💝M49💝

3K 244 38
                                    

Z/

ထူးပန် ....
ပြန်လှည့်ပြေးသွားတဲ့မောင့်နောက်လိုက်ရင်း ဓါတ်လှေကားဆီမဟုတ်ပဲ လှေကားထစ်တွေဆီ ဦးတည်တာကြောင့် လှမ်းဆွဲမည်အလုပ်မှာပင် ပြိုလဲကျသွားတဲ့ မောင့်ကိုယ်လေးကို အချိန်မှီ ဖမ်းဆွဲလိုက်နိုင်သည်။ဘုရား ...ဘုရား...တော်ပါသေးရဲ့ ဘုရား ကယ်လို့သာပေါ့ တကယ့်ကို တော်ပါသေးရဲ့ ။ မောင်......မောင်ရာ ။

သူ့ရင်ခွင်ထဲ ပြိုကျမေ့လဲနေတဲ့ မောင့်ကို ထူးပန် ယူကြုံးမရ ပွေ့ပိုက်ထားမိရင်း တုန်လှုပ်ထိန့်လန့်နေမိသည်။မောင်....မောင်သာ မတော်တဆ အား... ထူးပန်မျက်လုံးတွေကို ပိတ်မှိတ်ချရင်း ဆက်မတွေးဝံ့စွာ ခေါင်းကို ကယောင်ကတမ်းခါယမ်းလိုက်မိသည်။ထို့နောက် သူ့နောက် လိုက်လာတဲ့ ကိုအုပ်စိုးက ရင်ခွင်ထဲသတိလစ်မေ့လျော့နေတဲ့မောင်နဲ့ သူ့ကို ကြည့်၍ သူပါ အံသြတုန်လှုပ်သွားပုံရကာ

"ကို...ကိုထူးပန် ဘယ်လိုဖြစ်သွား ....
ဟာ ဒီတိုင်း နေလို့မဖြစ်ဘူးလေ ကိုထူးပန် ဆေးရုံ ဆေးရုံကားခေါ်လေ " အဲဒီနောက် သူပဲ ဆေးရုံကား ခါ်၍ သူပဲ ငစိုင်းကိုပွေ့ချီထားတဲ့ ထူးပန်ကို ကူတွဲကာ ဓါတ်လှေကားဆီ ဆွဲခေါ်ရသည်။အဲဒီနောက် သိပ်မကြာ ရောက်လာတဲ့ ဆေးရုံကားနဲ့ ဆေးရုံပြေးကြရသည်။

ထူးပန် ဆေးရုံကားပေါ်ရောက်မှ အသိနဲ့သတိပြန်ကပ်က မောင့်အား သေချာကြည့်မိသည်။ထိုအခါမှ သိသိသာသာ ချောင်ကျသွားတဲ့ မျက်နှာလေးထက် မျက်အစ်လေးတွေမို့ကာ မျက်တွင်းလေးတွေ ညိုနေတာကိုတွေ့ရသည်။ထို့နောက် နွမ်းလျလျ မျက်နှာလေးထက် ဦးခေါင်းမှာ ပိတ်စအနက်ရောက်နဲ့ ဖုံးအုပ်ထားတဲ့ ပါတ်တီးစလေး။

"ဟင် !!!" ထိတ်ခနဲ ဖြစ်သွားစိတ်နဲ့ မောင့်အားပွေ့ချီဆင်းလာစဉ်ကတည်းက ဘေးနားရောက်လာပြီး အခုကားပေါ်ထိ ပါလာသော ဦးမောင်ကို လှည့်ကြည့်မိသည်။ဦးမောင်က သူနဲ့အတူပါလာပြီး ကိုအုပ်စိုးနဲ့ ခြူးက ကားသပ်သပ်စီနဲ့ လိုက်လာခဲ့ကြတာဖြစ်သည်။ဦးမောင်သည်လည်း
ထိုအခါမှ လမ်းမှာ ဖြစ်ပျက်ခဲ့သမျှ ပြောပြလာသည်။ထူးပန် မိမိကိုယ်ကို ခွင့်မလွှတ်နိုင်စွာ ရင်ထဲ တစ်ဆို့ နာကျင်ရလွန်းလို့ နှုတ်ခမ်းသားတွေသာ ပေါက်ပြဲသည်အထိ ဖိကိုက်၍ မောင့်လက်လေးအား ဆုပ်ကိုင်၍ ငိုကြွေးမိသည်။တောင်းပန်ပါတယ် တောင်းပန်ပါတယ် မောင်ရယ် ။မောင် ဘာတွေ ဖြစ်နေခဲ့မှန်းမသိပဲ ဒီကောင်ငတုံး $ရူးက မောင့်ကို စိတ်ဆိုးနေခဲ့မိတယ်။တောင်းပန်ပါတယ်....ကို့ ကို မောင်နိုးလာရင် ကြိုက်တဲ့အပစ်ပေးပါ ကိုခံယူဖို့ အသင့်ရှိတာမို့ မောင်မြန်မြန်သတိရလာပြီး နိုးလာပေးပါ။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Tempat cerita menjadi hidup. Temukan sekarang