကို..အရမ်းချစ်တယ် ၊ ကိုကိုကမောင့်ဘဝရဲ့အဖိုးတန်လေးမို့ "

လူကိုရင်ခုန်အောင် လာဆွသွားတဲ့ ကလေးလူကြီးလေးဟာ Demon ရင်ဘတ်ထဲကပြန်ဖြေသံမှကြားပါရဲ့လားတော့မသိ ပြန်အိပ်ပျော်လို့သွားပြီ ၊

" ကိုကိုဗျာ..လူကို ရန်ခုန်အောင်... အဟွန်း "

တကယ်ပါ ဒီလူသားလေးနဲ့သာဆိုလျှင် Demon ရဲ့ နှလုံးသားကစက္ကန့်တိုင်းနွေးထွေးမှု့တွေနဲ့ပြည့်နက်နေတာပါ ။
________________________________________

" ကိုကို နွားနို့လေးသောက်လိုက်ဦး "

အောက်ထပ်က ဧည့်ခန်းထဲမှာထိုင်နေတဲ့ နှိုင်း ဆီနွားနို့ခွက်လေးကိုင်ပြီးလျှောက်လာတဲ့ လူဆိုးလေး ၊ အိမ်မှာနေရင်းမို့ လက်ပြတ်အကျီနဲ့ ပေါ့ပေါ့ပါးပါးဘောင်းဘီရှည်တို့ကိုဝတ်ဆင်ထားတာတောင် ချောမောခန့်ငြားမှု့တွေကပျောက်ပြယ်မသွားတဲ့အပြင် သူ့ရဲ့နဂိုရှည်နေဆဲဆံပင်အကောက်လေးကိုဖြန့်ချပြီး တစ်ခါသပ်တင်လိုက်တဲ့အချိန်တိုင်း Sexy ​ကျလွန်းနေသည်။

အနားရောက်လာတဲ့ Demon ကိုပြုံးပြကာ လက်ထဲက နွားနို့ခွက်ကိုလှမ်းယူလိုက်သည်။

" မောင် အလုပ်သွားဖို့အပြင်သေးဘူးလား၊  နောက်ကျနေမယ်နော် "

" ကိစ္စမရှိဘူး..မောင့်အလုပ်ထပ် ကိုကိုကပိုအရေးကြီးတယ် "

"ကိုယ်သိပါတယ်ကွာ၊ ဒါပေမယ့် ဒီနေ့မောင့်မှာအရေးကြီးအလုပ်ချိန်းထားတယ်ဆို ကိုယ့်ဘက်ကအမှားမရှိအောင်အရင်ကြိုရောက်နှင့်နေရမယ်လေမဟုတ်ဘူးလား "

ထိုသို့ပြောတော့ Demon သည် နှိုင်း ထိုင်နေတဲ့ဆိုဖာခုံအောက်ခြေမှာဒူးတစ်ဖက်ထောက်ထိုင်၍ နှိုင်း မျက်နှာလေးအား မော့ကြည့်လာသည်။ လက်ကလေးနှစ်ဖက်က ဗိုက်လုံးလုံးလေးပေါ်တင်လို့ပေါ့ ။

"ကိုကို "

"ပြောလေ မောင် "

" မောင်အလုပ်သွားရင် ကိုကိုတစ်ယောက်တည်းအိမ်မှု့ကိစ္စတွေလျှောက်မလုပ်နေရဘူးနော်၊ အိမ်မှာသက်တောင့်သက်သာနေရမယ်၊ အဲ့လိုမှမဟုတ်ရင် မောင်စိတ်ချနိုင်မှာမဟုတ်ဘူး "

နှိုင်း သည် သူ့ကိုစိတ်မချဖြစ်နေတဲ့ Demon ကိုကြည့်ပြီးအချစ်ပိုကာ Demon ပါးပြင်တဖက်ဆီကိုလက်လေးနဲ့ကိုင်၍လက်မလေးနဲ့ပွတ်ပေးတော့ Demon က ထိုလက်ဖဝါးလေးပေါ်ကိုသူ့လက်ဖဝါးအုပ်၍ပါးပြင်နဲ့ပိုကပ်ထားပြီး ချွဲနေပြန်သည်။ ဒီလူဆိုးလေးဟာလေ နှိုင်း သာ လူကောင်းသေးရင် အိတ်ကပ်ထဲထည့်သွားမယ့်ပုံပဲ ။

" အဟွန်း..လူဆိုးလေး မင်းကိုကိုကပဲပင်ပေါက်လေးရှိနေပေမယ့် အိမ်အလုပ်လောက်ကတော့ ကိုယ့်ဘာသာလုပ်နိုင်သေးတယ်လေကွာ..ကိုယ့်ကိုအရမ်းမစိုးရိမ်ပါနဲ့မောင်ရယ် နော် "

" ဟင့်အင်း မောင်စိုးရိမ်တယ်ကိုကို..မောင့်ဘဝမှာ ကိုကိုပဲရှိတာ..ကိုကိုထိခိုက်ရမယ့်အရာ​တွေနဲ့ပက်သတ်ရင်အားလုံးကို​မောင်ကြောက်လို့ပါ ၊ အဲ့တာကြောင့် မောင့်စကားနားထောင်ပါနော် ကိုကို"

* မောင်ရယ်...*

နှိုင်း က သူ့လူဆိုးလေးအားနှစ်လိုဖွယ်အပြုံးလေးနဲ့ကြည့်ကာ လူဆိုးလေးနှဖူးဆီသို့ အနမ်းပေးလိုက်သည်။

" ကောင်းပါပြီ ကိုယ်မောင့်စကားနားထောင်ပါမယ် ၊ အဲ့တာကြောင့် အလုပ်ကိုဖြောင့်ဖြောင့်သွားနော်..ဟုတ်ပြီလား လူဆိုးလေး "

အဲ့တော့မှ ကျေနပ်သွားတဲ့ လူဆိုးလေးဟာ သွားဆွယ်လေးတွေပေါ်လာတဲ့အထိ နှိုင်း အား ပြုံးပြ၍ နှိုင်း အကျီကိုအပေါ်သို့လှန်တင်ကာ ဗိုက်ပူပူလေးကိုမွှေးမွှေးပေးသည်။

" ပဲပင်ပေါက်လေးရေ Daddy ဒီနေ့အလုပ်သွားရင် ပါးပါးနဲ့အိမ်မှာကောင်းကောင်းနေခဲ့ရမယ်နော်.. ပါးပါးကိုခက်ခဲအောင်မလုပ်ရဘူးနော် "

နှိုင်း ကိုယ်ဝန်စရှိစဥ်ကတည်းက Demon ဟာ သူ့ကလေးလေးနဲ့စကားပြောတဲ့အခါ ဘယ်တော့မှ အကျီအပြင်ဘက်ကနေမပြောပေ ၊ အမြဲတမ်း နှိုင်းအကျီကို မ တင်ပြီး ပူနေတဲ့ဗိုက်လုံးလေးကိုတဖွဖွနမ်း၍သာ စကားတွေပြောတတ်သည်။ အစပိုင်းမှာ နှိုင်း အတွက်နည်းနည်းရှက်ခဲ့ရပေမယ့် နောက်ပိုင်းမှာ နှိုင်းလူဆိုးလေးရဲ့အကျင့်တစ်ခုလိုဖြစ်နေခြင်းကြောင့် အသားကျခဲ့ပြီ။

ဒီလမှာဆို နှိုင်း ကိုယ်ဝန်ဟာ ၄ လရှိပြီမို့ ပြီးခဲ့တဲ့ရက်ကစပြီး Demon ဟာ နှိုင်း ကို Company သွားခွင့်မပြုတော့ပေ ၊ အမြဲတမ်းအလုပ်လုပ်နေခဲ့တဲ့ယောက်ကျားတစ်ယောက်အနေနဲ့ ရုတ်တရက်ကြီး အလုပ်လက်မဲ့ဖြစ်သွားတာကိုမနေတတ်သောကြောင့် Company ရဲ့အလုပ်ကိစ္စမှန်သမျှကို အိမ်မှာပဲလုပ်ဖို့အတွက် Demon နဲ့အတိုက်အခံပြောခဲ့ရသေးသည်။ Demon ဆိုတဲ့ လူဆိုးလေးဟာ နှိုင်း နဲ့ ပက်သတ်ပြီးအရာရာမှာ ဂရုတစိုက်ရှိတာသိပေမယ့် အကောင်းတိုင်းရှိတဲ့လူတစ်ယောက်ကို အသေးစိတ်ကအစ ဂရုစိုက်ပေးလွန်းတာကတော့ စံတင်ထားရလောက်သည်။ အဲ့လိုဂရုစိုက်တာလေးတွေကို ကြည်နူးမိတဲ့ကိုယ်ဟာ လူဆိုးလေးရဲ့ စကားတွေတိုင်းကိုမလွန်ဆန်နိုင်ပေ ​၊

တစ်ခါတလေ ဒီလူဆိုးလေးက ကိုယ့်ကိုဒီလောက်ထိချစ်ပါလားတွေးရင်း ဂုဏ်ဆာမိတယ်ပြောရင် ကိုယ်လွန်သွားလေသလား၊

ထို့နောက် Demon အလုပ်သွားရန်အတွက်ပြင်ဆင်ပြီး ဆိုင်ကယ်အနားသို့လိုက်ပို့သည်။

" မီးဖိုချောင်မှာ မောင်နေ့လည်စာပြင်ဆင်ပေးခဲ့ပြီး ဗိုက်ဆာတာနဲ့တစ်ခုခုစားလိုက်နော် ၊ တစ်ခုခုအကြောင်းရှိတာ လိုအပ်တာမျိုးရှိခဲ့ရင်လဲ မောင့်ကိုချက်ချင်းဖုန်းဆက်ရမယ်၊ မောင် စိတ်ချမယ်နော် ကိုကို "

" ကောင်းပါပြီဗျာ..ကိုယ်နားလည်ပါတယ်မောင်ရယ် "

အမှာစကားသံအထပ်ထပ်ပြောကြားလို့ပြီးမှပဲ Demon အလုပ်ဆီသွားတော့သည်။

နှိုင်းသည်လဲ သူ့ Company ကအလုပ်လက်ကျန်တွေရှိနေတာကြောင့် ဆက်လုပ်ရန် အပေါ်ထပ်ကအလုပ်ရုံးခန်းဆီတတ်လာခဲ့သည်။

Demon အတွက် အရေးကြီးတဲ့အလုပ်ချိန်းဆိုမှုဆိုသည်မှာ Company အလုပ်တော့မဟုတ်ပေ၊

Demon Company ရုံးခန်းထဲမှာ ကြိုတင်ရောက်နှင့်နေတဲ့ Calvin တို့သုံးယောက်ဟာ Demon ကိုတွေ့တာနဲ့ နှိုင်း ပါလာမလား ဆိုပြီးနောက်ကိုအရင်လှမ်းကြည့်သည်၊ တကယ်၍ နှိုင်း ပါလာမယ်ဆိုလျှင် သူတို့စကားပြောဆင်ခြင်ရမည်၊ လက်ရှိမှာ သူတို့မရီး က ကိုယ်ဝန်ဆောင်နဲ့မို့ ဂရုစိုက်ရမယ်လေ ။

" မရီးရော..."

" အိမ်မှာနေခဲ့တယ် "

Eric အမေးကို Demon က ထိုင်ခုံမှာဝင်ထိုင်ရင်းဖြေသည်။ အဲ့တော့မှ Calvin ဟာ ရုံးခန်းမှာ တတပ်ဆင်ထားတဲ့ အသံတိတ်မှန်လိုက်ကာကိုနှိပ်ကာ သူတို့အလုပ်အကြောင်းဆွေးနွေးမှု့ကိုစတင်သည်။ အရင်က ဒီလုပ်ငန်းအကြောင်း ဆွေးနွေးတဲ့နေရာဟာ Club Bar လိုမျိုးနေရာတစ်ခုဖြစ်ပေမယ့် အခုနောက်ပိုင်း နှိုင်း က Company ကို လိုပ်လာတတ်တော့ Demon တို့ ညှိနှိုင်းပြီး ဒီ Company မှာပဲ အခြေတည်ခဲ့သည်။

" သူတို့ဘက်က ဒီပူးပေါင်းမှု့ကို လက်တွဲဖို့ ယုံကြည်ချက်ရှိတယ်..ဒါပေမယ့်.."

" ဆက်ပြော Calvin "

" သူတို့နဲ့ညှိနှိုင်းရာမှာ အားလုံးအဆင်ပြေပေမယ့် သူတို့ရဲ့ခေါင်းဆောင်ကို အခုထိမဖော်ပြထားဘူး၊ ငါတို့ဘက်က ခြေရာကောက်တဲ့အခါ ခေါင်းဆောင်ဆိုတဲ့လူ ဆီမှာအဆုံးသတ်သွားပေမယ့် တကယ်တမ်း အဲ့လူမဟုတ်ဘူးဆိုတာသေချာတယ် "

Calvin စကားကြောင့် Demon မျက်ခုံးတွန့်ကာစားပွဲကို လက်ညိုးတောက်၍ တခဏစဥ်းစားသည်။

" ခေါင်းဆောင်ကိုလျှို့ဝှက်ထားတယ်? သူတို့ဘက်က ပူးပေါင်းမှု့နဲ့အတူလိုချင်တာဘာလဲ "

" ပုလင်းဖြူ..နဲ့ gan "

" ပုလင်းဖြူ? အဲ့တာက စျေးကွက်ထဲဝင်တာတောင်မကြာသေးဘူးမဟုတ်လား သူတို့ဘက်က အဲ့ဒါနဲ့ပက်သတ်ပြီး လောနေတာပဲ "

ထိုအခါ Logan က ဝင် ဆွေးနွေးသည်။

" ငါ့အထင်ပြောရရင် သူတို့ပုလင်းဖြူကိုအလောတကြီးလိုအပ်နေတာ အကြောင်းပြချက်ရှိမယ်..သူတို့ဂိုဏ်းနဲ့ပက်သတ်​ပြီးငါအောက်လိုင်းဘက်ကသတင်းတစ်ခုကြားထားတယ် "

" ဘာကိုလဲ "

" သူတို့ခေါင်းဆောင်အသက်က13နှစ်ပဲရှိသေးတယ်လို့ကြားတယ်..အမှန်လားမသိပေမယ့် တကယ်သာဆိုရင် ငါလေးစားမိမှာပဲ "

" WTF*** ဒါဘယ်လိုဖြစ်နိုင်မှာလဲ..အဲ့အသက်အရွယ်နဲ့ တဖက်နိုင်ငံက ငါတို့လိုဂိုဏ်းနဲ့ပူးပေါင်းမှု့လုပ်နိုင်တဲ့အထိ ထိန်းချုပ်နိုင်ပြီလို့တော့မပြောနဲ့နော် Logan "

" ငါလဲ သတင်းအမှန်ကဘာလဲမသိပေမယ့် ခုနက Calvin ပြောသလိုပဲ ငါတို့ခြေရာကောက်လိုက်တဲ့အချိန်မှာ S ဆီမှာ ပဲ အဆုံးသတ်သွားတယ် နောက်ကြောင်းထပ်လိုက်လို့မရဘူး အဲ့တာစဥ်းစားစရာပဲ "

Demon ဟာ အပြင်ပန်းမှာ ဘယ်လိုပဲ Company အများကြီးကိုအယောင်ပြနေပါစေ နောက်ကွယ်မှာ သူလုပ်ကိုင်နေတာတွေကိုလဲ ရအောင်ကိုင်တွယ်သည်။ ဒီတစ်ခေါက် Demon တို့နဲ့လာရောက်ပူးပေါင်းတဲ့နိုင်ငံဟာ ပေါ့သေးသေးမဟုတ်တဲ့အပြင် သူတို့ရဲ့ခေါင်းဆောင်ကိုတောင် မလိုက်နိုင်တဲ့အထိ နည်းနည်းအခက်ရှိနေသည်။ သို့သော် သူတို့ဘက်က Demon တို့အား ထိနိုင်တဲ့အခြေအနေမရှိတာကတော့ သေချာတာမို့အရမ်းစိတ်ထဲမထားပေ ။

" ကောင်းပြီလေ ဒီနေ့ သူတို့လာတဲ့အခါ ဒီကိစ္စနဲ့ပက်သတ်ပြီးဆက်ဆွေးနွေးကြမယ်၊ သူတို့ခေါင်းဆောင်နဲ့ပက်သတ်ပြီး ငါဆက်လုပ်လိုက်မယ်၊ "

" အိုကေ "

ထိုသို့နှင့် Demon အတွက် ဒီနေ့မှာ ကိုယ်တိုင်ကိုင်တွယ်ရမယ့်ကိစ္စတစ်ခုပေါ်လာတော့သည်။

________________________________________

အိမ်မှာရှိနေတဲ့ နှိုင်း ဟာ သူ့ Company က အလုပ်တွေပြီးလို့နာရီကြည့်လိုက်တော့ နေ့လည်စာစားချိန်ပင် ရောက်တော့မည်၊ အရင်က သရေစာမစားတတ်တဲ့ နှိုင်း ဟာ ကိုယ်ဝန်ကြောင့် စားတတ်လာသည်။ သို့သော် Demon ဟာ နှိုင်း အတွက် အပြင်ကမုန့်တွေထပ် သူကိုယ်တိုင်အိမ်မှာလုပ်ပေးတဲ့ မုန့်တွေကိုသာစားခိုင်းသည်။ မုန့်တွေမရှိတော့တဲ့အခါ ရေခဲသေတ္တာထဲမှာ သစ်သီးအစုံအလင်ထည့်ထားတာကြောင့် နှိုင်း အတွက်အရာရာဟာ အဆင်သင့်ဖြစ်နေသည်။
ထို့နောက် နှိုင်း သည် နေ့လည်စာစားပြီး အိက်ငိုက်လာတာကြောင့် တစ်ရေးတမောအိပ်လိုက်သည်။

Ringtones ~

စားပွဲပေါ်က ဖုန်း Ringtones အသံကြောင့် နှိုင်း အိပ်နေရာက နိုးလာခဲ့သည်။

" ဟယ်..လို "

" ကိုကို အိပ်နေတာလား "

" အွင်း...ကိုယ်အိပ်ပျော်သွားတယ် "

"အိုး တော်သေးတာပေါ့..မောင်နေ့လည်က ကိုကို့ ဆီဖုန်းခေါ်သေးတယ် မကိုင်ဘူး၊ စာလဲပြန်မပို့တော့ Company သွားပြီးအလုပ်ရှုတ်နေတာလားလို့စိုးရိမ်နေတာ "

" အဟွန်း မောင်ကလဲကွာ..ကိုယ်ပြောပြီးပြီလေ ကိုယ်မောင့်စကားနားထောင်ပါ့မယ်လို့ "

" အားး အသံလေးကကွာ အသည်းယားစရာလေး..ချစ်တယ်ဗျာ "

" ကိုယ်လဲချစ်တယ် မောင် "

အိပ်ရာနိုးခါစ နှိုင်း ပုံစံလေးကိုမြင်ယောင်ရင်း Demon အသည်းယား ချက်ချင်းပြေးတွေ့ချင်စိတ်ပေါက်မိသည်။

နှိုင်း စျေးဝယ်မထွက်တာတောင်ကြာနေပြီမို့ စိတ်ပြေလက်ပျောက် ပဲပင်ပေါက်လေးအတွက်စျေးဝယ်ထွက်ဖို့တွေးမိသွားသည်။

" မောင် "

" ဗျာ.. "

" ခဏနေ ကိုယ်စျေးဝယ်သွားဦးမယ် မောင်မှာချင်တာရှိလား "

"ကိုကိုဘာလိုလို့လဲ မောင့်ကိုပြောလေ မောင်ဝယ်ပေးမှာပေါ့ "

" ကိုယ့်အတွက်မဟုတ်ပါဘူး ပဲပင်ပေါက်လေးအတွက်ဝယ်ရင်း အပြင်မထွက်တာလဲကြာပြီဆိုတော့ပျင်းလို့လေ "

" အာ...."

