ေမာင့္ကိုခ်စ္ေသာကို💝 မောင့်က...

Από SuHtooPan

252K 17.2K 2.6K

ဒီထူးပန္နဲ႔ငစိုင္းရဲ႕ Married Lifeေလးက ရီဒါေလးေတြေမွ်ာ္လင့္ထားတဲ့အတိုင္းျဖစ္ခ်င္မွလဲျဖစ္မယ္အဆြိနဲ႔အ႐ိုခ်ည္းပဲ... Περισσότερα

💝M1💝
💝M2💝
💝M3💝
💝M4💝
💝M5💝
💝M6💝
💝M7💝
💝M8💝
💝M9💝
💝M10💝
💝M11💝
💝M12💝
💝M13💝
💝M14💝
💝15💝
💝ML16💝
💝M17💝
💝20💝
💝M18💝
💝M19💝
💝M21💝
💝M22💝
💝M23💝
💝M24💝
💝M25💝
💝M26💝
💝M27💝
💝M28💝
💝M29💝
💝ML30💝
💝M31💝
💝M32💝
💝M33💝
💝M34💝
💝M35💝
💝M36💝
💝M37💝
💝M38💝
💝M39💝
💝M40💝
💝M41💝
💝M42💝
💝M43💝
💝M44💝
💝M45💝
💝M46💝
💝M47💝
💝M48💝
💝M49💝
💝M50💝
💝M51💝
💝M52💝🚨🚨🚨
🔔 Announcement🔔
💝M54💝
💝M55💝
💝M56💝
💝M57💝
💝M58💝
💝M59💝
💝M60💝
Hello

💝M53💝

2K 133 38
Από SuHtooPan

Z/

ငစိုင္း
ကိုကိုနဲ႔အတူ စားေသာက္ၿပီး အေပၚျပန္တက္ကာ အနားယူ၍ အိပ္ၾကသည္။ႏွစ္ေယာက္သား အေတာ္ေလးအားအင္ကုန္ခမ္းထားၾကရာ ညေနေစာင္းမွႏိုးေလသည္။ဒါေတာင္ သူ႔ထက္အအိပ္ႀကီးေသာ ကိုကိုကမႏိုးေသး။ငစိုင္း ကိုကို႔မ်က္ႏွာေခ်ာေခ်ာႀကီးကို တစ္ဝႀကီးေငး၍ ထိေတြ႕ၿပီး မွ အဆံုးသတ္ မ်က္ခံုးစိမ္းတန္းေလးေတြအား ျမတ္ျမတ္ႏိုးႏိုး နမ္းရိႈက္လိုက္သည္။ေနာက္ ကိုကို႔အား ေစာင္ေသခ်ာျပန္ဆြဲျခံဳေပးထားခဲ့ၿပီး သူကေတာ့ ေအာက္ထပ္ဆင္းခဲ့လိုက္သည္။

ခနေန ေမေမ ဆိုင္သိမ္းျပန္လာမည္မို႔ ငစိုင္း အိမ္ေရွ႕ဒန္းေလးမွာ ထိုင္ေစာင့္ႀကိဳေနလိုက္သည္။သူ သိပ္မေစာင့္လိုက္
ရပါ ခနအၾကာ ဦးညိဳမွာကားေလးကို ၿငိမ့္ေျငာင္းေသသပ္စြာ ေမာင္းဝင္လာသည္။ငစိုင္း ကားနားအေျပးေလးသြားလိုက္ၿပီး ေမေမ့ဘက္မွ ကားတံခါးကို ဆြဲဖြင့္၍ ေမေမ့လက္ထဲမွ ပိုက္ဆံအိတ္နဲ႔ဆြဲျခင္းေလးကို လႊဲေျပာင္းယူလိုက္သည္။

"သားကိုကိုေရာ ....."

"အိပ္ေနတယ္ေမေမ "

"ဟယ္....ဒီကေလး ဒီအခ်ိန္ထိအိပ္ေနတယ္
ဖ်ားေတာ့မွာပဲ "ဟုတ္သား ငစိုင္း ထိုအခါမွ ကိုကို႔ကို ေဆးမတိုက္လိုက္ရသည္ကိုလည္း အမွတ္ရမိသည္။ေသစမ္း စိုင္းဟိန္းထက္ေရ....ေသစမ္းဟ ဒီၾကားထဲ သူက ခံရသူကို ေန႔လည္စာပါ ျပင္ဆင္ခိုင္း၍ႏွိပ္စက္ခဲ့လိုက္ေသးသည္။

"သားကိုကို ကို သြားနိႈးလိုက္ေတာ့
ညေနထိအိပ္ ဖ်ားလိမ့္မယ္ ေပးေပး ဒါေတြေမေမ့ကိုပဲေပးခဲ့ သြား..သြား "

"ရတယ္ ေမေမ သားပဲယူလာေပးမယ္ေလ လာ " ဆိုကာ ငစိုင္း ေမေမ့ကို တြဲ၍ ဆြဲေခၚကာ အသင့္ေဖ်ာ္ထားၿပီး အေအးခြက္ေလးကို ကမ္းေပးလိုက္သည္။ေနာက္ ေမေမ ေသာက္ၿပီးသည္ထိ ေစာင့္ၿပီးမွ ျပန္သိမ္း၍ ေမေမ့ကို နားေစကာ သူကေတာ့ ကိုကို႔ကိုနိႈးရန္ ျပန္ေျပးတက္ခဲ့သည္။ကိုကိုကေတာ့ သူေရာက္သည္အထိ မႏိုးေသးေပ။

နဖူးေလးအား စမ္းၾကည့္ေတာ့ ကိုယ္ေငြ႕ေႏြးေႏြးေလး ေႏြးေနသည္။သူ.....ဒါကို အေစာကတည္းက ဘာလို႔သတိမထားမိခဲ့ပါလိမ့္။ဒီလိုေတြးမိျပန္ေတာ့လည္း ငစိုင္း ကိုယ့္ကိုကိုယ္ အပစ္တင္၍ မုန္းမိသည္။

ကိုကိုက သူနဲ႔ပက္သက္ရင္ အေသးစိတ္ေလးကအစ မလြတ္ေစဘဲ ဂ႐ုစိုက္သေလာက္၊တာဝန္ေက်ပြန္သည္ထက္လြန္ကာ ေက်သေလာက္ သူကေတာ့ သူလိုေကာင္ကေတာ့.....။
ငစိုင္း မ်က္ရည္တစ္စက္ ကိုကို႔ပါးျပင္ထက္ ခုန္ဆင္းသြားေတာ့ ကိုကို႔မ်က္ခံုးတန္းေလး တြန္႔က်ိဳးသြားသည္။

ေနာက္ တျဖည္းျဖည္း ပြင့္ဟလာေသာ မ်က္ဝန္းေတြမွာ သူ႔ေဘးနား ငုတ္တုပ္ေလးထိုင္ ကာ ကိုယ့္ဘာသာအပစ္တင္ရင္းဝမ္းနည္းေနတဲ့ အဆိုးေလးေၾကာင့္ ထူးပန္မွာ အိပ္မႈန္စံုမႊားပင္ ျဖစ္မေနႏိုင္ တစ္ခါထဲငုပ္တုပ္တန္းထိုင္ေမးမိသည္။

"ေမာင္...ေမာင္ဘာျဖစ္လို႔လဲ
ဘာျဖစ္လို႔ ငိုေနတာလဲ "

"ရႊတ္စ္ ....ဟင့္အင္ မငိုပါဘူး
ကိုကိုဖ်ားေနၿပီ ....ေမာင္ ေမာင္က ကိုကို႔ကို ဂ႐ုမစိုက္မိပဲ ေဆးမတိုက္လိုက္မိဘူး ရႊတ္စ္ အခုေတာ့ ကိုကိုဖ်ားသြားၿပီ " မငိုဘူးသာ ေျပာတာ ႏွပ္ေလး တရံႈ့ရံႈ့ တရႊတ္ရႊတ္နဲ႔ သူ႔ေယာက်ာ္းေလးက သူဖ်ားေနသည္မို႔ ငိုေနသည္တဲ့ေလ။တကယ္ပဲ.....ဘယ္လိုေကာင္ေလးလဲ ကြာ  ။

ထူးပန္ သူ႔နဖူးသူ ျပန္စမ္းၾကည့္ေတာ့ ကိုယ္က ေႏြးရံုေႏြးေနတာပါ။တအားႀကီး ဖ်ားနာေနသည္လည္း မဟုတ္။ၿပီးေတာ့ ဒါမ်ိဳးဆိုတာျဖစ္ေလ့ျဖစ္ထ ရွိသည္ပဲေလ။ဒါကို ဒီေကာင္ေလး ဘာေတြဝမ္းနည္းသြားေစရတာတုန္း။ေဆးက သူကိုယ္တိုင္လည္း ခနတိုင္း အၿမဲတမ္းေသာက္ခ်င္မေနပါ။မနက္အလုပ္ရွိသည့္အခါမ်ိဳးသာ မေသာက္မေနရ ေသာက္ျဖစ္သည္။ေနသာေနရင္ေတာ့ မ်ားေသာအားျဖင့္ မေသာက္ျဖစ္သည္က မ်ားသည္။ ေမာင္သာ တစ္ခါတစ္ရံ သူ႔အားအလိုလိုက္ ......ေပးသည့္အခါမ်ိဳးေတြမွာ ဖ်ားသြားတတ္ျခင္းျဖစ္သည္။

ထူးပန္မွာ ေခါင္းေလးငံု႔ ႏွပ္ေလးရံႈ့၍ ဝမ္းနည္းေနသည့္ေကာင္ေလးကို ရင္ခြင္ထဲဆြဲသြင္း ပါးအိအိေလးအား ရိႈက္နမ္းမိသည္။ေမာင့္ပါးေလးေတြအား....သူဘယ္ခ်ိန္ျဖစ္ျဖစ္ ဘယ္ေလာက္ပဲျဖစ္ျဖစ္ နမ္း၍ မဝႏိုင္။နမ္းၿပီးရင္းကို နမ္းခ်င္ေနမိသည္။

"ကိုကအခုလည္း ဖ်ားေနတာမွမဟုတ္ပဲ ေမာင္ရယ္
ဘာေတြဝမ္းနည္းေနရတာတုန္း အဆိုးေလးရယ္ဟင္ "

"ေမာင့္ကိုေမာင္ တာဝန္မေက်ဘူးလို႔ ခံစားရလို႔ "

"တာဝန္....တာဝန္လား ....
ကိုတို႔ၾကားမွာ တာဝန္ေတြ၊ဝတၱရားေတြမလိုပါဘူးေမာင္ရယ္ အဲဒီ တာဝန္အရ၊ဝတၱရားအရ ေပးလာတာေတြကိုလည္း ကိုမလိုခ်င္ဘူး"

"မဟုတ္ဘူး...ေမာင္...ေမာင္က "

"အြင္း ...ကိုယ္နားလည္တယ္
ကိုယ္နားလည္တာမို႔ ေမာင္က အရွိကိုအရွိတိုင္း ေမာင့္အရွိအတိုင္းေနပါ ကိုကတာဝန္ေတြ၊ဝတၱရားေတြကို သိတတ္တဲ့၊ေက်ပြန္တဲ့ ေယာက်ာ္းကို ခ်စ္တာမဟုတ္ဘဲ ေမာင့္အရွိတိုင္းဆိုးတတ္၊ဂ်စ္တတ္တဲ့ ကို႔သည္းညႇာေလးကိုပဲ ခ်စ္တာမို႔ "ထူးပန္ သူ႔အား မ်က္ရည္စိုလက္မ်က္ဝန္းလဲ့ေလးေတြနဲ႔ ေမာ့ကာ ေငးၾကည့္လာသူေလးအား အင့္ခနဲ တစ္ခ်က္ ဖ်စ္ညႇစ္၍ ....

"မြ....ကိုေျပာတာကို ကို႔ကေလးေလးက
နားလည္တယ္ဟုတ္? "ဆိုေတာ့ လည္း ေခါင္းညိတ္ျပကာ ျပံဳးေလသည္။ေနာက္ ရင္ခြင္ထဲက ႐ုန္းထြက္ၿပီး ေဆးျခင္းေလးထဲမွ ေဆးထယူကာ ....ေပးလာသည္။

"ဘာပဲျဖစ္ျဖစ္ အခုေဆးေတာ့ေသာက္ရမယ္
ကိုကို႔ ကိုယ္ေတြေႏြးေနတယ္ "ထူးပန္ မ်က္ႏွာေလးငယ္ ႏွာေခါင္းေလးရံႈ့ရင္း ျငင္းလို႔ရမလား ႀကိဳးစားမိသည္။

"မေသာက္လို႔ မရဘူးလား "

"မရဘူး ေသာက္ကိုေသာက္ရမယ္ "တစ္ခ်က္လႊတ္အမိန္႔မွာ သူလက္ျဖန္႔ယူေတာ့ အဆိုးေလးက ေပးမလာ။သူ ေမာ့ၾကည့္ေတာ့ ေမာင္က မ်က္ခံုးေလးပင့္၍ ေဆးကို သူ႔နႈတ္ခမ္းပါးေလးေတြၾကား ညႇပ္ထားသည္။အဟား....
ဒါမ်ိဳးတိုက္လို႔ကေတာ့ အဆိပ္ဆိုရင္ေတာင္ ၁ဝခါျပန္မက ပ်ာ္ေပ်ာ္ႀကီး ေသာက္ပစ္လိုက္အုန္းမည္။

သူ႔နႈတ္ခမ္းေတြထံ ထိကပ္လာေသာ ေမာင့္နႈတ္ခမ္းၾကားမွ ေဆးေလးမွာ လွ်ာႏုႏုေလးထံမွ တြန္းပို႔ျခင္းပါ ခံလိုက္ရသည္။ေနာက္ ေမာင္က ေဘးနားရွိေရဘူးထဲမွ ေရကိုလည္း ထိုနည္းလည္းေကာင္းပင္ တိုက္ေလသည္။ေဆးက ဗိုက္ထဲေရာက္လို႔ ေပ်ာ္ဝင္ေနေလာက္သည့္တိုင္ နႈတ္ခမ္းႏွစ္စံု ၊ရင္ခြင္ႏွစ္ခုမွာ မခြဲႏိုင္၊မခြာႏိုင္ ထိကပ္ခိုင္ၿမဲေနဆဲပင္။အေတာ္ၾကာမွ ထူးပန္ ေမာင့္ကို လႊတ္ေပးလိုက္သည္။

ငစိုင္း
ကိုကိုရယ္၊ေမေမရယ္နဲ႔ ညစာအတူစားၿပီး TV ထိုင္ၾကည့္ေနစဥ္ ဇာတ္ကားထဲမွ မင္းသမီးအေမေျပာေသာ စကားေတြေၾကာင့္ စားလက္စ စေတာ္ဘယ္ရီအသီးေလးပင္ လည္ေခ်ာင္းနင္၍ မနည္းမ်ိဳခ်လိုက္ရသည္။ကိုကိုကေတာ့ ေက်ာေလးသပ္၊ေရေလးခပ္ေပးနဲ႔ ပ်ာယာခတ္သြားသေလာက္ သူကေတာ့ TV ကိုသာ မ်က္လံုးမခြာတမ္းၾကည့္ေနမိၿပီး စကားလံုးတစ္လံုးခ်င္းစီက နားထဲ႐ိုက္သြင္းခံလိုက္ရသလို အဲဒါကိုပဲ ထပ္တလည္း လည္လည္ ၾကားေယာင္ေနေတာ့သည္။ေနာက္ပိုင္း ထိုဇာတ္ကားထဲမွ ျဖစ္ပ်က္လာခဲ့ေသာ ျပသာနာေတြ ျပန္လည္ေျဖရွင္းႏိုင္သြားပံုေတြၾကည့္ၿပီး ငစိုင္းရင္ထဲ မရွိဖူးေသာ ဆႏၵေလးတစ္ခု ျဖစ္တည္လာသည္။

