အထွန်း / အထြန္း ( Completed )

By laung_laung

735K 77.1K 6.5K

Comedy , Romance , Drama More

အပိုင်း ၁ / အပိုင္း ၁
အပိုင်း ၂ / အပိုင္း ၂
အပိုင်း ၃ / အပိုင္း ၃
အပိုင်း ၄ / အပိုင္း ၄
အပိုင်း ၅ / အပိုင္း ၅
အပိုင်း ၆ / အပိုင္း ၆
အပိုင်း ၇ / အပိုင္း ၇
အပိုင်း ၈ / အပိုင္း ၈
အပိုင်း ၉ / အပိုင္း ၉
အပိုင်း ၁၀ / အပိုင္း ၁၀
အပိုင်း ၁၁ / အပိုင္း ၁၁
အပိုင်း ၁၂ / အပိုင္း ၁၂
အပိုင်း ၁၄ / အပိုင္း ၁၄
အပိုင်း ၁၅ / အပိုင္း ၁၅
အပိုင်း ၁၆ / အပိုင္း ၁၆
အပိုင်း ၁၇ / အပိုင္း ၁၇
အပိုင်း ၁၈ / အပိုင္း ၁၈
အပိုင်း ၁၉ / အပိုင္း ၁၉
အပိုင်း ၂၀ / အပိုင္း ၂၀
အပိုင်း ၂၁ / အပိုင္း ၂၁
အပိုင်း ၂၂ / အပိုင္း ၂၂
အပိုင်း ၂၃ / အပိုင္း ၂၃
အပိုင်း ၂၄ / အပိုင္း ၂၄
အပိုင်း ၂၅ / အပိုင္း ၂၅
အပိုင်း ၂၆ / အပိုင္း ၂၆
အပိုင်း ၂၇ / အပိုင္း ၂၇
အပိုင်း ၂၈ / အပိုင္း ၂၈
အပိုင်း ၂၉ / အပိုင္း ၂၉
အပိုင်း ၃၀ / အပိုင္း ၃၀
အပိုင်း ၃၁ / အပိုင္း ၃၁
အပိုင်း ၃၂ / အပိုင္း ၃၂
အပိုင်း ၃၃ / အပိုင္း ၃၃
အပိုင်း ၃၄ / အပိုင္း ၃၄
အပိုင်း ၃၅ / အပိုင္း ၃၅
အပိုင်း ၃၆ / အပိုင္း ၃၆
အပိုင်း ၃၇ / အပိုင္း ၃၇
အပိုင်း ၃၈ / အပိုင္း ၃၈
အပိုင်း ၃၉ / အပိုင္း ၃၉
အပိုင်း ၄၀ / အပိုင္း ၄၀
အပိုင်း ၄၁ / အပိုင္း ၄၁
အပိုင်း ၄၂ / အပိုင္း ၄၂
အပိုင်း ၄၃ / အပိုင္း ၄၃
အပိုင်း ၄၄ / အပိုင္း ၄၄
အပိုင်း ၄၅ / အပိုင္း ၄၅
အပိုင်း ၄၆ / အပိုင္း ၄၆
အပိုင်း ၄၇ / အပိုင္း ၄၇
အပိုင်း ၄၈ / အပိုင္း ၄၈
အပိုင်း ၄၉ / အပိုင္း ၄၉
အပိုင်း ၅၀ / အပိုင္း ၅၀
အပိုင်း ၅၁ / အပိုင္း ၅၁
အပိုင်း ၅၂ / အပိုင္း ၅၂
အပိုင်း ၅၃ / အပိုင္း ၅၃
အပိုင်း ၅၄ / အပိုင္း ၅၄
အပိုင်း ၅၅ / အပိုင္း ၅၅
အပိုင်း ၅၆ / အပိုင္း ၅၆
အပိုင်း ၅၇ / အပိုင္း ၅၇
အပိုင်း ၅၈ / အပိုင္း ၅၈
အပိုင်း ၅၉ / အပိုင္း ၅၉
ဇာတ်သိမ်းပိုင်း / ဇာတ္သိမ္းပိုင္း
Extra - 1
Extra - 2
Extra - 3
Book Announcement
A Htun Pre Order Tonight
Extra - 4
Extra - 5

အပိုင်း ၁၃ / အပိုင္း ၁၃

12.5K 1.6K 299
By laung_laung

" ဟားးးး ကိုကြီးရယ် လန့်သွားတာလား ကျုပ်က စ တာပါဗျာ ယောကျာ်းအချင်းချင်းကြီး ယူလို့မှ မရဘဲ "

" မလန့်ပါဘူးကွာ လက်ချော်ပြီး ပြုတ်ကျသွားတာ "

" ဟီးးး ဟုတ်လို့လား "

" လာ မ စ နဲ့ ဂျစ်တူး "

" ဟီးးးး လူကြီးတွေရှက်ရင် အဲ့လိုပဲ "

" ကဲ ဂျစ်တူး ခုနကတော့ ငိုယိုနေလိုက်တာ သူမဟုတ်တဲ့အတိုင်း "

" အာ မငိုတော့ပါဘူးနော် အခု "

" အေးပါ အေးပါ "

မဟာ လဲ ခြံထဲဆင်းလာပြီး ရေခွက်တွေဘာတွေဆေးကြောနေရသည် ။

" အစုတ်ပလုပ် အညာသားကောင် လူကို ရိသဲ့သဲ့နဲ့ပြောပြီးမှ ချော်လဲရောထိုင်လုပ်နေတယ် ကြည့်လို့ကို မရဘူး "

" ကိုကြီးရေ "

" ဗျာ "

" ကျုပ် ဒီနေ့ ဒီမှာပဲ အိပ်လိုက်တော့မယ် ရလား "

လုပ်လာပြန်ပြီ ။ ဒင်းက ဒီမှာအိပ်တော့ ဒီကလူက ဘယ်လိုလုပ် အိပ်ပျော်တော့မှာတုန်း ။

" အေး အိပ်လေ "

" ဟုတ်ဟုတ် "

" ဟ အထွန်း ဘယ်လိုဖြစ်တာတုန်း "

အခန်းထဲက ထွက်လာတဲ့ ကိုလင်း က အထွန်း ကို မြင်တော့ လှမ်းမေးသည် ။

" ဟီးး အချစ်စမ်းခံလာရတာ ဆရာလင်းရေ "

" မသေကောင်းမပျောက်ကောင်းကွာ အန်တီ‌တို့ရောသိပြီးပြီလား "

" မသိသေးဘူး ဆရာလင်း အဲ့တာကြောင့် ဒီည ဒီမှာ အိပ်မလို့ ရတယ်မလား "

" အေးအေး အိပ်လေ "

" ကိုလင်းရေ ဒီငမွှေထွန်းက နှင်းနုဆီက အရိုက်ခံလာရတာတဲ့ "

" ဟေ ဟုတ်လား "

" ဟုတ်ပါ့ဗျာ "

" ကဲ ကဲ အေးဆေးနေ ကိုယ့်အိမ်လို သဘောထား "

" ဟုတ် ကျုပ်က ဆရာလေးတို့အိမ်ကို ကျုပ် အိမ်လို့ပဲ သဘောထားထားတာ နော် ကိုကြီး "

" အဆင်ပြေသလိုသာ နေ ဂျစ်တူးရေ "

တဖြေးဖြေးနဲ့ အမှောင်ရိပ်ကြီးစိုးလာပြီး ညစာ စားချိန်ရောက်တော့ ၃ ယောက်သား ညစာစားကြတော့

" ကျုပ် ငါးဟင်းမစားတတ်ဘူး "

" ဟေ ဘယ်လိုဖြစ်လို့တုန်းကွ "

" ဟုတ်တယ် ဆရာလင်းရဲ့ ကျုပ်က ငါးကို ချက်ထားရင် မစားတတ် "

" ဖြစ်ရမယ် ဂျစ်တူးရယ် ကြိုပြောပါလား "

" ရပါတယ် ဒီမှာ အရွက်ကြော်တွေရှိတာပဲ "

မဟာ ထမင်းစားနေရာကနေ ထ ပြီး ရေကပြင်ကို ဆင်းကာ လက်ဆေးလိုက်သည် ။ ပြီးမှ ငါးတစ်တုံးကိုယူကာ အရိုးနွှင်ပေးပြီး ဂျစ်တူး ပန်းကန်ထဲကိုထည့်ပေးလိုက်သည် ။

" ရော့ အရိုးမပါဘူး "

" ကိုကြီးက ချစ်ဖို့ကောင်းလိုက်တာ "

" ဂျစ်တူး ကြက်သီးထစရာတွေမပြောစမ်းနဲ့ စားစရာရှိတာ စား "

" ဟုတ် "

ထုံးစံအတိုင်း သွားဖြူဖြူတန်းလေးတွေပေါ်အောင်ရီပြလိုက်တိုင်း ပေါ်လာတတ်တဲ့ ပါးချိုင့်ခွက်ခွက်လေးနဲ့သွားထက်လေး ပေါ်လာအောင် ရီပြ‌နေပြန်သည် ။

ထမင်းစားသောက်ပြီးတော့လည်း ကိုယ်ကပဲ ပန်းကန်ဆေး သန့်ရှင်းရေးလုပ်ပြီး အိမ်ပေါ်ပြန်တက်လာတော့ ကိုလင်း က စာအုပ်ထိုင်ဖတ်နေပြီး ဟိုဂျစ်တူးကို မတွေ့ ။

" ကိုလင်း ကော်ဖီသောက်ဦးမလား "

" တော်ပြီ မဟာ အိပ်မပျော်မှာဆိုးလို့ "

" ဟုတ် ဟို ဂျစ်တူးရော "

" အိပ်တော့မယ်ဆိုပြီး အခန်းထဲဝင်သွားလေရဲ့ "

" သူ့အိမ်သူ့ယာကျနေရောပဲ "