ပြောရရင် Demon ဟာ နှိုင်း ကို အိမ်ထဲကတောင် အပြင်မထွက်စေချင် ကိုယ်ဝန်ဆောင်စဥ်မို့ကလေးရော လူကြီးရော ထိခိုက်မှာကြောင့်လဲပါသလို တစ်ရက်တစ်ရက်နဲ့ပိုပိုလှလာတဲ့ သူ့ကလေးလူကြီးလေးကိုတခြားလူဝိုင်းကြည့်မှာကိုမကြိုက်တာလဲပါသည်။ သို့သော် အမြဲတမ်းတော့ ကလေးလူကြီးလေးကိုအိမ်ထဲမှာပဲထားလို့မှမရတာ ။

" ကိုကို သွားချင်ရင်မောင်နဲ့အတူ​နောက်ရက်မှသွား​ကြမယ်လေ နော် "

" ရပါတယ် ကိုယ်ဒီရက်ပဲခဏသွားချင်တာ နောက်ရက်ကျရင် စိတ်ကသွားချင်မှသွားတော့မှာလေ "

" အဲ့တာဆို မောက်အခုပြန်လာခဲ့မယ် ကိုကိုတစ်ယောက်တည်းတော့မသွားရပါဘူး..မောင်လုံးဝစိတ်မချဘူး "

" ဟေး မောင် ကိုယ်ကအဲ့လောက်လဲအနုပါဘူးကွာ၊ ပြီးတော့ မောင်ဒီနေ့အလုပ်ရှိတယ်မလား လာခွင့်မပြုဘူးနော် လူဆိုးလေး "

* အဲ့လိုမှန်းသိရင် အဲ့သောက်လုပ်အကြောင်း ကိုကို့ ကိုမပြောပြပါဘူးကွာ..ခုတော့ *

ရုံးခန်းထဲမှာစိတ်ရှုတ်စွာနဲ့ Demon အလိုမကျစွာ မျက်မှောင်ကျုံ့ထားသည်။ ထိုစဥ် Calvin နဲ့ Eric ရောက်လာသည်။

" Demon အစည်းအဝေးပြီးတော့မယ် ဒီမှာဘာလုပ်နေတာလဲ..အာ ဖုန်းပြောနေတုန်းလား? "

Demon သည် Calvin နဲ့ Eric ကိုတွေ့တော့ မျက်လုံးအရောင်တောက်ပသွားတော့သည်။

                  >>>>>>>>>>>>>

နှိုင်း အိပ်ရာကထ၍ ရေမိုးချိုး၍ အဝတ်အစားလဲကာ ကားသော့ယူပြီးအောက်သို့ဆင်းလာခဲ့သည်။

တီးတောင်.. တီးတောင်..!

" ဟင်?ဘယ်သူပါလိမ့်..မောင် ပြန်လာတာလား "

နှိုင်း က အိမ်ရှေ့တံခါး Screen ကိုကြည့်လိုက်တော့ အံအားသင့်သွားပြီးဖွင့်ပေးလိုက်သည်။

" ဟယ်လို မရီး... "

" Calvin ? မင်းတို့သုံးယောက်ဘယ်လိုရောက်လာတာလဲ "

" အာ.... အဲ့တာက.."

(၊ လွန်ခဲ့တဲ့ နာရီဝက်လောက်က ၊)

" ကိုကိုသွားချင်တယ်ဆို သွားလေ ၊ ရေချိုးခန်းဝင်ရင်သတိထားဦးနော်... "

ပြောပြီးတာနဲ့ ဖုန်းချလိုက်တော့သည်။

" အစည်းအဝေးကပြီးတော့မှ သွားရအောင် Demon ငါတို့ညှိနှိုင်းစရာတွေကျန်သေးတယ် "

Calvin ပြောလိုက်တော့ Eric လဲ ထောက်ခံတဲ့သဘောနဲ့တိတ်နေသည်။ အဲ့အချိန်မှာ Demon က Logan ဆီဖုန်းဆက်ခေါ်ပြီး လာခိုင်းလိုက်သည်။ Logan ရောက်လာတဲ့အချိန်မှာ သုံးယောက်သား ဘာလား? ဆိုပြီးညကြည့်နေကြသည်။

" မင်းတို့သုံးယောက်တည်းက ကိုကိုနဲ့ဘယ်သူစျေးဝယ်ထွက်ပေးမလဲ "

" ဘာ ?? "

Logan ရဲ့ ဘာ ! ဆိုတဲ့အသံက အံသြခြင်းအပြည့်နှင့် ၊ Demon ရူးနေတာလား ဒီနေ့ အစည်းအဝေးကအရမ်းအရေးကြီးတယ်လေ အဲ့တာကိုသူ့လင် စျေးထွက်ထွက်ဖို့ ဒီမှာလာဆွေးနွေးနေတာလား?

Calvin က စိတ်ပျက်ပျက်နဲ့ပြောလာသည်။

" ငါစျေးဝယ်ထွက်ဖို့စိတ်မပါဘူး Eric ကို ပြောကြည့်လေ "

" ဟေ့ကောင် ငါစားဖို့တောင်ငါမဝယ်တာ စျေးဝယ်ထွက်ဖို့ဆို ဝေးရော..ဟေ့ကောင် Logan မင်းလိုက်သွား "

" စောက်ခွက်ဖြတ်ကန်လိုက်မယ် ငါမအားဘူး ဒီအစည်းအဝေးပြီးရင် စကီတွေနဲ့နှပ်မလို့ "

Demon ကတော့ သူတို့ရဲ့အငြင်းစကားတွေကို ဂရုမစိုက်စွာနဲ့ ယုံကြည်ချက်အပြည့်နှင့် ခပ်တည်တည်ပဲ ဆက်ပြောလာသည်။

" ကိုကိုက ပဲပင်ပေါက်လေးအတွက်လိုအပ်တဲ့အသုံးအဆောင်ဝယ်ချင်တယ်ပြောတယ်၊ ငါကအလုပ်ရှိ​နေတယ်..ကိုကိုကလဲ မလာရဘူးလို့မှာထားတယ်ကွာ..အဲ့တော့ မင်းတို့ထဲက ဘယ်သူက ပဲပင်ပေါက်လေးအတွက်..... "

Calvin " ငါသွားမယ် "

Eric " နေစမ်းပါ..ငါလိုက်သွားမယ် "

Logan " မင်းတို့နှစ်ယောက်လုံးနေခဲ့..Demon ငါသွားလိုက်မယ် "

ပဲပင်ပေါက်လေးအတွက်လို့ပြောလိုက်တာနဲ့ ချက်ချင်းပဲ မျက်ခွက်တွေရော လေသံတွေပါပြောင်းလဲကာ သူသွားမယ် ငါသွားမယ်ဖြစ်ကုန်တဲ့ Calvin တို့သုံးယောက်ကိုကြည့်ပြီး Demon မျက်နှာပြုံးစိစိနဲ့ကြိတ်ခွီးနေတော့သည်။

Calvin က ပြောသည်။

" မင်းအဲ့လိုလုပ်လို့ရမလား ငါအရင်ပြောတာလေ"

Logan က ပြောသည်။

" အဲ့လိုပြောကြေးဆို ငါအရင်ပြောတာပဲကွာ ဘာဖြစ်လဲ "

Eric က လဲ ပြောသည်။

" မင်းစကီနဲ့ချိတ်ထားတယ်ဆို ဒိုးလေ.. Demon မင်းစိတ်ချ မရီး ဆီငါပဲအဖော်လိုက်သွားပေးလိုက်မယ် "

" ဘာလို့မင်းတစ်ယောက်တည်းလဲ ငါလဲသွားမှာ"

" ပဲပင်ပေါက်လေးမွေးလာရင် မင်းအမှတ်ပိုယူလို့ရမယ်ထင်နေလား "

တစ်ယောက်တစ်ခွန်းထသတ်တော့မယ့် ဦးလေးသုံးယောက်ကြောင့် Demon ခေါင်းခြောက်ကာ နောက်ဆုံး ။

Calvin ပြောပြတာနားထောင်ပြီး နှိုင်း မှာ ရယ်ပါလေရော။

" ဟားဟားဟား အဲ့တာနဲ့ပဲ သုံးယောက်လုံးရောက်လာကြတာပေါ့ "

" ဟီး အဲ့လိုဖြစ်သွားတယ် အကို "

" ကဲပါ အဲ့တာဆိုလဲ အတူတူသွားကြတာပေါ့ကွာ..ပဲပင်ပေါက်လေးမွေးမှ သူ့ဦးလေးတွေကဘယ်လောက်ချစ်လဲပြောပြရမယ် "

" အဲ့နေ့လေးကိုမျှော်နေတာ မရီးရေ.. "

ထို့နောက် နှိုင်း နဲ့အတူ မာဖီးယားဂိုဏ်းခေါင်းဆောင်သုံးယောက်ဟာ ပဲပင်ပေါက်လေးအတွက် စျေးဝယ်ထွက်ခဲ့ကြပါသည် ။

                            >>>>>>>>

နှိုင်း တို့လေးယောက်လုံးစျေးဝယ်စင်တာရောက်တဲ့အခါ အရင်ဦးတည်ရာက ကလေးအသုံးအဆောင်ပစ္စည်းတွေနဲ့အဝတ်အစားတွေရောင်းရာဆီကိုပင် ။

Calvin Logan နဲ့ Eric တို့သုံးယောက်ဟာ သူတို့ရဲ့ပုံစံတွေအတိုင်း ဂျစ်ကန်ကန်ပုံစံမျိုးနဲ့ ဘယ်သူမှဂရုမစိုက်ဟန်နှင့် နှိုင်း နံဘေးကတစ်ယောက်စီလိုက်၍ နောက်က တစ်ယောက်လိုက်ပေးသည်။ Calvin တို့ရဲ့အရှိန်အဝါနဲ့ ခက်ထန်တဲ့မျက်နှာတွေကြောင့် နှိုင်း အနားကပ်မည့်သူမပြောနှင့် နှိုင်း စျေးဝယ်နေတဲ့နေရာမှာပင် လူမရှိချေ ။

ကလေးအသုံးအဆောင်ရောင်းတဲ့နေရာဆီရောက်တဲ့အခါ သူတို့သုံးယောက်ရဲ့မျက်စိတွေက ကိုယ်စီကိုယ်ငှပြုံးနေတော့သည်။ ဘယ်သူသိမှာလဲ သူတို့အတွေးထဲမှာ ဘယ်လိုကြည်နူးစရာလေးတွေစိုးမိုးထားလဲဆိုတာ... ။

" အကို ဒီဘက်မှာ ကလေးအတွက် ခဏကြည့်လိုက်ဦးမယ် မင်းတို့အဆင်ပြေရဲ့လား "

ကလေးအဝတ်အစားတွေကိုကြည့်ပြီး မျက်နှာတွေကပြုံးစိစိတွေနဲ့ ပျော်ရွင်နေပုံရတဲ့ Calvin တို့သုံးယောက်ကို ကြည့်ကြည့်ပြီး ကြည်နူးစွာပြုံးမိသည်။ အင်း ပဲပင်ပေါက်လေးသာမွေးလာရင်တော့ အဖေ နဲ့ ဦးလေးတွေလက်ထဲ မြင်ယောင်မိပါရဲ့ကွာ.. ။

" အဆင်ပြေတယ် မရီး..အကုန်ဝယ် ကြိုက်တာသာဝယ် ဘာမှစိတ်မပူနဲ့ "

" ဟုတ်တယ် ကျွန်တော်တို့အတွက်စိတ်မပူနဲ့..ပဲပင်ပေါက်လေးအတွက်သာ လိုအပ်တာအကုန်ဝယ် "

အားကြိုးမာန်တတ်နဲ့ထိုသို့ပြောလာတဲ့ သူတို့ကိုကြည့်ပြီး နှိုင်း ငယ်ငယ်တုန်းကအချိန်ကိုတောင် ပြန်တွေးမိသွားသည်။ အိမ်ကမိသားစု​တွေ​​ရော ဦးလေးထွန်းမြတ်တို့က အစ အားလုံးက နှိုင်း ကို အချစ်ပိုခဲ့တာလေ ။

" ကောင်းပြီ အဲ့တာဆို အကိုဟိုဘက်မှာရှိမယ် "

ထိုသို့ပြောပြီး နှိုင်း သည် ကလေးအသုံးအဆောင်ရောင်းတဲ့ဝန်ထမ်းကောင်မလေးနဲ့စကားပြော၍ မသိ နားမလည်တာကိုမေးမြန်းကာ ဝယ်နေတော့သည်။ လက်ရှိမှာ နှိုင်း တို့ ရောက်နေတဲ့ စင်တာအခန်းမှာ ဘယ်တစ်ဦးတစ်ယောက်မှ မရှိသေးတာကြောင့် စိတ်ချလက်ချဝယ်လို့ရသည်။

" ဟေ့ကောင် Calvin..ဟိုမှာကြည့်စမ်း "

Logan ပြောတော့ Calvin နဲ့ Eric က လှည့်ကြည့်သည်။ အပေါ်တွင်ချိတ်ထားတဲ့ ကလေးသေးသေးလေးအရွယ် အဝတ်အစားတွေဟာ အရမ်းလှပြီးချစ်ဖို့ကောင်းလွန်းနေတာကြောင့် သူတို့သုံးယောက်မျက်လုံးထဲ ကြယ်တွေတောက်ပနေတော့သည်။

ကလေးတွေနဲ့ နီးစပ်မှု့မရှိတဲ့ Calvin Logan Eric တို့အတွက် ပဲပင်ပေါက်လေးဟာ သူတို့ဘဝလိုတန်ဖိုးရှိသည်။ ကလေးအဝတ်အစားလေးကိုကြည့်ပြီး Logan က အသည်းတယားယားနဲ့၊

" အီး အသည်းယားစရာလေးကွာ ချစ်စရာလေးတွေ ငါ့လက်နှစ်ဖက်ဖြန့်စာလောက်ပဲရှိလောက်တယ် "

Calvin က ပြောသည်။

" Logan မင်းပြောကြည့် ငါတို့ပဲပင်ပေါက်လေးမွေးလာရင် အချောလေးဖြစ်မှာ အဲ့တာလေးနဲ့ဆို သိပ်လှမှာပဲ "

" မင်းပြောတာမှန်တယ် "

Eric က ဝင်ပြော၏

" အဲ့အကျီ က မွေးကင်းစ ကလေးအတွက်ဆို ကြီးမနေဘူးလား.."

" ....ကြီးလဲ ဘာဖြစ်လဲ..ငါတို့ပဲပင်ပေါက်လေးက ထွားလာမှာပဲလေ ကြိုဝယ်ထား..အဲ ဟုတ်သားပဲ ငါတို့ပဲပင်ပေါက်လေးအတွက်လက်ဆောင်ကြိုဝယ်ထားလို့ရတာပဲ "

စိတ်အားထက်သန်နေတဲ့ Logan ဟာ ဉာဏ်အလင်းပွင့်သွားသလိုနှင့် ချက်ချင်းပင် အနီးအနားမှာရှိတဲ့ အရောင်းဝန်ထမ်းတစ်ဦးကိုလှမ်းခေါ်လိုက်သည်။

" Eric ငါနဲ့လိုက်ခဲ့..ပဲပင်ပေါက်လေးအတွက်အဝတ်အစားသွားရွေးရအောင် "

" အိုကေ "

Calvin သည် သူ့အားမခေါ်တဲ့ နှစ်ကောင်ကိုမကြည်တော့ပေ၊

" ဟေ့ကောင်တွေ ငါ့ကျတော့ရော "

" မင်းက မရီးကိုစောင့်ရှောက်ရမယ်လေ ငါတို့သုံးယောက်လုံးသွားရင် မရီးကိုဘယ်သူစောင့်ရှောက်မှာလဲ..တော်ကြာနေ Demon လာသတ်နေလိမ့်မယ်..မင်းနေခဲ့လိုက် အိုကေ "

Calvin မှာ ပြန်ပြောချင်သော်လည်း အင်တင်တင်နဲ့လက်ခံလိုက်ရသည်။

" ခဏလေး..မင်းတို့ငါ့အတွက်ပါ ရွေးပေးခဲ့နော်..မင်းတို့အတွက်ချည်းပဲဝယ်လာရင် သတ်ပြစ်မှာ "

" အေးပါကွာ.. "

အူမြူးနေတဲ့ Logan နဲ့ Eric ဟာ ပဲပင်ပေါက်လေးအတွက် တဖက်စင်တာမှာ ကလေးအဝတ်အစားတွေရွေးချယ်ရန်ထွက်သွားတော့သည်။ Calvin ကတော့ နှိုင်း စျေးဝယ်နေတဲ့အနီးမှာ ဖုန်းသုံးရင်း နှိုင်း ဝယ်နေတာတွေကိုလဲ သေချာလိုက်ကြည့်ပေးနေသေးသည်။

" ဟင်..Logan နဲ့ Eric ရော "

" သူတို့ကလေးအကျီတွေဘက်သွားတယ် အကို..ပဲပင်ပေါက်လေးအတွက် သွားဝယ်ကြတယ် "

" အာ ပဲပင်ပေါက်လေးတောင်မမွေးသေးဘူး သူတို့ကအကျီလေးတွေဝယ်နေပြီလား..ဒါနဲ့ Calvin ကရော ဘာလို့လိုက်မသွားတာလဲ "

" ကျွန်တော်အကို့ ကိုစောင့်နေမှရမယ်..ကျွန်တော်တို့သုံးယောက်လုံးမရှိတာ Demon သိရင် အကုန်ဂွိနေလိမ့်မယ် "

" ဟားဟား..ဟား ကောင်းပါပြီကွာ "

နှိုင်း သဘောတကျပြုံးပြီး အရှေ့ဘက်က ကလေးသိပ်တဲ့ လှည်းလေးတွေဆီဆက်သွားသည်။

Calvin က မိသားစုဝင်တစ်ယောက်အနေနဲ့ နှိုင်း ရဲ့ ပုံစံကိုသဘောကျတယ် ။ နှိုင်း ဟာ Demon ရှေ့မှာဆိုဘယ်လိုပုံစံပဲရှိနေပါစေ..လောကကြီးနဲ့ဆက်သွယ်တဲ့အခါ အရမ်းကိုဖြောင့်မတ်ပြီး စမတ်ကျတဲ့ယောက်ကျားတစ်ယောက် ၊ သူချစ်တဲ့လူရှေ့မှာက လွဲလို့ သူ့ရဲ့အားနည်းတဲ့ဘက်ခြမ်းကို အနီးစပ်ဆုံးလူကိုတောင်ဖွင့်မပြတတ်တဲ့ယောက်ကျားတစ်ယောက် ၊ အထူးခြားဆုံးကတော့ Demon နဲ့ Calvin အလုပ်ဟာ ဘာဆိုတာ သိနေရက်နဲ့တောင် သူမှာ ပိတ်ပင်မှု့နဲ့ကြောက်ရွံ့မှု့တွေ မတွေ့ခဲ့ရဘူး ၊ အဲ့တာက Calvin တို့ကို ခံစားရစေတယ် ။

အာ့...