ေဘးနားက ကိုကိုနဲ႔ ေမေမ့ကိုၾကည့္လိုက္ေတာ့ သူတို႔ကေတာ့ ဘာမွအထူးတလည္ခံစားရပံုမေပၚ ဒီတိုင္းၾကည့္စရာရွိသည္ကိုသာ ၾကည့္ေနသည့္သေဘာရွိသည္။သူ႔မွာသာ.....။

သူ ...ဒီအေၾကာင္းနဲ႔ ပင္သက္၍ မေတြးဖူးသည္ေတာ့မဟုတ္ ေတြးဖူးပါသည္။မစိုးရိမ္ဖူးသည္လည္း မဟုတ္ စိုးရိမ္ဖူးခဲ့သည္။သို႔ေသာ္....သူကိုကို႔ကို အႂကြင္းမဲ့ယံုၾကည္ခဲ့သည္။ကိုကိုနဲ႔သူ႔ၾကား ဒါေတြမလိုအပ္၊ကိုကိုသည္ သူ႔အား ဘယ္ေတာ့မွ ထားသြားမွာ မဟုတ္ဆိုသည္ကိုေပါ့။ဒါေပမဲ့ အခုေတာ့ သိပ္မၾကာခင္ကမွ သူရရွိခဲ့ဖူးေသာ ကြာရွင္းစာခ်ဳပ္အား ျပန္ျမင္ေယာင္လာသည္။ဟင့္အင္....ဒါမ်ိဳး ထပ္အျဖစ္မခံႏိုင္ဘူး......ျဖစ္မလာေစရဘူး။

ႀကိဳး....ဟုတ္တယ္ ကိုကိုနဲ႔ သူ႔ၾကား ဘယ္ေတာ့မွ မျပတ္ေတာက္ႏိုင္မဲ့၊ျဖတ္ေတာက္မရႏိုင္မဲ့ ႀကိဳးေလးတစ္ေခ်ာင္းေတာ့ ခ်ည္ထားဖို႔လိုလာၿပီ။သူ ....ခိုင္မာေသာ ဆံုးျဖတ္ခ်က္တစ္ခုနဲ႔ ထိုင္ေနရာမွ ျဖတ္ခနဲ ထရပ္လိုက္မိသည္။

ထူးပန္ TV အတူထိုင္ၾကည့္ေနရင္းမွ
ရတ္တရတ္ထရပ္လိုက္ေသာ ေမာင့္ေၾကာင့္ သူ နားမလည္စြာ ေမာ့ၾကည့္မိသည္။ေမာင္ဘာလိုလို႔လဲ...ဟု ေမးရန္အျပင္မွာပင္ .....

"ကိုကို...ေမာင္တီေလးဆီ ခနသြားလိုက္အုန္းမယ္ "
ထူးပန္နာရီကို ၾကည့္လိုက္ေတာ့ 7:10 Pm ။အရမ္းႀကီး ေနာက္မက်ေသးသလို တစ္လမ္းေက်ာ္ မ်က္ေစာင္းထိုးေလးတင္ပဲမို႔ သူေခါင္းညိတ္လိုက္ၿပီး....

"ကို လိုက္ခဲ့ရအုန္းမလား "

"ဟင့္အင္...... ေမာင့္ဘာသာပဲသြားလိုက္မယ္
နည္းနည္းၾကာမွာမို႔ "

"ဒါဆို ....မနက္မွသြားလို႔မရဘူး "

"ဟင့္အင္....အခုသြားခ်င္တာ
ဟို ေမာင္ျပန္လာခါနီးၾက Ph ဆက္လိုက္မယ္ လာေခၚေလေနာ္ ...ေနာ္ကိုကို ေနာ္ "

ေဒၚဆုမာလာေဝ မေအကိုေရွ႕ထားကာကဲျပသည္းျပေနေသာ သားနဲ႔သမက္ေၾကာင့္ မျမင္ဟန္ျပဳ၊မသိဟန္ျပဳ မေနႏိုင္ေတာ့ပဲ .....

"ကဲပါ....သားရယ္
ဟိုးနားနဲ႔ ဒီနားကို သြားပါေစ တျခားသြားမွာလည္းမဟုတ္ပဲနဲ႔ "

"အြင္းပါ.....ဒါဆိုလည္း ျပန္လာခါနီး ကိုယ့္ဆီPhေခၚေနာ္
ကိုလာေခၚမယ္ "

"ဟုတ္ ..." ဆိုကာ ေယာက်ာ္းပါးကို ရႊတ္ခနဲနမ္း၍ ရွက္ရဲရဲနဲ႔ ထြက္ေျပးသြားတဲ့ သမက္ေတာ္ေလးေၾကာင့္ ေဒၚဆုမာလာေဝ ျပံဳးမိရသည္။သားေတာ္ေမာင္ကေတာ့ ၾကည္ႏူးပီတိဂြမ္းဆီထိေနသည့္အျပံဳးႀကီးနဲ႔ ျပံဳးမိန္႔မိန္႔ႀကီး ထိုင္က်န္ရစ္ေလသည္။

အင္း.....အခုေတာ့လည္း တိမ္ကင္းစင္သည့္ ေကာင္းကင္ျပာလို ဒီကေလးႏွစ္ေယာက္ၾကား သာယာေအးခ်မ္းသည့္ အိမ္ေထာင္တစ္ခု ျပန္ျဖစ္တည္ ၊တည္ေဆာက္ထိန္းမတ္ႏိုင္ခဲ့သည္။

ငစိုင္း
တီေလးဆီေရာက္ေတာ့ တီေလးက အခ်ိန္မေတာ္ မွေပါက္ခ်လာေသာ ဒီခ်ိန္တစ္ခါမွမလာစဖူးအလာထူးေသာ သူ႔ကိုဘာျဖစ္လာသလဲဟု အကဲခတ္စူးစမ္းေနသည္။တီေလး စိုးရိမ္မည္ဆိုလည္း စိုးရိမ္စရာ သူ႔မ်က္ႏွာက ခါတိုင္းလို ရႊင္ပ်၊တက္ႂကြမေနဘဲ ရွားရွားပါးပါး အတည္ႀကီးေလးနက္ေနခဲ့သည္ကိုး ။

"သား....သားငယ္ ဘာျဖစ္လာလို႔လဲ "

"တီေလး..."

"အြင္း ေျပာေလသား "

"သား ကေလးလိုခ်င္တယ္ "

"ဟင္...ဘာ...ဘာလို႔ "

"ကိုကို႔အတြက္ သားကေလးလိုခ်င္တယ္ "

"ဘယ္လိုျဖစ္လာတာလဲသားရယ္
တီေလးကို ရွင္းေအာင္ေျပာစမ္း "

"သားခုနက ဇာတ္ကားတစ္ခုၾကည့္လာတယ္ "

"အြင္း...အဲဒီေတာ့ "

"အဲ့ ဇာတ္ကားထဲမွာ မင္းသမီးအေမက ေျပာတယ္"

"............,"

"အိမ္ေထာင္တစ္ခု တည္ၿမဲဖို႔ဆို သားသမီးရတနာက
မရွိမျဖစ္လိုအပ္တယ္တဲ့။ႏို႔မဟုတ္ရင္ ျပသာနာတစ္ခုတက္လာတဲ့အခါ မာနေတြၿပိဳင္ ဂုဏ္ေတြစစ္ခင္းလာၾကတဲ့အခါ ေႏွာင္တြယ္စရာ ငဲ့ကြက္စရာ ႀကိဳးေလးတစ္စမွ ခ်ည္မထားခဲ့ရင္ ၃နဲ႔၄ လို အလြယ္ေလး ေက်ာခိုင္းျပတ္စဲၾကႏိုင္လိမ့္မယ္တဲ့ ။သားသမီးဆိုတာ အိမ္တစ္အိမ္ရဲ႕ဆည္းလည္း မိသားစုအတြက္ ရတနာတစ္ပါးပဲတဲ့ "

"ဪ....သားရယ္ ဒါက ဇာတ္ကားထဲမွာေတာ့
ဇာတ္အလိုက္ ...."

"ဟင့္အင္....မဟုတ္ဘူးတီေလး ေမေမလည္းမမကို အဲလိုေျပာခဲ့တာပဲေလ "

"ဒါေပမဲ့ သားတို႔က ...."

"သားတို႔လည္း ကေလးယူႏိုင္တယ္ ယူလို႔ရတဲ့နည္းေတြရွိတယ္မလား တီေလး ဟင္ "

"ဒါက....."

"သား ၾကားဖူးတယ္ ....သားေတြ႕ဖူးတယ္ "

"ဒါကထင္သေလာက္ေတာ့ မလြယ္ဘူးေလ သားရယ္ "

"ဘယ္လို မလြယ္တာလဲ တီေလး "

"ဟင္း...ဟုတ္ၿပီ သားက သားတို႔ကေလးလိုခ်င္တယ္ထား
ဘယ္လိုနည္းနဲ႔ ယူဖို႔စဥ္းစားမိလဲ စဥ္းေရာစဥ္းစားၿပီးၿပီလား "

"ဟင့္အင္...သားအခု အဲဒီဆႏၵ ရရျခင္း တီေလးဆီတန္းလာခဲ့တာ တီေလးက ဆရာဝန္ပဲ တီေလးက ပိုနားလည္မွာေပါ့ "

"ဟုတ္ၿပီ သားတို႔ ကေလးလိုခ်င္တယ္
ယူလို႔မရဘူး မဟုတ္ဘူး ယူလို႔ရတယ္
ယူလို႔ရတဲ့နည္းလမ္းေတြလည္းမ်ားသထက္မ်ားလာပါၿပီ "

"အနီးစပ္ဆံုးဖန္ႁပြန္သေႏၶ ယူလို႔ရမယ္၊အငွားကိုယ္ဝန္ယူလို႔ရမယ္၊သားအိမ္အစာထိုး ယူလို႔ရမယ္ "

"ခ.....ခန တီေလး သားအိမ္အစားထိုးယူလို႔ရတယ္ဆိုတာက "

"ဒါက ေအာင္ျမင္ႏိုင္ေခ်ေတာ့နည္းတယ္ ဒါေပမဲ့ မျဖစ္ႏိုင္တာမ်ိဳးေတာ့မဟုတ္ဘူး အေနာက္ႏိုင္ငံေတြမွာဆို ဒီနည္းလမ္းကို အသံုးျပဳလာၾကတာမ်ားတယ္ အခုဆို အာရွမွာလည္း အထူးသျဖင့္ ထိုင္းမွာေပါ့ ဒါမ်ိဳးCase ေတြ စမ္းသပ္ေအာင္ျမင္ေနၾကၿပီ"

"အဲဒါက ဘယ္လိုမ်ိဳးလဲ တီေလး ...."

"အေသးစိတ္ေတာ့ တီေလးလည္း ေသခ်ာမေလ့လာဖူးေသးဘူးသား တီေလးသိသေလာက္ေတာ့ သူကသားအိမ္အစားထိုးတဲ့အခါ သားအိမ္တည္ဖို႔ၿမဲဖို႔ကို အနည္းဆံုး ၃လေလာက္ေဆးထိုး၊ေဆးစား ေစာင့္ၾကည့္ရတယ္၊အဲ....သားအိမ္ၿမဲၿပီ ဆိုရင္လည္း အနည္းဆံုး ၃ႏွစ္ေလာက္ထိၿမဲတယ္ အဲ၃ႏွစ္ထိ သားအိမ္ကိုအထိအခိုက္မရွိ မထုတ္ပဲထားႏိုင္တယ္။ဒါေၾကာင့္ ကေလးကို ၁ေယာက္ကေန ၂ေယာက္ထိ ယူႏိုင္တယ္။၃ႏွစ္ေက်ာ္ရင္ေတာ့ သားအိမ္ကိုျပန္ခြဲထုတ္ပစ္သင့္တယ္။ဒါက အစကတည္းက အစားထိုးတဲ့အရာတစ္ခုပဲေလ သဘာဝျဖစ္တည္မႈလို ဘယ္ေဘးထြက္ဆိုးက်ိဳးကင္းႏိုင္ပါ့မလဲ "

"အဲဒါက ေအာင္ျမင္ႏိုင္ေခ် ဘယ္ေလာက္ေလာက္ရွိလဲတီေလး "

"ဒါေတာ့ လက္ခံအစားထိုးမဲ့ လူရဲ႕ ျခင္ဆီ၊က်န္းမာေရး ေဆးစစ္ခ်က္ေတြအေပၚမူတည္မယ္ မဟုတ္မွ သား အဲဒီနည္းလမ္းကိုမ်ား ....မ...မဟုတ္ပါဘူးေနာ္ "

"ဟုတ္တယ္ တီေလး သားအဲဒီနည္းလမ္းကိုပဲ သံုးခ်င္တယ္ "

"ဟင္!! ဒ...ဒါက ထင္သေလာက္မလြယ္ဘူးေနာ္
သားငယ္...အမ်ိဳးသမီးေတြေတာင္မွ ဓမၼာတာအရ ကိုယ္ဝန္ေဆာင္ရေတာင္ ကိုယ္ဝန္ေဆာင္စဥ္ ဒုကၡအမ်ိဳးမ်ိဳး၊ၾကံဳရခံစားရတာ သားတို႔က ဘယ္လိုလုပ္
ေနအုန္း...ထူးပန္ကိုေရာ တိုင္ပင္ၿပီးရဲ႕လား သူကေရာ ကေလးလိုခ်င္မတဲ့လား ၿပီးေတာ့ ဒါကိုလက္ခံႏိုင္ပါ့မလား တီေလးေတာ့မထင္ဘူးေနာ္ သား"

"ကိုကို႔ကိုက သားေျပာမွာပါ
ၿပီးေတာ့ ကေလးကို သားပဲလြယ္မွာ "

"ဟင္....ဘယ္လို "

"ဟုတ္တယ္....ကိုကိုက ကုမၼဏီအလုပ္ေတြရွိေသးတယ္ ပစ္ထားခဲ့လို႔ မရဘူးေလ သားကၾက ေက်ာင္းလည္းၿပီးၿပီ အလုပ္လည္းမရွိေသးဘူး ဒါေၾကာင့္ သားလြယ္လို႔ရတယ္ "

"ေနပါအုန္း သားရယ္ ဒီလိုကိစၥမ်ိဳးဆိုတာက သားတစ္ဦးထဲ သားသေဘာနဲ႔ သား ဆံုးျဖတ္လို႔မရဘူးေလ ေမေမတို႔ေဖေဖတို႔လည္း တိုင္ပင္ရအုန္းမယ္ ၿပီးေတာ့ ထူးပန္ကိုေရာ မမဆုကိုေရာ လူႀကီးေတြအားလံုးနဲ႔ တိုင္ပင္ေဆြးေႏြးၿပီးမွ ဆံုးျဖတ္ရမဲ့ကိစၥေလ "

"သား ေမေမတို႔ကိုလည္း ခြင့္ေတာင္းမွာပါ တီမာ့ကိုေရာပဲ
အခုက တီေလးကို အရင္ဆံုးတိုင္ပင္တာပါ ကိုကို႔ကိုေတာ့ ေနာက္မွ ေျပာျပမယ္ တီေလးလည္း ကိုကို႔ကို ဘာမွသြားမေျပာနဲ႔အုန္း ကိုကိုသိရင္ လံုးဝလက္ခံမွာ မဟုတ္တာေသခ်ာတယ္ "