" ကလေးပဲဟာ ထားလိုက်ပါ "

" အင်းပေါ့ ကလေးမို့လို့ပေါ့ "

" ဒါနဲ့ မဟာ အိပ်လို့ရပါ့မလား "

" ရပါတယ် ကိုလင်း ကျွန်တော် ဘေးမှာ အိပ်လိုက်မယ် "

" အေးအေး "

" ဟုတ် "

" ဪ မေ့နေတာ မနက်ဖြန် အကို ဟိုဘက်ရွာကို ဆေးစစ်သွားရမယ် မဟာ တစ်ယောက်ထဲဆေးခန်းထိုင်ရမှာနော် "

" ဟုတ် ကိုလင်း ရပါတယ် "

" အေးအေး အရမ်းတော့မကြာလောက်ပါဘူး "

" ရပါတယ်ကိုလင်းရဲ့ စိတ်အေး‌အေးသွား ကျွန်တော်ရှိပါတယ် "

" အေးအေး ခဏနေ အိပ်တော့နော် "

" ဟုတ် ကိုလင်း ကိုလင်း လဲ စောစော နားနော် "

" အေးအေး "

မဟာ လဲ ကိုလင်းနဲ့စကားပြောပြီး အခန်းထဲဝင်လာတော့ ဟို ဂျစ်တူး က ဖျာပေါ်မှာ လှဲကာ မဟာ့ရဲ့ လက်ာဒီပချစ်သူစာအုပ်ကို ဖတ်နေသည် ။

" ဂျစ်တူး စာအုပ်တွေဘာတွေဖတ်လို့ပါလား "

" ကိုကြီး ကျုပ်ပြောပြမယ် ဒဿဂီရိ က ဘာလို့ သီတာကို အတင်းဖမ်းချုပ်ထားချင်ရတာလဲ မသိဘူးနော် "

" သူ ချစ်လို့လေ "

" သူချစ်တာက ကြောက်စရာကြီး "

" မခံယူတတ်လို့ပါ "

" ဟမ် ဘာရယ် "

" ဟုတ်တယ် ဂျစ်တူးရဲ့ ကိုယ်ပြောပြမယ် သီတာဒေဝီက ဒဿဂီရိရဲ့ အချစ်ကို မခံယူတတ်လို့ ကြောက်စရာလို့ ထင်နေတာ တကယ်သာ ခံယူတတ်ကြည့် သူ ဒဿဂီရိကို အရမ်းချစ်သွားမှာ "

" ဘာလို့လဲ "

" ရာမ မင်းသားက သီတာဒေဝီကို တကယ်ချစ်တယ်လို့ ဂျစ်တူး ထင်လား "

" အင်းလေ မဟုတ်ဘူးလား "

" မဟုတ်ဘူး သူက အရှုံးမပေးချင်လို့ ဒဿ ကို မရှုံးချင်လို့ သီတာ့ကို ယူခဲ့တာ သူသာ တကယ်ချစ်ရင် သီတာ့ကို အပျိုစစ် မစစ် သိချင်ရုံလေးနဲ့ မီးပုံထဲ ခုန်ဆင်းခိုင်းသင့်ဘူးလေ "

" ကိုကြီးရော ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုမချစ်ရင် အဲ့လိုဖမ်းပြီးချုပ်ထားမှာလား "

" ကိုယ်လား !!! ဟင့်အင်း ကိုယ်က သူ့ဘေးနားမှာပဲနေပြီး သူ့ရဲ့ပျော်ရွှင်မှုကို ကိုယ့်ရဲ့ပျော်ရွှင်မှုလို့ပဲ ခံယူထားမှာ ကိုယ်က သူ့ကိုချစ်တယ်လေ အဲ့တော့ သူချစ်တဲ့သူကိုလဲ ကိုယ်ချစ်တယ် သူသာလိုအပ်ရင် ကိုယ့်ဘဝတစ်ခုလုံးကိုပါ ပျော်ပျော်ကြီး ပေးလိုက်မှာ "

" မိုက်ချက်ဗျို့ ကိုကြီး ချစ်တဲ့သူက တော်တော့်ကိုကံကောင်းပဲ "

" ထင်တာပါပဲ "

" ရှိလား ကိုကြီးစိတ်ဝင်စားတဲ့သူ "

" ရှိတယ် "

" သူက ဘယ်လိုပုံစံလဲ "

" ချစ်ဖို့ကောင်းတယ် မျက်လုံးဝိုင်းလေးတွေနဲ့ "

" မြို့ကြီးသူပေါ့ "

" ဆိုပါတော့ "

" ကျုပ်ကိုပြ "

" ပုံ မရှိဘူး ဂျစ်တူးရဲ့ "

" ဟင် !!!! အဲ့တာဆို သူ့ကို အောက်မေ့ရင် ဘယ်လိုလုပ်လဲ ပုံလဲမရှိဘူးဆိုတော့ "

" မျက်လုံးလေးမှိတ်လိုက်တယ် ချက်ချင်း သူ့ပုံရိပ်တွေအများကြီးပေါ်လာပြီးသားပဲ "

" မိုက်ချက်ပဲ ဝှါးးးး ...... "

" အိပ်ချင်နေပြီလား ဂျစ်တူး အိပ်တော့လေ "

" ဟုတ် အိပ်ပြီဗျို့ "

" အင်းအင်း "

စာအုပ်လေးဘေးချကာ လက်တဖက်ကိုနဖူးပေါ်တင်လျက် အိပ်နေလေရဲ့ ။ မဟာကတော့ ခပ်တည်တည်နဲ့ စာအုပ်ကြီးဖွင့်ကာ စာအုပ်ဖတ်သလိုလိုနဲ့ အရှေ့က ဂျစ်တူးကို ကြည့်နေလေရဲ့ ။ တဖြေးဖြေးနဲ့ အိပ်ပျော်သွားတော့ ခြေထောက်လေးကို တစ်ဖက်ကို ရွှေ့လိုက် ။ ဗိုက်ကိုလှန်ကာ ကုတ်လိုက် ။ ခေါင်းကိုပွတ်လိုက် ။ တဖြေးဖြေး နှုတ်ခမ်းလေး ပွင့်လာလိုက်နဲ့ ဂျစ်တူးကို ထိုင်ကြည့်ခဲ့တာ မိုးလင်းတဲ့အထိပါပဲ ။

မနက် ၇ နာရီထိုးတော့ မဟာ လဲ ထိုင်နေရာကနေ ထ ကာ ရေချိုး မနက်စာ စားရသည် ။ ကိုလင်း ဟိုဘက်ရွာသွားတဲ့အထိ ဂျစ်တူး က မနိုးသေး ။ သူနိုးရင် စားဖို့ မနက်စာပြင်ပေးထားပြီး အခန်းထဲဝင်လာမိသည် ။ စောင်ကို ခြေရင်းအထိ ကန်ထုတ်ထားပြီး ပုဆိုးက ဒူးအထက်ကို တက်နေသည်အထိ ခြေပစ်လက်ပစ်ကို အိပ်နေတာ ။

" ကိုယ် တစ်နေကုန် အလုပ်တွေလုပ်နိုင်ဖို့ အားတွေရအောင် ပေးနေသလိုပဲ ဂျစ်တူးရယ် "

ဖျာဘေးနားမှာ ဒူးထောက်ကာ ကိုယ်ကိုကိုင်းပြီး နဖူးလေးကို ခပ်ဖွဖွလေး နမ်းလိုက်သည် ။ ပြီးမှ ဆေးပေးခန်းကို ဆင်းလာခဲ့လိုက်တယ် ။ အခန်းဝ ကနေ ပြန်လှည့်ကြည့်ချင်ပေမယ့် မဝံ့မရဲစိတ်ကြောင့်လှည့်မကြည့်ဖြစ်ခဲ့ပါ ။ အကယ်၍ မဟာ သာ ပြန်လှည့်ကြည့်မယ်ဆိုရင် မျက်လုံးဝိုင်းလေးတွေပွင့်ကာ ခိုးရယ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့ရမှာ မလွဲဧကန် ‌ပင် ။

မဟာ တစ်ယောက်ထဲ ရွာလယ်ပိုင်းက လူတွေကို စစ်ဆေးရေးလုပ်ပေးနေရင်းမှ နေ့လည် ထမင်းစားချိန်တောင် ကျော်လွန်ခဲ့ပြီ ။ ကိုလင်းလဲ ပြန်ရောက်မလာသေး ။ ထမင်းစားဖို့ အိမ်ပေါ်တက်လာတော့ ဂျစ်တူး က ခုံမှာထိုင်ကာ မနက်က ပြင်ပေးထားတဲ့ ဘိန်းမုန့်ကို စားနေသည် ။

" ဂျစ်တူး ခုမှ နိုးတာလား "

" ဟုတ်တယ်ဗျို့ အိပ်ကောင်းချက်ပဲ "

" အေးပါ ထမင်းစားရတော့မှာကို ဘိန်းမုန့်ကိုစားနေသေးတယ် "

" ထမင်းကနောက်မှပဲစားတော့မယ် "

" ပြီးတာပဲ "

မဟာ လဲ ထမင်းပန်းကန်လေးကိုင်ကာ ထမင်းစားမည်ပြုစဉ်

" ဆရာလေးရေ ဆရာလေး ကယ်ပါဦး ကျုပ်မိန်းမကို ကယ်ပါဦး "

ခြံရှေ့မရောက်ခင် ခပ်လှမ်းလှမ်းကတည်းက အော်နေသော အသံ ။

" ဟင် ဘာဖြစ်တာလဲ မသိဘူး "

" ကျုပ်သွားကြည့်လိုက်မယ် "

ဂျစ်တူး က ခြံထဲဆင်းသွားပြီး သွားကြည့်လေရဲ့ ။ ခဏကြာတော့ ဂျစ်တူးနဲ့ ရွာသားတစ်ယောက်ပါလာတယ် ။