"Sorry အဆင်ပြေရဲ့လား "

စျေးဝယ်လျှောက်လမ်းတွင် တစ်စုံတစ်ယောက်က နှိုင်း ပခုံးကိုယှဥ်တိုက်သွားတာကြောင့် နောက်ကိုအနည်းငယ်ယိုင်သွားရသည်။ တဖက်လူဟာ နှိုင်း လက်ကိုကိုင်ပြီး မေးမယ့်အချိန်မှာ Calvin က ထိုလူ့လက်ကောက်ဝတ်ကိုအားပြင်းပြင်းနဲ့ဆုတ်ကိုင်ပြီး..ကျားရိုင်းတစ်ကောင်လိုမျက်လုံးတွေနဲ့စိုက်ကြည့်ကာ...၊

" ဒီလောက်လမ်းအကျယ်ကြီးမှာ မင်းမျက်လုံးကိုကျယ်ကျယ်ဖွင့်ပြီးလျှောက်သင့်တယ် "

" ထားလိုက်ပါ Calvin.. အကိုအဆင်ပြေပါတယ်"

တဖက်လူရဲ့ လက်ကောက်ဝတ်ကို ချိုးပြစ်မတတ်ဆုတ်ကိုင်ထားတာမို့ ထိုလူမှာ မျက်နှာမှာနာကျင်မှု့အတိုင်းသားပေါ်နေတာကြောင့် နှိုင်း ဝင်ဖြေပေးရသည်။ ထိုအခါ Calvin အားပြင်းပြင်းနဲ့ဆောင့်လွတ်ပေးလိုက်မှသာ သူ့လက်ကိုတခါခါနှင့် မကျေမနပ်ဖြစ်ကာ ရှုံ့မဲ့နေတော့သည်။

" အိုး ယောက်ကျားကိုယ်ဝန်ဆောင်ကြီးလား..ဟက်.. ဒီနေရာက အမျိုးသမီးတွေလောက်ပဲ လာတတ်တယ်ထင်တာ..ဆောရီးပဲ Bro "

ထိုသို့ ခပ်ရွဲ့ရွဲ့စကားပြောပြီး နှိုင်း အား အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ကာ ခုနက တိုက်မိတဲ့ ပခုံးကို ဖုန်ခါသလို ခါလိုက်တဲ့ ထိုလူ့ကြောင့် Calvin ဒေါသအလျှောက်သွေးဆူကာ ပြုံးလိုက်သည်။ Calvin လိုလူမျိုး ထိုအပြုံးမျိုး ပြုံးရယ် အဲ့လူအတွက်တော့.... ။

Calvin က နှိုင်း အား သရော်နေတဲ့ ထိုကောင်တွေရှေ့သို့ နှစ်လှမ်းဆက်တိုးပြီး အေးစက်တဲ့အပြုံးမျိုးနှင့်ပင် ပြောလိုက်သည်။

" မင်းတို့ကောင်တွေ...ဒီစင်တာကထွက်ရင် လွတ်..အောင်..ပြေး.."

" ဟ ဟ မင်းရဲ့သောက်ဗိုက်ကြီးသည်ကိုသာ သေချာလမ်းလျှောက်ခိုင်းစမ်းပါ..မင်းလိုကောင်က ငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ "

" ငါပြောရဲတယ် မင်းသောက်ပေါက်ကို သေချာပေါက်ဆွဲဖြဲပြစ်မယ် "

" ငါကလဲ သောက်ဂရုကိုမစိုက်ဘူး..ယောက်ကျားဖြစ်ပြီးဗိုက်ကြီးနေတာ သောက်ရမ်းရှက်ဖို့ကောင်းတယ် ထိမိတာတောင် ရွံလိုက်တာ..ဟေ့ကောင်တွေ လစ်မယ် "

Calvin ရဲ့ စကားတွေဟာ ထိုလေးယောက်အတွက် ကြားယုံလောက်မို့ နှိုင်း မကြားပေမယ့် သူတို့ပြန်ပြောတဲ့စကားကိုတော့ နှိုင်း ကြားလိုက်ရသည် ။ သို့သော် နှိုင်း က ပြသာနာဖြစ်မှာစိုးတာကြောင့် Calvin အား ပြောကာ တဖက်ကိုဆွဲခေါ်လာခဲ့သည်။

" အကို အဆင်ပြေပါတယ်.."

* မဟုတ်ဘူး..အကိုအဆင်ပြေရင်တောင် ကျွန်တော်တို့မပြေဘူး..ကျွန်တော်တို့မိသားစုဝင်ကို ထိရဲတဲ့ဘယ်သူမဆို ခွင့်လွတ်မှာမဟုတ်ဘူး!!*

" ကျွန်တော်လဲ နည်းနည်းဒေါသထွက်သွားတာပါ..အကိုအဆင်ပြေရင် ရပါပြီ "

" အင်း..ဒီကိစ္စကို Demon ကိုပြန်မပြောပြနဲ့နော် သူကစိတ်ကြီးတော့ မလိုအပ်ပဲပြသာနာဖြစ်မှာစိုးတယ် "

" စိတ်ချပါ အကို ကျွန်တော်မပြောပါဘူး "

* ဒီလမ်းဘေးခွေးတွေလောက်က ကျွန်တော်တို့ချည်းပဲရိုက်သတ်နိုင်တယ် *

နှိုင်း ဟာ Calvin စကားကြောင့် စိတ်အေးသွားရပြီး ဝယ်စရာရှိတာတွေဆက်ဝယ်နေတော့သည် ။ သို့သော် တဖက်မှာ Calvin ဟာ Logan နဲ့ Eric ဆီ ဆက်သွယ်ပြီးပြီဖြစ်သည်။

ကပ်ရက်စင်တာတဖက်မှာ ပဲပင်ပေါက်လေးအတွက် အကျီလေးတွေရွေးဝယ်နေတဲ့ Logan နဲ့ Eric ဟာ Calvin ဆီက မက်ဆေ့ရောက်လို့ကြည့်လိုက်ချိန်မှာ မျက်မှောင်ကျုံ့၍ အံတင်းတင်းကြိတ်ကာ..။

" ဒီလိုပျော်စရာလေးတွေ မနွှဲရတာတောင်ကြာပြီ"

" မင်းတို့တော့ မထိသင့်တဲ့လူကိုလာထိတာပဲ "

ထို့နောက် နှိုင်း စျေးဝယ်သမျှကို Calvin နောက်နေလိုက်သယ်ပေးပြီး တဖက်မှာလဲ Logan နဲ့ Eric လဲ ကလေးအဝတ်အစားလေးတွေကိုင်ကာပြန်ရောက်လာခဲ့သည်။ Eric ကိုတွေ့တာနဲ့ Calvin က မေးသည်။

" ရှာတွေ့လား "

" သေချာတာပေါ့.."

သူတို့ပြောတာကို နားမလည်တဲ့ နှိုင်း က Calvin တို့ကိုကြည့်ကာ..

" Calvin တစ်ခုခုကိုရှာနေတာလား"

" ပဲပင်ပေါက်လေးအတွက်အကျီပါ..အဆင်ပြေသွားပြီ "

" အော်.. ဒါဆို ပြန်ကြရအောင်လေ "

" အိုကေ "

နှိုင်း ဒီနေ့ စျေးအများကြီးဝယ်ခဲ့ပေမယ့် လက်ထဲမှာတော့ အထုတ်တစ်ထုတ်တောင်ရှိမနေခဲ့ပေ ။ Calvin logan eric တို့ချည်းပဲ အကုန်သယ်ပေးသည်။ ဒါကို နှိုင်း က မငြင်းဘူး..ဘာလို့ဆို ဒါက ပဲပင်ပေါက်လေးအတွက် သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေမို့လေ ။ စျေးဝယ်ပြီးတာနဲ့ နှိုင်း ကားနောက်ကနေလိုက်ပါစောင့်ရှောက်ရင်း အိမ်ကိုသေချာလိုက်ပို့ပေးပြီးမှ Calvin တို့ ပြန်ထွက်လာခဲ့သည်။

နှိုင်း မျက်ကွယ်ရာရောက်သွားတဲ့ Calvin တို့မျက်နှာထားတာ နဲ့ သူတို့ရင်ထဲက ဒေါသက နံဘေးမှာလူရှိနေခဲ့မယ်ဆိုရင်တောင် သက်ရောက်နိုင်သည်။

" အဲ့ခွေးတွေ ဘယ်မှာလဲ!! "

တည်နေရာအတိအကျသိပြီးနောက် ပြိုင်ကား ကိုယ်စီနဲ့ ထိုလူတွေရှိရာဆီ အကြမ်းပတမ်းမောင်းထွက်သွားတော့သည်။

သေမင်းလာနေတာကိုပင်မသိနိုင်တဲ့ ထိုလူလေးယောက်ဟာ သူ့အပေါင်းအပါးတွေနဲ့အုပ်စုလိုက် သောက်စားကာ လမ်းသရဲလုပ်လို့နေတော့သည်။
ဒီမြေအောက်လောကဘုရင်တွေဖြစ်တဲ့ Calvin တို့အုပ်စုအတွက် အခုရောက်နေတဲ့နေရာဟာ အရမ်းစိတ်ပျက်စရာကောင်းလွန်းပြီး စာမဖွဲ့လောက်တဲ့နေရာမျိုးဖြစ်သည်။ ဒီနေရာမှာ လူသတ်မှု့များစွာဖြစ်တာကြောင့် မြေအောက်ဂိုဏ်းတစ်ချို့ပင်လာဖို့မရဲပေမယ့် Calvin တို့ကတော့ သောက်ဂရုစိုက်မှု့မရှိပေ ။

ထိုဝန်းကြီးထဲသို့ Calvin တို့ ပြိုင်ကားသုံးစီး အကြမ်းပတမ်းဝင်လာတဲ့အချိန်မှာ အထဲမှာရှိနေတဲ့ လူဆိုး လူမိုက်တွေဟာ အုပ်စုလိုက်အုံအုံကြွကြွဖြစ်လာပြီး နေရာက ထလာကြသည်။

" ဒီနေရာထိလာရဲတာ ဘယ်လိုကောင်မျိုးလဲသိချင်သေးတယ် ! "

ထိုထဲက ခပ်စွာစွာလူမိုက်တစ်ယောက်ဟာ ကားအနားကိုလျှောက်လာရင်းပြောလိုက်တဲ့အသံက ကွင်းတစ်ခုလုံးကိုဟိန်းစေသည်။

ထိုစဥ် ကားထဲက Calvin,Logan,Eric တို့ သုံးယောက်ဟာ သံတုတ်ကိုယ်စီနဲ့ဆင်းလာပြီး ကားတံခါးပိတ်လိုက်သည်။

" ငါတို့ပဲ ! "

Calvin ရဲ့ စကားသံအဆုံး ကားအနားသို့လျှောက်လာတဲ့လူမိုက်ရဲ့ခြေလှမ်းတွေက ရပ်တန့်သွားတော့သည်။ ထိုလူမိုက်ဟာ Calvin တို့ကိုကြည့်ပြီးမြင်ဖူးသလိုလိုရှိတာကြောင့် အရမ်းရှေ့မတိုးရဲဘူးဖြစ်နေသည်။

Calvin က လက်ထဲမှာကိုင်ထားတဲ့သံတုတ်ကို ပခုံးပေါ်တင်ပြီး ခပ်မိုက်မိုက်ပုံစံနဲ့ကားကိုမှီကာ ရပ်နေ​ပြီး ။ Logan က သံတုတ်ကို ပခုံးတစ်လျှောက်မှာတင်၍ လက်နှစ်ဖက်ကိုသံတုတ်မှာချိတ်ထားပြီး ခေါင်းငိုက်စိုက်ကာထိုလူမိုက်တွေကိုစိုက်ကြည့်နေသည်။ Eric က သူကိုင်ထားတဲ့သံတုတ်ကိုပေါ့ပေါ့ပါးပါးနှင့်ပင် ဝှေ့ယမ်းနေပြီး ပါးစပ်ထဲက ပီကေ ကို တစိမ့်စိမ့်ဝါးနေသည်။

Calvin တို့ရဲ့ပုံစံတွေကြောင့် ထိုကွင်းထဲမှာရှိနေတဲ့လူတွေက လက်ဝှေ့ပွဲရောက်နေတဲ့ပရိတ်သတ်တွေလို ဆူဆူညံညံတွေနဲ့ Calvin တို့အားသတ်ရန်အော်ဟစ်နေတော့သည်။ Calvin က သူတို့ရဲ့အသံတွေကိုစိတ်ပျက်စွာနားကိုကလော်တဲ့ပုံစံမျိုးလုပ်ပြီး ပြောသည်။

" မင်းတို့နဲ့ကစားဖို့ငါတို့စိတ်မပါဘူး ဒီမှာ ငါတို့အလိုရှိတဲ့ကောင်ကိုလာရှာတာ နားညီးတယ် မင်းတို့သောက်ပေါက်တွေပိတ်ထား ! "

Calvin ရဲ့စကားကြောင့် ကွင်းထဲရှိလူမိုက်တွေအားလုံး ရုတ်ရုတ်ဖြစ်လာပြီး Calvin တို့ကိုတိုက်ခိုက်ရန်လက်နက်တွေကိုင်ထားတော့သည်။

" မင်းတို့သုံးကောင်ကငါ့နယ်မြေထဲလာပြီး ဒီစောက်ချိုးနဲ့အသက်ရှင်လျှက်ပြန်ထွက်သွားနိုင်မယ်ထင်နေတာလား ! "

အမှောင်ထဲကနေ စီးကရက်သောက်ရင်းထွက်လာတဲ့လူထွားကြီးဟာ သူမျက်နှာထပ်အကျဥ်းတန်တဲ့ ဓားခုတ်ရာကြီးရှိလို့နေသည်။ Calvin တို့သုံးယောက်ကိုသတ်​ပြစ်ဖို့ဆုံး​ဖြတ်ထားတဲ့ပုံပဲ ။

" မင်းနယ်မြေ? ဟက် စိတ်မဝင်စားဘူး ငါမင်းကိုမေးမယ်..ဒီကွင်းထဲမှာ Z ဆိုတဲ့ကောင်ရှိလား!"

ထိုလူမိုက်ဟာ သူ့ကိုလူအားလုံးရှေ့မှာထိုသို့ပြော၍ အရှက်ခွဲခံလိုက်ရတာကြောင့်ဒေါသထွက်ကာ လက်သီးဆုတ်ထားရင်း Calvin အားသတ်ပြစ်ဖို့အတွက်ကြည့်နေတော့သည်။ ပြီးနောက် ထိုလူထွားကြီးနောက်မှာ အရက်ပုလင်းအသေးစားကိုင်ကာထွက်လာတဲ့ နေ့လည်က ထိုလူ ။

" Z ဆိုတာ ငါပဲ.."

" အိုး.. ပြန်တွေ့ပြီနော်..ဒီတစ်ခါတော့ မင်းရဲ့သောက်ကျက်သရေမရှိတဲ့ပါးစပ်ကိုဖြဲပေးဖို့ရောက်လာတာဆိုတော့ ကံမကောင်းလောက်ဘူးထင်တယ် "

" မင်းကဘယ်သူ....အော် ဟက် မင်းကနေ့လည်က ယောက်ကျားကိုယ်ဝန်သည်လင်မလား? ဟားဟားဟား "

Z ဆိုတဲ့ကောင်ပြောတော့ နေ့လည်က လိုက်ပါလာတဲ့ကောင်တွေကရယ်သည်။

ထို့နောက် နေ့လည်ကအကြောင်းကိုတခြားလူတွေရှိရာဘက်ဆီအကျယ်ကြီးအော်ပြောတဲ့အခါ ကျန်လူများကပါ နှိုင်း အား ရွံ့ရှာစရာစကားနှုန်းတွေသုံးကာ လှောင်ရယ်နေတော့သည်။ ပြီးနောက် ထိုထဲက ဆံပင်ထောင်ထောင်နဲ့ လမ်းသရဲတစ်ကောင်က Calvin အနားသို့ရောက်လာပြီး မျက်နှာပြောင်သလိုလိုနဲ့ တဟားဟားရယ်၍လှောင်နေစဥ်.. ။

ဖောင်း !

" အာ့ ! "

ထိုတစ်ယောက်ရဲ့အော်သံတစ်ချက်ဟာ ကွင်းထဲရှိ ရယ်နေတဲ့လူမိုက်တွေရဲ့အသံကို တိခနဲ ပြတ်သွားစေသည်။ ခုနကအထိလှောင်ပြောင်နေတဲ့လမ်းသရဲကောင်ဟာ Calvin ရဲ့ သံတုတ်ရိုက်ချက်မိပြီး ခေါင်းတစ်ခုလုံးကြေကာ မြေပြင်တွက်သွေးသံရဲရဲနှင့်အသက်ပျောက်လို့သွားပြီ။ ထိုကောင်ရဲ့သွေးဟာ Calvin ရဲ့မျက်နှာတစ်ခြမ်းသို့ ပေသွားတာကိုလက်မနဲ့သုတ်ရင်း....။

" မင်းတို့ကောင်တွေ..ဟက်.. သေဖို့သာပြင် "

ထိုသို့ပြောအပြီးမှာ Calvin ကစလို့ သူ့ရှေ့မှာရှိတဲ့လမ်းသရဲတစ်ယောက်ချင်းစီကို သံတုတ်နဲ့လိုက်ရိုက်သတ်ပြစ်တော့သည်။ နင့်နဲနေတဲ့သံတုတ်ရဲ့အလေးချိန်ကြောင့် လူတစ်ယောက်ခေါင်းကို Calvin အားအကုန်ရိုက်လိုက်တိုင်း ထိုလူတွေမှာ နောက်တစ်ကြိမ်ပြန်ထမလာနိုင်ပဲအသက်ပျောက်သွားတော့သည်။ Logan နဲ့ Eric သည်လည်း ထိုအတိုင်းပင် လူတစ်ယောက်ကိုရိုက်တဲ့အချိန်မှာ ဦးခေါင်းကိုသာအဓိကထား၍ပွဲချင်းပြီးရိုက်သတ်နေတာကြောင့် ကွင်းထဲရှိလူအားလုံးက ကြောက်ရွံ့မှု့ကိုခံစားလိုက်ရသည်။

ခုနကအထိ အားလုံးရဲ့လှောင်ရယ်သံပြည့်နက်နေတဲ့ ကွင်းကြီးဟာ အခုတော့ Calvin တို့သုံးယောက်ရဲ့ လက်ချက်နဲ့အသက်ပျောက်တဲ့အလောင်းတွေအပြင် တိတ်ဆိတ်မှု့ကြီးကပါစိုးမိုးလို့နေတော့သည်။ လူအယောက်နှစ်ဆယ်နီးပါးဟာ Calvin တို့ကြောင့်သေကုန်သော်လည်း အခုထိတိုင် တစ်ချက်လေးတောင် အနာတရမရှိသေးတဲ့ Calvin တို့သုံးယောက်ကြောင့် Z ဆိုတဲ့ကောင်အဖွဲ့ဟာ တဖြည်းဖြည်းနဲ့နောက်ဆုတ်လို့လာသည်။

Calvin ဟာ လူမိုက်တစ်ယောက်လည်ပင်းကိုညစ်ထားရင်း Z မျက်လုံးတည့်တည့်ကိုကြောက်ဖို့ကောင်းတဲ့သတ်ပြစ်မှု့တွေနဲ့စိုက်ကြည့်ကာ...

" ငါပြောခဲ့သားပဲ မင်းလွတ်အောင်ပြေးစမ်း လို့ ဒါပေမယ့် ဘယ်လိုလုပ်မလဲ မင်းငါ့လက်ကပြေးမလွတ်တော့ဘူး ဟားဟားဟား.. "

ပြောပြီးတာနှင့် လည်ပင်းညစ်ထားတဲ့ကောင်ကို လည်လိမ်ချိုးသတ်ပြစ်လိုက်သည်။ လူသတ်စက်လို အညှာတာမရှိလိုက်သတ်နေတဲ့ Calvin တို့ပုံစံက သူတို့အားလုံးကို တုန်လှုပ်စေကာ Z ဆိုတဲ့ကောင်နဲ့ သူ့အပေါင်းအပါတွေအားလုံး အနောက်ပေါက်ကနေထွက်ပြေးတော့သည်။ သို့သော် သူတို့အပြေးမြန်တာလောက်တော့ Calvin တို့က သနားတယ်။

မကြာဘူး ....ထိုကွင်းထဲမှာရှိသမျှလူတွေအားလုံးဟာ Calvin တို့သုံးယောက်ရှေ့မှာ ဒူးထောက်ပြီး လက်တွေကိုခေါင်းပေါ်တင်ကာကြောက်လန့်နေကြသည်။ အားလုံးရဲ့မျက်နှာတွေ ခြေလက်တွေကအကောင်းတိုင်းရှိသူတော့ မကျန်ပေ ။ အဆိုးဆုံးကတော့ နေ့လည်က Calvin အား ပြောဆိုခဲ့သည့် လေးယောက် ။ နှစ်ယောက်ကတော့ Logan လက်လွန်သွားတာမို့ လျှောသွားပြီးမို့.. ကျန်နှစ်ယောက်ရဲ့ဘဝကတော့မသက်သာ ။

Calvin က Z မျက်နှာကိုတတ်နင်းထားပြီး စီးကရက်ရှိုက်ဖွာကာ..