ေသခ်ာတာေပါ့ ထူးပန္သာ ၾကည္ၾကည္ျဖဴျဖဴ လက္ခံသေဘာတူခဲ့ရင္ သူ ရွိသမွ် အေမြ ဒီတူတစ္ေယာက္ထဲဆီ အကုန္လႊဲေျပာင္းေပးပစ္လိုက္ပါမည္ ။ဟင္း....ကိုယ့္တူအေၾကာင္းလည္း ကိုယ္အသိဆံုးမို႔ ျပသာနာက တစ္ခုမၿပီးေသး...တစ္ခုကေတာ့ေပၚလာၿပီ။လူႀကီးေတြကေတာ့ မ်ိဳးဆက္ေျမးငယ္ မလိုခ်င္ပဲရွိပါ့မည္လဲ ....လိုခ်င္တာေပါ့။အထူးသျဖင့္ မမဆု...ေမြးထားသည္က တစ္ဦးတည္းေသာ သားေလးမို႔ မ်ိဳးဆက္မည္မွ် လိုခ်င္ေနရွာခဲ့မည္လဲ။ခက္တာက ထူးပန္ ....တကယ့္ေခါင္ႀကီးကို သူ႔တူ ဘယ္ေလာက္ထိခ်ဴပ္ႏိုင္မည္လဲအား ေစာင္ၾကည့္ရံုသာရွိေတာ့သည္ေပါ့။

ငစိုင္း
တီေလးနဲ႔စကားေျပာၿပီး ကိုကို႔အား လာႀကိဳခိုင္း၍ ျပန္ခဲ့သည္။ေနာက္ ႏွစ္ေယာက္အတူ အိပ္ယာဝင္ရင္း စကားစမိသည္။

"ကိုကို...ကေလးခ်စ္တတ္လားဟင္ "

"ကေလးလား ဘာလို႔လဲ "

"ဘာလို႔လဲ ျပန္မေမးနဲ႔ ေမးတာပဲေျဖ "

"ဟုတ္ကဲ့ပါဗ်ာ ...ခ်စ္စရာေကာင္းတဲ့ကေလးေလးေတြေတာ့ ခ်စ္တတ္တာေပါ့ ကေလးတိုင္းေတာ့ မဟုတ္ဘူး "

"အယ္....ဘာလို႔လဲ
ကိုကိုက ႐ုပ္ရည္အဆင့္တန္းခြဲျခားခ်စ္တာလား "

"ဟမ္....မဟုတ္ရပါဘူးဗ်ာ
ဒီလိုေလကြာ တခ်ိဳ႕ကေလးေတြၾက ႐ုပ္ကအလွႀကီး၊အေခ်ာႀကီးမဟုတ္ေပမဲ့ ခ်စ္ေမႊးေလးပါၿပီး ခ်စ္စရာေကာင္းတယ္ေလ ။သြားက်ိဳးေလးနဲ႔ကတံုးေျပာင္ေလးနဲ႔ဆိုရင္ေတာင္တအားခ်စ္စရာေကာင္းေနတာမ်ိဳး ။တခ်ိဳ႕ကေလးေတြၾက ၾကည့္လိုက္ရင္ ကေလးက တကယ္အေခ်ာေလး၊အလွေလး ။ဒါေပမဲ့ သူ႔မွာ ဘယ္လိုေျပာရမလဲ ကေလးေပမဲ့ တခ်ိဳ႕ကေလးေတြမွာ မာန္ေလးေတြ၊ဂုဏ္ေလးေတြ ကိန္းဝပ္ေနတာေလးေတြရွိတယ္ ။ေျပာရရင္ကြာ ကေလးသဘာဝ ျဖဴစင္ၿပီးခ်စ္စရာေကာင္းမေနဘူး ေတြ႕ဘူးတယ္မလား အဲလိုကေလးေလးေတြ "

"အြင္း....." ကိုကိုေျပာတာလည္း ဟုတ္သလိုလိုရွိသည္မို႔ ငစိုင္း ေခါင္းညိတ္ ေထာက္ခံလိုက္သည္။

"အင္း....ဒီေတာ့ အဲလိုကေလးေတြၾက ဘယ္ေလာက္ေခ်ာေနလွေနေန ဒီကေလးေလး ေခ်ာတယ္၊လွတယ္ေပါ့ ဒါေပမဲ့ ခ်စ္စရာေကာင္းတယ္လို႔ အထူးတလည္ မခ်စ္မိေတာ့တာေပါ့ အဲလိုမ်ိဳး ။အဲဒါေၾကာင့္ ကေလးသဘာဝ ျဖဴစင္ၿပီး ခ်စ္စရာေကာင္းတဲ့ ကေလးေတြေတာ့ ကိုလည္းခ်စ္တာေပါ့ ခ်စ္မိတာေပါ့ ။မ်ားေသာအားျဖင့္ေတာ့ ကေလးေတြက ခ်စ္ဖို႔ေကာင္းပါတယ္ ။မိဘလႊမ္းမိုးမႈ၊မိဘေလာင္းရိပ္မိေနတဲ့ ကေလးေတြေလာက္သာ အဲလိုျဖစ္သြားၾကတာပါ"

"အြင္း...."

"ေမာင္က ဘာလို႔ေမးတာလဲ "

"ဟင္...!!ဪ ညေနကေလ Fb ပြတ္ရင္း Nf မွာ
Cutie -Baby Photos ေလးေတြ တက္လာလို႔ ဝင္ၾကည့္ရင္း ခ်စ္ဖို႔ေကာင္းလိုက္ၾကတာလို႔ ေတြးမိလို႔ အဲဒါ ကိုကိုေရာ ကေလးခ်စ္တတ္လားလို႔ ေမးၾကည့္တာ "

"အြင္း ကိုကိုလည္း Nf မွာ အဲလိုပံုေလးေတြ တက္လာရင္ ဝင္ၾကည့္ျဖစ္တယ္ ခ်စ္စရာေလးေတြေလ "

"ကိုကို..."

"ဗ်ာ...ဗ် "

"ကိုကို ကေလးလိုခ်င္လား "

"ဟား....အဆိုးေလး ဘာေတြလာေမးဂ်စ္အုန္းမလို႔လဲ။
မရဘူးေနာ္ ....ဒီညေတာ့ မဂ်စ္နဲ႔ေတာ့ေနာ္ အဆိုးေလး။
ကိုကို ကိုယ္ေတြေႏြးေနတုန္းပဲေလ အိပ္ၾကရေအာင္ေနာ္ " ဆိုကာ ထူးပန္ ေမာင့္အား ရင္ခြင္ထဲ သိမ္းထုပ္ထည့္၍ ဇြတ္အိပ္ရန္ ေခ်ာ့ျမဴရသည္။ထိုအခါမွ သူ႔နဖူးအား တစ္ခ်က္ထစမ္းရင္း ရင္ခြင္ထဲျပန္တိုးဝင္ကာ ၿငိမ္သြားတဲ့ အဆိုးေလးေၾကာင့္ ထူးပန္ကိုယ္ေငြ႕ေႏြးေနသည္ကိုပင္ ေက်းဇူးတင္ရသည္။

ေနာက္ရက္ ငစိုင္း ႏိုးႏိုးခ်င္း ကိုကို႔နဖူးကို စမ္းၾကည့္မိသည္။ေတာ္ပါေသးရဲ႕ ကိုယ္ေငြ႕ေႏြးမေနေတာ့လို႔ ။ဘာပဲျဖစ္ျဖစ္ အားရွိေအာင္ ၾကက္စြတ္ျပဳတ္ေလးေတာ့ လုပ္ေပးရမည္။သူ....ကိုကို႔ ေမးေလး တစ္ခ်က္နမ္း၍ အိပ္ယာထဲမွ ထကာ မ်က္ႏွာသစ္ကိုယ္လက္သန္႔စင္ရသည္။ၿပီး.....ကိုကို႔အတြက္ပါ တစ္ခါထဲ ျပင္ဆင္ထားေပးခဲ့ၿပီး ေအာက္ထပ္ဆင္းခဲ့လိုက္သည္။

ဟုတ္သား ဒီေန႔ ကိုစည္းနဲ႔ ကိုလွ်ံေဝေသာ္လည္း လာမယ္ေျပာထားတာပဲ ။ဒါဆို ဒီေန႔ ေန႔လည္စာ ေဒၚတူးကို ပိုခ်က္ခိုင္းရမယ္။မဟုတ္ေသးပါဘူး....ကိုယ္တိုင္ဝင္ခ်က္အုန္းမွပါ ။အဲဒါထက္ ကိုစည္းတို႔လာမဲ့အေၾကာင္း သူကိုကို႔ကို မေျပာရေသးဘူး ဘယ္လိုေျပာရပါ့။ျပသာနာေတြက ေျဖရွင္းၿပီး ျဖစ္ေသာ္ျငား ကိုကိုက ကိုစည္းတို႔ကို အျမင္ၾကည္ရဲ႕ မၾကည္ရဲ႕က သူမသိ။

"ဟယ္...သား ဘာေတြအေတြးလြန္ေနတာတုန္း
ၾကက္စြတ္ျပဳတ္က အရည္ခမ္းေတာ့မယ္ "

"အယ္....ဟုတ္သား ဟီး သားအေတြးလြန္သြားတာ"

"ဒီကေလးကေတာ့ေလ ေဒၚတူးလုပ္ေပးပါ့မယ္ဆိုေတာ့လည္း မဟုတ္ရဘူး "

"ကိုကို႔အတြက္ သားကိုယ္တိုင္လုပ္ေပးခ်င္လို႔ပါ "

"ေမေမ့အတြက္ကေရာ သားေလး "ဆိုင္သြားဖို႔ျပင္ဆင္ထားၿပီးေမေမက ငစိုင္းနားေရာက္လာရင္း ေမးလာရာ...

"အဟား ပါတာေပါ့ တို႔ေမေမအတြက္မွ မပါရင္
ဘယ္သူ႔အတြက္ပါရအုန္းမွာလဲ
ေမေမ စားပြဲမွာ အရင္ထိုင္ႏွင့္ေနာ္ သားခပ္လာေပးခဲ့မယ္
ဒီမွာ ရပ္ေန တို႔ေမေမလွလွေလး ဟင္းနံ့ေတြ စြဲသြားလိမ့္မယ္ "

"ဟုတ္ပါၿပီရွင္ ....
အတတ္ေလး...." ဆိုကာ သူ႔ပါးေလးကို ဆြဲဖ်စ္၍ ထြက္သြားတဲ့ ေမေမ့ပါးေလးကို သူလည္း ရႊတ္ခနဲ တစ္ခ်က္နမ္းလိုက္သည္။သားမက္နဲ႔ေယာကၡမက သားနဲ႔အမိလိုပင္မို႔ သူတို႔အိမ္၊သူတို႔မိသားစုလးမွာ ေႏြးေထြးမႈေတြအျပည့္ဝ လႊမ္းျခံဳလွ်က္ရွိေလသည္။အိမ္ရဲ႕ဆည္းလည္း ေဘဘီေလးေတြ မ်ားရွိလာခဲ့ရင္။အေတြးနဲ႔တင္ ၾကည္ႏူးစရာေကာင္းလြန္းလွသည္မို႔ ငစိုင္း ဆံုးျဖတ္ခ်က္ေတြ ခိုင္မာသထက္ခိုင္မာေနခဲ့ၿပီ။

ငစိုင္း ေမေမ့ကို ၾကက္စြတ္ျပဳတ္ တစ္ပန္းကန္ ထည့္ေပးျပင္ဆင္ေပးခဲ့ၿပီး ကိုကို႔ကို ျပန္တက္နိႈးရသည္။

"ကိုကို...ကိုကို အိပ္ပုတ္ထေတာ့ ထေတာ့ "

"အင္း....ဟင္း..." အပ်င္းတစ္ကာ ညည္းရင္း တစ္ဖက္ျပန္လွည့္သြားတဲ့ ကိုကို႔ေၾကာင့္ ငစိုင္းမွာ သြားတက္ေလးလက္ခနဲေပၚလြင္လာသည္အထိ ရယ္မိရင္း ေခါင္းခါမိသည္။

"ကိုကိုေရ...ထေတာ့ဆို
ေယာက်ာ္းေရ....မထဘူးလားေျပာ "

"အမေလး..." ေငါက္ခနဲ ထထိုင္လိုက္ေသာ ကိုကို႔ေၾကာင့္ ငစိုင္းရင္ဘတ္ကို လက္ေလးနဲ႔ဖိကာ လန္႔သြားရသည္။

*ျဖည္းျဖည္းလုပ္ပါ ငါ့ေယာက်ာ္းရယ္ ဘယ္နဲ႔ေတြျဖစ္။*
ေတြးလို႔မွမဆံုးေသး ဝုန္းခနဲ ျပန္လွဲအိပ္သြားေသာ ကိုကို႔ေၾကာင့္ ငစိုင္းေၾကာင္ေတာင္ေတာင္ေလးျဖစ္သြားသည္။ဒါကေရာ ဘယ္နဲ႔ေတြ ျဖစ္ရျပန္တာတုန္း....။

"ျပန္နိႈး...."

"ဟမ္...!!!"

"ျပန္နိႈးလို႔ ...."

"ႏိုးေနၿပီမဟုတ္ဘူးလား "

"မႏိုးေသးဘူး ျပန္နိႈး ..."

"ငွယ္....ဒါကဘယ္လိုအဆန္းႀကီးတုန္း "ငစိုင္း မ်က္ေတာင္ေလး တျဖတ္ျဖတ္ခတ္ရင္း စဥ္းစားမိေတာ့ ေနာက္ဆံုးေတာ့ သူသေဘာေပါက္သြားသည္။သူ႔ေယာက်ာ္းက ေယာက်ာ္းလို႔ေခၚနိႈးလိုက္သည္ကို ဘဝင္ခိုက္သြားသည္ကိုး ။

ငစိုင္း ေမြ႕ယာေပၚ ကိုယ္တစ္စာင္းေလးထိုင္၍ လွဲအိပ္ေနတဲ့ ကိုကို႔ရင္ဘတ္ေပၚ ခႏၵာကိုယ္ အေပၚပိုင္းကို မွီတြယ္လိုက္ၿပီး နႈတ္ခမ္းပါးေလးကို ရဲေစြးေနတဲ့ ကိုကို႔နားရြက္နီနီနား တိုးကပ္လိုက္သည္။ေနာက္....နႈတ္ခမ္းေလးလႈပ္ရံု ေလသံဖြဖြေလးနဲ႔ ....

"ေယာက်ာ္းေရ....ထေတာ့ေနာ္ "

".............."

"အား....အဟား.....ဟား..." ငစိုင္း တစ္ကိုယ္လံုး ကိုကို႔ရင္ခြင္ထဲ ဆြဲယူပစ္သြင္းျခင္းခံလိုက္ရၿပီး အ႐ိုးက်ိဳးလုမတက္ ဖ်စ္ညႇစ္ျခင္း ခံလိုက္ရသည္။

"အား...အ..ဟ.. .အဟားဟားး
ကိုကို႔နာတယ္ေနာ္ ...အဟားဟား ယားတယ္လို႔ " သူ႔ကို ေပါင္ေပၚဆြဲေပြ႕ၿပီး သူ႔ခါးကို ကလိထိုးကာ အပစ္ေပးေလသည့္ ကိုကို႔ေၾကာင့္ ငစိုင္း ကိုယ္ေလး ကိုကို႔ရင္ခြင္ထဲ ထြန္႔ထြန္႔လူးကာ ေအာ္ရယ္ရင္း ႐ုန္းကန္ေနရသည္။

"ေျဖာင္း!!"