" ဆရာလေး ကျုပ်မိန်းမ မီးဖွားချင်နေတာ လက်သည်ဒေါ်မိုးက တစ်ဖက်ရွာသွားနေတယ်ဆိုလို့ ကယ်ပါဦး "

" ဟေ ဟုတ်လား အေးအေး လမ်းပြ လမ်းပြ သွားမယ် "

ထမင်းပန်းကန် ချကာ ဆေးအိတ်ဆွဲပြီး ရွာသားနောက် လိုက်ရပြန်ရောပေါ့ ။ ဂျစ်တူးက အဆစ်ပါသေး ။

ကိုယ်ဝန်ဆောင်သည် အိမ်ရောက်တော့ ဘယ်သူမှမရှိ ။ သူတစ်ယောက်ထဲ ရုန်းကန် အော်ဟစ်နေသည် ။ မဟာ လဲ အထဲ ဝင်သွားပြီး စောင်နဲ့ လွှားကာ ဒူးဒေါင်ပေါင်ကား ခိုင်းရတာပေါ့ ။ သားဖွားမီးယပ်မဟုတ်ပေမယ့် ဆရာဝန်တွေဆိုတာ ‌အခြေခံကိုတော့ အကုန် သင်ယူခဲ့ရသည်လေ ။

" ဂျစ်တူးရေ လာဦး ဝင်ခဲ့ "

ဂျစ်တူး ကို လှမ်းခေါ်တော့ သူက အပြေးဝင်လာသည် ။

" အမ လက်ကို ကိုင်ထားပေးလိုက် အမ ညှစ်နော် ရေမွှာပေါက်သွားပြီ မွေးတော့မှာ ညှစ် ညှစ် "

ကိုယ်ဝန်သည် က တဖြေးဖြေး အားကုန်လာပြီး နှုတ်ခမ်းတွေပါဖြူဖျော့နေပြီ ဒီတိုင်းဆို ဆက်ပြီး ညှပ်နိုင်မှာ မဟုတ်တော့

" အမ နည်းနည်းအားထည့်ပြီး ညှစ် စိတ်မလျှော့လိုက်နဲ့ "

" အားးးး အမေရေ ကျွတ်စ် ကျွတ်စ် ကိုသောင်း ဟမ် ကိုသောင်း ရှင်လုပ်တဲ့ကိစ္စတွေလေ ရှင်က အနာမခံဘဲ ကျုပ်က အနာခံနေတယ် ကိုသောင်းရဲ့ အမလေးး နာလိုက်တာ အားးး ကျွတ်စ် ကျွတ်စ်  "

" ခွီးးး "

ဂျစ်တူးကောင် က ထ ရီနေသည်မို့ မျက်လုံးပြူးပြရသေးသည် ။ တကယ် အခန်းကျဉ်းကျဉ်းလေးထဲမှာ မဟာ ချွေးတွေပါ ပျံလာပြီ ။

" အားးးး "

ဒီတစ်ခါ အော်သံက ဂျစ်တူးဆီက ။ သူ့ရဲ့အုန်းမုတ်ခွက် ဆံပင်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကိုယ်ဝန်သည် က အားယူနေခြင်းပင် ။ မဟာ မျက်လုံးတွေတောင် ပြာတက်သွားသည် ။

" အမ အမ လွှတ်ဗျ သူများဆံပင်ကို မဆွဲနဲ့ လွှတ် "

" ရတယ်ရတယ် ကိုကြီး သူ မမွေးသေးဘူးလား "

" အေး ထွက်မလာသေးဘူး လာ လာ ဂျစ်တူး ဒီကနေ လာစောင့် "

ဂျစ်တူး ကို မွေးလမ်းကြောင်းကို ကြည့်ခိုင်းထားပြီး မဟာ က ကိုယ်ဝန်သည် ရဲ့ ဗိုက်ကို လက်နှစ်ဖက်နဲ့ တွန်းရသည် ။ ဒါမှ ကလေးက မြန်မြန်ထွက်လာတော့မှာ ။

" ကျုပ် မကြည့်ရဲဘူးဗျ "

" ကြည့်စမ်းပါ လျှာမရှည်နဲ့ "

" မကြည့်ချင်ပါဘူးဗျာ ရှက်စရာကြီး "

" ဟဲ့ ငထွန်း ကြည့်စမ်းပါ ဆွဲထုတ်လိုက် "

ကိုယ်ဝန်သည်ကပါ ဝင်ပြောလာသောကြောင့် ဂျစ်တူးတစ်ယောက်ရှုံ့မဲ့ကာ စောင်ထဲ ခေါင်းဝင်ပြီး ကြည့်နေရသည် ။

" ထွက်လာပြီ ထွက်လာပြီ ကိုကြီး "

" ဆွဲထုတ်လိုက် ဂျစ်တူး ဆွဲထုတ်လိုက် "

" အူဝဲ အူဝဲ အူဝဲ ဗြဲ ....... "

" ကို .... ကိုကြီး ... ကလေး ..... ကလေးလေး ..... "

ဂျစ်တူး ရဲ့လက်ထဲမှာ သွေးတွေနဲ့ နီတာရဲ ကလေးလေး ။

" ပေး ပေး "

မဟာလဲ ကလေးလေးကိုယူကာ အချင်းဖြတ်ပေးပြီး သန့်ရှင်းရေးလုပ်ပေးကာ မိခင်လက်ထဲ ထည့်ပေးလိုက်သည်

" ကဲ ကလေးအဖေ ဝင်လာလို့ရပြီ "

ကလေးအဖေ ကိုသောင်းဆိုသူက အိမ်ထဲ ဝုန်းဒိုင်းကြဲဝင်လာလေရဲ့ ။

" ယောကျာ်းလေးမွေးတယ် ကလေးရော အမေရော အခြေအနေကောင်းတယ် ထမင်းစားတိုင်း ဟင်းချိုလေးတိုက်‌ပေး မိခင် နို့ထွက်ကောင်းအောင် အားရှိတာတွေကျွေး အညှော်မခံနဲ့ "

" ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ် ဆရာ တကယ်ကျေးဇူးတင်ပါတယ် "

ကိုသောင်းဆိုသူက ပြောရင်းနဲ့ ထိုင်ကန်တော့နေသည်မို့

" အာ ငရဲတွေကြီးကုန်တော့မှာပဲ ရပါတယ်ဗျ ကလေးနဲ့အမေကိုသာ ဂရုစိုက် ဟုတ်ပြီလား "

" ဟုတ်ကဲ့ ဆရာ ဟုတ်ကဲ့ "

မဟာ အပြင်ပြန်ထွက်လာတော့ ဂျစ်တူး က အိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေသည် ။

" ဂျစ်တူး ဘာတွေတွေးနေတာလဲ "

" ကိုကြီး ခုနကလေ ခုနက ကျုပ် ကလေးလေးကို ဆွဲထုတ်လိုက်တာ သိလား ကျုပ်လက်ထဲကို ပါလာတာ "

" ဟုတ်တယ်လေ "

" အဲ့ခံစားချက်ကြီးက ဘယ်လိုကြီးလဲမသိဘူး ကျုပ် ကျုပ် တစ်ခါမှ မလုပ်ဖူးဘူးလေ သူ့ကလေးက ကိုသောင်းနဲ့ရတာမဟုတ်ဘဲ ကျုပ်မွေးပေးလိုက်ရသလိုပဲ "

တွေ့လား ကျွန်တော့်ဂျစ်တူးကလေ ချစ်စရာကောင်းအောင်ကို တွေးတတ်တာ ။

" ဟားးးး အေးပါကွာ လာ ပြန်မယ် "

" ကျုပ်တော့ ဒီကလေးကို တော်တော်ချစ်နေပြီ "

ကျွန်တော့်အ‌မေဗိုက်ထဲပြန်ဝင်ပြီး ဂျစ်တူးကိုတောင်မွေးခိုင်းလိုက်ချင်တယ် ။ အဲ့လိုဆို ကျွန်တော့်ကို တခါတည်း တန်းချစ်သွားမလား မဆိုနိုင်ဘူးလေ ။ 

အိမ်ကိုပြန်ရောက်တော့ ကိုလင်း လဲ ပြန်ရောက်နေပြီ ။

" မဟာတို့ ဘယ်များသွားကြတာလဲ "

" ရွာမြောက်ပိုင်း ကိုလင်းရေ မီးဖွားတာ လက်သည် သွားလုပ်လာတာ "

" ဆရာလင်း ဆရာလင်း ကျုပ်ပြောပြမယ် ကျုပ်လေ ကလေးလေး ကို ဒီလိုမျိုးဆွဲထုတ်လိုက်တာသိလား ကျုပ်လက်ထဲမယ် သွေးတွေနဲ့ နီနီရဲရဲ ကလေးလေး ပါလာတာဗျ အသဲယားစရာရယ် ဆရာလင်း အဲ့လိုလုပ်ဖူးလား "

လုပ်ပြီ ဂျစ်တူးတို့ကတော့ ဆရာဝန်လုပ်သက် ၁၀ နှစ်ကျော်နေတဲ့ ကျန်းမာရေးမှူးကို ကလေးမွေးပေးဖူးလားမေးနေတာ

" ဒါပေါ့ ဘယ်လုပ်ဖူးပါ့မလဲ အထွန်း က တော်လိုက်တာ မကြောက်ဘူးလား "

" အစက ကြောက်ချက်ပဲ ရှက်လဲရှက်တာ ဟိဟိ ဒါပေသည့် ကလေးလေးက မထွက်လာနိုင်ရင် သေသွားမှာလေ အာ့နဲ့ပဲ ဆွဲထုတ်ပလိုက်တာ "

" အထွန်းက အတော်ဆုံးပဲ ပေါ့ "

