L 2 : မင်း မချစ်တော့ တဲ့ ငါ
----------------------------------------------------
"YU!"
အထက်တန်းကျောင်းသားအရွယ် ကောင်လေးက ဘာမထီမျက်နှာပေး
လေးနဲ့ မေးတောင်ဆက်ပြလိုက်သေး။
"သွားမယ်လေ"
"အင်..."
Linတစ်ယောက်ကြောင်အနေစဥ်မှာ
ပင် ပခုံးတစ်ဖက်ကိုအားနှင့်ဆုပ်ညှစ်
ကာ
"မြန်မြန်လာစမ်းပါ" ဆိုပြီး အားသုံးကာ
ရှေ့ကို တွန်းထိုးတယ်။ ပိုပိုသဲလာ
တဲ့ မိုးရေတွေကြား ဘူတာရုံကိုမလုံသ
လို တစ်ချက်လှည့်ကြည့်ပြီး သူ့ပခုံးတစ်ဖက်ကို ဖျစ်ညှစ်ဆုပ်ကိုင်လေတယ်
Linက အရမ်းတုံးအနေတာမျိုးမဟုတ်
တော့ အခြေအနေကို ချက်ချင်းရိပ်စား
မိတယ်။
ဒီကောင်လေးတစ်စုံတစ်ယောက်ဆီမှ ကိုယ်ရောင်ဖျောက်ချင်နေတာ။ ပြဿ
နာအိုးလေးလား လို့ တွေးနေပေမဲ့...
အခုမှတွေ့ဖူးတဲ့ သူ့ကို ပမာမခန့် ဆွဲခေါ်
လာပေမဲ့...
အန္တရာယ်များရှိနေလို့လား တွေးမိတော့
အလိုလို ကာကွယ်ပေးချင်လာတယ်။
စိုးရိမ်လာတယ်။ တဝုန်းဝုန်းသွန်းဖြိုးနေတဲ့ မိုးရေတွေကြား သူ့ရင်ခုန်သံက
လည်း အရှိန်အဟုန်ပြင်းထန်နေတယ်။
YangYuTeng က သူတွေ့ခဲ့ဖူးတဲ့ ပုံ
အဟောင်းတွေကလို ပုံစံပဲ။ ဒီက အထက်တန်းကျောင်းသားတွေအထားများကြတဲ့ ကတုံးဆံပင်ပေါက်ပုံစံ ခပ်
တိုတိုနဲ့ထင်တယ်။ သေတော့မသေချာဘူး။
တစ်ကိုယ်လုံးအနက်ဝတ်ရုံမက ဦးထုပ်
ကိုပါ ခပ်ငိုက်ငိုက်ဆောင်းထားလို့ တပ်အပ်တော့ မပြောနိုင်ဘူး။ ဖြူဖြူ
သွယ်သွယ်ဆယ်ကျော်သက်ကောင်
လေးက Kyotoရဲ့ လမ်းတွေကို ရင်းနှီး
ကျွမ်းဝင်လွန်းနေတယ် ။ လူခြေပြတ်
လောက်တဲ့ လမ်းချိုးတစ်ခုကို ချိုးချ
အပြီးမှာတော့ သူ့ပခုံးပေါ်က လက်တွေ
ကိုဖယ်ခွာတယ်။ မတိမ်းမယိမ်းအရပ်
တွေမို့ သူ့မျက်နှာကို ဦးထုပ်အောက်က
နေ ပင့်ကြည့်တယ်။ အခုမှသတိထား
မိတယ်။ YangYuTengက ပီကေပါ ဝါးနေသေးတာပဲ။ အထာကျချင်နေတဲ့
လူပျိုပေါက် YangYuTengကိုမြင်ရ
တော့ LinZiHong အလိုလိုပြုံးမိလာ
တယ်။ ဒါကို တစ်ဖက်ရဲ့ တုံ့ပြန်လာပုံက Baka လို့ မထုတ်ပြောရုံတမယ်ပါပဲ
"ဘာရယ်နေတာ သွားတော့လေ"
"အယ်!"