"အ....." တင္ပါးထက္ ခပ္နာနာေလးတစ္ခ်က္အ႐ိုက္ခံလိုက္ရသည္မို႔ ငစိုင္း အ ခနဲေအာ္မိသည္။

"အာ....ကိုကိုေနာ္ ဘာလို႔လူကိုလာ႐ိုက္ေနတာလဲ "

"သူမ်ားကို ေစာေစာစီးစီး လာကလိရဲတယ္ေပါေလ
ဟမ္...!! အဆိုးေလး ကို႔ကို လာဆြတယ္ေပါ့ေလ "

"ဘာေစာေစာစီးစီးလဲဘယ္အခ်ိန္ရွိၿပီလဲ ၾကည့္အုန္း
ေအာက္မွာ ေမေမေတာင္ ဆိုင္သြားေလာက္ၿပီရယ္
ၿပီးေတာ့ လူကိုမ်ားစြပ္စြပ္စြဲစြဲ ဘာလာဆြတာလဲ ဘယ္မွာဆြလို႔လဲ ကိုယ့္ေယာက်ာ္းမို႔ေယာက်ာ္းလို႔ေခၚတာနိႈးတာေလ ဘာလဲ မႀကိဳက္ရင္ ေနာက္ဘယ္ေတာ့မွမေခၚေတာ့ဘူး
ဖယ္ .....လူကိုလႊတ္ေတာ့ လႊတ္ "

ထူးပန္ သူ႔ေပါင္ေပၚမွ ေကာ့ထိုးရင္း ရန္ေတြ႕ေကာင္းေနတဲ့ နႈတ္သီးပါးေလးကို ဆြဲငံု၍ နႈတ္ပိတ္ပစ္လိုက္သည္။

"အြတ္စ္....အင့္ " အစက႐ုန္းကန္ေနေသးေသာ အဆိုးေလးမွာလည္း ေနာက္ေတာ့ သူ႔လည္တိုင္ကို ခိုတြဲလာၿပီး အနမ္းေတြအား အလိုက္သင့္စီးေမ်ာလာသည္။အတန္ၾကာ နမ္းလို႔ဝ၍ ေမာင့္နႈတ္ခမ္းေလး ဖူးအစ္စိုလက္ေနကာမွ သူလႊတ္ေပးလိုက္သည္။ထူးပန္ ေမာင့္ခါးေလးကို ဖက္၍ သူ႔ကို ခြထိုင္ထားရက္ ေမာင့္လည္တိုင္ၾကား ေခါင္းေလးတိုး နမ္းရိႈက္ရင္း .....

"ထပ္ေခၚပါအုန္း ေယာက်ာ္းလို႔ "

"မေခၚေတာ့ပါဘူး ေခၚစရာလား ကိုကိုမႀကိဳက္ဘူး
မဟုတ္ဘူးလား "

"ဟင့္အင္....ထပ္ေခၚ ...ထပ္ေခၚလို႔ "

"မေခၚဘူး ...."

"ေခၚပါဆို ေနာ္...ေနာ္ ကိုကို ၾကားခ်င္လို႔ပါေနာ္ "

"ဟင့္ ....ေယာက်ာ္း " နႈတ္ခမ္းေလးစူရင္း ေအာင့္သက္သက္ေလးေခၚသည္ကိုပင္ ထူးပန္မွာ အသည္းေတြယားလြန္းလို႔ ေမာင့္ကိုယ္ေလးအား တစ္ဖန္ ဖ်စ္ညႇစ္မိကာ လည္တိုင္ေၾကာ့ေၾကာ့ေလးအား တစ္ခ်က္ငံု႔ကိုက္လိုက္မိသည္ ။

"အ...!! ကိုကိုက ေခြးလား
ေစာေစာစီးစီး လူကိုလာကိုက္ေနတယ္ "

"အြင္း....ေခြးျဖစ္ရင္ေတာင္ ေမာင့္တစ္ေယာက္ေနာက္ပဲလိုက္ျပီး ေမာင္တစ္ေယာက္ပဲ ကိုက္ခ်င္ေနတဲ့ေခြး "

"အဆန္းႀကီး ...."

"ေမာင့္ ေယာက်ာ္းမို႔ "

"ဟယ္....အခုမွသိေတာ့တယ္ ေမာင္ယူထားတဲ့
ေယာက်ာ္းက ေခြးျဖစ္ေနတာ "

"ဟုတ္ပါ့ ....ဒီေခြးေပါက္ေလးရဲ႕ ေယာက်ာ္းပါဆိုမွေတာ့
ဒီေကာင္ ေခြးႀကီး ျဖစ္ၿပီေပါ့ "

"ဟားဟား...ဟား "ငစိုင္း ကိုကို႔စကားေၾကာင့္ လည္တိုင္ေၾကာ့ေလးေမာ့ကာ ဟက္ဟက္ပက္ပက္ ရယ္မိသည္။
ထိုစဥ္ လည္တိုင္ေၾကာ့မွာ ဆစ္ခနဲ အကိုက္ခံလိုက္ရၿပီး ကိုက္တဲ့ေခြးႀကီးကေတာ့ ၿဖီးလို႔ေနပါသည္။

"ေတာ္ၿပီ....ေတာ္ၿပီ မေနာက္နဲ႔...မေနာက္နဲ႔ေတာ့
ကိုကို ဒီေန႔ကုမၼဏီ သြားရမယ္မလား ေနာက္က်ေနေတာ့မယ္ ဒီေန႔မွ ထပ္ၿပီးေနာက္က်ရင္ေတာ့ မျခဴးက ကိုကို႔ကို အလုပ္ထုတ္ေတာ့မွာ "

"ကို အလုပ္ျပဳတ္မွာ ေၾကာက္တယ္ေပါ့ "

"ေၾကာက္တာေပါ့ ေယာက်ာ္းက အလုပ္ျပဳတ္ရင္
ေမာင္ကဘာနဲ႔သြားစားမလဲ "

"ဟားဟား.....တကယ္တမ္းေနာက္ေန
က်ီစယ္ေနတာ ေမာင္ပါေနာ္ "

"အြင္း....ေယာက်ာ္းရဲ႕ေန႔ရက္တိုင္းကို အခ်စ္ေတြ၊အနမ္းေတြ ၊အျပံဳးေတြ၊အရယ္ေတြနဲ႔ပဲ ႏိုးထေစခ်င္လို႔ ဒီေန႔ကစ ေန႔ရက္တိုင္း၊ေန႔ရက္တိုင္းပဲ "

"မြ....ခ်စ္လိုက္တာ ငါ့ေယာက်ာ္းေလးကို "

"အူးမြ.....ေမာင္ကလည္းခ်စ္လိုက္တာ ေမာင့္ေယာက်ာ္းႀကီးကို "ဆိုကာ ကိုကို႔ နဖူးကို အနမ္းတစ္ပြင့္ပ်ိဳး၍ ေပါင္ေပၚမွဆင္းကာ ဆြဲထူလိုက္သည္။ေနာက္ ကိုကို႔ကို ေရခ်ိဳးခန္းဆီ တြန္းပို႔၍ သူအိပ္ယာသိမ္းၿပီး ကိုကို႔အတြက္ Suit တစ္စံုထုတ္ေပးထားလိုက္သည္။

ထူးပန္...
သူ႔အတြက္ အဆင္သင့္ျပင္ထားၿပီးေသာ သြားတိုက္တံေပၚက သြားတိုက္ေဆးနဲ႔ တံဘက္ ေဖြးေဖြးေလးကို ၾကည့္ၿပီး ၾကည္ႏူးပီတိျဖစ္ရလြန္းလို႔ မ်က္ရည္ေတြပင္လည္လာသည္။သူခ်စ္ေပးသေလာက္၊သူဂ႐ုစိုက္ေပးသေလာက္ ေမာင့္ဆီက တန္ျပန္ရရွိေသာ ခ်စ္ျခင္းနဲ႔ ဂ႐ုစိုက္မႈေတြဟာ သူ႔အတြက္ေတာ့ မေတာင္းပဲျပည့္ရသည့္ ဆုလာဘ္ေတြပါပင္။

ထူးပန္ ၿပီးလို႔ထြက္လာေတာ့ ေမာင္ကရွိမေနေတာ့။သူ႔အတြက္ နံနက္စာသြားျပင္ေနမည္မွာ ေျပးၾကည့္စရာမလို။သူျပင္ဆင္ၿပီး ဆင္းလာေတာ့ ေမာင့္လက္ထဲက အေငြ႕တေထာင္းေထာင္းနဲ႔ ၾကက္စြတ္ျပဳတ္ပန္းကန္ေၾကာင့္  suitcase ကို ေတြ႕ရာ ေကာက္တင္လိုက္ၿပီး ေမာင့္လက္ထဲက ပန္ကန္ကို လႊဲေျပာင္းယူရသည္။

"ဒီေလာက္ပူေနတာကို ဘာလို႔ကိုယ္တိုင္သယ္ေနရျပန္တာလဲ ေမာင္ရာ.....မေတာ္လို႔ အပူေလာင္သြားရင္ ဘယ္လိုလုပ္မလဲ ကြ်တ္စ္ "

"ကိုကိုကလည္း ဘာမွမျဖစ္ပါဘူး
ကိုကို႔ကို ပူပူေလးစားေစခ်င္လို႔ေတာင္ ေမာင့္မွာ ျပန္ေႏႊးထားရတာ လာ.....ဒါေမာင္ကိုယ္တိုင္ အေစာကတည္းကခ်က္ထားခဲ့တာ စားၾကည့္ " ငစိုင္း သူအပူေလာင္မွာ စိုးရိမ္ၿပီး စူပုတ္ေနတဲ့ ကိုကို႔ကို ခံုမွာဆြဲ ထိုင္ေစရသည္။ေနာက္ ဟင္းရည္ပူေလး တစ္ဇြန္းခပ္ နႈတ္ခမ္းေလးစူ၍ တဖူးဖူးမႈတ္ၿပီး ကိုကို႔ကို ခြံ့၍ တိုက္လိုက္သည္။ထိုအခါမွ လင္ေတာ္ေမာင္က ျပံဳးေတာ္မူႏိုင္ၿပီး ....

"ေနာက္ အဲလိုေတြအပူႀကီးေတြမသယ္ရဘူးေနာ္
ဒီတစ္ခါပဲ ျဖစ္ပါေစ "ဆို၍ ယူေသာက္သည္။

"ေကာင္းလား ေယာက်ာ္း "

"အား ေကာင္းမွေကာင္း ေဒၚတူးတို႔ေတာင္ ေမာင့္ဆီကျပန္သင္ဖို႔ လိုေနၿပီ ။အေကာင္းဆံုးက သကာေပၚပ်ားရည္ေလာင္းလိုက္သလို ဟင္းရည္ပူပူေလးက ခပ္ေကာင္းေကာင္း ကိုမွ ေယာက်ာ္းလို႔ေခၚတာေလးက ရွယ္ဇြန္းတပ္လိုက္တာပဲ။အားပါး...ထူးပန္တို႔ တစ္ေန႔တာ မဂၤလာအေပါင္းနဲ႔ၿပီးျပည့္စံုေစၿပီ "

"ေမာင့္ေယာေက်ာ္းကေတာ့ ပိုၿပီ "

"ဟဟ....ကဲခ်စ္ေသာေမာင္
ကို႔ ကို တခုခုေျပာစရာ၊ပူစရာရွိေနတယ္မလား ဘာလဲေျပာ "

"ဟမ္!!! မ...မရွိပါဘူး ကိုကိုကလည္း " ေယာင္ေယာင္နနနဲ႔ ေမာင့္အေျဖေၾကာင့္ ထူးပန္ ျပံဳးမိသည္။သူ႔ေယာက်ာ္းအေၾကာင္း သူမသိပဲေနပါ့မလား။ဒီေလာက္အရိပ္တၾကည့္ၾကည့္ အသည္းတနင့္နင့္နဲ႔ ခ်စ္လာရတာပဲ သူသိတာေပါ့။ဒါေၾကာင့္ ဇြတ္ေမးမေနေတာ့ပဲ ေမာင္ေျပာလာမွာသာ သူေစာင့္ေနလိုက္သည္။

ငစိ္ုင္း
ကိုကို႔ကို ကားဆီလိုက္ပို႔ေပးၿပီး ကိုကိုကားထဲေရာက္မွ

"ဟို...ကိုကို "

"အြင္း...ေျပာေလေမာင္ "ထူးပန္ ေမာင္စကားအဆက္ေကာင္းေအာင္ စေပးလိုက္သည္။

"ဟို...ဒီေန႔ ကိုစည္းတို႔လာမယ္ေျပာတယ္
အဲဒါ...." ဪ...ငါ့ေယာက်ာ္းႏွယ္ ဘာမ်ားလဲလို႔ ။ဒါေလးေျပာဖို႔ကို ဘာေတြမ်ားတြန္႔ဆုတ္စရာရွိတယ္မသိ။

"အြင္း....လာခိုင္းလိုက္ေလ
ဘယ္အခ်ိန္လာမယ္တဲ့လဲ "

"ေမာင္....ညေနပိုင္းေလာက္လာခိုင္းလိုက္မလားလို႔
ဟိုၿပီးေတာ့ ေက်ာ္ႀကီးနဲ႔ မစႏၵီကိုပါ ေခၚလိုက္မယ္ေလ
ေမာင္တို႔ ပါတီအေသးစားေလးလုပ္ရင္မေကာင္းဘူးလား " သူအစကေတာ့ ကိုစည္းတို႔ကို ေန႔လည္စာဖိတ္ေကြ်းၿပီး ကိုကို႔ ကိုလည္း ခနျပန္လာခိုင္းမလိုပင္ ။သို႔ေသာ္ အဲ့ထက္ေကာင္းတဲ့ အၾကံကေပၚလာသည္မို႔ အစီစဥ္ေျပာင္းလိုက္သည္။

"အြင္း ေမာင့္သေဘာေလ
ဒါဆို ကို စႏၵီ့ကို ႀကိဳေျပာၿပီး ေမာင့္ကိုလာကူခိုင္းလိုက္မယ္ "

"ဟုတ္....ေမာင္လည္း ေက်ာ္ႀကီးကို လွမ္းေခၚလိုက္မယ္ "

"ဟုတ္ပါၿပီဗ်ာ ေၾသာ.....ဒါနဲ႔ အထိခိုက္အရွနာေတြ
ကိုထပ္မေတြ႕ခ်င္ဘူးေနာ္ေမာင္ လုပ္တာကလုပ္ ကိုယ့္ကိုကိုယ္ မထိခိုက္ေအာင္လုပ္ "

"ဟုတ္....ဒါနဲ႔ ....ဟို...ေမေမက "

"ေမေမ့ကိုက မပူေနနဲ႔ ေမေမကေပ်ာ္ေတာင္ေနအုန္းမွာ
ကိုတို႔အိမ္မွာ ပြဲမလုပ္တာ ၾကာၿပီမလား "

"အြင္း....ဟုတ္ " ဆိုကာ ငစိုင္း ကိုကို႔ပါးေလးကို ငံု႔နမ္းလိုက္ၿပီး တာတာ့ျပ၍ က်န္ခဲ့သည္။

ေနာက္ ေက်ာ္ႀကီးကို လွမ္းေခၚၿပီး ေဒၚတူးကို လိုတာေတြဝယ္ဖို႔ စာရင္းလုပ္ခိုင္းရသည္။ကိုစည္းတို႔ကို ဖုန္းဆက္ၿပီးအခ်ိန္အတိက်ခ်ိန္း၍ ပါတီအေသးစားေလးလုပ္မည္ေျပာေတာ့ ကိုစည္းက ဝိုင္အတြက္တာဝန္ခံသည္။ဒီေတာ့လည္း အိုေကမွာ စိုေျပတာေပါ့ေလ ။