" မင်းနေ့လည်က ငါ့မရီး ကိုပြောတဲ့စကားရဲ့အကျိုးသက်ရောက်မှု့ကဘယ်လိုလဲ..နေသာထိုင်သာရှိရဲ့လား "

" ကျွန်...ကျွန်တော်တောင်းပန်ပါတယ်.. တကယ်တောင်းပန်ပါတယ် မသတ်ပါနဲ့....ကျွန်တော့်ကိုမ မသတ်ပါ..အ့ "

" မင်းရဲ့ကျက်သရေမရှိတဲ့ပါးစပ်ပေါက်ကို ဆွဲဖြဲပြစ်မယ်လို့ ငါသေချာပေါက်ပြောခဲ့တယ်မဟုတ်လား "

" တောင်း တောင်းပန်ပါတယ် မ မလုပ်ပါနဲ့ တောင်းပန်ပါတယ်.. "

လူရုပ်မထွက်တော့တဲ့မျက်ခွက်နဲ့ ကြောက်ရွံ့တုန်လှုပ်စွာတောင်းပန်နေတဲ့ နှစ်ယောက်ကိုကြည့်ပြီး Calvin သနားစိတ်လား? အဲ့တာက Calvin တို့လိုလူတွေအတွက်အသုံးမဝင်ဘူး..အထူးသဖြင့် Lucas ဗိုက်ထဲက သူတို့ရဲ့ပဲပင်ပေါက်လေးကိုထိပါးလာရင်ပေါ့ ။

Logan သည် Z ဆံပင်ကိုအားနဲ့ဆွဲဆောင့်ကိုင်ပြီး ခေါင်းမော့စေကာ..။

" ဒီနေ့မင်းပြောလိုက်တဲ့ ငါ့မရီး ရဲ့ ဗိုက်ထဲက ပဲပင်ပေါက်လေးဆိုတာ ငါတို့တောင်တန်ဖိုးထားလွန်းလို့ ပိုးသားလေးလို ဂရုတစိုက်နဲ့ရှိနေခဲ့ရတာ..မင်းလိုလမ်းဘေးခွေးအဆင့်မရှိတဲ့ကောင်က ဘယ်လိုတောင်ပြောရဲရတာလဲ !! "

" အားး! ကျွန်... ကျွန်တော်မ မသိလို့ပါ..ကျွန်တော်မသိလို့ပါ..တောင်းပန်ပါတယ် "

ထိုစဥ်...Ringtones သံကြောင့် Calvin ဖုန်းကိုင်လိုက်သည်။

" Demon ပြော.. "

" Calvin ငါအိမ်ပြန်ရောက်နေပြီ မင်းတို့ပြန်သွားတာကြာပြီလို့ ကိုကိုပြောတယ် Company လဲ ပြန်မလာပဲနဲ့ သုံးယောက်သားဘယ်လိမ့်နေတာလဲ "

" ဘယ်မှမသွားပါဘူးကွာ ငါတို့အမှိုက်နည်းနည်းရှင်းဖို့ရှိနေလို့ပါ "

" အမှိုက် ? "

တဖက်က ဖုန်းပြောနေတဲ့ Demon ဟာ အမှိုက် ဆိုတဲ့အသုံးအနှုန်းကြောင့် နှိုင်း နံဘေးက ထိုင်
နေရာကနေ ပြုံးပြကာ ထထွက်လာခဲ့သည်။

" ဘာကိစ္စလဲ.."

" အာ ဘာရယ်မဟုတ်ပါဘူးကွာ ဒီတစ်လော H နယ်မြေက ခွေးတွေက လူတွေ့တိုင်းမဲမဲမြင်ရာ အကုန်ကိုက်နေတယ်ကြားလို့ လာဆုံးမပေးတာ "

" ကောင်းပြီ..အဲ့မှာ ကိစ္စရှင်းပြီးရင် မင်းတို့သုံးယောက် အိမ်ကိုလာခဲ့ဦး၊ ဒီညစာကို ကိုကိုကအိမ်မှာအကုန်စုပြီး စားကြမယ် တဲ့ မင်းတို့ကိုခေါ်ခိုင်းလို့ "

" အိုး ကောင်းပြီ ငါတို့အခုလာခဲ့မယ် "

ပြောပြီးတာနဲ့ Calvin ဖုန်းချလိုက်သည်။

" Demon က ဘာတဲ့လဲ "

" မြန်မြန်လက်စသတ်လိုက်တော့ မင်း မရီးက ညစာအတူတူစားဖို့ဖိတ်ထားတယ်.. ကြာနေရင် သူတို့စောင့်နေရလိမ့်မယ် "

" အိုကေ.. "

ထိုသို့လဲ ပြောအပြီး Logan လက်ထဲမှာ ဘယ်အချိန်ကရောက်နေလဲမသိတဲ့ ဓားပါးလေးဟာ Z နဲ့ နောက်တစ်ကောင် လည်ပင်းမှာနေရာယူလို့သွားသည်။ ဒူးထောက်နေတဲ့လူအုပ်ကြီးဟာ ထိုသို့ သတ်ဖြတ်မှု့ကိုတွေ့အပြီး Demon ဆိုတဲ့ နာမည်ကိုကြားလိုက်တဲ့အချိန်မှာ သူတို့ခေါင်းပင်မဖော်ရဲတော့ပေ ။

Logan က ထိုလူအုပ်ကြီးဘက်ကိုကြည့်ပြီး..၊

" ငါ့မရီးကြောင့် ဒီလောက်နဲ့ပြီးသွားတာ မင်းတို့ကျေးဇူးတင်သင့်တယ် "

ပြောပြီးနောက် ပြိုင်ကားကိုယ်စီမောင်း၍ ထွက်သွားကြတော့သည်။ ကျန်ခဲ့တဲ့ လူမိုက်တွေမှာသာ သူတို့ဘဝရဲ့သေဖို့လက်တစ်လုံးအလိုမှာပြန်လာရတဲ့လူတွေလိုကြောင်စီစီကြီးဖြစ်လို့နေတော့သည် ။

" ငါ...ငါတို့ အခုသွားရှုတ်ခဲ့မိတာ... D.. Demon အမျိုးသားကို တဲ့လား.."

ထိုအခါ ဘေးကတစ်ယောက်ကပြောသည်။

" သူ့အမျိုးသားကိုတင်မဟုတ်ပဲ ဗိုက်ထဲက ကလေးကိုသွားထိခဲ့တာဆိုတော့ သေစမ်း..ဆိုးလိုက်တဲ့ ကံ !! ဒီခွေးမသားတွေ ဘယ်လိုသတ္တိနဲ့ Demon တို့အဖွဲ့ကိုရန်သွားစရဲတာလဲ!"

Demon ဆိုတာ ဘယ်လိုလုမျိုးမို့လဲ.. အကယ်၍ သူတို့သုံးယောက်နေရာမှာ Demon ကြီး ကိုယ်တိုက်ရောက်လာခဲ့ရင်... ထိုသို့တွေးမိလိုက်ချိန်မှာ ထိုလူမိုက်အားလုံးဟာ Demon လာသတ်မှာစိုးတာကြောင့် အဲ့ကွင်း နေရာဆီကနေကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီးအကုန်ပြေးကြတော့သည်။

ဒါတွေကို ဘာတစ်ခုမှပင်မသိလိုက်တဲ့ နှိုင်းလေး ဟာ ဒီည ညစာကိုအားလုံးအတူတူစားသောက်ရန် ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်နေသည် ။ Demon ဟာ နှိုင်းလေးကို မီးဖိုချောင်းအပြင်ဘက်မှန်ဆီကနေပြုံးရင်း လှမ်းကြည့်ကာ နံဘေးမှာရပ်နေတဲ့ Calvin တို့ကိုမေးသည်။

" သေအောင်သတ်ခဲ့လား? "

" ဟက် ... မသေရင် ရာဇဝင်ရိုင်းသွားမှာပေါ့ "

" တော်တယ်.. "

Demon ဟာ ဒီနေ့အကြောင်းတွေကိုပြန်သိခဲ့ရတဲ့နောက် သူတို့ကို ကိုယ်တိုင်မသတ်ခဲ့ရတာကိုပင်နောင်တရနေသည်။

" မောင် ရေ ညစာစားလို့ရပြီ..အားလုံးလာခဲ့တော့နော် "

" လာပြီ မရီးရေ... "

အားလုံးထဲမှာ Logan တစ်ယောက်က နှိုင်း ကို မရီး လို့ခေါ်ရတာအတော်လေးသဘောတွေ့​နေသည်။ နှိုင်း ကလဲ စိတ်ထဲမထားတာမို့အဆင်ပြေသည်။ ထို့နောက် ညစာစားပွဲဝိုင်းလေးမှာ Calvin တို့သုံးယောက်ရဲ့ ဟာသစကားလေးတွေနဲ့ ပရုတ်သုတ်ခ ပြောတဲ့အကြောင်းလေးတွေနားထောင်ရင်း ပြီးပြည့်စုံတဲ့ မိသားစုညစာစားပွဲလေးဖြစ်ခဲ့သည် ။

                       >>>>>>>>>>>>>>>

" မောင် ကိုယ်ပင်ပန်းနေပြီ အိပ်ချင်တယ် "

" အင်း မောင်ဖက်ထားပေးမယ်နော်..ဒီနေ့အရမ်းပင်ပန်းနေပြီမလား "

" နည်းနည်းပါ..မောင်ရင်ခွင်ထဲရှိနေရင် ကိုယ့်ပင်ပန်းမှု့တွေပျောက်စေတယ်.."

" ကိုကိုက အချွဲလေးပဲ "

" အနမ်းပေး.."

ရင်ခွင်ထဲတိုးဝင်၍ အသည်းယားစရာကောင်းအောင်ချွဲနေတဲ့ ချစ်ရသူကို မြတ်နိုးမှု့ဖြင့် နှဖူးလေးအား အနမ်းခြွေပြီးနောက် နီရဲရဲနှုတ်ခမ်းလေးဆီသို့ ဦးတည်မိပါ၏ ။

ချစ်တယ် ကိုကိုရယ် ❤

________________________________________

Extra ဆိုပေမယ့် စာလုံးရေအများကြီးရေးပေးတယ်နော် ချာအုပ်ထုတ်မှ စျေးကြီးတယ်ပြောရင် တုတ် တုတ် နဲ့ တီးမှာ ဟွန့် 😗

#Vote & Cm ပေးနော်..💛
#Moewathan 📚

________________________________________

Zawgyi

ကိုယ္ဝန္ေဆာင္စဥ္ ၄ လ ။

ေအးျမလတ္ဆတ္တဲ့ ေလ နဲ႕အတူ ေနေရာင္ျခည္အေႏြးထည္ႏုႏုတို႔က မွန္သားျပင္ျပတင္းေပါက္ဆီကတိုးဝင္၍ အိပ္ေပ်ာ္ေနတဲ့ ႏွိုင္းေလးမ်က္ႏွာေပၚသို႔ေရာက္လာခဲ့သည္။

ညအိပ္ဝတ္စုံအျပာေရာင္ကာတြန္းဝမ္းဆက္ေလးနဲ႕ ဆံပင္ထိပ္ေလးကိုေခါင္းစည္းကြင္းေလးနဲ႕စည္းကာအိပ္ေပ်ာ္ေနတဲ့ ႏွိုင္းေလးဟာ အသက္ ၃၀ ေက်ာ္လူတစ္ေယာက္ဆိုတာဘယ္လိုမွယုံနိုင္ဖြယ္ရာမရွိေပ ၊ စိတ္ထင္၍လားမသိ အခုေနာက္ပိုင္းမွာ ႏွိုင္း ရဲ႕အသားအေရကႏူးညံ့ကာ ပိုပိုဝင္းလာၿပီး မ်က္ႏွာေလးၾကည္လင္ကာပိုၿပီးလဲေခ်ာေမာလာတာေၾကာင့္ Demon မွာ စိတ္မခ်ျဖစ္ေနတဲ့စိတ္ကပိုတိုးလာျပန္သည္။ ကိုယ္ဝန္ေဆာင္ကာလမွာ ေျပာင္းလဲလာတဲ့ စားေသာက္ပုံနဲ႕ ပုံမွန္မဟုတ္တဲ့အိပ္ခ်ိန္ေတြေၾကာင့္ ပင္ပန္းေနပုံရတဲ့ ႏွိုင္း သည္ ဘယ္တုန္းကမွညီးၫူးျခင္းမရွိခဲ့ေပ ၊

တစ္ခါတေလဆိုလွ်င္ ည ၂ နာရီေလာက္ထိအိပ္မေပ်ာ္ပဲ Demon အား ခြၽဲေနတတ္သလို တစ္ခါတေလဆိုလွ်င္ ည ၈ နာရီေလာက္ကေနမနက္ထိအိပ္ေပ်ာ္ေနတတ္သည္။ ဒါေတြက ကိုယ္ဝန္ေဆာင္ေတြမွာ ပုံမွန္ပါပဲလို႔ဆရာဝန္ေတြကၫႊန္ၾကားေျပာျပေပမယ့္ Demon ကေတာ့ ႏွိုင္းအားအတတ္နိုင္ဆုံး သက္ေတာင့္သက္သာျဖစ္ေစရန္ႀကိဳးစား၍ဂ႐ုစိုက္ေပးသည္။

အိပ္ေပ်ာ္ေနတဲ့ ႏွိုင္းေလးသည္ ေနေရာင္ျခည္အလင္းေၾကာင့္ အနည္းငယ္လႈပ္ယဲ့လာၿပီးမ်က္ေမွာင္ေလးက်ဳံ႕ကာၿပီး ႏႈတ္ခမ္းရဲရဲေလးကမဆိုသေလာက္ဆူထြက္လာသည္။

Demon သည္ ရင္ခြင္ထဲက ကေလးလူႀကီးေလးရဲ႕ဟိုဟိုဒီဒီလႈပ္ရွားမႈ႕ေၾကာင့္ အိပ္ေနရာမွနိုးလာခဲ့သည္။ အဲ့အခ်ိန္ ႏွိုင္းေလးဟာ မ်က္စိမပြင့္ပဲ ေနေရာင္မရွိတဲ့ တဖက္ကိုလွည့္အိပ္ဖို႔ႀကံေနတာမို႔ Demon က အရင္ဆုံးေနေရာင္အား သူေက်ာျပင္နဲ႕ကြယ္ထားလိုက္ၿပီးေနာက္ ႏွိုင္း ကို နဂိုအတိုင္းေလးပဲအိပ္ေစကာ ႏွဖူးေလးအားျမတ္နိုးစြာနမ္းရွိုက္ၿပီး ေက်ာျပင္ေလးကိုဖြဖြပုတ္သိပ္ေပးလိုက္သည္။

ႏွိုင္း ျပန္အိပ္ေပ်ာ္ေလာက္ၿပီအခ်ိန္မွ Demon က အိပ္ရာဆီမွထ၍ ျပတင္းေပါက္လိုက္ကာကိုေသခ်ာပိတ္ေနလိုက္သည္။

ဘုတ္ .. ဘုတ္..

အိပ္ရာဆီကအသံေၾကာင့္ Demon လွည့္ၾကည့္လိုက္ေတာ့ ႏွိုင္း ဟာ သူ႕နံေဘးက Demon ကို ဟိုစမ္းဒီစမ္းလိုက္စမ္းၿပီးရွာေနတဲ့ပုံေလးနဲ႕ မေတြ႕တဲ့အခ်ိန္မွာ မ်က္ေမွာင္ေလးတစ္ျဖည္းျဖည္းစုက်ဳံ႕လာသည္။

" ေမာင္ေရာ.. "

အသံတိုးတိုးေလးနဲ႕ Demon ကိုေခၚကာလိုက္ရွာေနတဲ့ ႏွိုင္း ရဲ႕ ထိုသို႔ခ်စ္ဖို႔ေကာင္းတဲ့ပုံစံေလးကိုျမင္ၿပီး Demon မွာ အသည္းတယားယားနဲ႕ျဖစ္လို႔ေနေတာ့သည္။ထို႔ေၾကာင့္ ႏွိုင္း ကုတင္ေဘးနားသို႔သြားၿပီး လက္ကေလးအားဆုတ္ကိုင္ၿပီးအ​ႀကိမ္ႀကိမ္နမ္းလိုက္သည္။ ထိုအခါ ေျဖးေျဖးခ်င္းမ်က္လုံးဖြင့္လာတဲ့ ႏွိုင္းေလးဟာ မနက္ခင္းအလင္းေရာင္ထက္ပင္ ပို၍ေတာက္ပေနတဲ့အၿပဳံးေလးနဲ႕ Demon အား ၿပဳံးျပလာ၏ ။

" ေမာင္.."

ကေလးငယ္ေလးဂ်ီက်သလို ခပ္ခြၽဲခြၽဲအစ္အစ္အသံေလးနဲ႕ Demon ကိုေခၚၿပီး ခါးကိုပိုတိုးဖက္၍ ရင္ခြင္ထဲပိုတိုးဝင္လာသည္။

" ​ေမာင္ရွိတယ္​​ေနာ္၊ ကိုကိုအိပ္ေရးမဝေသးဘူးမလား အိပ္ဦးေလ "

" အင္း..ကိုယ္အိပ္ခ်င္ေသးတယ္၊ ေမာင္ဖက္ထားေပးေနာ္ "

" အဟြန္း..အိပ္ေနာ္ ေမာင္ကိုကို႔အနားမွာပဲ ဒီလိုေလးဖက္ထားေပးမယ္ "

ေျပာလဲေျပာ ႏွိုင္းေလးကိုေထြးေပြ႕ကာဖက္ထားေပးလိုက္သည္။

" ေမာင္.. "

" ဗ်ာ.."

" ေမာင့္ကိုခ်စ္တယ္ "

ဒုတ္.. ဒုတ္..ဒုတ္..