ထီးအမိုးမှလွတ်သွားတော့ သူ့ကိုယ်ပေါ် မိုးရေစက်တို့က ပြိုဆင်းလာတယ်။ ခဏလေးအတွင်း သူကြွက်စုတ်လေးလို ရွှဲနစ်သွားတော့တာပဲ။
သူအခြေအနေတွေကို အသားမကျခင်
မှာပဲ YangYuTengက ခပ်တည်တည်
နဲ့ ကျောခိုင်းထွက်သွားခဲ့ပြီ။
သူ့ကို ခဏတာအသုံးချသွားပြီး လမ်း
တစ်ဝက်မှာ မိုးရေထဲဒီအတိုင်းချန်ထား
ရစ်နိုင်ခဲ့တဲ့ YangYuTeng။ Mentor နဲ့ Rookieဘဝတုန်းကလို သူဘာမှမစား
ရသေးမှန်းသိလို့ ပေါင်မုန့်ထုပ်အပြေး
ပေးခဲ့တဲ့ YangYuTengနဲ့တခြားစီပဲ။
တရွေ့ရွေ့နှင့် ဝေးကွာသွားတဲ့ ကျော
ပြင်ကိုကြည့်ပြီး သူရယ်မိတယ် ။ ပျော်
ရွှင်မှု တစ်စက်တောင်မပါဝင်တဲ့ သူ့
ရယ်သံတွေထဲ ဘာတွေထည့်သွင်းထား
လဲ ဘယ်သူမှ စိတ်မဝင်စားတာတော်
သေးတယ်။ မိုးရေတွေက မျက်နှာတစ်
ခုလုံးကို စိုရွှဲနေတာကလည်း သူ့အတွက်အခွင့်အရေးကောင်းပါပဲ။
ဒီပုံအတိုင်းဆို ဒီဘဝမှာ သူက
YangYuTengအတွက် ဘာမှကိုမဟုတ်
တော့ဘူးပေါ့...
နတ်ဘုရားတွေ မှားသွားပြီပေါ့။
"ဟား ဟား ခင်များတို့တွေ့လား။ Yang
YuTengက ကျွန်တော့်ကို မချစ်တော့
ဘူး။ သူ_မ _ ချစ်_ တော့_ ဘူး"
💙💙💙
အရင်ဘဝတွေက ကျန်းမာခဲ့သလောက်
ဒီဘဝမှာ သူ့နေထိုင်မှုပုံစံကြောင့် သူဟာ ဖျော့တော့လွန်းတယ်။ အားနည်း
လွန်းတယ်။ မိုးတွေစိုစိုရွှဲ ပြန်လာ
ပြီး Tsukiကိုမြင်တော့ စိတ်လျှော့ချ
လိုက်တယ်။ အိမ်တံခါးဝမှာတင် ပြိုလဲ
သွားတဲ့ သူ့ပုံက မူလဘဝက အိမ်ကိုမူး
ပြီးပြန်လာသလိုပဲလို့ Tsukiကပြန်ပြော
ပြတယ်။ အသေးစိတ်အကျယ်ချဲ့ရရင်
သူ ငိုလည်းငိုတယ်တဲ့။ ဒါနည်းနည်း
ယုတ္တိမရှိပေမဲ့ သူမမှတ်မိတော့တဲ့ ကိစ္စ
မို့ သူမငြင်းချင်။ Tsukiကိုမေးချင်
တယ်။ YangYuTengက သူ့ကိုမချစ်
တော့မယ့် ဘဝဆိုတာမျိုးရောက်လာမှာ
လား။ သဘောတူညီချက်အရဆို သူ
တို့ မချစ်မိမယ့် တစ်ဘဝရှိရင်တောင်
သူ နတ်ဘုရားတွေကိုအနိုင်ရကြောင်း
ကြော်ငြာနိုင်ပြီ။
အခုအနေအထားနဲ့ဆို သူအနိုင်ရတာလား။ အကြီးကြီးရှုံးတာလား။
"Lin Chanက တခြားဟာတွေလောဘ
မရှိသလောက်...YU ကိုတော့ လောဘ
ကြီးလိုက်တာ"
ဆေးသောက်ပြီး သူ့မှိန်းနေတုန်း Tsuki