ငစိုင္း...ေဒၚတူးနဲ႔ ဝယ္ရမည့္စာရင္းလုပ္ေနတုန္းပဲ ေက်ာ္ႀကီးနဲ႔ မစႏၵီပါ ေပါက္ခ်လာသည္။ျမန္လိုက္တာဟ ေတြးေနတုန္း ဝက္နာက ခုထဲက မယူရေသးတဲ့ မိန္းမနား တကပ္ကပ္နဲ႔ မစႏၵီတို႔အိမ္ ေရာက္ေနသည္တဲ့ေလ။ဒီေတာ့လည္း သံုးေယာက္သား ညေနအတြက္ ျပင္ဆင္ရသည္။သူနဲ႔ ေက်ာ္ႀကီးက ပါတီက်င္းပမဲ့ ေနရာေရြးၿပီး ေနရာထိုင္ခင္း ျပင္ဆင္၍ ေဒၚတူးနဲ႔ မစႏၵီကေတာ့ အဝယ္ေတာ္ တာဝန္ယူေလသည္။ၿပီး ဝယ္ျခမ္းၿပီး ျပန္လာမွ ခ်က္ၾကျပဳတ္ၾက ျပင္ၾကဆင္ၾကမည္ ျဖစ္သည္။ခ်က္ၾက ၊ျပဳတ္ၾကရသည္က ပါတီအကင္ဘာညာအျပင္ ညစာပါေကြ်းမည္မို႔ပင္ ျပင္ေနၾကရသည္။

၂/၃ ခ်က္ထိုးေလာက္ေရာက္ေတာ့ သူတို႔လုပ္ငန္းစေလၿပီ။ျပင္ဆင္ရမည္က မ်ားသည္မို႔ အေစာႀကိဳကာ လုပ္ႏွင့္ထားၾကျခင္းျဖစ္သည္။
ေဒၚတူးကလည္း လူႀကီးသာျဖစ္တာ လူငယ္ေတြနဲ႔ အၿပိဳင္တက္ႂကြလို႔ေနသည္။ငစိုင္းက ေမေမ့ဆီ လွမ္းကာ ခြင့္ေတာင္းေတာ့ ေမေမက ခြင့္ျပဳသည့္အျပင္ ဘညိဳကို တပ္ကူပင္ ျပန္လႊတ္ေပးလိုက္သည္။

ငစိုင္း တီေလးကိုလည္း မေမ့မေလွ်ာ့ အသိေပးဖိတ္ၾကားရာ တီေလးကလည္း ဂ်ဴတီေအာ့သည္ႏွင့္ တန္းလာခဲ့မည္ဆိုသည္။ေနာက္ ေဘးအိမ္ကမစႏၵီ အေမကလည္း ဟင္းနံ့ေတြ ေမႊးလြန္းလို႔ မေနႏိုင္လို႔ လာဝိုင္းတာဟု ဆိုကာ လူစံုတက္စံု တက္ညီလက္ညီ အင္မတန္ေပ်ာ္ဖို႔ေကာင္းေနခဲ့ေလသည္။

သူတို႔ၿပီးခါနီးေလာက္မွာပဲ ကိုကိုေရာေမေမေရာ ျပန္ေရာက္လာခဲ့သည္။သိပ္မၾကာပါ ကိုစည္းနဲ႔ကိုလွ်ံေဝေသာ္တို႔လည္းေရွ႕ဆင့္ေနာက္ဆင့္ေရာက္လာသည္။ငစိုင္းကေတာ့ ကိုစည္း ပါလာတဲ့ အင္းေလးျပန္ လက္ေဆာင္ေတြနဲ႔ ဝိုင္အေကာင္းစားေတြေၾကာင့္ အေပ်ာ္ႀကီးေပ်ာ္ကာ ျမဴးေနေတာ့သည္။

U/

ငစိုင်း
ကိုကိုနဲ့အတူ စားသောက်ပြီး အပေါ်ပြန်တက်ကာ အနားယူ၍ အိပ်ကြသည်။နှစ်ယောက်သား အတော်လေးအားအင်ကုန်ခမ်းထားကြရာ ညနေစောင်းမှနိုးလေသည်။ဒါတောင် သူ့ထက်အအိပ်ကြီးသော ကိုကိုကမနိုးသေး။ငစိုင်း ကိုကို့မျက်နှာချောချောကြီးကို တစ်ဝကြီးငေး၍ ထိတွေ့ပြီး မှ အဆုံးသတ် မျက်ခုံးစိမ်းတန်းလေးတွေအား မြတ်မြတ်နိုးနိုး နမ်းရှိုက်လိုက်သည်။နောက် ကိုကို့အား စောင်သေချာပြန်ဆွဲခြုံပေးထားခဲ့ပြီး သူကတော့ အောက်ထပ်ဆင်းခဲ့လိုက်သည်။

ခနနေ မေမေ ဆိုင်သိမ်းပြန်လာမည်မို့ ငစိုင်း အိမ်ရှေ့ဒန်းလေးမှာ ထိုင်စောင့်ကြိုနေလိုက်သည်။သူ သိပ်မစောင့်လိုက်
ရပါ ခနအကြာ ဦးညိုမှာကားလေးကို ငြိမ့်ငြောင်းသေသပ်စွာ မောင်းဝင်လာသည်။ငစိုင်း ကားနားအပြေးလေးသွားလိုက်ပြီး မေမေ့ဘက်မှ ကားတံခါးကို ဆွဲဖွင့်၍ မေမေ့လက်ထဲမှ ပိုက်ဆံအိတ်နဲ့ဆွဲခြင်းလေးကို လွှဲပြောင်းယူလိုက်သည်။

"သားကိုကိုရော ....."

"အိပ်နေတယ်မေမေ "

"ဟယ်....ဒီကလေး ဒီအချိန်ထိအိပ်နေတယ်
ဖျားတော့မှာပဲ "ဟုတ်သား ငစိုင်း ထိုအခါမှ ကိုကို့ကို ဆေးမတိုက်လိုက်ရသည်ကိုလည်း အမှတ်ရမိသည်။သေစမ်း စိုင်းဟိန်းထက်ရေ....သေစမ်းဟ ဒီကြားထဲ သူက ခံရသူကို နေ့လည်စာပါ ပြင်ဆင်ခိုင်း၍နှိပ်စက်ခဲ့လိုက်သေးသည်။

"သားကိုကို ကို သွားနှိုးလိုက်တော့
ညနေထိအိပ် ဖျားလိမ့်မယ် ပေးပေး ဒါတွေမေမေ့ကိုပဲပေးခဲ့ သွား..သွား "

"ရတယ် မေမေ သားပဲယူလာပေးမယ်လေ လာ " ဆိုကာ ငစိုင်း မေမေ့ကို တွဲ၍ ဆွဲခေါ်ကာ အသင့်ဖျော်ထားပြီး အအေးခွက်လေးကို ကမ်းပေးလိုက်သည်။နောက် မေမေ သောက်ပြီးသည်ထိ စောင့်ပြီးမှ ပြန်သိမ်း၍ မေမေ့ကို နားစေကာ သူကတော့ ကိုကို့ကိုနှိုးရန် ပြန်ပြေးတက်ခဲ့သည်။ကိုကိုကတော့ သူရောက်သည်အထိ မနိုးသေးပေ။

နဖူးလေးအား စမ်းကြည့်တော့ ကိုယ်ငွေ့နွေးနွေးလေး နွေးနေသည်။သူ.....ဒါကို အစောကတည်းက ဘာလို့သတိမထားမိခဲ့ပါလိမ့်။ဒီလိုတွေးမိပြန်တော့လည်း ငစိုင်း ကိုယ့်ကိုကိုယ် အပစ်တင်၍ မုန်းမိသည်။

ကိုကိုက သူနဲ့ပက်သက်ရင် အသေးစိတ်လေးကအစ မလွတ်စေဘဲ ဂရုစိုက်သလောက်၊တာဝန်ကျေပွန်သည်ထက်လွန်ကာ ကျေသလောက် သူကတော့ သူလိုကောင်ကတော့.....။
ငစိုင်း မျက်ရည်တစ်စက် ကိုကို့ပါးပြင်ထက် ခုန်ဆင်းသွားတော့ ကိုကို့မျက်ခုံးတန်းလေး တွန့်ကျိုးသွားသည်။

နောက် တဖြည်းဖြည်း ပွင့်ဟလာသော မျက်ဝန်းတွေမှာ သူ့ဘေးနား ငုတ်တုပ်လေးထိုင် ကာ ကိုယ့်ဘာသာအပစ်တင်ရင်းဝမ်းနည်းနေတဲ့ အဆိုးလေးကြောင့် ထူးပန်မှာ အိပ်မှုန်စုံမွှားပင် ဖြစ်မနေနိုင် တစ်ခါထဲငုပ်တုပ်တန်းထိုင်မေးမိသည်။

"မောင်...မောင်ဘာဖြစ်လို့လဲ
ဘာဖြစ်လို့ ငိုနေတာလဲ "

"ရွှတ်စ် ....ဟင့်အင် မငိုပါဘူး
ကိုကိုဖျားနေပြီ ....မောင် မောင်က ကိုကို့ကို ဂရုမစိုက်မိပဲ ဆေးမတိုက်လိုက်မိဘူး ရွှတ်စ် အခုတော့ ကိုကိုဖျားသွားပြီ " မငိုဘူးသာ ပြောတာ နှပ်လေး တရှုံ့ရှုံ့ တရွှတ်ရွှတ်နဲ့ သူ့ယောကျာ်းလေးက သူဖျားနေသည်မို့ ငိုနေသည်တဲ့လေ။တကယ်ပဲ.....ဘယ်လိုကောင်လေးလဲ ကွာ  ။

ထူးပန် သူ့နဖူးသူ ပြန်စမ်းကြည့်တော့ ကိုယ်က နွေးရုံနွေးနေတာပါ။တအားကြီး ဖျားနာနေသည်လည်း မဟုတ်။ပြီးတော့ ဒါမျိုးဆိုတာဖြစ်လေ့ဖြစ်ထ ရှိသည်ပဲလေ။ဒါကို ဒီကောင်လေး ဘာတွေဝမ်းနည်းသွားစေရတာတုန်း။ဆေးက သူကိုယ်တိုင်လည်း ခနတိုင်း အမြဲတမ်းသောက်ချင်မနေပါ။မနက်အလုပ်ရှိသည့်အခါမျိုးသာ မသောက်မနေရ သောက်ဖြစ်သည်။နေသာနေရင်တော့ များသောအားဖြင့် မသောက်ဖြစ်သည်က များသည်။ မောင်သာ တစ်ခါတစ်ရံ သူ့အားအလိုလိုက် ......ပေးသည့်အခါမျိုးတွေမှာ ဖျားသွားတတ်ခြင်းဖြစ်သည်။

ထူးပန်မှာ ခေါင်းလေးငုံ့ နှပ်လေးရှုံ့၍ ဝမ်းနည်းနေသည့်ကောင်လေးကို ရင်ခွင်ထဲဆွဲသွင်း ပါးအိအိလေးအား ရှိုက်နမ်းမိသည်။မောင့်ပါးလေးတွေအား....သူဘယ်ချိန်ဖြစ်ဖြစ် ဘယ်လောက်ပဲဖြစ်ဖြစ် နမ်း၍ မဝနိုင်။နမ်းပြီးရင်းကို နမ်းချင်နေမိသည်။

"ကိုကအခုလည်း ဖျားနေတာမှမဟုတ်ပဲ မောင်ရယ်
ဘာတွေဝမ်းနည်းနေရတာတုန်း အဆိုးလေးရယ်ဟင် "

"မောင့်ကိုမောင် တာဝန်မကျေဘူးလို့ ခံစားရလို့ "

"တာဝန်....တာဝန်လား ....
ကိုတို့ကြားမှာ တာဝန်တွေ၊ဝတ္တရားတွေမလိုပါဘူးမောင်ရယ် အဲဒီ တာဝန်အရ၊ဝတ္တရားအရ ပေးလာတာတွေကိုလည်း ကိုမလိုချင်ဘူး"

"မဟုတ်ဘူး...မောင်...မောင်က "

"အွင်း ...ကိုယ်နားလည်တယ်
ကိုယ်နားလည်တာမို့ မောင်က အရှိကိုအရှိတိုင်း မောင့်အရှိအတိုင်းနေပါ ကိုကတာဝန်တွေ၊ဝတ္တရားတွေကို သိတတ်တဲ့၊ကျေပွန်တဲ့ ယောကျာ်းကို ချစ်တာမဟုတ်ဘဲ မောင့်အရှိတိုင်းဆိုးတတ်၊ဂျစ်တတ်တဲ့ ကို့သည်းညှာလေးကိုပဲ ချစ်တာမို့ "ထူးပန် သူ့အား မျက်ရည်စိုလက်မျက်ဝန်းလဲ့လေးတွေနဲ့ မော့ကာ ငေးကြည့်လာသူလေးအား အင့်ခနဲ တစ်ချက် ဖျစ်ညှစ်၍ ....

"မွ....ကိုပြောတာကို ကို့ကလေးလေးက
နားလည်တယ်ဟုတ်? "ဆိုတော့ လည်း ခေါင်းညိတ်ပြကာ ပြုံးလေသည်။နောက် ရင်ခွင်ထဲက ရုန်းထွက်ပြီး ဆေးခြင်းလေးထဲမှ ဆေးထယူကာ ....ပေးလာသည်။

"ဘာပဲဖြစ်ဖြစ် အခုဆေးတော့သောက်ရမယ်
ကိုကို့ ကိုယ်တွေနွေးနေတယ် "ထူးပန် မျက်နှာလေးငယ် နှာခေါင်းလေးရှုံ့ရင်း ငြင်းလို့ရမလား ကြိုးစားမိသည်။

"မသောက်လို့ မရဘူးလား "

"မရဘူး သောက်ကိုသောက်ရမယ် "တစ်ချက်လွှတ်အမိန့်မှာ သူလက်ဖြန့်ယူတော့ အဆိုးလေးက ပေးမလာ။သူ မော့ကြည့်တော့ မောင်က မျက်ခုံးလေးပင့်၍ ဆေးကို သူ့နှုတ်ခမ်းပါးလေးတွေကြား ညှပ်ထားသည်။အဟား....
ဒါမျိုးတိုက်လို့ကတော့ အဆိပ်ဆိုရင်တောင် ၁ဝခါပြန်မက ပျာ်ပျော်ကြီး သောက်ပစ်လိုက်အုန်းမည်။

သူ့နှုတ်ခမ်းတွေထံ ထိကပ်လာသော မောင့်နှုတ်ခမ်းကြားမှ ဆေးလေးမှာ လျှာနုနုလေးထံမှ တွန်းပို့ခြင်းပါ ခံလိုက်ရသည်။နောက် မောင်က ဘေးနားရှိရေဘူးထဲမှ ရေကိုလည်း ထိုနည်းလည်းကောင်းပင် တိုက်လေသည်။ဆေးက ဗိုက်ထဲရောက်လို့ ပျော်ဝင်နေလောက်သည့်တိုင် နှုတ်ခမ်းနှစ်စုံ ၊ရင်ခွင်နှစ်ခုမှာ မခွဲနိုင်၊မခွာနိုင် ထိကပ်ခိုင်မြဲနေဆဲပင်။အတော်ကြာမှ ထူးပန် မောင့်ကို လွှတ်ပေးလိုက်သည်။