ႏွလုံးသားရဲ႕စည္းခ်က္မညီတဲ့ခုန္သံေတြက ဒီေန႕မနက္ရဲ႕တိတ္ဆိတ္ေနတဲ့အခန္းက်ယ္မွာ သိသာစြာထြက္ေပၚေနတာမို႔ ရင္ခြင္ထဲက ႏွိုင္းေလးက တိတ္တခိုးႀကိတ္ၿပဳံးသည္။ ႏွိုင္းလူဆိုးေလး ဟာ အခ်ိန္ေတြဘယ္ေလာက္ၾကာပါေစ ႏွိုင္းရဲ႕ခ်စ္တယ္ ဆိုတဲ့စကားအေပၚတုန့္ျပန္မႈ႕ကတူညီေနဆဲမို႔လဲ ၾကည္ႏူးရသည္။

" ခ်စ္တယ္ကိုကို..အရမ္းခ်စ္တယ္ ၊ ကိုကိုကေမာင့္ဘဝရဲ႕အဖိုးတန္ေလးမို႔ "

လူကိုရင္ခုန္ေအာင္ လာဆြသြားတဲ့ ကေလးလူႀကီးေလးဟာ Demon ရင္ဘတ္ထဲကျပန္ေျဖသံမွၾကားပါရဲ႕လားေတာ့မသိ ျပန္အိပ္ေပ်ာ္လို႔သြားၿပီ ၊

" ကိုကိုဗ်ာ..လူကို ရန္ခုန္ေအာင္... အဟြန္း "

တကယ္ပါ ဒီလူသားေလးနဲ႕သာဆိုလွ်င္ Demon ရဲ႕ ႏွလုံးသားကစကၠန့္တိုင္းေႏြးေထြးမႈ႕ေတြနဲ႕ျပည့္နက္ေနတာပါ ။
________________________________________

" ကိုကို ႏြားနို႔ေလးေသာက္လိုက္ဦး "

ေအာက္ထပ္က ဧည့္ခန္းထဲမွာထိုင္ေနတဲ့ ႏွိုင္း ဆီႏြားနို႔ခြက္ေလးကိုင္ၿပီးေလွ်ာက္လာတဲ့ လူဆိုးေလး ၊ အိမ္မွာေနရင္းမို႔ လက္ျပတ္အက်ီနဲ႕ ေပါ့ေပါ့ပါးပါးေဘာင္းဘီရွည္တို႔ကိုဝတ္ဆင္ထားတာေတာင္ ေခ်ာေမာခန့္ျငားမႈ႕ေတြကေပ်ာက္ျပယ္မသြားတဲ့အျပင္ သူ႕ရဲ႕နဂိုရွည္ေနဆဲဆံပင္အေကာက္ေလးကိုျဖန့္ခ်ၿပီး တစ္ခါသပ္တင္လိုက္တဲ့အခ်ိန္တိုင္း Sexy ​က်လြန္းေနသည္။

အနားေရာက္လာတဲ့ Demon ကိုၿပဳံးျပကာ လက္ထဲက ႏြားနို႔ခြက္ကိုလွမ္းယူလိုက္သည္။

" ေမာင္ အလုပ္သြားဖို႔အျပင္ေသးဘူးလား၊  ေနာက္က်ေနမယ္ေနာ္ "

" ကိစၥမရွိဘူး..ေမာင့္အလုပ္ထပ္ ကိုကိုကပိုအေရးႀကီးတယ္ "

"ကိုယ္သိပါတယ္ကြာ၊ ဒါေပမယ့္ ဒီေန႕ေမာင့္မွာအေရးႀကီးအလုပ္ခ်ိန္းထားတယ္ဆို ကိုယ့္ဘက္ကအမွားမရွိေအာင္အရင္ႀကိဳေရာက္ႏွင့္ေနရမယ္ေလမဟုတ္ဘူးလား "

ထိုသို႔ေျပာေတာ့ Demon သည္ ႏွိုင္း ထိုင္ေနတဲ့ဆိုဖာခုံေအာက္ေျခမွာဒူးတစ္ဖက္ေထာက္ထိုင္၍ ႏွိုင္း မ်က္ႏွာေလးအား ေမာ့ၾကည့္လာသည္။ လက္ကေလးႏွစ္ဖက္က ဗိုက္လုံးလုံးေလးေပၚတင္လို႔ေပါ့ ။

"ကိုကို "

"ေျပာေလ ေမာင္ "

" ေမာင္အလုပ္သြားရင္ ကိုကိုတစ္ေယာက္တည္းအိမ္မႈ႕ကိစၥေတြေလွ်ာက္မလုပ္ေနရဘူးေနာ္၊ အိမ္မွာသက္ေတာင့္သက္သာေနရမယ္၊ အဲ့လိုမွမဟုတ္ရင္ ေမာင္စိတ္ခ်နိဳင္မွာမဟုတ္ဘူး "

ႏွိုင္း သည္ သူ႕ကိုစိတ္မခ်ျဖစ္ေနတဲ့ Demon ကိုၾကည့္ၿပီးအခ်စ္ပိုကာ Demon ပါးျပင္တဖက္ဆီကိုလက္ေလးနဲ႕ကိုင္၍လက္မေလးနဲ႕ပြတ္ေပးေတာ့ Demon က ထိုလက္ဖဝါးေလးေပၚကိုသူ႕လက္ဖဝါးအုပ္၍ပါးျပင္နဲ႕ပိုကပ္ထားၿပီး ခြၽဲေနျပန္သည္။ ဒီလူဆိုးေလးဟာေလ ႏွိုင္း သာ လူေကာင္းေသးရင္ အိတ္ကပ္ထဲထည့္သြားမယ့္ပုံပဲ ။

" အဟြန္း..လူဆိုးေလး မင္းကိုကိုကပဲပင္ေပါက္ေလးရွိေနေပမယ့္ အိမ္အလုပ္ေလာက္ကေတာ့ ကိုယ့္ဘာသာလုပ္နိုင္ေသးတယ္ေလကြာ..ကိုယ့္ကိုအရမ္းမစိုးရိမ္ပါနဲ႕ေမာင္ရယ္ ေနာ္ "

" ဟင့္အင္း ေမာင္စိုးရိမ္တယ္ကိုကို..ေမာင့္ဘဝမွာ ကိုကိုပဲရွိတာ..ကိုကိုထိခိုက္ရမယ့္အရာ​ေတြနဲ႕ပက္သတ္ရင္အားလုံးကို​ေမာင္ေၾကာက္လို႔ပါ ၊ အဲ့တာေၾကာင့္ ေမာင့္စကားနားေထာင္ပါေနာ္ ကိုကို"

* ေမာင္ရယ္...*

ႏွိုင္း က သူ႕လူဆိုးေလးအားႏွစ္လိုဖြယ္အၿပဳံးေလးနဲ႕ၾကည့္ကာ လူဆိုးေလးႏွဖူးဆီသို႔ အနမ္းေပးလိုက္သည္။

" ေကာင္းပါၿပီ ကိုယ္ေမာင့္စကားနားေထာင္ပါမယ္ ၊ အဲ့တာေၾကာင့္ အလုပ္ကိုေျဖာင့္ေျဖာင့္သြားေနာ္..ဟုတ္ၿပီလား လူဆိုးေလး "

အဲ့ေတာ့မွ ေက်နပ္သြားတဲ့ လူဆိုးေလးဟာ သြားဆြယ္ေလးေတြေပၚလာတဲ့အထိ ႏွိုင္း အား ၿပဳံးျပ၍ ႏွိုင္း အက်ီကိုအေပၚသို႔လွန္တင္ကာ ဗိုက္ပူပူေလးကိုေမႊးေမႊးေပးသည္။

" ပဲပင္ေပါက္ေလးေရ Daddy ဒီေန႕အလုပ္သြားရင္ ပါးပါးနဲ႕အိမ္မွာေကာင္းေကာင္းေနခဲ့ရမယ္ေနာ္.. ပါးပါးကိုခက္ခဲေအာင္မလုပ္ရဘူးေနာ္ "

ႏွိုင္း ကိုယ္ဝန္စရွိစဥ္ကတည္းက Demon ဟာ သူ႕ကေလးေလးနဲ႕စကားေျပာတဲ့အခါ ဘယ္ေတာ့မွ အက်ီအျပင္ဘက္ကေနမေျပာေပ ၊ အၿမဲတမ္း ႏွိုင္းအက်ီကို မ တင္ၿပီး ပူေနတဲ့ဗိုက္လုံးေလးကိုတဖြဖြနမ္း၍သာ စကားေတြေျပာတတ္သည္။ အစပိုင္းမွာ ႏွိုင္း အတြက္နည္းနည္းရွက္ခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ ႏွိုင္းလူဆိုးေလးရဲ႕အက်င့္တစ္ခုလိုျဖစ္ေနျခင္းေၾကာင့္ အသားက်ခဲ့ၿပီ။

ဒီလမွာဆို ႏွိုင္း ကိုယ္ဝန္ဟာ ၄ လရွိၿပီမို႔ ၿပီးခဲ့တဲ့ရက္ကစၿပီး Demon ဟာ ႏွိုင္း ကို Company သြားခြင့္မျပဳေတာ့ေပ ၊ အၿမဲတမ္းအလုပ္လုပ္ေနခဲ့တဲ့ေယာက္က်ားတစ္ေယာက္အေနနဲ႕ ႐ုတ္တရက္ႀကီး အလုပ္လက္မဲ့ျဖစ္သြားတာကိုမေနတတ္ေသာေၾကာင့္ Company ရဲ႕အလုပ္ကိစၥမွန္သမွ်ကို အိမ္မွာပဲလုပ္ဖို႔အတြက္ Demon နဲ႕အတိုက္အခံေျပာခဲ့ရေသးသည္။ Demon ဆိုတဲ့ လူဆိုးေလးဟာ ႏွိုင္း နဲ႕ ပက္သတ္ၿပီးအရာရာမွာ ဂ႐ုတစိုက္ရွိတာသိေပမယ့္ အေကာင္းတိုင္းရွိတဲ့လူတစ္ေယာက္ကို အေသးစိတ္ကအစ ဂ႐ုစိုက္ေပးလြန္းတာကေတာ့ စံတင္ထားရေလာက္သည္။ အဲ့လိုဂ႐ုစိုက္တာေလးေတြကို ၾကည္ႏူးမိတဲ့ကိုယ္ဟာ လူဆိုးေလးရဲ႕ စကားေတြတိုင္းကိုမလြန္ဆန္နိုင္ေပ ​၊

တစ္ခါတေလ ဒီလူဆိုးေလးက ကိုယ့္ကိုဒီေလာက္ထိခ်စ္ပါလားေတြးရင္း ဂုဏ္ဆာမိတယ္ေျပာရင္ ကိုယ္လြန္သြားေလသလား၊

ထို႔ေနာက္ Demon အလုပ္သြားရန္အတြက္ျပင္ဆင္ၿပီး ဆိုင္ကယ္အနားသို႔လိုက္ပို႔သည္။

" မီးဖိုေခ်ာင္မွာ ေမာင္ေန႕လည္စာျပင္ဆင္ေပးခဲ့ၿပီး ဗိုက္ဆာတာနဲ႕တစ္ခုခုစားလိုက္ေနာ္ ၊ တစ္ခုခုအေၾကာင္းရွိတာ လိုအပ္တာမ်ိဳးရွိခဲ့ရင္လဲ ေမာင့္ကိုခ်က္ခ်င္းဖုန္းဆက္ရမယ္၊ ေမာင္ စိတ္ခ်မယ္ေနာ္ ကိုကို "

" ေကာင္းပါၿပီဗ်ာ..ကိုယ္နားလည္ပါတယ္ေမာင္ရယ္ "

အမွာစကားသံအထပ္ထပ္ေျပာၾကားလို႔ၿပီးမွပဲ Demon အလုပ္ဆီသြားေတာ့သည္။

ႏွိုင္းသည္လဲ သူ႕ Company ကအလုပ္လက္က်န္ေတြရွိေနတာေၾကာင့္ ဆက္လုပ္ရန္ အေပၚထပ္ကအလုပ္႐ုံးခန္းဆီတတ္လာခဲ့သည္။

Demon အတြက္ အေရးႀကီးတဲ့အလုပ္ခ်ိန္းဆိုမႈဆိုသည္မွာ Company အလုပ္ေတာ့မဟုတ္ေပ၊

Demon Company ႐ုံးခန္းထဲမွာ ႀကိဳတင္ေရာက္ႏွင့္ေနတဲ့ Calvin တို႔သုံးေယာက္ဟာ Demon ကိုေတြ႕တာနဲ႕ ႏွိုင္း ပါလာမလား ဆိုၿပီးေနာက္ကိုအရင္လွမ္းၾကည့္သည္၊ တကယ္၍ ႏွိုင္း ပါလာမယ္ဆိုလွ်င္ သူတို႔စကားေျပာဆင္ျခင္ရမည္၊ လက္ရွိမွာ သူတို႔မရီး က ကိုယ္ဝန္ေဆာင္နဲ႕မို႔ ဂ႐ုစိုက္ရမယ္ေလ ။

" မရီးေရာ..."

" အိမ္မွာေနခဲ့တယ္ "

Eric အေမးကို Demon က ထိုင္ခုံမွာဝင္ထိုင္ရင္းေျဖသည္။ အဲ့ေတာ့မွ Calvin ဟာ ႐ုံးခန္းမွာ တတပ္ဆင္ထားတဲ့ အသံတိတ္မွန္လိုက္ကာကိုႏွိပ္ကာ သူတို႔အလုပ္အေၾကာင္းေဆြးေႏြးမႈ႕ကိုစတင္သည္။ အရင္က ဒီလုပ္ငန္းအေၾကာင္း ေဆြးေႏြးတဲ့ေနရာဟာ Club Bar လိုမ်ိဳးေနရာတစ္ခုျဖစ္ေပမယ့္ အခုေနာက္ပိုင္း ႏွိုင္း က Company ကို လိုပ္လာတတ္ေတာ့ Demon တို႔ ညွိႏွိုင္းၿပီး ဒီ Company မွာပဲ အေျခတည္ခဲ့သည္။

" သူတို႔ဘက္က ဒီပူးေပါင္းမႈ႕ကို လက္တြဲဖို႔ ယုံၾကည္ခ်က္ရွိတယ္..ဒါေပမယ့္.."

" ဆက္ေျပာ Calvin "

" သူတို႔နဲ႕ညွိႏွိုင္းရာမွာ အားလုံးအဆင္ေျပေပမယ့္ သူတို႔ရဲ႕ေခါင္းေဆာင္ကို အခုထိမေဖာ္ျပထားဘူး၊ ငါတို႔ဘက္က ေျခရာေကာက္တဲ့အခါ ေခါင္းေဆာင္ဆိုတဲ့လူ ဆီမွာအဆုံးသတ္သြားေပမယ့္ တကယ္တမ္း အဲ့လူမဟုတ္ဘူးဆိုတာေသခ်ာတယ္ "

Calvin စကားေၾကာင့္ Demon မ်က္ခုံးတြန့္ကာစားပြဲကို လက္ညိုးေတာက္၍ တခဏစဥ္းစားသည္။

" ေခါင္းေဆာင္ကိုလွ်ို႔ဝွက္ထားတယ္? သူတို႔ဘက္က ပူးေပါင္းမႈ႕နဲ႕အတူလိုခ်င္တာဘာလဲ "

" ပုလင္းျဖဴ..နဲ႕ gan "

" ပုလင္းျဖဴ? အဲ့တာက ေစ်းကြက္ထဲဝင္တာေတာင္မၾကာေသးဘူးမဟုတ္လား သူတို႔ဘက္က အဲ့ဒါနဲ႕ပက္သတ္ၿပီး ေလာေနတာပဲ "

ထိုအခါ Logan က ဝင္ ေဆြးေႏြးသည္။

" ငါ့အထင္ေျပာရရင္ သူတို႔ပုလင္းျဖဴကိုအေလာတႀကီးလိုအပ္ေနတာ အေၾကာင္းျပခ်က္ရွိမယ္..သူတို႔ဂိုဏ္းနဲ႕ပက္သတ္​ၿပီးငါေအာက္လိုင္းဘက္ကသတင္းတစ္ခုၾကားထားတယ္ "

" ဘာကိုလဲ "

" သူတို႔ေခါင္းေဆာင္အသက္က13ႏွစ္ပဲရွိေသးတယ္လို႔ၾကားတယ္..အမွန္လားမသိေပမယ့္ တကယ္သာဆိုရင္ ငါေလးစားမိမွာပဲ "

" WTF*** ဒါဘယ္လိုျဖစ္နိုင္မွာလဲ..အဲ့အသက္အ႐ြယ္နဲ႕ တဖက္နိုင္ငံက ငါတို႔လိုဂိုဏ္းနဲ႕ပူးေပါင္းမႈ႕လုပ္နိုင္တဲ့အထိ ထိန္းခ်ဳပ္နိုင္ၿပီလို႔ေတာ့မေျပာနဲ႕ေနာ္ Logan "

" ငါလဲ သတင္းအမွန္ကဘာလဲမသိေပမယ့္ ခုနက Calvin ေျပာသလိုပဲ ငါတို႔ေျခရာေကာက္လိုက္တဲ့အခ်ိန္မွာ S ဆီမွာ ပဲ အဆုံးသတ္သြားတယ္ ေနာက္ေၾကာင္းထပ္လိုက္လို႔မရဘူး အဲ့တာစဥ္းစားစရာပဲ "

Demon ဟာ အျပင္ပန္းမွာ ဘယ္လိုပဲ Company အမ်ားႀကီးကိုအေယာင္ျပေနပါေစ ေနာက္ကြယ္မွာ သူလုပ္ကိုင္ေနတာေတြကိုလဲ ရေအာင္ကိုင္တြယ္သည္။ ဒီတစ္ေခါက္ Demon တို႔နဲ႕လာေရာက္ပူးေပါင္းတဲ့နိုင္ငံဟာ ေပါ့ေသးေသးမဟုတ္တဲ့အျပင္ သူတို႔ရဲ႕ေခါင္းေဆာင္ကိုေတာင္ မလိုက္နိုင္တဲ့အထိ နည္းနည္းအခက္ရွိေနသည္။ သို႔ေသာ္ သူတို႔ဘက္က Demon တို႔အား ထိနိုင္တဲ့အေျခအေနမရွိတာကေတာ့ ေသခ်ာတာမို႔အရမ္းစိတ္ထဲမထားေပ ။

" ေကာင္းၿပီေလ ဒီေန႕ သူတို႔လာတဲ့အခါ ဒီကိစၥနဲ႕ပက္သတ္ၿပီးဆက္ေဆြးေႏြးၾကမယ္၊ သူတို႔ေခါင္းေဆာင္နဲ႕ပက္သတ္ၿပီး ငါဆက္လုပ္လိုက္မယ္၊ "

" အိုေက "

ထိုသို႔ႏွင့္ Demon အတြက္ ဒီေန႕မွာ ကိုယ္တိုင္ကိုင္တြယ္ရမယ့္ကိစၥတစ္ခုေပၚလာေတာ့သည္။

________________________________________

အိမ္မွာရွိေနတဲ့ ႏွိုင္း ဟာ သူ႕ Company က အလုပ္ေတြၿပီးလို႔နာရီၾကည့္လိုက္ေတာ့ ေန႕လည္စာစားခ်ိန္ပင္ ေရာက္ေတာ့မည္၊ အရင္က သေရစာမစားတတ္တဲ့ ႏွိုင္း ဟာ ကိုယ္ဝန္ေၾကာင့္ စားတတ္လာသည္။ သို႔ေသာ္ Demon ဟာ ႏွိုင္း အတြက္ အျပင္ကမုန့္ေတြထပ္ သူကိုယ္တိုင္အိမ္မွာလုပ္ေပးတဲ့ မုန့္ေတြကိုသာစားခိုင္းသည္။ မုန့္ေတြမရွိေတာ့တဲ့အခါ ေရခဲေသတၱာထဲမွာ သစ္သီးအစုံအလင္ထည့္ထားတာေၾကာင့္ ႏွိုင္း အတြက္အရာရာဟာ အဆင္သင့္ျဖစ္ေနသည္။
ထို႔ေနာက္ ႏွိုင္း သည္ ေန႕လည္စာစားၿပီး အိက္ငိုက္လာတာေၾကာင့္ တစ္ေရးတေမာအိပ္လိုက္သည္။

Ringtones ~

စားပြဲေပၚက ဖုန္း Ringtones အသံေၾကာင့္ ႏွိုင္း အိပ္ေနရာက နိုးလာခဲ့သည္။

" ဟယ္..လို "

" ကိုကို အိပ္ေနတာလား "

" အြင္း...ကိုယ္အိပ္ေပ်ာ္သြားတယ္ "

"အိုး ေတာ္ေသးတာေပါ့..ေမာင္ေန႕လည္က ကိုကို႔ ဆီဖုန္းေခၚေသးတယ္ မကိုင္ဘူး၊ စာလဲျပန္မပို႔ေတာ့ Company သြားၿပီးအလုပ္ရႈတ္ေနတာလားလို႔စိုးရိမ္ေနတာ "

" အဟြန္း ေမာင္ကလဲကြာ..ကိုယ္ေျပာၿပီးၿပီေလ ကိုယ္ေမာင့္စကားနားေထာင္ပါ့မယ္လို႔ "

" အားး အသံေလးကကြာ အသည္းယားစရာေလး..ခ်စ္တယ္ဗ်ာ "

" ကိုယ္လဲခ်စ္တယ္ ေမာင္ "

အိပ္ရာနိုးခါစ ႏွိုင္း ပုံစံေလးကိုျမင္ေယာင္ရင္း Demon အသည္းယား ခ်က္ခ်င္းေျပးေတြ႕ခ်င္စိတ္ေပါက္မိသည္။

ႏွိုင္း ေစ်းဝယ္မထြက္တာေတာင္ၾကာေနၿပီမို႔ စိတ္ေျပလက္ေပ်ာက္ ပဲပင္ေပါက္ေလးအတြက္ေစ်းဝယ္ထြက္ဖို႔ေတြးမိသြားသည္။

" ေမာင္ "

" ဗ်ာ.. "

" ခဏေန ကိုယ္ေစ်းဝယ္သြားဦးမယ္ ေမာင္မွာခ်င္တာရွိလား "

"ကိုကိုဘာလိုလို႔လဲ ေမာင့္ကိုေျပာေလ ေမာင္ဝယ္ေပးမွာေပါ့ "

" ကိုယ့္အတြက္မဟုတ္ပါဘူး ပဲပင္ေပါက္ေလးအတြက္ဝယ္ရင္း အျပင္မထြက္တာလဲၾကာၿပီဆိုေတာ့ပ်င္းလို႔ေလ "

" အာ...."