ခုံပေါ်မှာထိုင်နေတဲ့ကိုလင်းကို  ကြမ်းပြင်မှာထိုင်ကာ လက်ဟန်ခြေဟန် နဲ့ပြောပြနေတဲ့ ဂျစ်တူး ကို ကြည့်ရင်း မဟာ ထိုင်ဖို့တောင် မေ့နေလေရဲ့ ။

" မဟာ လာထိုင်လေ အိမ်ပေါက်ဝကြီးမှာ "

" အာ ဟုတ် ကိုလင်း "

မဟာ ခုံမှာဝင်ထိုင်လိုက်တော့ မဟာ့ခုံရဲ့လက်တန်းပေါ်မှာ တင်ပါးလွှဲထိုင်လိုက်ပြီး မဟာ့ကို တည့်တည့်ကြည့်ကာ

" ကိုကြီး ကျုပ် ဆရာဝန် ဖြစ်ချင်တယ် "

" ဟမ် !!! "

" ဟားးးး အထွန်းကတော့ ကလေးမွေးပေးလာပြီး ဆရာဝန်ဖြစ်ချင်လာပြီထင်တယ် "

" ဟုတ်ပါ့ ကျုပ်ဆရာဝန်ဖြစ်ချင်လာတယ် "

" ဂျစ်တူး ဆရာဝန်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး စာတွေအများကြီးကျက်ရမယ် နှစ်တွေအများကြီးစာသင်ရမယ် ဂျစ်တူးလို ဆိုးနေပုံနဲ့တော့ မရဘူး "

" ဟုတ်လား အဲ့တာဆိုလဲ ဘာဆန်းလဲ လက်သည် ပဲ လုပ်တော့မယ် "

ဟားးးးး

မဟာရော ကိုလင်းပါ ပြိုင်တူ ရီလိုက်မိသည် ။

" အထွန်းကတော့လေ တကယ် ပါပဲ လက်သည်က မိန်းမတွေပဲလုပ်ရတာကွ "

" အေးလေ ဂျစ်တူးရယ် ပေါက်ကရတွေမလုပ်စမ်းနဲ့ ရွာထဲသာပတ်မမွှေဘဲ ငြိမ်ငြိမ်နေ "

" ဟုတ်ပါ့ အထွန်း လက်သည်လုပ်ပြီး မွေးလာတဲ့ကလေးလေးတွေကဂျူနီယာအထွန်းလေးတွေဖြစ်နေဦးမယ် ဟားး "

" ဆရာလင်း ကလဲ ကျုပ်က မဆိုးပါဘူးဗျ "

" အေးပါကွာ အထွန်းက မဆိုးဘူး မလိမ်မာတာပဲရှိတာ ဟုတ်ပြီလား "

ကိုလင်း နဲ့ ဂျစ်တူး တစ်ယောက်တစ်ခွန်းပြောနေကြသည်ကို မဟာ ကြည့်ရင်း သဘောကျနေမိသည် ။ ဒီကလေးနားမှာ ဒီကလေးပျော်ရွှင်ရီမောနေချိန်တိုင်း အတူ ရီမောချင်မိသည်။  ကြောက်လန့်အားငယ်နေတိုင်း အားပေးချင်မိသည် ။ ဝမ်းနည်းနေတိုင်း ဖေးမပေးချင်သည် ။ ချစ်ခြင်းတရားဟုမဆိုနိုင်သော သံယောဇဉ်လေးတစ်ခု ပြန်လိုချင်မိသည် ။

" ဪ မဟာ အကို ပြောစရာရှိလို့ အခန်းထဲ ခဏ "

" ဗျာ ဟုတ် ဟုတ် "

ထူးထူးဆန်းဆန်းကိုလင်းကဂျစ်တူးရှေ့မပြောဘဲ အခန်းထဲခေါ်သည်မို့ မဟာ လဲ လိုက်သွားလိုက်သည် ။ အခန်းထဲရောက်တော့

" ဘာများလဲ ကိုလင်း "

" ဟို အကို နှင်းနု နဲ့ ချိန်းထားလို့ အဲ့တာ "

" ဟင် အကိုတို့ကချိန်းတောင်တွေ့ကြပြီလား မြန်လိုက်တာ "

" မဟုတ်ပါဘူးကွာ အခုမှ ဖွင့်ပြောမှာပါ "

" မိုက်တယ် အကိုရေ အညာသားလုပ်တော့မယ်ပေါ့ "

" ဟားးး စောပါသေးတယ် မဟာရယ် "

" ဖိုက်တင်း ငါ့အကို "

" အေးပါကွာ အဲ့တာ အပြင်ခဏသွားမလို့ လို့ ပြောတာ "

" သွားပါ အကိုရယ် သွား သွား တစ်ခါတည်း အဖြေရအောင်တောင်းခဲ့ "

" ရရင်တော့ ကောင်းတာပေါ့ကွာ "

" Good Luck ငါ့အကိုရေ "

မဟာ အပြင်ပြန်ထွက်လာတော့ ဂျစ်တူး က သုံးယောက်ထိုင်ခုံတန်းရှည်မှာ ထိုင်ပြီး ဟာသစာအုပ်ဖတ်ကာ တခွိခွိနဲ့ရီနေသည် ။ မဟာ လဲ သူနဲ့ တစ်ခုံတည်း ထောင့်မှာ ဝင်ထိုင်လိုက်သည် ။

" ကိုကြီး ကိုလင်းက ဘာတဲ့လဲ "

" ဪ ဘာမှမဟုတ်ပါဘူး။သူအပြင်ခဏသွားမလို့တဲ့ "

" ဪ ဟုတ်ဟုတ် "

" အင်း "

" ကိုကြီး ကျုပ် ဒါဖတ်ပြမယ် "

" အင်း "

" ထမင်းဝိုင်းမှာ သားအဖနှစ်ယောက် ညစာစားနေကြတာတဲ့ အဲ့မှာ သားဖြစ်သူကရုတ်တရက်မေးခွန်းမေးလိုက်တယ် တဲ့ "

" အဖေ ပိုးဟပ်ပေါက်လေးတို့ အင်းဆက်တို့က စားလို့ရလားဟင် "

" အဖေက ပြန်ပြောတယ် ပေါက်ပေါက်ရှာရှာတွေကွာ ခု ညစာ စားနေ တယ်။ ညစ်တီးညစ်ပတ်တွေ မပြောရဘူး "

" အဲ့လိုနဲ့  ထမင်းစားပြီးသွားတော့ တီဗီကြည့်ရင်း သားဖြစ်သူမေးခွန်းကိုသတိရသွားတဲ့အဖေကသားကို ပြန်မေးတယ် "

" သားရေ ခုနက မေးခွန်းပြန်မေးပါဦး၊ အင်းဆက်တို့ ပိုးဟပ်ပေါက် တို့အကြောင်း "

" အဲ့မှာသားက ပြန်ပြောတယ် မမေးတော့ပါဘူး အဖေ၊ ပိုးဟပ်လေးကတကယ်စားလို့ရတာပဲကို တဲ့ ခွိခွိ "

ဆက်မပြောတော့ဘဲ သူ့ဘာသာ သဘောကျနေသော ဂျစ်တူးရယ်ပါ ။

" ဆက်ပြောလေ ဂျစ်တူးရဲ့ "

" အင်းအင်း အဲ့မှာ အဖေက ပြန်မေးတယ် ဟေ ဘယ်မှာလဲကွ ပိုးဟပ်ပေါက် "

" အဲ့တော့မှ သားဖြစ်သူ ပြန်ပြောလိုက်တာက ခုနက အဖေ့စွပ်ပြုတ်ပန်းကန်ထဲမှာလေ ခုတော့ အဖေ့ဗိုက်ထဲမှာပေါ့တဲ့ "

ဟားးးးး

" တကယ်ပါပဲကွာ သူက အစထဲက အဖေ့ပန်းကန်ထဲမှာလို့ ပြောလိုက်ရင် ပြီးနေတာကို "

" ခွိခွိခွိ အဲ့လိုပိုးဟပ်ကိုစားလိုက်တော့ ဘာမှမဖြစ်ဘူးလားကိုကြီး "

မဟာ ရုတ်တရက်ဖြေစရာအဖြေမရှိ ။ မသိလို့တော့မဟုတ် ။ ဂျစ်တူးက ထိုင်နေရာကနေ ရုတ်တရက် သူ့ပေါင်ကို ခေါင်းအုံးကာ လှဲချလိုက်ခြင်းကြောင့်ပင် ။

" ဘာမှမဖြစ်ဘူးလားလို့ ကိုကြီး "

" ဟမ် ဟမ် "

" ပိုးဟပ်ကိုစားလဲ ဘာမှမဖြစ်ဘူးလားလို့ "

" စားလို့မရဘူး ဂျစ်တူးရဲ့ သူကဟာသအနေနဲ့ရေးထားတာလေ ပြီးတော့ ပိုးဟပ်တစ်ကောင်လုံးကြီး ပါးစပ်ထဲဝင်သွားတာကို မသိတဲ့သူရှိပါ့မလား "

" အင်းလေ ဟုတ်သား "

ကျွန်တော့်ပေါင်ပေါ်ခေါင်းအုံးကာ စာအုပ်ဆက်ဖတ်နေလေရဲ့ ။ ဒီကလေးက တကယ်ပဲ ကျွန်တော့်ကို အဆုံးစွန်ထိ ရူးသွားအောင်လုပ်ဖို့ရည်ရွယ်နေသလားပဲ ။

" ကိုကြီး ကျုပ် မေးစရာရှိတယ် ရယ် "

" အင်း မေးလေ "

" ယောကျာ်းလေးတစ်ယောက်ကလေ တခြားယောကျာ်းလေးတစ်ယောက်ကို ချစ်သူ လို ချစ်လို့ရလား "