ငစိုင်း
ကိုကိုရယ်၊မေမေရယ်နဲ့ ညစာအတူစားပြီး TV ထိုင်ကြည့်နေစဉ် ဇာတ်ကားထဲမှ မင်းသမီးအမေပြောသော စကားတွေကြောင့် စားလက်စ စတော်ဘယ်ရီအသီးလေးပင် လည်ချောင်းနင်၍ မနည်းမျိုချလိုက်ရသည်။ကိုကိုကတော့ ကျောလေးသပ်၊ရေလေးခပ်ပေးနဲ့ ပျာယာခတ်သွားသလောက် သူကတော့ TV ကိုသာ မျက်လုံးမခွာတမ်းကြည့်နေမိပြီး စကားလုံးတစ်လုံးချင်းစီက နားထဲရိုက်သွင်းခံလိုက်ရသလို အဲဒါကိုပဲ ထပ်တလည်း လည်လည် ကြားယောင်နေတော့သည်။နောက်ပိုင်း ထိုဇာတ်ကားထဲမှ ဖြစ်ပျက်လာခဲ့သော ပြသာနာတွေ ပြန်လည်ဖြေရှင်းနိုင်သွားပုံတွေကြည့်ပြီး ငစိုင်းရင်ထဲ မရှိဖူးသော ဆန္ဒလေးတစ်ခု ဖြစ်တည်လာသည်။

ဘေးနားက ကိုကိုနဲ့ မေမေ့ကိုကြည့်လိုက်တော့ သူတို့ကတော့ ဘာမှအထူးတလည်ခံစားရပုံမပေါ် ဒီတိုင်းကြည့်စရာရှိသည်ကိုသာ ကြည့်နေသည့်သဘောရှိသည်။သူ့မှာသာ.....။

သူ ...ဒီအကြောင်းနဲ့ ပင်သက်၍ မတွေးဖူးသည်တော့မဟုတ် တွေးဖူးပါသည်။မစိုးရိမ်ဖူးသည်လည်း မဟုတ် စိုးရိမ်ဖူးခဲ့သည်။သို့သော်....သူကိုကို့ကို အကြွင်းမဲ့ယုံကြည်ခဲ့သည်။ကိုကိုနဲ့သူ့ကြား ဒါတွေမလိုအပ်၊ကိုကိုသည် သူ့အား ဘယ်တော့မှ ထားသွားမှာ မဟုတ်ဆိုသည်ကိုပေါ့။ဒါပေမဲ့ အခုတော့ သိပ်မကြာခင်ကမှ သူရရှိခဲ့ဖူးသော ကွာရှင်းစာချုပ်အား ပြန်မြင်ယောင်လာသည်။ဟင့်အင်....ဒါမျိုး ထပ်အဖြစ်မခံနိုင်ဘူး......ဖြစ်မလာစေရဘူး။

ကြိုး....ဟုတ်တယ် ကိုကိုနဲ့ သူ့ကြား ဘယ်တော့မှ မပြတ်တောက်နိုင်မဲ့၊ဖြတ်တောက်မရနိုင်မဲ့ ကြိုးလေးတစ်ချောင်းတော့ ချည်ထားဖို့လိုလာပြီ။သူ ....ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုနဲ့ ထိုင်နေရာမှ ဖြတ်ခနဲ ထရပ်လိုက်မိသည်။

ထူးပန် TV အတူထိုင်ကြည့်နေရင်းမှ
ရတ်တရတ်ထရပ်လိုက်သော မောင့်ကြောင့် သူ နားမလည်စွာ မော့ကြည့်မိသည်။မောင်ဘာလိုလို့လဲ...ဟု မေးရန်အပြင်မှာပင် .....

"ကိုကို...မောင်တီလေးဆီ ခနသွားလိုက်အုန်းမယ် "
ထူးပန်နာရီကို ကြည့်လိုက်တော့ 7:10 Pm ။အရမ်းကြီး နောက်မကျသေးသလို တစ်လမ်းကျော် မျက်စောင်းထိုးလေးတင်ပဲမို့ သူခေါင်းညိတ်လိုက်ပြီး....

"ကို လိုက်ခဲ့ရအုန်းမလား "

"ဟင့်အင်...... မောင့်ဘာသာပဲသွားလိုက်မယ်
နည်းနည်းကြာမှာမို့ "

"ဒါဆို ....မနက်မှသွားလို့မရဘူး "

"ဟင့်အင်....အခုသွားချင်တာ
ဟို မောင်ပြန်လာခါနီးကြ Ph ဆက်လိုက်မယ် လာခေါ်လေနော် ...နော်ကိုကို နော် "

ဒေါ်ဆုမာလာဝေ မအေကိုရှေ့ထားကာကဲပြသည်းပြနေသော သားနဲ့သမက်ကြောင့် မမြင်ဟန်ပြု၊မသိဟန်ပြု မနေနိုင်တော့ပဲ .....

"ကဲပါ....သားရယ်
ဟိုးနားနဲ့ ဒီနားကို သွားပါစေ တခြားသွားမှာလည်းမဟုတ်ပဲနဲ့ "

"အွင်းပါ.....ဒါဆိုလည်း ပြန်လာခါနီး ကိုယ့်ဆီPhခေါ်နော်
ကိုလာခေါ်မယ် "

"ဟုတ် ..." ဆိုကာ ယောကျာ်းပါးကို ရွှတ်ခနဲနမ်း၍ ရှက်ရဲရဲနဲ့ ထွက်ပြေးသွားတဲ့ သမက်တော်လေးကြောင့် ဒေါ်ဆုမာလာဝေ ပြုံးမိရသည်။သားတော်မောင်ကတော့ ကြည်နူးပီတိဂွမ်းဆီထိနေသည့်အပြုံးကြီးနဲ့ ပြုံးမိန့်မိန့်ကြီး ထိုင်ကျန်ရစ်လေသည်။

အင်း.....အခုတော့လည်း တိမ်ကင်းစင်သည့် ကောင်းကင်ပြာလို ဒီကလေးနှစ်ယောက်ကြား သာယာအေးချမ်းသည့် အိမ်ထောင်တစ်ခု ပြန်ဖြစ်တည် ၊တည်ဆောက်ထိန်းမတ်နိုင်ခဲ့သည်။

ငစိုင်း
တီလေးဆီရောက်တော့ တီလေးက အချိန်မတော် မှပေါက်ချလာသော ဒီချိန်တစ်ခါမှမလာစဖူးအလာထူးသော သူ့ကိုဘာဖြစ်လာသလဲဟု အကဲခတ်စူးစမ်းနေသည်။တီလေး စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာ သူ့မျက်နှာက ခါတိုင်းလို ရွှင်ပျ၊တက်ကြွမနေဘဲ ရှားရှားပါးပါး အတည်ကြီးလေးနက်နေခဲ့သည်ကိုး ။

"သား....သားငယ် ဘာဖြစ်လာလို့လဲ "

"တီလေး..."

"အွင်း ပြောလေသား "

"သား ကလေးလိုချင်တယ် "

"ဟင်...ဘာ...ဘာလို့ "

"ကိုကို့အတွက် သားကလေးလိုချင်တယ် "

"ဘယ်လိုဖြစ်လာတာလဲသားရယ်
တီလေးကို ရှင်းအောင်ပြောစမ်း "

"သားခုနက ဇာတ်ကားတစ်ခုကြည့်လာတယ် "

"အွင်း...အဲဒီတော့ "

"အဲ့ ဇာတ်ကားထဲမှာ မင်းသမီးအမေက ပြောတယ်"

"............,"

"အိမ်ထောင်တစ်ခု တည်မြဲဖို့ဆို သားသမီးရတနာက
မရှိမဖြစ်လိုအပ်တယ်တဲ့။နို့မဟုတ်ရင် ပြသာနာတစ်ခုတက်လာတဲ့အခါ မာနတွေပြိုင် ဂုဏ်တွေစစ်ခင်းလာကြတဲ့အခါ နှောင်တွယ်စရာ ငဲ့ကွက်စရာ ကြိုးလေးတစ်စမှ ချည်မထားခဲ့ရင် ၃နဲ့၄ လို အလွယ်လေး ကျောခိုင်းပြတ်စဲကြနိုင်လိမ့်မယ်တဲ့ ။သားသမီးဆိုတာ အိမ်တစ်အိမ်ရဲ့ဆည်းလည်း မိသားစုအတွက် ရတနာတစ်ပါးပဲတဲ့ "

"ဪ....သားရယ် ဒါက ဇာတ်ကားထဲမှာတော့
ဇာတ်အလိုက် ...."

"ဟင့်အင်....မဟုတ်ဘူးတီလေး မေမေလည်းမမကို အဲလိုပြောခဲ့တာပဲလေ "

"ဒါပေမဲ့ သားတို့က ...."

"သားတို့လည်း ကလေးယူနိုင်တယ် ယူလို့ရတဲ့နည်းတွေရှိတယ်မလား တီလေး ဟင် "

"ဒါက....."

"သား ကြားဖူးတယ် ....သားတွေ့ဖူးတယ် "

"ဒါကထင်သလောက်တော့ မလွယ်ဘူးလေ သားရယ် "

"ဘယ်လို မလွယ်တာလဲ တီလေး "

"ဟင်း...ဟုတ်ပြီ သားက သားတို့ကလေးလိုချင်တယ်ထား
ဘယ်လိုနည်းနဲ့ ယူဖို့စဉ်းစားမိလဲ စဉ်းရောစဉ်းစားပြီးပြီလား "

"ဟင့်အင်...သားအခု အဲဒီဆန္ဒ ရရခြင်း တီလေးဆီတန်းလာခဲ့တာ တီလေးက ဆရာဝန်ပဲ တီလေးက ပိုနားလည်မှာပေါ့ "

"ဟုတ်ပြီ သားတို့ ကလေးလိုချင်တယ်
ယူလို့မရဘူး မဟုတ်ဘူး ယူလို့ရတယ်
ယူလို့ရတဲ့နည်းလမ်းတွေလည်းများသထက်များလာပါပြီ "

"အနီးစပ်ဆုံးဖန်ပြွန်သန္ဓေ ယူလို့ရမယ်၊အငှားကိုယ်ဝန်ယူလို့ရမယ်၊သားအိမ်အစာထိုး ယူလို့ရမယ် "

"ခ.....ခန တီလေး သားအိမ်အစားထိုးယူလို့ရတယ်ဆိုတာက "

"ဒါက အောင်မြင်နိုင်ချေတော့နည်းတယ် ဒါပေမဲ့ မဖြစ်နိုင်တာမျိုးတော့မဟုတ်ဘူး အနောက်နိုင်ငံတွေမှာဆို ဒီနည်းလမ်းကို အသုံးပြုလာကြတာများတယ် အခုဆို အာရှမှာလည်း အထူးသဖြင့် ထိုင်းမှာပေါ့ ဒါမျိုးCase တွေ စမ်းသပ်အောင်မြင်နေကြပြီ"

"အဲဒါက ဘယ်လိုမျိုးလဲ တီလေး ...."

"အသေးစိတ်တော့ တီလေးလည်း သေချာမလေ့လာဖူးသေးဘူးသား တီလေးသိသလောက်တော့ သူကသားအိမ်အစားထိုးတဲ့အခါ သားအိမ်တည်ဖို့မြဲဖို့ကို အနည်းဆုံး ၃လလောက်ဆေးထိုး၊ဆေးစား စောင့်ကြည့်ရတယ်၊အဲ....သားအိမ်မြဲပြီ ဆိုရင်လည်း အနည်းဆုံး ၃နှစ်လောက်ထိမြဲတယ် အဲ၃နှစ်ထိ သားအိမ်ကိုအထိအခိုက်မရှိ မထုတ်ပဲထားနိုင်တယ်။ဒါကြောင့် ကလေးကို ၁ယောက်ကနေ ၂ယောက်ထိ ယူနိုင်တယ်။၃နှစ်ကျော်ရင်တော့ သားအိမ်ကိုပြန်ခွဲထုတ်ပစ်သင့်တယ်။ဒါက အစကတည်းက အစားထိုးတဲ့အရာတစ်ခုပဲလေ သဘာဝဖြစ်တည်မှုလို ဘယ်ဘေးထွက်ဆိုးကျိုးကင်းနိုင်ပါ့မလဲ "

"အဲဒါက အောင်မြင်နိုင်ချေ ဘယ်လောက်လောက်ရှိလဲတီလေး "

"ဒါတော့ လက်ခံအစားထိုးမဲ့ လူရဲ့ ခြင်ဆီ၊ကျန်းမာရေး ဆေးစစ်ချက်တွေအပေါ်မူတည်မယ် မဟုတ်မှ သား အဲဒီနည်းလမ်းကိုများ ....မ...မဟုတ်ပါဘူးနော် "

"ဟုတ်တယ် တီလေး သားအဲဒီနည်းလမ်းကိုပဲ သုံးချင်တယ် "

"ဟင်!! ဒ...ဒါက ထင်သလောက်မလွယ်ဘူးနော်
သားငယ်...အမျိုးသမီးတွေတောင်မှ ဓမ္မာတာအရ ကိုယ်ဝန်ဆောင်ရတောင် ကိုယ်ဝန်ဆောင်စဉ် ဒုက္ခအမျိုးမျိုး၊ကြုံရခံစားရတာ သားတို့က ဘယ်လိုလုပ်
နေအုန်း...ထူးပန်ကိုရော တိုင်ပင်ပြီးရဲ့လား သူကရော ကလေးလိုချင်မတဲ့လား ပြီးတော့ ဒါကိုလက်ခံနိုင်ပါ့မလား တီလေးတော့မထင်ဘူးနော် သား"

"ကိုကို့ကိုက သားပြောမှာပါ
ပြီးတော့ ကလေးကို သားပဲလွယ်မှာ "

"ဟင်....ဘယ်လို "

"ဟုတ်တယ်....ကိုကိုက ကုမ္မဏီအလုပ်တွေရှိသေးတယ် ပစ်ထားခဲ့လို့ မရဘူးလေ သားကကြ ကျောင်းလည်းပြီးပြီ အလုပ်လည်းမရှိသေးဘူး ဒါကြောင့် သားလွယ်လို့ရတယ် "

"နေပါအုန်း သားရယ် ဒီလိုကိစ္စမျိုးဆိုတာက သားတစ်ဦးထဲ သားသဘောနဲ့ သား ဆုံးဖြတ်လို့မရဘူးလေ မေမေတို့ဖေဖေတို့လည်း တိုင်ပင်ရအုန်းမယ် ပြီးတော့ ထူးပန်ကိုရော မမဆုကိုရော လူကြီးတွေအားလုံးနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမဲ့ကိစ္စလေ "

"သား မေမေတို့ကိုလည်း ခွင့်တောင်းမှာပါ တီမာ့ကိုရောပဲ
အခုက တီလေးကို အရင်ဆုံးတိုင်ပင်တာပါ ကိုကို့ကိုတော့ နောက်မှ ပြောပြမယ် တီလေးလည်း ကိုကို့ကို ဘာမှသွားမပြောနဲ့အုန်း ကိုကိုသိရင် လုံးဝလက်ခံမှာ မဟုတ်တာသေချာတယ် "

သေချာတာပေါ့ ထူးပန်သာ ကြည်ကြည်ဖြူဖြူ လက်ခံသဘောတူခဲ့ရင် သူ ရှိသမျှ အမွေ ဒီတူတစ်ယောက်ထဲဆီ အကုန်လွှဲပြောင်းပေးပစ်လိုက်ပါမည် ။ဟင်း....ကိုယ့်တူအကြောင်းလည်း ကိုယ်အသိဆုံးမို့ ပြသာနာက တစ်ခုမပြီးသေး...တစ်ခုကတော့ပေါ်လာပြီ။လူကြီးတွေကတော့ မျိုးဆက်မြေးငယ် မလိုချင်ပဲရှိပါ့မည်လဲ ....လိုချင်တာပေါ့။အထူးသဖြင့် မမဆု...မွေးထားသည်က တစ်ဦးတည်းသော သားလေးမို့ မျိုးဆက်မည်မျှ လိုချင်နေရှာခဲ့မည်လဲ။ခက်တာက ထူးပန် ....တကယ့်ခေါင်ကြီးကို သူ့တူ ဘယ်လောက်ထိချူပ်နိုင်မည်လဲအား စောင်ကြည့်ရုံသာရှိတော့သည်ပေါ့။