က ခပ်တိုးတိုးညည်းညူတယ်။ သူ့စိတ်
ကိုဖတ်နေပြန်ပြီထင်တယ်။ တကယ်တော့ သူက Yuနဲ့ လုံးလုံးရေစက်မပါ
တဲ့ ဘဝကိုတော့ မလိုချင်ပါဘူး။ ဘဝ
နှစ်ခုကူးလာပြီးတဲ့နောက် သူပထမဆုံး
သတိရတဲ့ လူက YangYuTengပါပဲ။
အခုဆို ဒီကလေးလည်း အဆင်ပြေပါ့
မလား။ မိသားစုကောင်းကောင်းမွန်
မွန်နဲ့မှ ကြီးပြင်းလာပါ့မလား စတာတွေ
သူအမြဲတွေးတတ်တယ်။ မနေ့က တွေ့
လိုက်ရတဲ့ YangYuTeng ပုံစံက ဆယ်
ကျော်သက်စတိုင် ဂျစ်ကန်ကန်လေး
မို့ လောကကြီးကိုစိတ်ကုန်လောက်တဲ့ထိ စိတ်ညစ်နေမှာကိုလည်း သူ စိုးရိမ်တယ်။
သူနေမကောင်းတော့ အိမ်တွင်းအောင်းနေရတာ နဲ့ Kyotoရောက်နေပြီဖြစ်တဲ့
YangYuTeng ကိုရှောင်သလိုဖြစ်နေ
ခဲ့တယ်။ ခွင့်ရက်ရှည်ယူထားရလို့ အားနာလာရတာနဲ့ပဲ နည်းနည်းထူထူ
ထောင်ထောင်ဖြစ်တာနဲ့ ကျောင်းကို
သွားဖြစ်တယ်။ အခုသူ့ပုံစံက WBL
ရိုက်ပြီးနောက်ပိုင်း ပိန်ကျသွားသလို
ဖြစ်နေတာ ။ ဖန်မီးအိမ်ရောင်းတဲ့
ဆိုင်ရှေ့ကအဖြတ် မှန်ပြတင်းပေါက်
တွေကနေတစ်ဆင့်မြင်နေရတဲ့ သူ့ပုံကိုရပ်ငေးမိတယ်။ ဆံပင် ဘေးခွဲမကျ
တကျ ၊ သွယ်ကျနေတဲ့ မျက်နှာ ၊ သိသိ
သာသာချောင်ချနေပြီဖြစ်တဲ့ နံသာ
ရောင် ရှပ် ကြား သူ့ကိုယ်က တကယ်
ကို ပါးလျလျ။ ရပ်ငေးနေတဲ့ သူ့ပခုံး
ကို တဖတ်ဖတ်ပြေးလာတဲ့ ခြေသံပိုင်
ရှင်က တွန်းတိုက်သွားတယ်။ ခပ်ထွားထွား အထက်တန်းကျောင်းသား
နှစ်ယောက်က ပိုက်ဆံရွက်တွေ တစ်စွန်းတစ်စ ထွက်နေတဲ့ ပိုက်ဆံအိတ်တစ်အိတ်ကိုကိုင်ပြီး ရှေ့ကပြေးတယ်။ အနောက်ကနေ
"ပြေးရဲတယ်ပေါ့...သောက်ရူးတွေ"
ဆိုတဲ့ ဒေါသတကြီးအော်သံက YangYuTeng မှ YangYuTengအစစ်
ဘာလဲ ဒီကလေး ပိုက်ဆံအိတ်အလုခံ
လိုက်ရတာလား။ အထက်တန်း
ကျောင်းတွေမှာ ဒီလိုအုပ်စုဖွဲ့ အနိုင်
ကျင့်မှုတွေက ရှိနေကျမို့...သူများများ
မစဥ်းစားနိုင်။ ပြေးနေတဲ့ ကလေးတွေ
ကို ကူဖမ်းပေးချင်လာတယ်။ နေကောင်းခါစမို့ လူက အားမရှိသလိုဖြစ်
နေပေမဲ့ သူ့ခြေတံရှည်တွေအားကိုးနဲ့
ပြေးလိုက်မိတယ်။ အကွေ့တစ်ခုအရောက် ရှေ့က ပြေးတဲ့ ကျောင်းသား
လေးနှစ်ယောက်က လမ်းပေါက်ပိတ်
သွားတယ်။ YangYuTengကလည်း
အခုမှ အပိုင်ဖမ်းနိုင်တော့မယ့် ပုံနဲ့