[ တန်းလန်းကြီးဖြစ်သွား 😁 တစ်ချို့က Role ကွဲမှ ဖတ်ရတာ အဆင်ပြေကြတယ်ဆိုလို့ လောင်ပြောပြထားပါမယ် အထွန်းက Seme , မဟာက Uke ပါရှင် ]

Please Vote 💚

(Zawgyi)

" ဟားးးး ကိုႀကီးရယ္ လန္႔သြားတာလား က်ဳပ္က စ တာပါဗ်ာ ေယာက်ာ္းအခ်င္းခ်င္းႀကီး ယူလို႔မွ မရဘဲ "

" မလန္႔ပါဘူးကြာ လက္ေခ်ာ္ၿပီး ျပဳတ္က်သြားတာ "

" ဟီးးး ဟုတ္လို႔လား "

" လာ မ စ နဲ႔ ဂ်စ္တူး "

" ဟီးးးး လူႀကီးေတြရွက္ရင္ အဲ့လိုပဲ "

" ကဲ ဂ်စ္တူး ခုနကေတာ့ ငိုယိုေနလိုက္တာ သူမဟုတ္တဲ့အတိုင္း "

" အာ မငိုေတာ့ပါဘူးေနာ္ အခု "

" ေအးပါ ေအးပါ "

မဟာ လဲ ၿခံထဲဆင္းလာၿပီး ေရခြက္ေတြဘာေတြေဆးေၾကာေနရသည္ ။

" အစုတ္ပလုပ္ အညာသားေကာင္ လူကို ရိသဲ့သဲ့နဲ႔ေျပာၿပီးမွ ေခ်ာ္လဲေရာထိုင္လုပ္ေနတယ္ ၾကည့္လို႔ကို မရဘူး "

" ကိုႀကီးေရ "

" ဗ်ာ "

" က်ဳပ္ ဒီေန႔ ဒီမွာပဲ အိပ္လိုက္ေတာ့မယ္ ရလား "

လုပ္လာျပန္ၿပီ ။ ဒင္းက ဒီမွာအိပ္ေတာ့ ဒီကလူက ဘယ္လိုလုပ္ အိပ္ေပ်ာ္ေတာ့မွာတုန္း ။

" ေအး အိပ္ေလ "

" ဟုတ္ဟုတ္ "

" ဟ အထြန္း ဘယ္လိုျဖစ္တာတုန္း "

အခန္းထဲက ထြက္လာတဲ့ ကိုလင္း က အထြန္း ကို ျမင္ေတာ့ လွမ္းေမးသည္ ။

" ဟီးး အခ်စ္စမ္းခံလာရတာ ဆရာလင္းေရ "

" မေသေကာင္းမေပ်ာက္ေကာင္းကြာ အန္တီ‌တို႔ေရာသိၿပီးၿပီလား "

" မသိေသးဘူး ဆရာလင္း အဲ့တာေၾကာင့္ ဒီည ဒီမွာ အိပ္မလို႔ ရတယ္မလား "

" ေအးေအး အိပ္ေလ "

" ကိုလင္းေရ ဒီငေမႊထြန္းက ႏွင္းႏုဆီက အ႐ိုက္ခံလာရတာတဲ့ "

" ေဟ ဟုတ္လား "

" ဟုတ္ပါ႔ဗ်ာ "

" ကဲ ကဲ ေအးေဆးေန ကိုယ့္အိမ္လို သေဘာထား "

" ဟုတ္ က်ဳပ္က ဆရာေလးတို႔အိမ္ကို က်ဳပ္ အိမ္လို႔ပဲ သေဘာထားထားတာ ေနာ္ ကိုႀကီး "

" အဆင္ေျပသလိုသာ ေန ဂ်စ္တူးေရ "

တေျဖးေျဖးနဲ႔ အေမွာင္ရိပ္ႀကီးစိုးလာၿပီး ညစာ စားခ်ိန္ေရာက္ေတာ့ ၃ ေယာက္သား ညစာစားၾကေတာ့

" က်ဳပ္ ငါးဟင္းမစားတတ္ဘူး "

" ေဟ ဘယ္လိုျဖစ္လို႔တုန္းကြ "

" ဟုတ္တယ္ ဆရာလင္းရဲ႕ က်ဳပ္က ငါးကို ခ်က္ထားရင္ မစားတတ္ "

" ျဖစ္ရမယ္ ဂ်စ္တူးရယ္ ႀကိဳေျပာပါလား "

" ရပါတယ္ ဒီမွာ အရြက္ေၾကာ္ေတြရွိတာပဲ "

မဟာ ထမင္းစားေနရာကေန ထ ၿပီး ေရကျပင္ကို ဆင္းကာ လက္ေဆးလိုက္သည္ ။ ၿပီးမွ ငါးတစ္တုံးကိုယူကာ အ႐ိုးႏႊင္ေပးၿပီး ဂ်စ္တူး ပန္းကန္ထဲကိုထည့္ေပးလိုက္သည္ ။

" ေရာ့ အ႐ိုးမပါဘူး "

" ကိုႀကီးက ခ်စ္ဖို႔ေကာင္းလိုက္တာ "

" ဂ်စ္တူး ၾကက္သီးထစရာေတြမေျပာစမ္းနဲ႔ စားစရာရွိတာ စား "

" ဟုတ္ "

ထုံးစံအတိုင္း သြားျဖဴျဖဴတန္းေလးေတြေပၚေအာင္ရီျပလိုက္တိုင္း ေပၚလာတတ္တဲ့ ပါးခ်ိဳင့္ခြက္ခြက္ေလးနဲ႔သြားထက္ေလး ေပၚလာေအာင္ ရီျပ‌ေနျပန္သည္ ။

ထမင္းစားေသာက္ၿပီးေတာ့လည္း ကိုယ္ကပဲ ပန္းကန္ေဆး သန္႔ရွင္းေရးလုပ္ၿပီး အိမ္ေပၚျပန္တက္လာေတာ့ ကိုလင္း က စာအုပ္ထိုင္ဖတ္ေနၿပီး ဟိုဂ်စ္တူးကို မေတြ႕ ။

" ကိုလင္း ေကာ္ဖီေသာက္ဦးမလား "

" ေတာ္ၿပီ မဟာ အိပ္မေပ်ာ္မွာဆိုးလို႔ "

" ဟုတ္ ဟို ဂ်စ္တူးေရာ "

" အိပ္ေတာ့မယ္ဆိုၿပီး အခန္းထဲဝင္သြားေလရဲ႕ "

" သူ့အိမ္သူ့ယာက်ေနေရာပဲ "

" ကေလးပဲဟာ ထားလိုက္ပါ "

" အင္းေပါ႔ ကေလးမို႔လို႔ေပါ႔ "

" ဒါနဲ႔ မဟာ အိပ္လို႔ရပါ႔မလား "

" ရပါတယ္ ကိုလင္း ကြၽန္ေတာ္ ေဘးမွာ အိပ္လိုက္မယ္ "

" ေအးေအး "

" ဟုတ္ "

" ဪ ေမ့ေနတာ မနက္ျဖန္ အကို ဟိုဘက္ရြာကို ေဆးစစ္သြားရမယ္ မဟာ တစ္ေယာက္ထဲေဆးခန္းထိုင္ရမွာေနာ္ "

" ဟုတ္ ကိုလင္း ရပါတယ္ "

" ေအးေအး အရမ္းေတာ့မၾကာေလာက္ပါဘူး "

" ရပါတယ္ကိုလင္းရဲ႕ စိတ္ေအး‌ေအးသြား ကြၽန္ေတာ္ရွိပါတယ္ "

" ေအးေအး ခဏေန အိပ္ေတာ့ေနာ္ "

" ဟုတ္ ကိုလင္း ကိုလင္း လဲ ေစာေစာ နားေနာ္ "

" ေအးေအး "

မဟာ လဲ ကိုလင္းနဲ႔စကားေျပာၿပီး အခန္းထဲဝင္လာေတာ့ ဟို ဂ်စ္တူး က ဖ်ာေပၚမွာ လွဲကာ မဟာ့ရဲ႕ လက္ာဒီပခ်စ္သူစာအုပ္ကို ဖတ္ေနသည္ ။

" ဂ်စ္တူး စာအုပ္ေတြဘာေတြဖတ္လို႔ပါလား "

" ကိုႀကီး က်ဳပ္ေျပာျပမယ္ ဒႆဂီရိ က ဘာလို႔ သီတာကို အတင္းဖမ္းခ်ဳပ္ထားခ်င္ရတာလဲ မသိဘူးေနာ္ "

" သူ ခ်စ္လို႔ေလ "

" သူခ်စ္တာက ေၾကာက္စရာႀကီး "

" မခံယူတတ္လို႔ပါ "

" ဟမ္ ဘာရယ္ "

" ဟုတ္တယ္ ဂ်စ္တူးရဲ႕ ကိုယ္ေျပာျပမယ္ သီတာေဒဝီက ဒႆဂီရိရဲ႕ အခ်စ္ကို မခံယူတတ္လို႔ ေၾကာက္စရာလို႔ ထင္ေနတာ တကယ္သာ ခံယူတတ္ၾကည့္ သူ ဒႆဂီရိကို အရမ္းခ်စ္သြားမွာ "

" ဘာလို႔လဲ "

" ရာမ မင္းသားက သီတာေဒဝီကို တကယ္ခ်စ္တယ္လို႔ ဂ်စ္တူး ထင္လား "

" အင္းေလ မဟုတ္ဘူးလား "

" မဟုတ္ဘူး သူက အရႈံးမေပးခ်င္လို႔ ဒႆ ကို မရႈံးခ်င္လို႔ သီတာ့ကို ယူခဲ့တာ သူသာ တကယ္ခ်စ္ရင္ သီတာ့ကို အပ်ိဳစစ္ မစစ္ သိခ်င္႐ုံေလးနဲ႔ မီးပုံထဲ ခုန္ဆင္းခိုင္းသင့္ဘူးေလ "