ငစိုင်း
တီလေးနဲ့စကားပြောပြီး ကိုကို့အား လာကြိုခိုင်း၍ ပြန်ခဲ့သည်။နောက် နှစ်ယောက်အတူ အိပ်ယာဝင်ရင်း စကားစမိသည်။

"ကိုကို...ကလေးချစ်တတ်လားဟင် "

"ကလေးလား ဘာလို့လဲ "

"ဘာလို့လဲ ပြန်မမေးနဲ့ မေးတာပဲဖြေ "

"ဟုတ်ကဲ့ပါဗျာ ...ချစ်စရာကောင်းတဲ့ကလေးလေးတွေတော့ ချစ်တတ်တာပေါ့ ကလေးတိုင်းတော့ မဟုတ်ဘူး "

"အယ်....ဘာလို့လဲ
ကိုကိုက ရုပ်ရည်အဆင့်တန်းခွဲခြားချစ်တာလား "

"ဟမ်....မဟုတ်ရပါဘူးဗျာ
ဒီလိုလေကွာ တချို့ကလေးတွေကြ ရုပ်ကအလှကြီး၊အချောကြီးမဟုတ်ပေမဲ့ ချစ်မွှေးလေးပါပြီး ချစ်စရာကောင်းတယ်လေ ။သွားကျိုးလေးနဲ့ကတုံးပြောင်လေးနဲ့ဆိုရင်တောင်တအားချစ်စရာကောင်းနေတာမျိုး ။တချို့ကလေးတွေကြ ကြည့်လိုက်ရင် ကလေးက တကယ်အချောလေး၊အလှလေး ။ဒါပေမဲ့ သူ့မှာ ဘယ်လိုပြောရမလဲ ကလေးပေမဲ့ တချို့ကလေးတွေမှာ မာန်လေးတွေ၊ဂုဏ်လေးတွေ ကိန်းဝပ်နေတာလေးတွေရှိတယ် ။ပြောရရင်ကွာ ကလေးသဘာဝ ဖြူစင်ပြီးချစ်စရာကောင်းမနေဘူး တွေ့ဘူးတယ်မလား အဲလိုကလေးလေးတွေ "

"အွင်း....." ကိုကိုပြောတာလည်း ဟုတ်သလိုလိုရှိသည်မို့ ငစိုင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

"အင်း....ဒီတော့ အဲလိုကလေးတွေကြ ဘယ်လောက်ချောနေလှနေနေ ဒီကလေးလေး ချောတယ်၊လှတယ်ပေါ့ ဒါပေမဲ့ ချစ်စရာကောင်းတယ်လို့ အထူးတလည် မချစ်မိတော့တာပေါ့ အဲလိုမျိုး ။အဲဒါကြောင့် ကလေးသဘာဝ ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ကလေးတွေတော့ ကိုလည်းချစ်တာပေါ့ ချစ်မိတာပေါ့ ။များသောအားဖြင့်တော့ ကလေးတွေက ချစ်ဖို့ကောင်းပါတယ် ။မိဘလွှမ်းမိုးမှု၊မိဘလောင်းရိပ်မိနေတဲ့ ကလေးတွေလောက်သာ အဲလိုဖြစ်သွားကြတာပါ"

"အွင်း...."

"မောင်က ဘာလို့မေးတာလဲ "

"ဟင်...!!ဪ ညနေကလေ Fb ပွတ်ရင်း Nf မှာ
Cutie -Baby Photos လေးတွေ တက်လာလို့ ဝင်ကြည့်ရင်း ချစ်ဖို့ကောင်းလိုက်ကြတာလို့ တွေးမိလို့ အဲဒါ ကိုကိုရော ကလေးချစ်တတ်လားလို့ မေးကြည့်တာ "

"အွင်း ကိုကိုလည်း Nf မှာ အဲလိုပုံလေးတွေ တက်လာရင် ဝင်ကြည့်ဖြစ်တယ် ချစ်စရာလေးတွေလေ "

"ကိုကို..."

"ဗျာ...ဗျ "

"ကိုကို ကလေးလိုချင်လား "

"ဟား....အဆိုးလေး ဘာတွေလာမေးဂျစ်အုန်းမလို့လဲ။
မရဘူးနော် ....ဒီညတော့ မဂျစ်နဲ့တော့နော် အဆိုးလေး။
ကိုကို ကိုယ်တွေနွေးနေတုန်းပဲလေ အိပ်ကြရအောင်နော် " ဆိုကာ ထူးပန် မောင့်အား ရင်ခွင်ထဲ သိမ်းထုပ်ထည့်၍ ဇွတ်အိပ်ရန် ချော့မြူရသည်။ထိုအခါမှ သူ့နဖူးအား တစ်ချက်ထစမ်းရင်း ရင်ခွင်ထဲပြန်တိုးဝင်ကာ ငြိမ်သွားတဲ့ အဆိုးလေးကြောင့် ထူးပန်ကိုယ်ငွေ့နွေးနေသည်ကိုပင် ကျေးဇူးတင်ရသည်။

နောက်ရက် ငစိုင်း နိုးနိုးချင်း ကိုကို့နဖူးကို စမ်းကြည့်မိသည်။တော်ပါသေးရဲ့ ကိုယ်ငွေ့နွေးမနေတော့လို့ ။ဘာပဲဖြစ်ဖြစ် အားရှိအောင် ကြက်စွတ်ပြုတ်လေးတော့ လုပ်ပေးရမည်။သူ....ကိုကို့ မေးလေး တစ်ချက်နမ်း၍ အိပ်ယာထဲမှ ထကာ မျက်နှာသစ်ကိုယ်လက်သန့်စင်ရသည်။ပြီး.....ကိုကို့အတွက်ပါ တစ်ခါထဲ ပြင်ဆင်ထားပေးခဲ့ပြီး အောက်ထပ်ဆင်းခဲ့လိုက်သည်။

ဟုတ်သား ဒီနေ့ ကိုစည်းနဲ့ ကိုလျှံဝေသော်လည်း လာမယ်ပြောထားတာပဲ ။ဒါဆို ဒီနေ့ နေ့လည်စာ ဒေါ်တူးကို ပိုချက်ခိုင်းရမယ်။မဟုတ်သေးပါဘူး....ကိုယ်တိုင်ဝင်ချက်အုန်းမှပါ ။အဲဒါထက် ကိုစည်းတို့လာမဲ့အကြောင်း သူကိုကို့ကို မပြောရသေးဘူး ဘယ်လိုပြောရပါ့။ပြသာနာတွေက ဖြေရှင်းပြီး ဖြစ်သော်ငြား ကိုကိုက ကိုစည်းတို့ကို အမြင်ကြည်ရဲ့ မကြည်ရဲ့က သူမသိ။

"ဟယ်...သား ဘာတွေအတွေးလွန်နေတာတုန်း
ကြက်စွတ်ပြုတ်က အရည်ခမ်းတော့မယ် "

"အယ်....ဟုတ်သား ဟီး သားအတွေးလွန်သွားတာ"

"ဒီကလေးကတော့လေ ဒေါ်တူးလုပ်ပေးပါ့မယ်ဆိုတော့လည်း မဟုတ်ရဘူး "

"ကိုကို့အတွက် သားကိုယ်တိုင်လုပ်ပေးချင်လို့ပါ "

"မေမေ့အတွက်ကရော သားလေး "ဆိုင်သွားဖို့ပြင်ဆင်ထားပြီးမေမေက ငစိုင်းနားရောက်လာရင်း မေးလာရာ...

"အဟား ပါတာပေါ့ တို့မေမေအတွက်မှ မပါရင်
ဘယ်သူ့အတွက်ပါရအုန်းမှာလဲ
မေမေ စားပွဲမှာ အရင်ထိုင်နှင့်နော် သားခပ်လာပေးခဲ့မယ်
ဒီမှာ ရပ်နေ တို့မေမေလှလှလေး ဟင်းနံ့တွေ စွဲသွားလိမ့်မယ် "

"ဟုတ်ပါပြီရှင် ....
အတတ်လေး...." ဆိုကာ သူ့ပါးလေးကို ဆွဲဖျစ်၍ ထွက်သွားတဲ့ မေမေ့ပါးလေးကို သူလည်း ရွှတ်ခနဲ တစ်ချက်နမ်းလိုက်သည်။သားမက်နဲ့ယောက္ခမက သားနဲ့အမိလိုပင်မို့ သူတို့အိမ်၊သူတို့မိသားစုလးမှာ နွေးထွေးမှုတွေအပြည့်ဝ လွှမ်းခြုံလျှက်ရှိလေသည်။အိမ်ရဲ့ဆည်းလည်း ဘေဘီလေးတွေ များရှိလာခဲ့ရင်။အတွေးနဲ့တင် ကြည်နူးစရာကောင်းလွန်းလှသည်မို့ ငစိုင်း ဆုံးဖြတ်ချက်တွေ ခိုင်မာသထက်ခိုင်မာနေခဲ့ပြီ။

ငစိုင်း မေမေ့ကို ကြက်စွတ်ပြုတ် တစ်ပန်းကန် ထည့်ပေးပြင်ဆင်ပေးခဲ့ပြီး ကိုကို့ကို ပြန်တက်နှိုးရသည်။

"ကိုကို...ကိုကို အိပ်ပုတ်ထတော့ ထတော့ "

"အင်း....ဟင်း..." အပျင်းတစ်ကာ ညည်းရင်း တစ်ဖက်ပြန်လှည့်သွားတဲ့ ကိုကို့ကြောင့် ငစိုင်းမှာ သွားတက်လေးလက်ခနဲပေါ်လွင်လာသည်အထိ ရယ်မိရင်း ခေါင်းခါမိသည်။

"ကိုကိုရေ...ထတော့ဆို
ယောကျာ်းရေ....မထဘူးလားပြော "

"အမလေး..." ငေါက်ခနဲ ထထိုင်လိုက်သော ကိုကို့ကြောင့် ငစိုင်းရင်ဘတ်ကို လက်လေးနဲ့ဖိကာ လန့်သွားရသည်။

*ဖြည်းဖြည်းလုပ်ပါ ငါ့ယောကျာ်းရယ် ဘယ်နဲ့တွေဖြစ်။*
တွေးလို့မှမဆုံးသေး ဝုန်းခနဲ ပြန်လှဲအိပ်သွားသော ကိုကို့ကြောင့် ငစိုင်းကြောင်တောင်တောင်လေးဖြစ်သွားသည်။ဒါကရော ဘယ်နဲ့တွေ ဖြစ်ရပြန်တာတုန်း....။

"ပြန်နှိုး...."

"ဟမ်...!!!"

"ပြန်နှိုးလို့ ...."

"နိုးနေပြီမဟုတ်ဘူးလား "

"မနိုးသေးဘူး ပြန်နှိုး ..."

"ငှယ်....ဒါကဘယ်လိုအဆန်းကြီးတုန်း "ငစိုင်း မျက်တောင်လေး တဖြတ်ဖြတ်ခတ်ရင်း စဉ်းစားမိတော့ နောက်ဆုံးတော့ သူသဘောပေါက်သွားသည်။သူ့ယောကျာ်းက ယောကျာ်းလို့ခေါ်နှိုးလိုက်သည်ကို ဘဝင်ခိုက်သွားသည်ကိုး ။

ငစိုင်း မွေ့ယာပေါ် ကိုယ်တစ်စာင်းလေးထိုင်၍ လှဲအိပ်နေတဲ့ ကိုကို့ရင်ဘတ်ပေါ် ခန္ဒာကိုယ် အပေါ်ပိုင်းကို မှီတွယ်လိုက်ပြီး နှုတ်ခမ်းပါးလေးကို ရဲစွေးနေတဲ့ ကိုကို့နားရွက်နီနီနား တိုးကပ်လိုက်သည်။နောက်....နှုတ်ခမ်းလေးလှုပ်ရုံ လေသံဖွဖွလေးနဲ့ ....

"ယောကျာ်းရေ....ထတော့နော် "

".............."

"အား....အဟား.....ဟား..." ငစိုင်း တစ်ကိုယ်လုံး ကိုကို့ရင်ခွင်ထဲ ဆွဲယူပစ်သွင်းခြင်းခံလိုက်ရပြီး အရိုးကျိုးလုမတက် ဖျစ်ညှစ်ခြင်း ခံလိုက်ရသည်။

"အား...အ..ဟ.. .အဟားဟားး
ကိုကို့နာတယ်နော် ...အဟားဟား ယားတယ်လို့ " သူ့ကို ပေါင်ပေါ်ဆွဲပွေ့ပြီး သူ့ခါးကို ကလိထိုးကာ အပစ်ပေးလေသည့် ကိုကို့ကြောင့် ငစိုင်း ကိုယ်လေး ကိုကို့ရင်ခွင်ထဲ ထွန့်ထွန့်လူးကာ အော်ရယ်ရင်း ရုန်းကန်နေရသည်။

"ဖြောင်း!!"

"အ....." တင်ပါးထက် ခပ်နာနာလေးတစ်ချက်အရိုက်ခံလိုက်ရသည်မို့ ငစိုင်း အ ခနဲအော်မိသည်။

"အာ....ကိုကိုနော် ဘာလို့လူကိုလာရိုက်နေတာလဲ "

"သူများကို စောစောစီးစီး လာကလိရဲတယ်ပေါလေ
ဟမ်...!! အဆိုးလေး ကို့ကို လာဆွတယ်ပေါ့လေ "

"ဘာစောစောစီးစီးလဲဘယ်အချိန်ရှိပြီလဲ ကြည့်အုန်း
အောက်မှာ မေမေတောင် ဆိုင်သွားလောက်ပြီရယ်
ပြီးတော့ လူကိုများစွပ်စွပ်စွဲစွဲ ဘာလာဆွတာလဲ ဘယ်မှာဆွလို့လဲ ကိုယ့်ယောကျာ်းမို့ယောကျာ်းလို့ခေါ်တာနှိုးတာလေ ဘာလဲ မကြိုက်ရင် နောက်ဘယ်တော့မှမခေါ်တော့ဘူး
ဖယ် .....လူကိုလွှတ်တော့ လွှတ် "

ထူးပန် သူ့ပေါင်ပေါ်မှ ကော့ထိုးရင်း ရန်တွေ့ကောင်းနေတဲ့ နှုတ်သီးပါးလေးကို ဆွဲငုံ၍ နှုတ်ပိတ်ပစ်လိုက်သည်။

"အွတ်စ်....အင့် " အစကရုန်းကန်နေသေးသော အဆိုးလေးမှာလည်း နောက်တော့ သူ့လည်တိုင်ကို ခိုတွဲလာပြီး အနမ်းတွေအား အလိုက်သင့်စီးမျောလာသည်။အတန်ကြာ နမ်းလို့ဝ၍ မောင့်နှုတ်ခမ်းလေး ဖူးအစ်စိုလက်နေကာမှ သူလွှတ်ပေးလိုက်သည်။ထူးပန် မောင့်ခါးလေးကို ဖက်၍ သူ့ကို ခွထိုင်ထားရက် မောင့်လည်တိုင်ကြား ခေါင်းလေးတိုး နမ်းရှိုက်ရင်း .....

"ထပ်ခေါ်ပါအုန်း ယောကျာ်းလို့ "

"မခေါ်တော့ပါဘူး ခေါ်စရာလား ကိုကိုမကြိုက်ဘူး
မဟုတ်ဘူးလား "

"ဟင့်အင်....ထပ်ခေါ် ...ထပ်ခေါ်လို့ "

"မခေါ်ဘူး ...."