ေျပာရရင္ Demon ဟာ ႏွိုင္း ကို အိမ္ထဲကေတာင္ အျပင္မထြက္ေစခ်င္ ကိုယ္ဝန္ေဆာင္စဥ္မို႔ကေလးေရာ လူႀကီးေရာ ထိခိုက္မွာေၾကာင့္လဲပါသလို တစ္ရက္တစ္ရက္နဲ႕ပိုပိုလွလာတဲ့ သူ႕ကေလးလူႀကီးေလးကိုတျခားလူဝိုင္းၾကည့္မွာကိုမႀကိဳက္တာလဲပါသည္။ သို႔ေသာ္ အၿမဲတမ္းေတာ့ ကေလးလူႀကီးေလးကိုအိမ္ထဲမွာပဲထားလို႔မွမရတာ ။

" ကိုကို သြားခ်င္ရင္ေမာင္နဲ႕အတူ​ေနာက္ရက္မွသြား​ၾကမယ္ေလ ေနာ္ "

" ရပါတယ္ ကိုယ္ဒီရက္ပဲခဏသြားခ်င္တာ ေနာက္ရက္က်ရင္ စိတ္ကသြားခ်င္မွသြားေတာ့မွာေလ "

" အဲ့တာဆို ေမာက္အခုျပန္လာခဲ့မယ္ ကိုကိုတစ္ေယာက္တည္းေတာ့မသြားရပါဘူး..ေမာင္လုံးဝစိတ္မခ်ဘဴး "

" ေဟး ေမာင္ ကိုယ္ကအဲ့ေလာက္လဲအႏုပါဘူးကြာ၊ ၿပီးေတာ့ ေမာင္ဒီေန႕အလုပ္ရွိတယ္မလား လာခြင့္မျပဳဘူးေနာ္ လူဆိုးေလး "

* အဲ့လိုမွန္းသိရင္ အဲ့ေသာက္လုပ္အေၾကာင္း ကိုကို႔ ကိုမေျပာျပပါဘူးကြာ..ခုေတာ့ *

႐ုံးခန္းထဲမွာစိတ္ရႈတ္စြာနဲ႕ Demon အလိုမက်စြာ မ်က္ေမွာင္က်ဳံ႕ထားသည္။ ထိုစဥ္ Calvin နဲ႕ Eric ေရာက္လာသည္။

" Demon အစည္းအေဝးၿပီးေတာ့မယ္ ဒီမွာဘာလုပ္ေနတာလဲ..အာ ဖုန္းေျပာေနတုန္းလား? "

Demon သည္ Calvin နဲ႕ Eric ကိုေတြ႕ေတာ့ မ်က္လုံးအေရာင္ေတာက္ပသြားေတာ့သည္။

                  >>>>>>>>>>>>>

ႏွိုင္း အိပ္ရာကထ၍ ေရမိုးခ်ိဳး၍ အဝတ္အစားလဲကာ ကားေသာ့ယူၿပီးေအာက္သို႔ဆင္းလာခဲ့သည္။

တီးေတာင္.. တီးေတာင္..!

" ဟင္?ဘယ္သူပါလိမ့္..ေမာင္ ျပန္လာတာလား "

ႏွိုင္း က အိမ္ေရွ႕တံခါး Screen ကိုၾကည့္လိုက္ေတာ့ အံအားသင့္သြားၿပီးဖြင့္ေပးလိုက္သည္။

" ဟယ္လို မရီး... "

" Calvin ? မင္းတို႔သုံးေယာက္ဘယ္လိုေရာက္လာတာလဲ "

" အာ.... အဲ့တာက.."

(၊ လြန္ခဲ့တဲ့ နာရီဝက္ေလာက္က ၊)

" ကိုကိုသြားခ်င္တယ္ဆို သြားေလ ၊ ေရခ်ိဳးခန္းဝင္ရင္သတိထားဦးေနာ္... "

ေျပာၿပီးတာနဲ႕ ဖုန္းခ်လိဳက္ေတာ့သည္။

" အစည္းအေဝးကၿပီးေတာ့မွ သြားရေအာင္ Demon ငါတို႔ညွိႏွိုင္းစရာေတြက်န္ေသးတယ္ "

Calvin ေျပာလိုက္ေတာ့ Eric လဲ ေထာက္ခံတဲ့သေဘာနဲ႕တိတ္ေနသည္။ အဲ့အခ်ိန္မွာ Demon က Logan ဆီဖုန္းဆက္ေခၚၿပီး လာခိုင္းလိုက္သည္။ Logan ေရာက္လာတဲ့အခ်ိန္မွာ သုံးေယာက္သား ဘာလား? ဆိုၿပီးညၾကည့္ေနၾကသည္။

" မင္းတို႔သုံးေယာက္တည္းက ကိုကိုနဲ႕ဘယ္သူေစ်းဝယ္ထြက္ေပးမလဲ "

" ဘာ ?? "

Logan ရဲ႕ ဘာ ! ဆိုတဲ့အသံက အံၾသျခင္းအျပည့္ႏွင့္ ၊ Demon ႐ူးေနတာလား ဒီေန႕ အစည္းအေဝးကအရမ္းအေရးႀကီးတယ္ေလ အဲ့တာကိုသူ႕လင္ ေစ်းထြက္ထြက္ဖို႔ ဒီမွာလာေဆြးေႏြးေနတာလား?

Calvin က စိတ္ပ်က္ပ်က္နဲ႕ေျပာလာသည္။

" ငါေစ်းဝယ္ထြက္ဖို႔စိတ္မပါဘူး Eric ကို ေျပာၾကည့္ေလ "

" ေဟ့ေကာင္ ငါစားဖို႔ေတာင္ငါမဝယ္တာ ေစ်းဝယ္ထြက္ဖို႔ဆို ေဝးေရာ..ေဟ့ေကာင္ Logan မင္းလိုက္သြား "

" ေစာက္ခြက္ျဖတ္ကန္လိုက္မယ္ ငါမအားဘူး ဒီအစည္းအေဝးၿပီးရင္ စကီေတြနဲ႕ႏွပ္မလို႔ "

Demon ကေတာ့ သူတို႔ရဲ႕အျငင္းစကားေတြကို ဂ႐ုမစိုက္စြာနဲ႕ ယုံၾကည္ခ်က္အျပည့္ႏွင့္ ခပ္တည္တည္ပဲ ဆက္ေျပာလာသည္။

" ကိုကိုက ပဲပင္ေပါက္ေလးအတြက္လိုအပ္တဲ့အသုံးအေဆာင္ဝယ္ခ်င္တယ္ေျပာတယ္၊ ငါကအလုပ္ရွိ​ေနတယ္..ကိုကိုကလဲ မလာရဘူးလို႔မွာထားတယ္ကြာ..အဲ့ေတာ့ မင္းတို႔ထဲက ဘယ္သူက ပဲပင္ေပါက္ေလးအတြက္..... "

Calvin " ငါသြားမယ္ "

Eric " ေနစမ္းပါ..ငါလိုက္သြားမယ္ "

Logan " မင္းတို႔ႏွစ္ေယာက္လုံးေနခဲ့..Demon ငါသြားလိုက္မယ္ "

ပဲပင္ေပါက္ေလးအတြက္လို႔ေျပာလိုက္တာနဲ႕ ခ်က္ခ်င္းပဲ မ်က္ခြက္ေတြေရာ ေလသံေတြပါေျပာင္းလဲကာ သူသြားမယ္ ငါသြားမယ္ျဖစ္ကုန္တဲ့ Calvin တို႔သုံးေယာက္ကိုၾကည့္ၿပီး Demon မ်က္ႏွာၿပဳံးစိစိနဲ႕ႀကိတ္ခြီးေနေတာ့သည္။

Calvin က ေျပာသည္။

" မင္းအဲ့လိုလုပ္လို႔ရမလား ငါအရင္ေျပာတာေလ"

Logan က ေျပာသည္။

" အဲ့လိုေျပာေၾကးဆို ငါအရင္ေျပာတာပဲကြာ ဘာျဖစ္လဲ "

Eric က လဲ ေျပာသည္။

" မင္းစကီနဲ႕ခ်ိတ္ထားတယ္ဆို ဒိုးေလ.. Demon မင္းစိတ္ခ် မရီး ဆီငါပဲအေဖာ္လိုက္သြားေပးလိုက္မယ္ "

" ဘာလို႔မင္းတစ္ေယာက္တည္းလဲ ငါလဲသြားမွာ"

" ပဲပင္ေပါက္ေလးေမြးလာရင္ မင္းအမွတ္ပိုယူလို႔ရမယ္ထင္ေနလား "

တစ္ေယာက္တစ္ခြန္းထသတ္ေတာ့မယ့္ ဦးေလးသုံးေယာက္ေၾကာင့္ Demon ေခါင္းေျခာက္ကာ ေနာက္ဆုံး ။

Calvin ေျပာျပတာနားေထာင္ၿပီး ႏွိုင္း မွာ ရယ္ပါေလေရာ။

" ဟားဟားဟား အဲ့တာနဲ႕ပဲ သုံးေယာက္လုံးေရာက္လာၾကတာေပါ့ "

" ဟီး အဲ့လိုျဖစ္သြားတယ္ အကို "

" ကဲပါ အဲ့တာဆိုလဲ အတူတူသြားၾကတာေပါ့ကြာ..ပဲပင္ေပါက္ေလးေမြးမွ သူ႕ဦးေလးေတြကဘယ္ေလာက္ခ်စ္လဲေျပာျပရမယ္ "

" အဲ့ေန႕ေလးကိုေမွ်ာ္ေနတာ မရီးေရ.. "

ထို႔ေနာက္ ႏွိုင္း နဲ႕အတူ မာဖီးယားဂိုဏ္းေခါင္းေဆာင္သုံးေယာက္ဟာ ပဲပင္ေပါက္ေလးအတြက္ ေစ်းဝယ္ထြက္ခဲ့ၾကပါသည္ ။

                            >>>>>>>>

ႏွိုင္း တို႔ေလးေယာက္လုံးေစ်းဝယ္စင္တာေရာက္တဲ့အခါ အရင္ဦးတည္ရာက ကေလးအသုံးအေဆာင္ပစၥည္းေတြနဲ႕အဝတ္အစားေတြေရာင္းရာဆီကိုပင္ ။

Calvin Logan နဲ႕ Eric တို႔သုံးေယာက္ဟာ သူတို႔ရဲ႕ပုံစံေတြအတိုင္း ဂ်စ္ကန္ကန္ပုံစံမ်ိဳးနဲ႕ ဘယ္သူမွဂ႐ုမစိုက္ဟန္ႏွင့္ ႏွိုင္း နံေဘးကတစ္ေယာက္စီလိုက္၍ ေနာက္က တစ္ေယာက္လိုက္ေပးသည္။ Calvin တို႔ရဲ႕အရွိန္အဝါနဲ႕ ခက္ထန္တဲ့မ်က္ႏွာေတြေၾကာင့္ ႏွိုင္း အနားကပ္မည့္သူမေျပာႏွင့္ ႏွိုင္း ေစ်းဝယ္ေနတဲ့ေနရာမွာပင္ လူမရွိေခ် ။

ကေလးအသုံးအေဆာင္ေရာင္းတဲ့ေနရာဆီေရာက္တဲ့အခါ သူတို႔သုံးေယာက္ရဲ႕မ်က္စိေတြက ကိုယ္စီကိုယ္ငွၿပဳံးေနေတာ့သည္။ ဘယ္သူသိမွာလဲ သူတို႔အေတြးထဲမွာ ဘယ္လိုၾကည္ႏူးစရာေလးေတြစိုးမိုးထားလဲဆိုတာ... ။

" အကို ဒီဘက္မွာ ကေလးအတြက္ ခဏၾကည့္လိုက္ဦးမယ္ မင္းတို႔အဆင္ေျပရဲ႕လား "

ကေလးအဝတ္အစားေတြကိုၾကည့္ၿပီး မ်က္ႏွာေတြကၿပဳံးစိစိေတြနဲ႕ ေပ်ာ္႐ြင္ေနပုံရတဲ့ Calvin တို႔သုံးေယာက္ကို ၾကည့္ၾကည့္ၿပီး ၾကည္ႏူးစြာၿပဳံးမိသည္။ အင္း ပဲပင္ေပါက္ေလးသာေမြးလာရင္ေတာ့ အေဖ နဲ႕ ဦးေလးေတြလက္ထဲ ျမင္ေယာင္မိပါရဲ႕ကြာ.. ။

" အဆင္ေျပတယ္ မရီး..အကုန္ဝယ္ ႀကိဳက္တာသာဝယ္ ဘာမွစိတ္မပူနဲ႕ "

" ဟုတ္တယ္ ကြၽန္ေတာ္တို႔အတြက္စိတ္မပူနဲ႕..ပဲပင္ေပါက္ေလးအတြက္သာ လိုအပ္တာအကုန္ဝယ္ "

အားႀကိဳးမာန္တတ္နဲ႕ထိုသို႔ေျပာလာတဲ့ သူတို႔ကိုၾကည့္ၿပီး ႏွိုင္း ငယ္ငယ္တုန္းကအခ်ိန္ကိုေတာင္ ျပန္ေတြးမိသြားသည္။ အိမ္ကမိသားစု​ေတြ​​ေရာ ဦးေလးထြန္းျမတ္တို႔က အစ အားလုံးက ႏွိုင္း ကို အခ်စ္ပိုခဲ့တာေလ ။

" ေကာင္းၿပီ အဲ့တာဆို အကိုဟိုဘက္မွာရွိမယ္ "

ထိုသို႔ေျပာၿပီး ႏွိုင္း သည္ ကေလးအသုံးအေဆာင္ေရာင္းတဲ့ဝန္ထမ္းေကာင္မေလးနဲ႕စကားေျပာ၍ မသိ နားမလည္တာကိုေမးျမန္းကာ ဝယ္ေနေတာ့သည္။ လက္ရွိမွာ ႏွိုင္း တို႔ ေရာက္ေနတဲ့ စင္တာအခန္းမွာ ဘယ္တစ္ဦးတစ္ေယာက္မွ မရွိေသးတာေၾကာင့္ စိတ္ခ်လက္ခ်ဝယ္လို႔ရသည္။

" ေဟ့ေကာင္ Calvin..ဟိုမွာၾကည့္စမ္း "

Logan ေျပာေတာ့ Calvin နဲ႕ Eric က လွည့္ၾကည့္သည္။ အေပၚတြင္ခ်ိတ္ထားတဲ့ ကေလးေသးေသးေလးအ႐ြယ္ အဝတ္အစားေတြဟာ အရမ္းလွၿပီးခ်စ္ဖို႔ေကာင္းလြန္းေနတာေၾကာင့္ သူတို႔သုံးေယာက္မ်က္လုံးထဲ ၾကယ္ေတြေတာက္ပေနေတာ့သည္။

ကေလးေတြနဲ႕ နီးစပ္မႈ႕မရွိတဲ့ Calvin Logan Eric တို႔အတြက္ ပဲပင္ေပါက္ေလးဟာ သူတို႔ဘဝလိုတန္ဖိုးရွိသည္။ ကေလးအဝတ္အစားေလးကိုၾကည့္ၿပီး Logan က အသည္းတယားယားနဲ႕၊

" အီး အသည္းယားစရာေလးကြာ ခ်စ္စရာေလးေတြ ငါ့လက္ႏွစ္ဖက္ျဖန့္စာေလာက္ပဲရွိေလာက္တယ္ "

Calvin က ေျပာသည္။

" Logan မင္းေျပာၾကည့္ ငါတို႔ပဲပင္ေပါက္ေလးေမြးလာရင္ အေခ်ာေလးျဖစ္မွာ အဲ့တာေလးနဲ႕ဆို သိပ္လွမွာပဲ "

" မင္းေျပာတာမွန္တယ္ "

Eric က ဝင္ေျပာ၏

" အဲ့အက်ီ က ေမြးကင္းစ ကေလးအတြက္ဆို ႀကီးမေနဘူးလား.."

" ....ႀကီးလဲ ဘာျဖစ္လဲ..ငါတို႔ပဲပင္ေပါက္ေလးက ထြားလာမွာပဲေလ ႀကိဳဝယ္ထား..အဲ ဟုတ္သားပဲ ငါတို႔ပဲပင္ေပါက္ေလးအတြက္လက္ေဆာင္ႀကိဳဝယ္ထားလို႔ရတာပဲ "

စိတ္အားထက္သန္ေနတဲ့ Logan ဟာ ဉာဏ္အလင္းပြင့္သြားသလိုႏွင့္ ခ်က္ခ်င္းပင္ အနီးအနားမွာရွိတဲ့ အေရာင္းဝန္ထမ္းတစ္ဦးကိုလွမ္းေခၚလိုက္သည္။

" Eric ငါနဲ႕လိုက္ခဲ့..ပဲပင္ေပါက္ေလးအတြက္အဝတ္အစားသြားေ႐ြးရေအာင္ "

" အိုေက "

Calvin သည္ သူ႕အားမေခၚတဲ့ ႏွစ္ေကာင္ကိုမၾကည္ေတာ့ေပ၊

" ေဟ့ေကာင္ေတြ ငါ့က်ေတာ့ေရာ "

" မင္းက မရီးကိုေစာင့္ေရွာက္ရမယ္ေလ ငါတို႔သုံးေယာက္လုံးသြားရင္ မရီးကိုဘယ္သူေစာင့္ေရွာက္မွာလဲ..ေတာ္ၾကာေန Demon လာသတ္ေနလိမ့္မယ္..မင္းေနခဲ့လိုက္ အိုေက "

Calvin မွာ ျပန္ေျပာခ်င္ေသာ္လည္း အင္တင္တင္နဲ႕လက္ခံလိုက္ရသည္။

" ခဏေလး..မင္းတို႔ငါ့အတြက္ပါ ေ႐ြးေပးခဲ့ေနာ္..မင္းတို႔အတြက္ခ်ည္းပဲဝယ္လာရင္ သတ္ျပစ္မွာ "

" ေအးပါကြာ.. "

အူျမဴးေနတဲ့ Logan နဲ႕ Eric ဟာ ပဲပင္ေပါက္ေလးအတြက္ တဖက္စင္တာမွာ ကေလးအဝတ္အစားေတြေ႐ြးခ်ယ္ရန္ထြက္သြားေတာ့သည္။ Calvin ကေတာ့ ႏွိုင္း ေစ်းဝယ္ေနတဲ့အနီးမွာ ဖုန္းသုံးရင္း ႏွိုင္း ဝယ္ေနတာေတြကိုလဲ ေသခ်ာလိုက္ၾကည့္ေပးေနေသးသည္။

" ဟင္..Logan နဲ႕ Eric ေရာ "

" သူတို႔ကေလးအက်ီေတြဘက္သြားတယ္ အကို..ပဲပင္ေပါက္ေလးအတြက္ သြားဝယ္ၾကတယ္ "

" အာ ပဲပင္ေပါက္ေလးေတာင္မေမြးေသးဘူး သူတို႔ကအက်ီေလးေတြဝယ္ေနၿပီလား..ဒါနဲ႕ Calvin ကေရာ ဘာလို႔လိုက္မသြားတာလဲ "

" ကြၽန္ေတာ္အကို႔ ကိုေစာင့္ေနမွရမယ္..ကြၽန္ေတာ္တို႔သုံးေယာက္လုံးမရွိတာ Demon သိရင္ အကုန္ဂြိေနလိမ့္မယ္ "

" ဟားဟား..ဟား ေကာင္းပါၿပီကြာ "

ႏွိုင္း သေဘာတက်ၿပဳံးၿပီး အေရွ႕ဘက္က ကေလးသိပ္တဲ့ လွည္းေလးေတြဆီဆက္သြားသည္။

Calvin က မိသားစုဝင္တစ္ေယာက္အေနနဲ႕ ႏွိုင္း ရဲ႕ ပုံစံကိုသေဘာက်တယ္ ။ ႏွိုင္း ဟာ Demon ေရွ႕မွာဆိုဘယ္လိုပုံစံပဲရွိေနပါေစ..ေလာကႀကီးနဲ႕ဆက္သြယ္တဲ့အခါ အရမ္းကိုေျဖာင့္မတ္ၿပီး စမတ္က်တဲ့ေယာက္က်ားတစ္ေယာက္ ၊ သူခ်စ္တဲ့လူေရွ႕မွာက လြဲလို႔ သူ႕ရဲ႕အားနည္းတဲ့ဘက္ျခမ္းကို အနီးစပ္ဆုံးလူကိုေတာင္ဖြင့္မျပတတ္တဲ့ေယာက္က်ားတစ္ေယာက္ ၊ အထူးျခားဆုံးကေတာ့ Demon နဲ႕ Calvin အလုပ္ဟာ ဘာဆိုတာ သိေနရက္နဲ႕ေတာင္ သူမွာ ပိတ္ပင္မႈ႕နဲ႕ေၾကာက္႐ြံ႕မႈ႕ေတြ မေတြ႕ခဲ့ရဘူး ၊ အဲ့တာက Calvin တို႔ကို ခံစားရေစတယ္ ။

အာ့...