" ကိုႀကီးေရာ ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကိုမခ်စ္ရင္ အဲ့လိုဖမ္းၿပီးခ်ဳပ္ထားမွာလား "

" ကိုယ္လား !!! ဟင့္အင္း ကိုယ္က သူ့ေဘးနားမွာပဲေနၿပီး သူ့ရဲ႕ေပ်ာ္ရႊင္မႈကို ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈလို႔ပဲ ခံယူထားမွာ ကိုယ္က သူ့ကိုခ်စ္တယ္ေလ အဲ့ေတာ့ သူခ်စ္တဲ့သူကိုလဲ ကိုယ္ခ်စ္တယ္ သူသာလိုအပ္ရင္ ကိုယ့္ဘဝတစ္ခုလုံးကိုပါ ေပ်ာ္ေပ်ာ္ႀကီး ေပးလိုက္မွာ "

" မိုက္ခ်က္ဗ်ိဳ႕ ကိုႀကီး ခ်စ္တဲ့သူက ေတာ္ေတာ့္ကိုကံေကာင္းပဲ "

" ထင္တာပါပဲ "

" ရွိလား ကိုႀကီးစိတ္ဝင္စားတဲ့သူ "

" ရွိတယ္ "

" သူက ဘယ္လိုပုံစံလဲ "

" ခ်စ္ဖို႔ေကာင္းတယ္ မ်က္လုံးဝိုင္းေလးေတြနဲ႔ "

" ၿမိဳ႕ႀကီးသူေပါ႔ "

" ဆိုပါေတာ့ "

" က်ဳပ္ကိုျပ "

" ပုံ မရွိဘူး ဂ်စ္တူးရဲ႕ "

" ဟင္ !!!! အဲ့တာဆို သူ့ကို ေအာက္ေမ့ရင္ ဘယ္လိုလုပ္လဲ ပုံလဲမရွိဘူးဆိုေတာ့ "

" မ်က္လုံးေလးမွိတ္လိုက္တယ္ ခ်က္ခ်င္း သူ့ပုံရိပ္ေတြအမ်ားႀကီးေပၚလာၿပီးသားပဲ "

" မိုက္ခ်က္ပဲ ဝွါးးးး ...... "

" အိပ္ခ်င္ေနၿပီလား ဂ်စ္တူး အိပ္ေတာ့ေလ "

" ဟုတ္ အိပ္ၿပီဗ်ိဳ႕ "

" အင္းအင္း "

စာအုပ္ေလးေဘးခ်ကာ လက္တဖက္ကိုနဖူးေပၚတင္လ်က္ အိပ္ေနေလရဲ႕ ။ မဟာကေတာ့ ခပ္တည္တည္နဲ႔ စာအုပ္ႀကီးဖြင့္ကာ စာအုပ္ဖတ္သလိုလိုနဲ႔ အေရွ႕က ဂ်စ္တူးကို ၾကည့္ေနေလရဲ႕ ။ တေျဖးေျဖးနဲ႔ အိပ္ေပ်ာ္သြားေတာ့ ေျခေထာက္ေလးကို တစ္ဖက္ကို ေရႊ႕လိုက္ ။ ဗိုက္ကိုလွန္ကာ ကုတ္လိုက္ ။ ေခါင္းကိုပြတ္လိုက္ ။ တေျဖးေျဖး ႏႈတ္ခမ္းေလး ပြင့္လာလိုက္နဲ႔ ဂ်စ္တူးကို ထိုင္ၾကည့္ခဲ့တာ မိုးလင္းတဲ့အထိပါပဲ ။

မနက္ ၇ နာရီထိုးေတာ့ မဟာ လဲ ထိုင္ေနရာကေန ထ ကာ ေရခ်ိဳး မနက္စာ စားရသည္ ။ ကိုလင္း ဟိုဘက္ရြာသြားတဲ့အထိ ဂ်စ္တူး က မႏိုးေသး ။ သူႏိုးရင္ စားဖို႔ မနက္စာျပင္ေပးထားၿပီး အခန္းထဲဝင္လာမိသည္ ။ ေစာင္ကို ေျခရင္းအထိ ကန္ထုတ္ထားၿပီး ပုဆိုးက ဒူးအထက္ကို တက္ေနသည္အထိ ေျခပစ္လက္ပစ္ကို အိပ္ေနတာ ။

" ကိုယ္ တစ္ေနကုန္ အလုပ္ေတြလုပ္ႏိုင္ဖို႔ အားေတြရေအာင္ ေပးေနသလိုပဲ ဂ်စ္တူးရယ္ "

ဖ်ာေဘးနားမွာ ဒူးေထာက္ကာ ကိုယ္ကိုကိုင္းၿပီး နဖူးေလးကို ခပ္ဖြဖြေလး နမ္းလိုက္သည္ ။ ၿပီးမွ ေဆးေပးခန္းကို ဆင္းလာခဲ့လိုက္တယ္ ။ အခန္းဝ ကေန ျပန္လွည့္ၾကည့္ခ်င္ေပမယ့္ မဝံ့မရဲစိတ္ေၾကာင့္လွည့္မၾကည့္ျဖစ္ခဲ့ပါ ။ အကယ္၍ မဟာ သာ ျပန္လွည့္ၾကည့္မယ္ဆိုရင္ မ်က္လုံးဝိုင္းေလးေတြပြင့္ကာ ခိုးရယ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကို ေတြ႕ခဲ့ရမွာ မလြဲဧကန္ ‌ပင္ ။

မဟာ တစ္ေယာက္ထဲ ရြာလယ္ပိုင္းက လူေတြကို စစ္ေဆးေရးလုပ္ေပးေနရင္းမွ ေန႔လည္ ထမင္းစားခ်ိန္ေတာင္ ေက်ာ္လြန္ခဲ့ၿပီ ။ ကိုလင္းလဲ ျပန္ေရာက္မလာေသး ။ ထမင္းစားဖို႔ အိမ္ေပၚတက္လာေတာ့ ဂ်စ္တူး က ခုံမွာထိုင္ကာ မနက္က ျပင္ေပးထားတဲ့ ဘိန္းမုန္႔ကို စားေနသည္ ။

" ဂ်စ္တူး ခုမွ ႏိုးတာလား "

" ဟုတ္တယ္ဗ်ိဳ႕ အိပ္ေကာင္းခ်က္ပဲ "

" ေအးပါ ထမင္းစားရေတာ့မွာကို ဘိန္းမုန္႔ကိုစားေနေသးတယ္ "

" ထမင္းကေနာက္မွပဲစားေတာ့မယ္ "

" ၿပီးတာပဲ "

မဟာ လဲ ထမင္းပန္းကန္ေလးကိုင္ကာ ထမင္းစားမည္ျပဳစဉ္

" ဆရာေလးေရ ဆရာေလး ကယ္ပါဦး က်ဳပ္မိန္းမကို ကယ္ပါဦး "

ၿခံေရွ႕မေရာက္ခင္ ခပ္လွမ္းလွမ္းကတည္းက ေအာ္ေနေသာ အသံ ။

" ဟင္ ဘာျဖစ္တာလဲ မသိဘူး "

" က်ဳပ္သြားၾကည့္လိုက္မယ္ "

ဂ်စ္တူး က ၿခံထဲဆင္းသြားၿပီး သြားၾကည့္ေလရဲ႕ ။ ခဏၾကာေတာ့ ဂ်စ္တူးနဲ႔ ရြာသားတစ္ေယာက္ပါလာတယ္ ။

" ဆရာေလး က်ဳပ္မိန္းမ မီးဖြားခ်င္ေနတာ လက္သည္ေဒၚမိုးက တစ္ဖက္ရြာသြားေနတယ္ဆိုလို႔ ကယ္ပါဦး "

" ေဟ ဟုတ္လား ေအးေအး လမ္းျပ လမ္းျပ သြားမယ္ "

ထမင္းပန္းကန္ ခ်ကာ ေဆးအိတ္ဆြဲၿပီး ရြာသားေနာက္ လိုက္ရျပန္ေရာေပါ႔ ။ ဂ်စ္တူးက အဆစ္ပါေသး ။

ကိုယ္ဝန္ေဆာင္သည္ အိမ္ေရာက္ေတာ့ ဘယ္သူမွမရွိ ။ သူတစ္ေယာက္ထဲ ႐ုန္းကန္ ေအာ္ဟစ္ေနသည္ ။ မဟာ လဲ အထဲ ဝင္သြားၿပီး ေစာင္နဲ႔ လႊားကာ ဒူးေဒါင္ေပါင္ကား ခိုင္းရတာေပါ႔ ။ သားဖြားမီးယပ္မဟုတ္ေပမယ့္ ဆရာဝန္ေတြဆိုတာ ‌အေျခခံကိုေတာ့ အကုန္ သင္ယူခဲ့ရသည္ေလ ။

" ဂ်စ္တူးေရ လာဦး ဝင္ခဲ့ "

ဂ်စ္တူး ကို လွမ္းေခၚေတာ့ သူက အေျပးဝင္လာသည္ ။

" အမ လက္ကို ကိုင္ထားေပးလိုက္ အမ ညႇစ္ေနာ္ ေရမႊာေပါက္သြားၿပီ ေမြးေတာ့မွာ ညႇစ္ ညႇစ္ "

ကိုယ္ဝန္သည္ က တေျဖးေျဖး အားကုန္လာၿပီး ႏႈတ္ခမ္းေတြပါျဖဴေဖ်ာ့ေနၿပီ ဒီတိုင္းဆို ဆက္ၿပီး ညႇပ္ႏိုင္မွာ မဟုတ္ေတာ့

" အမ နည္းနည္းအားထည့္ၿပီး ညႇစ္ စိတ္မေလွ်ာ့လိုက္နဲ႔ "

