💝M34💝

1.8K 172 25
                                    

Z/

လျှံဝေသော်
ညနေခင်းတစ်ခင်းလုံးစာဖတ်နေမိပြီး မှောင်ရိပ်ပျိုးလာမှ
ရံ့ကို သတိရ၊လွမ်းသည့်စိတ်နဲ့ ဖုန်းကိုကောက်ယူကာ
ရံ လိုင်းပေါ်ရှိ၊မရှိကြည့်မိသည်။ရံ့အား လိုင်းပေါ်မတွေ့ရတော့ လက်က Fb Nf ဆီအရောက်.....

"ဒုန်း...!!!"

လက်ထဲကဖုန်းကို နံရံထက် အားကုန်လွှင့်ပေါက်ရိုက်ခွဲပစ်လိုက်မိသည်။တဆတ်ဆတ်တုန်ရီနေတဲ့လက်တွေနဲ့ တသိမ့်သိမ့်တုန်ရီနေတဲ့ ကိုယ်ခန္ဒာဟာ ဒေါသကြောင့်၊ခံပြင်းမှုတွေကြောင့်။ ညာတယ်မင်းငါ့ကိုညာတယ် ရံ...မင်းငါ့ကိုညာခဲ့တယ်။ဘာလို့လဲ အကြောင်းပြချက်က ဘာအတွက်ကြောင့်လဲ ရံ။ဘာကြောင့်မင်းငါ့ကို ညာခဲ့နိုင်တာလဲ?
ငါ မင်းအပေါ်အလုံးစုံယုံကြည်ထားခဲ့တာလေ။ငါ..ငါယုံကြည်ထားခဲ့တာ မင်းငါ့အပေါ်..အား!ရံစည်းစိမ် မင်း..မင်းကွာ ။

လျှံဝေသော်
ဆံပင်တွေအား ထိုးဖွဆွဲဆုပ်ပစ်ကာ အားခနဲကြုံးအော်၍ မျက်နှာကို လက်နဲ့အကြမ်းပတမ်းပွတ်သပ်ကာ စိတ်ကိုမနည်းတည်ငြိမ်အောင်ကြိုးစားယူရသည်။ရံ့ကိုသူယုံကြည်ထားခဲ့တာ သူ့ကိုပဲ၊သူ့တစ်ယောက်အပေါ်ကိုပဲ ရံ့စိတ်တွေ ရှိနေခဲ့မယ်ထင်ထားတာ။သူ့ကိုပဲ ရံကရံက ...
တကယ်တော့ဒါတွေက သူ့အထင်၊သူ့မျှော်လင့်ချက်သပ်သပ်ပဲ ဖြစ်နေခဲ့ပြီလား၊ဖြစ်နေတာများလား?
ငစိုင်းဆိုတာက ကဝေကောင်ဂြိုလ်ဆိုးကောင်သပ်သပ် ဒီလိုနဲ့ ဒင်းက ရံ့ကိုပြုစားလိုက်လေလျှင်။

မဖြစ်ဘူး မဖြစ်ဘူး စိုင်းဟိန်းထက် မဖြစ်ဘူး ရံ့ကိုတော့မဖြစ်ဘူး။တောင်းပန်ပါတယ် ရံ့ကိုတော့ မလုယူလိုက်ပါနဲ့။ရံ့ကို...ရံ့ကို ငါ့ဘဝထဲကငါ့အနားကနေဆွဲထုတ်မသွားလိုက်ပါနဲ့ ငါတောင်းပန်ပါတယ်။
ဟင်! မဟုတ်သေးပါဘူး သူကဘာကိစ္စ စိုင်းဟိန်းထက်ဆိုတဲ့အကောင်ကို တောင်းပန်နေရမှာလဲ? တောင်းပန်ဖို့လိုလား ?ဟင့်အင် ရံကငါ့အပိုင်၊ဟုတ်တယ် ရံစည်းစိမ်ဆိုတာ လျှံဝေသော့်လူ၊ လျှံဝေသော့် အပိုင်ပဲ။မင်းငါ့လူကို လုယူသွားလို့မရဘူး၊မဖြစ်စေရဘူး ။ငါဆိုတဲ့ကောင်က ဒုက္ခိတ တစ်ယောက်ဖြစ်နေခဲ့ရင်တောင် ငါ့လူကိုတော့ ဘယ်သူ့လက်ထဲမှ မပါအောင် ကာကွယ်မှာ မို့ ဘယ်တော့မှ မင်းလက်ထဲ အပါမခံနိုင်ဘူး။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now