"Sorry အဆင္ေျပရဲ႕လား "

ေစ်းဝယ္ေလွ်ာက္လမ္းတြင္ တစ္စုံတစ္ေယာက္က ႏွိုင္း ပခုံးကိုယွဥ္တိုက္သြားတာေၾကာင့္ ေနာက္ကိုအနည္းငယ္ယိုင္သြားရသည္။ တဖက္လူဟာ ႏွိုင္း လက္ကိုကိုင္ၿပီး ေမးမယ့္အခ်ိန္မွာ Calvin က ထိုလူ႕လက္ေကာက္ဝတ္ကိုအားျပင္းျပင္းနဲ႕ဆုတ္ကိုင္ၿပီး..က်ားရိုင္းတစ္ေကာင္လိုမ်က္လုံးေတြနဲ႕စိုက္ၾကည့္ကာ...၊

" ဒီေလာက္လမ္းအက်ယ္ႀကီးမွာ မင္းမ်က္လုံးကိုက်ယ္က်ယ္ဖြင့္ၿပီးေလွ်ာက္သင့္တယ္ "

" ထားလိုက္ပါ Calvin.. အကိုအဆင္ေျပပါတယ္"

တဖက္လူရဲ႕ လက္ေကာက္ဝတ္ကို ခ်ိဳးျပစ္မတတ္ဆုတ္ကိုင္ထားတာမို႔ ထိုလူမွာ မ်က္ႏွာမွာနာက်င္မႈ႕အတိုင္းသားေပၚေနတာေၾကာင့္ ႏွိုင္း ဝင္ေျဖေပးရသည္။ ထိုအခါ Calvin အားျပင္းျပင္းနဲ႕ေဆာင့္လြတ္ေပးလိုက္မွသာ သူ႕လက္ကိုတခါခါႏွင့္ မေက်မနပ္ျဖစ္ကာ ရႈံ႕မဲ့ေနေတာ့သည္။

" အိုး ေယာက္က်ားကိုယ္ဝန္ေဆာင္ႀကီးလား..ဟက္.. ဒီေနရာက အမ်ိဳးသမီးေတြေလာက္ပဲ လာတတ္တယ္ထင္တာ..ေဆာရီးပဲ Bro "

ထိုသို႔ ခပ္႐ြဲ႕႐ြဲ႕စကားေျပာၿပီး ႏွိုင္း အား အထင္ေသးတဲ့မ်က္လုံးေတြနဲ႕ၾကည့္ကာ ခုနက တိုက္မိတဲ့ ပခုံးကို ဖုန္ခါသလို ခါလိုက္တဲ့ ထိုလူ႕ေၾကာင့္ Calvin ေဒါသအေလွ်ာက္ေသြးဆူကာ ၿပဳံးလိုက္သည္။ Calvin လိုလူမ်ိဳး ထိုအၿပဳံးမ်ိဳး ၿပဳံးရယ္ အဲ့လူအတြက္ေတာ့.... ။

Calvin က ႏွိုင္း အား သေရာ္ေနတဲ့ ထိုေကာင္ေတြေရွ႕သို႔ ႏွစ္လွမ္းဆက္တိုးၿပီး ေအးစက္တဲ့အၿပဳံးမ်ိဳးႏွင့္ပင္ ေျပာလိုက္သည္။

" မင္းတို႔ေကာင္ေတြ...ဒီစင္တာကထြက္ရင္ လြတ္..ေအာင္..ေျပး.."

" ဟ ဟ မင္းရဲ႕ေသာက္ဗိုက္ႀကီးသည္ကိုသာ ေသခ်ာလမ္းေလွ်ာက္ခိုင္းစမ္းပါ..မင္းလိုေကာင္က ငါ့ကိုဘာလုပ္နိုင္မွာမို႔လို႔လဲ "

" ငါေျပာရဲတယ္ မင္းေသာက္ေပါက္ကို ေသခ်ာေပါက္ဆြဲၿဖဲျပစ္မယ္ "

" ငါကလဲ ေသာက္ဂ႐ုကိုမစိုက္ဘူး..ေယာက္က်ားျဖစ္ၿပီးဗိုက္ႀကီးေနတာ ေသာက္ရမ္းရွက္ဖို႔ေကာင္းတယ္ ထိမိတာေတာင္ ႐ြံလိုက္တာ..ေဟ့ေကာင္ေတြ လစ္မယ္ "

Calvin ရဲ႕ စကားေတြဟာ ထိုေလးေယာက္အတြက္ ၾကားယုံေလာက္မို႔ ႏွိုင္း မၾကားေပမယ့္ သူတို႔ျပန္ေျပာတဲ့စကားကိုေတာ့ ႏွိုင္း ၾကားလိုက္ရသည္ ။ သို႔ေသာ္ ႏွိုင္း က ျပသာနာျဖစ္မွာစိုးတာေၾကာင့္ Calvin အား ေျပာကာ တဖက္ကိုဆြဲေခၚလာခဲ့သည္။

" အကို အဆင္ေျပပါတယ္.."

* မဟုတ္ဘူး..အကိုအဆင္ေျပရင္ေတာင္ ကြၽန္ေတာ္တို႔မေျပဘူး..ကြၽန္ေတာ္တို႔မိသားစုဝင္ကို ထိရဲတဲ့ဘယ္သူမဆို ခြင့္လြတ္မွာမဟုတ္ဘူး!!*

" ကြၽန္ေတာ္လဲ နည္းနည္းေဒါသထြက္သြားတာပါ..အကိုအဆင္ေျပရင္ ရပါၿပီ "

" အင္း..ဒီကိစၥကို Demon ကိုျပန္မေျပာျပနဲ႕ေနာ္ သူကစိတ္ႀကီးေတာ့ မလိုအပ္ပဲျပသာနာျဖစ္မွာစိုးတယ္ "

" စိတ္ခ်ပါ အကို ကြၽန္ေတာ္မေျပာပါဘူး "

* ဒီလမ္းေဘးေခြးေတြေလာက္က ကြၽန္ေတာ္တို႔ခ်ည္းပဲရိုက္သတ္နိုင္တယ္ *

ႏွိုင္း ဟာ Calvin စကားေၾကာင့္ စိတ္ေအးသြားရၿပီး ဝယ္စရာရွိတာေတြဆက္ဝယ္ေနေတာ့သည္ ။ သို႔ေသာ္ တဖက္မွာ Calvin ဟာ Logan နဲ႕ Eric ဆီ ဆက္သြယ္ၿပီးၿပီျဖစ္သည္။

ကပ္ရက္စင္တာတဖက္မွာ ပဲပင္ေပါက္ေလးအတြက္ အက်ီေလးေတြေ႐ြးဝယ္ေနတဲ့ Logan နဲ႕ Eric ဟာ Calvin ဆီက မက္ေဆ့ေရာက္လို႔ၾကည့္လိုက္ခ်ိန္မွာ မ်က္ေမွာင္က်ဳံ႕၍ အံတင္းတင္းႀကိတ္ကာ..။

" ဒီလိုေပ်ာ္စရာေလးေတြ မႏႊဲရတာေတာင္ၾကာၿပီ"

" မင္းတို႔ေတာ့ မထိသင့္တဲ့လူကိုလာထိတာပဲ "

ထို႔ေနာက္ ႏွိုင္း ေစ်းဝယ္သမွ်ကို Calvin ေနာက္ေနလိုက္သယ္ေပးၿပီး တဖက္မွာလဲ Logan နဲ႕ Eric လဲ ကေလးအဝတ္အစားေလးေတြကိုင္ကာျပန္ေရာက္လာခဲ့သည္။ Eric ကိုေတြ႕တာနဲ႕ Calvin က ေမးသည္။

" ရွာေတြ႕လား "

" ေသခ်ာတာေပါ့.."

သူတို႔ေျပာတာကို နားမလည္တဲ့ ႏွိုင္း က Calvin တို႔ကိုၾကည့္ကာ..

" Calvin တစ္ခုခုကိုရွာေနတာလား"

" ပဲပင္ေပါက္ေလးအတြက္အက်ီပါ..အဆင္ေျပသြားၿပီ "

" ေအာ္.. ဒါဆို ျပန္ၾကရေအာင္ေလ "

" အိုေက "

ႏွိုင္း ဒီေန႕ ေစ်းအမ်ားႀကီးဝယ္ခဲ့ေပမယ့္ လက္ထဲမွာေတာ့ အထုတ္တစ္ထုတ္ေတာင္ရွိမေနခဲ့ေပ ။ Calvin logan eric တို႔ခ်ည္းပဲ အကုန္သယ္ေပးသည္။ ဒါကို ႏွိုင္း က မျငင္းဘူး..ဘာလို႔ဆို ဒါက ပဲပင္ေပါက္ေလးအတြက္ သူတို႔ရဲ႕ခ်စ္ျခင္းေမတၱာေတြမို႔ေလ ။ ေစ်းဝယ္ၿပီးတာနဲ႕ ႏွိုင္း ကားေနာက္ကေနလိုက္ပါေစာင့္ေရွာက္ရင္း အိမ္ကိုေသခ်ာလိုက္ပို႔ေပးၿပီးမွ Calvin တို႔ ျပန္ထြက္လာခဲ့သည္။

ႏွိုင္း မ်က္ကြယ္ရာေရာက္သြားတဲ့ Calvin တို႔မ်က္ႏွာထားတာ နဲ႕ သူတို႔ရင္ထဲက ေဒါသက နံေဘးမွာလူရွိေနခဲ့မယ္ဆိုရင္ေတာင္ သက္ေရာက္နိုင္သည္။

" အဲ့ေခြးေတြ ဘယ္မွာလဲ!! "

တည္ေနရာအတိအက်သိၿပီးေနာက္ ၿပိဳင္ကား ကိုယ္စီနဲ႕ ထိုလူေတြရွိရာဆီ အၾကမ္းပတမ္းေမာင္းထြက္သြားေတာ့သည္။

ေသမင္းလာေနတာကိုပင္မသိနိုင္တဲ့ ထိုလူေလးေယာက္ဟာ သူ႕အေပါင္းအပါးေတြနဲ႕အုပ္စုလိုက္ ေသာက္စားကာ လမ္းသရဲလုပ္လို႔ေနေတာ့သည္။
ဒီေျမေအာက္ေလာကဘုရင္ေတြျဖစ္တဲ့ Calvin တို႔အုပ္စုအတြက္ အခုေရာက္ေနတဲ့ေနရာဟာ အရမ္းစိတ္ပ်က္စရာေကာင္းလြန္းၿပီး စာမဖြဲ႕ေလာက္တဲ့ေနရာမ်ိဳးျဖစ္သည္။ ဒီေနရာမွာ လူသတ္မႈ႕မ်ားစြာျဖစ္တာေၾကာင့္ ေျမေအာက္ဂိုဏ္းတစ္ခ်ိဳ႕ပင္လာဖို႔မရဲေပမယ့္ Calvin တို႔ကေတာ့ ေသာက္ဂ႐ုစိုက္မႈ႕မရွိေပ ။

ထိုဝန္းႀကီးထဲသို႔ Calvin တို႔ ၿပိဳင္ကားသုံးစီး အၾကမ္းပတမ္းဝင္လာတဲ့အခ်ိန္မွာ အထဲမွာရွိေနတဲ့ လူဆိုး လူမိုက္ေတြဟာ အုပ္စုလိုက္အုံအုံႂကြႂကြျဖစ္လာၿပီး ေနရာက ထလာၾကသည္။

" ဒီေနရာထိလာရဲတာ ဘယ္လိုေကာင္မ်ိဳးလဲသိခ်င္ေသးတယ္ ! "

ထိုထဲက ခပ္စြာစြာလူမိုက္တစ္ေယာက္ဟာ ကားအနားကိုေလွ်ာက္လာရင္းေျပာလိုက္တဲ့အသံက ကြင္းတစ္ခုလုံးကိုဟိန္းေစသည္။

ထိုစဥ္ ကားထဲက Calvin,Logan,Eric တို႔ သုံးေယာက္ဟာ သံတုတ္ကိုယ္စီနဲ႕ဆင္းလာၿပီး ကားတံခါးပိတ္လိုက္သည္။

" ငါတို႔ပဲ ! "

Calvin ရဲ႕ စကားသံအဆုံး ကားအနားသို႔ေလွ်ာက္လာတဲ့လူမိုက္ရဲ႕ေျခလွမ္းေတြက ရပ္တန့္သြားေတာ့သည္။ ထိုလူမိုက္ဟာ Calvin တို႔ကိုၾကည့္ၿပီးျမင္ဖူးသလိုလိုရွိတာေၾကာင့္ အရမ္းေရွ႕မတိုးရဲဘူးျဖစ္ေနသည္။

Calvin က လက္ထဲမွာကိုင္ထားတဲ့သံတုတ္ကို ပခုံးေပၚတင္ၿပီး ခပ္မိုက္မိုက္ပုံစံနဲ႕ကားကိုမွီကာ ရပ္ေန​ၿပီး ။ Logan က သံတုတ္ကို ပခုံးတစ္ေလွ်ာက္မွာတင္၍ လက္ႏွစ္ဖက္ကိုသံတုတ္မွာခ်ိတ္ထားၿပီး ေခါင္းငိုက္စိုက္ကာထိုလူမိုက္ေတြကိုစိုက္ၾကည့္ေနသည္။ Eric က သူကိုင္ထားတဲ့သံတုတ္ကိုေပါ့ေပါ့ပါးပါးႏွင့္ပင္ ေဝွ႕ယမ္းေနၿပီး ပါးစပ္ထဲက ပီေက ကို တစိမ့္စိမ့္ဝါးေနသည္။

Calvin တို႔ရဲ႕ပုံစံေတြေၾကာင့္ ထိုကြင္းထဲမွာရွိေနတဲ့လူေတြက လက္ေဝွ႕ပြဲေရာက္ေနတဲ့ပရိတ္သတ္ေတြလို ဆူဆူညံညံေတြနဲ႕ Calvin တို႔အားသတ္ရန္ေအာ္ဟစ္ေနေတာ့သည္။ Calvin က သူတို႔ရဲ႕အသံေတြကိုစိတ္ပ်က္စြာနားကိုကေလာ္တဲ့ပုံစံမ်ိဳးလုပ္ၿပီး ေျပာသည္။

" မင္းတို႔နဲ႕ကစားဖို႔ငါတို႔စိတ္မပါဘူး ဒီမွာ ငါတို႔အလိုရွိတဲ့ေကာင္ကိုလာရွာတာ နားညီးတယ္ မင္းတို႔ေသာက္ေပါက္ေတြပိတ္ထား ! "

Calvin ရဲ႕စကားေၾကာင့္ ကြင္းထဲရွိလူမိုက္ေတြအားလုံး ႐ုတ္႐ုတ္ျဖစ္လာၿပီး Calvin တို႔ကိုတိုက္ခိုက္ရန္လက္နက္ေတြကိုင္ထားေတာ့သည္။

" မင္းတို႔သုံးေကာင္ကငါ့နယ္ေျမထဲလာၿပီး ဒီေစာက္ခ်ိဳးနဲ႕အသက္ရွင္လွ်က္ျပန္ထြက္သြားနိုင္မယ္ထင္ေနတာလား ! "

အေမွာင္ထဲကေန စီးကရက္ေသာက္ရင္းထြက္လာတဲ့လူထြားႀကီးဟာ သူမ်က္ႏွာထပ္အက်ဥ္းတန္တဲ့ ဓားခုတ္ရာႀကီးရွိလို႔ေနသည္။ Calvin တို႔သုံးေယာက္ကိုသတ္​ျပစ္ဖို႔ဆုံး​ျဖတ္ထားတဲ့ပုံပဲ ။

" မင္းနယ္ေျမ? ဟက္ စိတ္မဝင္စားဘူး ငါမင္းကိုေမးမယ္..ဒီကြင္းထဲမွာ Z ဆိုတဲ့ေကာင္ရွိလား!"

ထိုလူမိုက္ဟာ သူ႕ကိုလူအားလုံးေရွ႕မွာထိုသို႔ေျပာ၍ အရွက္ခြဲခံလိုက္ရတာေၾကာင့္ေဒါသထြက္ကာ လက္သီးဆုတ္ထားရင္း Calvin အားသတ္ျပစ္ဖို႔အတြက္ၾကည့္ေနေတာ့သည္။ ၿပီးေနာက္ ထိုလူထြားႀကီးေနာက္မွာ အရက္ပုလင္းအေသးစားကိုင္ကာထြက္လာတဲ့ ေန႕လည္က ထိုလူ ။

" Z ဆိုတာ ငါပဲ.."

" အိုး.. ျပန္ေတြ႕ၿပီေနာ္..ဒီတစ္ခါေတာ့ မင္းရဲ႕ေသာက္က်က္သေရမရွိတဲ့ပါးစပ္ကိုၿဖဲေပးဖို႔ေရာက္လာတာဆိုေတာ့ ကံမေကာင္းေလာက္ဘူးထင္တယ္ "

" မင္းကဘယ္သူ....ေအာ္ ဟက္ မင္းကေန႕လည္က ေယာက္က်ားကိုယ္ဝန္သည္လင္မလား? ဟားဟားဟား "

Z ဆိုတဲ့ေကာင္ေျပာေတာ့ ေန႕လည္က လိုက္ပါလာတဲ့ေကာင္ေတြကရယ္သည္။

ထို႔ေနာက္ ေန႕လည္ကအေၾကာင္းကိုတျခားလူေတြရွိရာဘက္ဆီအက်ယ္ႀကီးေအာ္ေျပာတဲ့အခါ က်န္လူမ်ားကပါ ႏွိုင္း အား ႐ြံ႕ရွာစရာစကားႏႈန္းေတြသုံးကာ ေလွာင္ရယ္ေနေတာ့သည္။ ၿပီးေနာက္ ထိုထဲက ဆံပင္ေထာင္ေထာင္နဲ႕ လမ္းသရဲတစ္ေကာင္က Calvin အနားသို႔ေရာက္လာၿပီး မ်က္ႏွာေျပာင္သလိုလိုနဲ႕ တဟားဟားရယ္၍ေလွာင္ေနစဥ္.. ။

ေဖာင္း !