ခါးထောက်ရပ်ကြည့်တယ်။ ဆက်တိုက်
ပြေးလာရတော့ နည်းနည်းလည်းမော
နေပုံပဲ။ ဒါပေမဲ့ လွယ်လာတဲ့ ကျော
ပိုးအိတ်နဲ့ ရှေ့က ကောင်လေးတွေကို
အရင်ပစ်ပေါက်လိုက်တယ်။ ကောင်
လေးတွေက သူနဲ့ မတိမ်းမယိမ်း ၊ ပြီး
တော့ နှစ်ယောက်ပေမဲ့ လူမှားပြီးအနိုင်
ကျင့်မိတာကို ရိပ်စားမိလို့လားမသိ တုန်ယင်နေပြီ။ YangYuTengက ပီကေ
ကိုတဖောက်ဖောက် ဖောက်ရင်း ကောင်
လေးတွေဆီ လျှောက်သွားတယ်။ ဒီပုံစံ
အတိုင်းဆို လက်ပါတော့မယ် ဆိုတာ
သိနေတော့ LinZiHongမနေနိုင်တော့။
ကောင်လေးတွေနဲ့ YangYuTengကြား
အပြေးရောက်အောင်သွားလိုက်တယ်။
ရုတ်တရက်ကြားဖြတ်ဝင်ရပ်လိုက်တဲ့
သူ့ကြောင့် နှစ်ဦးနှစ်ဖက်လုံးကြောင်
အသွားကြတယ်။ ကျောင်းသားကောင်
လေးတွေက သူ့ကို သိတယ်။
"Sensei"
"ပြန်ပေးလိုက် သူများပိုက်ဆံကိုအဲ့လို
မလုရဘူး"
သူ YangYuTengကို လှည့်မကြည့်အား
သေး။ သူ့ကိုဆရာခေါ်လာတဲ့ ကောင်
လေးတွေကို အရင်ဆုံးမရမယ်။ တစ်
နည်းအားဖြင့် ဟိုနေ့က မိုးရေထဲမှာ
ထားခဲ့တဲ့ YangYuTengကို သူ ဘာဆိုတာလည်း သိစေချင်တာလည်းပါ
တယ်။ YangYuTeng ရဲ့ အထင်ကြီး
လေးစားမှုဆိုတာ ဘဝတိုင်းသူမက်မော
တဲ့ အရာပဲ။
သူခပ်တည်တည်နဲ့ လက်ကမ်းပြီးပြော
တော့ ကျောင်းသားလေးတွေက ကြောင်အနေတယ်။
"ဘာလုပ်နေတာလဲ။ ပေးလိုက်လေ"
မောဟိုက်နေတဲ့ အသံနဲ့သူထပ်ပြောတော့ ပိုက်ဆံအိတ်ကို ကျစ်ကျစ်ဆုပ်
ကိုင်ထားတဲ့ ကောင်လေးက ထပြောလာတယ်။
"Sei မှားနေပြီ။ သူက ကျွန်တော်တို့ဆီ
က အတင်းလိုက်လုတာ။ ဒါ ဒါ...ကျွန်
တော့်ပိုက်ဆံအိတ်"
ဟင် ! သူဒီနေရာမှာ အကြီးအကျယ်
တုန်လှုပ်သွားရတယ်။ နေကောင်းခါစ
မို့ အားနည်းနေတဲ့ နှလုံးက ဒိုင်းခနဲ
တောင် ဆောင့်ခုန်ပြီး ခေါင်းက သွေး
ကလည်း ဒုတ်ခနဲဆောင့်တိုးတယ်။
YangYuTengကိုတစ်လှည့် ကျောင်းသားလေးတွေကို တစ်လှည့်
ကြည့်တော့ YangYuTengက စိတ်ပျက်တယ်ဆိုတဲ့ ပုံစံနဲ့ ကတုံးဆံပင်
ကို ပွတ်သတ်နေလေရဲ့။ ကျောင်းသား
လေးက အိတ်ထဲထည့်ထားတဲ့ သူ့
ကျောင်းသားကတ်ကိုပြတယ်။
"သွားခွင့်ပြုပါဦး Sei"
ပြဿနာကိုသေချာမဖြေရှင်းပေးနိုင်
ဖြစ်နေတဲ့ သူ့ကိုထားခဲ့ပြီးကျောင်းသား