" အားးးး အေမေရ ကြၽတ္စ္ ကြၽတ္စ္ ကိုေသာင္း ဟမ္ ကိုေသာင္း ရွင္လုပ္တဲ့ကိစၥေတြေလ ရွင္က အနာမခံဘဲ က်ဳပ္က အနာခံေနတယ္ ကိုေသာင္းရဲ႕ အမေလးး နာလိုက္တာ အားးး ကြၽတ္စ္ ကြၽတ္စ္  "

" ခြီးးး "

ဂ်စ္တူးေကာင္ က ထ ရီေနသည္မို႔ မ်က္လုံးျပဴးျပရေသးသည္ ။ တကယ္ အခန္းက်ဉ္းက်ဉ္းေလးထဲမွာ မဟာ ေခြၽးေတြပါ ပ်ံလာၿပီ ။

" အားးးး "

ဒီတစ္ခါ ေအာ္သံက ဂ်စ္တူးဆီက ။ သူ့ရဲ႕အုန္းမုတ္ခြက္ ဆံပင္ေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး ကိုယ္ဝန္သည္ က အားယူေနျခင္းပင္ ။ မဟာ မ်က္လုံးေတြေတာင္ ျပာတက္သြားသည္ ။

" အမ အမ လႊတ္ဗ် သူမ်ားဆံပင္ကို မဆြဲနဲ႔ လႊတ္ "

" ရတယ္ရတယ္ ကိုႀကီး သူ မေမြးေသးဘူးလား "

" ေအး ထြက္မလာေသးဘူး လာ လာ ဂ်စ္တူး ဒီကေန လာေစာင့္ "

ဂ်စ္တူး ကို ေမြးလမ္းေၾကာင္းကို ၾကည့္ခိုင္းထားၿပီး မဟာ က ကိုယ္ဝန္သည္ ရဲ႕ ဗိုက္ကို လက္ႏွစ္ဖက္နဲ႔ တြန္းရသည္ ။ ဒါမွ ကေလးက ျမန္ျမန္ထြက္လာေတာ့မွာ ။

" က်ဳပ္ မၾကည့္ရဲဘူးဗ် "

" ၾကည့္စမ္းပါ လွ်ာမရွည္နဲ႔ "

" မၾကည့္ခ်င္ပါဘူးဗ်ာ ရွက္စရာႀကီး "

" ဟဲ့ ငထြန္း ၾကည့္စမ္းပါ ဆြဲထုတ္လိုက္ "

ကိုယ္ဝန္သည္ကပါ ဝင္ေျပာလာေသာေၾကာင့္ ဂ်စ္တူးတစ္ေယာက္ရႈံ႕မဲ့ကာ ေစာင္ထဲ ေခါင္းဝင္ၿပီး ၾကည့္ေနရသည္ ။

" ထြက္လာၿပီ ထြက္လာၿပီ ကိုႀကီး "

" ဆြဲထုတ္လိုက္ ဂ်စ္တူး ဆြဲထုတ္လိုက္ "

" အူဝဲ အူဝဲ အူဝဲ ၿဗဲ ....... "

" ကို .... ကိုႀကီး ... ကေလး ..... ကေလးေလး ..... "

ဂ်စ္တူး ရဲ႕လက္ထဲမွာ ေသြးေတြနဲ႔ နီတာရဲ ကေလးေလး ။

" ေပး ေပး "

မဟာလဲ ကေလးေလးကိုယူကာ အခ်င္းျဖတ္ေပးၿပီး သန္႔ရွင္းေရးလုပ္ေပးကာ မိခင္လက္ထဲ ထည့္ေပးလိုက္သည္

" ကဲ ကေလးအေဖ ဝင္လာလို႔ရၿပီ "

ကေလးအေဖ ကိုေသာင္းဆိုသူက အိမ္ထဲ ဝုန္းဒိုင္းႀကဲဝင္လာေလရဲ႕ ။

" ေယာက်ာ္းေလးေမြးတယ္ ကေလးေရာ အေမေရာ အေျခအေနေကာင္းတယ္ ထမင္းစားတိုင္း ဟင္းခ်ိဳေလးတိုက္‌ေပး မိခင္ ႏို႔ထြက္ေကာင္းေအာင္ အားရွိတာေတြေကြၽး အေညႇာ္မခံနဲ႔ "

" ဟုတ္ကဲ့ ဆရာ ေက်းဇူးတင္ပါတယ္ ဆရာ တကယ္ေက်းဇူးတင္ပါတယ္ "

ကိုေသာင္းဆိုသူက ေျပာရင္းနဲ႔ ထိုင္ကန္ေတာ့ေနသည္မို႔

" အာ ငရဲေတြႀကီးကုန္ေတာ့မွာပဲ ရပါတယ္ဗ် ကေလးနဲ႔အေမကိုသာ ဂ႐ုစိုက္ ဟုတ္ၿပီလား "

" ဟုတ္ကဲ့ ဆရာ ဟုတ္ကဲ့ "

မဟာ အျပင္ျပန္ထြက္လာေတာ့ ဂ်စ္တူး က အိမ္ေရွ႕ကြပ္ပ်စ္မွာထိုင္ေနသည္ ။

" ဂ်စ္တူး ဘာေတြေတြးေနတာလဲ "

" ကိုႀကီး ခုနကေလ ခုနက က်ဳပ္ ကေလးေလးကို ဆြဲထုတ္လိုက္တာ သိလား က်ဳပ္လက္ထဲကို ပါလာတာ "

" ဟုတ္တယ္ေလ "

" အဲ့ခံစားခ်က္ႀကီးက ဘယ္လိုႀကီးလဲမသိဘူး က်ဳပ္ က်ဳပ္ တစ္ခါမွ မလုပ္ဖူးဘူးေလ သူ့ကေလးက ကိုေသာင္းနဲ႔ရတာမဟုတ္ဘဲ က်ဳပ္ေမြးေပးလိုက္ရသလိုပဲ "

ေတြ႕လား ကြၽန္ေတာ့္ဂ်စ္တူးကေလ ခ်စ္စရာေကာင္းေအာင္ကို ေတြးတတ္တာ ။

" ဟားးးး ေအးပါကြာ လာ ျပန္မယ္ "

" က်ဳပ္ေတာ့ ဒီကေလးကို ေတာ္ေတာ္ခ်စ္ေနၿပီ "

ကြၽန္ေတာ့္အ‌ေမဗိုက္ထဲျပန္ဝင္ၿပီး ဂ်စ္တူးကိုေတာင္ေမြးခိုင္းလိုက္ခ်င္တယ္ ။ အဲ့လိုဆို ကြၽန္ေတာ့္ကို တခါတည္း တန္းခ်စ္သြားမလား မဆိုႏိုင္ဘူးေလ ။ 

အိမ္ကိုျပန္ေရာက္ေတာ့ ကိုလင္း လဲ ျပန္ေရာက္ေနၿပီ ။

" မဟာတို႔ ဘယ္မ်ားသြားၾကတာလဲ "

" ရြာေျမာက္ပိုင္း ကိုလင္းေရ မီးဖြားတာ လက္သည္ သြားလုပ္လာတာ "

" ဆရာလင္း ဆရာလင္း က်ဳပ္ေျပာျပမယ္ က်ဳပ္ေလ ကေလးေလး ကို ဒီလိုမ်ိဳးဆြဲထုတ္လိုက္တာသိလား က်ဳပ္လက္ထဲမယ္ ေသြးေတြနဲ႔ နီနီရဲရဲ ကေလးေလး ပါလာတာဗ် အသဲယားစရာရယ္ ဆရာလင္း အဲ့လိုလုပ္ဖူးလား "

လုပ္ၿပီ ဂ်စ္တူးတို႔ကေတာ့ ဆရာဝန္လုပ္သက္ ၁၀ ႏွစ္ေက်ာ္ေနတဲ့ က်န္းမာေရးမွဴးကို ကေလးေမြးေပးဖူးလားေမးေနတာ

" ဒါေပါ႔ ဘယ္လုပ္ဖူးပါ႔မလဲ အထြန္း က ေတာ္လိုက္တာ မေၾကာက္ဘူးလား "

" အစက ေၾကာက္ခ်က္ပဲ ရွက္လဲရွက္တာ ဟိဟိ ဒါေပသည့္ ကေလးေလးက မထြက္လာႏိုင္ရင္ ေသသြားမွာေလ အာ့နဲ႔ပဲ ဆြဲထုတ္ပလိုက္တာ "

" အထြန္းက အေတာ္ဆုံးပဲ ေပါ႔ "

ခုံေပၚမွာထိုင္ေနတဲ့ကိုလင္းကို  ၾကမ္းျပင္မွာထိုင္ကာ လက္ဟန္ေျခဟန္ နဲ႔ေျပာျပေနတဲ့ ဂ်စ္တူး ကို ၾကည့္ရင္း မဟာ ထိုင္ဖို႔ေတာင္ ေမ့ေနေလရဲ႕ ။

" မဟာ လာထိုင္ေလ အိမ္ေပါက္ဝႀကီးမွာ "

" အာ ဟုတ္ ကိုလင္း "

မဟာ ခုံမွာဝင္ထိုင္လိုက္ေတာ့ မဟာ့ခုံရဲ႕လက္တန္းေပၚမွာ တင္ပါးလႊဲထိုင္လိုက္ၿပီး မဟာ့ကို တည့္တည့္ၾကည့္ကာ

" ကိုႀကီး က်ဳပ္ ဆရာဝန္ ျဖစ္ခ်င္တယ္ "

" ဟမ္ !!! "

" ဟားးးး အထြန္းကေတာ့ ကေလးေမြးေပးလာၿပီး ဆရာဝန္ျဖစ္ခ်င္လာၿပီထင္တယ္ "

" ဟုတ္ပါ႔ က်ဳပ္ဆရာဝန္ျဖစ္ခ်င္လာတယ္ "