" အာ့ ! "

ထိုတစ္ေယာက္ရဲ႕ေအာ္သံတစ္ခ်က္ဟာ ကြင္းထဲရွိ ရယ္ေနတဲ့လူမိုက္ေတြရဲ႕အသံကို တိခနဲ ျပတ္သြားေစသည္။ ခုနကအထိေလွာင္ေျပာင္ေနတဲ့လမ္းသရဲေကာင္ဟာ Calvin ရဲ႕ သံတုတ္ရိုက္ခ်က္မိၿပီး ေခါင္းတစ္ခုလုံးေၾကကာ ေျမျပင္တြက္ေသြးသံရဲရဲႏွင့္အသက္ေပ်ာက္လို႔သြားၿပီ။ ထိုေကာင္ရဲ႕ေသြးဟာ Calvin ရဲ႕မ်က္ႏွာတစ္ျခမ္းသို႔ ေပသြားတာကိုလက္မနဲ႕သုတ္ရင္း....။

" မင္းတို႔ေကာင္ေတြ..ဟက္.. ေသဖို႔သာျပင္ "

ထိုသို႔ေျပာအၿပီးမွာ Calvin ကစလို႔ သူ႕ေရွ႕မွာရွိတဲ့လမ္းသရဲတစ္ေယာက္ခ်င္းစီကို သံတုတ္နဲ႕လိုက္ရိုက္သတ္ျပစ္ေတာ့သည္။ နင့္နဲေနတဲ့သံတုတ္ရဲ႕အေလးခ်ိန္ေၾကာင့္ လူတစ္ေယာက္ေခါင္းကို Calvin အားအကုန္ရိုက္လိုက္တိုင္း ထိုလူေတြမွာ ေနာက္တစ္ႀကိမ္ျပန္ထမလာနိုင္ပဲအသက္ေပ်ာက္သြားေတာ့သည္။ Logan နဲ႕ Eric သည္လည္း ထိုအတိုင္းပင္ လူတစ္ေယာက္ကိုရိုက္တဲ့အခ်ိန္မွာ ဦးေခါင္းကိုသာအဓိကထား၍ပြဲခ်င္းၿပီးရိုက္သတ္ေနတာေၾကာင့္ ကြင္းထဲရွိလူအားလုံးက ေၾကာက္႐ြံ႕မႈ႕ကိုခံစားလိုက္ရသည္။

ခုနကအထိ အားလုံးရဲ႕ေလွာင္ရယ္သံျပည့္နက္ေနတဲ့ ကြင္းႀကီးဟာ အခုေတာ့ Calvin တို႔သုံးေယာက္ရဲ႕ လက္ခ်က္နဲ႕အသက္ေပ်ာက္တဲ့အေလာင္းေတြအျပင္ တိတ္ဆိတ္မႈ႕ႀကီးကပါစိုးမိုးလို႔ေနေတာ့သည္။ လူအေယာက္ႏွစ္ဆယ္နီးပါးဟာ Calvin တို႔ေၾကာင့္ေသကုန္ေသာ္လည္း အခုထိတိုင္ တစ္ခ်က္ေလးေတာင္ အနာတရမရွိေသးတဲ့ Calvin တို႔သုံးေယာက္ေၾကာင့္ Z ဆိုတဲ့ေကာင္အဖြဲ႕ဟာ တျဖည္းျဖည္းနဲ႕ေနာက္ဆုတ္လို႔လာသည္။

Calvin ဟာ လူမိုက္တစ္ေယာက္လည္ပင္းကိုညစ္ထားရင္း Z မ်က္လုံးတည့္တည့္ကိုေၾကာက္ဖို႔ေကာင္းတဲ့သတ္ျပစ္မႈ႕ေတြနဲ႕စိုက္ၾကည့္ကာ...

" ငါေျပာခဲ့သားပဲ မင္းလြတ္ေအာင္ေျပးစမ္း လို႔ ဒါေပမယ့္ ဘယ္လိုလုပ္မလဲ မင္းငါ့လက္ကေျပးမလြတ္ေတာ့ဘူး ဟားဟားဟား.. "

ေျပာၿပီးတာႏွင့္ လည္ပင္းညစ္ထားတဲ့ေကာင္ကို လည္လိမ္ခ်ိဳးသတ္ျပစ္လိုက္သည္။ လူသတ္စက္လို အညွာတာမရွိလိုက္သတ္ေနတဲ့ Calvin တို႔ပုံစံက သူတို႔အားလုံးကို တုန္လႈပ္ေစကာ Z ဆိုတဲ့ေကာင္နဲ႕ သူ႕အေပါင္းအပါေတြအားလုံး အေနာက္ေပါက္ကေနထြက္ေျပးေတာ့သည္။ သို႔ေသာ္ သူတို႔အေျပးျမန္တာေလာက္ေတာ့ Calvin တို႔က သနားတယ္။

မၾကာဘူး ....ထိုကြင္းထဲမွာရွိသမွ်လူေတြအားလုံးဟာ Calvin တို႔သုံးေယာက္ေရွ႕မွာ ဒူးေထာက္ၿပီး လက္ေတြကိုေခါင္းေပၚတင္ကာေၾကာက္လန့္ေနၾကသည္။ အားလုံးရဲ႕မ်က္ႏွာေတြ ေျခလက္ေတြကအေကာင္းတိုင္းရွိသူေတာ့ မက်န္ေပ ။ အဆိုးဆုံးကေတာ့ ေန႕လည္က Calvin အား ေျပာဆိုခဲ့သည့္ ေလးေယာက္ ။ ႏွစ္ေယာက္ကေတာ့ Logan လက္လြန္သြားတာမို႔ ေလွ်ာသြားၿပီးမို႔.. က်န္ႏွစ္ေယာက္ရဲ႕ဘဝကေတာ့မသက္သာ ။

Calvin က Z မ်က္ႏွာကိုတတ္နင္းထားၿပီး စီးကရက္ရွိုက္ဖြာကာ..

" မင္းေန႕လည္က ငါ့မရီး ကိုေျပာတဲ့စကားရဲ႕အက်ိဳးသက္ေရာက္မႈ႕ကဘယ္လိုလဲ..ေနသာထိုင္သာရွိရဲ႕လား "

" ကြၽန္...ကြၽန္ေတာ္ေတာင္းပန္ပါတယ္.. တကယ္ေတာင္းပန္ပါတယ္ မသတ္ပါနဲ႕....ကြၽန္ေတာ့္ကိုမ မသတ္ပါ..အ့ "

" မင္းရဲ႕က်က္သေရမရွိတဲ့ပါးစပ္ေပါက္ကို ဆြဲၿဖဲျပစ္မယ္လို႔ ငါေသခ်ာေပါက္ေျပာခဲ့တယ္မဟုတ္လား "

" ေတာင္း ေတာင္းပန္ပါတယ္ မ မလုပ္ပါနဲ႕ ေတာင္းပန္ပါတယ္.. "

လူ႐ုပ္မထြက္ေတာ့တဲ့မ်က္ခြက္နဲ႕ ေၾကာက္႐ြံ႕တုန္လႈပ္စြာေတာင္းပန္ေနတဲ့ ႏွစ္ေယာက္ကိုၾကည့္ၿပီး Calvin သနားစိတ္လား? အဲ့တာက Calvin တို႔လိုလူေတြအတြက္အသုံးမဝင္ဘူး..အထူးသျဖင့္ Lucas ဗိုက္ထဲက သူတို႔ရဲ႕ပဲပင္ေပါက္ေလးကိုထိပါးလာရင္ေပါ့ ။

Logan သည္ Z ဆံပင္ကိုအားနဲ႕ဆြဲေဆာင့္ကိုင္ၿပီး ေခါင္းေမာ့ေစကာ..။

" ဒီေန႕မင္းေျပာလိုက္တဲ့ ငါ့မရီး ရဲ႕ ဗိုက္ထဲက ပဲပင္ေပါက္ေလးဆိုတာ ငါတို႔ေတာင္တန္ဖိုးထားလြန္းလို႔ ပိုးသားေလးလို ဂ႐ုတစိုက္နဲ႕ရွိေနခဲ့ရတာ..မင္းလိုလမ္းေဘးေခြးအဆင့္မရွိတဲ့ေကာင္က ဘယ္လိုေတာင္ေျပာရဲရတာလဲ !! "

" အားး! ကြၽန္... ကြၽန္ေတာ္မ မသိလို႔ပါ..ကြၽန္ေတာ္မသိလို႔ပါ..ေတာင္းပန္ပါတယ္ "

ထိုစဥ္...Ringtones သံေၾကာင့္ Calvin ဖုန္းကိုင္လိုက္သည္။

" Demon ေျပာ.. "

" Calvin ငါအိမ္ျပန္ေရာက္ေနၿပီ မင္းတို႔ျပန္သြားတာၾကာၿပီလို႔ ကိုကိုေျပာတယ္ Company လဲ ျပန္မလာပဲနဲ႕ သုံးေယာက္သားဘယ္လိမ့္ေနတာလဲ "

" ဘယ္မွမသြားပါဘူးကြာ ငါတို႔အမွိုက္နည္းနည္းရွင္းဖို႔ရွိေနလို႔ပါ "

" အမွိုက္ ? "

တဖက္က ဖုန္းေျပာေနတဲ့ Demon ဟာ အမွိုက္ ဆိုတဲ့အသုံးအႏႈန္းေၾကာင့္ ႏွိုင္း နံေဘးက ထိုင္
ေနရာကေန ၿပဳံးျပကာ ထထြက္လာခဲ့သည္။

" ဘာကိစၥလဲ.."

" အာ ဘာရယ္မဟုတ္ပါဘူးကြာ ဒီတစ္ေလာ H နယ္ေျမက ေခြးေတြက လူေတြ႕တိုင္းမဲမဲျမင္ရာ အကုန္ကိုက္ေနတယ္ၾကားလို႔ လာဆုံးမေပးတာ "

" ေကာင္းၿပီ..အဲ့မွာ ကိစၥရွင္းၿပီးရင္ မင္းတို႔သုံးေယာက္ အိမ္ကိုလာခဲ့ဦး၊ ဒီညစာကို ကိုကိုကအိမ္မွာအကုန္စုၿပီး စားၾကမယ္ တဲ့ မင္းတို႔ကိုေခၚခိုင္းလို႔ "

" အိုး ေကာင္းၿပီ ငါတို႔အခုလာခဲ့မယ္ "

ေျပာၿပီးတာနဲ႕ Calvin ဖုန္းခ်လိဳက္သည္။

" Demon က ဘာတဲ့လဲ "

" ျမန္ျမန္လက္စသတ္လိုက္ေတာ့ မင္း မရီးက ညစာအတူတူစားဖို႔ဖိတ္ထားတယ္.. ၾကာေနရင္ သူတို႔ေစာင့္ေနရလိမ့္မယ္ "

" အိုေက.. "

ထိုသို႔လဲ ေျပာအၿပီး Logan လက္ထဲမွာ ဘယ္အခ်ိန္ကေရာက္ေနလဲမသိတဲ့ ဓားပါးေလးဟာ Z နဲ႕ ေနာက္တစ္ေကာင္ လည္ပင္းမွာေနရာယူလို႔သြားသည္။ ဒူးေထာက္ေနတဲ့လူအုပ္ႀကီးဟာ ထိုသို႔ သတ္ျဖတ္မႈ႕ကိုေတြ႕အၿပီး Demon ဆိုတဲ့ နာမည္ကိုၾကားလိုက္တဲ့အခ်ိန္မွာ သူတို႔ေခါင္းပင္မေဖာ္ရဲေတာ့ေပ ။

Logan က ထိုလူအုပ္ႀကီးဘက္ကိုၾကည့္ၿပီး..၊

" ငါ့မရီးေၾကာင့္ ဒီေလာက္နဲ႕ၿပီးသြားတာ မင္းတို႔ေက်းဇူးတင္သင့္တယ္ "

ေျပာၿပီးေနာက္ ၿပိဳင္ကားကိုယ္စီေမာင္း၍ ထြက္သြားၾကေတာ့သည္။ က်န္ခဲ့တဲ့ လူမိုက္ေတြမွာသာ သူတို႔ဘဝရဲ႕ေသဖို႔လက္တစ္လုံးအလိုမွာျပန္လာရတဲ့လူေတြလိုေၾကာင္စီစီႀကီးျဖစ္လို႔ေနေတာ့သည္ ။

" ငါ...ငါတို႔ အခုသြားရႈတ္ခဲ့မိတာ... D.. Demon အမ်ိဳးသားကို တဲ့လား.."

ထိုအခါ ေဘးကတစ္ေယာက္ကေျပာသည္။

" သူ႕အမ်ိဳးသားကိုတင္မဟုတ္ပဲ ဗိုက္ထဲက ကေလးကိုသြားထိခဲ့တာဆိုေတာ့ ေသစမ္း..ဆိုးလိုက္တဲ့ ကံ !! ဒီေခြးမသားေတြ ဘယ္လိုသတၱိနဲ႕ Demon တို႔အဖြဲ႕ကိုရန္သြားစရဲတာလဲ!"

Demon ဆိုတာ ဘယ္လိုလုမ်ိဳးမို႔လဲ.. အကယ္၍ သူတို႔သုံးေယာက္ေနရာမွာ Demon ႀကီး ကိုယ္တိုက္ေရာက္လာခဲ့ရင္... ထိုသို႔ေတြးမိလိုက္ခ်ိန္မွာ ထိုလူမိုက္အားလုံးဟာ Demon လာသတ္မွာစိုးတာေၾကာင့္ အဲ့ကြင္း ေနရာဆီကေနၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားၿပီးအကုန္ေျပးၾကေတာ့သည္။

ဒါေတြကို ဘာတစ္ခုမွပင္မသိလိုက္တဲ့ ႏွိုင္းေလး ဟာ ဒီည ညစာကိုအားလုံးအတူတူစားေသာက္ရန္ ကိုယ္တိုင္ကိုယ္က် ျပင္ဆင္ေနသည္ ။ Demon ဟာ ႏွိုင္းေလးကို မီးဖိုေခ်ာင္းအျပင္ဘက္မွန္ဆီကေနၿပဳံးရင္း လွမ္းၾကည့္ကာ နံေဘးမွာရပ္ေနတဲ့ Calvin တို႔ကိုေမးသည္။

" ေသေအာင္သတ္ခဲ့လား? "

" ဟက္ ... မေသရင္ ရာဇဝင္ရိုင္းသြားမွာေပါ့ "

" ေတာ္တယ္.. "

Demon ဟာ ဒီေန႕အေၾကာင္းေတြကိုျပန္သိခဲ့ရတဲ့ေနာက္ သူတို႔ကို ကိုယ္တိုင္မသတ္ခဲ့ရတာကိုပင္ေနာင္တရေနသည္။

" ေမာင္ ေရ ညစာစားလို႔ရၿပီ..အားလုံးလာခဲ့ေတာ့ေနာ္ "

" လာၿပီ မရီးေရ... "

အားလုံးထဲမွာ Logan တစ္ေယာက္က ႏွိုင္း ကို မရီး လို႔ေခၚရတာအေတာ္ေလးသေဘာေတြ႕​ေနသည္။ ႏွိုင္း ကလဲ စိတ္ထဲမထားတာမို႔အဆင္ေျပသည္။ ထို႔ေနာက္ ညစာစားပြဲဝိုင္းေလးမွာ Calvin တို႔သုံးေယာက္ရဲ႕ ဟာသစကားေလးေတြနဲ႕ ပ႐ုတ္သုတ္ခ ေျပာတဲ့အေၾကာင္းေလးေတြနားေထာင္ရင္း ၿပီးျပည့္စုံတဲ့ မိသားစုညစာစားပြဲေလးျဖစ္ခဲ့သည္ ။

                       >>>>>>>>>>>>>>>

" ေမာင္ ကိုယ္ပင္ပန္းေနၿပီ အိပ္ခ်င္တယ္ "

" အင္း ေမာင္ဖက္ထားေပးမယ္ေနာ္..ဒီေန႕အရမ္းပင္ပန္းေနၿပီမလား "

" နည္းနည္းပါ..ေမာင္ရင္ခြင္ထဲရွိေနရင္ ကိုယ့္ပင္ပန္းမႈ႕ေတြေပ်ာက္ေစတယ္.."

" ကိုကိုက အခြၽဲေလးပဲ "

" အနမ္းေပး.."

ရင္ခြင္ထဲတိုးဝင္၍ အသည္းယားစရာေကာင္းေအာင္ခြၽဲေနတဲ့ ခ်စ္ရသူကို ျမတ္နိုးမႈ႕ျဖင့္ ႏွဖူးေလးအား အနမ္းေႁခြၿပီးေနာက္ နီရဲရဲႏႈတ္ခမ္းေလးဆီသို႔ ဦးတည္မိပါ၏ ။

ခ်စ္တယ္ ကိုကိုရယ္ ❤

________________________________________

Extra ဆိုေပမယ့္ စာလုံးေရအမ်ားႀကီးေရးေပးတယ္ေနာ္ ခ်ာအုပ္ထုတ္မွ ေစ်းႀကီးတယ္ေျပာရင္ တုတ္ တုတ္ နဲ႕ တီးမွာ ဟြန့္ 😗

#Vote & Cm ေပးေနာ္..💛
#Moewathan 📚

________________________________________

Continue Reading

You'll Also Like

692K 47.9K 48
แ€แ€€แ€šแ€นแ€œแ€ฏแ€ญแ‚” แ€€แ€ฑแ€œแ€ธ แ€”แ€ฒแ‚” แ€žแ€ฌแ€™แ€†แ€ถแ€ฏแ€ปแ€–แ€…แ€นแ€แ€ฒแ€ทแ€›แ€„แ€น แ€ฅแ€ฎแ€ธ แ€€แ€ถแพแ€€แ€™แผแ€ฌแ€œแ€ฒ แ€˜แ€ฌแ€ฑแ€แ€ผแ€†แ€€แ€นแ€ปแ€–แ€…แ€นแ€™แ€šแ€นแ€†แ€ฏแ€ญแ€แ€ฌ แ€ฅแ€ฎแ€ธแ€™แ€ฑแ€แ€ผแ€ธแ€แ€ถแ€ทแ‚แ€ฏแ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€ฅแ€ญแ€ฎแ€ธแ€™แ€„แ€นแ€ธแ€ฑแ€žแ€ผแ€ธแ€•แ€ฏแ€ญแ€„แ€นแ€†แ€ฏแ€ญแ€แ€ฒแ€ท แ€œแ€ฐแ€›แ€ฒแ‚•แ€˜แ€แ€™แ€ฝแ€ฌแ€œแ€ฒ แ€”แ€ฌแ€™แ€Šแ€นแ€”แ€ฒแ‚”แ€œแ€ฐแ€ญแ€€แ€นแ€ฑแ€กแ€ฌแ€„แ€น แ€œแ€ฏ...
787K 68.3K 38
Title - แ€žแ€ฐแ€€แ€ผแ€ฎแ€ธแ€€แ€แ€ฑแ€ฌแ€บ Type - แ€แ€ฑแ€ฌแ€›แ€ฝแ€ฌแ‹ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
29.4K 1.6K 30
แ€กแ€แ€ปแ€…แ€บแ€œแ€ฌแ€ธแ‹ แ€„แ€ซแ€ทแ€›แ€„แ€บแ€แ€ฝแ€„แ€บแ€€แ€ญแ€ฏ แ€แ€ถแ€แ€ซแ€ธแ€œแ€ฌแ€แ€ฑแ€ซแ€€แ€บแ€•แ€ผแ€ฎแ€ธ แ€„แ€ซแ€ทแ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€€แ€ญแ€ฏ แ€œแ€พแ€ฏแ€•แ€บแ€”แ€พแ€ญแ€ฏแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ‹ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท ... แ€แ€ญแ€ฏแ€ธแ€แ€ญแ€ฏแ€ธแ€œแ€ฑแ€ธแ‹ แ‹ โ€ข แ€แ€ปแ€…แ€บแ€แ€ฌแ€แ€ฝแ€ฑแŠ แ€™แ€ฑแ€แ€นแ€แ€ฌแ€แ€ฝแ€ฑแŠ แ€˜แ€ฌแ€แ€…แ€บแ€แ€ฏแ€™แ€พ แ€„แ€ซแ€™แ€žแ€ญแ€˜แ€ฐแ€ธแ‹ ...
721K 69.5K 37
(zawgyi) แ€„แ€ซแ€ทแ€”แ€ฌแ€™แ€Šแ€นแ€€ แ€แ€บแ€…แ€นแ€…แ‚แ€ญแ€ฏแ€ธแ€Šแ€ฎแ€Šแ€ฎ...แ‹ แ€™แ€„แ€นแ€ธแ€แ€ญแ€ฏแ‚”แ€€แ€ญแ€ฏ แ‚‚แ€€แ€ผแ€ฌแ€ธแ€…แ€›แ€ฌแ€›แ€ฝแ€ญแ€แ€šแ€น...แ‹ แ€„แ€ซแ€ทแ€™แ€ฝแ€ฌ แ€žแ€ญแ€•แ€นแ€€แ€ญแ€ฏ แ€กแ€›แ€ฝแ€ญแ€”แ€นแ€กแ€แ€ซแ‚€แ€€แ€ฎแ€ธแ€œแ€ผแ€”แ€นแ€ธแ€แ€ฒแ€ท แ€‚แ€ญแ€ฏแ€แ€นแ€ธแ€ฑแ€แ€ซแ€„แ€นแ€ธแ€ฑแ€†แ€ฌแ€„แ€นแ‚€แ€€แ€ฎแ€ธแ€œแ€ญแ€ฏแ‚” แ€กแ€™แ€บแ€ฌแ€ธแ€€แ€žแ€ญแพแ€€แ€แ€ฒแ€ท แ€žแ€แ€„แ€น...