လေးတွေက ကိုယ်လွတ်ရုန်းထွက်ပြေး
သွားတယ်။ တစ်ဖက်ပိတ် လမ်းကြား
ထဲ သူနဲ့ YangYuTengပဲ ကျန်ခဲ့တယ်။
မှဲ့နက်ခြံရံထားတဲ့ မျက်ဝန်းက ဒေါသ
ကြောင့် စူးရှနေတယ်။ ဒါပေမဲ့ ဒါကို
သူတူန်လှုပ်လို့မဖြစ်ဘူး။ သူသိခဲ့တဲ့
ရှက်တတ်တဲ့ ကောင်လေးက ဒီလိုမျိုးတွေ လုပ်နေတာကို သူခွင့်မပြုနိုင်ဘူး။
"ဘာလို့ အခုလိုတွေလုပ်နေရတာလဲ"
သူရဲ့ မူရင်း ဘဝ LinZiHong ရဲ့ အထုံ
ပါရမီက ပြန်ပေါ်လာတယ်။ မောဟိုက်
နေတဲ့ အသံတောင် ချက်ချင်းပျောက်
သွားသလိုပဲ။ ဒါပေမဲ့ YangYuTeng
မှာက မူရင်းဘဝကလို အပြုံးလေးနဲ့
တောင်းပန်စကား ဆိုတတ်တဲ့ ချစ်စရာ
အကျင့်လေး ပါမလာခဲ့ဘူး။ ဒေါသပါ
တဲ့ ခြေလှမ်းနဲ့ သူ့အနားတိုးလာပြီး
"မင်းအပူပါလား။ ငါ ဆေးလိပ်သောက်
ချင်လို့ ဆေးလိပ်ဝယ်တိုက်ပါလားပဲ
ပြောတာ"
"ဘာ ဆေးလိပ်သောက်ရအောင် မင်း
အသက်ဘယ်လောက်လဲ"
ဘယ်လောက်ဝမ်းနည်းရလဲ သူမပြော
ပြတတ်ဘူး။ အရာရာနူးညံ့လှပခဲ့တဲ့
သူ့ဆာကူရာ ကို ဘယ်နတ်ဘုရားစုတ်
က ဒီလိုဖြစ်အောင်လုပ်ရက်လိုက်ကြ
တာလဲ။ ဒေါသကြောင့် ပြောစရာစကား
ပျောက်နေတဲ့ သူ့ကို YangYuTengက
မဲ့ပြုံးပြုံးပြတယ်။ နောက်ပြီး ခြေဆုံး
ခေါင်းဆုံးတစ်ချက်ကြည့်ပြီး
"Sensei တဲ့လား။ အသက်ရောပြည့်
သေးရဲ့လား။ ဟမ်။ လာလိမ်နေတယ်။
နာတော့မယ်"
ပြောရင်း လက်တစ်ဖက်ပါ မြောက်တက်လာတယ်။ LinZiHong ဝမ်းနည်း
စိတ် ၊ ယုရုံးမရစိတ် ၊ ဒေါသအရာရာ
က မီးတောက်တစ်ခုလိုပေါက်ကွဲထွက်
လာတယ်။
"ရိုက်မလို့လား ။ မင်းရိုက်လိုက်စမ်း"
YangYuTeng တုံ့ဆိုင်းသွားတယ်။ တည့်တည့်စိုက်ကြည့်လာတဲ့ သူ့မျက်လုံး
တွေကို ပြန်ကြည့်လာတယ်။ ထိန်း
ထားတဲ့ ကြားက အလိုလိုဝဲတက်လာ
တဲ့ မျက်ရည်တွေကို သူမတားနိုင်ဘူး။
YangYuTeng မျက်လုံးထဲကခက်ထန်
မှုတွေ ပျောက်သွားတယ်။ လက်ကိုပြန်
ချတယ်။ သူ့ကိုကျောခိုင်းတယ်။ လမ်း
ပေါ် ဒီအတိုင်းကျနေခဲ့တဲ့ ကျောပိုးအိတ်
အနက်ရောင်ကိုတောင် ပြန်မကောက်
ဘူး။
"မင်း ဘာလို့ ဒီလောက်ဆိုးနေရတာလဲ
ဟမ် ! သူ့ကို ဒီလိုဖြစ်အောင် ဘယ်
ကောင်လုပ်လိုက်တာလဲ။ မင်း တို့ မိုး
မြေအလိုကျတာ ဒါလား။ ဟမ်!"