" ဂ်စ္တူး ဆရာဝန္တစ္ေယာက္ျဖစ္ဖို႔ဆိုတာ မလြယ္ဘူး စာေတြအမ်ားႀကီးက်က္ရမယ္ ႏွစ္ေတြအမ်ားႀကီးစာသင္ရမယ္ ဂ်စ္တူးလို ဆိုးေနပုံနဲ႔ေတာ့ မရဘူး "

" ဟုတ္လား အဲ့တာဆိုလဲ ဘာဆန္းလဲ လက္သည္ ပဲ လုပ္ေတာ့မယ္ "

ဟားးးးး

မဟာေရာ ကိုလင္းပါ ၿပိဳင္တူ ရီလိုက္မိသည္ ။

" အထြန္းကေတာ့ေလ တကယ္ ပါပဲ လက္သည္က မိန္းမေတြပဲလုပ္ရတာကြ "

" ေအးေလ ဂ်စ္တူးရယ္ ေပါက္ကရေတြမလုပ္စမ္းနဲ႔ ရြာထဲသာပတ္မေမႊဘဲ ၿငိမ္ၿငိမ္ေန "

" ဟုတ္ပါ႔ အထြန္း လက္သည္လုပ္ၿပီး ေမြးလာတဲ့ကေလးေလးေတြကဂ်ဴနီယာအထြန္းေလးေတြျဖစ္ေနဦးမယ္ ဟားး "

" ဆရာလင္း ကလဲ က်ဳပ္က မဆိုးပါဘူးဗ် "

" ေအးပါကြာ အထြန္းက မဆိုးဘူး မလိမ္မာတာပဲရွိတာ ဟုတ္ၿပီလား "

ကိုလင္း နဲ႔ ဂ်စ္တူး တစ္ေယာက္တစ္ခြန္းေျပာေနၾကသည္ကို မဟာ ၾကည့္ရင္း သေဘာက်ေနမိသည္ ။ ဒီကေလးနားမွာ ဒီကေလးေပ်ာ္ရႊင္ရီေမာေနခ်ိန္တိုင္း အတူ ရီေမာခ်င္မိသည္။  ေၾကာက္လန္႔အားငယ္ေနတိုင္း အားေပးခ်င္မိသည္ ။ ဝမ္းနည္းေနတိုင္း ေဖးမေပးခ်င္သည္ ။ ခ်စ္ျခင္းတရားဟုမဆိုႏိုင္ေသာ သံေယာဇဉ္ေလးတစ္ခု ျပန္လိုခ်င္မိသည္ ။

" ဪ မဟာ အကို ေျပာစရာရွိလို႔ အခန္းထဲ ခဏ "

" ဗ်ာ ဟုတ္ ဟုတ္ "

ထူးထူးဆန္းဆန္းကိုလင္းကဂ်စ္တူးေရွ႕မေျပာဘဲ အခန္းထဲေခၚသည္မို႔ မဟာ လဲ လိုက္သြားလိုက္သည္ ။ အခန္းထဲေရာက္ေတာ့

" ဘာမ်ားလဲ ကိုလင္း "

" ဟို အကို ႏွင္းႏု နဲ႔ ခ်ိန္းထားလို႔ အဲ့တာ "

" ဟင္ အကိုတို႔ကခ်ိန္းေတာင္ေတြ႕ၾကၿပီလား ျမန္လိုက္တာ "

" မဟုတ္ပါဘူးကြာ အခုမွ ဖြင့္ေျပာမွာပါ "

" မိုက္တယ္ အကိုေရ အညာသားလုပ္ေတာ့မယ္ေပါ႔ "

" ဟားးး ေစာပါေသးတယ္ မဟာရယ္ "

" ဖိုက္တင္း ငါ႔အကို "

" ေအးပါကြာ အဲ့တာ အျပင္ခဏသြားမလို႔ လို႔ ေျပာတာ "

" သြားပါ အကိုရယ္ သြား သြား တစ္ခါတည္း အေျဖရေအာင္ေတာင္းခဲ့ "

" ရရင္ေတာ့ ေကာင္းတာေပါ႔ကြာ "

" Good Luck ငါ႔အကိုေရ "

မဟာ အျပင္ျပန္ထြက္လာေတာ့ ဂ်စ္တူး က သုံးေယာက္ထိုင္ခုံတန္းရွည္မွာ ထိုင္ၿပီး ဟာသစာအုပ္ဖတ္ကာ တခြိခြိနဲ႔ရီေနသည္ ။ မဟာ လဲ သူနဲ႔ တစ္ခုံတည္း ေထာင့္မွာ ဝင္ထိုင္လိုက္သည္ ။

" ကိုႀကီး ကိုလင္းက ဘာတဲ့လဲ "

" ဪ ဘာမွမဟုတ္ပါဘူး။သူအျပင္ခဏသြားမလို႔တဲ့ "

" ဪ ဟုတ္ဟုတ္ "

" အင္း "

" ကိုႀကီး က်ဳပ္ ဒါဖတ္ျပမယ္ "

" အင္း "

" ထမင္းဝိုင္းမွာ သားအဖႏွစ္ေယာက္ ညစာစားေနၾကတာတဲ့ အဲ့မွာ သားျဖစ္သူက႐ုတ္တရက္ေမးခြန္းေမးလိုက္တယ္ တဲ့ "

" အေဖ ပိုးဟပ္ေပါက္ေလးတို႔ အင္းဆက္တို႔က စားလို႔ရလားဟင္ "

" အေဖက ျပန္ေျပာတယ္ ေပါက္ေပါက္ရွာရွာေတြကြာ ခု ညစာ စားေန တယ္။ ညစ္တီးညစ္ပတ္ေတြ မေျပာရဘူး "

" အဲ့လိုနဲ႔  ထမင္းစားၿပီးသြားေတာ့ တီဗီၾကည့္ရင္း သားျဖစ္သူေမးခြန္းကိုသတိရသြားတဲ့အေဖကသားကို ျပန္ေမးတယ္ "

" သားေရ ခုနက ေမးခြန္းျပန္ေမးပါဦး၊ အင္းဆက္တို႔ ပိုးဟပ္ေပါက္ တို႔အေၾကာင္း "

" အဲ့မွာသားက ျပန္ေျပာတယ္ မေမးေတာ့ပါဘူး အေဖ၊ ပိုးဟပ္ေလးကတကယ္စားလို႔ရတာပဲကို တဲ့ ခြိခြိ "

ဆက္မေျပာေတာ့ဘဲ သူ့ဘာသာ သေဘာက်ေနေသာ ဂ်စ္တူးရယ္ပါ ။

" ဆက္ေျပာေလ ဂ်စ္တူးရဲ႕ "

" အင္းအင္း အဲ့မွာ အေဖက ျပန္ေမးတယ္ ေဟ ဘယ္မွာလဲကြ ပိုးဟပ္ေပါက္ "

" အဲ့ေတာ့မွ သားျဖစ္သူ ျပန္ေျပာလိုက္တာက ခုနက အေဖ့စြပ္ျပဳတ္ပန္းကန္ထဲမွာေလ ခုေတာ့ အေဖ့ဗိုက္ထဲမွာေပါ႔တဲ့ "

ဟားးးးး

" တကယ္ပါပဲကြာ သူက အစထဲက အေဖ့ပန္းကန္ထဲမွာလို႔ ေျပာလိုက္ရင္ ၿပီးေနတာကို "

" ခြိခြိခြိ အဲ့လိုပိုးဟပ္ကိုစားလိုက္ေတာ့ ဘာမွမျဖစ္ဘူးလားကိုႀကီး "

မဟာ ႐ုတ္တရက္ေျဖစရာအေျဖမရွိ ။ မသိလို႔ေတာ့မဟုတ္ ။ ဂ်စ္တူးက ထိုင္ေနရာကေန ႐ုတ္တရက္ သူ့ေပါင္ကို ေခါင္းအုံးကာ လွဲခ်လိုက္ျခင္းေၾကာင့္ပင္ ။

" ဘာမွမျဖစ္ဘူးလားလို႔ ကိုႀကီး "

" ဟမ္ ဟမ္ "

" ပိုးဟပ္ကိုစားလဲ ဘာမွမျဖစ္ဘူးလားလို႔ "

" စားလို႔မရဘူး ဂ်စ္တူးရဲ႕ သူကဟာသအေနနဲ႔ေရးထားတာေလ ၿပီးေတာ့ ပိုးဟပ္တစ္ေကာင္လုံးႀကီး ပါးစပ္ထဲဝင္သြားတာကို မသိတဲ့သူရွိပါ႔မလား "

" အင္းေလ ဟုတ္သား "

ကြၽန္ေတာ့္ေပါင္ေပၚေခါင္းအုံးကာ စာအုပ္ဆက္ဖတ္ေနေလရဲ႕ ။ ဒီကေလးက တကယ္ပဲ ကြၽန္ေတာ့္ကို အဆုံးစြန္ထိ ႐ူးသြားေအာင္လုပ္ဖို႔ရည္ရြယ္ေနသလားပဲ ။

" ကိုႀကီး က်ဳပ္ ေမးစရာရွိတယ္ ရယ္ "

" အင္း ေမးေလ "

" ေယာက်ာ္းေလးတစ္ေယာက္ကေလ တျခားေယာက်ာ္းေလးတစ္ေယာက္ကို ခ်စ္သူ လို ခ်စ္လို႔ရလား "

[ တန္းလန္းႀကီးျဖစ္သြား 😁 တစ္ခ်ိဳ႕က Role ကြဲမွ ဖတ္ရတာ အဆင္ေျပၾကတယ္ဆိုလို႔ ေလာင္ေျပာျပထားပါမယ္ အထြန္းက Seme , မဟာက Uke ပါရွင္ ]

Please Vote 💚

Continue Reading

You'll Also Like

211K 8K 37
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.2M 50.2K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3.4M 214K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
966K 50.4K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...