"ခေါ်ပါဆို နော်...နော် ကိုကို ကြားချင်လို့ပါနော် "

"ဟင့် ....ယောကျာ်း " နှုတ်ခမ်းလေးစူရင်း အောင့်သက်သက်လေးခေါ်သည်ကိုပင် ထူးပန်မှာ အသည်းတွေယားလွန်းလို့ မောင့်ကိုယ်လေးအား တစ်ဖန် ဖျစ်ညှစ်မိကာ လည်တိုင်ကြော့ကြော့လေးအား တစ်ချက်ငုံ့ကိုက်လိုက်မိသည် ။

"အ...!! ကိုကိုက ခွေးလား
စောစောစီးစီး လူကိုလာကိုက်နေတယ် "

"အွင်း....ခွေးဖြစ်ရင်တောင် မောင့်တစ်ယောက်နောက်ပဲလိုက်ပြီး မောင်တစ်ယောက်ပဲ ကိုက်ချင်နေတဲ့ခွေး "

"အဆန်းကြီး ...."

"မောင့် ယောကျာ်းမို့ "

"ဟယ်....အခုမှသိတော့တယ် မောင်ယူထားတဲ့
ယောကျာ်းက ခွေးဖြစ်နေတာ "

"ဟုတ်ပါ့ ....ဒီခွေးပေါက်လေးရဲ့ ယောကျာ်းပါဆိုမှတော့
ဒီကောင် ခွေးကြီး ဖြစ်ပြီပေါ့ "

"ဟားဟား...ဟား "ငစိုင်း ကိုကို့စကားကြောင့် လည်တိုင်ကြော့လေးမော့ကာ ဟက်ဟက်ပက်ပက် ရယ်မိသည်။
ထိုစဉ် လည်တိုင်ကြော့မှာ ဆစ်ခနဲ အကိုက်ခံလိုက်ရပြီး ကိုက်တဲ့ခွေးကြီးကတော့ ဖြီးလို့နေပါသည်။

"တော်ပြီ....တော်ပြီ မနောက်နဲ့...မနောက်နဲ့တော့
ကိုကို ဒီနေ့ကုမ္မဏီ သွားရမယ်မလား နောက်ကျနေတော့မယ် ဒီနေ့မှ ထပ်ပြီးနောက်ကျရင်တော့ မခြူးက ကိုကို့ကို အလုပ်ထုတ်တော့မှာ "

"ကို အလုပ်ပြုတ်မှာ ကြောက်တယ်ပေါ့ "

"ကြောက်တာပေါ့ ယောကျာ်းက အလုပ်ပြုတ်ရင်
မောင်ကဘာနဲ့သွားစားမလဲ "

"ဟားဟား.....တကယ်တမ်းနောက်နေ
ကျီစယ်နေတာ မောင်ပါနော် "

"အွင်း....ယောကျာ်းရဲ့နေ့ရက်တိုင်းကို အချစ်တွေ၊အနမ်းတွေ ၊အပြုံးတွေ၊အရယ်တွေနဲ့ပဲ နိုးထစေချင်လို့ ဒီနေ့ကစ နေ့ရက်တိုင်း၊နေ့ရက်တိုင်းပဲ "

"မွ....ချစ်လိုက်တာ ငါ့ယောကျာ်းလေးကို "

"အူးမွ.....မောင်ကလည်းချစ်လိုက်တာ မောင့်ယောကျာ်းကြီးကို "ဆိုကာ ကိုကို့ နဖူးကို အနမ်းတစ်ပွင့်ပျိုး၍ ပေါင်ပေါ်မှဆင်းကာ ဆွဲထူလိုက်သည်။နောက် ကိုကို့ကို ရေချိုးခန်းဆီ တွန်းပို့၍ သူအိပ်ယာသိမ်းပြီး ကိုကို့အတွက် Suit တစ်စုံထုတ်ပေးထားလိုက်သည်။

ထူးပန်...
သူ့အတွက် အဆင်သင့်ပြင်ထားပြီးသော သွားတိုက်တံပေါ်က သွားတိုက်ဆေးနဲ့ တံဘက် ဖွေးဖွေးလေးကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ရလွန်းလို့ မျက်ရည်တွေပင်လည်လာသည်။သူချစ်ပေးသလောက်၊သူဂရုစိုက်ပေးသလောက် မောင့်ဆီက တန်ပြန်ရရှိသော ချစ်ခြင်းနဲ့ ဂရုစိုက်မှုတွေဟာ သူ့အတွက်တော့ မတောင်းပဲပြည့်ရသည့် ဆုလာဘ်တွေပါပင်။

ထူးပန် ပြီးလို့ထွက်လာတော့ မောင်ကရှိမနေတော့။သူ့အတွက် နံနက်စာသွားပြင်နေမည်မှာ ပြေးကြည့်စရာမလို။သူပြင်ဆင်ပြီး ဆင်းလာတော့ မောင့်လက်ထဲက အငွေ့တထောင်းထောင်းနဲ့ ကြက်စွတ်ပြုတ်ပန်းကန်ကြောင့်  suitcase ကို တွေ့ရာ ကောက်တင်လိုက်ပြီး မောင့်လက်ထဲက ပန်ကန်ကို လွှဲပြောင်းယူရသည်။

"ဒီလောက်ပူနေတာကို ဘာလို့ကိုယ်တိုင်သယ်နေရပြန်တာလဲ မောင်ရာ.....မတော်လို့ အပူလောင်သွားရင် ဘယ်လိုလုပ်မလဲ ကျွတ်စ် "

"ကိုကိုကလည်း ဘာမှမဖြစ်ပါဘူး
ကိုကို့ကို ပူပူလေးစားစေချင်လို့တောင် မောင့်မှာ ပြန်နွှေးထားရတာ လာ.....ဒါမောင်ကိုယ်တိုင် အစောကတည်းကချက်ထားခဲ့တာ စားကြည့် " ငစိုင်း သူအပူလောင်မှာ စိုးရိမ်ပြီး စူပုတ်နေတဲ့ ကိုကို့ကို ခုံမှာဆွဲ ထိုင်စေရသည်။နောက် ဟင်းရည်ပူလေး တစ်ဇွန်းခပ် နှုတ်ခမ်းလေးစူ၍ တဖူးဖူးမှုတ်ပြီး ကိုကို့ကို ခွံ့၍ တိုက်လိုက်သည်။ထိုအခါမှ လင်တော်မောင်က ပြုံးတော်မူနိုင်ပြီး ....

"နောက် အဲလိုတွေအပူကြီးတွေမသယ်ရဘူးနော်
ဒီတစ်ခါပဲ ဖြစ်ပါစေ "ဆို၍ ယူသောက်သည်။

"ကောင်းလား ယောကျာ်း "

"အား ကောင်းမှကောင်း ဒေါ်တူးတို့တောင် မောင့်ဆီကပြန်သင်ဖို့ လိုနေပြီ ။အကောင်းဆုံးက သကာပေါ်ပျားရည်လောင်းလိုက်သလို ဟင်းရည်ပူပူလေးက ခပ်ကောင်းကောင်း ကိုမှ ယောကျာ်းလို့ခေါ်တာလေးက ရှယ်ဇွန်းတပ်လိုက်တာပဲ။အားပါး...ထူးပန်တို့ တစ်နေ့တာ မင်္ဂလာအပေါင်းနဲ့ပြီးပြည့်စုံစေပြီ "

"မောင့်ယောကျော်းကတော့ ပိုပြီ "

"ဟဟ....ကဲချစ်သောမောင်
ကို့ ကို တခုခုပြောစရာ၊ပူစရာရှိနေတယ်မလား ဘာလဲပြော "

"ဟမ်!!! မ...မရှိပါဘူး ကိုကိုကလည်း " ယောင်ယောင်နနနဲ့ မောင့်အဖြေကြောင့် ထူးပန် ပြုံးမိသည်။သူ့ယောကျာ်းအကြောင်း သူမသိပဲနေပါ့မလား။ဒီလောက်အရိပ်တကြည့်ကြည့် အသည်းတနင့်နင့်နဲ့ ချစ်လာရတာပဲ သူသိတာပေါ့။ဒါကြောင့် ဇွတ်မေးမနေတော့ပဲ မောင်ပြောလာမှာသာ သူစောင့်နေလိုက်သည်။

ငစိ်ုင်း
ကိုကို့ကို ကားဆီလိုက်ပို့ပေးပြီး ကိုကိုကားထဲရောက်မှ

"ဟို...ကိုကို "

"အွင်း...ပြောလေမောင် "ထူးပန် မောင်စကားအဆက်ကောင်းအောင် စပေးလိုက်သည်။

"ဟို...ဒီနေ့ ကိုစည်းတို့လာမယ်ပြောတယ်
အဲဒါ...." ဪ...ငါ့ယောကျာ်းနှယ် ဘာများလဲလို့ ။ဒါလေးပြောဖို့ကို ဘာတွေများတွန့်ဆုတ်စရာရှိတယ်မသိ။

"အွင်း....လာခိုင်းလိုက်လေ
ဘယ်အချိန်လာမယ်တဲ့လဲ "

"မောင်....ညနေပိုင်းလောက်လာခိုင်းလိုက်မလားလို့
ဟိုပြီးတော့ ကျော်ကြီးနဲ့ မစန္ဒီကိုပါ ခေါ်လိုက်မယ်လေ
မောင်တို့ ပါတီအသေးစားလေးလုပ်ရင်မကောင်းဘူးလား " သူအစကတော့ ကိုစည်းတို့ကို နေ့လည်စာဖိတ်ကျွေးပြီး ကိုကို့ ကိုလည်း ခနပြန်လာခိုင်းမလိုပင် ။သို့သော် အဲ့ထက်ကောင်းတဲ့ အကြံကပေါ်လာသည်မို့ အစီစဉ်ပြောင်းလိုက်သည်။

"အွင်း မောင့်သဘောလေ
ဒါဆို ကို စန္ဒီ့ကို ကြိုပြောပြီး မောင့်ကိုလာကူခိုင်းလိုက်မယ် "

"ဟုတ်....မောင်လည်း ကျော်ကြီးကို လှမ်းခေါ်လိုက်မယ် "

"ဟုတ်ပါပြီဗျာ သြော.....ဒါနဲ့ အထိခိုက်အရှနာတွေ
ကိုထပ်မတွေ့ချင်ဘူးနော်မောင် လုပ်တာကလုပ် ကိုယ့်ကိုကိုယ် မထိခိုက်အောင်လုပ် "

"ဟုတ်....ဒါနဲ့ ....ဟို...မေမေက "

"မေမေ့ကိုက မပူနေနဲ့ မေမေကပျော်တောင်နေအုန်းမှာ
ကိုတို့အိမ်မှာ ပွဲမလုပ်တာ ကြာပြီမလား "

"အွင်း....ဟုတ် " ဆိုကာ ငစိုင်း ကိုကို့ပါးလေးကို ငုံ့နမ်းလိုက်ပြီး တာတာ့ပြ၍ ကျန်ခဲ့သည်။

နောက် ကျော်ကြီးကို လှမ်းခေါ်ပြီး ဒေါ်တူးကို လိုတာတွေဝယ်ဖို့ စာရင်းလုပ်ခိုင်းရသည်။ကိုစည်းတို့ကို ဖုန်းဆက်ပြီးအချိန်အတိကျချိန်း၍ ပါတီအသေးစားလေးလုပ်မည်ပြောတော့ ကိုစည်းက ဝိုင်အတွက်တာဝန်ခံသည်။ဒီတော့လည်း အိုကေမှာ စိုပြေတာပေါ့လေ ။

ငစိုင်း...ဒေါ်တူးနဲ့ ဝယ်ရမည့်စာရင်းလုပ်နေတုန်းပဲ ကျော်ကြီးနဲ့ မစန္ဒီပါ ပေါက်ချလာသည်။မြန်လိုက်တာဟ တွေးနေတုန်း ဝက်နာက ခုထဲက မယူရသေးတဲ့ မိန်းမနား တကပ်ကပ်နဲ့ မစန္ဒီတို့အိမ် ရောက်နေသည်တဲ့လေ။ဒီတော့လည်း သုံးယောက်သား ညနေအတွက် ပြင်ဆင်ရသည်။သူနဲ့ ကျော်ကြီးက ပါတီကျင်းပမဲ့ နေရာရွေးပြီး နေရာထိုင်ခင်း ပြင်ဆင်၍ ဒေါ်တူးနဲ့ မစန္ဒီကတော့ အဝယ်တော် တာဝန်ယူလေသည်။ပြီး ဝယ်ခြမ်းပြီး ပြန်လာမှ ချက်ကြပြုတ်ကြ ပြင်ကြဆင်ကြမည် ဖြစ်သည်။ချက်ကြ ၊ပြုတ်ကြရသည်က ပါတီအကင်ဘာညာအပြင် ညစာပါကျွေးမည်မို့ပင် ပြင်နေကြရသည်။

၂/၃ ချက်ထိုးလောက်ရောက်တော့ သူတို့လုပ်ငန်းစလေပြီ။ပြင်ဆင်ရမည်က များသည်မို့ အစောကြိုကာ လုပ်နှင့်ထားကြခြင်းဖြစ်သည်။
ဒေါ်တူးကလည်း လူကြီးသာဖြစ်တာ လူငယ်တွေနဲ့ အပြိုင်တက်ကြွလို့နေသည်။ငစိုင်းက မေမေ့ဆီ လှမ်းကာ ခွင့်တောင်းတော့ မေမေက ခွင့်ပြုသည့်အပြင် ဘညိုကို တပ်ကူပင် ပြန်လွှတ်ပေးလိုက်သည်။

ငစိုင်း တီလေးကိုလည်း မမေ့မလျှော့ အသိပေးဖိတ်ကြားရာ တီလေးကလည်း ဂျူတီအော့သည်နှင့် တန်းလာခဲ့မည်ဆိုသည်။နောက် ဘေးအိမ်ကမစန္ဒီ အမေကလည်း ဟင်းနံ့တွေ မွှေးလွန်းလို့ မနေနိုင်လို့ လာဝိုင်းတာဟု ဆိုကာ လူစုံတက်စုံ တက်ညီလက်ညီ အင်မတန်ပျော်ဖို့ကောင်းနေခဲ့လေသည်။

သူတို့ပြီးခါနီးလောက်မှာပဲ ကိုကိုရောမေမေရော ပြန်ရောက်လာခဲ့သည်။သိပ်မကြာပါ ကိုစည်းနဲ့ကိုလျှံဝေသော်တို့လည်းရှေ့ဆင့်နောက်ဆင့်ရောက်လာသည်။ငစိုင်းကတော့ ကိုစည်း ပါလာတဲ့ အင်းလေးပြန် လက်ဆောင်တွေနဲ့ ဝိုင်အကောင်းစားတွေကြောင့် အပျော်ကြီးပျော်ကာ မြူးနေတော့သည်။

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

403K 31K 67
គ្រាន់តែចង់កាច់បំបាក់ចរិកតែក៏លង់ផុងទាំងកាយនិងបេះដូងទៅលើគ្នា 🔥
3.5K 204 16
ချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ? ခ်ယ္ရီေတြလည္းေႂကြခဲ့သလို...
281K 22.4K 24
UNICODE VERSION: "နေကြာပန်းလေးအတွက်တော့နေမင်းဟာကမ္ဘာတစ်ခုလိုကိုဖြစ်နေပေမဲ့... နေမင်းကြီးအတွက်တော့နေကြာပန်းလေးကနေကြာပန်းပေါင်းမြောက်များစွာထဲကနေကြာပန်...
247K 6.2K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်