သူ မခံမရပ်နိုင်စွာအော်မိတော့တယ်။
YangYuTeng ကိုရော...သောက်သုံး
မကျတဲ့ နတ်ဘုရားတွေကပါတစ်ခါ
တည်း ကျိန်ဆဲလိုက်တော့တယ်။
YangYuTengက နားမလည်သလိုပြန်
လှည့်ကြည့်တယ်။ ဝမ်းနည်းပက်လက်
ငိုနေတာထက် ဒေါသတွေထွက်ပြီး မျက်ရည်တွေ ကျနေတဲ့ သူ့ကို ဘယ်လို
မှနားလည်နိုင်မှာ မဟုတ်ဘူး။ YangYu
Teng ကို သူဘယ်လိုသင်ကြားပေးခဲ့
ရလဲ။ အပြိုင်အဆိုင်နဲ့ မျက်နှာဖုံး
တွေများတဲ့ လောကထဲမှာ စိတ်ဘယ်
လိုထားတတ်အောင် သူ လမ်းပြခဲ့ပေး
ရလဲ။ စကားမပြောချင်တဲ့ကောင်လေး
စကားပြောလာအောင် သူ့Imageဆိုတာတွေ အစရှာမရအောင် သူအကုန်
ခွာချတက်နင်းပြီး YangYuTeng ဆီသွားခဲ့ရတာတွေ။ အဲ့ဒါတွေအကုန်
လုံးက YangYuTengကိုအောင်မြင်ဖြစ်ထွန်းနေစေချင်တဲ့ သူ့စေတနာပဲ။
တစ်နည်းအားဖြင့် သူရဲ့ Love Languageတစ်မျိုးပဲ။
"F**k U!"
ကောင်းကင်ကိုမော့ကြည့်ပြီး သူအော်
ဆဲပစ်လိုက်တော့တယ်။ နတ်ဘုရား
ဆိုတာတွေကို သူဒီတစ်ခါသောက်ရမ်းမုန်းမိပြီ။ သူ မောဟိုက်လာပြီးအသက်ရှူတောင်မဝတဲ့ထိဒေါသတွေ
ထွက်လာလို့လားမသိ သူဒူးတွေပါမခိုင်
တော့။ ဆောင့်ကြောင့်ထိုင်ချလိုက်ရတော့တယ်။
YangYuTengက သူ့ဆီတစ်လှမ်းချင်း
ပြန်လှမ်းလာတယ်။ နားမလည်နိုင်ခြင်း
တွေ ဝိုင်းပတ်ကခံနေရတဲ့ YangYu
Tengမျက်နှာကိုစေ့စေ့ကြည့်လိုက်တယ်။ YangYuTeng ဖြည်းဖြည်းချင်း
ကိုယ်ကိုကိုင်းညွှတ်ပြီး သူ့ခြေထောက်
ဘေးက ကျောပိုးအိတ်ကိုလှမ်းယူတယ်
"ရူးများနေသလား" ဆိုတဲ့ အကြည့်တွေ
နဲ့ ငဲ့စောင်းကြည့်တယ်။ ကျောပိုးအိတ်ကို ပြန်လွယ်ပြီး သူ့ကိုစတင်ကျောခိုင်း
တယ်။ လမ်းကြားထဲက မထွက်ခင်
သူ ကြားဖြစ်အောင်ကြားလိုက်တဲ့ စကားသံလည်း ရှိတယ်။
"Baka" တဲ့။
သူတကယ်လည်းရူးသွားတော့မယ်။
သူ့ကို မချစ်တဲ့ အပြင် လူဆိုးလုပ်နေတဲ့
ဆယ်ကျော်သက် YangYuTeng
ကြောင့် သူရူးသွားပြီ။
tbc...